Unicode
~~~~~~~
ဘုန်းကြီးကျောင်းဝန်းထဲမှာ အလှူအတွက်ထင်းခွဲနေတဲ့ရွာသားတွေနဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီတွေကို
အခွံချွတ်နေကြတဲ့ အမျိုးသမီးအုပ်စုကိုတွေ့လိုက်ရတာမို့ 'ဒေါ်ရွှေဇင်ညိမ်း'လဲ ထိုအမျိုးသမီးအုပ်ထဲ
ဝင်ပြီး ကြက်သွန်တွေဝိုင်း'သင်'ပေးဖို့လုပ်လိုက်တယ်။
သူကြီးနဲ့ဦးရွှေမောင်တို့ကတော့ ပန်းကနုတ်တွေ
စီချယ်ထားပြီး၊ပန်းပုရုပ်ကြွတွေထွင်းထုထားတဲ့
ကျွန်းလှေကားကြီးအတိုင်း ကျောင်းပေါ်ကိုတက်လာခဲ့ကြလေရဲ့။ ရှေးကျတဲ့ ကုန်းဘောင်ခေတ်လက်ရာ
တွေကကျောင်းအပြင်မှာပါမက၊ကျောင်းပေါ်မှာလဲရှိကာ၊ လုံးပတ်ကြီးမားတဲ့ကျွန်းတိုင်ကြီးတွေကလဲ
ခန့်ခန့်ထည်ထည်ရှိလှတယ်။အမိုးဘက်က လေးဘက်လေးလံ တွဲလောင်းကျနေတဲ့ပန်းကနုတ်ခတ်ကြီးတွေကလဲ ကျောင်းရဲ့အသရေတွေထဲကတစ်ခု။
သူကြီးတို့ဟာ ကျောင်းဝရောက်တာနဲ့
ဆရာတော်ဘုရားဆီ လျှောက်သွားပြီး
ညီညီညာညာနဲ့ ဂါရဝပြုလိုက်ကြတယ်။
"အိမ်း အိမ်း သာဓု ကွယ် သာဓု သာဓု။"
ဆရာတော်ဘုရားဟာ သက်တော်ကိုးဆယ်
ကျော်ပြီဖြစ်ပေမဲ့ ကျန်းမာရေးကောင်းမွန်တာကြောင့်
တရားအားထုတ်နိုင်ဆဲဖြစ်တယ်။ကျောင်းပေါက်ဝ
ရှိရာဆီတစ်ချက်လှမ်းကြည့်ရင်း ခေါင်းလေးတညိတ်ညိတ်ဖြင့်မေးလာသည်က။
"ဒကာမကြီးဒေါ်ရွှေဇင်ညိမ်းကိုရော
မတွေ့ပါလားကွယ့်။"
"ကျောင်းအောက်မှာ လုပ်အားပေးတဲ့အဖွဲ့ထဲ
ဝင်ရှုပ်ရင်းကျန်နေခဲ့ပါတယ်ဘုရား။"
'ဦးရွှေမောင်'က ထိုသို့လျှောက်လိုက်တော့
ဆရာတော်က သဘောကျသယောင်ပြုံးလေတယ်။
"တပည့်တော်တို့ အလှူအတွက်သာမက
ဒီရွာကစေတီကို ထုံးသင်္ကန်းကပ်ဖို့နဲ့ ထီးတော်အသစ်
တင်ဖို့အတွက်လဲ ပါဝင်လှူဒါန်းချင်လို့ပါဘုရား။"
"အိမ်း အိမ်းကောင်းကွယ့်။ဘုန်းကြီးကလဲဝမ်းပန်းတသာကြိုဆိုပါတယ် ဒကာရွှေမောင်ရယ် ။
ဘုန်းကြီးတို့ရွာတစ်ဝိုက်မှာလဲ ဒီလိုငွေကြေးများများစားစားတတ်နိုင်တဲ့မိသားစုကလဲရှားတယ် မဟုတ်လား။ လက်လုပ်လက်စား မိသားစုတွေများတာမို့ ဘုန်းကြီးကဒီကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေကိုနှိုးဆော်ဖို့ အားနာနေမိတာ။
ဒကာက အခုလိုကမကထပြုပြီးထည့်ဝင်တော့
ဘာပဲဖြစ်ဖြစ်ရွာကလူတွေလဲအများကြီးကုန်ကျစရာမလိုတော့ဘူးပေါ့ကွယ်။"
"တင်ပါ့ ဘုရား။ တပည့်တော်တို့
