For Unicode
ဒီလိုတွေတစ်နေ့ဖြစ်လာနိုင်တယ်ဆိုပြီးကြိုတင်တွေးထားပေမဲ့ တကယ့်တကယ့်ဖြစ်လာတော့ ထင်ထားတာထက်ပိုနာကျင်ရသည်..အချစ်ဆိုတာဒါလား..ထိန်းထားတဲ့ကြားက ကျလာတဲ့မျက်ရည်စက်တွေကိုသုတ်ဖို့တောင်သတိမေ့နေခဲ့သည်..ဒေါ်ခတ္တာမေနဲ့ဖူးသစ္စာလှိုင်ကြားမှာ အပ်ကျသံကြားရလောက်တဲ့အထိတိတ်ဆိတ်သွားလေပြီ..ထိုတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သူမှာဖူး..
"အော် ပြီးတော့ ပြန်လာတာကို စောင့်မနေပါနဲ့.."
"ဒါ အန်တီအပိုင်းပါကွယ်"
"မုန်းပေးပါ"
"ဘယ်လို ကလေးငယ်"
"ဖူးကို မုန်းပေးပါ"
"မဖြစ်နိုင်တာကွယ်"
"အန်တီ့မှာ မာနမရှိဘူးလား"
"အွန်း..ကလေးငယ်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာ အန်တီ့ရဲ့မာနတွေက ကလေးငယ်ရဲ့ခြေဖဝါးအောက်မှာပါ"
"ဖူးကိုစိတ်နာပေးပါ.."
"ကလေးငယ်တောင် ကလေးငယ်စိတ်ကိုကလေးငယ်ပိုင်လို့ စိတ်တိုင်းကျရွေးချယ်သွားတာမလား..အဲ့လိုပဲ အန်တီလည်း အန်တီ့စိတ်ကိုအန်တီပိုင်တာမို့လို့ အန်တီ့စိတ်က ကလေးငယ်ကိုဘယ်တော့မှ စိတ်နာမှာမဟုတ်တဲ့အတွက် ကလေးငယ်ပြောတာကို အန်တီမလိုက်လျောပေးနိုင်ဘူးကွယ်"
"အရင်က ဒေါ်ခတ္တာမေဘယ်ရောက်သွားလဲဟမ်..အချစ်တစ်ခုထဲအတွက်နဲ့ အဲ့လောက်ထိမရူးမိုက်ပါနဲ့အန်တီ..ဖူးက အန်တီ့အပေါ်မှာဘယ်တုန်းကကောင်းခဲ့လို့လည်း..အန်တီစိတ်နာသင့်တယ်မဟုတ်ဘူးလား"
"ကလေးငယ်နဲပတ်သတ်ရင် အန်တီကလူအများသိတဲ့ဒေါ်ခတ္တာမေမဟုတ်ဘူးကလေး..ကလေးငယ်သိတဲ့ ဒေါ်ခတ္တာမေပဲ..ကလေးငယ်အန်တီ့အပေါ်မှာ ကောင်းကွက်တစ်ကွက်မှ မရှိခဲ့ဘူး အန်တီ့ကိုနာကျင်အောင်လုပ်နေရင်တောင်အန်တီမင်းကိုချစ်တယ်ကလေးငယ်..ကလေးငယ်ရဲ့ဖြစ်တည်မှုတိုင်းကိုအန်တီချစ်တယ်..အနာလာပေးမလားရတယ် ပြီးရင်ဆေးထည့်ပေးပြီး sryပြောကာလှည့်ထွက်သွားမလားရတယ် ဘယ်လိုလုပ်ရပ် ဘယ်လိုဖြစ်တည်မှုတိုင်းကိုမဆိုခွင့်လွှတ်ပြီးတော့အမြဲတမ်းချစ်နေမှာ..အဲ့တာဘာလို့လဲသိလား အန်တီသိပ်ချစ်ရတဲ့ ကလေးငယ်ကလုပ်တဲ့လုပ်ရပ်မို့လို့ပဲ..အဲ့တာကြောင့် ဒီတစ်ခါတော့ကလေးငယ်စကားကိုမလိုက်လျောပါရစေနဲ့"
ဖူးအစီအစဉ်မအောင်မြင်ခဲ့ပါ..အန်တီက ဖူးကိုဘယ်လိုမှလည်းမမုန်းသလို ဘယ်လိုမှလည်းစိတ်မနာနိုင် အဲ့တာက ဖူးအတွက်ပိုခံရခက်သည်..အန်တီ့ရဲ့စကားလုံးတစ်လုံးချင်းစီတိုင်းကြောင့်ဖူးရင်တွေတစ်ဆစ်ဆစ်နာကျင်ရသည်..အဲ့လောက်တောင်ပဲ ဖူးကိုချစ်တာလားအန်တီ....
"မမကြီးရေ အောက်မှာ ဧည့်သည်ရောက်နေပါတယ်"
အောက်ကကြီးကြီးမြင့်ရဲ့ အသံကြောင့် ဖူးနာရီကိုကြည့်လိုက်တော့ ၃နာရီပဲရှိသေးသည်..ဖူးကိုအခုလိုအစောကြီးလာခေါ်လို့ဖူးစိတ်ပဲဆိုးရမလား ကျေးဇူးပဲတင်ရမလားမသိ..စိတ်ဆိုးချင်တာကတော့ ဖူး အန်တီနဲ့မြန်မြန်နဲ့ခွဲရတော့မှာကြောင့်ဖြစ်သည်..ကျေးဇူးတင်တာကတော့ အခုလို ဖူးကိုသာ အစောကြီးလာမခေါ်ရင် ဖူး အန်တီရဲ့ စကားတွေကြောင့် နောက်ဆုတ်မိတော့မည်...
"ပါးပါးတို့ ရောက်နေပြီထင်တယ်.."
