သူမအိပ်ယာပေါ်မှာခဏလောက်ထိုင်နေပြီး ရုတ်တရက်အန်ချင်သလိုဖြစ်လာတယ်။သူမမျက်မှောက်ကြုတ်လိုက်ပြီး ရေချိုးခန်းထဲကိုအမြန်သွားလိုက်တယ်။ဒါပေမယ့်သူမအန်ထုတ်လိုက်တော့လဲဘာမှမထွက်လာခဲ့ဘူး။
သူမလက်ဆေးလိုက်ပြီး မျက်နှာသစ်လိုက်တော့မှနည်းနည်းနေလို့ကောင်းသွားတယ်။
အခုဒုတိယကိုယ်ဝန်ဆောင်တော့လဲပထမတုန်းကလိုဘဲဖြစ်လိမ့်မယ်လို့သူမမထင်ထားဘူး။
ရေချိုးခန်းထဲကနေပြန်ထွက်တော့ စုရန်တစ်ကိုယ်လုံးအားမရှိတော့ဘူးလို့ခံစားလိုက်ရတယ်။သူမဖုန်းကိုယူပြီးကြည့်လိုက်တယ်။
Wechatမှာသူမမဖတ်ရသေးတဲ့messageတွေကိုတွေ့သွားတယ်။
ထျန်မီပို့ထားတာဘဲ။မနေ့တုန်းကဖုန်းကသူမဆီမှာမရှိတော့ ဒီmessageကိုသူမမတွေ့ခဲ့တာ။
မနေ့ကမနက်၉နာရီတုန်းကပို့ထားတာဘဲ။
ထျန်မီရေးထားတဲ့messageကိုစုရန်ဖွင့်ကြည့်လိုက်တော့: 'ရန်ရန် ချန်ဟွမ်အဖွားဒီမနက်အစောကလေးတင်ဘဲဆုံးသွားပြီ'
စုရန်လက်တွေတောင့်သွားပြီး သူမမျက်လုံးထဲမှာကြင်နာတတ်တဲ့မျက်နှာလေးတစ်ခုပေါ်လာတယ်။သူမမျက်နှာချက်ချင်းဖြူဖျော့သွားပြီး မျက်လုံးတွေလဲစိုစွတ်လာတယ်။
သူမငယ်ငယ်တုန်းကအငယ်ကမွေးတဲ့သမီးဆိုပြီး လူတွေကသူမကိုရှောင်ဖယ်ထားပြီး သူမနဲ့ဘယ်သူမှသူငယ်ချင်းမလုပ်ချင်ကြဘူး။သူမတို့ဘေးအိမ်မှာနေတဲ့အဖွားကဘဲသူမကိုရင်းရင်းနှီးနှီးဆက်ဆံခဲ့တာ။
အဲ့ဒီအဖွားကလင်ချန်ဟွမ်ရဲ့အဖွားဘဲ။
စုရန်သူမကိုအဖွားလို့ခေါ်ရင် သူကအမြဲပျော်ပြီးပြန်ထူးခဲ့တာ။သူမလိုတော်ပြီးလိမ္မာတဲ့မြေးမလေးကိုရတာက သူကံကောင်းတယ်ဆိုပြီးအမြဲပြောခဲ့တာ။
အဖွားပင်စင်မယူခင်တုန်းကမူလတန်းကျောင်းဆရာမလုပ်ခဲ့တာ။အဲ့ဒါကြောင့်စုရန်ကိုခေါ်ပြီးစာတွေသင်ပေး၊ပန်းချီဆွဲတာတွေသင်ပေးပြီး တစ်ခါတလေသူ့မြေးလင်ချန်ဟွမ်အကြောင်းကိုပြောပြလေ့ရှိတယ်။
အဖွားမှာကလင်ချန်ဟွမ်ရဲ့အမေဆိုတဲ့သမီးတစ်ယောက်ဘဲရှိတယ်။အဖွားငယ်ငယ်လေးနဲ့ကွာရှင်းလိုက်ရပြီး အဖွားသမီးကသူ့အဖေနဲ့လိုက်နေခဲ့တာ။
သူ့သမီးနဲ့သူနဲ့ကအဆင်မပြေကြပေမယ့်လင်ချန်ဟွမ်နဲ့ကျတော့အဆင်ပြေတယ်။လင်ချန်ဟွမ်နိုင်ငံခြားမှာနေတာဆိုတော့
