My Sunshine

By Smrik123

33.4K 1.6K 27

မချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး န... More

intro (unicode +Zawgyi )
Part.1 (Unicode +Zawgyi )
Part.2 (unicode +Zawgyi )
part 3.(Unicode +Zawgyi )
Part.4(Unicode +Zawgyi )
Part.5(Unicode+Zawgyi)
Part.6(Unicode +Zawgyi )
Part.7(Unicode +Zawgyi )
Part.8(Unicode+Zawgyi)
Part.9(Unicode+Zawgyi)
Part.10(Unicode+Zawgyi )
Part.11
Part.12
Part.13
Part.14
Part.15
Part.16
Part.17
Part.18
Part.19
Part .20
Part.21
Part.22
Part.23
Part.24
Part.25
Part.27 (final)

Part.26

908 46 1
By Smrik123

ကော်ဖီ ဆိုင်လေးရဲ့ မှန်နံရံကနေ အပြင်မှာ ရွာနေတဲ့မိုးကို တွေတွေလေး ငေးကြည့် နေမိသည် ။

'မ'သိလား .... 'မ'တင် ပြောင်းလဲ သွားတာ မဟုတ်ဘူး.. ရာသီဥတုက တွေကလဲ ပြောင်းလဲ နေပီ ။ အချိန်အခါမဟုတ် ဆောင်းရာသီမှာ ရွာနေတဲ့ အေးစက်စက် မိုးကြောင့် 'မ'ရော တစ်ယောက်ထဲ အဆင် ပြေပါ့မလား ။
အရမ်း ချမ်းအေး နေမလား ။
'မ'ကတော့ 'မောင့်'ဘက် ငဲ့မကြည့်ဘဲ ထွက်သွားတာ 'မောင်'ကတော့ အခုထိ 'မ'ကို စိတ်ပူနေမိတုန်း ။

စိတ်တွေကို ညာပီး 'မ'မကြိုက်တဲ့ အရာတွေကို ရွေးလုပ်နေမိတယ် ။
'မ'များ ပြန်လာ မလား ဆိုတဲ့ စိတ်နဲ့လေ..... ဒါပေမဲ့ ဘယ်လိုလုပ်မလဲ 'မ'က ကျနော့်ဆီ ကနေ အဝေးဆုံး ပြန်မလာနိုင်တဲ့ လမ်းကို ထွက်သွားခဲ့တာ ။
'မောင်' ဘယ်လို လုပ်ရမလဲ... 'မောင်'တစ်ယောက်ထဲ ဘယ်လို စိတ်နဲ့ အသက်ရှင် နေထိုင်ရမှာလဲ...

'မ'က အရမ်းမုန်းဖို့ ကောင်းတာဘဲ..... 'မ'စိတ်နဲ့ အသက်ရှင်နေတဲ့ လူကိုမှ တစ်ယောက်ထဲ ထားပြီး ထွက်သွား ခဲ့ရက်တာ ။
'မ' အတ္တသိပ် ကြီးတယ် ။
'မ'က အရမ်း ရက်စက်တာဘဲ ။
'မောင့်'မှာ 'မ'တစ်ယောက်ဘဲ ရှိတာ သိရဲ့သားနဲ့ 'မောင့်'ကို တစ်ယောက်ထဲ ထားခဲ့ရက်တယ် ။

" 'ကို'.....စောင့်နေတာ ကြာပီလား.. မိုးတွေ ရွာနေတော့ ကားကို သေချာဂရုစိုက် မောင်းနေရလို့ 'နှင်း' နောက်ကျ သွားတာ "

အပြင်ဘက်ကိုငေးပြီး ပျံ့လွင့်နေတဲ့ ကျနော့်ရဲ့ စိတ်တွေဟာ ' နှင်းစက်မေ'ရဲ့ အသံကြောင့် ရုတ်ချည်း အသိ ကပ်သွား ခဲ့ရသည် ။
သူ့ဘက်ကို တစ်ချက် ငဲ့ကြည့်ပီး အပြုံး မဟုတ်တဲ့ အပြုံး တစ်ခု ပြုံးပြလိုက်သည် ။
အရှေ့မှာ ချထားတဲ့ ကော်ဖီခွက်ကို ယူသောက်လိုက်ပီး သူ့ကို ဘာစကား တစ်ခွန်းမှ ပြန်မပြောသေးချေ ။ သူကတော့ ကျနော့်မျက်နှာကိုသာ အကြည့်မလွှဲ စိုက်ကြည့် နေခဲ့သည် ။

" မင်း....ငါ့ကို ချစ်နေသေးလား..."

