ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယော...

By Kue587

163K 23.5K 898

Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျ... More

Intro
Arc(1) ရုပ်ရှင်ဧကရာဇ် /1/
Arc(1) ရုပ်ရှင်ဧကရာဇ် /2/
Arc(1) ရုပ်ရှင်ဧကရာဇ် /3/
Arc(1) ရုပ်ရှင်ဧကရာဇ် /4/
Arc(1) ရုပ်ရှင်ဧကရာဇ် /5.1/
Arc(1) ရုပ်ရှင်ဧကရာဇ် /5.2/
Arc(1) ရုပ်ရှင်ဧကရာဇ် /6/
Arc(1) ရုပ်ရှင်ဧကရာဇ် /7/
Arc(1) ရုပ်ရှင်ဧကရာဇ် /8/
Arc(2) No.(1) Host /9/
Arc(2) No.(1) Host /10/
Arc(2) No.(1) Host /11/
Arc(2) No.(1) Host /12/
Arc(2) No.(1) Host /13/
Arc(2) No.(1) Host /14.1/
Arc(2) No.(1) Host /14.2/
Arc(2) No.(1) Host /15/
Arc(2) No.(1) Host /16/
Arc(2) No.(1) Host /17.1/
Arc(2) No.(1) Host /17.2/
Arc(3) ဗိုလ်ချုပ်ကြီး /18/
Arc(3) ဗိုလ်ချုပ်ကြီး /19/
Arc(3) ဗိုလ်ချုပ်ကြီး /20/
Arc(3) ဗိုလ်ချုပ်ကြီး /21/
Arc(3) ဗိုလ်ချုပ်ကြီး /22.1/
Arc(3) ဗိုလ်ချုပ်ကြီး /22.2/
Arc(3) ဗိုလ်ချုပ်ကြီး /24.1/
Arc(3) ဗိုလ်ချုပ်ကြီး/24.2/
Arc(3) ဗိုလ်ချုပ်ကြီး /24.3/
Arc(3) ဗိုလ်ချုပ်ကြီး /25/
Arc(4) ကျောင်းလူဆိုးလေး /26.1/
Arc(4) ကျောင်းလူဆိုးလေး /26.2/
Arc(4) ကျောင်းလူဆိုးလေး /27.1/
Arc(4) ကျောင်းလူဆိုးလေး /27.2/
Arc(4) ကျောင်းလူဆိုးလေး /28.1/
Arc(4) ကျောင်းလူဆိုးလေး /28.2/
Arc(4) ကျောင်းလူဆိုးလေး /29.1/
Arc(4) ကျောင်းလူဆိုးလေး /29.2/
Arc(4) ကျောင်းလူဆိုးလေး /30/
Arc(4) ကျောင်းလူဆိုးလေး /31/
Arc(4) ကျောင်းလူဆိုးလေး /32/
Arc(4) ကျောင်းလူဆိုးလေး /33/
Arc(4) ကျောင်းလူဆိုးလေး /34/
Arc (4)ကျောင်းလူဆိုးလေး /35/
notice
Arc(4) ကျောင်းလူဆိုးလေ /36/
Arc (4) ကျောင်းလူဆိုးလေး /36.2/
Arc (4) ကျောင်းလူဆိုးလေး /37/
Arc (4) ကျောင်းလူဆိုးလေး /38/
Arc (4) ကျောင်းလူဇိုးလေး /39/
Arc (4) ကျောင်းလူဇိုးလေး /40/
Arc (4) ကျောင်းလူဇိုးလေး /40.2/
Arc (4) ကျောင်းလူဆိုးလေး /40.3/
Arc (4) ကျောင်းလူဆိုးလေး /41/
Arc (5) ဓားသူရဲကောင်း /42.1/

Arc(3) ဗိုလ်ချုပ်ကြီး /23/

2.4K 392 9
By Kue587

#Unicode#

Zerg အုပ်စုတွေ တစ်စုပြီးတစ်စုထပ်ရောက်လာကြသည်။ပိုင်ကျီ အသက်ရှုအောင့်လိုက်ကာ ဓားမြှောင်ကိုတင်းကြပ်စွာကိုင်မြှောက်၍သူ့ဒေါသများအား Zerg တို့ထံသာပုံချလိုက်​တော့သည်။ ပိုင်ကျီ၏သွေးချောင်းစီးစေသောစွမ်းရည်များကြောင့် သူ့အရှေ့မှ Zerg တို့အား ခြေလှမ်းအနည်းငယ်နောက်ဆုတ်စေနိုင်သည်အထိ ထိတ်လန့်စေခဲ့သည်။

ပိုင်ကျီအသက်ပြင်းပြင်းရှူကာ ဘေးပတ်လည်အားစစ်ကြည့်လိုက်သည် သူနှင့်
ယှဥ်ချရမည့်ရန်သူအား မတွေ့ပေ။
ပိုင်ကျီဝမ်ကျူးကျီအားကူညီရန်
လှည့်ကြည့်လိုက်သည့်တစ်ခဏတွင်ပဲ သူ့စိတ်ထဲမှ ကျယ်လောင်စူးရှသည့်သတိပေးချက်တစ်ခုအား ကြားလိုက်ရလေသည်။ [အဆင့် A သတိပေးချက်! ဗီလိန်အသက်အန္တရာယ်ရှိနေပါတယ်!! Host ကယ်နိုင်သမျှမြန်မြန်ကယ်ပေးဖို့ တောင်းဆိုပါတယ်]

ပိုင်ကျီ ဝမ်ကျုးကျီရှိရာသို့ လျှင်မြန်စွာလှည့်ထွက်သွားချင်သော်လည်း Zergတို့၏ဓားချက်တစ်ချို့အား ခုခံလိုက်ရသေးသည်။ အခြားအကောင်များထက် အရွယ်အစားသိသိသာသာကြီးမားသော Zerg တစ်ကောင်သည် သူ၏ဦးမျှင်များအား လေထဲသို့ ဝေ့ရမ်းမြှောက်လိုက်ကာ ဝမ်ကျူးကျီ၏အနောက်ဘက်မှ ချောင်းမြောင်းတိုက်ခိုက်ရန်ကြံနေသည်ကို မြင်လိုက်ရသည်။ ပိုင်ကျီ့ နှလုံးတစ်ချက်ဆောင့်ခုန်သွားကာ ဘာမှတွေးတောမနေတော့ပဲ ဝမ်ကျူးကျီအစား ဝင်ခံပေးလိုက်​တော့သည်။

"ရှောင့်လော့!!!"

ရုတ်တရက်ဆိုသလို ချွန်မြထက်ရှသည့်
ဦးမျှင်တစ်ချောင်းက ပိုင်ကျီ့ဝမ်းဗိုက်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ပိုင်ကျီ နာကျင်လွန်းသော်လည်း အသံတစ်ချက်မထွက်ပဲ ဦးမျှင်အား လျင်မြန်စွာနှုတ်ယူကာချိုးပစ်လိုက်သည်။ ဦးမျှင်အချိုးခံလိုက်ရသော ထို Zerg က နာကျင်စွာမြည်တမ်း၍ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်နှင့်တပြိုင်နက် နောက် Zerg တစ်ကောင်မှာ ရှေ့သို့တတ်လာကာ တိုက်ခိုက်လာလေသည်။

ဝမ်ကျူးကျီ ပိုင်ကျီရှေ့သို့အပြေးသွားကာ ပိုင်ကျီ၏အနာတရဖြစ်မှုအား အခွင့်ကောင်းယူချင်နေသော ထိုအကောင်အား ပစ်ခတ်လိုက်သည်။ ပိုင်ကျီ အားအင်တို့ကုန်ခမ်းကာ အမြင်အာရုံများဝေဝါးလာပြီး ဆက်လက်တိုက်ခိုက်ရန် သူ့ဓားကိုပင် မြှောက်နိုင်စွမ်းမရှိတော့ချေ။ဝမ်ကျူးကျီ Zergအကောင်အချို့အား ရှင်းလင်းပြီးသည်နှင့် ပိုင်ကျီ့ခန္ဓာကိုယ်လေးအား သူ့လက်မောင်းတွင်းဆွဲသွင်းကာ တိုက်ခိုက်ချက်များအား သူ့ကိုယ်နှင့်ကာ၍ ကာကွယ်ပေးထားလိုက်သည်။

ဝမ်ကျူးကျီသည် ရန်သူများအားသတ်ဖြတ်ရင်း ပိုင်ကျီ့အားလည်း ဂရုတစိုက်ကာကွယ်နေရကာ သူ့ခြေလှမ်းများမှာနှေးကွေးလာခဲ့သည်။ ပိုင်ကျီ့မှာ ဦးမျှင်ဆိပ်အား မတွန်းလှန်နိုင်သောကြောင့် ထိုမြင်ကွင်းကို ပူပင်သောကရောက်စွာ ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ခဲ့ချေ။ ဝမ်ကျူးကျီ၏ပွေ့ဖက်မှုမှ အသာရုန်းထွက်ကာ သွေးတစ်ပွက်အန်ပြီးသည့်နောက်တွင်တော့ ပိုင်ကျီ ငြိမ်မနေနိုင်တော့ပဲ system အား လှမ်းပြောလိုက်လေသည်။

"ဦးလေးပြောတဲ့ကယ်ဆယ်ရေးအဖွဲ့က ဘယ်တော့မှရောက်မှာလဲဗျာ?"

