ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book...

By Shi_Sheng

137K 18.9K 437

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်း... More

မိတ်ဆက်နှင့် အညွှန်း
(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ
(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ
(၁၉၂) လင်အိမ်တော်ရဲ့သမီးလက်ထပ်လေပြီ
(၁၉၃) မင်းသားလေး မွေးလာ
(၁၉၄) စစ်ဖြစ်လေပြီ
(၁၉၅) ဇာတ်လိုက်မင်းသမီးအဖြစ် လျှောက်ရတဲ့ ခရီးလမ်းက ပန်းခင်းလမ်း ဟုတ်မနေဘူး
(၁၉၆) မြင်းတွဲဗျူဟာ
(၁၉၇) ဓားပြတွေ၊ မိန်းကလေးတွေကို ထားခဲ့
(၁၉၈) ဓားပြတွေကို ရိုက်
(၁၉၉) ယခင်က အသိအကျွမ်း၊ အကူအညီ တောင်းစရာရှိ
(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း
(၂၀၁) စစ်ရေး အကြံပေးကို လုပ်ကြံ
(၂၀၂) ရဲရင့်ပြောင်မြောက်စွာတိုက်ခိုက်သော တိုက်ပွဲ
(၂၀၄) သနားစရာကလေးငယ်
(၂၀၅) ဆန်ကုန်မြေလေး၊ ဘယ်နေရာမှ အသုံးမကျ
(၂၀၆) ကျွန်မ မသေခင်ရှင့်ဖို့ပေးတဲ့လက်ဆောင်
(၂၀၇) လင်မယား နောက်ဆုံးတော့ ပြန်တွေ့ပြီ
(၂၀၈) စစ်သားတွေကိုလေ့ကျင့်၊ ဇနီးမောင်နှံတစ်သားတည်း
(၂၀၉) မမ...! တူတူ အိပ်ရအောင်...!
(၂၁၀) ခွက်တွေကိုခွဲပစ်တဲ့ စစ်ဗျူဟာမှူး
(၂၁၁) တိုက်ပွဲကြီး၊ မြင်းတွဲဗျူဟာခင်းပုံကို ဖြိုခွဲ အနိုင်ယူ
(၂၁၂) ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ ဇာတ်လိုက်မ
(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ
(၂၁၄) အပြစ်ပေးခြင်း၊ ဇနီးမောင်နှံမျှဝေခံစား
(၂၁၅) ပြစ်ဒဏ်ကို မျှဝေခံစား
(၂၁၆) အိပ်ယာကိုမီးရှို့
(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း
(၂၁၈) ကွာရှင်းစာချုပ်
(၂၁၉) ယမ်းမှုန့် ဖန်တီးထုတ်လုပ်
(၂၂၀) ဗုံးများ
(၂၂၁) ပဒိုင်းညို
(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု
(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ
(၂၂၄) ဂြိုလ်ဆိုးဝင်၊ ဗျူဟာထဲက ဗျူဟာများ
(၂၂၅) ချန်ထောက်၏ သေခြင်း
(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ
(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး
(၂၂၈) အံ့အားသင့်၊ မာနကြီးကြီး ဝိဉာဥ္ကူးလာတဲ့မိန်းမ
(၂၂၉) ကြာပန်းဖြူနဲ့ မင်းသမီးရူးပြိုင် ဘယ်သူနိုင်
(၂၃၀) ယွီခွမ်းတဖြည်းဖြည်းအရည်ပျော်လာ
(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု

(၂၀၃) နေရာတကာမှာ ရှိနေနိုင်တဲ့ ဇာတ်လိုက်

2.7K 459 6
By Shi_Sheng

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၀၃) နေရာတကာမှာ ရှိနေနိုင်တဲ့ ဇာတ်လိုက်မ

'ကောင်းရောပဲ၊ နောက်ဆုံးတော့ ငါ့ခေတ်ကို ပြန်လို့ရတော့မှာလား...! လုံဟန့်၊ ကျွန်မတို့သားလေးကို ကောင်းကောင်းစောင့်ရှောက်ပေးရမယ်နော်၊ အပူသည်ကြီးဖြစ်ပြီး စိတ်လေမသွားနဲ့... အဲ့သလိုဆို ကျွန်မ ရှင့်ကို ခွင့်မလွှတ်တော့ဘူး' သူမ အတွေးထဲမှာ နောက်ဆုံးနှုတ်ဆက်စကားမျိုး ရေရွတ်တွေးတောပြီးတဲ့နောက်မှာ မျက်လုံးတွေသာ မှိတ်ထားလိုက်ချင်တော့တယ်။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိ၊ အဲ့ဒီမျက်ခွက်ကြီးရှေ့မှာ အရှုံးပေးလိုက်တဲ့ ပုံစံမျိုး မပြချင်ဘူး။ ဒါကြောင့်မို့ မျက်တောင်တောင် မခတ်တော့ဘဲ သူ့ကို ပြူးကြည့်နေလိုက်တော့တယ်။ သူမရဲ့ နှုတ်ခမ်းစွန်းတွေကလဲ လှောင်ပြုံးအဖြစ် တဖြည်းဖြည်းချင်း ကော့တက်လာလေတယ်။

"မင်း... မကြောက်ဘူးလား"

"ကြောက်တာပေါ့၊ ဘာလို့ မကြောက်ဘဲ နေရမှာလဲ"

ကိုယ် ကြောက်တဲ့အကြောင်း​ ဝန်ခံပြောတာတောင် အကြောက်တရားမရှိပုံ ပေါက်တဲ့လူမျိုးကို အမိန့်ပေး စစ်သူကြီး တစ်ခါမှ မတွေ့ဖူးဘူး။ သူ သိပ်ပြီး အံ့သြသွားမိတော့တယ်။ သူ ရယ်လေတယ်။ "မင်း တကယ်ကြောက်တာရော ဟုတ်ရဲ့လား၊ ကျုပ်တော့ မင်းကို ကြောက်အောင် လုပ်နိုင်တယ် မထင်ဘူး၊ ကြောက်စရာကောင်းတယ်ဆိုတာ... ဘယ်လိုမျိုးလဲ မင်း သိရအောင်လို့ ပြကြည့်မယ်လေ ဘယ်လိုလဲ"

"မလိုပါဘူး၊ ဘာလို့ အချိန်ဖြုန်းနေမလဲ၊ ရှင် သိချင်လောက်တဲ့ လျို့ဝှက်ချက်မျိုး ကျွန်မလဲ ဘာမှ သိထားတာမဟုတ်ဘူး၊ ရှင်တို့ စစ်ရေးအကြံပေးအတွက် ကျွန်မကို ကလဲ့စားချေတဲ့အနေနဲ့ သတ်ရင် သတ်ပစ်လိုက်တော့လေ"

