unicode
ကမ္ဘာပျက်ကပ်က စစ်သည်တော်
အခန်း (၂၀)
"ရှောင်ချဲ့ ..."
ကျိုးဇယ်ယွီနှင့် ယွင်ယောင် သူတို့ဘေးတွင် မတ်တပ် ရပ်လိုက်ကြသည်။ ဟေးယွီ ကျောပေါ်ရှိ ချန်ချန်မှာ ပျော်ရွှင်စွာ လက်ကို မြှောက်လျက် ...
"မေမေ "
လမ်းတစ်လျှောက် အေးဆေးအဖြစ်ဆုံး သူကို ရွေးပါဆိုလျှင် ချန်ချန်ပင် ဖြစ်လိမ့်မည်။ ဟေးယွီက ကြမ်းကြုတ်သော်လည်း ထိုကလေးကို စောင့်ရှောက်ရန် ဘယ်သော အခါမှမမေ့။ ချန်ချန် သူ့အမွေးများကို လက်နဲ့ သေချာ ဆုပ်မကိုင် ထားလျှင်တောင်မှ သူ့၏ရှည်လျား နက်မှောင်သော အမွေးမျှင်များ ချန်ချန်ကို ပြုတ်မကျစေရန် သေချာမြဲမြံစွာ ချုပ်ကိုင်ထားသည်။
"ကြည့်လို့ဝပြီ ဆိုရင်လည်း လာကူဦး"
ကားခေါင်မိုးပေါ်က ယွင်ချဲ့ကိုကြည့်ကာ ရှင်းဖုန်း အော်ပြောသည်။
"ငါကူညီချင်တယ် ပြောမိလို့လား"
ကားအမိုးပေါ် ထိုင်ချပြီး ခြေတစ်ဖက်ကို မြှောက်လျက် ဒူးပေါ်လက်တင် မေးထောက်ကာ ယွင်ချဲ့ လှမ်းပြောလိုက်သည်။ သူ့မျက်ဝန်းတွေက ရွှန်းစိုလျက်။ ကျိုးဇယ်ယွီ သူ့ကိုထူးဆန်းစွာ ကြည့်လျက် -
"မင်းသူ့ကိုသိတယ်ပေါ့"
"သိပ်မရင်းနှီးပါဘူး"
ခေါင်းပင် မမော့ကြည့်ဘဲ ရှင်းဖုန်းကိုသာ စိုက်ကြည့်လျက် ယွင်ချဲ့ ပြောလေသည်။
"သြော်"
ကျိုးဇယ်ယွီ သဘောပေါက် သွားပြီး ပါးစပ်ပိတ်ကာ နောက်ကို ဆုတ်သွားသည်။ အစောပိုင်းက ယွင်ချဲ့ ပြောသည်ကို သူမှတ်မိသည်။
"မင်းလာမကူဘူးဆိုရင် ငါဖုတ်ကောင် ဖြစ်သွားတဲ့အခါ မင်းနောင်တ ရသွားမယ်နော်"
ရှင်းဖုန်းမှာ အရင်တိုင်း ယုံကြည်မှု အပြည့်ပင်။ နှစ်ယောက်သား အခုမှ ပထမဆုံး တွေ့ကြခြင်း ဖြစ်သော်လည်း အကြောင်းရာ အများစုကို သိနေကြပြီသား ဖြစ်သည်၊ ယွင်ချဲ့က သူတစ်ပါးကိစ္စကို ဝင်မစွက်ဖက်တတ်သည့် ပုံစံရှိသည်။ ကလေး တစ်ယောက်ကိုပင် ထိခိုက်ဒဏ်ရာ မရအောင် ကာကွယ်နိုင်ပုံကြောင့် အလွန် အင်အားကြီးကြောင်း သိသာသည်။ သူတို့ကို မသိချင်ယောင် ဆောင်သွားရန် အလွယ်လေးပင်။ ဘာကြောင့်များ သူမရှောင်ဖယ် သွားတာလဲ။
"မင်း ဖုတ်ကောင် ဖြစ်ချင်တယ် ဆိုရင်တောင် ဖုတ်ကောင် အုပ်ကြီးက ခင်ဗျားကို လက်ခံချင်ပါ့မလား ရှိသေးတယ်နော်"
ရှင်းဖုန်း၏ ဒဏ်ရာရနေသော ရင်ဘတ်ကိုကြည့်ကာ ယွင်ချဲ့ ပြောလေသည်။ ထိုသူမှာ အစွမ်းရပြီးသား ဖြစ်နိုင်သဖြင့် ထိုဒဏ်ရာ သေးသေးလေးက သူ့ကိုဖုတ်ကောင် ဖြစ်စေမည်မဟုတ်ပေ။
"မင်းသိတာတွေ များတဲ့ပုံပဲ"
လွန်ခဲ့သော နှစ်ရက် ကားမတော်တဆ ဖြစ်ခဲ့စဉ်ကလည်း ထိုကောင်လေးကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်ခဲ့ပြီး အခုမှာပို၍ပင် စိတ်ဝင်စားဖွယ် ကောင်းနေသည်။
"ငါကူညီဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး .. ဒီလိုအိမ်တွေပဲ လိုအပ်တယ်"
