Unicode
အပိုင်း ၂၄ ပန်းရှုစားခြင်းတွေ့ဆုံပွဲ (၂)
ယဲ့ကျန်းက ရထားလုံး၏လိုက်ကာမှတစ်ဆင့် အပြင်ဘက်ရှုခင်းကိုကြည့်သည်။ သူတို့ ရောက်ရှိနေသောနေရာကို သူမ မြင်လိုက်သောအခါ သူမ ကြီးပြင်းခဲ့သောနေရာ၊ မြို့တော်တစ်ခုလုံးတွင် အရင်းနှီးဆုံးနေရာတစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သို့သော် လက်ရှိအချိန်တွင်မူ သူစိမ်းများ၏အမြင်တွင် မနှစ်မြို့မှုများကိုမြင်ရသည်။
ယဲ့ကျန်းက လိုက်ကာဆွဲချတော့မည့်အချိန်တွင် ရထားလုံးက ရုတ်တရက်ရပ်သွားသည်။ ထိုအချိန်တွင်ပင် အဝေးတွင်ရှိသော တောင်ကုန်းမှ ထူးဆန်းသော နေရာတစ်ခုကို သတိထားလိုက်မိ၏။ သူမ မျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။
“ဒါက စိတ်အခြေအနေဆိုးရွားစေပြီး မကောင်းတဲ့ဓာတ်သဘောတွေပြည့်နေတဲ့ တောင်ကုန်းသေ မဟုတ်လား၊ ပြောရမယ်ဆိုရင် ယဲ့မိသားစုကို အဲဒီမှာမြှုပ်ထားကြတာတဲ့၊ သူတို့မျိုးနွယ်စုက လူရာကျော် ဒီမှာရှိနေကြတယ်၊ သူတို့ရဲ့ကိုယ်ပိုင်မြေမှာ အမြှုပ်ခံရတယ်လို့တော့ ငါ ကြားတာပဲ”
လုဖန်းက ယဲ့ကျန်းစိုက်ကြည့်နေကြောင်း မြင်သည်နှင့် ပြောပြလာသည်။
ယဲ့ကျန်း၏လိုက်ကာကို ဆုပ်ကိုင်ထားသောလက်က တင်းကြပ်သွားသည်။ သူမအသံကို ကြိုးစားထိန်းကာ ရုန်းကန်ပြီးနောက်တွင် ပြောလိုက်၏။
“ယဲ့မိသားစု … သူတို့တွေ အကုန်သေကုန်ကြပြီလား”
“ဘယ်သူသိမှာလဲ”
လုဖန်းကပြောသည်။
“အစ်ကိုကြီးပဲ သိလိမ့်မယ်၊ ငါ ကြားထားတဲ့အတိုင်းဆိုရင် သူတို့ သေချာပေါက်သေသွားကြပြီပဲ”
“ယဲ့မိသားစုက သူတို့လုပ်ခဲ့တဲ့ ဆိုးရွားတဲ့ကိစ္စတွေကြောင့် သေဖို့တန်တယ်”
လုကျင်းကလည်း နှာခေါင်းရှုံ့ကာ ဝင်ပြောသည်။
“သူတို့အားလုံး သေသွားတော့ရော ဘယ်သူက စာနာပေးမှာလဲ”
သူမက ဆက်ပြောသေးသည်။
