ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း(၈)✨🍁
ဧကလေးမှာတော့ ရှေ့ကလူကိုကြည့်လိုက် သက္က၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်လိုက်ဖြင့် မာလကာသီးကိုတစ်ကိုက် ကိုက်လိုက်ပြီး
“မာလကာသီးခူးစားနေတာ အူနီသီးလေးတွေ အရမ်းချိုတယ်နော် စားပါဦးလားဗျ...ဟီးးးး”
“ဘာ....”
ထိုလူကြီး၏ ဒေါသတကြီး အော်သံအဆုံးအတွင်တော့ ဧကလေး လက်ထဲက မာလကာသီးလေးအောက်ကိုပြုတ်ကျသွားတော့သည်။
*Wth လန့်တာဟာ...*
သက္ကကိုကြည့်လိုက်တော့ မောင်အာဂလူ
အူကလာတဲ့ကောင်က နေရာကတစ်ချက်မရွေ့ပဲ ဒူးတွေပါတုန်နေသည်ကိုတွေ့လိုက်ရသည်။
မဖြစ်တော့ ဒီအချိန်ဟာ သူရဲ့အပြေးစွမ်းရည်ကို ထုတ်သုံးသင့်သည့် အချိန်ဆိုတာကို ဧကလေး နားလည်လိုက်သည်။
“ဟီးး မာလကာသီးတွေကလေ အပင်ပေါ်မှာပဲ ပုတ်ကုန်မှာဆိုးလို့ စေတနာနဲ့ ဟီး သားတို့က စားပေးတာပါဗျ...ဘယ်သူမှလည်း မခူးတော့လေ...သားတို့ကယ်မှ ရတော့မယ့် မာလကာသီးလေးမို့ပါ ဟီးးးး အစားအသောက်ဆိုတာ စားကောင်းပါတယ်...ဟီးးး သက္ကရေ...”
“ဗျ..ဗျာ...သခင်လေး...”
“ဟီးးကြေးကျချို့ယေ....”
ဧကလေး ပရောဟိတ်ကြီးမသိအောင် သွားစိရီရင်း သက္ကနားအသာတိုးကာ ပြောလိုက်သည်။
ပရောဟိတ်အမတ်မှာတော့ ရှေ့က ကလေးနှစ်ယောက်ကိုကြည့်ရင်း ဗိဿနိုးက မင်းသမီးရဲ့မောင်ငယ်လေးဖြစ်မည်ဆိုတာ ခန့်မှန်းမိသည်။
ထူးခြားစွာပဲ ထိုကောင်လေးဆီမှ တစ်ခုခုကို သူခံစားမိနေသည်။
ခုလည်း သူ့ကိုသွားဖြီးပြရင်း ဘေးကတစ်ယောက်ကိုပြောနေသည့်ပုံက ကလေးပေါက်စလေးနှင့်တူသဖြင့် ပရောဟိတ်ကြီး ပြုံးချင်သွားရသည်။
သို့သော် ဟန်ကိုယ့်ဖို့ မျက်နှာကိုတည်ထားရင်း ကြည့်နေလိုက်သည်။
“ဘာပြောတာလဲဟင် ...သခင်လေး...”
သက္က သခင်လေးပြောသည့် စကားမကြားသဖြင့် ပရောဟိတ်ကြီးအားကြည့်ရင်းပင် တိုးတိုးလေးမေးလိုက်သည်။
ဧက အရေးရယ်အကြောင်းရယ်ဆိုရင် သူပြောတာကို နားမလည်သည့် သက္ကအား စိတ်သိပ်မရှည်ချင်တော့။
“အဟမ်း!..ဟီး ကြေးကျချို့ယို့.... ”
“ဗျာ....”
“ချီး...ပြေးကြစို့လို့ပြောနေတာဟေ့ ပြေးကြစို့လို့...ငါနော်....မင်းနေချင်သပဆို ဆက်နေခဲ့ ငါတော့ပြေးပြီ.....တာ့တာ....”
ဧကလေး အားရပါးရပြောပြီးတာနှင့် မြင်နေရသည့်အပေါက်ဆီသို့ဦးတည်ကာ အသားကုန်ပြေးလေတော့သည်။
သက္ကမှာလည်း ထိုအခါမှ သခင်လေးပြောသည့်စကားအားနားလည်ကာ
“ဟီး ပြေးပြီနော်....”ဟုဆိုကာ အနောက်မှလိုက်ပြေးလေတော့သည်။
အပြေးပြိုင်ပွဲမှာ ချန်ပီယံဆုရအောင်အလား ဧကလေး နောက်မလှည့်စတမ်းပြေးရင်း အတော်လေး ဝေးဝေးကို ရောက်လာသည့်အခါမှ ခါးကိုကုန်းပြီး အမောဖြေလိုက်သည်။
“အမလေး မောတာ....ဟောဟဲ ဟောဟဲ....”
အမောဖောက်မတက်ပြေးခဲ့ပြီးနောက် ရှေ့လျှောက် ပျူခေတ်၏ နေ့ရက်များကို ဘယ်လိုဖြတ်သန်းရပါ့မလဲတွေးရင်း သက်ပြင်းကိုချလိုက်မိသည်။
သမိုင်းအကြောင်းအရာနှင့် ပတ်သတ်၍လည်း ဘာမှမသိ ။ သရေခေတ္တရာ ဗိဿနိုး စသည့်ပြည်နယ်များအကြောင်းက ကျောင်းစာတွင်လည်းမပါ။
ပြင်ပဗဟုသုတလေ့လာရမှာကိုလည်း ပန်းချီဆွဲသည်လောက် စိတ်မလှုပ်ရှား စိတ်မပါသဖြင့် မလေ့လာဖြစ်သည်များက
ယခုလိုအခြေအနေမျိုးနှင့် စုံသည့်အခါတွင် တကယ် ဒုက္ခရောက်တော့လေသည်။
အမောပြေပြီးနောက် နောက်ကိုလှည့်ကြည့်လိုက်ရာ သက္ကကပါမလာ။
ဘေးဘီကြည့်လိုက်တော့လည်း သူ့မသိသည့် နေရာတစ်ခု။
ပြေးမိပြေးရာဇွတ်ပြေးခဲ့ခြင်းက ဘယ်ရောက်လို့ရောက်မှန်းမသိဖြစ်လာသည်။
ဧကလေး စိတ်ထဲ ကြောက်စိတ်နှင့်အတူ ဝမ်းနည်းစိတ်များ ဝင်လာပြီး ရောက်ရာနေရာလေးတွင် ငုတ်တုတ်လေးထိုင်ချလိုက်သည်။
“ဒယ်ဒီ..ပါးပါး...ဖောင်းဖောင်းလေး ...သားဘာဆက်လုပ်ရမလဲဟင်...ဘာဆက်လုပ်သင့်လဲ...သား နန်းတော်ကိုလည်း မပြန်တက်တော့ဘူး...ဒီလိုနဲ့ သား ပြန်လာလို့မရတော့ရင်ရော ဘယ်လိုလုပ်မလဲဟင်...ဘယ်လိုလုပ်ကြမလဲလို့...အီးးးဟီးးးးသားကြောက်တယ်...ပါးပါးတို့ဆီ ပြန်မလာနိုင်တော့မှာ သားကြောက်တယ်...အီးဟီးးးးး"
ဧကလေး ဒူးပေါ်ခေါင်းမှောက်တင်၍ ဝမ်းပန်းတနည်းငိုမိသည်။
ကူကယ်ရာမဲ့သည့်အခြေအနေမှာ သူကံ့ကော်ဆောင်ကိုလည်း မပြန်တက်ပေ။
ခါးပုံစထဲက မာလကာသီးများကို စမ်းမိခိုက်
အသာမတ်တပ်ရပ်၍ မျက်ရည်များကို သုတ်လိုက်ပြီး မထူးတော့သည့်အခြေအနေမှာ တစ်ယောက်ထဲဖြစ်နေတုန်း သူထိုအရာကို အရဲစွန့်လုပ်ဖို့တွေးလိုက်မိသည်။
ဘယ်လိုပဲနေနေ အပင်ပေါ်ကပြုတ်ကျသည်နှင့် သူဒီခေတ်ရောက်လာသည်နှင့်က တစ်ခုခုတော့ ပတ်သတ်နေလိမ့်မည်။
ထို့ကြောင့် ရှေ့ဆက်ပြီးသွားလိုက်ရာ နန်းတော်၏ အပြင်ဘက်သို့ ရောက်မှန်းမသိရောက်လာတော့သည်။
ခပ်လှမ်းလှမ်းမှ မြင်နေရသည့် သရက်ပင်ဆီသို့သွားလိုက်ပြီး အပင်အောက်ရောက်သည့်အခါ မာလကာသီးလေးများကို ထုတ်ပြီး အောက်တွင် စုပုံလိုက်သည်။
နန်းတော်နား နီးသော နေရာဖြစ်သောကြောင့် လူအသွားအလာမှာလည်း သိပ်မရှိ။
မကြာခင် မှောင်မဲတော့မည့် ပတ်ဝန်းကျင်ကိုကြည့်ရင်း ထပ်ငိုချင်စိတ်ပါပေါက်လာရသည်။
“မင်းကတော့တကယ်ပါပဲ..ပျူခေတ်မှာ လျှပ်စစ်မီးမရှိသေးမှတော့ လမ်းမီးကဘယ်လိုလုပ်ရှိမှာတုန်း...
တုန်းလိုက်တာဧကရာ...ခုတော့ ရှေ့သွားမရ နောက်ပြန်မလှည့်တက်နဲ့ အရမ်းကောင်းတယ်...good....”
