Still With You ( Completed )

بواسطة Jeon_Khun

25.1K 2.7K 538

Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK မိုးေလးေတြဖြဲတိုင္း မင္းကိုလြမ္းတယ္ ။ မိုးေရေတြၾကား ကိုယ္မင္း... المزيد

Introduction
EPISODE - 1
EPISODE - 2
EPISODE - 3
EPISPDE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11
EPISODE - 12
EPISODE - 13
EPISODE - 14
EPISODE - 15
EPISODE - 16
EPISODE - 17
EPISODE - 18
EPISODE - 20
EPISODE - 21 ( FINAL )

EPISODE - 19

876 117 5
بواسطة Jeon_Khun

( Zawgyi )

" ကင္မ္ ~ ေန႔လည္က် ကြ်န္ေတာ့္ကို လာမႀကိဳနဲ႔ ေတာ့ေနာ္ "

ကားထဲကထြက္သည္ႏွင့္ တစ္ၿပိဳင္နက္ အျပာႏုေရာင္ေျပာလိုက္တဲ့စကားေၾကာင့္ သူေမးမိေလသည္ ။

" ဘာလို႔လဲ အျပာႏုေရာင္ရဲ႕ ? ကိုယ့္ကိုေျဖရွင္းခ်က္ ေပးပါဦး ? "

" ဒီေန႔ စာသင္ရမဲ့ ကေလးေလးတို႔မိသားစုက ခရီးသြားတာဆိုေတာ့ အဲ့ေတာ့အားတယ္ေလ ကင္မ္ရဲ႕ ။ အဲ့ဒါေၾကာင့္ အားေနတဲ့အခ်ိန္ေလး ဆန္႔မုန္႔လုပ္ထားေပးခ်င္လို႔ေလ "

အျပာႏုေရာင္က ညေနေတြ႕ရမည့္ ေတြ႕ဆံုပြဲေလးေၾကာင့္ ျပင္ဆင္ခ်င္လို႔တဲ့ေလ ။

" ကိုယ္ကမင္းကို အပင္ပန္းမခံဖို႔မွာတယ္ေလ အျပာႏုေရာင္ရယ္ ။ ဘယ္လိုလဲ ? ကိုယ့္စကားေတာင္ ေမ့သြားၿပီလား အျပာႏုေရာင္ "

" မေမ့ရက္ပါဘူး ကင္မ္ရယ္ ~ ဒါေပမဲ့ ကင္မ့္ရဲ႕အဖြားေရာ ၊ မိဘေတြေရာက လူႀကီးေတြဆိုေတာ့ အာဟာရရွိတဲ့မုန္႔ေလးေတြ စားတက္ဖို႔ ေမွ်ာ္လင့္လို႔ လုပ္ေပးခ်င္လို႔ပါ ။ ေဂဟာမွာဆိုလည္း ကြ်န္ေတာ္ကအျမဲ ကေလးေတြကို မုန္႔လုပ္ေကြ်းေနၾကေလ.. "

" ေကာင္းပါၿပီဗ်ာ ... ကိုယ့္အျပာႏုေရာင္ သေဘာရွိဗ်ာ ။ ကဲ... ေမ့ေနမွာဆိုးလို႔ က္ိုယ့္ကိုေပးစရာေလး ေပးခဲ့ပါဦး ! "

" ဒါက်ေတာ့ မေမ့တက္ဘူး ေရာ့ ! မြ ! "

ခ်က္ခ်င္းဆိုသလို လူျမင္ကြင္းထဲေရာက္ေနတာကို သတိမမူမိပဲ ေျခဖ်ားေလးေထာက္ကာ ကင္မ္ထယ့္ပါးျပင္အား နမ္းလိုက္ေလတဲ့ အျပာႏုေရာင္ပါေလ ။ သူ႔ကိုယ္သူနမ္းၿပီးေတာ့မွ သတိရကာ ရွက္လို႔ေျပးသြားတာေလးကိုေငးေနခ်ိန္ အသံတစ္ခုေၾကာင့္ လန္႔ေအာ္မိသည္အထိ ။

တီ ! တီ !

" ဟာ.... လန္႔လိုက္တာကြာ ! ဆူဟြန္းရာ ! "

တကယ္ေတာ့ ဆူဟြန္းဟာ ခ်စ္ႀကိဳးသြယ္ေနတဲ့ ခ်စ္သူႏွစ္ဦးအား အျမင္မၾကည္ေတာ့တာေၾကာင့္ ကားဟြန္းသံအား ႏွစ္ခ်က္ဆင့္တီးလ္ိုက္မွ လန္႔ေလတဲ့ ကင္မ္ထယ္ေယာင္းပါေလ ။

" Boss ! သိပ္ေငးမေနနဲ႔ေတာ့ ! Companyသြားရဦးမယ္ဆိုတာ သိထားဦး ! "

ဆူဟြန္းက အလိုက္သိစြာ သတိေပးၿပီး ကားေပၚတက္ဖို႔ ေျပာကာမွ ကားေပၚအျမန္တက္ကာ companyကုိ သြားဖို႔ ခရီးဆက္မိသည္ ။

" ညေနက် ငါပဲ အျပာႏုေရာင္ကို သြားေခၚလိုက္ေတာ့မယ္ ! နဲ႔မ္ို႔ဆို ႏွစ္ေယာက္ထည္း ကိစၥေလးေတြရွိလို႔ ။ တကယ္ဆုိ မင္းကိုလည္း အားနာပါတယ္ကြာ ! မင္းလည္း ေအးေဆးမေနရပဲ ငါတို႔ခ်စ္သူမျဖစ္ခင္ကထည္းက ကူညီခဲ့တာကို "

" နားလည္တယ္ဆိုလည္း ? အလိုက္သိစြာျဖင့္ အခ်ိန္ေတြအမ်ားႀကီးဆြဲမေနေတာ့ပဲ အဖြားကင္မ္သေဘာတူရင္ ျမန္ျမန္လက္ထပ္ဖို႔ စီစဥ္ေပါ့ဗ်ာ ။ "

" ဟားဟား .... ဟုတ္ပါၿပီကြာ ! "

သည္လိုျဖင့္ ဆရာ ၊ တပည့္ႏွစ္ေယာက္ အတုိင္းေဖာက္ညီစြာ စကားဆိုလာရင္း တစ္ျဖည္းျဖည္းကားေလးဟာလည္း ေနာက္ဆံုးေတာ့ ဦးတည္ရာcompanyသို႔ ေရာက္ခဲ့ေလၿပီ ။

.

.

.

