Diary of Wang

By diana_mellet58

6K 486 21

ကိုကို့ကို ချစ်တယ် ။ ဒါပေမဲ့ အဲလိုပြောရင် ကိုကိုက မုန်းသွားလိမ့်မယ် ။ ---- ကိုကို႔ကို ခ်စ္တယ္ ။ ဒါေပမဲ့ အဲလို... More

Excerpt From Baby Wang's Daily Diary
Excerpt From Baby Wang's Daily Diary (Z)
Excerpt From Teenager Wang's Daily Diary
Excerpt From Teenager Wang's Daily Diary (Z)
Excerpt From Adult Wang's Daily Diary
Excerpt From Adult Wang's Daily Diary (Z)
Xiao Zhan's Baby Wang // 0.1
Xiao Zhan's Baby Wang // 0.3

Xiao Zhan's Baby Wang // 0.2

503 61 4
By diana_mellet58

Unicode

ရှောင်းကျန့်ရဲ့ ကလေးလေးဝမ်

နေရာပေါင်းစုံအတွက် အကန့်တစ်ကန့်ချင်း ခွဲခြားလို့လူတွေထည့်ထားတဲ့ လူတွေထက် အကန့်တိုင်းမှာ လူတစ်ယောက်ကိုပဲ ထားလို့ အဲတစ်ယောက်အတွက်ပဲ ရှင်သန်လာကြတဲ့သူတွေဆီက အချစ်ခံရတာ နည်းနည်းတော့မွန်းကြပ်စရာကောင်းလိမ့်မယ် ။ ဒါပေမဲ့ အဲလိုလူနှစ်​ယောက်ပေါင်းစည်းသွားရင်ရော? သေချာပေါက်လိုက်ဖက်ညီတဲ့စုံတွဲတစ်တွဲဖြစ်လာပါလိမ့်မယ် ။

---------

ဖြူစင်နေခဲ့ပါလျက် အချစ်တွေ စတင်ပြီး အရောင်ပြောင်သွားခဲ့တာ ဘယ်တုန်းကဖြစ်မလဲ ။ ကလေးဘဝက ဒိုင်ယာရီလေးကို ကိုကို့ကိုပေးဖတ်မယ်ဆိုပြီး ယူလာခဲ့တုန်းက ဖြစ်မလား ၊ မာဖလာနီနီလေး ထိုးပေးမယ်ဆိုပြီး သိုးမွှေးထိုး club ထဲ နှစ်ခါမစဥ်းစားဘဲ ပြေးဝင်စာရင်းသွားပေးတုန်းက ဖြစ်မလား ။

​ဒါမှမဟုတ် သူ့ကြောင့်စာကြိုးစားပါ့မယ်လို့ ကတိပေးပြီး တကယ်ကြီးလည်း ကြိုးစားခဲ့တဲ့ကလေးအချိန်ကတည်းက ၊ သူအထီးကျန်နေမှာစိုးလို့ဆိုပြီး အိမ်ကိုကျူးကျော် ကိုကို့ကိုကာကွယ်ပေးမယ်လို့ ပြောခဲ့တဲ့လူဆိုးကလေးဟာ သူ့နှလုံးသားထဲကိုပါ ကျူးကျော်သွားခဲ့လေသလား ။

ရှောင်းကျန့်လည်း သေချာမသိခဲ့ပါဘူး ။

ဒါပေမဲ့ သူ အတည်မပြုချင်ခဲ့တဲ့ သေချာတဲ့အရာကတော့ သူချစ်စရာအိမ်နီးချင်းညီငယ်ကလေးအပေါ် မဖြူစင်နိုင်တော့တာပဲ ။

ပထမဆုံးအကြိမ် ဝမ်ရိပေါ်ရဲ့လည်ပင်းသားဖွေးဖွေးလေးတွေပေါ် အရာထင်အောင်ကိုက်ခဲ့တယ်လို့ အိပ်မက်မက်တုန်းက ရှောင်းကျန့်အတော်ကိုထိတ်လန့်ခဲ့ရတယ် ။ သူ့အပေါ် သိပ်ကောင်းတဲ့ သူ့ညီလေးလို ကလေးတစ်ယောက်ကို သူ့မှာ ဒီလိုအတွေးမျိုးရှိနေတယ်တဲ့ ။ နောက်တစ်နေ့ မနက်မှာ ဝမ်ရိပေါ်ရဲ့မျက်နှာကိုတောင် ရဲရဲမကြည့်ရဲခဲ့ပါဘူး ။

