လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရေးခဲ့တာပါ
ယန်ချုံးက ထောင့်ဘက်က တိတ်တိတ်လေး ချောင်းကြည့်ကာ သူ့ဘေးက လူနှစ်ယောက်ကို စိုက်ကြည့်နေသည်။ သူ အသက်အောင့်ပြီး ကျိရှင်းလန်က လင်းဝေရဲ့ ဝန်ခံတာကို လက်ခံမလားဆိုတာ စောင့်ကြည့်ဖို့ ပြင်ဆင်နေချိန်မှာ ကျိရှင်းလန်က ရုတ်တရက် ကြည့်လာခဲ့သည် ။
ငြိမ်သက်စွာကြည့်နေတဲ့ ယန်ချုံးက ထိတ်လန့်သွားသည်။ သူ အမြန်ပြန်ပုန်းလိုက်ပြီး အချိန်အတော်ကြာမှ သတ္တိရှိရှိ လှုပ်ရှားသွားခဲ့သည်။
ကျိရှင်းလန် သူ့ကို မြင်လိုက်လားမသိဘူး ။
ယန်ချုံးက ကျိရှင်းလန် လင်းဝေရဲ့ရည်းစားစာကို ယူလိုက်လား မယူလိုက်လား အမြန်သိချင်နေပေမယ့် ကျိရှင်းလန် သူ့ကို သတိပြုမိမည်ကို စိုးရိမ်သဖြင့် စောင့်ကြည့်ဖို့က အဆင်မပြေပေ။ ဒါကြောင့် သူက နံရံထောင့်နောက်ကွယ်တွင်သာ မသိမသာ ပုန်းနေနိုင်သည်။
အသက်အောင့်ပြီး နံရံကို ကပ်ကာ ပုန်းအောင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် လှေကားမှ ရွေ့လျားလာနေသည့် အသံကို မကြားရဘူး။ ဒါနောက် နံရံထောင့်ဘက်က ချောင်းကြည့်ပြန်သည်။ ဒီတစ်ကြိမ်မှာတော့ သူ့ခေါင်းတစ်ဝက်လောက်က ထောင့်ကနေ ထွက်သွားတယ်။
ထိုအချိန်တွင် ကျိရှင်းလန်က လှည့်မကြည့်လာတော့ပေ။
လင်းဝေရှေ့မှာ ရပ်နေရင်း သူ့လက်ကို အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။ သူ့အမူအရာက တည်ငြိမ်နေပေမယ့် လင်းဝေရဲ့လက်ထဲက စာက ပျောက်ကွယ်သွားခဲ့ပါပြီ။
ဒါကို ယန်ချုံး မြင်တဲ့အခါ ကျိရှင်းလန် စာကိုယူထားပြီးသားဆိုတဲ့ အဖြေတစ်ခုထွက်လာတယ်။
ရှုပ်ထွေးပွေလီတဲ့ ခံစားချက်တွေက သူ့ရင်ထဲမှာ လှုပ်လှုပ်ရှားရှား ခံစားရတယ်။ သူ ထွက်သွားချင်ပေမယ့် လှည့်ကြည့်လိုက်တော့ သူ့ရှေ့မှာ ကြီးကျယ်ခမ်းနားတဲ့ နှင်းဖြူဖွေးဖွေး မျက်နှာလေးကို ရုတ်တရက် တွေ့လိုက်ရတော့ အံ့သြသွားတယ်။
“!”
သူ ခေါင်းလှည့်လိုက်သည်နှင့် အခြားမျက်နှာတစ်ခုကို မြင်လိုက်ရပြီး ယန်ချုံးက သူ့ကို အလွန်ကြောက်လန့်သွားကာ နှလုံးဖောက်လုနီးပါး ဖြစ်သွားသည်။ သူက ထိုင်လျက် လျောကျသွားခဲ့တယ် ။
ပိုင်ယွမ်ယွမ်က တစ်ချိန်ထဲမှာ ပြေးထွက်လာပြီး အခု သူ့နောက်မှာထိုင်နေခဲ့တယ် ။ နောက်တော့ သူမက သူတို့တွေက် ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်အချို့နဲ့ ကြည့်နေခဲ့တယ် ။ သူမ ဒေါသအရမ်းထွက်ပြီး လက်တွေ တုန်နေခဲ့ကာ ဖောင်ဒေးရှင်းကို အပြီး မလိမ်းသေးခင်မှာ အပြင်ကို ထွက်လာတာဖြစ်သည် ။
ယန်ချုံးက အသက်ပြင်းပြင်းရှူလိုက်ပြီး စာသင်ခန်းရဲ့ နောက်ဖေးတံခါးမှ သူမကို အမြန်ဆွဲထုတ်လိုက်ကာ သူ့နှလုံးသားကို ငြိမ်သက်သွားစေခဲ့သည်။ ပိုင်ယွမ်ယွမ်က လှေကားရှိရာ ဦးတည်ရာကို စိုက်ကြည့်ရင်း ဒေါသအရမ်းထွက်ခြေဆောင့်လိုက်ရာ ခြေထောက်ကို နင်းမိသွားသည်။ “အားးးး! ငါအဲ့ဒီကောင်မနဲ့ ရန်ဖြစ်မိတော့မယ်!"
ယန်ချုံးက စာသင်ခန်းထဲက ထိုင်ခုံနောက် မှီပြီး lollipop ကို စုပ်နေသည် ။ အချိန်ကိုစစ်ဆေးဖို့ သူ့ terminal ကို ထပ်ခါထပ်ခါ ဖွင့်နေခဲ့သည် ။
သူ နောက်ထပ် မိနစ်အနည်းငယ်လောက် စောင့်ခဲ့ပေမယ့် ကျိရှင်းလန်က ပြန်ရောက်မလာသေးဘူး။ သူ့စိတ်ပျက်မှုကို ဖြေဖျောက်ဖို့ အခြားနည်းလမ်းမရှိဘဲ၊ သူ့ပါးစပ်ထဲက lollipop ကိုသာအပြင်းအထန် ကြိတ်ချေပစ်လိုက်နိုင်သည်။ ထို့နောက် ဒေါသတကြီးဖြင့် စားပွဲကို ကန်ထုတ်လိုက်သည်။
ယန်ချုံးက သူ ခွန်အားတွေ အများကြီးမသုံးထားဘူးလို့ ထင်ခဲ့ပေမယ့် ဒေါသအရမ်းထွက်နေတော့ သူ့ခွန်အားကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့တယ်။
ကန်ချက်ကြောင့် သူ့ရှေ့က စားပွဲက အနည်းငယ် ယိမ်းယိုင်သွားကာ စားပွဲပေါ်က ဘောပင် လှိမ့်ကျသွားသည် ။
ရှေ့ဆုံးတန်းက ကျောင်းသားက ဘောပင်ကျသံကိုကြားသဖြင့် ယန်ချုံးရဲ့ စားပွဲပေါ်ပြန်တင်ဖို့ မလှည့်လာမီ ဘောပင်ကို ကောက်ကိုင်ရန် ငုံ့လိုက်သည်။ ဒါပေမယ့် သူ မရည်ရွယ်ဘဲ မော့ကြည့်လိုက်တော့ ယန်ချုံး မျက်နှာပေါ်က ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်တစ်ခု ရှိနေသည်ကို သူမြင်လိုက်ရသည်။ သူအရမ်းကြောက်သွားပြီး သူ့ဗလာစာအုပ်ထဲမှာ ခေါင်းကို မြှုပ်ဖို့ အမြန်ပြန်လှည့်သွားတယ်။
ယန်ချုံးက သူ့ခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်ကာ lollipop တုတ်တံကို ကိုက်လိုက်သည်။ သူ့ဘောပင်ကို လှည့်ဖို့ သုံးလိုက်တယ်။ သူ့ရှေ့က ဗလာစာအုပ်က ဗလာဖြစ်ပြီး အဲဒီထဲမှာ စကားလုံးတစ်လုံးမှ မရေးထားဘူး။
တစ်မိနစ် ကုန်သွားတယ်။ နှစ်မိနစ်ကြာသွားတယ်။ ငါးမိနစ်ကြာသွားတယ်။ ဒါပေမယ့် ကျိရှင်းလန်က ပြန်မလာဘူး။
ယန်ချုံးက ကမ္ဘာကြီးပေါ်မှာ သူတို့ဘာတွေပြောနေမလဲဆိုတာကို သိချင်နေမိသည်။
ယန်ချုံးက ဒီအကြောင်းကို ပိုတွေးလေ၊ ဒေါသတွေ ပိုထွက်လာလေပဲ ။ သူ့အထဲမှ တစ်ယောက်ယောက်၊ ဤ "မှော်ဆန်သော" အချစ်တြိဂံကို သူ မကျော်လွန်နိုင်ခဲ့သောကြောင့်ကျိရှင်းလန် နှင့် လင်းဝေ တို့က အမှားအယွင်းတစ်ခုခုတော့ လုပ်မိသွားမည်ဖြစ်သည်။
ဒါကြောင့် နောက်ပြန်ဆုတ်ပြီး တံခါးကို သော့ခတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
တံခါးဝမှ ဝင်လာသည့်အခိုက်တွင် ယန်ချုံးက မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ သော့ခတ်ထားသော တံခါးကို ဖွင့်လိုက်ရာ အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
ကျိရှင်းလန်က အေးအေးဆေးဆေး လမ်းလျှောက်လာပြီး သူ့ထိုင်ခုံဆီပြန်သွားခဲ့သည်။ သူ့လက်ထဲမှာ ဘာတစ်ခုမှ ဆုပ်ကိုင်ထားတာ မရှိဘူး။
မည်သို့ပင်ဆိုစေကာမူ ယန်ချုံးက သူ ရည်းစားစာကို ယူဆောင်သွားတယ်လို့ ခံစားမိသည်။ သို့သော်လည်း သူ့ကို စစ်ဆေးမေးမြန်းဖို့ အထောက်အထား တစ်စုံတစ်ရာ ရှာမတွေ့သေးပေ။ ဒါကြောင့် သူက ကျိရှင်းလန်ရဲ့ အိတ်ကပ်ကို မသိမသာ စိုက်ကြည့်နေသည်။ သို့သော် သူ့အိတ်ကပ်ထဲ စာရွက်ပါးပါးလေးကို တကယ်ထည့်ထားရင်တောင် ယန်ချုံးက ဘာကိုမှ မြင်နိုင်မှာ မဟုတ်ဘူး။
'ကောင်းပြီ ကျိရှင်းလန်က အဲဒါကို မယူထားဘူး။ ' ယန်ချုံးက ဤအတွေးဖြင့် သူ့ကိုယ်သူ နှစ်သိမ့်ခဲ့သည်။
နောက်ဆုံး ကိုယ်ပိုင်စာလေးလာချိန် ပြီးဆုံးသွားတော့ ကျောင်းဆင်းချိန် ခေါင်းလောင်းသံက အချိန်မီ ထွက်ပေါ်လာတယ်။
စာသင်ခန်းအတွင်းက အငွေ့အသက်က ချက်ချင်း တက်ကြွလာသည်။ ကျောင်းသားတွေ ထပြီး ထုပ်ပိုးလိုက်ကြတယ်။ အရင်ကတည်းက အဆင်သင့်ပြင်ထားတဲ့သူတွေထဲက တချို့က လွယ်အိတ်တွေကို ကောက်ကိုင်ပြီး တံခါးကို ပြေးထွက်သွားကြတယ်။
ယန်ချုံးက ကျိရှင်းလန်ကို မျက်လုံးထောင့်က စူးစူးစိုက်စိုက်ကြည့်ရင်း သူ့စာအုပ်များကို လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။ ကျိရှင်းလန် အံဆွဲထဲတွင် စာအိတ်တစ်အိတ်ကို တွေ့လိုက်ရတာကြောင့် ရုတ်တရက် သူ့မျက်လုံးများ လင်းလက်သွားသည်။
'ဟမ့် ! နောက်ဆုံးတော့ မင်းကို ဖမ်းမိသွားပြီ!'
ယန်ချုံးက သူ့နှလုံးသားထဲမှာ ပြင်းပြင်းထန်ထန် ရယ်မောလိုက်သည်။
သူက မရည်ရွယ်ဘဲ ထုတ်ပြထားတဲ့ စာအိတ်ရဲ့ ထောင့်ကို စိုက်ကြည့်ရင်း ယန်ချုံးက ကိုင်ဖို့ လက်လှမ်းလာခဲ့တယ်။ သူက စာကိုထုတ်ပြီး ဖွင့်လိုက်တယ်။
ယန်ချုံး စာကိုဖွင့်လိုက်ပြီး အထဲကိုကြည့်တာနဲ့ စက္ကူအရည်အသွေးမှာ အနည်းငယ်ထူးခြားသည်ကို တွေ့လိုက်ရသည်။ သူထုတ်လိုက်ချိန်မှာ ဆန်စက္ကူတစ်ရွက် တွေ့တယ်။
ယန်ချုံးက အံ့အားသင့်စွာ ဖွင့်ကြည့်လိုက်ပြီး သူ့ရင်ထဲမှာ မောဟိုက်လာသည်။
ကျောင်းမင်းသမီးလေးကတော့ မျှော်လင့်ထားသလိုပါပဲ။ သူမ ရည်းစားစာ တစ်စောင်ရေးခဲ့တဲ့အချိန်ဆိုရင်တောင် သူမကဖန်တရာထပ်နေတဲ့ လက်သုံးစကားနောက်ကိုမလိုက်ခဲ့ပေ။ Phoenix Seeks Its Mate ဟုခေါ်သော ကဗျာတစ်ပုဒ်ရေးဖို့ ရွှေရောင်မှင်ကို သူမ အမှန်တကယ် အသုံးပြုခဲ့သည်။
သူမရဲ့ သေးငယ်လှတဲ့ လက်ရေးက စာရွက်ပေါ်တွင် ပေါ့ပေါ့ပါးပါးဖြင့် ပျံဝဲသွားသည်။ စကားလုံးများကို လှပသော ကာတွန်းဖြင့် ပေါင်းစပ်ထားသောကြောင့် ချောမွေ့သော စာဖတ်ခြင်းကို ဖြစ်စေသည်။ ရှင်းနေသည်မှာ၊ သူမက ဤအရာအတွက် ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့ပြီး၊ ဤအရာသည် ယန်ချုံး အောင်မြင်ဖို့ဘယ်သောအခါမှ မမျှော်လင့်နိုင်သည့် စံတစ်ခုဖြစ်သည်။
အမှန်တကယ်ပင် ထိုသူက ထိုကဲ့သို့သော မူရင်းရည်းစားစာ တစ်စောင်ကို ရရှိခဲ့သည်။ လေးလေးနက်နက်၊ သူအရမ်းမနာလိုဖြစ်ခဲ့တယ်။
ဒါပေမယ့် ယန်ချုံး သေသေချာချာကြည့်လိုက်တော့ ပထမပိုင်းကိုပဲ ရေးထားတာတွေ့တယ်။ စာရွက်ကိုယ်တိုင်ကလည်း မပြည့်စုံဘူး။ တစ်စုံတစ်ယောက်က ဂရုတစိုက် တစ်ဝက်လောက် ဆုတ်ဖြဲသွားပုံရတယ်။
သူ့ခန့်မှန်းချက် မှန်တယ်ဆိုရင် ကျန်တဲ့တစ်ဝက်က သူ့လက်ထဲမှာ ရှိတယ်။
ဘယ်လောက်တောင် တွက်ချက်တက်တဲ့ မိန်းမလဲ
ယန်ချုံး ကျိရှင်းလန်ကို ကြည့်လိုက်တော့ သူ့ရင်ထဲမှာ ဒေါသအနည်းငယ် ထွက်လာသည် ။
သူ့ကို တွယ်ကပ်တယ် ၊ နမ်းတယ် ပြီးတော့ လွန်ခဲ့တဲ့ နှစ်ရက်က သူ့ကို ပွေ့ဖက်ပြီး သူ့ကိုလည်း သဘောကျကြောင်း ပြောခဲ့တာ ဘယ်သူလဲ ?
သူတို့ ဆုံတာ မကြာသေးဘူး ၊ သူက သူ့ ကို ချစ်တဲ့ သင်္ကေတတွေတောင် ယူခဲ့တာ လား ?
ယန်ချုံး အံကြိတ်လိုက်သည်။ သူ့မျက်လုံးထဲက ဒေါသတွေက မီးတောက်တွေ ထွက်လာပြီး လောင်ကျွမ်းဖို့ ခြိမ်းခြောက်နေတယ်။
သူ အခုတလော အရာတွေကို မြင်နေရတယ်။ ကျိရှင်းလန်က လူယုတ်မာတစ်ယောက်သာဖြစ်သည်။
ကျောင်းဆင်းသည့် ခေါင်းလောင်းသံမြည်ပြီးနောက် ဆယ်မိနစ်အကြာတွင် စာသင်ခန်းအတွင်းရှိ လူအများစုက ထွက်သွားကြသည်။ သန့်ရှင်းရေးတာဝန်ကျတဲ့ ကျောင်းသားများက ကြမ်းပြင်ကို လှည်းကျင်းပြီး အမှိုက်ကို စွန့်ပစ်ရန် အမှိုက်ပုံးများကို ထုတ်ယူခဲ့ကြသည်။
ယန်ချုံးက သန့်ရှင်းရေး တာဝန်ကျတဲ့ကျောင်းသားမျ ထွက်ခွာသွားသည်ကို ကြည့်ပြီး အနောက်တံခါးကို ကန်ပြီးပိတ်လိုက်သည်။
ကျိရှင်းလန် ၏ အနည်းငယ် အံ့အားသင့်နေသော အကြည့်အောက်တွင် ယန်ချုံးက သူ့ရင်ဘတ်ပေါ်ရှိ စာရွက်အပိုင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ကျိရှင်းလန် ကို ထိုင်ခုံနောက်သို့ကပ်သွားစေရန်တွန်းဖို့အတွက် သူ့ကော်လာကို ဆွဲလိုက်သည်။
ယန်ချုံးက သူ့လက်ထဲတွင် စာရွက်ကိုဖြန့်ကာ ထောင့်တစ်ခုကို ဆုပ်ကိုင်လိုက်သည်။ သူက စာရွက်ကို အနည်းငယ်လှုပ်ခါလိုက်တယ်။
“ရှင်းပြချက်ပေးဖို့အတွက် မင်းကိုအချိန် သုံးစက္ကန့်ပေးမယ်။ သုံး၊ နှစ်၊ တစ်—"
ဒါပေမယ့် ၊ ယန်ချုံးက ကျိရှင်းလန်ဟာ ပြန်မတိုက်ခိုက်တတ် ၊ ပြန်မငြင်းခုံတတ်တဲ့ ၊ ပြီးတော့ ဆဲတတ်တဲ့စကားတစ်ခွန်းတောင်မပြောတတ်တဲ့ သခင်လေး မဟုတ်တော့ကြောင်းကို မေ့သွားခဲ့သည်။ ကျိရှင်းလန် ၏ ခွန်အားသည် သူနှင့် နှိုင်းယှဉ်လျှင် ကွဲပြားခြားနားသော အဆင့်တွင် ရှိနေသည်။
ကျိရှင်းလန်က သူ့ကော်လာကိုဆွဲယူလိုက်သည့် ယန်ချုံး၏လက်ကို ငုံ့ကြည့်လိုက်သည်။ ရုတ်တရက် သူ့လက်ကို ဆန့်လိုက်ပြီး ယိမ်းထိုးအောင်လုပ်လိုက်ကာ ယန်ချုံးအား သူ့(ကျိရှင်းလန်)ပေါင်ပေါ်ကို သူ့ဘာသာထိုင်သလိုဖြစ်သွားအောင်လုပ်ခဲ့သည်။ လှုပ်ရှားမှုကြောင့် သူ့ရဲ့ပေါင်ပေါ်တွင် သူ့ဘာသာသူ ထိုင်နေသကဲ့သို့ ဖြစ်နေသည်။အဲ့တာက သူ့အတွက် ရှက်စရာကောင်းလွန်းပြီး ယန်ချုံးက ထိုနေရာတွင်ပင် ထိတ်လန့်သွားသည်။
ယန်ချုံး ထရန် ရုန်းကန်နေစဉ် ကျိရှင်းလန်က ရုတ်တရက် သူ့လက်နှစ်ဖက်ကို သူ့အားရစ်ပတ်လိုက်ကာ တင်းတင်းကျပ်ကျပ် ဖမ်းချုပ်ထားလိုက်သည်။ယန်ချုံးက သူ့ကို တိတ်တဆိတ် တိုက်ခိုက်ရုံသာ တတ်နိုင်သည်။ ထိုသူ၏ပခုံးပေါ်၌ သူ့လက်များကိုတင်ကာ ဝေးကွာစေရန် သူလက်နှစ်ဖက်နဲ့ တွန်းထုတ်လိုက်သည်။
သို့သော်လည်း သူက ဤရပ်တည်ချက်တွင် အကြာကြီး မရပ်တည်နိုင်ခဲ့ပေ။ ကျိရှင်းလန်က ရုတ်တရက် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ကျွမ်းကျင်သောပုံစံဖြင့် ယန်ချုံး ကို သူ့ဦးတည်ရာဘက်သို့ ဆွဲလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ယန်ချုံး က သူ့ရင်ခွင်ထဲကို ပြုတ်ကျသွားတယ်။
ကျိရှင်းလန် ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု၏အရိပ်အယောင်များ ရှိနေသည်။ သူက ရှေ့သို့ အနည်းငယ်ကိုင်း၍ သူ့အားစားပွဲနှင့်ကပ်အောင်တွန်းလိုက်စဉ်တွင် ယန်ချုံး၏ ခေါင်းကို သူ့လက်ဖြင့် ကာကွယ်ထားလိုက်သည်။
"အရသာက စတော်ဘယ်ရီလိုပဲ " ကျိရှင်းလန်က သူ့နှုတ်ခမ်းတွေကို စေ့စေ့စပ်စပ် မြည်းစမ်းကြည့်ပြီး သူ့(ယန်ချုံး)ပါးစပ်ကို သူ့ရဲ့ပါးစပ်နဲ့ သုတ်လိုက်စဥ် အောက်ကိုငုံ့ကြည့်လိုက်သည်။ "အချိုတွေစားထားတာလား?"
ယန်ချုံးက ဒေါသကြောင့် မူးဝေလုနီးပါး ဖြစ်သွားသည်။သူ့ကို ကန်ချင်နေတဲ့အတွက် ဒေါသထွက်နေတော့ လူယုတ်မာကို အနိုင်ယူနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ရဲ့ လက်သီးနဲ့ ခြေထောက်တွေကို စတင်အသုံးပြုခဲ့ပါတယ်။
"ဒီနေ့ မင်းအရမ်းထူးဆန်းနေတယ်" ကျိရှင်းလန်က သူ့ရဲ့တိုက်ခိုက်မှုများကို ရှောင်ရှားရန် မကြိုးစားခဲ့ပေ။သူက သူ့လက်ကောက်တွေကိုသာ ဆုပ်ကိုင်လိုက်သည်။ ယန်ချုံး၏ ခွန်အားက ယားယံမှုကို ခြစ်ထုတ်ရန် လုံလောက်သည်။ ကျိရှင်းလန် က "ဘာလို့ စိတ်ဆိုးနေတာလဲ?"လို့တည်ငြိမ်စွာနဲ့မေးလိုက်သည်။
သူဒါကိုဖော်ပြလိုက်တဲ့အခါ ယန်ချုံး ရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းဟာ ဒေါသနဲ့ ပူလောင်သွားတယ်။ ' ဘာမှမဖြစ်ခဲ့ဘူးဆိုပြီး သူ ဟန်ဆောင်နေတာလား? '
"လင်းဝေ လှည့်စားခဲ့တာကြောင့် သူမရဲ့အရင်ရည်းစားနဲ့ ပြတ်သွားတာကို မင်းသိလား?" ယန်ချုံး ဒေါသတကြီးနဲ့ ပြောလိုက်တယ်။ "မင်း သူ့ကို ကြိုက်နေသေးရင် မင်းကအအပဲ !"
သို့သော် ကျိရှင်းလန်က ဖြေဖို့အတွက် အလျင်စလိုမလုပ်ခဲ့ပါ။ ယင်းအစား သူက ယန်ချုံး ကို စိတ်ရှုပ်ထွေးစွာဖြင့် အကဲခတ်လိုက်သည်။ ထို့နောက် သူ ရယ်မောကာ ယန်ချုံး၏ မျက်လုံးများကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။ သူက “........ဒါဆို မင်းသဝန်တိုနေတာလား? ” လို့ မေးလိုက်တယ်။
“သဝန်တိုတယ် ၊ ငါ့ခြေထောက်ပဲ ” ယန်ချုံးအဲ့တာကို ငြင်းလိုက်သည်။
"ဒါဆို ဘာလဲ?" ကျိရှင်းလန်က သူ့ဆံပင်တွေကို နားရွက်နောက်မှာ ညှပ်ပြီး မျက်ခုံးမွှေးတွန့်ကာ သူ့ကိုကြည့်လိုက်တယ်။
ယန်ချုံးက ကျိရှင်းလန် ၏အကြည့်ကို ရှောင်လွှဲကာ တင်းတင်းမာမာဖြင့် သူ့နှာခေါင်းကို ထိလိုက်သည်။
"မင်း- မင်းငါ့ကို အမြဲနမ်းနေတာကအမှားပဲ။ပြီးတော့အခု မင်းပြီးသွားတော့ တခြားတစ်ယောက်ယောက်ကို ရှာဖို့ ထွက်သွားတယ်။ မင်း...... မင်း ငါ့ကို အလကား နမ်းနိုင်မယ်လို့ထင်နေတာလား? "
ကျိရှင်းလန်က သူ့စကားကို နားထောင်ပြီးသည်နှင့် အမှန်တကယ် ရယ်မောလိုက်ကာ ယန်ချုံး ပို၍ပင် ဒေါသထွက်လာခဲ့သည်။ ထိန်းထားမနေတော့ဘဲ သူ့ကို စပြီး အပြစ်တင်တယ်။
" မင်းလည်း ကျောင်းအိုင်ဒေါပဲလေ။ မင်းတွေ့ဖူးတဲ့ အလှလေးတွေနဲ့ ချောမောတဲ့ ယောက်ျားအရေအတွက်က ထောင်ဂဏန်းအထိ ရှိရမယ်။ ချိန်းတွေ့ဖို့ တစ်ယောက်ယောက်ကို ရှာချင်ရင် ပိုပြီးယုံကြည်အားထားရတဲ့လူကို ရှာလို့မရနိုင်ဘူးလား?”
ကျိရှင်းလန်က သူ့(ယန်ချုံး)နားရွက်တွေ နီရဲလာတာကို သတိပြုမိပြီး ၎င်းတို့ကို ညှစ်ရန် မထိန်းနိုင်တော့ပေ။ အပူက သူ့လက်ဖျားများအထိ ပျံ့နှံ့သွားသည်။
"ငါက တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ချင်တယ်လို့ပြောရင် မင်းငါ့ကိုဆက်ပြီး ပေါင်းသင်းဦးမှာလား?" ကျိရှင်းလန် က အေးအေးဆေးဆေး မေးလိုက်သည်။ သူက မျက်ခုံးပင့်ပြပြီး တစ်စိတ်တစ်ပိုင်းက လေးနက်သော်လည်း တစ်စိတ်တစ်ပိုင်းက နောက်ပြောင်သည့် လေသံဖြင့် ပြောခဲ့ရာ ယန်ချုံး ၏ နှလုံးခုန်သံကို ဖြစ်ပေါ်စေခဲ့သည်။
ယန်ချုံးက သူ့မျက်လုံးတွေကို စိုက်ကြည့်နေတယ်။ အကြောင်းတစ်ခုခုကြောင့် သူ စကားတွေထစ်ကုန်ပြီ။
“ငါ -ငါဘာလို့လုပ်ရမှာလဲ!? ”
ကျိရှင်းလန် သက်ပြင်းချလိုက်ပြီး နောက်ဆုံးတော့ သူ့ကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်တယ်။ ထိုအချိန်တွင် ယန်ချုံးက သူ့ကို တွန်းထုတ်နိုင်ခဲ့သည်။ သူ ရွှေ့လိုက်ပြီး သူ့ခြေထောက်ပေါ်မှ ဆင်းလိုက်သည်။
ယန်ချုံးရဲ့ လက်ထဲတွင် စာအိတ်တစ်အိတ် ရှိနေသေးသည်။ မူလက သူအဲ့တာကိုပစ်လိုက်ချင်ပေမယ့် အမှိုက်ပုံးထဲရောက်ခါနီးမှာ စာရွက်အပိုင်းကို ကျိရှင်းလန် ရဲ့လက်ထဲကို ရုတ်တရက် ပြန်ထည့်လိုက်တယ်။ သူ(ယန်ချုံး)က သူ့ကို စေ့စေ့ကြည့်ကာ "မင်းကိုယ်တိုင်ပဲ လွှင့်ပစ်လိုက်" ဟု ပြောကာ ရက်စက်သလို ဟန်ဆောင်ပြီးပြောလိုက်သည်။
သို့သော် ကျိရှင်းလန်က သူ့ဆန္ဒကို မလိုက်နာခဲ့ပေ။
ကျိရှင်းလန်က စာရွက်အပိုင်းကို အေးအေးဆေးဆေးခေါက်လိုက်ပြီး စာအိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ယန်ချုံး ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
ယန်ချုံး၏ အံ့အားသင့်နေသောအကြည့်အောက်တွင် သူတည်ငြိမ်စွာပြောခဲ့သည် "အဲ့တာကငါ့ကိုလင်းဝေပေးတာ မဟုတ်ဘူး။မင်းအတွက် ငါရေးထားတာ။ မလိုချင်ဘူးဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် ငါ့မျက်နှာရှေ့မှာ လွှင့်ပစ်တာက နည်းနည်းတော့လွန်တယ်လို့မထင်မိဘူးလား?"
ယန်ချုံး အံ့ဩသွားသည်။
'ဒါက..... ငါ့အတွက်လား?'
ကျိရှင်းလန်က ယန်ချုံး ၏ အံ့အားသင့်သောအကြည့်ကိုကြည့်ကာ သူ့မျက်နှာပေါ်တွင် နူးညံ့သောအကြည့်ဖြင့် မေးစေ့ကို လှမ်းကိုင်လိုက်သည်။ "မင်းကို တစ်ယောက်ယောက်က ရည်းစားစာပေးဖူးတာ ကြာနေပြီ ဆိုတော့ အရမ်းစိတ်လှုပ်ရှားနေတာလား?"
