"ရင်းရင်း နန်းတွင်းမှာ ကောင်းကောင်းနေရတာကြောင့် အိမ်ကိုတောင်မလွမ်းမိပါဘူး...အရှင့်ကို ဘယ်လိုများအနှောက်အယှက်ပေးဝံ့မှာလဲ??"
ဧကရာဇ်က စကားမဆိုဘဲ လက်ဝှေ့ယမ်းပြနေတယ်....နေသာနေတာကြောင့် တောက်ပတဲ့နေရောင်ခြည်အောက်မှာ ငယ်ရွယ်ပျိုုမြစ်ပြီးသူရဲကောင်းဆန်တဲ့ အရှင့်ကို ထင်ရှားစွာ ဖူးတွေ့ခွင့်ရခဲ့တယ်...သေချာစွာ ကြည့်လိုက်မိတော့မှ အရှင့် မျက်နှာတော်က အရမ်းကြီးထူးခြားနေတာမျိုးမဟုတ်ပေမယ့် မျက်ဝန်းအိမ်တွေ မျက်ခုံးတွေကတော့ သာမာန်ထက် ထူးခြားနေပြီး တည်ငြိမ်တဲ့အသွင်ဆောင်နေတယ်....အရှင်က စကားနည်းတယ်.... အမှတ်တမဲ့မော့ကြည့်လိုက်ချိန်တိုင်း အရှင်ရဲ့ အနက်ရောင်မျက်ဝန်းတွေကြောင့် အကြောင်းပြချက်မဲ့စွာ ထိတ်လန့်ခဲ့ရဖူးတယ်....နှစ်ပေါင်းများစွာ လူတကာရဲ့ အထွဋ်အထိပ်မှာ ရပ်တည်ခဲ့တာကြောင့် အရှင့်ရဲ့ အရှိန်ဝါတွေ လှုပ်ရှားမှုတွေက မချဉ်းကပ်ရဲလောက်တဲ့အထိ ကြောက်လန့်စေတယ်....
အကြာကြီး မော်မဖူးဝံ့တာကြောင့် ကျေးဇူးတင်စကားဆိုပြီးတာနဲ့ ခေါင်းပြန်ငုံ့ထားလိုက်တယ်....
ဧကရာဇ်တစ်ပါးရဲ့ ရှေ့တော်မှောက်မှာ ပေါက်ကရစကားတွေမဆိုဝံ့တာကြောင့် အပြန်အလှန် စကားအနည်းငယ်ပဲဆိုဖြစ်ကြတယ်....သူ့အမေ မွေးရပ်ဇာတိကိုပြန်သွားကြောင်းသိလိုက်ချိန်မှာ ရင်းရင်း အတော်လေးဝမ်းနည်းနေခဲ့တယ်....ထိုအချိန်မှာ အရှင်က.....
"ပြောလို့ပြီးကြပြီလား??"
ရင်းရင်း ခေါင်းညိတ်ပြလိုက်တော့....
"ဒါဆို မင်းရဲ့အဆောင်ကိုပြန်တော့..."
ရင်းရင်းက ချန်ဇီမင်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားလေတယ်.....
မျောက်ရုပ်လေးအကြောင်းတွေးမိလိုက်တော့ ချန်ဇီမင်းစိတ်ထဲမှာ မသက်မသာလေးလံနေခဲ့တယ်....ချန်ဇီမင်းတစ်ယောက် အတွေးတွေနဲ့ ကမ္ဘာပျက်နေစဉ်မှာ အရှင်က....
"နောက်လကျရင် ဘိုးဘေးတွေကိုကန်တော့ဖို့ ကိုယ်တော် နန်းပြင်ထွက်ရလိမ့်မယ်....ဒီခရီးစဉ်တစ်လျှောက်လုံး မောင်မင်း ကိုယ်တော့်ကို လိုက်ပါစောင့်ရှောက်ရမယ်..."
ချန်ဇီမင်း လန့်ဖြန့်သွားပြီး မြန်မြန်ဒူးထောက်လိုက်တယ်....
"နှိမ့်ကျတဲ့ကျွန်တော်မျိုး ဒီလိုကြီးလေးတဲ့တာဝန်ကို မထမ်းဆောင်နိူင်မှာစိုးရွံ့မိပါတယ်... "
အရှင်ကတော့ အရေးမထားဟန်နဲ့....
"ရတယ်....မောင်မင်းက သံတမာန်တွေအကုန်လုံးကို ညွှန်ကြားရုံပဲ...ကိုယ်တော့် မှာ အစီစဉ်ရှိပြီသား..."
ချန်ဇီမင်း အလွန်ထိတ်လန့်သွားပြီး....
"ကျွန်တော်မျိုးက ယုအမတ်အဖြစ် ခန့်အပ်ခံရပေမယ့် ကျွန်တော်မျိုးရဲ့ သိုင်းပညာက သာမာန်အဆင့်လောက်ပဲဆိုတော့.စိုးရွံ့မိပါတယ်...... "
အရှင် သူ့ကို မျက်မှောင်ကြုံ့ပြီး ကြည့်နေတာကြောင့် မြန်မြန်ပါးစပ်ပိတ်နေလိုက်ရတယ်..
"မောင်မင်းဆိုလိုချင်တာတဲ့သဘောက ဒီလိုလူမျိုးကို တပ်မှုးအဖြစ် ကိုယ်တိုင်ခန့်အပ်လိုက်တဲ့ ငါကိုယ်တော်က ရူးနေလို့ပေါ့...."
ချန်ဇီမင်း ပြန်မဖြေဝံ့တာကြောင့် ခေါင်းငုံ့ပြီးရင်း ခေါင်းငုံ့နေရတယ်....
အရှင်က ထိုင်နေရာကနေ လမ်းထလျှောက်လိုက်ရင်း....
"ဒါဆိုလဲ မောင်မင်းကိုယ်တိုင် နှုတ်ထွက်စာတင်လိုက်တော့...လောကမှာအရည်အချင်းရှိသူတွေ အများကြီးရှိသေးတာပဲ...အရည်အချင်းမရှိတဲ့ သူတွေအတွက်တော့ အကောင်းတွေနဲ့ မထိုက်တန်တာသဘာဝပဲ...."
ချန်ဇီမင်း အံကြိတ်ထားလိုက်မိတယ်..
နောက်ဆုံးတော့လဲ သူ့နှလုံးသားထဲက လူငယ်တစ်ယောက်ရဲ့ စိတ်ဝိဉာဉ်က်ို ဖိနှိပ်မထားနိုင်ခဲ့ပေ.....
တစ်လလုံးလုံး အေးချမ်းသာယာနေတာကြောင့် ချန်ဇီမင်း သူ့ကိုယ်သူ အတွေးလွန်နေမှန်း နားလည်လာခဲ့တယ်....
သစ်သားမျောက်ရုပ်လေးက အခွင့်မရှိဘဲ နန်းတွင်းထဲ မဝင်ဖို့နဲ့ မောင်းမဆောင်နဲ့ အဆက်အသွယ်မလုပ်ဖို့ သတိပေးတာလဲ ဖြစ်နိုင်တာပဲ....
သိပ်မကြာခင်မှာပဲ ဧာရာဇ်ရဲ့ ဘိုးဘေးကန်တော့ခြင်း ခရီးစဉ်စတင်ခဲ့တယ်....ဧကာရာဇ်က သူနဲ့အတူ အရပ်ဘက် အရာရှိ ဒါဇင်ပေါင်းများစွာကိုပါ အတူခေါ်ဆောင်လာပေမယ့် အစောင့်အရှောက်အဖြစ် စစ်သူကြီးတွေ တပ်မှုးတွေ အရာခံတပ်မှုးတွေကို ကျော်လွန်ပြီး ချန်ဇီးမင်း ဉီးဆောင်တဲ့ မြင်းတပ်သား ငါးထောင်ကိုသာလျှင် တာဝန်ခန့်အပ်ခဲ့တယ်....