ထုံးသင်္ကန်းကပ်ပွဲရောက်တဲ့အထိ ဒီမှာမနေနိုင်တော့
ပေမဲ့ ငွေကြေးကိုတော့ လိုလေသေးမရှိထည့်ဝင်ပါ့မယ်ဘုရား။"
ဆရာတော်ဘုရားနဲ့'ဦးရွှေမောင်'တို့အပြန်အလှန်
ဆွေးနွေးနေကြတုန်း ကျောင်းပေါ်ကို
ဆွမ်းအုပ်ပွေ့ထားတဲ့အမျိုးသမီးတစ်ယောက်
တက်လို့လာတာကြောင့်ထိုင်နေတဲ့'ဦးဘိုးစည်'က
အလိုက်တသိ ဆွမ်းအုပ်လေးကို သွားယူပေး
လိုက်တယ်။
ထိုအမျိုးသမီးဟာ အသက်သုံးဆယ်ကျော်ခန့်ရှိပြီး
ဝင်းဝါသောအသားအရည်နဲ့ လှပတဲ့မျက်လုံးတွေပိုင်ဆိုင်ထားကာ ၊တစ်ပတ်လျှိုဆံထုံးနဲ့ သနပ်ခါးပါးကွက်ဝါဝါလေးတို့ကြောင့် သူ(မ)ရဲ့အလှဟာ
အယဥ်ဆင့်လို့နေတယ်။
"အစ်ကို..။"
အံသြခြင်း၊ဝမ်းမြောက်ခြင်း တို့ပျော်ဝင်နေတဲ့
အသံချိုချိုကြောင့် သူအမှတ်တမဲ့မော့ကြည့်မိလေတော့..။
"မပန်းထွေး..။"
'ဦးဘိုးစည်' နှုတ်မှရုတ်တရက်ထွက်ကျလာတဲ့
နာမည်ကို ကြားလိုက်ရတဲ့ 'ဦးရွှေမောင်'ကတော့
သူ့ရဲ့မျက်ခုံးတွေကို အလိုမကျစွာတွန့်ချိုးလိုက်တယ်။
"တိုက်ဆိုင်လိုက်တာ အစ်ကိုရယ်
အစ်ကို ရွာကိုပြန်ရောက်နေတယ်ဆိုတာသိပေမဲ့
ပန်းထွေးလဲ စပါးရိတ်တဲ့ကိစ္စနဲ့အလုပ်ရှုပ်နေလို့
လာမတွေ့ဖြစ်ဘူး။"
"အင်း အစ်ကိုလဲမပန်းထွေးကို
သတိရပါတယ်။သွားရအောင်လေ။"
'ဦးဘိုးစည် ' က ဆွမ်းအုပ်လေးကို ကိုင်ပေးရင်း
ဆရာတော်ဘုရားရှေ့ကို ကပ်ပေးလိုက်တော့
'မပန်းထွေး'ကလဲ ဆရာတော်ဘုရားကို
ထိခြင်းငါးပါးနှင့်အညီ ရိုကျိုးစွာဖြင့်
ဂါရဝပြုလိုက်တယ်။
"ဒကာမလေး ဘယ်တုန်းကပြန်ရောက်တာတုံး
ကွယ့်။"
"မကြာသေးပါဘူး ဘုရား၊ လွန်ခဲ့တဲ့တစ်ရက်ကမှ
ပြန်ရောက်တာပါ။"
"စပါးရောင်းတာရော အဆင်ပြေခဲ့ရဲ့လားကွယ့်။"
"ပြေခဲ့ပါတယ် ဘုရား။
ဒါကြောင့်မို့ဆွမ်းလာကပ်တာပါ ဘုရား။"
"အိမ်း အိမ်း သာဓုပါကွယ်
ဒါဖြင့် မောင်ဘိုးစည်တို့နဲ့ စကားလေးဘာလေးပြောချည်။ ဦးဘုန်းကြီး ဘုရားခန်းဝင်လိုက်အုံးမယ်။"
"တင်ပါ့ဘုရား။"
သူတို့သုံးယောက်ဟာ ခါးလေးကိုင်းကာဖြင့်ထထွက်သွားတဲ့ ဆရာတော်ကိုရှိခိုးလိုက်ကြပြီးနောက်
'ဦးရွှေမောင်'က'ဦးဘိုးစည်'ကိုပြန်ဖို့အချက်ပြလိုက်တယ်။
"အစ်ကို ပြန်တော့မလို့လားဟင်။"
"အင်း။"
"အိမ်ဘက်ကို ခဏလောက်လိုက်ပြီး
လည်ပါအုံးလားအစ်ကို၊ ကိုရွှေမောင်ရောပဲ။"
'မပန်းထွေး'က 'ဦးဘိုးစည်'ကို
သူ(မ)ရဲ့မျက်လုံးလှလှတွေနဲ့ကြည့်ရင်းပြောလိုက်တယ်။
