စုန့်ထင်ယွီနှုတ်ခမ်းထောင့်လေးတွေကွေးတက်သွားပြီး အညိုရောင်ကုတ်အင်္ကျီကိုဝတ်လိုက်တယ်။ပြီးတော့သူမကိုသူ့ဆီကိုဆွဲပြီးနှုတ်ခမ်းလေးကိုနမ်းလိုက်ကာ: 'ညဘက်နှုတ်ဆက်အနမ်း'
ဒါကစုန့်ထင်ယွီသူမအလစ်မှာနမ်းလိုက်တာသုံးခါမြောက်ဘဲ။စုရန်လဲစိတ်ဆိုးသွားပြီး: 'မြန်မြန်သွားတော့'
စုန့်ထင်ယွီပြန်သွားတာကိုကြည့်ပြီးမှစုရန်အပေါ်ထပ်ကိုတက်သွားလိုက်တယ်။ထျန်မီအိပ်ယာပေါ်မှာလှဲနေပေမယ့်အခန်းမီကိုသူမအတွက်ဖွင့်ပေးထားတယ်။
စုရန်အိပ်ယာပေါ်ကိုတက်လိုက်ပြီးမှမီးကိုပိတ်လိုက်တယ်။ထျန်မီသူမလက်ကိုကိုင်လိုက်ပြီး: 'နင်အပေါ်ထပ်ကိုတက်လာဖို့ကိုတွန့်ဆုတ်နေတာမဟုတ်လား?ငါကနင်စုန့်ထင်ယွီနဲ့ချက်ချင်းပြန်လိုက်သွားမယ်လို့ထင်နေတာ'
'နင်ဘာမဟုတ်တာတွေပြောနေတာလဲ...' ထျန်မီလက်ကိုစုရန်ရိုက်လိုက်တယ်။အမှောင်ထဲမှာတောင်မှထျန်မီမျက်လုံးတွေကိုစုရန်မကြည့်ရဲဘူး။သူ့မျက်လုံးတွေကသူမကိုရယ်နေသလိုဘဲ။
'ငါမဟုတ်တာပြောနေလို့လား?' ထျန်မီအားရပါးရရယ်လိုက်ပြီး: 'နင်စောစောတုန်းကဘာမှမပြောဘဲနဲ့အောက်ထပ်ကိုဆင်းသွားတာလေ။နင်တစ်ခုခုဖြစ်တယ်ထင်ပြီးငါစိတ်ပူသွားတာ။ငါလဲမြန်မြန်နင့်အနောက်ကနေလိုက်ကြည့်တော့မှနင်ကစုန့်ထင်ယွီကိုစိတ်ပူနေတာကိုး။သူအပြင်မှာရပ်နေရင်းအေးခဲပြီးသေသွားမှာကြောက်လို့မဟုတ်လား?အဲ့ဒါကြောင့်နင်ဝမ်းနည်းနေတာမဟုတ်လား?'
'ငါလဲဘာလို့အဲ့လိုမျိုးကြောက်သွားတာလဲမသိဘူး' စုရန်အသက်ပြင်းပြင်းရှူလိုက်ပြီး: 'နင်ပြောသလိုငါထင်ထားတာထက်ပိုပြီးသူ့ကိုဂရုစိုက်နေမိပြီထင်တယ်'
သူမလက်ကိုထျန်မီလွှတ်လိုက်ပြီး: 'နင်တို့ကဒီလောက်ရင်းရင်းနှီးနှီးနေရတာကိုခံစားချက်မရှိဘူးဆိုတာမဖြစ်နိုင်ပါဘူး'
'ဟုတ်လောက်မယ်' စုရန်ပြုံးလိုက်ပြီး: 'အိပ်ကြရအောင်'
စုဟုန်သူ့အရှေ့မှာရှိနေတဲ့သမီးကိုကြည့်လိုက်ပြီး: 'မနေ့ညတုန်းကဘယ်လိုလဲ?သမီးနဲ့စုန့်ထင်ယွီတို့လေ?'