အရင်လို 'နှင်း'လို့တောင် မခေါ် တော့ဘူးဘဲ ။
မမ ကိစ္စမှာ 'နှင်း'က အဓိက ပါဝင် ပတ်သတ်နေတယ် ဆိုတာ 'ကို'များ သိသွားခဲ့ လို့လား ။
မဖြစ်နိုင်ပါဘူး 'ကို'သာ သိသွားခဲ့ရင် 'ကို့'စိတ်နဲ့ဆို 'နှင်း'ကို အခုလို မျက်နှာချင်းဆိုင် ခေါ်တွေ့ နေမှာတောင် မဟုတ်ဘူး ။
အခုလိုမျိုးလဲ အေးဆေး တည်ငြိမ်နေမှာ မဟုတ်ဘူး ။ အခုလို မေးခွန်းမျိုးလဲ မေးနေမှာ မဟုတ်ဘူး ။

မမကို အခုလို ဖြစ်ဖို့ထိ မရည်ရွယ်ပေမဲ့ 'နှင်း'လောဘကြောင့် မမ သေဆုံး သွားခဲ့ ရတယ် ။ ကိုယ်တိုင်ကလဲ အပြစ်မကင်းတော့ 'ကို့'ကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေခဲ့ မိတယ် ။
ဒါပေမဲ့ အတ္တစိတ်က ကြီးစိုးနေတဲ့ မကောင်းတဲ့ စိတ်အခြမ်းကို 'နှင်း' အနိုင်မယူနိုင်ဘူး။

" 'ကို့'ကို အရင်ကရောအရမ်း ချစ်ခဲ့သလို အခုလဲ အရင်တုန်းကထက် ပိုပီး ချစ်နေတုန်း ပါဘဲ..."

လက်ထဲက ကော်ဖီ ခွက်လေးကို ပြန်ချလိုက်ပီး ကျနော် တစ်ချက်ပြုံး လိုက်သည်  ။

" ဒါဆို ... ငါနဲ့ လက်ထပ်မလား.."

ကျွန်မ ကိုယ့်နား ကိုပင် မယုံနိုင်...
'ကို'ဘက်က လက်ထပ်မလားတဲ့ ။
ဒီလို အခြေအနေမှာ 'ကို့'ဘက်က ဒီလိုစကားမျိုး ပြောထွက်လာ လိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့တာ ။
ကျွန်မ ဘယ်လောက် မျှော်လင့် ခဲ့ရတဲ့ စကားလဲ ။ ကျွန်မ ရင်ထဲမှာ အပျော်ကြီး ပျော်နေ မိသည်.. 'ကို'ကို ပိုင်ဆိုင် ရဖို့အတွက် ဘယ်လောက်တောင် ကြိုးစား ခဲ့လိုက် ရသလဲ ။

" 'ကို' တကယ် ပြောနေတာလား ... 'နှင်း'က 'ကို'နဲ့ ဆိုရင် ဘယ်ချိန်ဘဲ ဖြစ်ဖြစ် လက်ထပ် နိုင်တယ် "

" ဒါဆို ...ငါမင်းနဲ့ နောက်အပတ် အတွင်း အမြန်ဆုံး လက်ထပ်ချင်တယ် ... "

" 'နှင်း' အကုန်လုံး စီစဉ်လိုက် ပါ့မယ် ...
ကျေးဇူးပါ'ကို' ...'နှင်း'ဆီ ကိုပြန်လာ ပေးလို့...."

စားပွဲပေါ် တင်ထားတဲ့ ကျနော့်ရဲ့လက်ကို အုပ်မိုးပီး ဆုပ်ကိုင် လာတဲ့ သူ့လက်တွေကို ကျနော် အကြောင်း အရင်းမဲ့ ကြည့်နေ မိသည် ။
ခဏအကြာ ကျနော့် နောက်လက် တစ်ဖက်နဲ့ သူ့လက်ကို ဖယ်ချ လိုက်ပီး...

