ကီးဘုတ်အင်မော်တယ်-ဇူအန်

由 SoeHmue

44.7K 5.9K 37

အတွဲ(၂) 更多

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

289

229 29 0
由 SoeHmue

Chapter 289: ချင်၀မ်ယွီ၏ဝေဒနာ

သူမ၏ မိခင် ဖိုးသိုးဖတ်သပ်ဖြစ်နေသည်ကို ချူချူယန် သတိမထားမိသေးပေ။ သူမ ထိပ်ထိပ်ပျာပျာ ရှင်းပြလိုက်သည်။
"အမေ သူက သမီးကို တကယ်ပဲ ကုသပေးနေတာ... ဒီနည်းလမ်းက နည်းနည်း ရူးကြောင်ကြောင်ဖြစ်ပေမယ့် အဲ့ဒါက တကယ်ပဲ သမီးကို ကုပေးနေတာ..."
စကားပြောနေရင်း သူမ၏ လည်ပင်းမှာ နီရဲနေသည်။ တကယ်တွင်လည်း သူမသည် ငယ်စဉ်ကတည်းက မိဘများကို စိုးရိမ်ပူပန်မှု တစ်ခါမှ မပေးဖူးသည့် သမီးလိမ္မာလေးတစ်ယောက်ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ မွေးသမိခင်ကို ဤလောက် ရှက်ဖွယ်မြင်ကွင်းအား မြင်တွေ့စေမိသည့်အပြင် ပြန်ရှင်းပြနေရသည်။ ရှက်ဖွယ်လိလိပင်။
"ဒါတွေအားလုံး သူ့ကြောင့်ပဲ" ဇူအန်ကို အမုန်းအပြည့်ပါသော အကြည့်တစ်ချက် ကြည့်လိုက်သည်။

အလွန်မတရားသလို ဇူအန် ခံစားလိုက်ရသည်။ ဘယ်လိုလုပ် ငါ့ အမှားဖြစ်မှာလဲ။ မင်းရဲ့ အမေ က ဒီလိုရုတ်တရက်ကြီး အတင်းဝင်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ချင်ဝမ်ယွီ က သူမ၏ သမီးကို သေချာဂရုစိုက်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ "သမီးလေး ရဲ့ အခြေအနေ တိုးတက်လာပြီလား"

ချူချူယန် နှုတ်ခမ်းကို ဖိကိုက်ထားကာ တိတ်တိတ်လေး ပြောလိုက်သည်။ "သမီး အပြည့်အဝတော့ မကောင်းသေးဘူး။ ဒါပေမယ့် အရင်ထက်စာရင် ပိုနေလို့ကောင်းသွားပြီ"

"ဒီလို အရာမျိုးက တကယ်ပဲ ကုသခြင်း အကျိုးဆက်တွေ ပေးနိုင်လို့လား" ချင်ဝမ်ယွီ ငူငူငိုင်ငိုင်ဖြစ်နေသေးသည်။ သူမတွင် ကျယ်ပြန့်သော အသိဉာဏ် ဗဟုသုတ နှင့် အတွေ့အကြုံရှိသည်။ သို့သော်လည်း ဤသို့သောအရာကို သူမ ပထမဦးဆုံး ကြားဖူးခြင်းဖြစ်သည်။

"သူက တခြားယောက်ျားတွေနဲ့ ကွဲပြားနေတာဖြစ်မယ်.." ချူချူယန် တိုးတိုးလေး ရှင်းပြလိုက်သည်။ ကျင့်ကြံမှုအရာတွင် လူတော်တစ်ယောက်ဖြစ်သောကြောင့် တဖက်လူ၏ ကီ က သူမ၏ ကိုယ်ပိုင်ကီ ကဲ့သို့ သူမ၏ သွေးကြောများကို ပြုပြင်ပေးနေသည်ကို သူမ သေချာ အာရုံခံမိနေသည်။
သို့သော်လည်း ဖိုမကိစ္စတွင် သူမသည် လုံးဝ အစိမ်းသက်သက်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဤအချက်မှာ အမှန်ဟုတ်မဟုတ်ကို အတည်ပြုရန် နည်းလမ်းမရှိပေ။

"အဓိကကျတာတော့ ကျုပ်ရဲ့ သွေးအဆီအနှစ် နဲ့ ကျင့်စဉ်ပဲ။ တခြားယောက်ျားတွေ ဒီလို လုပ်အရာမျိုး မလုပ်နိုင်ဘူး" ဇူအန်က ဘေးမှနေ၍ စိတ်ဖိစီးစွာ ထည့်ဖြည့်လိုက်သည်။
ဒီလိုအချိန်မျိုးမှာ ဒီနှစ်ယောက်ကို လုံးဝ နားလည်မှုလွဲစေလို့မရဘူး။

ချင်ဝမ်ယွီ က ဇူအန် ပြောလိုက်သော သွေးအဆီအနှစ် နဲ့ ကျင့်စဉ်ကို မေးချင်နေသည်။ သို့သော်လည်း သူမ မျက်နှာပြန်လှည့်ကြည့်လိုက်သည်နှင့် တောင့်တင်းသွားသည်။ သူမ ချက်ချင်း အကြည့်လွှဲလိုက်သည်။ ယခုအချိန်သည် ထိုကိစ္စအကြောင်းကို မေးရန် အကောင်းဆုံး အချိန်မဟုတ်ပေ။

"အဝတ်တစ်ချို့ အရင် ဝတ်ထားစမ်းပါဦး" ချင်ဝမ်ယွီ ထိုင်ချလိုက်သည်။ ထို့ကြောင့် သူမ၏ ဘေးမျက်နှာကိုသာ ဇူအန် မြင်ရသည်။ သူမ ခေါင်းက တစ်ဘက်သို့ လှည့်ထားသည်။ သူမ၏ ဖွံ့ထွားသော ရင်အုံမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ ၎င်းမှာ သူမ၏ ဒေါသကြောင့် ဟုတ်မဟုတ်ကို မရှင်းလင်းပေ။ အခြားအကြောင်းတစ်စုံတစ်ရာကြောင့်လည်း ဖြစ်နိုင်သည်။

"မင်း အဝတ်ဝတ်ပြီးရင် ငါ့အနောက်လာခဲ့ပြီးတော့ သခင်ကြီးကို ရှင်းပြလိုက်" ချင်ဝမ်ယွီ ပြောလိုက်သည်။ အခုအခါ သူမ နှောက်ယှက်လိုက်ပြီးဖြစ်သောကြောင့် သူမ၏ သမီးဖြစ်သူကို ဇူအန် ဆက်လက် နှိပ်စက်ခွင့် မပေးချင်တော့ပေ။
ဒါက လုံးဝ လက်မခံနိုင်စရာပဲ။ မင်းတို့ လင်မယား နှစ်ယောက်က ညအချိန်မှ တံခါးပိတ်ပြီး တကူကူးကြပါလား။ အခုတော့ လူတိုင်း အပြင်မှာ စိတ်ဖိဖိစီးစီး စောင့်နေရတဲ့ အချိန်မှာ မင်းတို့တွေက ဒီအတိုင်းဖြစ်နေစရာလား။

ချူယန် က လိမ္မာတဲ့သမီးပဲ။ ဒါတွေအားလုံး က ဇူအန် လမ်းမှားရောက်အောင် ခေါ်သွားလို့ပဲ။
၎င်းအတွေးကြောင့် သူမ၏ ဒေါသမှာ ချက်ချင်း ဆူပွက်သွားသည်။

သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၇၇၇ ရရှိလိုက်သည်။

ဇူအန် က သူ၏ ပြန့်ကျဲနေသော အဝတ်များကို ကောက်ယူလိုက်ကာ အတင်းလုပ်ပြုံးလိုက်သည်။ " ချူယန် ကို ကုသပေးတာ မပြီးသေးဘူး။ အခုအချိန်ထွက်သွားရင် ကြိုးစားခဲ့ရသမျှ အားလုံး အလကားဖြစ်သွားမယ်..."

