ပိုင်ချီရွေ့လက်သီးကိုတင်းတင်းဆုပ်ထားတာကြောင့် သူမလက်သည်းတွေကအသားတွေထဲကိုထိုးဝင်နေပြီးလက်ကိုဒဏ်ရာရသွားကာ: 'အဲ့ဒီပရိတ်သတ်တွေစုရန်ကိုသွားရှာမယ်ဆိုတာသူတို့ပြောလို့သိပြီးပြီ။သူတို့စာတွေပို့နေတာကိုစုရန်ကဂရုမစိုက်တော့ စတူဒီယိုမှာစုရန်ကိုသွားရှာကြတာ...'
'ငါသိပြီ။နင့်ကိုအရမ်းကြိုက်တဲ့ပရိတ်သတ်မဟုတ်လား?မနေ့တုန်းကတောင်နင့်လက်ကိုငါ့က်ိုနမ်းခိုင်းပြီးနင်ဘာရေမွှေးသုံးလဲဆိုတာကိုမေးနေသေးတယ်။အဲ့ဒီပရိတ်သတ်ကနင့်အတိုင်းလိုက်အတုခိုးနေတယ်လို့ပြောခဲ့တယ်လေ။ဟိုတစ်နေ့ညတုန်းကစုန့်ထင်ယွီကိုယ်ပေါ်မှာနင့်ရေမွှေးနံ့ကိုရအောင်တမင်လုပ်လိုက်တာစုရန်လဲအနံ့ရမှာဘဲ။ဒီနေ့စုရန်အဲ့ဒီပရိတ်သတ်တွေနဲ့တွေ့ရင်ရေမွှေးအနံ့ကိုရပြီး စုန့်ထင်ယွီနင်နဲ့ရှိနေတယ်ဆိုတာကိုသိသွားမှာဘဲ။ငါတို့ဘာမှမလုပ်ရဘဲနဲ့အဲ့ဒီနှစ်ယောက်ပြဿနာတက်မှာသေချာတယ်။အခု....ဘာဖြစ်လို့လဲ?အဲ့ဒီပရိတ်သတ်တွေစုရန်ကိုသွားမတွေ့ကြဘူးလား?'
'သူတို့သွားတွေ့ကြတယ်' ပိုင်ချီရွေ့အသံတိုးတိုးလေးနဲ့ပြောလိုက်တယ်: 'သူစုရန်ကိုတွန်းချလိုက်ပြီးစုရန်ကလေးပျက်သွားပြီလို့ပြောတယ်....'
'ဒါက ဘယ်လိုလုပ်ပြီးပြင်းထန်သွားရတာလဲ?' ချန်မိန်းကလေးမျက်မှောက်ကြုတ်ပြီးမေးလိုက်တယ်။သူမစုရန်ကိုမသနားပေမယ့်လဲ သူ့ကြောင့်သာစုရန်တကယ်ကလေးပျက်ကျသွားရင် စုန့်ထင်ယွီ ပိုင်ချီရွေ့ကိုဒေါသထွက်မှာသေချာတယ်။
မဒမ်စုန့်ကလဲပိုင်ချီရွေ့လုပ်တယ်လို့ဘဲထင်မှာဘဲ။
'ဒါဆိုရင်ငါတို့ဘယ်လိုလုပ်ကြမလဲ?သူဘာလို့အဲ့လိုလုပ်လိုက်ရတာလဲ?သတိမထားဘဲလုပ်မိသွားတာလား?'
စောစောတုန်းကကျန့်ကော်နဲ့ဖုန်းပြောတာကိုပြန်စဉ်းစားမိပြီး သူမရဲ့ရယ်နေတဲ့အသံကကြောက်စရာကောင်းတော့ ပိုင်ချီရွေ့ခေါင်းခါလိုက်ပြီး: 'ကျွန်မထင်တာတော့ သူမတမင်လုပ်လိုက်တာဖြစ်မယ်...'
'သူကဘာလို့တမင်တွန်းချလိုက်ရတာလဲ?ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ရင်ပြဿနာမဖြစ်နိုင်ပေမယ့် တမင်တကာတွန်းချခဲ့ရင်တော့...'
'ကျွန်မကြည့်ရတာသူစိတ်ကပုံမှန်မဟုတ်တဲ့ပုံဘဲ...'
'သူရူးနေတယ်လိုပြောချင်တာလား?' ချန်မိန်းကလေးမျက်လုံးပြူးပြီးမေးလိုက်တယ်။
အခုကိစ္စကိုကြည့်ရတာဖြစ်နိုင်တယ်။ပိုင်ချီရွေ့ဒီလောက်ပြဿနာအကြီးကြီးကိုသူလုပ်လိမ့်မယ်လို့မထင်ထားခဲ့ဘူး။
'အမ အခုချက်ချင်းစုရန်ကိုယ်ဝန်ရှိသေးလားမရှိတော့ဘူးလားဆိုတာကိုစုံစမ်းဖို့လိုမယ်...'
