NotWithStanding...(မည်သို့ပင်...

Suu_KaNyar द्वारा

580K 30.7K 1.5K

ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 ... अधिक

မိတ်ဆက်စာ 👨‍🏫
Khoon🖤 & Tain Tyke 💛
Intro & Request
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54 🔞
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60 🔞
Episode - 61
Episode - 62
Episode - 63 🔞
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69
Episode - 70
Episode - 71 ( Ending)
ကျေးဇူးတင်လွှာ 💛💛
Extra - 2
Extra - 3 (End)
Extra - 4 (V day Special )
Extra ( 5)
Book Announcement 🌈☁️
Extra - 1

Episode - 33

5K 326 12
Suu_KaNyar द्वारा


ပြတင်းပေါက်အပြင်ဘက်တွင် လင်းထင်းနေတာမျိူး မဟုတ်ပဲ အမှောင်ရိပ်တွေက စတင်တော့မယ့်နေ့တစ်နေ့ကို စိုးမိုးထားတုန်း။ သည်အခန်းကျဥ်းလေးထဲက လေထုကိုပဲ ရှူရှိုက်ရင်း မနက်တိုင်း နိုးထနေကြ။ ဒါပေမယ့် ခါတိုင်း တစ်ယောက်တည်း ရှိနေကျ ကုတင်ပေါ်မှာ တစ်ယောက်တည်းမဟုတ်မှန်း သတိထားမိသလို နှာခေါင်းဝမှာလည်း ရင်းနှီးနေတဲ့ ကိုယ်သင်းရနံ့တစ်ခု။

ခေါင်းအောက်က မာကြောနေသော အသားစိုင်တစ်ခုရဲ့ အထိအတွေ့နှင့် ခါးထက်က ဖိထားသောတစ်စုံတစ်ရာရဲ့ အသိက တိမ်တိုက်ကို မျက်လုံးပွင့်စေသည်။

တစ်ညလုံး အနားယူထားသော မျက်ခွံလေးတွေက ဖွင့်ရမည့်အချိန်ရောက်တော့လည်း ပေကပ်ကပ်နှင့် မနည်းဖွင့်ရသည်။

မျက်လုံးဖွင့်ဖွင့်ခြင်း မြင်လိုက်ရတဲ့ အညိုရောင် ရင်အုပ်ကြောင့် တိမ်တိုက် ဦးနှောက်ကို အတင်း အလုပ်ပေးရတော့သည်။ မနေ့ညက မှတ်ဉာဏ်တွေကိုပြန်ခေါ်ကြည့်တော့ သူက အိမ်ရှေ့ခန်းက ဆိုဖာပေါ်မှာ အိပ်နေခဲ့တာဖြစ်သည်။
ဒါပေမယ့် ဘယ်လိုလုပ်......

ခါးပေါ်က လက်ကို အသာဖယ်နေတုန်း...

'' ပြန်အိပ်ဦး စောသေးတယ် ''

ခွန်း၏ အိပ်ချင်မူးတူးအသံထွက်ပေါ်လာပြီး ခါးထက်က. ခွန်းရဲ့ လက်ကလည်း
ပိုမိုတင်းကျပ်သွားပြီး တိမ်တိုက်ကိုယ်လေးကို အားနဲ့ အသာအယာ သူ့ဘက်ဆွဲယူကာ ပြန်အိပ်စေသည်။

တိမ်တိုက်လည်း နွေးထွေးသွားသော ခန္ဓာကိုယ် နှင့်အတူ နောက်တစ်ကြိမ် ခွန်းရင်ခွင်ထဲ ပြန် အိပ်ပျော်သွားပြန်သည်။

ဒုတိယအကြိမ်ပြန်နိုးလာတော့ အေးစက်စက် ကုတင်ပေါ်မှာ တိမ်တိုက်တစ်ယောက်တည်းသာရှိတော့သည်။ အခန်းထဲ
ဝေ့ဝိုက်ကြည့်ကာ ခွန်းကိုရှာသော်လည်းမတွေ့။

အရင်က သားအမိနှစ်ယောက် ထဲမို့ အိမ်က တိတ်ဆိတ်လှသော်လည်း ဒီနေ့တော့ အပြင်မှာ ရီမောသံတွေ ရောစွက်နေသော စကားပြောသံများကို တစ်စွန်းတစ ကြားနေရသည်။ ဒေါ်ယုယမြိုင်နှင့်ခွန်းကို တိမ်တိုက် သိပ်ကျေနပ်သည်မဟုတ်။ မနေ့ညက ကိစ္စမှာလည်း အမေတွေ သားတွေလုပ်ကာ နှစ်ယောက်တည်းအဆင်ပြေနေကြပြီး သူ့ကိုပစ်ထားသည်။ အခုလည်း သူ့ကိုကျမနှိုးပဲ အပြင်မှာနှစ်ယောက်တည်း ပျော်ရွှင်နေကြပြန်သည်။

တိမ်တိုက် အိပ်ရာမသိမ်းပဲ မျက်နှာဝင်သစ်ကာ သူမကျေနပ်
သည်ကို ဖော်ပြဖို့ရာ မျက်နှာကိုအတင်းစူပုပ်ကာ အိမ်ရှေ့ထွက်ခဲ့တော့သည်။ နောက် ဧည့်ခန်းမှာ မတွေ့တာနဲ့ ထမင်းစားခန်းထဲသို့ ဝင်ခဲ့သည်။

ခွန်းနှင့် ဒေါ်ယုယမြိုင်တို့ စားပွဲတစ်ဖက်တစ်ချက်စီတွင်ထိုင်ကာ စကားပြောရင်း ရယ်မောနေကြသည်။ သူနဲ့တွေ့ရင်တောင် သိပ်မရယ်သော ခွန်းက ဒေါ်ယုယမြိုင်နှင့် ကျ ခွန်းမာနမောင်ဟု ပြောရခက်လောက်အောင် အားရပါးရ ရယ်မောနေတော့သည်။

'' ဪ သားနိုးပြီးလား... လာ ခွန်း က သားအတွက် ထမင်းကြော်ပေးထားတယ် ''

ညတွင်းချင်းကို နာမည်တွေတောင် အဖျားစွတ်ခေါ်နေသော ဒေါ်ယုယမြိုင်ကို တိမ်တိုက် မကြည်တော့ ။ အမေကျော်ဒွေးတော်လွမ်းတာမျိူး ဖြစ်နေပြီ ဖြစ်သည်။

အခုကတော့ သားကျော် သားမက်လွမ်းတာမျိူးပေါ့နော်။

စားပွဲထိပ်မှာ စူပုပ်ပုပ်မျက်နှာနှင့်ဝင်ထိုင်လိုက်တော့ ခွန်းက ထမင်းကြော် သွားထည့်ပေးကာ မေမေက နွားနို့တစ်ခွက် ချပေးသည်။ နှစ်ယောက် လုံးကတော့ စားပြီးသွားတဲ့ပုံပင်။ မေမေက ကော်ဖီသောက်နေပြီး ခွန်းကတော့ ဒီတိုင်း ထိုင်နေသည်။

ခွန်းကြော်ထားမှန်းသိသာအောင် ထမင်းကြော်ထဲမှာ အဝါရောင်ပြောင်းဖူးစေ့လေးတွေကိုတွေ့ရသည်။ ဘယ်လိုပင်စိတ်ကောက်နေပါသော်လည်း ကြော်ပေးထားသော ထမင်းကြော်က စားကောင်းတာကြောင့် မူမနေတော့ပဲ တစ်လုတ်ပြီးတစ်လုတ် ဆက််တိုက် စားမိသည်။

'' ကောင်းလား ''

မြိန်ရေယှက်ရေစားနေပုံကို ခွန်းက သတိထားမိကာ မေးလာသည်။

ထိုအခါတိမ်တိုက်ကတော့ ယောကျာ်းဆန်ဆန် နှုတ်ခမ်းလေးစူကာ မျက်စောင်းလေးပါအစစ်ထိုးပေးလိုက်သေးသည်။ ထမင်းကြော်စားကောင်းတာနှင့် လူကိုစိတ်ကောက်တာဟာ တခြားစီမို့ တကူးတက ကြော်ပေးထားတာတောင် အားမနာတော့ပါ။

'' ကဲ ကဲ စားပြီးရင် အလုပ်သွားဖို့လုပ်တော့ ...ခွန်းရောပဲနော် ကျောင်းသွားဖို့လုပ်တော့ မေမေ ဘုရားဝတ်ပြုလိုက်ဦးမယ် ''

'' ဟုတ် မေ ''

ခွန်းက ခေါင်းလေးငြိမ့်ကာ ဖြေလိုက်သော်လည်း တိမ်တိုက်ကတော့ ဘာမှမပြောပဲ မျက်နှာကြီးစူပုတ်ကာ ထမင်းကြော်ကို စားနေသည်။

ခွန်းကတော့ တိမ်တိုက်ကိုကြည့်ကာ တပြုံးပြုံးပင်။ ကြည့်နေရင်း ထမင်း ကြော်ပန်းကန်လေးဟာ ပြောင်သလင်းခါသွားတော့သည်။ ပြီးတော့ ဘေးမှာချထားတဲ့ နွားနို့ခွက်ကိုယူကာ တစ်ကျိူက်တည်း မော့လိုက်ပြီး နှုတ်ခမ်းထောင့််က နွားနို့တွေကို အင်္ကျီ လက်ဖြင့် အလွယ်တကူပင် သုတ်ချလိုက်သည်။ တစ်သျူးကမ်းပေးနေသော ခွန်းလက်ကိုတောင် မမြင်လိုက်ပေ။

'' တမေမေ နဲ့ သူများ အမေကို... ဟွန့်... ''

တစ်ယောက်တည်း တိုးတိုးလေး ပွစိပွစိ လုပ်ကာ နေရာက ထလိုက်သည်။ လှည့်ထွက်မည်အလုပ်...

'' ဟိတ် ''

အနောက်က ခွန်းက ရုတ်တရက် လှမ်းခေါ်လိုက်သည်မို့ ယောင်ရမ်းကာ ကမန်းကတန်း လှည့်ကြည့်လိုက်တော့ ခွန်းက သူ့ရှေ့တည့်တည့်မှာ ရှိသည့် အေးစက်ခါနီး ကော်ဖီခွက်ကို မျက်စပစ်ပြသည်။

'' မသောက်ချင် မသောက်နဲ့ပေါ့ ကြီးကြီးကျယ်ကျယ် နဲ့ နေရာတကာ လိုက်သောက်ပေးနေရမှာလား သောက်လူကြီး ''. .

တိမ်တိုက် ဦးနှောက်ထဲ အတွေးရိုင်းတို့ မြည်ဟီးနေသော်လည်း နှုတ်က တစ်လုံးမှထွက် မလာခဲ့ပေ။ အမြင်ကပ် ပုဒ်မနှင့် အကျင့်ယုတ်ပြီး မသောက်ပေးပဲ နေလိုက်မည်ဟု ညစ်ကျယ်ကျယ်တွေးလိုက်သည်။

သူမသောက်မချင်း ခွန်းက အဲ့ကော်ဖီကို တစ်စက်တောင်
ထိလိမ့်မည်မဟုတ် ။ ဒါကိုသိသိရက်ဖြင့် ညစ်ကာ ခွန်းကို နှာခေါင်းတစ်ချက်ရှုံ့ ပြပြီး ထွက်လာခဲ့သည်။ ထို့နောက် ထမင်းစားဝိုင်းမှာ ခွန်းတစ်ယောက်သာ ကျန်တော့သည်။

တိမ်တိုက် အခန်းထဲ ဝင်ခါနီးတွင် ခြေလှမ်းတို့ရပ်သွားပြီး အနောက်ကိုပြန်လှည့်ကာ ထမင်းစားခန်းထဲ ပြန်ဝင်လာပြီး ခွန်းရှေ့က ကော်ဖီကို ဇွက်ကနဲယူကာ တစ်ငုံ မဟုတ်ပဲ တစ်ဝက်လောက် သောက်ပေးပြီး ပြန်ချပေးခဲ့လိုက်သည်။ သွားခါနီး လျှာရဲရဲလေး ထုတ်ပြကာ ခွန်းကို ပြောင်ခဲ့သေးသည်။

အခန်းထဲ ပြန်ဝင်လာပြီး အလုပ်သွားဖို့ ရေဝင်ချိူးလိုက်သည်။ မိနစ်အတော်ကြာ ချိူးပြီးပြန်ထွက်လာတော့ ဖရိုဖရဲ ဖြစ်နေသော အိပ်ရာမှာ သပ်သပ်ရပ်ရပ် ခေါက်သိမ်းထားပြီးဖြစ်ကာ ထိုအိပ်ရာပေါ်တွင် အလုပ်ယူနီဖောင်းနှင့် စတိုင်ပန်အနက်တစ်ထည်ကို ခါးပတ်နဲ့တွဲချထားသည်။ ထို့ပြင် အပေါ်က ထပ်ဝတ်နေကြ ဖလန်နယ် ကို အစိမ်းရောင် အကွက်လေးထုတ်ပြီး တင်ထားပေးသည်။

ခွန်းကတော့ ကော်ဖီခွက်နဲ့ ပြတင်းပေါက်နားတွင် ရပ်နေသည်။

'' ပြီးပြီ ချိူးလို့ရပြီ ''

တိမ်တိုက် အနောက်က နေပြောတော့ ခွန်းကလှည့်ကြည့်လာပြီး ကော်ဖီခွက်ကို ဘေးကခုံပေါ်တင်ကာ ရေချိူးခန်းထဲ တန်းဝင်သွားသည်။

တိမ်တိုက် အဝတ်တွေလဲပြီးတော့ လွယ်အိတ်ထဲ ပစ္စည်း ပစ္စယ တွေ ထည့်နေတုန်း ခွန်းပြန်ထွက်လာသည်။ တိမ်တိုက်၏ bathrobe တွေနှင့်မတော်သော ခွန်းမှာ အောက်က ရေလဲပုဆိုးတစ်ထည်သာရှိပြီး အပေါ်ပိုင်း ဗလာနဲ့ဖြစ်သည်။ ထုံးစံအတိုင်း အညိုရောင် အဖုအထစ်တွေပေါ်က ရေသီးလေးတွေကို တိမ်တိုက်ငေးမိပြန်သည်။ ခွန်း ချောင်းတစ်ချက်ဟန့်လိုက်ချိန်တွင် သတိပြန်ဝင်လာပြီး လုပ်လက်စကိုဆက်လုပ်နေလိုက်သည်။

ခွန်းကလည်း ကျောင်းသွားရမည်မို့ အဖြူအစိမ်းကို သူ့အိတ်ထဲမှထုတ်ကာ လဲနေသည်။

ထို့နောက် တိမ်တိုက် လွယ်အိတ်ထဲ ကြည့်နေရင်း မျက်စိရှေ့တွင် အညိုရောင်လက်တစ်ဖက် ဖြန့်လျက်သားဝင်လာသည်။ လက်ဖဝါးပေါ်တွင် Yangon University of Education စာသားပါသည့် ရွှေရောင်ရင်ထိုးလေးတစ်ခုရှိသည်။
ဘာလဲဟု မော့ကြည့်တော့

'' မောင့်ကို ဒါလေးတပ်ပေး ''

တိမ်တိုက်လည်း လွယ်အိတ်ကိုဘေးချကာ မတ်တပ်ရပ်လိုက်ပြီး ရင်ထိုးကိုတပ်ပေးဖို့ အင်္ကျီ ကိုသေချာကြည့်လိုက်တော့ လည်ကတုံးအဖြူကို ကျကျနနဝတ်ထားသော်လည်း အပေါ်ကြယ်သီး ကို ၃လုံးတောင်ဖြုတ်ထားသည်။

'' ဘယ်သူ့ကိုပြမလို့ ဒီလောက်တောင် ဖြုတ်ထားတာလဲ ''

မနေနိုင်စွာ စိတ်ဆိုးနေသောလေသံဖြင့်တိမ်တိုက်မေးတော့သည်။

'' မင်းကို ပြမလို့လေ..... ''

'' ဘာ ဗျ...''