ချူချူယန် လုံးဝ ဆွံ့အ သွားသည်။ သို့သော်လည်း သူမ၏ တွေဝေမှုမှာ ချင်ဝမ်ယွီ ကို လိုက်မမှီပေ။

ဒီကောင် ဘာကို ပြောချင်နေတာလဲ။ သူ ငါ့သမီးနဲ့ ဆက်ဟိုဒင်းဖြစ်ချင်သေးတယ်လို့ ငါ့ကိုလာပြောနေတာလား။
ချင်ဝမ်ယွီ စိတ်လွတ်သွားသည်။ "ဒီအခွင့်အရေးကို ယူပြီးတော့ ချူယန်ကို အခွင့်ကောင်းယူချင်နေတာလား" သူမ အေးစက်စွာ ပြောလိုက်သည်။

ဇူအန် ၏ မျက်နှာပေါ်တွင် အကူအညီမဲ့သော အမူအရာဖြစ်သွားသည်။ ချူယန်ကို သူ လက်ညိုးထိုးလိုက်သည်။ "ကျုပ်ကို မယုံရင် သူ့ကို မေးကြည့်လေ"

"ချင်ဝမ်ယွီက သူမ၏ သမီးကို လှည့်ကာ မေးလိုက်သည်။ သူမ၏ သမီးမှာ ကျင့်ကြံမှုတွင် ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမ၏ အခြေအနေကို အခြားသူများထက် သူမ ကိုယ်တိုင်က ပိုမိုနားလည်သည်။

"သမီး ကိုယ်ထဲက အအေးဓာတ် တစ်ချို့က ပြန်ထလာတော့မယ်..." ချူချူယန် တွန့်ဆုတ်မှု တစ်ချို့ဖြင့် ပြောလိုက်သည်။ သူမကဲ့သို့သော အနေအထိုင်သိမ်မွေ့သည့် မိန်းမငယ်လေးတစ်ယောက်မှာ ဤကိစ္စကို ဝန်ခံချင်စိတ် သိပ်မရှိပေ။ သို့သော်လည်း ချူကလန်၏ အရေးကိစ္စများစွာကို နှစ်ပေါင်းများစွာ စီမံခဲ့ရသောကြောင့် သူမကိုယ်သူမ တစ်ချိန်လုံး အကျိုးအကြောင်း ဆီလျော်နေစေရန် လေ့ကျင့်ထားခဲ့သည်။
ယခုအခါတွင် ဇူအန် ထွက်သွားပါက အရာအားလုံးမှာ အမှန်တကယ်ပင် အလကားဖြစ်သွားတော့မည်ဖြစ်သည်။

ဒဏ်ရာထလာစဉ်က သူမ သေဆုံးရတော့မည်ကို အလွန်သေချာခဲ့သည်။ သူမ၏ နောက်ဆုံးစကားများကိုပင် ချန်ထားရစ်ခဲ့သေးသည်။
အဆုံးသတ်တွင် ချူကလန်ကို သူမ လက်မလွှတ်ချထားနိုင်ခဲ့ပေ။ ယခုအခါတွင် သူမ အသက်ရှင်ရန်အတွက် မျှော်လင့်ချက်ရှိလာပြီဖြစ်သောကြောင့် အခိုက်အတန့်တစ်ခု စိတ်လိုက်မာန်မာ လုပ်မိခြင်းကြောင့် မည်သို့ လက်လွှတ်အရှုံးပေးလိုက်ရမည်နည်း။
"ဘာလိုပဲဖြစ်ဖြစ် အားဇူ နဲ့ သမီး က... အဲ့လိုဖြစ်ပြီးပြီပဲ။ အကြိမ်အနည်းငယ် ပိုသွားတာက ဘာမှ မကွာခြားတော့ပါဘူး"
ချူချူယန် က သူမ၏ စကားလုံးများကို သေချာ ရွေးချယ်ခဲ့သော်လည်း သူမ၏ ဆိုလိုရင်းမှာ လုံးဝ ရှင်းလင်းနေသည်။

ချင်ဝမ်ယွီ လုံးဝ ဆွံ့အသွားသည်။
သူမ၏ သမီး ကိုယ်တိုင်တောင် ပြောနေသောကြောင့် ၎င်းမှာ အမှားတစ်ခုမဖြစ်နိုင်ကြောင်း တွေးလိုက်သည်။
မတရားသော ခံစားချက်တစ်ချို့ကို ခပ်မှိန်မှိန် သူမ ခံစားနေရသော်လည်း သူမ၏ သမီးဖြစ်သူ ၏ ကျန်းမာရေးမှာ အရေးအကြီးဆုံး အရာဖြစ်နေသည်။
သူမတွင် ရွေးချယ်စရာမရှိတော့ဘဲ ခြေဖဝါး ကြွလိုက်ရသည်။ "နင်တို့နှစ်ယောက်... ဆက်ကြိုးစားကြ။ ငါ တံခါးကို ကူစောင့်ပေးထားမယ်"
ဘာဖြစ်လို့ ဒီစကားတွေက အရမ်းထူးဆန်းနေရတာလဲ။ ချင်၀မ်ယွီ ငိုချင်လာသည်။
ငါဘယ်လို အခြေအနေမျိုး ကြုံခဲ့ရတာလဲ။

ချင်ဝမ်ယွီ က ဇူအန်ကို နောက်ဆုံး အမုန်းအကြည့် ကြည့်လိုက်ပြီးနောက် အစောက သူမ မြင်ခဲ့ရသော မြင်ကွင်းကို ပြန်ဖော်မိလိုက်သည်။ သူမ၏ မျက်နှာအမူအရာ မှာ ချက်ချင်းပင် ပုံမှန်မဟုတ်တော့ပေ။ သူမ အမြန် အပြင်ကို ထွက်လိုက်သည်။

သူမ၏ မိခင် အပြင်ထွက်သွားသောအခါ ချူချူယန် ၏ စိတ်ဓါတ်မာကြောမှုမျက်နှာဖုံး မှာ သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။ "အဲ့ဒါတွေအားလုံးက ရှင့်အမှားပဲ။ ကျွန်မကို ဒီလောက် အရှက်ရစေတယ်။ အိပ်ယာပေါ်တွင် သူမ စတင် ရှိုက်ငိုလိုက်သည်။

ဇူအန် ပြေးလာပြီး သူမကို ချော့မော့လိုက်သည်။ "ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ဒါတွေအားလုံး ငါ့အမှားပါ။ သူ လာနေတာကို ငါ အာရုံရခဲ့သင့်တယ်"
စကားပြောနေရင်း သူ၏ အမူအရာမှာ ရုတ်တရက် ဗလာဖြစ်သွားသည်။ ချူချူယန်ကို ဖုံးပေးထားသော စောင်ထည်မှာ သူမ ငိုရှိုက်လိုက်သောအခါတွင် လျှောကျသွားကာ သူမ၏ ပြစ်ချက်မရှိသော ခန္ဓာကိုယ်ကို ပေါ်လာစေသည်။

"ရှင် ကြည့်နေတုန်းပဲလား။ ကြည့််တာ မတော်သေးဘူးလား" ချူချူယန်က စောင်များကို ပျာပျာသလဲလဲ ပြန်ဆွဲလိုက်သည်။ သူမ၏ အရှက်ကို ဖုံးရန်အတွက် ပျာယာခတ်သွားသည်။

ဇူအန် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ "မိန်းမကလည်း မင်းက အရမ်းလှလွန်းနေတာကိုး။ ငါ့ကျန်တဲ့ တစ်ဘဝလုံး မင်းကို ကြည့်နေရရင်တောင် ဘယ်တော့မှ ငြီးငွေ့မှာမဟုတ်ဘူး"

ပုံမှန်အချိန်တွင် ချူချူယန်မှာ မည်မျှ ဂုဏ်မောက်၍ အေးစက်နေစေကာမူ အချစ်ပေါက်ဖွားခြင်းတွင် ပထမဆုံး တွေ့ကြုံရသည့် မိန်းမငယ်လေးတစ်ယောက်သာ ဖြစ်နေသေးသည်။ သူမ ခင်ပွန်းဖြစ်သူ၏ ချီးကျုးမှု ကို ကြားရသောအခါ သူမ၏ နှလုံးသားထဲတွင် ချိုသာသော ခံစားချက်တစ်ခု ဖူးပွင့်လာသည်။
ဤလောက် ချစ်စရာဖွယ်ကောင်းသော ရှက်ရွံနေသည့် ပုံပန်းဟန်ပန်ကို ဇူအန် မည်ကဲ့သို့ ခုခံနိုင်စွမ်းရှိမည်နည်း။ စောင်အောက်သို့ ဒိုင်ဗင်ထိုးဝင်လိုက်ကာ သူမကို ဆွဲဖက်လိုက်သည်။

"ရှင်က ဘာဖြစ်လို့ အမြဲကြမ်းတမ်းနေရတာလဲ" သူမကိုယ်လုံးလေး ခပ်ကြမ်းကြမ်း အဖိခံရသောအခါ ချူချူယန် မကျေမနပ်ပြောလိုက်သည်။

ဇူအန် ရယ်လိုက်သည်။ " 'လွှမ်းမိုးသူဓါးအင်မော်တယ် ' ဆိုတာ မင်း အကြိုက်ဆုံး စာအုပ်တစ်အုပ် မဟုတ်ဘူးလား"

"အား ရှင် လူဆိုး။ ဒါဆို အဲ့ဒီနေ့က မြင်ခဲ့တာပဲ" ချူချူယန် အလွန်ရှက်သွားကာ ကျင်းတစ်ခုထဲ ဝင်ပုန်းချင်စိတ်ပေါက်သွားသည်။

ဇူအန် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ သူမ၏ စွဲမက်ဖွယ်နှုတ်ခမ်းပါးပေါ်တွင် ရှည်ကြာသော အနမ်းပန်းတစ်ပွင့် စိုက်ပျိုးလိုက်လေတော့သည်။

...

