ကျွန်မနဲ့မိုင်နဲ့ နေ့တိုင်းလိုင်းပေါ်မှာစကားပြောဖြစ်ကြပေမဲ့ ကျောင်းမှာဆိုရင်တော့သူကအမြဲတမ်းရှောင်နေတော့တာပါပဲ။ ကျွန်မသူ့ကို ကျောင်းမှာတွေ့ရင်အရင်ကလိုပဲစကားပြောနော် ဆိုပြီးပြောထားပေမဲ့ သူကအင်းမလုပ်အဲမလုပ်နဲ့ ကျွန်မစကားနားမထောင်ပြန်ဘူး။ ကြာတော့ကျွန်မလဲမနေတတ်တော့ဘူး။ သူနဲ့စာပို့လို့ရတာပဲဆိုတဲ့စိတ်တော့ရှိပေမဲ့ အဲ့ဒါကအသံလဲမကြား ရုပ်လဲမမြင်ရဆိုတော့ စိတ်ထဲဘ၀င်မကျဘူး။ သူနဲ့မျက်နှာချင်းဆိုင်ပြီး စကားတွေအများကြီးပြောပစ်ချင်နေတာကြာပြီ။ ဒါမဲ့သူကခေါင်းမာတယ်။ ဘယ်လိုပြောပြောကိုမရတာ။
သိမ့်- ဟိတ် ဘာတွေအတွေးလွန်နေတာလဲ
မိုး- ဘာမှမတွေးဘူး နင်တို့က ပြီးသွားပြီလား
သိမ့်- မပြီးသေးဘူးလေ ဟိုမှာသီချင်းကိုတစ်ပုဒ်ထဲနဲ့မလုပ်ချင်ဘူးတဲ့ နောက်ထပ်နှစ်ပုဒ်လောက်ထပ်ထည့်ပြီး remixလုပ်မယ်ပြောနေလို့ အဲ့ဒါသွားစကားပြောကြည့်လိုက်အုံးမယ် နင်ဒီမှာတစ်ယောက်ထဲထိုင်နေလို့ဖြစ်တယ်မလား
မိုး- အမလေး ရပါတယ်ဟယ် နင်တို့အဝေးကြီးသွားမှာလဲမဟုတ်ဘဲနဲ့ မြင်နေရတာကို
သိမ့်- ပြီးရော ပြီးရော
ဒီနေ့က တကယ်တော့ကျောင်းပိတ်ရက်စနေနေ့ပါ။ ဒါမဲ့ကျွန်မအခုကျောင်းကိုရောက်နေတယ်။ ဘာလို့ဆို သိမ့်တို့လေးယောက်ကဒီနေ့အကတိုက်ရမှာလေ။ ကျွန်မတို့ကျောင်းဆောင်ရဲ့အနောက်ဘက် ကွင်းပြင်မှာပဲအကတိုက်ကြမှာလေ။ ကျောင်းပိတ်ရက်ဆိုတော့လူမရှိတာနဲ့ အဲ့ဒါကျွန်မကိုအဖော်ခေါ်လေရဲ့။ အဖော်ခေါ်တယ်ဆိုတာကလဲ အတန်းထဲကလူဆယ်ယောက်ကပဲ ကရမဲ့သီချင်းကိုရွေး အကကိုလဲကိုယ့်ဘာသာထွင်ပြီးကရမယ်ဆိုတော့ကာ ကျွန်မကလိုက်ကူညီတဲ့သဘောပါ။ သူတို့ကတဲ့အချိန် ဗီဒီယိုရိုက်ပေးပြီး အကညီမညီပြန်စစ်တာမျိုးပေါ့။ တကယ်တော့ကျွန်မမရှိလဲဖြစ်တဲ့ကိစ္စပါ။ ဒါမဲ့ကျွန်မကအပြင်ဆိုအရမ်းထွက်ချင်တာ။ အာ့ကြောင့်သဘောထားတွေကြီးပြီးလိုက်ကူညီပေးနေတာ။ အခုလဲသူတို့တိုင်ပင်းရာရှိတာလေးတွေတိုင်ပင်နေကြတော့ ကျွန်မလဲပျင်းတာနဲ့ အုတ်ခုံမှာထိုင်ပြီး မိုင်နဲ့စကားပြောဖို့အကြံရသွားတယ်။ နေ့ခင်းဘက်ဆိုတော့သူအားတယ်ထင်ပါတယ်။ မီးစိမ်းနေလေရဲ့။
မိုင်- ကျောင်းရောက်နေတာဆို
မိုး- ဘယ်လိုသိ?