'ဘာမှမဖြစ်ခဲ့ဘူး' အဲ့ဒါကိုပြန်ပြောရလို့စုလိုင်ဒေါသတွေပြန်ထွက်လာတယ်။အစကတော့သူမစုန့်ထင်ယွီနဲ့အတူတူအပြင်သွားမလို့ဟာကိုသူကရက်ရက်စက်စက်နဲ့သူမကိုလူမရှိတဲ့နေရာမှာထားခဲ့တယ်။သူမသူငယ်ချင်းတွေသာလာမခေါ်ခဲ့ရင်သူမအဲ့ဒီမှာဘဲရှိနေဦးမှာ။
သူမသူနဲ့အတူတူမသွားခဲ့ရပေမယ့်ကံကောင်းပြီးသူ့ဖုန်းကိုတွေ့ပြီးစုရန်ကိုဖုန်ခေါ်ခဲ့ရတယ်။အဲ့လိုဖုန်းခေါ်လိုက်တာကစုရန်အပေါ်မှာသက်ရောက်မှုရှိမှာသေချာတယ်။ပြဿနာဘယ်လောက်ကြီးမလဲဆိုတာကတော့သူမရင်ထဲမှာစုန့်ထင်ယွီကဘယ်လောက်နေရာယူထားလဲဆိုတဲ့အပေါ်မှာမူတည်လိမ့်မယ်။
'ဒီလိုအခွင့်အရေးကောင်းကိုဘာလို့မဖမ်းဆုပ်ထားရတာလဲ?' စုဟုန်မကျေနပ်တဲ့ပုံနဲ့: 'သမီးပြောတော့စုန့်ထင်ယွီကိုသဘောကျတယ်ဆို။ဒါဆိုရင်အခွင့်အရေးကိုရှာရမှာပေါ့။စုရန်အပေါ်မှာအ
ဖေမျှော်လင့်ချက်ထားမနေတော့ဘူး။သူမစုန့်အိမ်မှာဆက်နေလဲအဖေ့အတွက်အကူအညီဖြစ်မှာမဟုတ်ဘူး။အဖေ့မျှော်လင့်ချက်တွေကိုသမီးအပေါ်မှာဘဲထားတော့မှာ....'
'အဖေ သမီးလဲဒီလိုအခွင့်အရေးကိုဘယ်လက်လွှတ်ချင်ပါ့မလဲ။စုန့်ထင်ယွီကစုရန်စိတ်ကိုသက်သက်ဆွပေးခဲ့တာ။အိမ်ကနေထွက်ပြီးလမ်းတစ်ဝက်လောက်လဲရောက်ရောသမီးကိုကားပေါ်ကနေမောင်းချခဲ့တာ။သူသမီးကိုဘယ်လောက်တောင်မှအန္တရာယ်ရှိတဲ့နေရာမှာထားခဲ့လဲဆိုတာကိုအဖေမသိပါဘူး'
'သူကဆင်းခိုင်းတိုင်းဆင်းလိုက်တာလား?'
'ဒါဆိုရင်ဘယ်လိုလုပ်ရမှာလဲ?စုန့်ထင်ယွီကဘယ်လိုလူလဲဆိုတာကိုအဖေလဲသိသားဘဲ။သမီးသာကားပေါ်ကမဆင်းခဲ့ရင်သူကိုယ်တိုင်ဆွဲချတော့မှာ...'
