နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်န...

By princeblack955

758K 52.4K 1K

Summary လေးနှစ်ကြာလက်ထပ်ပြီးတဲ့နောက် စုရန်နဲ့စုန့်ထင်ယွီတို့ကြားမှာအချစ်ဆိုတာမရှိခဲ့ပါဘူး။စုရန်ရဲ့ကိုယ်ဝန်ကြေ... More

Intro
Summary
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄-၁)
အပိုင်း(၄-၂)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉-၁)
အပိုင်း(၉-၂)
အပိုင်း(၁၀)
အပိုင်း(၁၁-၁)
အပိုင်း(၁၁-၂)
အပိုင်း(၁၂-၁)
အပိုင်း(၁၂-၂)
အပိုင်း(၁၃-၁)
အပိုင်း(၁၃-၂)
အပိုင်း(၁၄-၁)
အပိုင်း(၁၄-၂)
အပိုင်း(၁၅-၁)
အပိုင်း(၁၅-၂)
အပိုင်း(၁၆-၁)
အပိုင်း(၁၆-၂)
အပိုင်း(၁၇-၁)
အပိုင်း(၁၇-၂)
အပိုင်း(၁၈-၁)
အပိုင်း(၁၈-၂)
အပိုင်း(၁၉-၁)
အပိုင်း(၁၉-၂)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
Notice
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
Notice
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၃)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၆)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
အပိုင်း(၁၈၃)
အပိုင်း(၁၈၄)
အပိုင်း(၁၈၅)

အပိုင်း(၇၁)

4.1K 318 4
By princeblack955

စုန့်ထင်ယွီ TVကိုလက်ညှိုးထိုးပြလိုက်ပြီး: 'ဆရာကျို့ အနက်ရောင်အနွေးထည်ဝတ်ထားတာခင်ဗျားမဟုတ်လား?'

ကျို့ရှောင်မျက်နှာပျက်သွားပြီး သူဝန်မခံချင်တော့ ရယ်လိုက်ကာ: 'စုန့်ထင်ယွီ အဲ့တာကငါဆိုတာကိုမင်းဘယ်လိုသိလဲ?ဒီဗီဒီယိုကဝါးနေတာ။‌လူတွေကိုသေသေချာချာမြင်ရတာမဟုတ်ဘူးလေ'

စောစောတုန်းကကျို့ရှောင်ဘေးမှာထားထားတဲ့အင်္ကျီကို စုန့်ထင်ယွီပစ်ပေးလိုက်ပြီး: 'ဒီအင်္ကျီက ဗီဒီယိုထဲကအင်္ကျီနဲ့မတူဘူးလား?'

ကျို့ရှောင်ဒီကိုလာရင်ဒီအင်္ကျီဘဲဝတ်တယ်ဆိုတာကိုမေ့သွားတယ်။သူဒီကိုလာတာကအမျိုးသမီးအနုပညာရှင်တွေနောက်ကို‌လိုက်ဖို့။သူတို့တွေဒီကိုဒါရိုက်တာတွေ ရင်းနှီးမြှုပ်နှံသူတွေနဲ့တိတ်တိတ်လေးလာပြီး ဖောက်ပြန်နေကြတာလားဆိုတာကိုလိုက်ကြည့်တာ။သူအဲ့ဒါတွေကိုကြည့်ပြီး ခေါင်းစီးသတင်းဖြစ်နိုင်မဖြစ်နိုင်ဆုံးဖြတ်တာ။

'ဒီလိုလူတိုင်းဝတ်ကြတဲ့အဝတ်အစားက....' အမှန်တော့ ကျို့ရှောင်ချွေးပြန်နေပြီ။

ထန်ဇီချုစာရွက်ကိုစုန့်ထင်ယွီကိုလှမ်းပေးလိုက်တော့ သူစာရွက်ကိုဖြန့်ကြည့်လိုက်ပြီး ကျို့‌ရှောင်ရှေ့မှာချလိုက်ကာ: 'ဒါကဗီဒီယိုထဲမှာပါတဲ့လမ်းဘေးconvenient storeဆိုင်ရဲ့ဖုန်းနံပါတ်ဘဲ...'

