ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလ...

By Dora_Dora9696

144K 13.5K 160

Title - Rebirth to become a dominant omega သွေးသန့်အိုမီဂါလေး ဂျူလီယမ် Author - latteechrie With Original Au... More

Description
အခန်း ၁ Rebirth
အခန်း ၂ အိုမီဂါ
အခန်း ၃ စိတ်သစ်လူသစ်
အခန်း ၄ သူငယ်ချင်း
အခန်း ၅ ဖွင့်ပြောမယ်
အခန်း ၆ ပြန်လည်တွေ့ဆုံခြင်း
အခန်း ၇ ဗီလိန်
အခန်း ၈ မထင်မှတ်ထားသော တွေ့ဆုံမှု
အခန်း ၉ ဇာတ်ကြောင်း
အခန်း ၁၀ ကိုယ်ထိလက်ရောက် ကျူးလွန်မှု
အခန်း ၁၁ အကြည့်တစ်ချက်
အခန်း ၁၂ လွှမ်းမိုးနိုင်စွမ်း
အခန်း ၁၃ တည်"ငြိမ်"
အခန်း ၁၄ Trauma
အခန်း ၁၅ ပြောင်းလဲမှု
အခန်း ၁၇ ပွေ့ဖက်ခြင်း
အခန်း ၁၈ မှတ်ညဏ်
အခန်း ၁၉ ဘဝရဲ့ လက်တွဲဖော်
အခန်း ၂၀ အကြောက်တရား
အခန်း ၂၁ ကလေး
အခန်း ၂၂ ရင်တုန်ခြင်း
အခန်း ၂၃ ကောင်း‌ေသာညပါ
အခန်း ၂၄ အပန်းဖြေဥယျာဉ်
အခန်း ၂၅ ဒိတ်မဟုတ်ဖူး
အခန်း ၂၆ သံသယများ
အခန်း ၂၇ ဘား
အခန်း ၂၈ အန္တရယ်
အခန်း ၂၉ အနမ်း
အခန်း ၃၀ မောနီး
အခန်း ၃၁ မနက်စာ
အခန်း ၃၂ အာဏာ ပါဝါ
အခန်း ၃၃ ပိုက်ဆံ
အခန်း ၃၄ နှင်းဆီဝါ
အခန်း ၃၅ ချေးငှားခြင်း
အခန်း ၃၆ လျှို့ဝှက်ချက်များ
အခန်း ၃၇ ဖော်ထုတ်ခြင်း
အခန်း ၃၈ ဆန္ဒ
အခန်း ၃၉ ဖြုန်းတီးခြင်း
အခန်း ၄၀ အတွေ့အကြုံ
အခန်း ၄၁ အလည်သွားခြင်း
အခန်း ၄၂ နမ်းရှိုက်ခြင်း
အခန်း ၄၃ ခွေး
အခန်း ၄၄ အခွင့်အလမ်း
အခန်း ၄၅ ကျွန်တော်က ကျွန်တော်ပါပဲ
အခန်း ၄၆ အင်တာဗျူး
အခန်း ၄၇ ဂရုစိုက်ခံရခြင်း
အခန်း ၄၈ အက်တီယမ်
Reminder For Omega
Reminder 🎗️
အခန်း ၄၉
အခန်း ၅၀

အခန်း ၁၆ သောက်မယ်!!

2.6K 321 1
By Dora_Dora9696

Unicode

နောက်တစ်ပတ်ရုံးပိတ်ရက်တွင်တော့ အိုင်ယမ်သည် သူ့ညီလေးကို နာမည်ကျော်ကြား၍ ဂုဏ်သတင်းကောင်းကြပြီး သူနှင့်လည်း စီးပွားရေးအဆက်အဆံရှိကြသူများဖြစ်သည့် သူ၏သူငယ်ချင်းတချို့နှင့် မိတ်ဆက်ပေးရန်အတွက် ဧည့်ခံပွဲတစ်ခုကျင်းပရန် ဆုံးဖြတ်ထားသည်။

ထိုဧည့်ခံပွဲနှင့်ပတ်သက်သော သတင်းများမှာ မျိုးရိုးမြင့်အသိုင်းအဝိုင်းကြားတွင် ပျံ့နှံ့သွားပြီး ဂျူလီယမ်၏ ထွက်ပေါ်လာမှုသည် လူအားလုံး၏ စိတ်ဝင်စားခြင်းခံနေရလေသည်။

နောက်ကြောင်းစုံစမ်းထားခြင်းအတွက်လည်း ရလဒ်များ ပေါ်ထွက်လာသည်။ လူးရှပ်စ်သည် လုံးဝ စိတ်မကျေမနပ်နိုင်ဖြစ်နေပြီး သူ့လက်ထဲရှိ စာရွက်စာတမ်းများကို လုံးချေ၍ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်၏။ ထိုရလဒ်များတွင် သူသိချင်နေသော အကြောင်းအရာများ တစ်ခုမှမပါရှိနေခြင်းကြောင့်ပင် ဖြစ်သည်။

ဆိုဖာတွင်ထိုင်နေသော လူတစ်ယောက်သည် သူ၏မျက်မှန်များကို နှာခေါင်းတစ်လျှောက် ပင့်တင်လိုက်သည်။ သူ၏ပုံပန်းသွင်ပြင်အမူအရာများကိုတော့ မှောင်ရိပ်ကျနေခြင်းကြောင့် မည်သူမျှ မြင်နိုင်စွမ်းမရှိပေ။ ကြွေရုပ်ကဲ့သို့ လှပလှသော လက်တစ်စုံကို ပေါင်ပေါ်တွင် လျော့တိလျော့ရဲ တင်ထားသည်ကိုသာ တွေ့နိုင်၏။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရင်း လက်ကြားထဲရှိ ဆေးလိပ်တိုကိုပါ လှည့်လည်ကစားလိုက်သည်။

သူသည် အိမ်အတွင်းရှိ အိမ်တော်ထိန်းကြီးများကို နှုတ်ဆက်စကားဆိုပြီးနောက်တွင် Baumeဗီလာသို့ ဦးတည်ကာ ကားကို မောင်းနှင်ထွက်ခွာလာခဲ့လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏အိမ်တွင် ဂျူလီယန်သည် System၏အသိအမှတ်ပြုခံရနိုင်ရန်အတွက် ပေါ့ပေါ့ပါးပါးဝတ်စုံတစ်စုံကို ပြင်ဆင်မွမ်းမံကာ ဝတ်ဆင်ထားလိုက်သည်။ သူသည် အဖြူရောင်ဂရပ်ဖစ်တီရှပ်ပေါ်တွင် ကြိုးသိုင်းအနီရောင်ကို ထပ်ကာ ဆေး‌စက်များဖြင့် အလှဆင်ထားသော ဂျင်းဘောင်းဘီနှင့် အနီရောင်ပိုးချည်ဖြင့် ပြုလုပ်ထားသော ဟော်မုန်းတားစက်တို့ကို ဝတ်ဆင်ထား၏။

ဒီနေ့တွင်တော့ သူသည် သင့်လျော်သော ဝတ်စားဆင်ယင်မှုရှိမရှိကို ဂရုမစိုက်သည့် အာရုံနှစ်ပါး၏ အိမ်ရှင်ပင် ဖြစ်ပေသည်။

အိုင်ယမ်သည် သူ့အား မိသားစုဗီလာ၏ ပထမထပ်ရှိ ဧည့်ခန်းထဲသို့ ခေါ်သွားသည်။ ထိုနေရာတွင်ရှိနေသူများအနက်မှ အရေးကြီးတဲ့ သူ့သူငယ်ချင်းအချို့ကို သူ့ဘေးတွင်ရပ်နေသည့် သူ၏ညီလေးနှင့် ရွေးချယ်မိတ်ဆက်ပေးလိုက်သည်။

