လရောင် မေမြို့သို့ ရောက်နေသည်မှာ ယနေ့ဆိုလျှင် တစ်လ သီတင်း ပြည့်ပြီ ဖြစ်သည်။ ရန်ကုန်အိမ်မှ မေမေမြင့်တို့ဆီမှ ရန်ဖန်ရန်ခါ ဖုန်းခေါ်တတ်ပေမဲ့ လရောင်ကိုတော့ အကြောင်းမရှိရင် မခေါ်နဲ့ဆိုသောကြောင့် လရောင် အဆက်အသွယ်ပင်သိပ်မလုပ်ဖြစ်ပေ။ လရောင် နေသည့် တစ်လအတွင်း မေမေကြီး၏ အခြေ အနေသည် တော်တော် သိသိသာသာပင် ကောင်းလာသည်။ အရင်လို တစ်မှိုင်မှိုင် ၊ တစ်ထွေထွေ မဟုတ်တော့ဘဲ လရောင်နှင့် စကားတွေ အများကြီးပြောနေပြီ ဖြစ်သည်။ လရောင်မေမေကြီးအား မနက်စာကျွေးပြီး ပျင်းပျင်းရှိသည်နှင့် ခြံထဲတွင် အလုပ်ရှုပ်နေသည့် ကိုထွန်းတောက်ဆီ ခြေဦး တည်လိုက်လေသည်။
'' ကိုထွန်းတောက် ''
'' အယ် နိုးပြီလား အစ်မလေး။ ''
ထွန်းတောက် အလုပ်လုပ်နေရင်း နောက်ကျောဘက်အရပ်ဆီမှ ထွက်ပေါ်လာသော အစ်မလေး အသံကြောင့် လှည့်ကြည့်ကာ ပြောလိုက်လေသည်။
'' နိုးပါပြီပေါ့လား။ မေမေကြီးကိုတောင် ထမင်းကျွေးပြီးပါပေါ့ ။ ဒါနဲ့ ဒီနေ့ ကိုထွန်းတောက် စျေးသွားတာမဟုတ်လားဟင်။ လရောင် နောက်ကျသွားလို့တောင်းပန်ပါတယ်နော် ''
'' မဟုတ်တာ အစ်မလေးရယ် ။ ရပါတယ်လေ ကျုပ်အစ်မလေးမရှိခင်ကတည်းက လုပ်နေကျတွေပါ။ စိတ်ထဲထားမနေနဲ့။ ကျုပ်ထမင်းအိုးလေးတည်ထားပြီးပြီ ။ ကြက်သားလည်းကြော်ထားတယ်။ ကန်ဇွန်းရွက်လေး ကိုစားခါနီးမှ ပူပူလေးကြော်ကြမယ်။ ''
'' ဟုတ်ပါပြီတဲ့။ ကဲပြော ခုဘာလုပ်နေသလဲ။ လရောင်ဘာကူလုပ်ပေးရမလဲ။''
'' ရပါပြီ အစ်မလေးရယ်။ နေပါ။ ကျုပ်မခိုင်းရက်ပါဘူး။ တော်တော်ကြာ ကျုပ်ဆရာက သူ့ဇနီးလောင်းလေးကို ခိုင်းရမလားဆိုပြီး ကျုပ်ကိုဆိုနေပါဦးမယ်''
'' ဟာ ကိုထွန်းတောက်ကြီးကလည်း ပေါက်တက်ကရတွေ၊ အဲ့သည်လိုကြီးမစပါနဲ့။ လရောင်ဖြင့်မနေတတ်ပါဘူးလေ။''
လရောင် ရှက်ကိုး ရှက်ကန်းကလေးဖြင့်ပြောလိုက်လေသည်။ လရောင်နေနေသည့် အချိန်အတောအတွင်း ကိုထွန်းတောက်ကြီးသည် အရင်ကထက်ပိုပြီး ရဲရဲတင်းတင်းစတတ်သည်။ ကိုမိုးဦးသစ်မောင် ရှေ့ပင် မရှောင်စတတ်သည်မို့ လရောင်တို့နေရခက်သည်မှာလည်း အခါခါ။ မစပါနဲ့ ပြောလျှင် သာ၍ စတတ်သော ကိုထွန်းတောက်ကြောင့် လရောင်ဘာမှမပြောဘဲသာ နေလေတော့သည် ။
'' ဟား ဟား ဟုတ်ပါပြီ ဆရာကတော် ၊ အဲ အစ်မလေးရယ် ကျုပ်မစတော့ပါဘူး။''
ထွန်းတောက်ရယ်ရယ်မောမောဖြင့် ပြောရင်း ချွေးတွေသုတ်ကာ ပေါက်တူးတစ်လက်ဖြင့် မြောင်းဖောက်နေလေသည်။
'' ဒါနဲ့လေ ကိုထွန်းတောက်ကြီး
မေမေကြီးတို့ အကို သစ်ဦးတို့နဲ့နေတာ ကြာပြီလားဟင် ''
'' ဗျာ ။ ကျုပ်လား ကြာပြီဆိုပါတော့။ ကျုပ် ဇာတိက နောင်ချိုဘက်ဗျ နောင်ချိုနားကရွာလေးတစ်ရွာပေါ့ ကျုပ်အတိအကျတော့မပြောတော့ပါဘူးလေ။ ကျုပ်က အဲ့မှာ အဘ တို့ အမေတို့နေတာ။ အဘ ဆုံးသွားတော့ ကျုပ်နဲ့ အမေမှာ အားကိုးအားထားစရာ မရှိတော့ ကျုပ်က ဘုန်းကြီးကျောင်းထွက်ပြီး မန္တလေးက ကျုပ်ဆရာတို့ဆီ နေရင်း အလုပ်လုပ်တာပေါ့။ ကျုပ်တို့အမေနဲ့ မေမေကြီးနဲ့က ညီအစ်မ နှစ်ဝမ်းကွဲ တော်သဗျ။ ကျုပ် လည်း နောက်ပိုင်း မေမေကြီးတို့အိမ်မှာနေရင်းနဲ့ပဲ မေမေကြီးက ကျုပ်ကိုလည်း ကျောင်းဆက်ထားတယ်။ အမေကိုလည်းထောက်ပံ့တယ်။ နောက်ပိုင်းကျုပ်အမေဆုံးသွားတော့ ကျုပ် ရွာမပြန်တော့ပါပဲ မေမေကြီးတို့နဲ့ပဲ နေလိုက်တာပေါ့လေ။ ခုနောက်တော့ ကျုပ်က ဆရာ့ရဲ့ အယုံကြည်ရဆုံး တပည့် ၊ ညီလေး ဖြစ်လာတာပေါ့။ ''
ထွန်းတောက်ပြော စကားကို လရောင် ခေါင်းကလေးတညိတ်ညိတ်နဲ့သာနားထောင်နေလေတော့သည်။
'' ဒါနဲ့ ခု အကိုသစ်ဦးက ဘာအလုပ် လုပ်သလဲဟင်။ တစ်ခါမှ စကားမဆက်မိတော့မမေးဖြစ်ဘူး။ ကိုထွန်းတောက်ကရောဟင်။''
'' ဟင်...အဲ ဘယ်လိုပြောရပါ့မလဲ။ အဲ့ဒါက..''