"အွန်း ကလေးငယ် သွားနှင့်လေ အန်တီစာရွက်စာတမ်းတွေယူပြီးလိုက်လာခဲ့မယ်"
"ဟုတ်..အော် ဒါနဲ့ ကလေးငယ်လို့ မခေါ်ပါနဲ့..ဆိုင်မှမဆိုင်တော့တာလေနော်"
"528ပုံစံတောင်မရတော့ဘူးလားကွယ်"
"အရင်းနှီးဆုံး သူစိမ်းတွေအဖြစ်နေကြတာ ပိုကောင်းပါတယ်..ခဏတာ သိခဲ့တဲ့အသိမိတ်ဆွေတွေအနေနဲ့ပဲနေပေးပါ..အဒေါ်နဲ့တူမ ဆက်ဆံရေးကို ထပ်သွင်းမယ်ဆို ပိုနာကျင်ရမှာစိုးလို့စေတနာနဲ့ပြောပြတာပါ..ပြီးတော့ဖူးအတွက်လည်းအနေကြပ်တယ်"
"အွန်းပါ..ကလေး..အာ ဖူး သဘောပါ"
ဖူးပြတ်သားမှရမည်..ဖူးစိတ်ကိုဖူးသာအသိဆုံးဖြစ်သည်..ဖူးရဲ့စိတ်ဟာ အန်တီနဲ့ပတ်သတ်ရင် အရမ်းကိုထိလွယ်ရှလွယ်တတ်သည်..အန်တီနဲ့သာ အဒေါ်နဲ့တူမဆက်ဆံရေးအတိုင်းနေမယ်ဆို အန်တီနဲ့တစ်ရင်းတစ်နှီးပတ်သတ်နေရအုံးမည်..အဲ့အခါကြရင်အန်တီ့ရဲ့ဂရုစိုက်မှုတွေ..အန်တီ့ရဲ့အပြုအမူတွေကြောင့်ဖူး စိတ်ပြန်ယိုင်မိမှာကိုကြောက်သည်..ဒါ့ကြောင့်အခုလိုဖူးပြတ်သားရမည်..အခုလိုပြတ်သားလိုက်တာဟာ ဖူးအတွက်ခဏတာပဲနာကျင်ရမည်လို့ဖူးထင်သည်..မပြတ်သားနိုင်ရင်တော့ ဖူး အကြိမ်ကြိမ်အခါခါ နာကျင်ရလိမ့်မည်..
ဒေါ်ခတ္တာမေဆိုတာ သိပ်ချစ်ရတဲ့ သူ့ရဲ့ကလေးငယ်အရှေ့မှာသာ လွတ်လွတ်လပ်လပ်ပြိုလဲတာ..ကလေးငယ်ကလွဲလို့ကျန်တဲ့သူတွေအရှေ့မှာဆိုရင် အများသိတဲ့ ဒေါ်ခတ္တာမေအတိုင်းနေသည်..အခုလည်းငိုထားတာကြောင့် အစ်နေတဲ့မျက်လုံးတွေကို မိတ်ကပ်နဲ့မသိမသာဖုံးလိုက်ကာ မျက်နှာကို ခုနကလေးငယ်နဲ့အတူရှိနေတဲ့အချိန်ကမျက်နှာလိုမဟုတ်ဘဲ မျက်နှာထားကိုလုံးဝတင်းမာလိုက်လေသည်..ဆံထုံးကိုသေသေသပ်သပ်ထုံးထားကာ သက်ပြင်းအရှည်ကြီးကိုချပြီး စာရွက်စာတမ်းတွေယူကာ လှေကားကနေ အိန္ဒြေရှိစွာဆင်းလာတဲ့ ဒေါ်ခတ္တာမေပုံဟာ မြင်သူတိုင်းကို ရှိန်စေသည်...
ဖူးလည်းခုနက သူ့ရှေ့မှာရှိတဲ့အန်တီ့ရဲ့ပုံနဲ့တစ်ခြားစီဖြစ်ကာပြောင်းလဲသွားတဲ့အန်တီ့ရဲ့ပုံကြောင့် ဖူးတကယ်ကိုအံ့ဩမိပါသည်..နည်းနည်းလည်းစိတ်မကောင်းဖြစ်မိသည်..ဒါပေမဲ့ ဒါဟာ အန်တီ့ရဲ့ ဒေါ်ခတ္တာမေဆိုတဲ့ စတိုင်ပဲလေ..ပြီးတော့အခု ဖူးတစ်ယောက်ထဲအရှေ့မှာမှမဟုတ်တာ..နောက်ပိုင်းတွေဆို ဖူးတစ်ယောက်ထဲအရှေ့မှာတောင် အန်တီ့ရဲ့ အခုလိုသူစိမ်းဆန်တဲ့ပုံကို ဖူးမြင်ရအုံးမည်..ဒါဟာဖူးရွေးချယ်လိုက်တဲ့လမ်းရဲ့အကျိုးဆက်ပဲလေ ဖူးခံသာပါသည်...
"တွေ့ရတာ ဝမ်းသာပါတယ် ဒေါ်ခတ္တာမေ"
"တွေ့ရတာတာဝမ်းသာပါတယ် ဦးကောင်းသန့်ရှင့်"
ကိုယ့်သမီးနဲ့ ချစ်ခဲ့တဲ့သူကို ငေးကြည့်မိနေတာတော့ရယ်ချင်စရာကောင်းလှသည်..အရှေ့ကအမျိုးသမီးကလည်း ငေးကြည့်ချင်စရာကောင်းလောက်အောင်ကို ကျက်သရေရှိကာ ရင်ကိုအေးစေသည်..
ဖူးနဲ့ဘေးချင်းကပ်ထိုင်နေတဲ့ ခန့်အောင်ကို ဒေါ်ခတ္တာမေတစ်ချက်ကြည့်လိုက်ကာ..ဖူးကောင်လေးမှန်း တန်းသိသည် ခန့်အောင်ဟာ ယောင်္ကျားပီသကာ..ဒီကမ္ဘာမှာဖူးတစ်ယောက်ထဲကိုပဲမိန်းကလေးဟုသတ်မှတ်ထားသည့်ပုံပေါက်အောင်ကိုပင် ဖူးကိုပဲအရေးစိုက်တာကြောင့် ဒေါ်ခတ္တာမေအနည်းငယ် သဘောကျမိပင်မဲ့..ခန့်အောင်ရဲ့နှာခေါင်းကိုတရှုံ့ရှုံ့လုပ်နေတဲ့ပုံကိုတော့ ဘဝင်မကျပေ...