'တကယ့်ကိုအသုံးမကျဘူးဘဲ' သူသတင်းကောင်းမကြားရတော့မျက်နှာမကောင်းဘူး။
'အဖေ ဘာလို့ဒီလိုမျိုးပြောရတာလဲ?တစ်ခါရှုံးနိမ့်လို့နောက်ဆုတ်သွားမယ်လို့ထင်နေတာလား?အရင်တုန်းကစုရန်ကိုစုန့်မိသားစုထဲကိုပေးဝင်မိတာကိုအခုသမီးနောင်တရနေတာအဖေသိပါတယ်။သမီးသာဖြစ်ခဲ့ရင်ကောင်းမှာ..' သူမပြောပြီးတော့နောင်တရနေမိတယ်။
'အဲ့ဒီတုန်းကအဲ့ဒီလမ်းကြောင်းကိုသူမဘာသာရွေးချယ်သွားတာလေ။နင်ဘဲအဲ့ဒီအကြံကိုငြင်းခဲ့တာလေ။နင်အဲ့ဒီအသုံးမကျတဲ့ယောက်ျားကိုဘဲစွဲလမ်းနေပြီးတော့'
သူမကသူ့မျှော်လင့်ချက်အတိုင်းမဖြစ်လာတော့စုဟုန်စိတ်တိုနေမိတယ်။
စုလိုင်လဲအဲ့ဒီတုန်းကသူမတကယ်ဘဲရူးမိုက်ခဲ့မိတော့ပြန်မပြောနိုင်ဘူးဖြစ်နေတယ်။
သူမဒေါသတွေထွက်နေတုန်းဖုန်းဝင်လာတယ်။ဘယ်သူခေါ်နေတာလဲဆိုတာကိုတွေတော့သူမမျက်လုံးတွေအရောင်တောက်သွားပြီးပျော်လွန်းလို့ပြန်ဖြေဖို့ကိုတောင်မေ့နေတယ်။
ပြီးတာနဲ့သူမဖုန်းကိုမြန်မြန်ပြန်ဖြေလိုက်ပြီး: 'ထင်ယွီ ကျွန်မကိုဖုန်းဆက်တယ်နော်'
စုန့်ထင်ယွီတစ်ခုခုပြောလိုက်တော့သူမချက်ချင်းခေါင်းညိတ်လိုက်ပြီး: 'ကျွန်မဒီညသေချာပေါက်လာခဲ့မယ်'
သူမဖုန်းပြောနေတုန်းစုဟုန်သူမကိုဘဲကြည့်နေပြီးဖုန်းချလိုက်တော့မှမေးလိုက်တယ်: 'စုန့်ထင်ယွီဖုန်းဆက်တာလား?သူဘာပြောလဲ?'
'သူသမီးကိုညစာစားဖို့ခေါ်တာ'
စုဟုန်တစ်ခုခုမူမမှန်ဘူးလို့ခံစားနေရပြီး: 'မနေ့တုန်းကသမီးကိုသူလမ်းတစ်ဝက်မှာမောင်းချတယ်ဆို?ဘယ်လိုလုပ်ပြီးညတွင်းချင်းစိတ်ပြောင်းသွားရတာလဲ?စုရန်းစိတ်ကိုဆွပေးဖို့သမီးကိုအသုံးထပ်ချချင်တာဖြစ်နိုင်တယ်'
'အဲ့ဒါဆိုရင်လဲသမီးကတော့သွားမှာဘဲ' စုရန်ကိုစိတ်ဆိုးအောင်လုပ်ဖို့ဆိုရင်သူမလဲဘာလို့မလုပ်နိုင်ရမှာလဲ?
'အကြောင်းပြချက်ကဘာဘဲဖြစ်ဖြစ် ဒီအခွင့်အရေးကိုအသုံးချဖို့လိုအပ်တယ်'
'အဖေ သမီးသိပါပြီ' စုလိုင်မြန်မြန်အခန်းထဲကထွက်သွားလိုက်တယ်။သူမဒီညအတွက်လှလှလေးပြင်ဆင်သွားချင်တယ်။ဒီညသူနဲ့တူတူအပြင်ထွက်ရမှာဆိုတော့သူမအရမ်းကိုလှနေဖို့လိုတယ်။
သူမကစုရန်ထက်သာတာကိုသူ့ကိုပြဖို့လိုတယ်။စုရန်ကိုတောင်သူသဘောကျနိုင်တာ။သူမကိုရောဘာလို့သဘောမကျနိုင်ရမှာလဲ?