System မှာ ပိုင်ကျီ့အတွက် ပြန်လည်ကုစားရေးစနစ်အား ဖွင့်ထားပေးရင်း နှဖူးတွင်လည်း​ ဇောချွေးအပြည့်စီးကျနေကာ သောကရောက်နေသည့်အသံဖြင့် ပြန်ပြောလာသည်။

"ဖြစ်နိုင်တာ...ဖြစ်နိုင်တာ နောက်နာရီအနည်းငယ်အတွင်းပေါ့ကွာ"

ပိုင်ကျီ သူ့မျက်လုံးများအား အားယူဖွင့်လိုက်‌သောအခါ ဝမ်ကျူးကျီ၏ စိုးရိမ်ပူပန်နေသောမျက်လုံးများနှင့် အကြည့်ဆုံသွားကာ ဖြည်းညင်းစွာ သူ့ခေါင်းအားခါရမ်းလိုက်‌သည်။

"နာရီအနည်းငယ်အတွင်းတဲ့လား..ဟင်း..ဒါဆိုလဲ ပြန်လည်ကုစားရေးစနစ်ကို ဝမ်ကျူးကျီဆီကိုပဲ လွှဲပေးလိုက်ပါ"

ထိုသို့ပြောပြီးသည်နှင့် ပိုင်ကျီ့မျက်လုံးများ မှိတ်ကျသွားကာ သတိလစ်သွားလေသည်။

"တူလေး! တူလေး! ခဏလောက်တောင့်ထားပါဦးကွ!!"

System အနေနှင့် ဤသို့အခြေအနေနှင့် ကြုံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။
ထိုကဲ့သို့ အရေးတကြီးနှင့် ထိတ်လန့်စရာကောင်းသော အခိုက်အတန့်တွင် ပိုင်ကျီသတိမလစ်ခင်ပြောခဲ့သောစကားများကို စဉ်းစားမိသွားသည်။ System ဦးလေးသည် သူ့ခန္ဓာကိုယ်၏ ရှုပ်ထွေးလှသော လျှပ်စစ်စီးကြောင်းများကို သူတတ်နိုင်သလောက် ငြိမ်းသက်စေလိုက်ပြီး သူ့လက်အားဆန့်ထုတ်ကာ ပြောလိုက်သည်။

"တူလေး မင်းခံစားနေရတာ ဒီဦးလေးမကြည့်နိုင်တော့ဘူးကွာ။ အဲလိုလုပ်မယ့်အစား...."

System ၏ စကားများမဆုံးခင် ပင်မလုပ်ငန်းမျက်နှာပြင်ကြီး ရုတ်တရက် အမှောင်ကျသွားတော့သည်။ ကြုံရာခလုတ်တို့အား အလောတကြီး နှိပ်နေခဲ့သော system မှာ ဓာတ်အားဖြတ်တောက်ခံရသကဲ့သို့ တိတ်ဆိတ်သွားလေသည်။

_System space အပြင်ဘက်တစ်နေရာတွင်_

ဝမ်ကျူးကျီသည် သတိမရှိတော့သော ပိုင်ကျီအား ထိန်းပေးထားရင်း သူ့အကြည့်တို့မှာ မုန်တိုင်းထန်နေသကဲ့သို့ပင်။ နောက်ကျောဘက်ရှိ ဒဏ်ရာများမှ သွေးများဒလဟောကျဆင်းနေသော်လည်း ဝမ်ကျူးကျီကမူ နာကျင်ခံစားမိပုံမပေါ်ချေ။ လက်တစ်ဖက်ကို ပိုင်ကျီ့လည်ပင်းတစ်ဝိုက်အား လှမ်းဖက်ကာ ကျန်တစ်ဖက်ကို ‌ဒူးများအောက်မှလျှိုသွင်း၍ ပိုင်ကျီ့အား သူ့လက်မောင်းများကြားထဲတွင် ထွေးပွေ့ထားခဲ့သည်။

ဝမ်ကျူးကျီ့၏ ဓားနှင့်သေနတ်များမှာ တစ်ဖက်သို့ ချထားပြီး ခုခံရန်နည်းလမ်း တစ်စိုးတစိမျှ မရှိတော့သကဲ့သို့ပင်။

ပိုင်ကျီလက်ချက်ဖြင့် ဦးမျှင်ဆုံးရှုံးထားသည့် Zerg ကောင်သည် ကျယ်လောင်စွာဟိန်းဟောက်အမိန့်ပေးလိုက်ကာ အခြား Zerg များမှာအရှေ့သို့တက်လာ​ကြ​တော့သည်။

ထိုအခိုက်အတန့်တွင် ဝမ်ကျူးကျီ ခေါင်းမော့ကာကြည့်လာသည်။

____________

နာကျင်မှုကြောင့် ပိုင်ကျီ နိုးလာခဲ့ရသည်။ခေါင်းအား လက်တစ်ဖက်ဖြင့် အုပ်မိုးကိုင်ရင်း ရုတ်တရက်ကြုံလိုက်ရသည့်လေအေးများကြောင့် တုန်သွားသည့်ကြားမှ မေးလိုက်လေသည်။

"ဟို..ဦးလေး ဝမ်ကျူးကျီ ဘယ်လိုနေလဲဟင်?"

System: "အသက်ရှိပါသေးတယ်"

"အသက်ရှိသေးတယ်? ဒါဆို သူ ဒဏ်ရာတွေဘာတွေရောရသွားသေးလား?"

"နည်းနည်းတော့ရသွားတာပေါ့။ ဒါပေမယ့် မင်းဒဏ်ရာတွေနဲ့ယှဉ်ရင် မပြောပလောက်ပါဘူး"

ပိုင်ကျီ နောက်ဆုံးတွင်တော့ သူ၏စိုးရိမ်မှုများအား လွှတ်ချလိုက်ကာ သူ့စိတ်ထဲတွင် အဆက်မပြတ် ငိုညည်းနေတော့သည်။

"ဦးလေးရေ..နာလိုက်တာဗျာ.."

"နာမှာပေါ့" System ဦးလေးမှာ ရုတ်တရက် ဒေါသခြောင်းခြောင်းထွက်လာ​တော့သည်။
"မင်းကိုကယ်ခဲ့တာ ငါမဟုတ်ဘူး။ အဲ့တော်ဝင်သမားတော်က မင်းကိုခေါ်လာပြီး ရက်ရက်စက်စက် ပြန်လည်ကုသရေးလှောင်ကန်ထဲ ပစ်ထည့်လိုက်ကြတာကွ! မနာမှထူးဆန်းဦးမယ်"

"ဪ..အဲဒီလိုကိုး.." ပိုင်ကျီ နားလည်သွားပြီဖြစ်သည်။
"ဒါဆို ဝမ်ကျူးကျီကို ပြန်လည်ကုစားရေးစနစ် ဖွင့်ပေးခဲ့တယ်မလား?"

"ဖွင့်ပေးတော့မလို့ပဲလေ" System ဦးလေးမှာ ပို၍သာ ဒေါသထွက်လာခဲ့တော့သည်။
"ငါနေလာတာ ဒီလောက်သက်တမ်းရှိနေပြီ။ တစ်ခါမှ ဒီလိုမျိူး ပါဝါအပိတ်မခံရဖူးဘူး။ ဘယ်သူတောင်းစားလုပ်တာလဲဆိုတာ သိလို့ကတော့ကွာ သွားကိုသတ်ပစ်ဦးမှာ!"

ပိုင်ကျီမှာ System ဦးလေး၏စကားများအား နားမလည်နိုင်စွာဖြင့် "ဘာရယ်? တစ်ယောက်ယောက်က ဦးလေးကိုဆန့်ကျင်ခဲ့တယ်လို့ ဆိုလိုတာလား?"

"ဟုတ်ပါ့! သူတောင်းစားတစ်ယောက်လေ!" System မှာ ဘေးနားရှိ ခေါင်းအုံးအား အဝေးသို့ကန်ထုတ်ရင်း အငွေ့ပျံမတတ် ဒေါသထွက်နေလေသည်။
"တူလေး! မင်း ဒီဦးလေးအတွက် ကလဲ့စားချေပေးရမယ်နော်! ငါအလုပ်လုပ်လာတဲ့တစ်လျှောက် ဒီလိုမခန့်လေးစား အဆက်ဆံမခံခဲ့ရဖူးပါဘူးကွာ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ။" ပိုင်ကျီ ခေါင်းငြိမ့်ပြလိုက်သည်။
"ဦးလေးရန်သူက ကျွန်တော့်ရန်သူပါပဲဗျာ။ ဦးလေးအစား ကျွန်တော်သူ့ကို ဆုံးမပေးလိုက်ပါ့မယ်"

System မှာ နောက်ဆုံးတော့ စိတ်ငြိမ်သွားခဲ့ပြီး ပိုင်ကျီဘေးအိပ်ရာပေါ်တွင် ထိုင်လိုက်သည်။
"ဒါပေမယ့် အနည်းဆုံးတော့ အဲ့ဆရာဝန်
ငတုံးတွေက မင်းကိုကယ်ခဲ့တာပဲလေ။ ကြည့်ရတာ သူတို့လုံးဝ အသုံးမဝင်တာတော့မဟုတ်ပါဘူး"

"ဟုတ်တယ် ဟုတ်တယ်" ပိုင်ကျီ စောင်ပုံကြီးထဲမှ ခေါင်းလေးပြူထွက်လာကာ သူ့ဦးလေးအား မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေသည်။
"ဒါပေမယ့်..."

"ဒါပေမယ့် ဘာဖြစ်လဲ?"

