'အခုလား?' စုန့်ဝမ်ရှီကိုစုရန်ကြည့်လိုက်ပြီး: 'အခု၉နာရီတောင်ထိုးနေပြီလေ။ပြီးတော့ ဝမ်ရှီလဲအိပ်ပျော်နေပြီ....'
'အန်တီဖန်ကြည့်ထားပေးလိမ့်မယ်။အပြင်သွားပြီးတစ်ခုခုဝယ်ရအောင်'
သူမအဝတ်အစားအသုံးအဆောင်အားလုံးယူလာခဲ့တယ်။စုန့်ဝမ်ရှီအိတ်ကိုစစ်ကြည့်တော့လဲဘာမှမလိုဘူး။အဲ့ဒါကြောင့်အပြင်သွားရင်သူမဘာဝယ်ရမလဲမသိဘူး။
'မင်းရေကူးဝတ်စုံမယူလာဘူးလေ'
'ကျွန်မမှမလိုတာ...' စုရန်ကရေးမကူးတတ်တော့ သူမရေထဲဆင်းဖို့လဲအစီအစဉ်မရှိဘူး။
စုန့်ထင်ယွီကတော့သူမကိုဆွဲခေါ်လာပြီး: 'မင်းဟွမ်ဟိုင်လာပြီး ဘာလို့ရေမကူးဘဲနေမှာလဲ?'
စုရန်ကိုသူအတင်းခေါ်လာပြီးကားထဲထည့်လိုက်တယ်။
သူတို့ကားကအမိုးဖွင့်ကားဆိုတော့ ဟွမ်ဟိုင်ရဲ့အလှအပတွေကိုကောင်းကောင်းကြီးခံစားလို့ရတယ်။
စုရန်လဲဟွမ်ဟိုင်ရဲ့လှပတဲ့မြင်ကွင်းတွေထဲမှာနစ်မျောသွားတယ်။ဟွမ်ဟိုင်ကအရမ်းကိုအပန်းဖြေလို့ကောင်းတဲ့မြို့ဖြစ်ပြီး နေရာတိုင်းမှာပန်းဆိုင်တွေ ကော်ဖီဆိုင်တွေအပြင်အနုပညာလက်ရာတွေလဲအများကြီးရှိတယ်။မြို့ရဲ့နံရံတွေမှာလဲရောင်စုံဆီဆေးပန်းချီကားတွေအပြည့်ဘဲ။အဆောက်အဦးတိုင်းရဲ့အရှေ့မှာလဲ သစ်ပင်တွေပန်းပင်တွေအပြည့်ဘဲရှိနေတယ်။
ည၉နာရီဆိုတော့လူတွေစည်းကားနေပေမယ့်လဲ မြို့ကြီးတွေလိုတော့မဟုတ်ဘူး။ဒီမှာစည်းကားတဲ့ပုံစံကအပန်းဖြေရသလိုမျိုးဘဲ။
စုန့်ထငိယွီကားကိုကားပါကင်မှာရပ်လိုက်ပြီး စုရန်ကိုပြောလိုက်တယ်: 'လျှောက်ပတ်ကြည့်ရအောင်'
စောစောတုန်းကစုရန်တလမ်းလုံးမြင်ကွင်းတွေကိုငေးကြည့်လာပြီး သူဒီနေရာကိုသဘောကျတယ်ဆိုတာ စုန့်ထင်ယွီသိတယ်။
ဒီနေ့သူမ အစိမ်းရောင်ကြိသိုင်းစကပ်နဲ့ အနက်ရောင်ခြေညှပ်ဖိနပ်ကိုစီးထားတယ်။သူမရဲ့ဆံပင်တွေကိုအနောက်မှာချထားတယ်။သူမကားပေါ်ကလဲဆင်းရော သူမစကပ်နဲ့ဆံပင်တွေကိုလေတွေတိုက်နေပြီး သူမပျော်နေတာကြောင့်မျက်နှာမှာအပြုံးလေးတစ်ပွင့်ပေါ်လာတယ်။အဲ့ဒါကြောင့် အခုအချိန်မှာသူမအရမ်းကိုလှနေတယ်။လူတွေရဲ့စိတ်ဝိဉာည်တွေကိုဖမ်းစားနိုင်လောက်အောင်လှနေတယ်။
သူမလမ်းလျှောက်နေတဲ့ပုံကလူတချို့ရဲ့အကြည့်တွေကိုဖမ်းစားထားတယ်ဆိုတာကိုသူမကတော့သတိမပြုမိပေမယ့် စုန့်ထင်ယွီကတော့မြင်နေရတယ်။သူမဆိုင်တွေနဲ့ဟိုဟိုဒီဒီကိုလျှောက်ကြည့်နေလိုက်တယိ။