ချန်မိဖုရားကြောင့် အရှင်က ချန်ဇီမင်းကို အခုလို အရေးပေးနေကြောင့် လူတိုင်းပြောနေကြပြီ....
ချန်ဇီမင်း စိတ်ထဲမှာတော့ ......
//အဲ့လိုပြောနေမယ့်အစား ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ်လို့ တည့်တိုးပြောလိုက်တာပိုမကောင်းဘူးလား...//
ညရောက်တော့ တည်းခိုခန်းတစ်ခုမှာ အနားယူခဲ့ကြတယ်....အစောကြီးကတည်း ကြိုတင်ပြီး ရှင်းလင်းထားပေမယ့် ဧည့်သည့်တွေများလွန်းတာကြောင့် ချန်ဇီမင်းက တပ်သားတွေနဲ့ အတူ ရွက်ဖျင်တဲထိုးပြီးနေခဲ့ရတယ်....ညစာစားပြီးချန်မှာ ဧကရာဇ်က ချန်ဇီမင်းကို လူလွှတ်ပြီး အခေါ်တော်ဆင့်လိုက်တယ်....အကြောင်းကတော့ ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်တဲ့ ချန်ဇီမင်းနဲ့ဘအရေးကြီးကိစ္စဆွေးနွေးမယ်တဲ့.....
ချန်ဇီမင်း စုပ်လဲစူး စားလဲရူးဖြစ်နေလေပြီ.....
အရှင် အနားယူတဲ့ အခန်းက တည်းခိုခန်းမှာရှိတဲ့ အကျယ်ဆုံးအခန်းဖြစ်ပြီး အတွင်းခန်းနဲ့အပြင်ခန်း နှစ်ခန်းပါရှိတယ်.....
အရှင်က အတွင်းခန်းမှာ စက်တော်ခေါ်မှာဖြစ်တဲ့အတွက် ချန်ဇီမင်းရောက်သွားချိန်မှာ ဝတ်လဲတော်လဲဖို့စောင့်နေတဲ့အပျိုတော်ကို တွေ့လိုက်ရတယ်...ဝါးသားယင်းလိပ်ခြားပြီး အရှင်နဲ့ အပြန်အလှန် ဆွေးနွေးခဲ့ရတယ်...ညပိုင်းအတွက် ကာကွယ်ရေးစောင့်ကြပ်ရေးအကြောင်းတွေသာအဓိကထားပြီး ပြောဖြစ်ခဲ့ကြတယ်...
ခဏအကြာမှာ...အရှင်က အဝါရောင်ဝတ်ရုံတော်ကို လဲဝတ်ပြီးတာကြောင့် အပျိုတော်တွေက ယင်းလိပ်ကို ဖယ်ပေးလိုက်ကြတယ်....အတွင်းခန်းထဲက အရှင့်အိပ်ယာပေါ်မှာရှိတဲ့ ခြုံစောင်အပိုတစ်ထည်ကို မြင်လိုက်ချိန်မှာ ချန်ဇီမင်း ကြက်သီးဖြန်းဖြန်းထသွားလေတယ်....အရှင်က ချန်ဇီမင်းအကြည့်တွေရဲ့ လားရာကို လိုက်ကြည့်လိုက်ပြီး ကောက်ကာငင်ကာ မိန့်တော်မူတယ်....
"မောင်မင်း ဒီည ဒီမှာပဲအိပ်လိုက်....ဒါမှ ကိုယ်တော်လဲ စိတ်ချလက်ချ စက်တော်ခေါ်နိူင်မှာ...."
အရှင်က သာမာန်ကာလျှံကာနဲ့ ကုတင်ရှေ့ကို လက်ညိုးညွှန်ပြနေတယ်.....
သူ့ဖြေကိုတောင် မစောင့်တော့ဘဲ အပျိုတော်တစ်ယောက်က စောင်ကိုဖြန့်ခင်းနေပြီ.....
ချန်ဇီမင်း ရုတ်တရက် အသက်ရှူရပ်သွားလိုခံစားလိုက်ရပြီး အရှင့်ကို အလန့်တကြားမေ့ကြည့်လိုက်တယ်....အရှင်က အပျိုတော်ရဲ့ လှုပ်ရှားမှုတွေကို ကြည့်နေပြီး မျက်နှာတော်အထက်မှာ မည်သည့်အမူအရာမျိုးမှရှိမနေခဲ့ပေ......
ချန်ဇီမင်း ရင်တွေ တဒိုင်းဒိုင်းခုန်နေတယ်...ပြီးတော့ မူးဝေလာတယ်....
ခဏအကြာမှာတော့ တည်ငြိမ်စွာနဲ့ပဲ ခေါင်းငုံ့ပြီး အရှင့်ကို ကျေးဇူးတင်စကားဆိုလိုက်ရတယ်.....
ထောင့်မှာ ချိတ်ဆွဲထားတဲ့ မီးအိမ်အလင်းရောင်ကလွဲရင် တည်းခိုခန်းတစ်ခုလုံး မှောင်မည်းနေတယ်....
ချန်ဇီမင်း ထိုနေရာမှာပဲ တောင့်တင်းစွာဒူးထောက်နေဆဲပင်....ဧကရာဇ်ငယ်လေးကတော့ ဒီအခန်းထဲမှာ လူပိုတစ်ယောက်ရှိနေသေးကြောင်း မေ့လျော့နေပြီထင်ပါရဲ့.....
ချန်ဇီမင်း တစ်ယောက်တည်းကျန်ခဲ့တယ်...အပျိုတော်တွေ ထွက်သွားပြီးကတည်းက ထရပ်ဖို့ အခုထိ မမိန့်သေးပေ...
အတွင်းခန်းထဲမှာ လှဲလျောင်းအိပ်စက်နေတဲ့ အရှင့်ကို မှုန်ဝါးစွာတွေ့မြင်နေရတယ်....ခဏအကြာမှာတော့ အရှင့်ရဲ့အသက်ရှူသံတွေ ညှင်သာနေရာကနေ လေးလံလာတယ်....ခဏအကြာမှာတော့ ထိတ်လန့်နေမိတဲ့သူ့ကိုယ်သူ လှောင်ရယ်လိုက်တော့တယ်....ပြီးတာနဲ့ အသံတစ်သံမှမထွက်အောင် ဖြည်းညှင်းစွာမတ်တပ်ထရပ်လိုက်တယ်....
အိပ်ယာထက်ဆီ လျှောက်လှမ်းသွားပြီး ဒူးတစ်ဖက်ထောက်ကာ စောင်ကို မလိုက်တယ်...ချပ်ဝတ်တွေမချွတ်ရဲဘူး...ဝတ်အိပ်ရမယ်.....
အိပ်လို့ မဖြစ်ဘူး...အိပ်လို့မဖြစ်ဘူး....ချန်ဇီမင်း သူ့ကိုယ်သူ ထပ်ခါထပ်ခါ သတိပေးနေတယ်....
သို့ပေမယ့် တစ်နေကုန် ပြေးလွှားထားရတာကြောင့် ပင်ပန်းနွယ်နယ်မှုကို တောင့်မခံနိုင်တော့ပေ.....တဖြည်းဖြည်းနဲ့ မျက်လုံးတွေ မှေးစင်စလာပြီး လက်မောင်းလေးခေါင်းဉီးပြီး အိပ်ပျော်သွားခဲ့ရှာတယ်....ဘယ်အချိန်အထိအိပ်ပျော်သွားမှန်း မသိပေမယ့် ပရမ်းပတာအခြေနေတစ်ခုနဲ့ ကြုံလိုက်ရတယ်....
