ကဲ ကလေးတို့ ထုံးစံအတိုင်းKingနဲ့Queenရွေးရမယ်တဲ့။ ဆရာမကိုအခုပဲစာရင်းတွေလာတောင်းနေပြီ။ အဲ့တော့ ယောက်ျားလေးငါးယောက် မိန်းကလေးငါးယောက်ရွေးမယ်နော်
ကျွန်မတို့အတန်းထဲစာသင်နေတုန်း တီချယ်တစ်ယောက်ကရောက်လာပြီး ကျွန်မတို့မေဂျာရဲ့ Fresher welcomeအတွက် king queenရွေးဖို့လုပ်နေကြတာပါ။ အဲ့ထဲမှာကျွန်မရဲ့သူငယ်ချင်းလေးယောက်က ပါသွားပြီပေါ့လေ။ အဟင်းဟင်း သူတို့ကလဲချောကြတာကိုး။ ပြောရမယ်ဆိုရင်အတန်းထဲကအချောဆုံးတွေကကျွန်မနဲ့သူငယ်ချင်းဖြစ်နေတယ်ဆိုပါတော့။
"ကဲ အာ့ဆိုရွေးဖို့မိန်းကလေးတစ်ယောက်ပဲကျန်တော့တယ် ဟိုသမီးလေးလုပ်မလား"
"ရှင်"
ဘုရားရေ... တီချယ်ကကျွန်မကိုပြောနေတာပဲ။
"သမီးကိုပြောနေတာ လုပ်ပါလားလို့ ချောချောလေးမို့လို့"
"အာ တီချယ် သမီးကစင်ကြောက်တတ်တယ် တီချယ်ရဲ့ မဖြစ်ဘူးနဲ့တူတယ် တခြားသူပဲရွေးလိုက်တာကောင်းမယ်ထင်တယ်"
"သေချာရဲ့လား သမီး ပြန်စဉ်းစားပါအုံး တီချယ်တို့ရှိတာပဲ မကြောက်ပါနဲ့"
"သမီးတကယ်မဖြစ်လို့ပါ တီချယ်"
"အေးပါကွယ် အာ့ဆိုလဲဟိုသမီးလေးလုပ်လိုက်"
ဟူး ကျွန်မအခုမှသက်ပြင်းချနိုင်တော့တယ်။ တော်သေးတယ် မပါသွားလို့။ ကျွန်မကတကယ်လဲစင်ကြောက်တတ်ပါတယ်။ လူလဲကြောက်တတ်တော့ပိုဆိုး။ ပြီးတော့ကျွန်မရုပ်ရည်ကအဲ့လိုမျိုး၀င်ပြိုင်ရလောက်တဲ့အထိ မချောမှန်းကျွန်မကိုယ်ကျွန်မသိတယ်လေ။ ကျွန်မပါသွားခဲ့ရင်တောင် ကျွန်မသူငယ်ချင်းလေးယောက်နဲ့ပြိုင်ရတာမျိုးမဖြစ်ချင်ပါဘူး။ အပျော်သဘောလုပ်ကြတာဆိုပေမဲ့ စင်ပေါ်မှာတော့အပြိုင်အဆိုင်နေကြရမှာလေ။ အဲ့ထက်ဆိုးတာရှိသေးတယ်။ "မိုင်"ပေါ့။ ခုနကတီချယ်ကလုပ်မလားမေးတုန်းက သူကျွန်မကိုမျက်မှောင်ကြီးကြုတ်ပြီး ကြည့်နေတာ။ ကြောက်ဖို့တောင်ကောင်းတယ်။ သူ့ရဲ့ဒေါသကြီးပုံနဲ့ ကျွန်မ၀င်ပြိုင်လို့လဲမဖြစ်သေးပါဘူး။ တော်ကြာ စင်ပေါ်မှာကျရင်ယောက်ျားလေးနဲ့တွဲလျှောက်ရတဲ့အခါကျရင် စင်ပေါ်တက်ပြီးလက်သီးနဲ့လာဆွဲထိုးနေမှဖြင့်။ အမလေး အတွေးနဲ့တင်ကျွန်မကျောချမ်းတယ်။ သူဆွဲထိုးတာအကြောင်းမဟုတ်ဘူး။ ကျောင်းထုတ်ခံနေရမှဖြင့်။ ကျွန်မကတော့လေ တခုခုလုပ်တော့မယ်ဆိုရင်သူ့အတွက်စဉ်းစားပေးပြီးမှလုပ်ဖြစ်နေတာ အကျင့်တောင်ပါနေပြီ။
"အာ့ဆိုအခုရွေးထားတဲ့သူတွေ rehearsalအခုလုပ်ရမယ်။ တီချယ်နဲ့လိုက်ခဲ့နော်"
