κι εγω σε αγαπω [NoRen]

By Neo-Zen

1.9K 213 79

NoRen | JENO | RENJUN More

1
2
3
5
6

4

236 38 14
By Neo-Zen

Unicode ver.

Jeno လူနည်းနည်းရှင်းတဲ့ ခုံတန်းတစ်ခုရှေ့ရပ်ကာ Renjun လက်ကို လွှတ်ပေးလိုက်ပြီး Jeno ခုံ၌ ဝင်ထိုင်လိုက်တော့ Renjun ပါ သူ့ဘေးနား ထိုင်လေသည်။

နှစ်ယောက်သား ဘာမှမပြောဘဲ တိတ်ဆိတ်နေမိတာ ငါးမိနစ်နီးပါးခန့်

*Jeno ငါ့ကို ဘာပြောမလို့လဲဟင်*

အသံတိုးတိုးလေးနဲ့ မေးလာတဲ့ Renjun ကို Jeno ဟိုဟိုဒီဒီငေးကြည့်နေရာမှ သေချာအာရုံစိုက်ကြည့်လိုက်သည်။

*ဟို ဟိုလေ ငါတို့ ကျောင်းတုန်းက ကိစ္စမှာ မင်းအရမ်းစိတ်ဆိုးသွားတာလားဟင်*

*အာ အဲ့ကိစ္စက ဘာ ဘာမှမဖြစ်တော့ပါဘူး*

*ဒါဆို ငါ တစ်ခုလောက် သိချင်လို့ ရမလားဟင်*

Jeno မေးတော့ ခေါင်းညိတ်ပြလာတဲ့ Renjun

*မင်းကို Jaemin နဲ့ Haechan ဒီကိစ္စနဲ့ ပတ်သက်ပြီး စကားပြောတယ်မလား*

Jeno မသိဘူးထင်နေတဲ့ကိစ္စကို Jeno သိနေတာမို့ Renjun အံ့သြသွားသည်။

*မင်း မင်း ဘယ်လိုသိတာလဲ*

Jeno မချိပြုံး ပြုံးလိုက်ပြီး

*ဒီတိုင်းပဲ အမှတ်မထင် ကြားလိုက်တာပါ*

ပြန်လည်တိတ်ဆိတ်သွားသော လေထုက သူတို့ကြားထဲ ဝင်ရောက်လာပြန်သည်။

*Renjun အဲ့တုန်းက မင်း ပြောခဲ့တဲ့ ငါ့ကို မုန်းတယ် ဆိုတာ တကယ်ပဲလားဟင်*

Jeno မေးတော့ Renjun ခေါင်းငုံ့သွားပြီး သူ့အောက်နှုတ်ခမ်းကို ကိုက်ကာ ဘာမှပြန်မဖြေ

*ငါ တကယ် သိချင်နေတာမို့ မင်းဘက်က ဖြေပေးလို့ ရမလား Renjun .. ငါ့လုပ်ရပ်က အဲ့လောက်ထိ မင်းကို စိတ်ဆိုးစေခဲ့တာလားဟင် .. ပြီး ပြီးတော့လေ အခုထိရော မင်း ငါ့ကို မမြင်ချင်အောင်ထိ မုန်းနေသေးတာလား*

Jeno ပြောလိုက်တဲ့ နောက်ဆုံးစကားဆုံးတာနဲ့ ခေါင်းငုံ့နေရာက Jeno ကို စူးစိုက်ကြည့်လာတဲ့ Renjun

နောက်တော့ မျက်နှာကို အရှေ့ဖက်ပြန်လှည့်သွားပြီး သက်ပြင်းတစ်ချက်ချကာ Jeno ဘက်ကို ပြန်လှည့်ပြီး စကားပြန်ပြောလာသည်။

*အမှန်ပြောရရင်တော့*

Renjun မျက်နှာကို သေချာငေးကြည့်ရင်း Renjun ပြောစကားကို Jeno သေချာနားထောင်နေမိသည်။

*အဲ့ချိန်တုန်းက ငါ တကယ် မင်းကို စိတ်ဆိုးခဲ့တယ် ပြီးတော့ မုန်းတယ် ဆိုတဲ့ စကားကို ငါပြောမိခဲ့တာ ဟုတ်ပေမယ့် ငါ့စိတ်ထဲက မင်းကို လုံးဝ မမြင်ချင်ဘဲ ခါးသီးနေလို့ ပြောခဲ့တာတော့ မဟုတ်တာ အမှန်ပါ ဒါပေမယ့် ဒီစကားလုံးကို မင်းကြားသွားခဲ့ပြီး မင်းကိုနာကျင်နေစေခဲ့တာမို့ငါ တောင်းပန်ပါတယ်*