"ပြန်လည်ကုစားရေးစနစ်ကို ဝမ်ကျူးကျီ့ဆီ မပေးလိုက်ရပေမယ့် ဝမ်ကျူးကျီက ဒဏ်ရာနည်းနည်းလေးပဲရသွားတယ်။ ကယ်ဆယ်ရေးအဖွဲ့က အဲလောက်မြန်မြန်ဆန်ဆန် ရောက်လာတယ်ပေါ့?"

"အယ်..ငါမသိဘူးလေ" System ဦးလေးမှာ တည့်တိုးဖြေလာလေသည်။ "ငါ့ရဲ့စက်အသိစိတ်တွေ ပြန်အလုပ်လုပ်လာတော့ မင်းနဲ့အတူဒီရောက်နေတာကို တွေ့လိုက်ရတာပဲလေ"

"မင်း သတိလစ်မသွားခင်က ‌ငါပြောတယ်လေ။ ကယ်ဆယ်ရေးအဖွဲ့ရောက်ဖို့ နာရီအနည်းငယ်လောက်တောင် လိုဦးမယ်လို့။ အဲ့သတင်းအချက်အလက်က တိကျတာသေချာပါတယ်.."

"ထားလိုက်ပါတော့" ပိုင်ကျီ မျက်ခုံးတန်းလေးများအား ကျုံ့ထားရင်း ဆက်တွေးရမှာပျင်းသောကြောင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အကုန်လုံးအဆင်ပြေနေတာပဲလေ။ အားလုံးအဆင်ပြေနေသရွေ့ ပြီးရောပေါ့ ဟုတ်ဘူးလား?"

System ဦးလေးမှာ ပိုင်ကျီ၏စကားအား ထောက်ခံဖို့ ခေါင်းငြိမ့်ရန်ပြင်လိုက်စဉ်မှာပဲ တစ်စုံတစ်ခုအား ရုတ်တရက်သတိရသွားခဲ့သည်။
"ဟုတ်သား! ငါမင်းကိုပြောဖို့မေ့တော့မလို့ ဝမ်ကျူးကျီ‌ စေ့စပ်တော့မယ်တဲ့"

ပိုင်ကျီ အိပ်ယာပေါ်မှဖြည်းညင်းစွာမထခင် အတန်ငယ်မှင်သက်နေမိပြီး သူ့ကိုယ်သူလက်ညှိုးလေးဖြင့် ညွှန်ပြကာ "ကျွန်တော်နဲ့လား?"

"မင်းအတွေးလွန်နေပြီ" System က ပိုင်ကျီ့စကားအား အကြင်နာတရားကင်းမဲ့စွာဖြင့် ရိုက်ချလိုက်လေသည်။
"မင်းသတိလစ်နေတုန်းက အင်ပါယာအရှင်ကသူ့ကို လက်ထပ်ပွဲတစ်ခု ချီးမြှင့်ပေးဖို့လုပ်နေတာ ငါမြင်လိုက်တယ်"

"ဘာပြောတယ်!" ပိုင်ကျီတစ်ရှူးရှူးတစ်ရှဲရှဲ ဒေါသထွက်လာခဲ့သည်။
"ကျွန်တော်နဲ့မဟုတ်ပဲ သူကဘယ်သူနဲ့များ အတူရှိချင်ရသေးတာတုန်း!?"

"စိတ်အေးအေးထားပါဦး" System ဦးလေးက သူ့အား ကုတင်ပေါ်သို့ ပြန်ဆွဲထိုင်စေလိုက်သည်။
"ဒါနဂိုဇာတ်ညွှန်း အတိုင်းသွားနေတာလေ။ သိပ်မလန့်ပါနဲ့။"

"နဂိုဇာတအညွှန်း?" ပိုင်ကျီခဏလောက် ကြောင်ကြည့်နေပြီးမှ
"ဦးလေးပြောတာ ရှောင်မု လား?"

"ဟုတ်တယ်" Systemဦးလေးက ပိုင်ကျီ့ခေါင်းလေးအား လှမ်းပွတ်ပေးလိုက်သည်။
"အဲဒါ မင်းအစ်မအပြင် နှစ်ယောက်မရှိဘူး"

ပိုင်ကျီ သူ့မျက်ခုံးလေးများအား တွန့်ချိုးရင်း စဉ်းစားနေခဲ့သည်။ နဂိုဇာတ်လမ်းတွင် အမှန်တကယ်ကို ဝမ်ကျူးကျီမှာ လက်ထပ်ပွဲတစ်ခု ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။

နဂိုဇာတ်လမ်းတွင်တော့ ဤအဖြစ်အပျက်မှာ ဝမ်ကျူးကျီ၏ပုန်ကန်မှုမတိုင်ခင်လေးတင်မှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အင်ပါယာအရှင်သခင်က ဝမ်ကျူးကျီ၏ရည်ရွယ်ချက်အား ကြိုတင်သတိထားမိသောကြောင့် ဒုတိယမင်းသမီးအား ချီးမြှင့်ပေးခြင်းဖြင့် ထိုသူအားတားနိုင်ရန် နောက်ဆုံးကြိုးပမ်းမှုတစ်ခုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကံအားလျော်စွာ ဝမ်ကျူးကျီမှာ နေ့ခင်ကပင် သဘောတူခဲ့သော်လည်း ထိုညတွင်ပင် ပုန်ကန်မှုကိုစခဲ့လေသည်။ သဘာဝကျစွာပဲ ထိုမင်္ဂလာပွဲမှာ မည်သည့်အခါကမျှ မဖြစ်ပျက်ခဲ့သော ပွဲတစ်ခုမျှသာ။

"ကျွန်တော် မှတ်မိသလောက်ဆို ဇာတ်လမ်းမှာ အဲ့အဆင့်တွေဆက်ဖြစ်လာတာက အင်ပါယာအရှင်သခင်က ဝမ်ကျူးကျီရဲ့ပုန်ကန်မယ့်အကြံအစည်တွေကို ရိပ်မိသွားပြီးမှ မင်္ဂလာပွဲစီစဉ်တာဖြစ်ရမှာမလား? အခုလက်ရှိအချိန်က မဟုတ်သေးဘူးလေ။ မဟုတ်မှ အခုကတည်းက ဝမ်ကျူးကျီ ပေါ်သွားတာလား!?"

"မဟုတ်လောက်ပါဘူး" System ဦးလေးမှာ အနည်းငယ်တွေးလိုက်ရင်း "စောနကမှ သူမင်းကိုလာကြည့်သွားတာ။ သူ့ရည်ရွယ်ချက်ကို သိသွားပြီးပြီဆို အင်ပါယာအရှင်သခင်က သတိလစ်နေတဲ့မင်းရှိတဲ့နေရာ သူ့ကိုဝင်ခွင့်ပေးပါ့မလားကွ?"

"သူ ကျွန်တော့်ကိုလာကြည့်သွားတယ်?" ပိုင်ကျီ၏ အာရုံအလုံးစုံတို့ ထိုခေါင်းစဉ်ပေါ်သို့သာ ရောက်လာတော့သည်။ "ဒါဆို သူ.."

"သူထွက်သွားမှ ငါပြန်ရောက်လာတာ"

"အဲလိုကိုး" ပိုင်ကျီ ခေါင်းလေးငုံ့သွားကာ အနည်းငယ်စိတ်ပျက်စွာဖြင့် ခေါင်းခါရမ်းလိုက်ရင်း "မဖြစ်တော့ဘူး။ ကျွန်တော်သူ့ကိုသွားရှာရမယ်"

ပြောပြီးသည်နှင့် စောင်အားလှပ်ကာ အိပ်ယာမှထလိုက်သည်။ ဘေးတွင်တော့ System မှာ မနားမနေစကားပြောနေခဲ့သည်။

"ဘိုးဘေးလေးရယ်..ကျေးဇူးပြုပြီး လိမ်လိမ်မာမာနဲ့ အိပ်ယာထဲပဲ လှဲနေစမ်းပါကွာ။ မင်းခေါင်းကလဲ ကိုက်နေတုန်းကို ဘယ်တွေလျှောက်သွားချင်နေရတာလဲ?"

"ကျွန်တော့်လူက တစ်ခြားလူနဲ့ စေ့စပ်သွားမှာကို ထိုင်ကြည့်မနေနိုင်ပါဘူး။ ဦးသူစားကြေးစနစ်ပဲလေ မဟုတ်ဘူးလား?"

ပိုင်ကျီ အခန်းထဲမှ ချက်ချင်းထွက်လာခဲ့ပြီး System သည်လည်း သူ၏ခန္ဓာကိုယ်အား လျင်မြန်စွာဖုံးကွယ်လိုက်သည်။ အခန်းရှေ့မှ အစေခံမလေးက ပိုင်ကျီနိုးနေသည်ကို မြင်သည်နှင့် ချက်ချင်းအပြေးလေးရောက်လာခဲ့သည်။ ဤသည်ကိုမြင်သည်နှင့် ပိုင်ကျီက အမိန့်တန်းပေးလိုက်သည်။
"ယာဉ်စီစဉ်ထားလိုက်! ငါဝမ်ကျူးကျီကို သွားတွေ့မလို့"

"အရှင့်သား..အရှင့်သားက အခုမှနိုးလာတာကို ဘာလို့နန်းပြင်ကို အလျင်စလိုထွက်ချင်နေရတာပါလဲ?" ရှောင်လော့၏ အစေခံများမှာ သူနှင့်တရင်းတနှီးနေတတ်သောကြောင့် သူတို့စိတ်ထဲရှိသည်များကို ‌ပွင့်ပွင့်လင်းလင်း ပြောရဲကြလေသည်။

ပိုင်ကျီ လက်တစ်ဖက်အား ခါရမ်းပြလိုက်ရင်း "မင်းတို့တွေ နားမလည်ပါဘူးကွာ။ ငါအမြန်မသွားရင် ငါ့လူက ငါ့အစ်မဆီပါသွားလိမ့်မယ်!"

