ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

675K 70.6K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210
211

75

3.8K 417 1
By Fiendyy

အခန်း [ ၇၅ ]

" လုချီ ဘာမှမဖြစ်ပါဘူးလို့ ဘယ်သူပြောလဲ "
လုမန်က ခပ်ယဲ့ယဲ့လေး ပြုံးသည်။
" ထောင်မကျဘူးဆိုရင်တောင်မှ ဒီကိစ္စကြောင့် သူ့အလုပ်မှာ အများကြီး ထိခိုက်သွားခဲ့တယ်။ လုဟန်လိကရော လုချီနဲ့သူ မအိပ်ခဲ့ပါဘူးလို့ ပြောခဲ့သလား၊ အင်တာနက်လောကသားတွေကတော့ ယုံမှာ မဟုတ်ဘူးနော်၊ ရုပ်ရှင်စတူဒီယိုတွေ ထုတ်လုပ်သူတွေ ဒါရိုက်တာတွေနဲ့ ကြော်ငြာရိုက်ဖို့အနုပညာရှင်တွေရှာဖွေနေတဲ့ ကုမ္ပဏီတွေတောင်မှ သူ့ကို ထပ်ငှားရဲတော့မှာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ဂုဏ်သိက္ခာက မြောင်းထဲရောက်သွားပြီမို့လို့ "

" ဒါက သေးသေး ကွေးကွေးလေး မဟုတ်ဘူး.. ဒီပြဿနာ အစပျိုးနေခဲ့တာက ကြာပြီ .. နှစ်အနည်းငယ်အတွင်း တစ်ကျော့ပြန်ခေတ်ထလာဖို့ဆိုတာ မတွေးသင့်တဲ့ ကိစ္စကြီးပဲ .. ဒါပေမယ့် အဖေက သူ့ကို ကရုဏာကြီးတာမို့ လုချီကို ဒါတွေ ဘယ်လိုလုပ် ခံစားခိုင်းမှာလဲ၊ အဲ့ဒါကြောင့် လုဟန်လိနဲ့ ဆွေးနွေးချင်ခဲ့တယ်၊ ပြုခဲ့တဲ့သူဟာ ကျွန်မပါ သူ့အိပ်ခန်းထဲဝင်ပြီး သူ့ကို ဒဏ်ရာရစေခဲ့တာ ကျွန်မပါလို့ လုဟန်လိပါးစပ်က ထွက်ဆိုလိုက်ရင် လုချီနဲ့ပတ်သက်တဲ့ စွဲချက်တွေအားလုံး အထင်လွဲတာပါတွေ ကျွန်မက လုချီကို အသရေဖျက်ပါတယ်တွေ ဖြစ်ကုန်တော့မှာ အဲ့ဒါမှ လုချီက အသာကြီး .. သူက ခံရတဲ့သူဆိုပြီး ထောင်ထောင် ထောင်ထောင် ပြန်လုပ်နိုင်မယ် "

ထိုအကြောင်းများကြောင့် လုချီအတွက်ဆိုလျှင် သူအလိုရှိသည့်အတိုင်း လုမန်ကို စတေးသည်။

" လူယုတ်မာကြီး! "
လုချီယွမ်ကို ရွှီဟွေ့ ဆော်ပလော်တီးပစ်ချင်၏။
" သူက လုချီ့အဖေလား၊ သမီးအရင်းတောင် မဟုတ်တဲ့ဟာ .. ရူးနေတာပဲဖြစ်မယ် "