"ကျုပ်က ဘာလို့ သူ့အတွက် လက်တုံ့ပြန်ပေးရမှာလဲ၊ မင်းက သိပ်လှနေတာကို... အလှလေးဆိုတာက သေသွားတဲ့လူထက် ပိုအသုံးဝင်တယ် မဟုတ်လား၊ မြူဆွယ်ပြီး လှည့်ဖျားပေးတဲ့ လူအနေနဲ့ သုံးလို့ကောင်းမှာပဲ" သူ ပိုင်ရှန်းရှို့ မေးဖျားကနေ ဆွဲမော့လိုက်တယ်။ သူမ ပုံစံက ဖရိုဖရဲဖြစ်နေပေမဲ့ သူမ အလှက ရင်သပ်ရှုမောဖွယ်ဖြစ်နေတုန်းပဲ။ ပုထုဇဉ်သာဖြစ်နေတဲ့ ဘယ်ယောက်ျားမဆို သူမဆီက အကြည့်တောင် လွှဲနိုင်မှာ မဟုတ်ဘူး။ ဒီလောက်လှတဲ့ မိန်းကလေးမျိုးကို ဘယ်သူက ဒီလောက် အန္တရာယ်များတဲ့ အလှဗန်းပြ သူလျိုလုပ်ခိုင်းရက်မှာလဲ။

"ကျွန်မတို့ လူမျိုးတွေကို ရှင်နဲ့ ရှင်တို့ စစ်တပ်က သတ်ဖြတ်ထားတာ၊ ဘယ်သူက ကျွန်မလို မိန်းမရဲ့ ဖြားယောင်းတာကို ယုံကြည်လက်ခံမှာလဲ၊ စစ်သူကြီး... ကျွန်မကို လှောင်ပြောင်သရော်မနေပါနဲ့တော့" ပိုင်ရှန်းရှို့က နည်းနည်းလေးမှ ထိတ်လန့်မသွားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမ လုံဟန့်နဲ့ ဘယ်လို ပတ်သက်တယ်ဆိုတာကိုတော့ ထုတ်မပြောဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ မဟုတ်ရင် သူမကို အသုံးချပြီး လုံဟန့်ကို အကြပ်ကိုင်နေဦးမယ်။ အဲ့သလိုသာဖြစ်လာရင် သူ ဘယ်လို ရွေးချယ်ရမလဲ။ တစ်ဖက်မှာက သူ ချစ်ရတဲ့ မိန်းကလေး။ နောက်တစ်ဖက်မှာက တိုင်းပြည်နဲ့ မြို့တော်မှာ ကျန်ခဲ့တဲ့ သူ့အမေနဲ့ သူ့သား။ အဲ့ဒီနှစ်မျိုးကို ရွေးချယ်ခိုင်းလို့ကတော့ လုံဟန့်တစ်ယောက် ရင်တွေ ကွဲပြီး သေသွားမလားပဲ။

"သြော" အမိန့်ပေး စစ်သူကြီးကလဲ ဒီအမျိုးသမီးကို နည်းနည်းလေးမှ မယုံဘူး။ ဒါပေမဲ့ သူ တခြားဘာမေးခွန်းမှ မေးဖို့ စဉ်းစားမရဘူးဖြစ်နေတယ်။

သူတို့နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘယ်လို ရင်ဆိုင်ရင်ကောင်းမလဲ၊ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဦးနှောက်ခြောက်မတတ် စဉ်းစားနေချိန်မှာပဲ အက်ခြောက်ခြောက် စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရလေတယ်။ "လုတပ်ချုပ်...! လု တပ်ချုပ်...! ကျေးဇူးပြုပြီး ကျွန်မ ကလေးကို ပြန်ပေးပါ၊ သူက... သူက တွမ့်ယွင်ရင်ရဲ့ ရင်သွေး မဟုတ်ပါဘူး"

'ငါ့ကို လာနောက်နေကြတာလားအေ...!' အဲ့အသံကို ကြားလိုက်တာနဲ့ ပိုင်ရှန်းရှို့ ကြက်သီးတွေပါ ထသွားတော့တယ်။ ဘာလို့ ဇာတ်လိုက်မက ဒီကိုပါ ရောက်နေတာလဲ။ 'သူ ဘယ်လိုဖြစ်နေတာလဲ ငါ့ကို တစ်ယောက်ယောက် လာရှင်းပြကြပါဦး၊ မြို့တော်မှာ ကျီအိမ်က သားနဲ့ လက်ထပ်ပြီး ငြိမ်းချမ်းအေးဆေးတဲ့ ဘဝလေးမှာ သူ သာယာနေပြီ မဟုတ်လား၊ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ရန်သူ့စစ်စခန်းထဲ ရောက်နေတာတုန်း၊ ပြီးတော့ ကလေးပြန်ပေးဆိုတာကလဲ ပြောလိုက်သေးတယ်၊ ရန်သူ စစ်တပ်က သူ့ကလေးကို ဘာလို့ ယူထားမှာလဲ၊ တွမ့်ယွင်ရင်နဲ့ ရတာမို့များလား'

တအောင့်လောက်နေတာနဲ့ ဇာတ်လိုက်မ အခန်းထဲကို အတင်း တိုးဝင်လာတယ်။ သူမ ဒုက္ခဆင်းရဲ လောကဓံကို အတော်လေး ခံစားလိုက်ရပုံပေါက်ပေမဲ့ သူမရဲ့ ကြာပန်းဖြူရုပ်သွင်ကတော့ လျော့ပါးမသွားလေဘူး။ ဇာတ်လိုက်မ ပီသပါပေတယ်။ အရင်ကနဲ့တော့ မတူတော့ဘူးပေါ့။ ပိုင်ရှန်းရှို့ကတော့ သူမကို ဇာတ်လိုက်မ မှတ်မိ သတိထားမိသွားမှာကို လန့်နေရတယ်လေ။ သူမ ချက်ချင်းပဲ ခေါင်းငုံ့ထားလိုက်တော့တယ်။ သူမ ရှိနေတာကို ဇာတ်လိုက်မ သတိမထားမိတော့အောင် တတ်နိုင်သမျှ ကျုံ့ကျုံ့လေးနေတာပေါ့။

"ဒီနေရာက ခင်ဗျားတို့လိုလူတွေ ဝင်ချင်တိုင်း ဝင်၊ ထွက်ချင်တိုင်း ထွက် လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး၊ ထွက်သွား" အမိန့်ပေး စစ်သူကြီးက လင်ချန်းဇီကို မျက်လုံးထောင့်က စွေကြည့်လိုက်တယ်။ သူ့နဖူးပေါ်မှာလဲ အတွန့်တွေ ဖြစ်ကုန်ပြီရယ်။ သူမကို သတ်ပြီး ကလေးကိုပဲ ခေါ်သွားလိုက်လို့ရတယ်။ သူမက သူ့ဒုတိယညီတော် အသတ်ခံရပြီးနောက်မှာ ကလဲ့စားချေဖို့ ကြိုးစားခဲ့တယ်ဆိုတာကို သူ ကြားထားလို့သာ သူမကို အသက်ချမ်းသာပေးထားတာ။ သူမ ခင်ပွန်းရဲ့ အိမ်တော်မှာကို သူမရဲ့ ကလေးက အမိန့်ပေး စစ်သူကြီးရင်တစ်ဖြစ်လဲ တွမ့်ယွင်ရင်ရဲ့ ရင်သွေးဖြစ်ကြောင်း ဝန်ခံခဲ့တယ်။ ဒါပေမဲ့ သူမ အဲ့သလိုဝန်ခံပြီး သိပ်မကြာပါဘူး၊ ပြန်ငြင်းလေတယ်။ တွမ့်ယွင်ရင်က ကလေးအဖေ မဟုတ်ရင် တခြားဘယ်သူဖြစ်နိုင်သေးသလဲ။ သိုင်းလောကက ဟိုလူက တကယ့် အဖေလား။ 