“ယဲ့မိသားစုက လူတိုင်း ဒီလိုသေသွားရအောင် ထိုက်တန်ဖို့အတွက် သူတို့ ဘယ်လိုအရာကိုများ လုပ်ခဲ့ကြလို့လဲ၊ အနာဂတ်မှာ နင်က ဒီလိုနှလုံးသားမျိုးကို ပိုင်ဆိုင်ထားပြီး နင် အနာဂတ်မှာ ဘယ်လိုများကြင်နာပြီး အထက်တန်းဆန်တဲ့ မိန်းမတစ်ယောက် ဖြစ်လာမလဲဆိုတာကို ငါ မသိဘူး”
ယဲ့ကျန်းက သူမ၏အသံကို အတတ်နိုင်ဆုံးထိန်းထားပြီးနောက် လုကျင်းကို ပြောသည်။
လုကျင်းက ယဲ့ကျန်းကို အချိန်မရွေးပြန်ပြောရန် ပြင်ဆင်နေချိန်တွင် ကိုယ်ကိုထိန်းပြီးနောက် အံကိုကြိတ်ကာပြောသည်။
“နင် ဘာကိုဆိုလိုတာလဲ”
“နင် ထင်တဲ့အတိုင်းပဲ”
ယဲ့ကျန်းက အေးစက်စွာပြန်ဖြေသည်။
သူမ ပထမဆုံးအကြိမ် မွေးဖွားလာပြီးကတည်းက သည်လိုစိတ်ရင်းအမှန်ကို ထုတ်ပြမိခြင်းလည်းဖြစ်၏။
“နင် …”
လုကျင်းက ယဲ့ကျန်းကို စိုက်ကြည့်ကာ ခုန်တက်လာတော့မည့်အချိန်တွင်ပင် သူမ၏အစ်မက တားသည်။
“ငါတို့ ပိုင်ဟွားဥယျာဉ်ကို ရောက်တော့မယ်”
လုဖန်းက အလျင်စလိုဖြင့် လုကျင်းကို စိတ်ငြိမ်အောင် ထိန်းခိုင်းသည်။
“တတိယညီမ တတိယညီမက ငါတို့ရဲ့မိသားစုကို ယဲ့မိသားစုက ဘာတွေ လုပ်ခဲ့သလဲဆိုတာကို နားမလည်ထားဘူးပဲ”
ယဲ့ကျန်း ပြန်ပင်မငြင်းချင်တော့ပေ။ ထို့အပြင် သူမ နောက်ပိုင်းတွင် နောင်တရစေမည့် တစ်စုံတစ်ရာ ပြောမိမည်ကို စိုးရိမ်လာခဲ့ရ၏။
သူမက သွေးပူတတ်သောသူ မဟုတ်ပေ။ ဝမ်ဖေးတစ်ယောက်ဖြစ်ရန်အတွက် သူမ အကောင်းဆုံး သင်ကြားပြသခံခဲ့ရ၏။ သို့သော် တစ်စုံတစ်ယောက်က သူမ၏ မတရားခံခဲ့ရသော မိသားစုအကြောင်းကို သည်လိုဆိုးရွားသောစကားများ ပြောသံကြားရသောအခါ သူမသည်လည်း ခံစားချက်များ ထိန်းချုပ်လွတ်ကင်းရ၏။
ရထားလုံးရပ်တန့်သွားသောတစ်ခဏတွင် သူမ လိုက်ကာကို မပြီး အလျင်စလိုထွက်လိုက်သည်။
သခင်မကြီးလုနှင့်ဆရာမရှန်းတို့ကလည်း ရထားလုံးမှ ဆင်းလာကြပြီးလေပြီ။ ယဲ့ကျန်းက သူမတို့၏အနားသို့ လျှောက်သွားကာ သူမ၏နှလုံးသားကို လက်ဖဝါးဖြင် ဖိနှိပ်ထားလျက် ရိုးသားတည်ငြိမ်စွာ ခံစားချက်များကို ဖုံးကွယ်လိုက်သည်။ သူမ ထိုသို့လုပ်ပြီးနောက် နှစ်ယောက်လုံးကို ပြုံးကာ နှုတ်ဆက်လိုက်၏။
