ကီးဘုတ်အင်မော်တယ်-ဇူအန်

Por SoeHmue

45.2K 5.9K 37

အတွဲ(၂) Más

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

230

322 40 0
Por SoeHmue

Chapter 230: ကတိ

ဆေး၏ အာနိသင်များ နောက်ဆုံး ပျောက်ကွယ်သွားရန် အချိန်အတော်ယူလိုက်ရသည်။ နောက်ဆုံးတွင် ရှောင်ရွှယ်ယင်း၏ မျက်လုံးများ ကြည်လင်မှုကို ပြန်လည်ရရှိသွားသည်။
သို့သော် သူမခန္ဓာကိုယ်က နုံးခွေနေလေပြီ။ သူမ၏ အပေါ်တွင် ရှိနေသော သူကို ကြည့်ရင်း နှုတ်ခမ်းသာ တင်းတင်းကိုက်ထားနိုင်တော့သည်။ ထိုအချိန်က ချူချူယန် က သူ့ကို မည်သို့ သည်းခံခဲ့သည်ကို တွေးနေမိလိုက်သည်။ ဆေးကြောင့် သူမ လှုံ့ဆော်ခံနေရသော်လည်း ထိချက်များက သူမခံနိုင်ရည်ကုန်ဆုံးလုနီးပါးပင်။

ထိုအချိန်က ချူချူယန်၏ ကီသွေးကြောများ ပျက်စီးနေခဲ့ပြီး ကျင့်ကြံမှုမှာလည်း မရှိနေခဲ့ပေ။ ထို့ကြောင့် သူ့ကို သူမ၏ အားနည်းသော ခန္ဓာကိုယ်ဖြင့် လက်ခံခဲ့သည်ကို ဆိုလိုနေခြင်းဖြစ်သည်။ ထိုအတွေးများ ခေါင်းထဲပြည့်ကာ ရှောင်ရွှယ်ယင်း က သူမကို လေးစားမှုပြုလိုက်သည်။

“ငါ ဘာတွေ လျှောက်တွေးနေတာလဲ”
ရှက်ရွံသွားသော ရှောင်ရွှယ်ယင်း က သူမ၏ ခေါင်းကို နှိမ့်ကာ သူ၏ အရှေ့တွင်ရှိနေသော ယောက်ျား၏ ရင်ခွင်ထဲ ပိုတိုးဝင်လိုက်သည်။ သူမ အလွန်ရှက်နေသဖြင့် သူနှင့် အကြည့်ပင်မဆုံရဲပေ။

...

နောက်တစ်နေ့တွင် ဇူအန် လန်းဆန်းစွာ နိုးထလာသည်။ သူ၏ဘေးတွင်ရှိနေသော ကိုယ်လုံးလေးကို ဖက်ရန် လက်လှမ်းလိုက်သည်။ သို့သော် သူ၏ လက်မှာ လေဟာနယ်ကိုသာ ဆုပ်ကိုင်မိလိုက်သည်။ မနေ့ညက သူ ကြုံတွေ့ခဲ့ရသော နူးညံသော အာရုံခံစားမှုမှာ မရှိနေတော့ပေ။
အံသြသွားကာ အလျှင်အမြန် ကောက်ထိုင်လိုက်သည်။ သူ၏ ဘေးတွင်ရှိနေသင့်သည့် မိန်းကလေးမှာ အစအနမကျန် ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ စောင်ထဲတွင် ကျန်ရစ်နေခဲ့သော မွှေးရနံ့က မနေ့က အဖြစ်အပျက်များမှာ အိမ်မက်တစ်ခု မဟုတ်ကြောင်းကို သက်သေထူပေးနေသည်။

“စနိုး” ဇူအန် အလျှင်အမြန် ရှာဖွေလိုက်သည်။

“နင့်ရဲ့ အားအင်တွေ ဖြုန်းတီးမနေနဲ့တော့။ သူ ထွက်သွားပြီ” အေးစက်သော အသံတစ်သံ ပေါ်လာသည်။ သစ်သားခုံတင် နှင့် မျက်နှာချင်းဆိုင်တွင် လဲလျောင်းနေသော မိန်လိ၏ ဝိဉာဉ်ကို တွေ့လိုက်ရသည်။ သူမ၏ ဝတ်ရုံတွင် ဖြူဖွေးချောမွေ့သော ခြေထောက်လေးများကို အနည်းငယ်ဖော်ပြထားသည်။ သို့သော်လည်း သူမ၏ လက်ရှိမျက်နှာထားမှာ ရေခဲမှုန်ဒေါသများဖြင့် ကာရံနေသည်။

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။

ဇူအန် ကြောင်သွားသည်။

သူက အဲ့ဒီလိုပဲ ထွက်သွားပြီတဲ့လား။ ပြီးတော့ ဘာဖြစ်လို့ ခင်ဗျားက စိတ်ဆိုးနေရတာလဲ။
“အစ်မမိဖုရားကြီး ဘာတွေမှားနေလို့လဲ” ဇူအန် မေးလိုက်သည်။

“နင် မေးရဲသေးတယ်” မိန်လိ ချက်ချင်း သင့်တော်အောင် ထိုင်လိုက်သည်။ “ အခွင်အရေးအပြည့်ယူတဲ့ နင်ဆိုတဲ့ အကောင်က တစ်ညလုံး ငါ့ကို ဒီလို မလျော်မကန် မြင်ကွင်းမျိုး ပြရဲတယ်”

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၅၁၃ ရရှိလိုက်သည်။

ထိုစကားကြားရသောအခါ ဇူအန် ကြက်သီးဖျင်းဖျင်းထသွားသည်။ “ခဏ. ခဏနေပါဦး။ ကျုပ်တို့ကို ကြည့်နေဖို့ ဘယ်သူက ခင်ဗျားကို ပြောလို့လဲ။ ခင်ဗျား မျက်လုံးမှိတ်ထားလည်းရတာပဲလေ။ မဟုတ်မှလွဲရော ခင်ဗျား တစ်ညလုံး ကြည့်နေတာလား။ ဘုရားရေ။ ကျုပ် အခွင့်အရေးယူခံလိုက်ရတယ်လို့တောင် ခံစားလိုက်ရပြီ”
စောင်ကို အမြန်ကောက်ယူလိုက်ကာ သူ၏ ကိုယ်တွင် တင်းကြပ်စွာ ပတ်ထားလိုက်သည်။ နှာဗူးတစ်ယောက်၏ ရန်မှ ကာကွယ်သည့်ဟန်မျိုးဖြစ်သည်။

