The Crown ✅

由 Ciel_Zizawar

228K 15.6K 1K

Plundering The Crown. The Beginning of TawWin Nation. Own Universe. ✅ အပိုင်း ၃၂ နောက်ပိုင်း paid gp ရှိပါတ... 更多

အခန်း ၁။
အခန်း ၂။ ⚠
အခန်း ၃။
အခန်း ၅။ ⚠
အခန်း ၆။
အခန်း ၇။
အခန်း ၈။
အခန်း ၉။ ⚠
အခန်း ၁၀။
အခန်း ၁၁။
အခန်း ၁၂
အခန်း ၁၃။ ⚠
အခန်း ၁၄။
အခန်း ၁၅။ (ပထမပိုင်း)
အခန်း ၁၅။ (ဒုတိယပိုင်း)
အခန်း ၁၆။
အခန်း ၁၇။
အခန်း ၁၈။
အခန်း ၁၉။
အခန်း ၂၀။ ⚠
အခန်း ၂၁။
အခန်း ၂၂။
အခန်း ၂၃။
အခန်း ၂၄.၁။
အခန်း ၂၄။
အခန်း ၂၅။
အခန်း ၂၆။
အခန်း ၂၇။
အခန်း ၂၈။ ⚠
အခန်း ၂၉။
အခန်း ၃၀။
အခန်း ၃၁။ ⚠(Special Present)
အခန်း ၃၂။ (Final)
မုန့်ဖိုး
paid for fund

အခန်း ၄။

6.2K 479 3
由 Ciel_Zizawar

Unicode

" ခမည်းတော် "

" ရောက်လာပြီလား "

အိမ်ကိုပြန်ရောက်ချင်း ဖခင်ဖြစ်သူမှညစာလာစားဖို့ဖုန်းဆက်တာကြောင့် သူအိပ်ရာထဲရောက်နေရာကနေ​ ပြန်ထလာရသေးသည်။ ကားယူပြီးချက်ချင်းထွက်လာသည်မို့ သူရောက်လျှင်ပင် မိခင်ဖြစ်သူမှာ ချည်အင်္ကျီဝမ်းဆက်နှင့် ကျက်သရေရှိစွာ ဧည့်ခန်းတွင်ရှိနေလေသည်။

" ကျွန်တော် နောက်ကျသွားသေးလား အမေ "

" မကျပါဘူး၊ မောင်နိမိတ်တောင်မလာသေးဘူး လာ သား ထိုင် "

မိခင်ဖြစ်သူမှဆိုဖာရှေ့သို့ညွှန်ပြလျှင် ငြင်သာစွာဝင်ထိုင်လိုက်ပြီးနောက် အပြုံးအေးအေးဖြင့်မိဘနှစ်ပါးကိုတုံ့ပြန်ရသည်။

" နိမိတ်က အခုထွက်လာပြီပြောတယ်၊ ခဏစောင့်ကြတာပေါ့ "

ခမည်းတော်စကားကြောင့် မင်းသားကခေါင်းငြိမ့်လက်ခံလိုက်ရင်းနှင့် တိတ်ဆိတ်စွာထိုင်နေလိုက်တော့သည်။ လေထုကတိတ်ဆိတ်သော်ငြား​ နွေးထွေးမှုတွေရှိနေသည်မို့ သက်တောင့်သက်သာဖြစ်ကာ နေရထိုင်ရတာအဆင်ပြေသည်။ သို့သော် မင်းသားတစ်ပါးမို့လို့ ခါးကိုမတ်ထားရင်းနှင့် ကိုယ်ကိုတည့်မတ်စွာငြိမ်နေရတာဖြစ်သည်။

သိပ်မကြာလိုက်ခင်မှာပဲ ကားသံကြားတာမို့ နိမိတ်ရောက်သည်ကိုသိကာ သူအပေါက်ဝကိုမျှော်ကြည့်လိုက်လျှင် မိနစ်ပိုင်းအတွင်းမှာပဲ သူ့မျက်စိရှေ့တွင် နိမိတ်ကဝင်ရောက်လာလေသည်။ ပွဲမှာရှိခဲ့တဲ့အဝတ်ကိုမှ coat ကိုချွတ်ထားပြီး ကြယ်သီးနှစ်လုံးဖြုတ်ထားကာ ပေါ့ပါးသည့်ပုံဖြင့် သူကအထဲသို့ဝင်လာလျှင် အမေကနိမိတ်အားပြုံးကာကြိုဆိုသည်။

" ကြည့်ရတာ ကျွန်တော်ပဲကျန်တာထင်တယ် "

" ဟုတ်ပါ့ကွာ၊ လာ၊ ရောက်တော့လည်း ညစာစားပွဲလေးလုပ်ကြတာပေါ့၊ အပေါ်ထပ်မှာ စားပွဲပြင်ထားတယ် "

ခမည်းတော်က သူ့သားမက်ကျတော့ ချိုချိုသာသာပင် ဖက်ယမ်းပြီးအပေါ်ထပ်သို့ခေါ်သွားလေသည်။ သူနဲ့အမေကတော့ နောက်ကနေလက်မောင်းချင်းချိတ်ပြီးမှ လိုက်သွားကြတာဖြစ်သည်။ ခမည်းတော်ရဲ့ဘက်လိုက်မှုကိုတော့ မမြင်ချင်ယောင်သာဆောင်လိုက်ပါတော့သည်။

စံအိမ်နန်း၏ အပေါ်ထပ်ဟုဆိုသော အခန်းတစ်ခန်းသည် အတော်အတန်ကိုကျယ်ဝင်း၍ အခန်းအလည်တွင် အစားအသောက်တွေပြည့်နေသည့် စားပွဲဝိုင်းကြီးရှိနေလေသည်။ ဖခင်ဖြစ်သူက မိခင်ဖြစ်သူအား ထိုင်ဖို့ခုံကိုဆွဲထုတ်ပေးလျှင် နိမိတ်ကပါသူ့ကိုထိုင်ဖို့ခုံလာထုတ်ပေးသည်။ မသိချင်ယောင်ဆောင်ကာဝင်ထိုင်လိုက်ပြီးတာနဲ့ နိမိတ်ကသူ့ဘေးကခုံတွင်က​ပ်ထိုင်လိုက်ပြီး ပါးလှပ်တဲ့အပြုံးကိုလှစ်ဟင်းပြထားလေသည်။

" မိသားစုဆိုတာအမြဲသိုက်သိုက်ဝန်းဝန်းရှိမှကွ ဘယ်လောက်ပဲအလုပ်ရှုပ်နေကြပါစေ မိသားစုကိုအချိန်ပေးဖို့မမေ့နဲ့ "

ဖခင်၏သြဝါဒ​ခြွေချသည်ကိုကြားလျှင် မြတ်သူ​က ခေါင်းငြိမ့်လက်ခံလိုက်ရင်းနှင့် အပြုံးနှင့်တုံ့ပြန်သည်။ ထို့​နောက်တွင်တော့ မိခင်၏လှုံ့ဆော်မှုကြောင့် ညစာစားပွဲကိုစတင်လေသည်။

နွေးထွေးသည့် ဒီအသိုက်အမြုံကိုရောက်သည့်အခါတွင် တစ်ခဏလောက်တော့စိတ်လွတ်ကိုယ်လွတ်ရယ်မောချင်တာမို့ နိမိတ်ကိုလျစ်လျူရှူရင်း အမေနဲ့အတူစကားပြောမိသည်။

" ဒါနဲ့ ဘယ်တော့လောက် တရားဝင်ထုတ်ပြန်ကြေညာချက်ထုတ်ကြမလဲ "

ခမည်းတော် အမေးကြောင့် မဟာမြတ်သူကပုံစံကရယ်ရာမှတန့်သွားရင်း နိမိတ်ကိုလှည့်ကြည့်လိုက်သည်။ ပါးစပ်ထဲစားနေသည့် အသားကိုကြေညက်အောင်ဝါးမြိုချပြီးတာနဲ့ တစ်စုံတစ်ခုကိုစဥ်းစားလေသည်။

သူ့အနေနဲ့ ထုတ်မပြောချင်ပေ။ ဖြစ်နိုင်ရင်ဘယ်တော့မှမပြောဘဲ ဒီတိုင်းသာဖာသိဖာသာနေချင်သည်။

ရုတ်တရက်ခြေသလုံးကိုလာပွတ်တဲ့တစ်စုံတစ်ခုကြောင့် ထိတ်လန့်သွားရင်းကနေ နိမိတ်ကိုခပ်စူးစူးလှည့်ကြည့်လိုက်သည်။ နိမိတ်မျက်နှာကစပ်ဖြဲဖြဲဆိုသော်ငြား မဟာမြတ်သူကစိတ်ရှုပ်နေတာ။

မျက်စိရှေ့ကသားနဲ့သားမက်ကိုကြည့်လို့ မိခင်ကမသိမသာပြုံးလိုက်ရင်းနဲ့ ခင်ပွန်းဖြစ်သူ၏မျက်နှာကိုလှမ်းကြည့်လိုက်သည်။

" နိမိတ်! "

လေတိုးသံနှင့် သူနိမိတ်ကိုလှမ်းဟောက်တော့ နိမိတ်ကသူ့ကိုဘာမှမသိလိုမျိုး ပြုံးပြနေပြန်သည်။

" ဟင်း ကျွန်တော် မကြေညာစေချင်သေးဘူး ခမည်းတော် အဲ့တာကလည်း ကျွန်တော်အချိန်လိုတယ် ဒီလက်ထပ်ပွဲ ကျွန်တော့်ဆန္ဒပါခဲ့တာလည်းမဟုတ်ဘူး အဲ့တာကြောင့် ထုတ်မပြောချင်သေးတာကိုနားလည်မယ်ထင်တယ် "

နိမိတ်ကသူ့ကိုဘာမှဝင်မပြော။ သူဘာပြောပြော ​အပြုံးမျက်နှာထားနှင့် ကြည့်နေလေသည်။ ကြည့်ရတာနိမိတ်တွင်လည်း ထုတ်ပြောဖို့ဆန္ဒရှိပုံမပေါ်။

ဖခင်ဖြစ်သူက ခေါင်းတငြိမ့်ငြိမ့်နှင့်သာလက်ခံပုံရသည်။ လက်မခံလည်းဘာမှမထူးပါ။ တော်ဝင်မင်းသားဆိုတဲ့မဟာမြတ်သူက မာနကြီးပြီးခေါင်းကြောမာသည်မို့။

" နိမိတ်ကကော အဆင်ပြေရဲ့လား "

" ကျွန်တော်ကအလောမကြီးပါဘူး အဖေ "

" အင်း မင်းတို့ချင်းအဆင်ပြေရင် ပြီးတာပါပဲ "

သူ့ခြေသလုံးတွေကိုပွတ်သပ်နေတဲ့ ခြေထောက်တွေကရပ်မသွားပေ။ တစ်ချက်တစ်ချက်ယားတက်လာတဲ့အခါကျ မြတ်သူခမျာ တွန့်ခနဲဖြစ်သွားရတဲ့အထိ။

သူ့အားလူကြီးတွေရှေ့တွင် မသိမသာလာစနေသော နိမိတ်သည် အင်မတိအင်မတန်ကို ဖြတ်ရိုက်ချင်စရာကောင်းလှပေသည်။

ထိုနေ့ညစာစားပွဲတွင် နှစ်ယော​က်သား ကားတစ်စီးတည်းပြန်ရမည်ဟုမေမေ့ဆီက အမိန့်ကျသည်မို့ သူ့ကားလေးကို စံအိမ်နန်းမှာထားခဲ့ရပြီး နိမိတ်ကားနဲ့ပြန်ခဲ့ရလေသည်။

ငြိမ့်နေတဲ့ကားထဲတွင် ကားသုံးအမွှေးနံ့တစ်မျိုးကိုရနေပြီး ထိုအနံ့ကမဟာမြတ်သူရဲ့စိတ်ကိုကြည်လင်စေသည်။ တံခါးလက်တင်ပေါ်၌ သူ့လက်ကိုတင်ထားရင်း တတောက်တောက်ခေါက်နေမိ၏။

ပလက်ဖောင်းပေါ်ကလူတွေတင်မက ဘေးချင်းကပ်မှ ​ပြေးလွှားနေသည့် ကားတွေသည်လည်း သူ့လိုရာသူသွားနေသည်။ လိုရာရောက်ဖို့ဆိုတာကိုပင် ဘာမှန်းမသိရအောင် ရှုပ်ထွေးပွေလီနေတဲ့ သူ့စိတ်ကတော့ အင်မတိအင်မတန်ကို နေရာများစွာသို့ပြန့်ဝဲနေသည်။

နိမိတ်သူ့ဘေးကလူကို တစ်ချက်တစ်ချက်ငဲ့ကြည့်လျှင် အတွေးပြန့်နေတာကိုသတိထားမိသည်။ တစ်ခါတလေမျက်မှောင်ကျုံ့သွားလိုက် တစ်ခါတလေ မျက်ခုံးပင့်သွားလိုက်နှင့် ဒီလူ့အတွေးတွေကရှုပ်ထွေးနေတာဟုလည်း ခန့်မှန်းနိုင်သည်။

" ဘယ်ကိုမောင်းနေတာလဲ "

သတိဝင်လာသူက ယခုမှလမ်းကြောကိုသတိထားမိပုံရပြီး နိမိတ်ကိုလှည့်ကြည့်ကာမေးလာသည်။

" စံအိမ်ကိုလေ "

" ဘယ်သူကစံအိမ်လိုက်မယ်ပြောနေလို့လဲ..! အခုကားကိုပြန်လှည့်..! "

" ပြန်လှည့်စရာလား ကိုယ့်ကားနဲ့ကိုယ်ပဲ။ မကျေနပ်ရင် ဆင်းကျန်ခဲ့ "

သူ့အားဘုတောနေသည့် နိမိတ်ကိုသူခပ်စူးစူးကြည့်လိုက်ပြီး သူ့မျက်နှာကတအားစိတ်တိုနေပုံလည်းပေါ်သည်။

" အဲ့တာဆိုအခုရပ် ငါကားငှားပြန်မယ် "

သူပြောသော်လည်း စက္ကန့်ပိုင်းလောက်ကြာသည်အထိ နိမိတ်ကသူ့ကိုဘာမှပြန်မပြောဘဲ ကားကိုသာဂရုတစိုက်မောင်းနေသည်။ ကြာလေပိုစိတ်တိုလေဖြစ်ကာသူအော်လိုက်လျှင်

" နိမိတ်ရှိန်ဝါ ! အခုရပ်လို့ မင်းကိုပြောနေတယ် "

" ကိုယ့်ကားနဲ့ကိုယ် ရပ်ချင်ရပ်မယ် မရပ်ချင်မရပ်ဘူးပေါ့ ဘာဖြစ်လို့အမိန့်တွေလာပေးနေတာလဲ "

" ကျစ် ! ဒီခွေးကောင် ! "

မဟာမြတ်သူက စိတ်ပိုတိုလာကာ နိမိတ်၏ လက်မောင်းတစ်ဖက်ပေါ်သို့ ဒေါသဖြင့်ထိုင်နေရာမှခုန်အုပ်လိုက်ပြီး ဖြေလျှော့ထားသည့် ကြွက်သားတွေကို ကုန်းကိုက်ပစ်လိုက်တော့သည်။