ဆောင်းဦးရာသီဖြစ်ကာ ကောင်းကင်ပြာက ကြည်လင်ပြီး တလက်လက် တောက်ပနေသယောင် ထင်ရသည်။ တစ်စုံတစ်ယောက်က ပိုင်ဟွားဥယျာဉ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လှပသော ပန်းများပွင့်လန်းနေသည့် ရေကန်အလယ်တွင် ရောင်ပြန်ဟပ်နေသော တိမ်စင်များကို မြင်ရမည်ဖြစ်သည်။ ရေကန်ထဲတွင်ငါးများက ကူးခတ်နေကြသည်။ ဒါက တိမ်အရောင်ကိုပို၍ပင် တောက်ပသွားစေပြီး ဆေးခြယ်ထားသကဲ့သို့ ထင်ရစေသည်။
ရေကန်ကို ကျော်ဖြတ်ပြီးနောက် ယဲ့ကျန်းက ဝတ်ကောင်းစားလှဝတ်ထားသော အမျိုးသမီးတစ်ယောက် သူတို့ထံသို့ လာနေကြောင်း မြင်လိုက်ရသည်။
“ကံကောင်းမှုနဲ့တွေ့ဆုံရတာပါပဲ သခင်မကြီးလု လူတိုင်းက သခင်မကြီးတို့အတွက် စောင့်ဆိုင်းနေကြတာပါ”
ထိုအမျိုးသမီးက သခင်မကြီးလုကို ချစ်မြတ်နိုးစွာနှုတ်ဆက်သည်။
ယဲ့ကျန်းက ထိုအမျိုးသမီးကို ကြည့်ပြီးဖျော့တော့စွာ ပြုံးလိုက်၏။ ထိုအမျိုးသမီး၏နာမည်က ချန်းဖြစ်သည်။ သူမက ဘာသာရေးဌာနမှ လက်ထောက်ဝန်ကြီး၏ဇနီးဖြစ်၏။ သူမက ယဲ့မိသားစုကို မျက်နှာချိုသွေးရာတွင် ကျင့်သားရနေခဲ့ချေပြီ။ ယခု လုမိသားစုထံတွင်လည်း အလားတူသာဖြစ်နေခဲ့၏။
“အာ ဒါက ဆရာမရှန်းလား”
သခင်မချန်းက ဆရာမရှန်းကို အမြင်မှားသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူအမှန်ပင် ဆရာမရှန်း ဖြစ်နေ၏။ သူမ၏ မြေးများနှင့်အတူရှိနေ၏။
ဆရာမရှန်းက ညင်သာစွာဖြင့် ခေါင်းညိတ်သည်။
“သခင်မချန်း”
သူမက နှုတ်ဆက်သည်။ သခင်မချန်းက ထိတ်လန့်သွားရတော့သည်။
သခင်မကြီးလုက ပေါ့ပါးစွာရယ်ကာ ပြောသည်။
“ဆရာမရှန်းက တို့ရဲ့ချစ်ရတဲ့ ယောင်ယောင်လေးရဲ့ဆရာမလေ၊ မင်းတို့အချင်းချင်း မမြင်ရသေးမှန်း တို့နားလည်တယ်”
ယဲ့ကျန်းက ရှက်ရွံ့သလိုပြုံးကာ သခင်မချန်းကိုကြည့်လိုက်၏။ ထို့နောက် ယဉ်ကျေးမှုအရ နှုတ်ဆက်လိုက်သည်။
“သခင်မချန်းကို နှုတ်ဆက်ပါတယ်”