Renjun စကားများဟာ Jeno အတွက် မျှော်လင့်ချက် ထပ်ရှိနေသလို Jeno ခံစားနေမိသည်။

*ဒါဆို အခုရော ငါ့ကို တွေ့ရတာ မင်း အဆင်ပြေရဲ့လား*

*အင်း ပြေပါတယ်*

*ဒါဆို တက္ကသိုလ်စတက်တော့ ငါ့ကိုတောင် မစောင့်ဘဲ ထွက်သွားခဲ့တာလဲ*

*ငါ Jeno ကို အကုန်လိုက်မှတ်ထားမယ်လို့ မထင်မိဘူး*

Renjun စကားကြောင့် Jeno ရှက်သွားပြီး အရှက်ပြေ ချောင်းဟန့်လိုက်သည်။

*အဲ့တုန်းက ငါ မင်းကို ဘယ်လို ရင်ဆိုင်ရမလဲ မသိလို့ပါ*

Jeno, Renjun စကားကို ခေါင်းညိတ်ရင်းသာ နားထောင်လိုက်သည်။

*Renjun*

Jeno ခေါ်တော့ ပြောလေဆိုတဲ့ မျက်နှာဘေးနဲ့ နားထောင်နေတဲ့ Renjun

*မင်းဆံပင်အရောင်ဆိုးထားတာရော၊ ဆံပင်စတိုင်ရော ပြီးတော့ မျက်မှန်အစား မျက်ကပ်မှန် တပ်ထားတာရောက မင်းနဲ့ တကယ့်ကို လိုက်ဖက်တယ် မင်းက တကယ်တော့ ဒီအသုံးအနှုန်းက ယောကျာ်းလေးတစ်ယောက်ကို မသုံးသင့်ပေမယ့် မင်းက တကယ်ကို လှလွန်းတယ်*

မျက်လုံးကိုသေချာကြည့်ပြီး လှကြောင်းတွေ တန်းစီပြောသွားတဲ့ Jeno ကြောင့် Renjun မနေတတ်စွာ Jeno အကြည့်တွေကို ရှောင်ဖယ်မိသည်။

*ငါ ငါဝင်နှင့်တော့မယ် Jeno*

ပြောပြီး ထဖို့ပြင်နေတဲ့ Renjun လက်ကို Jeno ဆွဲလိုက်ရင်း

*စကားတစ်ခွန်းလောက် ထပ်ပြောချင်လို့ တစ်ခွန်းတည်းပါ*

မျက်နှာငယ်လေးနဲ့ ကြည့်ပြီး ပြောနေတဲ့ Jeno က အူယားဖို့ကောင်းတယ်လို့ Renjun တွေးမိလိုက်သည် #ဘာလဲငါရူးသွားတာလားဟ#

*အင်း ပြောလေ*

*မင်း မင်းမှာချစ်ရမယ့်သူရှိနေပြီလားဟင်*

*ဒါ မင်း ပြောချင်တာလား*

Renjun မေးတော့ Jeno ခေါင်းကို အသည်းအသန်ခါပြလိုက်ပြီး

*အကယ်၍ အကယ်၍များပေါ့လေ မင်းချစ်ရမယ့်သူမရှိသေးတာမျိုးဆို မင်းအဆင်ပြေမယ်ဆို ငါ့ကို ထပ်စဥ်းစားပေးလို့ရနိုင်မလား ငါမင်းကို စတွေ့တဲ့ အလယ်တန်းတည်းက ချစ်နေတာ အခုထိပါပဲ ဟိုတစ်ခါကိစ္စကြောင့် မင်းကို အဆင်မပြေဖြစ်စေခဲ့တာကိုလည်း တကယ်တောင်းပန်ပါတယ် အဲ့ကိစ္စကြောင့် မင်းကို ချစ်သွားတာလည်း မလျော့ခဲ့သလို မင်းကို ပိုပြီး အချစ်တိုးလာတာပဲ ရှိတာပါ ထပ်ပြီး ဖွင့်မပြောသင့်ဘူးတွေးမိပေမယ့်လည်း တစ်ခါလောက် တစ်ခါလောက်တော့ ထပ်ပြီး မျှော်လင့်ချင်သေးလို့ပါ ဒါ့ကြောင့်မို့ မင်းအဆင်ပြေမယ်ဆိုရင် ငါ့ကို မင်းချစ်သူအဖြစ် စဥ်းစားပေးပါလား*

Jeno ရဲ့ စကားတွေကို သေချာနားထောင်ပြီး မျက်နှာထက် နားရွက်တွေ ပိုနီရဲပြီး ရှက်လာတဲ့ Renjun

*မင်း စဥ်းစားပေးလို့ ရမလားဟင်*

Renjun လည်း အရှက်ပြေ နားရွက်လေးကို ကိုင်ပြီး

*အင်း ငါ ငါ စဥ်းစားပေးပါ့မယ်*

Renjun ပြောတော့ မျက်ရည်တွေဝဲလာတဲ့ Jeno ကို အထူးအဆန်းအနေနဲ့ ငေးကြည့်မိသည်။

*ကျေးဇူးတင်ပါတယ် Renjun ... မင်းအဆင်ပြေတဲ့ အဖြေကို ပေးလို့ရပါတယ် မင်းဘက်က စဥ်းစားပေးမယ်ဆိုရုံတင် ငါအရမ်းပျော်နေမိပါပြီ*