လရောင်၏ အမေးကြောင့် ထွန်းတောက် ခေါင်းကုပ်ကာဘာပြန်ဖြေရမှန်းမသိဖြစ်နေလေသည်။
'' ကလင်! ကလင်! ကလင်''
ထွန်းတောက် ဘာဖြေရမှန်းမသိ ဖြေရခက်နေတုန်း အိမ်ရှေ့မှ ဘဲလ်တီးသံကြောင့် လရောင်ကိုထားခဲ့ကာ အတင်းပြေးလေတော့သည်။
'' ဟိုက်! ဟိုကို မဖြေချင်လို့ ဒီပတ်ပြေးကာမှပဲ ဂုဏ်ကြီးရှင် မာနခဲ ဒေါ်ဗိုလ်ရူးနဲ့တိုးပါပေါ့လားဟေ''
ထွန်းတောက် ခြံတံခါးအပြေးသွားဖွင့်ရင်း မြင်လိုက်ရသည့်သူကြောင့် စိတ်ပျက်လက်ပျက်ဆိုလေတော့သည်။ မျက်နှာချေးမှုန်ကိုခက်ထူထူ လိမ်းကာ ၊ နှုတ်ခမ်းထက်မှ ဆိုးဆေးရင့်ရင့်ဖြင့် ခုခေတ် မြို့သူများဝတ်တတ်သည့် အတွင်းခံအထိဖောက်မြင်နိုင်သော ဇာပါးပါးကိုဒေါင်းဘယက်ဖြင့် အလှပြဝတ်ကာ မျက်နှာထားခက်တင်းတင်းနှင့်သူမကြောင့် ထွန်းတောက် မဲ့ပြုံးပြုံးကာ တစ်ချက်ကြည့်လိုက်လေသည်။
'' ဘာကိစ္စရှိသလဲ မဂျူလီယာ''
'' အိုး..ကိစ္စအသာထားပါ။ တံခါးသာအရင်ဖွင့်လှည့်။''
အထက်စီးဆန်ဆန်လေသေဖြင့် အိမ်ကြီးရှင်သကဲ့သို့ အမိန့်ပေးနေသည့် ဂျူလီယာကြောင့် ထွန်းတောက် အမြင်ကပ်ပုဒ်မဖြင့် ဂလန့်အားခြေဖြင့် ထိုးပေးလိုက်သည်။
'' အိုး ...ဖွင့်စရာရှိဖွင့်လေ။ ဘာရပ်လုပ်နေသလဲ။ ''
ခြံတံခါးမဖွင့်ဘဲ လက်နောက်ပစ်ကာ ပေတေတေမျက်နှာထားဖြင့် ရပ်နေ့သည့် ထွန်းတောက်ကြောင့် ဂျူလီယာစိတ်မရှည်တော့ပါဘဲ အော်မိလေတော့သည်။
'' အရေးပိုင်မင်းကြီး၏ သမီး မဂျူလီယာ ''
'' ဘာလဲ။ တံခါးဖွင့်ခိုင်းတာကို ဘာကိစ္စနာမည်ခေါ်နေရသလဲ။''
''ဒေါ်ဂျူလီယာ ကျိုးနေသလား၊ ပဲ့နေသလား၊ မသန်မစွမ်းများဖြစ်နေသလား ''
'' ဘာ! ဘာရှင့်။''
'' မဘာ ပါနဲ့။ ကျုပ်မေးတာရှင်းရှင်းလေးမလား ။ ကျုပ် တံခါးသော့ဖွင့်ပေးပြီးပါပေါ့လား။ ဒီတံခါးလေးကို ဆွဲဖွင့်ပြီး ဝင်လာဖို့ကို ဖွင့်ပေးမှဆိုရအောင် မဂျူလီယာ ကျိုးနေသလား၊ ပဲ့နေသလား၊ မသန်မစွမ်း ဖြစ်နေသလား လို့ပါ။''
''တောက်! လူပါးဝလို့ ၊ ဖယ်''
ဂျူလီယာ ရူးရူးရှဲရှဲဖြင့် တံခါးကို အတင်းတိုးဖွင့်ကာ ထွန်းတောက်အား တိုက်၍ ခြံထဲသို့ဝင်လေတော့သည်။
'' ဘယ်မလဲ ကိုမိုး''
'' ဘာရယ် မိုး ဟုတ်စ။ မိုးကိုလာရှာရင်တော့ ခုချိန်မဟုတ်သေးဘူး ဒေါ်ဂျူယာရဲ့ ။ နောက် နွေတစ်လ စောင့်ရင်တော့ဖြင့် မိုးရောက်လာမှာပါလေ။ ''
'' ရှင် စကားကို လူလိုမပြောတတ်ဘူးလား ကိုထွန်းတောက် ''
''ကျုပ်က စကားကို လူလိုပြောတာပဲ။ လူပြောတဲ့စကားကို နားမလည်ဘဲ ပြန်မေးနေရင်တော့ မေးတဲ့သူဟာ လူမဟုတ်ဘူးထင်သသပ။''
''တောက်! စော်စော်ကားကား။ အဲ့ဒါကြောင့်ဒီအရိပ်ကို ကိုမိုးမရှိရင် မလာချင်တာ။ ဘယ်လိုအပေါက်လမ်းမတည့်တဲ့သူတွေနဲ့တွေ့နေမှန်းကိုမသိဘူး။ တကယ်တည်း သိပ်စိတ်ညစ်တာပဲ ''
ဂျူလီယာ ပြောပြောဆိုဆိုဖြင့် ခြံထဲရှိ ကုလားထိုင်ပေါ်ခြေချိတ်ထိုင်လိုက်လေသည်။
'' သိပ်စိတ်ညစ်ရင် လာလမ်းအတိုင်းပြန်ကြွနိုင်ပါသတဲ့ဗျာ ''
'' အို..မပြန်နိုင်ပါဘူး။ ကိုမိုးကိုစောင့်ရဦးမှာ။ခုတော့ဖြင့်နေနှင့်ဦးပေါ့လေ အချိုးမပြေတဲ့ဟာတွေ တို့ဒီအိမ်ရောက်မှ ကောင်းကောင်းပညာပေးပြမယ် ''
ဂျူလီယာ ထွန်းတောက်ကိုကြည့်ရင်း မဲ့ကာရွဲ့ကာပြောလေသည်။
'' ဟား ဟား တယ်ရယ်ရတယ်ဟေ့ ။ တယ်ရယ်ရတဲ့ဟ။ ''
ထွန်းတောက် ဂျူလီယာအား ကြည့်ကာ အော်ရယ်လိုက်ရင်း ပုဆိုးပြင်ဝတ်ကာ ပေါက်တူးကောင်ကိုင်ပြီး ထွက်သွားလေတော့သည်။
'' ဘယ်သူလဲဟင် ကိုထွန်းတောက် ''
မိမိဆီသို့ လှမ်းလာနေသော ထွန်းတောက်ကို ကြည့်ပြီး လရောင်သိချင်၍ မေးလေတော့သည်။
'' အလကားပါ အစ်မလေးရယ်။ ဘဝင်ရူး အရေးပိုင်မင်းရဲ့သမီးလေ''
''သြော် ချောသားပဲ။ နို့ကိစ္စရှိလို့လားတဲ့ ''
'' မရှိလည်း လာနေကြပါ အစ်မလေးရယ်။ သူ့ကို အရေးလုပ်မနေနဲ့ ။ ကျုပ် ရေချိုးလိုက်အုံးမယ်။ အစ်မလေး ဒီမှာနေနှင့်အုံးနော်''
'' သွားလေ ကိုထွန်းတောက် ''
လရောင် ထွန်းတောက်ကို လွှတ်လိုက်ပြီး ခြံထဲရှိ နှင်းဆီ ပင်လေးများအား ပိုးကျနေသော အရွက်လေးများကို ညှပ်ရင်းသာ အလုပ်ရှုပ်နေလေတော့သည်။
'' မင်းကဘယ်သူများလဲ ''
လရောင် အလုပ်လုပ်နေရင်းတစ်အောင့်အကြာ အနောက်ဘက်မှ ထွက်ပေါ်လာသော အသံကြောင့် အနောက်သို့လှည့်ကြည့်မိလေသည်။
'' ဟို့...လရောင်ကိုမေးတာလား ''
'' ဒီမှာမင်းပဲရှိတာလေ ။ ''
'' သြော် လရောင်က ရန်ကုန်ကပါ။ ဒီကိုက မေမေကြီးကိုပြုစုဖို့ခဏ လာတာ ''
'' သြော် ကိုမိုးအသစ်ခေါ်ထားတဲ့ အိမ်အစေကို ''
'' လရောင် အိမ်အစေ မဟုတ်ပါဘူး ။ ''
'' ဘာရယ်!''