ဥပမာအားဖြင့် အခုအချိန်တွင် သူတို့အားနှုတ်ဆက်ရန် ရောက်လာသောသူတစ်ယောက်ကို ညွှန်ပြလျက် မိတ်ဆက်ပေးလိုက်၏။
"ဒါက 'ရှိုင်း'ဖျော်ဖြေရေးကုမ္ပဏီရဲ့ ဥက္ကဌလေ"

အိုင်ယမ်က သူ့စကားကိုရပ်လိုက်ပြီး တစ်ဖက်ကသူကို လှမ်းကြည့်လိုက်၏။

'ရှိုင်း'ကုမ္ပဏီ၏ဥက္ကဌဆိုသူက ချက်ချင်းပဲ မိတ်ဆက်စကား ပြောလာလေသည်။
"နောက်ဆုံးတော့ ငါတို့မှာ မိသားစုတွေ့ဆုံပွဲတစ်ခု ရှိလာပြီပဲ. ထပ်တွေ့ရလို့ ဝမ်းသာပါတယ်နော်, ဂျူလီယမ်"

နိုရယ်သည် စိတ်ကျေနပ်စွာပင် ပြုံးနေခြင်းဖြစ်သည်။

ဂျူလီယမ်ကတော့ ယဉ်ကျေးစွာနှင့်ပင် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်လည်းအတူတူပါပဲ"

တစ်ချိန်တည်းမှာပင် သူ၏စိတ်အာရုံတွင် System၏အသံသည် ထွက်ပေါ်လာသည်။

[System: အဓိကဇာတ်လိုက်လည်းပဲ ပေါ်ထွက်လာပြီ. သူက အမျိုးသားဇာတ်လိုက်ရဲ့ အနောက်ဘက်မှာ ရှိနေတယ်]

Systemပြောကြားနေသောသူ၏ ပုံပန်းသွင်ပြင်ကို ဂျူလီယမ် တွေ့မြင်လိုက်ရသည်။ ထိုသူသည် အတော်အသင့် ကြည့်ကောင်းနေသော်လည်း သာမန်လူငယ်တစ်‌ယောက်သာ ဖြစ်သည်။ ထိုသူ၏အသားအရေမှာ အရမ်းကို ဖြူဖျော့နေသောကြောင့် ဖြစ်နိုင်ပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသောအခါတွင်မူ ပို၍ပင်ငယ်ရွယ်ပုံပေါ်နေလေသည်။

ထို့နောက် နိုရယ်သည် တည်ကြည်စွာဖြင့် မိတ်ဆက်ပေးလာသည်။
"ငါ့ချစ်သူ ရွန်ဒဲမီယိုနဲ့ မိတ်ဆက်ပေးပါရစေ"

ရွန်ဒဲမီယိုကလည်း ခေါင်းညိတ်နှုတ်ဆက်လာသည်။
"ရွန်ဒဲမီယို ဂါလို ပါ. တွေ့ရတာဝမ်းသာပါတယ်နော်"

ဂျူလီယမ်၏ အကြည့်များကတော့ မည်းမှောင်နေ၏။ သူက လျှို့ဝှက်နက်နဲသော ခံစားချက်များကို သူ့မျက်လုံးများထဲတွင် ဖုံးကွယ်ထားလိုက်ပြီး နှုတ်ခမ်းများ ကော့ညွတ်စွာနှင့်ပင် ပြုံးပြလိုက်သည်။
"ဟယ်လို, ကျွန်တော်က ဂျူလီယမ်ပါ"

ရွန်ဒဲမီယိုသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် တွန့်ဆုတ်နေသည့်ပုံစံနှင့် ပြောလာသည်။
"မင်းက'နှင်းဆီဖြူ'ကလပ်မှာ ဖျော်ဖြေပေးတဲ့ အဲ့ဒီအနုပညာရှင်ပဲမဟုတ်လား?"

ဂျူလီယန်သည် သူ့အကြည့်များကို နှိမ့်ချလိုက်ပြီး ခုနနှင့်မတူကွဲပြားသည့်အမူအရာတို့ဖြင့် ပြန်ဖြေလိုက်သည်။
"အခုတော့မဟုတ်တော့ဘူးပေါ့"

ရွန်ဒဲမီယို၏အသံသည် လူငယ်များတွင်သာရှိသည့် သက်ဝင်တက်ကြွမှုမျိုးနှင့် နူးညံ့ချိုမြိန်နေ၏။ ကြားလိုက်ရသူတိုင်းအား သူ့အပေါ် အကောင်းမြင်စိတ်များ တိုးပွားလာအောင် ‌လုပ်ဆောင်နိုင်ပေသည်။
"မင်းကသီချင်းဆိုကောင်းတယ်လို့ ကြားဖူးထားမိပါတယ်. ငါတို့သာ အတူတူ 'ရှိုင်း'ကုမ္ပဏီမှာ သီချင်းဆိုခွင့်ရရင် တကယ်ဝမ်းသာမိမှာ. မင်းရောဘယ်လိုစိတ်ကူးရှိလဲ?"

ဂျူလီယမ်သည် ဘာမှပြန်မပြောဘဲ ရွန်ဒဲမီယို၏ ဆက်လက်ပြောကြားနေသည်များကိုသာ နားထောင်ပေးနေသည်။
"ဒီလိုမျိုး မင်းအကိုရဲ့ အထောက်အပံ့ကိုပဲ မှီခိုပြီး အမြဲတမ်း နေနေလို့မှမရတာပဲ. မင်းအကိုမှာ သူ့ကိုယ်ပိုင်ဘဝရှိသလို မင်းမှာလည်းမင်းဘဝရှိတယ်လေ. အခုလိုမျိုး မင်းကိုအလိုလိုက်ပေးနေတာက သူက မင်းဘဝထဲကို တမင်သက်သက် ကြားဖြတ်ဝင်ရောက်နေတာနဲ့ အတူတူပဲပေါ့. အဲ့လိုသာဆိုရင် ဒါက မင်းရဲ့ဘဝမှာ ဘာတစ်ခုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိဘဲ ဖြစ်စေမှာလေ"

ဂျူလီယမ်သည် ရွန်ဒဲမီယိုကိုသာ ငေးကြည့်နေရင်း ဘာတစ်ခွန်းမှဝင်မပြောဘဲ နေနေ၏။

ရွန်ဒဲမီယိုကတော့ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိနေပုံ ရသည်။

သို့သော်လည်း ဂျူလီယမ်သည် တစ်ချက်ပြုံးပြလိုက်ပြီး အားနာနေတာမျိုးမရှိဘဲ ငြင်းဆိုလိုက်သည်။
"ကျွန်တော့အတွက်တော့ အဆင်မပြေတာမလို့ပါ"

ရွန်ဒဲမီယိုသည် အငြင်းခံလိုက်ရတာကြောင့် အံ့အားသင့်သွား၏။ သို့သော်လည်း သူ၏မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့်မျက်နှာပုံစံ သို့မဟုတ် ကမောက်ကမဖြစ်သွားသည့် အရိပ်ယောင်မျိုး မတွေ့ရပေ။
"တောင်းပန်ပါတယ်နော်, မမေးသင့်တာမျိုးကို မေးလိုက်မိသွားတယ်ထင်တယ်"

ဂျူလီယမ်သည် တစ်ဖက်ကသူပြောလိုက်သည့် စကားကို သဘောတူထောက်ခံသည့်အနေဖြင့် အနည်းငယ်လောက် ခေါင်းညှိတ်ပြလိုက်၏။ ထိုအပြုအမူသည် အမှန်ပင် ရိုင်းပျသည့်အပြုအမူမျိုးပင် ဖြစ်သည်။
"ကျွန်တော့်အကိုကကျွန်တော့်ပေါ်မှာကောင်းကောင်းမွန်မွန်နဲ့ဂရုတစိုက်ရှိနေပေးနေတာက ခင်ဗျားနဲ့ ဘာမှမသက်ဆိုင်ဘူးလေ"

