My Sunshine

Par Smrik123

33.4K 1.6K 27

မချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး န... Plus

intro (unicode +Zawgyi )
Part.1 (Unicode +Zawgyi )
Part.2 (unicode +Zawgyi )
part 3.(Unicode +Zawgyi )
Part.4(Unicode +Zawgyi )
Part.5(Unicode+Zawgyi)
Part.6(Unicode +Zawgyi )
Part.7(Unicode +Zawgyi )
Part.9(Unicode+Zawgyi)
Part.10(Unicode+Zawgyi )
Part.11
Part.12
Part.13
Part.14
Part.15
Part.16
Part.17
Part.18
Part.19
Part .20
Part.21
Part.22
Part.23
Part.24
Part.25
Part.26
Part.27 (final)

Part.8(Unicode+Zawgyi)

1K 64 0
Par Smrik123


Unicode>>>>>>>>

ချစ်ခြင်း မေတ္တာဟာ ကိုယ်က ပေးနေ ရုံနဲ့ ပြန်ပီး ရတတ် တာမှ မဟုတ်တာ။
‌‌ နောက်ပြီး အချစ်တွေကိုလဲ ကိုယ်ကပေးနေ ရုံနဲ့  ပြန်ပီး အချစ်ခံရတာ မှမဟုတ်ဘဲ ။
ကိုယ်ပေး သလို ပြန်ရ တာဆိုလို့ ‌ဝဋ်တွေပဲ ရှိတယ်။

ချစ်ရမှာ ကြောက်နေတဲ့ လူတစ်ယောက်မှာ အချစ်ကိုကြောက်ရမဲ့ လုံလောက်တဲ့ နာကျင်ခြင်းတွေ ရှိနေလို့ မဟုတ်လား ။

တချို့ဒဏ်ရာတွေက သွေးထွက်ပေမဲ့ အချိန်တန်ရင် ပျောက်သွားတယ်။တချို့ဒဏ်ရာတွေကျတော့ သွေးမထွက်ပေမဲ့ သေမတတ်နာကျင်နေရတုံးဘဲ။

********************

" 'ဖြူ' ငါ့ကို ပြန်ပြောပါအုံးဟ...ငါဘာဆက်လုပ်သင့်လဲ"

ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ ဂနာမငြိမ်တဲ့ 'နန္ဒီ'ကို ကြည့်ရင်း ကျွန်မခေါင်းသာ ရမ်းမိသည် ။

" 'နန္ဒီ'ရယ် ငြိမ်ငြိမ်ထိုင်စမ်းပါ ...နင်ကိုကြည့်ရင်း ငါခေါင်းတောင်မူးလာပီ.....
ငါထပြန်လိုက်မှာနော်...."

ဟောက်လိုက်မှ ဆိုဖာမှာ ဝင်ထိုင်လာသည့် 'နန္ဒီ'ကိုကြည့်ရင်း ကျွန်မ သက်ပြင်း တစ်ချက် ချလိုက်မိသည် ။
အရေးကြီးကိစ္စရှိလို့ သူ့ဆီအမြန်လာပေးပါဆိုလို့ ကျွန်မမှာ လုပ်လက်စအလုပ်တွေကိုပင် ပစ်ထားခဲ့ပီး သူ့ရုံခန်းဆီ အပြေးလာခဲ့ရသည်။

" ငါ့မှာ အရေးကြီးတယ်ဆိုလို့ အပြေးလာခဲ့ရတာ..
ဒီရောက်တော့ ကိစ္စက အရမ်း‌အရေးကြီးတယ် ဆိုတော့န ငါမောလာတဲ့အမောတောင် စို့သွားတယ် "

" ငါ့အတွက်တော့ အရမ်းအရေးကြီးတယ်ဟ...
လုပ်ပါ..ငါ့ကို ကူစဉ်းစား ပေးပါအုံး "

" နန္ဒီမရယ်...'ဇော့်'သူငယ်ချင်းလဲ ဖြစ်ချင်ဖြစ်မှာပေါ့"

" 'ဇော့်မှာ မိန်းကလေးသူငယ်ချင်း ရှိတယ်လို့မှ မကြားဖူးတာ..
'လင်း'ကလွဲရင် ဇော့်ဘေးမှာ တခြားသူငယ်ချင်းဆိုတာလဲ တွေ့မှမတွေ့ဖူးဘဲ "

မနက်က အိမ်မှာ မနက်စာ မစားဖြစ်ခဲ့တော့
ကော်ဖီဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်လိုက်သည် ။
ကော်ဖီထိုင်သောက်နေရင်း အမှတ်မထင်
'ဇော်'နဲ့ ကောင်မလေးတစ်ယောက် လက်ချင်းချိတ်ပြီး ဆိုင်ထဲက ထွက်သွားသည်ကို တွေ့လိုက်ရသည်။