သူအဖြေ မပေးနိုင်သောကြောင့် သူ၏အခြေအနေကိုသာ ပြလိုက်သည်။ ကပ်ကြီး မတိုင်ခင်နှင့် အခုဖြစ်ပျက်ပြီး နောက်တွင် လူချမ်းသာများနှင့် ဆင်းရဲသားများ ကြားက ကွာခြားမှုမှာ အလွန် ကြီးမားလှသည်။ လုံခြုံရေး စခန်းများကလည်း ထောက်ပံ့ပေးမှုများ ကြောင့်သာ တောင့်ခံနိုင်ခြင်းပင်။ တစ်ခုခုမှ ပြောင်းလဲခြင်း မရှိလျှင် အနောက်တောင် လုံခြုံရေး စခန်းလည်း နယ်ပယ် အများအပြား ကွဲထွက် သွားနိုင်သည်။ ထိုနေရာများသည်လည်း ကပ်ကြီး မတိုင်ခင် ကတည်းက ရှင်းဖုန်း ပိုင်သော နယ်မြေများပင်။ သာမန်လူများ ဝင်နိုင်ရန် မလွယ်ကူသဖြင့် ရှင်းဖုန်း လက်အောက်တွင်သာ မှီခိုရန် ဆုံးဖြတ်လိုက်သည်။ တိုက်ခိုက်ခြင်းကိုလည်း လိုအပ်သကဲ့သို့ လုံခြုံမှုပေးနိုင်သည့် ပတ်ဝန်းကျင်ကိုလည်း လိုအပ်သည်။ ရှင်းဖုန်းသာ သူ့ကို ခွင့်ပြုပေးနိုင်သဖြင့် အခုချိန်မှာ အကျပ်ကိုင်ရန် အကောင်းဆုံး အခိုက်အတန့်ပင်။
"အိမ်တွေကလည်း အသုံးမဝင်တော့ဘူး .. ဒါနဲ့မင်းငါ့ကားကို အရင် လျော်ပေးသင့်တယ်နော်"
ယွင်ချဲ့ကို မျက်တောင်တစ်ချက် မခတ်ဘဲကြည့်ကာ ရှင်းဖုန်း ပြောလေသည်။ ယွင်ချဲ့ မျက်နှာပျက် သွားမည်ကို မျှော်လင့်နေပုံပင်။ ကံမကောင်းစွာ ယွင်ချဲ့က အရင်ကဲ့သို့ မျက်နှာ ခပ်တင်းတင်းဖြင့် -
"အသုံးဝင်မဝင် ငါခွဲတတ်တယ် .. မင်းရဲ့ကား အတွက်ကတော့ မင်းလိုချင်ရင် အခုချက်ချင်း အသစ်တစ်စီး ဝယ်ပေးမယ်လေ .. ဟွိုင်မြို့ကြီးထဲမှာ ကားဆိုင်တွေ အများကြီး ရှိမှာပါ"
ယခုကာလကြီးတွင် အိမ်များ သာမက ကားများမှာလည်း တန်ဖိုးမရှိတော့ပေ။
"ဟား..ဟား.. ကောင်လေး မင်းတော်တော် လည်တာပဲ .. ကောင်းပြီလေ မင်းနာမည်နဲ့ နေရာ တစ်နေရာပေးမယ် အခုလာကူတော့"
ရှင်းဖုန်း သူ့ကို သဘောကျသွားပြီး ဒဏ်ရာရနေသော လူတစ်ယောက်နှင့်ပင် မတူတော့ပေ။
"သဘောတူလိုက်ပြီနော်"
နောင်တရမရ မစိုးရိမ်တော့ဘဲ ယွင်ယောင်နှင့် ကျိုးဇယ်ယွီကို ခေါင်းညိတ် ပြလိုက်သည်။ သူ၏ရှည်သွယ်သွယ် ခန္ဓာကိုယ်က ဖုတ်ကောင်များထံ ပြေးဝင် သွားလေသည်။
"ဖယ်ကြစမ်း"
ရှည်လျားကာ တလက်လက် တောက်နေသော ဓားသွားအောက်တွင် ဖုတ်ကောင်များ ရှင်းလင်း သွားပုံမှာ ရှင်းဖုန်း အနားရှိ သူများကို အံ့သြမှင်သက် သွားစေသည်။
"ဝိုး.. ဝိုး .. သခင်က မိုက်လိုက်တာ ငါလည်း လုပ်ချင်တယ်"