ထူးဆန်းတဲ့ လှုပ်ရှားမှုတစ်ရပ်ကြောင့် ချန်ဇီမင်း လန့်နိုးသွားခဲ့တယ်....မျက်လုံးဖွင့်ကြည့်မိလိုက်တဲ့ အခိုက်အတန့်မှာ သူ့တစ်ကိုယ်လုံးအေးခဲသွားခဲ့ရပြန်တယ်....
အရှင့်ရဲ့ မျက်နှာတော်က သူ့နဲ့လက်နှစ်သစ်စာအကွာလောက်ထိနီးကပ်နေပြီး အရှင့်ရဲ့ သွယ်လျတဲ့ မျက်ဝန်းတွေကညမှောင်ထဲမှာ ထူးထူးခြားခြားတောက်ပနေတယ်....
ချန်ဇီမင်း နိုးလာတာမြင်တော့ အရှင့်က သူ့ခေါင်းဆောင်း ခမောက်ကို ချွတ်လိုက်တယ်...
ချန်ဇီမင်းလုံးဝ မလှုပ်သေးတာကြောင့် အရှင့်လက်တွေ အောက်ဘက်ကို ရွေ့လျားလာပြီး သူ့လည်ပင်းကို ကိုင်ထားနေတယ်.....
ချန်ဇီမင်း ဘယ်လိုမှနေနိုင်တော့တာကြောင့် နောက်ဘက်ကိုတိုးသွားလိုက်တယ်...အရှင်က သူ့နားရွက်တွေကို ငုံ့ကြည့်ရင်းကနေ သူ့ထိတ်လန့်နေတာကိုမြင်တော့ မျက်မှောင်ကြုံ့ပြီးပြန်ကြည့်တယ်....ချန်ဇီမင်း နောက်တစ်ကြိမ်အေးခဲသွားပြန်တယ်....
ရုတ်တရက်ကြီး သူ့ကိုယ်ပေါတွေချပ်ဝတ်တွေ ပင့်တင်ခံလိုက်ရတယ်...အရှင် သူ့ချပ်ဝတ်တွေကိုချွတ်နေပြီ...
ချန်ဇီမင်းရဲ့ အသံရှူသံတွေပြင်းထန်လာတယ်...သူ့ရင်ဘတ်နားမှာ ခေါင်းငုံ့နေတဲ့ အရှင်ကို မခံမရပ်နိူင်အောင် နာကျင်ဒေါသထွက်နေတဲ့ အကြည့်တွေနဲ့စိုက်ကြည့်လိုက်တယ်.....အရှင်ကတော့ သူ့လည်ပင်းနားမှာ ချည်ထားတဲ့ ချပ်ဝတ်သားရေကြိုးကို ဖြုတ်နေတယ်...နှစ်ကြိမ်တိုင်တိုင်ကြိုးစားပြီးမှာ ဖြုတ်လို့ရသွားတယ်....အရှင့်ရဲ့ အမူအရာတွေတည်ငြိမ်နေပေမယ့် သူ့လက်ကောက်ဝတ်ကို လက်တစ်ဖက်က တင်းကြပ်စွာစးဆုပ်ကိုင်ပြီး ဟန့်တားနေတယ်....
အရှင်က အမူအရာမပြောင်းမသွားပေမယ့် မျက်ဝန်းတွေထဲမှာ ရန်လိုမှုအရိပ်အယောင်တွေပေါ်ထွက်လာပြီး သူ့ကို စော်ကားဝံ့တဲ့ ချန်ဇီမင်းကို အေးစက်စွာစိုက်ကြည့်နေတယ်.....
ဒီအပြုအမူကြောင့် အသက်ပေးလိုက်ရနိုင်မှန်း ချန်ဇီမင်း သိတယ်....ဒါပေမယ့် ဒီထက့်ပိုပြီး အရှက်မကွဲချင်တော့တာကြောင့် ခေါင်းမာစွာနဲ့ပဲ အရှင့်ကို ပြန်ကြည့်နေလိုက်တယ်.....
သူတကယ်ကို မထုံတက်လေးလုပ်နေတာမြင်တော့ အရှင်က ချပ်ဝတ်ကို ဆက်မချွတ်တော့ဘဲ မျက်မှောင်ကြုံ့ပြီး မတ်တပ်ထရပ်လိုက်တယ်....ပြီးတော့ညှိူးငယ်စွာနဲ့ ခေါင်းငိုက်စိုက်ကျနေတဲ့ ချန်ဇီမင်းကို အပေါ်ကနေ စီးမိုးကြည့်နေပြန်တယ်....
ချန်ဇီမင်း ထိတ်သွားပြီး အလိုအလျောက် ထထိုင်လိုက်တယ်....သူငယ်ငယ်တုန်းကတည်းက စည်းကမ်းတကျသင်ယူခဲ့ရတယ်...သူ့အဖေရဲ့ သွန်သင်ဆုံးမမှုတွေကြောင့် ချန်ဇီမင်း အရှင့်ကို ရိုသေလေးစားစွာဆက်ဆံခဲ့တယ်....အိမ်မှာဆို သူ့အဖေစကားကို မနာခံပေမယ့်လဲ တော်ဝင်ရုံးတော်မှာတော့ မနာခံဘဲ မနေဝံ့ပါဘူး....
အခု မတ်တပ်ထရပ်လိုက်ချိန်မှာ နေ့စဉ်နေတိုင်းညီလာခံမှာ ရာဇမာန်ပြင်းထန်စွာနဲ့ အမိန့်ပေးနေတဲ့သလို အရှင့်ရဲ့အရှိန်ဝါတွေပြင်းထန်နေတယ်...ချန်ဇီမင်း ဘယ်လောက်ပဲ သတ္တိရှိနေပါစေ...နှလုံးသားထဲကနေအကြောက်တရားကိုတော့ မဖိနှိပ်ထားနိူင်ခဲ့ပေ....
အဆုံးသတ်မှာတော့ အရှင်က ရုတ်တရက်ကြီး မတ်တပ်ထရပ်လိုက်တာကြောင့် ချန်ဇီမင်း လက်လွှတ်ရသေးတဲ့အတွက် ဒူးထောက်ရက်သားလဲကျသွားတယ်....
နှစ်ယောက်သားစကားတစ်ခွန်းမှာမပြောဘဲ လူချင်းခွာလိုက်ကြတယ်....
အရှင် သူ့ကို စိုက်ကြည့်နေမှန်းသိပေမယ့် ချန်ဇီမင်း ခေါင်းမမော့ဝံ့ပေ....
ထိုအချက်ကြောင့် အရှင်ရဲ့စိတ်ဝင်စားမှုတွေကုန်ခမ်းသွားလေပြီ...
"ဟမ့်!!"
အရှင်က ကုတင်ပေါ်မှာပြန်ထိုင်လိုက်ပြီး....
"အတင့်ရဲ့လှချည်လား??"
ထိုလေသံက သိမ်မွေ့ညှင်သာနေပြီး...ပျော်ရွှင်မှု၊ အမျက်ဒေါသ၊ပူဆွေးမှုတို့ မပါဝင်ပေမယ့် ယုတ္တိမဲ့လွန်းနေတယ်....
ချန်ဇီမင်းရဲ့ နှလုံသားတွေ ပိုမိုအေးခဲလာတယ်...နောက်ဆုံးတော့...သူရဲ့မာနတွေကို ချိုးနှိမ်လိုက်ပြီး....
"ဒီငမိုက်သား သေသင့်ပါတယ်"
"သေသင့်တယ်??"
အရှင်က ချန်ဇီမင်း ဆုပ်ကိုင်လိုက်တဲ့ လက်ကောက်ဝတ်ကို ခပ်ဖွဖွဖိညှစ်လိုက်ပြီး...
" မောင်မင်း ဘာ့ကြောင့် သေသင့်မှန်း ကိုယ်တော့်ကို ပြောစမ်း!!"
