Superstars Of Tomorrow ( Myan...

By C_Chilli69

15K 2K 74

Original author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Source: https://allnovelfull.com/ Status in COO : 507 c... More

Description
Chap 1.1 ကပ်ဘေးအဆုံးသတ်ပြီးနောက် ကမ္ဘာသစ်
Chap 1.2
Chap 2 အနက်ရောင်လမ်း(သို့)မှောင်ခိုလမ်း
Chap 3 မင်းသူငယ်ချင်းက အောင်မြင်သွားပြီ
Chap 4 ပုံရိပ်ယောင်အနုပညာရှင်များ
Chap 5 စွမ်းရည်သစ်ပြိုင်ပွဲ
Chap 6 အပြင်းအထန်ကြိုးစားရခြင်း
Chap 7 အရည်အချင်း
Chap 7 အရည္အခ်င္း
Chap 8 အမိုက်စားနိုးထမှု
Chap 8 အမိုက္စားႏိုးထမႈ
Chap 9 ဒါဆို မင်းက ဒီလို အတွင်းရေးမှုးလေးပေါ့
Chap 10- ပြုတ်သွားပြီ
Chap 11 ကျော်တက်သွားပြီ
Chap 11 ေက်ာ္တက္သြားၿပီ
Chap 12 ချောင်ထိုးခံထားရတဲ့ ပုံရိပ်ယောင်အနုပညာရှင် ပရောဂျက်
Chap 13 ဒီတာဝန်ကို မင်းဆီလွှဲထားလိုက်ပြီ
Chap 14.1 အရမ်းကြီးမမျှော်လင့်ထားနဲ့ ကောင်လေး
14.2
14. 2 Zawgyi
Chap 15 ကြယ်ပွင့်တွေနောက်လိုက်ဖူးလား
Chap 15 ၾကယ္ပြင့္ေတြေနာက္လိုက္ဖူးလား

Chap 10 ပြုတ်သွားပြီ

381 91 6
By C_Chilli69

Uni

နမူနာကို နားဆင်ကြသည့်အကြိမ်ရေသည်သည် အဆိုတော်နှင့်တေးရေးဆရာနောက်ကွယ်မှ ကုမ္ပဏီ၏ ပရိုမိုးရှင်းစွမ်းရည်ကို ဖော်ပြနေသည်။  ဒါပေမယ့် ပရိသတ်ကို ဖမ်းစားနိုင်ပြီး ဒေါင်းလုဒ်ဆွဲခံရမလားကတော့ သီချင်းပေါ်တွင်သာမူတည်သည်။  ဒီသီချင်းမှာ ခြေထောက်တွေ ရှိတယ်ဆိုတာ သံသယဖြစ်စရာမလိုပေ။

ရာသီကုန်ခါနီး နှောင့်နှေးမှုများကြောင့် သီချင်းကို အားနည်းချက်ဖြစ်စေသော်လည်း ၎င်း၏ တရှိန်ထိုးမြင့်တက်မှုသည် လူအများ၏စိတ်ဝင်စားခြင်းကိုခံရသည်။အထူးသဖြင့် ဂီတနယ်ပယ်ကို အလေးအနက်ထားသူများ၏ အာရုံစိုက်မှုကို ခံရသည်။

ဇယား၏အောက်ခြေမှထိပ်ဆုံး ၂၀၀ သို့ခုန်တက်သည်ကိုမည်သူမျှသတိပြုမိမည်မဟုတ်ပေ။

ထိပ်ဆုံး၂၀၀ မှ  ၁၀၀ ထိလည်းအတူတူပင်ဖြစ်သည်။

သို့သော် သုံးရက်အတွင်း ထိပ်ဆုံး အပုဒ် ၅၀ ထဲရောက်လာသည့် သီချင်းတစ်ပုဒ်ကိုတော့သင် လျစ်လျူရှု၍မရပေ။

လူသစ်တစ်ယောက်၏လက်ရာဖြစ်သော၊ "Hehe, My Dear" ၏ အရှိန်အဟုန်ဖြင့် ထိုးတက်လာမှုသည် စွမ်းရည်သစ်ဇယားအားစောင့်ကြည့်နေသူအားလုံးကို ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့သည်။