'ကောင်းပြီ။စိတ်သိပ်ပူမနေနဲ့ဦး။ခဏနေအရေးကြီးတဲ့အခန်းကိုရိုက်ရမှာဆိုတော့ နင်ကောင်းကောင်းသရုပ်ဆောင်ပြဖို့လိုတယ်။ငါသတင်းရတာနဲ့ချက်ချင်းပြန်ပြောပေးမယ်' ချန်မိန်းကလေးသူမပုခုံးကိုပုတ်ပြီးထွက်သွားလိုက်တယ်။
ပိုင်ချီရွေ့နှုတ်ခမ်းတွေကိုကိုက်လိုက်တယ်။ကျန့်ကော်ကြောင့်သူမအန္တရာယ်ရှိတဲ့အခြေအနေကိုရောက်နေပြီ။ဒီနှစ်ရက်မှာကောလဟာလတွေကငြိမ်ခါစဘဲရှိသေးတယ်။အခုကိစ္စရဲ့ဗီဒီယိုသာပြန့်သွားရင် သူမထပ်ပြီးနာမည်ကျမှာအသေအချာဘဲ။
စုရန်သာတစ်ခုခုဖြစ်သွားရင်စုန့်မိသားစုတစ်စုလုံးကသူမကိုအပြစ်တင်ပြီးသေချာပေါက်တိုက်ခိုက်ကြမှာ။သူမမှာပြန်တိုက်ခိုက်ဖို့အင်အားမရှိတော့ အနုပညာလောကထဲမှာဆက်နေနိုင်မှာမဟုတ်တော့ဘူး။
စုရန်ဗိုက်ထဲမှာရှိတဲ့ကလေးကစုန့်ဝမ်ရှီကိုကယ်ဖို့အတွက်တင်မဟုတ်ဘဲတစ်မိသားစုလုံးရဲ့မျှော်လင့်ချက်ဘဲ။ကလေးသာတစ်ခုခုဖြစ်သွားရင်စုရန်ဖြေဆည်နိုင်မှာမဟုတ်ဘူး။မဒမ်စုန့်လဲဘာတွေလုပ်မလဲဆိုတာကိုမခန့်မှန်းနိုင်ဘူး။
လူတိုင်းကစိတ်ရှည်ရှည်နဲ့စောင့်နေကြတယ်။သူတို့တွေတိတ်တဆိတ်ဆုတောင်းနေကြတယ်။
စုန့်ထင်ယွီခွဲစိတ်ခန်းအရှေ့မှာရပ်ပြီးတံခါးကိုဘဲစိုက်ကြည့်နေတာ်။သူကိုအနီးကပ်ကြည့်ရင် သူ့မျက်လုံးတွေနီနေတယ်ဆိုတာကိုတွေ့နိုင်တယ်။
အကြာကြီးနေပြီးတော့မှခွဲစိတ်ခန်းတံခါးပွင့်လာတော့ အကုန်လုံးဆရာဝန်အရှေ့ကိုသွားလိုက်ကြတယ်။
'ဒေါက်တာ ကျွန်မရဲ့မြေးချွေးမလေးဘယ်လိုလဲ?ကလေးရော?' မဒမ်စုန့်ဆရာဝန်ပြန်ဖြေတာကိုမစောင့်ဘဲမေးခွန်းတွေဆက်ပြီးမေးနေမိတယ်။
ဆရာဝန်maskကိုချွတ်လိုက်တော့ သူ့မျက်နှာကပင်ပန်းနေတဲ့ပုံဘဲ။ဒါပေမယ့်သူပြုံးပြီးပြန်ပြောလိုက်တယ်: 'မဒမ်စုန့်စိတ်မပူပါနဲ့။လူနာကဘာမှမဖြစ်ပါဘူး။ကလေးလဲဘာမှမဖြစ်တော့ပါဘူး...'
ဆရာဝန်အဲ့လိုပြောလိုက်တော့မှအကုန်လုံးအသက်ကိုဝဝရှူနိုင်တော့တယ်။ကလေးရောစုရန်ရောဘာမှမဖြစ်တော့ဘူးတဲ့။
'ဒါပေမယ့်...' အကုန်လုံးစိတ်အေးသွားတော့မှဆရာဝန်ကထပ်ပြောလိုက်တော့ အကုန်လုံးပြန်ပြီးစိတ်လှုပ်ရှားလာကြတယ်။
'ဘာဖြစ်လို့လဲ?' ဒီတစ်ခါတော့ချောင်ချောင်ကဝင်မေးလိုက်တယ်။
'ဒီတစ်ခါကကံကောင်းလို့ကလေးကိုကယ်နိုင်ခဲ့တာ။ဒါပေမယ့်ကလေးအမေရဲ့ကျန်းမာရေးအခြေအနေကသိပ်မကောင်းဘူး။ဒီလိုဖြစ်သွားတာဆိုတော့သူမခန္ဓာကိုယ်ကိုထိခိုက်သွားလို့ သူ့ကိုကောင်းကောင်းပြန်ဂရုစိုက်ပေးရမယ်။ဒီလိုမျိုးထပ်ပြီးမဖြစ်အောင်ကာကွယ်ပေးရလိမ့်မယ်...'