လုကျင်းနှင့်လုဖန်းတို့က ယဲ့ကျန်း၏အနောက်တွင် ရပ်နေခဲ့ကာ မနာလိုမှုများဖြင့် ကြည့်သည်။ သည်နေ့မှစပြီး သခင်မကြီးလုက လူတိုင်းကို ယဲ့ကျန်းက မည်သူဖြစ်ကြောင်း သိစေတော့မည် ဖြစ်ကြောင်း နားလည်လိုက်၏။
ဒါပေမဲ့ ဘာလို့လဲ၊ ဘာလို့ ဒီလိုတောရိုင်းမလေးက သခင်မကြီး မျက်နှာသာပေးတာကိုခံရမှာလဲ၊ ဆရာမရှန်းရဲ့ကျောင်းသူ ဖြစ်တာကြောင့်လား၊
သူတို့အားလုံး သိချင်သွားကြသည်။ သခင်မချန်းက ယခင်ဝမ်ဖေးကို မြင်ရုံမျှသာမြင်ဖူးခြင်းဖြစ်သည်။ သူမအပေါ် ထင်မြင်ချက်အနည်းငယ်မျှသာရှိ၏။ ထို့ကြောင့် လုယောင်ယောင်ကိုမြင်သောအခါ ရင်းနှီးသလိုဖြစ်သည်ဟု ခံစားရရုံမျှသာဖြစ်ပြီး ထူးထူးခြားခြား သတိရခြင်းမျိုးမရှိပေ။
“လုမိသားစုက ကောင်မလေးတွေအားလုံးက လှလိုက်တာ၊ သခင်မကြီးလု သခင်မကြီးလုကတော့ တကယ်ကံကောင်းတာပါပဲ”
နတ်ဆေးသမားတော် ယဲ့ကျန်း
အပိုင်း ၁၅မှ ၁၆၅ထိ
Kpay/Wave 3000ကျပ်
Ooredoo/Telenor/MPT 4000ကျပ်
Swae Nyoe Sales Channel တွင် ယခုဝယ်ယူနိုင်ပါပြီ။
m.me/swaenyoesaleschannel
Zawgyi
အပိုင္း ၂၄ ပန္း႐ႈစားျခင္းေတြ႕ဆုံပြဲ (၂)
ယဲ့က်န္းက ရထားလုံး၏လိုက္ကာမွတစ္ဆင့္ အျပင္ဘက္႐ႈခင္းကိုၾကည့္သည္။ သူတို႔ ေရာက္႐ွိေနေသာေနရာကို သူမ ျမင္လိုက္ေသာအခါ သူမ ႀကီးျပင္းခဲ့ေသာေနရာ၊ ၿမိဳ႕ေတာ္တစ္ခုလုံးတြင္ အရင္းႏွီးဆုံးေနရာတစ္ခု ျဖစ္ေၾကာင္း ေတြ႕လိုက္ရ၏။ သို႔ေသာ္ လက္႐ွိအခ်ိန္တြင္မူ သူစိမ္းမ်ား၏အျမင္တြင္ မႏွစ္ၿမိဳ႕မႈမ်ားကိုျမင္ရသည္။
ယဲ့က်န္းက လိုက္ကာဆြဲခ်ေတာ့မည့္အခ်ိန္တြင္ ရထားလုံးက ႐ုတ္တရက္ရပ္သြားသည္။ ထိုအခ်ိန္တြင္ပင္ အေဝးတြင္႐ွိေသာ ေတာင္ကုန္းမွ ထူးဆန္းေသာ ေနရာတစ္ခုကို သတိထားလိုက္မိ၏။ သူမ မ်က္ေမွာင္ၾကဳတ္ကာၾကည့္လိုက္သည္။
“ဒါက စိတ္အေျခအေနဆိုး႐ြားေစၿပီး မေကာင္းတဲ့ဓာတ္သေဘာေတြျပည့္ေနတဲ့ ေတာင္ကုန္းေသ မဟုတ္လား၊ ေျပာရမယ္ဆိုရင္ ယဲ့မိသားစုကို အဲဒီမွာျမႇဳပ္ထားၾကတာတဲ့၊ သူတို႔မ်ိဳးႏြယ္စုက လူရာေက်ာ္ ဒီမွာ႐ွိေနၾကတယ္၊ သူတို႔ရဲ႕ကိုယ္ပိုင္ေျမမွာ အျမႇဳပ္ခံရတယ္လို႔ေတာ့ ငါ ၾကားတာပဲ”