“...” မိန်လိ
“ငါက အခွင့်အရေးယူခဲ့တယ်လို့ နင်ပြောလိုက်တာလား” မိန်လိ က သူ၏ အိပ်ရာ ဘေးသို့ ချီတက်လာပြီး ခုတင် ဘောင်ပေါ်သို့ ခြေတစ်ဖက်တင်လိုက်သည်။ သူ့ကို သူ အန္တရာယ် အရိပ်အယောင်ပေးနေသော မျက်လုံးများဖြင့် အပေါ်စီးမှာ ငုံ့ကိုင်းကာ စိုက်ကြည့်လိုက်သည်။

မိန်လိ၏ အဝတ်အစားမှာ ယခင်ကထက် ပိုမို ဖော်ပြနေသည်ကို ဇူအန် မတတ်နိုင်ဘဲ သတိပြုမိလိုက်ရသည်။ သူမ ရင်သား၏ အကွေးကြောင်းလေးပင် ပေါ်နေသေးသည်။ “ချင်ခေတ် က အဝတ်အစားတွေက အဲ့ဒီလောက်တောင် ပွင့်လင်းလို့လား”
မိန်လိ၏ အဝတ်အစားများမှာ သူမ၏ စိတ်အသိဖြင့် ဖန်ဆင်းထားသည်ကို သိထားရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သူမ၏ အမူအကျင့်စရိုက်အပေါ်တွင် လုံးဝ မှီခိုနေသည်။
ဝိုး သူက တကယ်ပဲ လည်ဟိုက်အင်္ကျီ ကို ဝတ်ထားတာပဲ။ ကြည့်ရတာ အစ်မမိဖုရား က အတော်လေး ဂနာမငြိမ်တဲ့သူထင်တယ်။

“နင် ဘယ်တွေ ကြည့်နေတာလဲ” ဇူအန်က မေးခွန်းပြန်ဖြေရမည့်အစား သူမကို စိုက်ကြည့်နေသောကြောင့် မိန်လိ ဒေါသထွက်သွားသည်။

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၂၅၆ ရရှိလိုက်သည်။

“ခင်ဗျားရဲ့ အကွေးကြောင်းကို ကျုပ် ရှေ့မှာ ဖော်ပြနေတာကို အဲ့ဒါကို ကြည့်ရုံကလွဲပြီးတော့ ဘာရွေးချယ်စရာရှိမှာလဲ” မိန်လိ မှာ ဝိဉာဉ်တစ်ခုအဖြစ်သို့ လျော့ကျသွားရပြီဖြစ်သော်လည်း အဘယ်ကြောင့် စိတ်တိုလွယ်သည်ကို အံသြနေသည်။ “ပြီးတော့ အဲ့ဒါကို တစ်ခြားသူတွေ မမြင်နိုင်တဲ့ အဝတ်အစားမျိုးလည်း ခင်ဗျား မဝတ်ထားဘူး။ ခင်ဗျားရဲ့ ခေတ်မှီတဲ့ ၀တ်စားဆင်ယင်မှုကို ကျူပ် က ချီးကျူးအားပေးနေတာကို ဝမ်းတောင်သာနေသင့်တယ်”

“...” မိန်လိ
“နင့်မှာ တကယ်ကို သွက်လက်တဲ့ လျှာတစ်ခုရှိတာပဲ။ ဒါကြောင့် အဲ့ဒီကောင်မလေးတွေ နင့်ကို ကြွေကြတာ မဆန်းပါဘူး” မိန်လိ၏ စကားလုံးများမှာ အနည်းငယ် ခါးသက်နေသော်လည်း သူမ၏ အနေအထားမှာ အနည်းငယ် တိုးတက်လာသည်မှာ ရှင်းလင်းနေသည်။ သူမ၏ ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး သူမ၏ အဝတ်ကို အနည်းငယ် ဆွဲလိုက်သည်။ သူ၏ အကြည့်အောက်တွင် အနည်းငယ် မသက်မသာဖြစ်နေဟန်ပေါ်သည်။

ဒီလူက တကယ်ကို ငကြောင် တစ်ကောင်ပဲ။ အရင်တုန်းက ငါ ဘာပဲ ဝတ်ဝတ် အဲ့ဒီလို အကြောက်ကင်းမဲ့တဲ့ မျက်လုံးတွေနဲ့ ဘယ်သူမှ ငါ့ကို စိုက်မကြည့်ရဲဘူး။
ချင်မင်းဆက် ပျက်သုန်းပြီးနောက် သူမသည် မိဖုရားတစ်ပါး မဟုတ်တော့သော်လည်း သူမကို ငန်း ရဲသော မည်သည့်မျက်လုံးကိုမဆို ဆုပ်ဖြဲပစ်မည်ဖြစ်သည်။
သို့သော် သူမ၏ အသက်သည် လက်ရှိတွင် ဤလူနှင့် ဆက်နွယ်နေသောကြောင့် သူ့ကို သတ်၍မရ၊ အပြစ်ပေး၍လည်း မရသောကြောင့် သနားစကားကောင်းနေသည်။ သူ့ကို လုပ်နိုင်သော အရာတစ်ခုမှမရှိသည်ကို မြင်ရသောအခါ သူမ အလွန်ဒေါသထွက်နေသည်။

“စနိုးထွက်သွားပြီလို့ ပြောခဲ့တယ်မလား။ သူဘယ်ကို ထွက်သွားတာလဲ” ဇူအန် မေးလိုက်သည်။

“ငါ ဘယ်လိုလုပ် သိမှာလဲ” မိန်လိ နှာမှုတ်လိုက်သည်။ သူမက ဘေးတစ်ဖက်ကို ထိုးညွှန်ပြကာ ပြောလိုက်သည်။ “နင်က သစ်တုံးခြောက်တစ်ခုလုံ သေနေတော့ သူ့မှာ နင့်အဖို့ စာတစ်စောင် ရေးဖို့ အချိန်တောင် ရှိခဲ့တယ်”

“စာ” ဇူအန်သည် စားပွဲပေါ်တွင် စာတစ်စောင်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုစာကို အလျှင်အမြန်ကောက်ယူကာ ဖတ်လိုက်သည်။
ဇူအန်၏ အဝတ်မရှိသော ခန္ဓာကိုယ် ရုတ်တရက် ဖော်ပြလိုက်ခြင်းကြောင့် မိန်လိ အနည်းငယ် ရှက်သွေးဖြာသွားသည်။ သူမ အလျှင်အမြန် ခေါင်းလှည့်ကာ ပြောလိုက်သည်။ “အနည်းဆုံးတော့ အဝတ်အရင်မဝတ်နိုင်ဘူးလား”

