Omega အဖြစ်ကူးပြောင်းပြီးနောက...
By karryphyo
376K 39.7K 946
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kin... More
Description
Ch. 1
Ch. 2
Ch. 3
Ch 4.
Ch5 .
Ch6 .
Ch7.
Ch8.
Ch9.
Ch10.
Ch11.
Ch12.
Ch13.
Ch14.
Ch15.
Ch 16.
Ch17.
Ch18.
Ch. 19
Ch 20.1
Surprise 🤍🤍🤍
Ch 20.2
Ch 20.3
Ch 21
Ch 22
paid gp😍😘🤍🤍
Ch 23
Ch 24
Ch 25
Ch 26
Ch.27
Ch 28
Ch 29
Ch 30
Suprise🥳🥳
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54
Ch 55
Ch 56
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69
Ch 70
Ch 71
Ch 72
Ch 73
Ch 75
Ch 76
Ch 77
Ch 78
Ch 79
Ch 80
Ch 81
သီတင်းကျွတ် ပရိုမိုးရှင်း
Ch 82
Ch 83
Ch 84
Ch 85
Ch 86
Ch 87
ပရိုမိုးရှင်း
Ch 88
Ch 89,90
Ch 91
Ch 92, 93
Ch 94
Ch 95
Ch 96
Ch 97
Ch 98
Ch 99
Ch 100
Ch 101
Ch 102
Ch 103
Ch 104
Ch 105
Ch 106
Ch 107
Ch 108
Ch. 109
Ch 110
Ch 111
Ch 112
Ch 113
Ch 114
Ch 115
Ch 116
Ch 117
Ch 118
Ch 119
Ch 120
Ch 121
Ch 122
Ch 123
Ch 124
Ch 125
Ch 126(end)
Ch 74
1.2K 125 5
By karryphyo
ကိုယ့်ကိုထပ်နမ်းရင် စဉ်းစားပေးမယ်
Alpha များက နယ်မြေပိုင်ဆိုင်မှုနှင့် ပြိုင်ဆိုင်မှု အလွန်များပြီး သူတို့သည် သူတို့၏ နယ်မြေအတွင်းရှိ အခြားသော Alphaများကို လက်ခံလေ့မရှိချေ။  ရှဲ့ယွီနဲ့ ယန်ချုံးတို့က အတူကြီးပြင်းလာတာကြောင့်သာ ယန်ချုံးက သူ့ဘေးတွင်ရှိသောသူတစ်ယောက်အဖြစ် ဆက်ဆံသည်မှာ သဘာဝကျပါသည်။ ကျိရှင်းလန်က သူ့ကို ယန်ချုံး အတွက် သူ့ကို တိုက်ခိုက်လိုကြောင်း သူတွေ့လိုက်ရသောအခါတွင်တော့ သူ တုန်လှုပ်သွားလိမ့်မည် ။
ယန်ချုံးက  ထိုညက ကျိရှင်းလန်ကို နမ်းဖူးသူဖြစ်ကြောင်း ရှဲ့ယွီကို ပြောပြခြင်းအတွက် ရှက်ရွံ့စွာ ခံစားခဲ့ရသောကြောင့် ရှဲ့ယွီက သူ့ဘောစ့်နဲ့ ကျိရှင်းလန်တို့   မည်သို့မည်ပုံ ပေါင်းဖက်ခဲ့သည်ကို မသိနိုင်ပေ။
ယန်ချုံးက ခေါင်းငုံ့ပြီး ဘာမှပြန်မပြောဘဲ အနီရောင်ဖျော့ဖျော့က သူ့နားရွက်တွေကို အမြန်ဆေးဆိုးလိုက်ပါတယ်။
သူ့နောက်တွင် ကျိရှင်းလန်ရဲ့ နှုတ်ခမ်းများ အနည်းငယ် ကွေးသွားသည် ။  သူက ယန်ချုံး ပခုံးကို လက်တစ်ဖက်ဖြင့် ရစ်ပတ်ထားပြီး သူ၏ လှပသော မျက်လုံးထဲတွင် ရက်စက်မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။  သူက ရှဲ့ယွီကို စူးစူးဝါးဝါး စိုက်ကြည့်ကာ စိတ်အနှောင့်အယှက်ဖြစ်စေသော အကြည့်ကို ထုတ်ပေးလာသည်။
ယန်ချုံးက သူ့ကို သဘောကျတယ်ဆိုတဲ့အချက်ကြောင့်သာ မဟုတ်ရင် ရှဲ့ယွီက သူ့ကို တကယ်ပဲ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။
'ကောင်းပြီ၊ သူက ၁၈ စင်တီမီတာ ရှည်တယ်၊ ဘာလဲ၊  အဲ့လောက်ကြီးကြီးမားမားတော့မဟုတ်ပါဘူး...!  ဒါက တကယ်ကို ကြီးမားတဲ့ သဘောတူညီချက်တစ်ခုပဲ!'