ဧကလေး စိတ်ပေါက်ပေါက်ဖြင့် အပင်ပေါ်တက်နေဖို့တွေးလိုက်သည်။
အောက်မှာနေသည်ထက်စာလျှင် အပင်ပေါ်က အန္တရာယ်ကင်းလောက်မည်ဟုတွေး၍ အကြီးဆုံးသော မာလကာသီးကိုရွေးကာ ရင်ဘက်ထဲ ထည့်၍ သရက်ပင်ပေါ် ကြိုးစားတက်လာလိုက်သည်။
အနည်းငယ်မြင့်ပေမယ့်လို့ တက်ရတာ သိပ်မခက်သည့်အတွက် အဆင်ပြေသေးသည်။
သရက်ပင်ပေါ်သို့ ချောချောမွေ့မွေ့ရောက်လာပြီးနောက် ဂွကြားလေးထဲ အသာထိုင်လိုက်ကာ မှိန်ပြပြ မြင်နေရသည့် နန်းဆောင်များကို လှမ်းကြည့်နေမိသည်။
သက္ကမှာလည်း သခင်လေးက အရင်ပြေးထွက်သွားသဖြင့် ဘယ်ဘက်ပြေးသွားမှန်းလည်းမသိ။
ရောက်တက်ရာရာ သူလိုက်ရှာသော်လည်း အရိပ်အယောင်တောင်မတွေ့ရပေ။
နန်းတော်အပြင်ဘက်ရောက်သွားတာများလားဟုတွေးမိသော်လည်း မှောင်မဲကြီးထဲ မဖြစ်နိုင်လောက်ဟု တွေးမိပြန်သည်။
ထို့ကြောင့်ကံ့ကော်ဆောင်မှာ ရောက်နေလို ရောက်နေညား ပြန်လာခဲ့လိုက်သည်။
**********
“သေရည်တစ်အိုး....”
နန်းတော်အပြင်ဘက်က သေရည်ဆိုင်တစ်ခုတွင် ဒဝီဦးခိုက် ခမောက်ကို ခပ်ငိုက်ငိုက်စောင်းထားရင်း သေရည်တစ်အိုးကိုမှာလိုက်သည်။
“ဟုတ်ကဲ့ လာပါပြီ သခင်လေး....”
ဆိုင်ရှင်မှ သေရည်အိုးလာချပေးပြီးနောက် ဒဝီ ဘေးမှာ ချထားသည့် မြေခွက်အလွတ်ထဲတွင် အနည်းငယ် ငှဲ့လိုက်သည်။
ထိုအချိန်တွင် ဆိုင်ထဲသို့ လူသုံးယောက်ဝင်လာပြီး ဒဝီဦးခိုက်၏ အနောက်နားက ဝိုင်းတွင် ဝင်ထိုင်လိုက်သည်ကို သတိထားမိလိုက်သည်။
တစ်ယောက်မှာ မျက်နှာမှာ ကန့်လန့်အမာရွတ်ကြီး ရှိနေပြီး တိုက်ခိုက်ရေးသမားကောင်းကောင်းတစ်ယောက်ဆိုသည်မှာ သူရဲ့ ခန္ဓာကိုယ်ပုံစံအရပေါ်လွင်နေသည်။
ကျန်သည့်နှစ်ယောက်ကတော့ သာမန်ပင်။
“ကိစ္စအဆင်ပြေခဲ့လား....”
“ပြေပါတယ် သခင်ကြီး..ကျွန်တော်တို့ဘက်က သူတို့တောင်းဆိုတဲ့ ပမာဏကိုပေးနိုင်သည်မို့ အဆင်ပြေခဲ့ပါတယ်...”
“အေး သိုသိုသိပ်သိပ်လုပ်ကြ မိသွားရင် သေဒဏ်ပဲဆိုတာမမေ့နဲ့...ယခုတက်တဲ့ဘုရင်က မင်းတို့ထက်ပိုပြီးလျှင်တယ် ....
သူသာအစရသွားရင် အဆုံးကို ဖော်ဖို့ဆိုတာ သူ့အတွက် မခက်ခဲဘူးဆိုတာ မြဲမြဲမှတ်ထား...”
“သေချာမှတ်ထားပါ့မယ် သခင်ကြီး....”
ထို့နောက်တွင်တော့ သူတို့ပြောနေသည့် အကြောင်းအရာများကို ဒဝီ အာရုံစူးစိုက်နားထောင်လိုက်သည်။
တိုင်းပြည်၏စီးပွားကူးသန်းရေးကို အခြားတိုင်းပြည်အတွင်း တရားမဝင်တင်ပို့နေကြခြင်းဖြစ်သည်။အဓိကခိုးထုတ်နေသည်က လယ်တော်ကြီးများက ဆန်ရေစပါးများကိုပင်ဖြစ်သည်။
တိုင်းပြည်၏မြောက်ဘက်ခြမ်းအတွင်းပိုင်းတွင် လယ်ယာမြေအမြောက်အများရှိသည်။ယင်းလယ်ကွက်များက ဒွတ္တဘောင်မင်းလက်ထက်မှစ၍ ပိုင်ဆိုင်ခဲ့သော လယ်မြေများဖြစ်သောကြောင့် ထိုလယ်များကို လယ်တော်ကြီးဟုခေါ်ဝါ်ကြသည်။
ထို့ကြောင့်သရေခေတ္တရာပြည်၏ စီးပွားရေးဟာ စိုက်ပျိုးရေးပေါ်တွင် အခြေခံလေသည်။တိုင်းပြည်အတွင်း လယ်ယာမြေများကို စိုက်ပျိုးထားသည့်အကြောင်းအရင်းမှာ အကယ်၍ ရန်သူများဝန်းရံထားခြင်းခံခဲ့ရပါက တိုင်းပြည်အတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဖြစ်သည်။
အခြားစီးပွားရေးတစ်ခုအနေဖြင့် ဗိသုကာပညာ၊ပန်းထိမ်ပညာ၊ပန်းပုပညာနှင့် ကျောက်ဆစ်အတတ်ပညာတို့ဖြင့် အသက်မွေးသူအမြောက်အများလည်းရှိသည်။
ထိုကဲ့သို့သော တိုင်းပြည်တစ်ခုလုံး၏ သက်ဆိုင်သည့်အရေးကိစ္စအား ချိုးဖောက်ဖျက်ဆီးပြီး ကိုယ်ကျိုးကိုပဲကြည့်သည့် ဒီလိုလူများကြောင့် တိုင်းပြည်ဟာ တိုးတက်မှုနှောင့်နှေးရသည်။
ဘယ်သူသေသေ ငတေမာရင်ပြီးရော ဟူသော ကိုယ့်အကျိုးကိစ္စတစ်ခုထဲပဲကြည့်ပြီး တစ်တိုင်းပြည်လုံး သေသေရှင်ရှင် ဂရုမစိုက်သည့် သူများအား (ဥပမာ မင်းအောင်လှ်ိုင်နှင့်အပေါင်းအပါများ) ဒဝီဦးခိုက်အနေဖြင့် တစ်ယောက်ကိုမှ ခွှင့်လွှတ်မည်မဟုတ်ပေ။
ငါးမျှားစာတစ်ခုရှိသည့်အခွင့်အရေးမှာ အကောင်သေးသေးကို အာရုံစိုက်နေ၍ မဖြစ် ။ထိုထက်ကြီးသည့်အကောင်ကြီးကြီးကို ဖမ်းမိနိုင်ဖို့ရာအတွက် အစာလာဟပ်ချင်နေသည့် ပေါက်စနများကို တစ်ခါလောက်တော့ အလွတ်ပေးရလေမည်။
ထို့နောက် ဒဝီဦးခိုက် သေရည်အိုးကို ယူ၍ အိုးဖိုးပါ ရှင်းလိုက်ကာ ထိုဆိုင်ထဲမှ ထထွက်လာလိုက်သည်။
သူလိုချင်သည့် သတင်းအတိအကျကိုလည်း သိလိုက်ပြီပဲဖြစ်၍ သူတို့သတ်မှတ်ထားသည့် ရက်ရောက်လျှင် လျှို့ဝှက်အထူးတပ်ဖွဲ့နှင့် အရန်သင့် ဝင်စီးမည်ပဲဖြစ်သည်။
သေရည်အိုးကို လက်ကအသာကိုင်၍ အမှောင်ထဲ ကျင့်သားရနေသည့်မျက်လုံးများက နန်းတော်ဆီသို့ ဦးတည်လျှက် အေးဆေးစွာပင်လျှောက်လာလိုက်သည်။
*******
“ဖက်...ဖက် ဖက်...ဟာ ဘာလို့လာလာနေတာလဲ....သွားကြပါဟ...”
ဧကလေး အနားမှာပတ်ဝဲနေသည့် ခြင်နှင့်ဖြုတ်များကို ပတ်ရမ်းရင်း ရှုံ့မဲ့နေမိသည်။
သရက်ပင်ပေါ်ဖြစ်နေသည့်အတွက် ဖြုတ်များကတော့အများဆုံးပင်ဖြစ်သည်။
နန်းဆောင်ကိုမပြန်တက်လို့ အပင်ပေါ်တက်နေမှ ဖြုတ်၊ခြင် ကောင်းမှုအစုစုနှင့် ဖွေးနုနုအသားအရေပေါ်တွင် အဖုအပိန့်လေးများ ထွက်လာတော့သည်။
ထို့ကြောင့် ဧကလေး ဆံနွယ်တွေကို စုချည်ထားသည့် အဝတ်စအား ဖြုတ်လိုက်ကာ ပတ်ရမ်းနေလိုက်သည်။
သရက်ပင်၏အကိုင်းအခက်များကြားထဲက မြင်နေရသည့် လမင်းကြီးကိုငေးကြည့်ရင်း
သရေခေတ္တရာပြည်၏ တစ်ရက်တာကာလက သူ့အတွက် အတော်လေးကိုရှည်ကြာသည်ကို တွေးမိသွားရသည် ။
ဟိုဟိုဒီဒီတွေးရင်း အဝတ်စလေးနှင့်ခါရင်းပင် သတိလက်လွှတ် အဝတ်စအားလွှတ်ချမိသဖြင့် အမြန်ဖမ်းလိုက်ရာ
အပင်ပေါ်က ဒီတစ်ခါမှ ဇောက်ထိုးကျတော့လေသည်။
“အမလေး ပါးပါးရေ....ဘုရား တရား သံဃာ...”