ရံုးခန္းထဲေရာက္ေတာ့ အျပာႏုေရာင္ေပးေသာ မနက္စာထမင္းဗူးေလးအားေဖာက္ကာ ဆူဟြန္းနဲ႔အတူစားေလေတာ့ ဆူဟြန္းရဲ႕ ခ်ီးက်ဴးစကားေၾကာင့္ သူျပံဳးမိေသးသည္ ။

' Bossရဲ႕ အျပာႏုေရာင္က ဟင္းခ်က္သိပ္ေကာင္းတာပဲတဲ့ေလ ? "

ထမင္းစားၿပီးေသာအခါ၌လည္း ကင္မ္ထယ္တို႔ အလုပ္မ်ားေနေပမဲ့လည္း ခ်စ္ရသူကဖုန္းဆက္လိုက္ ၊ စာေတြပို႔လိုက္လုပ္ေနတာေၾကာင့္ ပင္ပန္းေနေသာ စိတ္အစံုတို႔ေပ်ာက္ကြယ္ကာ တစ္ေန႔တာကို လန္းဆန္းေစပါေတာ့သည္ ။

*  *  *

အခ်ိန္ေတြကုန္ဆံုးၿပီးေနာက္ ညေနေစာင္းေနၿပီျဖစ္တာေၾကာင့္ အျပာႏုေရာင္ေလးအား သြားႀကိဳခ်င္ေပမဲ့လည္း အျပာႏုေရာင္မွာထားတဲ့စကားကို နားေထာင္တာေၾကာင့္ မႀကိဳေတာ့ပဲ စာပို႔လိုက္ေတာ့သည္ ။ ၿပီးေတာ့ ျပန္စာေလးကို တဖန္ေမွ်ာ္ေနခ်ိန္ ျပန္စာေလးေရာက္ေနၿပီး ေရးထားတဲ့စာေလးေၾကာင့္ သူျပံဳးလိုက္သည္ ။

' ဟုတ္ကဲ့ ကင္မ္~ ပင္ပန္းေနတယ္မလား မြ ! လာရင္ေတာ့ ပင္ပန္းေနတဲ့ကင္မ့္ကို ထပ္ေပးမယ္ ။ ခ်စ္တယ္ ကင္မ္~ '

ထိုသို႔ေရးေလေတာ့ ကင္မ္ထယ္တို႔မ်က္ႏွာထက္ အျပံဳးေတြအား မဖံုးမဖိႏိုင္ေအာင္ပင္ ေပ်ာ္မိသည္ ။
ေပ်ာ္ေနရင္း ကြ်န္ေတာ့္ဘက္ကလည္း
' ခ်စ္တယ္ အျပာႏုေရာင္ေလး ~ ' ဆိုတဲ့ စာေလးအား ျပန္ပို႔လိုက္ရင္း အၿပီးသတ္ထားတဲ့ အလုပ္ေတြၿပီးေနၿပီျဖစ္တာေၾကာင့္ သူအိမ္ျပန္ကာ ေရခ်ိဳးသန္႔စင္ဖို႔ စီစဥ္လိုက္ရသည္ ။

အိမ္ျပန္ေရာက္ေတာ့ မာမီက အိမ္ေတာ္ထိန္းႏွင့္အတူဦးစီးကာ အိမ္ရွိ အကူေတြအား ထမင္းစားခန္းထဲတြင္ေနရာခ်ရင္း ၊ ျပင္ဆင္ေနပံုကို ေတြ႕ေနေလသည္ ။ သူလည္းတစ္ခ်က္ျပံဳးရင္း ေတြးမိသည္ ။  အိမ္ေပၚထပ္ကိုတက္ေလေတာ့ အေဒၚႀကီးက အဖြားေရာ ၊ ဒယ္ဒီပါ ေရာက္ႏွင့္ေနၿပီ ဆိုတဲ့ စကားေၾကာင့္ သူျပံဳးမိေသးသည္ ။
အေၾကာင္းကား အားလံုးက သူ႔စကားကို အေလးေပးၾကလို႔ပါေလ ။

" အင္း ! ဟုတ္သား ? ဒီေန႔မိုးရြာမွာကို တစ္ေန႔လံုးအသံေတြေပးေနတဲ့ ေကာင္းကင္က မၾကာခင္ရြာေတာ့မွာပဲကြာ ! ေတာ္ပါေသးရဲ႕ မာမီက ႀကိဳသိလို႔ အိမ္ထဲေရြ႕ထားတာ "

ထိုသို႔ျဖင့္ ကင္မ္ထယ္တစ္ေယာက္ ေရခ်ိဳးျပင္ဆင္ကာShirtအသားေရာင္လက္ရွည္
ကိုဝတ္ကာ အက်ႌစအားတံေတာင္ဆစ္အထိ
ေခါက္တင္ထားတဲ့  style pantအညိဳကိုဝတ္ရင္း smartက်ေနျပန္တဲ့ အျပာႏုေရာင္ရဲ႕ခ်စ္ရသူပါေလ ။ ဆံပင္တို႔အား ဂ်ယ္ျဖင့္အေျပာင္သပ္တင္ေလေတာ့ ဝတ္ထားတဲ့ပံုစံနဲ႔ဆို သိပ္ကိုခန္႔ညားလြန္းတဲ့ ကင္မ္ထယ္ေယာင္းပါေလ ။ ၿပီးေနာက္မွာေတာ့ ကိုယ္လံုးေပၚမွန္ေရွ႕ရပ္ကာ သူ႔ကိုယ္သူလည္း ဂုဏ္တင္မိပါေသးသည္ ။

" ဟင္းး အျပာႏုေရာင္ရဲ႕ ေကာင္ေလးက သိပ္ေခ်ာတာပဲ ! အျပာႏုေရာင္ကေတာ့ ေကာင္ေလးရသိပ္ကံေကာင္းပါဗ်ာ ! ရုပ္ေခ်ာ ၊ ခန္႔ညားတဲ့ ေကာင္ေလးက လွပၿပီးခ်စ္စရာ သိပ္ေကာင္းတဲ့ အျပာႏုေရာင္ေလးက္ုို ပိုင္ဆိုင္ထားတာကို "

ေဒါက္ ! ေဒါက္ !

" သား ! သားခ်စ္သူေလးကို
မေခၚလာေသးဘူးလား ? ဒီမွာျဖင့္ မာမီတုို႔က အဆင့္သင့္ေလေရာရွင့္ "

ကိုယ့္ကိုကို ဂုဏ္တင္မိတာဘယ္ေလာက္ေတာင္ ၾကာသြားလဲမသိ အျပာႏုေရာင္ကို သြားႀကိဳဖို႔ေမ့ေနတာ ။ ဒုကၡပါပဲ ! အျပာႏုေရာင္ကို ေစာင့္ေနရေတာ့မွာပဲ ။

" သြားေတာ့မယ္ မာမီ ! ကြ်န္ေတာ္ျပင္ဆင္တာ နည္းနည္းၾကာသြားလို႔ ? "

" ကဲ... ဒါဆိုလည္း ျမန္ျမန္ျပင္ေပါ့ရွင္ ! သားရဲ႕
အဖြားက သိပ္မေစာင့္ႏ္ိုင္ဘူးေျပာေနတယ္ "

" အိုေက မာမီ ! ကြ်န္ေတာ္လာၿပီ ! "

သည္လိုနဲ႔ မာမီကိုႏႈတ္ဆက္ကာ အျပာႏုေရာင္ကို သြားႀကိဳဖို႔အတြက္ ကိုယ္တိုင္ကားေမာင္းကာ သြားေခၚရေတာ့သည္ ။