Renjun, Jeno ကို ခေါင်းညိတ်ပြလိုက်ပြီးတာနဲ့ အထဲကို ပြန်ဝင်လာခဲ့သည်။

#ငါသူ့ကို့စဥ်းစားပေးမယ်ပြောတာကိုသူကမျက်ရည်တွေဘာလို့ဝဲလာရတာလဲ#

#မင်းစဥ်းစားပေးမယ်ဆိုတဲ့စကားလေးတောင်မျက်ရည်ဝဲတက်လာတဲ့အထိပျော်နေမိတဲ့ငါ့ကိုချစ်တယ်လို့များမင်းအဖြေပေးရင်ဘယ်လိုဖြစ်မလဲတွေးပေးလို့ရမလားRenjun..မဟုတ်လို့ဒီတစ်ခေါက်မင်းထပ်ငြင်းမယ်ဆိုရင်တော့ငါ့နှလုံးသားကချစ်နေဦးမယ်ဆိုပေမယ့်မင်းကိုမမြင်အောင်တော့အဝေးမှာနေဖို့ကြိုးစားမိမယ်ထင်တယ်#

Jeno လည်း Renjun ဝင်သွားပြီးနောက် ခုံတန်း၌သာ ခဏဆက်ထိုင်နေတုန်း Haechan ဆီက ဖုန်းဝင်လာပြီး အထဲပြန်လာဖို့ ခေါ်သဖြင့် Jeno ပြန်ဝင်လာခဲ့လိုက်သည်။

သူဝင်လာတော့ Renjun က ဘီယာတစ်ဘူးကို သောက်နေလေသည်။ Jeno နေရာမှာ ပြန်ဝင်ထိုင်လိုက်ပြီး Haechan ပေးလာသော ဘီယာတစ်ဘူးကို သောက်လိုက်သည်။

မကြာခင် အိမ်ပြန်ချိန်ရောက်တော့ Haechan နဲ့ Jaemin က အတူတူပြန်သွားကြပြီး Jeno ကတော့ အိမ်နဲ့နီးသည်မို့ လမ်းလျှောက်ပြန်ဖို့သာ လုပ်လိုက်သည်။

Renjun ရော ဘယ်လိုပြန်မလဲမသိ။ Jeno လမ်းလျှောက်ရင်းက အနောက်ကို ပြန်လှည့်ကြည့်တော့ အထက်တန်းတုန်းက Renjun အတူတူ ပြန်နေကြ သူ့သူငယ်ချင်းများနှင့်မို့ Jeno စိတ်ချလက်ချဖြစ်ပြီး ဆက်လျှောက်သွားလိုက်သည်။

-------------------------------

Renjun အိမ်ရောက်တော့ သူ့အခန်းရှေ့က ဝရန်တာမှာ ခဏလောက် ရပ်ပြီး လေညင်းခံမိသည်။ စိတ်ထဲမှာလည်း Jeno ပုံရိပ်တွေ၊ စကားသံတွေသာ ထပ်ခါ ထပ်ခါ မြင်ယောင်ကြားယောင်နေမိသည်။

#အား ဒီလောက် ဘီယာတွေ အများကြီး သောက်ခဲ့တာတောင် စိတ်ထဲက ဘာလို့ မထွက်သွားတာလဲ#

Renjun လည်း အထက်တန်းကျောင်းတုန်းက ကိစ္စကိုပါ ပြန်တွေးမိသည်။ သူ့အဲ့တုန်းက Jeno ရဲ့ ရုတ်တရက်ဆန်တဲ့ အပြုအမူတွေကြောင့် လန့်သွားမိသည်။ တစ်ချိန်လုံး သူ့ကိုမြင်ရင် အလိုလို ကြောက်နေမိပေမယ့် ထိုနေ့က ကိစ္စဖြစ်ပြီးတည်းက မကြောက်တော့သလို ခံစားမိသည်။

Haechan တို့ Jeno အကြောင်းပြောတုန်းက တခြားစိတ်ညစ်စရာတွေပါရှိနေသည်မို့ Renjun ရုတ်တရက် မုန်းတယ် ဆိုတဲ့ စကားလုံးပြောမိခဲ့ခြင်းဖြစ်သည်။ ဒီစကားလုံးကို Jeno ကြားမည်လည်း မထင်ခဲ့။

ဒီနေ့မှ Jeno ကြားကြောင်း သိရပြီး ဝမ်းနည်းနေခဲ့ရမှန်းသိတော့ သူအရမ်းကို ပြောတာ လွန်သွားသလားတွေးတာ ဝမ်းနည်းမိပြန်သည်။ အရေးကြီးတဲ့နှစ်ဖြစ်တဲ့အပြင် သူတက်ချင်တဲ့ တက္ကသိုလ်တက်ရဖို့အတွက် အချစ်ရေးကို သူမလှည့်ချင်သေး၍ မနီးစပ်အောင် Jeno နဲ့ ဝေးဝေးနေခဲ့သည်။

ဒီလိုနေခဲ့တဲ့တစ်လျှောက်လုံးလည်း သူ့ရင်ထဲမှာ ဝမ်းနည်းသလို ခံစားခဲ့ရတာရော ဘာဖြစ်လို့လဲ

တက္ကသိုလ်ရောက်တဲ့အခါ တက္ကသိုလ်တူတဲ့အပြင် department ချင်း နီးတဲ့အခါ Renjun မကြာခဏဆိုသလို Jeno ကို တွေ့မြင်နေရတာမို့ တခြားသူတွေ စကားပြောသလို Renjunလည်း ပြောချင်ပေမယ့် သူ့ကို ခဏပဲကြည့်ပြီး ရှောင်ဖယ်သွားတဲ့ မျက်ဝန်းနက်တွေရဲ့ ပိုင်ရှင်ကို ဘယ်လိုအကြောင်းရှာပြီး စကားစရမလဲမသိ။