ချစ်ခြင်းမေတ္တာဟာ ငြင်းဆန်လေ ပိုခိုင်မာလေပါပဲတဲ့ ။ ရှောင်းကျန့်အတွက် စိုးရိမ်ပူပန်မှုတွေနဲ့ ညတာတွေဟာ ပိုမိုရှည်လျားလာခဲ့တယ် ။

အထက်တန်းနောက်ဆုံးနှစ်မှာ ရိပေါ့်ကို သိုးမွှေး club က သွားသွားကြိုရင် တွေ့ရလေ့ရှိတဲ့ အတန်းဖော်ကောင်မလေးက ဖွင့်ပြောလာခဲ့တယ် ။ ရှောင်းကျန့်အနေနဲ့ သူရဲ့မဖြစ်သင့်တဲ့အချစ်ကို ငြင်းဆန်ပြီး စိတ်လွှဲနိုင်မလားဆိုတဲ့အတွေးနဲ့ ခါတိုင်းလို ဖွင့်ဟလာသမျှငြင်းဆိုခြင်းအမှုကို ခဏရပ်ဆိုင်းထားလိုက်တယ် ။

ဒါပေမဲ့ ထိန်းနေတဲ့ကြားက ရိပေါ်ကလေးရဲ့တားမြစ်မှုကို ကြားမိချင်ခဲ့ပါသေးတယ် ။ အဆင်ပြေပါတယ်ဆိုတဲ့စကားတစ်ခွန်းကြောင့်  ထိရှရာတွေက ကိုယ်တိုင်တောင်းယူခဲ့မိတာပါပဲ ။

***
ယွီရှင်းက ဆံပင်ဂုတ်ဝဲလေးနဲ့ အေးဆေးတဲ့ကောင်မလေး ။ ရှောင်းကျန့်နဲ့ အတန်းတူပေမဲ့ အခန်းကွဲတာမို့ ရှောင်းကျန့်သတိမထားမိခဲ့ဘူး ။ အပေါင်းသင်းဝင်ဆံ့လွန်းတဲ့ဝမ်ရိပေါ်ကြောင့် ဝမ်ရိပေါ်ရဲ့အပြုံးလှလှလေးတွေကို ရတဲ့သူတွေအကုန်လုံးကို လိုက်ကြည့်တတ်တဲ့အကျင့်ရှိတဲ့ရှောင်းကျန့် သူမကို သတိထားမိခဲ့တာဖြစ်ပါတယ် ။

တစ်​ယောက်ယောက်ကို မေ့ပစ်မှဖြစ်မှာမို့ဆိုတဲ့အချက်ကို သူမကလက်ခံခဲ့တယ် ။ တစ်နေ့နေ့မှာ အဲတစ်​ယောက်ယောက်ကို မေ့ပစ်ပြီး သူမကိုချစ်လာမယ်လို့ ။ ရှောင်းကျန့်လည်း ဒီလိုပဲမျှော်လင့်ခဲ့ပါတယ် ။

ဒါပေမဲ့ အမြဲလူကြီးဆန်ပြီး ဂရုတစိုက်ရှိပေးတတ်တဲ့သူက မာဖလာအနီလေးကို ခဏတာငှားပေးဖို့လောက်ကို ငြင်းဆန်တာမျိုး ။ ဒါမှမဟုတ် အပြုံးလှလှတွေရှိတဲ့ အိမ်နီးချင်းညီငယ်လေးနဲ့ပတ်သက်လာရင် ဘာကိုမှမငြင်းဆန်နိုင်တာမျိုး ။

ယွီရှင်း နားလည်သဘောပေါက်လာခဲ့ပါတယ် ။ ရှောင်းကျန့်က မမေ့နိုင်တာမဟုတ်ဘဲ မသိစိတ်ကိုက မေ့ပစ်နိုင်ဖို့ ငြင်းဆန်နေတာဆိုတာမျိုးလေ ။ စည်းတွေအထပ်ထပ်ချထားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့အလယ်မှာ ရံဖန်ရံခါလမ်းလျှောက်မိတိုင်း သူမကအပိုတစ်ခုလိုပဲ အမြဲခံစားရတယ် ။ ရှောင်းကျန့်စကားပြောနေတဲ့သူက သူမဖြစ်ရင်တောင် ၊ ဝမ်ရိပေါ်ရဲ့အကြည့်တွေက ရှေ့ရှူတူမှာပဲ ရှိနေရင်တောင်မှပေါ့ ။