"ကျွန်တော်တို့ စကြတော့မလား ဒေါ်ခတ္တာမေ"
"စလိုက်ကြတာပေါ့"
"ဒီတစ်ခါတော့ရှေ့နေတွေဘာတွေမခေါ်တော့ပါလား"
"သူများဆပ်ပေးတာဆိုတော့ ယုံကြည်သင့်တယ်ထင်လို့ပါ"
ဒေါ်ခတ္တာမေပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ဦးကောင်းသန့်မျက်နှာသိသိသာသာကိုပျက်သွားလေပြီ...
ထို့နောက်...
"ကယ် အာ့ဆို ကျွန်တော့်ပိုင်ဆိုင်မှုတွေလည်းပြန်ရပြီ companyလည်း ပြန်ရပြီဆိုတော့ ကျွန်တော်နဲ့များ အလုပ်တူတူလုပ်ချင်ပါသလား.."
"အခုမှ ပြန် run ရမဲ့ companyနဲ့အလုပ်တူတူတွဲလုပ်တဲ့ထုံးစံ ကျွန်မမှာမရှိတဲ့အတွက်ငြင်းပါရစေ"
"အာ...level တူလာတဲ့တစ်နေ့ကြရင် ဒီကမ်းလှမ်းချက်ကို ထပ်လုပ်ပါ့မယ်"
ဒေါ်ခတ္တာမေကတော့ဘာမှပြန်မပြော..နှုတ်ခမ်းလေးအနည်းငယ်ကွေးရုံမျှသာပြုံးပြသည်...
"အော်..ဒါနဲ့ ဒါ ကျွန်တော့်သားမက်လေးလေ..သမီးလေးနဲ့ မကြာခင်စေ့စပ်တော့မှာ မင်္ဂလာဆောင်ကျလာခဲ့အုံးပေါ့ဗျာ..ကျွန်တော်ဖိတ်ပါတယ်နော်"
"ပါးပါး!!"
ဖူးကသာ အန်တီ့ကို စိတ်ပူနေပေမဲ့ အရှေ့က ဖူးရဲ့အန်တီကတော့ ပြုံးကာ...
"ဒီမှာနေခဲ့တဲ့ ဖူးနဲ့ ကျွန်မရဲ့သံယောဇဉ်ကိုထောက်ပြီး ဖူးရဲ့ အသိမိတ်ဆွေတစ်ယောက်အနေနဲ့လာဂုဏ်ပြုပေးပါ့မယ်" လို့ ဖူးကိုကြည့်ကာ ပြုံးပြုံးလေးဆိုလိုက်တော့ တစ်ဖက်ကဖူးမှာလည်းပြန်ပြုံးလိုက်ကာ...
"ကျေးဇူးတင်ပါတယ်..အန်တီ"
"ကလေးငယ်လိုချင်တာဒါမလား..ကျိန်းသေပေါက်လာခဲ့ပါ့မယ် ကလေးငယ်..အဲ့အချိန်မှာ ကလေးငယ်ရဲ့ တောက်ပနေတဲ့အပြုံးလေးကို တစ်ဝကြီးလာငေးမောပါ့မယ်"လို့စိတ်ထဲကနေသာတွေးလိုက်တော့သည်...
ဒီစကားဝိုင်းမှာတော့ တစ်ချိန်လုံးတိတ်ဆိတ်နေတာက ခန့်အောင်ပင်...
"ကယ်..ဒါဆို ကျွန်တော်တို့သွားလိုက်ပါအုံးမယ်ဗျာ"
"ခဏလေး ပါးပါး..သမီး အဝတ်အစားတွေထည့်ထားတဲ့အိတ်ကျန်ခဲ့လို့ သွားယူလိုက်အုံးမယ်"
"အွန်း သွားယူလေ သမီး ပါးပါးတို့ အပြင်မှာစောင့်နေမယ်"
"ဟုတ်"
******
ပစ္စည်းတွေကျန်မကျန်စစ်ဆေးနေသောဖူးမှာ ကျချင်နေတဲ့ မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မကျအောင်ထိန်းနေရင်း..လက်ဆွဲအိတ်ကိုယူကာ လှည့်အထွက်..
"အန်တီ"
အရှေ့က အန်တီကတော့ဖူးကိုဘာမှပြန်မပြော..ဖူးကိုနံရံဘက်ကိုအရှိန်နဲ့ တွန်းလိုက်တာကြောင့် ဖူးကျောပြင်မှာ အနည်းငယ်အောင့်သွားလေသည်..ဖူး မျက်နှာမဲ့သွားတာကိုတော့အန်တီကဂရုမပြု..ဖူးနားကိုတစ်ဖြည်းဖြည်းကပ်လာတဲ့အန်တီကြောင့်ဖူးရုန်းထွက်မယ်အလုပ် သူ့လက်နှစ်ဖက်ကိုနံရံနဲ့ထောက်လိုက်ကာ ဖူးကိုပြေးလမ်းမရှိအောင်ပိတ်လိုက်လေသည်...ဖူးထက်အရပ်ရှည်တဲ့အန်တီ့ကို အသနားခံနေတဲ့မျက်လုံးလေးတွေနဲ့မော့ကြည့်လိုက်တော့ ချက်ချင်းပဲ ဖူးနှုတ်ခမ်းပေါ်ကျရောက်လာတဲ့ခပ်နွေးနွေးအရာတစ်ခု..အန်တီ့ရဲ့အနမ်းတွေဟာ နဂိုထက်ကြမ်းတမ်းနေတာကြောင့် ဖူးအန်တီ့ရဲ့ရင်ဘတ်ကိုတွန်းထုတ်နေလိုက်မိသည်..ဒါကို ဖူးရဲ့တွန်းထုတ်နေတဲ့ လက်နှစ်ဖက်ကိုအပေါ်မြှောက်တင်ပြီးချုပ်လိုက်ကာ...နဂိုထက်ပိုမိုကြမ်းတမ်းကာနမ်းနေတာကြောင့် ဖူးအသက်ရှူတွေပင်ကြပ်လာလေသည် ဘယ်လိုမှလည်း ရုန်းလို့မရတာကြောင့် မျက်လူံးအိမ်ထောင့်ကနေ မျက်ရည်စလေးတွေပါ ကျလာလေသည်..ဖူးရဲ့မျက်ရည်ပူပူနွေးနွေးတွေဟာ အန်တီ့ရဲ့နှုတ်ခမ်းပေါ်ကိုကျသွားမှ..အန်တီဟာဖူးကိုလွှတ်လိုက်တော့..အခုမှ အောက်စီဂျင်ပြန်ရတဲ့သူတစ်ယောက်ပမာ အသက်ကိုမနည်းလုရှူနေရသည်...