'ကျေးဇူးပါဒေါက်တာ။ကျွန်မတို့နားလည်ပါပြီ' မဒမ်စုန့်ခပ်မြန်မြန်ပြန်ဖြေလိုက်တယ်။
ဆရာဝန်မကလှည့်ထွက်သွားပြီးမှ တစ်ခုခုကိုသတိရပြီးပြန်လှည့်ကြည့်ကာပြောလိုက်တယ်: 'စောစောတုန်းကခွဲစိတ်ခန်းမဝင်ခင်ကလူနာကကျွန်မလက်ကိုကိုင်ပြီးကလေးကိုကယ်ဖို့အကြိမ်ကြိမ်ပြောခဲ့တာ။ခွဲစိတ်နေတုန်းလဲသူမသတိရမမေ့သွားဘူး။သူမကလေးဘေးကင်းတယ်ဆိုတာကိုသိချင်လို့သတိမမေ့သွားတာထင်တယ်။ခွဲစိတ်ပြီးလို့ကလေးအဆင်ပြေတယ်လို့ပြောလိုက်မှသူမမေ့ပြီးအိပ်ပျော်သွားတာ...'
သူဒါကိုပြောပြတာကစုရန်ကိုကောင်းကောင်းဂရုစိုက်ကြစေချင်လို့ဘဲ။
အကုန်လုံးတိတ်ဆိတ်နေကြပြီးစုန့်ထင်ယွီကတော့တောင့်တောင့်ကြီးရပ်နေတယ်။
သူနာပြုတွေကစုရန်ကိုလူနာခန်းကိုပြောင်းလိုက်တယ်။
ဒီညတော့စုရန်နိုးလာမှာမဟုတ်ဘူး။စုန့်ထင်ယွီသူမကိုစောင့်ပေးနေတယ်။အစကတော့စုရန်တစ်ခုခုဖြစ်မှာကြောက်ပြီးထျန်မီလဲစောင့်ပေးမလို့။သူမစုရန်ကိုစုန့်ထင်ယွီနဲ့ထားခဲ့ရမှာကိုစိတ်မချဘူး။
ကုဒုန့်ချန်သူမလက်ကိုကိုင်ပြီး: 'ထျန်မီ ပြဿနာမရှာပါနဲ့။စုန့်ထင်ယွီ ရန်ရန်ကိုစောင့်ရှောက်ပေးလိမ့်မယ်။မင်းပင်ပန်းနေပြီ။ကိုယ်အိမ်ပြန်ပို့ပေးမယ်'
သူမသဘောမတူပေမယ့်လဲကုဒုန့်ချန်အတင်းအိမ်ပြန်ခေါ်သွားလိုက်တယ်။
ချောင်ချောင်လဲစုရန်ရဲ့ဖြူဖျော့နေတဲ့မျက်နှာလေးကိုကြည့်ကာပွတ်ပေးနေပြီး စိတ်မကောင်းဖြစ်နေတယ်။
အကုန်လုံးပြန်ကုန်ကြတော့ စုန့်မင်ဟွမ်လဲမဒမ်စုန့်ကိုအိမ်ပြန်ခေါ်သွားချင်နေတယ်။ဒါပေမယ့်အဲ့ဒါမလုပ်ခင် ရှီဟန်ရဲ့အိမ်ကနေစုန့်ဝမ်ရှီကိုအရင်သွားကြိုရဦးမယ်။
ဆေးရုံကနေမပြန်ခင်မဒမ်စုန့် စုန့်ထင်ယွီကိုကြည့်ပြီး: 'ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကိုမင်းသေချာစုံစမ်းရမယ်။ပိုင်ချီရွေ့လုပ်တာသာဆိုရင်ငါဒီအတိုင်းမထားဘူး။မင်းမစုံစမ်းရင်ငါစုံစမ်းမယ်။သူသာဆိုရင်ငါသူ့ကိုအနုပညာလောကထဲမှာမနေရအောင်လုပ်ပြမယ်'
မဒမ်စုန့်ပြောပြီးတာနဲ့စုန့်မင်ဟွမ်နဲ့အတူအိမ်ကိုပြန်သွားတယ်။
စုန့်ထင်ယွီတံခါးကိုပြန်ပိတ်လိုက်ပြီး စုရန်ကုတင်ဘေးမှာခုံဆွဲပြီးထိုင်လိုက်တယ်။သူမလက်လေးကိုကိုင်ပြီးနမ်းလိုက်ကာ: 'စုရန် ကိုယ်တောင်းပန်ပါတယ်'
ကံကောင်းလို့သူမရောကလေးရောဘာမှမဖြစ်တာ....
အဖွားပြောသွားတာမှန်တယ်။သူမကိုသူကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူး။
'စုရန် မင်းကိုကိုယ်ဒီလိုမျိုးထပ်ပြီးပေးမဖြစ်တော့ဘူး...'