လုဖန္းက ယဲ့က်န္းစိုက္ၾကည့္ေနေၾကာင္း ျမင္သည္ႏွင့္ ေျပာျပလာသည္။
ယဲ့က်န္း၏လိုက္ကာကို ဆုပ္ကိုင္ထားေသာလက္က တင္းၾကပ္သြားသည္။ သူမအသံကို ႀကိဳးစားထိန္းကာ ႐ုန္းကန္ၿပီးေနာက္တြင္ ေျပာလိုက္၏။
“ယဲ့မိသားစု … သူတို႔ေတြ အကုန္ေသကုန္ၾကၿပီလား”
“ဘယ္သူသိမွာလဲ”
လုဖန္းကေျပာသည္။
“အစ္ကိုႀကီးပဲ သိလိမ့္မယ္၊ ငါ ၾကားထားတဲ့အတိုင္းဆိုရင္ သူတို႔ ေသခ်ာေပါက္ေသသြားၾကၿပီပဲ”
“ယဲ့မိသားစုက သူတို႔လုပ္ခဲ့တဲ့ ဆိုး႐ြားတဲ့ကိစၥေတြေၾကာင့္ ေသဖို႔တန္တယ္”
လုက်င္းကလည္း ႏွာေခါင္း႐ႈံ႕ကာ ဝင္ေျပာသည္။
“သူတို႔အားလုံး ေသသြားေတာ့ေရာ ဘယ္သူက စာနာေပးမွာလဲ”
သူမက ဆက္ေျပာေသးသည္။
“ယဲ့မိသားစုက လူတိုင္း ဒီလိုေသသြားရေအာင္ ထိုက္တန္ဖို႔အတြက္ သူတို႔ ဘယ္လိုအရာကိုမ်ား လုပ္ခဲ့ၾကလို႔လဲ၊ အနာဂတ္မွာ နင္က ဒီလိုႏွလုံးသားမ်ိဳးကို ပိုင္ဆိုင္ထားၿပီး နင္ အနာဂတ္မွာ ဘယ္လိုမ်ားၾကင္နာၿပီး အထက္တန္းဆန္တဲ့ မိန္းမတစ္ေယာက္ ျဖစ္လာမလဲဆိုတာကို ငါ မသိဘူး”
ယဲ့က်န္းက သူမ၏အသံကို အတတ္ႏိုင္ဆုံးထိန္းထားၿပီးေနာက္ လုက်င္းကို ေျပာသည္။
လုက်င္းက ယဲ့က်န္းကို အခ်ိန္မေ႐ြးျပန္ေျပာရန္ ျပင္ဆင္ေနခ်ိန္တြင္ ကိုယ္ကိုထိန္းၿပီးေနာက္ အံကိုႀကိတ္ကာေျပာသည္။
“နင္ ဘာကိုဆိုလိုတာလဲ”
“နင္ ထင္တဲ့အတိုင္းပဲ”
ယဲ့က်န္းက ေအးစက္စြာျပန္ေျဖသည္။
သူမ ပထမဆုံးအႀကိမ္ ေမြးဖြားလာၿပီးကတည္းက သည္လိုစိတ္ရင္းအမွန္ကို ထုတ္ျပမိျခင္းလည္းျဖစ္၏။
“နင္ …”
လုက်င္းက ယဲ့က်န္းကို စိုက္ၾကည့္ကာ ခုန္တက္လာေတာ့မည့္အခ်ိန္တြင္ပင္ သူမ၏အစ္မက တားသည္။
“ငါတို႔ ပိုင္ဟြားဥယ်ာဥ္ကို ေရာက္ေတာ့မယ္”
လုဖန္းက အလ်င္စလိုျဖင့္ လုက်င္းကို စိတ္ၿငိမ္ေအာင္ ထိန္းခိုင္းသည္။
“တတိယညီမ တတိယညီမက ငါတို႔ရဲ႕မိသားစုကို ယဲ့မိသားစုက ဘာေတြ လုပ္ခဲ့သလဲဆိုတာကို နားမလည္ထားဘူးပဲ”