ဒီနေ့လည်း Jeno ဘက်က စကားမစလျှင် သူ့ဘက်က စပြီး စကားပြောရဲမည်မဟုတ်ပါ။ ပြီးတော့ Jeno ဘက်က ပြောလို့ သူပြန်ပြောတော့လည်း ပြောလိုက်တဲ့စကားလုံးတွေက ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို Renjun ကို ရင်ခုန်မြန်စေသည်။ နောက်ဆုံး သူစဥ်းစားပေးမယ်ပြောလို့ မျက်ဝန်းနက်တွေထဲ ဝေ့တက်လာတဲ့ မျက်ရည်တွေက သူ့ကို စိတ်လှုပ်ရှားစေသည်။

စတွေ့ခါစက အေးစက်စက် ရေခဲတုံးကြီးမို့ Renjun ရှိန်ခဲ့မိသည်။ ထိုအေးစက်စက် ရေခဲတုံးကြီးကို သိပြီး နှစ်အတော်ကြာမှာ သူလုပ်လိုက်တဲ့ ရုတ်တရက် အပြုအမူကြောင့် Renjun အံ့သြမိသည်၊ လန့်သွားမိသည်၊ ပြီးတော့ စိတ်ဆိုးမိသည်၊ သို့ပေမယ့် အရင်ကလို ရှိန်တာမရှိတော့။

Jeno သူ့ကို ကြည့်တဲ့အခါတိုင်း ရင်ထဲ တလှပ်လှပ်ဖြစ်လာသည်
Jeno သူ့ကို စကားပြောတဲ့အခါ ရင်ထဲ
အလိုလို အခုန်မြန်လာသည်
Jeno သူ့ကို ထိတွေ့လိုက်တိုင်း ရင်ထဲ အသက်ရှုရပ်တန့်သွားသလို ခံစားမိသည်

ဒါ့အပြင် Jeno ရဲ့ မျက်ဝန်းနက်တွေကို သဘောကျသည်၊ အပြုံးတွေကို သဘောကျသည်၊ ရယ်လိုက်တိုင်း eye smile ဖြစ်သွားတဲ့ မျက်လုံးတွေကိုလည်း သဘောကျသည်၊ Jeno ရဲ့ ရယ်သံတွေကိုလည်း သဘောကျသည်

ဒီလို သဘောကျမိနေတဲ့ ခံစားချက်တွေကို စုစည်းပြီး အချစ်လို့ သတ်မှတ်ရမယ်ဆို သူလည်းပဲ Jeno ကို ချစ်နေမိပါသည်

ဘယ်အချိန်တုန်းက စသဘောကျလဲ သေချာတော့မသိပေမယ့် သူသတိထားမိတဲ့အချိန်မှာတော့ Jeno က သူ့ရင်ထဲ ရောက်ရှိနေပြီဖြစ်သည်

အကယ်၍များ ဒီနေ့လို Jeno ဘက်က မပြောလာလျှင် သူ့ခံစားချက်တွေကို အခုလို ပြန်ဆန်းစစ်မိမည်မဟုတ်သလို ဝေဝေဝါးဝါးနဲ့ ဖြစ်နေဦးမှာပင်

ကျေးဇူးပါ Jeno ... ငါဝမ်းနည်းစေခဲ့တာတောင် အခုချိန်ထိ ချစ်နေပေးပြီး စောင့်နေပေးလို့ အများကြီး ကျေးဇူးတင်ပါတယ်

Renjun ကိုယ့်အတွေးက ကဗျာဆန်နေသလို ခံစားမိတာမို့ ရှက်မိပြန်ပါသည်။

A/N - ဒီ Neo-Zen လေးက ရေးပြီးတာနဲ့ update ပေးနေတာပါနော် ချစ်ဖို့ကောင်းတယ်မလား 😁 ဒီ Fic လေးကို သဘောတကျ ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။ Good Night 💚

Zawgyi ver.

Jeno လူနည္းနည္းရွင္းတဲ့ ခုံတန္းတစ္ခုေရွ႕ရပ္ကာ Renjun လက္ကို လႊတ္ေပးလိုက္ၿပီး Jeno ခုံ၌ ဝင္ထိုင္လိုက္ေတာ့ Renjun ပါ သူ႔ေဘးနား ထိုင္ေလသည္။

ႏွစ္ေယာက္သား ဘာမွမေျပာဘဲ တိတ္ဆိတ္ေနမိတာ ငါးမိနစ္နီးပါးခန႔္

*Jeno ငါ့ကို ဘာေျပာမလို႔လဲဟင္*

အသံတိုးတိုးေလးနဲ႔ ေမးလာတဲ့ Renjun ကို Jeno ဟိုဟိုဒီဒီေငးၾကည့္ေနရာမွ ေသခ်ာအာ႐ုံစိုက္ၾကည့္လိုက္သည္။