'' လရောင် အိမ်အစေ မဟုတ်ဘူးလို့ပြောတာပါ။''
'' အိမ်အစေ မဟုတ်တော့ အိမ်ကြီးရှင်လား။ တငယ်တည်း ဘယ်လိုဟာတွေနဲ့လာတိုးနေမှန်းကိုမသိဘူး။ ဟုတ်တာမဟုတ်တာ အသာထား တို့ ပူလို့ရေလေးတစ်ခွက်လောက်ပေးလို့ရမလား ''
လက်နှင့်မျက်နှာကို ခက်ကာ ရှုံ့ရှုံ့မဲ့မဲ့ဆိုလာသော အနှီ မိန်းကလေးကြောင့် လရောင်တစ်ချက်ကြည့်မိလေလေသည်။
'' အဲ့သည်လောက်ကြီးလည်းမပူပါဘူး ။''
'' မင်းဘယ်လိုဟာလဲ တို့ခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ်လေ အထွန့်မတက်နဲ့။ ''
'' ဒါဖြင့် မင်းမှာရော လက်မပါလို့လား ။''
အပိုတွေ ၊ အကဲတွေ လုပ်ကာ အမိန့်ဆန်စွာ ခိုင်းလာသော သူမကြောင့် လရောင် လုပ်ပေးချင်စိတ်ကလေးပါပျောက်ကာ ပတ်ခနဲပြန်ပြောမိလေတော့သည်။
'' အောင်မာ လူပါးဝလို့ ။ အိမ်စေမ ကများ။ ဒီအိမ်ကလူတွေ အဲ့လိုပဲလား။ ဧည့်သည်ကို ဒီလိုကြိုဆိုတတ်ကြသလား။''
'' ဧည့်သည်ဆိုတာ အိမ်ရှင်ရဲ့မျက်နှာရိပ် ၊ မျက်နှာကဲ ကိုကြည့်တတ်ရတယ် အမိရဲ့။အမိမှာလက်ပါတယ်မလား ကိုယ်တိုင်သွားခပ်ပါလေ။ ''
လရောင် ခက်တင်းတင်းသာပြောလိုက်လေတော့သည်။ဒီမှာနေသည့် တစ်လအတွင်းလရောင်တော်တော်ပြောင်းလဲ သွားပါသည်။ အဘယ်ကြောင်း ကြောင့်နည်း။သေချာသည်က လရောင် အားကိုးရာ၊ အမှီသဟဲပြုစရာ လူရှိလာသောကြောင့်များဖြစ်ပေမလား။ အရင်ကဆို ကိုယ်မှန်နေရင်တောင် ငြိမ်ခံတတ်ပေမဲ့ ယခုတွင်တော့ မဟုတ်မခံပြန်ပြောတတ်နေလေပြီ။ လရောင် ၏ ကြောက်စိတ်တစ်ချို့ သည် ထိုလူ၏ အရိပ်အောက်တွင်တော့ လုံးလုံးပျောက်ကွယ်ခဲ့လေပြီ။ ထိုလူရှိနေသ၍ လရောင် လုံခြုံမှုကို ခံစားတတ်နေပြီသလို၊ အားကိုးရာ ဟူသောစကားကိုလည်း နားလည်တတ်ပေပြီ။
'' တောက်! လူပါးဝလို့ ''
တစ်ဖက် အမျိုးသမီးမှ လက်ရွယ်လာသော အခါတွင်တော့ လရောင် လန့်ကာ ကြောင်သွားလေတော့သည်။
'' အဲ့ဒီ့မှာ ဘာတွေ ဖြစ်နေကြသလဲဟေ့ ''
နောက်ကျော အရပ်ဆီမှာ ထွက်ပေါ်လာျသာ မိုးသစ်ဦးမောင်၏ သြရှရှ အသံတွင်တော့ ဂျူလီယာ ၏ လက်တို့လေပေါ်တွင်ရပ်တန့်သွားလေသည်။
'' ကိုမိုး။ ကိုမိုးပြန်လာပြီလား။''
''လရောင် ဘာဖြစ်တာလဲ။ ဘာဖြစ်ကြတာလဲ။''
ဂျူလီယာ အပြုံးမျက်နှာဖြင့် ပြောလိုက်ပေမဲ့ တစ်ဖက်ကတော့အရေးမလုပ်ပါပဲ လရောင်ဆီသို့သာ အပြေးသွားရင်းမေးလိုက်လေသည်။
'' ကိုသစ်ဦးရဲ့ဧည့်သည်ကိုသာမေးကြည့်ပါလေ။ လရောင်မပြောချင်ပါဘူး။''
လရောင်ထိုသို့ဆိုလိုက်တော့ သစ်ဦးမှ ဂျူလီယာအား ကြည့်လိုက်သည်။
'' ဘာဖြစ်တာလဲ ဂျူလီယာ ''
''ဂျူလီယာက အနေသာကြီးပါ ကိုမိုး အိမ်က အိမ်အစေမသာ လူပါးဝလွန်းလို့ ဂျူလီယာ နည်းနည်းဆုံးမပေးမလို့ပါ။''
'' ဘယ်မလဲ ကွဲ့ အိမ်စေ။''
'' ဘယ်အိမ်စေရမလဲ သူပေါ့ ။''
ဂျူလီယာ လရောင်အား လက်ညှိုးထိုး၍ ပြောလေတော့သည်။
'' ထွန်းတောက်! ဘယ်မလဲ ထွန်းတောက်!''