ကျို့ရှောင်မျက်နှာပိုပြီးဖြူဖျော့လာပြီး: 'ဥက္ကဌစုန့် ဘာပြောနေလဲဆိုတာကိုကျွန်တော်တကယ်မသိဘူး'

စုန့်ထင်ယွီခြေထောက်တွေကိုချိတ်ပြီးဆို‌ဖာပေါ်မှာမှီပြီးထိုင်လိုက်ကာ သူ့နှုတ်ခမ်းမှာအန္တရာယ်ရှိတဲ့အပြုံးတစ်ခုပေါ်လာပြီး: 'ကျို့ရှောင် တကယ်တော့ခင်ဗျားကဉာဏ်ကောင်းပါတယ်။ဒီကမ္ဘာပေါ်မှာ 'ဉာဏ်ပညာကြီးမားသူကဉာဏ်ပညာရဲ့သားကောင်ဖြစ်လာနိုင်တယ်' ဆိုတဲ့စကားရှိတာ ခင်ဗျားကြားဖူးမလားတော့မသိဘူး' သူ့ဖြေးဖြေးလေးနဲ့လေးလေးနက်နက်ပြောနေတာ ကြားရတဲ့လူကိုတကယ်ဘဲအေးခဲစေနိုင်တယ်။

'ခင်ဗျားကိုလူတွေသံသယမဝင်ရအောင် ခင်ဗျားရဲ့ကိုယ်ပိုင်ဖုန်းနဲ့အိမ်ဖုန်းကိုမဆက်ဘဲ  အပြင်မှာသွားဆက်တယ်။ခင်ဗျားအိမ်နဲ့နီးရင်မလုံခြုံမှာလဲစိုးရိမ်ပြန်တယ်။အဲ့ဒါကြောင့်အိမ်နဲ့ဆန့်ကျင်ဘက်နေရာကိုသွားပြီး convenient storeမှာသွားဆက်တယ်'

သူ့အကြံအကုန်ကိုစုန့်ထင်ယွီပြောနိုင်လိမ့်မယ်လို့ကျို့ရှောင်မထင်ထားတော့မျက်နှာပိုပြီးပျက်လာတယ်။ဒါပေမယ့်သူကလူယုတ်မာတစ်ယောက်ဆိုတော့ ဟန်ဆောင်တဲ့နေရာမှာဆရာကြီးလေ။အဲ့ဒါကြောင့် စောစောကလိုဘဲဝန်မခံသေးဘဲ: 'ဥက္ကဌစုန့်စကားကိုကျွန်တော့တကယ်ကိုနားမလည်ဘူး။ဒါမှမဟုတ်တစ်ခြားတစ်ယောက်ကိုမေးကြည့်လိုက်ပါလား?ခင်ဗျားလူမှားနေတယ်နဲ့တူတယ်....'

သူပြောပြီးတာနဲ့ထွက်သွားတော့မလို့လုပ်လိုက်တာနဲ့ ထန်ဇီချူသူ့အကြံကိုသိလို့ခပ်မြန်မြန်ပြန်ဆွဲထားလိုက်တယ်။သူကသေးပြီးပိန်တော့ ထန်ဇီချူအားကိုဘယ်လိုလုပ်ပြီးယှဉ်နိုင်မှာလဲ။မကြာပါဘူး သူလှုပ်လို့တောင်မရတော့ဘူး။

စုန့်ထင်ယွီ သူ့ကိုကြည့်လိုက်ပြီး: 'ကျို့ရှောင် ခင်ဗျားမမှားဘူးဆိုရင် ဘာကြောက်ဖို့လိုလို့လဲ?'

သူထပ်ပြီးရီမုကခလုတ်ကိုနှိပ်လိုက်တော့ TVအကြီးကြီးမှာ  ကြည်လင်ပြတ်သားတဲ့ပုံကိုပြနေတယ်။ပုံကကြည်လွန်းပြီး convenient storeကဖုန်းရှေ့မှာရပ်နေတာကကျို့ရှောင်ဆိုတာကိုသိနိုင်တယ်။

'ခင်ဗျားသေသေချာချာစီစဉ်ထားပေမယ့် ဒီကမ္ဘာပေါ်မှာ CCTVရှိနေတာကိုမေ့သွားတာဖြစ်မယ်။ပထမဗီဒီယိုက လမ်းCCTVရဲ့ဗီဒီယို။convenient storeရဲ့CCTVကဘယ်လိုလဲ?ဝါးနေသေးလား?'