ဒီသီချင်းကို နားထောင်သူအများစုမှာ ကျောင်းသားများဖြစ်သော်လည်း ပရော်ဖက်ဆာ Zhou ကဲ့သို့သော တေးရေးနဲ့ စီစဥ်ဖန်တီးမှုကို လေ့လာသော ဝါရင့်ဂီတပညာရှင်များက စာမေးပွဲတွင် ၎င်းကိုမေးခွန်းအနေနဲ့မေးပြီး ကျောင်းသားများကိုခွဲခြမ်းစိတ်ဖြာစေသည် ။  ထို့ကြောင့် ထိုသီချင်းကို ကျောင်းသားများသဘောကျသလို မုန်းလည်းမုန်းတီးကြသည်။

ဘယ်လိုပဲကြည့်ကြည့်သီချင်းက အောင်မြင်သည်ဟုဆိုရမည်။

Du Ang ခန့်မှန်းခဲ့သလို ကြယ်ပွင့်များကိုဒီသီချင်းအတွက် ချိန်ညှိပေးခဲ့တယ်။ သီချင်းမှာ အဝင်နောက်ကျသော်လည်း အရှိန်ရရန်တော့လုံလောက်သည်ဟုဆိုနိုင်သည်။

Fang Zhao ၏သီချင်းသစ်ထွက်ရှိကတည်းက Du Ang သည် စွမ်းရည်သစ်ဇယားကိုသာ နေ့နေ့ညည စောင့်ကြည့်နေခဲ့သည်။  သူ၏တစ်ခြားလူသစ်များမှာ ဒေါင်းလုဒ်အရေအတွက်တိုးပြီးအဆင့်တက်ခြင်းမရှိတော့ဘဲတဖြည်းဖြည်းအရှိန်လျော့ကျလာသည်။  အဓိကသော့ချက်မှာ Fang Zhao သီချင်းထွက်ရှိမှု ဖြစ်သည်။ ၎င်းသည် Du Ang  ရာထူးတိုးမတိုးကိုဆုံးဖြတ်နိုင်လိမ့်မည်ဖြစ်သည်။

ငွေတောင်ပံ ရှိ Du Ang ၏ရုံးခန်းတွင် စွမ်းရည်သစ်ပြိုင်ပွဲပြီးဆုံးရန် နီးကပ်လာသည်နှင့်အမျှ အရာအားလုံး ငြိမ်သက်လာသည်။  သူသည် သီချင်းသစ်များ ထပ်မထုတ်တော့ဘဲ စျေးကွက်ရှာဖွေရေးနှင့် ရောင်းဝယ်ရေးကိုသာအားစိုက်ထားသည်။

ထို့ကြောင့် ယခု Du Ang ၏အလုပ်သည်ဇယားကို စောင့်ကြည့်ခြင်းသာဖြစ်သည်။  Fang Zhao ၏ဒေါင်းလုဒ်အရေအတွက် သုညမှ ဂဏန်းသုံးလုံး၊ ထို့နောက် လေးနှင့် ငါး၊ ထို့နောက် ခြောက်အထိ ရောက်သွားသည်ကို သူစောင့်ကြည့်နေခဲ့သည်။

ဖြန့်ချီပြီး ကိုးရက်မြောက်နေ့တွင် ၁ သန်းအထိ ရရှိခဲ့သည်။ အသစ်ထွက်ရှိမှု အများအပြားသည် ဒေါင်းလုဒ် ၁ သန်းအထိ ရောက်ရှိပြီးနောက် အင်အားလျော့နည်းသွားသော်လည်း Fang Zhao သီချင်းကတော့ထိုသို့မဟုတ်ပေ။  ဒေါင်းလုဒ်ဆွဲသည့်ပမာဏမှာ ၁ သန်းကျော်လာပြီးသည်အထိရပ်တန့့်ခြင်းမရှိသည့့်အပြင် ထပ်ညွှန်းကိန်းများလိုဆက်တိုက်ထိုးတက်နေဆဲဖြစ်သည်။