ကျိုးချန်က သူ့ကို လက်နဲ့တို့ပြီး မပြောဖို့ တားသည်။

လုချီယွမ်လုပ်သမျှ အထိအနာရဆုံးက လုမန်။

ရွှီဟွေ့ နားလည်သွားလို့ ချက်ချင်း ပါးစပ်ပိတ်သွား၏။

ကျိုးချန်က သက်ပြင်းလေးချ၏။
" သခင်လေးက လုဟန်လိကို အရင်သွားရှာခဲ့လို့ တော်သေးတယ်။ အဲ့ဒါကြောင့်မို့လို့ လုဟန်လိက လုချီယွမ်ဆွေးနွေးတာတွေကို လက်မခံခဲ့တာလေ။ လက်ခံရင် သခင်လေးက လုဟန်လိကို အနုပညာလုပ်ငန်းမှာ နဟန်မထူနိုင်အောင် လုပ်ပစ်တော့မှာ သိလား၊ အဲ့ဒါကြောင့် လုချီယွမ်ကို လုဟန်လိ ငြင်းပစ်လိုက်ရတာပဲ။ ဒါပေမဲ့ လုချီကို အနုပညာလောကကနေ ရပ်နားခိုင်းဖို့ကျတော့ မလွယ်ဘူးလေ၊ သခင်လေးက ဘာမှမလုပ်ဖို့ ဆုံးဖြတ်ထားရင်တောင်မှ လုဟန်လိက လုချီကို လွယ်လွယ်အလွတ်ပေးမှာမဟုတ်ပါဘူး၊ လုချီက သူ့ကို အန္တရာယ်ပေးထားတဲ့သူ ဖြစ်နေတာကိုး၊ နောက်ပြီး သူက နာမည်ကြီးဒါရိုက်တာဖြစ်တဲ့အတွက် အခုကိစ္စကြောင့် သူ့မှာ နာမည်ပျက်ရှိသွားတယ်။ ဒါကြောင့် ခုလောက်ဆို လုချီကို သေလောက်အောင် မုန်းနေမှာပါ၊ ပြီးတော့ ရုပ်ရှင်လုပ်ငန်းမှာ လုဟန်လိက လက်တံကျယ်တော့ လုချီ ဒီနယ်ပယ်မှာ အလုပ်ရဖို့ဆိုတာ ခက်သွားလိမ့်မယ်။ ရုပ်သံပိုင်းမှာဆိုရင်တောင်မှ လုချီရဲ့လက်ရှိနာမည်ဆိုးနဲ့ဆိုရင် ဇာတ်ပို့မင်းသမီးနေရာရဖို့တောင် တော်တော်ခက်မှာ "

ဒီတစ်ခါတွင် လုချီ ထောင်မကျခဲ့သော်လည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ရပါလိမ့်မည်။ ခေါင်းမာပြီး မနာလိုဝန်တို စရိုက်ရှိသောကြောင့် ​ခြေမြဲဖို့က မဖြစ်နိုင်။ ထို့ကြောင့် ခက်ခဲသော အချိန်ကြီး ကြာရှည်ပါဦးမည်။

" ရှင်ပြောချင်တာကို ကျွန်မနားလည်ပါတယ် ကျေးဇူးပါ "
လုချီယွမ်ကို သတိထားဖို့ ကျိုးချန်နှင့် ရွှီဟွေ့က ပြောနေတာကို လုမန် သိသည်။

လုမန်ထရပ်ပြီး လူနာခန်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။ ကျိုးချန်နှင့် ရွှီဟွေ့တို့ လမ်းဖယ်ပေးလျှင် တံခါးပေါက်ဝမှာ ရပ်နေသော ရှချင်းဝေကို သူမ မြင်လိုက်ရပါ၏။ ဒီမှာ ရပ်နေတာ ဘယ်လောက်တောင် ကြာပြီလဲ။

ကျိုးချန်နှင့် ရွှီဟွေ့သည် လူကောင်ကြီးသဖြင့် သူမမြင်ကွင်းကို ပိတ်ဆို့နေခဲ့သည်ဖြစ်ရာ လုမန် ရှချင်းဝေကို မမြင်ခဲ့ပေ။

" မေမေ! "
လဲကျတော့မည့် ရှချင်းဝေကို လုမန် ပြေးပွေ့ထားလိုက်သည်။
" အမေ.. "

" အကုန်ကြားပြီးပြီ "
ရှချင်းဝေ အမျက်ထွက်နေသဖြင့် မျက်ဝန်းတို့မှာ နီရဲနေသည်။

" သမီး ဘာမှမဖြစ်ဘူး မေမေ စိတ်ထဲမထည့်နဲ့ သိလား ခု အဆင်ပြေနေပြီပဲ ဟုတ်တယ်မို့လား "
လုမန်က ရှချင်းဝေကို သိုင်းဖက်လိုက်ရင်း
" ခုတင်ဆီကို အရင်ပြန်ရအောင်ပါ သမီးအတွက် မေမေ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်နော် .. စိတ်နောက် ကိုယ်ပါပြီး မဆင်မခြင် ထွက်မလာပါနဲ့ .. တော်ကြာ ဒဏ်ရာက အဖန်ဖန် အထိနာပြီး ဘယ်တော့မှ ဆေးရုံဆင်းရမယ်မသိ ဖြစ်သွားဦးမယ် "

" ဟုတ်တယ် စိတ်လိုက်မာန်ပါဖြစ်သွားတာ "
ရှချင်းဝေလည်း နောင်တရပါ၏။ သူမဟာ လုမန်ကို ဘာမှမကူညီနိုင်သည့်အပြင် ဒုက္ခတွေပဲ ပေးနေမိသည်။