ပြန်လာတဲ့အချိန်တိုင်းသူ့အဖွားအိမ်မှာလာနေခဲ့တာ။သူနေရင်လဲနောက်တစ်ခေါက်နိုင်ငံခြားမပြန်ခင်အချိန်ထိကိုနေခဲ့တာ။
လင်အိမ်ပြဿနာဖြစ်တော့လင်ချန်ဟွမ်အမေကသူ့ကိုအဖွားအိမ်ကိုခဏပို့ထားလိုက်တယ်။အဲ့ဒီမှာသူစုရန်နဲ့စသိခဲ့တာ။
အဲ့ဒီတုန်းကအဖွားသွားတဲ့နေရာတိုင်းကိုစုရန်နဲ့လင်ချန်ဟွမ်တို့ကိုအတူတူခေါ်သွားခဲ့တယ်။စုရန်ကတော့အဲ့ဒီတုန်းကအချိန်တွေကသူမငယ်ဘဝရဲ့အကောင်းဆုံးအချိန်တွေလို့ဘဲထင်တယ်။
မနေ့နေ့လည်တုန်းကစုရန်ဟွမ်ဟိုင်ကနေအန်မြို့ကိုပြန်လာတဲ့လေယာဉ်ပေါ်မှာရှိတုန်းအဖွားကထွက်သွားခဲ့ပြီ....
စုရန်လဲဖုန်းကိုယူပြီးလင်ချန်ဟွမ်ကိုဆက်လိုက်တယ်။သူမလက်တွေတုန်ယင်နေတယ်။
သူဖုန်းမကိုင်ဘဲဖုန်းပိတ်ထားတယ်။
သူမအကြိမ်ပေါင်းများစွာခေါ်ကြည့်ပေမယ့်ဖုန်းကပိတ်ထားတုန်းဘဲ။
အဲ့ဒီအချိန်မှာသူမဖုန်းသံမြည်လာတော့ လင်ချန်ဟွမ်လို့ထင်ထားပေမယ့် မမျှော်လင့်ထားဘဲလင်ချန်ဟွမ်အမေဖြစ်နေတယ်။
'အန်တီ'
'ရန်ရန် သမီးလင်ချန်ဟွမ်နဲ့တူတူရှိနေတာလား?' သူ့အမေအသံကလင်ချန်ဟွမ်ကိုစိတ်ပူနေပုံရတယ်။
'မရှိပါဘူး။သမီးကအိမ်မှာပါအန်တီ။ဘာဖြစ်လို့လဲ?'
'လင်ချန်ဟွမ်အဖွားဆုံးသွားပြီ။သူမဘယ်လိုအိမ်ကနေထွက်သွားလဲမသိဘူး။အိမ်အကူကသူမကိုတစ်ညလုံးလိုက်ရှာခဲ့ပေမယ့်မတွေ့ခဲ့ဘူး။အဲ့ဒါပြီးတော့ဖုန်းဆက်လာခဲ့တယ်။သူမရထားသံလမ်းကိုဖြတ်ကူးနေတုန်းသူမ...လင်ချန်ဟွမ်ဒီတစ်မနက်လုံးပျောက်နေတယ်။သူ့ကိုအန်တီဖုန်းဆက်လို့လဲမရဘူး။ရှာလို့လဲမတွေ့ဘူး။သူငယ်ငယ်လေးကတည်းကအဖွားကသမီးတို့နှစ်ယောက်ဘယ်သွားသွားခေါ်သွားတာကိုအန်တီသိပါတယ်။အဲ့ဒါကြောင့်အန်တီသမီးကိုမေးချင်တာက သူသွားနိုင်တဲ့နေရာတွေကိုသမီးမစဉ်းစားမိဘူးလား?' လင်ချန်ဟွမ်အမေလဲငိုပြီးပြောနေတယ်။
စုရန်လဲဒီလိုမျိုးမတော်တဆမှုမျိုးဖြစ်လိမ့်မယ်လို့မထင်ထားဘဲ ဝမ်းနည်းနေမိတယ်။ဖုန်းထဲမှာလင်ချန်ဟွမ်အမေရဲ့ရှိုက်သံကိုသူမကြားနေရတယ်။
'အန်တီစိတ်မပူပါနဲ့။သမီးသူ့ကိုကူရှာပေးပါ့မယ်....'