အမိန့်ပေး စစ်သူကြီးကတော့ ဒီပြဿနာဟာမနဲ့ မျက်နှာချင်းဆိုင်ရပြီဆိုတိုင်း စိတ်တိုလာတယ်။ ရွံရှာမိလာတာပဲ။ သူ့ညီတော်အတွက် မျိုးဆက်ချန်ထားပေးချင်လို့သာ မဟုတ်ရင် ဒီမိန်းမကို သူ သွားခေါ်လာမှာကို မဟုတ်ဘူး။ တစ်ခါပြီး တစ်ခါ သူမက ပြဿနာကို မီးခွက်ထွန်းရှာပြနေတာ၊ ပြီးရင် သိပ် စိတ်ရှုပ်စရာ ကောင်းတယ်။ ပုံမှန်ဆို သူ သူမရဲ့ အပြုအမူတွေကို သည်းခံကောင်း သည်းခံမှာ ဖြစ်ပေမဲ့ ဒီနေ့မှာတော့ မကောင်းတဲ့ ကိစ္စတွေချည်း လာစုပြီး ဖြစ်သွားတယ်လေ။ သူ့စစ်ရေးအကြံပေး လုပ်ကြံခံလိုက်ရတယ်။ ဘယ်ကမှန်း မသိ၊ ထူးထူးဆန်းဆန်း လူတစ်ယောက်က မြို့တံတိုင်းကျော်ပြီး အထဲဝင်သွားလိုက်နိုင်တယ်။ ပိုပြီး အရေးကြီးတာက၊ ဒီဖြစ်ရပ်တွေက မင်းသားလီ လက်ထောက်ချထားတာပဲလားဆိုတာကို တပ်အပ် မပြောနိုင်တာပဲ။ "လာကြစမ်း၊ ဒီသခင်မကို သူ့အဆောင်ဆီ ဆွဲခေါ်သွားကြစမ်း၊ ပြန်ထွက်မလာစေနဲ့"

"ကျွန်မ ကလေးကို ပြန်ပေးပါ၊ ကျွန်မ ကလေး... သူ သိပ်ငယ်ပါသေးတယ်... ဘာလို့ ကျွန်မဆီကနေ အတင်းခေါ်ထုတ်သွားရတာလဲ"

"မင်းရဲ့ သားကို အသက်ဆက်ရှင်နေစေချင်သေးရင် ကောင်းကောင်းမွန်မွန်နေ... ကျုပ်က မင်း စိတ်တောင် မကူးရဲတာမျိုးတွေ လုပ်ပစ်လိုက်လို့ရတယ်"

"မလုပ်ပါနဲ့...! သူ့ကို နာကျင်အောင် မလုပ်ပါနဲ့...! သားလေးက လိမ္မာပါတယ်" လင်ချန်းဇီ အတော်လေး ကြောက်သွားမိပြီမို့ ငြိမ်ကျသွားတော့လေတယ်။ ဒါပေမဲ့ သူမ ခပ်တိုးတိုးလေး ရေရွတ်တောင်းဆိုမိသေးတယ်။ "ကျွန်မ တစ်ချက်ကလေးလောက် သွားကြည့်ခွင့်ပြုပါလား၊ ချောင်းကြည့်ရုံလေးပါပဲ၊ ကလေးကို တွေ့ချင်လို့..."

"လာကြစမ်း...! ဒီအမျိုးသမီးကို မင်းသားလေးဆီ ခေါ်သွားပြလိုက်" အမိန့်ပေး စစ်သူကြီးကလဲ နားအေးပြီးရော သဘောမျိုး၊ လင်ချန်းဇီကို ကလေး ကြည့်ခွင့်ပေးလိုက်တော့တယ်။ လင်ချန်းဇီ အစေခံတွေနဲ့ ချက်ချင်းလိုက်သွားပေမဲ့ မသွားခင်မှာ ပိုင်ရှန်းရှို့ကို လှမ်းကြည့်သွားလေတယ်။ ပိုင်ရှန်းရှို့လဲ ရင်တထိတ်ထိတ်နဲ့ ချက်ချင်း ခေါင်းငုံ့ထားလိုက်တော့တယ်။

အားလုံး ထွက်သွားတဲ့အချိန် အမိန့်ပေး စစ်သူကြီးက ပိုင်ရှန်းရှို့ မျက်နှာကို ဆွဲမော့ကြည့်လိုက်တဲ့အခါမှာ တစ်စွန်းတစကျန်နေသေးတဲ့ စိုးထိတ်မှုတွေ သူမမျက်နှာထားမှာ ရောစွက်နေတာကို တွေ့လိုက်ရတယ်။ သူ့နှုတ်ခမ်းထောင့်တွေက လှောင်ပြုံးအဖြစ် ချက်ချင်း ကော့တက်သွားတော့တာပဲ။ "မင်း အဲ့ဒီမိန်းမကို သိတာလား"

သူမ စိတ်နည်းနည်း ငြိမ်သွားတဲ့ အခါမှာတော့ စစ်သူကြီးဟာ ဘယ်သူနဲ့ သွားတူနေတယ်ဆိုတာကို ပိုင်ရှန်းရှို့ သိလာတော့တယ်။ သူမ သူ့ကို မြင်မြင်ချင်း မသတီသလိုဖြစ်ရတာ မဆန်းတော့ပါဘူး။ သူက ဟို နှာဘူး ယုန်ဖြူကလေး တွမ့်ယွင်ရင်နဲ့ ရုပ်ဆင်နေတာကိုး။ အမိန့်ပေး စစ်သူကြီးက အဲ့ဒီ ယုန်ဖြူလေးကိုမှ ပိုပြီး ခက်ထန်သြဇာကြီးတဲ့ ဗားရှင်းလိုပဲ။ ဒါကြောင့်မို့ သူ လင်ချန်းဇီရဲ့ ကလေးကို လုထားတာကိုး။ သူ့မိသားစုဝင်ရဲ့ သွေးကို ဆက်ခံထားတဲ့ မျိုးဆက်လို့ အဲ့ကလေးကို ထင်နေပုံရတယ်။

"သူက သနားစရာကောင်းတဲ့ မိခင်တစ်ယောက်ပဲ၊ ဘာလို့ သူ့ကလေးကို ရှင်က ဖမ်းထားတာလဲ၊ ရှင် လူရော ဟုတ်သေးရဲ့လား" ပိုင်ရှန်းရှို့က တပ်ချုပ်ကို တမင် ရန်စတာ၊ စိတ်တိုသွားပြီး သူမကို တစ်ချက်တည်း သတ်မိသွားအောင်လို့ပဲ။