အမြင်များ မှားသလားလို့ သေချာအောင်ပြန်ကြည့်လိုက်တော့ တကယ် ..ဇော်ပါဘဲ.....
ဇော့်ကို တခြားတစ်ယောက်နဲ့ အတူ တွဲမြင်လိုက်ရတော့ လူက ဘယ်လိုမှ ဂနာမငြိမ်နိုင်တော့ဘူး...
မေးခွန်းပေါင်းများစွာနဲ့ အတွေးတွေကလဲ တစ်ဖက်ကို အစွန်းရောက်သွားတော့ ရင်ထဲမှာ နေလို့မရအောင်ကို မွန်းကြပ်လာခဲ့ရတယ် ....
တစ်ယောက်ထဲ မတတ်နိုင်တဲ့အဆုံး ဖြူ့ကို လှမ်းခော်လိုက်ပြီး အကြောင်းစုံ ရင်ဖွင့်မိတော့သည် ။

" နင်ဒီလိုတွေ အတွေးများနေမဲ့ အစား ဇော့်ကို မေးကြည့်လိုက်ပါ့လား...မတော်လို့ ရည်စားဆိုလဲ...."

" ဖြူစုတ်...ဖြူနာ...လွဲပါစေတော် ပါးစပ်ပုတ်ကြီးနဲ့...
စကားတောင် ဆယ်ခွန်းပြည့်အောက် မပြောတဲ့ ဇော့်ကို ဘယ်ဘယ်လို စကားစပြီး သွားမေးရမှာလဲ.."

" ဟဲ့....နင့်ပုံစံအတိုင်းဘဲ သိချင်တာကို တိုက်ရိုက်မေးလိုက်ပေါ့..."

နန္ဒီဆိုတာ blue diamond company ကြီး တစ်ခုလုံးရဲ့ CEOတစ်ယောက်ပါ...
အလုပ်လုပ်ရင် တိကျတယ် ဆိုတာထက်ကို တိကျလွန်းတယ်....
ဘယ်သူ့ကိုမှ မငဲ့ဘဲ အရာရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်တယ်...
ဒီလို တိကျပြတ်သားလွန်းတဲ့ နန္ဒီတစ်ယောက် အခုလို တွေဝေနေတဲ့ ပုံစံကိုကြည့်ရင်း ကျွန်မမှာ ရယ်ချင်လာမိသည် ....

" ဟားဟား...နန္ဒီမရယ်....
ဘာတွေဒီလောက် တွေဝေနေရတာလဲ....
ငါအခုမြင်နေရတာ blue diamond company ကြီးရဲ့ CEOနန္ဒီမှ ဟုတ်ရဲ့လားဟယ် ....
နင့်ရဲ့ အခုပုံစံကို ဓာတ်ပုံရိုက်ထားပြီး နင့်ဝန်ထမ်းတွေကို ပြရမယ်.....
CEOကြီးမှာလဲ ဒီလိုတွေဝေတတ်တဲ့ အချိန်ရှိပါသေးတယ်လို့...ဟားဟား....."

" ဖြူစုတ်...ငါ့ကိုဆို ပြောမယ်ဆိုတာ ကြီးဘဲ.....
တွေဝေနေတာ မဟုတ်ပါဘူးဟ...ညနေ ဇော်နဲ့ တွေ့ပြီး မေးရအောင် စဉ်းစားနေတာ..."

" အော်....စဉ်းစားနေတာလား...စဉ်းစား....စဉ်းစား..
အခုတော့ ငါ့ကို နေ့လည်စာ လိုက်ကျွေးပါလား...
နင့်အတွက်နဲ့ ငါ့အလုပ်တွေ ပစ်ထားခဲ့ပြီး လာခဲ့ရတာနော်..."

အမြဲ ဂုန်းဆင်းဖို့ဘဲ ချောင်းနေတဲ့ ဖြူ့ကို မျက်စောင်း တစ်ချက် ထိုးလိုက်ကာ...

" ငါ့ကို အကြံညဏ်တွေ အများကြီး ပေးလိုက်တာဆိုတော့ .... ဝယ်ကျွေးရမှာပေါ့.."

" ဒါပေါ့..."

" ရွဲ့ပြောနေတာဟဲ့...ကပ်စေးနှဲမ...
အမြဲဂုန်းဆင်းဖို့ဘဲ ချောင်းနေတာ..."

" နန္ဒီလေးကလဲ.....ဒီသူငယ်ချင်းလေး တစ်ယောက်ဘဲ ရှိတာကို မသဒ္ဒါဘူးလား...အချစ်ဆုံးကြီးကို.."

" ဝယ်ကျွေးဆိုလဲ ဝယ်ကျွေးပါ့မယ်ဟယ်...ရုံးပတေသီး အသံကြီးနဲ့တော့ မပြောစမ်းပါနဲ့..ရွံစကာကြီး..
ထ...သွားမယ်...."

စပ်ဖြီးဖြီးနဲ့ လိုက်လာတဲ့ ဖြူ့ကို..
ဒီသူငယ်ချင်းလေး တစ်ယောက်ဘဲရှိတော့ ချစ်လဲချစ်ရသလို အမြင်လဲ ကပ်ရပါတယ်..."