ဂျူလီယမ်ပြန်ပြောလိုက်တဲ့နောက်တွင်တော့ ပတ်ဝန်းကျင်အခြေအနေက မူမမှန်စွာထူးဆန်းနေလေသည်။ အိုင်ယမ်သည် စိတ်မကြည်လင်စွာပင် အဓိကဇာတ်ဆောင်အား ကြည့်နေခဲ့ပြီး နိုရယ်မှာတော့ ဘယ်နေရာဆီသို့ အကြည့်ပို့ထားရမှန်းမသိစွာနှင့်ပင် အနေရခက်စွာ ရပ်နေသည်။

ထိုကဲ့သို့သောအချိန်တွင်‌ မည်သူတစ်ဦးတစ်ယောက်မျှ စကားစတင်မပြောကြချေ။

ရွန်ဒဲမီယိုသည် တစ်ဖက်သူတို့၏အခြေအနေများကို သတိပြုမိသွားသောအခါ သူ၏မျက်နှာပေါ်တွင် အံ့ဩရိပ်များဖြတ်သန်းသွားပြီးနောက် သူ့ကိုယ်သူအပြစ်တင်မိသော အမူအရာမျိုး ပေါ်ထွက်လာပေသည်။ သူသည် ပထမဆုံး ဂျူလီယမ်ဆီသို့ တစ်ချက်ကြည့်ပြီးနောက် အိုင်ယမ်ဆီသို့လည်း လှမ်းကြည့်လိုက်သည်။
"ကျွန်တော်အခုလိုမျိုးစိတ်အနှောင့်အယှက်ဖြစ်သွားကြဖို့မရည်ရွယ်ခဲ့ပါဘူး. စကားပြောမှားသွားတာပါ. တောင်းပန်ပါတယ်နော်"

ထို့နောက်တွင်တော့ အိုင်ယမ်သည် သူ၏ဘေးရှိ စိတ်ပျံ့လွင့်နေသော ကောင်ငယ်လေးဆီသို့ ငုံ့မေးလိုက်သည်။
"ပျင်းနေပြီလား"

ဂျူလီယမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် နောက်တစ်ကြိမ်ပြန်ပြီး ခေါင်းခါပြလိုက်သည်။ အမှန်တော့ သူသည် အဓိကဇာတ်ဆောင်ဆီမှ ရှောင်ပြေးရန် နည်းများကို တွေးတောနေမိခြင်းသာ ဖြစ်လေသည်။

ထိုအခါတွင်တော့ အိုင်ယမ်က ပြန်ပြောလာ၏။
"ပျင်းနေရင် ဧည့်ခံတဲ့နေရာက မုန့်တွေသွားစားကြည့်ပါလား"

အရမ်းတွေထွက်သွားချင်နေသော သူ၏ညီငယ်လေးကို ကြည့်လိုက်မိပြီးနောက်တွင် အိုင်ယမ်၏မျက်လုံးထဲတွင် အကူအညီမဲ့သွားသော အရိပ်တို့ ဖြတ်ပြေးသွားလေသည်။
"အင်းပါ။ အဲ့ဒီဘက်ကိုသွားပြီး တစ်ခုခုစားနေလို့ရပေမယ့် အများကြီးသောက်နေလို့မဖြစ်ဘူးဆိုတာတော့ သတိရဦးနော်"

ဂျူလီယမ်သည် အလွန်အမင်းချိုမြိန်စွာပင် အိုင်ယမ့်အား ပြုံးပြလိုက်‌သည်။
"ဟုတ်ကဲ့ မှတ်မိပါတယ်, အကိုကြီးကလည်း"

ရွန်ဒဲမီယိုသည် တင်းကြပ်စွာ လက်သီးဆုပ်ထားလိုက်မိသော်လည်း သူ၏မျက်နှာတွင်တော့ ဒေါသဖြစ်နေသည့် အရိပ်အယောင်တစ်ခုကိုမျှ မတွေ့နိုင်ပေ။

နာရီဝက်ခန့်ကြာပြီးနောက်တွင် လူးရှပ်စ်ရောက်လာကာ သူ၏သူငယ်ချင်းများရှိရာဆီသို့ လျှောက်လာ၏။
"ကြည့်ရတာ ငါ‌နည်းနည်းနောက်ကျသွားတယ်နဲ့တူတယ်"

ရွန်ဒဲမီယိုသည် မျက်လုံးများကို မသိမသာ ပြူးကျယ်သွားစေပြီး သူ၏သာမန်ရုပ်ရည်ကို အနည်းငယ်ချစ်စရာကောင်းအောင် ပြုလုပ်လိုက်ပြီးနောက် နိုရယ်အား မေးလိုက်သည်။
"ခင်ဗျားသူငယ်ချင်းလား? ဘယ်သူတဲ့လဲ?"

နိုရယ်သည် နှုတ်ခမ်းထောင့်စွန်းတစ်‌ဖက်ကိုကော့ညွတ်ကာ တစ်ချက်ပြုံးပြလိုက်သည်။
"လူးရှပ်စ် ဗာလင်တီးနပ်စ် လေ။ ကိုယ့်သူငယ်ချင်းလည်းဟုတ်တယ်။ စီးပွားရေးလောကက ကိုယ့်ရဲ့ပြိုင်ဘက်လို့လည်း ပြောလို့ရတယ်။ Famousအင်တာတိန်းမန့်ထ် ကုမ္ပဏီရဲ့ ဥက္ကဌပေါ့"

နိုရယ့်အဖြေကိုကြားပြီးနောက်တွင် ရွန်ဒဲမီယို၏ လူးရှပ်စ်အပေါ်အမြင်များမှာ အလွန်ပင်ကောင်းမွန်သွားလေသည်။

လူးရှပ်စ်သည် ကျေးဇူးတင်သည့် အပြုံးများဖြင့် ခေါင်းညိတ်ပြနေ၏။

ဧည့်ခံပွဲတွင် ဆူညံသံများ စိတ်လှုပ်ရှားတက်ကြွနေသူတို့၏ အသံများဖြင့် ပြည့်နှက်နေသည်။ ရင်းနှီးကြသည့်သူတစ်ချို့ ဝိုင်းဖွဲ့စကားပြောနေကြသည်များလည်း ရှိ၏။

ဂျူလီယမ်သည် ထိုနေရာရှိသူများအတွက် မျက်နှာသစ်တစ်ယောက် ဖြစ်နေသည့်အလျောက် သူ့ဆီသို့လာရောက် စကားပြောဆိုကြသူများလည်း မရှိကြပေ။ သူကတော့ ထိုအခွင့်အရေးကို ပျော်ရွှင်စွာပင်လက်ခံ၍ စိတ်လက်ပေါ့ပါးစွာနေ၏။ ထောင့်တစ်နေရာတွင် နေရာယူလိုက်ကာ ဝိုင်နီကို အေးဆေးစွာပင် ထိုင်သောက်နေပေသည်။ ခါးသက်စူးရှပြီး စပ်ဖျဉ်းဖျဉ်းဖြင့် ချဉ်သောအရသာတို့ဖြင့် ရောစပ်ပြည့်နှက်နေသည့် အရည်တို့မှာ သူ၏လည်ချောင်းတစ်လျှောက် လျှောဝင်သွားကြ၏။ သူကတော့ အရမ်းကိုစိတ်ကျေနပ်လျက် ရှိနေပေသည်။ သူ၏အပြုအမူအားလုံးကို ဘေးဘက်‌တစ်နေရာမှ စူးစမ်းနေသော လူးရှပ်စ်တစ်ယောက် အစအဆုံးမြင်နေရသည်ကိုတောင် သတိမပြုနိုင်လောက်သည်အထိ ဂျူလီယမ်ကတော့ သူတစ်ယောက်တည်းပင် ပျော်ရွှင်နေ၏။

