My Sunshine

By Smrik123

33.4K 1.6K 27

မချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး န... More

intro (unicode +Zawgyi )
Part.1 (Unicode +Zawgyi )
Part.2 (unicode +Zawgyi )
part 3.(Unicode +Zawgyi )
Part.4(Unicode +Zawgyi )
Part.5(Unicode+Zawgyi)
Part.6(Unicode +Zawgyi )
Part.7(Unicode +Zawgyi )
Part.8(Unicode+Zawgyi)
Part.9(Unicode+Zawgyi)
Part.10(Unicode+Zawgyi )
Part.11
Part.13
Part.14
Part.15
Part.16
Part.17
Part.18
Part.19
Part .20
Part.21
Part.22
Part.23
Part.24
Part.25
Part.26
Part.27 (final)

Part.12

973 58 0
By Smrik123

" 'မ' .....ဘယ်လို ဖြစ်နေတာတုန်း..ခုနကမှ ဆေးရုံက ဆင်းလာတာလေ....အေးအေးဆေးဆေး အိမ်မှာ ဘဲနားနေပ့ါလား..."

" အိမ်မှာက နေ့တိုင်း နေနေရတာလေ....ပျင်းစရာကြီး.. အခု ကုမ္ပဏီသွားပီးရင်လဲ အိမ်ဘဲပြန်လာရမှာလေ မဟုတ်ဘူးလား..."

" 'မ'!"

ဘုကလန့်ပြောလာတဲ့ မကြောင့် စိတ်ပေါက်ပေါက်နဲ့ အော်လိုက်မိတော့တယ် ။

" လန့်လိုက်တာ...'မောင်'ရယ် ဖြေးဖြေ အော်ပါ.."

" လန့်သွားတာလား..
မရည်ရွယ်ပါဘူး...'မ'က ပြောစကားမှ နားမထောင်တာ.."

ခုနကဘဲ အော်ပီး..အခု ချက်ချင်းမျက်နှာငယ်လေးနဲ့ ပြောလာတဲ့ 'မောင့်'ကြောင့် ကျွန်မမှာ သဘောကျလို့မဆုံး ။
'မောင်' ...ဟုတယ် ကျွန်မအရမ်း ခေါ်ချင်ခဲ့သော နာမ်စားလေးတစ်ခု...
ဆေးရုံမှာ ပထမဆုံး ခေါ် လိုက်တုန်းက ကျွန်မကို ပြူးကြောင်ကြောင်လေး ကြည့်နေခဲ့တဲ့ 'မောင့်'ဟာ သိပ်ချစ်ဖို့ ကောင်းလွန်းတယ် ။
မောင်လို့ ခေါ်တာလေးကိုလဲ အရမ်းသဘောကျသေးတယ်တဲ့......။

" 'မ'ကို ကုမ္ပဏီသွားခွင့် မပေးဘူးပေါ့.."

ခေါင်းလေးကို တဆက်ဆက်ညိမ့်ပြနေတဲ့ မောင့်ပုံစံလေးဟာ တကယ်ကိုအူယားစရာကောင်းလွန်းနေသည် ။

"အင်း.....ဒီနေ့တော့ မသွားနဲ့အုံး...
'မောင်' ဒီနေ့ ခွင့်ယူထားတာဆိုတော့ 'မ'နဲ့ အတူအိမ်မှာ နေပေးမယ်"

" ဟဲဟဲ ..'မောင်'က အတူနေပေးမယ်ဆိုတော့ မသွား တော့ဘူး...."