ချန်ဇီမင်းတော်တော် စိတ်ရှုပ်နေပြီ...သူတကယ် အရှင့်ကို နာကျင်စေမိပြီ....
ဝမ်းလျားမှောက်တော့မတတ်ဉီးညွှတ်လိုက်ပြီး.....
"ဒီငမိုက်သားက အရှင့်ရဲ့ နဂါးခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်မိတဲ့အတွက် သေသင့်ပါတယ်..."
"ပြီးတော့ရော...."
ချန်ဇီမင်း တုန့်ဆိုင်းသွားတယ်....
"ဒီငမိုက်သားရဲ့ မိသားစုကိုတော့ လွှတ်ပေးဖို့တောင်းဆိုပါရစေ..."
"ကိုယ်တော့်ကို စျေးဆစ်နေပြန်ပြီလား!!"
အရှင် ရုတ်တရက်ကြီး ဒေါသထွက်လာသလိုပဲ.....
"မဟုတ်ရပါဘူး.....ကျွန်တော်မျိုး မဝံ့ရဲပါဘူး...."
အရှင်က ဒေါသတကြီးနဲ့ မတ်တပ်ထရပ်လိုက်ပြီး....
"မောင်မင်းက ငါကိုယ်တော်ကိုတောင် သတ်ရဲမှတော့ မောင်မင်း မလုပ်ဝံတာရှိသေးလို့လား??"
ချန်ဇီမင်း မိုးကြိုးပစ်ခံလိုက်ရသလို အမြင်အာရုံတွေပြာဝေလာတယ်.....
"အရှင်!!!"
အရှင်က ခပ်တိုးတိုး ရယ်သွမ်းလိုက်ပြီး....
"ဧကရာဇ်တစ်ပါးကို သတ်ဖို့ကြိုးစားတာဘယ်လို ရာဇဝတ်မှုမျိုးလဲ...မောင်မင်းရဲ့ မိသားစုကို လွှတ်ပေးသင့်လား...ကိုယ်တော် ပြောပြနေစရာမလိုတော့ဘူးထင်တယ်..."
ချန်ဇီမင်းရဲ့ အကြည့်တွေမှောင်မိုက်နေပြီ....ရွှေစင်တစ်သောင်းထက်မက အဖိုးတန်တဲ့ အရှင် က အမှားနဲ့အမှန်ကို လက်တစ်လုံးခြား ပြုမူနေတယ်....အရှင့်ကိုကြည့်လိုက်ပြန်တော့လဲ ရွှတ်နောက်နောက် မျက်နှာပေးနဲ့ သူ့ကို ကြည့်နေတယ်....
ခဏလောက် တိတ်ဆိတ်နေပြီးနောက် အရှင့်မျက်နှာတော် ထက်မှာ အမုန်းတရားကြောင့် ဖြစ်တည်လာတဲ့အပြုံးတစ်ခုပေါ်ထွက်လာတယ်...အရှင်က ကိုယ်ကို ကိုင်းချလိုက်ပြီး ချန်ဇီမင်းနားနားမှာ ကပ်ပြောနေတယ်...
"အခုလေးတင် ကိုယ်တော်က မောင်မင်းကို မိန်းမတစ်ယောက်လို သုံးဆောင်လုနီးပါးဖြစ်ခဲ့တာနော်..ဒါတောင် မောင်မင်းက အခုထိ ဂုဏ်မောင်နေသေးတုန်းပဲလား??"
ချန်ဇီမင်း အသက်ရူကြပ်လာတဲ့အပြင် ငါးသည်းခြေမြိုထားရသလို အာခံတွင်းတစ်ခုလုံးခါးသက်နေတယ်....
မြင့်မြတ်တဲ့ ခန္ဓာကိုယ်ကနေ ဒီလိုယုတ်ညံတဲ့စကားတွေ ပြောထွက်မယ်မှန်း မထင်ထားမိခဲ့ဘူး....အချိန်တစ်ခုကြာတဲ့အထိကိုယ်ပိုင် ဆန္ဒတွေကို တွန်းလှန်ဖို့ကြိုးစားနေရတယ်...
"ဝေချန်ပြောသမျှစကားတိုင်းက နှလုံးသားထဲက ထွက်လာတဲ့စကားတွေပါ..စကားတစ်ခွန်းချင်းစီတိုင်းကစစ်မှန်ပါတယ် အရှင်.. "
အရှင် ရယ်နေတယ်....
ဒါဟာ မုသားတစ်ခုမှန်း နှစ်ယောက်စလုံးသိနေတယ်....ရယ်သံတွေထဲမှာ ရှုတ်ချမှုတွေပြည့်နှက်နေတယ်....
ချန်ဇီမင်း စိတ်မသက်မသာဖြစ်လာတာကြောင့် မြေကြီးထဲ ခေါင်းဝင်တော့မတတ်ခေါင်းငုံ့နေလိုက်တယ်...
အရှင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး...
"ဒီစကားမျိုး ပြောဖူးတဲ့သူတွေ
မောင်မင်းရှေ့မှာ မရေမတွက်နိုင်အောင််ရှိခဲ့ဖူးတယ်....မောင်မင်းပြောတာ သူတို့နဲ့အတူတူပဲ...အသစ်အဆန်းလေးဘာလေးမပြောတတ်ကြတော့ဘူးလား..ငြီးငွေ့စရာကောင်းလိုက်တာ..."
"မောင်မင်း သေဖို့စိတ်ပိုင်းဖြတ်ထားတယ်ဆိုလဲ.. ကိုယ်တော်က တစ်ဖက်သားကို ဖိအားပေးပြီး မခက်ခဲစေချင်ဘူး...ဒါပေမယ့် အနာဂတ်မှာတော့...."
ZawGyi
"ရင္းရင္း နန္းတြင္းမွာ ေကာင္းေကာင္းေနရတာေၾကာင့္ အိမ္ကိုေတာင္မလြမ္းမိပါဘူး...အ႐ွင့္ကို ဘယ္လိုမ်ားအေႏွာက္အယွက္ေပးဝံ့မွာလဲ??"
ဧကရာဇ္က စကားမဆိုဘဲ လက္ေဝွ႔ယမ္းျပေနတယ္....ေနသာေနတာေၾကာင့္ ေတာက္ပတဲ့ေနေရာင္ျခည္ေအာက္မွာ ငယ္႐ြယ္ပ်ိဳုျမစ္ၿပီးသူရဲေကာင္းဆန္တဲ့ အ႐ွင့္ကို ထင္႐ွားစြာ ဖူးေတြ႕ခြင့္ရခဲ့တယ္...ေသခ်ာစြာ ၾကည့္လိုက္မိေတာ့မွ အ႐ွင့္ မ်က္ႏွာေတာ္က အရမ္းႀကီးထူးျခားေနတာမ်ိဳးမဟုတ္ေပမယ့္ မ်က္ဝန္းအိမ္ေတြ မ်က္ခုံးေတြကေတာ့ သာမာန္ထက္ ထူးျခားေနၿပီး တည္ၿငိမ္တဲ့အသြင္ေဆာင္ေနတယ္....အ႐ွင္က စကားနည္းတယ္.... အမွတ္တမဲ့ေမာ့ၾကည့္လိုက္ခ်ိန္တိုင္း အ႐ွင္ရဲ႕ အနက္ေရာင္မ်က္ဝန္းေတြေၾကာင့္ အေၾကာင္းျပခ်က္မဲ့စြာ ထိတ္လန္႔ခဲ့ရဖူးတယ္....ႏွစ္ေပါင္းမ်ားစြာ လူတကာရဲ႕ အထြဋ္အထိပ္မွာ ရပ္တည္ခဲ့တာေၾကာင့္ အ႐ွင့္ရဲ႕ အ႐ွိန္ဝါေတြ လႈပ္႐ွားမႈေတြက မခ်ဥ္းကပ္ရဲေလာက္တဲ့အထိ ေၾကာက္လန္႔ေစတယ္....