တစ်ဖက်မိန်းကလေးက ရိုးရိုးသားသားနှင့်
အလည်ခေါ်နေတာမို့ သူ(ဦးဘိုးစည်) မငြင်းချင်ပေ။
'ကိုရွှေမောင်'ကိုလဲသူမသိမသာကြည့်မိတော့
မလိုက်သွားရန်မျက်လုံးတို့က တားမြစ်လို့နေတယ်။သို့ပေမဲ့တစ်ရွာတည်းသားချင်း မောင်နှမတွေလိုဖြစ်နေတာမို့ငြင်းရန်လဲမသင့်တော်။နှစ်ယောက်သားမတွေ့ဖြစ်တာလဲ နှစ်နဲ့ချီပြီးကြာနေပြီဖြစ်တာကြောင့် ဦးဘိုးစည်လဲလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။
"အင်း ဒါဖြင့်သွားကြတာပေါ့
ကိုရွှေသွားရအောင်လေ။"
'ဦးရွှေမောင်'ကတော့နေခဲ့လို့လဲမရတာမို့
မှုန်ကုပ်ကုပ်နဲ့ပဲ လိုက်သွားရတော့တယ်။
အိမ်ပေါ်ကိုရောက်တော့ ကျွန်းသစ်များကိုသာအသုံးပြုထားပြီးရေနံချေးဝနေအောင်သုတ်ထားတဲ့
ဧည့်ခန်းထဲမှာ'ဦးဘိုးစည်'တို့နှစ်ယောက်နေရာချထားပေးခြင်းခံလိုက်ရတယ်။
"အစ်ကိုတို့ ခဏထိုင်ကြအုံးနော်
ပန်းထွေးလက်ဖက်လေးသုပ်လိုက်အုံးမယ်။"
ထိုသို့ဆိုကာ ထွက်သွားတဲ့'မပန်းထွေး'ကို
'ဦးဘိုးစည်'မျက်လုံးလေးတစ်ချက်ဝေ့ကြည့်မိတယ်။အခုချိန်ထိ တစ်ယောက်တည်းရှိနေဆဲလား။
"ကြည့်ရတာ ရည်းစားဟောင်းကိုပြန်တွေ့တော့
အရင်က အမှတ်တရတွေပြန်မြင်ယောင်နေပုံပဲ
အတော်ကိုမှကြည်နူးနေရဲ့လား။"
'ဦးရွှေမောင်'ကရေနွေးခွက်ကိုဖြည်းညှင်းစွာ
အရသာခံသောက်ရင်း 'ဦးဘိုးစည်'ကိုမေးလာခြင်းဖြစ်တယ်။
"ကျုပ်ကမှတ်ဥာဏ်မကောင်းဘူးလေ
ဟိုးတုန်းက ကိစ္စတွေကိုကျုပ်မမှတ်မိပါဘူး။"
'ဦးဘိုးစည်'ဟာတစ်ဖက်လူကျေနပ်ရလေအောင်
ပါးနပ်စွာဖြေလိုက်ပေမဲ့ ကာယကံရှင်ကတော့
ကျေနပ်ပုံမရ။
"ဒါဆို ကျုပ်နဲ့အမှတ်တရတွေကိုပါမေ့နေပြီဆိုတဲ့
သဘောလား။"
ယခုအခေါက်တွင်တော့ 'ဦးရွှေမောင်'ရဲ့မျက်နှာဟာ
အစောပိုင်းကလို သာယာမနေတော့ပေ။
"အဲ့လိုမဟုတ်ပါဘူး ကိုရွှေရယ်။
ကျုပ်မှာ ခင်ဗျားနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို
မေ့ခွင့်မရှိခဲ့ပါဘူး။ကျုပ်ကိုကျုပ်မေ့သွားရင်တောင် ခင်ဗျားနဲ့ပတ်သက်တဲ့ အမှတ်တရ
တွေကိုဆိုအသေးအဖွဲလေးကအစမှတ်မိနေမှာ။"
'ဦးဘိုးစည်'ရဲ့ချိုသာတဲ့အပြောကြောင့်
'ဦးရွှေမောင်'က ကျေနပ်သလိုပြုံးလိုက်ရင်း
ရေနွေးတစ်ခွက်ကိုငှဲ့လို့'ဦးဘိုးစည်'ရှေ့ချပေးလိုက်
တယ်။
"စကားကြွယ်လွန်းလို့ ဘယ်လိုဆုချရမလဲ
တောင်မသိတော့ပါဘူး။"
"ရင်ထဲကနေလာတဲ့အရာတွေအတွက်
