Lawless Gangster (Myanmar Tra...
By ViVianKhin
41.7K 7.7K 491
Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More
Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55
Episode 46
518 103 14
By ViVianKhin
အပိုင်း ၄၆
Zawgyi
" မလှုပ်နဲ့ကွာ။ "
" မစားရသေးဘူး။ "
" ငါလည်း ချိုးမလို့ "
" မင်းကတော့..... "
" မျက်လုံးမှိတ်လိုက် "
**************************************
--------------------------------------------------
အပိုင်း ၄၆
Unicode
အိမ်တံခါးဖွင့်ဖို့ အိပ်ကပ်ထဲကသော့ကို ချီရှို့ယွမ် ထုတ်ဖို့လုပ်တော့ ရှောင်းလီက စုစုကို ကူတွဲပေးတယ်။ စုစု အိပ်ပျော်နေတာကိုတွေ့ရလို့ အသံတိုးတိုးလေးနဲ့
" ကိုယ့်ကို ပုဝါအစိုတစ်ထည်ယူပေးပါလား။ ရေနွေးလေးနဲ့ စွတ်လာခဲ့ပေး။ "
ရှောင်းလီ နာနာခံခံနဲ့ပင် ခေါင်းငြိမ့်ပြကာ ရေချိုးခန်းဆီထွက်သွားတယ်။ ရေချိုးခန်းထဲက ရေနွေးနဲ့ ပုဝါကိုရေစွတ်ကာ စုစုရဲ့အခန်းဆီသို့ တိတ်တဆိတ်ပင် ပြန်လာတယ်။
ပြတင်းပေါက်ကဖွင့်ထားလျက်ရှိနေတာကြောင့် အပြင်က မိုးသည်းထန်စွာရွာသံကို ကြားနေရတယ်။
ချီရှို့ယွမ် ရှောင်းလီလက်ထဲမှ ပုဝါကိုယူပြီး စုစုမျက်နှာကို အသာအယာ သုတ်ပေးလိုက်ပြီးနောက် ပြတင်းပေါက်ကိုပိတ်လိုက်တယ်။
ချီရှို့ယွမ် ပြန်ပေးလာတဲ့ ပုဝါကိုယူလို့ ရေချိုးခန်းထဲကို ရှောင်းလီပြန်သွားပြန်တယ်။ ပုဝါကိုရေစွတ်နေရင်း ရှောင်းယန်ငယ်စဉ်တုန်းက သူလည်း ယခုလို ပြုစုပေးခဲ့တာကို အမှတ်ရကာ သတိမထားမိပါပဲ ခပ်ရေးရေးပြုံးမိတယ်။
ထို့နောက် အသုံးပြုထားတဲ့ ပုဝါနှစ်ထည်ကို တန်းမှာလှန်းခဲ့လိုက်ပြီး ဧည့်ခန်းမှာ သူ့ကိုစောင့်နေမယ့် ချီရှို့ယွမ်ဆီ ထွက်လာလိုက်တယ်။ သို့သော် သူရေချိုးခန်းထဲထွက်ထွက်ချင်းမှာပဲ လက်ကိုဖမ်းဆွဲခံရကာ နံရံထက်ဝယ် ဖိကပ်ခံလိုက်ရတယ်။ အနေအထားက အတော်လေး နေရခက်တာကြောင့် ရှောင်းလီ ခဏလောက် ရုန်းကန်နေမိတယ်။
" မလှုပ်နဲ့ကွာ။ "
ချီရှို့ယွမ် ရှောင်းလီကိုယ်ပေါ် ငုံ့ကိုင်းကာ တိုးတိုးလေးပြောတယ်။
ရှောင်းလီ ကျရှုံးရတဲ့ ထိုလူရဲ့ ဒီလိုမျိုးလေသံ။ သူကိုယ်တိုင်တောင် နားမလည်ရပါပဲ သူ့နှလုံးသားလေး နူးညံ့ပျော့ပျောင်းလာရတဲ့ အခြားသောအကြောင်းရော ရှိသေးရဲ့။
သူမလှုပ်မယှက်လေး ရပ်နေမိတယ်။ သူတို့ ပြောစရာစကားတွေ မေးစရာကိစ္စတွေ အများကြီးရှိသော်ငြား လောလောဆယ် တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာသာ ပွေ့ဖက်ထားရုံနဲ့တင် လုံလောက်လို့နေလို့တယ်။
