'ဘာမှမရှိဘူး။ရှင်အမြင်မှားတာနေမှာ' စုရန်ပြုံးပြီးခေါင်းခါပြလိုက်တယ်။
'ကိုယ်တွေ့သွားတယ်' စုန့်ထင်ယွီသူမလိမ်တာကိုဖော်လိုက်တယ်။
'ရှင်ကတယ်အမြင်မှားတာပါဆို'
စုန့်ထင်ယွီလဲဆက်မပြောတော့ဘဲသူမခါးကိုဖက်လိုက်ပြီးသူမအင်္ကျီအိတ်ထဲကိုနှိုက်မလို့လုပ်လိုက်ပေမယ့်စုရန်တားလိုက်တယ်။စုရန်သူ့လက်မောင်းကိုကိုင်ထားလိုက်ပြီးစကားလမ်းကြောင်းလွှဲလိုက်တယ်: 'ကျွန်မရှင့်ကိုပြောစရာရှိတယ်'
'ဘာပြောမလို့လဲ?' စုန့်ထင်ယွီစောစောတုန်းကကိစ္စမှာဘဲအာရုံရောက်နေတော့သူမပြောတာကိုစိတ်ထဲသိပ်မရောက်ဘူးဖြစ်နေတယ်။
'ဒီနေ့ကျွန်မထျန်မီနဲ့နေ့လည်စာစားနေတုန်းအကိုဒုန့်ချန်နဲ့တွေ့ခဲ့တယ်'
'ပြီးတော့ရော?'
'ပြီးတော့...' စုရန်ပြုံးလိုက်ပြီး: 'သူတို့တစ်ယောက်ကိုတစ်ယောက်စိတ်ဝင်စားနေကြတဲ့ပုံဘဲ...'
'ဟုတ်လား?' စုန့်ထင်ယွီနောက်ဆုံးတော့စိတ်ပြောင်းသွားပြီး စုရန်ကိုကြည့်လိုက်ကာ: 'ကိုယ့်အကိုကထျန်မီကိုကြိုက်နေတာလား?'
'ရှင်ဘယ်လိုလေသံနဲ့ပြောလိုက်တာလဲ?သူထျန်မီကြိုက်တော့ဘာဖြစ်လို့လဲ?ထျန်မီကမကောင်းလို့လား?'
စုရန်ပုံစံကိုကြည့်ပြီးစုန့်ထင်ယွီအမြန်ပြုံးလိုက်ကာ: 'ကိုယ်အဲ့လိုမျိုးဆိုလိုတာမဟုတ်ပါဘူး။သူအဲ့ဒီကိစ္စဖြစ်ပြီးကတည်းကမိန်းကလေးတွေနဲ့သိပ်ပြီးစကားမပြောတော့လို့ပါ။ဒီနှစ်တွေမှာသူတစ်ခါမှရည်းစားမထားဖူးဘူး။အဲ့ဒါကြောင့်မင်းပြောလိုက်တော့ကိုယ်ထူးဆန်းတယ်လို့ခံစားသွားရလို့ပါ...'
'အဲ့ဒီကိစ္စကဘာလဲ?' ကုဒုန့်ချန်မှာလျှို့ဝှက်ချက်ရှိလိမ့်မယ်လို့စုရန်မထင်ထားဘူး။ထျန်မီနဲ့ပတ်သက်တော့မှာဆိုတော့ ဘာကိစ္စလဲဆိုတာကိုသူမလဲသိထားသင့်တယ်လို့ထင်တယ်။
စုန့်ထင်ယွီမျက်လုံးတွေတမျိုးပြောင်းသွားကာ သူမပုခုံးကိုဖက်ထားတာကိုလွှတ်ပေးလိုက်ပြီး ဆိုဖာအနောက်ကိုမှီလိုက်ကာ: 'အဲ့ဒီနှစ်တုန်းကအကို့မှာရည်းစားတစ်ယောက်ရှိခဲ့တယ်။အဲ့ဒါကသူ့အချစ်ဦးဘဲ။
နောက်တော့သူတို့နှစ်ယောက်ကိုအဖွားကခွဲလိုက်တယ်။အဲ့ဒါပြီးတော့အဲ့ဒီမိန်းကလေးကတံတားပေါ်ကနေခုန်ချပြီးသူ့ကိုယ်သူသတ်သေသွားတယ်....'