ဆုလာဘ်ဆိုတာ မလိုအပ်ပါဘူး။"
'ဦးဘိုးစည်'က ရေနွေးခွက်လေးကို
တစ်ချက်မှုတ်သောက်ကာ တစ်ဖက်လူရဲ့ပရောပရည်စကားကို ပြန်လည်ငြင်းဆိုလိုက်တယ်။
"ဒါပေမဲ့ ကျုပ်ကတော့ဆုပေးချင်နေတယ်။"
'ဦးရွှေမောင်'ဟာ ထိုသို့ဆိုလိုက်ရင်း
သူ့ရဲ့လက်တွေကိုတစ်ဖက်လူရဲ့
မျက်နှာဆီတိုးကပ်သွားစေလိုက်တယ်။
"အလို...မောင်ဘိုးစည်တို့ရောက်နေတာပဲ။"
တစ်ဖက်လူရဲ့နှာခေါင်းထိပ်ကိုချဉ်းကပ်လို့နေတဲ့
ဖြူသွယ်သောလက်ချောင်းဧည့်ခန်းတွေဟာ၊
အခန်းထဲကိုတောင်ဝှေးတစ်ချောင်းထောက်
ရင်းဖြေးညှင်းစွာလှမ်းဝင်လို့လာတဲ့အဖွားအိုတစ်ယောက်ကြောင့် ရပ်တန့်လို့သွားရလေတယ်။
'ဦးရွှေမောင်'ကတော့ 'အဖွားအိုကြီးဟာ တကယ်ပါပဲ'ဟူ၍သာမကျေမချမ်းရေရွတ်မိတော့တယ်။ ရှားပါးလှတဲ့အခွင့်အရေးလေးကို သူလက်လွှတ် လိုက်ရပြီမဟုတ်လား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'သိင်္ခ'တစ်ယောက် သီချင်းလေးတညည်းညည်းနဲ့
နွားလှည်းမောင်းလို့နေတဲ့ကောင်ငယ်လေးကို
ကြည့်နေရင်းနဲ့မှ အတွေးတစ်ခုဝင်လာတာမို့
သူ့ရဲ့မျက်လုံးလေးတွေဟာ လင်းလက်လို့သွားရတယ်။
"ကျောက်ခဲလေး။"
"ဗျာ။"
"လမ်းမှာတစ်ရက်မနားဘဲ မြို့ကိုတန်းမောင်းရင်
ဟိုကိုဘယ်အချိန်လောက်ရောက်မလဲ။"
"အင်း ရောက်တော့ရောက်ပါတယ်။
ဒါပေမဲ့ မိုးချုပ်လောက်မယ် နာရီပြန်ခုနှစ်ချက်ထိုး၊
ရှစ်ချက်ထိုးလောက်မှရောက်မှာ။"
'ကျောက်ခဲ'ကထိုခရီးကိုကျွမ်းကျင်နေသူပီပီ
သေချာတွက်ချက်ရင်းပြောလာတယ်။
"ဒါဆို မြို့ကိုပဲတန်းမောင်းလိုက်ပါလား
လမ်းမှာမနားနဲ့တော့။"
"ဒါပေမဲ့ မြို့ရောက်ရင်ကျုပ်တို့မှာ
တည်းစရာနေရာမရှိဘူးလေ။
ဘယ်မှာညအိပ်မှာလဲ။"
"ရော် ဒါကိုပူမနေစမ်းပါနဲ့
ကိုယ့်တာဝန်ထား မြို့ပေါ်မှာတည်ခိုခန်းတို့၊ ဧည့်ရိပ်သာတို့ရှိတယ်မလား ကိုယ်တို့အဲ့မှာတည်းကြမယ်လေ။"
'သိင်္ခ'က ကောင်လေးကိုသူ့အကွက်ထဲ
ရောက်လာအောင် စကားနဲ့ကြံဖန်လိုက်တယ်။
"ဒါပေမဲ့ မြို့ကဧည့်ရိပ်သာတွေက
ဈေးကြီးတယ် အစ်ကိုရ။သြော်..ဟုတ်သားပဲ
အစ်ကိုက သူဌေးလေး
ဆိုတာကို ကျုပ်ကမေ့နေတာ ဒါဆိုလဲ
အစ်ကို့သဘောအတိုင်း ကျုပ်ရောက်အောင်မောင်းပေးမယ် ဟုတ်ပြီလား။"
'ကျောက်ခဲ'က သူ့ကိုစသလိုနောက်သလိုလေး
ပြောလာတော့ သူကလဲ ကောင်ငယ်လေး
ကိုပြန်ကျီစယ်လိုက်တယ်။