တစ်ဖက်တွင် လူးရှပ်စ်သည် သူ့အနားရှိလူများနှင့် စကားစမြည်ပြောနေရင်းနှင့်ပင် ဂျူလီယမ်ရှိရာသို့ တိတ်တဆိတ် စောင့်ကြည့်နေ၏။ ဂျူလီယမ်သည် နှုတ်ခမ်းတစ်ဝိုက် ပေနေသော ဝိုင်များကို လျှာဖြင့်သပ်လိုက်သည်ကိုလည်း သူတွေ့လိုက်ရသည်။ တစ်ခါသောက်လိုက်တိုင်း မျက်လုံးများစင်းကာဖြင့် အရသာခံပြီး တစ်ခွက်ပြီးတစ်ခွက် သောက်နေသည်ကိုလည်း သူမြင်နေရသည်။ ဝိုင်သောက်နေရသည်ကို အလွန်ပင် သဘောကျနှစ်ခြိုက်နေသည်မှာ သိသာလှပေသည်။

အခုအချိန်တွင်တော့ ဂျူလီယမ်၏ မျက်လုံးများက ပြုံးရယ်နေကြ‌၏။ ကြယ်ရောင်များတောက်နေသကဲ့သို့ပင် သူ၏မျက်လုံးများမှာ ရွှန်းလဲ့နေပေသည်။ အလွန်ပင် တောက်ပလင်းလက်နေပြီး အတွင်းစိတ်အထိ သိမြင်နိုင်လောက်အောင်ပင် ကြည်လင်နေသည်။ ဂျူလီယမ်၏ မျက်လုံးများထဲ၌ တောက်ပနေသော အလင်းတန်းဆီသို့ ရောက်အောင်သွားချင်စိတ်များပင် ဖြစ်ပေါ်လာရ၏။

လူးရှပ်စ်၏အကြည့်များသည် အနည်းငယ် ပြောင်းလဲသွားသည်။ အနည်းငယ်ပြုံးမယောင်ဖြစ်နေသော နှုတ်ခမ်းများသည်လည်း ပြန်လည်တည်တံ့သွားသည်။ သူသည် အကြည့်လွှဲပစ်ချင်ခဲ့သော်လည်း တစ်စုံတစ်ရာက သူစိတ်တိုင်းကျ ရွေ့လျားမရနိုင်အောင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသလိုပင် ဖြစ်နေခဲ့သည်။

စောက်နေမိသော ဝိုင်များသည် အလွန်လျင်မြန်စွာပင် ကုန်ဆုံးသွား၏။ ယခုလက်ရှိတွင်တော့ ဂျူလီယမ်သည် အာရုံများ ထွေပြားလာနေသည်။

[System: မင်းရဲ့ အရက်သောက်နိုင်စွမ်းက လူတစ်ယောက်ပုံမှန်အရက်သောက်နိုင်စွမ်းထက် ကျော်လွန်နေပြီလေ]

ဂျူလီယမ်သည် နှုတ်ခမ်းထောင့်စွန်းများ ကော့ညွတ်ကာ ပြုံးလိုက်မိသည်။
"ငါက နည်းနည်းလေး ဝေဝေဝါးဝါးဖြစ်သွားရုံတင်ပါ။ မမူးသေးပါဘူး"

အနည်းငယ်ပူနေပြီး သူ့ရဲ့လှုပ်ရှားမှုတွေကလည်း အနည်းငယ်မူမမှန်ချင်သယောင် ဖြစ်နေသော်လည်း သူမမူးသေးပါဘူးဟုပင် ပြောလိုက်သည်။

ဂျူလီယမ်သည် နောင်တရမိသလိုဖြစ်ကာ လေကောင်းလေသန့်ရရန်အတွက် ဧည့်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

လျှောက်လမ်းတစ်လျှောက် လူသွားလူလာမရှိသည့်အတွက် ဂျူလီယမ်အတွက် Systemနှင့် အတွေးထဲက စကားစမြည်ပြောနိုင်ဖို့ ပိုပြီး အနှောင့်အယှက်ကင်းနေခဲ့သည်။
"ဒီအချိန်ကြီးမြန်မြန်ကုန်သွားတယ်လို့ထင်ရအောင်ငါမင်းကိုသီချင်းဆိုပြမယ်လေ"

သူ၏အသံသည် ကွဲအက်ကာ ကြမ်းရှရှဖြစ်နေသည်။

🎶မင်းရဲ့အိမ်မက်တွေစိတ်ကူးတွေနဲ့ဒီပျော်စရာပါတီပွဲထဲ ဝင်လာတဲ့အခါ
လူတွေအားလုံး လိမ်းခြယ်ပြင်ဆင်ထားကြတာ ဘယ်သူကမှ မင်းကိုမှတ်မိနိုင်မှာမဟုတ်ဘူး
သုံးခွက်လောက်သောက်ရင်းချောင်မှာဝင်ပုန်းနေပြီးနောက်တော့ ခါးသက်သက်သီချင်းတွေဆိုချင်လာလေတယ်~
ခွက်ထဲကိုဝင်ရောက်လာတဲ့ဆူညံသံတွေက ကိုယ့်အသံကို ဖုံးလွှမ်းသွားပြီးနောက်တော့လည်း တစ်ယောက်တည်းပဲ စကားပြောနေလိုက်တော့တယ်
တစ်ခွက်ကနေမင်းကြီးအတွက်ဖြစ်ပြီးတော့နောက်တစ်ခွက်ကတော့လမင်းလေးအတွက်ပါပဲ
တစ်ခွက်ကအနာဂတ်အတွက်ဖြစ်ပြီးတော့နောက်တစ်ခွက်ကတော့အတိတ်ပေါ့
တစ်ခွက်ကလွတ်လပ်မှုအတွက်ဖြစ်ပြီးတော့နောက်တစ်ခွက်ကတော့သေဆုံးခြင်းအတွက်ပါပဲ~🎶

(T/N: မူးနေတဲ့ ဝိုင်ကြိုက်သူ ဂျူလီယမ်လေးကတော့ သီချင်းတွေတောင် ကောက်စပ်ကုန်ပြီ><)

ဂျူလီယမ်သည် တစ်ခဏလောက် သတိလွတ်သွား၏။ ထိုစဉ် ခလုတ်တိုက်မိသွားကာ လဲကျမလိုဖြစ်သွားလေသည်။

သူ့နောက်ကိုလိုက်ပါလာခဲ့တဲ့သူကတော့ ထိုအခိုက်တွင် အသက်အောင့်ထားလိုက်မိ၏။ ထို့နောက်တွင်တော့ လူးရှပ်စ်သည် သူ၏စိတ်ညစ်မှုများကို သည်းခံထားလိုက်ပြီး အမြန်ပင် လျှောက်ကာထွက်လာလိုက်တော့သည်။

#L
Thanks for your interest ( ˘ ³˘)♥

Zawgyi

ေနာက္တစ္ပတ္႐ုံးပိတ္ရက္တြင္ေတာ့ အိုင္ယမ္သည္ သူ႔ညီေလးကို နာမည္ေက်ာ္ၾကား၍ ဂုဏ္သတင္းေကာင္းၾကၿပီး သူႏွင့္လည္း စီးပြားေရးအဆက္အဆံရွိၾကသူမ်ားျဖစ္သည့္ သူ၏သူငယ္ခ်င္းတခ်ိဳ႕ႏွင့္ မိတ္ဆက္ေပးရန္အတြက္ ဧည့္ခံပြဲတစ္ခုက်င္းပရန္ ဆုံးျဖတ္ထားသည္။

ထိုဧည့္ခံပြဲႏွင့္ပတ္သက္ေသာ သတင္းမ်ားမွာ မ်ိဳး႐ိုးျမင့္အသိုင္းအဝိုင္းၾကားတြင္ ပ်ံ႕ႏွံ႔သြားၿပီး ဂ်ဴလီယမ္၏ ထြက္ေပၚလာမႈသည္ လူအားလုံး၏ စိတ္ဝင္စားျခင္းခံေနရေလသည္။