အထီးမကျန်ချင်လိုသော သားရဲကောင်ကြီး ခုန်ကာ ရောက်လာသည်။ သူ၏ရှည်လျား ချွန်ထက်သော လက်သည်းများကြောင့် ဖုတ်ကောင်များ သေကြေကုန်လေသည်။ ယောက်ျားသား တစ်ယောက်နှင့် ခွေးတစ်ကောင် အချင်းချင်း ကူညီလျက် ဖုတ်ကောင် အုပ်စုထဲ ပြေးဝင်သွားကြပြီး သူတို့အနားမှ ဖုတ်ကောင်များကို အလွယ်တကူ သတ်ပစ်နိုင်သည် အထိ အင်အား ကြီးမားကြပေသည်။ စကားထပ် မပြောတော့ဘဲ ယွင်ယောင်နှင့် ကျိုးဇယ်ယွီ တို့လည်း သူတို့ကို ဝင်ကူကြသည်။ သို့သော် သူတို့မှာ ဖရဲသီးဖြတ်သော ဓါးများကိုသာ ကိုင်ထားကြသည်။
"လာကူကြဉီး"
ယွင်ချဲ့ထံ ရှင်းဖုန်း အရင်ဆုံး ရောက်လာလေသည်။
"လာပြီ"
အခြားသူများလည်း တဖြည်းဖြည်း သူတို့ကို လာကူကြသည်။ သူတို့ အားလုံးမှာ စစ်သားများဖြစ်ပြီး စွမ်းအားများကိုလည်း ပိုင်ဆိုင် ထားသောကြောင့် ရာချီနေသော ဖုတ်ကောင်များကို မကြာမီပင် ရှင်းလင်း လိုက်နိုင်ကြသည်။ သို့သော် ဖုတ်ကောင်များမှာ နေရာအနှံ့မှ သူတို့ထံ ဉီးတည် လာလျက်ပင်။
"မင်းအရင်သွား ကတိပေးထားတာကိုသာ မမေ့နဲ့"
ထိုပုံစံအတိုင်း ဆက်သွားလျှင် ပင်ပန်းလာနိုင်ပြီး သူတို့ အနှေးနဲ့အမြန် ဖုတ်ကောင်များ၏ အစာ ဖြစ်သွားနိုင်သည်။
ရှေ့တန်းက လူများမှာ ဖုတ်ကောင်များကို ရှင်းလင်းနေစဉ် ရှင်းဖုန်း အနားသို့ ယွင်ချဲ့ ဆုတ်သွားလေသည်။
"ဒါဆို မင်းငါနဲ့ လိုက်ခဲ့မလား"
သူ၏ ဒဏ်ရာက မသေနိုင်သကဲ့သို့ ဖုတ်ကောင် မဖြစ်လာနိုင်သာ်လည်း သွေးအလွန်ထွက်နေပြီဖြစ်သည်။
"ငါလူတစ်ယောက်နဲ့ တွေ့ရဖို့ ရှိသေးတယ်"
ယွင်ချဲ့ ပြောပြီးနောက် ရှင်းဖုန်းကို လှည့်ကြည့်လေရာ ဒဏ်ရာကို တွေ့သလိုက်သဖြင့် မျက်မှောင်ကြုတ်ကာ ...
"ဒီဒဏ်ရာနဲ့တော့ မသေနိုင်ပါဘူး"
"ဟားဟား မင်းငါ့ကို တော်တော် ယုံကြည်တာပဲ မင်းငါ့ကို သိလို့လား"
ရှင်းဖုန်း မှတ်မိရသလောက် သူ့နာမည်ကို မမိတ်ဆက်ခဲ့ပေ။
"ချောင်ယန်း ကုမ္ပဏီရဲ့ ဥက္ကဌကို မသိတဲ့သူ ရှိပါ့မလား"
"သြော် ဟုတ်လား .. ငါမင်းပြောတာတွေကို မယုံသေးဘူး ဒါပေမယ့်လည်း ငါက တခြားသူတွေရဲ့ လျှို့ဝှက်ချက်ကို မဖော်ချင်ပါဘူး .. ယွင်ချဲ့ ငါမင်းကို လူတွေ ကူစုပေးမယ် ငါ့နောက်လိုက်ခဲ့"
ယွင်ချဲ့ကို မျက်နှာချို သွေးခြင်းက သူ၏တပ်အင်အား ပိုတိုးစေမည်ကို သူအလိုလို သိနေသည်။
"ဘာလို့လဲ မင်းက ငါ့ကို ကျိတ်ကြိုက် နေလို့လား"
ယွင်ချဲ့ သာမန်ကာလျှံကာ မေးလိုက်သည်။
"အင်း ငါမင်းရဲ့ တိုက်ရည် ခိုက်ရည်ကိုတော့ သဘောကျတယ်"
“ဟားဟား နှမြောစရာပဲ .. ငါ့ကို သဘောကျနေတယ် ဆိုတော့ လက်ခံပေး လိုက်ဉီးမယ် .. ပြီးတော့ ငါ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ဆို အသက်ရှင်နိုင်အောင် တခြားသူကို လိုပါ့မလား"
ယွင်ချဲ့ မနေနိုင်စွာ ပြုံးလိုက်ပြီးမှ ပြန်တည်လိုက်သည်။ ကမ္ဘာပျက် ကပ်ကြီးက တခြား သူများအတွက် ပျက်စီးမှုကြီး ဆိုသော်လည်း သူ့အတွက် အသစ် စတင်ခြင်းပင်။ ထိုသူက ရှင်းဖုန်း ဆိုလျှင်တောင် သူမမှီခိုချင်။ အတွေ့အကြုံများက သူ့ကို ကိုယ့်ကိုယ်ကိုယ် အားကိုးမှသာ ပိုကောင်းမွန်ကြောင်း သိစေခဲ့သောကြောင့် သူသန်မာမှသာ သူအသက်ရှင် နိုင်မည်ဖြစ်သည်။