သွားတွေနဲ့ဆွဲဆုတ်သလိုကို သူကိုက်နေသော်ငြား နိမိတ်ကတုပ်တုပ်မလှုပ်ပေ သူ့အားမျက်လုံးစူးကြီးများနဲ့စောင်းကြည့်နေပြီး သတ်မလိုဖြတ်မလိုတွေကြည့်နေတာဖြစ်သည်။

" အခုလွှတ်လိုက်နော် စံအိမ်ရောက်ရင်တော့ခင်ဗျားအသေပဲ "

သို့သော်ငြား မဟာမြတ်သူကလွှတ်မပေးဘဲနဲ့ နိမိတ်ကိုမျက်ဝန်းစူးစူးတွေနဲ့ မော့ကြည့်နေသည်။

တရိပ်ရိပ်ပြေးလာသည့်ကားသည် စံအိမ်ဝန်းထဲရောက်လာသည့်တိုင် မဟာမြတ်သူရဲ့သွားစွယ်တွေက နိမိတ်လက်မောင်းပေါ်တွင်ရှိနေဆဲဖြစ်သည်။ နိမိတ်ကစံအိမ်ကြီးးရှေ့တွင်ကားးထိုးရပ်လိုက်ပြီးတာနဲ့ မင်းသားရဲ့ကိုယ်လုံးကိုဆောင့်တွန်းပစ်ပြီး ကားနံရံကိုမှီသွားတာနဲ့တစ်ပြိုင်နက် သူ့ကိုယ်ကြီးနှင့်အုပ်မိုးဖိထားလိုက်သည်။

" နိမိတ်ရှိန်ဝါ!! "

" ခင်ဗျားကိုလွှတ်လိုက်ဖို့ ကျုပ်ပြောတယ်နော် "

စူးစူးရှရှငုံ့မိုးကြည့်သည့်တိုင် မဟာမြတ်သူကလည်း သူ့ကိုနီစပ်နေတဲ့မျက်ဝန်းတွေနဲ့ မော့ကြည့်နေလေ၏။ မျက်ဝန်းထဲမှာကြောက်လန့်မှုနည်းနည်းမှမရှိသလို၊ ပိရိတဲ့နှုတ်ခမ်းတွေကလည်း တင်းတင်းစေ့ထားသည့်ကြားက အံကလည်းကြိတ်ထားသေးသည်။

" ခင်ဗျားက တအားအမြင်ကတ်ဖို့ကောင်းတယ် "

" အဲ့တော့ မင်းကဘာဖြစ်ချင်လို့လဲ "

" ခင်ဗျားက ကျုပ်ထိုးရင်တစ်ချက်တောင်မရှိဘူး ဒါကိုနားလည်လား "

ဘယ်လိုပင်ခြိမ်းခြောက်ခြောက် တော်ဝင်သွေးပီပီ မဟာမြတ်သူက မျက်ဝန်းရှရှတွေနဲ့စူးစိုက်ကြည့်နေဆဲဖြစ်သည်မို့ နိမိတ်ဟက်ခနဲရယ်ချကာ သူ့ကိုယ်ပေါ်အုပ်မိုးထားရာကဖယ်လိုက်သည်။ အလေးအနက်တွေးတောနေသည့်မျက်ဝန်းတွေက နက်ဆွေးကာ ချောက်နက်တွေနှင့်ပင်တူသည်။ ဆွေးရိနေတဲ့မျက်ဝန်းတွေက ပကတိပုစ္ဆာများလိုဖြစ်တော့၏။

" driver နဲ့ကားနောက်တစ်စီးထည့်ပေးလိုက်မယ် "

သူကားပေါ်ကထွက်လိုက်တာနဲ့ မဟာမြတ်သူကလည်းကားပေါ်ကဆင်းလာသည်။ နောက်တော့ အနားတွင်ရှိအလုပ်သမားလက်ထဲကားသော့ထည့်ပေးလိုက်တာနဲ့ ထိုကားငယ်လေးအားတက်မောင်းကာ ဂိုထောင်ထဲရွှေ့သွားတော့သည်။

နိမိတ်အံ့သြသည်။ ဒီလိုမျိုးလူသိရှင်ကြားပွဲကျင်းပထားတဲ့ညမှ နိမိတ်စီးတဲ့ကားနဲ့လူအာရုံစိုက်ခံပြီး မဟာမြတ်သူရဲ့ condo ကိုလိုက်ပို့လို့မရတာသူမသိဘူးလား။ သူ့လောက်လူသိမခံစေချင်တာဟာလည်းသူပဲကို အခုကျမှ သူ့အိမ်ကိုအတင်းမောင်းခိုင်းသည်။

ဦးဏှောက်မရှိဘူးလားမေးမိပါက နိမိတ်မေးရိုးတွေပိန်ရှုံ့သွားအောင်ထိုးခံရမယ့်ဖြစ်ခြင်းပင်။

ထို့နောက် ကားနောက်တစ်စီးထွက်လာကာ နိမိတ်တို့ရှေ့တွင်တည့်တည့်ကိုရပ်ဆိုက်လေသည်။ မဟာမြတ်သူက ကားနောက်ခန်းတွင်ဝင်ထိုင်လိုက်ပြီးတာနဲ့ ကားတံခါးဆွဲပိတ်ဖို့ကြံလျှင် နိမိတ်ကဖြတ်ရိုက်ချင်စရာမျက်နှာထားမျိုးနဲ့ ဆွဲထားလေသည်။

" မင်းဘာဖြစ်ချင်နေတာလဲ "

" မနက်ဖြန် ပဲရစ်ကိုသွားရမယ်လေ ခုနှစ်ရက်တစ်ပါတ်တော့ကြာမယ် "

" အဲ့တာငါနဲ့ဘာဆိုင်လဲ "

" အိမ်ထောင်ရှိလင်ယောက်ျားဆိုတာ ဇနီးမယားကိုတိုင်ပင်ရတယ်ဆိုလို့ ကျုပ်ခင်ဗျားကိုအသိပေးတာ "

" ဘာ ! နိမိတ်ရှိန်ဝါ ! "

မဟာမြတ်သူက တရှူးရှူးတရှဲရှဲဖြင့်ဒေါသထွက်ကာ ထွက်လာပြီးထိုးဖို့ပြင်သော်လည်း နိမိတ်က ကားတံခါးကိုဆောင့်ပိတ်လိုက်ပြီး မောင်းဖို့အချက်ပြလိုက်သည်။ အလုံပိတ်ကားထဲ ပွစိပွစိပြောသွားမယ့်စကားတွေကို စဥ်းစားကြည့်ရုံဖြင့်နားပူသည်မို့ driver အစားစိတ်မကောင်းပေမဲ့ သူစံအိမ်ထဲလှည့်ဝင်လိုက်တော့သည်။

ဒီညတော့အတော်အတန်ကိုအိပ်ပျော်မည်ထင်သည်။ သူ့တွင်ရွှေရုပ်လေးကောက်ရသည့်နှယ် မဟာမြတ်သူနှင့်အိမ်ထောင်ကျပြီးကတည်းက ရယ်မောရတဲ့ရက်ဆိုတာမရိုးနိုင်ရအောင် တစ်ကိုယ်တည်းသမားတွင် ပျော်စရာလေးတွေရှိလာပြီဖြစ်သည်။

>>>>>

" morning စိမ်း "

" မောနင်းပါ မင်းသား "

အတွင်းရေးမှူးခုံတွင်ထိုင်နေသည့်စိမ်းက သူ့ကိုမြင်တော့ မတ်တပ်ထရပ်ပြီးနှုတ်ဆက်သည်။ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ရင်းနဲ့ သူရုံးခန်းထဲဝင်သွားလျှင် သူ့နောက်မှ အထွေထွေ အတွင်းရေးမှူးက ခပ်ကုတ်ကုတ်လေးလိုက်လာလေ၏။

" ကိုမိုးညို့ ဒီနေ့အတွက် appointment နဲ့ အချိန်ဇယားတွေ စိမ်းဆီမှာ တစ်ချက်လောက် သွားယူပေးပါ "

" ဟုတ်ကဲ့ပါ မင်းသား "

စုံလည်ကုလားထိုင်ပေါ် သေချာထိုင်ချလိုက်ရင်းကနေ ခြေတစ်ဖက်ကိုချိတ်တင်လိုက်သည်။ ခဏနေတော့ အပြင်ကနေ ကိုမိုးညို့ဝင်လာပြီး အချိန်ဇယားဖိုင်တွဲကို သူ့ရှေ့မှာတင်ပေးလေသည်။

" ခဏနေရင် စိမ်းက လက်မှတ်ထိုးဖို့စာရွက်စာတန်းတွေယူလာမယ်​ပြောတယ် ၊ ပြီးတော့ နေ့လည် ၁၁ နာရီပဲ ပြင်သစ်ကနေ designer လူးဝစ် စီးလာတဲ့လေယာဥ်ဆိုက်မယ်လို့ ဖုန်းရထားပါတယ် "

ထိုစကားအားကြားလျှင် မဟာမြတ်သူ၏ မျက်ခုံးတစ်ဖက်ပင် ပင့်တက်သွားရသည်။ လူးဝစ်က အကြောင်းမကြားဘာမကြားနဲ့ ပေါက်ချလာတယ်ဆိုတော့ ဘယ်လိုစိတ်ကူးများပေါက်သလဲ။

အကြိုလွှတ်ဖို့ လူလွှတ်လိုက်ပါ ကိုမိုးညို့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာအတွက် booking ယူပေးထား "

" ဟုတ်ကဲ့ပါမင်းသား သြော် ဒါနဲ့ 2 နာရီ Fashion show ကိုကော "

" လက်ဆောင်ပဲပို့လိုက်ပါ ကျွန်တော်မသွားဘူး "

ထို့နောက်တော့ အထွေထွေအတွင်းရေးမှူး ကိုမိုးညို့က ခပ်သုတ်သုတ်လှမ်းထွက်သွားပြီး ရုံးခန်းအတွင်းရေးမှူးစိမ်းက ကော်ဖီတစ်ခွက်နဲ့ဝင်လာလေသည်။

စိမ်းလက်ထဲကကော်ဖီခွက် သူ့ရှေ့ကိုရောက်လာပြီးလျှင် ဇွန်းကိုယူကာ အနည်းငယ်မွှေနှောက်လိုက်သည်။ တစ်ငုံမျှသောက်ပြီးတာနဲ့ စားပွဲပေါ်ကဖိုင်တွဲတွေကိုလှန်လှောကာ လိုအပ်သည့်နေရာတွေတွင် သေချာဖတ်ရှူ၍ လက်မှတ်ထိုးလေသည်။

ရုံးခန်း၏ နာရံသည် မှန်တွေဖြင့်သာဖွဲ့ထားသည်မို့ အပြင်မှ နေရောင်ခြည်ပြပြသည် ရုံးခန်းအတွင်းသို့ ခပ်ဖျော့ဖျော့ဖြာကျနေလေသည်။ ကုလားထိုင်မှာထိုင်လို့ လက်မှတ်ထိုးနေသော ပုံရိပ်သည် ပကတိငေးမောဖွယ်ပင်ဖြစ်တော့၏။

တော်ဝင်နိုင်ငံ၏ လေဆိပ်တစ်နေရာတွင် အရပ်မောင်းကောင်းမွန်လှစွာသော modelလို ခန္ဓာကိုယ်အချိုးအစားနှင့် လူတစ်ဦးရပ်နေခဲ့လေသည်။

အနှီလူ၏မျက်ခုံးများနှင့်ဆံနွယ်များသည် ရွှေဝါရောင်ဖျော့ဖျော့ တစ်မျိုးတည်းဖြစ်နေပြီး နှာတံမြင့်မြင့်ကောက်ကောက်က အနည်းငယ်ပွကာ နိုင်ငံခြားသားဟူသောအသွင်ကို ဆောင်လေသည်။

သူသည်အမှန်စင်စစ် Lewis Banchel ပင်ဖြစ်လေသည်။

idol တစ်ယောက်၌ ရှိတတ်ရင်အုပ်ကျယ်အစား သူ့ရင်အုပ်ပါးလှပ်သည် အောက်တွင်ရှိ ဆွယ်တာနှင့်အတူ ချစ်စဖွယ်လေးပုံပေါ်နေပြီး ဝမ်းဗိုက်တွင်ရှိတ်ကျကျပြေဆင်းသွားလေသည်။ သူ့မျက်ခုံးများကမြှားတန်းသဖွယ်တန်းညွတ်နေသည်မှာ အင်မတန်ပင်စွဲဆောင်မှုရှိချေ၏။

အနှီသူသည် ပြင်သစ်မှ လေဟုန်ကိုဆန်ခွင်း၍ ဤနေရာသို့ဆိုက်ဆိုက်ရောက်လာရလေသည်။

//

booking ယူထားသည့် စားသောက်ဆိုင်သို့ ဧည့်သည်နဲ့အတူ နေ့လည်စာအတွက်ရောက်လာလျှင် လူးဝစ်က သူ့အတွက်ထိုင်ခုံကို တလေးတစားဆွဲထုတ်ပေးလေသည်။ သူအပြုံးနှင့်တုံ့ပြန်လို့ထိုင်လိုက်ပြီးတာနဲ့ မျက်ဝန်းထောင့်မှဖျတ်ခနဲသောအရိပ်ကိုလည်းမြင်လိုက်ရလေသည်။

မျက်လုံးကိုကစားလို့ မြင်ရသည့်စိတ်ထင်တဲ့ဘက်သို့လှည့်ကြည့်လျှင် မှန်တံခါးအပေါက်ဝမှဆိုင်တွင်းသို့လှမ်းလာသည့် နိမိတ်ကိုသူတွေ့လေသည်။

နိမိတ်ကအတော်ကိုလူကောင်ကြီးသည့်အထဲပါသည်။ ဒါ့ကြောင့်မို့လည်း တစ်နေရာရာဆိုလျှင် တန်းသတိထားမိနိုင်သည့်ခန္ဓာကိုယ်မျိုးဖြစ်၏။ ဆံပင်ကိုအမြဲဘေးခွဲသိပ်ကာ မေးရိုးထင်းများနှင့် ခန့်ညားချောမောတယ်လို့ဝန်ခံနိုင်ပေမဲ့ နိမိတ်အချိုးမပြေတာဟာလည်းအမှန်ပင်။

နိမိတ်ကသူ့ကိုမျက်ဝန်းစူးတွေနဲ့စိုက်ကြည့်နေတုန်း မဟာမြတ်သူရဲ့လက်တစ်ဖက်ကလည်း လူးဝစ်ရဲ့အုပ်ကိုင်ခြင်းခံရကာ လက်ဖမိုးထက်အနမ်းတစ်ပွင့်ကိုခြွေချခံလေသည်။ မင်းသားဟူသောဂုဏ်ပုဒ်နဲ့ညီအောင်လူးဝစ်သူ့ကိုဆက်ဆံပေမဲ့ နိမိတ်မျက်မှောင်ကျုံ့သွားတာကိုသူသိသည်။ ပြီးတော့ဘာမှမဖြစ်သလိုပဲ သူလှမ်းထွက်သွား၏။