“ဘာပဲဖြစ်ဖြစ် တစ်ညလုံး အကုန်မြင်ပြီးသွားပြီပဲ။ အခု အဝတ် ဝတ်ထား မထား ဘာမှ မခြားနားတော့ပါဘူး” ဇူအန် မျက်လုံးလိမ့်လိုက်သည်။

“...” မိန်လိ
ဒီအကောင်က တကယ်ကို မုန်းတီးစရာကောင်းတာပဲ။
တစ်စုံတစ်ရာပြောရန် ပြန်လှည့်လိုက်သည့်အချိန်တွင် သူ၏ ကိုယ်ရှိ အစိတ်အပိုင်းတစ်ခု သည် သူမကို ရင်တုန်သွားစေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ၎င်းသည် ထိတ်လန့်စရာကောင်းနေသဖြင့် သူမကို စကားထစ်သွားစေသည်။

သို့သော်လည်း ဇူအန်က သူမ၏ အပြုအမူကို ဂရုမစိုက်ပေ။ ရှောင်ရွှယ်ယင်း ချန်ထားခဲ့သော စာကို ကောက်ယူကာ သေချာဖတ်ရှု့လိုက်သည်။
“ငါ အခုထွက်သွားပြီ။ အခုဆိုရင် ရှီကလန် နဲ့ လမ်းခွဲလိုက်ပြီဆိုတော့ ရှီကလန် ရောက်လာပြီးတော့ အကွက်မရွေ့ခင်မှာ ငါ့ရဲ့ လူတွေကို နေရာပြန်ချထားပေးဖို့လိုတယ်။ မနေ့ညက ကိစ္စအတွက်တော့...ကျေးဇူးတင်ပါတယ်။ ပြီးတော့ အဲ့ဒီအကြောင်းကို မိန်းကလေးချူကို မပြောပါနဲ့။ အကယ်၍ ချူကလန်မှာ နင်နေရတာ မပျော်ဘူးဆိုရင် ငါ့ကို မြို့တော်မှာ လာရှာလို့ရတယ်”

...

စာပေါ်ရှိ စကားလုံးများမှာ အနည်းငယ် ရှုပ်ပွနေသည်။ ၎င်းသည် ထိုစာကို ရေးစဉ်က သူမ၏ နှလုံးသား၏ တွန့်ဆုတ်မှုကို ရောင်ပြန်ဟပ်ဖော်ပြနေသည်။
“သူတကယ်ကို ထွက်သွားပြီပဲ...” ယမန်ညက သူတို့ မျှဝေခဲ့သော နွေးထွေးမှု ကို ပြန်တွေးတောရင်း ရင်ထဲတွင် အလွန်ဟာတာတာဖြစ်နေသည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။
စာကို သိမ်းလိုက်ကာ မိန်လိ ဘက်ပြန်လှည့်လိုက်သည်။ သူ နည်းနည်းကြိမ်းလိုက်သည်။ “ခင်ဗျားရှိနေရက်သားနဲ့ ဘာဖြစ်လို့ သူ့ကို တားဖို့ မကြိုးစားရတာလဲ။ အနည်းဆုံတော့ သူ့ကို နှုတ်ဆက်ဖို့အတွက် ကျုပ်ကို နှိုးခဲ့ရောပေါ့”

“ဘာဖြစ်လို့ အဲ့ဒီလို ငါလုပ်ပေးရမှာလဲ” မိန်လိ ဖြေလိုက်သည်။

“...” ဇူအန်
ဝိုး။ အဲ့ဒါ အချက်ကောင်းပဲ။ ခံငြင်းဖို့တောင် စကားလုံး တစ်ခုတောင် ရှာမရဘူး။

သို့သော်လည်း ထိုအကြောင်းကို မိန်လိ တွေးလေလေ ပိုမို ဒေါသဖြစ်လာလေလေဖြစ်သည်။ “မနေ့ညက ငါ့ကို ဘယ်လောက် ဒုက္ခရောက်စေခဲ့တယ်ဆိုတာကို နေသိလား”

“ဘယ်လို ဒုက္ခလဲ” ဇူအန် အံအားသင့်သွားသည်။ ငါ့အတွက်ရော ဘာလုပ်ပေးခဲ့တာမလို့လဲ။

“ဟွန်း။ နင်မနေ့ညက အတော်သောင်းကျန်းခဲ့တာပဲ။ အဲ့ဒီ ပမွှားခန္ဓာကိုယ်လေး က အဲ့ဒီလောက် အသံတွေ ထုတ်နိုင်လောက်တဲ့အထိ တတ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အကယ်၍ ငါသာ အိမ်အနားမှာ အကာအကွယ် မချထားခဲ့ရင် နင့်ရဲ့ အရှုပ်ထုပ်ကို အခုလောက်ဆိုရင် ချူကလန် တစ်ခုလုံး သိနေလောက်ပြီ”
သူမ ကဲ့သို့သော မိဖုရားတစ်ပါးသည် အထိန်းတော်တစ်ယောက် သို့မဟုတ် အစေခံတစ်ယောက် ကဲ့သို့ အထိ နှိမ့်ချကာ သူ၏ အရှုပ်ထုပ်ကို ရှင်းပေးခဲ့ရသည်ကို တွေးကာ သူမကို အလွန်အမင်း စိတ်တိုစေသည်။

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၆၂၇ ရရှိလိုက်သည်။

ထိုစကားကြားရသောအခါ ဇူအန် ချွေးစေးပြန်သွားသည်။ မနေ့ညက အဖြစ်တွင် လုံးဝ အာရုံရောက်နေသောကြောင့် အသေးစိတ်ကို သတိမထားမိခဲ့ပေ။
“ကျေး..ကျေးဇူးပဲ....” ယခုအခါတွင် ဤကဲ့သို့ ပြောသင့် မပြောသင့်ကို ဇူအန် မသေချာပေ။

“နောက်တစ်ခါ ငါ့ကို အရှုပ်မရှင်းခိုင်းတာ ကောင်းမယ်။ နောက်တစ်ခါ ဒီလောက် စိတ်ရှည်နေမှာမဟုတ်ဘူး” မနေ့ညက ဖိတ်မခေါ်ထားသော ပြပွဲကို မိန်လိ ဒေါသဖြစ်နေဆဲ ဖြစ်သည်။

ဇူအန် ရှက်ကိုးရှက်ကန်း ရယ်ကာ စကားလမ်းလွှဲလိုက်သည်။ “ခင်ဗျား နိုးနေတာတောင် မနေ့ညက ကျုပ်ခေါ်တာကို ဘာဖြစ်လို့ ပြန်မထူးတာလဲ”