'ဒါဆိုရင်လဲကူညီပါဦးသမီးရယ်..'
လင်ချန်ဟွမ်အမေဖုန်းချပြီးတော့ စုရန်ဖုန်းကိုကိုင်ပြီးသူမတို့ရဲ့ငယ်ဘဝအကြောင်းတွေကိုပြန်စဉ်းစားနေမိတယ်။
လင်ချန်ဟွမ်နဲ့အဖွားကအတော့်ကိုရင်းနှီးကြတယ်ဆိုတာကိုသူမသိတယ်။သူအဖွားကိုတကယ်ကိုချစ်ပြီးဂရုစိုက်တာ။သူနိုင်ငံခြားကိုပညာတော်သင်မသွားခင်အချိန်ထိကိုအဖွားနဲ့အကြာကြီးတူတူနေခဲ့တာ။
ဒီနှစ်တွေမှာအဖွားရဲ့စိတ်ကျန်းမာရေးကသိပ်ပြီးမကောင်းတော့ဘူး။မနှစ်တုန်းကစပြီးသူငယ်ပြန်သွားတယ်။လင်ချန်ဟွမ်
အဖွားကိုဂရုစိုက်ဖို့အထူးကျွမ်ကျင်နဲ့နာနီကိုခေါ်ထားခဲ့ပေမယ့်လဲ ဒီလိုမျိုးမျှော်လင့်မထားတဲ့မတော်တဆဖြစ်သွားရတယ်လို့။
စုရန်အရမ်းကိုဝမ်းနည်းနေပြီး လင်ချန်ဟွမ်ဆိုရင်ဘယ်လောက်တောင်ဝမ်းနည်းနေလိုက်မလဲဆိုတာကိုသူမမတွေးရဲဘူး။
လင်ချန်ဟွမ်ဘယ်များသွားနိုင်မလဲဆိုတာကိုသူမစဉ်းစားကြည့်လိုက်တယ်။
သူမတစ်နေရာကိုသတိရသွားတယ်။သူအဲ့ဒီကိုသွားတာဖြစ်နိုင်တယ်။
သူမထျန်မီကိုဖုန်းဆက်ပြီးအဖော်လိုက်ပေးဖို့ခေါ်လိုက်တယ်။
ထျန်မီလဲလင်ချန်ဟွမ်ကိုစိတ်ပူနေတာဆိုတော့ချက်ချင်းသဘောတူလိုက်ပြီး: 'နင်ငါ့ကိုအိမ်မှာစောင့်နေနော်။ငါလာခေါ်မယ်'
စုရန်အင်္ကျီလဲပြီးကုတ်ကိုဝတ်လိုက်တယ်။ဒီနေ့ရာသီဥတုကတော်တော်ဆိုးတယ်။မနက်တည်းကနေကိုမမြင်ရဘဲကောင်းကင်ကြီးကအုပ်မှိုင်းနေတယ်။
အရမ်းကိုအေးနေတာဆိုတော့ စုရန်အဝတ်အစားအထူကြီးကိုရွေးဝတ်ထားလိုက်တယ်။
ထျန်မီလာခေါ်တာကိုစောင့်နေတုန်းသူမစုန့်ဝမ်ရှီအခန်းကိုသွားလိုက်တယ်။သူအိပ်နေတုန်းဆိုတော့ အိမ်အကူတွေကိုသူမအပြင်ခဏသွားဦးမှာမို့လို့သူ့ကိုသေချာဂရုစိုက်ဖို့မှာသွားလိုက်တယ်။