သူနိမိတ်ကို လိုက်သတိထားမကြည့်မိတော့။ အေးအေးငြိမ်ငြိမ်သာထိုင်ရင်း လူးဝစ်နဲ့စကားပြောသည်။ ဒီဧည့်သည်ကတော်ရုံလူလည်းမဟုတ်တာမို့ သူ့အတွက်တကယ်လိုအပ်သည်။ ဒီလူ့ဆီကရမယ့်အကြံဉာဏ်နဲ့ designမျိုးစုံကို သူ့companyအသုံးချဖို့လိုအပ်သည်။

" ဒီမှာအပူချိန်သိပ်မဆိုးဘူးနော် "

" နေလို့ထိုင်လို့ကောင်းရုံလောက်ပါပဲ ဟိုလောက်တော့ ဘယ်အေးမလဲ "

" အဆင်ပြေပါတယ် ကိုယ်ဒီရာသီဥတုကိုသဘောကျတယ် "

ထို့နောက်တိတ်ဆိတ်သွားသောစကားဝိုင်းသည် စားသောက်ပွဲတွင်ရောက်လာသည့်အခါတွင် အစားအသောက်ကိုသာဂရုစိုက်ကြသည်။

ခရမ်းချဥ်သီးစွပ်ပြုတ်ကို တစ်ဇွန်းချင်းချိန်သောက်နေသည့် လူးဝစ်က ဆိုင်နေရာကိုကော အရသာကိုပါသိပ်သဘောတွေ့ဟန်ပေါ်သည်။ အနောက်တိုင်းအစားအစာနဲ့ပတ်သတ်ပြီး အကျွမ်းတဝင်မစားသုံးတတ်သူအဖို့တော့ အမဲသား steak ကိုသာလှီးဖြတ်ရင်းဝါးမိတော့၏။

စားသောက်နေရင်းမှ သူ့အရှေ့တည့်တည့်ကစားပွဲတွင် မျက်နှာချင်းဝင်ထိုင်လိုက်သော နိမိတ်ကြောင့် သူဆက်စားဖို့ပင်တွန့်ရလေသည်။ နိမိတ်ကစထိုင်တည်းကသူ့ကိုသာစူးစူးရှရှကြည့်နေသည်မို့ အစားပင်မဝင်ဖြစ်ကာ သူခရင်းနဲ့ဓားကိုချထားလိုက်တော့သည်။

" စားမဝင်ဘူးလား "

" နဂိုထဲကအစားနည်းတာမို့ပါ "

လူးဝစ်ကသူပြောတာကိုယုံသွားကာ သူ့အစားကိုသာဆက်ငုံ့စားသည်။ နိမိတ်သူ့ကိုကြည့်နေရင်း လာချပေးသွားတဲ့ coffeeခွက်ကိုတစိမ့်စိမ့်သောက်သေးသည်။

နိမိတ်ရှိန်ဝါဘာဖြစ်ချင်နေသလဲမပြောတတ်ပါ။

အခုသူ့ရှေ့တည့်တည့်ထိုင်ပြီးခြိမ်းခြောက်နေတာ သည်းခံရခက်လွန်းသည်။ လူးဝစ်ကကျောပေးထားသည်မို့သာမမြင်ရပေမဲ့ သူနဲ့နိမိတ်ကတန်းနေတာမို့ သူ့မျက်နှာကို ​ရှေ့တည့်တည့်ကြည့်တိုင်းမြင်နေရ၏။ ထိုအတိုင်းဖြင့်သာ နေ့လည်စာစားချိန်ပြီးတဲ့အထိနိမိတ်သူ့ကိုထိုင်ကြည့်နေခဲ့တာ။ နိမိတ်ရှိန်ဝါက သိပ်စိတ်ရှုပ်ဖို့ကောင်းတဲ့ကောင်။

ဆိုင်ရှေ့မှာ လူးဝစ်ကို driver နဲ့ hotel ကိုတင်ပေးလိုက်ပြီးတာနဲ့ သူဆိုင်ထဲပြန်ဝင်လာလိုက်သည်။ နိမိတ်ရှေ့မှာဝင်ထိုင်လိုက်ပြီးတာနဲ့ ဒေါသကတဖြေး​ဖြေးထွက်လာသည်မို့ မျက်မှောင်ကုပ်လိုက်မိသည်။

" နိမိတ်ရှိန်ဝါ မင်းဒါဘာသဘောလဲ "

" ဘာကိုပြောချင်တာလဲ၊ ဒါ public area နော် ဘယ်လောက်ပဲ security တင်းကျပ်တဲ့ ဆိုင်လို့ပြောပြော နံရံတိုင်းမှာနားတွေရှိတယ် "

သူ့အားသတိထားဆင်ခြင်ဖို့ပြောနေသော နိမိတ်သည် အမှန်တကယ်ပင်ဖြတ်ရိုက်ချင်စရာဖြစ်၏။ ဆရာကြီးလိုလိုနှင့် နိမိတ်ရှိန်ဝါသည် တကယ်ကိုသူ့လုပ်ရပ်အားမသိချင်ယောင်ဆောင်နေသည်။

" ငါ့ကိုလိုက်မနှောင့်ယှက်နဲ့ ဘာလုပ်လို့လဲဆိုရင်တော့ မင်းကိုယ်မင်းသိပေါ့၊ တင်စီးတဲ့ကောင် ! "

သူပြောပြီးတာနဲ့ လှစ်ခနဲထွက်လာလိုက်တော့သည်။ ရုံးကိုသွားချင်စိတ်မရှိတော့တာကြောင့် ကားကို condo ဘက်သာလှည့်လိုက်တော့သည်။

လမ်းရဲ့ဘယ်ညာကိုသေချာအာရုံစိုက်ရင်းမှ ငယ်ငယ်ကခိုးဝယ်စားခဲ့ရတဲ့ရေခဲမုန့်ဆိုင်ကိုတွေ့လျှင် ကားကွေ့ကာ တစ်ဘူးလောက်ဝင်ခဲ့သေးသည်။ ထို့​နောက်မှ အိမ်သို့သာတန်းတန်းမတ်မတ်ပြန်ခဲ့၏။

သူဘယ်တော့မှစံအိမ်ကိုပြန်မှာမဟုတ်။ အိမ်ထောင်ပြုပြီးပြောင်းနေရမယ့်နေရာ​ပါ ဆိုသော်​ငြားလဲ မဟာမြတ်သူအတွက်မူ နိမိတ်ရှိန်ဝါရှိနေတဲ့အရပ်အား ဘယ်တော့မှခြေချမည်မဟုတ်ပါ။

အနောက်မှကပ်လိုက်လာသည့်ကား​ကိုသတိထားမိတာကြောင့် ဘက်မှန်ကနေစူးစိုက်ကာကြည့်လိုက်သည်။ မှန်အမဲတွေကြောင့်အတွင်းပိုင်းကိုမမြင်ရဘဲ နက်စွေးနေသည့် ထို​ဗင်ကားသည် တော်ဝင်မင်းသားဖြစ်သူ၏ကားနှင့် အတင်းကပ်၍လိုက်လာလေသည်။

ပုံမှန်မဟုတ်တာကြောင့် ပထမလမ်းကြောင်းမှ ဒုတိယလမ်းကြောင်းပေါ်သို့ ဖယ်ဆင်းလျှင် နောက်ကားသည် ထိုလမ်း​ကြောင်းနောက်ကိုပါလိုက်၍ ကပ်လိုက်လေသည်။

မဟာမြတ်သူခမျာ ခပ်ဖွာဖွာလေးဝဲကျနေသည့် ဦးစွန်းဖုတ်မွှေးတွေတောင် ထောင်ထသွားသလိုခံစားရလေသည်။ ငယ်ငယ်ကတည်းက အစောင့်များစွာနဲ့နေခဲ့ရတာကိုအသားကျပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်သည့်အချိန်တွင်တော့ အစောင့်တိုင်းကို ခမည်းတော်နဲ့မိခင်မသိအောင် နေရာတကာကိုမခေါ်တော့ပေ။ တစ်ကိုယ်တည်းသွားလာတတ်သည်မို့ ဒီနေ့ကိုမမျှော်လင့်ခဲ့ပြီဖြစ်ကာ မဟာမြတ်သူသည်ကားစီယာရင်တိုင်ကို ကျစ်နေ​အောင်ဆုပ်ကိုင်လိုက်တော့သည်။

လူချမ်းသာရပ်ကွက်ဘက်သို့မောင်းနှင်လာသည်နှင့် ကားကျဲပါးလာကာ လမ်းမကလည်းပိုကျယ်လာသည်။ မဟာမြတ်သူသည် လီဗာကုန်နင်းပြီးမှ လေလိုအရှိန်နှင့် အရှိန်တိုးမောင်းလျှင် နောက်ကားသည်လည်း ရသမျှအရှိန်တင်ပြီး မဟာမြတ်သူ၏ ကားနောက်ပိုင်းကိုဝင်ဆောင့်လေသည်။

ချွေးစေးတွေပျံလာကာ ဖုန်းကိုထုတ်ရင်းနှင့် တစ်ဖက်တွင်လည်း လမ်းမကိုကြည့်နေရသေးသည်။ ဝုန်းခနဲဝင်ဆောင့်လာတာ​ကြောင့် လက်ထဲကဖုန်းသည် ခြေထောက်များကြားပြုတ်ကျသွားပြီး မဟာမြတ်သူစိတ်တိုလာရသည်။ ခပ်လှမ်းလှမ်းဂိုထောင်ရှေ့ရှိ မြေကွက်ကျယ်၌ ကားကိုအရှိန်နဲ့လှည့်ကာ ဘရိတ်အသားကုန်နင်းချပြီး မျက်နှာချင်းဆိုင်ကားရပ်လိုက်တာနှင့် နောက်ကားသည်လည်း တော်ဝင်မင်းသား၏ကားရှေ့တွင် မျက်နှာချင်းဆိုင်တိုးရပ်လေသည်။

မဟာမြတ်သူဖုန်းကိုကောက်ယူပြီးမှ တစ်ဖက်ကလူတွေကားပေါ်ကဆင်းမလာခင် ဖုန်းဆက်အကြောင်းကြားလိုက်သည်။
တူတူဝင်သွားသည့်ဖုန်းသည် ကိုင်သူမရှိသေးပေ။ တစ်ဖက်တွင်လည်း တုတ်၊ဓားကိုယ်စီဖြင့် ဆယ်ယောက်လောက်သောလူအင်အားသည် သူ့ကားအနားသို့ တိုးလာကြပြီဖြစ်သည်။

ဖုန်းသည်ဖြေဆိုမည့်သူမရှိဟုကျသွားသည်နှင့် ကားနောက်ခန်းမှ ဘေ့စ်ဘေတုတ်ကို လှမ်းဆွဲယူကာ ကားတံခါးဖွင့်၍ဆင်းလိုက်လေသည်။

ရုတ်တရက် ပြိုင်ကားသံကျယ်ကျယ်သည် ပိုမိုနီးစပ်လာပြီးသည်နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဖက်ဗင်ကားသို့ အလည်မှနေ၍ အရှိန်ဖြင့်ဝင်တိုက်လိုက်တော့သည်။

ဖုန်များ မီးခိုးငွေ့များနှင့် ဂတ်စ်နံ့များရောကာ ထိုကားသည် ဂိုထောင်တံခါးကို နင်းကာ အုတ်နံရံကိုပင်ပြိုစေ၏ ဂိုထောင်ထဲရောက်လုနီးပင်။

နိမိတ်တစ်ကိုယ်လုံးအရှေ့သို့ယိမ်းထိုးသွားပေမဲ့ စီယာရင်တိုင်ကိုကျစ်နေအောင်ကိုင်ထားသည်မို့ အရှေ့သို့ချော်မထွက်သွားခဲ့။ ထို့နောက် နိမိတ်က loverseat တွင်တင်ထားသည့် သံပိုက်လုံးကိုဆတ်ခနဲဆွဲယူကာ ကားပေါ်မှအလျင်ဆင်း၍ အငွေ့တွေကြောင့်တဟွတ်ဟွတ်ဖြစ်နေသော ရန်သူကို လွှဲရိုက်လိုက်လေတော့သည်။

မြတ်သူခမျာအခုမှအားတက်သွားသည့် ကြက်ဖလေးသဖွယ် လက်ရှည်ကိုဆွဲတင်ပြီးတာနဲ့ ဘေ့စ်ဘောတုတ်ဖြင့် အရိုးကျိုးထွက်သွားအောင်ဝင်ရိုက်လေတော့သည်။

လေကိုဆန်ခွင်းလာသည့် ပါးလှပ်ကာပြောင်လက်နေသောဓားသည် မြတ်သူ၏မျက်လုံးထဲလက်ခနဲဖြစ်သွားသော်ငြား သူ့တွင်စက္ကန့်ပိုင်းသော နာကျင်မှုပင်မရှိခဲ့ပေ။

ဖိမှတ်ထားသောမျက်ဝန်းတွေအားဖွင့်လိုက်တာနှင့် ထိုဓားသည်လေထဲတွင်တန့်နေပြီး နိမိတ်လက်ဖဝါးကြီးဖြင့်ဆုပ်ကိုင်ထားသည်ကိုခံရကာ သွေးစက်တွေတစ်တောက်တောက်ကျနေလေသည်။

သူနိမိတ်အားသေချာကြည့်လျှင် နားထင်တွင်ချွေးပေါက်များသီး၍ ရင်အုပ်ကြီးနိမ့်မြင့်ကာ အသက်ရှူသံတွေမြန်နေလေသည်။

" ခွေးမသား !! "

လည်ပင်းအား ကျန်လက်ဖြင့်ဆုပ်ကိုင်ကာ ကိုင်ပေါက်ပြီးတာနဲ့ နိမိတ်သည် ဘီလူးစီးသည့်နှယ် အတင်းပင်ခွလုံးနေတော့သည်။ ကြောင်အမ်းနေလို့မဖြစ်တာကြောင့် ကျန်ရှိတဲ့လူနှစ်ယောက်အတွက် တစ်ယောက်ပြီးတစ်ယောက်လှဲသိပ်ရလေသည်။

တစ်ဖက်တွင် နိမိတ်က ထိုလူအားခွထိုးနေသည်ကိုမရပ်သေး။ သူ၏လက်ဖဝါးမှသွေးသာမက တစ်ဖက်လူ၏စုတ်ပြတ်သတ်နေသော ဒဏ်ရာမှသွေးများသည်လည်း လက်ဆစ်တွင်စိုရွှဲကာ သရဲပူးသည့်နှယ်ပယ်ပယ်နှယ်နှယ်ထိုးကျိတ်နေတာဖြစ်သည်။

အစကဒီတိုင်းပြီးသွားမယ်ထင်သော်လည်း နိမိတ်အောက်ကလူသည် မျက်ဖြူတွေပင်လန်နေတာကြောင့် ဘေ့စ်ဘောတုတ်ကိုပစ်ချလိုက်ရင်း နိမိတ်ကိုအတင်းဝင်ဆွဲရလေသည်။

" နိမိတ် ! တော်ပြီ ! မင်းလူသတ်နေတာလား သေတော့မယ်ကွ! တော်ပြီလို့ ! နိမိတ်ရှိန်ဝါ !! "

ချိုင်းအောက်မှလက်လျှို၍ နိမိတ်ရင်ဘတ်တွင်လက်သိုင်းကာ အတင်းဆွဲချမှ တရွတ်တိုက်နောက်ပြန်ပါလာပြီး နိမိတ်ကဒါတောင် ထပ်ထိုးဖို့ရုန်းနေသည်။