တိမ်တိုက် မျက်မှောင်ကြီးကြုံ့ကာ ထအော်တော့မှ

'' ဟော ဟော စတာပါကွာ မင်း တပ်ပေးလို့ရအောင် တမင်တကာ ဖြုတ်ထားတာ ''

'' တပ်ပေးချင်တယ် ပြောမိလား ''

ပါးစပ်ကသာပြောနေတာပင် လက်က ကြယ်သီးတစ်လုံးတောင်တပ်ပြီးလို့ ခြေဖျားထောက်ကာ နောက်တစ်လုံး တပ်ဖို့ဟန်ပြင်နေပြီဖြစ်သည်။

'' ကဲပါ တပ်ပေးလိုက်တော့ မောင့်ကိုချစ်ရင်ပေါ့ ''

တမင်သက်သက် ခွန်းပြောလိုက်တာ​ဖြစ်သည်။ ဘာလို့ဆို ကြယ်သီး အကုန်တပ်ပြီးသွားတာကြောင့်​ပင်။

'' ပေး ပေး မချစ်ဘူး ပြန်ဖြုတ်မယ် ''

ခြေဖျားထောက်ကာ အပေါ်ကြယ်သီး ဆီလှမ်းလာသော တိမ်တိုက်လက်ကို ခွန်း ရုတ်တရက်ဖမ်းဆွဲလိုက်တာကြောင့် ခြေဖျားထောက်ထား၍ ယိုင်ချင်ချင်ဖြစ်နေသော တိမ်တိုက်ကိုယ်လေးက ခွန်းဘက် တည့်တည့်မတ်မတ်ကို ယိုင်သွားတော့သည်။ ခွန်းကလည်း အလိုက်တသိလေးပင် တိမ်တိုက် ခါးလေးကိုဆွဲပွေ့ကာ ဖမ်းထားလိုက်သည်။

ရင်ဘတ်ပေါ်သွားရိုက်မိသော တိမ်တိုက်မျက်နှာလေးကတော့ နာလို့မဟုတ်ပဲ ရှက်စိတ်ကြောင့် နီရဲနေတော့သည်။ ခွန်းကတော့ အပေါ်ကနေ သဘောကျကာ အကြီးကြီး ပြုံးနေတော့သည်။
ရန်လိုနေတဲ့ အကောင်ပေါက်က ဘာလို့ဒီလောက်ချစ်စရာကောင်းနေရတာလဲ။

'' ဖယ်တော့ အလုပ်နောက်ကျတော့မယ် ''

ရင်ခွင်ထဲက အတင်းရုန်းကာ ထွက်သွား၏။

'' ဟိတ် ဟိတ် ဒီမှာ မပြီးသေးဘူးလေ ''

လက်ထဲက ရွှေရောင်ရင်ထိုးလေးကိုရမ်းပြတော့ ချစ်သော တိမ်တိုက်လေးက ပြန်လှည့်လာပြီး သေချာတပ်ပေးသည်။

ရွှတ်..

မျက်စိအောက်တွင် တလှုပ်လှုပ်နဲ့ အသည်းယားဖွယ် အုန်းမုက်ခွက်လေးအား ခွန်း တစ်ချက် ကုန်းနမ်းလိုက်သေးသည်။

ရုတ်တရက်မို့ မော့ကြည့်လာသော တိမ်တိုက်၏ ပကတိဖြူစင်လှသော မျက်နှာလေးမှာ ထပ်ပြီး အသည်းယားစရာကောင်းအောင် ချစ်ဖို့ကောင်းနေပြန်သည်မို့။

ရွှတ်..

မရဲတရဲ ဖြစ်နေသော ပါးဖောင်းလေးအား ခွန်းခေါင်းလေးစောင်းကာ ပါးကြီးနစ်ဝင်သည်အထိ နမ်းရှုတ်လိုက်ပြန်သည်။ ထိုအခါမှာတော့ အားနဲ့နမ်းလိုက်တာကြောင့် ထိုပါးနေရာလေးမှာ ရဲပြီးကျန်ခဲ့သည်။

စိတ်ကောက်နေသည့် အရှိန်နှင့် ဇွတ်အသားယူနေသောကြောင့် တိမ်တိုက် စိတ်ထဲ ထောင်းခနဲဖြစ်ကာ..

'' ခင်ဗျား နော် ''

'' ဘာ. ဘယ်လို ဘယ်လို ခင်ဗျား...ဟုတ်လား ''

တစ်ခါမှ သည်လို သူစိမ်းဆန်ဆန် မခေါ်ဖူးတာကြောင့် ခွန်း စိတ်ဆတ်သွားကာ အသံဟာ ချက်ချင်း တည်သွားပြီး အလိုမကျမှု၏ မျက်ခုံးတန်းတို့ အလယ်တွင်စုကြုံကုန်သည်။ ထို့ပြင် မျက်နှာပေါ်က အပြုံးရိပ်တို့ဟာလည်း ချက်ချင်းဆိုသလို ကွယ်ပျောက်ကုန်သည်။

ခွန်းပြောင်းလဲသွားသည်ကို သိသော်လည်း တိမ်တိုက် မသိချင်ယောင်ဆောင်ကာ ပေစောင်းစောင်းကြည့်ပေးလိုက်သည်။

ခပ်ပေပေ မျက်ဝန်းတစ်စုံနှင့် စူးရှ ရဲထက်နေသော မျက်ဝန်းတစ်စုံတို့ အားပြိုင်နေကြသည်။ ထိုစဥ် ခွန်း၏ မာကျောခက်ထန်နေသာမျက်နှာ မှာ တဖြည်းဖြည်း ပြေလျော့ကာ ပြုံးရိပ်သန်းလာသည်။ သို့သော် သာမန်အပြုံးမဟုတ်ပဲ သားကောင်ကို ရှာတွေ့သွားသော မုဆိုး တစ်ယောက်၏ အပြုံးမျိူးဖြစ်သည်။
တိမ်တိုက်တစ်ဖြည်းဖြည်း လန့်ကာ အနောက်ကို တဖြည်းဖြည်း ဆုတ်သွားသည်။

ခွန်းကလည်း ပြုံးလျက်ပင် တစ်လှမ်းချင်း ရှေ့ကိုတိုးလာသည်။

ဘုတ်!

အနောက်ကုတင်ပေါ် တိမ်တိုက်ဘုတ်ခနဲကျသွားသည်။ သို့သော် ခွန်းက ရှေ့ကိုတိုးလာမြဲဖြစ်ကာ ခန္ဓာ ကိုယ်ပါ တိမ်တိုက် အပေါ် ကိုင်းကျလာသည်။ တိမ်တိုက်မှာတော့ အနောက်ကို လက်ပြန်ထောက်ထားကာ ခွန်းကို ရှောင်ရသည်။

'' ဟင်းးဟင်းး ''

တကယ့်ကို လူယုတ်မာအသံကြီးနှင့် ခွန်း အံကြိတ်ကာ တစ်ချက်ရီရင်း ကုတင်ပေါ် လက်ထောက်ချလိုက်သည်။ အခုဆိုလျှင် တိမ်တိုက် ကိုယ်သေးသေးလေးက ခွန်း၏ ကြီးမားလှသော ကိုယ်ရဲ့ အုပ်မိုးခြင်းကို အပြည့်အဝ ခံနေရသည်။

'' ဘာ..ဘာ..လုပ်မလို့လဲ ''

'' သိပ်ဆိုးနေတဲ့ ဒီကလေးကို မှအပြစ်မပေးရင် ဘယ်ကလေးကိုအပြစ်သွားပေးရမလဲ ဟင်းဟင်းး ''

'' ခင်..ခင်..ခင်ဗျား...ဘာလုပ်....အွန့်... ''

'' ပြွတ်စ်...အု...အွန့်...''

ခွန်း၏ ကြမ်းတမ်းသော အနမ်းတို့က တိမ်တိုက်၏ နှုတ်ခမ်းနုနုပေါ် တရစပ် တိုက်ခိုက်လာတော့သည်။ နှုတ်ခမ်းတစ်စုံလုံးကို အားပြင်းစွာ စုပ်ယူနေမှုကြောင့် ပန်းရောင် နှုတ်ခမ်းသားတို့က နီရဲတွတ်လာသည်။ တိမ်တိုက်၏ လက်တို့က ခွန်းရင်ဘတ်ကို တွန်းကန်လေ ခွန်းနှုတ်ခမ်းတို့က ပိုမိုအားပြင်းလာလေဖြစ်သည်။

နူးညံ့ညင်သာခြင်း တစိုးတစိမှ မရှိပဲ တိမ်တိုက် နှုတ်ခမ်းတို့အား သတိလက်လွတ် စုပ်ယူစားသုံးနေမိသည်။ မောဟိုက်မှုကြောင့်လား ရင်ခုန်မှုကြောင့်လား မကွဲပြားပဲ ရင်ဘတ်အစုံ ဟာ နှိမ့်ချည်မြင့်ချည် ရှိလှသည်။

'' မောင်...အွန့်...မောင်....လွှတ်..အာ့.... ''

အသက်ရှူခွင့်အနည်းငယ်ရချိန်တွင် အသက်မရှူပဲ စကားပြောရန် ကြိုးစားချိန်တွင် ခွန်း၏ နှုတ်ခမ်းသားတို့က တိမ်တိုက် နှုတ်ခမ်းတွေပေါ် ထပ်မံဖိကပ် ပွတ်ဆွဲကာ လျှပ်တပြက် မြင့်တက်လာသော စိတ်ခံစားမှုအရ တိမ်တိုက် အောက်နှုတ်ခမ်းကို ကိုက်မိကာ သွေးစလေးများထွက်လာသည်။

သွေး၏ ငန်ကျိကျိ အရသာ ကိုရသော်လည်း ခွန်းမှာ ရပ်တန့်သွားခြင်း မရှိပဲ အငြိုးကြီးစွာ နမ်းရှိုက်နေတော့သည်။

နောက် တိမ်တိုက် လုံးဝ အသက်ရှူကြပ်လာကာ ခွန်းလက်မောင်းတွေကို ထုတော့မှ နှုတ်ခမ်းကို အလွတ်ပေးတော့သည်။ ထိုအခါမှ တိမ်တိုက်လည်း ဘာစကားမှမပြောနိုင်ပဲ အသက်ကို ဝအောင် အရင်ရှူသွင်းနေသည်။ ထိုစဥ်

'' အာ့ မောင်...မ..မလုပ်နဲ့... ဟာ့.... အရာတွေထင်ကုန်မယ်..အား ''

သည်တခါ ခွန်း နှုတ်ခမ်းတွေက တိမ်တိုက်၏ ဖြူဖွေးနေသော လည်ပင်းထက်မှာ။ တစ်နေရာတည်းပဲ ဆွဲယူစုပ်နေမှုကြောင့် မိနစ်ပိုင်းအတွင်းထိုနေရာမှ နာလာတော့သည်။

'' ဟင့်...မောင်...နာနေပြီ ''

တိမ်တိုက် ရှိုက်သံလေးထွက်လာမှ ခွန်း လွှတ်ပေးလိုက်သည်။ အုပ်မိုးထားမိသော အောက်က တိမ်တိုက်လေးကိုကြည့်တော့ မျက်ရည်လေးတွေဝဲကာ ဖြူဖျော့နေသည်။

သူသောင်းကျန်းလိုက်သော နှုတ်ခမ်း တစ်စုံမှာ နီရဲဖူးယောင်ကာ အောက်နှုတ်ခမ်းစပ်တွင် ပေါက်ကာ သွေးစလေးတွေ ထွက်နေသည်။ ထို့ပြင် လည်ပင်းဖြူဖြူထက်၌လည်း မည်မျှ အားပါကာ ကြမ်းမိကြောင်း အနီရောင်ဖြစ်ရမည့်အစားအညိုရောင်အကွက် တစ်ကွက်က သက်သေပြုနေသည်။

'' တိမ်တိုက်ကြိုး.. မောင့်ကိုကြည့်စမ်း.... ခွန်းမာနမောင် ဆိုတဲ့ ဒီကကောင်ကို မောင် ဆိုတာကလွဲရင် ကျန်တာ ခေါ်ခွင့် မင်းမှာမရှိဘူး။ ဘယ်လိုအခြေအနေမျိူးပဲရောက်ရောက် မင်း မောင့်ကို မောင်လို့ပဲခေါ်ရမယ်။ နောက်ဆုံး မင်း မိန်းမယူသွားရင်တောင် မင်း.... မောင့်ကို  မောင်လို့ပဲ ခေါ် ရမယ် နားလည်လား။ ''

ခွန်း ဒေါသထွက်နေသေးကြောင်း ခွန်းစကားသံတွေက အသိအမှတ်ပြုနေသည်။
ပြာကျမတတ် မျက်လုံးအကြည့်စူးစူးတွေနှင့် ထွက်ကျလာသော မောင့် ဩဇာ အာဏာများက တိမ်တိုက်ကို ရိုကျိူးစွာနာခံတတ်ဖို့ တခါတည်း သင်ပေးနေသည်။

ခွန်း ဒေါသထွက်သည့်ပုံစံကို ပထမဆုံးမြင်လိုက်ရသည်မို့ တိမ်တိုက် ခွန်းအောက်မှာ တုတ်တုတ်မျှ မလှုပ်ရဲပေ။ နီရဲနေသော ခွန်းမျက်လုံးတွေကြောင့်လည်း ကြက်သီးတို့က တဖြန်းဖြန်း။ ပွင့်အန်လာသော ဒေါသအမိန့်သံများကြောင့် တိမ်တိုက် တကယ် ခွန်းကို လန့်နေသည်။ အမြဲ သူ့အပေါ်ဆို နူးညံ့တတ်သူ၏ တခြားတစ်ဖက်ကို မြင်လိုက်ရ၍ တိမ်တိုက် တုန်လှုပ်နေသည်။

'' မောင်...ဟင့်...''

စိတ်တို၍ ရဲနေသော ခွန်းမျက်နှာလေးကို အသာထိကာ ခေါ်ကြည့်တော့မှ ။
ခွန်းအကြည့်တို့ ပြောင်းလဲသွားသည်။

စောနက ခက်ထန်နေသော ခွန်းမျက်ဝန်းတွင် နူးညံ့ခြင်းများပြန်ဝင်လာသည်။ တင်းထားသည့် မေးရိုးတို့ကိုပြေလျော့ကာ ခွန်းမျက်နှာတွင် ကြင်နာခြင်းများပြန်ရောက်လာသည်။

ထိုအခါမှ တိမ်တိုက် ကိုယ်ပေါ်မှ အမြန်ဖယ်သွားပြီး တိမ်တိုက်ကို ဆွဲထူပေးကာ ကုတင်အောက် ဒူးထောက်ထိုင်ချလိုက်သည်။ တိမ်တိုက်၏ မျက်နှာအား လက်နှစ်ဖက်ဖြင့် ဖွဖွလေး အုပ်ကိုင်ကာ သူ လွန်မိသော ဧရိယာတွေအပေါ် ဖွဖွလေး လိုက်တို့ ကြည့်နေမိသည်။

'' မောင် တောင်းပန်ပါတယ်...အရမ်းလန့်သွားလားဟင် ''

( မေးတတ်ပဟယ် တိမ်တိုက်မပြောနဲ့ ရေးနေတဲ့ငါ​တောင်လန့်တယ်)

'' ..... ''

'' အရမ်းနာနေလားဟင် မောင်ဘာလုပ်ပေးရမလဲ ''

ခွန်းမျက်ရည်တွေဝဲကာ တိမ်တိုက်ကို ကြည့်ရင်း တယုတယ မေးသည်။

ဘာဖြစ်သွားသလဲ ဆိုတာ သူကိုယ်တိုင်လည်း မသိတော့ချေ။ တိမ်တိုက်ဆီမှ သူစိမ်းဆန်တဲ့ စကားလုံးဖြင့် ခပ်မာမာ သူ့ကိုခေါ်လိုက်တာကြောင့် စိတ်တွေထိန်းမရဖြစ်သွားတာပင်။

တိမ်တိုက် သူ့အတွက် သုံးသော နာမ်စားကို မောင် တစ်လုံးတည်းသာဖြစ်စေချင်သည်။ မိဘတွေရှေ့မို့သာ ကိုခွန်း ဟု မတတ်သာ၍ ခေါ်ခိုင်းရခြင်းဖြစ်သည်။ ဘယ်လိုနေနေ တိမ်တိုက်ဆီမှ မောင်ဆိုသော နာမ်စားကလွဲရင် ကျန်တာ မကြားချင်။

ကိုယ့်အဖြစ်ကို နောင်တရကာ ခေါင်း အောက်စိုက်ကျသွားသည်။ ဝဲနေသော မျက်ရည်တွေက မျက်ဝန်းအိမ်ထဲမှ တိမ်တိုက် ခြေဖမိုး နုနုပေါ်သို့ ပေါက်ခနဲသွားကျသည်။

'' အလုပ်နောက်ကျတော့မယ် မောင်... သွားရအောင် ....မေမေလည်းစောင့်နေလောက်ပြီ။ မောင်အင်္ကျီလဲလိုက်ဦး နော် ''

တိမ်တိုက်ပြောမှ ကိုယ့်အင်္ကျီကိုယ် ပြန်ငုံ့ကြည့်မိတော့ လည်ကတုံး အဖြူမှာ
တွန့်ကြေကုန်ပြီး ရင်ဘတ်တွင် ကြယ်သီးနှစ်လုံး မရှိတော့ပေ။ တိမ်တိုက် ဆွဲရမ်းထားတာကြောင့် ပြုတ်ထွက်ကုန်တာဖြစ်ပြီး ထွက်ကာစ တိမ်တိုက်၏ လက်သည်းငုတ်လေးတွေကြောင့် ခွန်းရင်ဘတ်တွင် သွေးစို့နေသော အစင်းရာများ။

ဒီလောက် တိမ်တိုက် လုပ်နေတာကို သတိမထားမိလောက်အောင် ဒေါသစိတ်မွှန်နေပုံများ..ဩချရလောက်သည်။

ခွန်း အင်္ကျီ အဖြူနောက်တစ်ထည်သွားလဲနေစဥ် တိမ်တိုက်လည်း ရွဲ့စောင်းနေသော အင်္ကျီ တို့ကို ပြန်တည့်လိုက်သည်။ နောက်ပြီး ခွန်းကိုကြည့်တော့ ကြယ်သီးတပ်နေသော ခွန်း လက်တွေက တုန်နေသည်။ ထို့ကြောင့် ကြယ်သီး ပေါက်ထဲ ကြယ်သီး က မဝင်ပဲ ချော်ချော်ထွက်နေသည်။

တိမ်တိုက် ခွန်းရှေ့သွားလိုက်ပြီး တုန်နေသောလက်တို့ကို ဖယ်စေကာ ကြယ်သီးတွေကို အပေါ်ထိတပ်ပေးလိုက်သည်။ နောက် ရင်ထိုးလေးကို ယူကာ ရင်ထိုးပါ လက်ငြိမ်ငြိမ်နှင့် တပ်ပေးလိုက်သေး သည်။ တပ်ပေးပြီးတော့...