Du Ang သည် သူ့tabletပေါ်ရှိ ဒေတာများကို မျက်လုံးမှသွေးကြောများပေါ်သည်အထိ မခွာတမ်းဆက်တိုက်ကြည့်နေသည်။  မနက် ၈ နာရီရုံးရောက်ကတည်းက ထမင်းစားချိန်နဲ့ အိမ်သာတက်ချိန်မှလွဲ၍ သူ့စခရင်ပေါ်ရှိ ဒေါင်းလုဒ်မှတ်တမ်းကိုသာ အဆက်မပြတ် စွဲစွဲလမ်းလမ်းဆက်ကြည့်နေခဲ့တယ်။  သူ့ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းသည် တင်းမာနေသော်လည်း ဦးနှောက်မှာမူ လှုပ်ရှားတက်ကြွနေဆဲဖြစ်သည်။

Du Ang သည် အခြားအလုပ်သင် ကိုးဦးတုန်းက ဒီလိုအစွန်းရောက်ခံစားချက်မျိုးမရှိသော်လည်း Fang Zhao အလှည့်တွင်တော့
ခြွင်းချက်ဖြစ်သည်။  သူတော်တော်လေး အံ့သြရပြီး စိတ်အားထက်သန်စွာ မျှော်လင့်နေမိသည်။

နမူနာများသည် နောက်ဆုံးထုတ်ကုန်နှင့် ကွဲပြားသော်လည်း ကွဲပြားမှုအနည်းငယ်သာရှိသည်။  သို့သော် Fang Zhao ၏ နောက်ဆုံးတည်းဖြတ်မှုကို အစီအစဉ်ဆွဲသည့်ဌာနမှ နတ်ဆိုးများပင် သဘောကျသွားကြသည်။

"ဒီတစ်ခေါက်တော့ ငါရာထူးတိုးတော့မယ်ထင်တယ်"

ဟု Du Ang ရေရွတ်နေသည် ။ လစာတိုးတာနဲ့ ရာထူးတိုးတာနဲ့တွင် Du Ang သည် နောက်ဆုံးတစ်ခုကို ပိုသဘောကျသည်။

Du Ang ၏လက်ထောက်သုံးယောက်သည် ရုံးခန်းထဲသို့ဝင်သည့်အခါတိုင်း သူ၏ဗလုံးးဗထွေးရေရွတ်သံကိုကြားနေရသည်။  အစတွင် သူတို့သည် သူပြောသည့်စကားကို မရှင်းးသော်လည်း အနည်းငယ်ကြာပြီးနောက် Du Angသည် ဒေါင်းလုဒ်ကောင်တာတွင် ထိုင်ကာ ကြွေးကြော်နေသည်ကို နားလည်သွားကြသည်။

"ရာထူးတိုး ! ရာထူးတိုး ! ရာထူးတိုး !"

ဒါဟာ Du Ang တစ်ယောက်တည်းမဟုတ်ပါပေ။  အသစ်များနှင့်တွဲလုပ်ခဲ့သော ဝန်ထမ်းများသည်လည်း ဇယားကိုမခွာတမ်းစောင့်ကြည့်နေကြသည်။  Fang Zhao ၏ သီချင်းကို ထိပ်ဆုံး ၁၀ ခုအတွင်း ရောက်စေချင်ကြသည်။ တစ်ခုတည်းသောအချက်မှာ နံပါတ် 10 သည် ဒေါင်းလုဒ်ပေါင်း 1.8 သန်းအထိ ရှိနေပြီဖြစ်သည်။

ဒေါင်းလုဒ်ပေါင်း ရှစ်သိန်းသည် ကွာဟချက်ကြီးမားလွန်းလှသည်။Fang Zhao သည် 10 ရက်အတွင်း 800,000 ကွာဟချက်ကို မီဖို့လိုသည်။  မဟုတ်ဘူး၊ အနည်းဆုံး နောက်ထပ် တစ်သန်းလောက်ကို ရဖို့လိုသည်။ ဒါ့အပြင် နံပါတ် 10 နေရာမှ သီချင်းသည် ဒေါင်းလုဒ်ပိုမိုရရှိနေဦးမည်ဖြစ်သောကြောင့် ထိပ်တန်း 10 ကို ထိုးဖောက်ဖို့ရန် နောက်ထပ်ဒေါင်းလုဒ် 1 သန်းလောက်လိုအပ်မည်ဖြစ်သည်။