စုန့်ဝမ်ရှီအခန်းကနေထွက်လာပြီး သူမမဒမ်စုန့်အခန်းကိုသွားကာအခြေအနေတွေက်ုရှင်းပြလိုက်တယ်။
သူမထျန်မီကိုစောင့်ဖို့အာက်ထပ်ဆင်းလာတဲ့အချိန်မှာအခုမှအိမ်ပြန်လာကြတဲ့စုန့်ထင်ယွီနဲ့ချန်ကျင်တို့ကိုတွေ့သွားတယ်။
သူတို့မျက်နှာတွေလဲမကောင်းကြဘူး။ချန်ကျင်လဲဘာတွေကြားလာလဲမသိဘူး။စုရန်ကိုအေးစက်တဲ့အကြည့်တွေနဲ့ကြည့်နေတယ်။
စုရန်လဲသူမကိုသူဘယ်လိုမြင်လဲဆိုတာကိုဂရုမစိုက်ဘဲဒီတိုင်းဘဲနှုတ်ဆက်လိုက်တယ်: 'အမေ'
ချန်ကျင်အေးစက်တဲ့အပြုံးကိုပြုံးလိုက်ပြီးဘာမှပြန်မပြောဘဲနေလိုက်တယ်။
အဲ့ဒီအချိန်မှာထျန်မီဖုန်းဆက်လာလို့ သူမစုန့်ထင်ယွီကိုဖြတ်ပြီးအပြင်ကိုသွားလိုက်တယ်။သူ သူမကိုဘာမှမပြောဘဲကြည့်နေလိုက်တယ်။
ထျန်မီကားအိမ်ရှေ့ကိုရောက်တာနဲ့သူမကားထဲကိုဝင်ပြီးခါးပတ်အမြန်ပတ်လိုက်ပြီးသူ့ကိုလိပ်စာပြောပြလိုက်တယ်: 'သွားရအောင်'
ထျန်မီလဲအိမ်ထဲကနေကားမောင်းထွက်လာပြီး: 'ရန်ရန် နင်အဆင်ပြေရဲ့လား?'
'ပြေပါတယ်'
'နင်မျက်နှာလဲမကောင်းဘူး' ထျန်မီလဲတည့်တိုးဘဲမေးလိုက်တယ်: 'နင်ဖျားနေတာလား?ဒါမှမဟုတ်စုန့်ထင်ယွီနဲ့ရန်ဖြစ်ထားလို့လား?ဒါမှမဟုတ်လင်ချန်ဟွမ်အဖွားကြောင့်လား?'
ထျန်မီကစုရန်အထက်တန်းတုန်းကသူငယ်ချင်းဆိုတော့လင်ချန်ဟွမ်နဲ့သူ့အဖွားအကြောင်းကိုနည်းနည်းသိတယ်။
အဖွားဆုံးသွားတာကလင်ချန်ဟွမ်အတွက်တော့အရမ်းကိုထိခိုက်ခံစားရလိမ့်မယ်။ဒါပေမယ့်စုရန်ကရော?
စုရန်လဲပြန်ဖြေလိုက်တယ်: 'ဒါကငါနဲ့စုန့်ထင်ယွီတို့ဖြစ်နေကျပြဿနာပါ'
ထျန်မီသက်ပြင်းချပြီးအဲ့ဒီအကြောင်းကိုဆက်မပြောတော့ဘဲ: 'အခုသွားရမယ့်ခရီးကဝေးတယ်။နင့်ကိုနင်လဲပြန်ကြည့်ဦး။မနေ့ညကကောင်းကောင်းမအိပ်ထားတာသေချာတယ်။ကားပေါ်မှာခဏအိပ်လိုက်ဦး။ရောက်ရင်ငါနှိုးလိုက်မယ်'