"အန်..အန်တီ တောင်း တောင်းပန်ပါတယ်ဖူးရယ်...အန်တီ့စိတ်တွေကိုမထိန်းနိုင်တော့လို့ပါ"
"ရပါတယ်...ဖူးက အန်တီ့အတွက်လွယ်လွယ်လေးရခဲ့တော့ အန်တီအခုလိုလုပ်တာမထူးဆန်းပါဘူး"
"ဖူးကို အန်တီဘယ်လောက်တန်ဖိုးထားလဲဖူးမသိတာလားကွယ်"
"ထားလိုက်ပါတော့...ဖူး သွားတော့မယ် အန်တီ..ကြာနေလို့ ထပ်ပြီး အထင်လွဲမခံချင်တော့ဘူး..သွားခွင့်ပြုပါအုန်း"
အနောက်ကကျန်ခဲ့တဲ့အန်တီ ဘယ်လိုဖြစ်သွားမလဲဖူးမသိတော့..ဖူး ဒီနေရာကနေသာအမြန်ပြေးထွက်လာလိုက်မိသည်..တကယ်တော့ဖူး အန်တီ့ကိုစိတ်မဆိုးပါ...ဖူးကို အန်တီ့ ဘယ်လောက်ထိတန်ဖိုးထားမှန်းဖူးသိပါတယ်..သေချာပါသည် ဖူးရဲ့မျက်ရည်စက်တွေဟာ အန်တီ့အိမ်ရဲ့ကြမ်းပြင်မှာ ကျကျန်ခဲ့မည်ဆိုတာ..ကြီးကြီးမြင့်တို့ မဝေတို့ ပန်ပန်တို့ကိုတောင်မနှုတ်ဆက်နိုင်တော့ ကားပေါ်ကိုအမြန်ပြေးတက်ကာ...
"ဒီကနေ မြန်မြန် ထွက်သွားပါတော့"
နောက်ဆုံးတော့ ချစ်ရသူကို ကျောခိုင်းမိလေပြီ..ဖူးသိပ်ချစ်ရတဲ့အမျိုးသမီးလေးရဲ့အငွေ့အသက်တွေရှိတဲ့ အိမ်ကြီးဟာဖူးတို့နဲ့တစ်ဖြေးဖြေးဝေးကွာသွားကာ ကျန်ခဲ့လေပြီ..အနောက်ကိုလှည့်လှည့်ကြည့်ကာ မျက်ရည်တွေကျနေတဲ့ဖူးကို ဦးကောင်းသန့်ကြည့်ကာ သက်ပြင်းချမိသည်..ကားမောင်းနေတဲ့ခန့်အောင်ကလည်း တစ်ချက်တစ်ချက် ကားမှန်ထဲကနေဖူးကိုကြည့်ကာ ခေါင်းရမ်းမိလေသည်...ဒီနေ့အိမ်ပြန်လမ်းကြီးဟာ ဖူးအတွက်ခြောက်သွေ့လွန်းသည်..လမ်းမကြီးပေါ်မှာလည်း လူအနည်းငယ်သာရှိကာ..ဆောင်းလေဟာလည်းတစ်ချက်ချက်တိုက်ခတ်လာတာကြောင့် ဝမ်းနည်းစိတ်တွေဟာပိုမိုကြီးစိုးလာသည်..ခွဲခွာရတာ တစ်နာရီတောင်မပြည့်သေး အလွမ်းရှိန်က နှစ်ဆဖြစ်နေလေပြီ...အပြင်ကိုလည်းဆက်ကြည့်ချင်စိတ်မရှိတော့တာကြောင့် မျက်လုံးတွေကိုမှိတ်ကာနေလိုက်တော့လည်း အန်တီ့ရဲ့အပြုံးလေးတွေဟာ ပေါ်လာပြန်လေသည်..နောက်ဆိုနေ့တိုင်းအန်တီမရှိပဲ ဖူးဖြတ်သန်းရတော့မည်.."ငါအန်တီ့အတွက်လုပ်ခဲ့တာပဲလေ"ဆိုပြီးကိုယ့်ကိုကိုသာ ပြန်အားပေးနေမိတော့သည်...
#အမှားပါရင်ခွင့်လွှတ်ပေးကြပါ❣️
#Han_suehe
______
For Zawgyi
ဒီလိုေတြတစ္ေန့ျဖစ္လာႏိုင္တယ္ဆိုၿပီးႀကိဳတင္ေတြးထားေပမဲ့ တကယ့္တကယ့္ျဖစ္လာေတာ့ ထင္ထားတာထက္ပိုနာက်င္ရသည္..အခ်စ္ဆိုတာဒါလား..ထိန္းထားတဲ့ၾကားက က်လာတဲ့မ်က္ရည္စက္ေတြကိုသုတ္ဖို႔ေတာင္သတိေမ့ေနခဲ့သည္..ေဒၚခတၲာေမနဲ႔ဖူးသစၥာလိႈင္ၾကားမွာ အပ္က်သံၾကားရေလာက္တဲ့အထိတိတ္ဆိတ္သြားေလၿပီ..ထိုတိတ္ဆိတ္မႈကိုၿဖိဳခြဲလိုက္သူမွာဖူး..
"ေအာ္ ၿပီးေတာ့ ျပန္လာတာကို ေစာင့္မေနပါနဲ႔.."