ယဲ့က်န္း ျပန္ပင္မျငင္းခ်င္ေတာ့ေပ။ ထို႔အျပင္ သူမ ေနာက္ပိုင္းတြင္ ေနာင္တရေစမည့္ တစ္စုံတစ္ရာ ေျပာမိမည္ကို စိုးရိမ္လာခဲ့ရ၏။
သူမက ေသြးပူတတ္ေသာသူ မဟုတ္ေပ။ ဝမ္ေဖးတစ္ေယာက္ျဖစ္ရန္အတြက္ သူမ အေကာင္းဆုံး သင္ၾကားျပသခံခဲ့ရ၏။ သို႔ေသာ္ တစ္စုံတစ္ေယာက္က သူမ၏ မတရားခံခဲ့ရေသာ မိသားစုအေၾကာင္းကို သည္လိုဆိုး႐ြားေသာစကားမ်ား ေျပာသံၾကားရေသာအခါ သူမသည္လည္း ခံစားခ်က္မ်ား ထိန္းခ်ဳပ္လြတ္ကင္းရ၏။
ရထားလုံးရပ္တန္႔သြားေသာတစ္ခဏတြင္ သူမ လိုက္ကာကို မၿပီး အလ်င္စလိုထြက္လိုက္သည္။
သခင္မႀကီးလုႏွင့္ဆရာမ႐ွန္းတို႔ကလည္း ရထားလုံးမွ ဆင္းလာၾကၿပီးေလၿပီ။ ယဲ့က်န္းက သူမတို႔၏အနားသို႔ ေလွ်ာက္သြားကာ သူမ၏ႏွလုံးသားကို လက္ဖဝါးျဖင္ ဖိႏွိပ္ထားလ်က္ ႐ိုးသားတည္ၿငိမ္စြာ ခံစားခ်က္မ်ားကို ဖုံးကြယ္လိုက္သည္။ သူမ ထိုသို႔လုပ္ၿပီးေနာက္ ႏွစ္ေယာက္လုံးကို ျပဳံးကာ ႏႈတ္ဆက္လိုက္၏။
ေဆာင္းဦးရာသီျဖစ္ကာ ေကာင္းကင္ျပာက ၾကည္လင္ၿပီး တလက္လက္ ေတာက္ပေနသေယာင္ ထင္ရသည္။ တစ္စုံတစ္ေယာက္က ပိုင္ဟြားဥယ်ာဥ္အတြင္းသို႔ ဝင္ေရာက္လိုက္သည္ႏွင့္ လွပေသာ ပန္းမ်ားပြင့္လန္းေနသည့္ ေရကန္အလယ္တြင္ ေရာင္ျပန္ဟပ္ေနေသာ တိမ္စင္မ်ားကို ျမင္ရမည္ျဖစ္သည္။ ေရကန္ထဲတြင္ငါးမ်ားက ကူးခတ္ေနၾကသည္။ ဒါက တိမ္အေရာင္ကိုပို၍ပင္ ေတာက္ပသြားေစၿပီး ေဆးျခယ္ထားသကဲ့သို႔ ထင္ရေစသည္။
ေရကန္ကို ေက်ာ္ျဖတ္ၿပီးေနာက္ ယဲ့က်န္းက ဝတ္ေကာင္းစားလွဝတ္ထားေသာ အမ်ိဳးသမီးတစ္ေယာက္ သူတို႔ထံသို႔ လာေနေၾကာင္း ျမင္လိုက္ရသည္။
“ကံေကာင္းမႈနဲ႔ေတြ႕ဆုံရတာပါပဲ သခင္မႀကီးလု လူတိုင္းက သခင္မႀကီးတို႔အတြက္ ေစာင့္ဆိုင္းေနၾကတာပါ”
ထိုအမ်ိဳးသမီးက သခင္မႀကီးလုကို ခ်စ္ျမတ္ႏိုးစြာႏႈတ္ဆက္သည္။