*  *  *

အျပာႏုေရာင္အိမ္ေရွ႕ေရာက္ေတာ့ ထြက္ေစာင့္ေနပံုမေပၚေသးတာေၾကာင့္ သူကိုယ္တိုင္ပင္ တက္သြားေလသည္ ။ တိုက္ခန္းေလးဆိုေတာ့ လွို႔ဝွက္နံပါတ္ကိုလည္း သိေနတာေၾကာင့္ ဖြင့္ဝင္သြားရင္း ထမင္းစားခန္းဘက္ကို ဦးတည္လိုက္ရင္း ကင္မ္ျပံဳးမိလိုက္သည္ ။

စားပြဲေပၚတြင္ တင္ထားေသာ ဆန္႔မုန္႔ဗန္းေလးကို ေသခ်ာစြာ ဗူးထဲထည့္ေနတဲ့ အျပာႏုေရာင္ေလး ။ အျပာေရာင္ဆြယ္တာအႏုေလးဝတ္ကာ style pant အနက္ေရာင္ေလးျဖင့္သာ ခ်စ္စရာအတိပင္ ။ ေသးသြယ္ေသာ ခါးငယ္ေလးႏွင့္အတူ အညိဳေရာင္ ဆံသားပြပြအုပ္အုပ္ေလး ၊ ျဖဴဥေနေသာ အျပာႏုေရာင္ရဲ႕လက္ေသးေသးသြယ္သြယ္ေလးတို႔
ေၾကာင့္ ကင္မ္ထယ္ေယာင္းပို၍ရင္ခုန္ရပါသည္ ။

သို႔ေပမဲ့ သူဝင္လာတာေတာင္ သတိမထားမိတဲ့ အျပာႏုေရာင္ေၾကာင့္ မ်က္ေမွာင္ၾကံဳမိသည္ ။ မုန္႔ေတြထုတ္ပိုးလို႔ၿပီးေတာ့ apronေလးခြ်တ္ကာ ကြ်န္ေတာ့္ဘက္လွည့္လာေတာ့ အံ့ဩသဖြယ္ မ်က္ဝန္းဝန္းဝိုင္းဝိုင္းနဲ႔ၾကည့္ေလသည္ ။

" ကင္မ္~ "

" အင္း ကိုယ္ေရာက္လာတယ္ အျပာႏုေရာင္ ? ေတာ္ေသးတာေပါ့ ကိုယ္ကမင္းရဲ႕အခန္းက လွို႔ဝွက္နံပါတ္ကိုသိလို႔ မဟုတ္ရင္ တစ္ျခားသူသာဆုိ ဘယ္လိုလုပ္မလဲ အျပာႏုေရာင္ရဲ႕ ? "

ကြ်န္ေတာ္က ဂရုဏေဒါေသာျဖင့္  ဆိုေလေတာ့ အျပာႏုေရာင္ဟာ ခပ္ျပံဳးျပံဳးပင္ ။

" ခစ္ခစ္ ... ေတာင္းပန္ပါတယ္ ကင္မ္ရယ္ ၊ ကင္မ္သာ ဝင္လာတာ ေတာင္ ! ဆိုတဲ့ အသံေလးေတာင္ မၾကားဘူး ။ တိုက္ခန္းပိုင္ရွင္ အေဒၚႀကီးက ဒီေမာ္နီတာ ပ်က္ေနတယ္ဆိုၿပီး မျပင္ေပးေသးလို႔ေနာ္ ကင္မ္ ~ "

" ဒါဆို ဒီေန႔ေတြ႕ဆံုပြဲၿပီး မနက္ျဖန္ကေနစၿပီး ကိုယ့္နဲ႔အတူလာေနေတာ့ ? ဒီပံုစံအတိုင္းဆို စိတ္မခ်ေတာ့ဘူး ။ "

ထယ္ေယာင္းက ခ်က္ခ်င္းကိုပင္ လာေနခိုင္းေနေတာ့ အျပာႏုေရာင္ျငင္းစျမဲ ။ သို႔ေပမဲ့ ကင္မ္က
' စိတ္မခ်ဘူး ' ' ကိုယ့္နဲ႔လာေနပါ ' ဟု တတြတ္တြတ္ ေျပာေနတာေၾကာင့္ ေနာက္ဆံုးေတာ့ ကေလးဆိုးႀကီးကို လက္ေျမာက္အရွံုးေပး လိုက္ရပါသည္ ။

ေဟာ... အေတြးေတြျဖင့္ မၾကာေသးပါ ။ အျပာႏုေရာင္အား ေပြ႕ခ်ီကာ စားပြဲေပၚတင္လိုက္ၿပီး အျပာႏုေရာင္ရဲ႕ ခါးသြယ္သြယ္ေလးအား သန္မာေသာ သူ၏လက္တို႔ျဖင့္ ကိုင္ထားကာ သူတို႔ႏွစ္ဦး အၾကည့္ခ်င္းစံုေစသည္ ။ ထိုပံုစံကို အၾကမ္းဖ်င္းေျပာရလွ်င္ အျပာႏုေရာင္ေလးရဲ႕ ေပါင္ၾကားထဲ့ အရပ္ရွည္ေသာကင္မ္က ဝင္ေရာက္ေနေလတာပင္ျဖစ္သည္ ။

အျပာႏုေရာင္က ကင္မ္၏ အၾကည့္ေတြကို မခံႏိုင္သည္ထင္ပါ့ ။ ေခါင္းေလးငံု႔သြားေလေတာ့ မေနႏိုင္သူ ကင္မ္ထယ္ေယာင္းဟာ ေမးေလးကို ဆြဲေမာ့ေစကာ တစ္ျဖည္းျဖည္း အျပႏုေရာင္ရဲ႕ ႏႈတ္ခမ္းေလးကိုထိကပ္ကာ ရမၼက္ဆန္ေသာ အနမ္းမဟုတ္ပဲ ႏူးညံ့ေသာခ်စ္ျခင္းတို႔ျဖင့္ ဖန္တီးထားေသာ အနမ္း ။ ထူထဲေသာ အျပာႏုေရာင္ရဲ႕ ႏႈတ္ခမ္းထူေလးအား အေပၚတစ္လွည့္ ၊ ေအာက္တစ္လွည့္ နမ္းေနရင္း အျပာႏုေရာင္က ရင္ဘက္ကိုလက္သီးစုပ္ေလးနဲ႔ ခပ္ေပ်ာ့ေပ်ာ့ထုေလေသာ သတိေၾကာင့္ ရပ္တန္႔ကာ သူတို႔ေတြ႕ဆံုပြဲသြားဖို႔ ျပင္လိုက္ရေတာ့သည္ ။
.
.
.
.
.
.
.
.