သစ်ဦး သည် ဂျူလီယာအား မည်သည့်စကားမျှ ပြန်မပြောပါပဲ ထွန်းတောက်အား အော်ခေါ်လေတော့သည်။
'ဗျာ..ဗျာဆ ရာ လာပါပြီ ကျုပ်လာပြီ ''
ထွန်းတောက် အိမ်နောက်မှ ပုဆိုးရေစိုဖြင့်ပြေးထွက်လာလေတော့သည်။
'' မင်းကိုငါ အိမ်မှာ သေချာ ဂရုစိုက်ပါပြောထားတာကို ခုဘယ်ရောက်နေတာလဲ ''
'' ကျုပ်ရေချိုးနေလို့ပါဆရာ ရယ်။ ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ အစ်မလေး ''
မိမိကို ဆိုလျှင် ကျုပ်တွေ မင်းတွေနဲ့ အမြဲ သုံးသည့် ထွန်းတောက်က အိမ်အစေမကိုတော့ဖြင့် အစ်မလေး ဟုခေါ်တာကြောင့်ဂျူလီယာ သာ၍ ပင်စိတ်တိုသွားလေတော့သည်။
'' မဂျူလီယာ ကျုပ်တို့အစ်မလေးကို ဘာလုပ်လိုက်တာလဲ ''
'' ဂျူလီယာ ဘာမှ မလုပ်ရသေးပါဘူး။ အိမ်စေမ က အချိုးမပြေတာရဟ်ကြောင့်ဆုံးမပေးမလို့လေ။''
'' ဘာ! ဘာဗျ ရာရာစစ ကျုပ်တို့အစ်မလေးကိုများ ဒါအိမ်စေမဟုတ်ဘူး ကျုပ်ဆရာရဲ့ဇနီးလောင်း ''
'' ဘာ!''
ဒီတစ်ခါတွင်တော့ဂျူလီယာဆီမှ ထွက်ပေါ်လာသော အသံဖြစ်သည်။
'' ဟုတ်တယ် ဂျူလီယာ ဒါဟာ ကျုပ်ဇနီးလောင်းပဲ နောက်နောင် အပြုအမူတွေဆင်ခြင်ပါ''
''အိုကိုမိုးကလည်းဂျူလီယာ ဘာလုပ်နေတာကျလို့ ''
'' ကျုပ်အရောက်မြန်ပေလို့လေ နို့ဆို မင်းလရောင်ကိုလက်ပါပါတော့မှာမဟုတ်လား''
' ' အောင်မာ ရာရာစစ ကျုပ်တို့အစ်မလေးကိုများ ထိရဲထိကြည့်စမ်းပါ ကျုပ်ထွန်းတောက်နဲ့အရင်တွေါမယ် ''
'' တောင်းပန်ပါတယ်လရောင်။ ကျုပ်ဧည့်သည်အစား။''
'' ရပါတယ် ကိုသစ်ဦး။ ''
လရောင်ထိုသို့သာပြောလိုက်ပြီးမျက်နှာလွှဲလိုက်လေသည်။
'' ဂျူလီယာ ဧည့်ခန်းထဲလိုက်ခဲ့ပါ ''
သစ်ဦး ထိုသို့ပြောပြီး အိမ်ထဲသို ဝင်သွားလေသည်။
'' ဒါလား ကိုဦးရဲ့ ဇနီးလောင်း ဝတ်စားထားတာဟာ အိမ်အစေလားတောင် အောင်းမေ့ရတယ် ''
ဂျူလီယာ လရောင်အားကြည့်ပြီးမဲ့ရွှဲ့ကာပြောလေတော့သည်။
'' ဒါဟာယဥ်ယဥ်ကလေး နဲ့လှတဲ့အလှပေါ့လေ ရိုးရိုးလေးနဲ့ လှတာ သူများတွေလို ဘာပစ္စည်ဥစ္စာ အကူအညီမှ မလိုဘဲ လှတယ်လို့ခေါ်တာ'
ထွန်းတောက် ရွဲ့တဲ့တဲ့လေးပြောလိုက်တော့ ဂျူလီယာ အနာပေါ်ဒုတ်ကျသလို ဆွေ့ဆွေ့ခုန်နေလေတော့သည်။
'' တောက်! လူပါးဝလို့ ''
ဂျူလီယာ ဆောင့်ဆောင့် အောင့်အောင့်နှင့်အိမ်ထဲဝင်ရန်ပြင်လိုက်လေသည်။
''🎶🎶ပူပူလောင်လောင်အရောင်တွေ ရွေးချယ်...ပြင်ဆင်တာတွေဟာကြောင်လွန်းတယ် ဆံပင်ပုံစံဟာ တကယ်ကို ဖရိုဖရဲ နဲ့ရယ် ကလေးမရယ် ဒီလိုဆို မချစ်ဘူးကွယ် 🎶🎶
ဂျူလီယာ အိမ်ထဲ ဝင်ခါနီးမှ ထွန်းတောက် အသံပြဲနှင့် ထိုသီချင်းကိုအော်ဆိုလိုက်တာကြောင့် လရောင် ရယ်ချင်စိတ်ကိုထိန်းရင်း ခိုးရယ်ကာ ဂျူလီယာသည်တော့ နောက်သို့လှည့်ကြည့်ပြီး မျက်စောင်းထိုးကာ တောက်တစ်ခေါက်ခေါ့်နှင့်ဝင်သွားလေတော့သည်။
'' ကိုထွန်းတောက်ကြီးကလေ သိပ်စတာပဲ။ သိပ်လည်းရယ်ရတယ်သိလား ''
ဂျူလီယာအိမ်ထဲ ရောက်သွားသည့် အချိန်တွင်တော့ ထွန်းတောက်အား လရောင်ထိုသို့ပြောကာ တခစ်ခစ် ရယ်နေလေတော့သည်။
>>>>>
<<<<<
26.8.2022
TBC_____
Zawgyi