" ဒါဆို ...ငါပြန်လိုက် အုံးမယ်....."

ထွက်သွားတဲ့ ကျောပြင်လေးကို ငေးကြည့်ရင်း ကျွန်မ ပြုံးလိုက် မိသည် ။
'ကို့'ကို ပိုင်ဆိုင် ရလိမ့်မယ်လို့ စိတ်ကူးသာယဉ် ဖူးတာ အခု လက်တွေ့ ပိုင်ဆိုင် ရတော့ မယ်ဆိုတော့ ကျွန်မ အတွက်တကယ်ကို ပီးပြည့်စုံသွား ရပါပီ ။

'ကို့'နဲ့ လက်ထပ်ပီးရင် ကျွန်မကောင်းကောင်း မွန်မွန် နေထိုင် တော့မယ် ။
'ကို့'ကိုလဲ အမြဲ စိတ်ချမ်း သာအောင် ထားမယ် ။ 'ကို'နဲ့ အတူ အေးချမ်းတဲ့ ကမ္ဘာလေး တစ်ခု တည်ဆောက် ချင်တာ ကျွန်မရဲ့ စိတ်ကူး အိမ်မက် တစ်ခုဘဲ ။
အခုတော့ လက်တွေ့ အကောင်အထည် ဖော်နိုင် တော့မယ် ။

******************************

"ဒါကဘာလဲ... 'ဇော်'... မင်းဘာတွေ လျှောက်လုပ် နေတာလဲ..."

အိမ်ထဲကို ဒေါသတကြီးနဲ့ ဝင်လာပီး စားပွဲပေါ် ပစ်ချလိုက်တဲ့ ဖိတ်စာလေးတစ်ခု ။
ဖိတ်စာပေါ်က သတို့သားနေရာမှာ ကျနော့်နာမည်..
.. သတို့သမီး နာမည်မှာတော့ စိတ်မကောင်းစွာနဲ့ 'မ'ရဲ့ နာမည် ဟုတ်မနေခဲ့ ။

" မင်းမြင်‌တဲ့ အတိုင်းဘဲလေ.."

" ဘာ!!!!.. 'ဇော်' .. မင်းစိတ်ရော မှန်သေးရဲ့လား..
မမ ဆုံးတာဖြင့် ဘယ်လောက်မှ မကြာသေးဘူး ... မင်းက 'နှင်းစက်မေ'နဲ့ လက်ထပ်တော့မယ်... "

" ဟုတယ်.. ငါသူနဲ့ လက်ထပ် တော့မှာ "

" မင်းသစ္စာ မဲ့လှချည်လား!!!"

အော်သံအဆုံး ကျနော့် မျက်နှာပေါ်သို့ ကျရောက် လာသော 'လင်း'ရဲ့ လက်သီး....
ကျနော် ရှောင်ဖယ်ခြင်း မရှိဘဲ ကျရောက်လာသည့် အတိုင်း အထိုး ခံလိုက်သည် ။
အနောက်သို့ယိုင်လဲ ကျသွားကာ နှုတ်ခမ်းပေါက်၍ သွေးများ စီးကျလာ သော်လည်း ကျနော်နာကျင်မှုတစ်စုံတရာကို မခံစားရ...။
သူ့ထက်နာတဲ့ ဒဏ်ရာ ရှိနေလို့နဲ့ တူတယ် ...။

" မင်း မမ အပေါ်မှာ အားနာ စိတ်လေးတောင် မရှိဘူးလားဟမ်!!.. မင်းမို့လို့ကွာ....
မင်းလို ကောင်မျိုးနဲ့ မမကို အောင်သွယ် ပေးခဲ့မိတာ ငါကိုယ်ငါရှက်တယ်!! ... သစ္စာ မရှိတဲ့မင်းလို ကောင်မျိုး လက်ထဲကိုမှ မမကို စိတ်ချလက်ချ ထည့်ပေး လိုက်ရတယ်လို့...တောက်!!!!"