'ဒီဖုန်းနံပါတ်ကခင်ဗျားရှာထားတဲ့အင်တာနက်ပေါ်မှာမကောင်းတာတွေလုပ်တဲ့လူပေးလိုက်တာ။ခင်ဗျားဒီဖုန်းနံပါတ်သုံးပြီးသူ့ကိုဆက်တယ်လို့ပြောတယ်။ခင်ဗျားသူ့ကို ငါ့မိန်းမနဲ့လင်ချန်ဟွမ်တို့အကြောင်းကိုဖွခိုင်းတယ်ဆို။သူ့IPကိုငါ့လူတွေကိုစစ်ခိုင်းထားပြီး အဲ့ဒီIPနဲ့ဘဲသူ့ကိုရှာတွေ့ခဲ့တာ။ခင်ဗျားအကြံပေါ်သွားပြီမလား?ပြောစရာစကားရှိသေးလား?' စုန့်ထင်ယွီတိတိကျကျပြောလိုက်တယ်။

'ဥက္ကဌစုန့် ဥက္ကဌစုန့် ခွင့်လွှတ်ပေးပါ။ဒီတစ်ကြိမ်တော့ခွင့်လွှတ်ပေးပါ...' ထန်ဇီချူလက်ထဲကနေ ကျို့ရှောင်ရုန်းလိုက်ပြီး စုန့်ထင်ယွီလက်ကိုဆွဲကာ ဒူးထောက်လိုက်ပြီး: 'ကျွန်တော်တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။ကျွန်တော်တို့ကကောလဟာလသတင်းအဖွဲ့က‌ဆိုတော့ လူတွေလန့်သွားစေလောက်မယ့်သတင်းကိုရှာချင်တာကိုဥက္ကဌစုန့်လဲသိတာဘဲ။ကျွန်တော်ကဒီအတိုင်းဘဲစုန့်ကတော်နဲ့လင်ချန်ဟွမ်တို့....'

သူ့စကားမဆုံးခင်မှာဘဲစုန့်ထင်ယွီ သူ့ကိုထိုးလိုက်တော့ သူနာလို့အော်လိုက်မိသွားတယ်။

'စုရန်နဲ့လင်ချန်ဟွမ်ကိစ္စကိုထပ်ပြောကြည့်လိုက်စမ်း?'

'မပြောတော့ပါဘူး။ထပ်မပြော‌တော့ပါဘူး' ကျို့ရှောင်ခေါင်းကိုတွင်တွင်‌ခါပြလိုက်တယ်။သူဘယ်လိုလုပ်ပြီးထပ်ပြောရဲမှလဲ?

စုန့်ထင်ယွီရယ်လိုက်ပြီး: 'တကယ်တော့ကျို့ရှောင် ခင်ဗျားကpaparaziဆိုတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့သတင်းတွေကိုလိုက်ရှာတာမမှားပါဘူး။ဒါပေမယ့် ငါ့မိန်းကလေးကိုတော့ရန်မစခဲ့သင့်ဘူး။ပြီးတော့လဲ အခြေအမြစ်မရှိတဲ့အတင်းအဖျင်းသတင်း‌တွေကိုထုတ်ဝေခဲ့
သေးတယ်'

'ဥက္ကဌစုန့် ကျွန်တော်မှားတယ်ဆိုတာသိပါပြီ။ကျွန်တော်ကတကယ်ကိုကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ခဲ့ဘူး။ကျွန်တော်ကအရမ်းကိုရူးခဲ့မိတယ်။မဟုတ်ရင်စုန့်ကတော်ကိုထိခိုက်အောင်လုပ်ခဲ့မိမှာမဟုတ်ဘူး'

အရင်တုန်းကလူတွေက စုရန်ကိုစုန့်ထင်ယွီဂရုမစိုက်ဘူးလို့ပြောတာကို ကျို့ရှောင်အခုသံသယဖြစ်နေမိတယ်။အဲ့ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?'

စောစောကလေးတင်ဘဲ သူ စုရန်နဲ့လင်ချန်ဟွမ်တို့အကြောင်းကိုပြောတာကိုထိုးခံထိသွားတယ်။သူသာထပ်ပြောရင်ပိုပြီးပြဿနာတက်သွားနိုင်တယ်။

စုန့်ထင်ယွီ သူ့အင်္ကျီကော်လာကိုလွှတ်လိုက်ပြီး စီးကရက်မီးကိုသတ်ကာအမှိုက်ပုံးထဲကိုပစ်လိုက်ပြီး: 'ပြော။ခင်ဗျားကိုဘယ်သူခိုင်းတာလဲ?'