အၾကာႀကီး ေမာ္မဖူးဝံ့တာေၾကာင့္ ေက်းဇူးတင္စကားဆိုၿပီးတာနဲ႔ ေခါင္းျပန္ငုံ႔ထားလိုက္တယ္....
ဧကရာဇ္တစ္ပါးရဲ႕ ေ႐ွ႕ေတာ္ေမွာက္မွာ ေပါက္ကရစကားေတြမဆိုဝံ့တာေၾကာင့္ အျပန္အလွန္ စကားအနည္းငယ္ပဲဆိုျဖစ္ၾကတယ္....သူ႕အေမ ေမြးရပ္ဇာတိကိုျပန္သြားေၾကာင္းသိလိုက္ခ်ိန္မွာ ရင္းရင္း အေတာ္ေလးဝမ္းနည္းေနခဲ့တယ္....ထိုအခ်ိန္မွာ အ႐ွင္က.....
"ေျပာလို႔ၿပီးၾကၿပီလား??"
ရင္းရင္း ေခါင္းညိတ္ျပလိုက္ေတာ့....
"ဒါဆို မင္းရဲ႕အေဆာင္ကိုျပန္ေတာ့..."
ရင္းရင္းက ခ်န္ဇီမင္းကို တစ္ခ်က္လွည့္ၾကည့္လိုက္ၿပီး လ်င္ျမန္စြာ ထြက္ခြာသြားေလတယ္.....
ေမ်ာက္႐ုပ္ေလးအေၾကာင္းေတြးမိလိုက္ေတာ့ ခ်န္ဇီမင္းစိတ္ထဲမွာ မသက္မသာေလးလံေနခဲ့တယ္....ခ်န္ဇီမင္းတစ္ေယာက္ အေတြးေတြနဲ႔ ကမ႓ာပ်က္ေနစဥ္မွာ အ႐ွင္က....
"ေနာက္လက်ရင္ ဘိုးေဘးေတြကိုကန္ေတာ့ဖို႔ ကိုယ္ေတာ္ နန္းျပင္ထြက္ရလိမ့္မယ္....ဒီခရီးစဥ္တစ္ေလွ်ာက္လုံး ေမာင္မင္း ကိုယ္ေတာ္႕ကို လိုက္ပါေစာင့္ေ႐ွာက္ရမယ္..."
ခ်န္ဇီမင္း လန္႔ျဖန္႔သြားၿပီး ျမန္ျမန္ဒူးေထာက္လိုက္တယ္....
"ႏွိမ့္က်တဲ့ကြၽန္ေတာ္မ်ိဳး ဒီလိုႀကီးေလးတဲ့တာဝန္ကို မထမ္းေဆာင္ႏိူင္မွာစိုး႐ြံ႕မိပါတယ္... "
အ႐ွင္ကေတာ့ အေရးမထားဟန္နဲ႔....
"ရတယ္....ေမာင္မင္းက သံတမာန္ေတြအကုန္လုံးကို ၫႊန္ၾကား႐ုံပဲ...ကိုယ္ေတာ္႕ မွာ အစီစဥ္႐ွိၿပီသား..."
ခ်န္ဇီမင္း အလြန္ထိတ္လန္႔သြားၿပီး....
"ကြၽန္ေတာ္မ်ိဳးက ယုအမတ္အျဖစ္ ခန္႔အပ္ခံရေပမယ့္ ကြၽန္ေတာ္မ်ိဳးရဲ႕ သိုင္းပညာက သာမာန္အဆင့္ေလာက္ပဲဆိုေတာ့.စိုး႐ြံ႕မိပါတယ္...... "
အ႐ွင္ သူ႕ကို မ်က္ေမွာင္ၾကဳံ႕ၿပီး ၾကည့္ေနတာေၾကာင့္ ျမန္ျမန္ပါးစပ္ပိတ္ေနလိုက္ရတယ္..
"ေမာင္မင္းဆိုလိုခ်င္တာတဲ့သေဘာက ဒီလိုလူမ်ိဳးကို တပ္မႈးအျဖစ္ ကိုယ္တိုင္ခန္႔အပ္လိုက္တဲ့ ငါကိုယ္ေတာ္က ႐ူးေနလို႔ေပါ့...."
ခ်န္ဇီမင္း ျပန္မေျဖဝံ့တာေၾကာင့္ ေခါင္းငုံ႔ၿပီးရင္း ေခါင္းငုံ႔ေနရတယ္....
အ႐ွင္က ထိုင္ေနရာကေန လမ္းထေလွ်ာက္လိုက္ရင္း....
"ဒါဆိုလဲ ေမာင္မင္းကိုယ္တိုင္ ႏႈတ္ထြက္စာတင္လိုက္ေတာ့...ေလာကမွာအရည္အခ်င္း႐ွိသူေတြ အမ်ားႀကီး႐ွိေသးတာပဲ...အရည္အခ်င္းမ႐ွိတဲ့ သူေတြအတြက္ေတာ့ အေကာင္းေတြနဲ႔ မထိုက္တန္တာသဘာဝပဲ...."
ခ်န္ဇီမင္း အံႀကိတ္ထားလိုက္မိတယ္..
ေနာက္ဆုံးေတာ့လဲ သူ႕ႏွလုံးသားထဲက လူငယ္တစ္ေယာက္ရဲ႕ စိတ္ဝိဉာဥ္က္ိဳ ဖိႏွိပ္မထားႏိုင္ခဲ့ေပ.....
တစ္လလုံးလုံး ေအးခ်မ္းသာယာေနတာေၾကာင့္ ခ်န္ဇီမင္း သူ႕ကိုယ္သူ အေတြးလြန္ေနမွန္း နားလည္လာခဲ့တယ္....
သစ္သားေမ်ာက္႐ုပ္ေလးက အခြင့္မ႐ွိဘဲ နန္းတြင္းထဲ မဝင္ဖို႔နဲ႔ ေမာင္းမေဆာင္နဲ႔ အဆက္အသြယ္မလုပ္ဖို႔ သတိေပးတာလဲ ျဖစ္ႏိုင္တာပဲ....
သိပ္မၾကာခင္မွာပဲ ဧာရာဇ္ရဲ႕ ဘိုးေဘးကန္ေတာ့ျခင္း ခရီးစဥ္စတင္ခဲ့တယ္....ဧကာရာဇ္က သူနဲ႔အတူ အရပ္ဘက္ အရာ႐ွိ ဒါဇင္ေပါင္းမ်ားစြာကိုပါ အတူေခၚေဆာင္လာေပမယ့္ အေစာင့္အေ႐ွာက္အျဖစ္ စစ္သူႀကီးေတြ တပ္မႈးေတြ အရာခံတပ္မႈးေတြကို ေက်ာ္လြန္ၿပီး ခ်န္ဇီးမင္း ဉီးေဆာင္တဲ့ ျမင္းတပ္သား ငါးေထာင္ကိုသာလွ်င္ တာဝန္ခန္႔အပ္ခဲ့တယ္....
ခ်န္မိဖုရားေၾကာင့္ အ႐ွင္က ခ်န္ဇီမင္းကို အခုလို အေရးေပးေနေၾကာင့္ လူတိုင္းေျပာေနၾကၿပီ....
ခ်န္ဇီမင္း စိတ္ထဲမွာေတာ့ ......