ချင်ဝမ်ယွီ ထွက်လာသည်နှင့် တပြိုက်နက် သူမ အနားကို ချူကျုန်းထန် နှင့် အခြားသူများ ဝိုင်းအုံလာကြသည်။ ပေါင်းယွဲ့လုမှာ အသိချင်ဆုံးသူဖြစ်သည်။

"ချူယန် အခြေအနေဘယ်လိုရှိလဲ " ချူကျုန်းထန် ၏ မျက်နှာမှာ သိချင်စိတ်အပြည့်ရှိနေသည်။

သူမမြင်တွေ့ခဲ့ရသော မြင်ကွင်းမှာ ခေါင်းထဲတွင် တစ်ဖန်ပြန်ပေါ်လာကာ ချင်ဝမ်ယွီ ၏ မျက်နှာ နီရဲနေသည်။ "အခု အားဇူက သူ့ကို ကုပေးနေတယ်။ အရေးကြီးတဲ့ အဆင့်ကိုတော့ ဖြတ်ကျော်သွားနိုင်ခဲ့ပြီ"

ချူကျုန်းထန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "အဲ့ဒါကောင်းတယ်။ ကောင်းတယ်။ ငါ့ရဲ့ ဒီသားမက်ကို ဆုတစ်ချို့ချရမယ်"

ချင်ဝမ်ယွီ စိတ်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။ အခန်းထဲမှာ ရှင့်သမီးကို သူ ဘာလုပ်နေသလဲဆိုတာကိုသာ ရှင်သိရင် နေရာမှာတင် ရိုက်သတ်မိလိမ့်မယ်။

ပေါင်းယွဲ့လုက သူ၏ ချီးကျူးမှုကို လောကွပ်ပိုလိုက်သည်။ "သခင်လေးမှာ ဒီလို အံသြဖွယ်စွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူက တကယ်ပဲ သခင်မလေးကို ကုပေးနိုင်တာပဲ။ သူ ထွက်လာရင် ဒီအဖိုးကြီးလည်း သူနဲ့ သေချာဆွေးနွေးရဦးမယ်"
ထိုစဉ်အချိန်က ချူချူယန်၏ အခြေအနေကို ပထမဦးဆုံး စစ်ဆေးခွင့်ရသူဖြစ်သည်။ ထို့အပြင် ကုသရန်နည်းလမ်းကို ဖော်ရမည်မှာ သူ၏ စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်နေဝည်။ ဇူအန် က သူမကို ကုပေးနိုင်သူဖြစ်လာမည်ဟု မည်သူထင်မိမည်နည်း။ အဘယ်ကြောင့် သူ မသိချင်ဘဲ နေမည်နည်း။

ချင်ဝမ်ယွီ ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုဖြစ်ပေါ်နေသည်။ "အဲ့ဒါက ရှင် သင်ယူနိုင်တဲ့ တစ်စုံတစ်ရာမဟုတ်မှာ စိုးရတယ်"

ပေါင်းယွဲ့လု မျက်နှာပျက်သွားသည်။ "ဒီမယ် သခင်မ ဒီလူအိုကြီးကို အထင်သေးတာလား။ ဆေးပညာရပ်မှာတော့ ဒီအဖိုးကြီးမှာ အောင်မြင်မှုတစ်ချို့ရှိပါသေးတယ်။ အဲ့ဒီ ကျီတန်ထု တောင်မှ ကျုပ်ထက် နည်းနည်းလေးပဲ သာ နေတာ။ ဒီကမ္ဘာမှာ ကျုပ် မသင်ယူနိုင်တဲ့ ဆေးပညာရပ်ဆိုတာ ဘယ်မှာရှိသလဲ"

"ဒါက...အဲ့ဒါကို ရှင်တကယ်ပဲ သင်ယူနိုင်မယ်လို့ မထင်ဘူး။ သူ့မှာ အရမ်းကို ထူးခြားတဲ့ နည်းလမ်းတစ်ခု ရှိတယ်" ပေါင်းယွဲ့လု၏ အိုမင်းရွတ်တွမှု နှင့်ယှဉ်မိသောအခါ ဇူအန်၏ ပျိုမြစ်ထွားကြိုင်းထိုအရာ က သူမ၏ ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာပြန်သည်။ စွမ်းအားပြင်းသော အတွေးက သူမကို ရင်တုန်သွားစေသည်။ ထိုအတွေးများကို သူမ၏ ခေါင်းထဲမှ ချက်ချင်း ထုတ်ပစ်လိုက်သည်။

ပေါင်းယွဲ့လုက သူမကို အလွတ်မပေးပေ။ သူမကို မေးခွန်းများဖြင့် ဆက်တိုက် ထိုးနှက်နေသည်။ သူ့ကို ကျေနပ်စေမည့် ကျပန်း အကြောင်းပြချက်တစ်ခု ကို ကြိုးစားရှာလိုက်ရသည်။ ဤကိစ္စအကြောင်းကို ဆက်လက်မေးနေဦးမည်စိုးသောကြောင့် သူမ၏ ယောက်ျားဖြစ်သူကို အမြန်ပြောလိုက်သည်။ "ယောက်ျား... ဒီလောက်ကြာတာတောင် ဟွမ်ကျောက် ဘာဖြစ်လို့ ပြန်မလာသေးတာလဲ။ တစ်ခုခုများ ဖြစ်နေလို့လား"

ချူကျုန်းထန် တွေဝေသွားသည်။ "ဒီအိမ်တော်ထဲမှာ ဘာတွေဖြစ်နိုင်မှာမလို့လဲ"

ချင်ဝမ်ယွီ ဖြေလိုက်သည်။ "သူက အမြဲတမ်း သူ့အစ်မနဲ့ နီးနီးကပ်ကပ်ရှိတာပဲ။ ရှို့ဟုန်လေ အကြောင်းကြားပြီးတော့ ဒေါသထွက်ပြီး သူ့အပေါ် ငိုကြွေးခြင်းကြာပွတ် သုံးလိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါက ကျွန်မတို့ ချူကလန် ရဲ့ ဂုဏ်သိက္ခာကို အဆုံးသတ်စေလိမ့်မယ်"

"မင်း ပြောတာ ဟုတ်တယ်။ အခုချက်ချင်း ငါသွားကြည့်လိုက်မယ်" ချူကျုန်းထန် အမြန်ထွက်ခွာသွားသည်။
အစောက ချူချူယန် ကို အလွန် စိုးရိမ် နေရသဖြင့် ဤအကြောင်းကိစ္စကို မစဉ်းစားမိခဲ့ပေ။
ယခုအခါတွင် ချူချူယန် အန္တရာယ်ကင်းသွားပြီကို သိလိုက်ရသောအခါ သူ၏ နှလုံးမှာ ပိုမိုဖြေလျော့သွားသည်။

သို့သော်လည်း ရှို့ဟုန်လေ၏ ခန္ဓာကိုယ် လှလှလေး မှာ ငိုကြွေးခြင်းကြာပွတ် ဒဏ် ခံနေရခြင်း ပုံရိပ်တစ်ခု သူ၏ ခေါင်းထဲတွင် ပေါ်လာသဖြင့် ထပ်မံပျာယာခတ်သွားတော့သည်။
ရှို့ဟုန်လေအပေါ်တွင် အခြားအတွေးတစ်စုံတစ်ရာ မရှိနေသော်လည်း ယောက်ျားတစ်ယောက်အနေဖြင့် တစ်မူထူးခြားသော အလှပဂေး ရှို့ဟုန်လေ၏ မျက်နှာလေး နာကျင်မှုကို ခံစားနေရမည်ကို သူ မမြင်ရက်ပေ။ သူ့အဖို့ ၎င်းမှာ ကောင်းကင် ကျက်သရေတော်ကို စော်ကားနေသလိုဖြစ်နေသည်။