***************

" အကိုဇော်...အယ်..ဟို..မန်နေဂျာ.. meetingမှာ အဆင်ပြေရဲ့လား"

ကျနော်တို့ အဖွဲ့က တာဝန်ယူထားတဲ့ project ကို
Company ကလက်ခံ လက်မခံဆိုတာကို ဒီနေ့ meeting မှာဆုံးဖြတ်ပေးတာ ဆိုတော့ တစ်ဖွဲ့လုံး အဖြေကို သိချင်နေကြလို့ ထင်ပါရဲ့...
ကျနော့် ရုံးခန်းအပေါက်ဝမှာ တစ်ဖွဲ့လုံး ရောက်နေကြပြီး....
Supervisor ဖြစ်တဲ့ မနေခြည်က ကျနော့်ကို တွေ့တွေ့ချင်း မေးလိုက်ခြင်း ဖြစ်သည် ။

"ဟုတ်ကဲ့ .... အဖွဲ့သားတွေ အကုန်လုံး ကြိုးကြိုးစားစားလုပ်ဆောင် ထားကြတော့ အားလုံး အဆင်ပြေခဲ့ပါတယ် ..ရှယ်ယာရှင်တွေကလဲ သဘောကျ လက်ခံကြတယ်...

အားလုံးလဲ ပင်ပန်းခဲ့ရတာဆိုတော့ ရုံဆင်းရင် သူဌေးက အဖွဲ့အတွက် ပွဲလုပ်ပေးမယ်တဲ့..."

" ဟေး!!!!!"

အားလုံးက  လက်ခုပ်တွေတီးပြီး ပျော်ရွှင်နေကြသည် ။
ကျနော်လဲ ပြောစရာ မရှိတော့လို ရုံးခန်းထဲ ဝင်ဖို့ ပြင်လိုက်သည် ။

" ဟိုလေ ..အောက်မှာ မန်နေဂျာ့ ကို တွေ့ချင်လို့တဲ့ လူ‌တစ်ယောက် ရောက်နေတယ်.. meetingရှိ နေတာနဲ့ အောက်မှာဘဲ စောင့်ခိုင်းထားလိုက်တယ် "

" ရတယ်..ကျနော့်ရုံးခန်း ကိုလွှတ်လိုက်ပါ"

"ဟုတ်"

>>>>>>>

ဒေါက်.!!..ဒေါက်!!!...

" ဟုတ်ကဲ့ ဝင်ခဲ့ပါ...."

"ကို.!.."

ရေးလက်စ ဘောပင် တင်မက လည်ပတ်နေတဲ့ ကမ္ဘာကြီး တစ်ခုလုံး ရပ်တန့်သွားသလိုပင်.....
ကျနော့်နားထဲတွင်လည်း ဒီခေါ်သံကိုဘဲ ထပ်ခါထပ်ခါ ပဲ့တင်သံတွေနဲ့ ကြားနေခဲ့ရသည် ။
ဒီအသံနဲ့ ဒီလို အခေါ်အဝေါ် မျိုးကို ကျနော် ကောင်းကောင်းကြီး မှတ်မိ နေတယ်။

"ကို....."

ကျနော့်ဆီကိာ တစ်လှမ်းချင်း လျှောက်လှမ်းလာနေတဲ့ သူမ....
ဒီတစ်သက် ပြန်မတွေ့ချင် တဲ့မျက်နှာ.....
အရမ်းမုန်းတီး နေခဲ့မိတဲ့ အသံ .....
အရမ်းနာကျည်း ခဲ့ရတဲ့ ဒီလူသား.....

"ငါ့အနားကို မလာနဲ့!"

အံတကြိတ်ကြိတ် နဲ့ ပြောလာတဲ့ 'ကို' .....
'နှင်း'ကို ဘယ်လောက် မုန်းတီးနေမလဲ ဆိုတာ နှင်း ခန့်မှန်း မိပါတယ်.....

" မင်းကို ငါ့အနား မလာခဲ့နဲ့လို့ ပြောနေတယ်လေ!!!
ဘာကိစ္စနဲ့ ငါ့မျက်စိရှေ့ ပြန်ပေါ်လာရတာလဲ!.....
လှည့်ထွက်သွား ခဲ့တာ မဟုတ်လား ..
အဆုံးထိ ပြန်မလာနဲ့တော့လေ  ဘာ..ဘာလို့ ...အခုမှပြန်ပေါ်လာရတာလဲ!!!..."နှင်းစက်မေ"

ဒေါသ နဲ့တပြိုင်နက် ဝမ်းနည်း စိတ်က ကပ်ပါ လာတယ်........
မုန်းလိုက်တာ ...ကိုယ့်ကို နာကျင်စေခဲ့တဲ့ သူအတွက် ဝမ်းနည်းနေရတယ်လို့.....
ဘာလို့လဲ.!!! နေသားကျနေပြီးမှ..ဘာလို့လဲ...
ဘာလို့ မျက်စိရှေ့ ပြန်ပေါ်လာရတာလဲကွာ....