ေနာက္ေၾကာင္းစုံစမ္းထားျခင္းအတြက္လည္း ရလဒ္မ်ား ေပၚထြက္လာသည္။ လူးရွပ္စ္သည္ လုံးဝ စိတ္မေက်မနပ္ႏိုင္ျဖစ္ေနၿပီး သူ႔လက္ထဲရွိ စာ႐ြက္စာတမ္းမ်ားကို လုံးေခ်၍ ၾကမ္းျပင္ေပၚသို႔ ပစ္ေပါက္လိုက္၏။ ထိုရလဒ္မ်ားတြင္ သူသိခ်င္ေနေသာ အေၾကာင္းအရာမ်ား တစ္ခုမွမပါရွိေနျခင္းေၾကာင့္ပင္ ျဖစ္သည္။

ဆိုဖာတြင္ထိုင္ေနေသာ လူတစ္ေယာက္သည္ သူ၏မ်က္မွန္မ်ားကို ႏွာေခါင္းတစ္ေလွ်ာက္ ပင့္တင္လိုက္သည္။ သူ၏ပုံပန္းသြင္ျပင္အမူအရာမ်ားကိုေတာ့ ေမွာင္ရိပ္က်ေနျခင္းေၾကာင့္ မည္သူမွ် ျမင္ႏိုင္စြမ္းမရွိေပ။ ေႂကြ႐ုပ္ကဲ့သို႔ လွပလွေသာ လက္တစ္စုံကို ေပါင္ေပၚတြင္ ေလ်ာ့တိေလ်ာ့ရဲ တင္ထားသည္ကိုသာ ေတြ႕ႏိုင္၏။ သူသည္ မ်က္လုံးမ်ားကို ျဖည္းညႇင္းစြာ ဖြင့္လိုက္ရင္း လက္ၾကားထဲရွိ ေဆးလိပ္တိုကိုပါ လွည့္လည္ကစားလိုက္သည္။

သူသည္ အိမ္အတြင္းရွိ အိမ္ေတာ္ထိန္းႀကီးမ်ားကို ႏႈတ္ဆက္စကားဆိုၿပီးေနာက္တြင္ Baumeဗီလာသို႔ ဦးတည္ကာ ကားကို ေမာင္းႏွင္ထြက္ခြာလာခဲ့လိုက္သည္။

တစ္ခ်ိန္တည္းမွာပင္ သူ၏အိမ္တြင္ ဂ်ဴလီယန္သည္ System၏အသိအမွတ္ျပဳခံရႏိုင္ရန္အတြက္ ေပါ့ေပါ့ပါးပါးဝတ္စုံတစ္စုံကို ျပင္ဆင္မြမ္းမံကာ ဝတ္ဆင္ထားလိုက္သည္။ သူသည္ အျဖဴေရာင္ဂရပ္ဖစ္တီရွပ္ေပၚတြင္ ႀကိဳးသိုင္းအနီေရာင္ကို ထပ္ကာ ေဆး‌စက္မ်ားျဖင့္ အလွဆင္ထားေသာ ဂ်င္းေဘာင္းဘီႏွင့္ အနီေရာင္ပိုးခ်ည္ျဖင့္ ျပဳလုပ္ထားေသာ ေဟာ္မုန္းတားစက္တို႔ကို ဝတ္ဆင္ထား၏။

ဒီေန႔တြင္ေတာ့ သူသည္ သင့္ေလ်ာ္ေသာ ဝတ္စားဆင္ယင္မႈရွိမရွိကို ဂ႐ုမစိုက္သည့္ အာ႐ုံႏွစ္ပါး၏ အိမ္ရွင္ပင္ ျဖစ္ေပသည္။

အိုင္ယမ္သည္ သူ႔အား မိသားစုဗီလာ၏ ပထမထပ္ရွိ ဧည့္ခန္းထဲသို႔ ေခၚသြားသည္။ ထိုေနရာတြင္ရွိေနသူမ်ားအနက္မွ အေရးႀကီးတဲ့ သူ႔သူငယ္ခ်င္းအခ်ိဳ႕ကို သူ႔ေဘးတြင္ရပ္ေနသည့္ သူ၏ညီေလးႏွင့္ ေ႐ြးခ်ယ္မိတ္ဆက္ေပးလိုက္သည္။

ဥပမာအားျဖင့္ အခုအခ်ိန္တြင္ သူတို႔အားႏႈတ္ဆက္ရန္ ေရာက္လာေသာသူတစ္ေယာက္ကို ၫႊန္ျပလ်က္ မိတ္ဆက္ေပးလိုက္၏။
"ဒါက 'ရႈိင္း'ေဖ်ာ္ေျဖေရးကုမၸဏီရဲ႕ ဥကၠဌေလ"

အိုင္ယမ္က သူ႔စကားကိုရပ္လိုက္ၿပီး တစ္ဖက္ကသူကို လွမ္းၾကည့္လိုက္၏။

'ရႈိင္း'ကုမၸဏီ၏ဥကၠဌဆိုသူက ခ်က္ခ်င္းပဲ မိတ္ဆက္စကား ေျပာလာေလသည္။
"ေနာက္ဆုံးေတာ့ ငါတို႔မွာ မိသားစုေတြ႕ဆုံပြဲတစ္ခု ရွိလာၿပီပဲ. ထပ္ေတြ႕ရလို႔ ဝမ္းသာပါတယ္ေနာ္, ဂ်ဴလီယမ္"

ႏိုရယ္သည္ စိတ္ေက်နပ္စြာပင္ ၿပဳံးေနျခင္းျဖစ္သည္။

ဂ်ဴလီယမ္ကေတာ့ ယဥ္ေက်းစြာႏွင့္ပင္ ေခါင္းညိတ္ျပလိုက္သည္။
"ကြၽန္ေတာ္လည္းအတူတူပါပဲ"

တစ္ခ်ိန္တည္းမွာပင္ သူ၏စိတ္အာ႐ုံတြင္ System၏အသံသည္ ထြက္ေပၚလာသည္။

[System: အဓိကဇာတ္လိုက္လည္းပဲ ေပၚထြက္လာၿပီ. သူက အမ်ိဳးသားဇာတ္လိုက္ရဲ႕ အေနာက္ဘက္မွာ ရွိေနတယ္]

Systemေျပာၾကားေနေသာသူ၏ ပုံပန္းသြင္ျပင္ကို ဂ်ဴလီယမ္ ေတြ႕ျမင္လိုက္ရသည္။ ထိုသူသည္ အေတာ္အသင့္ ၾကည့္ေကာင္းေနေသာ္လည္း သာမန္လူငယ္တစ္‌ေယာက္သာ ျဖစ္သည္။ ထိုသူ၏အသားအေရမွာ အရမ္းကို ျဖဴေဖ်ာ့ေနေသာေၾကာင့္ ျဖစ္ႏိုင္ၿပီး ဝတ္စုံျပည့္ဝတ္ဆင္ထားေသာအခါတြင္မူ ပို၍ပင္ငယ္႐ြယ္ပုံေပၚေနေလသည္။

ထို႔ေနာက္ ႏိုရယ္သည္ တည္ၾကည္စြာျဖင့္ မိတ္ဆက္ေပးလာသည္။
"ငါ့ခ်စ္သူ ႐ြန္ဒဲမီယိုနဲ႔ မိတ္ဆက္ေပးပါရေစ"

႐ြန္ဒဲမီယိုကလည္း ေခါင္းညိတ္ႏႈတ္ဆက္လာသည္။
"႐ြန္ဒဲမီယို ဂါလို ပါ. ေတြ႕ရတာဝမ္းသာပါတယ္ေနာ္"

ဂ်ဴလီယမ္၏ အၾကည့္မ်ားကေတာ့ မည္းေမွာင္ေန၏။ သူက လွ်ိဳ႕ဝွက္နက္နဲေသာ ခံစားခ်က္မ်ားကို သူ႔မ်က္လုံးမ်ားထဲတြင္ ဖုံးကြယ္ထားလိုက္ၿပီး ႏႈတ္ခမ္းမ်ား ေကာ့ၫြတ္စြာႏွင့္ပင္ ၿပဳံးျပလိုက္သည္။
"ဟယ္လို, ကြၽန္ေတာ္က ဂ်ဴလီယမ္ပါ"

႐ြန္ဒဲမီယိုသည္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္လ်က္ တြန႔္ဆုတ္ေနသည့္ပုံစံႏွင့္ ေျပာလာသည္။
"မင္းက'ႏွင္းဆီျဖဴ'ကလပ္မွာ ေဖ်ာ္ေျဖေပးတဲ့ အဲ့ဒီအႏုပညာရွင္ပဲမဟုတ္လား?"