ကင္မ္စံအိမ္ေတာ္ေရွ႕ေရာက္ေလေတာ့ အျပာႏုေရာင္ဟာ ဘာေတြေတြးၿပီးစိတ္ပူေနလဲမသိ အသံတိတ္ကာ သက္ျပင္းတစ္ခ်ခ် ျဖစ္ေနတာေၾကာင့္ သူလည္းအားေပးသည့္ အေနျဖင့္ လက္ျဖဴျဖဴေလးအား ဆုပ္ကိုင္ကာ လက္ဖမိုးေလးထက္ အနမ္းေခြ်လိုက္ေတာ့ မ်က္ဝန္းဝိုင္းေလးေတြက ကြ်န္ေတာ့္အား တဖန္ၾကည့္လာေလသည္ ။ 

" ကင္မ္ ~ ကင္မ့္အဖြားနဲ႔မိဘေတြက ကြ်န္ေတာ့္လို႔ မိဘမဲ့ေလးကို လက္ခံပါ့မလားဟင္ ? ကြ်န္ေတာ္ ေၾကာက္တယ္ ကင္မ္ရဲ႕ ။ ကင္မ့္ကိုလည္း ခ်စ္လို႔ မေဝးခ်င္ဘူးရယ္ ။ "

ခ်စ္ရသူေလးဟာ စိုးရိမ္စိတ္ျပင္းျပေနတာေၾကာင့္
အားေပးမိသည္ ။

" မေၾကာက္နဲ႔ အျပာႏုေရာင္ ~ ကိုယ္တို႔ ဒီအခက္အခဲကို ရင္ဆိုင္ၾကမယ္ ။ သေဘာမတူခဲ့ရင္ေတာင္ မတူတူေအာင္ ကိုယ္တို႔ႀကိဳးစားၾကမယ္ေနာ္ "

" ဒါေပမဲ့ .... ကင္မ္... "

အျပာႏုေရာင္ ႏႈတ္ခမ္းထက္ သူ၏ရွည္လ်ားေသာလက္ညိဳးသြယ္သြယ္ျဖင့္ ပိတ္ေစကာ စိုးရိမ္မႈကိုေဖ်ာက္ေစသည္ ။

" ရႈး .... ကိုယ့္ကိုယံု ! ကိုယ့္ကိုယံုလိုက္ အျပာႏုေရာင္ ... မင္းကိုသိပ္ခ်စ္တဲ့ ဒီေကာင္က မင္းတစ္ခုခုျဖစ္မွာကိုေတာင္ သိပ္ေၾကာက္တာမို႔ ဒါေတြမေတြးပါနဲ႔ကြာ "

" ကင္မ့္ ကြ်န္ေတာ့္ကို ကင္မ့္မိဘေရာ ၊ အဖြားနဲ႔ပါ  အဆင္ေျပေအာင္ ကူညီပါေနာ္... "

" အင္း .... ကိုယ္ကူညီေပးမယ္ "

ထယ္ေယာင္းက ေခါင္းၿငိမ့္ကာ အိမ္အတြင္းသို႔ ေခၚလာခဲ့ေလသည္ ။ ထိုအခါမွာေတာ့ အိမ္အတြင္းရွိ အိမ္ေတာ္ထိန္းႀကီးဟာ ကြ်န္ေတာ္နဲ႔အျပာႏုေရာင္ကို ျမင္သည္ႏွင့္ခ်က္ခ်င္းကိုပင္ ထမင္းစားခန္းထဲ အေျပးသြားေလေတာ့ စိုးရိမ္သူအျပာႏုေရာင္ေလးက တြဲထားေသာ ကြ်န္ေတာ့္လက္ေလးကို ပို၍ပင္ တင္းက်ပ္စြာဆုပ္ကိုင္လာသည္ ။

" အျပာႏုေရာင္ ကိုယ္ရွိတယ္ေနာ္ ~ ကိုယ့္လက္ကိုတြဲထား "

မၾကာပါ ။ ကြ်န္ေတာ္နဲ႔အျပာႏုေရာင္ အိမ္အေပါက္ဝနားမွရပ္ေနစဥ္ မာမီဟာ အျပံဳးေတြေဝဆာစြာျဖင့္ ႀကိဳဆိုေလသည္ ။

" ေရာက္ၿပီလားကြယ္ ? ဟယ္... သားေလးက ခ်စ္စရာေလးေတာ့ ။ "

မာမီဟာ ထြက္ႀကိဳႀကိဳခ်င္း ကြ်န္ေတာ့္ေဘးရွိ အျပာႏုေရာင္ရွီ မ်က္လံုးေရာက္သြားကာ ဆိုေလေတာ့ အျပာႏုေရာင္က ျပန္လည္ႏႈတ္ဆက္ဖို႔မေမ့ပါ ။

" အန္တီ မဂၤလာပါခင္ဗ် ။ ခုနကေျပာတာအတြက္ ေက်းဇူးတင္ပါတယ္ ။ ၿပီးေတာ့ ကြ်န္ေတာ္က ကင္မ့္ရဲ႕ခ်စ္သူ ဂြ်န္ေဂ်ာင္ဂုပါဗ် "

ကြ်န္ေတာ့္လက္ကို တင္းတင္းဆုပ္ကိုင္ကာ ေအးစက္ေနပါလ်က္ အားတင္းကာေျဖေလတဲ့ အျပာႏုေရာင္ပါေလ ။

" ေတြ႕ရတာဝမ္းသာပါတယ္ သားေလးရယ္ ။ "

" မာမီ အဖြားတို႔ေရာ ေခၚလိုက္ေလ ။ "

" အိမ္ေတာ္ထိန္းေရ အေမတို႔ကို
သြားေခၚလိုက္ပါဦး ။ ဒီမွာ အေမ့ေျမးရဲ႕ ခ်စ္သူေရာက္ေနၿပီလို႔ "

" ဟုတ္ကဲ့ သခင္မႀကီး "

ဤသို႔ျဖင့္ အိမ္ေတာ္ထိန္းဟာ အဖြားကင္မ္ႏွင့္ ထယ္ေယာင္း၏အေဖအား သြားေခၚေလသည္ ။ အေမျဖစ္သူကေတာ့ ေဂ်ာင္ဂုအားၾကည့္ကာ ျပံဳးေနမိသည္ ။ ေကာင္ေလးက ခ်စ္စရာေလး ဆိုေတာ့ သူ႔မွာသမက္ေခ်ာေခ်ာေလးရေတာ့ ေပ်ာ္ေနမွာအမွန္ပါေလ ။

" ဒါကေလ အန္တီတို႔အတြက္ ကြ်န္ေတာ္ ဆန္မုန္႔လုပ္လာေပးတာ ။ ကင္မ္က ဘာမွမလုပ္ဖို႔ မွာေပမဲ့ ကြ်န္ေတာ္က အိမ္ကိုလာရမွာ အားနာတာဆိုေတာ့ မုန္႔လုပ္လာေပးတာ ။ မုန္႔သားေလးေတြက ႏူးညံ့တာမို႔ စားဖို႔ သင့္ေတာ္္မယ္ထင္ပါတယ္ ။ "

အျပာႏုေရာင္က မာမီ့အား ဆန္မုန္႔ဗူးေလးကမ္းကာ ျပံဳးျပကာ စကားဆိုေလေတာ့ မာမီမ်က္ႏွာမွာလည္း အျပံဳးေတြေတာင္မဖံုးမဖိႏိုင္သည္အထိ ျဖစ္ေနေလသည္ ။