ဒါပေမဲ့ သူမ မထင်ထားလိုက်မိတာက သူမ ပိုပြီး သာမန်ရိုးကျ မဆန်တာတွေ ပြုမူပြလေလေ၊ သူက သူမကို ပိုပြီး နားလည်ချင်လာလေလေဖြစ်သွားတာပဲ။ ပိုင်ရှန်းရှို့သာ ဒါကိုများ သိရင်၊ ခါတိုင်းလို ယုန်ဖြူလေးလို နေပြမိမှာ။ ကံမကောင်းချင်တော့ ဟိုတစ်ဖက်လူက သူမရဲ့ ရန်စမှုတွေနောက်ကွယ်က အဓိပ္ပာယ်ကို အထင်လွဲသွားလေတယ်။ သူမ ကိုယ့်သေတွင်းကိုယ်တူးတာ မအောင်မြင်ဘဲ အခုတော့ အနှိပ်စက်ခံရတော့မယ်။

"သူများကို စိတ်မပူခင် ကိုယ့်အခြေအနေကိုယ် အရင်ပူပါလား၊ လာကြစမ်း၊ သူ့ကို စစ်မေးတဲ့ အခန်း ပို့လိုက်" လုတပ်ချုပ် သိချင်မိတာက သူမ ဘယ်အချိန်မှာ ပြိုကွဲသွားမလဲ၊ ဘယ်လိုလုပ်ရင် ပြိုလဲသွားမလဲဆိုတာပဲ။ နာကျင်မှုကြောင့်ပဲ ပြိုလဲမလား။ အကြောက်တရားကြောင့်လား၊ ဒါမှ မဟုတ်တစ်ခုခုကြောင့်ဖြစ်မလား။

အခုမှ ပိုင်ရှန်းရှို့ တကယ်ကြီး ကြောက်နေမိပြီ။ 'နှိပ်စက် စစ်မေးခံရမဲ့ အစား သေပဲ သေလိုက်ချင်တယ်' ဒါပေမဲ့ သေချင်တယ်ဆိုတိုင်း သူမ သေလို့ရတာမှ မဟုတ်တာ။ သူတို့တွေက သူမကို အနက်ရောင် တဲအိမ်လေးထဲ ဆွဲခေါ်လာပြီး တိုင်တစ်တိုင်မှာ ချည်ထားလိုက်တယ်။ သူမ ရုန်းကြည့်ပါသေးတယ်။ ဒါပေမဲ့ မလွတ်နိုင်ဘူး။ သူမ တဖြည်းဖြည်းနဲ့ မျှော်လင့်ချက်မဲ့လာမိပြီ။

လုတပ်ချုပ်ကလဲ အဲ့တဲထဲ လိုက်ဝင်လာတယ်။ လက်ထဲမှာတော့ ကြာပွတ်တစ်ချောင်း ကိုင်လျက်ပေါ့၊ အဲ့ကြာပွတ်က ညအရောင်လို နက်မှောင်တယ်။ သားရေသားနဲ့ လုပ်ထားတာ၊ တော်တော်လေး နာမဲ့ပုံပဲ။ ပိုင်ရှန်းရှို့ ငိုချင်လာပြီ။ ဒါပေမဲ့ ဘာလို့လဲ မသိဘူး၊ မျက်ရည်တွေက ကျမလာဘူး။ သူမလဲပဲ သနားညှာတာပေးဖို့ တောင်းပန်လိုက်ချင်တာပေါ့၊ ဒါပေမဲ့ စကားလုံးတွေ ဆွံ့အနေမိတာ။ သူမ လုပ်နိုင်တာဆိုလို့ အမိန့်ပေးစစ်သူကြီး လုကို အေးတိအေးစက် ပြုံးပြရုံပဲ ရှိတယ်။ အဲ့အပြုံးကို တုံ့ပြန်တဲ့ အနေနဲ့ သူက သူမက ကြာပွတ်နဲ့ ခပ်ပြင်းပြင်း ရိုက်တော့တာပဲ။

"အား...!" အတော်နာတယ်။ ဒါပေမဲ့ ဒါတောင် သူ သူမကို လျှော့ရိုက်ပေးထားတာ အသိသာကြီးပဲ။ ပိုင်ရှန်းရှို့ အံကိုသာကြိတ်ကာ ဝေဒနာကို တောက
င့်ခံနေလိုက်ပြီး ဘာစကား တစ်ခွန်းမှ မပြောဘဲ သူ့ကို မျက်စောင်းခဲလိုက်တော့တယ်။

သူမရဲ့ မျက်စောင်းကို တွေ့တဲ့အခါမှာ လုတပ်ချုပ် အံ့အားသင့်သွားမိတော့လေတယ်။ 'သူ ငါ့ကို ညုတုတု လုပ်ချင်နေတာလား၊ သူ့မျက်စောင်းမှာ ရန်လိုမှု နည်းနည်းလေးမှ ပါမနေဘူး' အဓိပ္ပာတော့ ရှိပါတယ်။ မိန်းမတို့ရဲ့ အလှက သူတို့အတွက် အထက်ဆုံး လက်နက်မဟုတ်လား။ သူမအပေါ် အလျော့ပေးအောင်လို့၊ သက်ညှာပေးအောင်လို့ တမင်လုပ်နေတာများလား မသိဘူး။ သူ့စိတ်တွေ ယိမ်းယိုင်သွားရပြီ။ ဘယ်လိုလုပ်ရပါ့။

သူ တွေးနေတာကို ပိုင်ရှန်းရှို့ သိများ သိလိုက်ရင် ရူးချင်သွားမှာပဲ။ သူမက သူ့ကို မျက်စောင်းထိုးတာ ၁၀၀ ရာခိုင်နှုန်း အပြည့်ပါနော်။ ညုတုတု အထှာပေးအကြည့်မျိုးပေးတာ လုံးဝမှ မဟုတ်ဘူး။ သူ သူမအပေါ် ညှာတာပေးဖို့ လိုမနေဘူး။ မဟုတ်ဘူး၊ သူမက တစ်ခါတည်း သတ်ပစ်လိုက်စေချင်တာ။

ဒါပေမဲ့ နှစ်ယောက်စလုံးက တစ်ယောက်အတွေးကို တစ်ယောက် မသိကြဘူး။ ဆိုတော့ကာ၊ ခဏလောက် တုံ့ဆိုင်းတွေဝေနေပြီးတဲ့နောက်မှာ လုတပ်ချုပ်ဟာ သူမကို ကြာပွတ်စာထပ်ကျွေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သူ့လက်အောက်ငယ်သားတွေ အများကြီး ကြည့်နေတာကို သူမရဲ့ အကြည့်တစ်ချက်ကြောင့်နဲ့ မရိုက်ဘဲ ရပ်လိုက်ရင် ရှက်စရာကြီး။ ဒါပေမဲ့ ဒီတစ်ခါမှာ ပိုင်ရှန်းရှို့က စိတ်ထဲ ကြိုပြင်ဆင်ပြီးသွားပြီ။ သူမ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာသံမှ မထွက်ဘဲ အရိုက်ခံလိုက်တယ်။ သူမ ဘာကိုမှ ဂရုမစိုက်တော့တဲ့ အထာနဲ့ မျက်လုံးတွေပါ မှိတ်ထားလိုက်တော့လေတယ်။

______

[Zawgyi]

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၀၃) ေနရာကာမွာ ရိွေနႏိုင္တဲ့ ဇာတ္လိုက္