ပရိုမိုးရှင်းချန်နယ်များတွင် ပြသနေသည်များကို ထည့်သွင်းစဉ်းစားပြီး အသစ်ဝင်လာသူတစ်ယောက်အနေနဲ့ နောက်ထပ်ဒေါင်းလုဒ် 1 သန်းရဖို့ ဖြစ်နိုင်လား။

မဖြစ်နိုင်ဘူးလို့ သူတွေးနေပေမဲ့ သူမျှော်လင့်နေဆဲဖြစ်သည်။ ရက်ကြာလာသည်နဲ့အမျှ အဲဒီမျှော်လင့်ချက်မှာလည်း ကြီးထွားလာခဲ့သည်။

တိုးတက်မှုကြီးကမြန်လိုက်တာ။

တမြန်နေ့ ကပဲ ထိပ်တန်း 50 ကို ထိုးဖောက်သွားခဲ့ပြီး ခု ထိပ်တန်း 30 ထဲရောက်နေပြီ။ နံပါတ် 30 မှသီချင်းကို ကုမ္ပဏီငယ်တစ်ခုက ထုတ်ထားခြင်းဖြစ်သည်။  သူတို့ရဲ့ ရည်မှန်းချက်မှာ ထိပ်တန်း 50 ကို ဖြတ်ကျော်ဖို့ဖြစ်သည်။ အံ့ဩစရာကောင်းစွာပင် သူတို့ နှင့်လက်မှတ်ထိုးထားသော
လူသစ်မှာအပီကြဲနိုင်ခဲ့ပြီး အမှတ် 30 နေရာကို သိမ်းပိုက်နိုင်ခဲ့သည်မှာ အံ့​ဩဖွယ်ဖြစ်သည်။
တေးရေးဆရာမှာလည်း ကျေနပ်ပီတိဖြစ်နေသည်။  ရာသီပြီးတော့မည်ဖြစ်သောကြောင့် ဇယားအဆင့်သတ်မှတ်ချက်များမှာလည်း အနည်းနဲ့အများ အထိုင်ကျသွားပြီဖြစ်သည်။သူသည် နံပါတ် 31 ကိုကျော်သွားပြီဖြစ်သောကြောင့် အတော်လေး စိတ်အေးလက်အေးဖြစ်သွားကာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူငယ်ချင်းများနှင့်ပင် အောင်ပွဲခံခဲ့သေးသည်။

သူသည် အရက်နာကျကာအိပ်ပျော်နေစဉ် ထပ်ခါထပ်ခါမြည်နေသော အချက်ပေးသံများကြောင်းနိုးလာသည်။  သူ့လက်ကောက်ကို "မနှောင့်ယှက်ရ" စနစ်တင်(Mode on)ထားပြီး  ခေါ်ဆိုမှုအများစုကို ပိတ်ဆို့ထားသော်လည်း တတိယအကြိမ်တွင် ဖုန်းဝင်လာသည်။

တူညီသောနံပါတ်မှ ခေါ်ဆိုမှုသုံးကြိမ်သည် အရေးပေါ်ကိစ္စဖြစ်နိုင်သည်။

မျက်မှောင်ကြုတ်ကာ ကုတင်ပေါ်မှလူးလဲထပြီး ဆိုးဝါးနေသောစိတ်အစဉ်ဖြင့် သူ့လက်ကောက်ကို အမိန့်ပေးလိုက်သည်။

“ထားလိုက်တော့”

လက်ကောက်မှာအမိန့်အတိုင်းဖုန်းကိုလက်ခံလိုက်သောအခါ သူဘာမှမပြောရခင် ဖုန်းခေါ်သူမှ အော်ဟစ်လာသည်။

"မင်း ပြုတ်သွားပြီ"

"မင်းကသာပြုတ်တာ!"