ဧကလေး ရင်ထဲအေးကနဲဖြစ်သွားပြီး ခေါင်းစည်းကြိုး မပါသဖြင့် ဆံပင်များက လေထဲသို့ ဝဲသွားပြီး သေပြီပဲဟုတွေးကာ မျက်လုံးကိုစုံမှိတ်ထားလိုက်သည်။
သို့သော် တောင့်တင်းခိုင်မာသည့် ရင်ခွင်ကျယ်တစ်ခုဆီ ကျရောက်သွားပြီး တင်းကြပ်စွာ ဆုပ်ကိုင်ထားသောလက်တစ်ဖက်နှင့် ခါးမှ သိုင်းဖက်ထားသော လက်မောင်းကြီးနှင့်အတူ ယောင်္ကျားဆန်သော ကိုယ်သင်းနံ့က နှာဖျားဆီသို့ ရောက်ရှိလာသည်။
ဧကလေးမျက်လုံးကိုဖွှင့်မကြည့်ရဲ လက်သီးနှစ်ဖက်ကို တင်းတင်းစုပ်ထားပြီး မျက်လုံးကိုလည်း စုံမှိတ်ထားမိသည်။
ဒဝီဦးခိုက် နန်းတော်သို့ပြန်လာသည့် လမ်းတွင် အပင်တစ်ပင်အောက်သို့အဖြတ် အပေါ်မှ ရုတ်တရက်ပြုတ်ကျလာသည့် တစ်စုံတစ်ရာကြောင့် လက်ကအလိုအလျောက် ဆီးဖမ်းမိလိုက်သည်။
ဝဲဖြာကျလာသည့်ဆံနွယ်များနှင့်အတူ နူးညံ့အိထွေးသော ခန္ဓာကိုယ်တစ်ခုဟာ သူ့ရင်ခွင်ထဲကို ကျရောက်လာသည်။
မပီမပြင်ဝိုးတဝါးလရောင်အောက်မှာတောင် သိသာထင်ရှားနေသည့် ဖွေးနုနုအသားအရေလေးနှင့်အတူ မျက်လုံးကိုစုံမှိတ်ထားပြီး တွန့်ကြုံ့ထားသော မျက်ခုံးတစ်စုံ။
နှုတ်ခမ်းကိုလည်း တင်းတင်းစေ့ပိတ်ထားပြီး လက်နှစ်ဖက်ဟာလည်း ရင်ဘက်ပေါ်ယှက်ထားကာ လက်သီးဆုပ်ထားသည်။
ဒဝီဦးခိုက် ထိုလှပမှူလေးကို မျက်တောင်မခတ်ပဲကြည့်ရင်း ပထမဆုံးအနေနှင့်ရင်ခုန်ခြင်းဆိုသည့် သင်ခန်းစာအားရရှိလိုက်သည်။
ဧက နှဖူးပြင်ကိုရိုက်ခတ်နေသော ဝင်သက်ထွက်သက်နွေးနွေးကြောင့် ရင်ထဲတုန်ယင်သလိုဖြစ်လာရသည်။
ထို့အပြင် ရွေ့လျှားမသွားသည့် ထိန်းပွေ့မှုတစ်ခုက သူ့ကို အံ့အားသင့်စေသည် ။
ဧက စိတ်ကိုတင်း၍ မျက်လုံးကို အသာအယာဖွင့်ကြည့်လိုက်သည်။
ထူးထူးခြားခြား တောက်ပနေသည်ဟုထင်ရသော ပယင်းရောင်မျက်ဝန်းများကို ဧကလေး တမေ့တမောငေး ကြည့်နေမိသည်။
အမှောင်ရိပ်ကြောင့် ငုံ့မိုးထားသောသူ့အား သေချာမမြင်ရသော်လည်း ပယင်းရောင်မျက်ဝန်းများကတော့ သိသာစွာပင်။
ကိုယ့်ကိုမျက်တောင်မခတ်တန်းကြည့်နေသော ဝိုင်းစက်စက်မျက်ဝန်းပြာလေးများကြောင့် ဒဝီဦးခိုက် ရုတ်တရက် အသက်ရှူပါအောင့်ထားမိလိုက်သည်။
မျက်ဝန်းပြာလေးများက အရမ်းလှ၏။
“ဟို...အောက်ချပေးလို့ရမလားဗျ...”
ဧကလေး မျက်တောင်မခတ်တန်းကြည့်နေသော ထိုလူကြောင့် မျက်နှာပြင်တစ်ခုလုံး ပူတက်လာသလိုခံစားရသောကြောင့် အားတင်းပြီး ပြောလိုက်သည်။
*အို....*
ထွက်ပေါ်လာသော ချစ်စဖွယ် အသံကြည်ကြည်လေးနောက်မှာ ဒဝီဦးခိုက် တစ်ဖက်ကလည်း ကိုယ်လိုအမျိူးသားတစ်ဦးဖြစ်ကြောင်း သိသွားသည်။
အကယ်၍ စကားသံသာမထွက်ပေါ်လာပါက သူ့အနေဖြင့် မျက်ဝန်းပြာလေးများဖြင့်မိန်းမပျိုလေးဟု ထင်နေမိဦးမည်ပင်ဖြစ်သည်။
ဒဝီဦးခိုက် သေရည်အိုးအားတင်းတင်းဆုပ်ကိုင်ရင်း အောက်ကို အသာချပေးလိုက်သည်။
“ဟီး ကျေးဇူးတင်ပါတယ်ဗျ...”
“အင်း...”
ဒဝီဦးခိုက် ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။အကြည့်များဟာတော့ မျက်ဝန်းပြာလေးတွေစီက တစ်လက်မတောင် ဖယ်ခွာမသွားပေ။
အောက်ချပေးလိုက်မှ ထိုလူ၏ အရပ်အမောင်းအားကြည့်မိရာ သူ့လို6'နီးနီးအရပ်နှင့် အသင့်အတင့်ပြည့်သော ခန္ဓာကိုယ်အားသယ်ထားနိုင်သည်မှာမဆိုထားနှင့် ထိုလူဟာ 6'အထက်ကလေကိုရှူနေသည့် လူပဲမဟုတ်ပါလား။တောင့်တင်းခိုင်မာသော ကိုယ်ထည်နှင့် ပွေ့ထားစဉ်က ထိစပ်မိသည့် အသားဆိုင်များအရ မည်မျှတောင်ကျစ်လျစ်လိုက်ပါသလဲ။
*ဟင့်....ဘာလို့သူပဲသေးနေရတာလဲလို့...*
ဧကလေး ပယင်းရောင်မျက်ဝန်းများကို ရင်မဆိုင်ရဲစွာပင် အကြည့်လွှဲလိုက်ပြီး
လည်ပင်းကို အသာပွတ်ကာ အကြည့်တွေက ထိုလူ့လက်ထဲမှ အိုးဆီအကြည့်ရောက်သွားသည်။
ကြည့်ရတာ ရေအိုးအသေးစားလေးဖြစ်လောက်မည်ဟု တွေးလိုက်ကာ
“ဟို ကျွန်တော့ကို အဲ့ဒါလေးတိုက်လို့ရမလားဗျ....”
ဒဝီဦးခိုက် အိုးကို ထိုကောင်ငယ်လေးဆီပေးလိုက်သည်။
“ကျေးဇူးပါဗျ ရေဆာနေတာ ဟီး...”
ဧကလေးပြောရင်း မော့ချလိုက်သည်။
သစ်သီးမျိုးစုံဖြင့်ချက်ထားသည့်သေရည်ဖြစ်သောကြောင့် ချဉ်စူးစူးရှရှအရသာဟာ လည်ချောင်းတစ်လျှောက်စီးဝင်သွားရာ ဧကလေး မဲ့ကြသွားရသည်။
*အရက်တွေလား...နေဦး ဒီခေတ်မှာတော့ သေရည်ပေါ့....*
ဧကလေး ထူးခြားနှင့်အတူတူ ဘီယာ၊ဝိုင် စသည်များကို အနည်းငယ်သောက်ဖူးသည်။
သို့သော် ဒါလေးကတော့ အရသာတစ်မျိုးလေးပင်။ထို့အပြင် ရှေ့က မျက်တောင်မခတ်ကြည့်နေသောသူကြောင့် ဒါလေးတောင်မသောက်နိုင်ဘူးလားဟု အထင်သေးခံရမည်ဆိုးသောကြောင့် ကြိတ်မှိတ်မြိုချလိုက်သည်။
ဒဝီဦးခိုက်မှာတော့ ရှေ့က ရေအထင်နှင့်သောက်ပြီးမှ မဟုတ်၍ ရ မဲ့ကြသွားသည့်မျက်နှာထားလေးကနေ ကြိတ်မှိတ်မျိုချနေပုံရသည့် ပုံစံလေးကြောင့် ပြုံးမိသွားသည်။
ထိုအချင်းအရာအား ဧကလေးကတော့ မမြင်လိုက်ပေ။
“ဟိုလေ ကျွန်တော်ကို အပန်းမကြီးရင် နန်းတော်ထဲဘယ်လိုပြန်ရမလဲပြောပြပေးလို့ရမလားဟင်...လမ်းပျောက်နေလို့....ဟိုကောင်သက္ကကလည်း ဘယ်ရောက်သွားမှန်းမသိတော့ဘူး....ပြောပြပေးပါနော်...”