" အလည်လေး... တမင်ညဏ်များတာ မဟုတ်လား"

ကျွန်မ ခေါင်းလေးကို အသာပုတ်ကာ ..'မောင်'ဟာ အပြုံးလေးနဲ့ ပြောလာခဲ့တယ် ။
မောင့်ရဲ့အပြုံး .....
မောင့်ရဲ့ ပထမဆုံးအပြုံး...
ဟုတယ် ဒါဟာ..'မောင်' ပထမဆုံး အကြိမ်ပြုံးခြင်းဖြစ်သည် ။
ကျွန်မနဲ့တွေ့တဲ့အချိန်ကစပြီး မောင်ဟာအရယ်အပြုံးမရှိဘဲ နေလာခဲ့တာ....
အခုမောင့်ရဲ့အပြုံးကို ပထမဆုံး မြင်ဖူးခြင်း

ရုပ်တည်တည်နဲ့ မောင်ဟာ တည်ကြည်ခန့်ညားသလို...
အခုလို အပြုံးလေးနဲ့ကျပြန်တော့ ကလေးဆန်ပြီး ချစ်ဖို့ကောင်းလွန်းသည် ။

ဘယ်ဘက်ပါးပြင်ပေါ်က ပါးချိုင့်နက်နက် လေးကလဲ လူကို ရူးသွပ်စေအောင် ဆွဲဆောင်လွန်းသည် ။
ဒီလိုအံ့ဩဖွယ်ကောင်းတဲ့ အပြုံးလေးတွေ ထပ်ခါထပ်ခါ ပေါ်ပေါက်အောင် ကျွန်မဖန်တီးရအုံးမယ် ။

" 'မောင့်'..အပြုံးကို အရမ်းသဘောကျတာဘဲ..
အခုလိုဘဲ မောင့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးနေတာလေးဘဲ အမြဲမြင်ချင်တယ် "

" 'မောင့်' ကလေးမလေး ကတော့လေ.....

မောင်' ကျတဲ့ မျက်ရည် တွေကို..'မ' ကြောင့်ပဲ ဖြစ်စေချင်သလို...'မောင့်' အပြုံးတွေကလဲ 'မ'နဲ့မှဖြစ်တည်လာတာ ... မောင့်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေက မအပေါ်မှာဘဲ မူတည်နေတော့တယ် မ.... မောင့်ဘဝမှာ မမရှိလို့မဖြစ်ဘူး "

ရင်ခွင်ထဲဆွဲထည့်ပီး ပြောလာတဲ့ 'မောင့်' စကားကြောင့် ကျွန်မ သဘောကျမိသလို ပျော်လည်းပျော်မိတယ် ။
မောင်ကလဲ မဘဝအတွက် မရှိလို့မဖြစ်တဲ့ ဖြစ်တည်မှုလေး တစ်ခုပါဘဲ ။

_________________*********______________

" အခုဆို...ငါ့သူငယ်ချင်းရဲ့ ရေခဲတုံးနှလုံးသားကြီးက မမရှေ့မှာ အရည်ပျော်သွား ခဲ့ပီပေါ့...."

အိမ်ပြန်ရောက်ကတည်းက လိုက်စနေတဲ့ လင်းဟာ အခု ညနေစာစားပြီးတဲ့ အချိန်ထိ လိုက်စလို့ မပြီးသေး ။

" 'လင်း'...ရာ မမောဘူးလား..ညနေကတည်း ကပြောနေတာ..."

လိုက်စနေတဲ့ လင်းတော့ မောမမောမသိဘူး ....
ကျနော်တော့ သူ့အစားမောနေမိတယ် ။

" မမောပါဘူး...ချစ်ရဲ့သားနဲ့ မြုံစိစိလုပ်နေတဲ့ မင်းကို တစ်ညလုံးတောင် ထိုင်ပြောပစ်ချင်တာ... မမဘက်က မြောင်းဖောက်ပေးနေတာတောင် မင်းကစီးရကောင်းမှန်းမသိဘူး ... မဟုတ်ဘူး..အမ်....စီးချင်ရက်နဲ့ ပြူတစ်ပြူတစ်လုပ်နေတာ "

လင်းရဲ့ စကားကြောင့် ကျ‌နော့်မှာရယ်ရမလိုလို ငိုရမလိုလိုနဲ့ ....
ခွန်းတုန့်ပြန်စရာ စကားလဲမရှိ ။ အမှန်တွေဆိုတော့လဲ ငြိမ်ခံနေရတော့တာပေါ့ ....