'ေကာင္းေရာပဲ၊ ေနာက္ဆံုးေတာ့ ငါ့ေခတ္ကို ျပန္လို႔ရေတာ့မွာလား...! လံုဟန္႔၊ ကြၽန္မတို႔သားေလးကို ေကာင္းေကာင္းေစာင့္ေရွာက္ေပးရမယ္ေနာ္၊ အပူသည္ႀကီးျဖစ္ၿပီး စိတ္ေလမသြားနဲ႔... အဲ့သလိုဆို ကြၽန္မ ရွင့္ကို ခြင့္မလႊတ္ေတာ့ဘူး' သူမ အေတြးထဲမွာ ေနာက္ဆံုးႏႈတ္ဆက္စကားမ်ိဳး ေရရြတ္ေတြးေတာၿပီးတဲ့ေနာက္မွာ မ်က္လံုးေတြသာ မိွတ္ထားလိုက္ခ်င္ေတာ့တယ္။ ဒါေပမဲ့ ဘာေၾကာင့္မွန္း မသိ၊ အဲ့ဒီမ်က္ခြက္ႀကီးေရ႔ွမွာ အရႈံးေပးလိုက္တဲ့ ပံုစံမ်ိဳး မျပခ်င္ဘူး။ ဒါေၾကာင့္မို႔ မ်က္ေတာင္ေတာင္ မခတ္ေတာ့ဘဲ သူ႔ကို ျပဴးၾကည့္ေနလိုက္ေတာ့တယ္။ သူမရဲ့ ႏႈတ္ခမ္းစြန္းေတြကလဲ ေလွာင္ၿပံဳးအျဖစ္ တျဖည္းျဖည္းခ်င္း ေကာ့တက္လာေလတယ္။

"မင္း... မေၾကာက္ဘူးလား"

"ေၾကာက္တာေပါ့၊ ဘာလို႔ မေၾကာက္ဘဲ ေနရမွာလဲ"

ကိုယ္ ေၾကာက္တဲ့အေၾကာင္း​ ဝန္ခံေျပာတာေတာင္ အေၾကာက္တရားမရိွပံု ေပါက္တဲ့လူမ်ိဳးကို အမိန္႔ေပး စစ္သူႀကီး တစ္ခါမွ မေတြ့ဖူးဘူး။ သူ သိပ္ၿပီး အံ့ၾသသြားမိေတာ့တယ္။ သူ ရယ္ေလတယ္။ "မင္း တကယ္ေၾကာက္တာေရာ ဟုတ္ရဲ့လား၊ က်ဳပ္ေတာ့ မင္းကို ေၾကာက္ေအာင္ လုပ္ႏိုင္တယ္ မထင္ဘူး၊ ေၾကာက္စရာေကာင္းတယ္ဆိုတာ... ဘယ္လိုမ်ိဳးလဲ မင္း သိရေအာင္လို႔ ျပၾကည့္မယ္ေလ ဘယ္လိုလဲ"

"မလိုပါဘူး၊ ဘာလို႔ အခ်ိန္ျဖဳန္းေနမလဲ၊ ရွင္ သိခ်င္ေလာက္တဲ့ လ်ိဳ႕ဝွက္ခ်က္မ်ိဳး ကြၽန္မလဲ ဘာမွ သိထားတာမဟုတ္ဘူး၊ ရွင္တို႔ စစ္ေရးအႀကံေပးအတြက္ ကြၽန္မကို ကလဲ့စားေခ်တဲ့အေနနဲ႔ သတ္ရင္ သတ္ပစ္လိုက္ေတာ့ေလ"

"က်ဳပ္က ဘာလို႔ သူ႔အတြက္ လက္တံု႔ျပန္ေပးရမွာလဲ၊ မင္းက သိပ္လွေနတာကို... အလွေလးဆိုတာက ေသသြားတဲ့လူထက္ ပိုအသံုးဝင္တယ္ မဟုတ္လား၊ ျမဴဆြယ္ၿပီး လွည့္ဖ်ားေပးတဲ့ လူအေနနဲ႔ သံုးလို႔ေကာင္းမွာပဲ" သူ ပိုင္ရွန္းရိႈ႔ ေမးဖ်ားကေန ဆြဲေမာ့လိုက္တယ္။ သူမ ပံုစံက ဖရိုဖရဲျဖစ္ေနေပမဲ့ သူမ အလွက ရင္သပ္ရႈေမာဖြယ္ျဖစ္ေနတုန္းပဲ။ ပုထုဇဉ္သာျဖစ္ေနတဲ့ ဘယ္ေယာက္်ားမဆို သူမဆီက အၾကည့္ေတာင္ လႊဲႏိုင္မွာ မဟုတ္ဘူး။ ဒီေလာက္လွတဲ့ မိန္းကေလးမ်ိဳးကို ဘယ္သူက ဒီေလာက္ အႏၲရာယ္မ်ားတဲ့ အလွဗန္းျပ သူလ်ိဳလုပ္ခိုင္းရက္မွာလဲ။

"ကြၽန္မတို႔ လူမ်ိဳးေတြကို ရွင္နဲ႔ ရွင္တို႔ စစ္တပ္က သတ္ျဖတ္ထားတာ၊ ဘယ္သူက ကြၽန္မလို မိန္းမရဲ့ ျဖားေယာင္းတာကို ယံုၾကည္လက္ခံမွာလဲ၊ စစ္သူႀကီး... ကြၽန္မကို ေလွာင္ေျပာင္သေရာ္မေနပါနဲ႔ေတာ့" ပိုင္ရွန္းရိႈ႔က နည္းနည္းေလးမွ ထိတ္လန္႔မသြားဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ သူမ လံုဟန္႔နဲ႔ ဘယ္လို ပတ္သက္တယ္ဆိုတာကိုေတာ့ ထုတ္မေျပာဖို႔ စိတ္ပိုင္းျဖတ္ထားတယ္။ မဟုတ္ရင္ သူမကို အသံုးခ်ၿပီး လံုဟန္႔ကို အၾကပ္ကိုင္ေနၪီးမယ္။ အဲ့သလိုသာျဖစ္လာရင္ သူ ဘယ္လို ေရြးခ်ယ္ရမလဲ။ တစ္ဖက္မွာက သူ ခ်စ္ရတဲ့ မိန္းကေလး။ ေနာက္တစ္ဖက္မွာက တိုင္းျပည္နဲ႔ ၿမိဳ႔ေတာ္မွာ က်န္ခဲ့တဲ့ သူ႔အေမနဲ႔ သူ႔သား။ အဲ့ဒီႏွစ္မ်ိဳးကို ေရြးခ်ယ္ခိုင္းလို႔ကေတာ့ လံုဟန္႔တစ္ေယာက္ ရင္ေတြ ကြဲၿပီး ေသသြားမလားပဲ။

"ေၾသာ" အမိန္႔ေပး စစ္သူႀကီးကလဲ ဒီအမ်ိဳးသမီးကို နည္းနည္းေလးမွ မယံုဘူး။ ဒါေပမဲ့ သူ တျခားဘာေမးခြန္းမွ ေမးဖို႔ စဉ္းစားမရဘူးျဖစ္ေနတယ္။