"ဟား..ဟား .. ဒီတိုင်းဆို ငါမင်းကို ကြိုက်မိတော့မှာပဲ ထားပါတော့ ဒီအကြောင်း နောက်မှ ပြောတာပေါ့"
ရှင်းဖုန်းက စစ်အနွယ်ဖွား ဖြစ်သောကြောင့် ထူးချွန်သော လူတစ်ယောက်လည်း ဖြစ်သည်။ ကပ်ကြီး မတိုင်ခင်နှင့် အခုတွင်လည်း သူသာ လက်ဖျောက် တစ်ချက် တီးလိုက်ရုံနှင့် သူနှင့် ပရောပရည် လုပ်မည့်သူ အလွန် များပြားလှသည်။ သို့သော် ယွင်ချဲ့ တစ်ယောက်တည်းသာ အများနှင့်မတူ ထူးခြားနေသည်။
"ဝမ်းသာကြောင်းပါ .. တော်ပြီ အပြောင်အပြက်တွေ မပြောတော့ဘူး မင်းအရင်သွား"
ထိုစကားတို့ကို သူတို့ နှစ်ယောက်လုံး အတည်မယူကြပေ။ အထူးသဖြင့် သူတို့မှာ ယောကျ်ားလေးများပင်။
"အနောက်တောင်ဘက်က လင်းကျန်းမြို့မှာ မင်းအတွက် နေရာရှိတယ်"
ယွင်ချဲ့ကို လှမ်းပြောရင်း ရှင်းဖုန်း အနောက်လှည့်ကာ သူ၏နောက်လိုက်များ အဆင်သင့် ဖွင့်ပေးထားသော ကားထဲသို့ ဝင်သွားလေသည်။
"ပျော်ရွှင်စရာခရီးဖြစ်ပါစေ"
သူတို့နှစ်ယောက် ပုံစံမှာ အချိန်အတော်ကြာအောင် မတွေ့ခဲ့ရသော သူငယ်ချင်း ဟောင်းများနှင့် တူနေသည်။ အဆက်အသွယ် မရှိကြသော်လည်း တစ်ယောက်ကို တစ်ယောက်တော့ သိကျွမ်းနားလည် နေကြပုံပင်။ ရှင်းဖုန်း ကားထဲ ဝင်သွားပြီးနောက် ယွင်ချဲ့လည်း အနောက်ပြန်လှည့်ကာ တိုက်ပွဲမြေဆီ အပြေးသွားသည်။
"နောက်ဆုတ်ကြ ငါရှင်းလိုက်မယ်"
တိုက်ခိုက်နေကြသူများ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အမြန်ဆုတ် သွားကြသည်။
"ဟေးယွီ ချန်ချန်ကိုခေါ်ပြီး သွားတော့"
"ဟုတ်ကဲ့ သခင်”
ရှင်းဖုန်း ထွက်သွားပြီးနောက် အသံကိုမြှင့်ကာ အော်ပြော လိုက်သဖြင့် ဟေးယွီလည်း ဆုတ်ခွာသွားရာ သူ၏ခန္ဓာ ကိုယ်ကြီးမှာလည်း မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ယွင်ချဲ့ တိုက်ခိုက်နေသည်ကို ရပ်လိုက်ပြီး လက်တစ်ဖက်နှင့် ယွင်ယောင်ကို ဖက်ကာ နောက်တစ်ဖက်နှင့် ကျိုးဇယ်ယွီ အပေါ် လေဟာနယ်တစ်ခု ဖန်တီးလိုက်သည်။
"ဒါတစ်မိနစ်လောက်ပဲ ခံမှာ သွားစို့"
သူတို့သုံးယောက် တုံ့ဆိုင်းမနေတော့ဘဲ လေဟာနယ် အကာအကွယ်ဖြင့် ဖုတ်ကောင်များ လက်မှ ရှောင်ပြေး သွားကြလေသည်။
***
ဒီစာစဉ်လေး paid group စပါပြီရှင့်
ဝယ်ယူရန် Link 👇
m.me/swaenyoesaleschannel
zawgyi
ကမ႓ာပ်က္ကပ္က စစ္သည္ေတာ္
အခန္း (၂၀)
"ေ႐ွာင္ခ်ဲ႕ ..."
က်ိဳးဇယ္ယြီႏွင့္ ယြင္ေယာင္ သူတို႔ေဘးတြင္ မတ္တပ္ ရပ္လိုက္ၾကသည္။ ေဟးယြီ ေက်ာေပၚ႐ွိ ခ်န္ခ်န္မွာ ေပ်ာ္႐ႊင္စြာ လက္ကို ေျမႇာက္လ်က္ ...