အနည်းငယ်ရီဝေစပြုလာသော ဧကလေး ရှေ့က လူအား အရဲစွန့်ပြီးပြောလိုက်သည်။
*အလို ဒီကောင်ငယ်လေးက နန်းတွင်းထဲကတဲ့လား ...*
ဒဝီ တစ်ခါမှတွေ့မြင်ဖူးခြင်းမရှိသဖြင့် မည်သူ၏ဆွေမျိုးများပါလိမ့်ဟုတွေးနေမိသည်။
“နန်းတွင်းထဲ...ဘယ်အဆောင်ကိုသွားချင်ဝာာလဲ...”
“ကံ့ကော်ဆောင်လေ...အဲ့မှာ အစ်မတော်ရှိမလားတော့မသိဘူး... ဒီနေ့ညက သူတို့ မင်္ဂလာဦးညလေ အဟီး....အဲ့တော့ ခင်ဗျား ကျွန်တော့်ကိုလမ်းညွှန်ပေးပါ...ကျွန်တော့်ယောက်ဖက ဒီတိုင်းပြည်ရဲ့ဘုရင်နော်....ဟဲဟဲ....နာမည်က အရှင်မဟာရာဇာဘာဆိုလားပဲ မမှတ်မိတော့ဘူး...အဟီး...”
“အဟွန်း!”
ဒဝီ သေရည်လေးတစ်ကြိုက်လောက်သောက်ပြီး မူးနေဟန်တူသော ကောင်ငယ်လေးကြောင့် အသံထွက်သည်အထိ ရီမိသွားသည်။
ယခု18နှစ်အရွယ်ထိ သူ့အားထိုကဲ့သို့ရယ်မောအောင် လုပ်နိုင်သည့်ကိစ္စ၊တစ်စုံတစ်ယောက်ဟူသည်မရှိခဲ့ ။
ဒီကောင်ငယ်လေးနှင့်တွေ့ကာမှ သူ့အမူအရာလေးတွေက ကိုယ့်ကိုပြုံးရယ်စေသည်။
ရီဝေဝေမျက်ဝန်းပြာလေးများဖြင့် အနည်းငယ်နီမြန်းချင်နေသော မျက်နှာတော်နုနုလေးက ပီဘိကလေးငယ်လေးသဖွယ်ပင်။
“ဘာလဲ ...ဘာရီတာလဲ...လိုက်မပို့ဘူးလား...ရတယ်လေ...ယောက်ဖနဲ့တွေ့ရင် တိုင်ပြောမယ် ....အင့်...ပါးပါးရေ သားကို အနိုင်ကျင့်နေပါတယ်....ဒယ်ဒီရေ...အီးဟီး သားကိုလှောင်နေတယ်...ဖောင်းဖောင်းလေးရေ ကိုကို့အဖြစ်ကိုကြည့်ပါဦး....သရေခေတ္တရာပြည်မှာ မျက်စိသူငယ်နားသူငယ်လေးဖြစ်နေရပြီ...အီးဟီး....”
ဧကလေး ဝမ်းနည်းနေသည့်စိတ်ကြောင့်ရော ထိုလူက သူ့အားလှောင်သည့်အတွက်ကြောင့်ရော ထိုင်ငိုချလိုက်သည်။
ဧကလေးတကယ်ကိုဝမ်းနည်းနေပါသည်။
ဒဝီဦးခိုက်မှာတော့ ရုတ်တရက် မြေကြီးပေါ်ထိုင်ချကာ သူနားမလည်သည် အခေါ်အဝေါ်များနှင့် ငိုသော ကောင်ငယ်လေးကြောင့် ရင်ထိတ်သွားရကာ သူ့ရှေ့တည့်တည့် ဒူးတစ်ဖက်ထောင်ထိုင်ချလိုက်သည်။
ငိုနေတာကချစ်စရာကောင်းပေမယ့် မကြည့်ရက်နိုင်ပေ။
“မငိုပါနဲ့...ကိုယ်တော်လိုက်ပို့မယ် ထ....”
“အီးဟီး ငိုမှာပဲ.....ဘာဖြစ်လဲ ကိုယ့်မျက်လုံးနဲ့ကိုယ်ငိုတာကို... ဘာလို့လာတားနေတာလဲ...အင့်....”
“နန်းဆောင်ပြန်မယ်ဆို...ငိုတယ်ဆိုတာကကလေးပေါက်စလေးတွေကပဲ ငိုတာ မောင်မင်းက ကလေးပေါက်စလား.....”
“ကလေးပေါက်စတွေမှ ငိုရမယ်လို့ ဒီတိုင်းပြည်ဘုရင်က အမိန့်ထုတ်ထားတာလားပြော..အီးဟီး....မလိုက်နာနိုင်ဘူး....ငိုမှာပဲ အင့် ကျေနပ်လား....မကျေနပ်လဲ ငိုမှာပဲ....အီးဟီး ပြီးတော့ ဘာမောင်မင်းလဲ...နာမည်ရှိတယ် ဟိုဘက်ခေတ်မှာဆိုရင် မင်းမြတ်ဧကဦးမာန် ဒီခေတ်မှာဆိုရင်
သျှင်းဓနနောင် အီးဟီး ပါးပါးရေ....”
“တိတ်တိတ်ကိုယ်တော်မှားတာပါ သျှင်းငယ်....ထပါ နန်းဆောင်လိုက်ပို့ပေးမယ်...”
အလိုအလျောက်ထွက်သွားသည့် နာမ်စားလေးနှင့်အတူ ဒဝီဦးခိုက် လက်တစ်ဖက်ကိုကမ်းပေးရင်းပြောလိုက်သည်။
ညကြီးမှာ မြေကြီးပေါ်ထိုင်ပြီး အကြာကြီးငိုရင် ကောင်ငယ်လေးအတွက်မကောင်းပေ။
“ဟင့်...ထလို့မရတော့ဘူး...ခြေထောက်တွေက လမ်းမလျှောက်ချင်တော့ဘူးတဲ့ ...”
“အင်း....”
“ကျောပိုး....”
“......”
“ကျောပိုးလို့...အီးဟီး ကျောပိုးပါဆိုနေ...ပါးပါးရေ ....”
ထို့သို့ဖြင့် သရေခေတ္တရာပြည်၏အရှင်သခင်ဟာဆိုရင် အမူးသမား ဧကလေးအား ကျောပိုးလျှက် နန်းဆောင်တော်သို့လိုက်ပို့ရလေတော့သည်။
“ဘူး..ဝူး...ဟိဟိ ပေါ်ပေါ်....တင်းတောင်....
အိ တင်းတောင့်နေတာပဲ...Gymဆော့တာလားဟင်...မိုက်တယ် ပေါင်မုန့်ရော ဘယ်နှစ်ခုရှိလဲဟင်....”
ဧကလေးပြောရင်း လက်ကလည်းအငြိမ်မနေဟိုဟိုဒီဒီလိုက်စမ်းနေလေတော့သည်။
ဤသို့နှင့် ကျောပေါ်တွင် အငြိမ်မနေသူဧကလေးဟာဆိုရင် ဒဝီဦးခိုက်၏ နားရွက်အားဆွဲလိုက် ဆံထုံးအားကိုင်လိုက် ရင်ဘက်တွေကို ညှစ်လိုက်ဖြင့် လုပ်ချင်တိုင်းလုပ်နေလေတော့သည်။
CHANGE 🍁
မီးအခြေအနေကြောင့်
အက်ပုဒိတ်ကတော့ နောက်ကျတော့မယ်ပဲထင်ပါတယ်လို့☹️
စာလုံးပေါင်းမှားနေရင် ထောက်ပြခဲ့လို့ရပါတယ်ဗျ ကိုယ်က မှားလွန်းလို့ပါ ဟီး❤️
မနက်ဖြန်တစ်ရက်လောက်နားလို့ရလားဟင်🥺
ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း(၈)✨🍁
ဧကေလးမွာေတာ့ ေရွ႕ကလူကိုၾကည့္လိုက္ သကၠ၏ မ်က္ႏွာရိပ္မ်က္ႏွာကဲကိုၾကည့္လိုက္ျဖင့္ မာလကာသီးကိုတစ္ကိုက္ ကိုက္လိုက္ၿပီး
“မာလကာသီးခူးစားေနတာ အူနီသီးေလးေတြ အရမ္းခ်ိဳတယ္ေနာ္ စားပါဦးလားဗ်...ဟီးးးး”
“ဘာ....”
ထိုလူႀကီး၏ ေဒါသတႀကီး ေအာ္သံအဆုံးအတြင္ေတာ့ ဧကေလး လက္ထဲက မာလကာသီးေလးေအာက္ကိုျပဳတ္က်သြားေတာ့သည္။
*Wth လန႔္တာဟာ...*
သကၠကိုၾကည့္လိုက္ေတာ့ ေမာင္အာဂလူ
အူကလာတဲ့ေကာင္က ေနရာကတစ္ခ်က္မေ႐ြ႕ပဲ ဒူးေတြပါတုန္ေနသည္ကိုေတြ႕လိုက္ရသည္။
မျဖစ္ေတာ့ ဒီအခ်ိန္ဟာ သူရဲ႕အေျပးစြမ္းရည္ကို ထုတ္သုံးသင့္သည့္ အခ်ိန္ဆိုတာကို ဧကေလး နားလည္လိုက္သည္။
“ဟီးး မာလကာသီးေတြကေလ အပင္ေပၚမွာပဲ ပုတ္ကုန္မွာဆိုးလို႔ ေစတနာနဲ႔ ဟီး သားတို႔က စားေပးတာပါဗ်...ဘယ္သူမွလည္း မခူးေတာ့ေလ...သားတို႔ကယ္မွ ရေတာ့မယ့္ မာလကာသီးေလးမို႔ပါ ဟီးးးး အစားအေသာက္ဆိုတာ စားေကာင္းပါတယ္...ဟီးးး သကၠေရ...”
“ဗ်..ဗ်ာ...သခင္ေလး...”
“ဟီးးေၾကးက်ခ်ိဳ႕ေယ....”
ဧကေလး ပေရာဟိတ္ႀကီးမသိေအာင္ သြားစိရီရင္း သကၠနားအသာတိုးကာ ေျပာလိုက္သည္။
ပေရာဟိတ္အမတ္မွာေတာ့ ေရွ႕က ကေလးႏွစ္ေယာက္ကိုၾကည့္ရင္း ဗိႆႏိုးက မင္းသမီးရဲ႕ေမာင္ငယ္ေလးျဖစ္မည္ဆိုတာ ခန႔္မွန္းမိသည္။
ထူးျခားစြာပဲ ထိုေကာင္ေလးဆီမွ တစ္ခုခုကို သူခံစားမိေနသည္။
ခုလည္း သူ႔ကိုသြားၿဖီးျပရင္း ေဘးကတစ္ေယာက္ကိုေျပာေနသည့္ပုံက ကေလးေပါက္စေလးႏွင့္တူသျဖင့္ ပေရာဟိတ္ႀကီး ၿပဳံးခ်င္သြားရသည္။
သို႔ေသာ္ ဟန္ကိုယ့္ဖို႔ မ်က္ႏွာကိုတည္ထားရင္း ၾကည့္ေနလိုက္သည္။
“ဘာေျပာတာလဲဟင္ ...သခင္ေလး...”
သကၠ သခင္ေလးေျပာသည့္ စကားမၾကားသျဖင့္ ပေရာဟိတ္ႀကီးအားၾကည့္ရင္းပင္ တိုးတိုးေလးေမးလိုက္သည္။
ဧက အေရးရယ္အေၾကာင္းရယ္ဆိုရင္ သူေျပာတာကို နားမလည္သည့္ သကၠအား စိတ္သိပ္မရွည္ခ်င္ေတာ့။
“အဟမ္း!..ဟီး ေၾကးက်ခ်ိဳ႕ယို႔.... ”
“ဗ်ာ....”
“ခ်ီး...ေျပးၾကစို႔လို႔ေျပာေနတာေဟ့ ေျပးၾကစို႔လို႔...ငါေနာ္....မင္းေနခ်င္သပဆို ဆက္ေနခဲ့ ငါေတာ့ေျပးၿပီ.....တာ့တာ....”
ဧကေလး အားရပါးရေျပာၿပီးတာႏွင့္ ျမင္ေနရသည့္အေပါက္ဆီသို႔ဦးတည္ကာ အသားကုန္ေျပးေလေတာ့သည္။
သကၠမွာလည္း ထိုအခါမွ သခင္ေလးေျပာသည့္စကားအားနားလည္ကာ
“ဟီး ေျပးၿပီေနာ္....”ဟုဆိုကာ အေနာက္မွလိုက္ေျပးေလေတာ့သည္။
အေျပးၿပိဳင္ပြဲမွာ ခ်န္ပီယံဆုရေအာင္အလား ဧကေလး ေနာက္မလွည့္စတမ္းေျပးရင္း အေတာ္ေလး ေဝးေဝးကို ေရာက္လာသည့္အခါမွ ခါးကိုကုန္းၿပီး အေမာေျဖလိုက္သည္။
“အမေလး ေမာတာ....ေဟာဟဲ ေဟာဟဲ....”
အေမာေဖာက္မတက္ေျပးခဲ့ၿပီးေနာက္ ေရွ႕ေလွ်ာက္ ပ်ဴေခတ္၏ ေန႔ရက္မ်ားကို ဘယ္လိုျဖတ္သန္းရပါ့မလဲေတြးရင္း သက္ျပင္းကိုခ်လိုက္မိသည္။
သမိုင္းအေၾကာင္းအရာႏွင့္ ပတ္သတ္၍လည္း ဘာမွမသိ ။ သေရေခတၱရာ ဗိႆႏိုး စသည့္ျပည္နယ္မ်ားအေၾကာင္းက ေက်ာင္းစာတြင္လည္းမပါ။
ျပင္ပဗဟုသုတေလ့လာရမွာကိုလည္း ပန္းခ်ီဆြဲသည္ေလာက္ စိတ္မလႈပ္ရွား စိတ္မပါသျဖင့္ မေလ့လာျဖစ္သည္မ်ားက
ယခုလိုအေျခအေနမ်ိဳးႏွင့္ စုံသည့္အခါတြင္ တကယ္ ဒုကၡေရာက္ေတာ့ေလသည္။
အေမာေျပၿပီးေနာက္ ေနာက္ကိုလွည့္ၾကည့္လိုက္ရာ သကၠကပါမလာ။
ေဘးဘီၾကည့္လိုက္ေတာ့လည္း သူ႔မသိသည့္ ေနရာတစ္ခု။
ေျပးမိေျပးရာဇြတ္ေျပးခဲ့ျခင္းက ဘယ္ေရာက္လို႔ေရာက္မွန္းမသိျဖစ္လာသည္။
ဧကေလး စိတ္ထဲ ေၾကာက္စိတ္ႏွင့္အတူ ဝမ္းနည္းစိတ္မ်ား ဝင္လာၿပီး ေရာက္ရာေနရာေလးတြင္ ငုတ္တုတ္ေလးထိုင္ခ်လိုက္သည္။
“ဒယ္ဒီ..ပါးပါး...ေဖာင္းေဖာင္းေလး ...သားဘာဆက္လုပ္ရမလဲဟင္...ဘာဆက္လုပ္သင့္လဲ...သား နန္းေတာ္ကိုလည္း မျပန္တက္ေတာ့ဘူး...ဒီလိုနဲ႔ သား ျပန္လာလို႔မရေတာ့ရင္ေရာ ဘယ္လိုလုပ္မလဲဟင္...ဘယ္လိုလုပ္ၾကမလဲလို႔...အီးးးဟီးးးးသားေၾကာက္တယ္...ပါးပါးတို႔ဆီ ျပန္မလာႏိုင္ေတာ့မွာ သားေၾကာက္တယ္...အီးဟီးးးးး"
ဧကေလး ဒူးေပၚေခါင္းေမွာက္တင္၍ ဝမ္းပန္းတနည္းငိုမိသည္။
ကူကယ္ရာမဲ့သည့္အေျခအေနမွာ သူကံ့ေကာ္ေဆာင္ကိုလည္း မျပန္တက္ေပ။
ခါးပုံစထဲက မာလကာသီးမ်ားကို စမ္းမိခိုက္
အသာမတ္တပ္ရပ္၍ မ်က္ရည္မ်ားကို သုတ္လိုက္ၿပီး မထူးေတာ့သည့္အေျခအေနမွာ တစ္ေယာက္ထဲျဖစ္ေနတုန္း သူထိုအရာကို အရဲစြန႔္လုပ္ဖို႔ေတြးလိုက္မိသည္။
ဘယ္လိုပဲေနေန အပင္ေပၚကျပဳတ္က်သည္ႏွင့္ သူဒီေခတ္ေရာက္လာသည္ႏွင့္က တစ္ခုခုေတာ့ ပတ္သတ္ေနလိမ့္မည္။
ထို႔ေၾကာင့္ ေရွ႕ဆက္ၿပီးသြားလိုက္ရာ နန္းေတာ္၏ အျပင္ဘက္သို႔ ေရာက္မွန္းမသိေရာက္လာေတာ့သည္။
ခပ္လွမ္းလွမ္းမွ ျမင္ေနရသည့္ သရက္ပင္ဆီသို႔သြားလိုက္ၿပီး အပင္ေအာက္ေရာက္သည့္အခါ မာလကာသီးေလးမ်ားကို ထုတ္ၿပီး ေအာက္တြင္ စုပုံလိုက္သည္။
နန္းေတာ္နား နီးေသာ ေနရာျဖစ္ေသာေၾကာင့္ လူအသြားအလာမွာလည္း သိပ္မရွိ။
မၾကာခင္ ေမွာင္မဲေတာ့မည့္ ပတ္ဝန္းက်င္ကိုၾကည့္ရင္း ထပ္ငိုခ်င္စိတ္ပါေပါက္လာရသည္။
“မင္းကေတာ့တကယ္ပါပဲ..ပ်ဴေခတ္မွာ လွ်ပ္စစ္မီးမရွိေသးမွေတာ့ လမ္းမီးကဘယ္လိုလုပ္ရွိမွာတုန္း...
တုန္းလိုက္တာဧကရာ...ခုေတာ့ ေရွ႕သြားမရ ေနာက္ျပန္မလွည့္တက္နဲ႔ အရမ္းေကာင္းတယ္...good....”
ဧကေလး စိတ္ေပါက္ေပါက္ျဖင့္ အပင္ေပၚတက္ေနဖို႔ေတြးလိုက္သည္။
ေအာက္မွာေနသည္ထက္စာလွ်င္ အပင္ေပၚက အႏၲရာယ္ကင္းေလာက္မည္ဟုေတြး၍ အႀကီးဆုံးေသာ မာလကာသီးကိုေ႐ြးကာ ရင္ဘက္ထဲ ထည့္၍ သရက္ပင္ေပၚ ႀကိဳးစားတက္လာလိုက္သည္။
အနည္းငယ္ျမင့္ေပမယ့္လို႔ တက္ရတာ သိပ္မခက္သည့္အတြက္ အဆင္ေျပေသးသည္။
သရက္ပင္ေပၚသို႔ ေခ်ာေခ်ာေမြ႕ေမြ႕ေရာက္လာၿပီးေနာက္ ဂြၾကားေလးထဲ အသာထိုင္လိုက္ကာ မွိန္ျပျပ ျမင္ေနရသည့္ နန္းေဆာင္မ်ားကို လွမ္းၾကည့္ေနမိသည္။
သကၠမွာလည္း သခင္ေလးက အရင္ေျပးထြက္သြားသျဖင့္ ဘယ္ဘက္ေျပးသြားမွန္းလည္းမသိ။
ေရာက္တက္ရာရာ သူလိုက္ရွာေသာ္လည္း အရိပ္အေယာင္ေတာင္မေတြ႕ရေပ။
နန္းေတာ္အျပင္ဘက္ေရာက္သြားတာမ်ားလားဟုေတြးမိေသာ္လည္း ေမွာင္မဲႀကီးထဲ မျဖစ္ႏိုင္ေလာက္ဟု ေတြးမိျပန္သည္။
ထို႔ေၾကာင့္ကံ့ေကာ္ေဆာင္မွာ ေရာက္ေနလို ေရာက္ေနညား ျပန္လာခဲ့လိုက္သည္။
**********
“ေသရည္တစ္အိုး....”