သိမ့်- ဟဲ့ မိုး ငါတို့ကသွားရတော့မှာ။ နင်အတန်းပြီးတဲ့အချိန် ငါတို့လဲrehersalပြီးလောက်ပြီ အဲ့ဒါအတန်းပြီးရင်RCကိုလာခဲ့ အတူပြန်မယ်နော်"
ယွန်း- အမလေးဟယ် မိုးကအခုတစ်ယောက်ထဲမှမဟုတ်တော့တာ မှိုင်းမိုင်နဲ့ပြန်မှာပေါ့ဟဲ့
သိမ့်- မပြန်ရပါဘူး ပြန်ရမဲ့လမ်းချင်းလဲမတူဘဲနဲ့
ဖူး- မိုးရေ စာကိုသေချာလိုက်လုပ်နော် ပြီးရင်ငါတို့ကိုပြန်ရှင်းပြရမှာ
ပုံပုံ- အဲ့ဒါကမှာနေစရာတောင်မလိုဘူး မိုးကဒီစာတွေလောက်တော့ပိုင်ပြီးသားပဲ ဟုတ်တယ်မလား
မိုး- ကဲ နင်တို့မှာစရာရှိတာတွေမှာပြီးရင်လဲ သွားကြတော့ ဟိုမှာတီချယ်ကစောင့်နေတာကို
သိမ့်- အေးပါ သွားပြီ သွားပြီ
သူတို့ထွက်သွားပြီးတော့အတန်းကပြန်စတယ်။ ဒါမဲ့တီချယ်ကဒီနေ့နေသိပ်မကောင်းဘူးဆိုပြီး အစောကြီးအတန်းကိုသိမ်းလိုက်တယ်။ နာရီကိုကြည့်လိုက်တော့၂နာရီပဲရှိသေးတယ်။ ခါတိုင်းဆို၄နာရီမှပြီးနေကျမို့ ဒီနေ့တော့သိမ့်တို့ကိုမစောင့်ဘဲပြန်ဖို့ဆုံးဖြတ်လိုက်တယ်။
မိုင်- မိုး ပြန်တော့မလို့လား
မိုး- အင်းလေ အတန်းကစောပြီးတာကို သိမ့်တို့ကိုစောင့်နေရရင်အကြာကြီးဖြစ်နေမှာ
မိုင်- မပြန်နဲ့အုံးလေကွာ ငါနဲ့ကန်ဘောင်ကိုသွားရအောင်
မိုး- ကန်ဘောင်? ဘာသွားလုပ်မှာလဲ အဲ့ကို
မိုင်- ဟာ ကန်ဘောင်ကိုအတွဲတွေသွားကြတယ်တဲ့ ငါတို့လဲသွားဖူးတယ်ရှိအောင်သွားရမှာပေါ့
မိုး- ဖြစ်ပါ့မလား အဲ့မှာလူတွေအများကြီးရှိမှာ ငါတို့ကိုတမျိုးမြင်နေရင်....
မိုင်- မိုးကလဲကွာ ဘယ်သူထင်ထင်ဘာဖြစ်လဲ ဘာလဲ ငါနဲ့မသွားချင်လို့လား
မိုး- မဟုတ်ပါဘူး မိုင်ရယ် ငါကနင်နဲ့မသွားလို့ဘယ်သူနဲ့သွားရမှာလဲ
မိုင်- အာ့ဆို သွားမယ် လာ
ကန်ဘောင်ကကျွန်မတို့ကျောင်းဆောင်နဲ့သိပ်မဝေးဘူးလေ။ အဓိပတိလမ်းမကြီးကိုလျှောက်ရသလောက်ပဲရှိတယ်။ နီးတယ်ဆိုပေမဲ့ ကျွန်မကတော့တခါမှမရောက်ဖူးဘူး။ ဒီနေ့မှမိုင်ခေါ်သွားလို့ရောက်ဖြစ်တော့တယ်။ ကျွန်မတို့အုတ်ခုံတခုမှာထိုင်ပြီး အင်းလေးကန်ကြီးကိုငေးကြည့်နေတာ။ ကျွန်မကတော့သူ့ပုခုံးပေါ်မှီပြီးတော့ပေါ့။ အချိန်ကနှစ်နာရီခွဲလောက်ရှိပြီဆိုတော့ နေတော့ပူပေမဲ့ မိုင်က နေရိပ်တဲ့နေရာကိုရှာတွေ့လို့ကံကောင်းသွားတယ်။
မိုး- နင်နဲ့အတူတူရှိနေရလို့ထင်တယ် ဒီတိုင်းကြီးထိာင်နေရတာတောင်ပျော်သလိုခံစားရတယ်
မိုင်- ငါကနင့်ထက်တော့ပိုပျော်သေးတယ်