ယဲ့က်န္းက ထိုအမ်ိဳးသမီးကို ၾကည့္ၿပီးေဖ်ာ့ေတာ့စြာ ျပဳံးလိုက္၏။ ထိုအမ်ိဳးသမီး၏နာမည္က ခ်န္းျဖစ္သည္။ သူမက ဘာသာေရးဌာနမွ လက္ေထာက္ဝန္ႀကီး၏ဇနီးျဖစ္၏။ သူမက ယဲ့မိသားစုကို မ်က္ႏွာခ်ိဳေသြးရာတြင္ က်င့္သားရေနခဲ့ေခ်ၿပီ။ ယခု လုမိသားစုထံတြင္လည္း အလားတူသာျဖစ္ေနခဲ့၏။
“အာ ဒါက ဆရာမ႐ွန္းလား”
သခင္မခ်န္းက ဆရာမ႐ွန္းကို အျမင္မွားသည္ဟု ထင္ခဲ့ျခင္းျဖစ္သည္။ ယခုအခါတြင္မူအမွန္ပင္ ဆရာမ႐ွန္း ျဖစ္ေန၏။ သူမ၏ ေျမးမ်ားႏွင့္အတူ႐ွိေန၏။
ဆရာမ႐ွန္းက ညင္သာစြာျဖင့္ ေခါင္းညိတ္သည္။
“သခင္မခ်န္း”
သူမက ႏႈတ္ဆက္သည္။ သခင္မခ်န္းက ထိတ္လန္႔သြားရေတာ့သည္။
သခင္မႀကီးလုက ေပါ့ပါးစြာရယ္ကာ ေျပာသည္။
“ဆရာမ႐ွန္းက တို႔ရဲ႕ခ်စ္ရတဲ့ ေယာင္ေယာင္ေလးရဲ႕ဆရာမေလ၊ မင္းတို႔အခ်င္းခ်င္း မျမင္ရေသးမွန္း တို႔နားလည္တယ္”
ယဲ့က်န္းက ႐ွက္႐ြံ႕သလိုျပဳံးကာ သခင္မခ်န္းကိုၾကည့္လိုက္၏။ ထို႔ေနာက္ ယဥ္ေက်းမႈအရ ႏႈတ္ဆက္လိုက္သည္။
“သခင္မခ်န္းကို ႏႈတ္ဆက္ပါတယ္”
လုက်င္းႏွင့္လုဖန္းတို႔က ယဲ့က်န္း၏အေနာက္တြင္ ရပ္ေနခဲ့ကာ မနာလိုမႈမ်ားျဖင့္ ၾကည့္သည္။ သည္ေန႔မွစၿပီး သခင္မႀကီးလုက လူတိုင္းကို ယဲ့က်န္းက မည္သူျဖစ္ေၾကာင္း သိေစေတာ့မည္ ျဖစ္ေၾကာင္း နားလည္လိုက္၏။
ဒါေပမဲ့ ဘာလို႔လဲ၊ ဘာလို႔ ဒီလိုေတာ႐ိုင္းမေလးက သခင္မႀကီး မ်က္ႏွာသာေပးတာကိုခံရမွာလဲ၊ ဆရာမ႐ွန္းရဲ႕ေက်ာင္းသူ ျဖစ္တာေၾကာင့္လား၊
သူတို႔အားလုံး သိခ်င္သြားၾကသည္။ သခင္မခ်န္းက ယခင္ဝမ္ေဖးကို ျမင္႐ုံမွ်သာျမင္ဖူးျခင္းျဖစ္သည္။ သူမအေပၚ ထင္ျမင္ခ်က္အနည္းငယ္မွ်သာ႐ွိ၏။ ထို႔ေၾကာင့္ လုေယာင္ေယာင္ကိုျမင္ေသာအခါ ရင္းႏွီးသလိုျဖစ္သည္ဟု ခံစားရ႐ုံမွ်သာျဖစ္ၿပီး ထူးထူးျခားျခား သတိရျခင္းမ်ိဳးမ႐ွိေပ။
“လုမိသားစုက ေကာင္မေလးေတြအားလုံးက လွလိုက္တာ၊ သခင္မႀကီးလု သခင္မႀကီးလုကေတာ့ တကယ္ကံေကာင္းတာပါပဲ”
နတ္ေဆးသမားေတာ္ ယဲ့က်န္း
အပိုင္း ၁၅မွ ၁၆၅ထိ
Kpay/Wave 3000က်ပ္
Ooredoo/Telenor/MPT 4000က်ပ္
Swae Nyoe Sales Channel တြင္ ယခုဝယ္ယူႏိုင္ပါၿပီ။
m.me/swaenyoesaleschannel