ခရုခွံလေးတွေနဲ့Handmadeလုပ်လို့ရတဲ့ခရုခွံရောင်းတဲ့ဆိုင်ကိုသူမတွေ့သွားတော့ စုန့်ဝမ်ရှီသူမကိုခရုခွံလေးတွေနဲ့လုပ်ထားတဲ့ ခေါင်းလောင်းလေးကိုမွေးနေ့လက်ဆောင်ပေးခဲ့တာကိုသတိရသွားမိတယ်။သူမအရမ်းကိုကြိုက်လို့အိမ်ကပြတင်းပေါက်မှာဆွဲထားတယ်။
သူမလဲအဲ့လိုhandmadeလုပ်ရတာကိုသဘောကျတော့ ဆိုင်ထဲကိုဝင်ကြည့်မလို့လုပ်လိုက်တဲ့အချိန်မှာ သူမပုခုံးကိုလူတစ်ယောက်ကလာဖက်လိုက်တယ်။
သူမကျောပြင်က တောင့်တင်းသန်မာတဲ့ခန္ဓာကိုယ်နဲ့တိုက်မိသွားပြီး သူမပုခုံးပေါ်မှာတင်ထားတဲ့စုန့်ထင်ယွီလက်တွေကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ: 'ရှင်ဘာလုပ်တာလဲ?'
စုန့်ထင်ယွီ သူမပုခုံးကိုကိုင်ထားဖက်ထားချင်စိတ်အပြည့်ဖြင့်ဆိုင်ထဲကိုဝင်လိုက်ပြီး: 'ညကဒီလောက်အေးတာကို ဘာလို့ပါးပါးလေးဝတ်လာတာလဲ?'
အေးလို့လား?
'၂၀ဒီဂရီဘဲရှိတာကို။ဘယ်လိုလုပ်ပြီအေးမှာလဲ?'
'ဘာလို့မအေးရမှာလဲ?ပင်လယ်လေကဒီလောက်တိုက်နေတာကို' စုန့်ထင်ယွီ သူမကြိုးသိုင်းစကပ်ကကြိုးကိုကိုင်လိုက်ပြီး သူ့မျက်နှာကမပျော်မရွှင်နဲ့: 'မင်းအင်္ကျီကပါးလွန်းတယ်'
စုရန်လဲသူ့ကိုဂရုမစိုက်တော့ဘဲ သူ့လက်ကိုဘဲပုတ်လိုက်ပြီး: 'ကျွန်မကိုလွှတ်'
လမ်းပေါ်မှာဆွဲလားရမ်းလားလုပ်နေတာက ဘာနဲ့တူနေပြီလဲ?
စုန့်ထင်ယွီလဲမလွှတ်ချင်တဲ့ပုံဖြစ်
နေတာနဲ့သူမပြောလိုက်တယ်: 'ကျွန်မခရုခွံတွေကိုကြည့်ချင်လို့။ကျွန်မရေငတ်နေလို့။ကျွန်မကိုအုန်းရေသွားဝယ်ပေး'
လမ်းဘေးမှာအုန်းသီးရောင်းတဲ့လူတွေက
သောက်တဲ့လူတွေပိုက်တပ်ပြီးသောက်လို့ရအောင်တစ်ခါတည်းထိပ်ပိုင်းလေးတွေကိုဖြတ်ထားပေးတယ်။
စုန့်ထင်ယွီခေါင်းညိတ်လိုက်ပြီး: 'လျှောက်မသွားနေနဲ့ဦးနော်'
စုရန်လဲသူ့လက်ထဲကနေရုန်းလိုက်ပြီး ဆိုင်ထဲကိုဝင်သွားလိုက်တယ်။သူမဆိုင်ထဲမှာတစ်ခုခုကိုရွေးနေလိုက်တယ်။
ဆိုင်ပိုင်ရှင်ကလူငယ်လေး။ဒီမှာဘဲငယ်ငယ်လေးကတည်းကနေလာခဲ့တော့ သူ့အသားရောင်ကနည်းနည်းမည်းတဲ့ဘက်ကိုရောက်နေတယ်။အသားမဲပေမယ့်လဲသွားတွေကဖြူဖွေးနေပြီး သူပြုံးလိုက်ရင်ကြည့်ကောင်းသွားတယ်။
စုရန်ပစ္စည်းတွေကြည့်နေတဲ့ဆီကိုသူရောက်လာပြီး: 'မိန်းမလှလေး တစ်ယောက်တည်းလာတာလား?'
