"အော် ညမလေး ဘာကိစ္စရှိလို့လဲ "
အဆောင်ကနထွက်လာတော့ လမ်းချိူးအကွေ့နားမှာရပ်စောင့်နေတဲ့ နန်းမှုံ ဒီကောင်မလေးကိုရှိန်းကြည့်လို့မရ
" အမဆီကိုတမင်လာတာပါ စကားပြောလို့ရမလား"
"ရပါတယ် ပြောလေ "
နန်းမှုံကမပြောသေးဘဲ နေခြည်နဲ့မေဦး ကိုဝေ့ကြည့်လိုက်သေးသည် သူတို့ကလည်းအလိုက်သိစွာနဲ့ ငါတို့အရင်သွားနှင့်မယ် လို့ဆိုကာ အရင်ထွက်သွားသည်
တကယ်ဆိုရင် အဲ့အပြုအမူကိုသူမကြိုက် ပြောစရာရှိရင် ဖုန်းဆက်ပြိးပြောလည်းရတာကို တကူးတကလာရှာတဲ့အပြင် သူငယ်ချင်းတွေကိုလည်းနှင်ထုတ်လိုက်သေးတယ်
"မြန်မြန်ပြောနော် အလုပ်ရှိသေးတယ် "
"အမကမြန်မြန်ပြောဆိုတော့လည်းပြောရမှာပေါ့ အမေနဲ့ကြိုက်နေကြတာလား "
ပြောစရာရှိတယ်ဆိုေပမဲ့အဲ့စကားကိုတော့ထင်မထား မျက်နှာပျက်လို့တော့မဖြစ်
"ငြင်းဖို့မစဥ်းစားပါနဲ့ ညမအကုန်သိတယ် အမေဖုန်းပြောတာလည်းကြားတယ် "
"ဟုတ်တယ် ကြိုက်နေတယ် "
"ကြိုက်လို့မရဘူး အမ အမကိုညမချစ်လို့ အမေနဲ့သဘောမတူနိုင်ဘူး "
"ညမသဘောတူစရာမလိုပါဘူး အန်တီဆုံးဖြတ်ပါလိမ့်မယ် ပြောချင်တာဒါပဲမလားအမသွားပြီ "
ခပ်ပြတ်ပြတ်ေပြာရင်း လှည့်ထွက်လာခဲ့တယ် နန်းမှုံ အနောက်ကနေ လှမ်းပြောလိုက်တဲ့စကားတခွန်း
"မရရအောင် ဖြတ်ပြမယ် "
...........
"အန်တီ...."
"ရှင်..."
"ထမင်းစားပြီးပြီလား "
"ပြီးပြီပေါ့ သမီးရဲ့ မေးမယ်ဆိုအချိန်လေးဘာလေးကြည့်ဦးကွယ် ညကလည်းအဲ့လိုပဲ "
လူနာဆေးမှတ်တမ်းများရေးနေပြီးတေ့ာ မျက်လုံးလေးကအပေါ်လှန်ကြည့်ပြီး မျက်စောင်းလေးထိုးလိုက်တော့ ဒီလူ့ရင်ထဲဖိုးသိုးဖက်သပ်
"အဲ့တာဆို အပေါ်သွားရအောင် ဒီမှာ စတော်ဘယ်ရီတွေယူလာခဲ့တယ် ဟိဟိ အဲ့တာကျွေးဦး "
"အမလေးတော် ကိုယ့်လက်နဲ့ကိုစားပါလား ကလေးလား ခွံ့ကျွေးရအောင် "
"ဟာ ကလေးပဲလေ ကလေး အန်တီ့ရဲ့ကလေးလေး"
ဒီကလေးမပြောတဲ့အဓိပ္ပာယ်ကိုသိသည် ဟိုတခါအန်တီ့နှုတ်ခမ်းကနေတဆင့်စားလိုက်ရတဲ့ အသီးလေး
"အန်တီ..."
အပေါ်တတ်ကိုရောက်ပြီ ကြည့်နေကျ တောင်တန်းတွေကိုငေးကြည့်နေသည့်အန်တီ့ကိုအသံတိုးတိုးေလးလှမ်းခေါ်လိုက်သည်
"ပြောကွယ်..."
"သမီးကိုယုံတယ်မလား"
"ယုံပါတယ် သမီးရဲ့ ဘာလို့လဲ ရုတ်တရက်ကြီး "
"ဘာကိစ္စပဲရှိလာလာ သမီးကိုပဲယုံရမယ်နော် ဘေးကပြောတိုင်းမယုံနဲ့နော် တကယ်လို့သမီးကိုမယုံရင် သမီးတို့နှစ်ယောက်ပဲမျက်နှာချင်းဆိုင်ရှင်းမယ်နော် နော် လို့ အန်တီ "
သူ့လက်လေးကိုအားကိုးတကြီးစုပ်ကိုင်ပြီး မျက်နှာမရွှင်မလန်းနဲ့ ပြောလာတဲ့ ကလေးမ
"ဘာတွေစိုးရိမ်နေတာလဲကွယ် အသက်အရွယ်နဲ့မလိုက်အောင် သက်ပြင်းအကြိမ်ကြိမ်ချနေတော့တာပဲ လာ "
ဆုပ်ကိုင်ထားတဲ့သူ့လက်ကနေရုံ့းထွက်လိုက်ပြီး ရှိန်းလက်မောင်းလေးကိုချိတ်ခါ ထိုင်နေကြထိုင်ခုံပေါ်ထိုင်စေသည်
ထိုင်နေသော်လည်းမျက်လူံးများကတောင်တန်းတွေသာငေးကြည့်နေရင်း တခုခုကိုစိုးရိမ်စိတ်ပေါ်နေတဲ့ ကလေးမလေး
"ကဲ အဲ့လိုကြီးပဲနေတော့မှာလားလို့ ..."