"နှင်း...နှင်းလေ 'ကို့'ကို တောင်းပန်ချင်လို့ပါ....
နောက်ပြီး နှင်းမှာ ကို့ကို ရှင်းပြစရာတွေ အများကြီး ရှ်တယ် ..."

ထွက်သွားတာဖြင့် ၃နှစ်တောင် ကြာခဲ့ပြီ.....
အဲ့တာကို အခုမှ တောင်းပန်ပြီး ရှင်းပြချင်လို့တဲ့...
ထားခဲ့ချင်သလို ထားခဲ့ပြီးတော့မှ တောင်ပန်ချင်လိုတဲ့.......

"ဟက်... ငါ့အနားမှာ မပျော်တော့လို့ပါ ဆိုပြီး ထွက်သွားခဲ့တာလေ...ဘာတွေများ ရှင်းပြအုံးမလို့လဲ...
နောက်ပြီး တောင်းပန်ချင်လို့ ဟုတ်လား....
ထွက်သွားတာဖြင့် ၃နှစ်တောင် ကြာခဲ့ပြီ...
အဲ့တာကို အခုမှတောင်ပန်ချင်လို့..ဟင်း...
မင်းက တော်တော် ရယ်စရာ ကောင်းတာဘဲ "

" 'ကို' ခွင့်မလွှတ် နိုင်ဘူး ဆိုတာ သိပါတယ်... ဒါပေမဲ့ 'နှင်း'ရှင်းပြတာလေး ကိုတော့ နားထောင်ပေးပါ...နှင်းလေ ..ကို့ကို အရမ်းချစ်လို့ ထားခဲ့ရတာပါ.."

" ကျစ်...တော်ပါတော့ကွာ.!!!!တော်ပါတော့...မင်းပါးစပ်က ချစ်တယိဆိုကြီးကို မပြောစမ်းပါနဲ့ကွာ..
မင်းထွက်သွားလိုက်တော့...ငါ မင်းအသံကိုတောင် မကြားချင်တော့ဘူး....."

ကိုက ကျွန်မကို နှင်ထုတ်နေပေမဲ့ ကျွန်မထွက်မသွား ပေးနိုင်ဘူး....
နှင်းအမှားတွေ နှင်းသိပါတယ်...ကို နှင်းကို နာကျည်းနေတယ် ဆိုတာလဲ သိတယ်..
ဒါပေမဲ့ ကို့ဆီ ပြန်လာနိုင်ဖို့ကို နှင်းအချိန် အကြာကြီး ကြိုးစားခဲ့ရတာ....

ကို့ကို အရင်က နှင်းပိုင်ဆိုင်ခဲ့သလို အခုလဲ ကိုက နှင်းအပိုင်ဘဲ ဖြစ်ရမယ်..
ကို့ကို နောက်တစ်ခါ အဆုံးရှုံး မခံနိုင်တော့ဘူး....

" မရဘူး ကို....ကို မကြားချင်လဲ နှင်းပြောရမှာဘဲ...
ကို့ကို ချစ်လွန်းလို့လေ နှင်းအိမ်ကို ဖွင့်ပြောခဲ့တာ..
အိမ်က နှင်းနဲ့ ကို့ကို ဘယ်လို နည်းနဲ့မှ သဘောမတူနိုင်ဘူးတဲ့....."

"....."

ကျနော် ဒီအကြောင်းတွေကို မသိခဲ့ဘူး.....
ကျနော့်ကို တွေ့ဖို့ချိန်ပြီး အကြောင်းမဲ့ လမ်းခွဲ သွားတာဘဲ သိခဲ့တာ.....

" 'နှင်း'လေ 'ကို့'စိတ် တစ်ခု တည်းနဲ့ ဖေဖေနဲ့ မေမေ ကိုအတိုက် အခံ လုပ်ခဲ့တာ.....
နဂိုကတည်းက နှလုံး ရောဂါ ရှိပီး ဒေါသကြီး တဲ့ ဖေဖေက 'နှင်း'နဲ့ စကား များနေတုန်း...
နှလုံး အမော ဖောက်သွားခဲ့တယ်......
ဆေးရုံး ကို ချက်ချင်း ပို့ခဲ့ပေမဲ့ .......
နှင်း...‌ဖေ....ဟင့်.... ဖေ့ဖေ့ အသက် ကိုမမှီ ခဲ့ဘူး..ဟင့်...ဟင့်"

" ဦး.....ဦးလေးက...."

ကျနော် ဒီအကြောင်းတွေကို တကယ် မသိခဲ့တာပါ...
ကျနော် ကိုယ့်ဘက်ကိုဘဲ ကြည့်ခဲ့မိတယ်...
ကျနော့်ထက် နှင်းက ပိုပြီး နာကျင်ခဲ့ရမှာ...
ကျနော်ကြောင့် သူများမိသားစု ပြိုကွဲသွားခဲ့ရတာ...