'' အိုကေ ရပြီ။ ဒါဆို ကျွန်တော် စိတ်ပြန်ကောက်တော့မယ်နော် ''

ခွန်းက ဖက်မယ်လုပ်တော့ လက်ကာရင်း နောက်ဆုတ်ကာ..

'' လာမဖက်နဲ့လေ စိတ်ကောက်နေပါတယ်ဆို ဪ ''

'' ဟင် ဘာကိုကောက်တာလဲ စောစောက ကိစ္စလား အဲ့တာဆို မောင်တောင်းပန်.....''

'' မဟုတ်ဘူး ဘုရားသွားတဲ့ကိစ္စ ကျောက်တန်းဘုရားသွားမှာ။ မောင်သဘောမတူမချင်း ဆက်ကောက်မှာ ဒါပဲ ''

ပြောပြီး လွယ်အိတ်ဆွဲကာ အခန်းထဲက ထွက်သွားသည်။ ခွန်းလည်း ပုဆိုးပြင်ဝတ်ကာ အိတ်ယူပြီး လိုက်ထွက်လာသည်။

ဒေါ်ယုယမြိုင်က သားနှစ်ယောက်ကို ကားဂိတ်မှာချပေးခဲ့ပြီး ဆိုင်ကို တန်းသွားသည်။ ရုံးချိန်မို့ နေရာမရပဲ နှစ်ယောက် လုံး မတ်တပ်စီးရသည်။ တိမ်တိုက်လည်ပင်းက အမှတ်ကြီးကို
ပလာစတာဖြင့် ကပ်ထားသည်။ ထို့ပြင် ဖူးရောင်နေသော နှုတ်ခမ်းကြောင့် mask ပါတပ်ထားရသည်။

နေ့လည်လောက်ဆို အယောင်ကျလောက်မှာပါလေ....

တိမ်တိုက် ခွန်းကို တစ်လမ်းလုံးစကားမပြောသလို အနားလည်း အကပ်မခံပါ ။ သို့သော် မြန်မာနိုင်ငံ ရဲ့ YBS တွေက ထုံးစမ်းအတိုင်း ပြည့်ကျပ်နေတာမို့ ခွန်း ရင်ခွင်ထဲရောက်ရောက်သွားတတ်သည်။ တိုးဝှေ့နေသော လူတွေကြား ခွန်းရင်ခွင်ထဲနေရတာ မဆိုးတော့မဆိုးပေ။ လူတိုးတာသက်သာသည်။ အရှေ့မှာနေပြီး ခွန်းက ကာထားသဖြင့် အေးအေးဆေးဆေးပင်။ စိတ်ကောက်တာက ကောက်တာပင် လူသက်သာဖို့ကအရေးကြီးသည်လေ။

မှတ်တိုင်အတူဆင်းတော့ ခွန်းကို တစ်ချက်တောင်လှည့်မကြည့်ပဲ အလုပ်ကို လျှောက်သွားသည်။

ခွန်းလည်း မှားထားတာတွေများနေပြီမို့ ထပ်မဆူရဲတော့ပေ။ ဒါကို အခွင့်ကောင်းယူကာ ဆက်သောဖုန်းတွေကိုလည်း မကိုင်သလို ။ မက်ဆေ့ချ်တွေလည်း စာမပြန်တော့ချေ။ ညနေ ကျောင်းဆင်းတော့ တိမ်တိုက်တို့ အလုပ်ရှေ့ရှိ အပင်ရိပ်အောက်က အုတ်ခုံလေးမှာ သွားထိုင်စောင့်နေလိုက်သည်။ ရုံးဆင်းဖို့လိုသေးသည်မို့ စာအုပ်တစ်အုပ်ထုတ်ကာ ထိုင်ဖတ်နေလိုက်သည်။ စာထဲအာရုံရောက်နေတာမို့ ဘေးက ဖြတ်သွားတဲ့လူတွေကိုလည်း ဂရုမစိုက်မိပေ။

စာအုပ်တစ်ဝက်လောက်ကျိူးချိန်တွင် နာရီကြည့်လိုက်တော့ ရုံးဆင်ချိန်အတိပင်။ ရုံးပေါက်ဝတွင် လူတစ်ချိူ့ထွက်လာသော်လည်း သူ့တိမ်တိုက်ကို မတွေ့ ဘယ်ညာ မျက်စိကစားကြည့်တော့ မှ အကောင်ပေါက်က အလုပ်ဆင်းတာကို လာမပြောပဲ သူတစ်ယောက်ထဲ ပြန်နေသည်။ ရှေ့တောင် တော်တော်ရောက်နှင့်နေပြီ။

လူတစ်ယောက်လုံးထိုင်နေတာကို မတွေ့စရာအကြောင်းမရှိပေ။ ဒါသက်သက် တွေ့ရက်သားနှင့် မခေါ်တာဖြစ်သည်။ ခွန်းလည်း စာအုပ်ကိုအမြန်သိမ်းကာ အနောက်က အမြန်လိုက်ရတော့သည်။

'' ဟိတ် ချာတိတ် အတူပြန်မယ်လေ ''

'' မပြန်ပါဘူး ကိုယ့်ဘာသာပြန် ''

မနက်က ကြမ်းထားသော နှုတ်ခမ်းပါးလေးမှ ကပ်ကပ်လန်အောင် ပြန်ပြောနေတော့သည်။ အယောင်ကျသွားတော့ mask ချွတ်ထားပုံရကာ နှုတ်ခမ်းအောက်ကတော့ ပေါက်နေသည်ကိုတော့ ထင်ထင်ရှားရှားမြင်ရသည်။

'' စိတ်မကောက်ပါနဲ့တော့ကွာ မုန့်ဝယ်ကျွေးမယ်လေ ''

'' ဒီမှာ မောင် ကျွန်တော်က မုန့်ပေးပြီး ချော့ရမယ့်အသက်အရွယ်ကို ကျော်သွားပြီ ''

'' ဒါဆို မောင်ဘယ်လိုချော့ရမလဲ ''

'' ကျောက်တန်းဘုရားလိုက်ပို့လိုက်လေ ရှင်းရှင်းလေးဟာကို ''

'' မရလို့ပါကွာ တခြားဟာပြော ''

'' ဒါဆို မောင် သေချာနားထောင်...အခု ကျွန်တော် ဒီပလာစတာကို ခွာလိုက်မယ် ပြီးရင် မောင့်လက်ကိုတွဲပြီး အိမ်ထိလျှောက်မယ်။ ဘယ်လိုလဲ........ မောင်သဘောတူရင် စိတ်ဆိုးပြေမယ် ''

မတူနိုင်မှန်းသိသည်မို့ သက်သက်မေးလိုက်ခြင်းပင်။ ခွန်းက အဖြူအစိမ်းဝတ်ထားသည့်အပြင် ဘေးက တွဲထားသော လက်ပိုင်ရှင်ကောင်လေးရဲ့ လည်ပင်းမှာ လူမြင်မကောင်းသည့် အညိုကွက်ကြီးကိုတွေ့မည်ဆိုလျှင် ခွန်း နဲ့ သူနဲ့ဟာ ကျိန်းသေပေါက် အတွဲဆိုတာကို သိကြလိမ့်မည်။ ထို့ပြင် ခွန်းကိုပါ
အကြည့်စိမ်းတွေနဲ့ ဝိုင်းကြည့်ကြဦးမည်။ သူလုပ်ထားတဲ့အမှတ်က သေးသေးကွေးကွေးမှ မဟုတ်ပဲ။

မောင့်ရဲ့ သိက္ခာနဲ့ အလဲအထပ်လုပ်ကြည့်လိုက်တာပါ....
မောင်ရွေးမှာ ကျွန်တော် လား မောင့်သိက္ခာ လား....

သည်အဖြေကို အပြင်လူခန့်မှန်းရင်တောင် ဒီရွေးချယ်မှုက ဒွိဟဖြစ်နေနိုင်သော်လည်း တိမ်တိုက်ကြိုးသာ ခန့်မှန်းမည်ဆိုလျှင် အဖြေက တစ်ခုတည်းပင်။

အဲ့ဒါ မောင့် သိက္ခာပေါ့....ဘယ်သောအခါ ဖြစ်ဖြစ် မောင့်အဖြေက မောင့်သိက္ခာတွေ မောင့်မာနတွေ မောင့်အတ္တတွေကြားမှာသာ ရှင်သန်တယ်လေ။

ထင်တဲ့အတိုင်းပင် ခွန်းက တစ်ခွန်းမှ မဟတော့ပဲ တိတ်တိတ်လေးသာဘေးကလိုက်ခဲ့တော့သည်။

တိမ်တိုက်ကတော့ အောင်နိုင်သူလို မဲ့ပြုံးကြီးပြုံးလျက်ပေါ့။

မောင် တွေဝေပါစေ ။ မောင် အားနာပါစေပေါ့။
အမြဲ အလျော့ပေးနေရတဲ့ ဒီလူ့ကို တစ်ခဏပဲဖြစ်ဖြစ်အနိုင်လေးပေးပါဦးလား။

အပြန် ကားပေါ်တောက်လျှောက်လည်း ခွန်း တမှိုင်မှိုင်နှင့်လိုက်ပါခဲ့သည်။

အကျင့်ပုတ်ကြီး ခံလေဦးတော့ ဟု စိတ်ထဲတွေးကာတိမ်တိုက် ညစ်နေသည်။
ခွန်းစိတ်ကို နားအလည်ဆုံးမို့ ဘယ်လိုနှိပ်စက်ရမလဲ ကောင်းကောင်းသိသည်။

ညဘက် ထမင်းဝိုင်းရောက်တဲ့အထိ ခွန်း မျက်နှာ မကောင်းသေးပေ။ တိိမ်တိုက်ကတော့ အနည်းငယ်ပျော်နေသည့်ပုံ ပေါက်နေသည် ။ ဒါကို သတိထားမိသော ဒေါ်ယုယမြိုင် က

'' သားငယ် ...ငါ့သားကြီးကို မင်း ဘာတွေဒုက္ခပေးထားလဲ ဟမ် '''

'' ပေါက်တက်ကရတွေ ခွန်မယ့်ရယ် မယ့်သားကို လက်ဖျားနဲ့​တောင်မတို့ဘူး ''

ထမင်းစားနေရင်း တိမ်တိုက် လက်ကာ ကာ အတင်းငြင်းလေသည်။

'' ဘာမှ မဖြစ်ပါဘူး အမေ....သား ခေါင်းနည်းနည်းကိုက်နေလို့ပါ ''

'' ဟေ ဟုတ်လား ထမင်းစားပြီးရင် မေ့ဆီ ဆေးလာယူ ချည်း ''

'' ဟုတ် ''

ဒေါ်ယုယမြိုင် တို့ပြောသည့်စကားများကို သံယောင်လိုက်ကာ တိမ်တိုက် နှုတ်ခမ်းတလှုပ်လှုပ်နဲ့ ရှေ့က သားအမိနှစ်ယောက် ကိုစနေသည်။

ထမင်းစားပြီးတော့ ဒေါ်ယုယမြိုင် က တီဗွီ သွားကြည့်နေကာ ခွန်းတို့ နှစ်ယောက်က အခန်းထဲ ပြန်ဝင်လာခဲ့သည်။ တိမ်တိုက်ကတော့ လေလေးတချွန်ချွန်လုပ်ကာ ဂိမ်းဆော့နေပြီး ခွန်းကို အဖတ်မလုပ်ချေ။

'' မောင် ခေါင်းကိုက်လို့ဆို ဆေးသွားယူလေ ''

မျက်နှာသိုးကြီးနှင့် စာကုန်းကြည့်နေသောခွန်းကို တိမ်တိုက် အိပ်ရာပေါ်က လှမ်းပြောလိုက်သည်။

ခွန်းလည်း ဘာမှပြန်မပြောပဲ ထကာ ဒေါ်ယုယမြိုင် ဆီသွားလိုက်သည်။ အခုချိန်တွင် ခွန်းဟာ ​အသက်မပါသည့်စက်ရုပ်တစ်ရုပ်လိုဖြစ်နေသည်။

တိမ်တိုက်လည်း တဖြည်းဖြည်း သနားလာပြီမို့ ပြန်ခေါ်ရန် ဆုံးဖြတ်လိုက်တော့ သည်။

မောင့်ကို အနိုင်ယူရတာ ထင်သလောက်လည်း ပျော်ဖို့မကောင်းပါလေ။

တော်တော်နဲ့ ပြန်ဝင်မလာသော ကြောင့် ခွန်းနောက် လိုက်သွားကြည့်သည်။ ဧည့်ခန်းတွင် မရှိတာကြောင့် ဒေါ်ယုယမြိုင် အိပ်ခန်းထဲသွားချောင်းတော့ သူ့ချစ်မေမေက ကုတင်ပေါ်တွင် အနှိပ်ခံကာ ဇိမ်ယူနေလေသည်။

'' တိမ်တိုက် လာစမ်း မေ့ကို ခြေထောက်လေး လာနှိပ်ပေး။ ''

ခွန်းကဇက်ကြောဆွဲနေသည်မို့ ဒေါ်ယုယမြိုင် တိမ်တိုက်ကို ခြေထောက်ဆင်းပေးကာ ဝင်နှိပ်စေချင်သည်။ တိမ်တိုက်လည်း ကုတင်ပေါ် တပလ္လင်ခွေ ဝင်ထိုင်ကာ နှိပ်ပေးနေသည်။ အားမရှိသူမို့ တိမ်တိုက်နှိပ်နေသည်ကို ခံရတာ ခြေထောက်ပေါ် ပုရွတ်ဆိတ်ပြေးနေသလိုတောင် ခံစားရသည်။

သို့သော် တိမ်တိုက် ခြေစုပ်လက်နယ် ပြုစုသည်က ခပ်ရှားရှားမို့ ​ဒေါ်ယုယမြိုင်အသာလေးငြိမ်လိုက်သည်။

သူမက အခုမှ သားနှစ်ယောက်နှင့်အဆင်ပြေနေတော့သည်။ တစ်ယောက်က ဇက်ကြောဆွဲပေးသလို တစ်ယောက်ကလည်း နှိပ်ပေးနေသေးသည်။

သားနှစ်ယောက်မွေးခဲ့ရင် ကောင်းသား ဟုတောင်တွေးနေမိလေသည်။

'' အမေ့ ကျောက်တန်းဘုရားက ရာဇဝင်ရှိတယ်မလား ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာမျိုးလေ ''

ခွန်းက နှိပ်နေရင်း ထမေးသည်။ ကျောက်တန်းဘုရား နာမည်လည်းကြားရော တိမ်တိုက်ခါးက မတ်ခနဲ။

'' အေး ရှိတယ်လေ ချစ်သူ ရည်းစား တွေဘာတွေသွားရင် ကွဲတတ်တယ်တဲ့ ''

'' အဲ့​ဒါ တကယ်လား အမေ ''

'' အယ် အဲ့ ဒဏ္ဍာရီ ကကျ​တော့ မှန်တဲ့သူကျ မှန်တယ်။ ဒါပေမယ့် မှားတဲ့သူကျမှားတယ်။ ဒီလိုလေ...ကျောက်တန်း ဘုရားသွားပြီးတဲ့နောက် ကွဲသွားတဲ့ ချစ်သူစုံတွဲတွေရှိသလို အိမ်ထောင်တွေကျပြီး ကလေး သုံးလေးယောက်တောင် မွေးပြီးတဲ့ လူတွေလည်းရှိပါတယ်။ အာ့ကြောင့် ဒီဒဏ္ဍာရီက အမြဲမမှန်တတ်ဘူး။ ဒါမဲ့ အမေ့ အတွေ့အကြုံ ထဲကဆိုရင်တော့ ပြတ်သွားတာများတယ်။ မေ့ သူငယ်ချင်း တွေထဲမှာ အဲ့လိုအတွဲတွေရှိတယ်။ ချစ်နေကြတုန်းကအကောင်း ကျောက်တန်းဘုရား သွားပြီးမှ ပြသာနာတွေတက်ပြီး ကွဲသွားကြတာမျိူး။ ''