" တော်ပြီလို့ နိမိတ်ရှိန်ဝါ!! အသေသတ်မလို့လား ရူးနေတာလားကွ "

" သတ်ပစ်မှာ !! ဒီငါ-ိုးမသားကို ကျုပ်လက်နဲ့သတ်ရမှကျေနပ်မှာ ! ဖယ် ! ကျုပ်ကိုလွှတ်စမ်း မဟာမြတ်သူ !! "

" နိမိတ်ရှိန်ဝါ ! မင်းစောက်ပါးစပ်ကိုပိတ်လိုက်တော့ !! "

နောက်ကျောမှအတင်းဆွဲဖက်ထားရင်း ဖိဟောက်ပစ်မှသာ တရှူးရှူးတရှဲရှဲဒေါသကြီးနေသူက ငြိမ်သွားလေတော့သည်။ ဘာကြောင့်များဒီလောက်ထိ သရဲဘီလူးစီးသည့်နှယ် ဒေါသကြီးရတာလည်းမပြောတတ်ပါချေ။

ရဲကားနဲ့အရေးပေါ်ကားတွေရောက်လာသည်ကိုကြားတာမို့ နိမိတ်ကိုဆွဲထူပြီး အကောင်းကြီးရှိနေသည့်သူ့ကားပေါ်ကိုဆွဲတင်ရသည်။ ထို့နောက် တစ်ဖက်ကပိန်ရှုံ့နေသည့်ကားနှစ်စီးကို ဒီအတိုင်းသာထားခဲ့လိုက်လေသည်။

နိမိတ်ကဒဏ်ရာရှိသည့်လက်ကို လက်သီးတင်းတင်းဆုပ်လို့ နေရာမှသာရင်အုပ်ကြီးနိမ့်ချည်မြင့်ချည်ဖြစ်နေပုံမှာ ဒေါသအကင်းသေပုံမရသေးချေ။

စံအိမ်ကြီးဘက်ကို လူရှင်းတဲ့လမ်းတွေကနေမောင်းလာပြီးမှ ရှည်လျားသည့်လမ်းကိုအဝင်ဝမှစကာ မောင်းဝင်လာလိုက်လေသည်။

စံအိမ်ရှေ့တောင်ကားထိုးမရပ်နိုင်သူသည် ရေပန်းအသေးစားလေးရှေ့ တွင် ဘရိတ်ထိုးအုပ်လိုက်ပြီး ကားပေါ်ကခပ်သုတ်သုတ်ဆင်းသည်။

" ညိုနွဲ့ ! ညိုနွဲ့ ! ဘယ်သူမှမရှိကြဘူးလား ​ညိုနွဲ့ ! "

နိမိတ်ကားပေါ်ကနေစိတ်လျှော့ကာဆင်းလာပြီးမှ ကမူးရူးထိုးဆင်းသွားသူနောက် လက်နောက်ပစ်ရင်းလိုက်ရသည်။ မဟာမြတ်သူက ဧည့်ခန်းတွင်တကျော်ကျော်အော်ဟစ်ရင်း အိမ်အကူညိုနွဲ့ ကိုလှမ်းခေါ်နေလေသည်။

" ရှင် ! လာပြီ မင်းသား ! ညိုနွဲ့လာပြီ "

​ညိုနွဲ့နဲ့အတူ အိမ်ထိန်းဦးမောင်ကပါ ခပ်သုတ်သုတ်လှမ်းလာလေသည်။

မဟာမြတ်သူက တံခါးမကြီးနားက နိမိတ်လက်ကိုဆွဲခေါ်ကာ ​လှေကားခွင်ကြီးနှစ်ခုကြားက ဆိုဖာဆက်တီသုံးလေးခုဆက်ချထားသည့်နေရာတွင် ဝင်ထိုင်လိုက်လေသည်။

(AN/ ဒီအလည်ကနေရာ)

" ဦးမောင် ဆရာဝန်ခေါ်ပါ ကျွန်တော့်ကိုဆေးပုံးယူပေး "

" ဆရာဝန်မခေါ်နဲ့ ဦးမောင် "

" ဆရာဝန်ခေါ်!! "

ခေါင်းငြိမ့်ရနိုး နာခံရနိုးနှင့် အိမ်ထိန်းဦးမောင်သည် နှစ်ယောက်ကြားတွင် တုံဏှိဘာဝေဏဖြစ်နေပုံရသည်။

" မခေါ်နဲ့ ခင်ဗျားမစဥ်းစားတတ်ဘူးလား "

" ဦးတင့်ထွန်းကိုခေါ်တာဘာမှမဖြစ်ဘူး မင်းလျှာမရှည်နဲ့၊ ဦးမောင် ဦးတင့်ထွန်းကိုပဲခေါ် "

ထို့နောက်တော့ လက်လျှော့ပေးလိုက်သူသည် ဆိုဖာနောက်မှီပေါ်သို့ ခြေပစ်လက်ပစ်မှီချလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်လေသည်။ မဟာမြတ်သူက နိမိတ်၏တင်းတင်းဆုပ်ထားသောလက်သီးတွေကိုဖြေလျှော့၍ ဒဏ်ရာကိုသေချာကြည့်လေသည်။

ညိုနွဲ့ယူလာသည့်ဆေးပုံးထဲမှ အရက်ပြန်ပုလင်းဖြင့် အနာကိုလောင်းချလိုက်လျှင် နိမိတ်လက်တွေ အနည်းငယ် တောင့်တင်းသွားတာကိုသတိထားမိသည်။ တဖူးဖူးလေမှုတ်ပေးနေသည့်တိုင် နိမိတ်က နှဖူးပေါ်လက်တင်ကာ မျက်ဝန်းတို့ဖိမှိတ်ထားဆဲပင်။

" ဆေးကိုဆရာဝန်လာမှပဲထည့်ရအောင် "

ဓားကိုတင်းတင်းဆုပ်ကိုင်ထားခဲ့တာ​​ကြောင့် ဟက်တက်ကွဲနေသည့် ဒဏ်ရာသည်အတော်ကိုကြည့်ရဆိုးလေသည်။

ဆရာဝန်ရောက်လာသည်နှင့် မဟာမြတ်သူက နိမိတ်တို့ကိုထားခဲ့ပြီး ​လှေကားခွင်တွေကနေ သူတို့နှစ်ယောက်၏အိပ်ခန်းကို တက်သွားလေသည်။

တစ်ကိုယ်လုံးနုံးချိနေတာ​ကြောင့် အဝတ်နဲ့ဖုန်း၊ ပိုက်ဆံအိတ်တွေကို အိပ်ရာပေါ်တင်ကာ၊ ရေဝင်ချိုးလိုက်ပြီးတာနဲ့ သူ့ဗီရိုထဲအဆင်သင့်အမြဲရှိနေသည့် ခပ်ပွပွအဝတ်တစ်ထည်ကိုယူဝတ်လိုက်သည်။

Ring Ring Ring

bathrobe တစ်ထည်ပတ်၍ ဆံနွယ်တွေကိုရေသုတ်ရင်း ဖုန်းဝင်လာတာ​ကြောင့် လှမ်းယူလိုက်ပြီး ဝရန်တာဘက်သို့ထွက်လိုက်၏။

" မင်းသား မင်းသားရဲ့ condo တိုက်ခန်းကို ဒီနေ့လည် ၂ နာရီကပဲ မွှေနှောက်သွားကြတယ် အခုတိုက်ခန်းမှာ ရဲတွေနဲ့လူတအားရှုပ်နေတယ် ပြန်မလာနဲ့ဦး "

" ဘာ ! "

ဖုန်းကိုင်လိုက်ခြင်းကြားရတဲ့စကားကြောင့် မဟာမြတ်သူစုပ်သတ်ကာ စိတ်တိုတိုဖြင့်ဖုန်းကို dreambed ပေါ်ပစ်တင်လိုက်လေသည်။

" ကျစ် ! စောက်လုပ်မဟုတ်တာကွာ "

ဒီလိုပုံအရဆို သူတိုက်ခန်းကိုပြန်မရတော့ပေ။ ရုတ်တရက်ကြီး ကိစ္စတွေထဖြစ်လာတာသိပ်တော့အလိုမကျပါ။ တကယ်ဆို crown ရဲ့ပွဲက အဝေးကြီးလိုသေးတယ်လေ တကယ်ဆို အိမ်ရှေ့စံအိမ်ထောင်ကြပြီးတာနဲ့ တစ်နှစ်အတွင်း crown အပ်တယ်ဆိုပေမဲ့ သူတို့လက်ထပ်ပွဲကိုပင်လူသိရှင်ကြားမလုပ်ထားတာလေ။ လှုပ်ရှားမှုတွေမြန်လွန်းပါသည်။

အဝတ်အစားလဲပြီးတာနဲ့ သူစံအိမ်ကြီးအောက်ကိုဆင်းလာတော့ ခမည်းတော်နဲ့မိခင်ဖြစ်သူကိုတွေ့သည်။ ​ကျွန်းလှေကားလက်ရန်းကြီးကိုပွတ်သတ်ရင်းမှ ဖြေး​ဖြေးမှန်မှန်သာဆင်းသွားရင်း လွတ်နေသည့်ဆိုဖာတွင် ဝင်လိုက်လေသည်။

အလှမ်းဝေးနေသည့်ခုံများသည် ပြောတဲ့အသံတွေကိုတော့ ကောင်းစွာကြားနိုင်ပေသည်။

" မြတ်သူ သားထိခိုက်သေးလား "

" မရှိပါဘူး သားကအဆင်ပြေပါတယ် "

မိခင်ဖြစ်သူက သူ့အနားသို့ခပ်သွက်သွက်လာလှမ်းထိုင်ပြီးတာနဲ့ သူ့ပခုံးနှစ်ဖက်ကိုကိုင်ကာ ဘယ်ညာလှည့်ကြည့်လေသည်။

" နာတာတို့ အောင့်တာတို့ကော အတွင်းဒဏ်တွေဖြစ်ကုန်လား "

" ကျွန်တော်ကတော်ဝင်မင်းသားပါ မေမေရဲ့ ဒီဒဏ်လောက်တော့ ခံနိုင်ရည်ရှိနေမှာပေါ့ နော် ခမည်းတော် "

ဧကရာဇ်ကခေါင်းငြိမ့်သော်လည်း သူတို့မသိလိုက်ခင်မှာပင် စကားဝိုင်းကိုအာရုံစိုက်နေသည့် နိမိတ်မျက်ခုံးများကတွန့်ချိုးသွားလေသည်။ သို့သော် ထိုအမူအရာခဏပေမို့ သူတို့မမြင်လိုက်ကြရပါချေ။

" သားနိမိတ်ရဲ့ဒဏ်ရာကတော့ ငါးချက်ချုပ်လိုက်ရတယ် လက်ဖဝါးဟက်တက်ကွဲသွားတော့ ဒဏ်ရာကနည်းနည်းနက်တယ် နောက်ပြီးသားမြတ်သူ တိုက်ခန်းကိုမပြန်ရဘူးနော် စံအိမ်မှာပဲနေတော့ အခုဘာတွေဖြစ်နေလဲမင်းမျက်မြင်ပဲ "

မေမေဒီလိုပြောလာတော့မယ်ဆိုတာသိတဲ့သူအနေနဲ့ သူ့မှာလည်းငြင်းဖို့စကားရှိနေသည်။ ထိုတိုက်ခန်းပျက်စီးသွားသော်ငြား သူ့တွင်နေစရာ condo တိုက်ခန်းနဲ့ လုံးချင်းအိမ်ရာတွေမရှားပါ။ သို့သော်မထင်မှတ်ထားတာက ထိုစကားဝိုင်းတွင်ပါဝင်သောသည် နိမိတ်ရှိန်ဝါဖြစ်နေသည်လေ။

" ဒီညတော့နေလိုက်တော့ မေမေသားကိုစိတ်မချဘူး နော် သား မနက်မှသွားပေါ့ "

" ဒါဆိုလည်း မေမေ့သဘောပါ ကျွန်တော် ဒီညဒီမှာအိပ်လိုက်မယ် မနက်တန်းပြန်မယ် "

ထို့နောက်တော့ စိတ်ပူလွန်း၍လာရောက်ကြည့်သော ဧကရာဇ်နဲ့မိခင်ကပြန်သွားလေသည်။

နေ့လည်ကသတင်းအတွက်ကတော့ မင်းသားနှင့် နိမိတ်ရှိန်ဝါတို့အတူရှိခဲ့သည်ဆိုတာကို တစ်ယောက်တစ်လေသိတောင် ဧကရာဇ်၏ လုပ်ပိုင်ခွင့်အာဏာနှင့် မရှိခဲ့ဖူးသလိုဖြစ်သွားပေလိမ့်မည်။

ဤကား အင်အားကြီးသူတို့၏ ရှင်သန်နေထိုင်ရာပုံစံပင်ဖြစ်ချေတော့၏။

To be Continue...
Jan 4

//

Zawgyi

Unicode

" ခမည္းေတာ္ "

" ေရာက္လာၿပီလား "

အိမ္ကိုျပန္ေရာက္ခ်င္း ဖခင္ျဖစ္သူမွညစာလာစားဖို႔ဖုန္းဆက္တာေၾကာင့္ သူအိပ္ရာထဲေရာက္ေနရာကေန ျပန္ထလာရေသးသည္။ ကားယူၿပီးခ်က္ခ်င္းထြက္လာသည္မို႔ သူေရာက္လွ်င္ပင္ မိခင္ျဖစ္သူမွာ ခ်ည္အကၤ်ီဝမ္းဆက္ႏွင့္ က်က္သေရရွိစြာ ဧည့္ခန္းတြင္ရွိေနေလသည္။

" ကြၽန္ေတာ္ ေနာက္က်သြားေသးလား အေမ "

" မက်ပါဘူး၊ ေမာင္နိမိတ္ေတာင္မလာေသးဘူး လာ သား ထိုင္ "

မိခင္ျဖစ္သူမွဆိုဖာေရွ႕သို႔ၫႊန္ျပလွ်င္ ျငင္သာစြာဝင္ထိုင္လိုက္ၿပီးေနာက္ အၿပဳံးေအးေအးျဖင့္မိဘႏွစ္ပါးကိုတုံ႕ျပန္ရသည္။

" နိမိတ္က အခုထြက္လာၿပီေျပာတယ္၊ ခဏေစာင့္ၾကတာေပါ့ "

ခမည္းေတာ္စကားေၾကာင့္ မင္းသားကေခါင္းၿငိမ့္လက္ခံလိုက္ရင္းႏွင့္ တိတ္ဆိတ္စြာထိုင္ေနလိုက္ေတာ့သည္။ ေလထုကတိတ္ဆိတ္ေသာ္ျငား ႏြေးေထြးမႈေတြရွိေနသည္မို႔ သက္ေတာင့္သက္သာျဖစ္ကာ ေနရထိုင္ရတာအဆင္ေျပသည္။ သို႔ေသာ္ မင္းသားတစ္ပါးမို႔လို႔ ခါးကိုမတ္ထားရင္းႏွင့္ ကိုယ္ကိုတည့္မတ္စြာၿငိမ္ေနရတာျဖစ္သည္။