ဂ်ဴလီယန္သည္ သူ႔အၾကည့္မ်ားကို ႏွိမ့္ခ်လိုက္ၿပီး ခုနႏွင့္မတူကြဲျပားသည့္အမူအရာတို႔ျဖင့္ ျပန္ေျဖလိုက္သည္။
"အခုေတာ့မဟုတ္ေတာ့ဘူးေပါ့"

႐ြန္ဒဲမီယို၏အသံသည္ လူငယ္မ်ားတြင္သာရွိသည့္ သက္ဝင္တက္ႂကြမႈမ်ိဳးႏွင့္ ႏူးညံ့ခ်ိဳၿမိန္ေန၏။ ၾကားလိုက္ရသူတိုင္းအား သူ႔အေပၚ အေကာင္းျမင္စိတ္မ်ား တိုးပြားလာေအာင္ ‌လုပ္ေဆာင္ႏိုင္ေပသည္။
"မင္းကသီခ်င္းဆိုေကာင္းတယ္လို႔ ၾကားဖူးထားမိပါတယ္. ငါတို႔သာ အတူတူ 'ရႈိင္း'ကုမၸဏီမွာ သီခ်င္းဆိုခြင့္ရရင္ တကယ္ဝမ္းသာမိမွာ. မင္းေရာဘယ္လိုစိတ္ကူးရွိလဲ?"

ဂ်ဴလီယမ္သည္ ဘာမွျပန္မေျပာဘဲ ႐ြန္ဒဲမီယို၏ ဆက္လက္ေျပာၾကားေနသည္မ်ားကိုသာ နားေထာင္ေပးေနသည္။
"ဒီလိုမ်ိဳး မင္းအကိုရဲ႕ အေထာက္အပံ့ကိုပဲ မွီခိုၿပီး အၿမဲတမ္း ေနေနလို႔မွမရတာပဲ. မင္းအကိုမွာ သူ႔ကိုယ္ပိုင္ဘဝရွိသလို မင္းမွာလည္းမင္းဘဝရွိတယ္ေလ. အခုလိုမ်ိဳး မင္းကိုအလိုလိုက္ေပးေနတာက သူက မင္းဘဝထဲကို တမင္သက္သက္ ၾကားျဖတ္ဝင္ေရာက္ေနတာနဲ႔ အတူတူပဲေပါ့. အဲ့လိုသာဆိုရင္ ဒါက မင္းရဲ႕ဘဝမွာ ဘာတစ္ခုမွ လုပ္ခ်င္ကိုင္ခ်င္စိတ္ မရွိဘဲ ျဖစ္ေစမွာေလ"

ဂ်ဴလီယမ္သည္ ႐ြန္ဒဲမီယိုကိုသာ ေငးၾကည့္ေနရင္း ဘာတစ္ခြန္းမွဝင္မေျပာဘဲ ေနေန၏။

႐ြန္ဒဲမီယိုကေတာ့ သူ႔ကိုယ္သူ ယုံၾကည္ခ်က္အျပည့္ရွိေနပုံ ရသည္။

သို႔ေသာ္လည္း ဂ်ဴလီယမ္သည္ တစ္ခ်က္ၿပဳံးျပလိုက္ၿပီး အားနာေနတာမ်ိဳးမရွိဘဲ ျငင္းဆိုလိုက္သည္။
"ကြၽန္ေတာ့အတြက္ေတာ့ အဆင္မေျပတာမလို႔ပါ"

႐ြန္ဒဲမီယိုသည္ အျငင္းခံလိုက္ရတာေၾကာင့္ အံ့အားသင့္သြား၏။ သို႔ေသာ္လည္း သူ၏မ်က္ႏွာေပၚတြင္ စိတ္ပ်က္သြားသည့္မ်က္ႏွာပုံစံ သို႔မဟုတ္ ကေမာက္ကမျဖစ္သြားသည့္ အရိပ္ေယာင္မ်ိဳး မေတြ႕ရေပ။
"ေတာင္းပန္ပါတယ္ေနာ္, မေမးသင့္တာမ်ိဳးကို ေမးလိုက္မိသြားတယ္ထင္တယ္"

ဂ်ဴလီယမ္သည္ တစ္ဖက္ကသူေျပာလိုက္သည့္ စကားကို သေဘာတူေထာက္ခံသည့္အေနျဖင့္ အနည္းငယ္ေလာက္ ေခါင္းညႇိတ္ျပလိုက္၏။ ထိုအျပဳအမူသည္ အမွန္ပင္ ႐ိုင္းပ်သည့္အျပဳအမူမ်ိဳးပင္ ျဖစ္သည္။
"ကြၽန္ေတာ့္အကိုကကြၽန္ေတာ့္ေပၚမွာေကာင္းေကာင္းမြန္မြန္နဲ႔ဂ႐ုတစိုက္ရွိေနေပးေနတာက ခင္ဗ်ားနဲ႔ ဘာမွမသက္ဆိုင္ဘူးေလ"

ဂ်ဴလီယမ္ျပန္ေျပာလိုက္တဲ့ေနာက္တြင္ေတာ့ ပတ္ဝန္းက်င္အေျခအေနက မူမမွန္စြာထူးဆန္းေနေလသည္။ အိုင္ယမ္သည္ စိတ္မၾကည္လင္စြာပင္ အဓိကဇာတ္ေဆာင္အား ၾကည့္ေနခဲ့ၿပီး ႏိုရယ္မွာေတာ့ ဘယ္ေနရာဆီသို႔ အၾကည့္ပို႔ထားရမွန္းမသိစြာႏွင့္ပင္ အေနရခက္စြာ ရပ္ေနသည္။

ထိုကဲ့သို႔ေသာအခ်ိန္တြင္‌ မည္သူတစ္ဦးတစ္ေယာက္မွ် စကားစတင္မေျပာၾကေခ်။

႐ြန္ဒဲမီယိုသည္ တစ္ဖက္သူတို႔၏အေျခအေနမ်ားကို သတိျပဳမိသြားေသာအခါ သူ၏မ်က္ႏွာေပၚတြင္ အံ့ဩရိပ္မ်ားျဖတ္သန္းသြားၿပီးေနာက္ သူ႔ကိုယ္သူအျပစ္တင္မိေသာ အမူအရာမ်ိဳး ေပၚထြက္လာေပသည္။ သူသည္ ပထမဆုံး ဂ်ဴလီယမ္ဆီသို႔ တစ္ခ်က္ၾကည့္ၿပီးေနာက္ အိုင္ယမ္ဆီသို႔လည္း လွမ္းၾကည့္လိုက္သည္။
"ကြၽန္ေတာ္အခုလိုမ်ိဳးစိတ္အေႏွာင့္အယွက္ျဖစ္သြားၾကဖို႔မရည္႐ြယ္ခဲ့ပါဘူး. စကားေျပာမွားသြားတာပါ. ေတာင္းပန္ပါတယ္ေနာ္"

ထို႔ေနာက္တြင္ေတာ့ အိုင္ယမ္သည္ သူ၏ေဘးရွိ စိတ္ပ်ံ႕လြင့္ေနေသာ ေကာင္ငယ္ေလးဆီသို႔ ငုံ႔ေမးလိုက္သည္။
"ပ်င္းေနၿပီလား"