"ဟင်?"

"တ 'ဟင်' 'ဟင်' လုပ်မနေနဲ့" ပိုင်ကျီ သူ့ခေါင်းကို မော့လိုက်ကာ "မင်းတို့နှစ်ယောက်က သွားမယ့်ယာဉ် ပြင်ထား။ မင်းတို့နှစ်ယောက်ကကျ အင်ပါယာအရှင်သခင်ကို သွားသတင်းပေးလိုက်။ ဪ ပြီးတော့ ပြောလိုက်ဦး။ ဝမ်ကျူးကျီက ဒီမင်းသားရဲ့လူ ဖြစ်တာမို့ သူ့ကိုဘယ်သူနဲ့မှ တွဲမပေးပါနဲ့လို့!"

"ဟင်?"

"ဟင် ဘာ ဟင်လဲ" ပိုင်ကျီခြေအနည်းငယ်ဆောင့်လိုက်ရင်း ပြောလိုက်သည်။
"မြန်မြန်သွားလေ"

"အာ ဟုတ် ဟုတ်ကဲ့"
အစေခံများက မင်းသားငယ်လေး စိတ်မရှည်ဖြစ်လာသည်ကိုမြင်သည်နှင့် အပြေးအလွှားထွက်သွားကာ ခိုင်းထားသည်များလုပ်ရန် ထွက်သွားကြသည်။

ပိုင်ကျီ နေရာတွင်ခဏရပ်နေပြီးနောက် မှုန်ကုပ်စွာဖြင့် ပတ်လျှောက်နေခဲ့သည်။ ထိုအစေခံများက အခြေအနေနားလည်သိတတ်စွမ်း ညံ့ဖျင်းကြသော်လည်း လုပ်ရည်ကိုင်ရည်တော့ ရှိကြပုံပေါ်သည်။ သိပ်မကြာခင်အချိန်အတွင်းမှာပင် ပိုင်ကျီသည် ဝမ်ကျူးကျီ့အားရှာရန် သွားသောယာဉ်ပျံအတွင်း၌ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

မောင်းနှင်သောစက်ရုပ်က ပိုင်ကျီအား တံခါးဝဆီသို့ အရောက်ပို့ပေးခဲ့သည်။ သို့သော်ငြား စိတ်မရှည်လှသည့်ပိုင်ကျီမှာ လက်တစ်ချက်ဝေ့ရမ်းပြ၍ ထွက်သွားခိုင်းလိုက်ပြီး တံခါးမကြီးမှပင်မဝင်နိုင်ပဲ ပြတင်းပေါက်မှတဆင့် ခုန်ဝင်လိုက်တော့သည်။

ခန်းမထဲ ဟိုဟိုဒီဒီ ကြည့်သွားနေရင်း ထောင့်ချိုးအရောက်တွင် လူတစ်ယောက်နှင့် ဝင်တိုက်မိလေသည်။

ဝမ်ကျူးကျီ့မှာ မင်းသားငယ်လေးအား မြင်လိုက်ရ၍ အလွန်အံ့ဩသွားလေသည်။
"မင်းသားရှောင်လော့?"

ပိုင်ကျီသည် တောင်းပန်ဖို့ ဦးညွတ်ရန် အနေအထား၌ ရှိနေဆဲတွင် သူဝင်တိုက်မိသောသူမှာ ဝမ်ကျူးကျီ့မှန်းသိသည်နှင့် သူ၏ရှက်ရွံ့မှုတို့က အငွေ့ပျံသွားပုံရသည်။ လျင်မြန်စွာပဲ လက်လှမ်းကာ ဝမ်ကျူးကျီ့အား တင်းကျပ်နေအောင် ဖက်ထားလိုက်သည်။

"စေ့စပ်တာသဘောတူဖို့ ခွင့်မပြုဘူးနော်"

"ဘာဖြစ်တယ်?"

ပိုင်ကျီ့အသံလေးတွင် မကျေနပ်ချက်အနည်းငယ်ခိုအောင်းနေပုံရသည်။
"ခင်ဗျားက ကျနော့်အပိုင်ပါဆို"

မင်းသားငယ်လေးသည် သူ၏ပိုင်နက်အား ကျူးကျော်ခံရသော သားရဲငယ်လေး
ကဲ့သို့ပင် ဝမ်ကျူးကျီ့အား လာရောက်ခိုးယူကြခြင်းမှ ကာကွယ်နိုင်မည်အထင်နှင့် ကလေးဆန်ဆန် တွယ်ကပ်နေတော့သည်။ ဝမ်ကျူးကျီ့သည် မင်းသားငယ်လေး၏ ရုတ်တရက်ဆန်လှသော အပြုအမူအတွက်
စနောက်ချင်နေခဲ့သော်လည်း သူ့နှုတ်မှစကားလုံးများမှာ တခြားလမ်းကြောင်းသို့ အလိုအလျောက်ပြောင်းသွားပုံပေါ်သည်။
"ကျနော်က မင်းသမီးကို ဇနီးအနေနဲ့လက်ခံဖို့ အရည်အချင်းမပြည့်မှီပါဘူးဗျာ"

"ဒါပေမယ့် ဒီမင်းသားကို ဇနီးအနေနဲ့လက်ခံဖို့တော့ အရည်အချင်းပြည့်မှီတယ်လေ"

ပိုင်ကျီ ချက်ချင်းပဲ ထပ်ပေါင်းပြောလိုက်သေးသည်။
"ဒါမှမဟုတ် ခင်ပွန်းအနေနဲ့ပေါ့။ ဘာဖြစ်ဖြစ်ပါလေ ခင်ဗျားပျော်ရင်ပြီးရော"

ဝမ်ကျူးကျီ: "..."

ပိုင်ကျီ အနည်းငယ်စိုးထိတ်လာသောကြောင့် ဖက်ထားသည့်သူ့လက်များ ပြေလျော့လာခဲ့သည်။ သူဆက်ပြီးစကားပြောတော့မည့်ဆဲဆဲတွင် ဝမ်ကျူးကျီ့မှမေးလာခဲ့သည်။
"အရှင်သား ဒီလိုလျှောက်သွားနေတာ ဒဏ်ရာတွေက သက်သာသွားပြီမို့လို့လား?"

"ကျနော်..." ပိုင်ကျီ စဉ်းစားကြည့်ပြီးနောက် ပထမဆုံးအကြိမ် စကားလှည့်ကွက်လေးသုံးရန် ဆုံးဖြတ်လိုက်လေသည်။
"ခင်ဗျားလက်ခံတယ်ဆို ကျနော့်ဒဏ်ရာတွေက သက်သာသွားမှာ။ ခင်ဗျား လက်မခံဘူးဆိုရင်တော့..."

"ဘယ်တော့မှမသက်သာတော့ဘူးတဲ့လား?"
ကလေးဆန်ဆန် ခြိမ်းခြောက်မှုလေးကြောင့် ဝမ်ကျူးကျီ့မှာ မနေနိုင်စွာပဲ ရယ်မောမိလေသည်။ မင်းသားငယ်လေးအား အိပ်ခန်းကျယ်ကြီးဆီ ဆွဲခေါ်သွားရင်းပြောလိုက်သည်။
"ဟုတ်ပါပြီ ကျနော့်ရဲ့ဘိုးဘေးလေးရယ် ကောင်းကောင်းအနားယူပါဦး ဟုတ်ပြီလား?"

ပိုင်ကျီမှာ အိပ်ယာပေါ်ထိုင်ပြီးသည်အထိ ဝမ်ကျူးကျီ့အားဆွဲထားရင်း လွှတ်ပေးရန်ငြင်းဆန်နေခဲ့သည်။
"ကျနော်စောနကပြောလိုက်တာ မှတ်မိရဲ့လားလို့?"

"အမ်? စောနကဘာပြောလိုက်လို့လဲ?"
ဝမ်ကျူးကျီ့ မင်းသားလေးအား ကျီစယ်လိုက်သည်။

"အဲဒါက..." ပိုင်ကျီ သူ့နှုတ်ခမ်းအားကိုက်ရင်း အကြိမ်အနည်းငယ်စဉ်းစားပြီးနောက် ရုတ်တရက်မတ်တတ်ရပ်လိုက်သည်။ ဝမ်ကျူးကျီ့ အာရုံစိုက်မနေသည်ကို အခွင့်ကောင်းယူကာ ဝမ်ကျုးကျီ ပါးပေါ်ကိုခပ်ကြမ်းကြမ်း ဖိကာနမ်းပစ်လိုက်​တော့သည်။

"အဲဒါကိုပြောတာ။အခု သဘောပေါက်ပြီလား?"