"ဒါ အန္တီအပိုင္းပါကြယ္"
"မုန္းေပးပါ"
"ဘယ္လို ကေလးငယ္"
"ဖူးကို မုန္းေပးပါ"
"မျဖစ္ႏိုင္တာကြယ္"
"အန္တီ့မွာ မာနမရိွဘူးလား"
"အြန္း..ကေလးငယ္နဲ႔ေတြ့ၿပီးတဲ့ေနာက္ပိုင္းမွာ အန္တီ့ရဲ့မာနေတြက ကေလးငယ္ရဲ့ေျခဖဝါးေအာက္မွာပါ"
"ဖူးကိုစိတ္နာေပးပါ.."
"ကေလးငယ္ေတာင္ ကေလးငယ္စိတ္ကိုကေလးငယ္ပိုင္လို႔ စိတ္တိုင္းက်ေရြးခ်ယ္သြားတာမလား..အဲ့လိုပဲ အန္တီလည္း အန္တီ့စိတ္ကိုအန္တီပိုင္တာမို႔လို႔ အန္တီ့စိတ္က ကေလးငယ္ကိုဘယ္ေတာ့မွ စိတ္နာမွာမဟုတ္တဲ့အတြက္ ကေလးငယ္ေျပာတာကို အန္တီမလိုက္ေလ်ာေပးႏိုင္ဘူးကြယ္"
"အရင္က ေဒၚခတၲာေမဘယ္ေရာက္သြားလဲဟမ္..အခ်စ္တစ္ခုထဲအတြက္နဲ႔ အဲ့ေလာက္ထိမရူးမိုက္ပါနဲ႔အန္တီ..ဖူးက အန္တီ့အေပၚမွာဘယ္တုန္းကေကာင္းခဲ့လို႔လည္း..အန္တီစိတ္နာသင့္တယ္မဟုတ္ဘူးလား"
"ကေလးငယ္နဲပတ္သတ္ရင္ အန္တီကလူအမ်ားသိတဲ့ေဒၚခတၲာေမမဟုတ္ဘူးကေလး..ကေလးငယ္သိတဲ့ ေဒၚခတၲာေမပဲ..ကေလးငယ္အန္တီ့အေပၚမွာ ေကာင္းကြက္တစ္ကြက္မွ မရိွခဲ့ဘူး အန္တီ့ကိုနာက်င္ေအာင္လုပ္ေနရင္ေတာင္အန္တီမင္းကိုခ်စ္တယ္ကေလးငယ္..ကေလးငယ္ရဲ့ျဖစ္တည္မႈတိုင္းကိုအန္တီခ်စ္တယ္..အနာလာေပးမလားရတယ္ ၿပီးရင္ေဆးထၫ့္ေပးၿပီး sryေျပာကာလွၫ့္ထြက္သြားမလားရတယ္ ဘယ္လိုလုပ္ရပ္ ဘယ္လိုျဖစ္တည္မႈတိုင္းကိုမဆိုခြင့္လႊတ္ၿပီးေတာ့အၿမဲတမ္းခ်စ္ေနမွာ..အဲ့တာဘာလို႔လဲသိလား အန္တီသိပ္ခ်စ္ရတဲ့ ကေလးငယ္ကလုပ္တဲ့လုပ္ရပ္မို႔လို႔ပဲ..အဲ့တာေၾကာင့္ ဒီတစ္ခါေတာ့ကေလးငယ္စကားကိုမလိုက္ေလ်ာပါရေစနဲ႔"
ဖူးအစီအစဉ္မေအာင္ျမင္ခဲ့ပါ..အန္တီက ဖူးကိုဘယ္လိုမွလည္းမမုန္းသလို ဘယ္လိုမွလည္းစိတ္မနာႏိုင္ အဲ့တာက ဖူးအတြက္ပိုခံရခက္သည္..အန္တီ့ရဲ့စကားလံုးတစ္လံုးခ်င္းစီတိုင္းေၾကာင့္ဖူးရင္ေတြတစ္ဆစ္ဆစ္နာက်င္ရသည္..အဲ့ေလာက္ေတာင္ပဲ ဖူးကိုခ်စ္တာလားအန္တီ....
"မမႀကီးေရ ေအာက္မွာ ဧၫ့္သည္ေရာက္ေနပါတယ္"
ေအာက္ကႀကီးႀကီးျမင့္ရဲ့ အသံေၾကာင့္ ဖူးနာရီကိုၾကၫ့္လိုက္ေတာ့ ၃နာရီပဲရိွေသးသည္..ဖူးကိုအခုလိုအေစာႀကီးလာေခၚလို႔ဖူးစိတ္ပဲဆိုးရမလား ေက်းဇူးပဲတင္ရမလားမသိ..စိတ္ဆိုးခ်င္တာကေတာ့ ဖူး အန္တီနဲ႔ျမန္ျမန္နဲ႔ခြဲရေတာ့မွာေၾကာင့္ျဖစ္သည္..ေက်းဇူးတင္တာကေတာ့ အခုလို ဖူးကိုသာ အေစာႀကီးလာမေခၚရင္ ဖူး အန္တီရဲ့ စကားေတြေၾကာင့္ ေနာက္ဆုတ္မိေတာ့မည္...
"ပါးပါးတို႔ ေရာက္ေနၿပီထင္တယ္.."