*ဟို ဟိုေလ ငါတို႔ ေက်ာင္းတုန္းက ကိစၥမွာ မင္းအရမ္းစိတ္ဆိုးသြားတာလားဟင္*

*အာ အဲ့ကိစၥက ဘာ ဘာမွမျဖစ္ေတာ့ပါဘူး*

*ဒါဆို ငါ တစ္ခုေလာက္ သိခ်င္လို႔ ရမလားဟင္*

Jeno ေမးေတာ့ ေခါင္းညိတ္ျပလာတဲ့ Renjun

*မင္းကို Jaemin နဲ႔ Haechan ဒီကိစၥနဲ႔ ပတ္သက္ၿပီး စကားေျပာတယ္မလား*

Jeno မသိဘူးထင္ေနတဲ့ကိစၥကို Jeno သိေနတာမို႔ Renjun အံ့ၾသသြားသည္။

*မင္း မင္း ဘယ္လိုသိတာလဲ*

Jeno မခ်ိၿပဳံး ၿပဳံးလိုက္ၿပီး

*ဒီတိုင္းပဲ အမွတ္မထင္ ၾကားလိုက္တာပါ*

ျပန္လည္တိတ္ဆိတ္သြားေသာ ေလထုက သူတို႔ၾကားထဲ ဝင္ေရာက္လာျပန္သည္။

*Renjun အဲ့တုန္းက မင္း ေျပာခဲ့တဲ့ ငါ့ကို မုန္းတယ္ ဆိုတာ တကယ္ပဲလားဟင္*

Jeno ေမးေတာ့ Renjun ေခါင္းငုံ႔သြားၿပီး သူ႔ေအာက္ႏႈတ္ခမ္းကို ကိုက္ကာ ဘာမွျပန္မေျဖ

*ငါ တကယ္ သိခ်င္ေနတာမို႔ မင္းဘက္က ေျဖေပးလို႔ ရမလား Renjun .. ငါ့လုပ္ရပ္က အဲ့ေလာက္ထိ မင္းကို စိတ္ဆိုးေစခဲ့တာလားဟင္ .. ၿပီး ၿပီးေတာ့ေလ အခုထိေရာ မင္း ငါ့ကို မျမင္ခ်င္ေအာင္ထိ မုန္းေနေသးတာလား*

Jeno ေျပာလိုက္တဲ့ ေနာက္ဆုံးစကားဆုံးတာနဲ႔ ေခါင္းငုံ႔ေနရာက Jeno ကို စူးစိုက္ၾကည့္လာတဲ့ Renjun

ေနာက္ေတာ့ မ်က္ႏွာကို အေရွ႕ဖက္ျပန္လွည့္သြားၿပီး သက္ျပင္းတစ္ခ်က္ခ်ကာ Jeno ဘက္ကို ျပန္လွည့္ၿပီး စကားျပန္ေျပာလာသည္။

*အမွန္ေျပာရရင္ေတာ့*

Renjun မ်က္ႏွာကို ေသခ်ာေငးၾကည့္ရင္း Renjun ေျပာစကားကို Jeno ေသခ်ာနားေထာင္ေနမိသည္။

*အဲ့ခ်ိန္တုန္းက ငါ တကယ္ မင္းကို စိတ္ဆိုးခဲ့တယ္ ၿပီးေတာ့ မုန္းတယ္ ဆိုတဲ့ စကားကို ငါေျပာမိခဲ့တာ ဟုတ္ေပမယ့္ ငါ့စိတ္ထဲက မင္းကို လုံးဝ မျမင္ခ်င္ဘဲ ခါးသီးေနလို႔ ေျပာခဲ့တာေတာ့ မဟုတ္တာ အမွန္ပါ ဒါေပမယ့္ ဒီစကားလုံးကို မင္းၾကားသြားခဲ့ၿပီး မင္းကိုနာက်င္ေနေစခဲ့တာမို႔ငါ ေတာင္းပန္ပါတယ္*

Renjun စကားမ်ားဟာ Jeno အတြက္ ေမွ်ာ္လင့္ခ်က္ ထပ္ရွိေနသလို Jeno ခံစားေနမိသည္။

*ဒါဆို အခုေရာ ငါ့ကို ေတြ႕ရတာ မင္း အဆင္ေျပရဲ႕လား*

*အင္း ေျပပါတယ္*

*ဒါဆို တကၠသိုလ္စတက္ေတာ့ ငါ့ကိုေတာင္ မေစာင့္ဘဲ ထြက္သြားခဲ့တာလဲ*

*ငါ Jeno ကို အကုန္လိုက္မွတ္ထားမယ္လို႔ မထင္မိဘူး*

Renjun စကားေၾကာင့္ Jeno ရွက္သြားၿပီး အရွက္ေျပ ေခ်ာင္းဟန႔္လိုက္သည္။

*အဲ့တုန္းက ငါ မင္းကို ဘယ္လို ရင္ဆိုင္ရမလဲ မသိလို႔ပါ*

Jeno, Renjun စကားကို ေခါင္းညိတ္ရင္းသာ နားေထာင္လိုက္သည္။

*Renjun*

Jeno ေခၚေတာ့ ေျပာေလဆိုတဲ့ မ်က္ႏွာေဘးနဲ႔ နားေထာင္ေနတဲ့ Renjun

*မင္းဆံပင္အေရာင္ဆိုးထားတာေရာ၊ ဆံပင္စတိုင္ေရာ ၿပီးေတာ့ မ်က္မွန္အစား မ်က္ကပ္မွန္ တပ္ထားတာေရာက မင္းနဲ႔ တကယ့္ကို လိုက္ဖက္တယ္ မင္းက တကယ္ေတာ့ ဒီအသုံးအႏႈန္းက ေယာက်ာ္းေလးတစ္ေယာက္ကို မသုံးသင့္ေပမယ့္ မင္းက တကယ္ကို လွလြန္းတယ္*