"ေမေမ "
လမ္းတစ္ေလွ်ာက္ ေအးေဆးအျဖစ္ဆုံး သူကို ေ႐ြးပါဆိုလွ်င္ ခ်န္ခ်န္ပင္ ျဖစ္လိမ့္မည္။ ေဟးယြီက ၾကမ္းၾကဳတ္ေသာ္လည္း ထိုကေလးကို ေစာင့္ေ႐ွာက္ရန္ ဘယ္ေသာ အခါမွမေမ့။ ခ်န္ခ်န္ သူ႕အေမြးမ်ားကို လက္နဲ႔ ေသခ်ာ ဆုပ္မကိုင္ ထားလွ်င္ေတာင္မွ သူ႕၏႐ွည္လ်ား နက္ေမွာင္ေသာ အေမြးမွ်င္မ်ား ခ်န္ခ်န္ကို ျပဳတ္မက်ေစရန္ ေသခ်ာၿမဲျမံစြာ ခ်ဳပ္ကိုင္ထားသည္။
"ၾကည့္လို႔ဝၿပီ ဆိုရင္လည္း လာကူဦး"
ကားေခါင္မိုးေပၚက ယြင္ခ်ဲ႕ကိုၾကည့္ကာ ႐ွင္းဖုန္း ေအာ္ေျပာသည္။
"ငါကူညီခ်င္တယ္ ေျပာမိလို႔လား"
ကားအမိုးေပၚ ထိုင္ခ်ၿပီး ေျခတစ္ဖက္ကို ေျမႇာက္လ်က္ ဒူးေပၚလက္တင္ ေမးေထာက္ကာ ယြင္ခ်ဲ႕ လွမ္းေျပာလိုက္သည္။ သူ႕မ်က္ဝန္းေတြက ႐ႊန္းစိုလ်က္။ က်ိဳးဇယ္ယြီ သူ႕ကိုထူးဆန္းစြာ ၾကည့္လ်က္ -
"မင္းသူ႕ကိုသိတယ္ေပါ့"
"သိပ္မရင္းႏွီးပါဘူး"
ေခါင္းပင္ မေမာ့ၾကည့္ဘဲ ႐ွင္းဖုန္းကိုသာ စိုက္ၾကည့္လ်က္ ယြင္ခ်ဲ႕ ေျပာေလသည္။
"ေၾသာ္"
က်ိဳးဇယ္ယြီ သေဘာေပါက္ သြားၿပီး ပါးစပ္ပိတ္ကာ ေနာက္ကို ဆုတ္သြားသည္။ အေစာပိုင္းက ယြင္ခ်ဲ႕ ေျပာသည္ကို သူမွတ္မိသည္။
"မင္းလာမကူဘူးဆိုရင္ ငါဖုတ္ေကာင္ ျဖစ္သြားတဲ့အခါ မင္းေနာင္တ ရသြားမယ္ေနာ္"
႐ွင္းဖုန္းမွာ အရင္တိုင္း ယုံၾကည္မႈ အျပည့္ပင္။ ႏွစ္ေယာက္သား အခုမွ ပထမဆုံး ေတြ႕ၾကျခင္း ျဖစ္ေသာ္လည္း အေၾကာင္းရာ အမ်ားစုကို သိေနၾကၿပီသား ျဖစ္သည္၊ ယြင္ခ်ဲ႕က သူတစ္ပါးကိစၥကို ဝင္မစြက္ဖက္တတ္သည့္ ပုံစံ႐ွိသည္။ ကေလး တစ္ေယာက္ကိုပင္ ထိခိုက္ဒဏ္ရာ မရေအာင္ ကာကြယ္ႏိုင္ပုံေၾကာင့္ အလြန္ အင္အားႀကီးေၾကာင္း သိသာသည္။ သူတို႔ကို မသိခ်င္ေယာင္ ေဆာင္သြားရန္ အလြယ္ေလးပင္။ ဘာေၾကာင့္မ်ား သူမေ႐ွာင္ဖယ္ သြားတာလဲ။
"မင္း ဖုတ္ေကာင္ ျဖစ္ခ်င္တယ္ ဆိုရင္ေတာင္ ဖုတ္ေကာင္ အုပ္ႀကီးက ခင္ဗ်ားကို လက္ခံခ်င္ပါ့မလား ႐ွိေသးတယ္ေနာ္"
႐ွင္းဖုန္း၏ ဒဏ္ရာရေနေသာ ရင္ဘတ္ကိုၾကည့္ကာ ယြင္ခ်ဲ႕ ေျပာေလသည္။ ထိုသူမွာ အစြမ္းရၿပီးသား ျဖစ္ႏိုင္သျဖင့္ ထိုဒဏ္ရာ ေသးေသးေလးက သူ႕ကိုဖုတ္ေကာင္ ျဖစ္ေစမည္မဟုတ္ေပ။
"မင္းသိတာေတြ မ်ားတဲ့ပုံပဲ"
လြန္ခဲ့ေသာ ႏွစ္ရက္ ကားမေတာ္တဆ ျဖစ္ခဲ့စဥ္ကလည္း ထိုေကာင္ေလးကို စိတ္ဝင္စားစရာေကာင္းသည္ဟု ထင္ခဲ့ၿပီး အခုမွာပို၍ပင္ စိတ္ဝင္စားဖြယ္ ေကာင္းေနသည္။
"ငါကူညီဖို႔က မျဖစ္ႏိုင္တာေတာ့ မဟုတ္ပါဘူး .. ဒီလိုအိမ္ေတြပဲ လိုအပ္တယ္"