နန္းေတာ္အျပင္ဘက္က ေသရည္ဆိုင္တစ္ခုတြင္ ဒဝီဦးခိုက္ ခေမာက္ကို ခပ္ငိုက္ငိုက္ေစာင္းထားရင္း ေသရည္တစ္အိုးကိုမွာလိုက္သည္။
“ဟုတ္ကဲ့ လာပါၿပီ သခင္ေလး....”
ဆိုင္ရွင္မွ ေသရည္အိုးလာခ်ေပးၿပီးေနာက္ ဒဝီ ေဘးမွာ ခ်ထားသည့္ ေျမခြက္အလြတ္ထဲတြင္ အနည္းငယ္ ငွဲ႔လိုက္သည္။
ထိုအခ်ိန္တြင္ ဆိုင္ထဲသို႔ လူသုံးေယာက္ဝင္လာၿပီး ဒဝီဦးခိုက္၏ အေနာက္နားက ဝိုင္းတြင္ ဝင္ထိုင္လိုက္သည္ကို သတိထားမိလိုက္သည္။
တစ္ေယာက္မွာ မ်က္ႏွာမွာ ကန႔္လန႔္အမာ႐ြတ္ႀကီး ရွိေနၿပီး တိုက္ခိုက္ေရးသမားေကာင္းေကာင္းတစ္ေယာက္ဆိုသည္မွာ သူရဲ႕ ခႏၶာကိုယ္ပုံစံအရေပၚလြင္ေနသည္။
က်န္သည့္ႏွစ္ေယာက္ကေတာ့ သာမန္ပင္။
“ကိစၥအဆင္ေျပခဲ့လား....”
“ေျပပါတယ္ သခင္ႀကီး..ကြၽန္ေတာ္တို႔ဘက္က သူတို႔ေတာင္းဆိုတဲ့ ပမာဏကိုေပးႏိုင္သည္မို႔ အဆင္ေျပခဲ့ပါတယ္...”
“ေအး သိုသိုသိပ္သိပ္လုပ္ၾက မိသြားရင္ ေသဒဏ္ပဲဆိုတာမေမ့နဲ႔...ယခုတက္တဲ့ဘုရင္က မင္းတို႔ထက္ပိုၿပီးလွ်င္တယ္ ....
သူသာအစရသြားရင္ အဆုံးကို ေဖာ္ဖို႔ဆိုတာ သူ႔အတြက္ မခက္ခဲဘူးဆိုတာ ၿမဲၿမဲမွတ္ထား...”
“ေသခ်ာမွတ္ထားပါ့မယ္ သခင္ႀကီး....”
ထို႔ေနာက္တြင္ေတာ့ သူတို႔ေျပာေနသည့္ အေၾကာင္းအရာမ်ားကို ဒဝီ အာ႐ုံစူးစိုက္နားေထာင္လိုက္သည္။
တိုင္းျပည္၏စီးပြားကူးသန္းေရးကို အျခားတိုင္းျပည္အတြင္း တရားမဝင္တင္ပို႔ေနၾကျခင္းျဖစ္သည္။အဓိကခိုးထုတ္ေနသည္က လယ္ေတာ္ႀကီးမ်ားက ဆန္ေရစပါးမ်ားကိုပင္ျဖစ္သည္။
တိုင္းျပည္၏ေျမာက္ဘက္ျခမ္းအတြင္းပိုင္းတြင္ လယ္ယာေျမအေျမာက္အမ်ားရွိသည္။ယင္းလယ္ကြက္မ်ားက ဒြတၱေဘာင္မင္းလက္ထက္မွစ၍ ပိုင္ဆိုင္ခဲ့ေသာ လယ္ေျမမ်ားျဖစ္ေသာေၾကာင့္ ထိုလယ္မ်ားကို လယ္ေတာ္ႀကီးဟုေခၚဝၚၾကသည္။
ထို႔ေၾကာင့္သေရေခတၱရာျပည္၏ စီးပြားေရးဟာ စိုက္ပ်ိဳးေရးေပၚတြင္ အေျခခံေလသည္။တိုင္းျပည္အတြင္း လယ္ယာေျမမ်ားကို စိုက္ပ်ိဳးထားသည့္အေၾကာင္းအရင္းမွာ အကယ္၍ ရန္သူမ်ားဝန္းရံထားျခင္းခံခဲ့ရပါက တိုင္းျပည္အတြင္း စားနပ္ရိကၡာဖူလုံေစရန္အတြက္ ျဖစ္သည္။
အျခားစီးပြားေရးတစ္ခုအေနျဖင့္ ဗိသုကာပညာ၊ပန္းထိမ္ပညာ၊ပန္းပုပညာႏွင့္ ေက်ာက္ဆစ္အတတ္ပညာတို႔ျဖင့္ အသက္ေမြးသူအေျမာက္အမ်ားလည္းရွိသည္။
ထိုကဲ့သို႔ေသာ တိုင္းျပည္တစ္ခုလုံး၏ သက္ဆိုင္သည့္အေရးကိစၥအား ခ်ိဳးေဖာက္ဖ်က္ဆီးၿပီး ကိုယ္က်ိဳးကိုပဲၾကည့္သည့္ ဒီလိုလူမ်ားေၾကာင့္ တိုင္းျပည္ဟာ တိုးတက္မႈေႏွာင့္ေႏွးရသည္။
ဘယ္သူေသေသ ငေတမာရင္ၿပီးေရာ ဟူေသာ ကိုယ့္အက်ိဳးကိစၥတစ္ခုထဲပဲၾကည့္ၿပီး တစ္တိုင္းျပည္လုံး ေသေသရွင္ရွင္ ဂ႐ုမစိုက္သည့္ သူမ်ားအား (ဥပမာ မင္းေအာင္လွ္ိုင္ႏွင့္အေပါင္းအပါမ်ား) ဒဝီဦးခိုက္အေနျဖင့္ တစ္ေယာက္ကိုမွ ခႊင့္လႊတ္မည္မဟုတ္ေပ။
ငါးမွ်ားစာတစ္ခုရွိသည့္အခြင့္အေရးမွာ အေကာင္ေသးေသးကို အာ႐ုံစိုက္ေန၍ မျဖစ္ ။ထိုထက္ႀကီးသည့္အေကာင္ႀကီးႀကီးကို ဖမ္းမိႏိုင္ဖို႔ရာအတြက္ အစာလာဟပ္ခ်င္ေနသည့္ ေပါက္စနမ်ားကို တစ္ခါေလာက္ေတာ့ အလြတ္ေပးရေလမည္။
ထို႔ေနာက္ ဒဝီဦးခိုက္ ေသရည္အိုးကို ယူ၍ အိုးဖိုးပါ ရွင္းလိုက္ကာ ထိုဆိုင္ထဲမွ ထထြက္လာလိုက္သည္။
သူလိုခ်င္သည့္ သတင္းအတိအက်ကိုလည္း သိလိုက္ၿပီပဲျဖစ္၍ သူတို႔သတ္မွတ္ထားသည့္ ရက္ေရာက္လွ်င္ လွ်ိဳ႕ဝွက္အထူးတပ္ဖြဲ႕ႏွင့္ အရန္သင့္ ဝင္စီးမည္ပဲျဖစ္သည္။
ေသရည္အိုးကို လက္ကအသာကိုင္၍ အေမွာင္ထဲ က်င့္သားရေနသည့္မ်က္လုံးမ်ားက နန္းေတာ္ဆီသို႔ ဦးတည္လွ်က္ ေအးေဆးစြာပင္ေလွ်ာက္လာလိုက္သည္။
*******
“ဖက္...ဖက္ ဖက္...ဟာ ဘာလို႔လာလာေနတာလဲ....သြားၾကပါဟ...”
ဧကေလး အနားမွာပတ္ဝဲေနသည့္ ျခင္ႏွင့္ျဖဳတ္မ်ားကို ပတ္ရမ္းရင္း ရႈံ႕မဲ့ေနမိသည္။
သရက္ပင္ေပၚျဖစ္ေနသည့္အတြက္ ျဖဳတ္မ်ားကေတာ့အမ်ားဆုံးပင္ျဖစ္သည္။
နန္းေဆာင္ကိုမျပန္တက္လို႔ အပင္ေပၚတက္ေနမွ ျဖဳတ္၊ျခင္ ေကာင္းမႈအစုစုႏွင့္ ေဖြးႏုႏုအသားအေရေပၚတြင္ အဖုအပိန႔္ေလးမ်ား ထြက္လာေတာ့သည္။
ထို႔ေၾကာင့္ ဧကေလး ဆံႏြယ္ေတြကို စုခ်ည္ထားသည့္ အဝတ္စအား ျဖဳတ္လိုက္ကာ ပတ္ရမ္းေနလိုက္သည္။
သရက္ပင္၏အကိုင္းအခက္မ်ားၾကားထဲက ျမင္ေနရသည့္ လမင္းႀကီးကိုေငးၾကည့္ရင္း
သေရေခတၱရာျပည္၏ တစ္ရက္တာကာလက သူ႔အတြက္ အေတာ္ေလးကိုရွည္ၾကာသည္ကို ေတြးမိသြားရသည္ ။
ဟိုဟိုဒီဒီေတြးရင္း အဝတ္စေလးႏွင့္ခါရင္းပင္ သတိလက္လႊတ္ အဝတ္စအားလႊတ္ခ်မိသျဖင့္ အျမန္ဖမ္းလိုက္ရာ
အပင္ေပၚက ဒီတစ္ခါမွ ေဇာက္ထိုးက်ေတာ့ေလသည္။
“အမေလး ပါးပါးေရ....ဘုရား တရား သံဃာ...”