ဒီလိုမျိုးကိစ္စရှိလိမ့်မယ်လို့စုရန်မထင်ထားဘူး။
သူမအကြာကြီးအံ့ဩနေပြီးမှ: 'ဘာလို့အဲ့ဒီတုန်းကအဖွားကသူတို့နှစ်ယောက်ကိုခွဲရတာလဲ?မိန်းကလေးရဲ့မိသားစုနောက်ခံကြောင့်လား....'
'မဟုတ်ဘူး' စုန့်ထင်ယွီနက်ခ်တိုင်ကိုဖြုတ်လိုက်ပြီး: 'အဲ့ဒီတုန်းကသူအသက်နှစ်ဆယ်ဘဲရှိသေးတယ်။သူမနဲ့ကတက္ကသိုလ်မှာတွေ့ကြတာ။ကိုယ်က၁၀သားဘဲရှိသေးတာ။ကိုယ်လဲသိပ်တော့မမှတ်မိဘူး။တစ်ခါအဖွားပြောတာကြားတာကတော့အဲ့ဒီမိန်းကလေးကအကို့အပေါ်ကိုစိတ်ရင်းနဲ့မချစ်ဘဲတခြားရည်ရွယချက်ရှိလို့တဲ့'
'ဒါပေမယ့်အဲ့ဒီမိန်းကလေးကတံတားပေါ်ကနေခုန်ချပြီးသတ်သေသွားတယ်လေ'
စုန့်ထင်ယွီပုခုံးတွန့်လိုက်ကာ: 'ကိုယ်လဲသေချာမသိဘူး။အဲ့ဒါပြီးတော့ကိုယ့်အကိုရောဂါကြီးကြီးမားမားဖြစ်ပြီးသေတော့မလို့။နေ့တိုင်းအဖွားကသူ့ဘေးမှာပြုစုပေးခဲ့တာ။သူပြန်လဲကောင်းသွားရောအဲ့ဒီမိန်းကလေးအကြောင်းကိုထပ်မပြောတော့ဘူး။ဒီဆယ်နှစ်အတွင်းမှာ သူ့ဘေးမှာဘယ်မိန်းကလေးမှမရှိခဲ့ဘူး။အခုထိဘဲ....'
သူပြောပြီးစုရန်ဘက်ကိုလှည့်လိုက်ကာ: 'သူသာထျန်မီကိုတကယ်သဘောကျရင် အဖွားကတော့ပျော်သွားမှာဘဲ'
ကုဒုန့်ချန်ကိစ္စနဲ့ပတ်သက်ပြီးစုရန်တစ်ခါမှလဲမကြားဖူး သူနဲ့လဲတစ်ယောက်တည်းတစ်ခါမှမတွေ့ဖူးတော့ ကုဒုန့်ချန်ရဲ့တကယ့်အခြေအနေကိုသူမမသိဘူး။ဖြစ်ခဲ့တာကလဲဆယ်နှစ်တောင်ကြာပြီဆိုတော့ သူမကောက်ချက်ချလို့လဲမရဘူး။လူတွေကအတိတ်ကိုအတိတ်မှာဘဲထားခဲ့ပြီးအနာဂတ်ကိုရှေ့ဆက်သင့်တယ်လေ။
စုန့်ထင်ယွီပြောသလိုမျိုးသူသာထျန်မီကိုတကယ်သဘောကျရင်မကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။
စုရန်တွေးနေတုန်းသူမလက်ကိုသူကိုင်လိုက်ပြီး သူမလက်ချောင်းလေးတွေကိုကြည့်ကာ: 'ဘာလို့မင်းလက်မှာဒဏ်ရာတွေအများကြီးရှိနေတာလဲ?'