" အိုကြယ္ ! အားနာစရာမဟုတ္ပါဘူး ။
ဒါနဲ႔ အန္တီလို႔ေခၚမဲ့အစား  အေမလို႔သာေခၚႏိုင္ပါတယ္ရွင္ ။ "

" ဟုတ္ကဲ့ ... ေက်းဇူးတင္ပါတယ္ခင္ဗ် "

အျပာႏုေရာင္နဲ႔ မာမီဟာ ယခုမွသာေတြ႕တယ္ ခ်က္ခ်င္းကိုပင္ ရင္းႏွီးသြားၾကတာ ။ မာမီကလည္း သိပ္ေပ်ာ္ေနသလို ၊ အျပာႏုေရာင္ကလည္း သိပ္ကိုေပ်ာ္ေနၾကသည္ ။ ကြ်န္ေတာ့္အထင္ မာမီရွီက သေဘာတူညီခ်က္တစ္ခုေတာ့ ရသြားခဲ့ေလၿပီ ။

" ေရာက္ေတာင္ေရာက္ေနၿပီကို "

အေပၚထပ္ကေန ဆင္းလာတဲ့အဖြားဟာ အသံေလးေပးလာတာေၾကာင့္ ကြ်န္ေတာ္တို႔လွည့္ၾကည့္လိုက္ေလေတာ့ အဖြားႏႈတ္မွထြက္လာတဲ့ စကားေၾကာင့္ ေၾကာင္အမိသည္အထိပါေလ ။

" ကူးငယ္ေလးလား ?? "

" ဖြားဖြား ??? "

To Be Continued ~

                           *  *  *

( Unicode )

" ကင်မ် ~ နေ့လည်ကျ ကျွန်တော့်ကို လာမကြိုနဲ့ တော့နော် "

ကားထဲကထွက်သည်နှင့် တစ်ပြိုင်နက် အပြာနုရောင်ပြောလိုက်တဲ့စကားကြောင့် သူမေးမိလေသည် ။

" ဘာလို့လဲ အပြာနုရောင်ရဲ့ ? ကိုယ့်ကိုဖြေရှင်းချက် ပေးပါဦး ? "

" ဒီနေ့ စာသင်ရမဲ့ ကလေးလေးတို့မိသားစုက ခရီးသွားတာဆိုတော့ အဲ့တော့အားတယ်လေ ကင်မ်ရဲ့ ။ အဲ့ဒါကြောင့် အားနေတဲ့အချိန်လေး ဆန့်မုန့်လုပ်ထားပေးချင်လို့လေ "

အပြာနုရောင်က ညနေတွေ့ရမည့် တွေ့ဆုံပွဲလေးကြောင့် ပြင်ဆင်ချင်လို့တဲ့လေ ။

" ကိုယ်ကမင်းကို အပင်ပန်းမခံဖို့မှာတယ်လေ အပြာနုရောင်ရယ် ။ ဘယ်လိုလဲ ? ကိုယ့်စကားတောင် မေ့သွားပြီလား အပြာနုရောင် "

" မမေ့ရက်ပါဘူး ကင်မ်ရယ် ~ ဒါပေမဲ့ ကင်မ့်ရဲ့အဖွားရော ၊ မိဘတွေရောက လူကြီးတွေဆိုတော့ အာဟာရရှိတဲ့မုန့်လေးတွေ စားတက်ဖို့ မျှော်လင့်လို့ လုပ်ပေးချင်လို့ပါ ။ ဂေဟာမှာဆိုလည်း ကျွန်တော်ကအမြဲ ကလေးတွေကို မုန့်လုပ်ကျွေးနေကြလေ.. "

" ကောင်းပါပြီဗျာ ... ကိုယ့်အပြာနုရောင် သဘောရှိဗျာ ။ ကဲ... မေ့နေမှာဆိုးလို့ ကိုယ့်ကိုပေးစရာလေး ပေးခဲ့ပါဦး ! "

" ဒါကျတော့ မမေ့တက်ဘူး ရော့ ! မွ ! "

ချက်ချင်းဆိုသလို လူမြင်ကွင်းထဲရောက်နေတာကို သတိမမူမိပဲ ခြေဖျားလေးထောက်ကာ ကင်မ်ထယ့်ပါးပြင်အား နမ်းလိုက်လေတဲ့ အပြာနုရောင်ပါလေ ။ သူ့ကိုယ်သူနမ်းပြီးတော့မှ သတိရကာ ရှက်လို့ပြေးသွားတာလေးကိုငေးနေချိန် အသံတစ်ခုကြောင့် လန့်အော်မိသည်အထိ ။

တီ ! တီ !

" ဟာ.... လန့်လိုက်တာကွာ ! ဆူဟွန်းရာ ! "

တကယ်တော့ ဆူဟွန်းဟာ ချစ်ကြိုးသွယ်နေတဲ့ ချစ်သူနှစ်ဦးအား အမြင်မကြည်တော့တာကြောင့် ကားဟွန်းသံအား နှစ်ချက်ဆင့်တီးလိုက်မှ လန့်လေတဲ့ ကင်မ်ထယ်ယောင်းပါလေ ။

" Boss ! သိပ်ငေးမနေနဲ့တော့ ! Companyသွားရဦးမယ်ဆိုတာ သိထားဦး ! "

ဆူဟွန်းက အလိုက်သိစွာ သတိပေးပြီး ကားပေါ်တက်ဖို့ ပြောကာမှ ကားပေါ်အမြန်တက်ကာ companyကို သွားဖို့ ခရီးဆက်မိသည် ။

" ညနေကျ ငါပဲ အပြာနုရောင်ကို သွားခေါ်လိုက်တော့မယ် ! နဲ့မို့ဆို နှစ်ယောက်ထည်း ကိစ္စလေးတွေရှိလို့ ။ တကယ်ဆို မင်းကိုလည်း အားနာပါတယ်ကွာ ! မင်းလည်း အေးဆေးမနေရပဲ ငါတို့ချစ်သူမဖြစ်ခင်ကထည်းက ကူညီခဲ့တာကို "

" နားလည်တယ်ဆိုလည်း ? အလိုက်သိစွာဖြင့် အချိန်တွေအများကြီးဆွဲမနေတော့ပဲ အဖွားကင်မ်သဘောတူရင် မြန်မြန်လက်ထပ်ဖို့ စီစဉ်ပေါ့ဗျာ ။ "

" ဟားဟား .... ဟုတ်ပါပြီကွာ ! "

သည်လိုဖြင့် ဆရာ ၊ တပည့်နှစ်ယောက် အတိုင်းဖောက်ညီစွာ စကားဆိုလာရင်း တစ်ဖြည်းဖြည်းကားလေးဟာလည်း နောက်ဆုံးတော့ ဦးတည်ရာcompanyသို့ ရောက်ခဲ့လေပြီ ။

.

.

.