"အြန္း ကေလးငယ္ သြားႏွင့္ေလ အန္တီစာရြက္စာတမ္းေတြယူၿပီးလိုက္လာခဲ့မယ္"
"ဟုတ္..ေအာ္ ဒါနဲ႔ ကေလးငယ္လို႔ မေခၚပါနဲ႔..ဆိုင္မွမဆိုင္ေတာ့တာေလေနာ္"
"528ပံုစံေတာင္မရေတာ့ဘူးလားကြယ္"
"အရင္းႏွီးဆံုး သူစိမ္းေတြအျဖစ္ေနၾကတာ ပိုေကာင္းပါတယ္..ခဏတာ သိခဲ့တဲ့အသိမိတ္ေဆြေတြအေနနဲ႔ပဲေနေပးပါ..အေဒၚနဲ႔တူမ ဆက္ဆံေရးကို ထပ္သြင္းမယ္ဆို ပိုနာက်င္ရမွာစိုးလို႔ေစတနာနဲ႔ေျပာျပတာပါ..ၿပီးေတာ့ဖူးအတြက္လည္းအေနၾကပ္တယ္"
"အြန္းပါ..ကေလး..အာ ဖူး သေဘာပါ"
ဖူးျပတ္သားမွရမည္..ဖူးစိတ္ကိုဖူးသာအသိဆံုးျဖစ္သည္..ဖူးရဲ့စိတ္ဟာ အန္တီနဲ႔ပတ္သတ္ရင္ အရမ္းကိုထိလြယ္ရွလြယ္တတ္သည္..အန္တီနဲ႔သာ အေဒၚနဲ႔တူမဆက္ဆံေရးအတိုင္းေနမယ္ဆို အန္တီနဲ႔တစ္ရင္းတစ္ႏွီးပတ္သတ္ေနရအံုးမည္..အဲ့အခါၾကရင္အန္တီ့ရဲ့ဂရုစိုက္မႈေတြ..အန္တီ့ရဲ့အျပဳအမူေတြေၾကာင့္ဖူး စိတ္ျပန္ယိုင္မိမွာကိုေၾကာက္သည္..ဒါ့ေၾကာင့္အခုလိုဖူးျပတ္သားရမည္..အခုလိုျပတ္သားလိုက္တာဟာ ဖူးအတြက္ခဏတာပဲနာက်င္ရမည္လို႔ဖူးထင္သည္..မျပတ္သားႏိုင္ရင္ေတာ့ ဖူး အႀကိမ္ႀကိမ္အခါခါ နာက်င္ရလိမ့္မည္..
ေဒၚခတၲာေမဆိုတာ သိပ္ခ်စ္ရတဲ့ သူ႔ရဲ့ကေလးငယ္အေရ႔ွမွာသာ လြတ္လြတ္လပ္လပ္ၿပိဳလဲတာ..ကေလးငယ္ကလြဲလို႔က်န္တဲ့သူေတြအေရ႔ွမွာဆိုရင္ အမ်ားသိတဲ့ ေဒၚခတၲာေမအတိုင္းေနသည္..အခုလည္းငိုထားတာေၾကာင့္ အစ္ေနတဲ့မ်က္လံုးေတြကို မိတ္ကပ္နဲ႔မသိမသာဖံုးလိုက္ကာ မ်က္ႏွာကို ခုနကေလးငယ္နဲ႔အတူရိွေနတဲ့အခ်ိန္ကမ်က္ႏွာလိုမဟုတ္ဘဲ မ်က္ႏွာထားကိုလံုးဝတင္းမာလိုက္ေလသည္..ဆံထံုးကိုေသေသသပ္သပ္ထံုးထားကာ သက္ျပင္းအရွည္ႀကီးကိုခ်ၿပီး စာရြက္စာတမ္းေတြယူကာ ေလွကားကေန အိႁႏၵေရိွစြာဆင္းလာတဲ့ ေဒၚခတၲာေမပံုဟာ ျမင္သူတိုင္းကို ရိွန္ေစသည္...
ဖူးလည္းခုနက သူ႔ေရ႔ွမွာရိွတဲ့အန္တီ့ရဲ့ပံုနဲ႔တစ္ျခားစီျဖစ္ကာေျပာင္းလဲသြားတဲ့အန္တီ့ရဲ့ပံုေၾကာင့္ ဖူးတကယ္ကိုအံ့ဩမိပါသည္..နည္းနည္းလည္းစိတ္မေကာင္းျဖစ္မိသည္..ဒါေပမဲ့ ဒါဟာ အန္တီ့ရဲ့ ေဒၚခတၲာေမဆိုတဲ့ စတိုင္ပဲေလ..ၿပီးေတာ့အခု ဖူးတစ္ေယာက္ထဲအေရ႔ွမွာမွမဟုတ္တာ..ေနာက္ပိုင္းေတြဆို ဖူးတစ္ေယာက္ထဲအေရ႔ွမွာေတာင္ အန္တီ့ရဲ့ အခုလိုသူစိမ္းဆန္တဲ့ပံုကို ဖူးျမင္ရအံုးမည္..ဒါဟာဖူးေရြးခ်ယ္လိုက္တဲ့လမ္းရဲ့အက်ိဳးဆက္ပဲေလ ဖူးခံသာပါသည္...
"ေတြ့ရတာ ဝမ္းသာပါတယ္ ေဒၚခတၲာေမ"
"ေတြ့ရတာတာဝမ္းသာပါတယ္ ဦးေကာင္းသန႔္ရွင့္"
ကိုယ့္သမီးနဲ႔ ခ်စ္ခဲ့တဲ့သူကို ေငးၾကၫ့္မိေနတာေတာ့ရယ္ခ်င္စရာေကာင္းလွသည္..အေရ႔ွကအမ်ိဳးသမီးကလည္း ေငးၾကၫ့္ခ်င္စရာေကာင္းေလာက္ေအာင္ကို က်က္သေရရိွကာ ရင္ကိုေအးေစသည္..
ဖူးနဲ႔ေဘးခ်င္းကပ္ထိုင္ေနတဲ့ ခန႔္ေအာင္ကို ေဒၚခတၲာေမတစ္ခ်က္ၾကၫ့္လိုက္ကာ..ဖူးေကာင္ေလးမွန္း တန္းသိသည္ ခန႔္ေအာင္ဟာ ေယာက်ၤားပီသကာ..ဒီကမ႓ာမွာဖူးတစ္ေယာက္ထဲကိုပဲမိန္းကေလးဟုသတ္မွတ္ထားသၫ့္ပံုေပါက္ေအာင္ကိုပင္ ဖူးကိုပဲအေရးစိုက္တာေၾကာင့္ ေဒၚခတၲာေမအနည္းငယ္ သေဘာက်မိပင္မဲ့..ခန႔္ေအာင္ရဲ့ႏွာေခါင္းကိုတရႈံ႔ရႈံ႔လုပ္ေနတဲ့ပံုကိုေတာ့ ဘဝင္မက်ေပ...