“နင် အခု အကောင်းအတိုင်း လတ်လတ်ဆတ်ဆတ် ရှိနေတယ် မဟုတ်လား” မိန်လိ မျက်လုံးလိမ့်လိုက်သည်။

“ကျုပ် သေမလို့နီးပါးဖြစ်ခဲ့ရတယ်” ဇူအန် အထွတ်တက်လိုက်သည်။ “အသက်ရှင်ဖို့အတွက် ရှိသမျှ ဝှက်ဖဲအကုန် သုံးခဲ့ရတယ်။ လောင်မိုင် ကြောင့်သာ မဟုတ်ရင် အခုလောက်ဆိုရင် ကျုပ်တို့ နှစ်ယောက်စလုံး သေနေလောက်ပြီ”

“ငါ ဘာဖြစ်လို့ ထွက်မလာခဲ့လဲဆိုတာကို သိလား” မိန်လိ အေးစက်စွာ မေးလိုက်သည်။

“အဲ့ဒါဘာဖြစ်လို့လဲဆိုရင် ရှီလဲ့ဇီ ကို မနိုင်လို့မလား” ဇူအန် ခန့်မှန်းလိုက်သည်။

“...” မိန်လိ
သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၃၁၄ ရရှိလိုက်သည်။
ဒီကောင့်ရဲ့ ပါးစပ်ကတော့ တကယ်ကို...အော့

အေးစက်စက် နှာမှုတ်လိုက်ကာ သူမ ပြောလိုက်သည်။ “အဆင့်ရှစ် လေးတစ်ယောက် က ငါ့ ပြိုင်ဘက်မဟုတ်ဘူး။ ငါ မပေါ်လာခဲ့တာက ငါ့အပေါ်ကို နင် လုံးဝ မှီခိုနေတာမျိုး မဖြစ်စေချင်လို့ပဲ။ တစ်ခြားတစ်ယောက်အပေါ်ပဲ မှီခိုအားထားနေရင် ဘယ်တော့မှ သန်မာလာမှာမဟုတ်ဘူး။ ပြီးတော့ ငါက နင့်အရှုပ်တွေ အမြဲရှင်းပေးမယ်လို့ စိတ်ထဲထင်နေရင် အခွင်အရေး ရှိသမျှ အန္တရာယ်အကုန်လုံး မိုက်မိုက်မဲမဲနဲ့ ဆက်ပြီး ခုန်ဝင်နေဦးမှာပဲ”
“ဒါကြောင့် ငါ နှစ်အနည်းငယ် ထပ်နေချင်ရင် အစကတည်းက စွန့်စားမှုတစ်ချို့ ယူလိုက်တာ အမြော်အမြင်ရှိတာပဲ။ ဒီလို အသေးအမွှားကိစ္စလေးမှာတောင် အသက်မရှင်နိုင်ရင် ငါ့ ဝေဒနာ ဆက်မခံစားတော့ဘဲ ဒီမှာပဲ အားလုံးအဆုံးသတ်လိုက်တာက ပိုကောင်းမယ်ထင်တယ်”

ထိုစကားလုံးများက ဇူအန်၏ နှလုံးသား ခေါင်းလောင်းကို တချွင်ချွင်မြည်သွားစေသည်။ မိန်လိ၏ တည်ရှိမှုကြောင့် သူ ပိုမို ရဲတင်းလာသည်မှာ အမှန်တရားဖြစ်သည်။ သူ အန္တရာယ် ကျရောက်လာလျှင် သူမ မျက်ကွယ်ပြုလိမ့်မည်မဟုတ်ဟု တွေးခဲ့သည်လည်း ပါသည်။
အချိန်ကြာပြီးနောက် ဇူအန် က သူမကို လေးလေးနက်နက် ဦးညွတ်လိုက်ကာ ပြောလိုက်သည်။ “ကျုပ် အမြင်မှန်ရသွားပါပြီ။ နောက်ဆို ခင်ဗျားအပေါ်ကို အားမကိုးတော့ဘဲ ကိုယ့်ပြဿနာကို ကိုယ့်ဟာကိုယ် အကောင်းဆုံး ကြိုးစား ဖြေရှင်းပါ့မယ်”

“နင် အကောင်းဆုံး ကြိုးစားလို့မရဘူး။ လုပ်ကို လုပ်နိုင်ရမှာ။ အနာဂတ်မှာ နင့်ရဲ့ ပြိုင်ဘက်က မာစတာအဆင့် နဲ့အထက်ဆိုရင် ငါက နင့်ကို ကယ်တင်ပေးဖို့ အိမ်မက်တောင် မက်မရဘူး။ အဲ့လောက်တော့ နားလည်လိမ့်မယ်လို့ ငါထင်တယ်” မိန်လိ ပြောလိုက်သည်။
“ပြီးတော့ နောက်ဆို ငါနဲ့စကားမပြောခင် အနည်းဆုံးတော့ အောက်ခံအ၀တ်၀တ်ထား။ နင့် ပစ္စည်းကို တရမ်းရမ်း လုပ်မနေနဲ့”

---- ----- ----------------------------------------------- ------ -- -- -- --

Chapter 230: ကတိ

ေဆး၏ အာနိသင္မ်ား ေနာက္ဆုံး ေပ်ာက္ကြယ္သြားရန္ အခ်ိန္အေတာ္ယူလိုက္ရသည္။ ေနာက္ဆုံးတြင္ ေရွာင္႐ႊယ္ယင္း၏ မ်က္လုံးမ်ား ၾကည္လင္မႈကို ျပန္လည္ရရွိသြားသည္။
သို႔ေသာ္ သူမခႏၶာကိုယ္က ႏုံးေခြေနေလၿပီ။ သူမ၏ အေပၚတြင္ ရွိေနေသာ သူကို ၾကည့္ရင္း ႏႈတ္ခမ္းသာ တင္းတင္းကိုက္ထားနိုင္ေတာ့သည္။ ထိုအခ်ိန္က ခ်ဴခ်ဴယန္ က သူ႕ကို မည္သို႔ သည္းခံခဲ့သည္ကို ေတြးေနမိလိုက္သည္။ ေဆးေၾကာင့္ သူမ လႈံ႕ေဆာ္ခံေနရေသာ္လည္း ထိခ်က္မ်ားက သူမခံနိုင္ရည္ကုန္ဆုံးလုနီးပါးပင္။