နှုတ်ခမ်းလေးဆူကာ သူ့ဘက်လှည့်လာတဲ့ အန်တီ
"အယ် ဟုတ်ပါ့နော် ဘေးနားမှာ အန်တီရှိနေတာကို တောင်တန်းတွေကိူပဲကြည့်နေမိတယ် တကယ် ဒီကောင်မလေးကတော့လေ ကဲဟာ ကဲဟာ "
ပြောရင်းဆိုရင်း သူ့ခေါင်းကိုသူ့လက်ဖြင့်ခေါက်နေသည် ကလေးဆန်တဲ့အပြုအမူဆိုပေမဲ့ အန်တီကတော့ ပြုံးလို့နေသည်
"ကွယ် ... စတာကို "
သူ့လက်ကလေးကိုအန်တီကပြန်ဆွဲယူပြီး အန်တီ့ပါးပေါ်တင်ထားလိုက်သည် အန်တီ့ပါးက နူးညံ့လွန်းလို့ အိဝင်သွားမည်တောင်စိုးရသည်
"အတွေးမများပါနဲ့ကွယ် သမီးပြောသလို သမီးစကားကလွဲပြီးဘာမှမယုံဘူးနော် မစိုးရိမ်နဲ့ "
"ဟုတ်...."
"ကဲ စတော်ဘယ်ရီသီးကစားမှာလားမစားဘူးလား "
"စားမှာပေါ့ ခွံ့ကျွေးလေ အာ ...."
ပြောရင်းပါးစပ်ဟထားတဲ့ ရှိန်း
အန်တီကလည်းစတော်ဘယ်ရီသီးတဝက်ကိုသူ့ပါးစပ်နဲ့ကိုက်ထားရင်း ကျန်တဝက်ကို ရှိန်းပါးစပ်ထဲရောက်အောင်ပို့လိုက်သည် ရှိန်းနှုတ်ခမ်းကေနအန်တီပြန်ခွာမယ်ကြံတော့
ရှိန်းက အန်တီ့လည်ပင်းလေးကိုဆွဲယူပြီး စတော်ဘယ်ရီထက်ချိုသော အနမ်းများ အန်တီ့နှုတ်ခမ်းထက်သို့ ကျရောက်သွားစေသည် ၁၅ မိနစ်လောက် ကြာအောင် အနမ်းများဟာ အန်တီ့နှုတ်ခမ်းပေါ်သို့နူးညံ့စွာရောက်လာသည်
"လွှတ်ဦးကွယ် အသက်ရှူကျပ်လာပြီ ... "
ရှိန်းမလွှတ်ချင်သော်လည်း အန်တီကပြောတော့ လွှတ်ပေးလိုက်သည်
"သူတော်တော်ဆိုး စတော်ဘယ်ရီသီးမြင်တိုင်း သူ့ကိုသတိရနေတော့မှာပဲ "
"အဲ့လိုသာဆို ရှိန်းတို့က ရှယ်ကြိုက် ရှယ်ကြိုက် "
ချစ်ရတဲ့သူနဲ့အတူရှိတဲ့အချိန်တွေဟာ အမြဲလှပနေခဲ့တာပေါ့...
.......
"ငါပြောသလိုစောင့်ကြည့်ရဲ့လား "
"စောင့်ကြည့်တဲ့အပြင် ပုံကောင်းကောင်းလေးတွေရလာတယ် ရော့ "
နန်းမှုံသူငယ်ချင်းက ဆေးရုံမှာ nurse တယောက် သူကိုယ်တိုင်လက်ထောက်ချထားတဲ့ စပိုင်ဆိုရင်လည်းမမှား အမေနဲ့အမ ဘာတွေလုပ်နေတယ်ဆိုတာသူသိဖို့လိုသည် အမကို ပိုင်ဆိုင်မှကိုဖြစ်မယ်
"ဝိုးး ပုံတွေကတကယ်ကောင်းတာပဲ ငါ့အမေကိုတောင်မနာလိုချင်လာပြီ "
"နင်ကြည့်လုပ်နော် တခြားသူပြောင်းကြိုက်လိုက်ပါလား အမေနဲ့မလုသင့်ပါဘူး "
"လုတာမဟုတ်ပါဘူး အမကိုအရင်ထဲကငါပိုင်တာ ငါပိုင်တာကိုပြန်ယူရုံပါ ပုံတွေအတွက်ကျေးဇူးပါဟယ် နောက်လည်း စောင့်ကြည့်ပေးပါဦး "
........