'' သားတော့ မယုံပါဘူး အဲ့ဒါတွေက ပြီးခဲ့တဲ့ ဒဏ္ဍာရီ ပုံပြင် သက်သက်ပဲ ''

ဒေါ်ယုယမြိုင် ရှင်းပြနေတုန်း တိမ်တိုက်က ဆတ်ခနဲ ဝင်ပြောသည်။ အခုမှပင် ခွန်း လိုက်မပို့သည့်အကြောင်းရင်းကို ဂဃနဏ သိတော့သည်။

သို့တစ်ပြိုင်နက် စူးစမ်းတတ်သော တိမ်တိုက်ကြိုးပီပီ ထိုဘုရားကို ခွန်းနှင့်အရောက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။ ကွဲကြသည် ဟူသော အဆိုကို လက်မခံချင်။

လူနှစ်ဦးရဲ့ ချစ်ခြင်းက သည်ဘုရားကြောင့် ပြောင်းလဲသွားရမှာတဲ့လား။ အဓိပ္ပါယ် မရှိဘူးဟုဆိုကာ စမ်းသပ်ရန်ဆုံးဖြတ်လိုက်သည်။

ခွန်း သူ့ကိုဘယ်လောက် ချစ်လဲဆိုတာလည်း သူသိသလို...ခွန်းကို သူ ဘယ်လောက်ချစ်ကြောင်းကိုလည်း အာမခံနိုင်သည်။ ထို့ကြောင့် သည် ဒဏ္ဍာရီ ကို ပြောင်းပြန်လှန်ပစ်ရန် တိမ်တိုက်ကြိုးစားတော့သည်။

ဒေါ်ယုယမြိုင်ကို နှိပ်ပေးပြီး နှစ်ယောက်သား အခန်းပြန်ခဲ့ကြသည်။ အခန်းထဲရောက်တော့ ခွန်းက ကြည့်လက်စ စာကိုဆက်ကြည့်နေသည်။ စိတ်ကောက်နေပါတယ် ဆိုသော တိမ်တိုက်ကို လုံးဝမချော့သေးပေ။ မနက်ဖြန် Presentation အတွက် သာ အသည်းအသန်ကြည့်နေသည်။

အခန်းထဲ နှစ်ယောက် ထဲရှိတာတောင် လာမချော့သည့်ခွန်းကြောင့် တိမ်တိုက် နည်းနည်းတော့ စိတ်အချဥ်ပေါက်သွားသည်။ သို့သော် ဒီည ဘုရားသွားဖို့ ခွင့်ပြုချက်ရရေး သူ့အရေးဖြစ်နေသည်။

ခြောက်ပြော၍ မရမှတော့ ချော့ပြောရန် တိမ်တိုက်ဆုံးဖြတ်လိုက်သည်။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် သူ့စမ်းသပ်ချက်ကို လုပ်ရမည်။ စမ်းသပ်သည်ဆိုတာထက် နှစ်ယောက်ကြားက ခိုင်မြဲသောချစ်ခြင်းတရားကိုသက်သေထူချင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ခွန်းနား မျက်နှာငယ်လေးနှင့် သွားရပ်နေလိုက်သည်။

တိမ်တိုက်မာယာတွေထုတ်သုံးတော့မှာမို့....လိုက်မှတ်ကြလော့။

တိမ်တိုက်နည်းတူ သိပ်မကြည်လင်သော ခွန်းမျက်နှာကလည်း အသာမော့လာကာ တိမ်တိုက်ကို မေးငေါ့ပြသည်။

'' ထိုင်မို့ ''

ခွန်းပေါင်ပေါ် ကြည့်ကာ အသံတိုးတိုးလေးနှင့် ချစ်စရာကောင်းအောင်ပြောသည်။

ခွန်း သဘောပေါက် သွားကာ ထိုင်ခုံကို အနောက် နည်းနည်း ဆုတ်လိုက်တော့
အကောင်ပေါက်လေးက ပေါင်ပေါ်ခွထိုင်ကာ ရင်ခွင်ကျယ်ထဲ မျက်နှာအပ်ထားသည်။ ခေါင်းလေးကို တိုးကာ တိုးကာဖြင့် အတင်းတိုးဖက်လိုက်သေးသည်။

'' စိတ်မကောက်တော့ဘူးလား ''

အုန်းမုက်ခွက် လေးကို သပ်ပေးရင် မေးကြည့်သည်။ ရုတ်တရက် အနားကပ်ကာ ချွဲနေလေသူကြောင့် ခွန်း ဘာမှ နားမလည်တော့ပေ။

'' ကောက်တော့ရော မောင်က ချော့လို့လား ။ ''

'' ဒီစာဖတ်ပြီးရင် လာချော့မလို့ပါပဲကွာ... ''

'' မောင်က ကျွန်တော့်ကို ဂရုလည်း မစိုက်ဘူး ဟင့်... .''

တိမ်တိုက် ရင်ခွင်ထဲကနေ ရှိုက်သံလေးလွှတ်လိုက်သည်။ တကယ် ငိုနေတာ​တော့မဟုတ်ပေ။

ရှိုက်သံထွက်လာတာကြောင့် ရင်ဘတ်ကမျက်နှာကို ယူကြည့်မယ်လုပ်တော့ အကောင်ပေါက် ကအကြည့်မခံပဲ အောက်သို့သာ ငုံ့ပြီး ဖက်ထားသည်။

'' မဟုတ်ပါဘူး ကွာ ''

'' ဟင့် မောင် မချစ်တော့ဘူးမလား ''

'' ဟာ ချစ်တာပေါ့ မောင် မင်းကိုသိပ်ချစ်တာပေါ့ကွာ ''

'' အဲ့ဒါဆို မောင်က ဘာလို့ ကျွန်တော်နဲ့ ကျောက်တန်းဘုရားကို မသွားရဲတာလဲ ''

'' အဲ့တာက မဆိုင်ဘူးလေကွာ အဲ့ဘုရားက နတ်ကြီးတယ် ကလေးရဲ့ ''

'' မောင်ကလည်း အဲ့နတ်ထက် ကျွန်တော်တို့အချစ်က ပိုကြီးနိုင်တယ်မထင်ဘူးလား ''

'' ဟင်း... မတော်လို့ တစ်ခုခုလွဲချော်သွားရင် ဘယ်လိုလုပ်မလဲ တိမ်တိုက်ရယ် မောင် မင်းကို အထိခိုက်မခံနိုင်တာ မင်းသိသားနဲ့ ''

'' ဘာမှမဖြစ်ပါဘူး မောင်ရယ် သွားရအောင်နော် ''

ပြောရခက်လိုက်တာ ကလေးရယ်။ ဒဏ္ဍာရီ တွေဟာ ပုံပြင်တစ်ပုဒ်ထက်ပိုလေးနက်ကြောင်း မင်းသိအောင်ဘယ်လိုရှင်းပြရမလဲ။

အကယ်၍ ဒဏ္ဍာရီ က ကိုယ်တို့နှစ်ယောက်အပေါ်သက်ရောက်လာခဲ့ရင်ကိုယ့်ထက် အထိနာမှာ ဒီကလေး ဖြစ်နေသည်။ ကိုယ်က ကြိတ်မှိတ်ခံနိုင်သော်လည်း ဒီကလေးက ရောဂါနှင့် ....မခံနိုင်လို့များ တစ်ခုခုဖြစ်သွားရင် လိုက်ပို့မိတဲ့ ကိုယ့်ကိုယ်ကို
အဆုံးထိခွင့်လွှတ်နိုင်မှာမဟုတ်ဘူးရယ်။
ဒီကလေး ဘယ်လောက်ချစ်ကြောင်း သွားခဲ့ရသည့် ဆေးရုံ အခေါက်ရေကလည်း ညွှန်ပြနေသေးသည်။

ဒီကလေးက ကိုယ်နဲ့ ပတ်သက်လာရင် ကိုယ့်စိတ်ကို အမြဲနားလည်နေတတ်ကာ
Emotional အရလည်း ကိုယ်နဲ့ပတ်သက်လာလျှင် တစ်ဖက်စွန်းရောက်ရောက်သွားတတ်သေး သည်။ ဒါကိုစိတ်ပူနေတာဖြစ်ပြီ။ ဒီကလေးကတော့ သွားချင်တာပဲသိနေတော့သည်။

'' ဒီလိုလုပ်မလား မောင်လိုက်ပို့ပေးမယ် ။ ဒါမဲ့ ဟိုဘက်ကမ်းကို ကလေးတစ်ယောက်တည်း သွားဖူးလိုက် ''

'' ဟာ မောင်ကလည်း ချစ်သူနဲ့သွားပါတယ်ဆိုမှ တစ်ယောက်တည်း ဘုရားသွားဖူးပြီးဘာလုပ်ရမှာလဲ ''

'' အဲ့တာဆိုလည်း တခြားဘုရားပဲ သွားရအောင် ကလေးရယ်....မောင်ကံကြမ္မာကို မယုံကြည်ဘူး ''

'' ဒါဆို ကျွန်တော့်ကို ယုံ...ကျွန်တော့်ကို ယုံလိုက်...''

'' ဇွတ်ပါလားကွာ ''

မရမချင်း ပြောနေမည့်ပုံပေါက်နေသော တိမ်တိုက်ကြောင့် ခွန်းခေါင်းခဲရတော့သည်။

'' မောင့်....နော်လို့...နော်...နော်...ဒါနောက်ဆုံးတောင်းဆိုခြင်းပဲ နောက်အခါတွေကျ မောင့်စကားနားထောင်မယ်လေ...ဒီတစ်ခါပဲ လိုက်လျောပေး... နော်လို့ ''

''......''

'' အာဘွားပေးမယ်လေ...အူး......မွ လိုက်ပို့နော် ''

ပါးတစ်ဖက်ကို အကြာကြီး ဖိနမ်းကာ အသံတောင် ထွက်ပြလိုက်သေးသည်။
သို့သော် ခွန်းက မလှုပ်...

'' အူး...မွ...အူး...မွ...မွ...မွ...မွ ''

ပါးကို ဘယ်ပြန်ညာပြန်နမ်းကာ တမွမွလုပ်နေသည်။ ခေါင်းကို သူ့လက်သေးသေးလေးတွေနှင့်ကိုင်ထားသဖြင့် ရှောင်လို့ကလည်းမရ။

'' ရပြီ ရပြီ...မောင့်ကိုကြည့်ဦး ''

တိမ်တိုက် ခေါင်းကို လက်နှင့်တည့်လိုက်ပြီး သူ့အားသေချာကြည့်စေသည်။

'' သေချာပြီလား..''

'' အင်း ''

တိမ်တိုက်ကတော့ ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းကြီးငြိမ့်ပြကာ အဆုံးမှာ သွားတက်လှလှလေးထုတ်ပြကာ ဆွဲဆောင်လိုက်သေးသည်။

မို့တက်သွားသော ပါးဖောင်းဖောင်းကြီးကို ခွန်းအသည်းယားကာ ကုန်းကိုက်တော့သည်။

'' အားး.မောင့်... မတရားမလုပ်နဲ့ မောင်ဒီနေ့ များပြီ ''

'' ဟုတ်လား.. ဒါနဲ့ မနက်က တော်တော်လန့်သွားလား ''

'' အင်း အရမ်းပဲ..... ကျွန်တော်က..ဂင်းနစ်စံချိန်တောင် တင်ပြီ မှတ်နေတာ အနမ်းခံရလွန်ပြီး သေတဲ့ မသာ ဆိုပြီး ဟားးဟားး ''

သူဘာသာပြောပြီး တိမ်တိုက် သဘောကျစွာ အားရပါရ ရီနေလေသည်။
တတ်လည်းတတ်နိုင်သည့်ပေါက်စလေးပါလေ။

..........................

19.5.2022

A / N - ရေလည်ဘုရား ရာဇဝင်က အပေါ်မှာ ဒေါ်ယုယ ပြောခဲ့သလိုပါပဲ။ ကိုယ့် ကိုယ်ပိုင် အတွေးနဲ့ ချင့်ချိန်စဥ်းစားလို့ရပါတယ်။

❗❗❗
အထူးသတိပေးချင်တာက ဒဏ္ဍာရီ တွေ ရာဇဝင်တွေ ဆိုတာမျိူးက မယုံသည့်တိုင် ပျက်ရယ်တော့ မပြုမိကြဖို့ပါပဲ။ ပြီးတော့ တိမ်တိုက်လိုမျိူး စမ်းချင်ရုံသက်သက်တော့ သွားမဖူးပါနဲ့။ အဲ့ဒါက ဒဏ္ဍာရီ ကို ပျက်ရယ်ပြုချင်းတစ်မျိူးပါပဲ။ အဆုံးမှာ ရလဒ်မကောင်းနိုင်ပါဘူး။ ( ကိုယ်တွေ့)

(Zawgyi)

ျပတင္းေပါက္အျပင္ဘက္တြင္ လင္းထင္းေနတာမ်ိဴး မဟုတ္ပဲ အေမွာင္ရိပ္ေတြက စတင္ေတာ့မယ့္ေန႕တစ္ေန႕ကို စိုးမိုးထားတုန္း။ သည္အခန္းက်ဥ္းေလးထဲက ေလထုကိုပဲ ရႉရွိုက္ရင္း မနက္တိုင္း နိုးထေနၾက။ ဒါေပမယ့္ ခါတိုင္း တစ္ေယာက္တည္း ရွိေနက် ကုတင္ေပၚမွာ တစ္ေယာက္တည္းမဟုတ္မွန္း သတိထားမိသလို ႏွာေခါင္းဝမွာလည္း ရင္းႏွီးေနတဲ့ ကိုယ္သင္းရနံ႕တစ္ခု။

ေခါင္းေအာက္က မာေၾကာေနေသာ အသားစိုင္တစ္ခုရဲ႕ အထိအေတြ႕ႏွင့္ ခါးထက္က ဖိထားေသာတစ္စုံတစ္ရာရဲ႕ အသိက တိမ္တိုက္ကို မ်က္လုံးပြင့္ေစသည္။

တစ္ညလုံး အနားယူထားေသာ မ်က္ခြံေလးေတြက ဖြင့္ရမည့္အခ်ိန္ေရာက္ေတာ့လည္း ေပကပ္ကပ္ႏွင့္ မနည္းဖြင့္ရသည္။

မ်က္လုံးဖြင့္ဖြင့္ျခင္း ျမင္လိုက္ရတဲ့ အညိုေရာင္ ရင္အုပ္ေၾကာင့္ တိမ္တိုက္ ဦးႏွောက္ကို အတင္း အလုပ္ေပးရေတာ့သည္။ မေန႕ညက မွတ္ဉာဏ္ေတြကိုျပန္ေခၚၾကည့္ေတာ့ သူက အိမ္ေရွ႕ခန္းက ဆိုဖာေပၚမွာ အိပ္ေနခဲ့တာျဖစ္သည္။
ဒါေပမယ့္ ဘယ္လိုလုပ္......

ခါးေပၚက လက္ကို အသာဖယ္ေနတုန္း...