အကြောင်းမဲ့ လမ်းခွဲသွားတာ နှင်းမဟုတ်ဘဲ ...
ကျနော်ကသာ အကြောင်းအရင်းကို မသိခဲ့တာ..
ကျနော် တကယ် အသုံမကျတဲ့ သူဘဲ....

" 'နှင်း' ဖေဖေ့ ကိုဆုံးရှုံး လိုက်ရတော့ အရမ်းတုန်လှုပ် ခဲ့ရတယ်.........
ကိုယ်တိုင် ကလဲ အပြစ် မကင်းတော့ အရမ်း ကြောက်‌နေ ခဲ့ရတာ......
တစ်ယောက် ထဲကျန် ခဲ့တဲ့ မေမေ့ ကိုတော့ စိတ်ချမ်း သာစေ ချင်တယ်.........
အဲ့တာကြောင့် မေမေ့ ဆန္ဒအတိုင်း 'ကို့'ကို ထားခဲ့ပီး  Usကို ထွက်သွား ခဲ့ရတာပါ........
တောင်းပန် ပါတယ်..'ကို့'ကို နာကျင် စေခဲ့ မိလို့...
တောင်း..အင့်"

ရုတ်တရက် ဆွဲဖက်လိုက်သော ကို့ကြောင့် နှင်းမှာ စကားပင် ဆုံးအောင် မပြောလိုက်ရချေ....

'ကို့'ရဲ့ ရင်ခွင် က အရင်က လိုဘဲ နွေးထွေး နေဆဲ...
အချိန် အကြာကြီး လွမ်းနေ ခဲ့ရတဲ့ 'ကို့'ရင်ခွင် ထဲမှာ 'နှင်း' အားရပါးရ ငိုကြွေး နေမိ သည်။
ကို့ရင်ခွင်ထဲမှာဘဲ တစ်သက်လုံး ခိုဝင်ချင်မိတယ်..
ကို့ကို နှင်းပြန်လိုချင်မိတယ်...
ကိုက နှင်းအပိုင်....

###################

Zawgyi>>>>

ချစ်ခြင်းမေတ္တာဟာ ကိုယ်က ပေးလိုက်တာနဲ့ ပြန်ပြီး ရတတ်တာမှ မဟုတ်ဘဲ......
နောက်ပြီး အချစ်တွေပေး နေရုံနဲ့ ကိုယ်က ပြန်ပြီး အချစ်ရတာမှ မဟုတ်တာ....
ကိုယ်ပေးသလို ပြန်ရတာဆိုလို့ ဝဋ်‌တွေဘဲရှိတယ် ။

ချစ်ရမှာကို ကြောက်နေတဲ့ လူ‌တစ်ယောက်မှာ လုံလောက်‌တဲ့ နာကျင်ခြင်းတွေ ရှိတတ်တယ် ။

တချို့ ဒဏ်ရာတွေက သွေးထွက်ပေမဲ့ အချိန်တန်ရင် ပျောက်သွားကြတယ် ........
တချို့ ဒဏ်ရာတွေကျတော့ သွေးမထွက်ပေမဲ့ တစ်သက်စာနာကျင် ရတတ်တယ် ။

*************************

" ဖြူ....ငါ့ကို ပြောပါအုံးဟ...ငါဘာဆက်လုပ်သင့်လဲ.."

ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ ဂနာမငြိမ် ဖြစ်နေတဲ့ နန္ဒီကို ကြည့်ရင်း ဖြူခေါင်းသာ ရမ်းနေမိသည် ။

" နန္ဒီမရယ် .... ငြိမ်ငြိမ်ထိုင်နေစမ်းပါ...နင့်ကို ကြည့်ရင်း ငါခေါင်းတောင် မူးလာပြီ... ငါထပြန်လိုက်မှာနော် .."

ဟောက်လိုက်တော့မှ နန္ဒီတစ်ယောက် ဝင်ထိုင်လာပါတော့သည် ။
အရေးကြီး ကိစ္စရှိလို့ သူ့ဆီ အမြန်လာပေးပါဆို့လို့ ကျွန်မမှာ လုပ်လက်စ အလုပ်တွေကိုပင် ပစ်ထားခဲ့ပြီး သူ့ရုံးခန်းဆီ အပြေးလာခဲ့ လိုက်ရသည် ။

နင့်ကိုကြည့်ရင်း ငါမောလာတဲ့ အမောတောင် စို့သွားတယ် ...."

" အမောစို့လဲ နောက်မှ စို့ပါတော့...အခုတော့ ငါ့ကို ကူစဉ်းစား ပေးပါအုံး ..."

" နန္ဒီမရယ်..... ဇော့်ရဲ့ သူငယ်ချင်းလဲ ဖြစ်ချင်ဖြစ်မှာပေါ့..."

" ဇော့်မှာ မိန်းကလေး သူငယ်ချင်းရှိတယ် လို့မှ မကြားဖူးတာ...နောက်ပြီး လင်းကလွဲရင် ဇော့်ဘေးမှာ တခြားသူငယ်ချင်း ဆိုတာ တွေ့လဲ ‌မတွေ့ဖူးဘူး...."