လဲကျသွားတဲ့အတိုင်း ထိုင်နေပီး 'လင်း'ပြောသမျှကို ကျနော် ကျေကျေနပ်နပ်ကြီး ခံယူ နေမိသည် ။
ပြန်ခွန်းတုန့် ပြန်ခွင့် ကျနော် မှာမရှိဘူးလေ ။
ကျနော်က မှားနေတဲ့ သူကို...။

" မင်းလိုကောင်မျိုးကို ငါ့သူငယ်ချင်း အဖြစ် ဘယ်တော့မှ မသတ်မှတ်နိုင်တော့ဘူး "

'လင်း' ထွက်သွားသည်နှင့် တပြိုင်နက် ကျနော် အရူး တစ်ယောက် လို အော်ရယ်နေမိသည် ။
အော်ရယ်နေပေမဲ့ ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေဟာ ရွှဲစို နေခဲ့သည် ။
အားယူပီး မတ်တပ်ရပ်လိုက်ကာ ကျနော့် အခန်းထဲသို့ တစ်လှမ်းချင်း ဝင်လာလိုက်သည် ။
မကြာပါ အခန်းထဲ ရောက်တော့ ကျနော့်ရဲ့ ရယ်သံတွေဟာ ချက်ချင်းပျောက်ကွယ် သွားခဲ့ရသည်  ။

အခန်းထဲ စားပွဲပေါ်မှာ ထောင်ထားတဲ့ 'မ'ရဲ့ ဓာတ်ပုံ ဘောင်လေးရှေ့ ကျနော် ထိုင်ချ လိုက်ပီး ဓာတ်ပုံလေးကို လက်နဲ့ အသာအယာ ပွတ်ကြည့် နေမိသည် ။
'မ'ရဲ့ ဓာတ်ပုံလေးကို မြင်တော့ မျက်ရည်တွေဟာ ခုနကထက် ပိုမို ကျဆင်း လာခဲ့ရသည် ။
ကျနော့် ရင်ဘတ်ထဲမှာလဲ သေမတတ် နာကျင် မှုကို ခံစားလိုက်နေရသည် ။
ရင်ဘတ်ထဲက နာကျင်မှု ဒဏ်ကို မခံစားနိုင်တဲ့ အဆုံး ကျနော်ကိုယ့်လက်ကို ကိုက်ကာ အသံတိတ် မျက်ရည်တွေကျ နေမိသည် ။
ကိုက်ထားတဲ့ လက်က ပေါက်ထွက်ပီး သွေးများ ပင်စီးကျ လာသော်လည်း ကျနော်လက်ကို မလွှတ်နိုင်သေး ။
ဘယ်အရာကမှ ရင်ဘတ်ထဲက  နာကျင်မှုကိုမထိုးဖောက်နိုင်ခဲ့ချေ .....။

>>>>>>>>
တိမ်တွေကို အရမ်းအားကျ မိတယ် သိလား ....
ကျနော်လည်း လွင့်ချင်ရာ လွင့်ပီး မိုးသားတွေ ကြားမှာ ဒီအတိုင်းလေး ပျောက်ကွယ် သွားချင်မိတယ် ။
ဒီအတိုင်းလေး အဆုံးအစမရှိ ပျောက်ကွယ် သွားချင်နေတဲ့ စိတ်တွေနဲ့ လူဘဲလေ ...
ဘာတွေများ တွယ်ကပ်စရာ ရှိနေသေးလို့လဲ ။
ကိုယ့်အတွက် တစ်ယောက်ထဲ ရှိတဲ့ လူကတောင် ကိုယ့်ကို တစ်ယောက်ထဲ ထားသွားခဲ့တာဘဲ ကိုယ်က ဘယ်လိုစိတ်နဲ့ ဘယ်လို မျှော်လင့် ချက်တွေနဲ့ အသက်ဆက်ရှင်သန်နေ နိုင်မှာလဲ ။

လူတွေ အတွက် အိပ်စက်ဖို့ ညတွေဟာ ကျနော့် အတွက်တော့ အတိတ်တွေကို ရောက်သွားလိုက်၊ မျက်ရည်တွေ ကျလာလိုက်နဲ့ ညတွေမှာ ကျနော် အိပ်စက် မရခဲ့ ။
'မ'သိရဲ့လား .... 'မ'မရှိတော့တဲ့ ကျနော့် ဘဝဟာ ရှင်ရက်နဲ့ သေနေတဲ့ လူလိုဘဲ ဆိုတာ ...
ပျော်စရာမရှိဘဲ ရှေ့ဆက်နေရတဲ့ နေ့တွေဟာ 'မ'မရှိတော့ သာမန်ထက်ပိုပီး ခြောက်ကပ် နေလွန်းတယ် ။