ဂ်ဴလီယမ္က ေခါင္းညိတ္ျပလိုက္ၿပီးေနာက္ ေနာက္တစ္ႀကိမ္ျပန္ၿပီး ေခါင္းခါျပလိုက္သည္။ အမွန္ေတာ့ သူသည္ အဓိကဇာတ္ေဆာင္ဆီမွ ေရွာင္ေျပးရန္ နည္းမ်ားကို ေတြးေတာေနမိျခင္းသာ ျဖစ္ေလသည္။

ထိုအခါတြင္ေတာ့ အိုင္ယမ္က ျပန္ေျပာလာ၏။
"ပ်င္းေနရင္ ဧည့္ခံတဲ့ေနရာက မုန႔္ေတြသြားစားၾကည့္ပါလား"

အရမ္းေတြထြက္သြားခ်င္ေနေသာ သူ၏ညီငယ္ေလးကို ၾကည့္လိုက္မိၿပီးေနာက္တြင္ အိုင္ယမ္၏မ်က္လုံးထဲတြင္ အကူအညီမဲ့သြားေသာ အရိပ္တို႔ ျဖတ္ေျပးသြားေလသည္။
"အင္းပါ။ အဲ့ဒီဘက္ကိုသြားၿပီး တစ္ခုခုစားေနလို႔ရေပမယ့္ အမ်ားႀကီးေသာက္ေနလို႔မျဖစ္ဘူးဆိုတာေတာ့ သတိရဦးေနာ္"

ဂ်ဴလီယမ္သည္ အလြန္အမင္းခ်ိဳၿမိန္စြာပင္ အိုင္ယမ့္အား ၿပဳံးျပလိုက္‌သည္။
"ဟုတ္ကဲ့ မွတ္မိပါတယ္, အကိုႀကီးကလည္း"

႐ြန္ဒဲမီယိုသည္ တင္းၾကပ္စြာ လက္သီးဆုပ္ထားလိုက္မိေသာ္လည္း သူ၏မ်က္ႏွာတြင္ေတာ့ ေဒါသျဖစ္ေနသည့္ အရိပ္အေယာင္တစ္ခုကိုမွ် မေတြ႕ႏိုင္ေပ။

နာရီဝက္ခန႔္ၾကာၿပီးေနာက္တြင္ လူးရွပ္စ္ေရာက္လာကာ သူ၏သူငယ္ခ်င္းမ်ားရွိရာဆီသို႔ ေလွ်ာက္လာ၏။
"ၾကည့္ရတာ ငါ‌နည္းနည္းေနာက္က်သြားတယ္နဲ႔တူတယ္"

႐ြန္ဒဲမီယိုသည္ မ်က္လုံးမ်ားကို မသိမသာ ျပဴးက်ယ္သြားေစၿပီး သူ၏သာမန္႐ုပ္ရည္ကို အနည္းငယ္ခ်စ္စရာေကာင္းေအာင္ ျပဳလုပ္လိုက္ၿပီးေနာက္ ႏိုရယ္အား ေမးလိုက္သည္။
"ခင္ဗ်ားသူငယ္ခ်င္းလား? ဘယ္သူတဲ့လဲ?"

ႏိုရယ္သည္ ႏႈတ္ခမ္းေထာင့္စြန္းတစ္‌ဖက္ကိုေကာ့ၫြတ္ကာ တစ္ခ်က္ၿပဳံးျပလိုက္သည္။
"လူးရွပ္စ္ ဗာလင္တီးနပ္စ္ ေလ။ ကိုယ့္သူငယ္ခ်င္းလည္းဟုတ္တယ္။ စီးပြားေရးေလာကက ကိုယ့္ရဲ႕ၿပိဳင္ဘက္လို႔လည္း ေျပာလို႔ရတယ္။ Famousအင္တာတိန္းမန႔္ထ္ ကုမၸဏီရဲ႕ ဥကၠဌေပါ့"

ႏိုရယ့္အေျဖကိုၾကားၿပီးေနာက္တြင္ ႐ြန္ဒဲမီယို၏ လူးရွပ္စ္အေပၚအျမင္မ်ားမွာ အလြန္ပင္ေကာင္းမြန္သြားေလသည္။

လူးရွပ္စ္သည္ ေက်းဇူးတင္သည့္ အၿပဳံးမ်ားျဖင့္ ေခါင္းညိတ္ျပေန၏။

ဧည့္ခံပြဲတြင္ ဆူညံသံမ်ား စိတ္လႈပ္ရွားတက္ႂကြေနသူတို႔၏ အသံမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ ရင္းႏွီးၾကသည့္သူတစ္ခ်ိဳ႕ ဝိုင္းဖြဲ႕စကားေျပာေနၾကသည္မ်ားလည္း ရွိ၏။

ဂ်ဴလီယမ္သည္ ထိုေနရာရွိသူမ်ားအတြက္ မ်က္ႏွာသစ္တစ္ေယာက္ ျဖစ္ေနသည့္အေလ်ာက္ သူ႔ဆီသို႔လာေရာက္ စကားေျပာဆိုၾကသူမ်ားလည္း မရွိၾကေပ။ သူကေတာ့ ထိုအခြင့္အေရးကို ေပ်ာ္႐ႊင္စြာပင္လက္ခံ၍ စိတ္လက္ေပါ့ပါးစြာေန၏။ ေထာင့္တစ္ေနရာတြင္ ေနရာယူလိုက္ကာ ဝိုင္နီကို ေအးေဆးစြာပင္ ထိုင္ေသာက္ေနေပသည္။ ခါးသက္စူးရွၿပီး စပ္ဖ်ဥ္းဖ်ဥ္းျဖင့္ ခ်ဥ္ေသာအရသာတို႔ျဖင့္ ေရာစပ္ျပည့္ႏွက္ေနသည့္ အရည္တို႔မွာ သူ၏လည္ေခ်ာင္းတစ္ေလွ်ာက္ ေလွ်ာဝင္သြားၾက၏။ သူကေတာ့ အရမ္းကိုစိတ္ေက်နပ္လ်က္ ရွိေနေပသည္။ သူ၏အျပဳအမူအားလုံးကို ေဘးဘက္‌တစ္ေနရာမွ စူးစမ္းေနေသာ လူးရွပ္စ္တစ္ေယာက္ အစအဆုံးျမင္ေနရသည္ကိုေတာင္ သတိမျပဳႏိုင္ေလာက္သည္အထိ ဂ်ဴလီယမ္ကေတာ့ သူတစ္ေယာက္တည္းပင္ ေပ်ာ္႐ႊင္ေန၏။

တစ္ဖက္တြင္ လူးရွပ္စ္သည္ သူ႔အနားရွိလူမ်ားႏွင့္ စကားစျမည္ေျပာေနရင္းႏွင့္ပင္ ဂ်ဴလီယမ္ရွိရာသို႔ တိတ္တဆိတ္ ေစာင့္ၾကည့္ေန၏။ ဂ်ဴလီယမ္သည္ ႏႈတ္ခမ္းတစ္ဝိုက္ ေပေနေသာ ဝိုင္မ်ားကို လွ်ာျဖင့္သပ္လိုက္သည္ကိုလည္း သူေတြ႕လိုက္ရသည္။ တစ္ခါေသာက္လိုက္တိုင္း မ်က္လုံးမ်ားစင္းကာျဖင့္ အရသာခံၿပီး တစ္ခြက္ၿပီးတစ္ခြက္ ေသာက္ေနသည္ကိုလည္း သူျမင္ေနရသည္။ ဝိုင္ေသာက္ေနရသည္ကို အလြန္ပင္ သေဘာက်ႏွစ္ၿခိဳက္ေနသည္မွာ သိသာလွေပသည္။