မနက်က အိမ်မှာ မနက်စာ မစားဖြစ်ခဲ့တော့ ကော်ဖီဆိုင်တစ်ဆိုင်မှာ မနက်စာ ဝင်စားနေရင်း.....
ကော်ဖီဆိုင်ထဲကနေ ဇော်နဲ့ ကောင်မလေး တစ်ယောက် လက်ချင်းချိတ်ပြီး ထွက်သွားတာကို တွေ့လိုက်ရသည် ။

ထိုမြင်ကွင်းကို မြင်ပြီး ကတည်းက လူက ဂနာမငြိမ်တော့......
ကိုယ်ချစ်နေတဲ့သူကို တခြားတစ်ယောက်နဲ့ တွဲမြင်လိုက်ရတော့....
အတွေးတွေကလဲ တစ်ဖက်ကို အစွန်းရောက်သွားတယ် .....
ရင်ထဲမှာ မွန်းကြပ်လာ၍ မတတ်နိုင်သည့် အဆုံး ဖြူ့ကို လှမ်းခေါ်လိုက်ပြီး အကြောင်းစုံ ရင်ဖွင့်
မိတော့သည် ။

" နင်ဒီလို အတွေးတွေ များနေမဲ့အစား ဇော့်ကို မေးကြည့်လိုက် ပါလား... မတော်လို့ ရည်စားဆိုလဲ........."

" ဖြူစုတ်....ဖြူနာ ပါးစပ်ပုတ်ကြီးနဲ့.....
စကားတောင် ဆယ်ခွန်းပြည့်အောင် မပြောတဲ့ ဇော့်ကို ဘယ်ကဘယ်လို စမေးရမှာလဲ..."

" ဘာခက်လို့လဲ နင့်ပုံစံ အတိုင်း တိုက်ရိုက်မေး လိုက်ပေါ့ ကောင်မလေးက ဘယ်သူလဲ ဘယ်လိုပတ်သတ်တာလဲ ဘာညာ နင်သိချင်တာ အကုန်မေး လိုက်ပေါ့..."

နန္ဒီဆိုတာ blue diamond company ကြီး တစ်ခုလုံးရဲ့ CEO ပါ ....
အလုပ်လုပ်ရင် တိကျတာထက်ကို လွန်နေရော..
ဘယ်သူ့ကိုမှမငဲ့ဘဲ အရာရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်‌တတ်သေးတယ်....
ဒီလို တိကျပြတ်သားလွန်းတဲ့ နန္ဒီတစ်ယောက် အခုလို တွေဝေနေတော့ ကျွန်မမှာ ရယ် ချင်လာမိသည် ......

" ဟားဟား...နန္ဒီမရယ်....ဘာတွေ ဒီလောက်တွေဝေ နေတာလဲ .... ငါအခုမြင်နေရတာ ငါသိတဲ့ blue diamond company ရဲ့ CEOကြီး နန္ဒီမှ ဟုတ်ရဲ့လားဟယ် ....

တွေဝေနေတာမဟုတ်ဘူး... ညနေဇော်နဲ့ တွေ့ပြီး မေးရအောင် စဉ်းစားနေတာ..."

အခုတော့ ငါ့ကို နေ့လည်စာ လိုက်ကျွေး...ငါ ...နင့်အတွက် ငါ့အလုပ်တွေ ပစ်ပြီးလာခဲ့ ရတာနော် ..."


" ငါ့ကို အကြံတွေ အများကြီးပေး လိုက်တယ်ဆိုတော့ ဝယ်ကျွေးရမှာပေါ့....."

" ဒါပေါ့...."

" ရွဲ့ပြောနေတာဟဲ့....ကပ်စေးနှဲမ ... အမြဲတမ်းဂုန်းဆင်းဖို့ဘဲ ချောင်းနေတာ..."

" နင်ကလဲ...ဒီသူငယ်ချင်းလေး တစ်ယောက်ဘဲ ရှိတာကို.... မသဒ္ဒါဘူးလား... အချစ်ဆုံးကြီးကို.."

" ဝယ်ကျွေးဆို ဝယ်ကျွေးပါ့မယ်... ရုံးပတေသီး အသံကြီးနဲ့ မပြောစမ်းပါနဲ့ ရွံစရာကြီး....
ထ သွားမယ်...."

စပ်ဖြီးဖြီးနဲ့ လိုက်လာတဲ့ ဖြူ့ကို သူငယ်ချင်းတစ်ယောက်ဘဲ ရှိတော့ ကျွန်မမှာ ချစ်လဲချစ်ရပါတယ် အမြင်လဲကပ်ရပါတယ် ...