သူမ၏ ခင်ပွန်းဖြစ်သူ ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ချင်ဝမ်ယွီ စိတ်အေးသွားရသည်။ ဤအခန်းထဲရှိ စုံတွဲငယ် အကြားမှ ကိစ္စများမှာ အမှန်ပင် ရှုပ်ထွေးနေပြီး ဤကိစ္စများကို သူ့အား ပြောပြရန် မဖြစ်နိုင်သေးပေ။
သို့သော်လည်း ဖခင်ဖြစ်သူကို အပြင်ဘက်တွင် အကြောင်းမသိဘဲ စောင့်ခိုင်းနေခြင်းမှာလည်း မသင့်လျော်ပေ။ ထို့ကြောင့် အကြောင်းတစ်ခုရှာကာ သူ့ကို ထွက်သွားခိုင်းလိုက်ခြင်းဖြစ်သည်။

ပေါင်းယွဲ့လုက ဇူအန်၏ ဆေးကုသမှုအကြောင်း အသေးစိတ် ထပ်မေးမြန်းတော့မည့်အချိန်တွင် ချင်ဝမ်ယွီ က သူ့ကို တုန့်ပြန်ရန် ဆင်ခြေတစ်ခုပေးလိုက်သည်။ သူမ အမြန်ပြောလိုက်သည်။ "ဆေးဆရာ ပေါင်းက ချူယန်အတွက် ခန္ဓာကိုယ်အားပြည့်စေမယ့် ဆေးတစ်ချို့ ပြင်ဆင်ထားပေးပါ"

"ရစေရမယ်" ပေါင်းယွဲ့လု၏ အမူအရာ ချက်ချင်း ခေါင်းပန် လှန်သွားသည်။ ယခုအခါတွင် သူ၏ အသုံးဝင်မှုကို ရှာတွေ့သွားပြီဖြစ်သည်။
ဒုတိယအိမ်တော်ခွဲ နှင့် တတိယအိမ်တော်ခွဲမှ ရောက်လာသူများအားလုံးကိုတော့ ပြန်လွှတ်ခဲ့သည်။ ထို့အပြင် ချူယွီရှန် လည အပြင်းအထန် ဒဏ်ရာရနေသောကြောင့် သူ့ကို သေချာဂရုစိုက်ရန်လိုအပ်နေသေးသည်။

လူတိုင်း မရှိတော့သောအခါမှ ချင်ဝမ်ယွီ စိတ်သက်သက်သာသာ အသက်ရှုနိုင်တော့သည်။ အထဲတွင်ဖြစ်နေသောအရာကို အခြားသူသိသွားမည်ကို သူမ စိုးရိမ်နေစရာမလိုတော့ပေ။
အကယ်၍ မထင်မှတ်ထားသော စကားတစ်စုံတစ်ခု ထွက်လာပါက ပြဿနာ ကြီးကြီးမားမား သေချာပေါက် ပေါက်ကွဲထွက်လာတော့မည်ဖြစ်သည်။
ဒါတွေအားလုံးက အဲ့ဒီ ဇူအန် ရဲ့အမှားပဲ။
သူမ၏ နှလုံးသားမှာ ဤနှိပ်စက်မှုကို ခံစားနေရသည်။
သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။

...

ချူကျုန်းထန် က လမ်းတစ်ဝက်ပဲ ရောက်သေးသောအခါတွင် ဧည့်သည်နားခိုခန်း မှ ပြန်လာသော ချူဟွမ်ကျောက် နှင့် တွေ့လေသည်။ ချက်ချင်း လှမ်းမေးလိုက်သည်။ "ဟွမ်ကျောက်လေး ရှို့မိန်းကလေး နဲ့ ဘာလုပ်နေတာလဲ"

"အဖေ့ကို သူ့အကြောင်းလာမေးတော့မလို့ပဲ။ အဲ့ဒီမိန်းမကို လုံးဝ ရှာမတွေ့ခဲ့ဘူး" ချူဟွမ်ကျောက် က စိတ်ဆိုးနေဟန်ဖြင့် မေးလိုက်သည်။ ထူးဆန်းသောအကြည့်တစ်ခု သူမ၏ မျက်လုံးထဲတွင် ပေါ်လာသည်။ "အဖေက တကယ်ကို ထူးဆန်းနေတယ်။ တကယ့်တကယ်ပဲ ထူးဆန်းနေတယ်။ သူက အဖေ့ရဲ့ ကိုယ်လုပ်တော် မဟုတ်ဘူးလေ။ ဘာကြောင့် ဒီလောက်စိတ်လှုပ်ရှားနေတာလဲ"

ချူကျုန်းထန် က သမီးဖြစ်သူကို မသာမယာကြည့်လိုက်သည်။ "သမီးလို ကလေးလေးတစ်ယောက် ရဲ့ ခေါင်းထဲမှာ ဒီလောက် ပေါက်ကရအတွေးတွေ ပြည့်လာအောင် ဘယ်က တတ်ခဲ့တာလဲ" ချူအိမ်တော် ပတ်ဝန်းကျင် ကို သူ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာ မှာ အနည်းငယ် ထူးဆန်းလာသည်။ နေပါဦး အဲ့ဒီအပျော်မယ်ဘုရင်မက ဒီကို ပစ္စည်းခိုးဖို့လာခဲ့တာလား။

----- ------------------------------------ ----- - - - - - ----- -

Chapter 289: ခ်င္၀မ္ယြီ၏ေဝဒနာ

သူမ၏ မိခင္ ဖိုးသိုးဖတ္သပ္ျဖစ္ေနသည္ကို ခ်ဴခ်ဴယန္ သတိမထားမိေသးေပ။ သူမ ထိပ္ထိပ္ပ်ာပ်ာ ရွင္းျပလိုက္သည္။
အေမ သူက သမီးကို တကယ္ပဲ ကုသေပးေနတာ... ဒီနည္းလမ္းက နည္းနည္း ႐ူးေၾကာင္ေၾကာင္ျဖစ္ေပမယ့္ အဲ့ဒါက တကယ္ပဲ သမီးကို ကုေပးေနတာ...
စကားေျပာေနရင္း သူမ၏ လည္ပင္းမွာ နီရဲေနသည္။ တကယ္တြင္လည္း သူမသည္ ငယ္စဥ္ကတည္းက မိဘမ်ားကို စိုးရိမ္ပူပန္မႈ တစ္ခါမွ မေပးဖူးသည့္ သမီးလိမၼာေလးတစ္ေယာက္ျဖစ္ခဲ့သည္။

ယခုအခါတြင္မူ ေမြးသမိခင္ကို ဤေလာက္ ရွက္ဖြယ္ျမင္ကြင္းအား ျမင္ေတြ႕ေစမိသည့္အျပင္ ျပန္ရွင္းျပေနရသည္။ ရွက္ဖြယ္လိလိပင္။
ဒါေတြအားလုံး သူ႕ေၾကာင့္ပဲ ဇူအန္ကို အမုန္းအျပည့္ပါေသာ အၾကည့္တစ္ခ်က္ ၾကည့္လိုက္သည္။

အလြန္မတရားသလို ဇူအန္ ခံစားလိုက္ရသည္။ ဘယ္လိုလုပ္ ငါ့ အမွားျဖစ္မွာလဲ။ မင္းရဲ႕ အေမ က ဒီလို႐ုတ္တရက္ႀကီး အတင္းဝင္လာမယ္လို႔ ဘယ္သူက ထင္ထားမွာလဲ။

ခ်င္ဝမ္ယြီ က သူမ၏ သမီးကို ေသခ်ာဂ႐ုစိုက္ေသာ အမူအရာျဖင့္ လွည့္ၾကည့္လိုက္သည္။ သမီးေလး ရဲ႕ အေျခအေန တိုးတက္လာၿပီလား

ခ်ဴခ်ဴယန္ ႏႈတ္ခမ္းကို ဖိကိုက္ထားကာ တိတ္တိတ္ေလး ေျပာလိုက္သည္။ သမီး အျပည့္အဝေတာ့ မေကာင္းေသးဘူး။ ဒါေပမယ့္ အရင္ထက္စာရင္ ပိုေနလို႔ေကာင္းသြားၿပီ