🎶🎶🎶🎶🎶🎶🎶

" Hello! 'မ'...."

" ........"

" 'မောင့်' ကလေးမလေး ကတော့လေ..အပြင်မှာ အေးနေတာကို ...ခဏလေး..'မောင်' အခုဆင်းလာခဲ့မယ်.."

" ဘာတဲ့ မောင့်ကလေးမလေးတဲ့..ပြောရင် လဲလင်းလင်းလွန်ရာ ကျအုံးမယ်...အောင်သွယ် ပေးမိ တဲ့ငါ ကိုယ်တိုင် ဘဲမှားသလား....."

ပွစိပွစိ ပြောနေတဲ့ 'လင်း'ကို ဂရုမစိုက်အား။
ရာသီဥတု အေးရက်နဲ့အောက်မှာ စောင့်နေတဲ့ 'မ'ဆီကိုသာ အပြေးဆင်းလာ ခဲ့လိုက်သည်။

" 'မ' ရယ်....နေလဲကောင်းတာ မဟုတ်ဘဲနဲ့ ..အပြင်မှာ ဒီလောက်အေးနေတာကို......"

" အေးလို့... မောင့်ဆီက အနွေးဓာတ်လာယူတာလေ "

မရဲ့ အပြောချိုချိုလေးကြောင့် သဘောကျစွာ ရယ်လိုက်မိသည် ။

" လာပါအုံး "

လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်တော့ ရင်ခွင်ထဲပြေးဝင်လာတဲ့ မကို ခပ်တင်းတင်း ဖက်ထားလိုက်သည် ။

" 'မောင့်' ကလေးမလေးက သိပ်ချွဲတတ်တာဘဲ ...ခုနကမှ 'မ'ဆီကနေ 'မောင်' ပြန်လာခဲ့တာလေ..."

" အင်းလေ... 'မောင်'သာ 'မ' အိမ်မှာ အိပ်လိုက်ရင် အခုလို လိုက်လာစရာမှ မလိုတာ..'မောင်'က အတင်း ပြန်မယ် လုပ်နေတာကို.."

ရင်ခွင်ထဲကနေ မကျေမနပ် အသံလေးနဲ့ တစပ်တည်း ခွန်းတုန့်ပြန်လာတဲ့ မဟာ သိပ်ချစ်ဖို့ကောင်းလွန်းသည် ။

"  'မ'ရယ်...'မ'အိမ်မှာသာ အိပ်လိုက်လို့ ကတော့ လေ... 'လင်း' ဒီတစ်သက် ပြောလို့ပီးတော့မှာ မဟုတ်ဘူး...ဘယ်ကတည်းပြောချင်နေလဲမသိဘူး ‌ပြန်ရောက်ကတည်းက ပြောနေလိုက်တာများ နားကိုငြီးနေတာဘဲ "

ကလေးတစ်ယောက်လို ပြောပြနေတဲ့ 'မောင်'ဟာ တကယ်ကို အူယားစရာအတိ ။
'မောင့်'ရဲ့ တည်ငြိမ် အေးဆေးလွန်းတဲ့ ပုံစံထက် အခုလို ကလေးဆန်တဲ့ ပုံစံလေးကို ပိုသဘော ကျမိသည် ။

" 'မောင်'....."

"ပြောလေ ...မရဲ့ ...မောင်နားထောင်နေတယ် "

" မောင့်ကို အရမ်းချစ်တယ် "

ရင်ခွင်ထဲ ပိုတိုးဝင်ပြီး ဖက်လာတဲ့  'မ' ကိုလဲ 'မောင်'က အရမ်း ချစ်တာပေါ့ ။
'မ'ကို ချစ်တယ်ဆိုတဲ့ စကားလေး ပြောဖို့ကိုတော့  မောင် အချိန်တွေအများကြီး ယူရအုံးမယ် ။
အခုချိန် ထိလဲ 'မ'ကို ချစ်ပါတယ် ဆိုတဲ့ စကားကို မပြောရသေး ......
ပြောမထွက်သေးဘူး မရဲ့...