***************†**********


ကျနော်တို့အဖွဲ့ တာဝန်ယူထားတဲ့ projectကို company ကလက်ခံ လက်မခံ meeting မှာတင်ပြရ‌တာဆိုတော့ တစ်ဖွဲ့လုံးက အဖြေကိုသိချင် နေကြပြီ ထင်တယ် ...
ကျနော့် ရုံးခန်းရှေ့မှာ တစ်ဖွဲ့လုံး ရောက်နေကြပြီး supervisor ဖြစ်တဲ့ မနေခြည်က ကျနော့်ကို မေးလိုက်ခြင်း ဖြစ်သည် ။

" ဟုတ်ကဲ့.... အဖွဲ့သားတွေ အကုန် ကြိုးစားပေးထားကြတော့ ရှယ်ယာရှင်တွေက သဘောကျ လက်ခံကြပါတယ်.. အားလုံးအဆင်ပြေခဲ့တယ်..မနေခြည်...

အားလုံးလဲ ပင်ပန်းသွားရပြီ... ရုံဆင်းရင် သူဌေးက အဖွဲ့အတွက် ပွဲလုပ်ပေးမယ်တဲ့ ....."

" ဟေး......."

အားလုံးက ပျော်ရွှင်စွာနဲ့ ထအော်နေကြတော့...
ကျနော်လဲ ရုံခန်းထဲ ဝင်ရန်ပြင်လိုက်သည် ။

" ဟိုလေ...ဂျာကြီး...အောက်မှာ ဂျာကြီးကို တွေ့ချင်လို့တဲ့ လူတစ်ယောက် ရောက်နေတယ် ...
Meeting ရှိလို့ အောက်မှာဘဲ စောင့်ခိုင်းထား လိုက်တယ် .."

" ကျနော့် ရုံးခန်းထဲ လွှတ်လိုက်လေ..."

" ဟုတ်...ဂျာကြီး..."

>>>>>>>>>

ဒေါက်!!!..ဒေါက်!!..

" ဟုတ်ကဲ့ ဝင်ခဲ့ပါ.."

" ကို ! ..."

ခေါ်သံကြားလိုက် ရသည်နှင့် တပြိုင်နက် ရေးလက်စ ဘောပင်ပင် မက လည်ပတ်နေတဲ့ ကမ္ဘာကြီး တစ်ခုလုံး ရပ်တန့်သွားသလိုပင် ....
ကျနော့် နားထဲတွင်လည်း ဒီခေါ်သံကိုပင် ထပ်ခါထပ်ခါ ပဲ့တင်သံတွေနှင့် ကြားနေ ခဲ့ရသည် ။
နောက်ပြီး ဒီအသံနဲ့ ဒီလို အခေါ်အဝေါ် မျိုးကို ကျနော် ကောင်းကောင်းကြီး မှတ်မိနေသေးတယ် ။

" ကို !...."

ကျနော့်ဆီ လျှောက်လှမ်းနေတဲ့  သူမ....
ဒီ တစ်သက် ပြန်မတွေ့ချင်တော့တဲ့ မျက်နှာ.....
အရမ်း မုန်းတီးနေမိတဲ့ အသံ....

" ငါ့အနားကို မလာနဲ့ !."

အံတကြိတ်ကြိတ်နဲ့ ပြောလာခဲ့တဲ့ ကို.....
နှင်းကို ဘယ်လောက် နာကျည်းမုန်းတီး နေမလဲ ဆိုတာ နှင်းခန့်မှန်း မိပါတယ်.....

ဘာကိစ္စ ငါ့မျက်စိရှေ့ ပြန်ပေါ်လာရတာလဲ...
လှည့်ထွက် သွားခဲ့တာ မဟုတ်လား ... အဆုံးထိ ပြန်မလာနဲ့တော့လေ...ဘာ..ဘာလို့ အခုမှ ပြန်ပေါ်လာရဝာလဲ..!!!! နှင်းစက်မေ..."

ဒေါသစိတ်နဲ့ တစ်ပြိုင်နက် ဝမ်းနည်းစိတ်ကပါ ရောပါလာခဲ့တယ် .....
ဘာလို့လဲ...!!! နေသားကျနေပြီးမှ ဘာလို့လဲ...ဘာလို့ ပြန်ပေါ်လာ ရတာလဲ..

" နှင်း....နှင်းလေ...ကို့ကို တောင်ပန်ချင်လို့ပါ... နောက်ပြီး ကို့ကို ရှင်းပြစရာတွေလဲ ရှိနေတယ်.."

" အဟက်.... ငါ့အနားမှာ မပျော်တော့လို့ပါ ဆိုပြီး လှည့်ထွက်သွားခဲ့တာလေ...ဘာတွေ ရှင်းပြနေစရာ လိုသေးလို့လဲ......နောက်ပြီး တောင်းပန်ချင်လို့ ဟုတ်လား...ထွက်သွားခဲ့တာဖြင့် ၃နှစ်တောင် ကြာခဲ့ပြီ..အဲ့တာကို အခုမှ တောင်းပန်ချင်လို့ ..မင်းက တော်တော် ရယ်စရာကောင်းတာဘဲ.."