ရုံးခန်းထဲရောက်တော့ အပြာနုရောင်ပေးသော မနက်စာထမင်းဗူးလေးအားဖောက်ကာ ဆူဟွန်းနဲ့အတူစားလေတော့ ဆူဟွန်းရဲ့ ချီးကျူးစကားကြောင့် သူပြုံးမိသေးသည် ။

' Bossရဲ့ အပြာနုရောင်က ဟင်းချက်သိပ်ကောင်းတာပဲတဲ့လေ ? "

ထမင်းစားပြီးသောအခါ၌လည်း ကင်မ်ထယ်တို့ အလုပ်များနေပေမဲ့လည်း ချစ်ရသူကဖုန်းဆက်လိုက် ၊ စာတွေပို့လိုက်လုပ်နေတာကြောင့် ပင်ပန်းနေသော စိတ်အစုံတို့ပျောက်ကွယ်ကာ တစ်နေ့တာကို လန်းဆန်းစေပါတော့သည် ။

*  *  *

အချိန်တွေကုန်ဆုံးပြီးနောက် ညနေစောင်းနေပြီဖြစ်တာကြောင့် အပြာနုရောင်လေးအား သွားကြိုချင်ပေမဲ့လည်း အပြာနုရောင်မှာထားတဲ့စကားကို နားထောင်တာကြောင့် မကြိုတော့ပဲ စာပို့လိုက်တော့သည် ။ ပြီးတော့ ပြန်စာလေးကို တဖန်မျှော်နေချိန် ပြန်စာလေးရောက်နေပြီး ရေးထားတဲ့စာလေးကြောင့် သူပြုံးလိုက်သည် ။

' ဟုတ်ကဲ့ ကင်မ်~ ပင်ပန်းနေတယ်မလား မွ ! လာရင်တော့ ပင်ပန်းနေတဲ့ကင်မ့်ကို ထပ်ပေးမယ် ။ ချစ်တယ် ကင်မ်~ '

ထိုသို့ရေးလေတော့ ကင်မ်ထယ်တို့မျက်နှာထက် အပြုံးတွေအား မဖုံးမဖိနိုင်အောင်ပင် ပျော်မိသည် ။
ပျော်နေရင်း ကျွန်တော့်ဘက်ကလည်း
' ချစ်တယ် အပြာနုရောင်လေး ~ ' ဆိုတဲ့ စာလေးအား ပြန်ပို့လိုက်ရင်း အပြီးသတ်ထားတဲ့ အလုပ်တွေပြီးနေပြီဖြစ်တာကြောင့် သူအိမ်ပြန်ကာ ရေချိုးသန့်စင်ဖို့ စီစဉ်လိုက်ရသည် ။

အိမ်ပြန်ရောက်တော့ မာမီက အိမ်တော်ထိန်းနှင့်အတူဦးစီးကာ အိမ်ရှိ အကူတွေအား ထမင်းစားခန်းထဲတွင်နေရာချရင်း ၊ ပြင်ဆင်နေပုံကို တွေ့နေလေသည် ။ သူလည်းတစ်ချက်ပြုံးရင်း တွေးမိသည် ။  အိမ်ပေါ်ထပ်ကိုတက်လေတော့ အဒေါ်ကြီးက အဖွားရော ၊ ဒယ်ဒီပါ ရောက်နှင့်နေပြီ ဆိုတဲ့ စကားကြောင့် သူပြုံးမိသေးသည် ။
အကြောင်းကား အားလုံးက သူ့စကားကို အလေးပေးကြလို့ပါလေ ။

" အင်း ! ဟုတ်သား ? ဒီနေ့မိုးရွာမှာကို တစ်နေ့လုံးအသံတွေပေးနေတဲ့ ကောင်းကင်က မကြာခင်ရွာတော့မှာပဲကွာ ! တော်ပါသေးရဲ့ မာမီက ကြိုသိလို့ အိမ်ထဲရွေ့ထားတာ "

ထိုသို့ဖြင့် ကင်မ်ထယ်တစ်ယောက် ရေချိုးပြင်ဆင်ကာShirtအသားရောင်လက်ရှည်
ကိုဝတ်ကာ အင်္ကျီစအားတံတောင်ဆစ်အထိ
ခေါက်တင်ထားတဲ့  style pantအညိုကိုဝတ်ရင်း smartကျနေပြန်တဲ့ အပြာနုရောင်ရဲ့ချစ်ရသူပါလေ ။ ဆံပင်တို့အား ဂျယ်ဖြင့်အပြောင်သပ်တင်လေတော့ ဝတ်ထားတဲ့ပုံစံနဲ့ဆို သိပ်ကိုခန့်ညားလွန်းတဲ့ ကင်မ်ထယ်ယောင်းပါလေ ။ ပြီးနောက်မှာတော့ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ကာ သူ့ကိုယ်သူလည်း ဂုဏ်တင်မိပါသေးသည် ။

" ဟင်းး အပြာနုရောင်ရဲ့ ကောင်လေးက သိပ်ချောတာပဲ ! အပြာနုရောင်ကတော့ ကောင်လေးရသိပ်ကံကောင်းပါဗျာ ! ရုပ်ချော ၊ ခန့်ညားတဲ့ ကောင်လေးက လှပပြီးချစ်စရာ သိပ်ကောင်းတဲ့ အပြာနုရောင်လေးကို ပိုင်ဆိုင်ထားတာကို "

ဒေါက် ! ဒေါက် !

" သား ! သားချစ်သူလေးကို
မခေါ်လာသေးဘူးလား ? ဒီမှာဖြင့် မာမီတို့က အဆင့်သင့်လေရောရှင့် "

ကိုယ့်ကိုကို ဂုဏ်တင်မိတာဘယ်လောက်တောင် ကြာသွားလဲမသိ အပြာနုရောင်ကို သွားကြိုဖို့မေ့နေတာ ။ ဒုက္ခပါပဲ ! အပြာနုရောင်ကို စောင့်နေရတော့မှာပဲ ။

" သွားတော့မယ် မာမီ ! ကျွန်တော်ပြင်ဆင်တာ နည်းနည်းကြာသွားလို့ ? "

" ကဲ... ဒါဆိုလည်း မြန်မြန်ပြင်ပေါ့ရှင် ! သားရဲ့
အဖွားက သိပ်မစောင့်နိုင်ဘူးပြောနေတယ် "

" အိုကေ မာမီ ! ကျွန်တော်လာပြီ ! "

သည်လိုနဲ့ မာမီကိုနှုတ်ဆက်ကာ အပြာနုရောင်ကို သွားကြိုဖို့အတွက် ကိုယ်တိုင်ကားမောင်းကာ သွားခေါ်ရတော့သည် ။

*  *  *

အပြာနုရောင်အိမ်ရှေ့ရောက်တော့ ထွက်စောင့်နေပုံမပေါ်သေးတာကြောင့် သူကိုယ်တိုင်ပင် တက်သွားလေသည် ။ တိုက်ခန်းလေးဆိုတော့ လှို့ဝှက်နံပါတ်ကိုလည်း သိနေတာကြောင့် ဖွင့်ဝင်သွားရင်း ထမင်းစားခန်းဘက်ကို ဦးတည်လိုက်ရင်း ကင်မ်ပြုံးမိလိုက်သည် ။