ဧကေလး ရင္ထဲေအးကနဲျဖစ္သြားၿပီး ေခါင္းစည္းႀကိဳး မပါသျဖင့္ ဆံပင္မ်ားက ေလထဲသို႔ ဝဲသြားၿပီး ေသၿပီပဲဟုေတြးကာ မ်က္လုံးကိုစုံမွိတ္ထားလိုက္သည္။
သို႔ေသာ္ ေတာင့္တင္းခိုင္မာသည့္ ရင္ခြင္က်ယ္တစ္ခုဆီ က်ေရာက္သြားၿပီး တင္းၾကပ္စြာ ဆုပ္ကိုင္ထားေသာလက္တစ္ဖက္ႏွင့္ ခါးမွ သိုင္းဖက္ထားေသာ လက္ေမာင္းႀကီးႏွင့္အတူ ေယာက်ၤားဆန္ေသာ ကိုယ္သင္းနံ႔က ႏွာဖ်ားဆီသို႔ ေရာက္ရွိလာသည္။
ဧကေလးမ်က္လုံးကိုဖႊင့္မၾကည့္ရဲ လက္သီးႏွစ္ဖက္ကို တင္းတင္းစုပ္ထားၿပီး မ်က္လုံးကိုလည္း စုံမွိတ္ထားမိသည္။
ဒဝီဦးခိုက္ နန္းေတာ္သို႔ျပန္လာသည့္ လမ္းတြင္ အပင္တစ္ပင္ေအာက္သို႔အျဖတ္ အေပၚမွ ႐ုတ္တရက္ျပဳတ္က်လာသည့္ တစ္စုံတစ္ရာေၾကာင့္ လက္ကအလိုအေလ်ာက္ ဆီးဖမ္းမိလိုက္သည္။
ဝဲျဖာက်လာသည့္ဆံႏြယ္မ်ားႏွင့္အတူ ႏူးညံ့အိေထြးေသာ ခႏၶာကိုယ္တစ္ခုဟာ သူ႔ရင္ခြင္ထဲကို က်ေရာက္လာသည္။
မပီမျပင္ဝိုးတဝါးလေရာင္ေအာက္မွာေတာင္ သိသာထင္ရွားေနသည့္ ေဖြးႏုႏုအသားအေရေလးႏွင့္အတူ မ်က္လုံးကိုစုံမွိတ္ထားၿပီး တြန္႔ႀကဳံ႕ထားေသာ မ်က္ခုံးတစ္စုံ။
ႏႈတ္ခမ္းကိုလည္း တင္းတင္းေစ့ပိတ္ထားၿပီး လက္ႏွစ္ဖက္ဟာလည္း ရင္ဘက္ေပၚယွက္ထားကာ လက္သီးဆုပ္ထားသည္။
ဒဝီဦးခိုက္ ထိုလွပမႉေလးကို မ်က္ေတာင္မခတ္ပဲၾကည့္ရင္း ပထမဆုံးအေနႏွင့္ရင္ခုန္ျခင္းဆိုသည့္ သင္ခန္းစာအားရရွိလိုက္သည္။
ဧက ႏွဖူးျပင္ကို႐ိုက္ခတ္ေနေသာ ဝင္သက္ထြက္သက္ေႏြးေႏြးေၾကာင့္ ရင္ထဲတုန္ယင္သလိုျဖစ္လာရသည္။
ထို႔အျပင္ ေ႐ြ႕လွ်ားမသြားသည့္ ထိန္းေပြ႕မႈတစ္ခုက သူ႔ကို အံ့အားသင့္ေစသည္ ။
ဧက စိတ္ကိုတင္း၍ မ်က္လုံးကို အသာအယာဖြင့္ၾကည့္လိုက္သည္။
ထူးထူးျခားျခား ေတာက္ပေနသည္ဟုထင္ရေသာ ပယင္းေရာင္မ်က္ဝန္းမ်ားကို ဧကေလး တေမ့တေမာေငး ၾကည့္ေနမိသည္။
အေမွာင္ရိပ္ေၾကာင့္ ငုံ႔မိုးထားေသာသူ႔အား ေသခ်ာမျမင္ရေသာ္လည္း ပယင္းေရာင္မ်က္ဝန္းမ်ားကေတာ့ သိသာစြာပင္။
ကိုယ့္ကိုမ်က္ေတာင္မခတ္တန္းၾကည့္ေနေသာ ဝိုင္းစက္စက္မ်က္ဝန္းျပာေလးမ်ားေၾကာင့္ ဒဝီဦးခိုက္ ႐ုတ္တရက္ အသက္ရႉပါေအာင့္ထားမိလိုက္သည္။
မ်က္ဝန္းျပာေလးမ်ားက အရမ္းလွ၏။
“ဟို...ေအာက္ခ်ေပးလို႔ရမလားဗ်...”
ဧကေလး မ်က္ေတာင္မခတ္တန္းၾကည့္ေနေသာ ထိုလူေၾကာင့္ မ်က္ႏွာျပင္တစ္ခုလုံး ပူတက္လာသလိုခံစားရေသာေၾကာင့္ အားတင္းၿပီး ေျပာလိုက္သည္။
*အို....*
ထြက္ေပၚလာေသာ ခ်စ္စဖြယ္ အသံၾကည္ၾကည္ေလးေနာက္မွာ ဒဝီဦးခိုက္ တစ္ဖက္ကလည္း ကိုယ္လိုအမ်ိဴးသားတစ္ဦးျဖစ္ေၾကာင္း သိသြားသည္။
အကယ္၍ စကားသံသာမထြက္ေပၚလာပါက သူ႔အေနျဖင့္ မ်က္ဝန္းျပာေလးမ်ားျဖင့္မိန္းမပ်ိဳေလးဟု ထင္ေနမိဦးမည္ပင္ျဖစ္သည္။
ဒဝီဦးခိုက္ ေသရည္အိုးအားတင္းတင္းဆုပ္ကိုင္ရင္း ေအာက္ကို အသာခ်ေပးလိုက္သည္။
“ဟီး ေက်းဇူးတင္ပါတယ္ဗ်...”
“အင္း...”
ဒဝီဦးခိုက္ ေခါင္းကိုအသာၿငိမ့္ျပလိုက္သည္။အၾကည့္မ်ားဟာေတာ့ မ်က္ဝန္းျပာေလးေတြစီက တစ္လက္မေတာင္ ဖယ္ခြာမသြားေပ။
ေအာက္ခ်ေပးလိုက္မွ ထိုလူ၏ အရပ္အေမာင္းအားၾကည့္မိရာ သူ႔လို6'နီးနီးအရပ္ႏွင့္ အသင့္အတင့္ျပည့္ေသာ ခႏၶာကိုယ္အားသယ္ထားႏိုင္သည္မွာမဆိုထားႏွင့္ ထိုလူဟာ 6'အထက္ကေလကိုရႉေနသည့္ လူပဲမဟုတ္ပါလား။ေတာင့္တင္းခိုင္မာေသာ ကိုယ္ထည္ႏွင့္ ေပြ႕ထားစဥ္က ထိစပ္မိသည့္ အသားဆိုင္မ်ားအရ မည္မွ်ေတာင္က်စ္လ်စ္လိုက္ပါသလဲ။
*ဟင့္....ဘာလို႔သူပဲေသးေနရတာလဲလို႔...*
ဧကေလး ပယင္းေရာင္မ်က္ဝန္းမ်ားကို ရင္မဆိုင္ရဲစြာပင္ အၾကည့္လႊဲလိုက္ၿပီး
လည္ပင္းကို အသာပြတ္ကာ အၾကည့္ေတြက ထိုလူ႔လက္ထဲမွ အိုးဆီအၾကည့္ေရာက္သြားသည္။
ၾကည့္ရတာ ေရအိုးအေသးစားေလးျဖစ္ေလာက္မည္ဟု ေတြးလိုက္ကာ
“ဟို ကြၽန္ေတာ့ကို အဲ့ဒါေလးတိုက္လို႔ရမလားဗ်....”
ဒဝီဦးခိုက္ အိုးကို ထိုေကာင္ငယ္ေလးဆီေပးလိုက္သည္။
“ေက်းဇူးပါဗ် ေရဆာေနတာ ဟီး...”