သူအေျဖ မေပးႏိုင္ေသာေၾကာင့္ သူ၏အေျခအေနကိုသာ ျပလိုက္သည္။ ကပ္ႀကီး မတိုင္ခင္ႏွင့္ အခုျဖစ္ပ်က္ၿပီး ေနာက္တြင္ လူခ်မ္းသာမ်ားႏွင့္ ဆင္းရဲသားမ်ား ၾကားက ကြာျခားမႈမွာ အလြန္ ႀကီးမားလွသည္။ လုံျခဳံေရး စခန္းမ်ားကလည္း ေထာက္ပံ့ေပးမႈမ်ား ေၾကာင့္သာ ေတာင့္ခံႏိုင္ျခင္းပင္။ တစ္ခုခုမွ ေျပာင္းလဲျခင္း မ႐ွိလွ်င္ အေနာက္ေတာင္ လုံျခဳံေရး စခန္းလည္း နယ္ပယ္ အမ်ားအျပား ကြဲထြက္ သြားႏိုင္သည္။ ထိုေနရာမ်ားသည္လည္း ကပ္ႀကီး မတိုင္ခင္ ကတည္းက ႐ွင္းဖုန္း ပိုင္ေသာ နယ္ေျမမ်ားပင္။ သာမန္လူမ်ား ဝင္ႏိုင္ရန္ မလြယ္ကူသျဖင့္ ႐ွင္းဖုန္း လက္ေအာက္တြင္သာ မွီခိုရန္ ဆုံးျဖတ္လိုက္သည္။ တိုက္ခိုက္ျခင္းကိုလည္း လိုအပ္သကဲ့သို႔ လုံျခဳံမႈေပးႏိုင္သည့္ ပတ္ဝန္းက်င္ကိုလည္း လိုအပ္သည္။ ႐ွင္းဖုန္းသာ သူ႕ကို ခြင့္ျပဳေပးႏိုင္သျဖင့္ အခုခ်ိန္မွာ အက်ပ္ကိုင္ရန္ အေကာင္းဆုံး အခိုက္အတန္႔ပင္။
"အိမ္ေတြကလည္း အသုံးမဝင္ေတာ့ဘူး .. ဒါနဲ႔မင္းငါ့ကားကို အရင္ ေလ်ာ္ေပးသင့္တယ္ေနာ္"
ယြင္ခ်ဲ႕ကို မ်က္ေတာင္တစ္ခ်က္ မခတ္ဘဲၾကည့္ကာ ႐ွင္းဖုန္း ေျပာေလသည္။ ယြင္ခ်ဲ႕ မ်က္ႏွာပ်က္ သြားမည္ကို ေမွ်ာ္လင့္ေနပုံပင္။ ကံမေကာင္းစြာ ယြင္ခ်ဲ႕က အရင္ကဲ့သို႔ မ်က္ႏွာ ခပ္တင္းတင္းျဖင့္ -
"အသုံးဝင္မဝင္ ငါခြဲတတ္တယ္ .. မင္းရဲ႕ကား အတြက္ကေတာ့ မင္းလိုခ်င္ရင္ အခုခ်က္ခ်င္း အသစ္တစ္စီး ဝယ္ေပးမယ္ေလ .. ဟြိဳင္ၿမိဳ႕ႀကီးထဲမွာ ကားဆိုင္ေတြ အမ်ားႀကီး ႐ွိမွာပါ"
ယခုကာလႀကီးတြင္ အိမ္မ်ား သာမက ကားမ်ားမွာလည္း တန္ဖိုးမ႐ွိေတာ့ေပ။
"ဟား..ဟား.. ေကာင္ေလး မင္းေတာ္ေတာ္ လည္တာပဲ .. ေကာင္းၿပီေလ မင္းနာမည္နဲ႔ ေနရာ တစ္ေနရာေပးမယ္ အခုလာကူေတာ့"
႐ွင္းဖုန္း သူ႕ကို သေဘာက်သြားၿပီး ဒဏ္ရာရေနေသာ လူတစ္ေယာက္ႏွင့္ပင္ မတူေတာ့ေပ။
"သေဘာတူလိုက္ၿပီေနာ္"
ေနာင္တရမရ မစိုးရိမ္ေတာ့ဘဲ ယြင္ေယာင္ႏွင့္ က်ိဳးဇယ္ယြီကို ေခါင္းညိတ္ ျပလိုက္သည္။ သူ၏႐ွည္သြယ္သြယ္ ခႏၶာကိုယ္က ဖုတ္ေကာင္မ်ားထံ ေျပးဝင္ သြားေလသည္။
"ဖယ္ၾကစမ္း"
႐ွည္လ်ားကာ တလက္လက္ ေတာက္ေနေသာ ဓားသြားေအာက္တြင္ ဖုတ္ေကာင္မ်ား ႐ွင္းလင္း သြားပုံမွာ ႐ွင္းဖုန္း အနား႐ွိ သူမ်ားကို အံ့ၾသမွင္သက္ သြားေစသည္။
"ဝိုး.. ဝိုး .. သခင္က မိုက္လိုက္တာ ငါလည္း လုပ္ခ်င္တယ္"
အထီးမက်န္ခ်င္လိုေသာ သားရဲေကာင္ႀကီး ခုန္ကာ ေရာက္လာသည္။ သူ၏႐ွည္လ်ား ခြၽန္ထက္ေသာ လက္သည္းမ်ားေၾကာင့္ ဖုတ္ေကာင္မ်ား ေသေၾကကုန္ေလသည္။ ေယာက်္ားသား တစ္ေယာက္ႏွင့္ ေခြးတစ္ေကာင္ အခ်င္းခ်င္း ကူညီလ်က္ ဖုတ္ေကာင္ အုပ္စုထဲ ေျပးဝင္သြားၾကၿပီး သူတို႔အနားမွ ဖုတ္ေကာင္မ်ားကို အလြယ္တကူ သတ္ပစ္ႏိုင္သည္ အထိ အင္အား ႀကီးမားၾကေပသည္။ စကားထပ္ မေျပာေတာ့ဘဲ ယြင္ေယာင္ႏွင့္ က်ိဳးဇယ္ယြီ တို႔လည္း သူတို႔ကို ဝင္ကူၾကသည္။ သို႔ေသာ္ သူတို႔မွာ ဖရဲသီးျဖတ္ေသာ ဓါးမ်ားကိုသာ ကိုင္ထားၾကသည္။