_________________________________

ဒီအပိုင်းလေးကိုကိုယ့်အမNomiကပြန်ပေးထားပါတယ်။

_________________________________

#Zawgyi#

Zerg အုပ္စုေတြ တစ္စုၿပီးတစ္စုထပ္ေရာက္လာၾကသည္။ပိုင္က်ီ အသက္ရႈေအာင့္လိုက္ကာ ဓားျမႇောင္ကိုတင္းၾကပ္စြာကိုင္ျမႇောက္၍သူ႕ေဒါသမ်ားအား Zerg တို႔ထံသာပုံခ်လိဳက္ေတာ့သည္။ ပိုင္က်ီ၏ေသြးေခ်ာင္းစီးေစေသာစြမ္းရည္မ်ားေၾကာင့္ သူ႕အေရွ႕မွ Zerg တို႔အား ေျခလွမ္းအနည္းငယ္ေနာက္ဆုတ္ေစနိုင္သည္အထိ ထိတ္လန႔္ေစခဲ့သည္။

ပိုင္က်ီအသက္ျပင္းျပင္းရႉကာ ေဘးပတ္လည္အားစစ္ၾကည့္လိုက္သည္ သူႏွင့္
ယွဥ္ခ်ရမည့္ရန္သူအား မေတြ႕ေပ။
ပိုင္က်ီဝမ္က်ဴးက်ီအားကူညီရန္
လွည့္ၾကည့္လိုက္သည့္တစ္ခဏတြင္ပဲ သူ႕စိတ္ထဲမွ က်ယ္ေလာင္စူးရွသည့္သတိေပးခ်က္တစ္ခုအား ၾကားလိုက္ရေလသည္။ [အဆင့္ A သတိေပးခ်က္! ဗီလိန္အသက္အႏၱရာယ္ရွိေနပါတယ္!! Host ကယ္နိုင္သမွ်ျမန္ျမန္ကယ္ေပးဖို႔ ေတာင္းဆိုပါတယ္]

ပိုင္က်ီ ဝမ္က်ဳးက်ီရွိရာသို႔ လွ်င္ျမန္စြာလွည့္ထြက္သြားခ်င္ေသာ္လည္း Zergတို႔၏ဓားခ်က္တစ္ခ်ိဳ႕အား ခုခံလိုက္ရေသးသည္။ အျခားအေကာင္မ်ားထက္ အ႐ြယ္အစားသိသိသာသာႀကီးမားေသာ Zerg တစ္ေကာင္သည္ သူ၏ဦးမွ်င္မ်ားအား ေလထဲသို႔ ေဝ့ရမ္းျမႇောက္လိုက္ကာ ဝမ္က်ဴးက်ီ၏အေနာက္ဘက္မွ ေခ်ာင္းေျမာင္းတိုက္ခိုက္ရန္ႀကံေနသည္ကို ျမင္လိုက္ရသည္။ ပိုင္က်ီ့ ႏွလုံးတစ္ခ်က္ေဆာင့္ခုန္သြားကာ ဘာမွေတြးေတာမေနေတာ့ပဲ ဝမ္က်ဴးက်ီအစား ဝင္ခံေပးလိုက္ေတာ့သည္။

ေရွာင့္ေလာ့!!!

႐ုတ္တရက္ဆိုသလို ခြၽန္ျမထက္ရွသည့္
ဦးမွ်င္တစ္ေခ်ာင္းက ပိုင္က်ီ့ဝမ္းဗိုက္တြင္းသို႔ ထိုးေဖာက္ဝင္ေရာက္သြားေတာ့သည္။
ပိုင္က်ီ နာက်င္လြန္းေသာ္လည္း အသံတစ္ခ်က္မထြက္ပဲ ဦးမွ်င္အား လ်င္ျမန္စြာႏႈတ္ယူကာခ်ိဳးပစ္လိုက္သည္။ ဦးမွ်င္အခ်ိဳးခံလိုက္ရေသာ ထို Zerg က နာက်င္စြာျမည္တမ္း၍ ေျခလွမ္းအနည္းငယ္ဆုတ္သြားသည္ႏွင့္တၿပိဳင္နက္ ေနာက္ Zerg တစ္ေကာင္မွာ ေရွ႕သို႔တတ္လာကာ တိုက္ခိုက္လာေလသည္။

ဝမ္က်ဴးက်ီ ပိုင္က်ီေရွ႕သို႔အေျပးသြားကာ ပိုင္က်ီ၏အနာတရျဖစ္မႈအား အခြင့္ေကာင္းယူခ်င္ေနေသာ ထိုအေကာင္အား ပစ္ခတ္လိုက္သည္။ ပိုင္က်ီ အားအင္တို႔ကုန္ခမ္းကာ အျမင္အာ႐ုံမ်ားေဝဝါးလာၿပီး ဆက္လက္တိုက္ခိုက္ရန္ သူ႕ဓားကိုပင္ ျမႇောက္နိုင္စြမ္းမရွိေတာ့ေခ်။ဝမ္က်ဴးက်ီ Zergအေကာင္အခ်ိဳ႕အား ရွင္းလင္းၿပီးသည္ႏွင့္ ပိုင္က်ီ့ခႏၶာကိုယ္ေလးအား သူ႕လက္ေမာင္းတြင္းဆြဲသြင္းကာ တိုက္ခိုက္ခ်က္မ်ားအား သူ႕ကိုယ္ႏွင့္ကာ၍ ကာကြယ္ေပးထားလိုက္သည္။

ဝမ္က်ဴးက်ီသည္ ရန္သူမ်ားအားသတ္ျဖတ္ရင္း ပိုင္က်ီ့အားလည္း ဂ႐ုတစိုက္ကာကြယ္ေနရကာ သူ႕ေျခလွမ္းမ်ားမွာႏွေးေကြးလာခဲ့သည္။ ပိုင္က်ီ့မွာ ဦးမွ်င္ဆိပ္အား မတြန္းလွန္နိုင္ေသာေၾကာင့္ ထိုျမင္ကြင္းကို ပူပင္ေသာကေရာက္စြာ ၾကည့္ေန႐ုံမွတစ္ပါး မတတ္နိုင္ခဲ့ေခ်။ ဝမ္က်ဴးက်ီ၏ေပြ႕ဖက္မႈမွ အသာ႐ုန္းထြက္ကာ ေသြးတစ္ပြက္အန္ၿပီးသည့္ေနာက္တြင္ေတာ့ ပိုင္က်ီ ၿငိမ္မေနနိုင္ေတာ့ပဲ system အား လွမ္းေျပာလိုက္ေလသည္။

ဦးေလးေျပာတဲ့ကယ္ဆယ္ေရးအဖြဲ႕က ဘယ္ေတာ့မွေရာက္မွာလဲဗ်ာ?

System မွာ ပိုင္က်ီ့အတြက္ ျပန္လည္ကုစားေရးစနစ္အား ဖြင့္ထားေပးရင္း ႏွဖူးတြင္လည္း ေဇာေခြၽးအျပည့္စီးက်ေနကာ ေသာကေရာက္ေနသည့္အသံျဖင့္ ျပန္ေျပာလာသည္။

ျဖစ္နိုင္တာ...ျဖစ္နိုင္တာ ေနာက္နာရီအနည္းငယ္အတြင္းေပါ့ကြာ

ပိုင္က်ီ သူ႕မ်က္လုံးမ်ားအား အားယူဖြင့္လိုက္ေသာအခါ ဝမ္က်ဴးက်ီ၏ စိုးရိမ္ပူပန္ေနေသာမ်က္လုံးမ်ားႏွင့္ အၾကည့္ဆုံသြားကာ ျဖည္းညင္းစြာ သူ႕ေခါင္းအားခါရမ္းလိုက္သည္။

နာရီအနည္းငယ္အတြင္းတဲ့လား..ဟင္း..ဒါဆိုလဲ ျပန္လည္ကုစားေရးစနစ္ကို ဝမ္က်ဴးက်ီဆီကိုပဲ လႊဲေပးလိုက္ပါ

ထိုသို႔ေျပာၿပီးသည္ႏွင့္ ပိုင္က်ီ့မ်က္လုံးမ်ား မွိတ္က်သြားကာ သတိလစ္သြားေလသည္။

တူေလး! တူေလး! ခဏေလာက္ေတာင့္ထားပါဦးကြ!!

System အေနႏွင့္ ဤသို႔အေျခအေနႏွင့္ ႀကဳံရသည္မွာ ပထမဆုံးအႀကိမ္ျဖစ္ေလသည္။
ထိုကဲ့သို႔ အေရးတႀကီးႏွင့္ ထိတ္လန႔္စရာေကာင္းေသာ အခိုက္အတန႔္တြင္ ပိုင္က်ီသတိမလစ္ခင္ေျပာခဲ့ေသာစကားမ်ားကို စဥ္းစားမိသြားသည္။ System ဦးေလးသည္ သူ႕ခႏၶာကိုယ္၏ ရႈပ္ေထြးလွေသာ လွ်ပ္စစ္စီးေၾကာင္းမ်ားကို သူတတ္နိုင္သေလာက္ ၿငိမ္းသက္ေစလိုက္ၿပီး သူ႕လက္အားဆန႔္ထုတ္ကာ ေျပာလိုက္သည္။

တူေလး မင္းခံစားေနရတာ ဒီဦးေလးမၾကည့္နိုင္ေတာ့ဘူးကြာ။ အဲလိုလုပ္မယ့္အစား....