တေးရေးဆရာမှာရီဝေနေသောကြောင့်နဖူးကြောကိုနှိပ်နေစဉ် ဖုန်းခေါ်သူ၏ထိန့်လန့်တကြီးတုံ့ပြန်မှုကြောင့် အေးခဲကာ အံ့ဩတကြီးမေးလိုက်သည်။

“မင်း ဘာပြောလိုက်တယ်!”

သူ့လက်ကောက်ဝတ်မှ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ 

"မင်း တကယ်ကို ပြုတ်သွားတာ။ ငါနောက်နေတာမဟုတ်ဘူး။ လူသစ် ဇယားကို မြန်မြန်သွားကြည့်လိုက်!။ မင်း ထိပ်တန်း 30 ထဲက ထွက်သွားပြီ။"

တေးရေးဆရာသည် ချက်ချင်းထကာ သူ့လက်ပတ်ပေါ်ရှိ စခရင်ကိုဖွင့်ကာ ဇယားကို ကြည့်လိုက်ရာ တကယ်ပင်  နံပါတ် ၃၁ နေရာကို ရောက်နေသည်။

"F*ck! အဲဒါဘယ်သူလုပ်တာလဲ။"

လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက သူသည် ဇယားကို ဂရုမစိုက်သလို စာရင်းရှိ အခြားသီချင်းများကိုလည်းဂရုမစိုက်ခဲ့ပေ။  နေ့တိုင်း သူ့ကိုယ်ပိုင်အဆင့်နှင့် သူ့အပေါ်နှင့်သူ့အောက်ရှိ သီချင်းငါးပုဒ်ကိုသာစစ်ကြည့်ခဲ့သည်။  မျက်စိတစ်မှိတ်အတွင်းမှာပဲ ထိပ်ဆုံး 30 ထဲကနေ သူဘယ်လိုကျသွားတာလဲ။

နံပါတ် 32 မှ နံပါတ် 36 သည် အရင်လိုပဲဖြစ်ပြီး ၎င်းတို့ကြားရှိ ကွာဟချက်မှာ များစွာ ပြောင်းလဲခြင်းမရှိပေ။ ထို့နောက် သူ့ရှေ့က သီချင်းများဆီကို အာရုံရောက်သွားတယ်။  နံပါတ် 30၊ နံပါတ် 29 နှင့် နံပါတ် 28 တို့ကို မှတ်မိသည် - ၎င်းသည် အချိန်အတော်ကြာသူ့ရှေ့ရောက်နေသော သီချင်းသုံးပုဒ်နှင့် အတူတူပင်ဖြစ်သည်။  ဒါပေမယ့် နံပါတ် 27 မှာ မျက်နှာသစ်ဖြစ်သည်။

" 'Hehe, My Dear?' ငွေတောင်မီဒီယာ မှ?"

သူသည် နောက်ဆုံးမိနစ် စိန်ခေါ်သူကြောင့်ဇဝေဇဝါဖြစ်သွားပြီး စူးစမ်းလိုစိတ်နှင့်  အသေးစိတ်အချက်အလက်များကို သိရှိရန် နှိပ်လိုက်သည်။

၎င်းမှာ ဇွန်လ 11 ရက်နေ့တွင်ထွက်ရှိထားခြင်းဖြစ်သည်။ဒါကြီးက နောက်ကျလွန်းတယ်။

"ငွေတောင်ပံကဇွန်လ 11 ရက်အထိစောင့်ပြီး ဘာလုပ်နေတာလဲ"

ဟု ညည်းညူနေရင်း တေးရေးဆရာသည် သူ့လက်ချောင်းများဖြင့် အပေါ်အောက်ဆွဲကာ သီချင်းနှင့်ပတ်သက်သည့် အခြားအသေးစိတ်အချက်အလက်များကို ရှာဖွေကြည့်နေသည်။ သူကြည့်ရင်းကြည့်ရင်းကြောက်လာမိသည်။  ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သီချင်း၏ ရွေ့လျားမှုကို လိုက်ကြည့်ပြီးနောက် သူ အသက်ပြင်းပြင်းရှူလိုက်မိသည်။  ၎င်းသည် ဟော်မုန်းထိုးဆေးနှင့် ဆင်တူပြီး ရက်အနည်းငယ်အတွင်း ဒေါင်းလုဒ် 500,000 မှ 1 သန်းသို့ ခုန်တက်သွားသည်။  နောက်ထပ် နှစ်ရက်အတွင်း သီချင်းသည် နံပါတ် 50 ဝန်းကျင်မှ ထိပ်ဆုံး 30 သို့ တက်လာခဲ့သည်။ ဒေါင်းလုဒ် 400,000 တိုးလာသည်။  အခုက ထိပ်တန်း 20 ကို မျက်စိကျနေပြီဖြစ်သည်။