ထို့ကြောင့် စကားနားထောင်ပြီး ဆေးရုံခုတင်သို့ ပြန်သွားကာ လုမန်လက်လေးကိုဆုပ်လိုက်ရင်း
" သမီးအဖေလေ သူ.. သူက သမီးရဲ့မွေးဖခင်ပါ၊ ဒါပေမယ့် ခုကစပြီး သမီး သူ့ကို အဖေအဖြစ် စာရင်းသွင်းစရာ မလိုတော့ဘူး မန်မန် .. သူဟာ ဖခင် မဖြစ်ထိုက်ဘူး "

လူအများကြီး ရှိသည့်အထဲကမှ ဤသို့သော ယောက်ျားမျိုးကို လက်ထပ်ဖို့ ရွေးချယ်မိသည့်အတွက် နောင်တတွေ ရပါ၏။ တစ်ချိန်တည်းမှာ လုချီယွမ်ကြောင့်သာမဟုတ်လျှင် လုမန်လေးကို မွေးဖွားခဲ့မှာမဟုတ်သလို ဒီသမီးလိမ္မာလေးကို သူမ ပိုင်ဆိုင်ရမှာ မဟုတ်ပါချေ။

*****

အခန္း [ ၇၅ ]

" လုခ်ီ ဘာမွမျဖစ္ပါဘူးလို႔ ဘယ္သူေျပာလဲ "
လုမန္က ခပ္ယဲ့ယဲ့ေလး ၿပံဳးသည္။
" ေထာင္မက်ဘူးဆိုရင္ေတာင္မွ ဒီကိစၥေၾကာင့္ သူ႔အလုပ္မွာ အမ်ားႀကီး ထိခိုက္သြားခဲ့တယ္။ လုဟန္လိကေရာ လုခ်ီနဲ႔သူ မအိပ္ခဲ့ပါဘူးလို႔ ေျပာခဲ့သလား၊ အင္တာနက္ေလာကသားေတြကေတာ့ ယံုမွာ မဟုတ္ဘူးေနာ္၊ ရုပ္ရွင္စတူဒီယိုေတြ ထုတ္လုပ္သူေတြ ဒါရိုက္တာေတြနဲ႔ ေၾကာ္ျငာရိုက္ဖို႔အႏုပညာရွင္ေတြရွာေဖြေနတဲ့ ကုမၸဏီေတြေတာင္မွ သူ႔ကို ထပ္ငွားရဲေတာ့မွာမဟုတ္ဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ဂုဏ္သိကၡာက ေျမာင္းထဲေရာက္သြားၿပီမို႔လို႔ "

" ဒါက ေသးေသး ေကြးေကြးေလး မဟုတ္ဘူး.. ဒီျပႆနာ အစပ်ိဳးေနခဲ့တာက ၾကာၿပီ .. ႏွစ္အနည္းငယ္အတြင္း တစ္ေက်ာ့ျပန္ေခတ္ထလာဖို႔ဆိုတာ မေတြးသင့္တဲ့ ကိစၥႀကီးပဲ .. ဒါေပမယ့္ အေဖက သူ႔ကို ကရုဏာႀကီးတာမို႔ လုခ်ီကို ဒါေတြ ဘယ္လိုလုပ္ ခံစားခိုင္းမွာလဲ၊ အဲ့ဒါေၾကာင့္ လုဟန္လိနဲ႔ ေဆြးေနြးခ်င္ခဲ့တယ္၊ ျပဳခဲ့တဲ့သူဟာ ကြၽန္မပါ သူ႔အိပ္ခန္းထဲဝင္ၿပီး သူ႔ကို ဒဏ္ရာရေစခဲ့တာ ကြၽန္မပါလို႔ လုဟန္လိပါးစပ္က ထြက္ဆိုလိုက္ရင္ လုခ်ီနဲ႔ပတ္သက္တဲ့ စြဲခ်က္ေတြအားလံုး အထင္လြဲတာပါေတြ ကြၽန္မက လုခ်ီကို အသေရဖ်က္ပါတယ္ေတြ ျဖစ္ကုန္ေတာ့မွာ အဲ့ဒါမွ လုခ်ီက အသာႀကီး .. သူက ခံရတဲ့သူဆိုၿပီး ေထာင္ေထာင္ ေထာင္ေထာင္ ျပန္လုပ္ႏိုင္မယ္ "