စားပွဲပေါ်တွင် တင်ထားသော ဆန့်မုန့်ဗန်းလေးကို သေချာစွာ ဗူးထဲထည့်နေတဲ့ အပြာနုရောင်လေး ။ အပြာရောင်ဆွယ်တာအနုလေးဝတ်ကာ style pant အနက်ရောင်လေးဖြင့်သာ ချစ်စရာအတိပင် ။ သေးသွယ်သော ခါးငယ်လေးနှင့်အတူ အညိုရောင် ဆံသားပွပွအုပ်အုပ်လေး ၊ ဖြူဥနေသော အပြာနုရောင်ရဲ့လက်သေးသေးသွယ်သွယ်လေးတို့
ကြောင့် ကင်မ်ထယ်ယောင်းပို၍ရင်ခုန်ရပါသည် ။

သို့ပေမဲ့ သူဝင်လာတာတောင် သတိမထားမိတဲ့ အပြာနုရောင်ကြောင့် မျက်မှောင်ကြုံမိသည် ။ မုန့်တွေထုတ်ပိုးလို့ပြီးတော့ apronလေးချွတ်ကာ ကျွန်တော့်ဘက်လှည့်လာတော့ အံ့ဩသဖွယ် မျက်ဝန်းဝန်းဝိုင်းဝိုင်းနဲ့ကြည့်လေသည် ။

" ကင်မ်~ "

" အင်း ကိုယ်ရောက်လာတယ် အပြာနုရောင် ? တော်သေးတာပေါ့ ကိုယ်ကမင်းရဲ့အခန်းက လှို့ဝှက်နံပါတ်ကိုသိလို့ မဟုတ်ရင် တစ်ခြားသူသာဆို ဘယ်လိုလုပ်မလဲ အပြာနုရောင်ရဲ့ ? "

ကျွန်တော်က ဂရုဏဒေါသောဖြင့်  ဆိုလေတော့ အပြာနုရောင်ဟာ ခပ်ပြုံးပြုံးပင် ။

" ခစ်ခစ် ... တောင်းပန်ပါတယ် ကင်မ်ရယ် ၊ ကင်မ်သာ ဝင်လာတာ တောင် ! ဆိုတဲ့ အသံလေးတောင် မကြားဘူး ။ တိုက်ခန်းပိုင်ရှင် အဒေါ်ကြီးက ဒီမော်နီတာ ပျက်နေတယ်ဆိုပြီး မပြင်ပေးသေးလို့နော် ကင်မ် ~ "

" ဒါဆို ဒီနေ့တွေ့ဆုံပွဲပြီး မနက်ဖြန်ကနေစပြီး ကိုယ့်နဲ့အတူလာနေတော့ ? ဒီပုံစံအတိုင်းဆို စိတ်မချတော့ဘူး ။ "

ထယ်ယောင်းက ချက်ချင်းကိုပင် လာနေခိုင်းနေတော့ အပြာနုရောင်ငြင်းစမြဲ ။ သို့ပေမဲ့ ကင်မ်က
' စိတ်မချဘူး ' ' ကိုယ့်နဲ့လာနေပါ ' ဟု တတွတ်တွတ် ပြောနေတာကြောင့် နောက်ဆုံးတော့ ကလေးဆိုးကြီးကို လက်မြောက်အရှုံးပေး လိုက်ရပါသည် ။

ဟော... အတွေးတွေဖြင့် မကြာသေးပါ ။ အပြာနုရောင်အား ပွေ့ချီကာ စားပွဲပေါ်တင်လိုက်ပြီး အပြာနုရောင်ရဲ့ ခါးသွယ်သွယ်လေးအား သန်မာသော သူ၏လက်တို့ဖြင့် ကိုင်ထားကာ သူတို့နှစ်ဦး အကြည့်ချင်းစုံစေသည် ။ ထိုပုံစံကို အကြမ်းဖျင်းပြောရလျှင် အပြာနုရောင်လေးရဲ့ ပေါင်ကြားထဲ့ အရပ်ရှည်သောကင်မ်က ဝင်ရောက်နေလေတာပင်ဖြစ်သည် ။

အပြာနုရောင်က ကင်မ်၏ အကြည့်တွေကို မခံနိုင်သည်ထင်ပါ့ ။ ခေါင်းလေးငုံ့သွားလေတော့ မနေနိုင်သူ ကင်မ်ထယ်ယောင်းဟာ မေးလေးကို ဆွဲမော့စေကာ တစ်ဖြည်းဖြည်း အပြနုရောင်ရဲ့ နှုတ်ခမ်းလေးကိုထိကပ်ကာ ရမ္မက်ဆန်သော အနမ်းမဟုတ်ပဲ နူးညံ့သောချစ်ခြင်းတို့ဖြင့် ဖန်တီးထားသော အနမ်း ။ ထူထဲသော အပြာနုရောင်ရဲ့ နှုတ်ခမ်းထူလေးအား အပေါ်တစ်လှည့် ၊ အောက်တစ်လှည့် နမ်းနေရင်း အပြာနုရောင်က ရင်ဘက်ကိုလက်သီးစုပ်လေးနဲ့ ခပ်ပျော့ပျော့ထုလေသော သတိကြောင့် ရပ်တန့်ကာ သူတို့တွေ့ဆုံပွဲသွားဖို့ ပြင်လိုက်ရတော့သည် ။
.
.
.
.
.
.
.
.

ကင်မ်စံအိမ်တော်ရှေ့ရောက်လေတော့ အပြာနုရောင်ဟာ ဘာတွေတွေးပြီးစိတ်ပူနေလဲမသိ အသံတိတ်ကာ သက်ပြင်းတစ်ချချ ဖြစ်နေတာကြောင့် သူလည်းအားပေးသည့် အနေဖြင့် လက်ဖြူဖြူလေးအား ဆုပ်ကိုင်ကာ လက်ဖမိုးလေးထက် အနမ်းချွေလိုက်တော့ မျက်ဝန်းဝိုင်းလေးတွေက ကျွန်တော့်အား တဖန်ကြည့်လာလေသည် ။ 

" ကင်မ် ~ ကင်မ့်အဖွားနဲ့မိဘတွေက ကျွန်တော့်လို့ မိဘမဲ့လေးကို လက်ခံပါ့မလားဟင် ? ကျွန်တော် ကြောက်တယ် ကင်မ်ရဲ့ ။ ကင်မ့်ကိုလည်း ချစ်လို့ မဝေးချင်ဘူးရယ် ။ "

ချစ်ရသူလေးဟာ စိုးရိမ်စိတ်ပြင်းပြနေတာကြောင့်
အားပေးမိသည် ။

" မကြောက်နဲ့ အပြာနုရောင် ~ ကိုယ်တို့ ဒီအခက်အခဲကို ရင်ဆိုင်ကြမယ် ။ သဘောမတူခဲ့ရင်တောင် မတူတူအောင် ကိုယ်တို့ကြိုးစားကြမယ်နော် "