"သူဌေးလေး ဆိုတာနိမ့်သေးတယ်
သူဌေးကြီး လို့ပြောမှမှန်တာ ..။"
"အဟား ဟုတ်ပါပြီ သူဌေးကြီးရယ်
ကျွန်တော်မျိုး ကသူဌေးကြီးသွားလိုရာအရပ်ကို
ပို့ဆောင်ပေးပါ့မယ်။"
အဲ့ဒီနောက်မှာတော့ လှည်းလမ်းကလေးဟာ
သူတို့နှစ်ယောက်ရဲ့ပြိုင်တူရယ်မောသံတွေနဲ့
ပြည့်နှက်သွားတော့တယ်။
နေမွန်းတည့်ချိန်လောက်ရောက်တော့
ကျုပ်လဲ ကျွဲဖြူရွာအစပ်နားမှာရှိတဲ့ စိန်ပန်းပင်ကြီးအောက်မှာလှည်းခဏဖြုတ်ပြီး အစ်ကိုနဲ့နေ့လယ်စာအတူစားလိုက်တယ်။ကျွဲဖြူ ရွာနားမှာ ကျုပ်တစ်ခါမှ ခရီးမနားဖူးဘူးဗျ။အစ်ကိုနဲ့ကျမှပဲ ကျုပ်လဲအတွေ့အကြုံအသစ်ရတော့တယ်။
မြေပြင်ပေါ်ကိုတဖြုတ်ဖြုတ်ကြွေကျနေတဲ့ အနီရောင်စိန်ပန်းတွေကသိပ်လှတာမို့ အစ်ကိုကကျုပ်ကိုနည်းနည်းကြာကြာနေဖို့ပြောတယ်။ဒီလိုနဲ့ကျုပ်လဲ
အစ်ကို့ဘေးက သစ်မြစ်ခုံမှာဝင်ထိုင်လိုက်ရင်း
အနီရောင်စိန်ပန်းကြွေတွေကို ကြည့်နေလိုက်တော့တယ်။
အတော်တော့လှသားဗျ ပန်းမိုးရွာနေသလိုပဲ။ကျုပ်ငယ်ငယ်တုန်းကဆို စိန်ပန်းတွေထဲမှာ စိန်တွေပါတယ်လို့ ထင်ခဲ့ပြီး စိန်ပန်းတွေယူပြီး အမကိုပေးဖူးတယ်။"အမ အဲ့ထဲကစိန်တွေကိုရောင်းလိုက်"ဆိုပြီးတော့လေ။ ဒါပေမဲ့အသက်ကြီးလာလို့ အထဲမှာစိန်တွေမပါမှန်းသိသွားတော့လဲ ကျုပ်အတော်စိတ်
မကောင်းဖြစ်သွားခဲ့ဖူးတယ်။
" ကိုယ်အရင်တုန်းက သဘာဝတရားကို
သိပ်အာရုံမစိုက်မိခဲ့ဘူး။ဒါပေမဲ့ကျောက်ခဲ
မင်းနဲ့အတူရှိနေရင်လေ လေပြည်တွေရဲ့စကား
သံကိုတောင်ကြားရသလိုပဲ။"
"မင်းကိုယ့်အနားမှာရှိနေရင်လေ
ကိုယ့်ရင်ဘတ်တစ်ခုလုံးအေးချမ်းသွားလိုက်တာ..။"
ထို့နောက် 'သိင်္ခ'ကသက်ပြင်းအသာချရင်း
စိန်ပန်းနီနီတွေကို စိုက်ကြည့်ကာတွေးမ်ိတယ်။
'ကျောက်ခဲရယ် ....မင်းမပါဘဲကိုယ်ရန်ကုန်ကို
ပြန်နိုင်ပါ့မလားတောင်မသိတော့ဘူး။'
မိုးစက်တွေလိုကြွေကျလျက်ရှိတဲ့စိန်ပန်းနီနီ
တွေကိုကြည့်ရင်းမိန်းမောနေတဲ့ 'သိင်္ခ' ဟာ
သူကိုယ်တိုင်တောင်သတိမထားမိဘဲ ရင်တွင်းဖြစ်
စကားတို့အားဆိုလေတယ်။ အလိုအလျောက်
ဆုပ်ကိုင်မိလျက်သား လက်တစ်ဖက်ရဲ့ပိုင်ရှင်ကတော့နားရွက်တွေမီးတောက်မတတ်ရဲတွတ်
နေခဲ့လေရဲ့။
ကျုပ်လက်ကိုဆုပ်ကိုင်ထားတဲ့ အစ်ကို့ရဲ့ပန်းဆီရောင်လက်ချောင်းလေးတွေကိုကြည့်ပြီး ကျုပ်လဲမဆီမဆိုင်တွေးမိပါတယ်။'စိန်ပန်းနီနီတွေလိုပဲ အစ်ကိုဟာအကြွေလွယ်တဲ့ပန်းလှလှတစ်ပွင့်ဖြစ်နေလေ