လေရာင္ ေမၿမိဳ႕သို႔ ေရာက္ေနသည္မွာ ယေန႔ဆိုလွ်င္ တစ္လ သီတင္း ျပည့္ၿပီ ျဖစ္သည္။ ရန္ကုန္အိမ္မွ ေမေမျမင့္တို႔ဆီမွ ရန္ဖန္ရန္ခါ ဖုန္းေခၚတတ္ေပမဲ့ လေရာင္ကိုေတာ့ အေၾကာင္းမရွိရင္ မေခၚနဲ႔ဆိုေသာေၾကာင့္ လေရာင္ အဆက္အသြယ္ပင္သိပ္မလုပ္ျဖစ္ေပ။ လေရာင္ ေနသည့္ တစ္လအတြင္း ေမေမႀကီး၏ အေျခ အေနသည္ ေတာ္ေတာ္ သိသိသာသာပင္ ေကာင္းလာသည္။ အရင္လို တစ္မႈိင္မႈိင္ ၊ တစ္ေထြေထြ မဟုတ္ေတာ့ဘဲ လေရာင္ႏွင့္ စကားေတြ အမ်ားႀကီးေျပာေနၿပီ ျဖစ္သည္။ လေရာင္ေမေမႀကီးအား မနက္စာေကြၽးၿပီး ပ်င္းပ်င္းရွိသည္ႏွင့္ ၿခံထဲတြင္ အလုပ္ရႈပ္ေနသည့္ ကိုထြန္းေတာက္ဆီ ေျခဦး တည္လိုက္ေလသည္။
'' ကိုထြန္းေတာက္ ''
'' အယ္ ႏိုးၿပီလား အစ္မေလး။ ''
ထြန္းေတာက္ အလုပ္လုပ္ေနရင္း ေနာက္ေက်ာဘက္အရပ္ဆီမွ ထြက္ေပၚလာေသာ အစ္မေလး အသံေၾကာင့္ လွည့္ၾကည့္ကာ ေျပာလိုက္ေလသည္။
'' ႏိုးပါၿပီေပါ႔လား။ ေမေမႀကီးကိုေတာင္ ထမင္းေကြၽးၿပီးပါေပါ႔ ။ ဒါနဲ႔ ဒီေန႔ ကိုထြန္းေတာက္ ေစ်းသြားတာမဟုတ္လားဟင္။ လေရာင္ ေနာက္က်သြားလို႔ေတာင္းပန္ပါတယ္ေနာ္ ''
'' မဟုတ္တာ အစ္မေလးရယ္ ။ ရပါတယ္ေလ က်ဳပ္အစ္မေလးမရွိခင္ကတည္းက လုပ္ေနက်ေတြပါ။ စိတ္ထဲထားမေနနဲ႔။ က်ဳပ္ထမင္းအိုးေလးတည္ထားၿပီးၿပီ ။ ၾကက္သားလည္းေၾကာ္ထားတယ္။ ကန္ဇြန္းရြက္ေလး ကိုစားခါနီးမွ ပူပူေလးေၾကာ္ၾကမယ္။ ''
'' ဟုတ္ပါၿပီတဲ့။ ကဲေျပာ ခုဘာလုပ္ေနသလဲ။ လေရာင္ဘာကူလုပ္ေပးရမလဲ။''
'' ရပါၿပီ အစ္မေလးရယ္။ ေနပါ။ က်ဳပ္မခိုင္းရက္ပါဘူး။ ေတာ္ေတာ္ၾကာ က်ဳပ္ဆရာက သူ့ဇနီးေလာင္းေလးကို ခိုင္းရမလားဆိုၿပီး က်ဳပ္ကိုဆိုေနပါဦးမယ္''
'' ဟာ ကိုထြန္းေတာက္ႀကီးကလည္း ေပါက္တက္ကရေတြ၊ အဲ့သည္လိုႀကီးမစပါနဲ႔။ လေရာင္ျဖင့္မေနတတ္ပါဘူးေလ။''
လေရာင္ ရွက္ကိုး ရွက္ကန္းကေလးျဖင့္ေျပာလိုက္ေလသည္။ လေရာင္ေနေနသည့္ အခ်ိန္အေတာအတြင္း ကိုထြန္းေတာက္ႀကီးသည္ အရင္ကထက္ပိုၿပီး ရဲရဲတင္းတင္းစတတ္သည္။ ကိုမိုးဦးသစ္ေမာင္ ေရွ႕ပင္ မေရွာင္စတတ္သည္မို႔ လေရာင္တို႔ေနရခက္သည္မွာလည္း အခါခါ။ မစပါနဲ႔ ေျပာလွ်င္ သာ၍ စတတ္ေသာ ကိုထြန္းေတာက္ေၾကာင့္ လေရာင္ဘာမွမေျပာဘဲသာ ေနေလေတာ့သည္ ။
'' ဟား ဟား ဟုတ္ပါၿပီ ဆရာကေတာ္ ၊ အဲ အစ္မေလးရယ္ က်ဳပ္မစေတာ့ပါဘူး။''
ထြန္းေတာက္ရယ္ရယ္ေမာေမာျဖင့္ ေျပာရင္း ေခြၽးေတြသုတ္ကာ ေပါက္တူးတစ္လက္ျဖင့္ ေျမာင္းေဖာက္ေနေလသည္။
'' ဒါနဲ႔ေလ ကိုထြန္းေတာက္ႀကီး
ေမေမႀကီးတို႔ အကို သစ္ဦးတို႔နဲ႔ေနတာ ၾကာၿပီလားဟင္ ''
'' ဗ်ာ ။ က်ဳပ္လား ၾကာၿပီဆိုပါေတာ့။ က်ဳပ္ ဇာတိက ေနာင္ခ်ိဳဘက္ဗ် ေနာင္ခ်ိဳနားကရြာေလးတစ္ရြာေပါ႔ က်ဳပ္အတိအက်ေတာ့မေျပာေတာ့ပါဘူးေလ။ က်ဳပ္က အဲ့မွာ အဘ တို႔ အေမတို႔ေနတာ။ အဘ ဆုံးသြားေတာ့ က်ဳပ္နဲ႔ အေမမွာ အားကိုးအားထားစရာ မရွိေတာ့ က်ဳပ္က ဘုန္းႀကီးေက်ာင္းထြက္ၿပီး မႏၲေလးက က်ဳပ္ဆရာတို႔ဆီ ေနရင္း အလုပ္လုပ္တာေပါ႔။ က်ဳပ္တို႔အေမနဲ႔ ေမေမႀကီးနဲ႔က ညီအစ္မ ႏွစ္ဝမ္းကြဲ ေတာ္သဗ်။ က်ဳပ္ လည္း ေနာက္ပိုင္း ေမေမႀကီးတို႔အိမ္မွာေနရင္းနဲ႔ပဲ ေမေမႀကီးက က်ဳပ္ကိုလည္း ေက်ာင္းဆက္ထားတယ္။ အေမကိုလည္းေထာက္ပံ့တယ္။ ေနာက္ပိုင္းက်ဳပ္အေမဆုံးသြားေတာ့ က်ဳပ္ ရြာမျပန္ေတာ့ပါပဲ ေမေမႀကီးတို႔နဲ႔ပဲ ေနလိုက္တာေပါ႔ေလ။ ခုေနာက္ေတာ့ က်ဳပ္က ဆရာ့ရဲ႕ အယုံၾကည္ရဆုံး တပည့္ ၊ ညီေလး ျဖစ္လာတာေပါ႔။ ''
ထြန္းေတာက္ေျပာ စကားကို လေရာင္ ေခါင္းကေလးတညိတ္ညိတ္နဲ႔သာနားေထာင္ေနေလေတာ့သည္။
'' ဒါနဲ႔ ခု အကိုသစ္ဦးက ဘာအလုပ္ လုပ္သလဲဟင္။ တစ္ခါမွ စကားမဆက္မိေတာ့မေမးျဖစ္ဘူး။ ကိုထြန္းေတာက္ကေရာဟင္။''
'' ဟင္...အဲ ဘယ္လိုေျပာရပါ႔မလဲ။ အဲ့ဒါက..''