ထိုအခ်ိန္က ခ်ဴခ်ဴယန္၏ ကီေသြးေၾကာမ်ား ပ်က္စီးေနခဲ့ၿပီး က်င့္ႀကံမႈမွာလည္း မရွိေနခဲ့ေပ။ ထို႔ေၾကာင့္ သူ႕ကို သူမ၏ အားနည္းေသာ ခႏၶာကိုယ္ျဖင့္ လက္ခံခဲ့သည္ကို ဆိုလိုေနျခင္းျဖစ္သည္။ ထိုအေတြးမ်ား ေခါင္းထဲျပည့္ကာ ေရွာင္႐ႊယ္ယင္း က သူမကို ေလးစားမႈျပဳလိုက္သည္။

ငါ ဘာေတြ ေလွ်ာက္ေတြးေနတာလဲ
ရွက္႐ြံသြားေသာ ေရွာင္႐ႊယ္ယင္း က သူမ၏ ေခါင္းကို ႏွိမ့္ကာ သူ၏ အေရွ႕တြင္ရွိေနေသာ ေယာက္်ား၏ ရင္ခြင္ထဲ ပိုတိုးဝင္လိုက္သည္။ သူမ အလြန္ရွက္ေနသျဖင့္ သူႏွင့္ အၾကည့္ပင္မဆုံရဲေပ။

...

ေနာက္တစ္ေန႕တြင္ ဇူအန္ လန္းဆန္းစြာ နိုးထလာသည္။ သူ၏ေဘးတြင္ရွိေနေသာ ကိုယ္လုံးေလးကို ဖက္ရန္ လက္လွမ္းလိုက္သည္။ သို႔ေသာ္ သူ၏ လက္မွာ ေလဟာနယ္ကိုသာ ဆုပ္ကိုင္မိလိုက္သည္။ မေန႕ညက သူ ႀကဳံေတြ႕ခဲ့ရေသာ ႏူးညံေသာ အာ႐ုံခံစားမႈမွာ မရွိေနေတာ့ေပ။
အံၾသသြားကာ အလွ်င္အျမန္ ေကာက္ထိုင္လိုက္သည္။ သူ၏ ေဘးတြင္ရွိေနသင့္သည့္ မိန္းကေလးမွာ အစအနမက်န္ ေပ်ာက္သြားသည္ကို ေတြ႕လိုက္ရသည္။ ေစာင္ထဲတြင္ က်န္ရစ္ေနခဲ့ေသာ ေမႊးရနံ႕က မေန႕က အျဖစ္အပ်က္မ်ားမွာ အိမ္မက္တစ္ခု မဟုတ္ေၾကာင္းကို သက္ေသထူေပးေနသည္။

စနိုး ဇူအန္ အလွ်င္အျမန္ ရွာေဖြလိုက္သည္။

နင့္ရဲ႕ အားအင္ေတြ ျဖဳန္းတီးမေနနဲ႕ေတာ့။ သူ ထြက္သြားၿပီ ေအးစက္ေသာ အသံတစ္သံ ေပၚလာသည္။ သစ္သားခုံတင္ ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ လဲေလ်ာင္းေနေသာ မိန္လိ၏ ဝိဉာဥ္ကို ေတြ႕လိုက္ရသည္။ သူမ၏ ဝတ္႐ုံတြင္ ျဖဴေဖြးေခ်ာေမြ႕ေသာ ေျခေထာက္ေလးမ်ားကို အနည္းငယ္ေဖာ္ျပထားသည္။ သို႔ေသာ္လည္း သူမ၏ လက္ရွိမ်က္ႏွာထားမွာ ေရခဲမႈန္ေဒါသမ်ားျဖင့္ ကာရံေနသည္။

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၂၃၃ ရရွိလိုက္သည္။

ဇူအန္ ေၾကာင္သြားသည္။

သူက အဲ့ဒီလိုပဲ ထြက္သြားၿပီတဲ့လား။ ၿပီးေတာ့ ဘာျဖစ္လို႔ ခင္ဗ်ားက စိတ္ဆိုးေနရတာလဲ။
အစ္မမိဖုရားႀကီး ဘာေတြမွားေနလို႔လဲ ဇူအန္ ေမးလိုက္သည္။

နင္ ေမးရဲေသးတယ္ မိန္လိ ခ်က္ခ်င္း သင့္ေတာ္ေအာင္ ထိုင္လိုက္သည္။  အခြင္အေရးအျပည့္ယူတဲ့ နင္ဆိုတဲ့ အေကာင္က တစ္ညလုံး ငါ့ကို ဒီလို မေလ်ာ္မကန္ ျမင္ကြင္းမ်ိဳး ျပရဲတယ္

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၅၁၃ ရရွိလိုက္သည္။

ထိုစကားၾကားရေသာအခါ ဇူအန္ ၾကက္သီးဖ်င္းဖ်င္းထသြားသည္။ ခဏ. ခဏေနပါဦး။ က်ဳပ္တို႔ကို ၾကည့္ေနဖို႔ ဘယ္သူက ခင္ဗ်ားကို ေျပာလို႔လဲ။ ခင္ဗ်ား မ်က္လုံးမွိတ္ထားလည္းရတာပဲေလ။ မဟုတ္မွလြဲေရာ ခင္ဗ်ား တစ္ညလုံး ၾကည့္ေနတာလား။ ဘုရားေရ။ က်ဳပ္ အခြင့္အေရးယူခံလိုက္ရတယ္လို႔ေတာင္ ခံစားလိုက္ရၿပီ
ေစာင္ကို အျမန္ေကာက္ယူလိုက္ကာ သူ၏ ကိုယ္တြင္ တင္းၾကပ္စြာ ပတ္ထားလိုက္သည္။ ႏွာဗူးတစ္ေယာက္၏ ရန္မွ ကာကြယ္သည့္ဟန္မ်ိဳးျဖစ္သည္။

... မိန္လိ
ငါက အခြင့္အေရးယူခဲ့တယ္လို႔ နင္ေျပာလိုက္တာလား မိန္လိ က သူ၏ အိပ္ရာ ေဘးသို႔ ခ်ီတက္လာၿပီး ခုတင္ ေဘာင္ေပၚသို႔ ေျခတစ္ဖက္တင္လိုက္သည္။ သူ႕ကို သူ အႏၱရာယ္ အရိပ္အေယာင္ေပးေနေသာ မ်က္လုံးမ်ားျဖင့္ အေပၚစီးမွာ ငုံ႕ကိုင္းကာ စိုက္ၾကည့္လိုက္သည္။