အခုအခ်ိန္တြင္ေတာ့ ဂ်ဴလီယမ္၏ မ်က္လုံးမ်ားက ၿပဳံးရယ္ေနၾက‌၏။ ၾကယ္ေရာင္မ်ားေတာက္ေနသကဲ့သို႔ပင္ သူ၏မ်က္လုံးမ်ားမွာ ႐ႊန္းလဲ့ေနေပသည္။ အလြန္ပင္ ေတာက္ပလင္းလက္ေနၿပီး အတြင္းစိတ္အထိ သိျမင္ႏိုင္ေလာက္ေအာင္ပင္ ၾကည္လင္ေနသည္။ ဂ်ဴလီယမ္၏ မ်က္လုံးမ်ားထဲ၌ ေတာက္ပေနေသာ အလင္းတန္းဆီသို႔ ေရာက္ေအာင္သြားခ်င္စိတ္မ်ားပင္ ျဖစ္ေပၚလာရ၏။

လူးရွပ္စ္၏အၾကည့္မ်ားသည္ အနည္းငယ္ ေျပာင္းလဲသြားသည္။ အနည္းငယ္ၿပဳံးမေယာင္ျဖစ္ေနေသာ ႏႈတ္ခမ္းမ်ားသည္လည္း ျပန္လည္တည္တံ့သြားသည္။ သူသည္ အၾကည့္လႊဲပစ္ခ်င္ခဲ့ေသာ္လည္း တစ္စုံတစ္ရာက သူစိတ္တိုင္းက် ေ႐ြ႕လ်ားမရႏိုင္ေအာင္ သူ႔ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ထားသလိုပင္ ျဖစ္ေနခဲ့သည္။

ေစာက္ေနမိေသာ ဝိုင္မ်ားသည္ အလြန္လ်င္ျမန္စြာပင္ ကုန္ဆုံးသြား၏။ ယခုလက္ရွိတြင္ေတာ့ ဂ်ဴလီယမ္သည္ အာ႐ုံမ်ား ေထြျပားလာေနသည္။

[System: မင္းရဲ႕ အရက္ေသာက္ႏိုင္စြမ္းက လူတစ္ေယာက္ပုံမွန္အရက္ေသာက္ႏိုင္စြမ္းထက္ ေက်ာ္လြန္ေနၿပီေလ]

ဂ်ဴလီယမ္သည္ ႏႈတ္ခမ္းေထာင့္စြန္းမ်ား ေကာ့ၫြတ္ကာ ၿပဳံးလိုက္မိသည္။
"ငါက နည္းနည္းေလး ေဝေဝဝါးဝါးျဖစ္သြား႐ုံတင္ပါ။ မမူးေသးပါဘူး"

အနည္းငယ္ပူေနၿပီး သူ႔ရဲ႕လႈပ္ရွားမႈေတြကလည္း အနည္းငယ္မူမမွန္ခ်င္သေယာင္ ျဖစ္ေနေသာ္လည္း သူမမူးေသးပါဘူးဟုပင္ ေျပာလိုက္သည္။

ဂ်ဴလီယမ္သည္ ေနာင္တရမိသလိုျဖစ္ကာ ေလေကာင္းေလသန႔္ရရန္အတြက္ ဧည့္ခန္းထဲမွ ထြက္လာခဲ့လိုက္သည္။

ေလွ်ာက္လမ္းတစ္ေလွ်ာက္ လူသြားလူလာမရွိသည့္အတြက္ ဂ်ဴလီယမ္အတြက္ Systemႏွင့္ အေတြးထဲက စကားစျမည္ေျပာႏိုင္ဖို႔ ပိုၿပီး အေႏွာင့္အယွက္ကင္းေနခဲ့သည္။
"ဒီအခ်ိန္ႀကီးျမန္ျမန္ကုန္သြားတယ္လို႔ထင္ရေအာင္ငါမင္းကိုသီခ်င္းဆိုျပမယ္ေလ"

သူ၏အသံသည္ ကြဲအက္ကာ ၾကမ္းရွရွျဖစ္ေနသည္။

🎶မင္းရဲ႕အိမ္မက္ေတြစိတ္ကူးေတြနဲ႔ဒီေပ်ာ္စရာပါတီပြဲထဲ ဝင္လာတဲ့အခါ
လူေတြအားလုံး လိမ္းျခယ္ျပင္ဆင္ထားၾကတာ ဘယ္သူကမွ မင္းကိုမွတ္မိႏိုင္မွာမဟုတ္ဘူး
သုံးခြက္ေလာက္ေသာက္ရင္းေခ်ာင္မွာဝင္ပုန္းေနၿပီးေနာက္ေတာ့ ခါးသက္သက္သီခ်င္းေတြဆိုခ်င္လာေလတယ္~
ခြက္ထဲကိုဝင္ေရာက္လာတဲ့ဆူညံသံေတြက ကိုယ့္အသံကို ဖုံးလႊမ္းသြားၿပီးေနာက္ေတာ့လည္း တစ္ေယာက္တည္းပဲ စကားေျပာေနလိုက္ေတာ့တယ္
တစ္ခြက္ကေနမင္းႀကီးအတြက္ျဖစ္ၿပီးေတာ့ေနာက္တစ္ခြက္ကေတာ့လမင္းေလးအတြက္ပါပဲ
တစ္ခြက္ကအနာဂတ္အတြက္ျဖစ္ၿပီးေတာ့ေနာက္တစ္ခြက္ကေတာ့အတိတ္ေပါ့
တစ္ခြက္ကလြတ္လပ္မႈအတြက္ျဖစ္ၿပီးေတာ့ေနာက္တစ္ခြက္ကေတာ့ေသဆုံးျခင္းအတြက္ပါပဲ~🎶

(T/N: မူးေနတဲ့ ဝိုင္ႀကိဳက္သူ ဂ်ဴလီယမ္ေလးကေတာ့ သီခ်င္းေတြေတာင္ ေကာက္စပ္ကုန္ၿပီ><)

ဂ်ဴလီယမ္သည္ တစ္ခဏေလာက္ သတိလြတ္သြား၏။ ထိုစဥ္ ခလုတ္တိုက္မိသြားကာ လဲက်မလိုျဖစ္သြားေလသည္။

သူ႔ေနာက္ကိုလိုက္ပါလာခဲ့တဲ့သူကေတာ့ ထိုအခိုက္တြင္ အသက္ေအာင့္ထားလိုက္မိ၏။ ထို႔ေနာက္တြင္ေတာ့ လူးရွပ္စ္သည္ သူ၏စိတ္ညစ္မႈမ်ားကို သည္းခံထားလိုက္ၿပီး အျမန္ပင္ ေလွ်ာက္ကာထြက္လာလိုက္ေတာ့သည္။

#L
Thanks for your interest ( ˘ ³˘)♥

Continue Reading

You'll Also Like

263K 34.4K 92
အထီးကျန်မှု ကလေးဘဝထဲက နာကျင်မှုတွေကိုသာ ခံစားခဲ့ရရှာတဲ့ ယွမ်ချင်းတစ်ယောက် သေဆုံးသွားသောအခါ System ဆိုတဲ့အရာရဲ့ကယ်တင်ခြင်းခံရပြီး ကောင်းမွန်တဲ့ဘဝကိုရေ...
569K 70.1K 89
FIND THE SOUL & LOVE HIM..... Start date_29.7.2020 End Date_ 26.12.2020. #Own Creation #Both Unicode and Zawgyi can be available!
438K 39.8K 77
ကံတရားက ေသာက္တလြဲ ျဖစ္လို႔မၿပီးႏိုင္ဘူးလား..အခု..ငါ​ကဘာလဲဆိုတာ...ငါ့ကိုယ္ငါေတာင္မသိေတာ့ဘူး.. (ေ႐ွာင္စင္း) (...
183K 9.5K 56
တိုင္းျပည္နဲ႕လူမ်ိဳးကိုဆံုးရံႈးခဲ့တဲ့ နွင္းျမိဳ႕ေတာ္က မင္းသားေလး ကမာအာဇမာန္ကို ညီရင္းလိုျပဳစုပ်ိဳးေထာင္ေပးရင္း မထင္မွတ္ပဲ အခ်စ္ႀကီးခ်စ္မိသြားတဲ့ စစ္သ...