သူတို႔ႏွစ္ေယာက္စလံုး တစ္ေယာက္ကို တစ္ေယာက္ ဘယ္လို ရင္ဆိုင္ရင္ေကာင္းမလဲ၊ ဘယ္လိုလုပ္ရင္ ေကာင္းမလဲ ၪီးေနွာက္ေျခာက္မတတ္ စဉ္းစားေနခ်ိန္မွာပဲ အက္ေျခာက္ေျခာက္ စူးစူးဝါးဝါး ေအာ္ဟစ္သံကို ၾကားလိုက္ရေလတယ္။ "လုတပ္ခ်ဳပ္...! လု တပ္ခ်ဳပ္...! ေက်းဇူးျပဳျပီး ကြၽန္မ ကေလးကို ျပန္ေပးပါ၊ သူက... သူက တြမ့္ယြင္ရင္ရဲ့ ရင္ေသြး မဟုတ္ပါဘူး"

'ငါ့ကို လာေနာက္ေနၾကတာလားေအ...!' အဲ့အသံကို ၾကားလိုက္တာနဲ႔ ပိုင္ရွန္းရိႈ႔ ၾကက္သီးေတြပါ ထသြားေတာ့တယ္။ ဘာလို႔ ဇာတ္လိုက္မက ဒီကိုပါ ေရာက္ေနတာလဲ။ 'သူ ဘယ္လိုျဖစ္ေနတာလဲ ငါ့ကို တစ္ေယာက္ေယာက္ လာရွင္းျပၾကပါၪီး၊ ၿမိဳ႔ေတာ္မွာ က်ီအိမ္က သားနဲ႔ လက္ထပ္ၿပီး ၿငိမ္းခ်မ္းေအးေဆးတဲ့ ဘဝေလးမွာ သူ သာယာေနၿပီ မဟုတ္လား၊ ဘယ္လိုျဖစ္ၿပီး ရုတ္တရက္ႀကီး ရန္သူ႔စစ္စခန္းထဲ ေရာက္ေနတာတုန္း၊ ၿပီးေတာ့ ကေလးျပန္ေပးဆိုတာကလဲ ေျပာလိုက္ေသးတယ္၊ ရန္သူ စစ္တပ္က သူ႔ကေလးကို ဘာလို႔ ယူထားမွာလဲ၊ တြမ့္ယြင္ရင္နဲ႔ ရတာမို႔မ်ားလား'

တေအာင့္ေလာက္ေနတာနဲ႔ ဇာတ္လိုက္မ အခန္းထဲကို အတင္း တိုးဝင္လာတယ္။ သူမ ဒုကၡဆင္းရဲ ေလာကဓံကို အေတာ္ေလး ခံစားလိုက္ရပံုေပါက္ေပမဲ့ သူမရဲ့ ၾကာပန္းျဖဴရုပ္သြင္ကေတာ့ ေလ်ာ့ပါးမသြားေလဘူး။ ဇာတ္လိုက္မ ပီသပါေပတယ္။ အရင္ကနဲ႔ေတာ့ မတူေတာ့ဘူးေပါ့။ ပိုင္ရွန္းရိႈ႔ကေတာ့ သူမကို ဇာတ္လိုက္မ မွတ္မိ သတိထားမိသြားမွာကို လန္႔ေနရတယ္ေလ။ သူမ ခ်က္ခ်င္းပဲ ေခါင္းငံု႔ထားလိုက္ေတာ့တယ္။ သူမ ရိွေနတာကို ဇာတ္လိုက္မ သတိမထားမိေတာ့ေအာင္ တတ္ႏိုင္သမ်ွ က်ံဳ႔က်ံဳ႔ေလးေနတာေပါ့။

"ဒီေနရာက ခင္ဗ်ားတို႔လိုလူေတြ ဝင္ခ်င္တိုင္း ဝင္၊ ထြက္ခ်င္တိုင္း ထြက္ လုပ္လို႔ရတဲ့ ေနရာမဟုတ္ဘူး၊ ထြက္သြား" အမိန္႔ေပး စစ္သူႀကီးက လင္ခ်န္းဇီကို မ်က္လံုးေထာင့္က ေစြၾကည့္လိုက္တယ္။ သူ႔နဖူးေပၚမွာလဲ အတြန္႔ေတြ ျဖစ္ကုန္ၿပီရယ္။ သူမကို သတ္ၿပီး ကေလးကိုပဲ ေခၚသြားလိုက္လို႔ရတယ္။ သူမက သူ႔ဒုတိယညီေတာ္ အသတ္ခံရၿပီးေနာက္မွာ ကလဲ့စားေခ်ဖို႔ ႀကိဳးစားခဲ့တယ္ဆိုတာကို သူ ၾကားထားလို႔သာ သူမကို အသက္ခ်မ္းသာေပးထားတာ။ သူမ ခင္ပြန္းရဲ့ အိမ္ေတာ္မွာကို သူမရဲ့ ကေလးက အမိန္႔ေပး စစ္သူႀကီးရင္တစ္ျဖစ္လဲ တြမ့္ယြင္ရင္ရဲ့ ရင္ေသြးျဖစ္ေၾကာင္း ဝန္ခံခဲ့တယ္။ ဒါေပမဲ့ သူမ အဲ့သလိုဝန္ခံၿပီး သိပ္မၾကာပါဘူး၊ ျပန္ျငင္းေလတယ္။ တြမ့္ယြင္ရင္က ကေလးအေဖ မဟုတ္ရင္ တျခားဘယ္သူျဖစ္ႏိုင္ေသးသလဲ။ သိုင္းေလာကက ဟိုလူက တကယ့္ အေဖလား။ 

အမိန္႔ေပး စစ္သူႀကီးကေတာ့ ဒီျပႆနာဟာမနဲ႔ မ်က္ႏွာခ်င္းဆိုင္ရၿပီဆိုတိုင္း စိတ္တိုလာတယ္။ ရြံရွာမိလာတာပဲ။ သူ႔ညီေတာ္အတြက္ မ်ိဳးဆက္ခ်န္ထားေပးခ်င္လို႔သာ မဟုတ္ရင္ ဒီမိန္းမကို သူ သြားေခၚလာမွာကို မဟုတ္ဘူး။ တစ္ခါၿပီး တစ္ခါ သူမက ျပႆနာကို မီးခြက္ထြန္းရွာျပေနတာ၊ ၿပီးရင္ သိပ္ စိတ္ရႈပ္စရာ ေကာင္းတယ္။ ပံုမွန္ဆို သူ သူမရဲ့ အျပဳအမူေတြကို သည္းခံေကာင္း သည္းခံမွာ ျဖစ္ေပမဲ့ ဒီေန့မွာေတာ့ မေကာင္းတဲ့ ကိစၥေတြခ်ည္း လာစုၿပီး ျဖစ္သြားတယ္ေလ။ သူ႔စစ္ေရးအႀကံေပး လုပ္ႀကံခံလိုက္ရတယ္။ ဘယ္ကမွန္း မသိ၊ ထူးထူးဆန္းဆန္း လူတစ္ေယာက္က ၿမိဳ႔တံတိုင္းေက်ာ္ၿပီး အထဲဝင္သြားလိုက္ႏိုင္တယ္။ ပိုၿပီး အေရးႀကီးတာက၊ ဒီျဖစ္ရပ္ေတြက မင္းသားလီ လက္ေထာက္ခ်ထားတာပဲလားဆိုတာကို တပ္အပ္ မေျပာႏိုင္တာပဲ။ "လာၾကစမ္း၊ ဒီသခင္မကို သူ႔အေဆာင္ဆီ ဆြဲေခၚသြားၾကစမ္း၊ ျပန္ထြက္မလာေစနဲ႔"