ထိုအေၾကာင္းမ်ားေၾကာင့္ လုခ်ီအတြက္ဆိုလ်ွင္ သူအလိုရိွသည့္အတိုင္း လုမန္ကို စေတးသည္။

" လူယုတ္မာႀကီး! "
လုခ်ီယြမ္ကို ရႊီေဟြ့ ေဆာ္ပေလာ္တီးပစ္ခ်င္၏။
" သူက လုခ်ီ့အေဖလား၊ သမီးအရင္းေတာင္ မဟုတ္တဲ့ဟာ .. ရူးေနတာပဲျဖစ္မယ္ "

က်ိဳးခ်န္က သူ႔ကို လက္နဲ႔တို႔ၿပီး မေျပာဖို႔ တားသည္။

လုခ်ီယြမ္လုပ္သမ်ွ အထိအနာရဆံုးက လုမန္။

ရႊီေဟြ့ နားလည္သြားလို႔ ခ်က္ခ်င္း ပါးစပ္ပိတ္သြား၏။

က်ိဳးခ်န္က သက္ျပင္းေလးခ်၏။
" သခင္ေလးက လုဟန္လိကို အရင္သြားရွာခဲ့လို႔ ေတာ္ေသးတယ္။ အဲ့ဒါေၾကာင့္မို႔လို႔ လုဟန္လိက လုခ်ီယြမ္ေဆြးေနြးတာေတြကို လက္မခံခဲ့တာေလ။ လက္ခံရင္ သခင္ေလးက လုဟန္လိကို အႏုပညာလုပ္ငန္းမွာ နဟန္မထူႏိုင္ေအာင္ လုပ္ပစ္ေတာ့မွာ သိလား၊ အဲ့ဒါေၾကာင့္ လုခ်ီယြမ္ကို လုဟန္လိ ျငင္းပစ္လိုက္ရတာပဲ။ ဒါေပမဲ့ လုခ်ီကို အႏုပညာေလာကကေန ရပ္နားခိုင္းဖို႔က်ေတာ့ မလြယ္ဘူးေလ၊ သခင္ေလးက ဘာမွမလုပ္ဖို႔ ဆံုးျဖတ္ထားရင္ေတာင္မွ လုဟန္လိက လုခ်ီကို လြယ္လြယ္အလြတ္ေပးမွာမဟုတ္ပါဘူး၊ လုခ်ီက သူ႔ကို အႏၲရာယ္ေပးထားတဲ့သူ ျဖစ္ေနတာကိုး၊ ေနာက္ၿပီး သူက နာမည္ႀကီးဒါရိုက္တာျဖစ္တဲ့အတြက္ အခုကိစၥေၾကာင့္ သူ႔မွာ နာမည္ပ်က္ရိွသြားတယ္။ ဒါေၾကာင့္ ခုေလာက္ဆို လုခ်ီကို ေသေလာက္ေအာင္ မုန္းေနမွာပါ၊ ၿပီးေတာ့ ရုပ္ရွင္လုပ္ငန္းမွာ လုဟန္လိက လက္တံက်ယ္ေတာ့ လုခ်ီ ဒီနယ္ပယ္မွာ အလုပ္ရဖို႔ဆိုတာ ခက္သြားလိမ့္မယ္။ ရုပ္သံပိုင္းမွာဆိုရင္ေတာင္မွ လုခ်ီရဲ့လက္ရိွနာမည္ဆိုးနဲ႔ဆိုရင္ ဇာတ္ပို႔မင္းသမီးေနရာရဖို႔ေတာင္ ေတာ္ေတာ္ခက္မွာ "

ဒီတစ္ခါတြင္ လုခ်ီ ေထာင္မက်ခဲ့ေသာ္လည္း အခက္အခဲမ်ားစြာႏွင့္ ရင္ဆိုင္ရပါလိမ့္မည္။ ေခါင္းမာၿပီး မနာလိုဝန္တို စရိုက္ရိွေသာေၾကာင့္ ​ေျခၿမဲဖို႔က မျဖစ္ႏိုင္။ ထို႔ေၾကာင့္ ခက္ခဲေသာ အခ်ိန္ႀကီး ၾကာရွည္ပါဦးမည္။

" ရွင္ေျပာခ်င္တာကို ကြၽန္မနားလည္ပါတယ္ ေက်းဇူးပါ "
လုခ်ီယြမ္ကို သတိထားဖို႔ က်ိဳးခ်န္ႏွင့္ ရႊီေဟြ့က ေျပာေနတာကို လုမန္ သိသည္။