လေရာင္၏ အေမးေၾကာင့္ ထြန္းေတာက္ ေခါင္းကုပ္ကာဘာျပန္ေျဖရမွန္းမသိျဖစ္ေနေလသည္။
'' ကလင္! ကလင္! ကလင္''
ထြန္းေတာက္ ဘာေျဖရမွန္းမသိ ေျဖရခက္ေနတုန္း အိမ္ေရွ႕မွ ဘဲလ္တီးသံေၾကာင့္ လေရာင္ကိုထားခဲ့ကာ အတင္းေျပးေလေတာ့သည္။
'' ဟိုက္! ဟိုကို မေျဖခ်င္လို႔ ဒီပတ္ေျပးကာမွပဲ ဂုဏ္ႀကီးရွင္ မာနခဲ ေဒၚဗိုလ္႐ူးနဲ႔တိုးပါေပါ႔လားေဟ''
ထြန္းေတာက္ ၿခံတံခါးအေျပးသြားဖြင့္ရင္း ျမင္လိုက္ရသည့္သူေၾကာင့္ စိတ္ပ်က္လက္ပ်က္ဆိုေလေတာ့သည္။ မ်က္ႏွာေခ်းမႈန္ကိုခက္ထူထူ လိမ္းကာ ၊ ႏႈတ္ခမ္းထက္မွ ဆိုးေဆးရင့္ရင့္ျဖင့္ ခုေခတ္ ၿမိဳ႕သူမ်ားဝတ္တတ္သည့္ အတြင္းခံအထိေဖာက္ျမင္ႏိုင္ေသာ ဇာပါးပါးကိုေဒါင္းဘယက္ျဖင့္ အလွျပဝတ္ကာ မ်က္ႏွာထားခက္တင္းတင္းႏွင့္သူမေၾကာင့္ ထြန္းေတာက္ မဲ့ၿပဳံးၿပဳံးကာ တစ္ခ်က္ၾကည့္လိုက္ေလသည္။
'' ဘာကိစၥရွိသလဲ မဂ်ဴလီယာ''
'' အိုး..ကိစၥအသာထားပါ။ တံခါးသာအရင္ဖြင့္လွည့္။''
အထက္စီးဆန္ဆန္ေလေသျဖင့္ အိမ္ႀကီးရွင္သကဲ့သို႔ အမိန္႔ေပးေနသည့္ ဂ်ဴလီယာေၾကာင့္ ထြန္းေတာက္ အျမင္ကပ္ပုဒ္မျဖင့္ ဂလန္႔အားေျချဖင့္ ထိုးေပးလိုက္သည္။
'' အိုး ...ဖြင့္စရာရွိဖြင့္ေလ။ ဘာရပ္လုပ္ေနသလဲ။ ''
ၿခံတံခါးမဖြင့္ဘဲ လက္ေနာက္ပစ္ကာ ေပေတေတမ်က္ႏွာထားျဖင့္ ရပ္ေန႔သည့္ ထြန္းေတာက္ေၾကာင့္ ဂ်ဴလီယာစိတ္မရွည္ေတာ့ပါဘဲ ေအာ္မိေလေတာ့သည္။
'' အေရးပိုင္မင္းႀကီး၏ သမီး မဂ်ဴလီယာ ''
'' ဘာလဲ။ တံခါးဖြင့္ခိုင္းတာကို ဘာကိစၥနာမည္ေခၚေနရသလဲ။''
''ေဒၚဂ်ဴလီယာ က်ိဳးေနသလား၊ ပဲ့ေနသလား၊ မသန္မစြမ္းမ်ားျဖစ္ေနသလား ''
'' ဘာ! ဘာရွင့္။''
'' မဘာ ပါနဲ႔။ က်ဳပ္ေမးတာရွင္းရွင္းေလးမလား ။ က်ဳပ္ တံခါးေသာ့ဖြင့္ေပးၿပီးပါေပါ႔လား။ ဒီတံခါးေလးကို ဆြဲဖြင့္ၿပီး ဝင္လာဖို႔ကို ဖြင့္ေပးမွဆိုရေအာင္ မဂ်ဴလီယာ က်ိဳးေနသလား၊ ပဲ့ေနသလား၊ မသန္မစြမ္း ျဖစ္ေနသလား လို႔ပါ။''
''ေတာက္! လူပါးဝလို႔ ၊ ဖယ္''
ဂ်ဴလီယာ ႐ူး႐ူးရွဲရွဲျဖင့္ တံခါးကို အတင္းတိုးဖြင့္ကာ ထြန္းေတာက္အား တိုက္၍ ၿခံထဲသို႔ဝင္ေလေတာ့သည္။
'' ဘယ္မလဲ ကိုမိုး''
'' ဘာရယ္ မိုး ဟုတ္စ။ မိုးကိုလာရွာရင္ေတာ့ ခုခ်ိန္မဟုတ္ေသးဘူး ေဒၚဂ်ဴယာရဲ႕ ။ ေနာက္ ေႏြတစ္လ ေစာင့္ရင္ေတာ့ျဖင့္ မိုးေရာက္လာမွာပါေလ။ ''
'' ရွင္ စကားကို လူလိုမေျပာတတ္ဘူးလား ကိုထြန္းေတာက္ ''
''က်ဳပ္က စကားကို လူလိုေျပာတာပဲ။ လူေျပာတဲ့စကားကို နားမလည္ဘဲ ျပန္ေမးေနရင္ေတာ့ ေမးတဲ့သူဟာ လူမဟုတ္ဘူးထင္သသပ။''
''ေတာက္! ေစာ္ေစာ္ကားကား။ အဲ့ဒါေၾကာင့္ဒီအရိပ္ကို ကိုမိုးမရွိရင္ မလာခ်င္တာ။ ဘယ္လိုအေပါက္လမ္းမတည့္တဲ့သူေတြနဲ႔ေတြ႕ေနမွန္းကိုမသိဘူး။ တကယ္တည္း သိပ္စိတ္ညစ္တာပဲ ''
ဂ်ဴလီယာ ေျပာေျပာဆိုဆိုျဖင့္ ၿခံထဲရွိ ကုလားထိုင္ေပၚေျခခ်ိတ္ထိုင္လိုက္ေလသည္။
'' သိပ္စိတ္ညစ္ရင္ လာလမ္းအတိုင္းျပန္ႂကြႏိုင္ပါသတဲ့ဗ်ာ ''
'' အို..မျပန္ႏိုင္ပါဘူး။ ကိုမိုးကိုေစာင့္ရဦးမွာ။ခုေတာ့ျဖင့္ေနႏွင့္ဦးေပါ႔ေလ အခ်ိဳးမေျပတဲ့ဟာေတြ တို႔ဒီအိမ္ေရာက္မွ ေကာင္းေကာင္းပညာေပးျပမယ္ ''
ဂ်ဴလီယာ ထြန္းေတာက္ကိုၾကည့္ရင္း မဲ့ကာရြဲ႕ကာေျပာေလသည္။
'' ဟား ဟား တယ္ရယ္ရတယ္ေဟ့ ။ တယ္ရယ္ရတဲ့ဟ။ ''
ထြန္းေတာက္ ဂ်ဴလီယာအား ၾကည့္ကာ ေအာ္ရယ္လိုက္ရင္း ပုဆိုးျပင္ဝတ္ကာ ေပါက္တူးေကာင္ကိုင္ၿပီး ထြက္သြားေလေတာ့သည္။
'' ဘယ္သူလဲဟင္ ကိုထြန္းေတာက္ ''
မိမိဆီသို႔ လွမ္းလာေနေသာ ထြန္းေတာက္ကို ၾကည့္ၿပီး လေရာင္သိခ်င္၍ ေမးေလေတာ့သည္။
'' အလကားပါ အစ္မေလးရယ္။ ဘဝင္႐ူး အေရးပိုင္မင္းရဲ႕သမီးေလ''
''ေၾသာ္ ေခ်ာသားပဲ။ ႏို႔ကိစၥရွိလို႔လားတဲ့ ''
'' မရွိလည္း လာေနၾကပါ အစ္မေလးရယ္။ သူ့ကို အေရးလုပ္မေနနဲ႔ ။ က်ဳပ္ ေရခ်ိဳးလိုက္အုံးမယ္။ အစ္မေလး ဒီမွာေနႏွင့္အုံးေနာ္''
'' သြားေလ ကိုထြန္းေတာက္ ''
လေရာင္ ထြန္းေတာက္ကို လႊတ္လိုက္ၿပီး ၿခံထဲရွိ ႏွင္းဆီ ပင္ေလးမ်ားအား ပိုးက်ေနေသာ အရြက္ေလးမ်ားကို ညႇပ္ရင္းသာ အလုပ္ရႈပ္ေနေလေတာ့သည္။
'' မင္းကဘယ္သူမ်ားလဲ ''
လေရာင္ အလုပ္လုပ္ေနရင္းတစ္ေအာင့္အၾကာ အေနာက္ဘက္မွ ထြက္ေပၚလာေသာ အသံေၾကာင့္ အေနာက္သို႔လွည့္ၾကည့္မိေလသည္။
'' ဟို႔...လေရာင္ကိုေမးတာလား ''
'' ဒီမွာမင္းပဲရွိတာေလ ။ ''
'' ေၾသာ္ လေရာင္က ရန္ကုန္ကပါ။ ဒီကိုက ေမေမႀကီးကိုျပဳစုဖို႔ခဏ လာတာ ''
'' ေၾသာ္ ကိုမိုးအသစ္ေခၚထားတဲ့ အိမ္အေစကို ''
'' လေရာင္ အိမ္အေစ မဟုတ္ပါဘူး ။ ''
'' ဘာရယ္!''
'' လေရာင္ အိမ္အေစ မဟုတ္ဘူးလို႔ေျပာတာပါ။''
'' အိမ္အေစ မဟုတ္ေတာ့ အိမ္ႀကီးရွင္လား။ တငယ္တည္း ဘယ္လိုဟာေတြနဲ႔လာတိုးေနမွန္းကိုမသိဘူး။ ဟုတ္တာမဟုတ္တာ အသာထား တို႔ ပူလို႔ေရေလးတစ္ခြက္ေလာက္ေပးလို႔ရမလား ''
လက္ႏွင့္မ်က္ႏွာကို ခက္ကာ ရႈံ႕ရႈံ႕မဲ့မဲ့ဆိုလာေသာ အႏွီ မိန္းကေလးေၾကာင့္ လေရာင္တစ္ခ်က္ၾကည့္မိေလေလသည္။
'' အဲ့သည္ေလာက္ႀကီးလည္းမပူပါဘူး ။''
'' မင္းဘယ္လိုဟာလဲ တို႔ခိုင္းရင္ခိုင္းတဲ့အတိုင္းလုပ္ေလ အထြန္႔မတက္နဲ႔။ ''
'' ဒါျဖင့္ မင္းမွာေရာ လက္မပါလို႔လား ။''
အပိုေတြ ၊ အကဲေတြ လုပ္ကာ အမိန္႔ဆန္စြာ ခိုင္းလာေသာ သူမေၾကာင့္ လေရာင္ လုပ္ေပးခ်င္စိတ္ကေလးပါေပ်ာက္ကာ ပတ္ခနဲျပန္ေျပာမိေလေတာ့သည္။
'' ေအာင္မာ လူပါးဝလို႔ ။ အိမ္ေစမ ကမ်ား။ ဒီအိမ္ကလူေတြ အဲ့လိုပဲလား။ ဧည့္သည္ကို ဒီလိုႀကိဳဆိုတတ္ၾကသလား။''
'' ဧည့္သည္ဆိုတာ အိမ္ရွင္ရဲ႕မ်က္ႏွာရိပ္ ၊ မ်က္ႏွာကဲ ကိုၾကည့္တတ္ရတယ္ အမိရဲ႕။အမိမွာလက္ပါတယ္မလား ကိုယ္တိုင္သြားခပ္ပါေလ။ ''
လေရာင္ ခက္တင္းတင္းသာေျပာလိုက္ေလေတာ့သည္။ဒီမွာေနသည့္ တစ္လအတြင္းလေရာင္ေတာ္ေတာ္ေျပာင္းလဲ သြားပါသည္။ အဘယ္ေၾကာင္း ေၾကာင့္နည္း။ေသခ်ာသည္က လေရာင္ အားကိုးရာ၊ အမွီသဟဲျပဳစရာ လူရွိလာေသာေၾကာင့္မ်ားျဖစ္ေပမလား။ အရင္ကဆို ကိုယ္မွန္ေနရင္ေတာင္ ၿငိမ္ခံတတ္ေပမဲ့ ယခုတြင္ေတာ့ မဟုတ္မခံျပန္ေျပာတတ္ေနေလၿပီ။ လေရာင္ ၏ ေၾကာက္စိတ္တစ္ခ်ိဳ႕ သည္ ထိုလူ၏ အရိပ္ေအာက္တြင္ေတာ့ လုံးလုံးေပ်ာက္ကြယ္ခဲ့ေလၿပီ။ ထိုလူရွိေနသ၍ လေရာင္ လုံၿခဳံမႈကို ခံစားတတ္ေနၿပီသလို၊ အားကိုးရာ ဟူေသာစကားကိုလည္း နားလည္တတ္ေပၿပီ။
'' ေတာက္! လူပါးဝလို႔ ''
တစ္ဖက္ အမ်ိဳးသမီးမွ လက္ရြယ္လာေသာ အခါတြင္ေတာ့ လေရာင္ လန္႔ကာ ေၾကာင္သြားေလေတာ့သည္။
'' အဲ့ဒီ့မွာ ဘာေတြ ျဖစ္ေနၾကသလဲေဟ့ ''
ေနာက္ေက်ာ အရပ္ဆီမွာ ထြက္ေပၚလာျသာ မိုးသစ္ဦးေမာင္၏ ၾသရွရွ အသံတြင္ေတာ့ ဂ်ဴလီယာ ၏ လက္တို႔ေလေပၚတြင္ရပ္တန္႔သြားေလသည္။
'' ကိုမိုး။ ကိုမိုးျပန္လာၿပီလား။''
''လေရာင္ ဘာျဖစ္တာလဲ။ ဘာျဖစ္ၾကတာလဲ။''
ဂ်ဴလီယာ အၿပဳံးမ်က္ႏွာျဖင့္ ေျပာလိုက္ေပမဲ့ တစ္ဖက္ကေတာ့အေရးမလုပ္ပါပဲ လေရာင္ဆီသို႔သာ အေျပးသြားရင္းေမးလိုက္ေလသည္။
'' ကိုသစ္ဦးရဲ႕ဧည့္သည္ကိုသာေမးၾကည့္ပါေလ။ လေရာင္မေျပာခ်င္ပါဘူး။''
လေရာင္ထိုသို႔ဆိုလိုက္ေတာ့ သစ္ဦးမွ ဂ်ဴလီယာအား ၾကည့္လိုက္သည္။
'' ဘာျဖစ္တာလဲ ဂ်ဴလီယာ ''
''ဂ်ဴလီယာက အေနသာႀကီးပါ ကိုမိုး အိမ္က အိမ္အေစမသာ လူပါးဝလြန္းလို႔ ဂ်ဴလီယာ နည္းနည္းဆုံးမေပးမလို႔ပါ။''
'' ဘယ္မလဲ ကြဲ႕ အိမ္ေစ။''
'' ဘယ္အိမ္ေစရမလဲ သူေပါ႔ ။''
ဂ်ဴလီယာ လေရာင္အား လက္ညႇိဳးထိုး၍ ေျပာေလေတာ့သည္။
'' ထြန္းေတာက္! ဘယ္မလဲ ထြန္းေတာက္!''