ကျို့ရှောင်နှုတ်ခမ်းနဲ့မေးစေ့တွေကစုန့်ထက်ယွီအားပြင်းပြင်းနဲ့ထိုးထားတာကြောင့်ယောင်‌ကိုင်းနေလို့သူထိတောင်မထိရဲတော့ဘူး။သူလက်ကိုလိမ်လိုက်ပြီး တစ်ခုခုကိုပြောမလို့အခက်တွေ့နေသလိုမျိုးမပြောဘဲတုံ့ဆိုင်းနေတယ်။

စုန့်ထင်ယွီပြုံးလိုက်ပြီး: 'ကြည့်ရတာခင်ဗျားပြောဖို့စိတ်ကူးမရှိတဲ့ပုံဘဲ?'

'မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ပါဘူး...' ကျို့ရှောင်စဉ်းစားလိုက်ပြီး: 'ကျွန်တော်မပြောချင်တာမဟုတ်ပါဘူး။ဒါပေမယ့်...' သူအကျယ်ကြီးပြောရမှာကိုကြောက်နေလို့ စုန့်ထင်ယွီနားနားကိုကပ်ပြီး စကားလုံးသုံးလုံးပြောလိုက်တယ်။

စုန့်ထင်ယွီမျက်နှာမိုးပြိုတော့မလိုဖြစ်သွားတယ်။

သူတို့clubကနေထွက်လာတော့ ထန်ဇီချူ သူ့မျက်နှာကိုမကြည့်ရဲဘူး။

'ဥက္ကဌစုန့် အခုကျွန်တော်တို့ဘယ်သွားကြမလဲ?'

'ငါ့ကိုကားသော့ပေး' သူ့လက်ကိုဆန့်လိုက်ပြီးပြောလိုက်တယ်: 'မင်းလိုက်လာစရာမလိုဘူး'

ထန်ဇီချူခေါင်းညိတ်လိုက်ပြီး တံခါးဝမှာရပ်ကာ သူ့ကားထွက်သွားတာကိုကြည့်နေလိုက်တယ်။

သူဘယ်ကိုသွားမလဲဆိုတာထန်ဇီချူသိတယ်။ကျို့ရှောင်ပြောတုန်းကသူလဲကြားလိုက်တယ်။

ပိုင်ချီရွေ့ အင်တာနက်ပေါ်မှာတက်နေတဲ့စုရန်အကြောင်းတွေကိုသေချာကြည့်နေလိုက်တယ်။သူမကွန်ပျူတာကိုပိတ်ပြီးပြုံးလိုက်တယ်။သူမအိပ်တော့မလို့လုပ်လိုက်တော့ မမျှော်လင့်ထားဘဲတံခါးbellတီးသံကိုကြားလိုက်ရတယ်။ဒီလောက်ညမိုးချုပ်ကြီးဘယ်သူများပါလိမ့်?

သူမမျက်မှောင်ကြုတ်ပြီး အပေါ်အင်္ကျီကိုပုခုံးပေါ်ကိုတင်လိုက်ကာတံခါးသွားဖွင့်လိုက်တယ်။

တံခါးရှေ့မှာစုန့်ထင်ယွီရပ်နေတယ်။

သူဒီကိုတစ်ခါမှမလာဖူးလို့သူမအံ့ဩသွားတယ်။သူမဘယ်လောက်ခေါ်ခေါ်သူအမြဲငြင်းခဲ့တယ်။

ဒီညသူကစပြီးလာတယ်ဆိုတော့ သူလက်မောင်းကိုဖက်လိုက်ပြီး: 'ထင်ယွီလာတယ်ပေါ့လေ။ရုတ်တရက်ကြီးဘာလို့လာရတာလဲ?မလာခင်ဘာလို့ဖုန်းကြိုမဆက်ထားရတာလဲ?'

သူမပျော်နေပြီး စုန့်ထင်ယွီသူမကိုင်ထားတာကိုလွှတ်လိမ့်မယ့်လို့မထင်ထားဘူး။သူအထဲကိုဘဲတိုက်ရိုက်ဝင်သွားလိုက်တယ်။

Continue Reading

You'll Also Like

564K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
1.5M 33K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
1.5M 90.3K 38
မချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ...