သူမမျက်နှာဘယ်မှာထားရမှန်းမသိတော့ဘဲ စောင်ကိုခေါင်းအထိဆွဲခြုံလိုက်က: 'ကျွန်မအိပ်ချင်ပြီ'
စုန့်ထင်ယွီစောင်ကိုဖယ်လိုက်ပြီး အန္တရာယ်ရှိတဲ့အပြုံးပြုံးလိုက်ကာ : 'နေ့တိုင်းလုပ်ရမယ့်အလုပ်မပြီးသေးတာကိုဘာအိပ်မှာလဲ?'
စုန့်ထင်ယွီကတိထပ်ပျက်ပြန်ပြီ။ပိုင်ချီရွေ့လဲအိမ်မှာမနေချင်တာနဲ့ သူငယ်ချင်းတွေကိုခေါ်ပြီး လျှောက်လည်ကြတယ်။
မိန်းကလေးတွေစိတ်အခြေအနေမကောင်းရင်ဈေးဝယ်ထွက်တာကအကောင်းဆုံးဘဲ။
သူတို့အမေရိကမှာနေတုန်းကလဲ စုန့်ထင်ယွီကသူမသုံးစွဲတာကိုဘာမှမပြောခဲ့ဘူး။သူ့ကဒ်ကိုပေးပြီးသူမသုံးချင်သလောက်သုံးလို့ရတယ်။စုန့်ထင်ယွီဘာတစ်ခုမှသူမကိုပြန်မမေးခဲ့ဘူး။
အခုပြန်လာတော့လဲ သူမအပေါ်ကိုသူမတရားဘလို့ခံစားရလို့ထင်တယ် ချက်စ်ထုတ်ပေးပြန်တယ်။
ပိုက်ဆံပေးတာကလွဲရင် ဆေးရုံဆင်းပြီးကတည်းကသူမဆီကိုမလာခဲ့ဘူး။တခါတလေလာရင်လဲ ညစာလေးခဏစားပြီး တခါမှသူမနဲ့အတူတူမနေခဲ့ဘူး။
ပိုင်ချီရွေ့လဲပိုပြီးစိတ်ပူလာတယ်။သူမတစ်ခုခုလုပ်လိုက်လို့ရှိရင်အခြေအနေပိုဆိုးသွားမှာလဲကြောက်တယ်။
ဒီနေ့ သူမပွဲဦးထွက်တုန်းကခင်ခဲ့ကြတဲ့သူငယ်ချင်းတွေနဲ့အတူတူအန်မြို့ကshopping centerမှာလျှောက်လည်ကြပြီး သူမအများကြီးဝယ်လာခဲ့တယ်။သူမစိတ်အခြေအနေကောင်းလာတယ်လို့ခံစားရပေမယ့်အတွေးတွေကဟိုကိုပြန်ရောက်သွားလို့ စိတ်ကမကြည်တော့ပြန်ဘူး။
သူတို့တစ်ခုခုစားဖို့ဆိုင်ရှာလိုက်ကြတယ်။သူမလဲစားချင်စိတ်သိပ်မရှိဘူး။သူမသူငယ်ချင်းတွေစကားပြောနေကြပေမယ့်သူမကတော့ စကားကိုတိုတိုဘဲပြန်ဖြေနေလိုက်တယ်။
သူမပျင်းလာပြီးဟိုဟိုဒီဒီကိုကြည့်လိုက်မိတော့တစ်နေရာမှာသူမအကြည့်တွေရပ်သွားတယ်။
'နင်ဘာကြည့်နေတာလဲ?'
သူမတို့နဲ့မလှမ်းမကမ်းကစားပွဲကိုပိုင်ချီရွေ့လက်ညှိုးထိုးပြလိုက်ပြီး: 'အဲ့တာစုရန်မလား?'
သူမသူငယ်ချင်းတွေလဲသူလက်ညှိုးထိုးပြတဲ့ဆီကိုကြည့်ပြီး လှောင်တဲ့လေသံတွေနဲ့: 'အဲ့တာစုရန်မဟုတ်ပါဘူး။နင့်ရဲ့ယောကျာ်းပြိုင်ဘက်ကိုတော့သေသေချာချာလေးမှတ်မိသင့်တယ်'
စုရန်လဲစုန့်ဝမ်ရှီကိုလင်ချန်ဟွမ်နဲ့ထမင်းတူတူစားဖို့ခေါ်လာပြီး သူတို့တွေရယ်နေကြတယ်။သူတို့ကြည့်ရတာတော်တော်ပျော်နေတဲ့ပုံဘဲ။
ပိုင်ချီရွေ့လဲ လင်ချန်ဟွမ်ကိုအရင်တုန်းကတခါမှမတွေ့ဖူးဘူး။ဒါပေမယ့် ဆေးရုံမှာတွေ့ဖူးထားတော့မှတ်မိနေတယ်။သူမကတော့မကောင်းတာတစ်ခုခုကိုတွေးမိသွားတယ်။
'လင်ချန်ဟွမ်မှာရည်စားရှိလား?'
'မရှိဘူးထင်တယ်' သူ့သူငယ်ချင်းတွေကရယ်လိုက်ပြီး: 'သူကအရမ်းကိုထိန်းချုပ်နိုင်လို့နာမည်ကြီးတယ်။သူကကောလဟာလတွေပိုရှောင်တာတော်တယ်။ဒီမြို့မှာသူ့ကိုလက်ထပ်ချင်တဲ့မိန်းကလေးတွေအများကြီးဘဲ။ဒါပေမယ့် ဒီနှစ်တွေမှာ သူ့ဘေးမှာဘယ်မိန်းကလေးမှမရှိခဲ့ဘူး။စုရန်နြဲတခြားဆံပင်တိုနဲ့မိန်းကလေးကလွဲရင်။အဲ့ဒီမိန်းကလေးကိုကြည့်ရတာစုရန်နဲ့တော်တော်ခင်တဲ့ပုံဘဲ။ဝမ်ဒမြို့မှာတုန်းကလဲသူတို့လေးယောက်ကိုအတူတူတွေ့ခဲ့ကြသေးတယ်။အခုကဘာလို့သုံးယောက်ဘဲရှိနေကြတာလဲတော့မသိဘူး...'
သူ့သူငယ်ချင်းတွေကတော့ဆက်ပြောနေကြပေမယ့် ပိုင်ချီရွေ့ကတော့ဘာမှမပြောတော့ဘူး။သူမ စုရန်ကိုဘဲကြည့်နေလိုက်တယ်။သူမဝိုင်ခွက်ကိုကိုင်ထားပေမယ့်မသောက်ဖြစ်ဘူး။သူမဘာတွေးနေမှန်းတောင်မသိတော့ဘူး။သူမရုတ်တရက်ဖန်ခွက်ကိုချထားလိုက်ပြီး: 'ငါသန့်စင်ခန်းသွားလိုက်ဦးမယ်'
သူမအမြန်ထွက်လာလိုက်ပြီး စင်္ကြံကိုဖြတ်သွားပြီးတော့သန့်စင်ခန်းကနေထွက်လာတဲ့စုရန်နဲ့တွေ့သွားတယ်။သူမပြုံးပြီး စုရန်အနားကိုကပ်သွားကာ: ' စုန့်ကတော်တိုက်ဆိုင်လိုက်တာနော်'
စုရန်လဲသူနဲ့မျက်နှာချင်းဆိုင်မိရင်ဘယ်ကိုကြည့်ရမလဲတကယ်ကိုမသိဘူး။ဖြစ်နိုင်လို့ရှိရင် သူနဲ့သူမဘယ်တော့မှစကားမပြောချင်ဘူး။သူ့ကိုကြောက်လို့တော့မဟုတ်ဘူး။သူ့ဆီမှာ သူမရဲ့အားအင်တွေကိုမသုံးချင်လို့။
သူမအရှေ့မှာသာမပေါ်လာရင် သူနဲ့စုန့်တို့ယွီတို့ဘာဘဲလုပ်လုပ်အဆင်ပြေတယ်။သူမနဲ့မှမသက်ဆိုင်တာ။
'ကျွန်မကတော့တိုက်ဆိုင်တာမဟုတ်မှာကြောက်တယ်။ပိုင်မိန်းကလေးကျွန်မအနောက်ကိုလိုက်လာမှာကြောက်တယ်'
သူမတို့တွေ့တော့ပိုင်ချီရွေ့ကအံ့ဩတဲ့အမူအယာမပြတာကိုကြည့်ရင် သူမသန့်စင်ခန်းသွားတာကိုသိလို့သူတမင်လိုက်လာတယ်လို့ဘဲစုရန်ကတော့ကောက်ချက်ချမိတယ်။
ပိုင်ချီရွေ့ဆံပင်တွေကိုသပ်တင်လိုက်တယ်။သူမနံရံကိုမှီပြီး စီးကရက်ဘူးကိုထုတ်လိုက်တယ်။ပြီးတော့ သူမစီးကရက်ကိုပါးစပ်ထဲထည့်လိုက်ပြီး စုရန်ကိုလှည့်ကြည့်လိုက်ကာ: 'ဟုတ်တယ်။ကျွန်မရှင့်နောက်ကိုလိုက်လာတာ'
'ပိုင်မိန်းကလေးကျွန်မနောက်ကိုအချိန်ကုန်ခံပြီးလိုက်လာတာဘာကိစ္စလဲ?'
ပိုင်ချီရွေ့လက်ပိုက်ထားလိုက်ပြီး: 'မရှိပါဘူး။ကျွန်မကဒီအတိုင်းဘဲရှင်နဲ့စကားပြောချင်လို့ပါ။ရှင့်နဲ့စကားပြောလိုက်ရင် ကျွန်မသွေးအိုင်ထဲမှာလဲနေတာကိုပြန်ပြီးမြင်ယောင်လာရလို့။ကျွန်မကလေးကိုဆုံရှုံးသွားပြီလို့သိလိုက်ရတုန်းကဘယ်လိုခံစားရလဲသိလား?ကိုယ့်ရဲ့အရေးအကြီးဆုံးနေရာကိုနဆွဲယူခံလိုက်ရသလိုမျိုးအရမ်းကိုနာကျင်သွားတာ...'
စုရန်မျက်မှောင်ကြုတ်လိုက်ပြီး: 'ရှင်အဲ့တာတွေကိုကျွန်မရှေ့မှာပြောနေဖို့မလိုပါဘူး။အဲ့ဒီနေ့ကကိစ္စကိုရှင်ရောကျွန်မရောရှင်းရှင်းလင်းလင်းသိနေတာဘဲ'
သူမနဲ့ဆက်မပြောချင်တော့တာနဲ့စုရန်လှည့်ပြန်ဖို့လုပ်လိုက်တယ်။
စုရန်လက်ကိုပိုင်ချီရွေ့လှမ်းဆွဲလိုက်တယ်။ပိုင်ချီရွေ့လက်ထဲကစီးကရက်သူမလက်ပေါ်ကိုဘယ်လိုပြုတ်ကျလာလဲမသိဘူး။သူမအင်္ကျီကိုလောင်သွားပြီး သူမလက်လဲခဏလေးအတွင်းမှာလောင်သွားတယ်။
သူမနာသွားလို့ပိုင်ချီရွေ့ကိုပါးရိုက်လိုက်တယ်။
မတော်တဆဖြစ်တာမဟုတ်ဘဲသူတမင်တကာလုပ်တာလို့သူမခံစားမိတယ်။
စုရန်အဲ့လိုရိုက်လိမ့်မယ်လို့ပိုင်ချီရွေ့မထင်ထားတော့သူမအငိုက်မိသွားတယ်။ပြီးတော့ စုရန်ရိုက်လိုက်တဲ့ပါးကိုသူမလက်နဲ့အုပ်ထားလိုက်ပြီး: 'စုရန် နင်...'
သူလက်မခံနိုင်တော့စုရန်ကိုပြန်ရိုက်လိုက်တယ်။စုရန် သူမလက်ကိုလှမ်းတားလိုက်တယ်။ဒီနေ့သူတို့နှစ်ယောက်လုံးဖိနပ်အပါးဘဲစီးထားကြတော့အရပ်အမောင်းတွေကတူနေကြတယ်။
စုရန်သူမလက်ကိုအားနဲ့ဆုပ်ကိုင်ထားပြီးပြောလိုက်တယ်: 'ရှင်ကျွန်မနဲ့ဆက်ပြီးရန်ဖြစ်ဖို့အစွမ်းအစရှိရင် ဒါကလူမြင်ကွင်းကြီးနော်။ကျွန်မကနဂိုကတည်းကမကောင်းသတင်းရှိနေတာဆိုတော့ဂရုမစိုက်ဘူး။ဒါပေမယ့် ပိုင်မိန်းကလေး ရှင်ကအရင်တုန်းက နိုင်ငံကျော်မင်းသမီးဖြစ်ခဲ့တာ။ရှင်ကကျွန်မထက်ပိုပြီးဂုဏ်သတင်းကောင်းတယ်။ရှင်ကလူတိုင်းရဲ့မျက်လုံးထဲမှာသန့်ရှင်းပြီးမြင့်မြတ်တဲ့လူလို့မြင်နေကြတာ။ ဘယ်လိုလဲ ရှင့်ရဲ့ဂုဏ်သတင်းကိုဖျက်ဆီးချင်လို့လား?
လူတိုင်းရဲ့မျက်လုံးထဲမှာစုရန်ကတတိယလူ။ပိုင်ချီရွေ့ကအရိုးသားဆုံးနဲ့သနားစရာအကောင်းဆုံးမိန်းကလေး။
သူမအနုပညာလောကထဲကိုစဝင်ကတဲကသူမရဲ့ပုံရိပ်ကကောင်းခဲ့တာ။လူတိုင်းကသူမရဲ့ဂုဏ်ပုဒ်စူပါစတားမိန်းကလေးဆိုတာကိုသဘောကျနေခဲ့တာ။အဲဒါကရုပ်ဘဲလှတာမဟုတ်ဘူးဆိုတာကိုသက်သေပြနေတယ်။
သူမဆင်ခြင်တုံတရားမရှိရင်တောင်မှ သူမရဲ့ပုံရိပ်ကိုဂရုစိုက်တယ်ဆိုတာကိုစုရန်သိတယ်။အဲ့ဒီပုံရိပ်ကလဲအကျိုးရှိတယ်လေ။
အနည်းဆုံးတော့အခုသူမကကိုယ်ချင်းစာစိတ်ရှိတဲ့လူပေါ့။
သူမရဲ့လက်ကိုသူဖယ်လိုက်တယ်။
ပြီးတော့သူမခါးသီးစွားပြောလိုက်တယ်: 'စုရန် စုန့်ဝမ်ရှီသာရုတ်တရက်ရောက်မလာရင်ကျွန်မကလေးကိုဆုံးရှုံးမလား?ကျန်မရှင့်ကိုပြောလိုက်မယ်။ဒီနာကျင်မှုကိုကျွန်မအမြဲမှတ်မိနေမှာ။အနာဂတ်မှာရှင်လဲအဲ့လိုမျိုးနာကျင်မှုကိုခံစားစေရမယ်'
သူ့စကားတွေကိုဂရုစိုက်နေဖို့စုရန်မှာအချိန်မရှိဘူး။သူမနေရာကိုပြန်သွားလိုက်ပြီးအင်္ကျီလက်ကိုခေါက်တင်လိုက်တယ်။သူမလက်ကအနည်းငယ်နီနေတာကိုတွေ့သွားတယ်။သူမမျက်မှောင်ကြုတ်လိုက်ပြီးအင်္ကျီကိုပြန်ဆွဲချပြီးနီနေတာဖုံးထားလိုက်တယ်။