မိုင်- ဘယ်လိုသိသိပေါ့ ဘာလို့အိမ်မှာမနေတာလဲ
မိုး- အိမ်မှာနေရတာပျင်းစရာကြီး
မိုင်- အခုကပျော်နေတာပေါ့
မိုး- သူတို့ကိုကူညီပေးရတာပျော်ဖို့တော့ကောင်းပါတယ် မိုင်ရ
မိုင်- ဟို သိမ့်ရတီဆိုတဲ့တယောက်အတင်းခေါ်လို့မလား
မိုး- မဟုတ်ပါဘူး မိုင်ကလဲ ငါကကိုလာချင်တာ
မိုင်- အဲ့တယောက် တခါတလေနင့်ကိုနိုင်သလိုပဲနော် ဘာလို့ခံနေတာလဲ
မိုး- ဟာ ဘယ်မှာနိုင်လို့လဲ သိမ့်ကငါ့ကိုချစ်ပါတယ်ဟ
မိုင်- ဟိုနေ့ကနင်ကန်တင်းသွားမလို့ကို သူကစာကြည့်တိုက်အတင်းခေါ်နေတာလေ
မိုး- အော် အဲ့ဒါလား သူကအဖော်မရှိလို့ခေါ်နေတာပါ မိုင်ရယ်
မိုင်- အဖော်မရှိလဲတယောက်ထဲသွားပေါ့ ဘယ်နှယ့် ထမင်းသွားစားမဲ့သူကိုအတင်းခေါ်ရတယ်လို့
မိုး- အမလေးနော် စိတ်ကြီးပဲ စတွေ့တုန်းကဒီလောက်ဒေါသကြီးတတ်မှန်းမသိခဲ့ဘူး
မိုင်- စိတ်ကြီးတော့ဘာဖြစ်လဲ ကိုယ့်စိတ်နဲ့ကိုယ်ကြီးတာ
မိုး- ဟုတ်ပါပြီ ကြီးပါ ကြီးပါ ဒါမဲ့အခုလောလောဆယ်တော့စိတ်လေးလျှော့ပြီး ငါနဲ့စကားပြောပေးအုံး သူတို့တွေကဘာတွေတိုင်ပင်နေကြတာလဲမသိဘူး အကြာကြီးပဲ။ ငါဒီမှာထိုင်နေရတာပျင်းလာပြီ
မိုင်- ပြောသားပဲ အာ့ကြောင့်မလာပါနဲ့ဆို
မိုး- ရန်တွေ့ခိုင်းနေတာမဟုတ်ဘူးနော် စကားပြောခိုင်းနေတာ
မိုင်- အင်းပါ အင်းပါ
မိုး- မိုင်
မိုင်- ဟင်
မိုး- ငါ့ကိုစကားဘယ်တော့ပြန်ပြောမှာလဲ
မိုင်- အခုပြောနေတာပဲလေ
မိုး- မဟုတ်ဘူးလေ ကျောင်းမှာတွေ့ရင်ပြောတာ
မိုင်- အော် မသိသေးဘူး အခြေအနေအရပဲ
မိုး- ဘာအခြေအနေအရလဲ ငါနင်နဲ့စကားမပြောရတာမနေတတ်ပါဘူးလို့ဆို
မိုင်- ဘာလို့မနေနိုင်ရတာလဲ
မိုး- အဲ့ဒါ... အဲ့ဒါက... မသိဘူး ငါလဲမပြောတတ်ဘူး ဒီတိုင်း....မနေနိုင်တာ
မိုင်- ဖူးငုံပွင့်ရှိနေတာပဲ ငါ့ကိုလိုလို့လား
မိုး- ဘာဆိုင်လို့သူကပါလာတာလဲ သူကသူ နင်ကနင်ပဲဟာ
မိုင်- မရဘူး တစ်ယောက်ထဲပဲရွေးရမှာ
မိုး- ဘာဆိုင်လို့ရွေးရမှာလဲ
မိုင်- မရွေးချင်ရင် ငါ့ကိုစကားပြန်ပြောဖို့တောင်းမဆိုနဲ့လေ
မိုး- မိုင်ရယ် မဆိုင်တာတွေဟာ
မိုင်- မဆိုင်ဘူးလို့ထင်ရင်လဲ ပြီးတာပဲ
ကျွန်မသက်ပြင်းချလိုက်မိတယ်။ မိုင်နဲ့ကတော့ခက်နေပါပြီ။ ကျွန်မကိုနှစ်ယောက်ထဲကတစ်ယောက်ရွေးချယ်ခိုင်းနေလေရဲ့။ မရွေးရင်လဲ သူကျွန်မကိုဒီတသက်စကားပြန်ပြောမှာမဟုတ်ဘူး။ ရွေးဖို့ကျတော့လဲ ကျွန်မကိုယ်ကျွန်မဘာမှန်းကိုသေချာမသိသေးတာ။ ဖူးကိုအရင်ကလိုမျိုးစွဲလမ်းစိတ်တော့မဖြစ်တော့ပေမဲ့ တခါတလေငေးကြည့်မိနေတုန်းပဲ။ မိုင့်ကိုကျပြန်တော့ အစကဒီတိုင်းရင်ဖွင့်လို့ရတဲ့သူတစ်ယောက်ပဲထင်ခဲ့ပေမဲ့ တခါတလေသူနဲ့ရှိတဲ့အချိန်တွေကိုသဘောကျမိတယ်။ ဘာတွေလဲ။ အချစ်ကအဲ့လောက်နက်နဲရှုပ်ထွေးမယ်မှန်းမသိခဲ့ဘူး။ ကျွန်မအဝေးမှာရပ်ပြီးစကားပြောနေတဲ့ဖူးကိုတချက်လှမ်းကြည့်လိုက်တယ်။ ပြီးတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ ဟုတ်တယ်။ ကျွန်မသူမရှိရင်မနေနိုင်လောက်ဘူးထင်တယ်။ သေချာသွားတာနဲ့ မိုင့်ကိုချက်ခြင်းပဲ စာပို့လိုက်တယ်။
"ငါတို့တွဲရအောင် မိုင်"
_____________"_____________
ဒီနေ့အလုပ်နည်းနည်းရှုပ်နေလို့ တင်ပေးတာလဲနောက်ကျသွားတယ်။ စာလဲတိုသွားတယ်။ နောက်တစ်ပိုင်းကျရင်ရှည်ရှည်လေးရေးပေးမယ်နော်။