ချစ်ခြင်း မေတ္တာရဲ့ အနောက်မှာ နားလည်မှုတွေ၊ သည်းခံ မှုတွေ၊ ဂရုစိုက်မှုတွေ အများကြီး ရှိဖို့ လိုအပ်တယ်။
ချစ်ပီးမှ ပြတ်မဲ့ ဇာတ်လမ်းမျိုးဆို ကျနော် စတောင် မစချင်ဘူး။ 
'မ'နဲ့ တော့ အဆုံးထိ အတူသွားချင်တယ်။ '
မ'ဘေးမှာ အချိန်အကြာကြီး ရှိချင်တယ်။
'မ' ဆီကိုဘဲ ဦးတည်ပီး ကျနော့်ဘက်ကနေ တစ်လှမ်းချင်းလှမ်းလာ မှာမို့လို့ ... မက မောင့်ကိုအများကြီးပိုချစ်ပေးပါ .....
ဒဏ်ရာတွေအများကြီးနဲ့ လူမို့လို့ အချစ်ခံရဖို့ကိုတော့ တောင်းတမိတယ် ။

_________________&&&&&&&_____________

🎶🎶🎶🎶🎶

" Hello! ..."

* 'မ' ...နေ့လည်စာ စားပီးပီလား...*

'မောင်' မေးလိုက်မှ နာရီကို ကြည့်လိုက်မိတယ်..နေ့လည်စာစားချိန် ကျော်နေတာတောင် မသိခဲ့ဘူး ။
'မောင်'တော့ ဆူတော့မှာဘဲ ။

" ဟိုလေ...မစား ရသေးဘူး..."

* ထင်တယ်... 'မ'ကလေ အဲ့အလုပ် တွေကြည့်ဘဲ လုပ်နေတာ... ဒီနေ့ meeting ရှိလို့ 'မောင်' မလာအားတာနဲ့ကြည့်..အခုထိ နေ့လည်စာ မစားရသေးဘူး......

အခုသွားစာ လိုက်တော့..အချိန်တောင် တော်တော် လွန်နေပီ....*

'မောင်'နဲ့ ချစ်သူသက်တမ်းက အခုဆို ၁လ ကျော်လာခဲ့ပီ။
မောင်နဲ့ ကျွန်မကြားမှာ မတူညီတဲ့အချက်တွေအများကြီးရှိနေခဲ့တယ် ။
ဒီမတူညီမှုတွေကို မောင့်ဘက်ကဘဲ ပြောင်းလဲပြီးညှိယူပေးခဲ့တယ် ။
အလုပ်လုပ်နေရင် ဘာကိုမှအာရုံမရတော့တဲ့ ကျွန်မကို မောင်က နေ့လည်စာစားချိန်တွေဆို ကျွန်မနဲ့အတူ လာစားပေးတယ် ။

'မောင်' မအားတဲ့နေ့တွေဆို ဖုန်းဆက်ပီးစားပီး ပီလား မေးတယ် ။
'မောင်' ဖုန်းဆက် တဲ့အချိန် မစားရသေးဘူးဆိုရင် အခုလိုဘဲ ဆူတတ်သေးတယ်။
မောင့်ဆီက ဆူခံရပြီဆို ကျွန်မမှာပျော်ပျော်ကြီး ငြိမ်ခံနေတတ်တယ် ။

" 'မ' စာရင်းတွေ စစ်နေရင်း အချိန်မကြည့်လိုက်မိ လို့ပါ.. 'မ' အခု သွားစားလိုက်မယ်နော်..."

* အင်း..အခု သွားစားလိုက်တော့...နောက်ပီး စားပီးရင် ရေအေးတွေ မသောက်နဲ့ ရေနွေးလေးဘဲ သောက်နော်.."