ပတ်ဝန်းကျင်က တိတ်ဆိတ်လျက် သူတို့နှစ်ယောက်က နဖူးချင်းထိကပ်လို့နေကာ ဝင်သက်ထွက်သက်တို့ရောယှက်လို့နေပြီး ရင်ခုန်သံတို့ကလည်း ထပ်တူကျလျက်။
တအောင့်လောက်ကြာကာမှ ချီရှို့ယွမ်က အပြုံးလေးနဲ့
" ဆပ်ပြာတုံးနံ့လေးရနေတယ် မင်းကိုယ်က "
" ထိန်းသိမ်းရေးစခန်းမှာ တခြားရေချိုးဆပ်ပြာရည်မရှိဘူး။ ဆပ်ပြာတုံးပဲရှိတာ။ "
ရှောင်းလီ တိုးလျစွာပြန်ပြောရင်း တဖက်လူနားပိုကပ်လိုက်ကာ
" မင်းကတော့ စိုထိုင်းထိုင်းအနံ့နဲ့ "
" စောစောက မိုးမိသွားလို့ "
နောက်ဆုံးတော့ ချီရှို့ယွမ်လည်း အဝတ်စိုတွေနဲ့ နေရတာ အဆင်မပြေ ခံစားလာရကာ ရှောင်းလီကို အသာနမ်းလို့
" ကိုယ်ရေချိုးလိုက်ဦးမယ်။ မင်း ညစာစားပြီးပြီလား။ "
" မစားရသေးဘူး။ "
" မီးဖိုချောင်ထဲမှာ ဆန်ပြုတ်နဲ့ ဟင်းနည်းနည်းရှိတယ်။ နွေးပြီးစားလိုက်နော်။ ကိုယ် ရေချိုးပြီး လာခဲ့မယ်။ "
ပြောရင်းမှ ရှောင်းလီကို ထပ်နမ်းလိုက်ပြန်တယ်။
တကယ်တော့ ရှောင်းလီ အစာစားချင်စိတ်ရှိမသော်လည်း မီးဖိုချောင်ထဲသွားကာ အေးစက်နေတဲ့ ဆန်ပြုတ်ကို နွေးမနေတော့ပဲ စားလိုက်ပြီးနောက် ပန်းကန်ကို တိတ်တဆိတ်ဆေးကာ ဧည့်ခန်းဆီ ပြန်သွားလိုက်တယ်။
ဧည့်ခန်းဆီရောက်တော့လည်း ထိုင်မနေပဲ မတ်တပ်ပင်ရပ်လို့နေကာ ခဏကြာတော့ ရေချိုးခန်းဆီ လျှောက်သွားလိုက်ပြီး တံခါးကို တွန်းဖွင့်လို့ အထဲကို ဝင်သွားလေတယ်။
ရေချိုးခန်းထဲမှာတော့ ရေငွေ့ကြောင့် မြူဆိုင်းနေသလို မှုန်မှိုင်းနေကာ ရေချိုးဆပ်ပြာနံ့ သင်းသင်းက လေထဲ ပျံ့လွင့်လို့နေတယ်။ ချီရှို့ယွမ်က တံခါးကိုကျောပေးကာ ရေချိုးနေတာကြောင့် တံခါးပိတ်သံကြားကာမှ ခေါင်းလှည့်ကြည့်မိတော့ အတော်လေး ကြောင်တောင်တောင်နိုင်စွာဖြစ်နေတာကို ရှောင်းလီတွေ့လိုက်ရတယ်။
" ငါလည်း ချိုးမလို့ "
ထို့နောက် နောက်လှည့်ကာ အဝတ်အစားတို့ကို ချွတ်လိုက်တယ်။
နောက်ဆုံး အတွင်းခံဘောင်းဘီပဲ ချွတ်ဖို့ကျန်တဲ့အချိန်မှာ အနည်းငယ် တုံ့ဆိုင်းသွားကာ နောက်က ချီရှို့ယွမ်ကတော့ အသက်ရှုရပ်လို့နေတယ်။
အဝတ်အစားအားလုံး ချွတ်ပြီးချိန်မှာတော့ ချီရှို့ယွမ်ဆီ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်တယ်။
ချီရှို့ယွမ် သတိမထားမိပဲ နောက်ကိုခြေတစ်လှမ်းဆုတ်မိသွားကာ မျက်တောင်မခတ်နိုင်ပဲဖြစ်ရကာ အသက်ရှုဖို့ပင် မေ့လို့သွားရတယ်။