မ်က္လုံးကိုေသခ်ာၾကည့္ၿပီး လွေၾကာင္းေတြ တန္းစီေျပာသြားတဲ့ Jeno ေၾကာင့္ Renjun မေနတတ္စြာ Jeno အၾကည့္ေတြကို ေရွာင္ဖယ္မိသည္။

*ငါ ငါဝင္ႏွင့္ေတာ့မယ္ Jeno*

ေျပာၿပီး ထဖို႔ျပင္ေနတဲ့ Renjun လက္ကို Jeno ဆြဲလိုက္ရင္း

*စကားတစ္ခြန္းေလာက္ ထပ္ေျပာခ်င္လို႔ တစ္ခြန္းတည္းပါ*

မ်က္ႏွာငယ္ေလးနဲ႔ ၾကည့္ၿပီး ေျပာေနတဲ့ Jeno က အူယားဖို႔ေကာင္းတယ္လို႔ Renjun ေတြးမိလိုက္သည္ #ဘာလဲငါ႐ူးသြားတာလားဟ#

*အင္း ေျပာေလ*

*မင္း မင္းမွာခ်စ္ရမယ့္သူရွိေနၿပီလားဟင္*

*ဒါ မင္း ေျပာခ်င္တာလား*

Renjun ေမးေတာ့ Jeno ေခါင္းကို အသည္းအသန္ခါျပလိုက္ၿပီး

*အကယ္၍ အကယ္၍မ်ားေပါ့ေလ မင္းခ်စ္ရမယ့္သူမရွိေသးတာမ်ိဳးဆို မင္းအဆင္ေျပမယ္ဆို ငါ့ကို ထပ္စဥ္းစားေပးလို႔ရႏိုင္မလား ငါမင္းကို စေတြ႕တဲ့ အလယ္တန္းတည္းက ခ်စ္ေနတာ အခုထိပါပဲ ဟိုတစ္ခါကိစၥေၾကာင့္ မင္းကို အဆင္မေျပျဖစ္ေစခဲ့တာကိုလည္း တကယ္ေတာင္းပန္ပါတယ္ အဲ့ကိစၥေၾကာင့္ မင္းကို ခ်စ္သြားတာလည္း မေလ်ာ့ခဲ့သလို မင္းကို ပိုၿပီး အခ်စ္တိုးလာတာပဲ ရွိတာပါ ထပ္ၿပီး ဖြင့္မေျပာသင့္ဘူးေတြးမိေပမယ့္လည္း တစ္ခါေလာက္ တစ္ခါေလာက္ေတာ့ ထပ္ၿပီး ေမွ်ာ္လင့္ခ်င္ေသးလို႔ပါ ဒါ့ေၾကာင့္မို႔ မင္းအဆင္ေျပမယ္ဆိုရင္ ငါ့ကို မင္းခ်စ္သူအျဖစ္ စဥ္းစားေပးပါလား*

Jeno ရဲ႕ စကားေတြကို ေသခ်ာနားေထာင္ၿပီး မ်က္ႏွာထက္ နား႐ြက္ေတြ ပိုနီရဲၿပီး ရွက္လာတဲ့ Renjun

*မင္း စဥ္းစားေပးလို႔ ရမလားဟင္*

Renjun လည္း အရွက္ေျပ နား႐ြက္ေလးကို ကိုင္ၿပီး

*အင္း ငါ ငါ စဥ္းစားေပးပါ့မယ္*

Renjun ေျပာေတာ့ မ်က္ရည္ေတြဝဲလာတဲ့ Jeno ကို အထူးအဆန္းအေနနဲ႔ ေငးၾကည့္မိသည္။

*ေက်းဇူးတင္ပါတယ္ Renjun ... မင္းအဆင္ေျပတဲ့ အေျဖကို ေပးလို႔ရပါတယ္ မင္းဘက္က စဥ္းစားေပးမယ္ဆို႐ုံတင္ ငါအရမ္းေပ်ာ္ေနမိပါၿပီ*

Renjun, Jeno ကို ေခါင္းညိတ္ျပလိုက္ၿပီးတာနဲ႔ အထဲကို ျပန္ဝင္လာခဲ့သည္။

#ငါသူ႔ကို႔စဥ္းစားေပးမယ္ေျပာတာကိုသူကမ်က္ရည္ေတြဘာလို႔ဝဲလာရတာလဲ#

#မင္းစဥ္းစားေပးမယ္ဆိုတဲ့စကားေလးေတာင္မ်က္ရည္ဝဲတက္လာတဲ့အထိေပ်ာ္ေနမိတဲ့ငါ့ကိုခ်စ္တယ္လို႔မ်ားမင္းအေျဖေပးရင္ဘယ္လိုျဖစ္မလဲေတြးေပးလို႔ရမလားRenjun..မဟုတ္လို႔ဒီတစ္ေခါက္မင္းထပ္ျငင္းမယ္ဆိုရင္ေတာ့ငါ့ႏွလုံးသားကခ်စ္ေနဦးမယ္ဆိုေပမယ့္မင္းကိုမျမင္ေအာင္ေတာ့အေဝးမွာေနဖို႔ႀကိဳးစားမိမယ္ထင္တယ္#