ဒီလို အရာမ်ိဳးက တကယ္ပဲ ကုသျခင္း အက်ိဳးဆက္ေတြ ေပးနိုင္လို႔လား ခ်င္ဝမ္ယြီ ငူငူငိုင္ငိုင္ျဖစ္ေနေသးသည္။ သူမတြင္ က်ယ္ျပန့္ေသာ အသိဉာဏ္ ဗဟုသုတ ႏွင့္ အေတြ႕အႀကဳံရွိသည္။ သို႔ေသာ္လည္း ဤသို႔ေသာအရာကို သူမ ပထမဦးဆုံး ၾကားဖူးျခင္းျဖစ္သည္။

သူက တျခားေယာက္်ားေတြနဲ႕ ကြဲျပားေနတာျဖစ္မယ္.. ခ်ဴခ်ဴယန္ တိုးတိုးေလး ရွင္းျပလိုက္သည္။ က်င့္ႀကံမႈအရာတြင္ လူေတာ္တစ္ေယာက္ျဖစ္ေသာေၾကာင့္ တဖက္လူ၏ ကီ က သူမ၏ ကိုယ္ပိုင္ကီ ကဲ့သို႔ သူမ၏ ေသြးေၾကာမ်ားကို ျပဳျပင္ေပးေနသည္ကို သူမ ေသခ်ာ အာ႐ုံခံမိေနသည္။
သို႔ေသာ္လည္း ဖိုမကိစၥတြင္ သူမသည္ လုံးဝ အစိမ္းသက္သက္တစ္ေယာက္ျဖစ္သည္။ ထို႔ေၾကာင့္ ဤအခ်က္မွာ အမွန္ဟုတ္မဟုတ္ကို အတည္ျပဳရန္ နည္းလမ္းမရွိေပ။

အဓိကက်တာေတာ့ က်ဳပ္ရဲ႕ ေသြးအဆီအႏွစ္ နဲ႕ က်င့္စဥ္ပဲ။ တျခားေယာက္်ားေတြ ဒီလို လုပ္အရာမ်ိဳး မလုပ္နိုင္ဘူး ဇူအန္က ေဘးမွေန၍ စိတ္ဖိစီးစြာ ထည့္ျဖည့္လိုက္သည္။
ဒီလိုအခ်ိန္မ်ိဳးမွာ ဒီႏွစ္ေယာက္ကို လုံးဝ နားလည္မႈလြဲေစလို႔မရဘူး။

ခ်င္ဝမ္ယြီ က ဇူအန္ ေျပာလိုက္ေသာ ေသြးအဆီအႏွစ္ နဲ႕ က်င့္စဥ္ကို ေမးခ်င္ေနသည္။ သို႔ေသာ္လည္း သူမ မ်က္ႏွာျပန္လွည့္ၾကည့္လိုက္သည္ႏွင့္ ေတာင့္တင္းသြားသည္။ သူမ ခ်က္ခ်င္း အၾကည့္လႊဲလိုက္သည္။ ယခုအခ်ိန္သည္ ထိုကိစၥအေၾကာင္းကို ေမးရန္ အေကာင္းဆုံး အခ်ိန္မဟုတ္ေပ။

အဝတ္တစ္ခ်ိဳ႕ အရင္ ဝတ္ထားစမ္းပါဦး ခ်င္ဝမ္ယြီ ထိုင္ခ်လိဳက္သည္။ ထို႔ေၾကာင့္ သူမ၏ ေဘးမ်က္ႏွာကိုသာ ဇူအန္ ျမင္ရသည္။ သူမ ေခါင္းက တစ္ဘက္သို႔ လွည့္ထားသည္။ သူမ၏ ဖြံ႕ထြားေသာ ရင္အုံမွာ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနသည္။ ၎မွာ သူမ၏ ေဒါသေၾကာင့္ ဟုတ္မဟုတ္ကို မရွင္းလင္းေပ။ အျခားအေၾကာင္းတစ္စုံတစ္ရာေၾကာင့္လည္း ျဖစ္နိုင္သည္။

မင္း အဝတ္ဝတ္ၿပီးရင္ ငါ့အေနာက္လာခဲ့ၿပီးေတာ့ သခင္ႀကီးကို ရွင္းျပလိုက္ ခ်င္ဝမ္ယြီ ေျပာလိုက္သည္။ အခုအခါ သူမ ႏွောက္ယွက္လိုက္ၿပီးျဖစ္ေသာေၾကာင့္ သူမ၏ သမီးျဖစ္သူကို ဇူအန္ ဆက္လက္ ႏွိပ္စက္ခြင့္ မေပးခ်င္ေတာ့ေပ။
ဒါက လုံးဝ လက္မခံနိုင္စရာပဲ။ မင္းတို႔ လင္မယား ႏွစ္ေယာက္က ညအခ်ိန္မွ တံခါးပိတ္ၿပီး တကူကူးၾကပါလား။ အခုေတာ့ လူတိုင္း အျပင္မွာ စိတ္ဖိဖိစီးစီး ေစာင့္ေနရတဲ့ အခ်ိန္မွာ မင္းတို႔ေတြက ဒီအတိုင္းျဖစ္ေနစရာလား။

ခ်ဴယန္ က လိမၼာတဲ့သမီးပဲ။ ဒါေတြအားလုံး က ဇူအန္ လမ္းမွားေရာက္ေအာင္ ေခၚသြားလို႔ပဲ။
၎အေတြးေၾကာင့္ သူမ၏ ေဒါသမွာ ခ်က္ခ်င္း ဆူပြက္သြားသည္။

သင္သည္ ခ်င္ဝမ္ယြီ ထံမွ အမ်က္ပြိုင့္ ၇၇၇ ရရွိလိုက္သည္။

ဇူအန္ က သူ၏ ျပန့္က်ဲေနေသာ အဝတ္မ်ားကို ေကာက္ယူလိုက္ကာ အတင္းလုပ္ၿပဳံးလိုက္သည္။ ခ်ဴယန္ ကို ကုသေပးတာ မၿပီးေသးဘူး။ အခုအခ်ိန္ထြက္သြားရင္ ႀကိဳးစားခဲ့ရသမွ် အားလုံး အလကားျဖစ္သြားမယ္...

ခ်ဴခ်ဴယန္ လုံးဝ ဆြံ႕အ သြားသည္။ သို႔ေသာ္လည္း သူမ၏ ေတြေဝမႈမွာ ခ်င္ဝမ္ယြီ ကို လိုက္မမွီေပ။

ဒီေကာင္ ဘာကို ေျပာခ်င္ေနတာလဲ။ သူ ငါ့သမီးနဲ႕ ဆက္ဟိုဒင္းျဖစ္ခ်င္ေသးတယ္လို႔ ငါ့ကိုလာေျပာေနတာလား။
ခ်င္ဝမ္ယြီ စိတ္လြတ္သြားသည္။ ဒီအခြင့္အေရးကို ယူၿပီးေတာ့ ခ်ဴယန္ကို အခြင့္ေကာင္းယူခ်င္ေနတာလား သူမ ေအးစက္စြာ ေျပာလိုက္သည္။

ဇူအန္ ၏ မ်က္ႏွာေပၚတြင္ အကူအညီမဲ့ေသာ အမူအရာျဖစ္သြားသည္။ ခ်ဴယန္ကို သူ လက္ညိုးထိုးလိုက္သည္။ က်ဳပ္ကို မယုံရင္ သူ႕ကို ေမးၾကည့္ေလ

ခ်င္ဝမ္ယြီက သူမ၏ သမီးကို လွည့္ကာ ေမးလိုက္သည္။ သူမ၏ သမီးမွာ က်င့္ႀကံမႈတြင္ ဉာဏ္ႀကီးရွင္ တစ္ေယာက္ျဖစ္သည္။ ထို႔ေၾကာင့္ သူမ၏ အေျခအေနကို အျခားသူမ်ားထက္ သူမ ကိုယ္တိုင္က ပိုမိုနားလည္သည္။

သမီး ကိုယ္ထဲက အေအးဓာတ္ တစ္ခ်ိဳ႕က ျပန္ထလာေတာ့မယ္... ခ်ဴခ်ဴယန္ တြန့္ဆုတ္မႈ တစ္ခ်ိဳ႕ျဖင့္ ေျပာလိုက္သည္။ သူမကဲ့သို႔ေသာ အေနအထိုင္သိမ္ေမြ႕သည့္ မိန္းမငယ္ေလးတစ္ေယာက္မွာ ဤကိစၥကို ဝန္ခံခ်င္စိတ္ သိပ္မရွိေပ။ သို႔ေသာ္လည္း ခ်ဴကလန္၏ အေရးကိစၥမ်ားစြာကို ႏွစ္ေပါင္းမ်ားစြာ စီမံခဲ့ရေသာေၾကာင့္ သူမကိုယ္သူမ တစ္ခ်ိန္လုံး အက်ိဳးအေၾကာင္း ဆီေလ်ာ္ေနေစရန္ ေလ့က်င့္ထားခဲ့သည္။
ယခုအခါတြင္ ဇူအန္ ထြက္သြားပါက အရာအားလုံးမွာ အမွန္တကယ္ပင္ အလကားျဖစ္သြားေတာ့မည္ျဖစ္သည္။

ဒဏ္ရာထလာစဥ္က သူမ ေသဆုံးရေတာ့မည္ကို အလြန္ေသခ်ာခဲ့သည္။ သူမ၏ ေနာက္ဆုံးစကားမ်ားကိုပင္ ခ်န္ထားရစ္ခဲ့ေသးသည္။
အဆုံးသတ္တြင္ ခ်ဴကလန္ကို သူမ လက္မလႊတ္ခ်ထားနိုင္ခဲ့ေပ။ ယခုအခါတြင္ သူမ အသက္ရွင္ရန္အတြက္ ေမွ်ာ္လင့္ခ်က္ရွိလာၿပီျဖစ္ေသာေၾကာင့္ အခိုက္အတန့္တစ္ခု စိတ္လိုက္မာန္မာ လုပ္မိျခင္းေၾကာင့္ မည္သို႔ လက္လႊတ္အရႈံးေပးလိုက္ရမည္နည္း။
ဘာလိုပဲျဖစ္ျဖစ္ အားဇူ နဲ႕ သမီး က... အဲ့လိုျဖစ္ၿပီးၿပီပဲ။ အႀကိမ္အနည္းငယ္ ပိုသြားတာက ဘာမွ မကြာျခားေတာ့ပါဘူး
ခ်ဴခ်ဴယန္ က သူမ၏ စကားလုံးမ်ားကို ေသခ်ာ ေ႐ြးခ်ယ္ခဲ့ေသာ္လည္း သူမ၏ ဆိုလိုရင္းမွာ လုံးဝ ရွင္းလင္းေနသည္။

ခ်င္ဝမ္ယြီ လုံးဝ ဆြံ႕အသြားသည္။
သူမ၏ သမီး ကိုယ္တိုင္ေတာင္ ေျပာေနေသာေၾကာင့္ ၎မွာ အမွားတစ္ခုမျဖစ္နိုင္ေၾကာင္း ေတြးလိုက္သည္။
မတရားေသာ ခံစားခ်က္တစ္ခ်ိဳ႕ကို ခပ္မွိန္မွိန္ သူမ ခံစားေနရေသာ္လည္း သူမ၏ သမီးျဖစ္သူ ၏ က်န္းမာေရးမွာ အေရးအႀကီးဆုံး အရာျဖစ္ေနသည္။
သူမတြင္ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ေျခဖဝါး ႂကြလိုက္ရသည္။ နင္တို႔ႏွစ္ေယာက္... ဆက္ႀကိဳးစားၾက။ ငါ တံခါးကို ကူေစာင့္ေပးထားမယ္
ဘာျဖစ္လို႔ ဒီစကားေတြက အရမ္းထူးဆန္းေနရတာလဲ။ ခ်င္၀မ္ယြီ ငိုခ်င္လာသည္။
ငါဘယ္လို အေျခအေနမ်ိဳး ႀကဳံခဲ့ရတာလဲ။

ခ်င္ဝမ္ယြီ က ဇူအန္ကို ေနာက္ဆုံး အမုန္းအၾကည့္ ၾကည့္လိုက္ၿပီးေနာက္ အေစာက သူမ ျမင္ခဲ့ရေသာ ျမင္ကြင္းကို ျပန္ေဖာ္မိလိုက္သည္။ သူမ၏ မ်က္ႏွာအမူအရာ မွာ ခ်က္ခ်င္းပင္ ပုံမွန္မဟုတ္ေတာ့ေပ။ သူမ အျမန္ အျပင္ကို ထြက္လိုက္သည္။

သူမ၏ မိခင္ အျပင္ထြက္သြားေသာအခါ ခ်ဴခ်ဴယန္ ၏ စိတ္ဓါတ္မာေၾကာမႈမ်က္ႏွာဖုံး မွာ သဲလြန္စမက်န္ ေပ်ာက္ကြယ္သြားသည္။ အဲ့ဒါေတြအားလုံးက ရွင့္အမွားပဲ။ ကြၽန္မကို ဒီေလာက္ အရွက္ရေစတယ္။ အိပ္ယာေပၚတြင္ သူမ စတင္ ရွိုက္ငိုလိုက္သည္။

ဇူအန္ ေျပးလာၿပီး သူမကို ေခ်ာ့ေမာ့လိုက္သည္။ ဟုတ္ပါတယ္။ ဟုတ္ပါတယ္။ ဒါေတြအားလုံး ငါ့အမွားပါ။ သူ လာေနတာကို ငါ အာ႐ုံရခဲ့သင့္တယ္
စကားေျပာေနရင္း သူ၏ အမူအရာမွာ ႐ုတ္တရက္ ဗလာျဖစ္သြားသည္။ ခ်ဴခ်ဴယန္ကို ဖုံးေပးထားေသာ ေစာင္ထည္မွာ သူမ ငိုရွိုက္လိုက္ေသာအခါတြင္ ေလွ်ာက်သြားကာ သူမ၏ ျပစ္ခ်က္မရွိေသာ ခႏၶာကိုယ္ကို ေပၚလာေစသည္။

ရွင္ ၾကည့္ေနတုန္းပဲလား။ ၾကည့္္တာ မေတာ္ေသးဘူးလား ခ်ဴခ်ဴယန္က ေစာင္မ်ားကို ပ်ာပ်ာသလဲလဲ ျပန္ဆြဲလိုက္သည္။ သူမ၏ အရွက္ကို ဖုံးရန္အတြက္ ပ်ာယာခတ္သြားသည္။

ဇူအန္ သက္ျပင္းတစ္ခ်က္ခ်ကာ ေျပာလိုက္သည္။ မိန္းမကလည္း မင္းက အရမ္းလွလြန္းေနတာကိုး။ ငါ့က်န္တဲ့ တစ္ဘဝလုံး မင္းကို ၾကည့္ေနရရင္ေတာင္ ဘယ္ေတာ့မွ ၿငီးေငြ႕မွာမဟုတ္ဘူး

ပုံမွန္အခ်ိန္တြင္ ခ်ဴခ်ဴယန္မွာ မည္မွ် ဂုဏ္ေမာက္၍ ေအးစက္ေနေစကာမူ အခ်စ္ေပါက္ဖြားျခင္းတြင္ ပထမဆုံး ေတြ႕ႀကဳံရသည့္ မိန္းမငယ္ေလးတစ္ေယာက္သာ ျဖစ္ေနေသးသည္။ သူမ ခင္ပြန္းျဖစ္သူ၏ ခ်ီးက်ဳးမႈ ကို ၾကားရေသာအခါ သူမ၏ ႏွလုံးသားထဲတြင္ ခ်ိဳသာေသာ ခံစားခ်က္တစ္ခု ဖူးပြင့္လာသည္။
ဤေလာက္ ခ်စ္စရာဖြယ္ေကာင္းေသာ ရွက္႐ြံေနသည့္ ပုံပန္းဟန္ပန္ကို ဇူအန္ မည္ကဲ့သို႔ ခုခံနိုင္စြမ္းရွိမည္နည္း။ ေစာင္ေအာက္သို႔ ဒိုင္ဗင္ထိုးဝင္လိုက္ကာ သူမကို ဆြဲဖက္လိုက္သည္။

ရွင္က ဘာျဖစ္လို႔ အၿမဲၾကမ္းတမ္းေနရတာလဲ သူမကိုယ္လုံးေလး ခပ္ၾကမ္းၾကမ္း အဖိခံရေသာအခါ ခ်ဴခ်ဴယန္ မေက်မနပ္ေျပာလိုက္သည္။

ဇူအန္ ရယ္လိုက္သည္။ လႊမ္းမိုးသူဓါးအင္ေမာ္တယ္ ဆိုတာ မင္း အႀကိဳက္ဆုံး စာအုပ္တစ္အုပ္ မဟုတ္ဘူးလား

အား ရွင္ လူဆိုး။ ဒါဆို အဲ့ဒီေန႕က ျမင္ခဲ့တာပဲ ခ်ဴခ်ဴယန္ အလြန္ရွက္သြားကာ က်င္းတစ္ခုထဲ ဝင္ပုန္းခ်င္စိတ္ေပါက္သြားသည္။

ဇူအန္ သူ႕ကိုယ္သူ မထိန္းနိုင္ေတာ့ဘဲ သူမ၏ စြဲမက္ဖြယ္ႏႈတ္ခမ္းပါးေပၚတြင္ ရွည္ၾကာေသာ အနမ္းပန္းတစ္ပြင့္ စိုက္ပ်ိဳးလိုက္ေလေတာ့သည္။

...

ခ်င္ဝမ္ယြီ ထြက္လာသည္ႏွင့္ တၿပိဳက္နက္ သူမ အနားကို ခ်ဴက်ဳန္းထန္ ႏွင့္ အျခားသူမ်ား ဝိုင္းအုံလာၾကသည္။ ေပါင္းယြဲ႕လုမွာ အသိခ်င္ဆုံးသူျဖစ္သည္။

ခ်ဴယန္ အေျခအေနဘယ္လိုရွိလဲ ခ်ဴက်ဳန္းထန္ ၏ မ်က္ႏွာမွာ သိခ်င္စိတ္အျပည့္ရွိေနသည္။

သူမျမင္ေတြ႕ခဲ့ရေသာ ျမင္ကြင္းမွာ ေခါင္းထဲတြင္ တစ္ဖန္ျပန္ေပၚလာကာ ခ်င္ဝမ္ယြီ ၏ မ်က္ႏွာ နီရဲေနသည္။ အခု အားဇူက သူ႕ကို ကုေပးေနတယ္။ အေရးႀကီးတဲ့ အဆင့္ကိုေတာ့ ျဖတ္ေက်ာ္သြားနိုင္ခဲ့ၿပီ

ခ်ဴက်ဳန္းထန္ က်ယ္ေလာင္စြာ ရယ္ေမာလိုက္သည္။ အဲ့ဒါေကာင္းတယ္။ ေကာင္းတယ္။ ငါ့ရဲ႕ ဒီသားမက္ကို ဆုတစ္ခ်ိဳ႕ခ်ရမယ္

ခ်င္ဝမ္ယြီ စိတ္ထဲတြင္ မေက်နပ္မႈမ်ား ျပည့္ႏွက္ေနသည္။ အခန္းထဲမွာ ရွင့္သမီးကို သူ ဘာလုပ္ေနသလဲဆိုတာကိုသာ ရွင္သိရင္ ေနရာမွာတင္ ရိုက္သတ္မိလိမ့္မယ္။

ေပါင္းယြဲ႕လုက သူ၏ ခ်ီးက်ဴးမႈကို ေလာကြပ္ပိုလိုက္သည္။ သခင္ေလးမွာ ဒီလို အံၾသဖြယ္စြမ္းရည္မ်ိဳး ရွိေနလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး။ သူက တကယ္ပဲ သခင္မေလးကို ကုေပးနိုင္တာပဲ။ သူ ထြက္လာရင္ ဒီအဖိုးႀကီးလည္း သူနဲ႕ ေသခ်ာေဆြးႏြေးရဦးမယ္
ထိုစဥ္အခ်ိန္က ခ်ဴခ်ဴယန္၏ အေျခအေနကို ပထမဦးဆုံး စစ္ေဆးခြင့္ရသူျဖစ္သည္။ ထို႔အျပင္ ကုသရန္နည္းလမ္းကို ေဖာ္ရမည္မွာ သူ၏ စြမ္းေဆာင္နိုင္စြမ္းထက္ ေက်ာ္လြန္ေနဝည္။ ဇူအန္ က သူမကို ကုေပးနိုင္သူျဖစ္လာမည္ဟု မည္သူထင္မိမည္နည္း။ အဘယ္ေၾကာင့္ သူ မသိခ်င္ဘဲ ေနမည္နည္း။

ခ်င္ဝမ္ယြီ ၏ မ်က္ႏွာေပၚတြင္ ထူးဆန္းေသာ အမူအရာတစ္ခုျဖစ္ေပၚေနသည္။ အဲ့ဒါက ရွင္ သင္ယူနိုင္တဲ့ တစ္စုံတစ္ရာမဟုတ္မွာ စိုးရတယ္

ေပါင္းယြဲ႕လု မ်က္ႏွာပ်က္သြားသည္။ ဒီမယ္ သခင္မ ဒီလူအိုႀကီးကို အထင္ေသးတာလား။ ေဆးပညာရပ္မွာေတာ့ ဒီအဖိုးႀကီးမွာ ေအာင္ျမင္မႈတစ္ခ်ိဳ႕ရွိပါေသးတယ္။ အဲ့ဒီ က်ီတန္ထု ေတာင္မွ က်ဳပ္ထက္ နည္းနည္းေလးပဲ သာ ေနတာ။ ဒီကမၻာမွာ က်ဳပ္ မသင္ယူနိုင္တဲ့ ေဆးပညာရပ္ဆိုတာ ဘယ္မွာရွိသလဲ

ဒါက...အဲ့ဒါကို ရွင္တကယ္ပဲ သင္ယူနိုင္မယ္လို႔ မထင္ဘူး။ သူ႕မွာ အရမ္းကို ထူးျခားတဲ့ နည္းလမ္းတစ္ခု ရွိတယ္ ေပါင္းယြဲ႕လု၏ အိုမင္း႐ြတ္တြမႈ ႏွင့္ယွဥ္မိေသာအခါ ဇူအန္၏ ပ်ိဳျမစ္ထြားႀကိဳင္းထိုအရာ က သူမ၏ ေခါင္းထဲတြင္ ႐ုတ္တရက္ ေပၚလာျပန္သည္။ စြမ္းအားျပင္းေသာ အေတြးက သူမကို ရင္တုန္သြားေစသည္။ ထိုအေတြးမ်ားကို သူမ၏ ေခါင္းထဲမွ ခ်က္ခ်င္း ထုတ္ပစ္လိုက္သည္။

ေပါင္းယြဲ႕လုက သူမကို အလြတ္မေပးေပ။ သူမကို ေမးခြန္းမ်ားျဖင့္ ဆက္တိုက္ ထိုးႏွက္ေနသည္။ သူ႕ကို ေက်နပ္ေစမည့္ က်ပန္း အေၾကာင္းျပခ်က္တစ္ခု ကို ႀကိဳးစားရွာလိုက္ရသည္။ ဤကိစၥအေၾကာင္းကို ဆက္လက္ေမးေနဦးမည္စိုးေသာေၾကာင့္ သူမ၏ ေယာက္်ားျဖစ္သူကို အျမန္ေျပာလိုက္သည္။ ေယာက္်ား ဒီေလာက္ၾကာတာေတာင္ ဟြမ္ေက်ာက္ ဘာျဖစ္လို႔ ျပန္မလာေသးတာလဲ။ တစ္ခုခုမ်ား ျဖစ္ေနလို႔လား

ခ်ဴက်ဳန္းထန္ ေတြေဝသြားသည္။ ဒီအိမ္ေတာ္ထဲမွာ ဘာေတြျဖစ္နိုင္မွာမလို႔လဲ

ခ်င္ဝမ္ယြီ ေျဖလိုက္သည္။ သူက အၿမဲတမ္း သူ႕အစ္မနဲ႕ နီးနီးကပ္ကပ္ရွိတာပဲ။ ရွို႔ဟုန္ေလ အေၾကာင္းၾကားၿပီးေတာ့ ေဒါသထြက္ၿပီး သူ႕အေပၚ ငိုေႂကြးျခင္းၾကာပြတ္ သုံးလိုက္ရင္ ဘယ္လိုလုပ္မလဲ။ အဲ့ဒါက ကြၽန္မတို႔ ခ်ဴကလန္ ရဲ႕ ဂုဏ္သိကၡာကို အဆုံးသတ္ေစလိမ့္မယ္