" ကို ခွင့်မလွှတ်ပေး နိုင်ဘူးဆိုတာ သိပါတယ်..ဒါပေမဲ့ နှင်းရှင်းပြတာလေးကိုတော့ နားထောင်ပေးပါ...နှင်း...နှင်းလေ ကို့ကို အရမ်းချစ်လို့ ထားခဲ့ရတာပါ..."

" ကျစ် !!!တော်ပါ‌တော့... မင်း ထွက်သွားလိုက်တော့  ငါမင်းအသံကိုတောင် မကြားချင်တော့ဘူး ...."

ကို့ဆီ ပြန်လာဖို့ကို နှင်းအချိန် အကြာကြီး ကြိုစားခဲ့ရတာ....
ကို့ကို အရင်ကလဲ နှင်းပိုင်ဆိုင်ခဲ့သလို အခုလဲ ကိုက နှင်းအပိုင်ဘဲ ပြန်ဖြစ်ရမယ်...

ကို့ကို ချစ်လွန်းလို့လေ နှင်းအိမ်ကို ဖွင့်ပြောခဲ့တာ...အိမ်က ကိုနဲ့နှင်းကို ဘယ်လိုနည်းနဲ့မှ သဘောမတူနိုင်ဘူးတဲ့...."

"......"

ကျနော် ဒီအကြောင်းတွေတော့ မသိခဲ့ပါ....
ကျနော်ကို ‌တွေ့ဖို့ချိန်းပြီး အကြောင်းမဲ့ လမ်းခွဲသွားခဲ့တာဘဲ ကျနော်သိခဲ့တာ.....

" နှင်းလေ ကို့စိတ် တစ်ခုတည်းနဲ့ဘဲ ဖေဖေနဲ့ မေမေကို အတိုက်အခံလုပ်ခဲ့တာ.....
နဂိုကတည်းက နှလုံးရောဂါရှိပြီး ဒေါသကြီးတဲ့ ဖေဖေက နှင်းနဲ့စကားများနေတုန်း... အမော ဖောက်သွား ခဲ့တယ်...
ဆေးရုံကို ချက်ချင်းပို့ခဲ့ ပေမဲ့...နှင်း..ဖေ..ဟင့်...ဖေဖေ့ အသက်ကို...မမှီခဲ့ဘူး....ဟင့်..ဟင့်..."

" ဦး... ဦးလေးက..."

ကျနော် ကိုယ့်ဘက်ကိုဘဲ ကြည့်ခဲ့တာဘဲ...
အကြောင်းမဲ့ လမ်းခွဲသွားခဲ့တာ နှင်းမဟုတ်ဘဲ ကျနော်ကသာ အကြောင်းအရင်းကို မသိခဲ့တာ..
ကျနော် တကယ် အသုံးမကျတဲ့ သူဘဲ...

တစ်ယောက်ထဲ ကျန်ခဲ့တဲ့ မေ့မေ့ကိုတော့ စိတ်ချမ်းသာ စေချင်တယ်...
အဲ့တာကြောင့် မေမေ့ ဆန္ဒအတိုင်း ကို့ကို လမ်းခွဲခဲ့ပြီး USကို ထွက်သွားခဲ့ရတာပါ....
တောင်းပန်ပါတယ် ..ကို့ကို နာကျင်စေခဲ့လို့...
တောင်း...အင့်..."

ရုတ်တရက် ဆွဲဖက်လိုက်သော ကို့ကြောင့် နှင်းမှာ စကားပင် ဆုံးအောင် မလိုက်ရချေ....
ကို့ရဲ့ ရင်ခွင်က အရင်လိုဘဲ နွေးထွေးနေဆဲ.....
အချိန် အကြာကြီး လွမ်းနေခဲ့ရတဲ့ ကို့ရဲ့ ရင်ခွင်ထဲမှာ နှင်း အားရပါးရ ငိုကြွေးနေ မိသည် ။
ကို့ရင်ခွင်ထဲမှာလဲ တစ်သက်လုံး ခိုဝင် ချင်မိတယ်...
ကိုက နှင်းအပိုင်ဘဲ....

###########$$$$$########




Continuer la Lecture

Vous Aimerez Aussi

657K 107K 73
(يا إيها الناس أتقو الله بالنساء اوصيكم بالنساء خيراً) لم يستوصوا بنا خيراً يا رسول الله لقد كسرو القوارير والافئدة
33.6K 3K 22
မိဘတွေ သဘောတူညီမှုကြောင့် လက်ထပ်လိုက်ရပေမဲ့ လက်ထပ်လိုက်ရတဲ့ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့.....
3.9K 56 11
ဘယ်​​လောက်​ပဲစိတ်​ဆိုး​နေပါ​စေ သူ့အသံ​လေးကြားလိုက်​ရတာနဲ့စိတ်​ဆိုး​ပြေသွားတာမျိုး
175K 8K 35
◇Park Jimin Fanfic◇ ◇Mafia AU◇ "How many times do I have to tell you that stop following me. I'm nothing but danger." He pinned her against the neare...