ပြုံးယောင်နေတဲ့ 'မ'ရဲ့ နှုတ်ခမ်းပါးတွေ ၊
'မ'ရဲ့ မျက်ဝန်း နက်နက် တွေကအစ 'မ'နဲ့ ပတ်သတ်တဲ့ အရာရာတိုင်းဟာ ပီပီ ပြင်ပြင် ရှိနေတုန်းဘဲ ။
ဘယ်လို နည်းနဲ့မှ ကျနော်တို့ မနီးစပ်နိုင် တော့ပေမဲ့
တစ်ခါတစ်ခါ ဝဲတက်လာတဲ့ မျက်ရည်တွေ ကြားမှာ 'မ'ကို အခုထိ မြင်ယောင် နေမိတယ် ။

'မ'ရယ်....ဘယ်လိုစိတ်နဲ့များ ကျနော့်ကို တစ်ယောက်ထဲ ထားခဲ့ ရတာလဲ....
'မောင့်'ဘဝမှာ 'မ'မရှိလို့ လုံးဝ မဖြစ်ဘူးလေ ။ 'မ'ပြောတော့ 'မောင်က.. 'မ'ရဲ့ အနာဂတ်ဆို...'မောင့်'ကို ဘယ်လိုနည်း နဲ့မှ မထားခဲ့ပါဘူးဆို...
'မ'လိမ်တယ်... 'မ'ကို အရမ်းမုန်းတယ်....ကျနော့်ကို တစ်ယောက်ထဲ ထားခဲ့တဲ့ 'မ'ကို အရမ်း မုန်းတယ် ။

" 'မ'.... 'မောင့်'လုပ်ရပ်တွေ မှန်ရဲ့လား ...
'မောင့်'ကိုလာ မတားတော့ ဘူးလား ...'မောင်'... 'မ'မဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ လက်ထပ်တော့ မှာလေ ... "

ခုတင်ပေါ် ဘေးတစောင်းလှဲကာ 'မ'ရဲ့ ဓာတ်ပုံလေးကို ကိုင်ကြည့်ရင်း ကျနော် တစ်ယောက်ထဲ စကားတွေ ပြောနေမိသည် ။
ကျနော့် ရင်ဘတ်ထဲက နာကျင်မှုကို ဘယ်သူကများ စာနာတတ် မှာလဲ ။
ကျနော့်လို နာကျင်ခံစားဖူးမှ ကျနော့်လို မျက်ရည်တွေ ကျဖူးမှ ကျနော့်ရဲ့နာကျင်မှုကို နားလည် ကြမှာလေ ။
အခုတော့ အားလုံးက ကျနော့်ကို အပြစ်ဝိုင်း ပြောနေကြတယ် ။

" 'မ'လဲ ... တစ်ယောက်ထဲ အရမ်းနာကျင် ခဲ့ရမှာနော် ... မောင့်ကလေးမလေး ဘယ်လောက်တောင် ပင်ပန်းနေလိုက်မလဲ..

'မ'ကို .. 'မောင်'စိတ်ဆိုးတယ်သိလား ... 'မောင့်'ကို 'မ'နာကျင် ခံစား နေရတာကို မပြောပြဘဲ တစ်ယောက်ထဲ ကြိတ်ခံစားနေခဲ့လို့ .... နောက်ပီး ... 'မောင့်'ကို ဘာမှ မပြောဘဲ ထွက်သွား ခဲ့လို့ ..