စုရန်ပြုံးလိုက်တော့ သူမရဲ့ပါးချိုင့်လေးတွေပေါ်လာပြီး ဆိုင်ပိုင်ရှင်မျက်လုံးတောင်မလွှဲနိုင်တော့ဘူး။
'ကျွန်တော့ဆိုင်ကပစ္စည်းတွေကအကုန်လုံးhandmadeတွေချည်းဘဲ။အေးဆေးကြည့်လို့ရပါတယ်။မင်းကြိုက်တာတွေ့ရင်ပြောလေ။ကျွန်တော်အလကားပေးလိုက်ပါ့မယ်'
စုရန်လဲဇဝေဇဝါဖြစ်သွားမိတယ်။သူမတစ်ခုခုပြောမလို့လုပ်လိုက်တဲ့အချိန်မှာ သူမအနောက်ကနေ အသံဩဩနဲ့ပြောတာကိုကြားလိုက်ရတယ်: 'ကျွန်တော်တို့ကပိုက်ဆံမဆင်းရဲပါဘူး'
စုရန်လှည့်မကြည့်ဘဲဘယ်သူလဲဆိုတာသိတယ်။သူမလှည့်ကြည့်လိုက်တော့ သူ့ရဲ့ချောမောနေတဲ့မျက်နှာကစောစောကထက်ပိုပြီးမပျော်မရွှင်ဖြစ်နေတဲ့ပုံဘဲ။
သူမကိုအုန်းသီးလှမ်းပေးတော့ သူမယူလိုက်ပြီး: 'ကျေးဇူးပါ'
ဆိုင်ပိုင်ရှင်ကြည့်ရတာ လက်မလျှော့သေးတဲ့ပုံနဲ့: 'မိန်းမလှလေး သူက?..'
စုရန် စုန့်ထင်ယွီကိုကြည့်လိုက်ပြီး သူ
မပျော်မရွှင်ဖြစ်နေရတဲ့အကြောင်းကိုသိတော့ သူမကဘဲစပြီးသူ့လက်ကိုကိုင်လိုက်ကာ: 'ကျွန်မယောက်ျားပါ'
ဆိုင်ပိုင်ရှင်လဲစိတ်ပျက်သွားတဲ့ပုံဘဲ။
စုန့်ထင်ယွီနှုတ်ခမ်းထောင့်လေးတွေကွေးတက်သွားပြီး သူမကိုငုံ့ကြည့်လိုက်ကာ: 'မင်းဘာတွေကြည့်နေတာလဲ?တစ်ခုခုဝယ်ချင်တာရှိလား?'