သစ္ဦး သည္ ဂ်ဴလီယာအား မည္သည့္စကားမွ် ျပန္မေျပာပါပဲ ထြန္းေတာက္အား ေအာ္ေခၚေလေတာ့သည္။
'ဗ်ာ..ဗ်ာဆ ရာ လာပါၿပီ က်ဳပ္လာၿပီ ''
ထြန္းေတာက္ အိမ္ေနာက္မွ ပုဆိုးေရစိုျဖင့္ေျပးထြက္လာေလေတာ့သည္။
'' မင္းကိုငါ အိမ္မွာ ေသခ်ာ ဂ႐ုစိုက္ပါေျပာထားတာကို ခုဘယ္ေရာက္ေနတာလဲ ''
'' က်ဳပ္ေရခ်ိဳးေနလို႔ပါဆရာ ရယ္။ ဘာျဖစ္လို႔လဲ။ ဘာျဖစ္တာလဲ အစ္မေလး ''
မိမိကို ဆိုလွ်င္ က်ဳပ္ေတြ မင္းေတြနဲ႔ အၿမဲ သုံးသည့္ ထြန္းေတာက္က အိမ္အေစမကိုေတာ့ျဖင့္ အစ္မေလး ဟုေခၚတာေၾကာင့္ဂ်ဴလီယာ သာ၍ ပင္စိတ္တိုသြားေလေတာ့သည္။
'' မဂ်ဴလီယာ က်ဳပ္တို႔အစ္မေလးကို ဘာလုပ္လိုက္တာလဲ ''
'' ဂ်ဴလီယာ ဘာမွ မလုပ္ရေသးပါဘူး။ အိမ္ေစမ က အခ်ိဳးမေျပတာရဟ္ေၾကာင့္ဆုံးမေပးမလို႔ေလ။''
'' ဘာ! ဘာဗ် ရာရာစစ က်ဳပ္တို႔အစ္မေလးကိုမ်ား ဒါအိမ္ေစမဟုတ္ဘူး က်ဳပ္ဆရာရဲ႕ဇနီးေလာင္း ''
'' ဘာ!''
ဒီတစ္ခါတြင္ေတာ့ဂ်ဴလီယာဆီမွ ထြက္ေပၚလာေသာ အသံျဖစ္သည္။
'' ဟုတ္တယ္ ဂ်ဴလီယာ ဒါဟာ က်ဳပ္ဇနီးေလာင္းပဲ ေနာက္ေနာင္ အျပဳအမူေတြဆင္ျခင္ပါ''
''အိုကိုမိုးကလည္းဂ်ဴလီယာ ဘာလုပ္ေနတာက်လို႔ ''
'' က်ဳပ္အေရာက္ျမန္ေပလို႔ေလ ႏို႔ဆို မင္းလေရာင္ကိုလက္ပါပါေတာ့မွာမဟုတ္လား''
' ' ေအာင္မာ ရာရာစစ က်ဳပ္တို႔အစ္မေလးကိုမ်ား ထိရဲထိၾကည့္စမ္းပါ က်ဳပ္ထြန္းေတာက္နဲ႔အရင္ေတြါမယ္ ''
'' ေတာင္းပန္ပါတယ္လေရာင္။ က်ဳပ္ဧည့္သည္အစား။''
'' ရပါတယ္ ကိုသစ္ဦး။ ''
လေရာင္ထိုသို႔သာေျပာလိုက္ၿပီးမ်က္ႏွာလႊဲလိုက္ေလသည္။
'' ဂ်ဴလီယာ ဧည့္ခန္းထဲလိုက္ခဲ့ပါ ''
သစ္ဦး ထိုသို႔ေျပာၿပီး အိမ္ထဲသို ဝင္သြားေလသည္။
'' ဒါလား ကိုဦးရဲ႕ ဇနီးေလာင္း ဝတ္စားထားတာဟာ အိမ္အေစလားေတာင္ ေအာင္းေမ့ရတယ္ ''
ဂ်ဴလီယာ လေရာင္အားၾကည့္ၿပီးမဲ့ရႊဲ႕ကာေျပာေလေတာ့သည္။
'' ဒါဟာယဥ္ယဥ္ကေလး နဲ႔လွတဲ့အလွေပါ႔ေလ ႐ိုး႐ိုးေလးနဲ႔ လွတာ သူမ်ားေတြလို ဘာပစၥည္ဥစၥာ အကူအညီမွ မလိုဘဲ လွတယ္လို႔ေခၚတာ'
ထြန္းေတာက္ ရြဲ႕တဲ့တဲ့ေလးေျပာလိုက္ေတာ့ ဂ်ဴလီယာ အနာေပၚဒုတ္က်သလို ေဆြ႕ေဆြ႕ခုန္ေနေလေတာ့သည္။
'' ေတာက္! လူပါးဝလို႔ ''
ဂ်ဴလီယာ ေဆာင့္ေဆာင့္ ေအာင့္ေအာင့္ႏွင့္အိမ္ထဲဝင္ရန္ျပင္လိုက္ေလသည္။
''🎶🎶ပူပူေလာင္ေလာင္အေရာင္ေတြ ေရြးခ်ယ္...ျပင္ဆင္တာေတြဟာေၾကာင္လြန္းတယ္ ဆံပင္ပုံစံဟာ တကယ္ကို ဖ႐ိုဖရဲ နဲ႔ရယ္ ကေလးမရယ္ ဒီလိုဆို မခ်စ္ဘူးကြယ္ 🎶🎶
ဂ်ဴလီယာ အိမ္ထဲ ဝင္ခါနီးမွ ထြန္းေတာက္ အသံၿပဲႏွင့္ ထိုသီခ်င္းကိုေအာ္ဆိုလိုက္တာေၾကာင့္ လေရာင္ ရယ္ခ်င္စိတ္ကိုထိန္းရင္း ခိုးရယ္ကာ ဂ်ဴလီယာသည္ေတာ့ ေနာက္သို႔လွည့္ၾကည့္ၿပီး မ်က္ေစာင္းထိုးကာ ေတာက္တစ္ေခါက္ေခၚ့ႏွင့္ဝင္သြားေလေတာ့သည္။
'' ကိုထြန္းေတာက္ႀကီးကေလ သိပ္စတာပဲ။ သိပ္လည္းရယ္ရတယ္သိလား ''
ဂ်ဴလီယာအိမ္ထဲ ေရာက္သြားသည့္ အခ်ိန္တြင္ေတာ့ ထြန္းေတာက္အား လေရာင္ထိုသို႔ေျပာကာ တခစ္ခစ္ ရယ္ေနေလေတာ့သည္။
>>>>>
<<<<<
26.8.2022
TBC_____