ဒါကို သူတွေးပြီးတာနဲ့ ရှဲ့ယွီက မကျေမနပ်နဲ့ ပါးစပ်ပိတ်လိုက်တယ်။  သူ့ဒေါသကို ခံနိုင်ရည်ရှိသော်လည်း သူ့အမူအရာက ရလဒ်ကို လက်မခံနိုင်သေးကြောင်း ပြသပြီး ဒေါသတကြီး အော်ဟစ်ချင်နေခဲ့သည်။
ကောလဟာလတွေအရ သူ ၁၈ စင်တီမီတာရှည်ရင် ဘာမှမဖြစ်ပါဘူး။  ကောလဟာလတွေက အတုတွေ။ လီချန်းရန်မှာ ချစ်သူ 38 ယောက်ရှိပေမယ့် လူပျိုဖြစ်နေတုန်းပဲလို့ ကောလဟာလတွေ ထွက်နေပါတယ်။
မမြင်ရသရွေ့တော့ ထည့်မတွက်ပါဘူး!
ရှဲ့ယွီက အနည်းငယ်နောင်တရသည်ဟု ယူဆနိုင်သော်လည်း ကျိရှင်းလန် ရာထူးမှ ဆင်းဖို့ မရည်ရွယ်ခဲ့ပေ။
ကျိရှင်းလန်က ယန်ချုံးကို ပွေ့ဖက်ရင်း ငြိမ်သက်နေကာ သူ့ပါးစပ်ထောင့်များ ကွေးညွှတ်သွားပြီး ပယင်းရောင်မျက်လုံးများ တောက်ပြောင်နေသည်။  ကျိရှင်းလန်ရဲ့ ဆွဲဆောင်မှုရှိတဲ့အသံက သူ့(ယန်ချုံး)နားထဲရောက်ရှိလာသဖြင့် ကြောင်ကလေးက သူ့နားစည်ကို ခြစ်လိုက်သလို ခံစားလိုက်ရသည်။
"ဟေး ရှဲ့ယွီ မင်း ယန်ချုံးကို ဘောစ့်လို့ ခေါ်ပြီး ငါ့ကို ဘာမခေါ်ရတာလဲ? " ကျိရှင်းလန် မျက်လုံးများက အနည်းငယ်မှိတ်ထားကာ ယန်ချုံးရဲ့ ခွေးကလေး ရှဲ့ယွီကို ပြင်းထန်စွာ တစ်ချက်ကြည့်လိုက်သည်။
ရှဲ့ယွီ ဆံပင်များက တွန့်ကွေးနေပြီး အနီရောင်အစင်းကြောင်းနှစ်ခုက သူ၏ ပါးပြင်ပေါ်တွင် အစက်အပြောက်များထွက်နေသည်။  သေချာတာက သူ အတန်းထဲမှာ အိပ်နေပြန်တယ်။
ကျိရှင်းလန်;  'ဘာပဲဖြစ်ဖြစ် ငါ ယန်ချုံး နဲ့ အတူတူရှိနေတာပဲ ရှဲ့ယွီက  ငါ့အပေါ် ဒီလောက်မရက်စက်သင့်ဘူး။'
ထိုမေးခွန်းကိုကြားသောအခါ ရှဲ့ယွီက သူ့အိတ်ကပ်ထဲမှ ပီကေတစ်ပိုင်းကိုထုတ်ကာ ဖောက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။  တွေးတောင်မတွေးဘဲ သူ့ရှေ့က ချောမောသော Alphaကို သူ့ဆန္ဒအတိုင်း ဖြည့်ဆည်းပေးနိုင်အောင် တစ်စုံတစ်ရာကို မှုန်ဝါးဝါးပြောလိုက်သည်။  “ သခင်မလေး ”
"...ငါ မင်းကို ပြင်းပြင်းထန်ထန်ရိုက်နှက်ပြမယ်  " ကျိရှင်းလန်က လက်အောက်ငယ်သားအသစ်ကို ရုတ်တရက်ရရှိသောကြောင့် ရှုံးနိမ့်သွားသည်ဟု ခံစားခဲ့ရသည်။
ကျိရှင်းလန်ရဲ့ တံတောင်ဆစ်က သူ့ပခုံးပေါ်တွင် ရှိနေစဉ် ယန်ချုံး မျက်နှာပေါ်တွင် ထူးဆန်းသော အနီရောင် အနီစက်များ ပွင့်ထွက်လာသည်။
ရှဲ့ယွီက ပခုံးတွန့်လျက် ကျိရှင်းလန်ရဲ့ စူးရှသောအကြည့်ကို လျစ်လျူရှုလိုက်သည်။  သူက သံပုရာအရသာပီကေကို ကိုက်ကာ အိတ်ကပ်ထဲသို့ လက်ထည့်လျက် ထွက်လာခဲ့သည်။