//အဲ့လိုေျပာေနမယ့္အစား ဆင္ျဖဴေတာ္မွီၿပီး ၾကံစုပ္တယ္လို႔ တည့္တိုးေျပာလိုက္တာပိုမေကာင္းဘူးလား...//
ညေရာက္ေတာ့ တည္းခိုခန္းတစ္ခုမွာ အနားယူခဲ့ၾကတယ္....အေစာႀကီးကတည္း ႀကိဳတင္ၿပီး ႐ွင္းလင္းထားေပမယ့္ ဧည့္သည့္ေတြမ်ားလြန္းတာေၾကာင့္ ခ်န္ဇီမင္းက တပ္သားေတြနဲ႔ အတူ ႐ြက္ဖ်င္တဲထိုးၿပီးေနခဲ့ရတယ္....ညစာစားၿပီးခ်န္မွာ ဧကရာဇ္က ခ်န္ဇီမင္းကို လူလႊတ္ၿပီး အေခၚေတာ္ဆင့္လိုက္တယ္....အေၾကာင္းကေတာ့ ကိုယ္ရံေတာ္ေခါင္းေဆာင္ျဖစ္တဲ့ ခ်န္ဇီမင္းနဲ႔ဘအေရးႀကီးကိစၥေဆြးေႏြးမယ္တဲ့.....
ခ်န္ဇီမင္း စုပ္လဲစူး စားလဲ႐ူးျဖစ္ေနေလၿပီ.....
အ႐ွင္ အနားယူတဲ့ အခန္းက တည္းခိုခန္းမွာ႐ွိတဲ့ အက်ယ္ဆုံးအခန္းျဖစ္ၿပီး အတြင္းခန္းနဲ႔အျပင္ခန္း ႏွစ္ခန္းပါ႐ွိတယ္.....
အ႐ွင္က အတြင္းခန္းမွာ စက္ေတာ္ေခၚမွာျဖစ္တဲ့အတြက္ ခ်န္ဇီမင္းေရာက္သြားခ်ိန္မွာ ဝတ္လဲေတာ္လဲဖို႔ေစာင့္ေနတဲ့အပ်ိဳေတာ္ကို ေတြ႕လိုက္ရတယ္...ဝါးသားယင္းလိပ္ျခားၿပီး အ႐ွင္နဲ႔ အျပန္အလွန္ ေဆြးေႏြးခဲ့ရတယ္...ညပိုင္းအတြက္ ကာကြယ္ေရးေစာင့္ၾကပ္ေရးအေၾကာင္းေတြသာအဓိကထားၿပီး ေျပာျဖစ္ခဲ့ၾကတယ္...
ခဏအၾကာမွာ...အ႐ွင္က အဝါေရာင္ဝတ္႐ုံေတာ္ကို လဲဝတ္ၿပီးတာေၾကာင့္ အပ်ိဳေတာ္ေတြက ယင္းလိပ္ကို ဖယ္ေပးလိုက္ၾကတယ္....အတြင္းခန္းထဲက အ႐ွင့္အိပ္ယာေပၚမွာ႐ွိတဲ့ ျခဳံေစာင္အပိုတစ္ထည္ကို ျမင္လိုက္ခ်ိန္မွာ ခ်န္ဇီမင္း ၾကက္သီးျဖန္းျဖန္းထသြားေလတယ္....အ႐ွင္က ခ်န္ဇီမင္းအၾကည့္ေတြရဲ႕ လားရာကို လိုက္ၾကည့္လိုက္ၿပီး ေကာက္ကာငင္ကာ မိန္႔ေတာ္မူတယ္....
"ေမာင္မင္း ဒီည ဒီမွာပဲအိပ္လိုက္....ဒါမွ ကိုယ္ေတာ္လဲ စိတ္ခ်လက္ခ် စက္ေတာ္ေခၚႏိူင္မွာ...."
အ႐ွင္က သာမာန္ကာလွ်ံကာနဲ႔ ကုတင္ေ႐ွ႕ကို လက္ညိဳးၫႊန္ျပေနတယ္.....
သူ႕ေျဖကိုေတာင္ မေစာင့္ေတာ့ဘဲ အပ်ိဳေတာ္တစ္ေယာက္က ေစာင္ကိုျဖန္႔ခင္းေနၿပီ.....
ခ်န္ဇီမင္း ႐ုတ္တရက္ အသက္႐ွဴရပ္သြားလိုခံစားလိုက္ရၿပီး အ႐ွင့္ကို အလန္႔တၾကားေမ့ၾကည့္လိုက္တယ္....အ႐ွင္က အပ်ိဳေတာ္ရဲ႕ လႈပ္႐ွားမႈေတြကို ၾကည့္ေနၿပီး မ်က္ႏွာေတာ္အထက္မွာ မည္သည့္အမူအရာမ်ိဳးမွ႐ွိမေနခဲ့ေပ......
ခ်န္ဇီမင္း ရင္ေတြ တဒိုင္းဒိုင္းခုန္ေနတယ္...ၿပီးေတာ့ မူးေဝလာတယ္....
ခဏအၾကာမွာေတာ့ တည္ၿငိမ္စြာနဲ႔ပဲ ေခါင္းငုံ႔ၿပီး အ႐ွင့္ကို ေက်းဇူးတင္စကားဆိုလိုက္ရတယ္.....
ေထာင့္မွာ ခ်ိတ္ဆြဲထားတဲ့ မီးအိမ္အလင္းေရာင္ကလြဲရင္ တည္းခိုခန္းတစ္ခုလုံး ေမွာင္မည္းေနတယ္....
ခ်န္ဇီမင္း ထိုေနရာမွာပဲ ေတာင့္တင္းစြာဒူးေထာက္ေနဆဲပင္....ဧကရာဇ္ငယ္ေလးကေတာ့ ဒီအခန္းထဲမွာ လူပိုတစ္ေယာက္႐ွိေနေသးေၾကာင္း ေမ့ေလ်ာ့ေနၿပီထင္ပါရဲ႕.....
ခ်န္ဇီမင္း တစ္ေယာက္တည္းက်န္ခဲ့တယ္...အပ်ိဳေတာ္ေတြ ထြက္သြားၿပီးကတည္းက ထရပ္ဖို႔ အခုထိ မမိန္႔ေသးေပ...
အတြင္းခန္းထဲမွာ လွဲေလ်ာင္းအိပ္စက္ေနတဲ့ အ႐ွင့္ကို မႈန္ဝါးစြာေတြ႕ျမင္ေနရတယ္....ခဏအၾကာမွာေတာ့ အ႐ွင့္ရဲ႕အသက္႐ွဴသံေတြ ညႇင္သာေနရာကေန ေလးလံလာတယ္....ခဏအၾကာမွာေတာ့ ထိတ္လန္႔ေနမိတဲ့သူ႕ကိုယ္သူ ေလွာင္ရယ္လိုက္ေတာ့တယ္....ၿပီးတာနဲ႔ အသံတစ္သံမွမထြက္ေအာင္ ျဖည္းညႇင္းစြာမတ္တပ္ထရပ္လိုက္တယ္....
အိပ္ယာထက္ဆီ ေလွ်ာက္လွမ္းသြားၿပီး ဒူးတစ္ဖက္ေထာက္ကာ ေစာင္ကို မလိုက္တယ္...ခ်ပ္ဝတ္ေတြမခြၽတ္ရဲဘူး...ဝတ္အိပ္ရမယ္.....
အိပ္လို႔ မျဖစ္ဘူး...အိပ္လို႔မျဖစ္ဘူး....ခ်န္ဇီမင္း သူ႕ကိုယ္သူ ထပ္ခါထပ္ခါ သတိေပးေနတယ္....
သို႔ေပမယ့္ တစ္ေနကုန္ ေျပးလႊားထားရတာေၾကာင့္ ပင္ပန္းႏြယ္နယ္မႈကို ေတာင့္မခံႏိုင္ေတာ့ေပ.....တျဖည္းျဖည္းနဲ႔ မ်က္လုံးေတြ ေမွးစင္စလာၿပီး လက္ေမာင္းေလးေခါင္းဉီးၿပီး အိပ္ေပ်ာ္သြားခဲ့႐ွာတယ္....ဘယ္အခ်ိန္အထိအိပ္ေပ်ာ္သြားမွန္း မသိေပမယ့္ ပရမ္းပတာအေျခေနတစ္ခုနဲ႔ ၾကဳံလိုက္ရတယ္....