ယန်ချုံး က သူ့ကို ရှုပ်ထွေးတဲ့ အကြည့်တွေကို ပေးပေမယ့် စကားမပြောဘူး။ ကျိရှင်းလန် က သူ့လက်ကို ညှစ်ပြီး “အဲ့တာကိုသိမ်းထား” ဆိုပြီး ဆွဲဆောင်ဖို့ ကြိုးစားလိုက်တယ်။
အစပိုင်းမှာတော့ ယန်ချုံးက အနည်းငယ် သံသယဝင်သွားပြီး ကျိရှင်းလန် က သူ့ကို နှစ်သိမ့်ပေးဖို့ ပြောတာလားလို့တောင် တွေးမိတယ်။ သို့သော် ကျိရှင်းလန် ဘယ်လောက် ငြိမ်သက်နေသလဲဆိုတာကို သူမြင်တဲ့အခါမှာတော့ ယုံကြည်ဖို့ သူရွေးချယ်ခဲ့သည်။
မှန်ပါတယ်။ လင်းဝေက ဒီလိုမျိုးရေးမယ်လို့ သူ မထင်ထားပါဘူး။
ထို့ကြောင့် ထိုသို့ဖြစ်လာလျှင် ကျန်တစ်ဝက်က လင်းဝေ၏လက်ထဲတွင်မဟုတ်သော်လည်း ကျိရှင်းလန်၏လက်ထဲတွင် ရှိသည်ဟု ဆိုလိုသည်။
ကျိရှင်းလန် ဟာ တကယ်ကို ရိုမန့်တစ်ဆန်တယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။
ယန်ချုံးက သူ့အိတ်ကပ်ထဲသို့ လက်လှမ်းလိုက်ပြီး ပွင့်နေတဲ့ စာအိတ်ကို ညင်သာစွာ တို့ထိလိုက်သည်။ နောက်ဆုံးတော့ သူ သည်းမခံနိုင်တော့ဘဲ အဲ့တာကိုပစ်လိုက်တယ်။
သူအိမ်ပြန်ရောက်သောအခါ ယန်ချုံးက စာကို ဗီရိုထဲတွင် အသေအချာဝှက်ထားလိုက်သည်။
အံဆွဲကိုဖွင့်ကြည့်လိုက်တော့ ဗီရိုအံဆွဲအောက်ခြေမှာ ပုံစံတူစာအိတ်တစ်အိတ်ကို တွေ့လိုက်ရတယ်။
ယန်ချုံး က စာကို ထုတ်ယူလိုက်တယ်။
ကျိရှင်းလန် ပြန်မလာခင်မှာ စာအိတ်ကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်တယ်။
သူမျှော်လင့်ထားသည့်အတိုင်းပင် ကဗျာ၏ အခြားတစ်ဝက်ကို သူတွေ့ခဲ့သည်။လက်ရေးက သူ့ဆီမှာရှိတဲ့ ကျန်တဲ့ကဗျာတစ်ဝက်နဲ့ အတူတူပါပဲ။
ယန်ချုံး က သေသေချာချာ ဖြန့်ပြီးဖတ်လိုက်တဲ့အခါ အဆုံးနားမှာ ထူးထူးခြားခြား တစ်ခုခုကို တွေ့လိုက်ရတယ်။
သူ့ကိုစိတ်ရှုပ်စေတဲ့အရာက အကြောင်းအရာတွေမဟုတ်ပေမယ့် ကဗျာရေးထားတဲ့ရက်စွဲက ကဗျာရဲ့ဒုတိယတစ်ဝက်ရဲ့အဆုံးမှာ ရေးထားတာဖြစ်သည်။ အဲ့တာက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပေါ့။
လွန်ခဲ့သော နှစ်နှစ်က ကျိရှင်းလန်က အသက်ဆယ့်ခုနစ်နှစ်ဖြစ်သည်။
.......
T/N 1: ဟုတ်ပါတယ် ကျိရှင်းလန်က အအပါ။ သူလည်း ဦးနှောက်ဆဲလ်ကလပ်တစ်ခုပဲရှိပါတယ်။ပြီးတော့ ယန်ချုံး ၊ မင်းရဲ့ ဦးနှောက်ဆဲလ်တစ်ခုကို သုံးဖို့ အချိန်တန်ပြီ။
T/N 2: AAAAAAAAAAA ဒီစုံတွဲ၊ AAAAAAAAAAAAAAA သူတို့မှာ 90s shoujo manga ရဲ့ ဆက်သွယ်မှုအဆင့်ပဲ ရှိတယ်။
💙6.2.2022