မလား'လို့လေ။
ဒီလ်ုနဲ့ကျုပ်နဲ့အစ်ကိုလဲ စိန်ပန်းတွေကိုအချိန်အတော်ကြာကြည့်ပြီးတဲ့နောက်လှည်းတပ်ပြီးခရီးဆက်ခဲ့ကြတယ်။ မြို့ကိုခပ်စောစောလေးရောက်လေ ပိုကောင်းလေဖြစ်တာမို့ ကျုပ်အိမ်ကနှစ်ကောင်ကို အားနာနာနဲ့
အမြန်နှင်လာရတာပေါ့။
အစ်ကိုနဲ့တစ်လမ်းလုံး စကားတွေရေပတ်မဝင်အောင်
ပြောပြီးမောင်းလာလိုက်တာ 'နွားရိုင်းသွင်းချိန်'
လောက်ရောက်တော့ ရှေ့ကနေလှမ်းမြင်နေရတဲ့ 'သပြေကုန်း'ဘုန်းကြီးကျောင်းကိုတွေ့မှပဲနှစ်ယောက်သားစကားပြောတာရပ်တော့တယ်။
ကျုပ်တို့သပြေကုန်းမှာ လှည်းအပ်ပြီး ဆရာတော်ထံ
အကြောင်းစုံလျှောက်တင်တော့ ဆရာတော်ဘုရားက
စိတ်မချလို့ဆိုပြီး မြို့ပေါ်ကိုလိုက်ပို့ဖို ကျောင်းသားတစ်ယောက်ကိုထည့်ပေးလိုက်တယ်ဗျ ။ ပုံမှန်ဆိုနေ့ခင်းဘက်ကိုအုတ်လမ်းကိုသွားတာက ကိစ္စမရှိပေမဲ့၊ ကျုပ်တို့အုတ်လမ်းဘက်ကိုရောက်တဲ့အခါ
မှောင်ရိပ်ကသန်းနေပြီဗျ။အစ်ကို့ဆီမှာလဲ
ငွေအိတ်ကပါလာတာမို့လား ဒါကြောင့်
ကျုပ်လဲကျောင်းသားလေးဆီက ရေနံဆီမီးအိမ်လေးကိုပဲငှားလိုက်ပြီး ကောင်လေးကိုပြန်လွှတ်လိုက်တယ်။ကျုပ်နဲ့အစ်ကို နှစ်ယောက်သားကတော့ အုတ်လမ်းလေးကိုဖြတ်ခဲ့တာပေါ့ဗျာ။
အုတ်လမ်းတစ်လျှောက်လုံးကို အညာဆီးပင်(ဇီးပင်)
ပုလေးတွေစိုက်ထားတာမို့ ဆီးကင်းနံ့လေးက
တသင်းသင်းနဲ့ဗျ။ ညနေပိုင်းလဲဖြစ် အပင်ရိပ်ကလဲရှိတာမို့ ပုံမှန်ထက်ပိုမှောင်ပြီး အလင်းရောင်က
ကျုပ်တို့နှစ်ယောက်နားလေးမှာပဲ ခပ်မှိန်မှိန်လေး
ရှိနေတယ်။အအေးဓာတ်ကလဲပိုတာမို့ အစ်ကိုကကျောချမ်းနေပုံပဲ ကျုပ်အင်္ကျီစလေးကိုလှမ်းကိုင်ထားလေရဲ့။
"အစ်ကို အေးလို့လား။"
ကျုပ်လဲအစ်ကိုအကြောက်ပြေအောင်အာရုံ
လွှဲတဲ့အနေနဲ့စကားပြောပေးလိုက်တယ်။
"အင်း နည်းနည်းကျောချမ်းသလိုပဲ။"
"အစ်ကို ကျုပ်ရှေ့ကနေလျှောက်မလား။"
"ရတယ် မလျှောက်ဘူး။"
ထိုအကြံပြုချက်ကိုတော့ 'သိင်္ခ'က ချက်ချင်းပဲ
ပယ်ချလိုက်တယ်။ သူအရှေ့ကနေလျှောက်လိုက်ရင်
ကောင်ငယ်လေးရဲ့ သနားစိတ်ကို သူဘယ်လိုလုပ်ရယူလို့ရတော့မှာလဲ။
ကျုပ်ဖြင့်ရယ်မိတော့မလိုတောင်ခံစားလိုက်ရတယ်။
အစ်ကို့ကို ကြည့်ရတာသိပ်ကြောက်နေတာမို့ အရှေ့ကနေသွားဖို့တောင်မရဲတော့ဘူးထင်ရဲ့။ရွာထဲက