မိန္လိ၏ အဝတ္အစားမွာ ယခင္ကထက္ ပိုမို ေဖာ္ျပေနသည္ကို ဇူအန္ မတတ္နိုင္ဘဲ သတိျပဳမိလိုက္ရသည္။ သူမ ရင္သား၏ အေကြးေၾကာင္းေလးပင္ ေပၚေနေသးသည္။ ခ်င္ေခတ္ က အဝတ္အစားေတြက အဲ့ဒီေလာက္ေတာင္ ပြင့္လင္းလို႔လား
မိန္လိ၏ အဝတ္အစားမ်ားမွာ သူမ၏ စိတ္အသိျဖင့္ ဖန္ဆင္းထားသည္ကို သိထားရမည္ျဖစ္သည္။ ထို႔ေၾကာင့္ ၎တို႔သည္ သူမ၏ အမူအက်င့္စရိုက္အေပၚတြင္ လုံးဝ မွီခိုေနသည္။
ဝိုး သူက တကယ္ပဲ လည္ဟိုက္အကၤ်ီ ကို ဝတ္ထားတာပဲ။ ၾကည့္ရတာ အစ္မမိဖုရား က အေတာ္ေလး ဂနာမၿငိမ္တဲ့သူထင္တယ္။

နင္ ဘယ္ေတြ ၾကည့္ေနတာလဲ ဇူအန္က ေမးခြန္းျပန္ေျဖရမည့္အစား သူမကို စိုက္ၾကည့္ေနေသာေၾကာင့္ မိန္လိ ေဒါသထြက္သြားသည္။

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၂၅၆ ရရွိလိုက္သည္။

ခင္ဗ်ားရဲ႕ အေကြးေၾကာင္းကို က်ဳပ္ ေရွ႕မွာ ေဖာ္ျပေနတာကို အဲ့ဒါကို ၾကည့္႐ုံကလြဲၿပီးေတာ့ ဘာေ႐ြးခ်ယ္စရာရွိမွာလဲ မိန္လိ မွာ ဝိဉာဥ္တစ္ခုအျဖစ္သို႔ ေလ်ာ့က်သြားရၿပီျဖစ္ေသာ္လည္း အဘယ္ေၾကာင့္ စိတ္တိုလြယ္သည္ကို အံၾသေနသည္။ ၿပီးေတာ့ အဲ့ဒါကို တစ္ျခားသူေတြ မျမင္နိုင္တဲ့ အဝတ္အစားမ်ိဳးလည္း ခင္ဗ်ား မဝတ္ထားဘူး။ ခင္ဗ်ားရဲ႕ ေခတ္မွီတဲ့ ၀တ်စားဆင်ယင်မှုကို က်ဴပ္ က ခ်ီးက်ဴးအားေပးေနတာကို ဝမ္းေတာင္သာေနသင့္တယ္

... မိန္လိ
နင့္မွာ တကယ္ကို သြက္လက္တဲ့ လွ်ာတစ္ခုရွိတာပဲ။ ဒါေၾကာင့္ အဲ့ဒီေကာင္မေလးေတြ နင့္ကို ေႂကြၾကတာ မဆန္းပါဘူး မိန္လိ၏ စကားလုံးမ်ားမွာ အနည္းငယ္ ခါးသက္ေနေသာ္လည္း သူမ၏ အေနအထားမွာ အနည္းငယ္ တိုးတက္လာသည္မွာ ရွင္းလင္းေနသည္။ သူမ၏ ခႏၶာကိုယ္ကို ဆန့္တန္းလိုက္ၿပီး သူမ၏ အဝတ္ကို အနည္းငယ္ ဆြဲလိုက္သည္။ သူ၏ အၾကည့္ေအာက္တြင္ အနည္းငယ္ မသက္မသာျဖစ္ေနဟန္ေပၚသည္။

ဒီလူက တကယ္ကို ငေၾကာင္ တစ္ေကာင္ပဲ။ အရင္တုန္းက ငါ ဘာပဲ ဝတ္ဝတ္ အဲ့ဒီလို အေၾကာက္ကင္းမဲ့တဲ့ မ်က္လုံးေတြနဲ႕ ဘယ္သူမွ ငါ့ကို စိုက္မၾကည့္ရဲဘူး။
ခ်င္မင္းဆက္ ပ်က္သုန္းၿပီးေနာက္ သူမသည္ မိဖုရားတစ္ပါး မဟုတ္ေတာ့ေသာ္လည္း သူမကို ငန္း ရဲေသာ မည္သည့္မ်က္လုံးကိုမဆို ဆုပ္ၿဖဲပစ္မည္ျဖစ္သည္။
သို႔ေသာ္ သူမ၏ အသက္သည္ လက္ရွိတြင္ ဤလူႏွင့္ ဆက္ႏြယ္ေနေသာေၾကာင့္ သူ႕ကို သတ္၍မရ၊ အျပစ္ေပး၍လည္း မရေသာေၾကာင့္ သနားစကားေကာင္းေနသည္။ သူ႕ကို လုပ္နိုင္ေသာ အရာတစ္ခုမွမရွိသည္ကို ျမင္ရေသာအခါ သူမ အလြန္ေဒါသထြက္ေနသည္။

စနိုးထြက္သြားၿပီလို႔ ေျပာခဲ့တယ္မလား။ သူဘယ္ကို ထြက္သြားတာလဲ ဇူအန္ ေမးလိုက္သည္။

ငါ ဘယ္လိုလုပ္ သိမွာလဲ မိန္လိ ႏွာမႈတ္လိုက္သည္။ သူမက ေဘးတစ္ဖက္ကို ထိုးၫႊန္ျပကာ ေျပာလိုက္သည္။ နင္က သစ္တုံးေျခာက္တစ္ခုလုံ ေသေနေတာ့ သူ႕မွာ နင့္အဖို႔ စာတစ္ေစာင္ ေရးဖို႔ အခ်ိန္ေတာင္ ရွိခဲ့တယ္

စာ ဇူအန္သည္ စားပြဲေပၚတြင္ စာတစ္ေစာင္ရွိေနသည္ကို ေတြ႕လိုက္ရသည္။ ထိုစာကို အလွ်င္အျမန္ေကာက္ယူကာ ဖတ္လိုက္သည္။
ဇူအန္၏ အဝတ္မရွိေသာ ခႏၶာကိုယ္ ႐ုတ္တရက္ ေဖာ္ျပလိုက္ျခင္းေၾကာင့္ မိန္လိ အနည္းငယ္ ရွက္ေသြးျဖာသြားသည္။ သူမ အလွ်င္အျမန္ ေခါင္းလွည့္ကာ ေျပာလိုက္သည္။ အနည္းဆုံးေတာ့ အဝတ္အရင္မဝတ္နိုင္ဘူးလား