သူ၏ terminal သည် ဘေးခန်းက စာသင်ခန်းလွတ်တွင် အချိန်တစ်ခုကြာအောင် အားသွင်းနေခဲ့ပြီး ယခုအခါ ၎င်းကို ပြန်ဖွင့်နိုင်ပြီဖြစ်သည်။
နောက်ဖေးတံခါးက လူမိုက်တစ်ယောက် ထွက်သွားတာကို သူမြင်လိုက်ရတော့ ကျိရှင်းလန်က အံဆွဲကို တိတ်တဆိတ် ဖွင့်လိုက်တယ်။
သို့သော် ယန်ချုံးက မိသားစုအတွင်း သူ၏ယောက်ျားပီသမှုကို ပထမဆုံးအကြိမ် အသိအမှတ်ပြုခံရသောကြောင့် အထူးစိတ်လှုပ်ရှားနေခဲ့သည်။  သူက ကျိရှင်းလန် ရဲ့နားနားကို ချဉ်းကပ်ပြီး ပြောလိုက်တယ် "ဟေး ရှဲ့ယွီက ပြောတယ် မင်းက -"
ယန်ချုံး စကားမဆုံးခင်  ကျိရှင်းလန်က စားပွဲအဖုံးကို သူ့ကာဗာအဖြစ်အသုံးပြုလိုက်ပြီး ယန်ချုံးရဲ့ကုပ်ပိုးကို ဖိလိုက်သည်။  ထို့နောက် ထိုးဖောက်နမ်းရှုံ့ခြင်းဖြင့် သူတို့၏ဆက်ဆံရေးတွင် သူ၏အဆင့်အတန်းကို သက်သေပြခဲ့သည်။
“…!”  ယန်ချုံးက အလွန်တုန်လှုပ်သွားပြီး နှလုံးခုန်ထွက်လုမတတ် ဖြစ်သွားသည်။  သူတို့ စာသင်ခန်းထဲမှာ ရှိနေခဲ့တာ!
ဒါပေမယ့် ခေါင်းလောင်းသံကြားရသည့်တိုင် ရှဲ့ယွီက  ပြန်မလာသေးပေ
ကျောင်းဆင်းချိန်နီးလာသောအခါတွင်လည်း ရှဲ့ယွီ  ထိုင်ခုံမှာ လွတ်နေသေးသည်။
"ရှဲ့ယွီ  ဘယ်မှာလဲ ?"  ယန်ချုံးက တိုးတိုးလေးပြောလိုက်သည်။
"ငါဘယ်လိုသိရမှာလဲ? "  ကျိရှင်းလန်က တကယ်တော့ သူမှမဟုတ်ဘဲ ယန်ချုံးရဲ့ မိုက်မဲသောလက်အောက်ငယ်သားအကြောင်းကို လုံးဝစိတ်မ၀င်စားပါ။  "သူက နိမ့်ကျလွန်းတယ်လို့ ခံစားရလို့ ပြန်လာဖို့ ရှက်နေတာနေမှာပေါ့ "
ယန်ချုံးက သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဒီပြဿနာကို လေးလေးနက်နက် စဉ်းစားပါတော့တယ်။
'…ဘယ်လိုမှမဖြစ်နိုင်ဘူး။  ရှဲ့ယွီက တကယ်ကို နိမ့်ကျလွန်းတယ်လို့ခံစားရပြီး သူ့နှလုံးသားထဲ ပိတ်မိနေတာလား? '
Alpha တွေက အလွန်မာနကြီးသည်။  သူတို့အတွက် သိက္ခာ ဆုံးရှုံးသွားခဲ့ရင် ဒါဟာ ထူးထူးခြားခြား ရှက်စရာကောင်းတဲ့ ကိစ္စပါ။
ရှဲ့ယွီရဲ့ ကျောပိုးအိတ်က ထိုင်ခုံပေါ်မှာ ချိတ်ဆွဲထားဆဲဖြစ်သည်။  ယန်ချုံး ဒီကောင်လေး မထွက်ခွာသေးကြောင်း သိတာကြောင့် သူ့ကို နှစ်သိမ့်ဖို့ စာတစ်စောင် ပေးပို့ခဲ့ပြီး သူ့ကို လှုံ့ဆော်နိုင်စေရန် ချော့မော့ခဲ့သည်။
[၁၅ စင်တီမီတာ က အရမ်းကောင်းနေပြီ။  မင်းက အံ့သြစရာပဲ။  တိုင်းပြည်မှာရှိတဲ့ အမျိုးသား ၉၉ ရာခိုင်နှုန်းကို မင်း အနိုင်ယူပြီးသွားပြီ။  စိတ်မကောင်းမဖြစ်ပါနဲ့။  ၁၅ စင်တီမီတာ ရှိတဲ့ Alpha က ဆိုးရွားတယ်လို့ Omegaက ထင်မှာမဟုတ်ပါဘူး ]