"လာကူၾကဉီး"
ယြင္ခ်ဲ႕ထံ ႐ွင္းဖုန္း အရင္ဆုံး ေရာက္လာေလသည္။
"လာၿပီ"
အျခားသူမ်ားလည္း တျဖည္းျဖည္း သူတို႔ကို လာကူၾကသည္။ သူတို႔ အားလုံးမွာ စစ္သားမ်ားျဖစ္ၿပီး စြမ္းအားမ်ားကိုလည္း ပိုင္ဆိုင္ ထားေသာေၾကာင့္ ရာခ်ီေနေသာ ဖုတ္ေကာင္မ်ားကို မၾကာမီပင္ ႐ွင္းလင္း လိုက္ႏိုင္ၾကသည္။ သို႔ေသာ္ ဖုတ္ေကာင္မ်ားမွာ ေနရာအႏွံ႔မွ သူတို႔ထံ ဉီးတည္ လာလ်က္ပင္။
"မင္းအရင္သြား ကတိေပးထားတာကိုသာ မေမ့နဲ႔"
ထိုပုံစံအတိုင္း ဆက္သြားလွ်င္ ပင္ပန္းလာႏိုင္ၿပီး သူတို႔ အေႏွးနဲ႔အျမန္ ဖုတ္ေကာင္မ်ား၏ အစာ ျဖစ္သြားႏိုင္သည္။
ေ႐ွ႕တန္းက လူမ်ားမွာ ဖုတ္ေကာင္မ်ားကို ႐ွင္းလင္းေနစဥ္ ႐ွင္းဖုန္း အနားသို႔ ယြင္ခ်ဲ႕ ဆုတ္သြားေလသည္။
"ဒါဆို မင္းငါနဲ႔ လိုက္ခဲ့မလား"
သူ၏ ဒဏ္ရာက မေသႏိုင္သကဲ့သို႔ ဖုတ္ေကာင္ မျဖစ္လာႏိုင္သာ္လည္း ေသြးအလြန္ထြက္ေနၿပီျဖစ္သည္။
"ငါလူတစ္ေယာက္နဲ႔ ေတြ႕ရဖို႔ ႐ွိေသးတယ္"
ယြင္ခ်ဲ႕ ေျပာၿပီးေနာက္ ႐ွင္းဖုန္းကို လွည့္ၾကည့္ေလရာ ဒဏ္ရာကို ေတြ႕သလိုက္သျဖင့္ မ်က္ေမွာင္ၾကဳတ္ကာ ...
"ဒီဒဏ္ရာနဲ႔ေတာ့ မေသႏိုင္ပါဘူး"
"ဟားဟား မင္းငါ့ကို ေတာ္ေတာ္ ယုံၾကည္တာပဲ မင္းငါ့ကို သိလို႔လား"
႐ွင္းဖုန္း မွတ္မိရသေလာက္ သူ႕နာမည္ကို မမိတ္ဆက္ခဲ့ေပ။
"ေခ်ာင္ယန္း ကုမၸဏီရဲ႕ ဥကၠဌကို မသိတဲ့သူ ႐ွိပါ့မလား"
"ေၾသာ္ ဟုတ္လား .. ငါမင္းေျပာတာေတြကို မယုံေသးဘူး ဒါေပမယ့္လည္း ငါက တျခားသူေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို မေဖာ္ခ်င္ပါဘူး .. ယြင္ခ်ဲ႕ ငါမင္းကို လူေတြ ကူစုေပးမယ္ ငါ့ေနာက္လိုက္ခဲ့"
ယြင္ခ်ဲ႕ကို မ်က္ႏွာခ်ိဳ ေသြးျခင္းက သူ၏တပ္အင္အား ပိုတိုးေစမည္ကို သူအလိုလို သိေနသည္။
"ဘာလို႔လဲ မင္းက ငါ့ကို က်ိတ္ႀကိဳက္ ေနလို႔လား"
ယြင္ခ်ဲ႕ သာမန္ကာလွ်ံကာ ေမးလိုက္သည္။
"အင္း ငါမင္းရဲ႕ တိုက္ရည္ ခိုက္ရည္ကိုေတာ့ သေဘာက်တယ္"
“ဟားဟား ႏွေျမာစရာပဲ .. ငါ့ကို သေဘာက်ေနတယ္ ဆိုေတာ့ လက္ခံေပး လိုက္ဉီးမယ္ .. ၿပီးေတာ့ ငါ့ရဲ႕ တိုက္ရည္ခိုက္ရည္နဲ႔ဆို အသက္႐ွင္ႏိုင္ေအာင္ တျခားသူကို လိုပါ့မလား"