'ဝမ်ရှီကိုခေါ်လာပြီးဝယ်ရအောင်။သူဆိုကြိုက်မှာသေချာတယ်'
သူ့လက်ကိုစုရန်လွှတ်လိုက်ပြီး ဆိုင်ရှင်ကိုသူမခေါင်းညိတ်ပြလိုက်ကာဆိုင်ကနေပြန်ထွက်လာခဲ့တယ်။
သူတို့နှစ်ယောက်ဆိုင်ထဲကနေထွက်သွားတာကိုကြည့်ပြီး ဆိုင်ပိုင်ရှင်ရင်နာသွားတယ်။မိန်းမလှလေးက ယောက်ျားရှိတဲ့အပြင်ကလေးပါရှိသေးတယ်။
ဆိုင်ကနေထွက်လာပြီးတော့ သူတို့နှစ်ယောက်လမ်းဘေးမှာလမ်းလျှောက်နေလိုက်တယ်။သူမလက်ကိုစုန့်ထင်ယွီကိုင်ထားတယ်။သူမရုန်းလိုက်ချင်ပေမယ့်လဲ သူ့ထက်ကိုအားနည်းနေတော့ သူမဘာမှမတတ်နိုင်ဘဲသူမလက်ကိုပေးကိုင်ထားလိုက်ရတယ်။
သူမတခြားလက်တစ်ဖက်ကလဲအုန်းသီးကိုကိုင်ထားတော့: 'ထင်ယွီ ရှင်ဒီလိုမျိုးကျွန်မလက်ကိုကိုင်ထားရင်ကျွန်မ
အုန်းရေသောက်လို့မရတော့ဘူး'
သူမကိုသူလှည်ကြည့်လိုက်ပြီး မျက်ခုံးတွေကိုပင့်ကာ: 'ဒါဆိုရင်ကိုယ်မင်းကိုတိုက်မယ်လေ'
'.....' စုရန်သူ့ကိုကြည့်လိုက်ပြီး အုန်းရေကိုအမြန်သောက်ပြီးအမှိုက်ပုံးထဲကိုပစ်လိုက်ရတယ်။
'ဟိုမှာရေကူးဝတ်စုံဆိုင်'
စုန့်ထင်ယွီပြောပြီး သူမလက်ကိုဆွဲပြီးခေါ်သွားလိုက်တယ်။
ဆိုင်ထဲမှာပုံစံအမျိုးမျိုးရှိပေမယ့်bikiniပုံစံကတော့အဓိကအနေနဲ့ပြထားတယ်။အရောင်းဝန်ထမ်းကလဲ သူမတို့ကိုဖော်ဖော်ရွေရွေနဲ့ ပုံစံမျိုးစုံကိုပြပေးတယ်။သူမbikiniကြည့်ပြီး စုရန်ကိုကြည့်ကာ: 'အမလှလှလေးရဲ့ခန္ဓာကိုယ်ကအရမ်းကိုလှတာဘဲ။bikiniဘဲဝတ်သင့်တယ်။ကမ်းခြေကိုသာသွားရင်အမကိုလူတွေဝိုင်းကြည့်နေကြမှာ...'
သူမစကားမဆုံးခင်မှာဘဲသူမကိုတစ်ယောက်ယောက်ကလေဆာမျက်လုံးတွေနဲ့ကြည့်နေတယ်လို့ခံစားလိုက်ရတယ်။သူမလန့်သွားပြီး: 'အကိုချောချောလေး ကျွန်မပြောတာတစ်ခုခုမှားနေလို့လား?'
သူမကိုစုန့်ထင်ယွီဂရုမစိုက်ဘဲ တခြားဝတ်စုံတွေကိုလျှောက်ကြည့်နေလိုက်တယ်။နောက်ဆုံးသူကြိုက်တဲ့ပုံစံကိုတွေ့သွားတော့ အဲ့တာကိုလက်ညှိုးထိုးပြလိုက်ပြီး: 'အဲ့ဒါလေးကိုထုပ်ပေးပါ'
ဆိုင်ဝန်ထမ်းသွားပြီးယူပေးလိုက်တယ်။သူမလဲအဲ့တာကိုကြည့်လိုက်ပြီး ခေါင်းကိုခါလိုက်ကာ: 'အကိုချောလေး ဒီပုံစံကအရမ်းကိုရှေးရိုးဆန်လွန်းတယ်။ဒီလိုချောပြီး ခန္ဓာကိုယ်လှတဲ့အမက ခန္ဓာကိုယ်ကောက်ကြောင်းပေါ်အောင်မဝတ်သင့်ဘူးလား?'
စုန့်ထင်ယွီလဲစောစောကထက်ပိုဆိုးတဲ့အကြည့်တွေနဲ့သူမကြည့်လိုက်တော့ သူမလဲငိုချင်သွားပြီး: 'ကျွန်မပြောတာ...အားလုံးက...အမှန်တွေပါ'
ဒီအပိုင်းကိုပြန်ရတာပင်လယ်ကိုခရီးသွားချင်သွားတယ်☺️