နှစ်သိမ့်မှုပြီးသည်နှင့် ရှဲ့ယွီက သူ့ကို ပြန်မဖြေလာသေးပေ။
သူ့ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် သူ့ကို ပိုပြီးနှစ်သိမ့်ပေးဖို့ ယန်ချုံးက ကျိရှင်းလန်ကို မတရားလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူက ကျိရှင်းလန်ကို တစ်ချက်ကြည့်လိုက်သည်။  သူဘာတွေလုပ်နေတယ်ဆိုတာကို သတိမထားမိတာကိုတွေ့တော့ ယန်ချုံးက အဲဒီစကားလုံးတွေနဲ့ chatbox ထဲကို မြန်မြန်ဝင်လိုက်တယ်။
[ငါ မင်းကို လျှို့ဝှက်စွာ ပြောပြပါရစေ။  အဲဒီအကြောင်းကို တခြားသူတွေကို မပြောနဲ့။  ကျိရှင်းလန်က အဲ့ကိစ္စနဲ့ ပတ်သက်လာရင် သိပ်ကောင်းတာမဟုတ်ဘူး။  အဲဒါဘာလဲ သိလား။  သူ့ကိုယ်သူ တန်ဖိုးနည်းနေမှာကို စိုးရိမ်လို့ ဘာမှ မပြောဖြစ်ပါဘူး။  ကိုယ့်ကိုယ်ကို သိမ်းထားပြီး တခြားသူတွေကို မပြောနဲ့ ဟုတ်ပြီလား]
ကျိရှင်းလန်နဲ့ ရှဲ့ယွီရဲ့ စိတ်ကျန်းမာရေးကို တစ်ချိန်တည်း ပြုစုစောင့်ရှောက်ရသည်မှာ တကယ်ပင် ပင်ပန်းလှသည်။  ယန်ချုံးက သူ့ကိုယ်သူ နှစ်ထပ်အေးဂျင့်တစ်ယောက်လို ခံစားခဲ့ရသည်။
မက်ဆေ့ချ်ပို့ပြီးသည်နှင့် ချက်မှတ်တမ်းကို ချက်ချင်းဖျက်ပစ်လိုက်သည်။
ဤပြဿနာကို ကောင်းစွာမဖြေရှင်းနိုင်ဘဲ ကျိရှင်းလန်က ၎င်းကို သိရှိသွားခဲ့ပါက ယန်ချုံးက သူ၏ စိတ်ကျန်းမာရေးကို အာမခံနိုင်မည်မဟုတ်ပေ။  ကျိရှင်းလန်က အမူအကျင့်ပျက်ပြားတဲ့သူတစ်ဦး ဖြစ်တာကြောင့် သူ့အပေါ်ကို အရုပ်အားလုံးကို အသုံးပြုပြီး ယန်ချုံးက သူ့ကိုမတောင်းပန်မချင်း  သေချင်သည်အထိ ညှဉ်းပန်းနှိပ်စက်ရန် မတွန့်ဆုတ်ပါ။
ယန်ချုံးက အလွန်အန္တရာယ်များသော တစ်ခုခုလုပ်ခြင်းဖြင့် သူ့ခင်ပွန်းကို သစ္စာဖောက်ခဲ့ပြီးဖြစ်သော်လည်း ရှဲ့ယွီက  အကြောင်းမပြန်လာသေးပေ။
'တကယ့်ကို ထူးဆန်းပါတယ်'
'ကျောင်းဆင်းရင် ငါသွားကြည့်ရမယ် ' ယန်ချုံး တွေးလိုက်သည်။
ကျောင်းဆင်းသွားတော့လည်း ရှဲ့ယွီရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးပါဘူး။  ရုတ်တရက် ပိုင်ယွမ်ယွမ်က  ထိတ်လန့်တကြား ပြေးလာခဲ့တယ်။  သူမက ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု အခကြေးငွေများနှင့် အစီရင်ခံစာများ လွှဲပြောင်းပေးဖို့ ကျောင်းသား ရေးရာရုံး သွားဖို့ တာဝန်ရှိသည်ဟု ယူဆရသော်လည်း ယခုအချိန်တွင် သူမ စိတ်ရှုပ်နေပုံရသည်။  ယန်ချုံးက ဘာဖြစ်သွားမှန်း မသိဘူး ။
သူမမှာ ပြောစရာရှိမှန်း သိလိုက်ရတော့ သူက ခပ်မြန်မြန် ထိန်းလိုက်တယ်။  "ဘာမှားနေလို့လဲ ?"