'' ျပန္အိပ္ဦး ေစာေသးတယ္ ''

ခြန္း၏ အိပ္ခ်င္မူးတူးအသံထြက္ေပၚလာၿပီး ခါးထက္က. ခြန္းရဲ႕ လက္ကလည္း
ပိုမိုတင္းက်ပ္သြားၿပီး တိမ္တိုက္ကိုယ္ေလးကို အားနဲ႕ အသာအယာ သူ႕ဘက္ဆြဲယူကာ ျပန္အိပ္ေစသည္။

တိမ္တိုက္လည္း ႏြေးေထြးသြားေသာ ခႏၶာကိုယ္ ႏွင့္အတူ ေနာက္တစ္ႀကိမ္ ခြန္းရင္ခြင္ထဲ ျပန္ အိပ္ေပ်ာ္သြားျပန္သည္။

ဒုတိယအႀကိမ္ျပန္နိုးလာေတာ့ ေအးစက္စက္ ကုတင္ေပၚမွာ တိမ္တိုက္တစ္ေယာက္တည္းသာရွိေတာ့သည္။ အခန္းထဲ
ေဝ့ဝိုက္ၾကည့္ကာ ခြန္းကိုရွာေသာ္လည္းမေတြ႕။

အရင္က သားအမိႏွစ္ေယာက္ ထဲမို႔ အိမ္က တိတ္ဆိတ္လွေသာ္လည္း ဒီေန႕ေတာ့ အျပင္မွာ ရီေမာသံေတြ ေရာစြက္ေနေသာ စကားေျပာသံမ်ားကို တစ္စြန္းတစ ၾကားေနရသည္။ ေဒၚယုယၿမိဳင္ႏွင့္ခြန္းကို တိမ္တိုက္ သိပ္ေက်နပ္သည္မဟုတ္။ မေန႕ညက ကိစၥမွာလည္း အေမေတြ သားေတြလုပ္ကာ ႏွစ္ေယာက္တည္းအဆင္ေျပေနၾကၿပီး သူ႕ကိုပစ္ထားသည္။ အခုလည္း သူ႕ကိုက်မႏွိုးပဲ အျပင္မွာႏွစ္ေယာက္တည္း ေပ်ာ္႐ႊင္ေနၾကျပန္သည္။

တိမ္တိုက္ အိပ္ရာမသိမ္းပဲ မ်က္ႏွာဝင္သစ္ကာ သူမေက်နပ္
သည္ကို ေဖာ္ျပဖို႔ရာ မ်က္ႏွာကိုအတင္းစူပုပ္ကာ အိမ္ေရွ႕ထြက္ခဲ့ေတာ့သည္။ ေနာက္ ဧည့္ခန္းမွာ မေတြ႕တာနဲ႕ ထမင္းစားခန္းထဲသို႔ ဝင္ခဲ့သည္။

ခြန္းႏွင့္ ေဒၚယုယၿမိဳင္တို႔ စားပြဲတစ္ဖက္တစ္ခ်က္စီတြင္ထိုင္ကာ စကားေျပာရင္း ရယ္ေမာေနၾကသည္။ သူနဲ႕ေတြ႕ရင္ေတာင္ သိပ္မရယ္ေသာ ခြန္းက ေဒၚယုယၿမိဳင္ႏွင့္ က် ခြန္းမာနေမာင္ဟု ေျပာရခက္ေလာက္ေအာင္ အားရပါးရ ရယ္ေမာေနေတာ့သည္။

'' ဪ သားနိုးၿပီးလား... လာ ခြန္း က သားအတြက္ ထမင္းေၾကာ္ေပးထားတယ္ ''

ညတြင္းခ်င္းကို နာမည္ေတြေတာင္ အဖ်ားစြတ္ေခၚေနေသာ ေဒၚယုယၿမိဳင္ကို တိမ္တိုက္ မၾကည္ေတာ့ ။ အေမေက်ာ္ေဒြးေတာ္လြမ္းတာမ်ိဴး ျဖစ္ေနၿပီ ျဖစ္သည္။

အခုကေတာ့ သားေက်ာ္ သားမက္လြမ္းတာမ်ိဴးေပါ့ေနာ္။

စားပြဲထိပ္မွာ စူပုပ္ပုပ္မ်က္ႏွာႏွင့္ဝင္ထိုင္လိုက္ေတာ့ ခြန္းက ထမင္းေၾကာ္ သြားထည့္ေပးကာ ေမေမက ႏြားနို႔တစ္ခြက္ ခ်ေပးသည္။ ႏွစ္ေယာက္ လုံးကေတာ့ စားၿပီးသြားတဲ့ပုံပင္။ ေမေမက ေကာ္ဖီေသာက္ေနၿပီး ခြန္းကေတာ့ ဒီတိုင္း ထိုင္ေနသည္။

ခြန္းေၾကာ္ထားမွန္းသိသာေအာင္ ထမင္းေၾကာ္ထဲမွာ အဝါေရာင္ေျပာင္းဖူးေစ့ေလးေတြကိုေတြ႕ရသည္။ ဘယ္လိုပင္စိတ္ေကာက္ေနပါေသာ္လည္း ေၾကာ္ေပးထားေသာ ထမင္းေၾကာ္က စားေကာင္းတာေၾကာင့္ မူမေနေတာ့ပဲ တစ္လုတ္ၿပီးတစ္လုတ္ ဆက္္တိုက္ စားမိသည္။

'' ေကာင္းလား ''

ၿမိန္ေရယွက္ေရစားေနပုံကို ခြန္းက သတိထားမိကာ ေမးလာသည္။

ထိုအခါတိမ္တိုက္ကေတာ့ ေယာက်ာ္းဆန္ဆန္ ႏႈတ္ခမ္းေလးစူကာ မ်က္ေစာင္းေလးပါအစစ္ထိုးေပးလိုက္ေသးသည္။ ထမင္းေၾကာ္စားေကာင္းတာႏွင့္ လူကိုစိတ္ေကာက္တာဟာ တျခားစီမို႔ တကူးတက ေၾကာ္ေပးထားတာေတာင္ အားမနာေတာ့ပါ။

'' ကဲ ကဲ စားၿပီးရင္ အလုပ္သြားဖို႔လုပ္ေတာ့ ...ခြန္းေရာပဲေနာ္ ေက်ာင္းသြားဖို႔လုပ္ေတာ့ ေမေမ ဘုရားဝတ္ျပဳလိုက္ဦးမယ္ ''

'' ဟုတ္ ေမ ''

ခြန္းက ေခါင္းေလးၿငိမ့္ကာ ေျဖလိုက္ေသာ္လည္း တိမ္တိုက္ကေတာ့ ဘာမွမေျပာပဲ မ်က္ႏွာႀကီးစူပုတ္ကာ ထမင္းေၾကာ္ကို စားေနသည္။

ခြန္းကေတာ့ တိမ္တိုက္ကိုၾကည့္ကာ တၿပဳံးၿပဳံးပင္။ ၾကည့္ေနရင္း ထမင္း ေၾကာ္ပန္းကန္ေလးဟာ ေျပာင္သလင္းခါသြားေတာ့သည္။ ၿပီးေတာ့ ေဘးမွာခ်ထားတဲ့ ႏြားနို႔ခြက္ကိုယူကာ တစ္က်ိဴက္တည္း ေမာ့လိုက္ၿပီး ႏႈတ္ခမ္းေထာင့္္က ႏြားနို႔ေတြကို အကၤ်ီ လက္ျဖင့္ အလြယ္တကူပင္ သုတ္ခ်လိဳက္သည္။ တစ္သ်ဴးကမ္းေပးေနေသာ ခြန္းလက္ကိုေတာင္ မျမင္လိုက္ေပ။

'' တေမေမ နဲ႕ သူမ်ား အေမကို... ဟြန့္... ''

တစ္ေယာက္တည္း တိုးတိုးေလး ပြစိပြစိ လုပ္ကာ ေနရာက ထလိုက္သည္။ လွည့္ထြက္မည္အလုပ္...

'' ဟိတ္ ''

အေနာက္က ခြန္းက ႐ုတ္တရက္ လွမ္းေခၚလိုက္သည္မို႔ ေယာင္ရမ္းကာ ကမန္းကတန္း လွည့္ၾကည့္လိုက္ေတာ့ ခြန္းက သူ႕ေရွ႕တည့္တည့္မွာ ရွိသည့္ ေအးစက္ခါနီး ေကာ္ဖီခြက္ကို မ်က္စပစ္ျပသည္။

'' မေသာက္ခ်င္ မေသာက္နဲ႕ေပါ့ ႀကီးႀကီးက်ယ္က်ယ္ နဲ႕ ေနရာတကာ လိုက္ေသာက္ေပးေနရမွာလား ေသာက္လူႀကီး ''. .

တိမ္တိုက္ ဦးႏွောက္ထဲ အေတြးရိုင္းတို႔ ျမည္ဟီးေနေသာ္လည္း ႏႈတ္က တစ္လုံးမွထြက္ မလာခဲ့ေပ။ အျမင္ကပ္ ပုဒ္မႏွင့္ အက်င့္ယုတ္ၿပီး မေသာက္ေပးပဲ ေနလိုက္မည္ဟု ညစ္က်ယ္က်ယ္ေတြးလိုက္သည္။

သူမေသာက္မခ်င္း ခြန္းက အဲ့ေကာ္ဖီကို တစ္စက္ေတာင္
ထိလိမ့္မည္မဟုတ္ ။ ဒါကိုသိသိရက္ျဖင့္ ညစ္ကာ ခြန္းကို ႏွာေခါင္းတစ္ခ်က္ရႈံ႕ ျပၿပီး ထြက္လာခဲ့သည္။ ထို႔ေနာက္ ထမင္းစားဝိုင္းမွာ ခြန္းတစ္ေယာက္သာ က်န္ေတာ့သည္။

တိမ္တိုက္ အခန္းထဲ ဝင္ခါနီးတြင္ ေျခလွမ္းတို႔ရပ္သြားၿပီး အေနာက္ကိုျပန္လွည့္ကာ ထမင္းစားခန္းထဲ ျပန္ဝင္လာၿပီး ခြန္းေရွ႕က ေကာ္ဖီကို ဇြက္ကနဲယူကာ တစ္ငုံ မဟုတ္ပဲ တစ္ဝက္ေလာက္ ေသာက္ေပးၿပီး ျပန္ခ်ေပးခဲ့လိုက္သည္။ သြားခါနီး လွ်ာရဲရဲေလး ထုတ္ျပကာ ခြန္းကို ေျပာင္ခဲ့ေသးသည္။

အခန္းထဲ ျပန္ဝင္လာၿပီး အလုပ္သြားဖို႔ ေရဝင္ခ်ိဴးလိုက္သည္။ မိနစ္အေတာ္ၾကာ ခ်ိဴးၿပီးျပန္ထြက္လာေတာ့ ဖရိုဖရဲ ျဖစ္ေနေသာ အိပ္ရာမွာ သပ္သပ္ရပ္ရပ္ ေခါက္သိမ္းထားၿပီးျဖစ္ကာ ထိုအိပ္ရာေပၚတြင္ အလုပ္ယူနီေဖာင္းႏွင့္ စတိုင္ပန္အနက္တစ္ထည္ကို ခါးပတ္နဲ႕တြဲခ်ထားသည္။ ထို႔ျပင္ အေပၚက ထပ္ဝတ္ေနၾက ဖလန္နယ္ ကို အစိမ္းေရာင္ အကြက္ေလးထုတ္ၿပီး တင္ထားေပးသည္။

ခြန္းကေတာ့ ေကာ္ဖီခြက္နဲ႕ ျပတင္းေပါက္နားတြင္ ရပ္ေနသည္။

'' ၿပီးၿပီ ခ်ိဴးလို႔ရၿပီ ''

တိမ္တိုက္ အေနာက္က ေနေျပာေတာ့ ခြန္းကလွည့္ၾကည့္လာၿပီး ေကာ္ဖီခြက္ကို ေဘးကခုံေပၚတင္ကာ ေရခ်ိဴးခန္းထဲ တန္းဝင္သြားသည္။

တိမ္တိုက္ အဝတ္ေတြလဲၿပီးေတာ့ လြယ္အိတ္ထဲ ပစၥည္း ပစၥယ ေတြ ထည့္ေနတုန္း ခြန္းျပန္ထြက္လာသည္။ တိမ္တိုက္၏ bathrobe ေတြႏွင့္မေတာ္ေသာ ခြန္းမွာ ေအာက္က ေရလဲပုဆိုးတစ္ထည္သာရွိၿပီး အေပၚပိုင္း ဗလာနဲ႕ျဖစ္သည္။ ထုံးစံအတိုင္း အညိုေရာင္ အဖုအထစ္ေတြေပၚက ေရသီးေလးေတြကို တိမ္တိုက္ေငးမိျပန္သည္။ ခြန္း ေခ်ာင္းတစ္ခ်က္ဟန့္လိုက္ခ်ိန္တြင္ သတိျပန္ဝင္လာၿပီး လုပ္လက္စကိုဆက္လုပ္ေနလိုက္သည္။

ခြန္းကလည္း ေက်ာင္းသြားရမည္မို႔ အျဖဴအစိမ္းကို သူ႕အိတ္ထဲမွထုတ္ကာ လဲေနသည္။

ထို႔ေနာက္ တိမ္တိုက္ လြယ္အိတ္ထဲ ၾကည့္ေနရင္း မ်က္စိေရွ႕တြင္ အညိုေရာင္လက္တစ္ဖက္ ျဖန့္လ်က္သားဝင္လာသည္။ လက္ဖဝါးေပၚတြင္ Yangon University of Education စာသားပါသည့္ ေ႐ႊေရာင္ရင္ထိုးေလးတစ္ခုရွိသည္။
ဘာလဲဟု ေမာ့ၾကည့္ေတာ့

'' ေမာင့္ကို ဒါေလးတပ္ေပး ''

တိမ္တိုက္လည္း လြယ္အိတ္ကိုေဘးခ်ကာ မတ္တပ္ရပ္လိုက္ၿပီး ရင္ထိုးကိုတပ္ေပးဖို႔ အကၤ်ီ ကိုေသခ်ာၾကည့္လိုက္ေတာ့ လည္ကတုံးအျဖဴကို က်က်နနဝတ္ထားေသာ္လည္း အေပၚၾကယ္သီး ကို ၃လုံးေတာင္ျဖဳတ္ထားသည္။

'' ဘယ္သူ႕ကိုျပမလို႔ ဒီေလာက္ေတာင္ ျဖဳတ္ထားတာလဲ ''

မေနနိုင္စြာ စိတ္ဆိုးေနေသာေလသံျဖင့္တိမ္တိုက္ေမးေတာ့သည္။

'' မင္းကို ျပမလို႔ေလ..... ''

'' ဘာ ဗ်...''

တိမ္တိုက္ မ်က္ေမွာင္ႀကီးႀကဳံ႕ကာ ထေအာ္ေတာ့မွ

'' ေဟာ ေဟာ စတာပါကြာ မင္း တပ္ေပးလို႔ရေအာင္ တမင္တကာ ျဖဳတ္ထားတာ ''

'' တပ္ေပးခ်င္တယ္ ေျပာမိလား ''

ပါးစပ္ကသာေျပာေနတာပင္ လက္က ၾကယ္သီးတစ္လုံးေတာင္တပ္ၿပီးလို႔ ေျခဖ်ားေထာက္ကာ ေနာက္တစ္လုံး တပ္ဖို႔ဟန္ျပင္ေနၿပီျဖစ္သည္။

'' ကဲပါ တပ္ေပးလိုက္ေတာ့ ေမာင့္ကိုခ်စ္ရင္ေပါ့ ''

တမင္သက္သက္ ခြန္းေျပာလိုက္တာျဖစ္သည္။ ဘာလို႔ဆို ၾကယ္သီး အကုန္တပ္ၿပီးသြားတာေၾကာင့္ပင္။

'' ေပး ေပး မခ်စ္ဘူး ျပန္ျဖဳတ္မယ္ ''

ေျခဖ်ားေထာက္ကာ အေပၚၾကယ္သီး ဆီလွမ္းလာေသာ တိမ္တိုက္လက္ကို ခြန္း ႐ုတ္တရက္ဖမ္းဆြဲလိုက္တာေၾကာင့္ ေျခဖ်ားေထာက္ထား၍ ယိုင္ခ်င္ခ်င္ျဖစ္ေနေသာ တိမ္တိုက္ကိုယ္ေလးက ခြန္းဘက္ တည့္တည့္မတ္မတ္ကို ယိုင္သြားေတာ့သည္။ ခြန္းကလည္း အလိုက္တသိေလးပင္ တိမ္တိုက္ ခါးေလးကိုဆြဲေပြ႕ကာ ဖမ္းထားလိုက္သည္။

ရင္ဘတ္ေပၚသြားရိုက္မိေသာ တိမ္တိုက္မ်က္ႏွာေလးကေတာ့ နာလို႔မဟုတ္ပဲ ရွက္စိတ္ေၾကာင့္ နီရဲေနေတာ့သည္။ ခြန္းကေတာ့ အေပၚကေန သေဘာက်ကာ အႀကီးႀကီး ၿပဳံးေနေတာ့သည္။
ရန္လိုေနတဲ့ အေကာင္ေပါက္က ဘာလို႔ဒီေလာက္ခ်စ္စရာေကာင္းေနရတာလဲ။

'' ဖယ္ေတာ့ အလုပ္ေနာက္က်ေတာ့မယ္ ''

ရင္ခြင္ထဲက အတင္း႐ုန္းကာ ထြက္သြား၏။

'' ဟိတ္ ဟိတ္ ဒီမွာ မၿပီးေသးဘူးေလ ''

လက္ထဲက ေ႐ႊေရာင္ရင္ထိုးေလးကိုရမ္းျပေတာ့ ခ်စ္ေသာ တိမ္တိုက္ေလးက ျပန္လွည့္လာၿပီး ေသခ်ာတပ္ေပးသည္။

႐ႊတ္..

မ်က္စိေအာက္တြင္ တလႈပ္လႈပ္နဲ႕ အသည္းယားဖြယ္ အုန္းမုက္ခြက္ေလးအား ခြန္း တစ္ခ်က္ ကုန္းနမ္းလိုက္ေသးသည္။

႐ုတ္တရက္မို႔ ေမာ့ၾကည့္လာေသာ တိမ္တိုက္၏ ပကတိျဖဴစင္လွေသာ မ်က္ႏွာေလးမွာ ထပ္ၿပီး အသည္းယားစရာေကာင္းေအာင္ ခ်စ္ဖို႔ေကာင္းေနျပန္သည္မို႔။

႐ႊတ္..