စုရန်လဲသတိပြန်ဝင်လာပြီးသူမရဲ့ဘယ်လက်ကိုကြည့်လိုက်တယ်။အပ်ထိုးခံထိထားတာကြောင့်ဆိုတော့ သူမလက်ကိုမြန်မြန်ပြန်ရုတ်လိုက်ပြီး: 'ရပါတယ်။မနာပါဘူး...'
'ဒဏ်ရာရှိနေရင်နာနေမှာမဟုတ်လား?'
စုရန်ခေါင်းညိတ်ပြလိုက်တယ်။
'မင်းဘာတွေလုပ်နေတာလဲ?' စုန့်ထင်ယွီသူမလက်ကိုဘဲကြည့်နေပြီး: 'ဒဏ်ရာဖြစ်ရင်ပတ်တီးစီးဖို့မလိုဘူးလား?ပတ်တီးစီးထားရင်ကိုယ်ကဘယ်လိုလုပ်ရမလဲ?'
ပထမတော့သူပြောချင်တာကိုစုရန်လဲနားမလည်ဘူး။နောက်သေချာစဉ်းစားပြီးတော့မှသဘောပေါက်သွားပြီးရှက်သွားကာ: 'ကျွန်မကညာလက်ကိုသုံးတာလေ။ဘယ်လက်မှမဟုတ်တာ'
'မရဘူး' စုန့်ထင်ယွီအဓိပ္ပါယ်ရှိရှိပြုံးလိုက်ကာ: 'မင်းလက်နှစ်ဖက်လုံးကိုသုံးရမှာ'
စုရန်ဒီလိုတည့်ပြောတတ်တဲ့လူကိုယှဉ်မပြောနိုင်ဘူးဆိုတာကိုသိတော့ သူနဲ့ဒီမကြောင်းဆက်မပြောချင်တော့တာနဲ့သူ့လက်ကိုရိုက်လိုက်ပြီး: 'ကျွန်မအိပ်ချင်နေပြီ။ရှင်ရေသွားချိုးတော့'
သူမပြောပြီးတော့အိပ်ယာပေါ်ကိုသွားလိုက်တယ်။သူမအိပ်ယာပေါ်မှာလှဲပြီးခဏကြာတော့စုန့်ထင်ယွီပြောတာကိုကြားလိုက်ရတယ်: 'သုံးလတောင်ရှိနေပြီကို ကိုယ်ကဘာလို့ဒီနည်းဘဲအမြဲသုံးနေရမှာလဲ?'
စုရန်သူပြောတာကိုဂရုမစိုက်တော့ဘူး။သူမဘေးမှာသူလာထိုင်ပြီးကိုယ်ဝန်ဆေးစစ်ထားတဲ့မှတ်တမ်းအသစ်ကိုကြည့်ကာ: 'ကိုယ်တို့သမီးကသုံးလတောင်ရှိနေပြီ'
'ဟုတ်တယ်လေ' ပြီးခဲ့တဲ့နှစ်ရက်တုန်းကဆေးစစ်တော့သူလဲသွားခဲ့တာဘဲကို။
စုန့်ထင်ယွီမျက်နှာချက်ချင်းအရောင်လက်သွားပြီး သူမပါးလေးကိုပွတ်ပေးလိုက်ကာ: 'သုံးလရှိပြီဆိုတော့....'
သူစကားကိုတမင်တကာနှေးနှေးလေးပြောလိုက်တယ်။
စုရန်သူ့လုပ်ရပ်ကြောင့်စိတ်လှုပ်ရှားသွားပေမယ့် သူ့စကားကိုတော့နားမလည်ဘူး။
သူပြုံးပြီးသူမပုခုံးကိုကိုင်လိုက်ကာ: 'မင်းဆရာဝန်စကားကိုမမှတ်မိဘူးလား?သုံးလပြီးရင်ကိုယ်တို့....'