"ကြၽန္မ ကေလးကို ျပန္ေပးပါ၊ ကြၽန္မ ကေလး... သူ သိပ္ငယ္ပါေသးတယ္... ဘာလို႔ ကြၽန္မဆီကေန အတင္းေခၚထုတ္သြားရတာလဲ"

"မင္းရဲ့ သားကို အသက္ဆက္ရွင္ေနေစခ်င္ေသးရင္ ေကာင္းေကာင္းမြန္မြန္ေန... က်ဳပ္က မင္း စိတ္ေတာင္ မကူးရဲတာမ်ိဳးေတြ လုပ္ပစ္လိုက္လို႔ရတယ္"

"မလုပ္ပါနဲ႔...! သူ႔ကို နာက်င္ေအာင္ မလုပ္ပါနဲ႔...! သားေလးက လိမၼာပါတယ္" လင္ခ်န္းဇီ အေတာ္ေလး ေၾကာက္သြားမိၿပီမို႔ ၿငိမ္က်သြားေတာ့ေလတယ္။ ဒါေပမဲ့ သူမ ခပ္တိုးတိုးေလး ေရရြတ္ေတာင္းဆိုမိေသးတယ္။ "ကြၽန္မ တစ္ခ်က္ကေလးေလာက္ သြားၾကည့္ခြင့္ျပဳပါလား၊ ေခ်ာင္းၾကည့္ရံုေလးပါပဲ၊ ကေလးကို ေတြ့ခ်င္လို႔..."

"လာၾကစမ္း...! ဒီအမ်ိဳးသမီးကို မင္းသားေလးဆီ ေခၚသြားျပလိုက္" အမိန္႔ေပး စစ္သူႀကီးကလဲ နားေအးၿပီးေရာ သေဘာမ်ိဳး၊ လင္ခ်န္းဇီကို ကေလး ၾကည့္ခြင့္ေပးလိုက္ေတာ့တယ္။ လင္ခ်န္းဇီ အေစခံေတြနဲ႔ ခ်က္ခ်င္းလိုက္သြားေပမဲ့ မသြားခင္မွာ ပိုင္ရွန္းရိႈ႔ကို လွမ္းၾကည့္သြားေလတယ္။ ပိုင္ရွန္းရိႈ႔လဲ ရင္တထိတ္ထိတ္နဲ႔ ခ်က္ခ်င္း ေခါင္းငံု႔ထားလိုက္ေတာ့တယ္။

အားလံုး ထြက္သြားတဲ့အခ်ိန္ အမိန္႔ေပး စစ္သူႀကီးက ပိုင္ရွန္းရိႈ႔ မ်က္ႏွာကို ဆြဲေမာ့ၾကည့္လိုက္တဲ့အခါမွာ တစ္စြန္းတစက်န္ေနေသးတဲ့ စိုးထိတ္မႈေတြ သူမမ်က္ႏွာထားမွာ ေရာစြက္ေနတာကို ေတြ့လိုက္ရတယ္။ သူ႔ႏႈတ္ခမ္းေထာင့္ေတြက ေလွာင္ၿပံဳးအျဖစ္ ခ်က္ခ်င္း ေကာ့တက္သြားေတာ့တာပဲ။ "မင္း အဲ့ဒီမိန္းမကို သိတာလား"

သူမ စိတ္နည္းနည္း ၿငိမ္သြားတဲ့ အခါမွာေတာ့ စစ္သူႀကီးဟာ ဘယ္သူနဲ႔ သြားတူေနတယ္ဆိုတာကို ပိုင္ရွန္းရိႈ႔ သိလာေတာ့တယ္။ သူမ သူ႔ကို ျမင္ျမင္ခ်င္း မသတီသလိုျဖစ္ရတာ မဆန္းေတာ့ပါဘူး။ သူက ဟို ႏွာဘူး ယုန္ျဖဴကေလး တြမ့္ယြင္ရင္နဲ႔ ရုပ္ဆင္ေနတာကိုး။ အမိန္႔ေပး စစ္သူႀကီးက အဲ့ဒီ ယုန္ျဖဴေလးကိုမွ ပိုၿပီး ခက္ထန္ၾသဇာႀကီးတဲ့ ဗားရွင္းလိုပဲ။ ဒါေၾကာင့္မို႔ သူ လင္ခ်န္းဇီရဲ့ ကေလးကို လုထားတာကိုး။ သူ႔မိသားစုဝင္ရဲ့ ေသြးကို ဆက္ခံထားတဲ့ မ်ိဳးဆက္လို႔ အဲ့ကေလးကို ထင္ေနပံုရတယ္။

"သူက သနားစရာေကာင္းတဲ့ မိခင္တစ္ေယာက္ပဲ၊ ဘာလို႔ သူ႔ကေလးကို ရွင္က ဖမ္းထားတာလဲ၊ ရွင္ လူေရာ ဟုတ္ေသးရဲ့လား" ပိုင္ရွန္းရိႈ႔က တပ္ခ်ဳပ္ကို တမင္ ရန္စတာ၊ စိတ္တိုသြားၿပီး သူမကို တစ္ခ်က္တည္း သတ္မိသြားေအာင္လို႔ပဲ။

ဒါေပမဲ့ သူမ မထင္ထားလိုက္မိတာက သူမ ပိုၿပီး သာမန္ရိုးက် မဆန္တာေတြ ျပဳမူျပေလေလ၊ သူက သူမကို ပိုၿပီး နားလည္ခ်င္လာေလေလျဖစ္သြားတာပဲ။ ပိုင္ရွန္းရိႈ႔သာ ဒါကိုမ်ား သိရင္၊ ခါတိုင္းလို ယုန္ျဖဴေလးလို ေနျပမိမွာ။ ကံမေကာင္းခ်င္ေတာ့ ဟိုတစ္ဖက္လူက သူမရဲ့ ရန္စမႈေတြေနာက္ကြယ္က အဓိပၸာယ္ကို အထင္လြဲသြားေလတယ္။ သူမ ကိုယ့္ေသတြင္းကိုယ္တူးတာ မေအာင္ျမင္ဘဲ အခုေတာ့ အႏိွပ္စက္ခံရေတာ့မယ္။

"သူမ်ားကို စိတ္မပူခင္ ကိုယ့္အေျခအေနကိုယ္ အရင္ပူပါလား၊ လာၾကစမ္း၊ သူ႔ကို စစ္ေမးတဲ့ အခန္း ပို႔လိုက္" လုတပ္ခ်ဳပ္ သိခ်င္မိတာက သူမ ဘယ္အခ်ိန္မွာ ၿပိဳကြဲသြားမလဲ၊ ဘယ္လိုလုပ္ရင္ ၿပိဳလဲသြားမလဲဆိုတာပဲ။ နာက်င္မႈေၾကာင့္ပဲ ၿပိဳလဲမလား။ အေၾကာက္တရားေၾကာင့္လား၊ ဒါမွ မဟုတ္တစ္ခုခုေၾကာင့္ျဖစ္မလား။