သိပ္မၾကာလိုက္ခင္မွာပဲ ကားသံၾကားတာမို႔ နိမိတ္ေရာက္သည္ကိုသိကာ သူအေပါက္ဝကိုေမွ်ာ္ၾကည့္လိုက္လွ်င္ မိနစ္ပိုင္းအတြင္းမွာပဲ သူ႕မ်က္စိေရွ႕တြင္ နိမိတ္ကဝင္ေရာက္လာေလသည္။ ပြဲမွာရွိခဲ့တဲ့အဝတ္ကိုမွ coat ကိုခြၽတ္ထားၿပီး ၾကယ္သီးႏွစ္လုံးျဖဳတ္ထားကာ ေပါ့ပါးသည့္ပုံျဖင့္ သူကအထဲသို႔ဝင္လာလွ်င္ အေမကနိမိတ္အားၿပဳံးကာႀကိဳဆိုသည္။

" ၾကည့္ရတာ ကြၽန္ေတာ္ပဲက်န္တာထင္တယ္ "

" ဟုတ္ပါ့ကြာ၊ လာ၊ ေရာက္ေတာ့လည္း ညစာစားပြဲေလးလုပ္ၾကတာေပါ့၊ အေပၚထပ္မွာ စားပြဲျပင္ထားတယ္ "

ခမည္းေတာ္က သူ႕သားမက္က်ေတာ့ ခ်ိဳခ်ိဳသာသာပင္ ဖက္ယမ္းၿပီးအေပၚထပ္သို႔ေခၚသြားေလသည္။ သူနဲ႕အေမကေတာ့ ေနာက္ကေနလက္ေမာင္းခ်င္းခ်ိတ္ၿပီးမွ လိုက္သြားၾကတာျဖစ္သည္။ ခမည္းေတာ္ရဲ႕ဘက္လိုက္မႈကိုေတာ့ မျမင္ခ်င္ေယာင္သာေဆာင္လိုက္ပါေတာ့သည္။

စံအိမ္နန္း၏ အေပၚထပ္ဟုဆိုေသာ အခန္းတစ္ခန္းသည္ အေတာ္အတန္ကိုက်ယ္ဝင္း၍ အခန္းအလည္တြင္ အစားအေသာက္ေတြျပည့္ေနသည့္ စားပြဲဝိုင္းႀကီးရွိေနေလသည္။ ဖခင္ျဖစ္သူက မိခင္ျဖစ္သူအား ထိုင္ဖို႔ခုံကိုဆြဲထုတ္ေပးလွ်င္ နိမိတ္ကပါသူ႕ကိုထိုင္ဖို႔ခုံလာထုတ္ေပးသည္။ မသိခ်င္ေယာင္ေဆာင္ကာဝင္ထိုင္လိုက္ၿပီးတာနဲ႕ နိမိတ္ကသူ႕ေဘးကခုံတြင္ကပ္ထိုင္လိုက္ၿပီး ပါးလွပ္တဲ့အၿပဳံးကိုလွစ္ဟင္းျပထားေလသည္။

" မိသားစုဆိုတာအၿမဲသိုက္သိုက္ဝန္းဝန္းရွိမွကြ ဘယ္ေလာက္ပဲအလုပ္ရႈပ္ေနၾကပါေစ မိသားစုကိုအခ်ိန္ေပးဖို႔မေမ့နဲ႕ "

ဖခင္၏ၾသဝါဒေႁခြခ်သည္ကိုၾကားလွ်င္ ျမတ္သူက ေခါင္းၿငိမ့္လက္ခံလိုက္ရင္းႏွင့္ အၿပဳံးႏွင့္တုံ႕ျပန္သည္။ ထို႔ေနာက္တြင္ေတာ့ မိခင္၏လႈံ႕ေဆာ္မႈေၾကာင့္ ညစာစားပြဲကိုစတင္ေလသည္။

ႏြေးေထြးသည့္ ဒီအသိုက္အၿမဳံကိုေရာက္သည့္အခါတြင္ တစ္ခဏေလာက္ေတာ့စိတ္လြတ္ကိုယ္လြတ္ရယ္ေမာခ်င္တာမို႔ နိမိတ္ကိုလ်စ္လ်ဴရႉရင္း အေမနဲ႕အတူစကားေျပာမိသည္။

" ဒါနဲ႕ ဘယ္ေတာ့ေလာက္ တရားဝင္ထုတ္ျပန္ေၾကညာခ်က္ထုတ္ၾကမလဲ "

ခမည္းေတာ္ အေမးေၾကာင့္ မဟာျမတ္သူကပုံစံကရယ္ရာမွတန့္သြားရင္း နိမိတ္ကိုလွည့္ၾကည့္လိုက္သည္။ ပါးစပ္ထဲစားေနသည့္ အသားကိုေၾကညက္ေအာင္ဝါးၿမိဳခ်ၿပီးတာနဲ႕ တစ္စုံတစ္ခုကိုစဥ္းစားေလသည္။

သူ႕အေနနဲ႕ ထုတ္မေျပာခ်င္ေပ။ ျဖစ္နိုင္ရင္ဘယ္ေတာ့မွမေျပာဘဲ ဒီတိုင္းသာဖာသိဖာသာေနခ်င္သည္။

႐ုတ္တရက္ေျခသလုံးကိုလာပြတ္တဲ့တစ္စုံတစ္ခုေၾကာင့္ ထိတ္လန့္သြားရင္းကေန နိမိတ္ကိုခပ္စူးစူးလွည့္ၾကည့္လိုက္သည္။ နိမိတ္မ်က္ႏွာကစပ္ၿဖဲၿဖဲဆိုေသာ္ျငား မဟာျမတ္သူကစိတ္ရႈပ္ေနတာ။

မ်က္စိေရွ႕ကသားနဲ႕သားမက္ကိုၾကည့္လို႔ မိခင္ကမသိမသာၿပဳံးလိုက္ရင္းနဲ႕ ခင္ပြန္းျဖစ္သူ၏မ်က္ႏွာကိုလွမ္းၾကည့္လိုက္သည္။

" နိမိတ္! "

ေလတိုးသံႏွင့္ သူနိမိတ္ကိုလွမ္းေဟာက္ေတာ့ နိမိတ္ကသူ႕ကိုဘာမွမသိလိုမ်ိဳး ၿပဳံးျပေနျပန္သည္။

" ဟင္း ကြၽန္ေတာ္ မေၾကညာေစခ်င္ေသးဘူး ခမည္းေတာ္ အဲ့တာကလည္း ကြၽန္ေတာ္အခ်ိန္လိုတယ္ ဒီလက္ထပ္ပြဲ ကြၽန္ေတာ့္ဆႏၵပါခဲ့တာလည္းမဟုတ္ဘူး အဲ့တာေၾကာင့္ ထုတ္မေျပာခ်င္ေသးတာကိုနားလည္မယ္ထင္တယ္ "

နိမိတ္ကသူ႕ကိုဘာမွဝင္မေျပာ။ သူဘာေျပာေျပာ အၿပဳံးမ်က္ႏွာထားႏွင့္ ၾကည့္ေနေလသည္။ ၾကည့္ရတာနိမိတ္တြင္လည္း ထုတ္ေျပာဖို႔ဆႏၵရွိပုံမေပၚ။

ဖခင္ျဖစ္သူက ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္သာလက္ခံပုံရသည္။ လက္မခံလည္းဘာမွမထူးပါ။ ေတာ္ဝင္မင္းသားဆိုတဲ့မဟာျမတ္သူက မာနႀကီးၿပီးေခါင္းေၾကာမာသည္မို႔။

" နိမိတ္ကေကာ အဆင္ေျပရဲ႕လား "

" ကြၽန္ေတာ္ကအေလာမႀကီးပါဘူး အေဖ "

" အင္း မင္းတို႔ခ်င္းအဆင္ေျပရင္ ၿပီးတာပါပဲ "

သူ႕ေျခသလုံးေတြကိုပြတ္သပ္ေနတဲ့ ေျခေထာက္ေတြကရပ္မသြားေပ။ တစ္ခ်က္တစ္ခ်က္ယားတက္လာတဲ့အခါက် ျမတ္သူခမ်ာ တြန့္ခနဲျဖစ္သြားရတဲ့အထိ။

သူ႕အားလူႀကီးေတြေရွ႕တြင္ မသိမသာလာစေနေသာ နိမိတ္သည္ အင္မတိအင္မတန္ကို ျဖတ္ရိုက္ခ်င္စရာေကာင္းလွေပသည္။

ထိုေန႕ညစာစားပြဲတြင္ ႏွစ္ေယာက္သား ကားတစ္စီးတည္းျပန္ရမည္ဟုေမေမ့ဆီက အမိန့္က်သည္မို႔ သူ႕ကားေလးကို စံအိမ္နန္းမွာထားခဲ့ရၿပီး နိမိတ္ကားနဲ႕ျပန္ခဲ့ရေလသည္။

ၿငိမ့္ေနတဲ့ကားထဲတြင္ ကားသုံးအေမႊးနံ႕တစ္မ်ိဳးကိုရေနၿပီး ထိုအနံ႕ကမဟာျမတ္သူရဲ႕စိတ္ကိုၾကည္လင္ေစသည္။ တံခါးလက္တင္ေပၚ၌ သူ႕လက္ကိုတင္ထားရင္း တေတာက္ေတာက္ေခါက္ေနမိ၏။

ပလက္ေဖာင္းေပၚကလူေတြတင္မက ေဘးခ်င္းကပ္မွ ေျပးလႊားေနသည့္ ကားေတြသည္လည္း သူ႕လိုရာသူသြားေနသည္။ လိုရာေရာက္ဖို႔ဆိုတာကိုပင္ ဘာမွန္းမသိရေအာင္ ရႈပ္ေထြးေပြလီေနတဲ့ သူ႕စိတ္ကေတာ့ အင္မတိအင္မတန္ကို ေနရာမ်ားစြာသို႔ျပန့္ဝဲေနသည္။

နိမိတ္သူ႕ေဘးကလူကို တစ္ခ်က္တစ္ခ်က္ငဲ့ၾကည့္လွ်င္ အေတြးျပန့္ေနတာကိုသတိထားမိသည္။ တစ္ခါတေလမ်က္ေမွာင္က်ဳံ႕သြားလိုက္ တစ္ခါတေလ မ်က္ခုံးပင့္သြားလိုက္ႏွင့္ ဒီလူ႕အေတြးေတြကရႈပ္ေထြးေနတာဟုလည္း ခန့္မွန္းနိုင္သည္။

" ဘယ္ကိုေမာင္းေနတာလဲ "

သတိဝင္လာသူက ယခုမွလမ္းေၾကာကိုသတိထားမိပုံရၿပီး နိမိတ္ကိုလွည့္ၾကည့္ကာေမးလာသည္။

" စံအိမ္ကိုေလ "

" ဘယ္သူကစံအိမ္လိုက္မယ္ေျပာေနလို႔လဲ..! အခုကားကိုျပန္လွည့္..! "

" ျပန္လွည့္စရာလား ကိုယ့္ကားနဲ႕ကိုယ္ပဲ။ မေက်နပ္ရင္ ဆင္းက်န္ခဲ့ "

သူ႕အားဘုေတာေနသည့္ နိမိတ္ကိုသူခပ္စူးစူးၾကည့္လိုက္ၿပီး သူ႕မ်က္ႏွာကတအားစိတ္တိုေနပုံလည္းေပၚသည္။

" အဲ့တာဆိုအခုရပ္ ငါကားငွားျပန္မယ္ "

သူေျပာေသာ္လည္း စကၠန့္ပိုင္းေလာက္ၾကာသည္အထိ နိမိတ္ကသူ႕ကိုဘာမွျပန္မေျပာဘဲ ကားကိုသာဂ႐ုတစိုက္ေမာင္းေနသည္။ ၾကာေလပိုစိတ္တိုေလျဖစ္ကာသူေအာ္လိုက္လွ်င္

" နိမိတ္ရွိန္ဝါ ! အခုရပ္လို႔ မင္းကိုေျပာေနတယ္ "

" ကိုယ့္ကားနဲ႕ကိုယ္ ရပ္ခ်င္ရပ္မယ္ မရပ္ခ်င္မရပ္ဘူးေပါ့ ဘာျဖစ္လို႔အမိန့္ေတြလာေပးေနတာလဲ "

" က်စ္ ! ဒီေခြးေကာင္ ! "

မဟာျမတ္သူက စိတ္ပိုတိုလာကာ နိမိတ္၏ လက္ေမာင္းတစ္ဖက္ေပၚသို႔ ေဒါသျဖင့္ထိုင္ေနရာမွခုန္အုပ္လိုက္ၿပီး ေျဖေလွ်ာ့ထားသည့္ ႂကြက္သားေတြကို ကုန္းကိုက္ပစ္လိုက္ေတာ့သည္။

သြားေတြနဲ႕ဆြဲဆုတ္သလိုကို သူကိုက္ေနေသာ္ျငား နိမိတ္ကတုပ္တုပ္မလႈပ္ေပ သူ႕အားမ်က္လုံးစူးႀကီးမ်ားနဲ႕ေစာင္းၾကည့္ေနၿပီး သတ္မလိုျဖတ္မလိုေတြၾကည့္ေနတာျဖစ္သည္။

" အခုလႊတ္လိုက္ေနာ္ စံအိမ္ေရာက္ရင္ေတာ့ခင္ဗ်ားအေသပဲ "

သို႔ေသာ္ျငား မဟာျမတ္သူကလႊတ္မေပးဘဲနဲ႕ နိမိတ္ကိုမ်က္ဝန္းစူးစူးေတြနဲ႕ ေမာ့ၾကည့္ေနသည္။

တရိပ္ရိပ္ေျပးလာသည့္ကားသည္ စံအိမ္ဝန္းထဲေရာက္လာသည့္တိုင္ မဟာျမတ္သူရဲ႕သြားစြယ္ေတြက နိမိတ္လက္ေမာင္းေပၚတြင္ရွိေနဆဲျဖစ္သည္။ နိမိတ္ကစံအိမ္ႀကီးးေရွ႕တြင္ကားးထိုးရပ္လိုက္ၿပီးတာနဲ႕ မင္းသားရဲ႕ကိုယ္လုံးကိုေဆာင့္တြန္းပစ္ၿပီး ကားနံရံကိုမွီသြားတာနဲ႕တစ္ၿပိဳင္နက္ သူ႕ကိုယ္ႀကီးႏွင့္အုပ္မိုးဖိထားလိုက္သည္။

" နိမိတ္ရွိန္ဝါ!! "

" ခင္ဗ်ားကိုလႊတ္လိုက္ဖို႔ က်ဳပ္ေျပာတယ္ေနာ္ "

စူးစူးရွရွငုံ႕မိုးၾကည့္သည့္တိုင္ မဟာျမတ္သူကလည္း သူ႕ကိုနီစပ္ေနတဲ့မ်က္ဝန္းေတြနဲ႕ ေမာ့ၾကည့္ေနေလ၏။ မ်က္ဝန္းထဲမွာေၾကာက္လန့္မႈနည္းနည္းမွမရွိသလို၊ ပိရိတဲ့ႏႈတ္ခမ္းေတြကလည္း တင္းတင္းေစ့ထားသည့္ၾကားက အံကလည္းႀကိတ္ထားေသးသည္။

" ခင္ဗ်ားက တအားအျမင္ကတ္ဖို႔ေကာင္းတယ္ "

" အဲ့ေတာ့ မင္းကဘာျဖစ္ခ်င္လို႔လဲ "

" ခင္ဗ်ားက က်ဳပ္ထိုးရင္တစ္ခ်က္ေတာင္မရွိဘူး ဒါကိုနားလည္လား "

ဘယ္လိုပင္ၿခိမ္းေျခာက္ေျခာက္ ေတာ္ဝင္ေသြးပီပီ မဟာျမတ္သူက မ်က္ဝန္းရွရွေတြနဲ႕စူးစိုက္ၾကည့္ေနဆဲျဖစ္သည္မို႔ နိမိတ္ဟက္ခနဲရယ္ခ်ကာ သူ႕ကိုယ္ေပၚအုပ္မိုးထားရာကဖယ္လိုက္သည္။ အေလးအနက္ေတြးေတာေနသည့္မ်က္ဝန္းေတြက နက္ေဆြးကာ ေခ်ာက္နက္ေတြႏွင့္ပင္တူသည္။ ေဆြးရိေနတဲ့မ်က္ဝန္းေတြက ပကတိပုစ္ဆာမ်ားလိုျဖစ္ေတာ့၏။

" driver နဲ႕ကားေနာက္တစ္စီးထည့္ေပးလိုက္မယ္ "

သူကားေပၚကထြက္လိုက္တာနဲ႕ မဟာျမတ္သူကလည္းကားေပၚကဆင္းလာသည္။ ေနာက္ေတာ့ အနားတြင္ရွိအလုပ္သမားလက္ထဲကားေသာ့ထည့္ေပးလိုက္တာနဲ႕ ထိုကားငယ္ေလးအားတက္ေမာင္းကာ ဂိုေထာင္ထဲေ႐ႊ႕သြားေတာ့သည္။

နိမိတ္အံ့ၾသသည္။ ဒီလိုမ်ိဳးလူသိရွင္ၾကားပြဲက်င္းပထားတဲ့ညမွ နိမိတ္စီးတဲ့ကားနဲ႕လူအာ႐ုံစိုက္ခံၿပီး မဟာျမတ္သူရဲ႕ condo ကိုလိုက္ပို႔လို႔မရတာသူမသိဘူးလား။ သူ႕ေလာက္လူသိမခံေစခ်င္တာဟာလည္းသူပဲကို အခုက်မွ သူ႕အိမ္ကိုအတင္းေမာင္းခိုင္းသည္။

ဦးေဏွာက္မရွိဘူးလားေမးမိပါက နိမိတ္ေမးရိုးေတြပိန္ရႈံ႕သြားေအာင္ထိုးခံရမယ့္ျဖစ္ျခင္းပင္။

ထို႔ေနာက္ ကားေနာက္တစ္စီးထြက္လာကာ နိမိတ္တို႔ေရွ႕တြင္တည့္တည့္ကိုရပ္ဆိုက္ေလသည္။ မဟာျမတ္သူက ကားေနာက္ခန္းတြင္ဝင္ထိုင္လိုက္ၿပီးတာနဲ႕ ကားတံခါးဆြဲပိတ္ဖို႔ႀကံလွ်င္ နိမိတ္ကျဖတ္ရိုက္ခ်င္စရာမ်က္ႏွာထားမ်ိဳးနဲ႕ ဆြဲထားေလသည္။

" မင္းဘာျဖစ္ခ်င္ေနတာလဲ "

" မနက္ျဖန္ ပဲရစ္ကိုသြားရမယ္ေလ ခုႏွစ္ရက္တစ္ပါတ္ေတာ့ၾကာမယ္ "

" အဲ့တာငါနဲ႕ဘာဆိုင္လဲ "

" အိမ္ေထာင္ရွိလင္ေယာက္်ားဆိုတာ ဇနီးမယားကိုတိုင္ပင္ရတယ္ဆိုလို႔ က်ဳပ္ခင္ဗ်ားကိုအသိေပးတာ "

" ဘာ ! နိမိတ္ရွိန္ဝါ ! "

မဟာျမတ္သူက တရႉးရႉးတရွဲရွဲျဖင့္ေဒါသထြက္ကာ ထြက္လာၿပီးထိုးဖို႔ျပင္ေသာ္လည္း နိမိတ္က ကားတံခါးကိုေဆာင့္ပိတ္လိုက္ၿပီး ေမာင္းဖို႔အခ်က္ျပလိုက္သည္။ အလုံပိတ္ကားထဲ ပြစိပြစိေျပာသြားမယ့္စကားေတြကို စဥ္းစားၾကည့္႐ုံျဖင့္နားပူသည္မို႔ driver အစားစိတ္မေကာင္းေပမဲ့ သူစံအိမ္ထဲလွည့္ဝင္လိုက္ေတာ့သည္။

ဒီညေတာ့အေတာ္အတန္ကိုအိပ္ေပ်ာ္မည္ထင္သည္။ သူ႕တြင္ေ႐ႊ႐ုပ္ေလးေကာက္ရသည့္ႏွယ္ မဟာျမတ္သူႏွင့္အိမ္ေထာင္က်ၿပီးကတည္းက ရယ္ေမာရတဲ့ရက္ဆိုတာမရိုးနိုင္ရေအာင္ တစ္ကိုယ္တည္းသမားတြင္ ေပ်ာ္စရာေလးေတြရွိလာၿပီျဖစ္သည္။

>>>>>

" morning စိမ္း "

" ေမာနင္းပါ မင္းသား "

အတြင္းေရးမႉးခုံတြင္ထိုင္ေနသည့္စိမ္းက သူ႕ကိုျမင္ေတာ့ မတ္တပ္ထရပ္ၿပီးႏႈတ္ဆက္သည္။ ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္ရင္းနဲ႕ သူ႐ုံးခန္းထဲဝင္သြားလွ်င္ သူ႕ေနာက္မွ အေထြေထြ အတြင္းေရးမႉးက ခပ္ကုတ္ကုတ္ေလးလိုက္လာေလ၏။

" ကိုမိုးညို႔ ဒီေန႕အတြက္ appointment နဲ႕ အခ်ိန္ဇယားေတြ စိမ္းဆီမွာ တစ္ခ်က္ေလာက္ သြားယူေပးပါ "

" ဟုတ္ကဲ့ပါ မင္းသား "

စုံလည္ကုလားထိုင္ေပၚ ေသခ်ာထိုင္ခ်လိဳက္ရင္းကေန ေျခတစ္ဖက္ကိုခ်ိတ္တင္လိုက္သည္။ ခဏေနေတာ့ အျပင္ကေန ကိုမိုးညို႔ဝင္လာၿပီး အခ်ိန္ဇယားဖိုင္တြဲကို သူ႕ေရွ႕မွာတင္ေပးေလသည္။

" ခဏေနရင္ စိမ္းက လက္မွတ္ထိုးဖို႔စာ႐ြက္စာတန္းေတြယူလာမယ္ေျပာတယ္ ၊ ၿပီးေတာ့ ေန႕လည္ ၁၁ နာရီပဲ ျပင္သစ္ကေန designer လူးဝစ္ စီးလာတဲ့ေလယာဥ္ဆိုက္မယ္လို႔ ဖုန္းရထားပါတယ္ "

ထိုစကားအားၾကားလွ်င္ မဟာျမတ္သူ၏ မ်က္ခုံးတစ္ဖက္ပင္ ပင့္တက္သြားရသည္။ လူးဝစ္က အေၾကာင္းမၾကားဘာမၾကားနဲ႕ ေပါက္ခ်လာတယ္ဆိုေတာ့ ဘယ္လိုစိတ္ကူးမ်ားေပါက္သလဲ။

အႀကိဳလႊတ္ဖို႔ လူလႊတ္လိုက္ပါ ကိုမိုးညို႔ စားေသာက္ဆိုင္တစ္ဆိုင္မွာ ေန႕လည္စာအတြက္ booking ယူေပးထား "

" ဟုတ္ကဲ့ပါမင္းသား ေၾသာ္ ဒါနဲ႕ 2 နာရီ Fashion show ကိုေကာ "

" လက္ေဆာင္ပဲပို႔လိုက္ပါ ကြၽန္ေတာ္မသြားဘူး "

ထို႔ေနာက္ေတာ့ အေထြေထြအတြင္းေရးမႉး ကိုမိုးညို႔က ခပ္သုတ္သုတ္လွမ္းထြက္သြားၿပီး ႐ုံးခန္းအတြင္းေရးမႉးစိမ္းက ေကာ္ဖီတစ္ခြက္နဲ႕ဝင္လာေလသည္။

စိမ္းလက္ထဲကေကာ္ဖီခြက္ သူ႕ေရွ႕ကိုေရာက္လာၿပီးလွ်င္ ဇြန္းကိုယူကာ အနည္းငယ္ေမႊႏွောက္လိုက္သည္။ တစ္ငုံမွ်ေသာက္ၿပီးတာနဲ႕ စားပြဲေပၚကဖိုင္တြဲေတြကိုလွန္ေလွာကာ လိုအပ္သည့္ေနရာေတြတြင္ ေသခ်ာဖတ္ရႉ၍ လက္မွတ္ထိုးေလသည္။

႐ုံးခန္း၏ နာရံသည္ မွန္ေတြျဖင့္သာဖြဲ႕ထားသည္မို႔ အျပင္မွ ေနေရာင္ျခည္ျပျပသည္ ႐ုံးခန္းအတြင္းသို႔ ခပ္ေဖ်ာ့ေဖ်ာ့ျဖာက်ေနေလသည္။ ကုလားထိုင္မွာထိုင္လို႔ လက္မွတ္ထိုးေနေသာ ပုံရိပ္သည္ ပကတိေငးေမာဖြယ္ပင္ျဖစ္ေတာ့၏။

ေတာ္ဝင္နိုင္ငံ၏ ေလဆိပ္တစ္ေနရာတြင္ အရပ္ေမာင္းေကာင္းမြန္လွစြာေသာ modelလို ခႏၶာကိုယ္အခ်ိဳးအစားႏွင့္ လူတစ္ဦးရပ္ေနခဲ့ေလသည္။

အႏွီလူ၏မ်က္ခုံးမ်ားႏွင့္ဆံႏြယ္မ်ားသည္ ေ႐ႊဝါေရာင္ေဖ်ာ့ေဖ်ာ့ တစ္မ်ိဳးတည္းျဖစ္ေနၿပီး ႏွာတံျမင့္ျမင့္ေကာက္ေကာက္က အနည္းငယ္ပြကာ နိုင္ငံျခားသားဟူေသာအသြင္ကို ေဆာင္ေလသည္။

သူသည္အမွန္စင္စစ္ Lewis Banchel ပင္ျဖစ္ေလသည္။

idol တစ္ေယာက္၌ ရွိတတ္ရင္အုပ္က်ယ္အစား သူ႕ရင္အုပ္ပါးလွပ္သည္ ေအာက္တြင္ရွိ ဆြယ္တာႏွင့္အတူ ခ်စ္စဖြယ္ေလးပုံေပၚေနၿပီး ဝမ္းဗိုက္တြင္ရွိတ္က်က်ေျပဆင္းသြားေလသည္။ သူ႕မ်က္ခုံးမ်ားကျမႇားတန္းသဖြယ္တန္းၫြတ္ေနသည္မွာ အင္မတန္ပင္စြဲေဆာင္မႈရွိေခ်၏။

အႏွီသူသည္ ျပင္သစ္မွ ေလဟုန္ကိုဆန္ခြင္း၍ ဤေနရာသို႔ဆိုက္ဆိုက္ေရာက္လာရေလသည္။

//

booking ယူထားသည့္ စားေသာက္ဆိုင္သို႔ ဧည့္သည္နဲ႕အတူ ေန႕လည္စာအတြက္ေရာက္လာလွ်င္ လူးဝစ္က သူ႕အတြက္ထိုင္ခုံကို တေလးတစားဆြဲထုတ္ေပးေလသည္။ သူအၿပဳံးႏွင့္တုံ႕ျပန္လို႔ထိုင္လိုက္ၿပီးတာနဲ႕ မ်က္ဝန္းေထာင့္မွဖ်တ္ခနဲေသာအရိပ္ကိုလည္းျမင္လိုက္ရေလသည္။

မ်က္လုံးကိုကစားလို႔ ျမင္ရသည့္စိတ္ထင္တဲ့ဘက္သို႔လွည့္ၾကည့္လွ်င္ မွန္တံခါးအေပါက္ဝမွဆိုင္တြင္းသို႔လွမ္းလာသည့္ နိမိတ္ကိုသူေတြ႕ေလသည္။

နိမိတ္ကအေတာ္ကိုလူေကာင္ႀကီးသည့္အထဲပါသည္။ ဒါ့ေၾကာင့္မို႔လည္း တစ္ေနရာရာဆိုလွ်င္ တန္းသတိထားမိနိုင္သည့္ခႏၶာကိုယ္မ်ိဳးျဖစ္၏။ ဆံပင္ကိုအၿမဲေဘးခြဲသိပ္ကာ ေမးရိုးထင္းမ်ားႏွင့္ ခန့္ညားေခ်ာေမာတယ္လို႔ဝန္ခံနိုင္ေပမဲ့ နိမိတ္အခ်ိဳးမေျပတာဟာလည္းအမွန္ပင္။

နိမိတ္ကသူ႕ကိုမ်က္ဝန္းစူးေတြနဲ႕စိုက္ၾကည့္ေနတုန္း မဟာျမတ္သူရဲ႕လက္တစ္ဖက္ကလည္း လူးဝစ္ရဲ႕အုပ္ကိုင္ျခင္းခံရကာ လက္ဖမိုးထက္အနမ္းတစ္ပြင့္ကိုေႁခြခ်ခံေလသည္။ မင္းသားဟူေသာဂုဏ္ပုဒ္နဲ႕ညီေအာင္လူးဝစ္သူ႕ကိုဆက္ဆံေပမဲ့ နိမိတ္မ်က္ေမွာင္က်ဳံ႕သြားတာကိုသူသိသည္။ ၿပီးေတာ့ဘာမွမျဖစ္သလိုပဲ သူလွမ္းထြက္သြား၏။

သူနိမိတ္ကို လိုက္သတိထားမၾကည့္မိေတာ့။ ေအးေအးၿငိမ္ၿငိမ္သာထိုင္ရင္း လူးဝစ္နဲ႕စကားေျပာသည္။ ဒီဧည့္သည္ကေတာ္႐ုံလူလည္းမဟုတ္တာမို႔ သူ႕အတြက္တကယ္လိုအပ္သည္။ ဒီလူ႕ဆီကရမယ့္အႀကံဉာဏ္နဲ႕ designမ်ိဳးစုံကို သူ႕companyအသုံးခ်ဖိဳ႕လိုအပ္သည္။

" ဒီမွာအပူခ်ိန္သိပ္မဆိုးဘူးေနာ္ "

" ေနလို႔ထိုင္လို႔ေကာင္း႐ုံေလာက္ပါပဲ ဟိုေလာက္ေတာ့ ဘယ္ေအးမလဲ "

" အဆင္ေျပပါတယ္ ကိုယ္ဒီရာသီဥတုကိုသေဘာက်တယ္ "

ထို႔ေနာက္တိတ္ဆိတ္သြားေသာစကားဝိုင္းသည္ စားေသာက္ပြဲတြင္ေရာက္လာသည့္အခါတြင္ အစားအေသာက္ကိုသာဂ႐ုစိုက္ၾကသည္။