မရဲတရဲ ျဖစ္ေနေသာ ပါးေဖာင္းေလးအား ခြန္းေခါင္းေလးေစာင္းကာ ပါးႀကီးနစ္ဝင္သည္အထိ နမ္းရႈတ္လိုက္ျပန္သည္။ ထိုအခါမွာေတာ့ အားနဲ႕နမ္းလိုက္တာေၾကာင့္ ထိုပါးေနရာေလးမွာ ရဲၿပီးက်န္ခဲ့သည္။

စိတ္ေကာက္ေနသည့္ အရွိန္ႏွင့္ ဇြတ္အသားယူေနေသာေၾကာင့္ တိမ္တိုက္ စိတ္ထဲ ေထာင္းခနဲျဖစ္ကာ..

'' ခင္ဗ်ား ေနာ္ ''

'' ဘာ. ဘယ္လို ဘယ္လို ခင္ဗ်ား...ဟုတ္လား ''

တစ္ခါမွ သည္လို သူစိမ္းဆန္ဆန္ မေခၚဖူးတာေၾကာင့္ ခြန္း စိတ္ဆတ္သြားကာ အသံဟာ ခ်က္ခ်င္း တည္သြားၿပီး အလိုမက်မႈ၏ မ်က္ခုံးတန္းတို႔ အလယ္တြင္စုႀကဳံကုန္သည္။ ထို႔ျပင္ မ်က္ႏွာေပၚက အၿပဳံးရိပ္တို႔ဟာလည္း ခ်က္ခ်င္းဆိုသလို ကြယ္ေပ်ာက္ကုန္သည္။

ခြန္းေျပာင္းလဲသြားသည္ကို သိေသာ္လည္း တိမ္တိုက္ မသိခ်င္ေယာင္ေဆာင္ကာ ေပေစာင္းေစာင္းၾကည့္ေပးလိုက္သည္။

ခပ္ေပေပ မ်က္ဝန္းတစ္စုံႏွင့္ စူးရွ ရဲထက္ေနေသာ မ်က္ဝန္းတစ္စုံတို႔ အားၿပိဳင္ေနၾကသည္။ ထိုစဥ္ ခြန္း၏ မာေက်ာခက္ထန္ေနသာမ်က္ႏွာ မွာ တျဖည္းျဖည္း ေျပေလ်ာ့ကာ ၿပဳံးရိပ္သန္းလာသည္။ သို႔ေသာ္ သာမန္အၿပဳံးမဟုတ္ပဲ သားေကာင္ကို ရွာေတြ႕သြားေသာ မုဆိုး တစ္ေယာက္၏ အၿပဳံးမ်ိဴးျဖစ္သည္။
တိမ္တိုက္တစ္ျဖည္းျဖည္း လန့္ကာ အေနာက္ကို တျဖည္းျဖည္း ဆုတ္သြားသည္။

ခြန္းကလည္း ၿပဳံးလ်က္ပင္ တစ္လွမ္းခ်င္း ေရွ႕ကိုတိုးလာသည္။

ဘုတ္!

အေနာက္ကုတင္ေပၚ တိမ္တိုက္ဘုတ္ခနဲက်သြားသည္။ သို႔ေသာ္ ခြန္းက ေရွ႕ကိုတိုးလာၿမဲျဖစ္ကာ ခႏၶာ ကိုယ္ပါ တိမ္တိုက္ အေပၚ ကိုင္းက်လာသည္။ တိမ္တိုက္မွာေတာ့ အေနာက္ကို လက္ျပန္ေထာက္ထားကာ ခြန္းကို ေရွာင္ရသည္။

'' ဟင္းးဟင္းး ''

တကယ့္ကို လူယုတ္မာအသံႀကီးႏွင့္ ခြန္း အံႀကိတ္ကာ တစ္ခ်က္ရီရင္း ကုတင္ေပၚ လက္ေထာက္ခ်လိဳက္သည္။ အခုဆိုလွ်င္ တိမ္တိုက္ ကိုယ္ေသးေသးေလးက ခြန္း၏ ႀကီးမားလွေသာ ကိုယ္ရဲ႕ အုပ္မိုးျခင္းကို အျပည့္အဝ ခံေနရသည္။

'' ဘာ..ဘာ..လုပ္မလို႔လဲ ''

'' သိပ္ဆိုးေနတဲ့ ဒီကေလးကို မွအျပစ္မေပးရင္ ဘယ္ကေလးကိုအျပစ္သြားေပးရမလဲ ဟင္းဟင္းး ''

'' ခင္..ခင္..ခင္ဗ်ား...ဘာလုပ္....အြန့္... ''

'' ႁပြတ္စ္...အု...အြန့္...''

ခြန္း၏ ၾကမ္းတမ္းေသာ အနမ္းတို႔က တိမ္တိုက္၏ ႏႈတ္ခမ္းႏုႏုေပၚ တရစပ္ တိုက္ခိုက္လာေတာ့သည္။ ႏႈတ္ခမ္းတစ္စုံလုံးကို အားျပင္းစြာ စုပ္ယူေနမႈေၾကာင့္ ပန္းေရာင္ ႏႈတ္ခမ္းသားတို႔က နီရဲတြတ္လာသည္။ တိမ္တိုက္၏ လက္တို႔က ခြန္းရင္ဘတ္ကို တြန္းကန္ေလ ခြန္းႏႈတ္ခမ္းတို႔က ပိုမိုအားျပင္းလာေလျဖစ္သည္။

ႏူးညံ့ညင္သာျခင္း တစိုးတစိမွ မရွိပဲ တိမ္တိုက္ ႏႈတ္ခမ္းတို႔အား သတိလက္လြတ္ စုပ္ယူစားသုံးေနမိသည္။ ေမာဟိုက္မႈေၾကာင့္လား ရင္ခုန္မႈေၾကာင့္လား မကြဲျပားပဲ ရင္ဘတ္အစုံ ဟာ ႏွိမ့္ခ်ည္ျမင့္ခ်ည္ ရွိလွသည္။

'' ေမာင္...အြန့္...ေမာင္....လႊတ္..အာ့.... ''

အသက္ရႉခြင့္အနည္းငယ္ရခ်ိန္တြင္ အသက္မရႉပဲ စကားေျပာရန္ ႀကိဳးစားခ်ိန္တြင္ ခြန္း၏ ႏႈတ္ခမ္းသားတို႔က တိမ္တိုက္ ႏႈတ္ခမ္းေတြေပၚ ထပ္မံဖိကပ္ ပြတ္ဆြဲကာ လွ်ပ္တျပက္ ျမင့္တက္လာေသာ စိတ္ခံစားမႈအရ တိမ္တိုက္ ေအာက္ႏႈတ္ခမ္းကို ကိုက္မိကာ ေသြးစေလးမ်ားထြက္လာသည္။

ေသြး၏ ငန္က်ိက်ိ အရသာ ကိုရေသာ္လည္း ခြန္းမွာ ရပ္တန့္သြားျခင္း မရွိပဲ အၿငိဳးႀကီးစြာ နမ္းရွိုက္ေနေတာ့သည္။

ေနာက္ တိမ္တိုက္ လုံးဝ အသက္ရႉၾကပ္လာကာ ခြန္းလက္ေမာင္းေတြကို ထုေတာ့မွ ႏႈတ္ခမ္းကို အလြတ္ေပးေတာ့သည္။ ထိုအခါမွ တိမ္တိုက္လည္း ဘာစကားမွမေျပာနိုင္ပဲ အသက္ကို ဝေအာင္ အရင္ရႉသြင္းေနသည္။ ထိုစဥ္

'' အာ့ ေမာင္...မ..မလုပ္နဲ႕... ဟာ့.... အရာေတြထင္ကုန္မယ္..အား ''

သည္တခါ ခြန္း ႏႈတ္ခမ္းေတြက တိမ္တိုက္၏ ျဖဴေဖြးေနေသာ လည္ပင္းထက္မွာ။ တစ္ေနရာတည္းပဲ ဆြဲယူစုပ္ေနမႈေၾကာင့္ မိနစ္ပိုင္းအတြင္းထိုေနရာမွ နာလာေတာ့သည္။

'' ဟင့္...ေမာင္...နာေနၿပီ ''

တိမ္တိုက္ ရွိုက္သံေလးထြက္လာမွ ခြန္း လႊတ္ေပးလိုက္သည္။ အုပ္မိုးထားမိေသာ ေအာက္က တိမ္တိုက္ေလးကိုၾကည့္ေတာ့ မ်က္ရည္ေလးေတြဝဲကာ ျဖဴေဖ်ာ့ေနသည္။

သူေသာင္းက်န္းလိုက္ေသာ ႏႈတ္ခမ္း တစ္စုံမွာ နီရဲဖူးေယာင္ကာ ေအာက္ႏႈတ္ခမ္းစပ္တြင္ ေပါက္ကာ ေသြးစေလးေတြ ထြက္ေနသည္။ ထို႔ျပင္ လည္ပင္းျဖဴျဖဴထက္၌လည္း မည္မွ် အားပါကာ ၾကမ္းမိေၾကာင္း အနီေရာင္ျဖစ္ရမည့္အစားအညိုေရာင္အကြက္ တစ္ကြက္က သက္ေသျပဳေနသည္။

'' တိမ္တိုက္ႀကိဳး.. ေမာင့္ကိုၾကည့္စမ္း.... ခြန္းမာနေမာင္ ဆိုတဲ့ ဒီကေကာင္ကို ေမာင္ ဆိုတာကလြဲရင္ က်န္တာ ေခၚခြင့္ မင္းမွာမရွိဘူး။ ဘယ္လိုအေျခအေနမ်ိဴးပဲေရာက္ေရာက္ မင္း ေမာင့္ကို ေမာင္လို႔ပဲေခၚရမယ္။ ေနာက္ဆုံး မင္း မိန္းမယူသြားရင္ေတာင္ မင္း.... ေမာင့္ကို  ေမာင္လို႔ပဲ ေခၚ ရမယ္ နားလည္လား။ ''

ခြန္း ေဒါသထြက္ေနေသးေၾကာင္း ခြန္းစကားသံေတြက အသိအမွတ္ျပဳေနသည္။
ျပာက်မတတ္ မ်က္လုံးအၾကည့္စူးစူးေတြႏွင့္ ထြက္က်လာေသာ ေမာင့္ ဩဇာ အာဏာမ်ားက တိမ္တိုက္ကို ရိုက်ိဴးစြာနာခံတတ္ဖို႔ တခါတည္း သင္ေပးေနသည္။

ခြန္း ေဒါသထြက္သည့္ပုံစံကို ပထမဆုံးျမင္လိုက္ရသည္မို႔ တိမ္တိုက္ ခြန္းေအာက္မွာ တုတ္တုတ္မွ် မလႈပ္ရဲေပ။ နီရဲေနေသာ ခြန္းမ်က္လုံးေတြေၾကာင့္လည္း ၾကက္သီးတို႔က တျဖန္းျဖန္း။ ပြင့္အန္လာေသာ ေဒါသအမိန့္သံမ်ားေၾကာင့္ တိမ္တိုက္ တကယ္ ခြန္းကို လန့္ေနသည္။ အၿမဲ သူ႕အေပၚဆို ႏူးညံ့တတ္သူ၏ တျခားတစ္ဖက္ကို ျမင္လိုက္ရ၍ တိမ္တိုက္ တုန္လႈပ္ေနသည္။

'' ေမာင္...ဟင့္...''

စိတ္တို၍ ရဲေနေသာ ခြန္းမ်က္ႏွာေလးကို အသာထိကာ ေခၚၾကည့္ေတာ့မွ ။
ခြန္းအၾကည့္တို႔ ေျပာင္းလဲသြားသည္။

ေစာနက ခက္ထန္ေနေသာ ခြန္းမ်က္ဝန္းတြင္ ႏူးညံ့ျခင္းမ်ားျပန္ဝင္လာသည္။ တင္းထားသည့္ ေမးရိုးတို႔ကိုေျပေလ်ာ့ကာ ခြန္းမ်က္ႏွာတြင္ ၾကင္နာျခင္းမ်ားျပန္ေရာက္လာသည္။

ထိုအခါမွ တိမ္တိုက္ ကိုယ္ေပၚမွ အျမန္ဖယ္သြားၿပီး တိမ္တိုက္ကို ဆြဲထူေပးကာ ကုတင္ေအာက္ ဒူးေထာက္ထိုင္ခ်လိဳက္သည္။ တိမ္တိုက္၏ မ်က္ႏွာအား လက္ႏွစ္ဖက္ျဖင့္ ဖြဖြေလး အုပ္ကိုင္ကာ သူ လြန္မိေသာ ဧရိယာေတြအေပၚ ဖြဖြေလး လိုက္တို႔ ၾကည့္ေနမိသည္။

'' ေမာင္ ေတာင္းပန္ပါတယ္...အရမ္းလန့္သြားလားဟင္ ''

( ေမးတတ္ပဟယ္ တိမ္တိုက္မေျပာနဲ႕ ေရးေနတဲ့ငါေတာင္လန့္တယ္)

'' ..... ''

'' အရမ္းနာေနလားဟင္ ေမာင္ဘာလုပ္ေပးရမလဲ ''

ခြန္းမ်က္ရည္ေတြဝဲကာ တိမ္တိုက္ကို ၾကည့္ရင္း တယုတယ ေမးသည္။

ဘာျဖစ္သြားသလဲ ဆိုတာ သူကိုယ္တိုင္လည္း မသိေတာ့ေခ်။ တိမ္တိုက္ဆီမွ သူစိမ္းဆန္တဲ့ စကားလုံးျဖင့္ ခပ္မာမာ သူ႕ကိုေခၚလိုက္တာေၾကာင့္ စိတ္ေတြထိန္းမရျဖစ္သြားတာပင္။

တိမ္တိုက္ သူ႕အတြက္ သုံးေသာ နာမ္စားကို ေမာင္ တစ္လုံးတည္းသာျဖစ္ေစခ်င္သည္။ မိဘေတြေရွ႕မို႔သာ ကိုခြန္း ဟု မတတ္သာ၍ ေခၚခိုင္းရျခင္းျဖစ္သည္။ ဘယ္လိုေနေန တိမ္တိုက္ဆီမွ ေမာင္ဆိုေသာ နာမ္စားကလြဲရင္ က်န္တာ မၾကားခ်င္။

ကိုယ့္အျဖစ္ကို ေနာင္တရကာ ေခါင္း ေအာက္စိုက္က်သြားသည္။ ဝဲေနေသာ မ်က္ရည္ေတြက မ်က္ဝန္းအိမ္ထဲမွ တိမ္တိုက္ ေျခဖမိုး ႏုႏုေပၚသို႔ ေပါက္ခနဲသြားက်သည္။

'' အလုပ္ေနာက္က်ေတာ့မယ္ ေမာင္... သြားရေအာင္ ....ေမေမလည္းေစာင့္ေနေလာက္ၿပီ။ ေမာင္အကၤ်ီလဲလိုက္ဦး ေနာ္ ''

တိမ္တိုက္ေျပာမွ ကိုယ့္အကၤ်ီကိုယ္ ျပန္ငုံ႕ၾကည့္မိေတာ့ လည္ကတုံး အျဖဴမွာ
တြန့္ေၾကကုန္ၿပီး ရင္ဘတ္တြင္ ၾကယ္သီးႏွစ္လုံး မရွိေတာ့ေပ။ တိမ္တိုက္ ဆြဲရမ္းထားတာေၾကာင့္ ျပဳတ္ထြက္ကုန္တာျဖစ္ၿပီး ထြက္ကာစ တိမ္တိုက္၏ လက္သည္းငုတ္ေလးေတြေၾကာင့္ ခြန္းရင္ဘတ္တြင္ ေသြးစို႔ေနေသာ အစင္းရာမ်ား။

ဒီေလာက္ တိမ္တိုက္ လုပ္ေနတာကို သတိမထားမိေလာက္ေအာင္ ေဒါသစိတ္မႊန္ေနပုံမ်ား..ဩခ်ရေလာက္သည္။

ခြန္း အကၤ်ီ အျဖဴေနာက္တစ္ထည္သြားလဲေနစဥ္ တိမ္တိုက္လည္း ႐ြဲ႕ေစာင္းေနေသာ အကၤ်ီ တို႔ကို ျပန္တည့္လိုက္သည္။ ေနာက္ၿပီး ခြန္းကိုၾကည့္ေတာ့ ၾကယ္သီးတပ္ေနေသာ ခြန္း လက္ေတြက တုန္ေနသည္။ ထို႔ေၾကာင့္ ၾကယ္သီး ေပါက္ထဲ ၾကယ္သီး က မဝင္ပဲ ေခ်ာ္ေခ်ာ္ထြက္ေနသည္။

တိမ္တိုက္ ခြန္းေရွ႕သြားလိုက္ၿပီး တုန္ေနေသာလက္တို႔ကို ဖယ္ေစကာ ၾကယ္သီးေတြကို အေပၚထိတပ္ေပးလိုက္သည္။ ေနာက္ ရင္ထိုးေလးကို ယူကာ ရင္ထိုးပါ လက္ၿငိမ္ၿငိမ္ႏွင့္ တပ္ေပးလိုက္ေသး သည္။ တပ္ေပးၿပီးေတာ့...

'' အိုေက ရၿပီ။ ဒါဆို ကြၽန္ေတာ္ စိတ္ျပန္ေကာက္ေတာ့မယ္ေနာ္ ''

ခြန္းက ဖက္မယ္လုပ္ေတာ့ လက္ကာရင္း ေနာက္ဆုတ္ကာ..

'' လာမဖက္နဲ႕ေလ စိတ္ေကာက္ေနပါတယ္ဆို ဪ ''

'' ဟင္ ဘာကိုေကာက္တာလဲ ေစာေစာက ကိစၥလား အဲ့တာဆို ေမာင္ေတာင္းပန္.....''

'' မဟုတ္ဘူး ဘုရားသြားတဲ့ကိစၥ ေက်ာက္တန္းဘုရားသြားမွာ။ ေမာင္သေဘာမတူမခ်င္း ဆက္ေကာက္မွာ ဒါပဲ ''

ေျပာၿပီး လြယ္အိတ္ဆြဲကာ အခန္းထဲက ထြက္သြားသည္။ ခြန္းလည္း ပုဆိုးျပင္ဝတ္ကာ အိတ္ယူၿပီး လိုက္ထြက္လာသည္။

ေဒၚယုယၿမိဳင္က သားႏွစ္ေယာက္ကို ကားဂိတ္မွာခ်ေပးခဲ့ၿပီး ဆိုင္ကို တန္းသြားသည္။ ႐ုံးခ်ိန္မို႔ ေနရာမရပဲ ႏွစ္ေယာက္ လုံး မတ္တပ္စီးရသည္။ တိမ္တိုက္လည္ပင္းက အမွတ္ႀကီးကို
ပလာစတာျဖင့္ ကပ္ထားသည္။ ထို႔ျပင္ ဖူးေရာင္ေနေသာ ႏႈတ္ခမ္းေၾကာင့္ mask ပါတပ္ထားရသည္။

ေန႕လည္ေလာက္ဆို အေယာင္က်ေလာက္မွာပါေလ....

တိမ္တိုက္ ခြန္းကို တစ္လမ္းလုံးစကားမေျပာသလို အနားလည္း အကပ္မခံပါ ။ သို႔ေသာ္ ျမန္မာနိုင္ငံ ရဲ႕ YBS ေတြက ထုံးစမ္းအတိုင္း ျပည့္က်ပ္ေနတာမို႔ ခြန္း ရင္ခြင္ထဲေရာက္ေရာက္သြားတတ္သည္။ တိုးေဝွ႕ေနေသာ လူေတြၾကား ခြန္းရင္ခြင္ထဲေနရတာ မဆိုးေတာ့မဆိုးေပ။ လူတိုးတာသက္သာသည္။ အေရွ႕မွာေနၿပီး ခြန္းက ကာထားသျဖင့္ ေအးေအးေဆးေဆးပင္။ စိတ္ေကာက္တာက ေကာက္တာပင္ လူသက္သာဖို႔ကအေရးႀကီးသည္ေလ။

မွတ္တိုင္အတူဆင္းေတာ့ ခြန္းကို တစ္ခ်က္ေတာင္လွည့္မၾကည့္ပဲ အလုပ္ကို ေလွ်ာက္သြားသည္။

ခြန္းလည္း မွားထားတာေတြမ်ားေနၿပီမို႔ ထပ္မဆူရဲေတာ့ေပ။ ဒါကို အခြင့္ေကာင္းယူကာ ဆက္ေသာဖုန္းေတြကိုလည္း မကိုင္သလို ။ မက္ေဆ့ခ်္ေတြလည္း စာမျပန္ေတာ့ေခ်။ ညေန ေက်ာင္းဆင္းေတာ့ တိမ္တိုက္တို႔ အလုပ္ေရွ႕ရွိ အပင္ရိပ္ေအာက္က အုတ္ခုံေလးမွာ သြားထိုင္ေစာင့္ေနလိုက္သည္။ ႐ုံးဆင္းဖို႔လိုေသးသည္မို႔ စာအုပ္တစ္အုပ္ထုတ္ကာ ထိုင္ဖတ္ေနလိုက္သည္။ စာထဲအာ႐ုံေရာက္ေနတာမို႔ ေဘးက ျဖတ္သြားတဲ့လူေတြကိုလည္း ဂ႐ုမစိုက္မိေပ။

စာအုပ္တစ္ဝက္ေလာက္က်ိဴးခ်ိန္တြင္ နာရီၾကည့္လိုက္ေတာ့ ႐ုံးဆင္ခ်ိန္အတိပင္။ ႐ုံးေပါက္ဝတြင္ လူတစ္ခ်ိဴ႕ထြက္လာေသာ္လည္း သူ႕တိမ္တိုက္ကို မေတြ႕ ဘယ္ညာ မ်က္စိကစားၾကည့္ေတာ့ မွ အေကာင္ေပါက္က အလုပ္ဆင္းတာကို လာမေျပာပဲ သူတစ္ေယာက္ထဲ ျပန္ေနသည္။ ေရွ႕ေတာင္ ေတာ္ေတာ္ေရာက္ႏွင့္ေနၿပီ။

လူတစ္ေယာက္လုံးထိုင္ေနတာကို မေတြ႕စရာအေၾကာင္းမရွိေပ။ ဒါသက္သက္ ေတြ႕ရက္သားႏွင့္ မေခၚတာျဖစ္သည္။ ခြန္းလည္း စာအုပ္ကိုအျမန္သိမ္းကာ အေနာက္က အျမန္လိုက္ရေတာ့သည္။

'' ဟိတ္ ခ်ာတိတ္ အတူျပန္မယ္ေလ ''

'' မျပန္ပါဘူး ကိုယ့္ဘာသာျပန္ ''

မနက္က ၾကမ္းထားေသာ ႏႈတ္ခမ္းပါးေလးမွ ကပ္ကပ္လန္ေအာင္ ျပန္ေျပာေနေတာ့သည္။ အေယာင္က်သြားေတာ့ mask ခြၽတ္ထားပုံရကာ ႏႈတ္ခမ္းေအာက္ကေတာ့ ေပါက္ေနသည္ကိုေတာ့ ထင္ထင္ရွားရွားျမင္ရသည္။

'' စိတ္မေကာက္ပါနဲ႕ေတာ့ကြာ မုန့္ဝယ္ေကြၽးမယ္ေလ ''

'' ဒီမွာ ေမာင္ ကြၽန္ေတာ္က မုန့္ေပးၿပီး ေခ်ာ့ရမယ့္အသက္အ႐ြယ္ကို ေက်ာ္သြားၿပီ ''

'' ဒါဆို ေမာင္ဘယ္လိုေခ်ာ့ရမလဲ ''

'' ေက်ာက္တန္းဘုရားလိုက္ပို႔လိုက္ေလ ရွင္းရွင္းေလးဟာကို ''

'' မရလို႔ပါကြာ တျခားဟာေျပာ ''

'' ဒါဆို ေမာင္ ေသခ်ာနားေထာင္...အခု ကြၽန္ေတာ္ ဒီပလာစတာကို ခြာလိုက္မယ္ ၿပီးရင္ ေမာင့္လက္ကိုတြဲၿပီး အိမ္ထိေလွ်ာက္မယ္။ ဘယ္လိုလဲ........ ေမာင္သေဘာတူရင္ စိတ္ဆိုးေျပမယ္ ''

မတူနိုင္မွန္းသိသည္မို႔ သက္သက္ေမးလိုက္ျခင္းပင္။ ခြန္းက အျဖဴအစိမ္းဝတ္ထားသည့္အျပင္ ေဘးက တြဲထားေသာ လက္ပိုင္ရွင္ေကာင္ေလးရဲ႕ လည္ပင္းမွာ လူျမင္မေကာင္းသည့္ အညိုကြက္ႀကီးကိုေတြ႕မည္ဆိုလွ်င္ ခြန္း နဲ႕ သူနဲ႕ဟာ က်ိန္းေသေပါက္ အတြဲဆိုတာကို သိၾကလိမ့္မည္။ ထို႔ျပင္ ခြန္းကိုပါ
အၾကည့္စိမ္းေတြနဲ႕ ဝိုင္းၾကည့္ၾကဦးမည္။ သူလုပ္ထားတဲ့အမွတ္က ေသးေသးေကြးေကြးမွ မဟုတ္ပဲ။

ေမာင့္ရဲ႕ သိကၡာနဲ႕ အလဲအထပ္လုပ္ၾကည့္လိုက္တာပါ....
ေမာင္ေ႐ြးမွာ ကြၽန္ေတာ္ လား ေမာင့္သိကၡာ လား....

သည္အေျဖကို အျပင္လူခန့္မွန္းရင္ေတာင္ ဒီေ႐ြးခ်ယ္မႈက ဒြိဟျဖစ္ေနနိုင္ေသာ္လည္း တိမ္တိုက္ႀကိဳးသာ ခန့္မွန္းမည္ဆိုလွ်င္ အေျဖက တစ္ခုတည္းပင္။

အဲ့ဒါ ေမာင့္ သိကၡာေပါ့....ဘယ္ေသာအခါ ျဖစ္ျဖစ္ ေမာင့္အေျဖက ေမာင့္သိကၡာေတြ ေမာင့္မာနေတြ ေမာင့္အတၱေတြၾကားမွာသာ ရွင္သန္တယ္ေလ။

ထင္တဲ့အတိုင္းပင္ ခြန္းက တစ္ခြန္းမွ မဟေတာ့ပဲ တိတ္တိတ္ေလးသာေဘးကလိုက္ခဲ့ေတာ့သည္။

တိမ္တိုက္ကေတာ့ ေအာင္နိုင္သူလို မဲ့ၿပဳံးႀကီးၿပဳံးလ်က္ေပါ့။

ေမာင္ ေတြေဝပါေစ ။ ေမာင္ အားနာပါေစေပါ့။
အၿမဲ အေလ်ာ့ေပးေနရတဲ့ ဒီလူ႕ကို တစ္ခဏပဲျဖစ္ျဖစ္အနိုင္ေလးေပးပါဦးလား။

အျပန္ ကားေပၚေတာက္ေလွ်ာက္လည္း ခြန္း တမွိုင္မွိုင္ႏွင့္လိုက္ပါခဲ့သည္။

အက်င့္ပုတ္ႀကီး ခံေလဦးေတာ့ ဟု စိတ္ထဲေတြးကာတိမ္တိုက္ ညစ္ေနသည္။
ခြန္းစိတ္ကို နားအလည္ဆုံးမို႔ ဘယ္လိုႏွိပ္စက္ရမလဲ ေကာင္းေကာင္းသိသည္။

ညဘက္ ထမင္းဝိုင္းေရာက္တဲ့အထိ ခြန္း မ်က္ႏွာ မေကာင္းေသးေပ။ တိိမ္တိုက္ကေတာ့ အနည္းငယ္ေပ်ာ္ေနသည့္ပုံ ေပါက္ေနသည္ ။ ဒါကို သတိထားမိေသာ ေဒၚယုယၿမိဳင္ က

'' သားငယ္ ...ငါ့သားႀကီးကို မင္း ဘာေတြဒုကၡေပးထားလဲ ဟမ္ '''

'' ေပါက္တက္ကရေတြ ခြန္မယ့္ရယ္ မယ့္သားကို လက္ဖ်ားနဲ႕ေတာင္မတို႔ဘူး ''

ထမင္းစားေနရင္း တိမ္တိုက္ လက္ကာ ကာ အတင္းျငင္းေလသည္။

'' ဘာမွ မျဖစ္ပါဘူး အေမ....သား ေခါင္းနည္းနည္းကိုက္ေနလို႔ပါ ''

'' ေဟ ဟုတ္လား ထမင္းစားၿပီးရင္ ေမ့ဆီ ေဆးလာယူ ခ်ည္း ''

'' ဟုတ္ ''

ေဒၚယုယၿမိဳင္ တို႔ေျပာသည့္စကားမ်ားကို သံေယာင္လိုက္ကာ တိမ္တိုက္ ႏႈတ္ခမ္းတလႈပ္လႈပ္နဲ႕ ေရွ႕က သားအမိႏွစ္ေယာက္ ကိုစေနသည္။

ထမင္းစားၿပီးေတာ့ ေဒၚယုယၿမိဳင္ က တီဗြီ သြားၾကည့္ေနကာ ခြန္းတို႔ ႏွစ္ေယာက္က အခန္းထဲ ျပန္ဝင္လာခဲ့သည္။ တိမ္တိုက္ကေတာ့ ေလေလးတခြၽန္ခြၽန္လုပ္ကာ ဂိမ္းေဆာ့ေနၿပီး ခြန္းကို အဖတ္မလုပ္ေခ်။

'' ေမာင္ ေခါင္းကိုက္လို႔ဆို ေဆးသြားယူေလ ''

မ်က္ႏွာသိုးႀကီးႏွင့္ စာကုန္းၾကည့္ေနေသာခြန္းကို တိမ္တိုက္ အိပ္ရာေပၚက လွမ္းေျပာလိုက္သည္။

ခြန္းလည္း ဘာမွျပန္မေျပာပဲ ထကာ ေဒၚယုယၿမိဳင္ ဆီသြားလိုက္သည္။ အခုခ်ိန္တြင္ ခြန္းဟာ အသက္မပါသည့္စက္႐ုပ္တစ္႐ုပ္လိုျဖစ္ေနသည္။

တိမ္တိုက္လည္း တျဖည္းျဖည္း သနားလာၿပီမို႔ ျပန္ေခၚရန္ ဆုံးျဖတ္လိုက္ေတာ့ သည္။

ေမာင့္ကို အနိုင္ယူရတာ ထင္သေလာက္လည္း ေပ်ာ္ဖို႔မေကာင္းပါေလ။

ေတာ္ေတာ္နဲ႕ ျပန္ဝင္မလာေသာ ေၾကာင့္ ခြန္းေနာက္ လိုက္သြားၾကည့္သည္။ ဧည့္ခန္းတြင္ မရွိတာေၾကာင့္ ေဒၚယုယၿမိဳင္ အိပ္ခန္းထဲသြားေခ်ာင္းေတာ့ သူ႕ခ်စ္ေမေမက ကုတင္ေပၚတြင္ အႏွိပ္ခံကာ ဇိမ္ယူေနေလသည္။

'' တိမ္တိုက္ လာစမ္း ေမ့ကို ေျခေထာက္ေလး လာႏွိပ္ေပး။ ''

ခြန္းကဇက္ေၾကာဆြဲေနသည္မို႔ ေဒၚယုယၿမိဳင္ တိမ္တိုက္ကို ေျခေထာက္ဆင္းေပးကာ ဝင္ႏွိပ္ေစခ်င္သည္။ တိမ္တိုက္လည္း ကုတင္ေပၚ တပလႅင္ေခြ ဝင္ထိုင္ကာ ႏွိပ္ေပးေနသည္။ အားမရွိသူမို႔ တိမ္တိုက္ႏွိပ္ေနသည္ကို ခံရတာ ေျခေထာက္ေပၚ ပု႐ြတ္ဆိတ္ေျပးေနသလိုေတာင္ ခံစားရသည္။

သို႔ေသာ္ တိမ္တိုက္ ေျခစုပ္လက္နယ္ ျပဳစုသည္က ခပ္ရွားရွားမို႔ ေဒၚယုယၿမိဳင္အသာေလးၿငိမ္လိုက္သည္။

သူမက အခုမွ သားႏွစ္ေယာက္ႏွင့္အဆင္ေျပေနေတာ့သည္။ တစ္ေယာက္က ဇက္ေၾကာဆြဲေပးသလို တစ္ေယာက္ကလည္း ႏွိပ္ေပးေနေသးသည္။

သားႏွစ္ေယာက္ေမြးခဲ့ရင္ ေကာင္းသား ဟုေတာင္ေတြးေနမိေလသည္။

'' အေမ့ ေက်ာက္တန္းဘုရားက ရာဇဝင္ရွိတယ္မလား ဘာလုပ္ရင္ ဘာျဖစ္မယ္ဆိုတာမ်ိဳးေလ ''

ခြန္းက ႏွိပ္ေနရင္း ထေမးသည္။ ေက်ာက္တန္းဘုရား နာမည္လည္းၾကားေရာ တိမ္တိုက္ခါးက မတ္ခနဲ။