ဘာပဲျဖစ္ျဖစ္ တစ္ညလုံး အကုန္ျမင္ၿပီးသြားၿပီပဲ။ အခု အဝတ္ ဝတ္ထား မထား ဘာမွ မျခားနားေတာ့ပါဘူး ဇူအန္ မ်က္လုံးလိမ့္လိုက္သည္။

... မိန္လိ
ဒီအေကာင္က တကယ္ကို မုန္းတီးစရာေကာင္းတာပဲ။
တစ္စုံတစ္ရာေျပာရန္ ျပန္လွည့္လိုက္သည့္အခ်ိန္တြင္ သူ၏ ကိုယ္ရွိ အစိတ္အပိုင္းတစ္ခု သည္ သူမကို ရင္တုန္သြားေစသည္ကို ႐ုတ္တရက္ သတိျပဳမိလိုက္သည္။ ၎သည္ ထိတ္လန့္စရာေကာင္းေနသျဖင့္ သူမကို စကားထစ္သြားေစသည္။

သို႔ေသာ္လည္း ဇူအန္က သူမ၏ အျပဳအမူကို ဂ႐ုမစိုက္ေပ။ ေရွာင္႐ႊယ္ယင္း ခ်န္ထားခဲ့ေသာ စာကို ေကာက္ယူကာ ေသခ်ာဖတ္ရႈ႕လိုက္သည္။
ငါ အခုထြက္သြားၿပီ။ အခုဆိုရင္ ရွီကလန္ နဲ႕ လမ္းခြဲလိုက္ၿပီဆိုေတာ့ ရွီကလန္ ေရာက္လာၿပီးေတာ့ အကြက္မေ႐ြ႕ခင္မွာ ငါ့ရဲ႕ လူေတြကို ေနရာျပန္ခ်ထားေပးဖို႔လိုတယ္။ မေန႕ညက ကိစၥအတြက္ေတာ့...ေက်းဇူးတင္ပါတယ္။ ၿပီးေတာ့ အဲ့ဒီအေၾကာင္းကို မိန္းကေလးခ်ဴကို မေျပာပါနဲ႕။ အကယ္၍ ခ်ဴကလန္မွာ နင္ေနရတာ မေပ်ာ္ဘူးဆိုရင္ ငါ့ကို ၿမိဳ႕ေတာ္မွာ လာရွာလို႔ရတယ္

...

စာေပၚရွိ စကားလုံးမ်ားမွာ အနည္းငယ္ ရႈပ္ပြေနသည္။ ၎သည္ ထိုစာကို ေရးစဥ္က သူမ၏ ႏွလုံးသား၏ တြန့္ဆုတ္မႈကို ေရာင္ျပန္ဟပ္ေဖာ္ျပေနသည္။
သူတကယ္ကို ထြက္သြားၿပီပဲ... ယမန္ညက သူတို႔ မွ်ေဝခဲ့ေသာ ႏြေးေထြးမႈ ကို ျပန္ေတြးေတာရင္း ရင္ထဲတြင္ အလြန္ဟာတာတာျဖစ္ေနသည္ဟု ႐ုတ္တရက္ ခံစားမိလိုက္သည္။
စာကို သိမ္းလိုက္ကာ မိန္လိ ဘက္ျပန္လွည့္လိုက္သည္။ သူ နည္းနည္းႀကိမ္းလိုက္သည္။ ခင္ဗ်ားရွိေနရက္သားနဲ႕ ဘာျဖစ္လို႔ သူ႕ကို တားဖို႔ မႀကိဳးစားရတာလဲ။ အနည္းဆုံေတာ့ သူ႕ကို ႏႈတ္ဆက္ဖို႔အတြက္ က်ဳပ္ကို ႏွိုးခဲ့ေရာေပါ့

ဘာျဖစ္လို႔ အဲ့ဒီလို ငါလုပ္ေပးရမွာလဲ မိန္လိ ေျဖလိုက္သည္။

... ဇူအန္
ဝိုး။ အဲ့ဒါ အခ်က္ေကာင္းပဲ။ ခံျငင္းဖို႔ေတာင္ စကားလုံး တစ္ခုေတာင္ ရွာမရဘူး။

သို႔ေသာ္လည္း ထိုအေၾကာင္းကို မိန္လိ ေတြးေလေလ ပိုမို ေဒါသျဖစ္လာေလေလျဖစ္သည္။ မေန႕ညက ငါ့ကို ဘယ္ေလာက္ ဒုကၡေရာက္ေစခဲ့တယ္ဆိုတာကို ေနသိလား

ဘယ္လို ဒုကၡလဲ ဇူအန္ အံအားသင့္သြားသည္။ ငါ့အတြက္ေရာ ဘာလုပ္ေပးခဲ့တာမလို႔လဲ။

ဟြန္း။ နင္မေန႕ညက အေတာ္ေသာင္းက်န္းခဲ့တာပဲ။ အဲ့ဒီ ပမႊားခႏၶာကိုယ္ေလး က အဲ့ဒီေလာက္ အသံေတြ ထုတ္နိုင္ေလာက္တဲ့အထိ တတ္နိုင္လိမ့္မယ္လို႔ မထင္ထားခဲ့ဘူး။ အကယ္၍ ငါသာ အိမ္အနားမွာ အကာအကြယ္ မခ်ထားခဲ့ရင္ နင့္ရဲ႕ အရႈပ္ထုပ္ကို အခုေလာက္ဆိုရင္ ခ်ဴကလန္ တစ္ခုလုံး သိေနေလာက္ၿပီ
သူမ ကဲ့သို႔ေသာ မိဖုရားတစ္ပါးသည္ အထိန္းေတာ္တစ္ေယာက္ သို႔မဟုတ္ အေစခံတစ္ေယာက္ ကဲ့သို႔ အထိ ႏွိမ့္ခ်ကာ သူ၏ အရႈပ္ထုပ္ကို ရွင္းေပးခဲ့ရသည္ကို ေတြးကာ သူမကို အလြန္အမင္း စိတ္တိုေစသည္။

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၆၂၇ ရရွိလိုက္သည္။

ထိုစကားၾကားရေသာအခါ ဇူအန္ ေခြၽးေစးျပန္သြားသည္။ မေန႕ညက အျဖစ္တြင္ လုံးဝ အာ႐ုံေရာက္ေနေသာေၾကာင့္ အေသးစိတ္ကို သတိမထားမိခဲ့ေပ။
ေက်း..ေက်းဇူးပဲ.... ယခုအခါတြင္ ဤကဲ့သို႔ ေျပာသင့္ မေျပာသင့္ကို ဇူအန္ မေသခ်ာေပ။