ယြင္ခ်ဲ႕ မေနႏိုင္စြာ ျပဳံးလိုက္ၿပီးမွ ျပန္တည္လိုက္သည္။ ကမ႓ာပ်က္ ကပ္ႀကီးက တျခား သူမ်ားအတြက္ ပ်က္စီးမႈႀကီး ဆိုေသာ္လည္း သူ႕အတြက္ အသစ္ စတင္ျခင္းပင္။ ထိုသူက ႐ွင္းဖုန္း ဆိုလွ်င္ေတာင္ သူမမွီခိုခ်င္။ အေတြ႕အၾကဳံမ်ားက သူ႕ကို ကိုယ့္ကိုယ္ကိုယ္ အားကိုးမွသာ ပိုေကာင္းမြန္ေၾကာင္း သိေစခဲ့ေသာေၾကာင့္ သူသန္မာမွသာ သူအသက္႐ွင္ ႏိုင္မည္ျဖစ္သည္။
"ဟား..ဟား .. ဒီတိုင္းဆို ငါမင္းကို ႀကိဳက္မိေတာ့မွာပဲ ထားပါေတာ့ ဒီအေၾကာင္း ေနာက္မွ ေျပာတာေပါ့"
႐ွင္းဖုန္းက စစ္အႏြယ္ဖြား ျဖစ္ေသာေၾကာင့္ ထူးခြၽန္ေသာ လူတစ္ေယာက္လည္း ျဖစ္သည္။ ကပ္ႀကီး မတိုင္ခင္ႏွင့္ အခုတြင္လည္း သူသာ လက္ေဖ်ာက္ တစ္ခ်က္ တီးလိုက္႐ုံႏွင့္ သူႏွင့္ ပေရာပရည္ လုပ္မည့္သူ အလြန္ မ်ားျပားလွသည္။ သို႔ေသာ္ ယြင္ခ်ဲ႕ တစ္ေယာက္တည္းသာ အမ်ားႏွင့္မတူ ထူးျခားေနသည္။
"ဝမ္းသာေၾကာင္းပါ .. ေတာ္ၿပီ အေျပာင္အျပက္ေတြ မေျပာေတာ့ဘူး မင္းအရင္သြား"
ထိုစကားတို႔ကို သူတို႔ ႏွစ္ေယာက္လုံး အတည္မယူၾကေပ။ အထူးသျဖင့္ သူတို႔မွာ ေယာက်္ားေလးမ်ားပင္။
"အေနာက္ေတာင္ဘက္က လင္းက်န္းၿမိဳ႕မွာ မင္းအတြက္ ေနရာ႐ွိတယ္"
ယြင္ခ်ဲ႕ကို လွမ္းေျပာရင္း ႐ွင္းဖုန္း အေနာက္လွည့္ကာ သူ၏ေနာက္လိုက္မ်ား အဆင္သင့္ ဖြင့္ေပးထားေသာ ကားထဲသို႔ ဝင္သြားေလသည္။
"ေပ်ာ္႐ႊင္စရာခရီးျဖစ္ပါေစ"
သူတို႔ႏွစ္ေယာက္ ပုံစံမွာ အခ်ိန္အေတာ္ၾကာေအာင္ မေတြ႕ခဲ့ရေသာ သူငယ္ခ်င္း ေဟာင္းမ်ားႏွင့္ တူေနသည္။ အဆက္အသြယ္ မ႐ွိၾကေသာ္လည္း တစ္ေယာက္ကို တစ္ေယာက္ေတာ့ သိကြၽမ္းနားလည္ ေနၾကပုံပင္။ ႐ွင္းဖုန္း ကားထဲ ဝင္သြားၿပီးေနာက္ ယြင္ခ်ဲ႕လည္း အေနာက္ျပန္လွည့္ကာ တိုက္ပြဲေျမဆီ အေျပးသြားသည္။
"ေနာက္ဆုတ္ၾက ငါ႐ွင္းလိုက္မယ္"
တိုက္ခိုက္ေနၾကသူမ်ား တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ အျမန္ဆုတ္ သြားၾကသည္။
"ေဟးယြီ ခ်န္ခ်န္ကိုေခၚၿပီး သြားေတာ့"
"ဟုတ္ကဲ့ သခင္”
႐ွင္းဖုန္း ထြက္သြားၿပီးေနာက္ အသံကိုျမႇင့္ကာ ေအာ္ေျပာ လိုက္သျဖင့္ ေဟးယြီလည္း ဆုတ္ခြာသြားရာ သူ၏ခႏၶာ ကိုယ္ႀကီးမွာလည္း ျမင္ကြင္းထဲမွ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေလသည္။ ယြင္ခ်ဲ႕ တိုက္ခိုက္ေနသည္ကို ရပ္လိုက္ၿပီး လက္တစ္ဖက္ႏွင့္ ယြင္ေယာင္ကို ဖက္ကာ ေနာက္တစ္ဖက္ႏွင့္ က်ိဳးဇယ္ယြီ အေပၚ ေလဟာနယ္တစ္ခု ဖန္တီးလိုက္သည္။
"ဒါတစ္မိနစ္ေလာက္ပဲ ခံမွာ သြားစို႔"
သူတို႔သုံးေယာက္ တုံ႔ဆိုင္းမေနေတာ့ဘဲ ေလဟာနယ္ အကာအကြယ္ျဖင့္ ဖုတ္ေကာင္မ်ား လက္မွ ေ႐ွာင္ေျပး သြားၾကေလသည္။
***
ဒီစာစဥ္ေလး paid group စပါၿပီ႐ွင့္
ဝယ္ယူရန္ Link 👇
m.me/swaenyoesaleschannel