"ကြၽန္ေတာ္တို႔ စၾကေတာ့မလား ေဒၚခတၲာေမ"
"စလိုက္ၾကတာေပါ့"
"ဒီတစ္ခါေတာ့ေရ႔ွေနေတြဘာေတြမေခၚေတာ့ပါလား"
"သူမ်ားဆပ္ေပးတာဆိုေတာ့ ယံုၾကည္သင့္တယ္ထင္လို႔ပါ"
ေဒၚခတၲာေမေျပာလိုက္တဲ့စကားတစ္ခြန္းေၾကာင့္ ဦးေကာင္းသန႔္မ်က္ႏွာသိသိသာသာကိုပ်က္သြားေလၿပီ...
ထို႔ေနာက္...
"ကယ္ အာ့ဆို ကြၽန္ေတာ့္ပိုင္ဆိုင္မႈေတြလည္းျပန္ရၿပီ companyလည္း ျပန္ရၿပီဆိုေတာ့ ကြၽန္ေတာ္နဲ႔မ်ား အလုပ္တူတူလုပ္ခ်င္ပါသလား.."
"အခုမွ ျပန္ run ရမဲ့ companyနဲ႔အလုပ္တူတူတြဲလုပ္တဲ့ထံုးစံ ကြၽန္မမွာမရိွတဲ့အတြက္ျငင္းပါရေစ"
"အာ...level တူလာတဲ့တစ္ေန့ၾကရင္ ဒီကမ္းလွမ္းခ်က္ကို ထပ္လုပ္ပါ့မယ္"
ေဒၚခတၲာေမကေတာ့ဘာမျွပန္မေျပာ..ႏႈတ္ခမ္းေလးအနည္းငယ္ေကြးရံုမ်ွသာၿပံဳးျပသည္...
"ေအာ္..ဒါနဲ႔ ဒါ ကြၽန္ေတာ့္သားမက္ေလးေလ..သမီးေလးနဲ႔ မၾကာခင္ေစ့စပ္ေတာ့မွာ မဂၤလာေဆာင္က်လာခဲ့အံုးေပါ့ဗ်ာ..ကြၽန္ေတာ္ဖိတ္ပါတယ္ေနာ္"
"ပါးပါး!!"
ဖူးကသာ အန္တီ့ကို စိတ္ပူေနေပမဲ့ အေရ႔ွက ဖူးရဲ့အန္တီကေတာ့ ၿပံဳးကာ...
"ဒီမွာေနခဲ့တဲ့ ဖူးနဲ႔ ကြၽန္မရဲ့သံေယာဇဉ္ကိုေထာက္ၿပီး ဖူးရဲ့ အသိမိတ္ေဆြတစ္ေယာက္အေနနဲ႔လာဂုဏ္ျပဳေပးပါ့မယ္" လို႔ ဖူးကိုၾကၫ့္ကာ ၿပံဳးၿပံဳးေလးဆိုလိုက္ေတာ့ တစ္ဖက္ကဖူးမွာလည္းျပန္ၿပံဳးလိုက္ကာ...
"ေက်းဇူးတင္ပါတယ္..အန္တီ"
"ကေလးငယ္လိုခ်င္တာဒါမလား..က်ိန္းေသေပါက္လာခဲ့ပါ့မယ္ ကေလးငယ္..အဲ့အခ်ိန္မွာ ကေလးငယ္ရဲ့ ေတာက္ပေနတဲ့အၿပံဳးေလးကို တစ္ဝႀကီးလာေငးေမာပါ့မယ္"လို႔စိတ္ထဲကေနသာေတြးလိုက္ေတာ့သည္...
ဒီစကားဝိုင္းမွာေတာ့ တစ္ခ်ိန္လံုးတိတ္ဆိတ္ေနတာက ခန႔္ေအာင္ပင္...
"ကယ္..ဒါဆို ကြၽန္ေတာ္တို႔သြားလိုက္ပါအံုးမယ္ဗ်ာ"
"ခဏေလး ပါးပါး..သမီး အဝတ္အစားေတြထၫ့္ထားတဲ့အိတ္က်န္ခဲ့လို႔ သြားယူလိုက္အံုးမယ္"
"အြန္း သြားယူေလ သမီး ပါးပါးတို႔ အျပင္မွာေစာင့္ေနမယ္"
"ဟုတ္"
******
ပစၥည္းေတြက်န္မက်န္စစ္ေဆးေနေသာဖူးမွာ က်ခ်င္ေနတဲ့ မ်က္ရည္ေတြကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ မက်ေအာင္ထိန္းေနရင္း..လက္ဆြဲအိတ္ကိုယူကာ လွၫ့္အထြက္..