ေနာက္တစ္ခါ ငါ့ကို အရႈပ္မရွင္းခိုင္းတာ ေကာင္းမယ္။ ေနာက္တစ္ခါ ဒီေလာက္ စိတ္ရွည္ေနမွာမဟုတ္ဘူး မေန႕ညက ဖိတ္မေခၚထားေသာ ျပပြဲကို မိန္လိ ေဒါသျဖစ္ေနဆဲ ျဖစ္သည္။

ဇူအန္ ရွက္ကိုးရွက္ကန္း ရယ္ကာ စကားလမ္းလႊဲလိုက္သည္။ ခင္ဗ်ား နိုးေနတာေတာင္ မေန႕ညက က်ဳပ္ေခၚတာကို ဘာျဖစ္လို႔ ျပန္မထူးတာလဲ

နင္ အခု အေကာင္းအတိုင္း လတ္လတ္ဆတ္ဆတ္ ရွိေနတယ္ မဟုတ္လား မိန္လိ မ်က္လုံးလိမ့္လိုက္သည္။

က်ဳပ္ ေသမလို႔နီးပါးျဖစ္ခဲ့ရတယ္ ဇူအန္ အထြတ္တက္လိုက္သည္။ အသက္ရွင္ဖို႔အတြက္ ရွိသမွ် ဝွက္ဖဲအကုန္ သုံးခဲ့ရတယ္။ ေလာင္မိုင္ ေၾကာင့္သာ မဟုတ္ရင္ အခုေလာက္ဆိုရင္ က်ဳပ္တို႔ ႏွစ္ေယာက္စလုံး ေသေနေလာက္ၿပီ

ငါ ဘာျဖစ္လို႔ ထြက္မလာခဲ့လဲဆိုတာကို သိလား မိန္လိ ေအးစက္စြာ ေမးလိုက္သည္။

အဲ့ဒါဘာျဖစ္လို႔လဲဆိုရင္ ရွီလဲ့ဇီ ကို မနိုင္လို႔မလား ဇူအန္ ခန့္မွန္းလိုက္သည္။

... မိန္လိ
သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၃၁၄ ရရွိလိုက္သည္။
ဒီေကာင့္ရဲ႕ ပါးစပ္ကေတာ့ တကယ္ကို...ေအာ့

ေအးစက္စက္ ႏွာမႈတ္လိုက္ကာ သူမ ေျပာလိုက္သည္။ အဆင့္ရွစ္ ေလးတစ္ေယာက္ က ငါ့ ၿပိဳင္ဘက္မဟုတ္ဘူး။ ငါ မေပၚလာခဲ့တာက ငါ့အေပၚကို နင္ လုံးဝ မွီခိုေနတာမ်ိဳး မျဖစ္ေစခ်င္လို႔ပဲ။ တစ္ျခားတစ္ေယာက္အေပၚပဲ မွီခိုအားထားေနရင္ ဘယ္ေတာ့မွ သန္မာလာမွာမဟုတ္ဘူး။ ၿပီးေတာ့ ငါက နင့္အရႈပ္ေတြ အၿမဲရွင္းေပးမယ္လို႔ စိတ္ထဲထင္ေနရင္ အခြင္အေရး ရွိသမွ် အႏၱရာယ္အကုန္လုံး မိုက္မိုက္မဲမဲနဲ႕ ဆက္ၿပီး ခုန္ဝင္ေနဦးမွာပဲ
ဒါေၾကာင့္ ငါ ႏွစ္အနည္းငယ္ ထပ္ေနခ်င္ရင္ အစကတည္းက စြန့္စားမႈတစ္ခ်ိဳ႕ ယူလိုက္တာ အေျမာ္အျမင္ရွိတာပဲ။ ဒီလို အေသးအမႊားကိစၥေလးမွာေတာင္ အသက္မရွင္နိုင္ရင္ ငါ့ ေဝဒနာ ဆက္မခံစားေတာ့ဘဲ ဒီမွာပဲ အားလုံးအဆုံးသတ္လိုက္တာက ပိုေကာင္းမယ္ထင္တယ္

ထိုစကားလုံးမ်ားက ဇူအန္၏ ႏွလုံးသား ေခါင္းေလာင္းကို တခြၽင္ခြၽင္ျမည္သြားေစသည္။ မိန္လိ၏ တည္ရွိမႈေၾကာင့္ သူ ပိုမို ရဲတင္းလာသည္မွာ အမွန္တရားျဖစ္သည္။ သူ အႏၱရာယ္ က်ေရာက္လာလွ်င္ သူမ မ်က္ကြယ္ျပဳလိမ့္မည္မဟုတ္ဟု ေတြးခဲ့သည္လည္း ပါသည္။
အခ်ိန္ၾကာၿပီးေနာက္ ဇူအန္ က သူမကို ေလးေလးနက္နက္ ဦးၫြတ္လိုက္ကာ ေျပာလိုက္သည္။ က်ဳပ္ အျမင္မွန္ရသြားပါၿပီ။ ေနာက္ဆို ခင္ဗ်ားအေပၚကို အားမကိုးေတာ့ဘဲ ကိုယ့္ျပႆနာကို ကိုယ့္ဟာကိုယ္ အေကာင္းဆုံး ႀကိဳးစား ေျဖရွင္းပါ့မယ္

နင္ အေကာင္းဆုံး ႀကိဳးစားလို႔မရဘူး။ လုပ္ကို လုပ္နိုင္ရမွာ။ အနာဂတ္မွာ နင့္ရဲ႕ ၿပိဳင္ဘက္က မာစတာအဆင့္ နဲ႕အထက္ဆိုရင္ ငါက နင့္ကို ကယ္တင္ေပးဖို႔ အိမ္မက္ေတာင္ မက္မရဘူး။ အဲ့ေလာက္ေတာ့ နားလည္လိမ့္မယ္လို႔ ငါထင္တယ္ မိန္လိ ေျပာလိုက္သည္။
ၿပီးေတာ့ ေနာက္ဆို ငါနဲ႕စကားမေျပာခင္ အနည္းဆုံးေတာ့ ေအာက္ခံအ၀တ္၀တ္ထား။ နင့္ ပစၥည္းကို တရမ္းရမ္း လုပ္မေနနဲ႕

---- ----- ----------------------------------------------- ------ -- -- -- --

Seguir leyendo

También te gustarán

49.5K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
353K 38.8K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
1.7M 94.8K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...