မင္း ေျပာတာ ဟုတ္တယ္။ အခုခ်က္ခ်င္း ငါသြားၾကည့္လိုက္မယ္ ခ်ဴက်ဳန္းထန္ အျမန္ထြက္ခြာသြားသည္။
အေစာက ခ်ဴခ်ဴယန္ ကို အလြန္ စိုးရိမ္ ေနရသျဖင့္ ဤအေၾကာင္းကိစၥကို မစဥ္းစားမိခဲ့ေပ။
ယခုအခါတြင္ ခ်ဴခ်ဴယန္ အႏၱရာယ္ကင္းသြားၿပီကို သိလိုက္ရေသာအခါ သူ၏ ႏွလုံးမွာ ပိုမိုေျဖေလ်ာ့သြားသည္။

သို႔ေသာ္လည္း ရွို႔ဟုန္ေလ၏ ခႏၶာကိုယ္ လွလွေလး မွာ ငိုေႂကြးျခင္းၾကာပြတ္ ဒဏ္ ခံေနရျခင္း ပုံရိပ္တစ္ခု သူ၏ ေခါင္းထဲတြင္ ေပၚလာသျဖင့္ ထပ္မံပ်ာယာခတ္သြားေတာ့သည္။
ရွို႔ဟုန္ေလအေပၚတြင္ အျခားအေတြးတစ္စုံတစ္ရာ မရွိေနေသာ္လည္း ေယာက္်ားတစ္ေယာက္အေနျဖင့္ တစ္မူထူးျခားေသာ အလွပေဂး ရွို႔ဟုန္ေလ၏ မ်က္ႏွာေလး နာက်င္မႈကို ခံစားေနရမည္ကို သူ မျမင္ရက္ေပ။ သူ႕အဖို႔ ၎မွာ ေကာင္းကင္ က်က္သေရေတာ္ကို ေစာ္ကားေနသလိုျဖစ္ေနသည္။

သူမ၏ ခင္ပြန္းျဖစ္သူ ထြက္သြားသည္ကို ျမင္လိုက္ရေသာအခါ ခ်င္ဝမ္ယြီ စိတ္ေအးသြားရသည္။ ဤအခန္းထဲရွိ စုံတြဲငယ္ အၾကားမွ ကိစၥမ်ားမွာ အမွန္ပင္ ရႈပ္ေထြးေနၿပီး ဤကိစၥမ်ားကို သူ႕အား ေျပာျပရန္ မျဖစ္နိုင္ေသးေပ။
သို႔ေသာ္လည္း ဖခင္ျဖစ္သူကို အျပင္ဘက္တြင္ အေၾကာင္းမသိဘဲ ေစာင့္ခိုင္းေနျခင္းမွာလည္း မသင့္ေလ်ာ္ေပ။ ထို႔ေၾကာင့္ အေၾကာင္းတစ္ခုရွာကာ သူ႕ကို ထြက္သြားခိုင္းလိုက္ျခင္းျဖစ္သည္။

ေပါင္းယြဲ႕လုက ဇူအန္၏ ေဆးကုသမႈအေၾကာင္း အေသးစိတ္ ထပ္ေမးျမန္းေတာ့မည့္အခ်ိန္တြင္ ခ်င္ဝမ္ယြီ က သူ႕ကို တုန့္ျပန္ရန္ ဆင္ေျခတစ္ခုေပးလိုက္သည္။ သူမ အျမန္ေျပာလိုက္သည္။ ေဆးဆရာ ေပါင္းက ခ်ဴယန္အတြက္ ခႏၶာကိုယ္အားျပည့္ေစမယ့္ ေဆးတစ္ခ်ိဳ႕ ျပင္ဆင္ထားေပးပါ

ရေစရမယ္ ေပါင္းယြဲ႕လု၏ အမူအရာ ခ်က္ခ်င္း ေခါင္းပန္ လွန္သြားသည္။ ယခုအခါတြင္ သူ၏ အသုံးဝင္မႈကို ရွာေတြ႕သြားၿပီျဖစ္သည္။
ဒုတိယအိမ္ေတာ္ခြဲ ႏွင့္ တတိယအိမ္ေတာ္ခြဲမွ ေရာက္လာသူမ်ားအားလုံးကိုေတာ့ ျပန္လႊတ္ခဲ့သည္။ ထို႔အျပင္ ခ်ဴယြီရွန္ လည အျပင္းအထန္ ဒဏ္ရာရေနေသာေၾကာင့္ သူ႕ကို ေသခ်ာဂ႐ုစိုက္ရန္လိုအပ္ေနေသးသည္။

လူတိုင္း မရွိေတာ့ေသာအခါမွ ခ်င္ဝမ္ယြီ စိတ္သက္သက္သာသာ အသက္ရႈနိုင္ေတာ့သည္။ အထဲတြင္ျဖစ္ေနေသာအရာကို အျခားသူသိသြားမည္ကို သူမ စိုးရိမ္ေနစရာမလိုေတာ့ေပ။
အကယ္၍ မထင္မွတ္ထားေသာ စကားတစ္စုံတစ္ခု ထြက္လာပါက ျပႆနာ ႀကီးႀကီးမားမား ေသခ်ာေပါက္ ေပါက္ကြဲထြက္လာေတာ့မည္ျဖစ္သည္။
ဒါေတြအားလုံးက အဲ့ဒီ ဇူအန္ ရဲ႕အမွားပဲ။
သူမ၏ ႏွလုံးသားမွာ ဤႏွိပ္စက္မႈကို ခံစားေနရသည္။
သင္သည္ ခ်င္ဝမ္ယြီ ထံမွ အမ်က္ပြိုင့္ ၂၃၃ ရရွိလိုက္သည္။

...

ခ်ဴက်ဳန္းထန္ က လမ္းတစ္ဝက္ပဲ ေရာက္ေသးေသာအခါတြင္ ဧည့္သည္နားခိုခန္း မွ ျပန္လာေသာ ခ်ဴဟြမ္ေက်ာက္ ႏွင့္ ေတြ႕ေလသည္။ ခ်က္ခ်င္း လွမ္းေမးလိုက္သည္။ ဟြမ္ေက်ာက္ေလး ရွို႔မိန္းကေလး နဲ႕ ဘာလုပ္ေနတာလဲ

အေဖ့ကို သူ႕အေၾကာင္းလာေမးေတာ့မလို႔ပဲ။ အဲ့ဒီမိန္းမကို လုံးဝ ရွာမေတြ႕ခဲ့ဘူး ခ်ဴဟြမ္ေက်ာက္ က စိတ္ဆိုးေနဟန္ျဖင့္ ေမးလိုက္သည္။ ထူးဆန္းေသာအၾကည့္တစ္ခု သူမ၏ မ်က္လုံးထဲတြင္ ေပၚလာသည္။ အေဖက တကယ္ကို ထူးဆန္းေနတယ္။ တကယ့္တကယ္ပဲ ထူးဆန္းေနတယ္။ သူက အေဖ့ရဲ႕ ကိုယ္လုပ္ေတာ္ မဟုတ္ဘူးေလ။ ဘာေၾကာင့္ ဒီေလာက္စိတ္လႈပ္ရွားေနတာလဲ

ခ်ဴက်ဳန္းထန္ က သမီးျဖစ္သူကို မသာမယာၾကည့္လိုက္သည္။ သမီးလို ကေလးေလးတစ္ေယာက္ ရဲ႕ ေခါင္းထဲမွာ ဒီေလာက္ ေပါက္ကရအေတြးေတြ ျပည့္လာေအာင္ ဘယ္က တတ္ခဲ့တာလဲ ခ်ဴအိမ္ေတာ္ ပတ္ဝန္းက်င္ ကို သူ လွည့္ၾကည့္လိုက္သည္။ သူ၏ မ်က္ႏွာအမူအရာ မွာ အနည္းငယ္ ထူးဆန္းလာသည္။ ေနပါဦး အဲ့ဒီအေပ်ာ္မယ္ဘုရင္မက ဒီကို ပစၥည္းခိုးဖို႔လာခဲ့တာလား။

----- ------------------------------------ ----- - - - - - ----- -

继续阅读

You'll Also Like

721K 41.1K 26
Jk - Possessive type #Warning Cv_ Pinterest
590K 15.2K 77
၍ficတွင် 🔞🔞များနှင့် ရိုင်းစိုင်းတဲ့စကားလုံးများပါပါသည်။ မကြိုက်နှစ်သက်ပါက မဖတ်ပါနဲ့။ ပြီးမှ လာ မwarပါနဲ့ ၍ficတြင္ 🔞🔞မ်ားႏွင့္ ရိုင္းစိုင္းတဲ့...
468K 56.6K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...