"သ-သတင်းဆိုး!"  ပိုင်ယွမ်ယွမ်က လက်တွေ့မှာ တစ်ခါမှ မလေ့ကျင့်ခဲ့ဘူး၊ ဒါကြောင့် သုံးထပ်ကို ပြေးတက်ပြီးရင် သူမ အသက်ရှုကြပ်သွားတယ်။  "အဲဒီငတုံးကောင် ရှဲ့ယွီကို မစ္စတာ ရန်က ဖမ်းလိုက်ပြီ "
ယန်ချုံး တောင့်ခဲသွားသည်။
“ မစ္စတာ ရန်”ဆိုတဲ့နာမည်ကိုကြားတော့ ယန်ချုံးပထမဆုံးတွေးလိုက်မိတာက ရှဲ့ယွီချိန်းတွေ့တာကို မိသွားတယ်ဆိုတာပဲ။
ဒါပေမယ့် ချိန်းတွေ့တာ ?  ရှဲ့ယွီကလား ?  ဒါ မဖြစ်နိုင်ဘူး။
“ ဘာတွေဖြစ်နေတာလဲ?”ယန်ချုံး သူမကို မေးလိုက်သည်။
“ငါလည်းမသိဘူး” ပိုင်ယွမ်ယွမ်က သူမရဲ့လက်ကို ဝှေ့ယမ်းပြီး ဆက်ပြောလိုက်တယ်“ဒါပေမယ့် Mr. ရန် က သူ့ကိုပြစ်ချက်အမှတ်တွေ ပေးချင်နေတယ်လို့တော့ ကြားတယ်”
ယန်ချုံးက ကျိရှင်းလန်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို သနားစရာကောင်းတဲ့ပုံစံနဲ့ ကြည့်လိုက်သည်။
“အ...အကိုဝမ်းကွဲ၊ ငါ့ကိုကူညီပါနော်။  ရှဲ့ယွီက ငါ့သူငယ်ချင်းမလို့ပါ ”
ကျိရှင်းလန် စိတ်ရှုပ်သွားသည်။
ပိုင်ယွမ်ယွမ်က ဒါကိုမြင်လိုက်တဲ့အခါ သူမရဲ့ နားထင်တွေ တုန်ခါလာသလို ခံစားလိုက်ရပြီး စိတ်ဆိုးသည့်အသံဖြင့်ပြောလိုက်သည်။ “ငါတို့ ဒီအချက်ထိရောက်နေပြီဖြစ်တဲ့ အချိန်မျိုးမှာ နင့်ရဲ့ လုပ်ရပ်ကို ရပ်တန့်ပေးလို့ရနိုင်မလား?”
ယန်ချုံးက  ကျိရှင်းလန် အား အပူကပ်နေတာကို အဆုံးမသတ်ဘဲ သူ့ကို ဆွဲခေါ်သွားတော့တယ်။ မစ္စတာရန်က သူ့(ကျိရှင်းလန်)ကို လေးစားမှု တစ်ခုခုပြမယ်ဆိုတာ သူသိတယ်။
  ဒါပေမယ့် ကျိရှင်းလန်က ရှဲ့ယွီ နဲ့ အခုလေးတင် ငြင်းခုံထားပြီး ယန်ချုံးနဲ့အလုပ်အတူတွဲလုပ်ဖို့ ငြင်းဆိုလိမ့်မယ်လို့ သူမျှော်လင့်မထားခဲ့ပါဘူး။  သူက အရှက်မဲ့စွာ ပြုမူလိုက်ပြီး “ဒါဆို ကိုယ့်ကို နမ်း” ဟုဆိုလိုက်သည်။
“ မင်းကိုနမ်းရမယ် ငါ့ခြေထောက်ကြီးပဲရမယ် !”  ယန်ချုံးက ဒေါသတကြီးနဲ့ပြောလိုက်သည်။ “ပြီးခဲ့တုန်းက ရှဲ့ယွီအပြစ်ပေးခံလိုက်ရတာက မင်းကြောင့်ပဲ!”
 တကယ်တော့  ယန်ချုံး တခြားကျောင်းက ကျောင်းသားတွေကို တိုက်ခိုက်ခဲ့တဲ့ အချိန် ဟိုးအရင်တုန်းက  ကျိရှင်းလန်က ဒါကိုအစီရင်ခံစာတင်ခဲ့တဲ့သူဖြစ်ပြီး အဲ့တာကြောင့်နဲ့ သူနဲ့ သူ့သူငယ်ချင်းတွေ အားလုံး အပြစ်ပေးခံခဲ့ရပါတယ်။
ကျိရှင်းလန်က ယန်ချုံး၏ ပြစ်ချက်အမှတ်များကို Mr. ရန် အား ရှင်းပြပြီးနောက် ဖယ်ရှားလိုက်သော်လည်း အခြားသူများ၏ ပြစ်ချက်အမှတ်များကိုတော့ မဖယ်ရှားနိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ယန်ချုံး ထိုအချိန်က ကျိရှင်းလန် တောင်းပန်မှုကို ပြန်ပြီးလက်မခံခဲ့ပေ။