စုရန်သူပြောချင်တာကိုနားလည်သွားတော့သူမအနားကိုမကပ်လာရအောင်သူ့ရင်ဘက်ကိုတွန်းလိုက်ကာ: 'မရဘူး'
စုန့်ထင်ယွီမကျေနပ်ဘဲ: 'ဘာလို့မရတာလဲ?သုံးလပြည့်ရင်ရပြီလို့ဆရာဝန်ပြောထားတယ်လေ။မင်းကိုယ့်ကိုအောင့်ထားတာကြာပြီးသေစေချင်လို့လား?ဘယ်လောက်ကြာကြာမင်းကိုယ့်ကိုအောင့်ခိုင်းထားမှာလဲ?မင်းတကယ်ဘဲကလေးမွေးတဲ့အထိစောင့်ခိုင်းမှာတော့မဟုတ်ပါဘူးနော်?'
စုရန်ရှက်နေပြီး: 'ကျွန်မလဲရှင့်ကိုမအောင့်ခိုင်းထားပါဘူး ဟုတ်ပြီလား?စုန့်ထင်ယွီ ရှင့်ခေါင်းထဲမှာအမြဲအဲ့ဒါကိုဘဲတွေးနေတာလား?'
'မင်းကိုယ့်ကိုအပြစ်တင်လို့မရဘူး'
'ဟုတ်တယ်' စုရန်ခေါင်းညိတ်လိုက်ပြီး: 'ကျွန်မကိုဘဲအပြစ်တင်တော့။အဲ့ဒါကြောင့်ကျွန်မတို့အခန်းခွဲပြီးအိပ်ကြရအောင်။ဒါမှလုံခြုံမှာ...'
စုရန်စကားမဆုံးခင်မှာဘဲ သူမအိပ်ယာပေါ်မှာအဖိခံလိုက်ရပြီး: 'အဲ့ဒီစကားကိုမင်းထပ်မပြောနဲ့။ထပ်ပြောရင်အနာဂတ်မှာမင်းကိုကိုယ်ဘယ်လိုလုပ်မလဲဆိုတာကြည့်လိုက်'
သူပြောပြီးသူမညှပ်ရိုးကိုငုံ့နမ်းလိုက်ကာ: 'စုရန် နည်းပြောင်းရအောင်?ဘယ်လိုလဲ?'
စုရန်သူ့ကိုကျောခိုင်းလိုက်ပြီးပြောလိုက်တယ်: 'အိပ်ကြရအောင်။ရှင်အိပ်ပျော်သွားရင်မဟုတ်တာတွေကိုတွေးဖြစ်တော့မှာမဟုတ်ဘူး'
စုန့်ထင်ယွီကိုသူမကိုယ်ကိုပြန်လှည့်လိုက်ပြီး ဖက်ထားလိုက်ကာ: 'ကိုယ်အဲ့ဒါကိုတွေးလိုက်ရင်အိပ်လို့မရတော့ဘူးလေ။မင်းကိုယ့်ကိုဒီအတိုင်းအိပ်ခိုင်းမလို့လား?'
သူပြောပြီးတာနဲ့လက်ကသူမအင်္ကျီထဲကိုရောက်လာတယ်။အစကတော့စုရန်မျက်လုံးမှိတ်ပြီးသည်းခံမလို့ဘဲ။သူမဂရုမစိုက်ရင်သူရပ်သွားလိမ့်မယ်လို့ထင်နေတာ။
ဒါပေမယ့်သူကပိုပိုပြီးဆိုးလာတယ်။သူမရေချိုးပြီးတော့ဘယ်မှမသွားဘဲအခန်းထဲမှာဘဲနေတာဆိုတော့အထဲမှာအတွင်းခံမဝတ်ထားဘူး။
စုန့်ထင်ယွီသူမဗိုက်ကိုပွတ်ပြီးတိုးတိုးလေးပြောလိုက်တယ်: 'လိမ္မာတဲ့သမီးလေး။ ဖေဖေနဲ့မေမေတို့လုပ်စရာရှိလို့ အထဲမှာလိမ်လိမ်မာမာနေနော်။ပြဿနာမရှာနဲ့ဟုတ်ပြီလား?ခဏနေထူးဆန်းတာတွေ့ရင်မလန့်သွားဘဲ မျက်လုံးလေးမှိတ်ပြီးအိပ်လိုက် ဟုတ်ပြီလား?'