ခရမ္းခ်ဥ္သီးစြပ္ျပဳတ္ကို တစ္ဇြန္းခ်င္းခ်ိန္ေသာက္ေနသည့္ လူးဝစ္က ဆိုင္ေနရာကိုေကာ အရသာကိုပါသိပ္သေဘာေတြ႕ဟန္ေပၚသည္။ အေနာက္တိုင္းအစားအစာနဲ႕ပတ္သတ္ၿပီး အကြၽမ္းတဝင္မစားသုံးတတ္သူအဖို႔ေတာ့ အမဲသား steak ကိုသာလွီးျဖတ္ရင္းဝါးမိေတာ့၏။

စားေသာက္ေနရင္းမွ သူ႕အေရွ႕တည့္တည့္ကစားပြဲတြင္ မ်က္ႏွာခ်င္းဝင္ထိုင္လိုက္ေသာ နိမိတ္ေၾကာင့္ သူဆက္စားဖို႔ပင္တြန႔္ရေလသည္။ နိမိတ္ကစထိုင္တည္းကသူ႕ကိုသာစူးစူးရွရွၾကည့္ေနသည္မို႔ အစားပင္မဝင္ျဖစ္ကာ သူခရင္းနဲ႕ဓားကိုခ်ထားလိုက္ေတာ့သည္။

" စားမဝင္ဘူးလား "

" နဂိုထဲကအစားနည္းတာမို႔ပါ "

လူးဝစ္ကသူေျပာတာကိုယုံသြားကာ သူ႕အစားကိုသာဆက္ငုံ႕စားသည္။ နိမိတ္သူ႕ကိုၾကည့္ေနရင္း လာခ်ေပးသြားတဲ့ coffeeခြက္ကိုတစိမ့္စိမ့္ေသာက္ေသးသည္။

နိမိတ္ရွိန္ဝါဘာျဖစ္ခ်င္ေနသလဲမေျပာတတ္ပါ။

အခုသူ႕ေရွ႕တည့္တည့္ထိုင္ၿပီးၿခိမ္းေျခာက္ေနတာ သည္းခံရခက္လြန္းသည္။ လူးဝစ္ကေက်ာေပးထားသည္မို႔သာမျမင္ရေပမဲ့ သူနဲ႕နိမိတ္ကတန္းေနတာမို႔ သူ႕မ်က္ႏွာကို ေရွ႕တည့္တည့္ၾကည့္တိုင္းျမင္ေနရ၏။ ထိုအတိုင္းျဖင့္သာ ေန႕လည္စာစားခ်ိန္ၿပီးတဲ့အထိနိမိတ္သူ႕ကိုထိုင္ၾကည့္ေနခဲ့တာ။ နိမိတ္ရွိန္ဝါက သိပ္စိတ္ရႈပ္ဖို႔ေကာင္းတဲ့ေကာင္။

ဆိုင္ေရွ႕မွာ လူးဝစ္ကို driver နဲ႕ hotel ကိုတင္ေပးလိုက္ၿပီးတာနဲ႕ သူဆိုင္ထဲျပန္ဝင္လာလိုက္သည္။ နိမိတ္ေရွ႕မွာဝင္ထိုင္လိုက္ၿပီးတာနဲ႕ ေဒါသကတေျဖးေျဖးထြက္လာသည္မို႔ မ်က္ေမွာင္ကုပ္လိုက္မိသည္။

" နိမိတ္ရွိန္ဝါ မင္းဒါဘာသေဘာလဲ "

" ဘာကိုေျပာခ်င္တာလဲ၊ ဒါ public area ေနာ္ ဘယ္ေလာက္ပဲ security တင္းက်ပ္တဲ့ ဆိုင္လို႔ေျပာေျပာ နံရံတိုင္းမွာနားေတြရွိတယ္ "

သူ႕အားသတိထားဆင္ျခင္ဖို႔ေျပာေနေသာ နိမိတ္သည္ အမွန္တကယ္ပင္ျဖတ္ရိုက္ခ်င္စရာျဖစ္၏။ ဆရာႀကီးလိုလိုႏွင့္ နိမိတ္ရွိန္ဝါသည္ တကယ္ကိုသူ႕လုပ္ရပ္အားမသိခ်င္ေယာင္ေဆာင္ေနသည္။

" ငါ့ကိုလိုက္မႏွောင့္ယွက္နဲ႕ ဘာလုပ္လို႔လဲဆိုရင္ေတာ့ မင္းကိုယ္မင္းသိေပါ့၊ တင္စီးတဲ့ေကာင္ ! "

သူေျပာၿပီးတာနဲ႕ လွစ္ခနဲထြက္လာလိုက္ေတာ့သည္။ ႐ုံးကိုသြားခ်င္စိတ္မရွိေတာ့တာေၾကာင့္ ကားကို condo ဘက္သာလွည့္လိုက္ေတာ့သည္။

လမ္းရဲ႕ဘယ္ညာကိုေသခ်ာအာ႐ုံစိုက္ရင္းမွ ငယ္ငယ္ကခိုးဝယ္စားခဲ့ရတဲ့ေရခဲမုန႔္ဆိုင္ကိုေတြ႕လွ်င္ ကားေကြ႕ကာ တစ္ဘူးေလာက္ဝင္ခဲ့ေသးသည္။ ထို႔ေနာက္မွ အိမ္သို႔သာတန္းတန္းမတ္မတ္ျပန္ခဲ့၏။

သူဘယ္ေတာ့မွစံအိမ္ကိုျပန္မွာမဟုတ္။ အိမ္ေထာင္ျပဳၿပီးေျပာင္းေနရမယ့္ေနရာပါ ဆိုေသာ္ျငားလဲ မဟာျမတ္သူအတြက္မူ နိမိတ္ရွိန္ဝါရွိေနတဲ့အရပ္အား ဘယ္ေတာ့မွေျခခ်မည္မဟုတ္ပါ။

အေနာက္မွကပ္လိုက္လာသည့္ကားကိုသတိထားမိတာေၾကာင့္ ဘက္မွန္ကေနစူးစိုက္ကာၾကည့္လိုက္သည္။ မွန္အမဲေတြေၾကာင့္အတြင္းပိုင္းကိုမျမင္ရဘဲ နက္ေစြးေနသည့္ ထိုဗင္ကားသည္ ေတာ္ဝင္မင္းသားျဖစ္သူ၏ကားႏွင့္ အတင္းကပ္၍လိုက္လာေလသည္။

ပုံမွန္မဟုတ္တာေၾကာင့္ ပထမလမ္းေၾကာင္းမွ ဒုတိယလမ္းေၾကာင္းေပၚသို႔ ဖယ္ဆင္းလွ်င္ ေနာက္ကားသည္ ထိုလမ္းေၾကာင္းေနာက္ကိုပါလိုက္၍ ကပ္လိုက္ေလသည္။

မဟာျမတ္သူခမ်ာ ခပ္ဖြာဖြာေလးဝဲက်ေနသည့္ ဦးစြန္းဖုတ္ေမႊးေတြေတာင္ ေထာင္ထသြားသလိုခံစားရေလသည္။ ငယ္ငယ္ကတည္းက အေစာင့္မ်ားစြာနဲ႕ေနခဲ့ရတာကိုအသားက်ေပမဲ့ ကိုယ့္ကိုယ္ကိုယ္ကာကြယ္နိုင္သည့္အခ်ိန္တြင္ေတာ့ အေစာင့္တိုင္းကို ခမည္းေတာ္နဲ႕မိခင္မသိေအာင္ ေနရာတကာကိုမေခၚေတာ့ေပ။ တစ္ကိုယ္တည္းသြားလာတတ္သည္မို႔ ဒီေန႕ကိုမေမွ်ာ္လင့္ခဲ့ၿပီျဖစ္ကာ မဟာျမတ္သူသည္ကားစီယာရင္တိုင္ကို က်စ္ေနေအာင္ဆုပ္ကိုင္လိုက္ေတာ့သည္။

လူခ်မ္းသာရပ္ကြက္ဘက္သို႔ေမာင္းႏွင္လာသည္ႏွင့္ ကားက်ဲပါးလာကာ လမ္းမကလည္းပိုက်ယ္လာသည္။ မဟာျမတ္သူသည္ လီဗာကုန္နင္းၿပီးမွ ေလလိုအရွိန္ႏွင့္ အရွိန္တိုးေမာင္းလွ်င္ ေနာက္ကားသည္လည္း ရသမွ်အရွိန္တင္ၿပီး မဟာျမတ္သူ၏ ကားေနာက္ပိုင္းကိုဝင္ေဆာင့္ေလသည္။

ေခြၽးေစးေတြပ်ံလာကာ ဖုန္းကိုထုတ္ရင္းႏွင့္ တစ္ဖက္တြင္လည္း လမ္းမကိုၾကည့္ေနရေသးသည္။ ဝုန္းခနဲဝင္ေဆာင့္လာတာေၾကာင့္ လက္ထဲကဖုန္းသည္ ေျခေထာက္မ်ားၾကားျပဳတ္က်သြားၿပီး မဟာျမတ္သူစိတ္တိုလာရသည္။ ခပ္လွမ္းလွမ္းဂိုေထာင္ေရွ႕ရွိ ေျမကြက္က်ယ္၌ ကားကိုအရွိန္နဲ႕လွည့္ကာ ဘရိတ္အသားကုန္နင္းခ်ၿပီး မ်က္ႏွာခ်င္းဆိုင္ကားရပ္လိုက္တာႏွင့္ ေနာက္ကားသည္လည္း ေတာ္ဝင္မင္းသား၏ကားေရွ႕တြင္ မ်က္ႏွာခ်င္းဆိုင္တိုးရပ္ေလသည္။

မဟာျမတ္သူဖုန္းကိုေကာက္ယူၿပီးမွ တစ္ဖက္ကလူေတြကားေပၚကဆင္းမလာခင္ ဖုန္းဆက္အေၾကာင္းၾကားလိုက္သည္။
တူတူဝင္သြားသည့္ဖုန္းသည္ ကိုင္သူမရွိေသးေပ။ တစ္ဖက္တြင္လည္း တုတ္၊ဓားကိုယ္စီျဖင့္ ဆယ္ေယာက္ေလာက္ေသာလူအင္အားသည္ သူ႕ကားအနားသို႔ တိုးလာၾကၿပီျဖစ္သည္။

ဖုန္းသည္ေျဖဆိုမည့္သူမရွိဟုက်သြားသည္ႏွင့္ ကားေနာက္ခန္းမွ ေဘ့စ္ေဘတုတ္ကို လွမ္းဆြဲယူကာ ကားတံခါးဖြင့္၍ဆင္းလိုက္ေလသည္။

႐ုတ္တရက္ ၿပိဳင္ကားသံက်ယ္က်ယ္သည္ ပိုမိုနီးစပ္လာၿပီးသည္ႏွင့္ မ်က္စိတစ္မွိတ္အတြင္းမွာပင္ တစ္ဖက္ဗင္ကားသို႔ အလည္မွေန၍ အရွိန္ျဖင့္ဝင္တိုက္လိုက္ေတာ့သည္။

ဖုန္မ်ား မီးခိုးေငြ႕မ်ားႏွင့္ ဂတ္စ္နံ႕မ်ားေရာကာ ထိုကားသည္ ဂိုေထာင္တံခါးကို နင္းကာ အုတ္နံရံကိုပင္ၿပိဳေစ၏ ဂိုေထာင္ထဲေရာက္လုနီးပင္။

နိမိတ္တစ္ကိုယ္လုံးအေရွ႕သို႔ယိမ္းထိုးသြားေပမဲ့ စီယာရင္တိုင္ကိုက်စ္ေနေအာင္ကိုင္ထားသည္မို႔ အေရွ႕သို႔ေခ်ာ္မထြက္သြားခဲ့။ ထို႔ေနာက္ နိမိတ္က loverseat တြင္တင္ထားသည့္ သံပိုက္လုံးကိုဆတ္ခနဲဆြဲယူကာ ကားေပၚမွအလ်င္ဆင္း၍ အေငြ႕ေတြေၾကာင့္တဟြတ္ဟြတ္ျဖစ္ေနေသာ ရန္သူကို လႊဲရိုက္လိုက္ေလေတာ့သည္။

ျမတ္သူခမ်ာအခုမွအားတက္သြားသည့္ ၾကက္ဖေလးသဖြယ္ လက္ရွည္ကိုဆြဲတင္ၿပီးတာနဲ႕ ေဘ့စ္ေဘာတုတ္ျဖင့္ အရိုးက်ိဳးထြက္သြားေအာင္ဝင္ရိုက္ေလေတာ့သည္။

ေလကိုဆန္ခြင္းလာသည့္ ပါးလွပ္ကာေျပာင္လက္ေနေသာဓားသည္ ျမတ္သူ၏မ်က္လုံးထဲလက္ခနဲျဖစ္သြားေသာ္ျငား သူ႕တြင္စကၠန့္ပိုင္းေသာ နာက်င္မႈပင္မရွိခဲ့ေပ။

ဖိမွတ္ထားေသာမ်က္ဝန္းေတြအားဖြင့္လိုက္တာႏွင့္ ထိုဓားသည္ေလထဲတြင္တန့္ေနၿပီး နိမိတ္လက္ဖဝါးႀကီးျဖင့္ဆုပ္ကိုင္ထားသည္ကိုခံရကာ ေသြးစက္ေတြတစ္ေတာက္ေတာက္က်ေနေလသည္။

သူနိမိတ္အားေသခ်ာၾကည့္လွ်င္ နားထင္တြင္ေခြၽးေပါက္မ်ားသီး၍ ရင္အုပ္ႀကီးနိမ့္ျမင့္ကာ အသက္ရႉသံေတြျမန္ေနေလသည္။

" ေခြးမသား !! "

လည္ပင္းအား က်န္လက္ျဖင့္ဆုပ္ကိုင္ကာ ကိုင္ေပါက္ၿပီးတာနဲ႕ နိမိတ္သည္ ဘီလူးစီးသည့္ႏွယ္ အတင္းပင္ခြလုံးေနေတာ့သည္။ ေၾကာင္အမ္းေနလို႔မျဖစ္တာေၾကာင့္ က်န္ရွိတဲ့လူႏွစ္ေယာက္အတြက္ တစ္ေယာက္ၿပီးတစ္ေယာက္လွဲသိပ္ရေလသည္။

တစ္ဖက္တြင္ နိမိတ္က ထိုလူအားခြထိုးေနသည္ကိုမရပ္ေသး။ သူ၏လက္ဖဝါးမွေသြးသာမက တစ္ဖက္လူ၏စုတ္ျပတ္သတ္ေနေသာ ဒဏ္ရာမွေသြးမ်ားသည္လည္း လက္ဆစ္တြင္စို႐ႊဲကာ သရဲပူးသည့္ႏွယ္ပယ္ပယ္ႏွယ္ႏွယ္ထိုးက်ိတ္ေနတာျဖစ္သည္။

အစကဒီတိုင္းၿပီးသြားမယ္ထင္ေသာ္လည္း နိမိတ္ေအာက္ကလူသည္ မ်က္ျဖဴေတြပင္လန္ေနတာေၾကာင့္ ေဘ့စ္ေဘာတုတ္ကိုပစ္ခ်လိဳက္ရင္း နိမိတ္ကိုအတင္းဝင္ဆြဲရေလသည္။