“ကောင်းပြီ အဲ့တာကကိုယ့်အမှားပါ ”  ကျိရှင်းလန်က အတိတ်က အဖြစ်အပျက်များအတွက် အနည်းငယ် နောင်တရနေသေးသည်။ ဆိုးသွမ်းသူအုပ်စုက အခြားလူများကို အနိုင်ကျင့်နေသည်ဟု သူထင်ခဲ့မိသည်။  ယန်ချုံးက ဆိုးသွမ်းတဲ့သူလို ဖြစ်နေသော်လည်း အကျင့်သီလပြည့်ဝလိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ပေ။
သူကြိုက်တဲ့ယောက်ျားက သူမျှော်လင့်ထားသလိုပါပဲ 
 ယန်ချုံး စိတ်ကောက်သွားပြီး အတိတ်က ကျိရှင်းလန် ဟာ လူ့အဖွဲ့အစည်းရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်း မခံဖူးသူတစ်ယောက်လို့ ခံစားလိုက်ရတယ်။  သူသာ ယဉ်ကျေးသောလူမဟုတ်ခဲ့ပါက ယန်ချုံးက သူ့ကို မျက်နှာကျက်ပေါ်မှာတွဲလောင်းဆွဲထားပြီး ရိုက်ပစ်လိမ့်မည်။
သူ့ရှေ့က အရပ်ရှည်ပြီး ချောမောတဲ့ Alphaကို စိုက်ကြည့်ရင်း ယန်ချုံး သက်ပြင်းချလိုက်တယ်။
  'ထားလိုက်တော့ ။ ဒါကအိပ်မက်ထဲမှာပဲလို့ တွေးလိုက်မယ်။သူ့ဘဝမှာ စားပွဲတွေကိုလှည့်ပြီး တာဝန်ယူဖို့ ဘယ်တော့မှ အခွင့်အရေးရမှာ မဟုတ်ဘူး '
ယန်ချုံးက ရှဲ့ယွီကို ကယ်တင်ရန် အောက်ထပ်သို့ အမြန်ဆင်းခဲ့သော်လည်း ကျောင်းသားရေးရာဌာနရဲ့တံခါးသို့ မရောက်မီ အဝေးမှ တစ်စုံတစ်ယောက်ကို Mr. ရန် အော်လိုက်တဲ့အသံကို ကြားလိုက်ရသည်။
ကံကောင်းထောက်မစွာ၊ မစ္စတာ ရန်က ကျိရှင်းလန် အား လေးစားမှုအချို့ပြသခဲ့သည်။  ယန်ချုံးက ကျိရှင်းလန် ၏ဂုဏ်သိက္ခာနှင့် စွမ်းအားများကို ငှားရမ်းခဲ့ပြီး ကျိရှင်းလန် ယန်ချုံး၏နောက်ဘက်တွင်ရပ်နေစဥ်မှာ Mr. ရန် နှင့် ညှိနှိုင်းခဲ့သည်။
ရှဲ့ယွီ အမှားလုပ်မိတာက ဒါပထမဆုံးအကြိမ်ဖြစ်တာကို Mr .ရန် တွေ့လိုက်မိတဲ့အတွက် သူ့အမှားကို ပြန်သုံးသပ်ဖို့အတွက် အိမ်ပြန်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး အဲ့နောက်မှသာ သူ့ကို လွှတ်ပေးလိုက်တယ်။
ကျောင်းသားရေးရာဌာနမှ ထွက်လာသည့်အခိုက်တွင် ယန်ချုံးက ရှဲ့ယွီ၏ကျောကို ရိုက်လိုက်သည်။  “ဒီအချိန်​မှာ မင်းဘယ်​စည်းကမ်းကို ချိုးဖောက်လိုက်​တာလဲ?”
သူနှင့် ရှဲ့ယွီတို့သည် မစ္စတာရန်၏နေရာတွင် မကြာခဏရောက်လာတတ်တဲ့ ဧည့်သည်များဖြစ်ကြသည်။ အရင်ချိန်က ယန်ချုံးအနေနဲ့ စာသင်နှစ်တိုင်း ကျောင်းသားရေးရာဌာနတွင် အတွေ့ရအများဆုံး ကျောင်းသားဖြစ်သော်လည်း သူပျောက်ကွယ်သွားပြီးနောက် ရှဲ့ယွီက သူ့နေရာကို အစားထိုးခဲ့သည်။
 အများအားဖြင့်၊ မစ္စတာရန်က ကျောင်းမြေကို တံမြတ်စည်းလှည်းခိုင်းခြင်း သို့မဟုတ် သုံးသပ်တဲ့အစီရင်ခံစာတစ်စောင် ရေးခိုင်းခြင်းဖြင့် သူတို့ကို အပြစ်ပေးလေ့ရှိသည်။  သို့သော်လည်း ရှဲ့ယွီက ယခုတစ်ကြိမ်တွင် မစ္စတာရန်၏ မြေမြှုပ်မိုင်းကို နင်းမိသွားပုံရပြီး ပြစ်ချက်အမှတ်တွေကိုလက်ခံဖို့ဖြစ်လာပြီး —ပိုမိုပြင်းထန်သော ပြစ်ဒဏ်ကို ခံရတော့မည်ဖြစ်သည်။
ယန်ချုံးက ယခုအချိန်တွင် ပို၍ပင် စူးစမ်းနေခဲ့သည်။  “မင်းဘာလုပ်ခဲ့တာလဲ?”