အခုမွ ပိုင္ရွန္းရိႈ႔ တကယ္ႀကီး ေၾကာက္ေနမိၿပီ။ 'ႏိွပ္စက္ စစ္ေမးခံရမဲ့ အစား ေသပဲ ေသလိုက္ခ်င္တယ္' ဒါေပမဲ့ ေသခ်င္တယ္ဆိုတိုင္း သူမ ေသလို႔ရတာမွ မဟုတ္တာ။ သူတို႔ေတြက သူမကို အနက္ေရာင္ တဲအိမ္ေလးထဲ ဆြဲေခၚလာၿပီး တိုင္တစ္တိုင္မွာ ခ်ည္ထားလိုက္တယ္။ သူမ ရုန္းၾကည့္ပါေသးတယ္။ ဒါေပမဲ့ မလြတ္ႏိုင္ဘူး။ သူမ တျဖည္းျဖည္းနဲ႔ ေမ်ွာ္လင့္ခ်က္မဲ့လာမိၿပီ။

လုတပ္ခ်ဳပ္ကလဲ အဲ့တဲထဲ လိုက္ဝင္လာတယ္။ လက္ထဲမွာေတာ့ ၾကာပြတ္တစ္ေခ်ာင္း ကိုင္လ်က္ေပါ့၊ အဲ့ၾကာပြတ္က ညအေရာင္လို နက္ေမွာင္တယ္။ သားေရသားနဲ႔ လုပ္ထားတာ၊ ေတာ္ေတာ္ေလး နာမဲ့ပံုပဲ။ ပိုင္ရွန္းရိႈ႔ ငိုခ်င္လာၿပီ။ ဒါေပမဲ့ ဘာလို႔လဲ မသိဘူး၊ မ်က္ရည္ေတြက က်မလာဘူး။ သူမလဲပဲ သနားၫွာတာေပးဖို႔ ေတာင္းပန္လိုက္ခ်င္တာေပါ့၊ ဒါေပမဲ့ စကားလံုးေတြ ဆြံ႔အေနမိတာ။ သူမ လုပ္ႏိုင္တာဆိုလို႔ အမိန္႔ေပးစစ္သူႀကီး လုကို ေအးတိေအးစက္ ၿပံဳးျပရံုပဲ ရိွတယ္။ အဲ့အၿပံဳးကို တံု႔ျပန္တဲ့ အေနနဲ႔ သူက သူမက ၾကာပြတ္နဲ႔ ခပ္ျပင္းျပင္း ရိုက္ေတာ့တာပဲ။

"အား...!" အေတာ္နာတယ္။ ဒါေပမဲ့ ဒါေတာင္ သူ သူမကို ေလ်ွာ့ရိုက္ေပးထားတာ အသိသာႀကီးပဲ။ ပိုင္ရွန္းရိႈ႔ အံကိုသာႀကိတ္ကာ ေဝဒနာကို ေတာက
င့္ခံေနလိုက္ၿပီး ဘာစကား တစ္ခြန္းမွ မေျပာဘဲ သူ႔ကို မ်က္ေစာင္းခဲလိုက္ေတာ့တယ္။

သူမရဲ့ မ်က္ေစာင္းကို ေတြ့တဲ့အခါမွာ လုတပ္ခ်ဳပ္ အံ့အားသင့္သြားမိေတာ့ေလတယ္။ 'သူ ငါ့ကို ၫုတုတု လုပ္ခ်င္ေနတာလား၊ သူ႔မ်က္ေစာင္းမွာ ရန္လိုမႈ နည္းနည္းေလးမွ ပါမေနဘူး' အဓိပၸာေတာ့ ရိွပါတယ္။ မိန္းမတို႔ရဲ့ အလွက သူတို႔အတြက္ အထက္ဆံုး လက္နက္မဟုတ္လား။ သူမအေပၚ အေလ်ာ့ေပးေအာင္လို႔၊ သက္ၫွာေပးေအာင္လို႔ တမင္လုပ္ေနတာမ်ားလား မသိဘူး။ သူ႔စိတ္ေတြ ယိမ္းယိုင္သြားရၿပီ။ ဘယ္လိုလုပ္ရပါ့။

သူ ေတြးေနတာကို ပိုင္ရွန္းရိႈ႔ သိမ်ား သိလိုက္ရင္ ရူးခ်င္သြားမွာပဲ။ သူမက သူ႔ကို မ်က္ေစာင္းထိုးတာ ၁၀၀ ရာခိုင္ႏႈန္း အျပည့္ပါေနာ္။ ၫုတုတု အထွာေပးအၾကည့္မ်ိဳးေပးတာ လံုးဝမွ မဟုတ္ဘူး။ သူ သူမအေပၚ ၫွာတာေပးဖို႔ လိုမေနဘူး။ မဟုတ္ဘူး၊ သူမက တစ္ခါတည္း သတ္ပစ္လိုက္ေစခ်င္တာ။

ဒါေပမဲ့ ႏွစ္ေယာက္စလံုးက တစ္ေယာက္အေတြးကို တစ္ေယာက္ မသိၾကဘူး။ ဆိုေတာ့ကာ၊ ခဏေလာက္ တံု႔ဆိုင္းေတြေဝေနၿပီးတဲ့ေနာက္မွာ လုတပ္ခ်ဳပ္ဟာ သူမကို ၾကာပြတ္စာထပ္ေကြၽးဖို႔ ဆံုးျဖတ္လိုက္ေတာ့တယ္။ သူ႔လက္ေအာက္ငယ္သားေတြ အမ်ားႀကီး ၾကည့္ေနတာကို သူမရဲ့ အၾကည့္တစ္ခ်က္ေၾကာင့္နဲ႔ မရိုက္ဘဲ ရပ္လိုက္ရင္ ရွက္စရာႀကီး။ ဒါေပမဲ့ ဒီတစ္ခါမွာ ပိုင္ရွန္းရိႈ႔က စိတ္ထဲ ႀကိဳျပင္ဆင္ၿပီးသြားၿပီ။ သူမ ႏႈတ္ခမ္းကို တင္းတင္းေစ့ထားၿပီး ဘာသံမွ မထြက္ဘဲ အရိုက္ခံလိုက္တယ္။ သူမ ဘာကိုမွ ဂရုမစိုက္ေတာ့တဲ့ အထာနဲ႔ မ်က္လံုးေတြပါ မိွတ္ထားလိုက္ေတာ့ေလတယ္။

Continue Reading

You'll Also Like

809K 56.1K 62
Start date:25Sep,2021 End date :19Dec,2021 ဆန့်ကျင်ဖက်အုပ်ထိန်းမှု​တွေ​နဲ့ ကြီးပြင်းလာတဲ့ ​ကောင်​လေးနှစ်​ယောက်အ​ကြောင်းပါ ထ​ရော်မာ​တွေအပြည့်နဲ့ ​ကော...
570K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
543K 48.7K 144
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
122K 2.5K 40
အဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)