ရှောင်းလီရဲ့ခြေသံက မကြားရသလောက်ကို တိုးကာ ချီရှို့ယွမ်ရဲ့ ရေစိုနေတဲ့ မျက်နှာကစလို့ ခါးအထိရောက်အောင် တစ်ဆင့်ချင်းကြည့်ပြီး လျှောက်လာတယ်။
နောက်ဆုံးတော့ သူမရယ်ပဲမနေနိုင်တော့။
" မင်းကတော့..... "
ရှောင်းလီ နံရံကိုအသာမှီလိုက်ရင်း မျက်လုံးကိုလက်နဲ့လိုက်တယ်။ စုစုနိုးလာမှာကိုသာ စိုးရိမ်မနေရရင် သူအကျယ်ကြီးအော်ရယ်ပြီးပြီ။
" မင်း ညစာမစားရသေးဘူးလား။ "
သူ့မျက်လုံးကို အုပ်ထားတဲ့လက်ကို တစ်ဖက်လူက ဆွဲဖယ်လိုက်တော့ တစ်ဖက်လူရဲ့ အလိုဆန္ဒတွေနဲ့ပြည့်နေတဲ့မျက်ဝန်းကိုတွေ့လိုက်ရတာမို့ ရှောင်းလီ ရယ်တာ ရပ်သွားတယ်။
စောစောကတင် သူတွေ့လိုက်ရတဲ့ မာတောင်တောင်အရာက အခုတော့ သူ့ပေါင်အပေါ်ပိုင်းကို လာထောက်လို့နေပြီး မသိချင်ယောင်ဆောင်လိုက်ဖို့ခက်တဲ့ အပူငွေ့တို့ ထုတ်လွှတ်လို့နေတယ်။
" မင်းက ကိုယ့်ရဲ့ညစာပေါ့။ "
အက်ရှနေတဲ့ အသံနဲ့ပြန်ဖြေလာတဲ့ ချီရှို့ယွမ်။
ဒီလို အသည်းယားစရာ ချိုမြမြ စကားမျိုးက ကျင်းတင်မှာ မကြာခဏကြားရလေ့ရှိကာ သူကိုယ်တိုင်လည်း တခြားအမျိုးသမီးတွေကို ပြောဖူးခဲ့တယ်။ သို့သော် ချီရှို့ယွမ်ရဲ့မျက်ဝန်းထဲမှာတော့ ကြယ်တွေလိုတဖျတ်ဖျတ်လက်ကာ ချောမောတဲ့မျက်နှာထက် ရေစက်ရေပေါက်တို့ တွဲလဲခိုနေပုံက တစ်ချက်ကြည့်ရုံနဲ့တင် စွဲလမ်းသွားစေနိုင်တယ်။
ရှောင်းလီ ထိုလူ့မျက်လုံးတို့ကို ဆက်မကြည့်ရဲတော့။
" မျက်လုံးမှိတ်လိုက် "
သူ့မျက်လုံးတို့ကို အနမ်းခြွေရင်း ချီရှို့ယွမ်က နူးညံ့စွာ အမိန့်ပေးလာတယ်။
သူကလည်း တဝေမသိမ်း လိုက်နာလျက်။ တစ်ဖက်လူရဲ့ နူးညံ့ညံ့ နှုတ်ခမ်းလွှာက သူ့ညာဘက်မျက်ခွံပေါ်မှ ဘယ်ဘက်ဆီသို့ ကူးပြောင်းကာ အကြိမ်အနည်းငယ် သိမ်မွေ့စွာအနမ်းခြွေလို့နေတာကို ခံစားလို့ရနေတယ်။
ထို့နောက် သူ့မျက်တောင်တို့ကို ခပ်ဖွဖွ ယက်လာတဲ့ ချီရှို့ယွမ်ရဲ့ လျာဖျားထိပ်မှ အနွေးဓာတ်ကိုပါ ဆက်တိုက် ခံစားမိပြန်တယ်။
သူ့တစ်ကိုယ်လုံး လောင်ကျွမ်းမတတ်ကို ချိုမြိန်စွာ အယက်ခံနေရတာကြောင့် တစ်ဖက်လူကို တွန်းထုတ်လိုက်သော်လည်း အချည်းအနှီးပင်ဖြစ်ရကာ နောက်ဆုံးမှာတော့ သူ့နှုတ်ခမ်းထက် ခိုနားလာတဲ့ နှုတ်ခမ်းလွှာကိုပါ ခံစားလိုက်ရတယ်။
ဒီအနမ်းက ကြမ်းတမ်းခြင်း အလျဉ်းမရှိ။ ချီရှို့ယွမ်က သူ့ကို တစ်ကိုက်ချင်းကိုက်လျက်၊ တစ်ချက်ခြင်း ယက်လျက် တစ်စိမ့်စိမ့်ပင် အရသာခံလို့နေတယ်။ ချီရှို့ယွမ်ရဲ့လျာက စိုစွတ်ပူနွေးနေကာ ရှောင်းလီရဲ့ သွားကြိုသွားကြား ကြားဝယ် မွှေနှောက် ကခုန်လို့နေပြီး အထဲသို့ပိုနက်နက် ဝင်ရောက်နိုင်ရန် အားထုတ်လို့နေတယ်။