ဝမ်ရိပေါ်ကလည်း သိသိသာသာကို ရှောင်ပေးခဲ့ပါတယ် ။ စက်ဘီးနောက်ခုံလေးနဲ့ အိမ်ပြန်ချိန်တွေ ၊ နွေးထွေးကြင်နာတဲ့လူရဲ့ဂရုစိုက်မှုတွေ ဒါတွေကို သူမ ခိုးယူခဲ့တာတောင်မှ ရိပေါ်က သူမကိုခါတိုင်းလို ပြုံးပြနေတုန်းပဲ ။ ဒါပေမဲ့ ယွီရှင်းနားလည်ပါတယ် ။ သူမ ဘယ်တော့မှမခိုးယူနိုင်မယ့်အရာတစ်ခုရှိတယ် ။ ဒါဟာ ဝမ်ရိပေါ်ကိုယ်တိုင် မမြင်နိုင်တဲ့ ရှောင်းကျန့်ရဲ့ နှလုံးသားပါပဲ ။

ဒါကြောင့် ယွီရှင်း တက္ကသိုလ်ဒုတိယနှစ်မှာ ရှောင်းကျန့်နဲ့ လမ်းခွဲခဲ့တယ် ။ သူမ အရိပ်အခြေလေးပဲဖြစ်ဖြစ် ဝမ်ရိပေါ်ကို ပြောပြခဲ့ပါသေးတယ် ။

နားလည်ပုံ မရတဲ့ သူမရှေ့ကကောင်လေးကြောင့် သူမသွေးပါအန်ချင်ခဲ့ရတယ် ။

တစ်​ယောက်​ရဲ့နှလုံးသားကို တစ်ယောက်မြင်အောင်ကြည့်စမ်းပါလို့ အော်ဟစ်ပစ်မိချင်တဲ့အထိပဲ ။

ဒါပေမဲ့ နှစ်ယောက်လုံးဟာ ကိုယ့်နှလုံးသားကိုယ် အတင်းကြပ်ဆုံးဝှက်သိမ်းထားကြတဲ့သူတွေဖြစ်တဲ့အခါ သူမအနေနဲ့ ကိုယ့်ခန့်မှန်းချက်လောက်နဲ့ အဲလောက်အခြေအနေအထိ ဝင်ရောက်မစွက်ဖက်နိုင်ခဲ့ဘူး ။

(18122)

*-*-*-*-*-*-*
Zawgyi

ေရွာင္းက်န့္ရဲ႕ ကေလးေလးဝမ္

ေနရာေပါင္းစုံအတြက္ အကန့္တစ္ကန့္ခ်င္း ခြဲျခားလို႔လူေတြထည့္ထားတဲ့ လူေတြထက္ အကန့္တိုင္းမွာ လူတစ္ေယာက္ကိုပဲ ထားလို႔ အဲတစ္ေယာက္အတြက္ပဲ ရွင္သန္လာၾကတဲ့သူေတြဆီက အခ်စ္ခံရတာ နည္းနည္းေတာ့မြန္းၾကပ္စရာေကာင္းလိမ့္မယ္ ။ ဒါေပမဲ့ အဲလိုလူႏွစ္ေယာက္ေပါင္းစည္းသြားရင္ေရာ? ေသခ်ာေပါက္လိုက္ဖက္ညီတဲ့စုံတြဲတစ္တြဲျဖစ္လာပါလိမ့္မယ္ ။

---------

ျဖဴစင္ေနခဲ့ပါလ်က္ အခ်စ္ေတြ စတင္ၿပီး အေရာင္ေျပာင္သြားခဲ့တာ ဘယ္တုန္းကျဖစ္မလဲ ။ ကေလးဘဝက ဒိုင္ယာရီေလးကို ကိုကို႔ကိုေပးဖတ္မယ္ဆိုၿပီး ယူလာခဲ့တုန္းက ျဖစ္မလား ၊ မာဖလာနီနီေလး ထိုးေပးမယ္ဆိုၿပီး သိုးေမႊးထိုး club ထဲ ႏွစ္ခါမစဥ္းစားဘဲ ေျပးဝင္စာရင္းသြားေပးတုန္းက ျဖစ္မလား ။

ဒါမွမဟုတ္ သူ႕ေၾကာင့္စာႀကိဳးစားပါ့မယ္လို႔ ကတိေပးၿပီး တကယ္ႀကီးလည္း ႀကိဳးစားခဲ့တဲ့ကေလးအခ်ိန္ကတည္းက ၊ သူအထီးက်န္ေနမွာစိုးလို႔ဆိုၿပီး အိမ္ကိုက်ဴးေက်ာ္ ကိုကို႔ကိုကာကြယ္ေပးမယ္လို႔ ေျပာခဲ့တဲ့လူဆိုးကေလးဟာ သူ႕ႏွလုံးသားထဲကိုပါ က်ဴးေက်ာ္သြားခဲ့ေလသလား ။