ထူးဆန္းတဲ့ လႈပ္႐ွားမႈတစ္ရပ္ေၾကာင့္ ခ်န္ဇီမင္း လန္႔ႏိုးသြားခဲ့တယ္....မ်က္လုံးဖြင့္ၾကည့္မိလိုက္တဲ့ အခိုက္အတန္႔မွာ သူ႕တစ္ကိုယ္လုံးေအးခဲသြားခဲ့ရျပန္တယ္....
အ႐ွင့္ရဲ႕ မ်က္ႏွာေတာ္က သူ႕နဲ႔လက္ႏွစ္သစ္စာအကြာေလာက္ထိနီးကပ္ေနၿပီး အ႐ွင့္ရဲ႕ သြယ္လ်တဲ့ မ်က္ဝန္းေတြကညေမွာင္ထဲမွာ ထူးထူးျခားျခားေတာက္ပေနတယ္....
ခ်န္ဇီမင္း ႏိုးလာတာျမင္ေတာ့ အ႐ွင့္က သူ႕ေခါင္းေဆာင္း ခေမာက္ကို ခြၽတ္လိုက္တယ္...
ခ်န္ဇီမင္းလုံးဝ မလႈပ္ေသးတာေၾကာင့္ အ႐ွင့္လက္ေတြ ေအာက္ဘက္ကို ေ႐ြ႕လ်ားလာၿပီး သူ႕လည္ပင္းကို ကိုင္ထားေနတယ္.....
ခ်န္ဇီမင္း ဘယ္လိုမွေနႏိုင္ေတာ့တာေၾကာင့္ ေနာက္ဘက္ကိုတိုးသြားလိုက္တယ္...အ႐ွင္က သူ႕နား႐ြက္ေတြကို ငုံ႔ၾကည့္ရင္းကေန သူ႕ထိတ္လန္႔ေနတာကိုျမင္ေတာ့ မ်က္ေမွာင္ၾကဳံ႕ၿပီးျပန္ၾကည့္တယ္....ခ်န္ဇီမင္း ေနာက္တစ္ႀကိမ္ေအးခဲသြားျပန္တယ္....
႐ုတ္တရက္ႀကီး သူ႕ကိုယ္ေပါေတြခ်ပ္ဝတ္ေတြ ပင့္တင္ခံလိုက္ရတယ္...အ႐ွင္ သူ႕ခ်ပ္ဝတ္ေတြကိုခြၽတ္ေနၿပီ...
ခ်န္ဇီမင္းရဲ႕ အသံ႐ွဴသံေတြျပင္းထန္လာတယ္...သူ႕ရင္ဘတ္နားမွာ ေခါင္းငုံ႔ေနတဲ့ အ႐ွင္ကို မခံမရပ္ႏိူင္ေအာင္ နာက်င္ေဒါသထြက္ေနတဲ့ အၾကည့္ေတြနဲ႔စိုက္ၾကည့္လိုက္တယ္.....အ႐ွင္ကေတာ့ သူ႕လည္ပင္းနားမွာ ခ်ည္ထားတဲ့ ခ်ပ္ဝတ္သားေရႀကိဳးကို ျဖဳတ္ေနတယ္...ႏွစ္ႀကိမ္တိုင္တိုင္ႀကိဳးစားၿပီးမွာ ျဖဳတ္လို႔ရသြားတယ္....အ႐ွင့္ရဲ႕ အမူအရာေတြတည္ၿငိမ္ေနေပမယ့္ သူ႕လက္ေကာက္ဝတ္ကို လက္တစ္ဖက္က တင္းၾကပ္စြာစးဆုပ္ကိုင္ၿပီး ဟန္႔တားေနတယ္....
အ႐ွင္က အမူအရာမေျပာင္းမသြားေပမယ့္ မ်က္ဝန္းေတြထဲမွာ ရန္လိုမႈအရိပ္အေယာင္ေတြေပၚထြက္လာၿပီး သူ႕ကို ေစာ္ကားဝံ့တဲ့ ခ်န္ဇီမင္းကို ေအးစက္စြာစိုက္ၾကည့္ေနတယ္.....
ဒီအျပဳအမူေၾကာင့္ အသက္ေပးလိုက္ရႏိုင္မွန္း ခ်န္ဇီမင္း သိတယ္....ဒါေပမယ့္ ဒီထက့္ပိုၿပီး အ႐ွက္မကြဲခ်င္ေတာ့တာေၾကာင့္ ေခါင္းမာစြာနဲ႔ပဲ အ႐ွင့္ကို ျပန္ၾကည့္ေနလိုက္တယ္.....
သူတကယ္ကို မထုံတက္ေလးလုပ္ေနတာျမင္ေတာ့ အ႐ွင္က ခ်ပ္ဝတ္ကို ဆက္မခြၽတ္ေတာ့ဘဲ မ်က္ေမွာင္ၾကဳံ႕ၿပီး မတ္တပ္ထရပ္လိုက္တယ္....ၿပီးေတာ့ညိႇဴးငယ္စြာနဲ႔ ေခါင္းငိုက္စိုက္က်ေနတဲ့ ခ်န္ဇီမင္းကို အေပၚကေန စီးမိုးၾကည့္ေနျပန္တယ္....
ခ်န္ဇီမင္း ထိတ္သြားၿပီး အလိုအေလ်ာက္ ထထိုင္လိုက္တယ္....သူငယ္ငယ္တုန္းကတည္းက စည္းကမ္းတက်သင္ယူခဲ့ရတယ္...သူ႕အေဖရဲ႕ သြန္သင္ဆုံးမမႈေတြေၾကာင့္ ခ်န္ဇီမင္း အ႐ွင့္ကို ႐ိုေသေလးစားစြာဆက္ဆံခဲ့တယ္....အိမ္မွာဆို သူ႕အေဖစကားကို မနာခံေပမယ့္လဲ ေတာ္ဝင္႐ုံးေတာ္မွာေတာ့ မနာခံဘဲ မေနဝံ့ပါဘူး....
အခု မတ္တပ္ထရပ္လိုက္ခ်ိန္မွာ ေန႔စဥ္ေနတိုင္းညီလာခံမွာ ရာဇမာန္ျပင္းထန္စြာနဲ႔ အမိန္႔ေပးေနတဲ့သလို အ႐ွင့္ရဲ႕အ႐ွိန္ဝါေတြျပင္းထန္ေနတယ္...ခ်န္ဇီမင္း ဘယ္ေလာက္ပဲ သတၱိ႐ွိေနပါေစ...ႏွလုံးသားထဲကေနအေၾကာက္တရားကိုေတာ့ မဖိႏွိပ္ထားႏိူင္ခဲ့ေပ....
အဆုံးသတ္မွာေတာ့ အ႐ွင္က ႐ုတ္တရက္ႀကီး မတ္တပ္ထရပ္လိုက္တာေၾကာင့္ ခ်န္ဇီမင္း လက္လႊတ္ရေသးတဲ့အတြက္ ဒူးေထာက္ရက္သားလဲက်သြားတယ္....
ႏွစ္ေယာက္သားစကားတစ္ခြန္းမွာမေျပာဘဲ လူခ်င္းခြာလိုက္ၾကတယ္....
အ႐ွင္ သူ႕ကို စိုက္ၾကည့္ေနမွန္းသိေပမယ့္ ခ်န္ဇီမင္း ေခါင္းမေမာ့ဝံ့ေပ....
ထိုအခ်က္ေၾကာင့္ အ႐ွင္ရဲ႕စိတ္ဝင္စားမႈေတြကုန္ခမ္းသြားေလၿပီ...
"ဟမ့္!!"
အ႐ွင္က ကုတင္ေပၚမွာျပန္ထိုင္လိုက္ၿပီး....