ဧကေလးေျပာရင္း ေမာ့ခ်လိုက္သည္။
သစ္သီးမ်ိဳးစုံျဖင့္ခ်က္ထားသည့္ေသရည္ျဖစ္ေသာေၾကာင့္ ခ်ဥ္စူးစူးရွရွအရသာဟာ လည္ေခ်ာင္းတစ္ေလွ်ာက္စီးဝင္သြားရာ ဧကေလး မဲ့ၾကသြားရသည္။
*အရက္ေတြလား...ေနဦး ဒီေခတ္မွာေတာ့ ေသရည္ေပါ့....*
ဧကေလး ထူးျခားႏွင့္အတူတူ ဘီယာ၊ဝိုင္ စသည္မ်ားကို အနည္းငယ္ေသာက္ဖူးသည္။
သို႔ေသာ္ ဒါေလးကေတာ့ အရသာတစ္မ်ိဳးေလးပင္။ထို႔အျပင္ ေရွ႕က မ်က္ေတာင္မခတ္ၾကည့္ေနေသာသူေၾကာင့္ ဒါေလးေတာင္မေသာက္ႏိုင္ဘူးလားဟု အထင္ေသးခံရမည္ဆိုးေသာေၾကာင့္ ႀကိတ္မွိတ္ၿမိဳခ်လိုက္သည္။
ဒဝီဦးခိုက္မွာေတာ့ ေရွ႕က ေရအထင္ႏွင့္ေသာက္ၿပီးမွ မဟုတ္၍ ရ မဲ့ၾကသြားသည့္မ်က္ႏွာထားေလးကေန ႀကိတ္မွိတ္မ်ိဳခ်ေနပုံရသည့္ ပုံစံေလးေၾကာင့္ ၿပဳံးမိသြားသည္။
ထိုအခ်င္းအရာအား ဧကေလးကေတာ့ မျမင္လိုက္ေပ။
“ဟိုေလ ကြၽန္ေတာ္ကို အပန္းမႀကီးရင္ နန္းေတာ္ထဲဘယ္လိုျပန္ရမလဲေျပာျပေပးလို႔ရမလားဟင္...လမ္းေပ်ာက္ေနလို႔....ဟိုေကာင္သကၠကလည္း ဘယ္ေရာက္သြားမွန္းမသိေတာ့ဘူး....ေျပာျပေပးပါေနာ္...”
အနည္းငယ္ရီေဝစျပဳလာေသာ ဧကေလး ေရွ႕က လူအား အရဲစြန႔္ၿပီးေျပာလိုက္သည္။
*အလို ဒီေကာင္ငယ္ေလးက နန္းတြင္းထဲကတဲ့လား ...*
ဒဝီ တစ္ခါမွေတြ႕ျမင္ဖူးျခင္းမရွိသျဖင့္ မည္သူ၏ေဆြမ်ိဳးမ်ားပါလိမ့္ဟုေတြးေနမိသည္။
“နန္းတြင္းထဲ...ဘယ္အေဆာင္ကိုသြားခ်င္ဝာာလဲ...”
“ကံ့ေကာ္ေဆာင္ေလ...အဲ့မွာ အစ္မေတာ္ရွိမလားေတာ့မသိဘူး... ဒီေန႔ညက သူတို႔ မဂၤလာဦးညေလ အဟီး....အဲ့ေတာ့ ခင္ဗ်ား ကြၽန္ေတာ့္ကိုလမ္းၫႊန္ေပးပါ...ကြၽန္ေတာ့္ေယာက္ဖက ဒီတိုင္းျပည္ရဲ႕ဘုရင္ေနာ္....ဟဲဟဲ....နာမည္က အရွင္မဟာရာဇာဘာဆိုလားပဲ မမွတ္မိေတာ့ဘူး...အဟီး...”
“အဟြန္း!”
ဒဝီ ေသရည္ေလးတစ္ႀကိဳက္ေလာက္ေသာက္ၿပီး မူးေနဟန္တူေသာ ေကာင္ငယ္ေလးေၾကာင့္ အသံထြက္သည္အထိ ရီမိသြားသည္။
ယခု18ႏွစ္အ႐ြယ္ထိ သူ႔အားထိုကဲ့သို႔ရယ္ေမာေအာင္ လုပ္ႏိုင္သည့္ကိစၥ၊တစ္စုံတစ္ေယာက္ဟူသည္မရွိခဲ့ ။
ဒီေကာင္ငယ္ေလးႏွင့္ေတြ႕ကာမွ သူ႔အမူအရာေလးေတြက ကိုယ့္ကိုၿပဳံးရယ္ေစသည္။
ရီေဝေဝမ်က္ဝန္းျပာေလးမ်ားျဖင့္ အနည္းငယ္နီျမန္းခ်င္ေနေသာ မ်က္ႏွာေတာ္ႏုႏုေလးက ပီဘိကေလးငယ္ေလးသဖြယ္ပင္။
“ဘာလဲ ...ဘာရီတာလဲ...လိုက္မပို႔ဘူးလား...ရတယ္ေလ...ေယာက္ဖနဲ႔ေတြ႕ရင္ တိုင္ေျပာမယ္ ....အင့္...ပါးပါးေရ သားကို အႏိုင္က်င့္ေနပါတယ္....ဒယ္ဒီေရ...အီးဟီး သားကိုေလွာင္ေနတယ္...ေဖာင္းေဖာင္းေလးေရ ကိုကို႔အျဖစ္ကိုၾကည့္ပါဦး....သေရေခတၱရာျပည္မွာ မ်က္စိသူငယ္နားသူငယ္ေလးျဖစ္ေနရၿပီ...အီးဟီး....”
ဧကေလး ဝမ္းနည္းေနသည့္စိတ္ေၾကာင့္ေရာ ထိုလူက သူ႔အားေလွာင္သည့္အတြက္ေၾကာင့္ေရာ ထိုင္ငိုခ်လိုက္သည္။
ဧကေလးတကယ္ကိုဝမ္းနည္းေနပါသည္။
ဒဝီဦးခိုက္မွာေတာ့ ႐ုတ္တရက္ ေျမႀကီးေပၚထိုင္ခ်ကာ သူနားမလည္သည္ အေခၚအေဝၚမ်ားႏွင့္ ငိုေသာ ေကာင္ငယ္ေလးေၾကာင့္ ရင္ထိတ္သြားရကာ သူ႔ေရွ႕တည့္တည့္ ဒူးတစ္ဖက္ေထာင္ထိုင္ခ်လိုက္သည္။
ငိုေနတာကခ်စ္စရာေကာင္းေပမယ့္ မၾကည့္ရက္ႏိုင္ေပ။
“မငိုပါနဲ႔...ကိုယ္ေတာ္လိုက္ပို႔မယ္ ထ....”
“အီးဟီး ငိုမွာပဲ.....ဘာျဖစ္လဲ ကိုယ့္မ်က္လုံးနဲ႔ကိုယ္ငိုတာကို... ဘာလို႔လာတားေနတာလဲ...အင့္....”
“နန္းေဆာင္ျပန္မယ္ဆို...ငိုတယ္ဆိုတာကကေလးေပါက္စေလးေတြကပဲ ငိုတာ ေမာင္မင္းက ကေလးေပါက္စလား.....”
“ကေလးေပါက္စေတြမွ ငိုရမယ္လို႔ ဒီတိုင္းျပည္ဘုရင္က အမိန႔္ထုတ္ထားတာလားေျပာ..အီးဟီး....မလိုက္နာႏိုင္ဘူး....ငိုမွာပဲ အင့္ ေက်နပ္လား....မေက်နပ္လဲ ငိုမွာပဲ....အီးဟီး ၿပီးေတာ့ ဘာေမာင္မင္းလဲ...နာမည္ရွိတယ္ ဟိုဘက္ေခတ္မွာဆိုရင္ မင္းျမတ္ဧကဦးမာန္ ဒီေခတ္မွာဆိုရင္
သွ်င္းဓနေနာင္ အီးဟီး ပါးပါးေရ....”
“တိတ္တိတ္ကိုယ္ေတာ္မွားတာပါ သွ်င္းငယ္....ထပါ နန္းေဆာင္လိုက္ပို႔ေပးမယ္...”
အလိုအေလ်ာက္ထြက္သြားသည့္ နာမ္စားေလးႏွင့္အတူ ဒဝီဦးခိုက္ လက္တစ္ဖက္ကိုကမ္းေပးရင္းေျပာလိုက္သည္။
ညႀကီးမွာ ေျမႀကီးေပၚထိုင္ၿပီး အၾကာႀကီးငိုရင္ ေကာင္ငယ္ေလးအတြက္မေကာင္းေပ။
“ဟင့္...ထလို႔မရေတာ့ဘူး...ေျခေထာက္ေတြက လမ္းမေလွ်ာက္ခ်င္ေတာ့ဘူးတဲ့ ...”
“အင္း....”
“ေက်ာပိုး....”
“......”
“ေက်ာပိုးလို႔...အီးဟီး ေက်ာပိုးပါဆိုေန...ပါးပါးေရ ....”
ထို႔သို႔ျဖင့္ သေရေခတၱရာျပည္၏အရွင္သခင္ဟာဆိုရင္ အမူးသမား ဧကေလးအား ေက်ာပိုးလွ်က္ နန္းေဆာင္ေတာ္သို႔လိုက္ပို႔ရေလေတာ့သည္။
“ဘူး..ဝူး...ဟိဟိ ေပၚေပၚ....တင္းေတာင္....
အိ တင္းေတာင့္ေနတာပဲ...Gymေဆာ့တာလားဟင္...မိုက္တယ္ ေပါင္မုန႔္ေရာ ဘယ္ႏွစ္ခုရွိလဲဟင္....”
ဧကေလးေျပာရင္း လက္ကလည္းအၿငိမ္မေနဟိုဟိုဒီဒီလိုက္စမ္းေနေလေတာ့သည္။
ဤသို႔ႏွင့္ ေက်ာေပၚတြင္ အၿငိမ္မေနသူဧကေလးဟာဆိုရင္ ဒဝီဦးခိုက္၏ နား႐ြက္အားဆြဲလိုက္ ဆံထုံးအားကိုင္လိုက္ ရင္ဘက္ေတြကို ညႇစ္လိုက္ျဖင့္ လုပ္ခ်င္တိုင္းလုပ္ေနေလေတာ့သည္။
CHANGE 🍁
မီးအေျခအေနေၾကာင့္
အက္ပုဒိတ္ကေတာ့ ေနာက္က်ေတာ့မယ္ပဲထင္ပါတယ္လို႔☹️
စာလုံးေပါင္းမွားေနရင္ ေထာက္ျပခဲ့လို႔ရပါတယ္ဗ် ကိုယ္က မွားလြန္းလို႔ပါ ဟီး❤️
မနက္ျဖန္တစ္ရက္ေလာက္နားလို႔ရလားဟင္🥺