နံပါတ် 25 နဲ့ နံပါတ် 30 ကြားက ကွာဟချက်မှာသိပ်မကြီးပေ။  နံပါတ် 30 တွင် ဒေါင်းလုဒ်လုပ်သူ 1,403,952 ရှိပြီး နံပါတ် 25 တွင် 1,437,756 ရှိသည်။  ရာသီအစောပိုင်းတုန်းကဆိုလျှင် 30,000 ကွာဟမှုမှာ ဘာမှမဟုတ်သော်လည်း ရာသီကုန်ခါနီးတွင် သီချင်းအများစုမှာ ထိပ်ရောက်နေပြီဖြစ်သည်။  ဒေါင်းလုဒ် 10,000 တက်လာဖို့ပင် ခက်ခဲလေရာ ဒီသီချင်းမှာ ထိပ်တန်း 30 သို့ ရောက်သွားပြီး ရက်အနည်းငယ်အတွင်း လက်ရှိနေရာသို့ရောက်လာခဲ့သည်။

  ဘယ်လိုသီချင်းမျိုးက ဒီလို အံ့သြဖွယ် စွမ်းဆောင်နိုင်မှာလဲ။

သိချင်သောကြောင့်ဖွင့်ကြည့်လိုက်သည် ။

ထို့နောက် အတန်ကြာ တိတ်ဆိတ်သွားသည်။

သူသည် သီချင်း၏အသေးစိတ်အချက်အလက်များကိုကြည့်ရင်း သူ့မျက်နှာမှာစိတ်ရှုပ်ထွေးလာဟန်ပေါ်သည်။  ဒါက စျေးကွက်ချဲ့ထွင်ရေးသက်သက်မဟုတ်ဘဲ သီချင်းအရည်အသွေးရဲ့ လုပ်ဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

“တေးရေးဆရာတစ်ယောက်အနေနဲ့ ငါအတော်လိုအပ်နေသေးတာပဲ”

ဟု သူကိုယ်တိုင် ဝန်ခံလိုက်သည်။

သူပြုတ်ကျကြောင်းကြားပြီးကတည်းက သီချင်းနဲ့ ပတ်သက်သမျှကို လေ့လာနေသည်မှာ နှစ်နာရီကျော်ပြီဖြစ်သည်။  နေ့အလင်းရောင်မှာ တအိအိဝင်ရောက်လာသည်။

နံပါတ် 25 ကိုရေးတဲ့ တေးရေးဆရာကို သူသိကြောင်းသတိရသွားသည်။ မနေ့ကပင် သူ့သူငယ်ချင်းက ဇယားမပြောင်းလဲဖို့ ဆုတောင်းနေသေးတယ်။  သူသည် 25 နေရာလောက်နှင့် အတော်ကျေနပ်နေခဲ့သည်။

အခုတော့ မြင်းနက်တစ်ကောင် ပေါ်လာပြီး သူ့သူငယ်ချင်းနေရာကိုရောက်တော့မည်ဖြစ်သည်။

သူ့သူငယ်ချင်းမှာလည်း အိပ်နေတုန်းဖြစ်သည်။  လွန်ခဲ့သည့်ရက်အနည်းငယ်ကလုပ်သောပါတီပွဲတွင် သူလည်းပါကြောင်းသတိရသွားသည်။  သူငယ်ချင်းက ဗီဒီယိုကောလ်(video call)  ဂရုမစိုက်ဘဲ အိပ်ငိုက်နေတဲ့ အသံနဲ့ ပြန်ဖြေသည်။ သူကြားသည်မှာဗလုံးဗထွေးနှင့်မေးသံသာဖြစ်သည်။

"ဘယ်သူလဲ?"