'မ'..... 'မောင်' အရမ်းပင်ပန်း နေပီသိလား... 'မ'ကိုလဲ အရမ်း လွမ်းတယ် ... အရမ်းလဲ သတိရတယ် ...
'မ'ကို ဖက်ထားချင်တယ် ...
'မ'ရဲ့ ကိုယ်သင်းနံ့ လေးတွေ၊ 'မ' ပေးတဲ့ အနွေးဓာတ် လေးတွေ၊ 'မ'ရဲ့ အနမ်း လေးတွေကို ဖြစ်နိုင်ရင် ပြန်လိုချင်မိ သေးတယ်  "

'မ'ရဲ့ ဓာတ်ပုံလေးကို ရင်ခွင်ထဲထည့်ပီး 'မ'ကို လွမ်းလွန်းလို့ အသံမထွက်အောင် ကျနော် ကြိတ်ငို နေမိပြန်တယ် ။
ကြိတ်ငို ရလွန်းလို့ ရင်ဘတ်ထဲ ကတောင် အောင့်တက် လာခဲ့ပီး အသက် ရှူပင်ကြပ်လာ ခဲ့ရသည် ။
ရင်ဘတ်ထဲက နာကျင်မှုရယ် ၊ ခန္ဓာကိုယ်ရဲ့ ပင်ပန်းမှု တွေကြောင့် ခဏကြာတော့ ကျနော်ဆီ အိပ်စက်ခြင်းဟာ ဝင်ရောက်လာ ခဲ့သည် ။

'မ'က အရမ်း ရက်စက်တယ်... နောက်ဆုံး အနေနဲ့ နှုတ်ဆက်စကားတောင် မပြောဘဲ ထွက်သွားရုံ သာမက အိမ်မက်တွေ ထဲမှာတောင် ကျနော့်ကို လာမတွေ့ ခဲ့ဘူး ။
'မ'က တကယ့်ကို ကျနော်နဲ့ အဝေးဆုံးကို ထွက်ခွာ သွားခဲ့တာဘဲ ။
နှုတ်ဆက်စကား တစ်ခွန်းမှ ဆိုမသွားဘဲ ထွက်သွားခဲ့တာ ကျန်ခဲ့တဲ့ ကျနော်ကတော့ အရမ်းနာကျင် ခံစားရတယ် 'မ'.....သိရဲ့လား ။

############################

ဝင်မလာစေချင်လို့ ပိတ်ထားခဲ့တဲ့ တံခါးကိုမှ အတင်းတိုးဝင် လာခဲ့ပီး ..... နှုတ်ဆက် စကားတစ်ခွန်းမဆိုဘဲ ပြန်ထွက်သွား ပြန်ရော ။
ဘေးနားမှာ အကြာကြီး ရှိချင်တယ် ဆိုပီး ခဏလေးနဲ့ ထွက်ခွာ သွားခဲ့တယ် ။
နှစ်ယောက်ထဲ အေးချမ်းသာယာ ကမ္ဘာလေး တည်ဆောက်မယ် ဆိုပီး ကမ္ဘာတစ်ခုလုံးကို အမှောင်ချသွားခဲ့တယ် ။

ကျနော့်ကို တစ်ယောက်တည်း ထားခဲ့ပီး အဝေးဆုံးကို ထွက်သွားတဲ့ 'မ'ကိုဘဲ အပြစ်တင် ရမလား ။
တစ်ယောက်နဲ့ တစ်ယောက် အရမ်း ချစ်ကြတာကို ပေါင်းစည်းခွင့် မပေးတဲ့ ကံကြမ္မာကို ဘဲအပြစ်တင် ရမလား ။
ကျနော်တို့ နှစ်ယောက်ကြားမှာ ဘယ်အရာ တွေက စပီး မှားယွင်း ခဲ့ကြတာလဲ ။
ထွက်သွားတဲ့ သူနဲ့ ကျန်ခဲ့တဲ့ သူမှာလဲ ကိုယ်စီ ဒဏ်ရာ ကိုယ်စီ နာကျင်မှု တွေနဲ့ဘဲကို ။
ချစ်ခဲ့ပြီးမှ ဝေးသွား ကြရတော့ အဝေး ကဘဲ ပိုပီး ပိုပီး ချစ်ရတော့မယ် ။

###########################

>>>>>

Continue Reading

You'll Also Like

208K 3.4K 49
Braxton Academy is a disciplinary (non-academic) school for minors. Naomi Taylor is a fourteen-year-old girl who was registered to the Academy for on...
197K 3.6K 31
After the recent villain attacks, Izuku finds out about Uraraka's nightmares and despite his own troubles, he tries his best to help her and she does...
374K 13.2K 42
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !
3K 72 8
-DISCONTINUED- One-shot scenarios or scene requests for Kizano accepted. ------- (Y/n) Yamada is a girl who has stage fright. She never joined or v...