  “ရိုးရိုးသားသားပြောရရင် ဘာမှမဟုတ်ပါဘူး”  ရှဲ့ယွီက နှာခေါင်းကို ပွတ်သပ်လိုက်သည်။
ဒီအကြောင်း သူပြောပြရတာကို နောင်တရမိပေမယ့် အားသွင်းဖို့ သူ့terminalကို တစ်ဖက်ကစာသင်ခန်းထဲမှာ ဝှက်ထားလိုက်တဲ့အခါ ဉာဏ်နီဉာဏ်နက်များတဲ့မစ္စတာ ရန်က အဲ့တာကို သိမ်းလိုက်တယ်။
မစ္စတာရန်က မှတ်စုလေးတောင် ထားခဲ့တယ်။  [ကျောင်းသား၊ မင်းရဲ့terminalကို ကျောင်းသားရေးရာဌာနက သိမ်းလိုက်ပြီ <3]
ပြီးတော့ အရူးကောင် ရှဲ့ယွီက သူ့ဖုန်းကို ပြန်ယူဖို့သွားခဲ့တယ်။  ဒါပေမယ့် မစ္စတာရန်က သူ့ဖုန်းကို ပြန်မပေးတဲ့အပြင် ဒေါသူပုန်ထပြီး သူ့ကိုဆုံးမတဲ့အပြင် ပြစ်ချက်အမှတ်တွေ ပေးချင်နေတာ။
“  မင်းက အအပဲ ” ယန်ချုံး ကြောင်အသွားသည်။ သူကတောက်ခေါက်လိုက်ပြီး “မင်းရဲ့ terminalကို မင်းဆီပြန်ပေးလိုက်လား?”
“ပေးလိုက်တယ် ”  ရှဲ့ယွီက သူ့လက်ကောက်ဝတ်ကို ဝှေ့ယမ်းပြလိုက်သည်။
ယန်ချုံး ခေါင်းညိတ်လိုက်သည်။ အဲ့တာက မစ္စတာရန်လက်ထဲမှာ မရှိသရွေ့တော့ အဆင်ပြေပါတယ်။  “ဒါပေမယ့် စည်းကမ်းဖောက်ဖျက်ပြီး terminalကို ကျောင်းကိုယူလာတဲ့အတွက်တော့ မင်းကိုပြစ်ချက်အမှတ်တွေ မပေးသင့်ပါဘူး”
“ဘယ်ဟုတ်ပါ့မလဲ”  ရှဲ့ယွီက မျက်နှာရှည်ကြီးကို ဆွဲလိုက်သည်။ “အဓိကအချက်ကတော့ကွာ ငါက ကျောင်းအုပ်ဆရာကြီးရဲ့ ဆံပင်တုပြုတ်ကျနေတဲ့ပုံကို ဖြန့်တဲ့သူလို့ မစ္စတာရန်က ထင်နေတာ”
“မင်း?”
“ အဲ့တာ ငါမဟုတ်ဘူး” ရှဲ့ယွီ အမြန်ရှင်းပြလိုက်သည်။ “ ငါကအဲ့ပုံကို ငါ့ရဲ့screensaver(wallpaper)အဖြစ်ထားလိုက်တာ”
“ What the heck...?  ဒီလိုပုံမျိုးကို screensaverအဖြစ် ဘာကြောင့်သုံးရတာလဲ? ”ယန်ချုံးက ရှဲ့ယွီ၏ အရသာကို မေးခွန်းထုတ်ရင်း သူ့ကို ထူးဆန်းစွာ ကြည့်နေသည်။  “မင်း သူ့နာမည်ကိုသုံးပြီး အစားအသောက်တွေမှာဖို့သုံးခဲ့တယ် ပြီးတော့ သူ့ရဲ့ပုံကို မင်းရဲ့ screensaver အဖြစ်လည်း သုံးတယ်.....မင်း ကျောင်းအုပ်ကြီးကို  ဒါမှမဟုတ် တစ်ခုခုကို ကြိတ်ပြီးကြိုက်နေတာလား...?"