" ဟုတ်ကဲ့ပါရှင့်....
ဒါဆို မ နေ့လည်စာသွားစားလိုက်တော့မယ် ..ဒါဘဲနော် 'မောင်'..အရမ်း ချစ်တယ်..."

'မောင့်' ပြောစကားကို နားထောင်ဖို့အတွက် နေ့လည်စာ စားဖို့ ထွက်လာခဲ့ရသည် ။
'မောင်' ကလေ အခုချိန်ထိ ကျွန်မကို ချစ်တယ်လို့ တစ်ခါမှဖွင့်ဟခြင်းမရှိသေး ....
ကျွန်မကျေနပ်တယ် ...

ချစ်တယ်လို့ တစ်ခါမှ မပြောဖူးပေမဲ့ 'မောင့်'ရဲ့ အပြုအမူ လေးတွေက ကျွန်မကို ချစ်ကြောင်း သက်သေ ပြနေခဲ့လို့လေ ။

အခြား သူတွေကိုဆို အမြဲအေးစက်စက် ဆက်ဆံတတ်တဲ့ မောင်ဟာ ကျွန်မ အပေါ် မှာတော့ အမြဲ အပြုံး လေးနဲ့ ‌နွေးနွေးထွေးထွေး ဆက်ဆံ‌ ပေးသည် ။
အခြား သူတွေကို ပုံမှန် စကားဆယ်ခွန်း ပြည့်အောင် မပြောပေမဲ့ ကျွန်မကိုတော့ ဘယ်ချိန်မှာ ဘာလုပ်တယ် ၊ ဘယ်နေရာမှာ ဘာစားတယ် ဆိုတာကအစ ပြုလုပ်သမျှတိုင်းကို ပြန်ပြော တတ်တယ်။

ကျွန်မ မျက်နှာ မကောင်း တော့ဘူးဆို ကျွန်မ အနားမှာဘဲနေပီး ကျွန်မကိုစိတ်ပျော်အောင် တစ်ခုမဟုတ်တစ်ခု လုပ်ပေးတတ်တယ် ။
ဘယ်အရာ၊ ဘယ်ကိစ္စတွေ အရေးကြီးနေ ပါစေ ကျွန်မထက် ဘယ်အရာကိုမှ ဦးစားမပေးခဲ့ ။

အချစ် ဆိုတာက ချစ်တယ်လို့ တဖွဖွပြောပီး ရင်ခုန် စရာတွေ ဖန်တီးပေးနေမှ စစ်မှန်တာမဟုတ်ဘဲ ။
မောင့်'ရဲ့ အပြု အမူ သေးသေးလေး တွေကအစ ကျွန်မအတွက်ဘဲ ဖစ်နေတာကြောင့် 'မောင့်'ရဲ့ ချစ်တယ် ဆိုတဲ့စကားကို မကြားရလဲ ကျွန်မအတွက်တော့အဆင်ပြေပါတယ် ။

_______________&&&&&&&&_____________

Continue Reading

You'll Also Like

374K 13.2K 42
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !
27.5K 1.8K 39
- in the middle of the chaos, there was you. also available on ao3! SEASON 1 [ COMPLETED ] SEASON 2 [ COMPLETED ] SEASON 3 [ ONGOING ] SEASON 4...
197K 3.6K 31
After the recent villain attacks, Izuku finds out about Uraraka's nightmares and despite his own troubles, he tries his best to help her and she does...
1.5K 60 9
"ကံကောင်းခြင်း"တဲ့ ဘဝ မှာတစ်ခါတော့ ရဖူးချင်ပါလေရက်။ ထို စကားလုံးလေးက သုံးလုံးထဲနဲ့ပဲအရမ်းကို ခံစားရကောင်းတယ်တဲ့ ဘဝမှာတစ်ခါတော့ "ကံကောင်းခြင်း" ဆိုတဲ့...