"အတင့္ရဲ႕လွခ်ည္လား??"
ထိုေလသံက သိမ္ေမြ႕ညႇင္သာေနၿပီး...ေပ်ာ္႐ႊင္မႈ၊ အမ်က္ေဒါသ၊ပူေဆြးမႈတို႔ မပါဝင္ေပမယ့္ ယုတၱိမဲ့လြန္းေနတယ္....
ခ်န္ဇီမင္းရဲ႕ ႏွလုံသားေတြ ပိုမိုေအးခဲလာတယ္...ေနာက္ဆုံးေတာ့...သူရဲ႕မာနေတြကို ခ်ိဳးႏွိမ္လိုက္ၿပီး....
"ဒီငမိုက္သား ေသသင့္ပါတယ္"
"ေသသင့္တယ္??"
အ႐ွင္က ခ်န္ဇီမင္း ဆုပ္ကိုင္လိုက္တဲ့ လက္ေကာက္ဝတ္ကို ခပ္ဖြဖြဖိညႇစ္လိုက္ၿပီး...
" ေမာင္မင္း ဘာ့ေၾကာင့္ ေသသင့္မွန္း ကိုယ္ေတာ္႕ကို ေျပာစမ္း!!"
ခ်န္ဇီမင္းေတာ္ေတာ္ စိတ္႐ႈပ္ေနၿပီ...သူတကယ္ အ႐ွင့္ကို နာက်င္ေစမိၿပီ....
ဝမ္းလ်ားေမွာက္ေတာ့မတတ္ဉီးၫႊတ္လိုက္ၿပီး.....
"ဒီငမိုက္သားက အ႐ွင့္ရဲ႕ နဂါးခႏၶာကိုယ္ကို ထိခိုက္ေအာင္လုပ္မိတဲ့အတြက္ ေသသင့္ပါတယ္..."
"ၿပီးေတာ့ေရာ...."
ခ်န္ဇီမင္း တုန္႔ဆိုင္းသြားတယ္....
"ဒီငမိုက္သားရဲ႕ မိသားစုကိုေတာ့ လႊတ္ေပးဖို႔ေတာင္းဆိုပါရေစ..."
"ကိုယ္ေတာ္႕ကို ေစ်းဆစ္ေနျပန္ၿပီလား!!"
အ႐ွင္ ႐ုတ္တရက္ႀကီး ေဒါသထြက္လာသလိုပဲ.....
"မဟုတ္ရပါဘူး.....ကြၽန္ေတာ္မ်ိဳး မဝံ့ရဲပါဘူး...."
အ႐ွင္က ေဒါသတႀကီးနဲ႔ မတ္တပ္ထရပ္လိုက္ၿပီး....
"ေမာင္မင္းက ငါကိုယ္ေတာ္ကိုေတာင္ သတ္ရဲမွေတာ့ ေမာင္မင္း မလုပ္ဝံတာ႐ွိေသးလို႔လား??"
ခ်န္ဇီမင္း မိုးႀကိဳးပစ္ခံလိုက္ရသလို အျမင္အာ႐ုံေတြျပာေဝလာတယ္.....
"အ႐ွင္!!!"
အ႐ွင္က ခပ္တိုးတိုး ရယ္သြမ္းလိုက္ၿပီး....
"ဧကရာဇ္တစ္ပါးကို သတ္ဖို႔ႀကိဳးစားတာဘယ္လို ရာဇဝတ္မႈမ်ိဳးလဲ...ေမာင္မင္းရဲ႕ မိသားစုကို လႊတ္ေပးသင့္လား...ကိုယ္ေတာ္ ေျပာျပေနစရာမလိုေတာ့ဘူးထင္တယ္..."
ခ်န္ဇီမင္းရဲ႕ အၾကည့္ေတြေမွာင္မိုက္ေနၿပီ....ေ႐ႊစင္တစ္ေသာင္းထက္မက အဖိုးတန္တဲ့ အ႐ွင္ က အမွားနဲ႔အမွန္ကို လက္တစ္လုံးျခား ျပဳမူေနတယ္....အ႐ွင့္ကိုၾကည့္လိုက္ျပန္ေတာ့လဲ ႐ႊတ္ေနာက္ေနာက္ မ်က္ႏွာေပးနဲ႔ သူ႕ကို ၾကည့္ေနတယ္....
ခဏေလာက္ တိတ္ဆိတ္ေနၿပီးေနာက္ အ႐ွင့္မ်က္ႏွာေတာ္ ထက္မွာ အမုန္းတရားေၾကာင့္ ျဖစ္တည္လာတဲ့အျပဳံးတစ္ခုေပၚထြက္လာတယ္...အ႐ွင္က ကိုယ္ကို ကိုင္းခ်လိုက္ၿပီး ခ်န္ဇီမင္းနားနားမွာ ကပ္ေျပာေနတယ္...
"အခုေလးတင္ ကိုယ္ေတာ္က ေမာင္မင္းကို မိန္းမတစ္ေယာက္လို သုံးေဆာင္လုနီးပါးျဖစ္ခဲ့တာေနာ္..ဒါေတာင္ ေမာင္မင္းက အခုထိ ဂုဏ္ေမာင္ေနေသးတုန္းပဲလား??"
ခ်န္ဇီမင္း အသက္႐ူၾကပ္လာတဲ့အျပင္ ငါးသည္းေျခၿမိဳထားရသလို အာခံတြင္းတစ္ခုလုံးခါးသက္ေနတယ္....
ျမင့္ျမတ္တဲ့ ခႏၶာကိုယ္ကေန ဒီလိုယုတ္ညံတဲ့စကားေတြ ေျပာထြက္မယ္မွန္း မထင္ထားမိခဲ့ဘူး....အခ်ိန္တစ္ခုၾကာတဲ့အထိကိုယ္ပိုင္ ဆႏၵေတြကို တြန္းလွန္ဖို႔ႀကိဳးစားေနရတယ္...
"ေဝခ်န္ေျပာသမွ်စကားတိုင္းက ႏွလုံးသားထဲက ထြက္လာတဲ့စကားေတြပါ..စကားတစ္ခြန္းခ်င္းစီတိုင္းကစစ္မွန္ပါတယ္ အ႐ွင္.. "
အ႐ွင္ ရယ္ေနတယ္....
ဒါဟာ မုသားတစ္ခုမွန္း ႏွစ္ေယာက္စလုံးသိေနတယ္....ရယ္သံေတြထဲမွာ ႐ႈတ္ခ်မႈေတြျပည့္ႏွက္ေနတယ္....
ခ်န္ဇီမင္း စိတ္မသက္မသာျဖစ္လာတာေၾကာင့္ ေျမႀကီးထဲ ေခါင္းဝင္ေတာ့မတတ္ေခါင္းငုံ႔ေနလိုက္တယ္...
အ႐ွင္က လက္ကိုေဝွ႔ယမ္းလိုက္ၿပီး...
"ဒီစကားမ်ိဳး ေျပာဖူးတဲ့သူေတြ
ေမာင္မင္းေ႐ွ႕မွာ မေရမတြက္ႏိုင္ေအာင္္႐ွိခဲ့ဖူးတယ္....ေမာင္မင္းေျပာတာ သူတို႔နဲ႔အတူတူပဲ...အသစ္အဆန္းေလးဘာေလးမေျပာတတ္ၾကေတာ့ဘူးလား..ၿငီးေငြ႕စရာေကာင္းလိုက္တာ..."
"ေမာင္မင္း ေသဖို႔စိတ္ပိုင္းျဖတ္ထားတယ္ဆိုလဲ.. ကိုယ္ေတာ္က တစ္ဖက္သားကို ဖိအားေပးၿပီး မခက္ခဲေစခ်င္ဘူး...ဒါေပမယ့္ အနာဂတ္မွာေတာ့...."