System ၏ စကားမ်ားမဆုံးခင္ ပင္မလုပ္ငန္းမ်က္ႏွာျပင္ႀကီး ႐ုတ္တရက္ အေမွာင္က်သြားေတာ့သည္။ ႀကဳံရာခလုတ္တို႔အား အေလာတႀကီး ႏွိပ္ေနခဲ့ေသာ system မွာ ဓာတ္အားျဖတ္ေတာက္ခံရသကဲ့သို႔ တိတ္ဆိတ္သြားေလသည္။

_System space အျပင္ဘက္တစ္ေနရာတြင္_

ဝမ္က်ဴးက်ီသည္ သတိမရွိေတာ့ေသာ ပိုင္က်ီအား ထိန္းေပးထားရင္း သူ႕အၾကည့္တို႔မွာ မုန္တိုင္းထန္ေနသကဲ့သို႔ပင္။ ေနာက္ေက်ာဘက္ရွိ ဒဏ္ရာမ်ားမွ ေသြးမ်ားဒလေဟာက်ဆင္းေနေသာ္လည္း ဝမ္က်ဴးက်ီကမူ နာက်င္ခံစားမိပုံမေပၚေခ်။ လက္တစ္ဖက္ကို ပိုင္က်ီ့လည္ပင္းတစ္ဝိုက္အား လွမ္းဖက္ကာ က်န္တစ္ဖက္ကို ဒူးမ်ားေအာက္မွလွ်ိုသြင္း၍ ပိုင္က်ီ့အား သူ႕လက္ေမာင္းမ်ားၾကားထဲတြင္ ေထြးေပြ႕ထားခဲ့သည္။

ဝမ္က်ဴးက်ီ့၏ ဓားႏွင့္ေသနတ္မ်ားမွာ တစ္ဖက္သို႔ ခ်ထားၿပီး ခုခံရန္နည္းလမ္း တစ္စိုးတစိမွ် မရွိေတာ့သကဲ့သို႔ပင္။

ပိုင္က်ီလက္ခ်က္ျဖင့္ ဦးမွ်င္ဆုံးရႈံးထားသည့္ Zerg ေကာင္သည္ က်ယ္ေလာင္စြာဟိန္းေဟာက္အမိန႔္ေပးလိုက္ကာ အျခား Zerg မ်ားမွာအေရွ႕သို႔တက္လာၾကေတာ့သည္။

ထိုအခိုက္အတန႔္တြင္ ဝမ္က်ဴးက်ီ ေခါင္းေမာ့ကာၾကည့္လာသည္။

____________

နာက်င္မႈေၾကာင့္ ပိုင္က်ီ နိုးလာခဲ့ရသည္။ေခါင္းအား လက္တစ္ဖက္ျဖင့္ အုပ္မိုးကိုင္ရင္း ႐ုတ္တရက္ႀကဳံလိုက္ရသည့္ေလေအးမ်ားေၾကာင့္ တုန္သြားသည့္ၾကားမွ ေမးလိုက္ေလသည္။

ဟို..ဦးေလး ဝမ္က်ဴးက်ီ ဘယ္လိုေနလဲဟင္?

System: အသက္ရွိပါေသးတယ္

အသက္ရွိေသးတယ္? ဒါဆို သူ ဒဏ္ရာေတြဘာေတြေရာရသြားေသးလား?

နည္းနည္းေတာ့ရသြားတာေပါ့။ ဒါေပမယ့္ မင္းဒဏ္ရာေတြနဲ႕ယွဥ္ရင္ မေျပာပေလာက္ပါဘူး

ပိုင္က်ီ ေနာက္ဆုံးတြင္ေတာ့ သူ၏စိုးရိမ္မႈမ်ားအား လႊတ္ခ်လိဳက္ကာ သူ႕စိတ္ထဲတြင္ အဆက္မျပတ္ ငိုညည္းေနေတာ့သည္။

ဦးေလးေရ..နာလိုက္တာဗ်ာ..

နာမွာေပါ့ System ဦးေလးမွာ ႐ုတ္တရက္ ေဒါသေျခာင္းေျခာင္းထြက္လာေတာ့သည္။
မင္းကိုကယ္ခဲ့တာ ငါမဟုတ္ဘူး။ အဲ့ေတာ္ဝင္သမားေတာ္က မင္းကိုေခၚလာၿပီး ရက္ရက္စက္စက္ ျပန္လည္ကုသေရးေလွာင္ကန္ထဲ ပစ္ထည့္လိုက္ၾကတာကြ! မနာမွထူးဆန္းဦးမယ္

ဪ..အဲဒီလိုကိုး.. ပိုင္က်ီ နားလည္သြားၿပီျဖစ္သည္။
ဒါဆို ဝမ္က်ဴးက်ီကို ျပန္လည္ကုစားေရးစနစ္ ဖြင့္ေပးခဲ့တယ္မလား?

ဖြင့္ေပးေတာ့မလို႔ပဲေလ System ဦးေလးမွာ ပို၍သာ ေဒါသထြက္လာခဲ့ေတာ့သည္။
ငါေနလာတာ ဒီေလာက္သက္တမ္းရွိေနၿပီ။ တစ္ခါမွ ဒီလိုမ်ိဴး ပါဝါအပိတ္မခံရဖူးဘူး။ ဘယ္သူေတာင္းစားလုပ္တာလဲဆိုတာ သိလို႔ကေတာ့ကြာ သြားကိုသတ္ပစ္ဦးမွာ!

ပိုင္က်ီမွာ System ဦးေလး၏စကားမ်ားအား နားမလည္နိုင္စြာျဖင့္ ဘာရယ္? တစ္ေယာက္ေယာက္က ဦးေလးကိုဆန႔္က်င္ခဲ့တယ္လို႔ ဆိုလိုတာလား?

ဟုတ္ပါ့! သူေတာင္းစားတစ္ေယာက္ေလ! System မွာ ေဘးနားရွိ ေခါင္းအုံးအား အေဝးသို႔ကန္ထုတ္ရင္း အေငြ႕ပ်ံမတတ္ ေဒါသထြက္ေနေလသည္။
တူေလး! မင္း ဒီဦးေလးအတြက္ ကလဲ့စားေခ်ေပးရမယ္ေနာ္! ငါအလုပ္လုပ္လာတဲ့တစ္ေလွ်ာက္ ဒီလိုမခန႔္ေလးစား အဆက္ဆံမခံခဲ့ရဖူးပါဘူးကြာ

ဟုတ္ပါၿပီ ဟုတ္ပါၿပီ။ ပိုင္က်ီ ေခါင္းၿငိမ့္ျပလိုက္သည္။
ဦးေလးရန္သူက ကြၽန္ေတာ့္ရန္သူပါပဲဗ်ာ။ ဦးေလးအစား ကြၽန္ေတာ္သူ႕ကို ဆုံးမေပးလိုက္ပါ့မယ္

System မွာ ေနာက္ဆုံးေတာ့ စိတ္ၿငိမ္သြားခဲ့ၿပီး ပိုင္က်ီေဘးအိပ္ရာေပၚတြင္ ထိုင္လိုက္သည္။
ဒါေပမယ့္ အနည္းဆုံးေတာ့ အဲ့ဆရာဝန္
ငတုံးေတြက မင္းကိုကယ္ခဲ့တာပဲေလ။ ၾကည့္ရတာ သူတို႔လုံးဝ အသုံးမဝင္တာေတာ့မဟုတ္ပါဘူး

ဟုတ္တယ္ ဟုတ္တယ္ ပိုင္က်ီ ေစာင္ပုံႀကီးထဲမွ ေခါင္းေလးျပဴထြက္လာကာ သူ႕ဦးေလးအား မ်က္လုံးဝိုင္းႀကီးမ်ားျဖင့္ စိုက္ၾကည့္ေနသည္။
ဒါေပမယ့္...

ဒါေပမယ့္ ဘာျဖစ္လဲ?

ျပန္လည္ကုစားေရးစနစ္ကို ဝမ္က်ဴးက်ီ့ဆီ မေပးလိုက္ရေပမယ့္ ဝမ္က်ဴးက်ီက ဒဏ္ရာနည္းနည္းေလးပဲရသြားတယ္။ ကယ္ဆယ္ေရးအဖြဲ႕က အဲေလာက္ျမန္ျမန္ဆန္ဆန္ ေရာက္လာတယ္ေပါ့?

အယ္..ငါမသိဘူးေလ System ဦးေလးမွာ တည့္တိုးေျဖလာေလသည္။ ငါ့ရဲ႕စက္အသိစိတ္ေတြ ျပန္အလုပ္လုပ္လာေတာ့ မင္းနဲ႕အတူဒီေရာက္ေနတာကို ေတြ႕လိုက္ရတာပဲေလ

မင္း သတိလစ္မသြားခင္က ငါေျပာတယ္ေလ။ ကယ္ဆယ္ေရးအဖြဲ႕ေရာက္ဖို႔ နာရီအနည္းငယ္ေလာက္ေတာင္ လိုဦးမယ္လို႔။ အဲ့သတင္းအခ်က္အလက္က တိက်တာေသခ်ာပါတယ္..

ထားလိုက္ပါေတာ့ ပိုင္က်ီ မ်က္ခုံးတန္းေလးမ်ားအား က်ဳံ႕ထားရင္း ဆက္ေတြးရမွာပ်င္းေသာေၾကာင့္ ေျပာလိုက္သည္။
ဘာပဲျဖစ္ျဖစ္ အကုန္လုံးအဆင္ေျပေနတာပဲေလ။ အားလုံးအဆင္ေျပေနသေ႐ြ႕ ၿပီးေရာေပါ့ ဟုတ္ဘူးလား?

System ဦးေလးမွာ ပိုင္က်ီ၏စကားအား ေထာက္ခံဖို႔ ေခါင္းၿငိမ့္ရန္ျပင္လိုက္စဥ္မွာပဲ တစ္စုံတစ္ခုအား ႐ုတ္တရက္သတိရသြားခဲ့သည္။
ဟုတ္သား! ငါမင္းကိုေျပာဖို႔ေမ့ေတာ့မလို႔ ဝမ္က်ဴးက်ီ ေစ့စပ္ေတာ့မယ္တဲ့

ပိုင္က်ီ အိပ္ယာေပၚမွျဖည္းညင္းစြာမထခင္ အတန္ငယ္မွင္သက္ေနမိၿပီး သူ႕ကိုယ္သူလက္ညွိုးေလးျဖင့္ ၫႊန္ျပကာ ကြၽန္ေတာ္နဲ႕လား?

မင္းအေတြးလြန္ေနၿပီ System က ပိုင္က်ီ့စကားအား အၾကင္နာတရားကင္းမဲ့စြာျဖင့္ ရိုက္ခ်လိဳက္ေလသည္။
မင္းသတိလစ္ေနတုန္းက အင္ပါယာအရွင္ကသူ႕ကို လက္ထပ္ပြဲတစ္ခု ခ်ီးျမႇင့္ေပးဖို႔လုပ္ေနတာ ငါျမင္လိုက္တယ္

ဘာေျပာတယ္! ပိုင္က်ီတစ္ရႉးရႉးတစ္ရွဲရွဲ ေဒါသထြက္လာခဲ့သည္။
ကြၽန္ေတာ္နဲ႕မဟုတ္ပဲ သူကဘယ္သူနဲ႕မ်ား အတူရွိခ်င္ရေသးတာတုန္း!?

စိတ္ေအးေအးထားပါဦး System ဦးေလးက သူ႕အား ကုတင္ေပၚသို႔ ျပန္ဆြဲထိုင္ေစလိုက္သည္။
ဒါနဂိုဇာတ္ၫႊန္း အတိုင္းသြားေနတာေလ။ သိပ္မလန႔္ပါနဲ႕။

နဂိုဇာတအၫႊန္း? ပိုင္က်ီခဏေလာက္ ေၾကာင္ၾကည့္ေနၿပီးမွ
ဦးေလးေျပာတာ ေရွာင္မု လား?

ဟုတ္တယ္ Systemဦးေလးက ပိုင္က်ီ့ေခါင္းေလးအား လွမ္းပြတ္ေပးလိုက္သည္။
အဲဒါ မင္းအစ္မအျပင္ ႏွစ္ေယာက္မရွိဘူး

ပိုင္က်ီ သူ႕မ်က္ခုံးေလးမ်ားအား တြန႔္ခ်ိဳးရင္း စဥ္းစားေနခဲ့သည္။ နဂိုဇာတ္လမ္းတြင္ အမွန္တကယ္ကို ဝမ္က်ဴးက်ီမွာ လက္ထပ္ပြဲတစ္ခု ခ်ီးျမႇင့္ခံခဲ့ရျခင္းျဖစ္သည္။

နဂိုဇာတ္လမ္းတြင္ေတာ့ ဤအျဖစ္အပ်က္မွာ ဝမ္က်ဴးက်ီ၏ပုန္ကန္မႈမတိုင္ခင္ေလးတင္မွ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ အင္ပါယာအရွင္သခင္က ဝမ္က်ဴးက်ီ၏ရည္႐ြယ္ခ်က္အား ႀကိဳတင္သတိထားမိေသာေၾကာင့္ ဒုတိယမင္းသမီးအား ခ်ီးျမႇင့္ေပးျခင္းျဖင့္ ထိုသူအားတားနိုင္ရန္ ေနာက္ဆုံးႀကိဳးပမ္းမႈတစ္ခုျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ ကံအားေလ်ာ္စြာ ဝမ္က်ဴးက်ီမွာ ေန႕ခင္ကပင္ သေဘာတူခဲ့ေသာ္လည္း ထိုညတြင္ပင္ ပုန္ကန္မႈကိုစခဲ့ေလသည္။ သဘာဝက်စြာပဲ ထိုမဂၤလာပြဲမွာ မည္သည့္အခါကမွ် မျဖစ္ပ်က္ခဲ့ေသာ ပြဲတစ္ခုမွ်သာ။

ကြၽန္ေတာ္ မွတ္မိသေလာက္ဆို ဇာတ္လမ္းမွာ အဲ့အဆင့္ေတြဆက္ျဖစ္လာတာက အင္ပါယာအရွင္သခင္က ဝမ္က်ဴးက်ီရဲ႕ပုန္ကန္မယ့္အႀကံအစည္ေတြကို ရိပ္မိသြားၿပီးမွ မဂၤလာပြဲစီစဥ္တာျဖစ္ရမွာမလား? အခုလက္ရွိအခ်ိန္က မဟုတ္ေသးဘူးေလ။ မဟုတ္မွ အခုကတည္းက ဝမ္က်ဴးက်ီ ေပၚသြားတာလား!?

မဟုတ္ေလာက္ပါဘူး System ဦးေလးမွာ အနည္းငယ္ေတြးလိုက္ရင္း ေစာနကမွ သူမင္းကိုလာၾကည့္သြားတာ။ သူ႕ရည္႐ြယ္ခ်က္ကို သိသြားၿပီးၿပီဆို အင္ပါယာအရွင္သခင္က သတိလစ္ေနတဲ့မင္းရွိတဲ့ေနရာ သူ႕ကိုဝင္ခြင့္ေပးပါ့မလားကြ?

သူ ကြၽန္ေတာ့္ကိုလာၾကည့္သြားတယ္? ပိုင္က်ီ၏ အာ႐ုံအလုံးစုံတို႔ ထိုေခါင္းစဥ္ေပၚသို႔သာ ေရာက္လာေတာ့သည္။ ဒါဆို သူ..

သူထြက္သြားမွ ငါျပန္ေရာက္လာတာ

အဲလိုကိုး ပိုင္က်ီ ေခါင္းေလးငုံ႕သြားကာ အနည္းငယ္စိတ္ပ်က္စြာျဖင့္ ေခါင္းခါရမ္းလိုက္ရင္း မျဖစ္ေတာ့ဘူး။ ကြၽန္ေတာ္သူ႕ကိုသြားရွာရမယ္

ေျပာၿပီးသည္ႏွင့္ ေစာင္အားလွပ္ကာ အိပ္ယာမွထလိုက္သည္။ ေဘးတြင္ေတာ့ System မွာ မနားမေနစကားေျပာေနခဲ့သည္။

ဘိုးေဘးေလးရယ္..ေက်းဇူးျပဳၿပီး လိမ္လိမ္မာမာနဲ႕ အိပ္ယာထဲပဲ လွဲေနစမ္းပါကြာ။ မင္းေခါင္းကလဲ ကိုက္ေနတုန္းကို ဘယ္ေတြေလွ်ာက္သြားခ်င္ေနရတာလဲ?

ကြၽန္ေတာ့္လူက တစ္ျခားလူနဲ႕ ေစ့စပ္သြားမွာကို ထိုင္ၾကည့္မေနနိုင္ပါဘူး။ ဦးသူစားေၾကးစနစ္ပဲေလ မဟုတ္ဘူးလား?

ပိုင္က်ီ အခန္းထဲမွ ခ်က္ခ်င္းထြက္လာခဲ့ၿပီး System သည္လည္း သူ၏ခႏၶာကိုယ္အား လ်င္ျမန္စြာဖုံးကြယ္လိုက္သည္။ အခန္းေရွ႕မွ အေစခံမေလးက ပိုင္က်ီနိုးေနသည္ကို ျမင္သည္ႏွင့္ ခ်က္ခ်င္းအေျပးေလးေရာက္လာခဲ့သည္။ ဤသည္ကိုျမင္သည္ႏွင့္ ပိုင္က်ီက အမိန႔္တန္းေပးလိုက္သည္။
ယာဥ္စီစဥ္ထားလိုက္! ငါဝမ္က်ဴးက်ီကို သြားေတြ႕မလို႔

အရွင့္သား..အရွင့္သားက အခုမွနိုးလာတာကို ဘာလို႔နန္းျပင္ကို အလ်င္စလိုထြက္ခ်င္ေနရတာပါလဲ? ေရွာင္ေလာ့၏ အေစခံမ်ားမွာ သူႏွင့္တရင္းတႏွီးေနတတ္ေသာေၾကာင့္ သူတို႔စိတ္ထဲရွိသည္မ်ားကို ပြင့္ပြင့္လင္းလင္း ေျပာရဲၾကေလသည္။

ပိုင္က်ီ လက္တစ္ဖက္အား ခါရမ္းျပလိုက္ရင္း မင္းတို႔ေတြ နားမလည္ပါဘူးကြာ။ ငါအျမန္မသြားရင္ ငါ့လူက ငါ့အစ္မဆီပါသြားလိမ့္မယ္!

ဟင္?

တ ဟင္ ဟင္ လုပ္မေနနဲ႕ ပိုင္က်ီ သူ႕ေခါင္းကို ေမာ့လိုက္ကာ မင္းတို႔ႏွစ္ေယာက္က သြားမယ့္ယာဥ္ ျပင္ထား။ မင္းတို႔ႏွစ္ေယာက္ကက် အင္ပါယာအရွင္သခင္ကို သြားသတင္းေပးလိုက္။ ဪ ၿပီးေတာ့ ေျပာလိုက္ဦး။ ဝမ္က်ဴးက်ီက ဒီမင္းသားရဲ႕လူ ျဖစ္တာမို႔ သူ႕ကိုဘယ္သူနဲ႕မွ တြဲမေပးပါနဲ႕လို႔!