"မင်း ပြုတ်တော့မယ်!"

"ဘာ? ဒီလိုမျိုးက မနောက်ကောင်းဘူးနော်။" 

တစ်ဖက်က အသံမှာ ထိတ်လန့်သွားပုံရသည် ။

"ငါမလိမ်ဘူး။ အတည်ပြောနေတာ"

ဘမ်း! ဘုန်း!

ဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာသည်။  ခဏအကြာတွင် သူ့သူငယ်ချင်း၏ အသံ ထွက်ပေါ်လာသည်။  သူ့အသံမှာ စိတ်ရှုပ်ထွေးနေပုံပေါ်သည်။

"ငါ.....ပြုတ်တောင်သွားပြီ"

"ဘာ? ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" 

သူ ပြုတ်သွားတုန်းကတောင် Fang Zhao ၏ သီချင်းသည် 27 တွင်သာရှိသေးသည် ။ နှစ်နာရီအတွင်း ထိပ်တန်း 25 ယောက်ကို သူ ဘယ်လို ထိုးဖောက်လာတာလဲ။

သူသည် မယုံနိုင်စွာဖြင့် လူသစ် ဇယားကို ပြန်စစ်ကြည့်လိုက်သည်။  အမှန်ပင် နံပါတ် 25 မှာ အသစ်ဝင်လာသူဖြစ်နေသည်။

ဆက်ဆံရေး အကြံဉာဏ်ပေးသည့် နာမည်ကျော် ညဉ့်နက်ပိုင်း ရေဒီယို အစီအစဉ်တင်ဆက်သူ တစ်ဦးက "Hehe, My Dear" ကို ညသန်းခေါင်လောက်တွင် အကြံပြုခဲ့ကြောင်း  တွေ့ရှိချက်များက ဖော်ပြထားတယ်။ ရလဒ်အနေဖြင့် ဒေါင်းလုဒ်များမှာ ဆက်တိုက်ထိုးတက်လာသည်။

"ဒီလောက်နဲ့မပြီးသေးဘူးပေါ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" 

တေးရေးဆရာက သူ့လက်ကောက်ပေါ်က စခရင်ကို ပိတ်ပြီး အချိန်ကို ကြည့်လိုက်သည်။

ပြိုင်ပွဲမှာ ခုနစ်ရက်ကျန်သေးသည်။  အခြားတေးရေးဆရာတွေလည်း မကြာခင်အိပ်ရေးပျက်ရတော့မည်။ပြဿနာတွေ ဒီလိုဖြစ်လာပြီးနောက် နံပါတ် ၃၀ ကျော်သွားမှုနှင့်ပတ်သက်ပြီး သူအနည်းငယ်သက်သာရာရသွားသည်။

သူ အိပ်မရတော့သောကြောင့်မျက်နှာသစ်ပြီးနောက် အိပ်ပျော်နေဆဲဖြစ်သောသူ့အေးဂျင့်ကို ဆက်သွယ်လိုက်သည်။  ဒီရက်နည်းနည်းလောက်နှင့်လက်လျှော့လိုက်ဖို့  မဖြစ်နိုင်ပေ။  သူ့ကုမ္ပဏီကို နောက်ဆုံးအနေနဲ့ စျေးကွက်ရှာပေးဖို့ ဆွဲဆောင်နိုင်ပါက နံပါတ် 30 နေရာကို ပြန်ရနိုင်လောက်သေးသည်။  အကယ်၍ဘာမှသာမလုပ်မိရင် နံပါတ် ၃၁ မှာတောင် ဆက်နေနိုင်မည်မဟုတ်ပေ။

ဒီမြင်းနက်ကြီး သယ်ဆောင်လာသည့် မုန်တိုင်းသည် ဇယားတစ်ခုလုံးကို ရိုက်ခတ်သွားလိမ့်မယ်။

Continue Reading

You'll Also Like

2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
7.8K 1.4K 43
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
638K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
13.6K 410 30
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...