Jeno လည္း Renjun ဝင္သြားၿပီးေနာက္ ခုံတန္း၌သာ ခဏဆက္ထိုင္ေနတုန္း Haechan ဆီက ဖုန္းဝင္လာၿပီး အထဲျပန္လာဖို႔ ေခၚသျဖင့္ Jeno ျပန္ဝင္လာခဲ့လိုက္သည္။

သူဝင္လာေတာ့ Renjun က ဘီယာတစ္ဘူးကို ေသာက္ေနေလသည္။ Jeno ေနရာမွာ ျပန္ဝင္ထိုင္လိုက္ၿပီး Haechan ေပးလာေသာ ဘီယာတစ္ဘူးကို ေသာက္လိုက္သည္။

မၾကာခင္ အိမ္ျပန္ခ်ိန္ေရာက္ေတာ့ Haechan နဲ႔ Jaemin က အတူတူျပန္သြားၾကၿပီး Jeno ကေတာ့ အိမ္နဲ႔နီးသည္မို႔ လမ္းေလွ်ာက္ျပန္ဖို႔သာ လုပ္လိုက္သည္။

Renjun ေရာ ဘယ္လိုျပန္မလဲမသိ။ Jeno လမ္းေလွ်ာက္ရင္းက အေနာက္ကို ျပန္လွည့္ၾကည့္ေတာ့ အထက္တန္းတုန္းက Renjun အတူတူ ျပန္ေနၾက သူ႔သူငယ္ခ်င္းမ်ားႏွင့္မို႔ Jeno စိတ္ခ်လက္ခ်ျဖစ္ၿပီး ဆက္ေလွ်ာက္သြားလိုက္သည္။

-------------------------------

Renjun အိမ္ေရာက္ေတာ့ သူ႔အခန္းေရွ႕က ဝရန္တာမွာ ခဏေလာက္ ရပ္ၿပီး ေလညင္းခံမိသည္။ စိတ္ထဲမွာလည္း Jeno ပုံရိပ္ေတြ၊ စကားသံေတြသာ ထပ္ခါ ထပ္ခါ ျမင္ေယာင္ၾကားေယာင္ေနမိသည္။

#အား ဒီေလာက္ ဘီယာေတြ အမ်ားႀကီး ေသာက္ခဲ့တာေတာင္ စိတ္ထဲက ဘာလို႔ မထြက္သြားတာလဲ#

Renjun လည္း အထက္တန္းေက်ာင္းတုန္းက ကိစၥကိုပါ ျပန္ေတြးမိသည္။ သူ႔အဲ့တုန္းက Jeno ရဲ႕ ႐ုတ္တရက္ဆန္တဲ့ အျပဳအမူေတြေၾကာင့္ လန႔္သြားမိသည္။ တစ္ခ်ိန္လုံး သူ႔ကိုျမင္ရင္ အလိုလို ေၾကာက္ေနမိေပမယ့္ ထိုေန႔က ကိစၥျဖစ္ၿပီးတည္းက မေၾကာက္ေတာ့သလို ခံစားမိသည္။

Haechan တို႔ Jeno အေၾကာင္းေျပာတုန္းက တျခားစိတ္ညစ္စရာေတြပါရွိေနသည္မို႔ Renjun ႐ုတ္တရက္ မုန္းတယ္ ဆိုတဲ့ စကားလုံးေျပာမိခဲ့ျခင္းျဖစ္သည္။ ဒီစကားလုံးကို Jeno ၾကားမည္လည္း မထင္ခဲ့။

ဒီေန႔မွ Jeno ၾကားေၾကာင္း သိရၿပီး ဝမ္းနည္းေနခဲ့ရမွန္းသိေတာ့ သူအရမ္းကို ေျပာတာ လြန္သြားသလားေတြးတာ ဝမ္းနည္းမိျပန္သည္။ အေရးႀကီးတဲ့ႏွစ္ျဖစ္တဲ့အျပင္ သူတက္ခ်င္တဲ့ တကၠသိုလ္တက္ရဖို႔အတြက္ အခ်စ္ေရးကို သူမလွည့္ခ်င္ေသး၍ မနီးစပ္ေအာင္ Jeno နဲ႔ ေဝးေဝးေနခဲ့သည္။

ဒီလိုေနခဲ့တဲ့တစ္ေလွ်ာက္လုံးလည္း သူ႔ရင္ထဲမွာ ဝမ္းနည္းသလို ခံစားခဲ့ရတာေရာ ဘာျဖစ္လို႔လဲ

တကၠသိုလ္ေရာက္တဲ့အခါ တကၠသိုလ္တူတဲ့အျပင္ department ခ်င္း နီးတဲ့အခါ Renjun မၾကာခဏဆိုသလို Jeno ကို ေတြ႕ျမင္ေနရတာမို႔ တျခားသူေတြ စကားေျပာသလို Renjunလည္း ေျပာခ်င္ေပမယ့္ သူ႔ကို ခဏပဲၾကည့္ၿပီး ေရွာင္ဖယ္သြားတဲ့ မ်က္ဝန္းနက္ေတြရဲ႕ ပိုင္ရွင္ကို ဘယ္လိုအေၾကာင္းရွာၿပီး စကားစရမလဲမသိ။

ဒီေန႔လည္း Jeno ဘက္က စကားမစလွ်င္ သူ႔ဘက္က စၿပီး စကားေျပာရဲမည္မဟုတ္ပါ။ ၿပီးေတာ့ Jeno ဘက္က ေျပာလို႔ သူျပန္ေျပာေတာ့လည္း ေျပာလိုက္တဲ့စကားလုံးေတြက ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆို Renjun ကို ရင္ခုန္ျမန္ေစသည္။ ေနာက္ဆုံး သူစဥ္းစားေပးမယ္ေျပာလို႔ မ်က္ဝန္းနက္ေတြထဲ ေဝ့တက္လာတဲ့ မ်က္ရည္ေတြက သူ႔ကို စိတ္လႈပ္ရွားေစသည္။

စေတြ႕ခါစက ေအးစက္စက္ ေရခဲတုံးႀကီးမို႔ Renjun ရွိန္ခဲ့မိသည္။ ထိုေအးစက္စက္ ေရခဲတုံးႀကီးကို သိၿပီး ႏွစ္အေတာ္ၾကာမွာ သူလုပ္လိုက္တဲ့ ႐ုတ္တရက္ အျပဳအမူေၾကာင့္ Renjun အံ့ၾသမိသည္၊ လန႔္သြားမိသည္၊ ၿပီးေတာ့ စိတ္ဆိုးမိသည္၊ သို႔ေပမယ့္ အရင္ကလို ရွိန္တာမရွိေတာ့။

Jeno သူ႔ကို ၾကည့္တဲ့အခါတိုင္း ရင္ထဲ တလွပ္လွပ္ျဖစ္လာသည္
Jeno သူ႔ကို စကားေျပာတဲ့အခါ ရင္ထဲ
အလိုလို အခုန္ျမန္လာသည္
Jeno သူ႔ကို ထိေတြ႕လိုက္တိုင္း ရင္ထဲ အသက္ရႈရပ္တန႔္သြားသလို ခံစားမိသည္

ဒါ့အျပင္ Jeno ရဲ႕ မ်က္ဝန္းနက္ေတြကို သေဘာက်သည္၊ အၿပဳံးေတြကို သေဘာက်သည္၊ ရယ္လိုက္တိုင္း eye smile ျဖစ္သြားတဲ့ မ်က္လုံးေတြကိုလည္း သေဘာက်သည္၊ Jeno ရဲ႕ ရယ္သံေတြကိုလည္း သေဘာက်သည္

ဒီလို သေဘာက်မိေနတဲ့ ခံစားခ်က္ေတြကို စုစည္းၿပီး အခ်စ္လို႔ သတ္မွတ္ရမယ္ဆို သူလည္းပဲ Jeno ကို ခ်စ္ေနမိပါသည္

ဘယ္အခ်ိန္တုန္းက စသေဘာက်လဲ ေသခ်ာေတာ့မသိေပမယ့္ သူသတိထားမိတဲ့အခ်ိန္မွာေတာ့ Jeno က သူ႔ရင္ထဲ ေရာက္ရွိေနၿပီျဖစ္သည္

အကယ္၍မ်ား ဒီေန႔လို Jeno ဘက္က မေျပာလာလွ်င္ သူ႔ခံစားခ်က္ေတြကို အခုလို ျပန္ဆန္းစစ္မိမည္မဟုတ္သလို ေဝေဝဝါးဝါးနဲ႔ ျဖစ္ေနဦးမွာပင္

ေက်းဇူးပါ Jeno ... ငါဝမ္းနည္းေစခဲ့တာေတာင္ အခုခ်ိန္ထိ ခ်စ္ေနေပးၿပီး ေစာင့္ေနေပးလို႔ အမ်ားႀကီး ေက်းဇူးတင္ပါတယ္

Renjun ကိုယ့္အေတြးက ကဗ်ာဆန္ေနသလို ခံစားမိတာမို႔ ရွက္မိျပန္ပါသည္။

A/N - ဒီ Neo-Zen ေလးက ေရးၿပီးတာနဲ႔ update ေပးေနတာပါေနာ္ ခ်စ္ဖို႔ေကာင္းတယ္မလား 😁 ဒီ Fic ေလးကို သေဘာတက် ဖတ္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်။ Good Night 💚

Continue Reading

You'll Also Like

383K 12.2K 88
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...
1.5M 35.1K 60
In wich a one night stand turns out to be a lot more than that. -Completed-
437K 15.2K 163
Sevyn and Von hung around the same people but did not like each other. But they were just cordial. Until Von's birthday came up and Sevyn was the onl...
299K 14.6K 94
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...