"အန္တီ"
အေရ႔ွက အန္တီကေတာ့ဖူးကိုဘာမျွပန္မေျပာ..ဖူးကိုနံရံဘက္ကိုအရိွန္နဲ႔ တြန္းလိုက္တာေၾကာင့္ ဖူးေက်ာျပင္မွာ အနည္းငယ္ေအာင့္သြားေလသည္..ဖူး မ်က္ႏွာမဲ့သြားတာကိုေတာ့အန္တီကဂရုမျပဳ..ဖူးနားကိုတစ္ျဖည္းျဖည္းကပ္လာတဲ့အန္တီေၾကာင့္ဖူးရုန္းထြက္မယ္အလုပ္ သူ႔လက္ႏွစ္ဖက္ကိုနံရံနဲ႔ေထာက္လိုက္ကာ ဖူးကိုေျပးလမ္းမရိွေအာင္ပိတ္လိုက္ေလသည္...ဖူးထက္အရပ္ရွည္တဲ့အန္တီ့ကို အသနားခံေနတဲ့မ်က္လံုးေလးေတြနဲ႔ေမာ့ၾကည့္လိုက္ေတာ့ ခ်က္ခ်င္းပဲ ဖူးႏႈတ္ခမ္းေပၚက်ေရာက္လာတဲ့ခပ္ေနြးေနြးအရာတစ္ခု..အန္တီ့ရဲ့အနမ္းေတြဟာ နဂိုထက္ၾကမ္းတမ္းေနတာေၾကာင့္ ဖူးအန္တီ့ရဲ့ရင္ဘတ္ကိုတြန္းထုတ္ေနလိုက္မိသည္..ဒါကို ဖူးရဲ့တြန္းထုတ္ေနတဲ့ လက္ႏွစ္ဖက္ကိုအေပၚေျမႇာက္တင္ၿပီးခ်ဳပ္လိုက္ကာ...နဂိုထက္ပိုမိုၾကမ္းတမ္းကာနမ္းေနတာေၾကာင့္ ဖူးအသက္ရႉေတြပင္ၾကပ္လာေလသည္ ဘယ္လိုမွလည္း ရုန္းလို႔မရတာေၾကာင့္ မ်က္လူံးအိမ္ေထာင့္ကေန မ်က္ရည္စေလးေတြပါ က်လာေလသည္..ဖူးရဲ့မ်က္ရည္ပူပူေနြးေနြးေတြဟာ အန္တီ့ရဲ့ႏႈတ္ခမ္းေပၚကိုက်သြားမွ..အန္တီဟာဖူးကိုလႊတ္လိုက္ေတာ့..အခုမွ ေအာက္စီဂ်င္ျပန္ရတဲ့သူတစ္ေယာက္ပမာ အသက္ကိုမနည္းလုရႉေနရသည္...
"အန္..အန္တီ ေတာင္း ေတာင္းပန္ပါတယ္ဖူးရယ္...အန္တီ့စိတ္ေတြကိုမထိန္းႏိုင္ေတာ့လို႔ပါ"
"ရပါတယ္...ဖူးက အန္တီ့အတြက္လြယ္လြယ္ေလးရခဲ့ေတာ့ အန္တီအခုလိုလုပ္တာမထူးဆန္းပါဘူး"
"ဖူးကို အန္တီဘယ္ေလာက္တန္ဖိုးထားလဲဖူးမသိတာလားကြယ္"
"ထားလိုက္ပါေတာ့...ဖူး သြားေတာ့မယ္ အန္တီ..ၾကာေနလို႔ ထပ္ၿပီး အထင္လြဲမခံခ်င္ေတာ့ဘူး..သြားခြင့္ျပဳပါအုန္း"
အေနာက္ကက်န္ခဲ့တဲ့အန္တီ ဘယ္လိုျဖစ္သြားမလဲဖူးမသိေတာ့..ဖူး ဒီေနရာကေနသာအျမန္ေျပးထြက္လာလိုက္မိသည္..တကယ္ေတာ့ဖူး အန္တီ့ကိုစိတ္မဆိုးပါ...ဖူးကို အန္တီ့ ဘယ္ေလာက္ထိတန္ဖိုးထားမွန္းဖူးသိပါတယ္..ေသခ်ာပါသည္ ဖူးရဲ့မ်က္ရည္စက္ေတြဟာ အန္တီ့အိမ္ရဲ့ၾကမ္းျပင္မွာ က်က်န္ခဲ့မည္ဆိုတာ..ႀကီးႀကီးျမင့္တို႔ မေဝတို႔ ပန္ပန္တို႔ကိုေတာင္မႏႈတ္ဆက္ႏိုင္ေတာ့ ကားေပၚကိုအျမန္ေျပးတက္ကာ...
"ဒီကေန ျမန္ျမန္ ထြက္သြားပါေတာ့"
ေနာက္ဆံုးေတာ့ ခ်စ္ရသူကို ေက်ာခိုင္းမိေလၿပီ..ဖူးသိပ္ခ်စ္ရတဲ့အမ်ိဳးသမီးေလးရဲ့အေငြ့အသက္ေတြရိွတဲ့ အိမ္ႀကီးဟာဖူးတို႔နဲ႔တစ္ေျဖးေျဖးေဝးကြာသြားကာ က်န္ခဲ့ေလၿပီ..အေနာက္ကိုလွၫ့္လွၫ့္ၾကၫ့္ကာ မ်က္ရည္ေတြက်ေနတဲ့ဖူးကို ဦးေကာင္းသန႔္ၾကၫ့္ကာ သက္ျပင္းခ်မိသည္..ကားေမာင္းေနတဲ့ခန႔္ေအာင္ကလည္း တစ္ခ်က္တစ္ခ်က္ ကားမွန္ထဲကေနဖူးကိုၾကၫ့္ကာ ေခါင္းရမ္းမိေလသည္...ဒီေန့အိမ္ျပန္လမ္းႀကီးဟာ ဖူးအတြက္ေျခာက္ေသြ့လြန္းသည္..လမ္းမႀကီးေပၚမွာလည္း လူအနည္းငယ္သာရိွကာ..ေဆာင္းေလဟာလည္းတစ္ခ်က္ခ်က္တိုက္ခတ္လာတာေၾကာင့္ ဝမ္းနည္းစိတ္ေတြဟာပိုမိုႀကီးစိုးလာသည္..ခြဲခြာရတာ တစ္နာရီေတာင္မျပၫ့္ေသး အလြမ္းရိွန္က ႏွစ္ဆျဖစ္ေနေလၿပီ...အျပင္ကိုလည္းဆက္ၾကၫ့္ခ်င္စိတ္မရိွေတာ့တာေၾကာင့္ မ်က္လံုးေတြကိုမိွတ္ကာေနလိုက္ေတာ့လည္း အန္တီ့ရဲ့အၿပံဳးေလးေတြဟာ ေပၚလာျပန္ေလသည္..ေနာက္ဆိုေန့တိုင္းအန္တီမရိွပဲ ဖူးျဖတ္သန္းရေတာ့မည္.."ငါအန္တီ့အတြက္လုပ္ခဲ့တာပဲေလ"ဆိုၿပီးကိုယ့္ကိုကိုသာ ျပန္အားေပးေနမိေတာ့သည္...
#အမွားပါရင္ခြင့္လႊတ္ေပးၾကပါ❣️
#Han_suehe