" နိမိတ္ ! ေတာ္ၿပီ ! မင္းလူသတ္ေနတာလား ေသေတာ့မယ္ကြ! ေတာ္ၿပီလို႔ ! နိမိတ္ရွိန္ဝါ !! "

ခ်ိဳင္းေအာက္မွလက္လွ်ို၍ နိမိတ္ရင္ဘတ္တြင္လက္သိုင္းကာ အတင္းဆြဲခ်မွ တ႐ြတ္တိုက္ေနာက္ျပန္ပါလာၿပီး နိမိတ္ကဒါေတာင္ ထပ္ထိုးဖို႔႐ုန္းေနသည္။

" ေတာ္ၿပီလို႔ နိမိတ္ရွိန္ဝါ!! အေသသတ္မလို႔လား ႐ူးေနတာလားကြ "

" သတ္ပစ္မွာ !! ဒီငါ-ိုးမသားကို က်ဳပ္လက္နဲ႕သတ္ရမွေက်နပ္မွာ ! ဖယ္ ! က်ဳပ္ကိုလႊတ္စမ္း မဟာျမတ္သူ !! "

" နိမိတ္ရွိန္ဝါ ! မင္းေစာက္ပါးစပ္ကိုပိတ္လိုက္ေတာ့ !! "

ေနာက္ေက်ာမွအတင္းဆြဲဖက္ထားရင္း ဖိေဟာက္ပစ္မွသာ တရႉးရႉးတရွဲရွဲေဒါသႀကီးေနသူက ၿငိမ္သြားေလေတာ့သည္။ ဘာေၾကာင့္မ်ားဒီေလာက္ထိ သရဲဘီလူးစီးသည့္ႏွယ္ ေဒါသႀကီးရတာလည္းမေျပာတတ္ပါေခ်။

ရဲကားနဲ႕အေရးေပၚကားေတြေရာက္လာသည္ကိုၾကားတာမို႔ နိမိတ္ကိုဆြဲထူၿပီး အေကာင္းႀကီးရွိေနသည့္သူ႕ကားေပၚကိုဆြဲတင္ရသည္။ ထို႔ေနာက္ တစ္ဖက္ကပိန္ရႈံ႕ေနသည့္ကားႏွစ္စီးကို ဒီအတိုင္းသာထားခဲ့လိုက္ေလသည္။

နိမိတ္ကဒဏ္ရာရွိသည့္လက္ကို လက္သီးတင္းတင္းဆုပ္လို႔ ေနရာမွသာရင္အုပ္ႀကီးနိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနပုံမွာ ေဒါသအကင္းေသပုံမရေသးေခ်။

စံအိမ္ႀကီးဘက္ကို လူရွင္းတဲ့လမ္းေတြကေနေမာင္းလာၿပီးမွ ရွည္လ်ားသည့္လမ္းကိုအဝင္ဝမွစကာ ေမာင္းဝင္လာလိုက္ေလသည္။

စံအိမ္ေရွ႕ေတာင္ကားထိုးမရပ္နိုင္သူသည္ ေရပန္းအေသးစားေလးေရွ႕ တြင္ ဘရိတ္ထိုးအုပ္လိုက္ၿပီး ကားေပၚကခပ္သုတ္သုတ္ဆင္းသည္။

" ညိုႏြဲ႕ ! ညိုႏြဲ႕ ! ဘယ္သူမွမရွိၾကဘူးလား ညိုႏြဲ႕ ! "

နိမိတ္ကားေပၚကေနစိတ္ေလွ်ာ့ကာဆင္းလာၿပီးမွ ကမူး႐ူးထိုးဆင္းသြားသူေနာက္ လက္ေနာက္ပစ္ရင္းလိုက္ရသည္။ မဟာျမတ္သူက ဧည့္ခန္းတြင္တေက်ာ္ေက်ာ္ေအာ္ဟစ္ရင္း အိမ္အကူညိုႏြဲ႕ ကိုလွမ္းေခၚေနေလသည္။

" ရွင္ ! လာၿပီ မင္းသား ! ညိုႏြဲ႕လာၿပီ "

ညိုႏြဲ႕နဲ႕အတူ အိမ္ထိန္းဦးေမာင္ကပါ ခပ္သုတ္သုတ္လွမ္းလာေလသည္။

မဟာျမတ္သူက တံခါးမႀကီးနားက နိမိတ္လက္ကိုဆြဲေခၚကာ ေလွကားခြင္ႀကီးႏွစ္ခုၾကားက ဆိုဖာဆက္တီသုံးေလးခုဆက္ခ်ထားသည့္ေနရာတြင္ ဝင္ထိုင္လိုက္ေလသည္။

(AN/ ဒီအလည္ကေနရာ)

" ဦးေမာင္ ဆရာဝန္ေခၚပါ ကြၽန္ေတာ့္ကိုေဆးပုံးယူေပး "

" ဆရာဝန္မေခၚနဲ႕ ဦးေမာင္ "

" ဆရာဝန္ေခၚ!! "

ေခါင္းၿငိမ့္ရနိုး နာခံရနိုးႏွင့္ အိမ္ထိန္းဦးေမာင္သည္ ႏွစ္ေယာက္ၾကားတြင္ တုံဏွိဘာေဝဏျဖစ္ေနပုံရသည္။

" မေခၚနဲ႕ ခင္ဗ်ားမစဥ္းစားတတ္ဘူးလား "

" ဦးတင့္ထြန္းကိုေခၚတာဘာမွမျဖစ္ဘူး မင္းလွ်ာမရွည္နဲ႕၊ ဦးေမာင္ ဦးတင့္ထြန္းကိုပဲေခၚ "

ထို႔ေနာက္ေတာ့ လက္ေလွ်ာ့ေပးလိုက္သူသည္ ဆိုဖာေနာက္မွီေပၚသို႔ ေျခပစ္လက္ပစ္မွီခ်လိဳက္ၿပီး မ်က္လုံးမွိတ္ထားလိုက္ေလသည္။ မဟာျမတ္သူက နိမိတ္၏တင္းတင္းဆုပ္ထားေသာလက္သီးေတြကိုေျဖေလွ်ာ့၍ ဒဏ္ရာကိုေသခ်ာၾကည့္ေလသည္။

ညိုႏြဲ႕ယူလာသည့္ေဆးပုံးထဲမွ အရက္ျပန္ပုလင္းျဖင့္ အနာကိုေလာင္းခ်လိဳက္လွ်င္ နိမိတ္လက္ေတြ အနည္းငယ္ ေတာင့္တင္းသြားတာကိုသတိထားမိသည္။ တဖူးဖူးေလမႈတ္ေပးေနသည့္တိုင္ နိမိတ္က ႏွဖူးေပၚလက္တင္ကာ မ်က္ဝန္းတို႔ဖိမွိတ္ထားဆဲပင္။

" ေဆးကိုဆရာဝန္လာမွပဲထည့္ရေအာင္ "

ဓားကိုတင္းတင္းဆုပ္ကိုင္ထားခဲ့တာေၾကာင့္ ဟက္တက္ကြဲေနသည့္ ဒဏ္ရာသည္အေတာ္ကိုၾကည့္ရဆိုးေလသည္။

ဆရာဝန္ေရာက္လာသည္ႏွင့္ မဟာျမတ္သူက နိမိတ္တို႔ကိုထားခဲ့ၿပီး ေလွကားခြင္ေတြကေန သူတို႔ႏွစ္ေယာက္၏အိပ္ခန္းကို တက္သြားေလသည္။

တစ္ကိုယ္လုံးႏုံးခ်ိေနတာေၾကာင့္ အဝတ္နဲ႕ဖုန္း၊ ပိုက္ဆံအိတ္ေတြကို အိပ္ရာေပၚတင္ကာ၊ ေရဝင္ခ်ိဳးလိုက္ၿပီးတာနဲ႕ သူ႕ဗီရိုထဲအဆင္သင့္အၿမဲရွိေနသည့္ ခပ္ပြပြအဝတ္တစ္ထည္ကိုယူဝတ္လိုက္သည္။

Ring Ring Ring

bathrobe တစ္ထည္ပတ္၍ ဆံႏြယ္ေတြကိုေရသုတ္ရင္း ဖုန္းဝင္လာတာေၾကာင့္ လွမ္းယူလိုက္ၿပီး ဝရန္တာဘက္သို႔ထြက္လိုက္၏။

" မင္းသား မင္းသားရဲ႕ condo တိုက္ခန္းကို ဒီေန႕လည္ ၂ နာရီကပဲ ေမႊႏွောက္သြားၾကတယ္ အခုတိုက္ခန္းမွာ ရဲေတြနဲ႕လူတအားရႈပ္ေနတယ္ ျပန္မလာနဲ႕ဦး "

" ဘာ ! "

ဖုန္းကိုင္လိုက္ျခင္းၾကားရတဲ့စကားေၾကာင့္ မဟာျမတ္သူစုပ္သတ္ကာ စိတ္တိုတိုျဖင့္ဖုန္းကို dreambed ေပၚပစ္တင္လိုက္ေလသည္။

" က်စ္ ! ေစာက္လုပ္မဟုတ္တာကြာ "

ဒီလိုပုံအရဆို သူတိုက္ခန္းကိုျပန္မရေတာ့ေပ။ ႐ုတ္တရက္ႀကီး ကိစၥေတြထျဖစ္လာတာသိပ္ေတာ့အလိုမက်ပါ။ တကယ္ဆို crown ရဲ႕ပြဲက အေဝးႀကီးလိုေသးတယ္ေလ တကယ္ဆို အိမ္ေရွ႕စံအိမ္ေထာင္ၾကၿပီးတာနဲ႕ တစ္ႏွစ္အတြင္း crown အပ္တယ္ဆိုေပမဲ့ သူတို႔လက္ထပ္ပြဲကိုပင္လူသိရွင္ၾကားမလုပ္ထားတာေလ။ လႈပ္ရွားမႈေတြျမန္လြန္းပါသည္။

အဝတ္အစားလဲၿပီးတာနဲ႕ သူစံအိမ္ႀကီးေအာက္ကိုဆင္းလာေတာ့ ခမည္းေတာ္နဲ႕မိခင္ျဖစ္သူကိုေတြ႕သည္။ ကြၽန္းေလွကားလက္ရန္းႀကီးကိုပြတ္သတ္ရင္းမွ ေျဖးေျဖးမွန္မွန္သာဆင္းသြားရင္း လြတ္ေနသည့္ဆိုဖာတြင္ ဝင္လိုက္ေလသည္။

အလွမ္းေဝးေနသည့္ခုံမ်ားသည္ ေျပာတဲ့အသံေတြကိုေတာ့ ေကာင္းစြာၾကားနိုင္ေပသည္။

" ျမတ္သူ သားထိခိုက္ေသးလား "

" မရွိပါဘူး သားကအဆင္ေျပပါတယ္ "

မိခင္ျဖစ္သူက သူ႕အနားသို႔ခပ္သြက္သြက္လာလွမ္းထိုင္ၿပီးတာနဲ႕ သူ႕ပခုံးႏွစ္ဖက္ကိုကိုင္ကာ ဘယ္ညာလွည့္ၾကည့္ေလသည္။

" နာတာတို႔ ေအာင့္တာတို႔ေကာ အတြင္းဒဏ္ေတြျဖစ္ကုန္လား "

" ကြၽန္ေတာ္ကေတာ္ဝင္မင္းသားပါ ေမေမရဲ႕ ဒီဒဏ္ေလာက္ေတာ့ ခံနိုင္ရည္ရွိေနမွာေပါ့ ေနာ္ ခမည္းေတာ္ "

ဧကရာဇ္ကေခါင္းၿငိမ့္ေသာ္လည္း သူတို႔မသိလိုက္ခင္မွာပင္ စကားဝိုင္းကိုအာ႐ုံစိုက္ေနသည့္ နိမိတ္မ်က္ခုံးမ်ားကတြန့္ခ်ိဳးသြားေလသည္။ သို႔ေသာ္ ထိုအမူအရာခဏေပမို႔ သူတို႔မျမင္လိုက္ၾကရပါေခ်။

" သားနိမိတ္ရဲ႕ဒဏ္ရာကေတာ့ ငါးခ်က္ခ်ဳပ္လိုက္ရတယ္ လက္ဖဝါးဟက္တက္ကြဲသြားေတာ့ ဒဏ္ရာကနည္းနည္းနက္တယ္ ေနာက္ၿပီးသားျမတ္သူ တိုက္ခန္းကိုမျပန္ရဘူးေနာ္ စံအိမ္မွာပဲေနေတာ့ အခုဘာေတြျဖစ္ေနလဲမင္းမ်က္ျမင္ပဲ "

ေမေမဒီလိုေျပာလာေတာ့မယ္ဆိုတာသိတဲ့သူအေနနဲ႕ သူ႕မွာလည္းျငင္းဖို႔စကားရွိေနသည္။ ထိုတိုက္ခန္းပ်က္စီးသြားေသာ္ျငား သူ႕တြင္ေနစရာ condo တိုက္ခန္းနဲ႕ လုံးခ်င္းအိမ္ရာေတြမရွားပါ။ သို႔ေသာ္မထင္မွတ္ထားတာက ထိုစကားဝိုင္းတြင္ပါဝင္ေသာသည္ နိမိတ္ရွိန္ဝါျဖစ္ေနသည္ေလ။

" ဒီညေတာ့ေနလိုက္ေတာ့ ေမေမသားကိုစိတ္မခ်ဘဴး ေနာ္ သား မနက္မွသြားေပါ့ "

" ဒါဆိုလည္း ေမေမ့သေဘာပါ ကြၽန္ေတာ္ ဒီညဒီမွာအိပ္လိုက္မယ္ မနက္တန္းျပန္မယ္ "

ထို႔ေနာက္ေတာ့ စိတ္ပူလြန္း၍လာေရာက္ၾကည့္ေသာ ဧကရာဇ္နဲ႕မိခင္ကျပန္သြားေလသည္။

ေန႕လည္ကသတင္းအတြက္ကေတာ့ မင္းသားႏွင့္ နိမိတ္ရွိန္ဝါတို႔အတူရွိခဲ့သည္ဆိုတာကို တစ္ေယာက္တစ္ေလသိေတာင္ ဧကရာဇ္၏ လုပ္ပိုင္ခြင့္အာဏာႏွင့္ မရွိခဲ့ဖူးသလိုျဖစ္သြားေပလိမ့္မည္။

ဤကား အင္အားႀကီးသူတို႔၏ ရွင္သန္ေနထိုင္ရာပုံစံပင္ျဖစ္ေခ်ေတာ့၏။

To be Continue...
Jan 4

繼續閱讀

You'll Also Like

278K 62.9K 42
(Myanmar Boy Love Fiction-OC) Match Made In Clouds (ကြည်ညွှန်း Family) ရဲ့ Season 2 ပါ Match Made In Clouds ကို အရင်ဖတ်ပြီးမှ Wonderful Promise ကို ဖ...
1.2M 40.5K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
25.4K 1.3K 32
" ဒီဝတ်စုံကို မင်းဝတ်ချင်သလား ခွန်းသက်တံ့" "ကိုကိုသာ ကျွန်တော့်ကို မရွံမုန်းခဲ့ရင်ပေါ့" " ဒီဝတ္စုံကို မင္းဝတ္ခ်င္သလား ခြန္းသက္တံ့" "ကိုကိုသာ ကြၽန္...
1.3M 53.6K 65
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...