“Bah!”ရှဲ့ယွီ ခေါင်းကို အမြန်ခါလိုက်တဲ့ပုံစံက ခေါင်းတောင်ပြုတ်ထွက်သွားတော့မလိုပဲ ။ “ဘော့စ် ၊ ကျေးဇူးပြုပြီး ငါ့ကို မကစားပါနဲ့” လို့ တောင်းပန်လိုက်တယ်။
  သူတို့ကျောင်းဂိတ်တံခါးမှ ထွက်လာသောအခါ ရှဲ့ယွီက မဝံ့မရဲ လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်သည်။သူလုပ်နေကျအတိုင်း အိမ်ပြန်ဖို့ လမ်းကိုကူးပြီး ဘတ်စ်ကားစီးတာကိုမလုပ်ဘူး။
ယန်ချုံးက သူ့ကိုအကြောင်းပြချက်တောင်းတဲ့အခါ ရှဲ့ယွီ က မှုန်ကုပ်ကုပ်နဲ့ သူ့အမေ သူ့ကိုအော်မှာကို စိုးရိမ်တာကြောင့် အိမ်မပြန်ရဲဘူးလို့ ပြောခဲ့ပါတယ်။
ရှဲ့ယွီရဲ့အမေက ဘယ်လောက် ရက်စက်သလဲဆိုတာကို ယန်ချုံးသိတယ် ပြီးတော့ ရှဲ့ယွီကို မထားခဲ့နိုင်ကြောင်းကိုလည်း သူသိသည်။  ထို့ကြောင့် သူက သနားစရာကောင်းသော ရှဲ့ယွီကို အိမ်သို့ခေါ်သွားရန် စဉ်းစားခဲ့သည်။  ဒါပေမယ့် ကျိရှင်းလန်နဲ့ ဒီအကြောင်းပြောဖို့ သူ့ခေါင်းကို လှည့်လိုက်တော့ ကျိရှင်းလန်က သူ့ကို ဘာမှ မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့တယ်။ ယန်ချုံးကပဲ သူ့ကို ပြစ်မှားနေသလို သူ့ပုံစံက အလွန်သနားစရာကောင်းတဲ့ပုံပေါက်နေသည်။
သူတို့နှစ်ယောက်အတူတူရှိကြတဲ့ အချိန်ကအရမ်းနည်းလွန်းတာကို ယန်ချုံးက ဘာလို့ ရှဲ့ယွီကို အိမ်ခေါ်လာချင်ရတာလဲ?
စိတ်လျှော့လိုက်ပြီး ယန်ချုံးက  ခြေဖျားထောက်၍ရပ်ကာ သူ့ရဲ့မျက်နှာသာရရှိဖို့ သူ့ကို နမ်းလိုက်သည်။ “please? တစ်ရက်တည်းပဲလေ?”လို့ပြောလိုက်သည်။
ကျိရှင်းလန် နှုတ်ခမ်းစူလိုက်သည်။  ကျိရှင်းလန်က ကျောရိုးမရှိသောလူတစ်ယောက်ကဲ့သို့ ယန်ချုံးရဲ့အနီးသို့ကပ်လာသည်ကို ရုတ်တရက်မြင်လိုက်ရသောအခါတွင် သူ့တောင်းဆိုမှုကို ငြင်းဆန်ပြီး အရာအားလုံးကို ချောချောမွေ့မွေ့ဖြစ်စေလိုသည်ဟု ယန်ချုံး တွေးလိုက်သည်။ သူက ဂုဏ်ယူစွာဖြင့် “ကိုယ့်ကိုထပ်နမ်း ဒါဆိုရင် ကိုယ်စဉ်းစားကြည့်ပေးမယ် ”လို့ပြောလိုက်သည်။
 .....
T/N 1 :အနောက်နိုင်ငံကကျောင်းတွေမှာ ပြစ်ချက်အမှတ်တွေ ရှိတာလား?
T/N 2 : ငါ လည်းရှဲ့ယွီ ရဲ့အရသာကို မေးခွန်းထုတ်နေတယ်။ဆရာ့ဓာတ်ပုံကို screensaverအဖြစ် ဘယ်သူထားသေး လဲ???
T/N 1: ရှဲ့ယွီ :V 
ပြစ်ချက်အမှတ်လား?  ဒါပေမယ့် ရှဲ့ယွီက သူနောက်ဆုံးအကြိမ်တုန်းက ရှုံးခဲ့တဲ့သူတွေကိုကာဗာလုပ်ပေးဖို့ လုံလောက်တဲ့ ကောင်းမွန်တဲ့အမှတ်တွေတောင် မရခဲ့ဘူး။ တကယ်လို့ သူနောက်ထပ် အပြစ်အနာဆာအမှတ်တွေထပ်ရရင် သူနှင်ထုတ်ခံရမှာ။
ဒါကို သူ နောက်ထပ်အချိန်မဆွဲနိုင်တော့ဘူး! သူ့ကိုသွားပြီးကယ်တင်မှရမယ်!
💙17.7.2022
Continue Reading
You'll Also Like
618K 15.4K 77
534K 63.5K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
678K 31K 46
နှလုံးသားထဲဝင်ကြည့်ချိန်ရောက်ပီ နှလုံးသားထဲပန်းရောင်လေးတွေတွေ့လား အဲ့ဒါအချစ်တွေ သိမ်မွေ့နူးညံ့တဲ့အချစ်တွေအေးမြတဲ့အချစ်တွေမြင်ကြည့်ပါ... ကြည့်ပါ.....စ...
334K 8.5K 53
ក្មេងក្រោមអាយុ18ឆ្នាំហាមចូលអាន តែបើចង់អានក៏ចូលអានទៅ សុំទោសចំពោះពាក្យណាដែលមិនសមរម្យ បើមិនពេញចិត្ត អូសរំលងចុះ ហាមខមិនអ្វីប៉ះពាល់ដល់អ្នកសរសេរ👌 ...