ေရွာင္းက်န့္လည္း ေသခ်ာမသိခဲ့ပါဘူး ။

ဒါေပမဲ့ သူ အတည္မျပဳခ်င္ခဲ့တဲ့ ေသခ်ာတဲ့အရာကေတာ့ သူခ်စ္စရာအိမ္နီးခ်င္းညီငယ္ကေလးအေပၚ မျဖဴစင္နိုင္ေတာ့တာပဲ ။

ပထမဆုံးအႀကိမ္ ဝမ္ရိေပၚရဲ႕လည္ပင္းသားေဖြးေဖြးေလးေတြေပၚ အရာထင္ေအာင္ကိုက္ခဲ့တယ္လို႔ အိပ္မက္မက္တုန္းက ေရွာင္းက်န့္အေတာ္ကိုထိတ္လန့္ခဲ့ရတယ္ ။ သူ႕အေပၚ သိပ္ေကာင္းတဲ့ သူ႕ညီေလးလို ကေလးတစ္ေယာက္ကို သူ႕မွာ ဒီလိုအေတြးမ်ိဳးရွိေနတယ္တဲ့ ။ ေနာက္တစ္ေန႕ မနက္မွာ ဝမ္ရိေပၚရဲ႕မ်က္ႏွာကိုေတာင္ ရဲရဲမၾကည့္ရဲခဲ့ပါဘူး ။

ခ်စ္ျခင္းေမတၱာဟာ ျငင္းဆန္ေလ ပိုခိုင္မာေလပါပဲတဲ့ ။ ေရွာင္းက်န့္အတြက္ စိုးရိမ္ပူပန္မႈေတြနဲ႕ ညတာေတြဟာ ပိုမိုရွည္လ်ားလာခဲ့တယ္ ။

အထက္တန္းေနာက္ဆုံးႏွစ္မွာ ရိေပၚ့ကို သိုးေမႊး club က သြားသြားႀကိဳရင္ ေတြ႕ရေလ့ရွိတဲ့ အတန္းေဖာ္ေကာင္မေလးက ဖြင့္ေျပာလာခဲ့တယ္ ။ ေရွာင္းက်န့္အေနနဲ႕ သူရဲ႕မျဖစ္သင့္တဲ့အခ်စ္ကို ျငင္းဆန္ၿပီး စိတ္လႊဲနိုင္မလားဆိုတဲ့အေတြးနဲ႕ ခါတိုင္းလို ဖြင့္ဟလာသမွ်ျငင္းဆိုျခင္းအမႈကို ခဏရပ္ဆိုင္းထားလိုက္တယ္ ။

ဒါေပမဲ့ ထိန္းေနတဲ့ၾကားက ရိေပၚကေလးရဲ႕တားျမစ္မႈကို ၾကားမိခ်င္ခဲ့ပါေသးတယ္ ။ အဆင္ေျပပါတယ္ဆိုတဲ့စကားတစ္ခြန္းေၾကာင့္ ထိရွရာေတြက ကိုယ္တိုင္ေတာင္းယူခဲ့မိတာပါပဲ ။

***
ယြီရွင္းက ဆံပင္ဂုတ္ဝဲေလးနဲ႕ ေအးေဆးတဲ့ေကာင္မေလး ။ ေရွာင္းက်န့္နဲ႕ အတန္းတူေပမဲ့ အခန္းကြဲတာမို႔ ေရွာင္းက်န့္သတိမထားမိခဲ့ဘူး ။ အေပါင္းသင္းဝင္ဆံ့လြန္းတဲ့ဝမ္ရိေပၚေၾကာင့္ ဝမ္ရိေပၚရဲ႕အၿပဳံးလွလွေလးေတြကို ရတဲ့သူေတြအကုန္လုံးကို လိုက္ၾကည့္တတ္တဲ့အက်င့္ရွိတဲ့ေရွာင္းက်န့္ သူမကို သတိထားမိခဲ့တာျဖစ္ပါတယ္ ။

တစ္ေယာက္ေယာက္ကို ေမ့ပစ္မွျဖစ္မွာမို႔ဆိုတဲ့အခ်က္ကို သူမကလက္ခံခဲ့တယ္ ။ တစ္ေန႕ေန႕မွာ အဲတစ္ေယာက္ေယာက္ကို ေမ့ပစ္ၿပီး သူမကိုခ်စ္လာမယ္လို႔ ။ ေရွာင္းက်န့္လည္း ဒီလိုပဲေမွ်ာ္လင့္ခဲ့ပါတယ္ ။