" ဒါပေမဲ့ .... ကင်မ်... "

အပြာနုရောင် နှုတ်ခမ်းထက် သူ၏ရှည်လျားသောလက်ညိုးသွယ်သွယ်ဖြင့် ပိတ်စေကာ စိုးရိမ်မှုကိုဖျောက်စေသည် ။

" ရှုး .... ကိုယ့်ကိုယုံ ! ကိုယ့်ကိုယုံလိုက် အပြာနုရောင် ... မင်းကိုသိပ်ချစ်တဲ့ ဒီကောင်က မင်းတစ်ခုခုဖြစ်မှာကိုတောင် သိပ်ကြောက်တာမို့ ဒါတွေမတွေးပါနဲ့ကွာ "

" ကင်မ့် ကျွန်တော့်ကို ကင်မ့်မိဘရော ၊ အဖွားနဲ့ပါ  အဆင်ပြေအောင် ကူညီပါနော်... "

" အင်း .... ကိုယ်ကူညီပေးမယ် "

ထယ်ယောင်းက ခေါင်းငြိမ့်ကာ အိမ်အတွင်းသို့ ခေါ်လာခဲ့လေသည် ။ ထိုအခါမှာတော့ အိမ်အတွင်းရှိ အိမ်တော်ထိန်းကြီးဟာ ကျွန်တော်နဲ့အပြာနုရောင်ကို မြင်သည်နှင့်ချက်ချင်းကိုပင် ထမင်းစားခန်းထဲ အပြေးသွားလေတော့ စိုးရိမ်သူအပြာနုရောင်လေးက တွဲထားသော ကျွန်တော့်လက်လေးကို ပို၍ပင် တင်းကျပ်စွာဆုပ်ကိုင်လာသည် ။

" အပြာနုရောင် ကိုယ်ရှိတယ်နော် ~ ကိုယ့်လက်ကိုတွဲထား "

မကြာပါ ။ ကျွန်တော်နဲ့အပြာနုရောင် အိမ်အပေါက်ဝနားမှရပ်နေစဉ် မာမီဟာ အပြုံးတွေဝေဆာစွာဖြင့် ကြိုဆိုလေသည် ။

" ရောက်ပြီလားကွယ် ? ဟယ်... သားလေးက ချစ်စရာလေးတော့ ။ "

မာမီဟာ ထွက်ကြိုကြိုချင်း ကျွန်တော့်ဘေးရှိ အပြာနုရောင်ရှီ မျက်လုံးရောက်သွားကာ ဆိုလေတော့ အပြာနုရောင်က ပြန်လည်နှုတ်ဆက်ဖို့မမေ့ပါ ။

" အန်တီ မင်္ဂလာပါခင်ဗျ ။ ခုနကပြောတာအတွက် ကျေးဇူးတင်ပါတယ် ။ ပြီးတော့ ကျွန်တော်က ကင်မ့်ရဲ့ချစ်သူ ဂျွန်ဂျောင်ဂုပါဗျ "

ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ကာ အေးစက်နေပါလျက် အားတင်းကာဖြေလေတဲ့ အပြာနုရောင်ပါလေ ။

" တွေ့ရတာဝမ်းသာပါတယ် သားလေးရယ် ။ "

" မာမီ အဖွားတို့ရော ခေါ်လိုက်လေ ။ "

" အိမ်တော်ထိန်းရေ အမေတို့ကို
သွားခေါ်လိုက်ပါဦး ။ ဒီမှာ အမေ့မြေးရဲ့ ချစ်သူရောက်နေပြီလို့ "

" ဟုတ်ကဲ့ သခင်မကြီး "

ဤသို့ဖြင့် အိမ်တော်ထိန်းဟာ အဖွားကင်မ်နှင့် ထယ်ယောင်း၏အဖေအား သွားခေါ်လေသည် ။ အမေဖြစ်သူကတော့ ဂျောင်ဂုအားကြည့်ကာ ပြုံးနေမိသည် ။ ကောင်လေးက ချစ်စရာလေး ဆိုတော့ သူ့မှာသမက်ချောချောလေးရတော့ ပျော်နေမှာအမှန်ပါလေ ။

" ဒါကလေ အန်တီတို့အတွက် ကျွန်တော် ဆန်မုန့်လုပ်လာပေးတာ ။ ကင်မ်က ဘာမှမလုပ်ဖို့ မှာပေမဲ့ ကျွန်တော်က အိမ်ကိုလာရမှာ အားနာတာဆိုတော့ မုန့်လုပ်လာပေးတာ ။ မုန့်သားလေးတွေက နူးညံ့တာမို့ စားဖို့ သင့်တော်မယ်ထင်ပါတယ် ။ "

အပြာနုရောင်က မာမီ့အား ဆန်မုန့်ဗူးလေးကမ်းကာ ပြုံးပြကာ စကားဆိုလေတော့ မာမီမျက်နှာမှာလည်း အပြုံးတွေတောင်မဖုံးမဖိနိုင်သည်အထိ ဖြစ်နေလေသည် ။

" အိုကွယ် ! အားနာစရာမဟုတ်ပါဘူး ။
ဒါနဲ့ အန်တီလို့ခေါ်မဲ့အစား  အမေလို့သာခေါ်နိုင်ပါတယ်ရှင် ။ "

" ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ်ခင်ဗျ "

အပြာနုရောင်နဲ့ မာမီဟာ ယခုမှသာတွေ့တယ် ချက်ချင်းကိုပင် ရင်းနှီးသွားကြတာ ။ မာမီကလည်း သိပ်ပျော်နေသလို ၊ အပြာနုရောင်ကလည်း သိပ်ကိုပျော်နေကြသည် ။ ကျွန်တော့်အထင် မာမီရှီက သဘောတူညီချက်တစ်ခုတော့ ရသွားခဲ့လေပြီ ။

" ရောက်တောင်ရောက်နေပြီကို "

အပေါ်ထပ်ကနေ ဆင်းလာတဲ့အဖွားဟာ အသံလေးပေးလာတာကြောင့် ကျွန်တော်တို့လှည့်ကြည့်လိုက်လေတော့ အဖွားနှုတ်မှထွက်လာတဲ့ စကားကြောင့် ကြောင်အမိသည်အထိပါလေ ။

" ကူးငယ်လေးလား ?? "

" ဖွားဖွား ?? "

To Be Continued ~

                           *  *  *

واصل القراءة

ستعجبك أيضاً

20.1K 1.9K 12
Always on my mind Forever in my heart ෆ Both Unicode and Zawgyi
20.7K 1.9K 13
သမုဒ္ဒရာအောက်ခြေမှာ အချစ်ရှိတယ် #Taekook
114K 6.6K 16
Taekook 🐯🐰 Taehyung 👆 Top Jungkook 👇 Bottom Start - {16} November, 2020 End - {11} March, 2021 Zawgyi & Unicode ခပ်ဆိုးဆိုးကောင်လေး Jungkook နဲ့...