နောက်နေ့လဲရောက်ရောစုရန်စုန့်အိမ်ကိုပြန်သွားလိုက်တယ်။
သူမတစ်ညပြန်မလာလို့ချန်ကျင်မကျေမနပ်ဖြစ်နေတယ်။မဒမ်စုန့်ကြောင့်သူမဒေါသထွက်ရုံကလွဲပြီးဘာမှတော့မပြောနိုင်ဘူး။မဒမ်စုန့်ကချန်ကျင်ကိုသိပ်ကျေနပ်တာမဟုတ်လို့သူမသာတစ်ခုခုပြောလိုက်ရင်မဒမ်စုန့်ကသူမကိုဒီအတိုင်းထားမှာမဟုတ်ဘူး။
နေ့လည်ကျတော့စုန့်ထင်ယွီအိမ်ကိုပြန်လာတယ်။စုရန်ကိုအပြင်မှာညစာကျွေးချင်တယ်လို့ပြောတော့စုရန်လဲအံ့ဩသွားပြီး: 'ဘာအကြောင်းမှမရှိဘဲဘာလို့အပြင်မှာသွားစားမှာလဲ?
'မြန်မြန်အင်္ကျီသွားလဲ' စုန့်ထင်ယွီဘာမှမပြောဘဲသူမပုခုံးလေးကိုပုတ်လိုက်တယ်။
စုရန်လဲဘာမှန်းမသိသေးပေမယ့်အင်္ကျီတော့သွားလဲလိုက်ပြီး: 'ဝမ်ရှီကိုခေါ်လိုက်ဦးမယ်'
'ဒီတစ်ခါတော့ဝမ်ရှီကိုမခေါ်ပါနဲ့။နောက်တစ်ခါကျမှခေါ်ကြတာပေါ့'
'ဘာလို့လဲ?' စုရန်မျက်မှောင်ကြီးကြုတ်ပြမေးလိုက်တယ်။
'ကိုယ်မှာအကြောင်းရှိလို့ပေါ့။မေးခွန်းတွေအများကြီးမမေးပါနဲ့။မင်းအချိန်တန်ရင်သိသွားလိမ့်မယ်' စုန့်ထင်ယွီပြောပြီးကားတံခါးဖွင့်လိုက်တယ်။
သူလျို့ဝှက်နေတာကိုကြည့်ပြီးသူမဘာမှမမေးတော့ဘဲဝမ်ရှီကိုဂရုစိုက်ဖို့အန်တီဖန်ကိုမှာခဲ့လိုက်တယ်။
သူစားသောက်ဆိုင်ကိုကားမောင်းသွားလိုက်တယ်။ဘိုကင်လုပ်ထားပြီးပြီဆိုတော့စားပွဲထိုးကသူမတို့ကိုသီးသန့်အခန်းကိုခေါ်သွားတယ်။အခန်းတံခါးလဲဖွင့်လိုက်ရောအထဲမှာတစ်ယောက်ယောက်ရှိနေတာကိုတွေ့သွားတယ်။
အထဲမှာစုလိုင်ကိုတွေ့တော့သူမအံ့ဩသွားတယ်။
သူမစုန့်ထင်ယွီကိုကြည့်လိုက်ပြီးသူမကိုဘာလို့ဒီကိုခေါ်လာတယ်ဆိုတာကိုနားလည်သွားတယ်။မနေ့ညတုန်းကသူနဲ့စကားပြောကြတုန်းကဟိုတစ်နေ့ညကကိစ္စကိုသူမကိုသေချာသိအောင်လုပ်ပေးမယ်လို့ပြောထားခဲ့တာ။
အစကအခန်းထဲမှာထိုင်နေတဲ့စုလိုင်ကအရမ်းကိုစိတ်လှုပ်ရှားနေတာ။ဒါပေမယ့်စုရန်ကိုလဲတွေ့ရောသူမမျက်နှာပြောင်းသွားတယ်။
ခပ်မြန်မြန်ဘဲသူမအမူအယာပြန်ပြောင်းလိုက်ပြီးပြုံးကာ: 'ထင်ယွီ စုရန် '
စုန့်ထင်ယွီနဲ့စုရန်တို့အထဲကိုဝင်လိုက်တယ်။
စုလိုင်သူ့ဘေးမှာထိုင်ချင်ပေမယ့်သူကတားလိုက်ပြီး: 'ငါ့ဘေးမှာသူစိမ်းတွေထိုင်တာကိုမကြိုက်ဘူး'
ဒါလေးpgမှာပြီးသွားပါပြီ
ဒါကြောင့်သာသာsurpriseလာတိုက်တာပါ😘