မိုး- ဟုတ်လို့လား မနက်တုန်းကတော့မျက်မှောင်ကြီးကြုတ်ပြီးကြည့်နေပြီးတော့
မိုင်- အဲ့ဒါကတော့မိုးကိုမပါစေချင်လို့လေ ပါသွားရင်ငါကအလကားသက်သက် သ၀န်တိုနေရမှာ ပြီးတော့အခုလိုငါ့ကိုအချိန်ပေးနိုင်တော့မှာလဲမဟုတ်ဘူး
မိုး- ကျောင်းမှာနေ့တိုင်းမျက်နှာမြင်နေရတာကို နင်ကပိုကိုပိုတယ်
မိုင်- ဘာဖြစ်လဲ ငါ့ဘာသာချစ်လို့ပိုတာကို
မိုး- ဟုတ်သားပဲ နင့်ကိုမေးရအုံးမယ် နင်ငါ့ကိုဘယ်တုန်းကချစ်မိသွားတာလဲ ငါတကယ်မသိလို့
မိုင်- မေဂျာပေါင်းစုံFresher welcomeပွဲတုန်းကလေ နင်ကငါ့လက်ကိုကိုင်ပြီး လျှောက်သွားနေခဲ့တာ။ အဲ့တုန်းကငါ့စိတ်ထဲအရမ်းပျော်ခဲ့တာ ခနနေတော့ဖူးရောက်လာတော့နင်ကသူ့ဆီပြေးသွားတယ်လေ အဲ့တုန်းကလဲငါ့စိတ်ထဲဘာကိုစိတ်တိုမှန်းမသိစိတ်တိုနေတာ ၀မ်းလဲနည်းတယ် နင့်ကိုငါတစ်ယောက်ထဲအပိုင်ဖြစ်ချင်တာ အဲ့ချိန်ကစပြီး ငါနင့်ကိုချစ်မိနေတယ်ဆိုတာသေချာသွားတာ
မိုး- မဆိုးပါဘူး နားထောင်လို့ကောင်းသားပဲ
မိုင်- မိုးနော် မနောက်နဲ့ တကယ်အတည်ပြောနေတာကို
မိုး- ဟားဟား အင်းပါ မိုင်ရယ် အတည်ပြောနေမှန်းငါသိပါတယ် ငါကလဲနင့်ကိုဘာလို့စချင်နေမှန်းကိုမသိတာ
မိုင်- စချင်တယ်ဟုတ်လား တွေ့မယ်
မိုင်ကကျွန်မကိုချုပ်ပြီးနမ်းဖို့ပြင်တယ်။ ဒါနဲ့ကံမကောင်းစွာနဲ့ပဲ
"အစ်ကိုလေးတို့ အစ်မလေးတို့ မုန့်လေးတွေ၀ယ်ကြပါအုံး"
မိုင်- ဟာ အရေးထဲကွာ
"လုပ်ပါ အစ်ကိုလေးတို့ အစ်မလေးတို့ရယ် ဒီနေ့ရောင်းမကောင်းလို့ပါ တစ်ခုလောက်ပဲ၀ယ်ပါနော်"
မုန့်ရောင်းတဲ့ကလေးတွေကသနားဖို့ကောင်းအောင်လာပြောနေတော့ ကျွန်မလဲမနေနိုင်ပါဘူး။ ဒါမဲ့ မိုင်ကတော့မျက်နှာကြီးဆူပုတ်ပြီး မသိချင်ယောင်ဆောင်နေတယ်။
မိုး- မိုင် ၀ယ်လိုက်ပါဟယ် ကလေးတွေသနားပါတယ် ငါ့မှာအကြွေမပါလို့ဟ
မိုင်- မိုးကလဲကွာ သက်သက်မဲ့သူများအတွဲကိုလာရှုပ်နေတာ
မိုး- လာရှုပ်တာမဟုတ်ဘူးလေ မုန့်လာရောင်းတာကို လုပ်ပါ တစ်ခုပဲ၀ယ်လိုက်လေ နော် နော်
မိုင်- ပြီးရောဟာ
"ကျေးဇူးပါ အစ်ကိုလေးနဲ့အစ်မလေးရေ အိုအောင်မင်းအောင်ပေါင်းရပါစေလို့ဆုတောင်းပေးတယ်နော်"
အဲ့ကလေးကမသွားခင် ဆုတောင်းပေးသွားလိုက်သေးတယ်။ ကျွန်မရီချင်သွားတယ်။ မိုင့်ကိုယောက်ျားလေးလို့ထင်သွားတာဖြစ်မယ်။ ကျွန်မမိုင့်ကိုကြည့်လိုက်တော့ မိုင်ကလဲပြုံးစိစိနဲ့သဘောကျနေတယ်နဲ့တူတယ်။
မိုး- ဘာပြုံးတာလဲ
မိုင်- မကြားဘူးလား ပြောသွားတာ
မိုး- ကြားသားပဲ ဘာလဲ သဘောကျနေတာလား
မိုင်- မကျဘဲနေမလား ကိုယ့်ချစ်သူနဲ့ကိုယ့်ကိုအဲ့လိုဆုတောင်းပေးသွားတာကို
မိုး- ကျမနေနဲ့ ဟိုကမိန်းကလေးမှန်းမသိလို့ပြောသွားတာ
မိုင်- သိသိမသိသိ နင်နဲ့ငါကချစ်သူတွေပဲဟာ
မိုး- ကဲ တော်ပြီ ထတော့ ပြန်မယ်
မိုင်- ပြန်တော့မှာလား
မိုး- အင်းလေ အချိန်ကိုကြည့်အုံး ၄နာရီကျရင်သိမ့်တို့ကိုလာခေါ်မယ်ပြောထားတယ်
မိုင်- ဟာကွာ အဲ့တစ်ယောက်၀င်ရှုပ်ပြန်ပြီ သူ့ဟာသူပြန်လဲရတာကို
မိုး- မိုင်နော် သူများသူငယ်ချင်းကိုမပြောနဲ့ သိမ့်ကငါ့ကိုစိတ်ပူလို့တူတူပြန်မယ်ပြောတာ
မိုင်- အင်းပါကွာ မပြောတော့ဘူး လာ လိုက်ပို့မယ်
မိုင်ကသိပ်ချစ်းရာကောင်းပါတယ်။ ကျွန်မတောင်းဆိုထားလို့ သိမ့်နဲ့အခုတလောအဆင်ပြေပြေနေပေးရှာပါတယ်။ အခုလဲမပြောနဲ့ဆိုတော့ မပြောဘူးတဲ့။ ဘယ်လိုလေးမှန်းမသိဘူး။
သိမ့်- ဟဲ့ အဲ့ဒါကဘယ်လိုဖြစ်လာကြတာလဲ
မိုး- ဘာဖြစ်လို့လဲ နင်ပဲတူတူပြန်မယ်ဆိုလို့လာတာလေ
သိမ့်- အဲ့ဒါကိုပြောနေတာမဟုတ်ဘူး ဟိုတစ်ယောက်ကဘယ်လိုဖြစ်လို့ပါလာရပြန်တာလဲလို့
ယွန်း- နင်ဟယ် နှစ်ယောက်ကတွဲနေပါတယ်ဆိုမှ အတူတူလာတာဆန်းသလားဟယ်
ဖူး- အင်းလေ အဲ့လိုမေးတဲ့နင်ကမှထူးဆန်းနေတာ
မိုး- မိုင်ကငါ့ကိုလိုက်ပို့တာပါ သိမ့်ရဲ့
သိမ့်- ဒီနေ့အတန်းစောပြီးတယ်ဆို ဘယ်တွေသွားနေကြတာလဲ
မိုင်- ဘယ်သွားသွားပေါ့ ငါနဲ့သွားတာပဲ ဘာစိတ်မချဖြစ်နေတာလဲ
မိုး- မိုင်ကလဲ သိမ့်ကဒီတိုင်းမေးလိုက်တာနေမှာပါ အော် သိမ့် ငါတို့ကန်ဘောင်မှာခနသွားထိုင်နေကြတာပါဟ တခြားဘယ်မှမသွားဘူး ကဲပါ ငါတို့ပြန်ကြမယ်လေ
မိုင်- အိမ်ရောက်ရင်ဖုန်းဆက်အုံးနော်
မိုး- အင်းပါ မိုင်ရဲ့ ငါက ကလေးလား
မိုင်- ကလေးမဟုတ်လို့ပေါ့
သိမ့်- ကဲ တော်ကြတော့ မျက်စိနောက်တယ် လာပြန်မယ် မိုး
သိမ့်နဲ့မိုင်ကတော့ အမြဲဒီလိုတကျက်ကျက်ပါပဲ။ ဒါမဲ့လဲအခြေအနေကောင်းတယ်လို့ပြောရမယ်။ သူတို့ကြီးကြီးမားမားရန်မှမဖြစ်ကြတာ။ နှစ်ယောက်လုံးကကျွန်မကိုချစ်တော့ အဆင်ပြေပြေနေပေးကြပါတယ်။ အခုချိန်ထိတော့အားလုံးကအဆင်ပြေနေတာပါပဲ။
____________"_____________
မနေ့ကစိတ်ပါရင် နှစ်ပိုင်းတင်ပေးမယ်ဆိုပြီးမတင်ပေးဖြစ်ဘူး။ အပျင်းကြီးသွားလို့။