ဒါေပမဲ့ အၿမဲလူႀကီးဆန္ၿပီး ဂ႐ုတစိုက္ရွိေပးတတ္တဲ့သူက မာဖလာအနီေလးကို ခဏတာငွားေပးဖို႔ေလာက္ကို ျငင္းဆန္တာမ်ိဳး ။ ဒါမွမဟုတ္ အၿပဳံးလွလွေတြရွိတဲ့ အိမ္နီးခ်င္းညီငယ္ေလးနဲ႕ပတ္သက္လာရင္ ဘာကိုမွမျငင္းဆန္နိုင္တာမ်ိဳး ။

ယြီရွင္း နားလည္သေဘာေပါက္လာခဲ့ပါတယ္ ။ ေရွာင္းက်န့္က မေမ့နိုင္တာမဟုတ္ဘဲ မသိစိတ္ကိုက ေမ့ပစ္နိုင္ဖို႔ ျငင္းဆန္ေနတာဆိုတာမ်ိဳးေလ ။ စည္းေတြအထပ္ထပ္ခ်ထားၾကတဲ့ေကာင္ေလးႏွစ္ေယာက္ရဲ႕အလယ္မွာ ရံဖန္ရံခါလမ္းေလွ်ာက္မိတိုင္း သူမကအပိုတစ္ခုလိုပဲ အၿမဲခံစားရတယ္ ။ ေရွာင္းက်န့္စကားေျပာေနတဲ့သူက သူမျဖစ္ရင္ေတာင္ ၊ ဝမ္ရိေပၚရဲ႕အၾကည့္ေတြက ေရွ႕ရႉတူမွာပဲ ရွိေနရင္ေတာင္မွေပါ့ ။

ဝမ္ရိေပၚကလည္း သိသိသာသာကို ေရွာင္ေပးခဲ့ပါတယ္ ။ စက္ဘီးေနာက္ခုံေလးနဲ႕ အိမ္ျပန္ခ်ိန္ေတြ ၊ ႏြေးေထြးၾကင္နာတဲ့လူရဲ႕ဂ႐ုစိုက္မႈေတြ ဒါေတြကို သူမ ခိုးယူခဲ့တာေတာင္မွ ရိေပၚက သူမကိုခါတိုင္းလို ၿပဳံးျပေနတုန္းပဲ ။ ဒါေပမဲ့ ယြီရွင္းနားလည္ပါတယ္ ။ သူမ ဘယ္ေတာ့မွမခိုးယူနိုင္မယ့္အရာတစ္ခုရွိတယ္ ။ ဒါဟာ ဝမ္ရိေပၚကိုယ္တိုင္ မျမင္နိုင္တဲ့ ေရွာင္းက်န့္ရဲ႕ ႏွလုံးသားပါပဲ ။

ဒါေၾကာင့္ ယြီရွင္း တကၠသိုလ္ဒုတိယႏွစ္မွာ ေရွာင္းက်န့္နဲ႕ လမ္းခြဲခဲ့တယ္ ။ သူမ အရိပ္အေျခေလးပဲျဖစ္ျဖစ္ ဝမ္ရိေပၚကို ေျပာျပခဲ့ပါေသးတယ္ ။

နားလည္ပုံ မရတဲ့ သူမေရွ႕ကေကာင္ေလးေၾကာင့္ သူမေသြးပါအန္ခ်င္ခဲ့ရတယ္ ။

တစ္ေယာက္ရဲ႕ႏွလုံးသားကို တစ္ေယာက္ျမင္ေအာင္ၾကည့္စမ္းပါလို႔ ေအာ္ဟစ္ပစ္မိခ်င္တဲ့အထိပဲ ။

ဒါေပမဲ့ ႏွစ္ေယာက္လုံးဟာ ကိုယ့္ႏွလုံးသားကိုယ္ အတင္းၾကပ္ဆုံးဝွက္သိမ္းထားၾကတဲ့သူေတြျဖစ္တဲ့အခါ သူမအေနနဲ႕ ကိုယ့္ခန့္မွန္းခ်က္ေလာက္နဲ႕ အဲေလာက္အေျခအေနအထိ ဝင္ေရာက္မစြက္ဖက္နိုင္ခဲ့ဘူး ။

(18122)

Continue Reading

You'll Also Like

84.6K 2.2K 31
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...
384K 12.2K 88
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...
1.4M 32.3K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.
797K 29.5K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...