နောက်ဆုံး ရှောင်းလီရဲ့လျာကို တစ်ချက် ခပ်ပြင်းပြင်း စုပ်ယူခြင်းနဲ့ အဆုံးသတ်သွားတယ်။ အနမ်းပေးခြင်းဖြစ်စဉ်တစ်ခုလုံးဟာ အလွန့်အလွန်ကို နှေးကွေးရကာ ရှောင်းလီ အသက်ရှုရပ်မတတ်ပင်ဖြစ်ရတယ်။ ပြင်းပြတဲ့ သာယာမှုက သူ့ကျောရိုးတစ်လျောက်စိမ့်တက်လာကာ ပါးစပ်ကနေ ထူးဆန်းတဲ့ အော်ညည်းသံလေးထွက်မလာအောင် မနည်းထိန်းထားရတယ်။
ရှောင်းလီ တစ်ဖက်လူကို ပိုနီးကပ်အောင်ဆွဲယူကာ အကြင်နာတို့ ပိုသိပ်သည်းစေရင်း ဒီအနမ်းကို ဦးဆောင်ဖို့ အားထုတ်လိုက်တယ်။
သို့သော် ချီရှို့ယွမ်ကလည်း အသက်ကို ပြင်းပြင်းရှုသွင်းလို့ တဖန်ပြန်ပြီး ဦးဆောင်တယ်။ သူ့လျှာကို ရှောင်းလီလျှာနဲ့ ရစ်ပတ်လို့ သူ့ဦးဆောင်မှုနောက်ကိုသာ လိုက်စေပြီး ရှောင်းလီရဲ့ ခေါင်းနောက်ဖက်ကို ကိုင်ကာ သူနဲ့ ပိုနီးကပ်စေပြန်တယ်။
သူတို့ နှုတ်ခမ်းလွှာတို့အကြား နေရာလပ်မရှိစေရန်နဲ့ နမ်းရတာပိုအဆင်ပြေတဲ့အနေအထား ရစေရန် ခေါင်းနှစ်ခုကို အနည်းငယ် စောင်း လို့ထားတယ်။
ယောက်ျားတစ်ယောက်ရဲ့ မွေးရာပါ ဦးဆောင်လိုစိတ်ကို စိန်ခေါ်တာမျိုးကြောင့် ရှောင်းလီ တစ်ဖက်လူရဲ့ အကြောတော့ ဘယ်နည်းနဲ့မှ မခံနိုင်ပါ။ ကိုယ်ကို လှည့်ကာ ချီရှို့ယွမ်ကို နံရံမှာ ပြန်ဖိကပ်ထားရင်း သူ့ရှေ့က နှင်းဆီရောင် နီရဲရဲ နှုတ်ခမ်းကို ကာမဂုဏ် စိတ်ဇောအဟုန်နဲ့ တန်ပြန်တိုက်ခိုက်လိုက်တယ်။
မိန်းမော ယစ်မူးနေတဲ့ သာယာစွာ အော်ညည်းသံက ချီရှို့ယွမ်လည်ချောင်းထဲမှ ခုန်ထွက်လာတယ်။
ရှောင်းလီရဲ့ နှုတ်ခမ်းနဲ့လျှာကို အရသာခံနေရင်းက လက်ကလည်း ရှောင်းလီရဲ့ ကျောတစ်လျောက် ပြေးလွှားအလုပ်များနေကာ တောင့်တင်းသော်လည်း နွဲ့နှောင်းပုံရတဲ့ ခါးသိမ်သိမ်ထက် စခန်းချတယ်။
အားနည်းနည်းသုံးကာ ရှောင်းလီကိုယ်လေးကို နံရံနဲ့ သူ့ကြားမှာ ပြန် ဖိကပ်ထားလိုက်တယ်။
ထို့နောက် သူ့ရဲ့ဝင်သက်ထွက်သက်တို့ ပြင်းထန်ကြမ်းတမ်းလာတဲ့အထိ အရိုင်းဆန်တဲ့စည်းချက်တွေနဲ့ ရှောင်းလီကိုယ်လေးကို အမဲဖျက်ဖို့ လုပ်ငန်းစတော့တယ်။
**************************************
နောက် နှစ်ပိုင်းလောက်အထိက mature content တွေချည်းဖြစ်ပါတယ်။ warning မထည့်တော့ဘူးနော်။ 💓💓💓
Continue Reading
You'll Also Like
568K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
6.2M 379K 54
5.2M 551K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...