လုမန္ထရပ္ၿပီး လူနာခန္းထဲသို႔ ဝင္ရန္ ျပင္လိုက္သည္။ က်ိဳးခ်န္ႏွင့္ ရႊီေဟြ့တို႔ လမ္းဖယ္ေပးလ်ွင္ တံခါးေပါက္ဝမွာ ရပ္ေနေသာ ရွခ်င္းေဝကို သူမ ျမင္လိုက္ရပါ၏။ ဒီမွာ ရပ္ေနတာ ဘယ္ေလာက္ေတာင္ ၾကာၿပီလဲ။

က်ိဳးခ်န္ႏွင့္ ရႊီေဟြ့သည္ လူေကာင္ႀကီးသျဖင့္ သူမျမင္ကြင္းကို ပိတ္ဆို႔ေနခဲ့သည္ျဖစ္ရာ လုမန္ ရွခ်င္းေဝကို မျမင္ခဲ့ေပ။

" ေမေမ! "
လဲက်ေတာ့မည့္ ရွခ်င္းေဝကို လုမန္ ေျပးေပြ့ထားလိုက္သည္။
" အေမ.. "

" အကုန္ၾကားၿပီးၿပီ "
ရွခ်င္းေဝ အမ်က္ထြက္ေနသျဖင့္ မ်က္ဝန္းတို႔မွာ နီရဲေနသည္။

" သမီး ဘာမွမျဖစ္ဘူး ေမေမ စိတ္ထဲမထည့္နဲ႔ သိလား ခု အဆင္ေျပေနၿပီပဲ ဟုတ္တယ္မို႔လား "
လုမန္က ရွခ်င္းေဝကို သိုင္းဖက္လိုက္ရင္း
" ခုတင္ဆီကို အရင္ျပန္ရေအာင္ပါ သမီးအတြက္ ေမေမ ကိုယ့္ခႏၶာကိုယ္ကို ဂရုစိုက္ရမယ္ေနာ္ .. စိတ္ေနာက္ ကိုယ္ပါၿပီး မဆင္မျခင္ ထြက္မလာပါနဲ႔ .. ေတာ္ၾကာ ဒဏ္ရာက အဖန္ဖန္ အထိနာၿပီး ဘယ္ေတာ့မွ ေဆးရံုဆင္းရမယ္မသိ ျဖစ္သြားဦးမယ္ "

" ဟုတ္တယ္ စိတ္လိုက္မာန္ပါျဖစ္သြားတာ "
ရွခ်င္းေဝလည္း ေနာင္တရပါ၏။ သူမဟာ လုမန္ကို ဘာမွမကူညီႏိုင္သည့္အျပင္ ဒုကၡေတြပဲ ေပးေနမိသည္။

ထို႔ေၾကာင့္ စကားနားေထာင္ၿပီး ေဆးရံုခုတင္သို႔ ျပန္သြားကာ လုမန္လက္ေလးကိုဆုပ္လိုက္ရင္း
" သမီးအေဖေလ သူ.. သူက သမီးရဲ့ေမြးဖခင္ပါ၊ ဒါေပမယ့္ ခုကစၿပီး သမီး သူ႔ကို အေဖအျဖစ္ စာရင္းသြင္းစရာ မလိုေတာ့ဘူး မန္မန္ .. သူဟာ ဖခင္ မျဖစ္ထိုက္ဘူး "

လူအမ်ားႀကီး ရိွသည့္အထဲကမွ ဤသို႔ေသာ ေယာက္်ားမ်ိဳးကို လက္ထပ္ဖို႔ ေရြးခ်ယ္မိသည့္အတြက္ ေနာင္တေတြ ရပါ၏။ တစ္ခ်ိန္တည္းမွာ လုခ်ီယြမ္ေၾကာင့္သာမဟုတ္လ်ွင္ လုမန္ေလးကို ေမြးဖြားခဲ့မွာမဟုတ္သလို ဒီသမီးလိမၼာေလးကို သူမ ပိုင္ဆိုင္ရမွာ မဟုတ္ပါေခ်။

*****

Continue Reading

You'll Also Like

4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
551K 35.2K 71
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
771K 108K 39
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
243K 14.5K 64
𝐓𝐨 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐰𝐡𝐨 𝐭𝐡𝐢𝐧𝐤𝐬 𝐭𝐡𝐞𝐲 𝐚𝐧𝐝 𝐭𝐡𝐞𝐢𝐫 𝐜𝐫𝐮𝐬𝐡 𝐚𝐫𝐞 𝐧𝐨𝐭 𝐦𝐞𝐚𝐧 𝐭𝐨 𝐛𝐞 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫. ...