အမှတ်အသားတိုင်းမှာ သူ့အဓိပ္ပာယ်နဲ့သူရှိကြတယ်။ ခန္ဓာကိုယ်မှာသတိမထားမိလိုက်ပဲ ရွေ့သွားတတ်တဲ့မှဲ့တွေ ထပ်တိုးလာတဲ့မှဲ့တွေ ပုံစံတဖြည်းဖြည်းပြောင်းလာတဲ့မှဲ့တွေရယ် အသက်ကြီးမှတဖြည်းဖြည်းထင်ရှားလာတဲ့အမှတ်တွေ မှိန်ဖျော့သွားတဲ့အမှတ်တွေ။ ရုတ်တရက်ဆန်စွာရောက်ရှိလာတတ်တဲ့အမှတ်တွေက သာမန်အားဖြင့်တော့ပုံမှန်မဟုတ်ကြဘူး ။ယုတ္တိမရှိမှန်းသိပေမဲ့ ဘတ်ဟျွန်းရဲ့နဖူးကအပြာရောင်လိပ်ပြာသဏ္ဍာန်အမှတ်ငယ်က တစ်ချက်တစ်ချက် အရောင်ဖျော့ဖျော့လင်းတယ်။
နဖူးကခပ်အောင့်အောင့်ဖြစ်လို့ နဖူးစည်းချွတ်မှအမှတ်ပေါ်နေတာသိရတဲ့အဖြစ်
"ဘာလဲငါရော ကျိန်စာမိတာပဲလား လီယောလ်ကိုနမ်းလိုက်မိလို့များလား "
နဖူးကအမှတ်ကို လက်ချောင်းထိပ်တွေနဲ့အားထည့်လို့ဖိပွတ်ရင်း မှန်ရှေ့မှာဘတ်ဟျွန်းက ခပ်တိုးတိုးငြီးတွားနေတယ်
"သေရတော့မှာလား ဘဝမှာတစ်ခါပဲနမ်းဖူးပြီးတော့ မသေချင်ပါဘူးနော် ပျောက်လိုက်စမ်း ဒီအမှတ်"
အားထည့်ပွတ်လေ ပိုနာလာလေဖြစ်နေတာကြောင့်
ဘတ်ဟျွန်းထပ်မပွတ်ရဲတော့
"ငါ့အပြစ်မဟုတ်ဘူး တစ်ခုခုဆို နှာဘူးအားလူးမင်းကြီးပဲ သူချောလို့ငါနမ်းမိသွားတာ"
အပျိုတော်တွေသေချာခင်းပေးသွားတဲ့ အိပ်ယာတွေကိုစိတ်အလိုမကျစွာ ခြေထောက်နဲ့ခပ်ဆတ်ဆတ်လေးကန်ထုတ်ပစ်လိုက်တယ်
"Sweet homeကမွေ့ယာလေးပဲကောင်းတယ်"
အဖြူရောင်ပိုးဖဲသားညအိပ်ဝတ်ရုံကိုခပ်တင်းတင်း ဆွဲလိုက်ပြီး နဖူးကိုလဲအဝတ်ဖြူနဲ့ထပ်စည်းလိုက်တယ်။ ဒီအမှတ်အကြောင်း ရေရေရာရာ မသိသေးခင်ဘယ်သူမှ မြင်လို့မဖြစ်ဘူး
"ကြင်ယာတော်လေး မင်းကြီးကြွချီတော်မူလာပါတယ်"
"ဝင်လာစေ"
ဘတ်ဟျွန်းကသူကြည့်ဖူးတဲ့ နန်းတွင်းကားထဲကလို မျက်နှာပိုးကိုသတ်ပြီး တင်ပခွေထိုင်လို့ အသံကိုခပ်မြှင့်မြှင့် အော်ပစ်လိုက်တယ်
တကယ်ဆိုမင်းကြီးက ဝင်ခွင့်တောင်းခံနေစရာမှမလိုပဲ အသိပေးရုံသက်သက်ပဲဆိုတာ ဘတ်ဟျွန်းသိပါလေစ
"ကိုယ်တော်ကို ထိုင်ခွင့်ပြုပါဦး"
"ထိုင်ပါ"
မျက်နှာတည်တည်နဲ့ ကျောကိုဆန့်လို့ခပ်မတ်မတ်ထိုကိနေတဲ့ ဘတ်ဟျွန်းကို ချန်းယောလ်ကရယ်ချင်ပေမဲ့မရယ်ရဲ။ တစ်တိုင်းပြည်လုံးရဲ့အရှင်သခင်ဖြစ်ပေမဲ့ ဘတ်ဟျွန်းကတော့ချန်းယောလ်တစ်ယောက်ထဲရဲ့အရှင်သခင်လေး ။ ဘတ်ဟျွန်းကိုသာ အရှင်သခင်အဖြစ်တေးမှတ်ပြီး ချစ်ခင်လေးစားမည်သာ
"နဖူးစည်းချွတ်ထားလေ အိပ်တော့မှာမလား"
"မဟုတ်ဘူး ဒီတိုင်းပတ်ချင်လို့"
"ကိုယ်တော်လာမယ်မှန်းသိလို့ ချွတ်ပေးမှာစောင့်နေတာမလား"
ရှေ့တိုးလာတဲ့ လက်ဖဝါးကြီးကြီးကို ဘတ်ဟျွန်းက အလျင်အမြန်ဖယ်ထုတ်မိတော့ ချန်းယောလ်မျက်နှာက ကွက်ခနဲ..
"မကြိုက်ရင်လဲ မကိုင်တော့ပါဘူး ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် ကိုယ်တော်တူတူလာအိပ်တာ မကြိုက်ရင် ခုပဲအဆောင်တော်ကို ပြန်ကြွလိုက်ပါ့မယ်"
ဘတ်ဟျွန်းဘက်က ဘာစကားကိုမှမစောင့်ပဲ လီယောလ်က ငေါက်ကနဲထကာ တံခါးကိုဖွင့်သည်။
ဒရမ်မာခင်းပုံများ ဒီခေတ်အော်စကာရထားတဲ့သရုပ်ဆောင်တွေတောင် ငိုချင်းချလို့ရသည်။ ဘယ်သူက သူနဲ့တူတူမအိပ်ချင်ဘူးလို့ပြောလဲ
"ဒီမှာ ဒီမှာ တူတူလာမအိပ်နဲ့လို့ပြောမိလား"
လက်ကိုလဲမကိုင်ရဲတာကြောင့် ဘောင်းဘီအနားစကိုသာခပ်တင်းတင်းဆွဲဆုပ်ထားခြင်းသာ..
ချစ်စရာကောင်းတယ်လို့ပြောရင်လဲမကြိုက်ပြန် ခုစကားပြန်ပြောနေတဲ့ပုံက ရန်တွေ့နေသလို နှုတ်ခမ်းသေးသေးလေးတွေတောင် ဆူထွက်နေပြီ ဒါပေမဲ့ မျက်ခုံးနှစ်ဖက်ကတော့ ခပ်တွန့်တွန့်
"လွှတ်ဦး ဗြောင်"
"ဘာ ခင်ဗျားကြီး ကျွန်တော်ကိုင်တာမကြိုက်တာလား"
လွှတ်လိုက်တဲ့အစကို ချန်းယောလ်အလျင်အမြန်ဖမ်းဆုပ်ယူလိုက်ရသည်။ အမှန်တော့ ဘတ်ဟျွန်းကအားနဲ့ဆွဲလိုက်ထဲက ဘောင်းဘီသားရေကြိုးက ဗြိကနဲနဲ့ ပြုတ်သွားပြီဖြစ်သည်
"ကိုယ်တော် ဘောင်းဘီချောင်ပြီးကျွတ်ကျတော့မှာ ဗြောင်ကကြည့်ချင်တာလား"
သားရေကြိုးချောင်နေတဲ့ ဘောင်းဘီအစကိုသေချာဆုပ်ထားတဲ့ လီယောလ်ကို ဘတ်ဟျွန်းကအခုမှသတိထားမိလိုက်ခြင်းသာ
"သွားလဲလေ သွား မင်းကြီးလဲပြောသေး အစုတ်တွေဝတ်နေတာ"
လက်ကိုဆွဲပြီး ထွက်မသွားပါနဲ့ဆိုပြီး ကိုရီးယားကားတွေထဲကလိုရိုဆန်ရမဲ့အစား ဘောင်းဘီကိုသားရေကြိုးပြုတ်အောင် ဘယ်လိုဆွဲလိုက်မှန်းမသိတဲ့ ဘတ်ဟျွန်းရဲ့ဘဝရယ်ပါ
နဖူးစည်းကို မပြေလျော့အောင် နောက်တစ်ခါခပ်တင်းတင်းဆွဲပြီးပြန်စစ်လိုက်သေးသည်။ နဖူးစည်းပုဝါစတွေကမပါးလို့တော်ပါသေးရဲ့ မဟုတ်ရင် တစ်ချက်တစ်ချက်ပေါ်လာတဲ့ အလင်းစတွေက ဖောက်ထွက်နေဦးမှာ။
"ကိုယ်တော့်ကိုဝန်မခံချင်ဘူးလား ဗြောင်"
"ဘာကိုဝန်ခံခိုင်းနေတာလဲ သားရေကြိုးပြတ်အောင်ဆွဲလိုကိမိတာကိုလား"
မျက်လုံးချင်းဆုံအောင်မကြည့်ပဲ မျက်စောင်းတစ်ချက်ကစ်ပြီး ဘေးကိုကြည့်နေတဲ့ကြင်ယာတော်လေးကြောင့် မျက်နှာလေးကိုမေးကကိုင်လို့အသာဆွဲလှည့်ရတယ်
"ကိုယ်တော်ကျိန်စာကနေ နိုးလာတာဗြောင့်ကြောင့်လေ ဗြောင်ပြန်ချစ်မှ ကိုယ်တော်ကနိုးလာနိုင်တာ"
"အဲ့တော့"
"ဝန်ခံပေးပါ ချစ်တယ်လို့ ကိုယ်တော့်ကိုချစ်နေတယိမလား"
"အဲ့စကားကို ခင်ဗျားသက်တမ်းတစ်လျှောက် ဘယ်နှစ်ကြိမ်လောက် သူများပြောတာခံခဲ့ရဖူးလဲ။ခင်ဗျားရဲ့ မိဖုရားတွေနဲ့တင် တော်တော်များနေပြီထင်တယ်"
"မိဖုရားတွေကတော့ပြောဖူးတာပေါ့ မရေမတွက်နိုင်လောက်အောင်ကြားဖူးပေမဲ့မဲ့ကိုယ်တော်က တစ်ယောက်ထဲကိုပဲပြောခဲ့ဖူးတာ"
"ကျွန်တော်က သူများစတိုင်လိုက်မခိုးတတ်ဘူး
အကြိမ်ကြိမ် ကြားဖူးနေတာပဲ ဘာကြောင့်ထပ်ကြားချင်နေရသေးတာလဲ"
"ဗြောင်!.."
ခပ်ဆောင့်ဆောင့်အော်လိုက်ပေမဲ့ ဘတ်ဟျွန်းကချန်းယောလ် ဆုပ်ကိုင်ထားတဲ့အတိုင်းမတုန်မလှုပ်
တစ်ဖက်ကိုလှည့်သွားတဲ့ချန်းယောလ်ကြောင့်
ဘတ်ဟျွန်းက ရင်ထဲအောင့်ကနဲ.. သူများနဲ့မတူအောင်သူကချစ်ပေးချင်တာလေ ဘာလို့သူ့မိဖုရားတွေပြောခဲ့သလို ချစ်တယ်ကိုပေါ့ပျက်ပျက်ပြောထွက်စေချင်နေတာလား.. ဒါဆိုဘတ်ဟျွန်းက ချန်းယောလ်ကို ချစ်တယ်လို့မိဖုရားတွေနောက်မှပြောခွင့်ရမဲ့သူဖြစ်တော့မည်။ ချန်းယောလ်ရဲ့ပထမဆုံးဆိုတဲ့အရာတွေကို သူအကုန်လုပ်ပေးချင်ခဲ့တာလေ..
ဘယ်သူကိုမှ လုမချစ်ချင်တာ ဘတ်ဟျွန်းရဲ့မာန။ နန်းတွင်းဇာတ်ကားတွေကြည့်မိတိုင်း တွေးမိတာတစ်ခုက မိဖုရားတွေကမင်းကြီးအချစ်ကိုရဖို့ပြိုင်ဆိုင်နေကြတာကို စိတ်ပျက်သနားမိတာပဲ ။ ချစ်မယ်ဆိုကိုယ်တစ်ယောက်ထဲအတွက်ပဲ တန်းတူယှဉ်ဖို့နေနေသာသာ မျက်ဝန်းနဲ့တောင်ငဲ့မကြည့်ချင်စေချင်တာ ဘတ်ဟျွန်းရဲ့ အချစ်နဲ့ပတ်သက်မိလာခဲ့ရင် တစ်ခုထဲသော အတ္တ ။ အရင်ဘဝတွေဘာတွေမသိတော့ပေမဲ့ ၂၁ရာစုကဘတ်ဟျွန်းက ချန်းယောလ်ကိုတခြားအနှောင်အဖွဲ့တွေမရှိတော့ပဲ ဘတ်ဟျွန်းတစ်ယောက်ထဲကပဲ သူ့ပိုင်ဆိုင်သူဖြစ်စေချင်တာ ဖြစ်တယ်
ဒီခေတိတွေလိုမဟုတ်ပဲ ယူထားရတဲ့မိန်းမတွေဆိုတော့ လီယောလ်အနေနဲ့ တာဝန်ဝတ္တရားကတော့ယူရဦးမှာပဲ ။ ဘတ်ဟျွန်းကယောက်ျားလေးလေ မိန်းမတွေနဲ့ယှဉ်ပြီး ယောက်ျားတစ်ယောက်ကို ပြိုင်ပြီး လုချစ်နေရမယ်ဆိုတာကတော့ နည်းနည်းအောက်သည်။ချန်းယောလ်ချစ်တာသူတစ်ယောက်ထဲဆိုတာသိပေမဲ့ မာနကတော့နည်းနည်းလေးတောင်မလျော့နိုင်ပါ
နည်းနည်းဆို များများအတွေးလွန်တတ်တာကြောင့် တောက်ခေါက်သံပင်ထွက်သွားရသည်။
လာမယှဉ်နဲ့ချန်းယောလ် ငါ့အချစ်တွေကိုဘာမဟုတ်တဲ့လူတွေနဲ့ လာမယှဉ်စမ်းပါနဲ့
ထုတ်မပြောပေမဲ့ စိတ်ထဲကတွေးပြီး ဒေါသထွက်နေတာကြောင့်ကိုယ်မသိလိုက်ခင် ဘေးနားကပန်းအိုးကို လက်သီးနဲ့ထိုးမိတာ ခွမ်းကနဲ
"ဗြောင်"
သွေးတွေဖြာကနဲ ထွကိသွားတာကိုသိပေမဲ့ စိတ်ဆောင်နေတာကြောင့် ထွက်သွားမိတာ အဆောင်တော်က နောက်ကဉယျာဉ်ဆီ
"လိုက်မလာနဲ့ခင်ဗျား"
ရုတ်တရက်နဖူးကပါထိုးအောင့်လာတာကြောင့် မိုက်ကနဲဖြစ်သွားပေမဲ့ ဉယျာဉ်ဘက်ကိုသာပြေးထွက်သွားမိသည်။
"ဗြောင် ကိုယ်တော့်ရဲ့ဗြောင် ..."
____
ဒီနှစ်လအတွင်းစာတအားပိနေလို့ Ficရေးတဲ့ဘက်မလှည့်ဖြစ်လို့ပါ။ စောင့်ဖတ်နေတဲ့တစ်ဦးတစ်ယောက်ချင်းက်ုလဲစိတ်ရင်းနဲ့တောင်းပန်ပါတယ်ရှင်။ ပလော့သေချာစဉ်းစားပြီးတတ်နိုင်သမျှမြန်မြန်ရေးပေးပါမယ်🥺