'' ေအး ရွိတယ္ေလ ခ်စ္သူ ရည္းစား ေတြဘာေတြသြားရင္ ကြဲတတ္တယ္တဲ့ ''

'' အဲ့ဒါ တကယ္လား အေမ ''

'' အယ္ အဲ့ ဒ႑ာရီ ကက်ေတာ့ မွန္တဲ့သူက် မွန္တယ္။ ဒါေပမယ့္ မွားတဲ့သူက်မွားတယ္။ ဒီလိုေလ...ေက်ာက္တန္း ဘုရားသြားၿပီးတဲ့ေနာက္ ကြဲသြားတဲ့ ခ်စ္သူစုံတြဲေတြရွိသလို အိမ္ေထာင္ေတြက်ၿပီး ကေလး သုံးေလးေယာက္ေတာင္ ေမြးၿပီးတဲ့ လူေတြလည္းရွိပါတယ္။ အာ့ေၾကာင့္ ဒီဒ႑ာရီက အၿမဲမမွန္တတ္ဘူး။ ဒါမဲ့ အေမ့ အေတြ႕အႀကဳံ ထဲကဆိုရင္ေတာ့ ျပတ္သြားတာမ်ားတယ္။ ေမ့ သူငယ္ခ်င္း ေတြထဲမွာ အဲ့လိုအတြဲေတြရွိတယ္။ ခ်စ္ေနၾကတုန္းကအေကာင္း ေက်ာက္တန္းဘုရား သြားၿပီးမွ ျပသာနာေတြတက္ၿပီး ကြဲသြားၾကတာမ်ိဴး။ ''

'' သားေတာ့ မယုံပါဘူး အဲ့ဒါေတြက ၿပီးခဲ့တဲ့ ဒ႑ာရီ ပုံျပင္ သက္သက္ပဲ ''

ေဒၚယုယၿမိဳင္ ရွင္းျပေနတုန္း တိမ္တိုက္က ဆတ္ခနဲ ဝင္ေျပာသည္။ အခုမွပင္ ခြန္း လိုက္မပို႔သည့္အေၾကာင္းရင္းကို ဂဃနဏ သိေတာ့သည္။

သို႔တစ္ၿပိဳင္နက္ စူးစမ္းတတ္ေသာ တိမ္တိုက္ႀကိဳးပီပီ ထိုဘုရားကို ခြန္းႏွင့္အေရာက္သြားရန္ ဆုံးျဖတ္လိုက္ေတာ့သည္။ ကြဲၾကသည္ ဟူေသာ အဆိုကို လက္မခံခ်င္။

လူႏွစ္ဦးရဲ႕ ခ်စ္ျခင္းက သည္ဘုရားေၾကာင့္ ေျပာင္းလဲသြားရမွာတဲ့လား။ အဓိပ္ပါယ် မရွိဘူးဟုဆိုကာ စမ္းသပ္ရန္ဆုံးျဖတ္လိုက္သည္။

ခြန္း သူ႕ကိုဘယ္ေလာက္ ခ်စ္လဲဆိုတာလည္း သူသိသလို...ခြန္းကို သူ ဘယ္ေလာက္ခ်စ္ေၾကာင္းကိုလည္း အာမခံနိုင္သည္။ ထို႔ေၾကာင့္ သည္ ဒ႑ာရီ ကို ေျပာင္းျပန္လွန္ပစ္ရန္ တိမ္တိုက္ႀကိဳးစားေတာ့သည္။

ေဒၚယုယၿမိဳင္ကို ႏွိပ္ေပးၿပီး ႏွစ္ေယာက္သား အခန္းျပန္ခဲ့ၾကသည္။ အခန္းထဲေရာက္ေတာ့ ခြန္းက ၾကည့္လက္စ စာကိုဆက္ၾကည့္ေနသည္။ စိတ္ေကာက္ေနပါတယ္ ဆိုေသာ တိမ္တိုက္ကို လုံးဝမေခ်ာ့ေသးေပ။ မနက္ျဖန္ Presentation အတြက္ သာ အသည္းအသန္ၾကည့္ေနသည္။

အခန္းထဲ ႏွစ္ေယာက္ ထဲရွိတာေတာင္ လာမေခ်ာ့သည့္ခြန္းေၾကာင့္ တိမ္တိုက္ နည္းနည္းေတာ့ စိတ္အခ်ဥ္ေပါက္သြားသည္။ သို႔ေသာ္ ဒီည ဘုရားသြားဖို႔ ခြင့္ျပဳခ်က္ရေရး သူ႕အေရးျဖစ္ေနသည္။

ေျခာက္ေျပာ၍ မရမွေတာ့ ေခ်ာ့ေျပာရန္ တိမ္တိုက္ဆုံးျဖတ္လိုက္သည္။ ဘယ္နည္းနဲ႕ပဲျဖစ္ျဖစ္ သူ႕စမ္းသပ္ခ်က္ကို လုပ္ရမည္။ စမ္းသပ္သည္ဆိုတာထက္ ႏွစ္ေယာက္ၾကားက ခိုင္ၿမဲေသာခ်စ္ျခင္းတရားကိုသက္ေသထူခ်င္ေနတာလည္း ျဖစ္ေကာင္းျဖစ္နိုင္သည္။

ခြန္းနား မ်က္ႏွာငယ္ေလးႏွင့္ သြားရပ္ေနလိုက္သည္။

တိမ္တိုက္မာယာေတြထုတ္သုံးေတာ့မွာမို႔....လိုက္မွတ္ၾကေလာ့။

တိမ္တိုက္နည္းတူ သိပ္မၾကည္လင္ေသာ ခြန္းမ်က္ႏွာကလည္း အသာေမာ့လာကာ တိမ္တိုက္ကို ေမးေငါ့ျပသည္။

'' ထိုင္မို႔ ''

ခြန္းေပါင္ေပၚ ၾကည့္ကာ အသံတိုးတိုးေလးႏွင့္ ခ်စ္စရာေကာင္းေအာင္ေျပာသည္။

ခြန္း သေဘာေပါက္ သြားကာ ထိုင္ခုံကို အေနာက္ နည္းနည္း ဆုတ္လိုက္ေတာ့
အေကာင္ေပါက္ေလးက ေပါင္ေပၚခြထိုင္ကာ ရင္ခြင္က်ယ္ထဲ မ်က္ႏွာအပ္ထားသည္။ ေခါင္းေလးကို တိုးကာ တိုးကာျဖင့္ အတင္းတိုးဖက္လိုက္ေသးသည္။

'' စိတ္မေကာက္ေတာ့ဘူးလား ''

အုန္းမုက္ခြက္ ေလးကို သပ္ေပးရင္ ေမးၾကည့္သည္။ ႐ုတ္တရက္ အနားကပ္ကာ ခြၽဲေနေလသူေၾကာင့္ ခြန္း ဘာမွ နားမလည္ေတာ့ေပ။

'' ေကာက္ေတာ့ေရာ ေမာင္က ေခ်ာ့လို႔လား ။ ''

'' ဒီစာဖတ္ၿပီးရင္ လာေခ်ာ့မလို႔ပါပဲကြာ... ''

'' ေမာင္က ကြၽန္ေတာ့္ကို ဂ႐ုလည္း မစိုက္ဘူး ဟင့္... .''

တိမ္တိုက္ ရင္ခြင္ထဲကေန ရွိုက္သံေလးလႊတ္လိုက္သည္။ တကယ္ ငိုေနတာေတာ့မဟုတ္ေပ။

ရွိုက္သံထြက္လာတာေၾကာင့္ ရင္ဘတ္ကမ်က္ႏွာကို ယူၾကည့္မယ္လုပ္ေတာ့ အေကာင္ေပါက္ ကအၾကည့္မခံပဲ ေအာက္သို႔သာ ငုံ႕ၿပီး ဖက္ထားသည္။

'' မဟုတ္ပါဘူး ကြာ ''

'' ဟင့္ ေမာင္ မခ်စ္ေတာ့ဘူးမလား ''

'' ဟာ ခ်စ္တာေပါ့ ေမာင္ မင္းကိုသိပ္ခ်စ္တာေပါ့ကြာ ''

'' အဲ့ဒါဆို ေမာင္က ဘာလို႔ ကြၽန္ေတာ္နဲ႕ ေက်ာက္တန္းဘုရားကို မသြားရဲတာလဲ ''

'' အဲ့တာက မဆိုင္ဘူးေလကြာ အဲ့ဘုရားက နတ္ႀကီးတယ္ ကေလးရဲ႕ ''

'' ေမာင္ကလည္း အဲ့နတ္ထက္ ကြၽန္ေတာ္တို႔အခ်စ္က ပိုႀကီးနိုင္တယ္မထင္ဘူးလား ''

'' ဟင္း... မေတာ္လို႔ တစ္ခုခုလြဲေခ်ာ္သြားရင္ ဘယ္လိုလုပ္မလဲ တိမ္တိုက္ရယ္ ေမာင္ မင္းကို အထိခိုက္မခံနိုင္တာ မင္းသိသားနဲ႕ ''

'' ဘာမွမျဖစ္ပါဘူး ေမာင္ရယ္ သြားရေအာင္ေနာ္ ''

ေျပာရခက္လိုက္တာ ကေလးရယ္။ ဒ႑ာရီ ေတြဟာ ပုံျပင္တစ္ပုဒ္ထက္ပိုေလးနက္ေၾကာင္း မင္းသိေအာင္ဘယ္လိုရွင္းျပရမလဲ။

အကယ္၍ ဒ႑ာရီ က ကိုယ္တို႔ႏွစ္ေယာက္အေပၚသက္ေရာက္လာခဲ့ရင္ကိုယ့္ထက္ အထိနာမွာ ဒီကေလး ျဖစ္ေနသည္။ ကိုယ္က ႀကိတ္မွိတ္ခံနိုင္ေသာ္လည္း ဒီကေလးက ေရာဂါႏွင့္ ....မခံနိုင္လို႔မ်ား တစ္ခုခုျဖစ္သြားရင္ လိုက္ပို႔မိတဲ့ ကိုယ့္ကိုယ္ကို
အဆုံးထိခြင့္လႊတ္နိုင္မွာမဟုတ္ဘူးရယ္။
ဒီကေလး ဘယ္ေလာက္ခ်စ္ေၾကာင္း သြားခဲ့ရသည့္ ေဆး႐ုံ အေခါက္ေရကလည္း ၫႊန္ျပေနေသးသည္။

ဒီကေလးက ကိုယ္နဲ႕ ပတ္သက္လာရင္ ကိုယ့္စိတ္ကို အၿမဲနားလည္ေနတတ္ကာ
Emotional အရလည္း ကိုယ္နဲ႕ပတ္သက္လာလွ်င္ တစ္ဖက္စြန္းေရာက္ေရာက္သြားတတ္ေသး သည္။ ဒါကိုစိတ္ပူေနတာျဖစ္ၿပီ။ ဒီကေလးကေတာ့ သြားခ်င္တာပဲသိေနေတာ့သည္။

'' ဒီလိုလုပ္မလား ေမာင္လိုက္ပို႔ေပးမယ္ ။ ဒါမဲ့ ဟိုဘက္ကမ္းကို ကေလးတစ္ေယာက္တည္း သြားဖူးလိုက္ ''

'' ဟာ ေမာင္ကလည္း ခ်စ္သူနဲ႕သြားပါတယ္ဆိုမွ တစ္ေယာက္တည္း ဘုရားသြားဖူးၿပီးဘာလုပ္ရမွာလဲ ''

'' အဲ့တာဆိုလည္း တျခားဘုရားပဲ သြားရေအာင္ ကေလးရယ္....ေမာင္ကံၾကမၼာကို မယုံၾကည္ဘူး ''

'' ဒါဆို ကြၽန္ေတာ့္ကို ယုံ...ကြၽန္ေတာ့္ကို ယုံလိုက္...''

'' ဇြတ္ပါလားကြာ ''

မရမခ်င္း ေျပာေနမည့္ပုံေပါက္ေနေသာ တိမ္တိုက္ေၾကာင့္ ခြန္းေခါင္းခဲရေတာ့သည္။

'' ေမာင့္....ေနာ္လို႔...ေနာ္...ေနာ္...ဒါေနာက္ဆုံးေတာင္းဆိုျခင္းပဲ ေနာက္အခါေတြက် ေမာင့္စကားနားေထာင္မယ္ေလ...ဒီတစ္ခါပဲ လိုက္ေလ်ာေပး... ေနာ္လို႔ ''

''......''

'' အာဘြားေပးမယ္ေလ...အူး......မြ လိုက္ပို႔ေနာ္ ''

ပါးတစ္ဖက္ကို အၾကာႀကီး ဖိနမ္းကာ အသံေတာင္ ထြက္ျပလိုက္ေသးသည္။
သို႔ေသာ္ ခြန္းက မလႈပ္...

'' အူး...မြ...အူး...မြ...မြ...မြ...မြ ''

ပါးကို ဘယ္ျပန္ညာျပန္နမ္းကာ တမြမြလုပ္ေနသည္။ ေခါင္းကို သူ႕လက္ေသးေသးေလးေတြႏွင့္ကိုင္ထားသျဖင့္ ေရွာင္လို႔ကလည္းမရ။

'' ရၿပီ ရၿပီ...ေမာင့္ကိုၾကည့္ဦး ''

တိမ္တိုက္ ေခါင္းကို လက္ႏွင့္တည့္လိုက္ၿပီး သူ႕အားေသခ်ာၾကည့္ေစသည္။

'' ေသခ်ာၿပီလား..''

'' အင္း ''

တိမ္တိုက္ကေတာ့ ယုံၾကည္ခ်က္အျပည့္ျဖင့္ ေခါင္းႀကီးၿငိမ့္ျပကာ အဆုံးမွာ သြားတက္လွလွေလးထုတ္ျပကာ ဆြဲေဆာင္လိုက္ေသးသည္။

မို႔တက္သြားေသာ ပါးေဖာင္းေဖာင္းႀကီးကို ခြန္းအသည္းယားကာ ကုန္းကိုက္ေတာ့သည္။

'' အားး.ေမာင့္... မတရားမလုပ္နဲ႕ ေမာင္ဒီေန႕ မ်ားၿပီ ''

'' ဟုတ္လား.. ဒါနဲ႕ မနက္က ေတာ္ေတာ္လန့္သြားလား ''

'' အင္း အရမ္းပဲ..... ကြၽန္ေတာ္က..ဂင္းနစ္စံခ်ိန္ေတာင္ တင္ၿပီ မွတ္ေနတာ အနမ္းခံရလြန္ၿပီး ေသတဲ့ မသာ ဆိုၿပီး ဟားးဟားး ''

သူဘာသာေျပာၿပီး တိမ္တိုက္ သေဘာက်စြာ အားရပါရ ရီေနေလသည္။
တတ္လည္းတတ္နိုင္သည့္ေပါက္စေလးပါေလ။

..........................

19.5.2022

A / N - ေရလည္ဘုရား ရာဇဝင္က အေပၚမွာ ေဒၚယုယ ေျပာခဲ့သလိုပါပဲ။ ကိုယ့္ ကိုယ္ပိုင္ အေတြးနဲ႕ ခ်င့္ခ်ိန္စဥ္းစားလို႔ရပါတယ္။

အထူးသတိေပးခ်င္တာက ဒ႑ာရီ ေတြ ရာဇဝင္ေတြ ဆိုတာမ်ိဴးက မယုံသည့္တိုင္ ပ်က္ရယ္ေတာ့ မျပဳမိၾကဖို႔ပါပဲ။ ၿပီးေတာ့ တိမ္တိုက္လိုမ်ိဴး စမ္းခ်င္႐ုံသက္သက္ေတာ့ သြားမဖူးပါနဲ႕။ အဲ့ဒါက ဒ႑ာရီ ကို ပ်က္ရယ္ျပဳခ်င္းတစ္မ်ိဴးပါပဲ။ အဆုံးမွာ ရလဒ္မေကာင္းနိုင္ပါဘူး။ ( ကိုယ္ေတြ႕)

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

467K 18.9K 58
Season (1) BL M-preg အာဏာစက်သျှား×ဒီပါလွှမ်းခေတ် "မောင်က ဒုက္ခခံစားနေရချိန် ကိုယ်ကတော့သုခဘုံမှာစံမြန်းမနေချင်ဘူး မောင်ရယ်။ငရဲလားရင်တောင်အတူလိုက်ခဲ့မယ...
223K 13.8K 39
My priority /property/privacy
434K 31.1K 36
ချစ်မိလာသောမနက်ဖြန်သည် ချစ်၍မုန်းခဲ့သည်၏ အပိုင်းဆက် S2 ဖြစ်ပါသည်။
202K 10.3K 43
{UNICODE} ကျွန်‌တော့်ကမ္ဘာထဲမှာကျွန်‌တော့်၀မ်းနဲ့ လွယ် ထားရတဲ့သားလေးရယ် ကျွန်တော်ရယ်ရှိရင် ပြည့်စုံနေပါပြီ။ လ...