ဟင္?

ဟင္ ဘာ ဟင္လဲ ပိုင္က်ီေျခအနည္းငယ္ေဆာင့္လိုက္ရင္း ေျပာလိုက္သည္။
ျမန္ျမန္သြားေလ

"အာ ဟုတ္ ဟုတ္ကဲ့
အေစခံမ်ားက မင္းသားငယ္ေလး စိတ္မရွည္ျဖစ္လာသည္ကိုျမင္သည္ႏွင့္ အေျပးအလႊားထြက္သြားကာ ခိုင္းထားသည္မ်ားလုပ္ရန္ ထြက္သြားၾကသည္။

ပိုင္က်ီ ေနရာတြင္ခဏရပ္ေနၿပီးေနာက္ မႈန္ကုပ္စြာျဖင့္ ပတ္ေလွ်ာက္ေနခဲ့သည္။ ထိုအေစခံမ်ားက အေျခအေနနားလည္သိတတ္စြမ္း ညံ့ဖ်င္းၾကေသာ္လည္း လုပ္ရည္ကိုင္ရည္ေတာ့ ရွိၾကပုံေပၚသည္။ သိပ္မၾကာခင္အခ်ိန္အတြင္းမွာပင္ ပိုင္က်ီသည္ ဝမ္က်ဴးက်ီ့အားရွာရန္ သြားေသာယာဥ္ပ်ံအတြင္း၌ ေရာက္ရွိေနခဲ့ၿပီျဖစ္သည္။

ေမာင္းႏွင္ေသာစက္႐ုပ္က ပိုင္က်ီအား တံခါးဝဆီသို႔ အေရာက္ပို႔ေပးခဲ့သည္။ သို႔ေသာ္ျငား စိတ္မရွည္လွသည့္ပိုင္က်ီမွာ လက္တစ္ခ်က္ေဝ့ရမ္းျပ၍ ထြက္သြားခိုင္းလိုက္ၿပီး တံခါးမႀကီးမွပင္မဝင္နိုင္ပဲ ျပတင္းေပါက္မွတဆင့္ ခုန္ဝင္လိုက္ေတာ့သည္။

ခန္းမထဲ ဟိုဟိုဒီဒီ ၾကည့္သြားေနရင္း ေထာင့္ခ်ိဳးအေရာက္တြင္ လူတစ္ေယာက္ႏွင့္ ဝင္တိုက္မိေလသည္။

ဝမ္က်ဴးက်ီ့မွာ မင္းသားငယ္ေလးအား ျမင္လိုက္ရ၍ အလြန္အံ့ဩသြားေလသည္။
မင္းသားေရွာင္ေလာ့?

ပိုင္က်ီသည္ ေတာင္းပန္ဖို႔ ဦးၫြတ္ရန္ အေနအထား၌ ရွိေနဆဲတြင္ သူဝင္တိုက္မိေသာသူမွာ ဝမ္က်ဴးက်ီ့မွန္းသိသည္ႏွင့္ သူ၏ရွက္႐ြံ႕မႈတို႔က အေငြ႕ပ်ံသြားပုံရသည္။ လ်င္ျမန္စြာပဲ လက္လွမ္းကာ ဝမ္က်ဴးက်ီ့အား တင္းက်ပ္ေနေအာင္ ဖက္ထားလိုက္သည္။

ေစ့စပ္တာသေဘာတူဖို႔ ခြင့္မျပဳဘူးေနာ္

ဘာျဖစ္တယ္?

ပိုင္က်ီ့အသံေလးတြင္ မေက်နပ္ခ်က္အနည္းငယ္ေအာင္းေနပုံရသည္။
ခင္ဗ်ားက က်ေနာ့္အပိုင္ပါဆို

မင္းသားငယ္ေလးသည္ သူ၏ပိုင္နက္အား က်ဴးေက်ာ္ခံရေသာ သားရဲငယ္ေလး
ကဲ့သို႔ပင္ ဝမ္က်ဴးက်ီ့အား လာေရာက္ခိုးယူၾကျခင္းမွ ကာကြယ္နိုင္မည္အထင္ႏွင့္ ကေလးဆန္ဆန္ တြယ္ကပ္ေနေတာ့သည္။ ဝမ္က်ဴးက်ီ့သည္ မင္းသားငယ္ေလး၏ ႐ုတ္တရက္ဆန္လွေသာ အျပဳအမူအတြက္
စေနာက္ခ်င္ေနခဲ့ေသာ္လည္း သူ႕ႏႈတ္မွစကားလုံးမ်ားမွာ တျခားလမ္းေၾကာင္းသို႔ အလိုအေလ်ာက္ေျပာင္းသြားပုံေပၚသည္။
က်ေနာ္က မင္းသမီးကို ဇနီးအေနနဲ႕လက္ခံဖို႔ အရည္အခ်င္းမျပည့္မွီပါဘူးဗ်ာ

ဒါေပမယ့္ ဒီမင္းသားကို ဇနီးအေနနဲ႕လက္ခံဖို႔ေတာ့ အရည္အခ်င္းျပည့္မွီတယ္ေလ

ပိုင္က်ီ ခ်က္ခ်င္းပဲ ထပ္ေပါင္းေျပာလိုက္ေသးသည္။
ဒါမွမဟုတ္ ခင္ပြန္းအေနနဲ႕ေပါ့။ ဘာျဖစ္ျဖစ္ပါေလ ခင္ဗ်ားေပ်ာ္ရင္ၿပီးေရာ

ဝမ္က်ဴးက်ီ: ...

ပိုင္က်ီ အနည္းငယ္စိုးထိတ္လာေသာေၾကာင့္ ဖက္ထားသည့္သူ႕လက္မ်ား ေျပေလ်ာ့လာခဲ့သည္။ သူဆက္ၿပီးစကားေျပာေတာ့မည့္ဆဲဆဲတြင္ ဝမ္က်ဴးက်ီ့မွေမးလာခဲ့သည္။
အရွင္သား ဒီလိုေလွ်ာက္သြားေနတာ ဒဏ္ရာေတြက သက္သာသြားၿပီမို႔လို႔လား?

က်ေနာ္... ပိုင္က်ီ စဥ္းစားၾကည့္ၿပီးေနာက္ ပထမဆုံးအႀကိမ္ စကားလွည့္ကြက္ေလးသုံးရန္ ဆုံးျဖတ္လိုက္ေလသည္။
ခင္ဗ်ားလက္ခံတယ္ဆို က်ေနာ့္ဒဏ္ရာေတြက သက္သာသြားမွာ။ ခင္ဗ်ား လက္မခံဘူးဆိုရင္ေတာ့...

ဘယ္ေတာ့မွမသက္သာေတာ့ဘူးတဲ့လား?
ကေလးဆန္ဆန္ ၿခိမ္းေျခာက္မႈေလးေၾကာင့္ ဝမ္က်ဴးက်ီ့မွာ မေနနိုင္စြာပဲ ရယ္ေမာမိေလသည္။ မင္းသားငယ္ေလးအား အိပ္ခန္းက်ယ္ႀကီးဆီ ဆြဲေခၚသြားရင္းေျပာလိုက္သည္။
ဟုတ္ပါၿပီ က်ေနာ့္ရဲ႕ဘိုးေဘးေလးရယ္ ေကာင္းေကာင္းအနားယူပါဦး ဟုတ္ၿပီလား?

ပိုင္က်ီမွာ အိပ္ယာေပၚထိုင္ၿပီးသည္အထိ ဝမ္က်ဴးက်ီ့အားဆြဲထားရင္း လႊတ္ေပးရန္ျငင္းဆန္ေနခဲ့သည္။
က်ေနာ္ေစာနကေျပာလိုက္တာ မွတ္မိရဲ႕လားလို႔?

"အမ္? ေစာနကဘာေျပာလိုက္လို႔လဲ?
ဝမ္က်ဴးက်ီ့ မင္းသားေလးအား က်ီစယ္လိုက္သည္။

အဲဒါက... ပိုင္က်ီ သူ႕ႏႈတ္ခမ္းအားကိုက္ရင္း အႀကိမ္အနည္းငယ္စဥ္းစားၿပီးေနာက္ ႐ုတ္တရက္မတ္တတ္ရပ္လိုက္သည္။ ဝမ္က်ဴးက်ီ့ အာ႐ုံစိုက္မေနသည္ကို အခြင့္ေကာင္းယူကာ ဝမ္က်းက်ီ ပါးေပၚကိုခပ္ၾကမ္းၾကမ္း ဖိကာနမ္းပစ္လိုက္ေတာ့သည္။

အဲဒါကိုေျပာတာ။အခု သေဘာေပါက္ၿပီလား?

_________________________________

အခုဒီအပိုင္းကေနေနာက္ပိုင္းေတြကို အမNomiနဲ႕ကိုယ္ကအတူတူျပန္ျဖစ္မွာပါ။ကိုယ္ကမအားေပမယ့္ ဒါေလးကိုပစ္မထားခ်င္လို႔ အဲ့အမနဲ႕အတူျပန္ျဖစ္တာပါ။

အစ္မ Nomi acc- NomiHarley

___________________________________

Continue Reading

You'll Also Like

2.8M 259K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
441K 62.2K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
5.6M 467K 73
မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ...
4.6M 309K 48
Boy×Boy(Own Characters) Romance,Drama and other age limited feelings.