'မိုးအေး'လိုပဲ သရဲကြောက်တတ်တာတော့လွန်ရောဗျာ။ ကျုပ်လဲရေနံဆီ မီးအိမ်လေးကိုလက်လွှဲကိုင်လိုက်ပြီးကျန်တဲ့လက်တစ်ဖက်ကို အကို့ဆီကမ်းပေးရင်းပြောလိုက်တယ်။
"အစ်ကို စိတ်မသန့်ရင်ကျုပ်လက်ကိုကိုင်ထားမလား။"
"တ..တကယ်လားဟင်။"
'သိင်္ခ'ကမထင်မှတ်ထားဘဲ လိုတာထက်ပိုပြီး
အောင်မြင်သွားတဲ့သူ့အစီအစဉ်ကြောင့် စကားတွေ
တောင်ထစ်သွားခဲ့ပေမဲ့ 'ကျောက်ခဲ'ကလဲ
သူ့အတွေးလေးနဲ့သူ သဘောတကျပြုံးရင်ပြောလိုက်တယ်။
"တကယ်ပေါ့ အစ်ကိုရာ။"
အစ်ကိုက သူ့ရဲ့အေးစက်တဲ့လက်တွေနဲ့
ကျုပ်လက်ကိုတွဲလိုက်တယ်ဗျ။အစ်ကို
ဒီလောက်ကြောက်နေမယ်မှန်းသာသိရင် ကျုပ်
'သနပ်ကုန်း'မှာပဲညအိပ်ဖို့ပြောလိုက်ပါတယ်။
'မိုးအေး'လိုကလေးဆိုရင်လဲကောင်းသား တစ်ခါတည်းကောက်ချီပြီးခေါ်သွားပေး
လိုက်လို့ရတယ်။အခုကျ အစ်ကိုက ကလေးလဲ
မဟုတ်တော့ ချီခေါ်လို့မရတာမို့ လက်လေးကိုပဲသေချာဆုပ်ကိုင်ပေးထားလိုက်ပါတယ်။
ဒီလိုနဲ့နာရီဝက်ကျော်ကျော်လောက်လမ်းလျှောက်
လာခဲ့ကျတဲ့အခါမှာတော့ ကျုပ်တို့မြို့ပေါ်ကို
ရောက်လာခဲ့ကြတယ်။မြို့ပေါ်ရပ်ကွက်တွေကတော့
စည်တာမို့ မိုးချုပ်လဲလူကမပြတ်သေးဘူးပေါ့ဗျာ။ဒါကြောင့် ကျုပ်နဲ့အစ်ကိုလဲထမင်းဆိုင်တစ်ဆိုင်မှာညစာဝင်စားလိုက်ပြီးမှ လန်ချားငှားပြီး ဧည့်ရိပ်သာ တစ်ခုကိုမောင်းခိုင်းလိုက်တော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နွားရိုင်းသွင်းချိန် = ညနေ၅နာရီ၄၀ခန့်
(Ak /အံမာ ချီလို့ရရင် သူကချီခေါ်ချင်သေးတာ
( • ¿ •)]
အပ်ပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်ပါ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~
"ဇီးကွက် ကနှုတ်ဖွာတတ်တဲ့ကလေးမဟုတ်တာမို့
ဒီကိစ္စကို ဘယ်သူ့ကိုမှပြောမှာမဟုတ်ပါဘူး။
ကိုရွှေ အဲ့တစ်ခုတော့ စိတ်ချထားလို့ရပါတယ်။
ဘာတွပဲဖြစ်လာပါစေ ကျုပ်တတ်နိုင်သမျှ
ခင်ဗျားကိုကူညီပေးမယ်။"
ထို့နောက်တွင်တော့ ခိုင်မာသည့်လက်သန်း
လေးနှစ်ချောင်းဟာ ကတိသစ္စာပြုသည့်အနေဖြင့်တံတားလေးတစ်စင်းအလားချိတ်ဆက်လို့သွားတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘုန်းကြီးကျောင်းဝန်းအတွင်း၌
အလှူအတွက် ထင်းတွေခွဲလို့နေကြတဲ့
ရွာသားတွေနဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီတွေကိုအခွံ့ချွတ်နေကြတဲ့ အမျိုးသမီးအုပ်စုတို့ကိုတွေ့လိုက်ရတာမို့ 'ဒေါ်ရွှေဇင်ညိမ်း'က ထိုအမျိုးသမီးအုပ်ထဲဝင်သွားပြီး ကြက်သွန်တွေဝိုင်း'သင်'ပေးဖို့လုပ်တော့တယ်။
သူကြီးနဲ့ဦးရွှေမောင်တို့ကတော့ ပန်းကနုတ်တွေစီချယ်ထားကာ၊ ပန်းပုလက်ရာဆန်ဆန်ရုပ်ကြွထွင်းထုထားတဲ့ ကျွန်းလှေကားကြီးအတိုင်းကျောင်းပေါ်ကိုတက်လာခဲ့ကြတယ်။ ရှေးကျတဲ့ ကုန်းဘောင်ခေတ်လက်ရာတို့က ကျောင်းအပြင်တွင်သာမက ကျောင်းပေါ်တွင်လည်းရှိကာ၊ လုံးပတ်ကြီးမားသည့်ကျွန်းတိုင်လုံးကြီးများကလည်း ခန့်ညားလှပြီး၊အမိုးမှလေးဘက်လေးလံတွဲလောင်းကျနေဟန်ထွင်းထုထားသည့်ပန်းကနုတ်ခက်ကြီးတို့မှာလည်း လက်ရာမြောက်ကာလှပ လှတယ်။
ထို့နောက်တွင်တော့
သူကြီးတို့လည်း ဆရာတော်ဆီဘုရားလျှောက်သွားလိုက်ကာ ဂါရဝပြုလိုက်တယ်။
ဆရာတော်ဘုရားမှာ သက်တော်ကိုးဆယ်
ကျော်ပြီဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်ကာ တရားအားထုတ်နိုင်ဆဲဖြစ်သည်။
မတွေ့ပါလားကွယ့်။"
ဒီရွာကစေတီကို ထုံးသင်္ကန်းကပ်ဖို့နဲ့ ထီးတော်အသစ်တင်ဖို့အတွက်လည်း ပါဝင်လှူဒါန်းချင်လို့ပါဘုရား။"
"အိမ်း အိမ်းကောင်းကွဲ့။ဘုန်းကြီးကလည်းဝမ်းပန်းတသာကြိုဆိုပါတယ် 'ဒကာရွှေမောင်'ရယ် ။
ဘုန်းကြီးတို့ရွာတစ်ဝိုက်မှာလည်း ဒီလိုငွေကြေးများများစားစားတတ်နိုင်တဲ့မိသားစုကလည်းရှားတယ် မဟုတ်လား။ လက်လုပ်လက်စား မိသားစုတွေများတာမို့ ဘုန်းကြီးလည်းဒီကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေကိုနှိုးဆော်ဖို့ အားနာနေမိတာ။
ဘာဘဲဖြစ်ဖြစ်ရွာကလူ တွေလည်းအများကြီးကုန်ကျစရာမလိုတော့ဘူးပေါ့ကွယ်။"
"တင်ပါ့ ဘုရား တပည့်တော်တို့
လိုက်တယ်။
ထိုအမျိုးသမီးက အသက်သုံးဆယ်ကျော်ခန့်ရှိပြီး
ဝင်းဝါသောအသားအရည်နှင့် လှပတဲ့မျက်လုံးတွေပိုင်ဆိုင်ထားကာ တစ်ပတ်လျှို ဆံထုံးနှငိ့ သနပ်ခါးပါးကွက်ဝါဝါလေးတို့က အင်မတန်ကို ယဉ်အေးကာ ကြည်စင်လှတယ်။
"အစ်ကို~~။"
အံသြခြင်း၊ဝမ်းမြောက်ခြင်း တို့ပျော်ဝင်နေသည့်အသံချို ချိုကြောင့် သူအမှတ်တမဲ့မော့ကြည့်မိလေတော့..။
"မပန်းထွေး~~။"
'ပန်းထွေး'လည်း စပါးရိတ်တဲ့ကိစ္စနဲ့အလုပ်ရှုပ်နေလို့လာမတွေ့ဖြစ်ဘူး။"
"အင်း အစ်ကိုလည်း 'မပန်းထွေး'ကို
သတိရပါတယ်။သွားရအောင်လေ။"
'ဦးဘိုးစည် ' က ဆွမ်းအုပ်လေးကို ကိုင်ပေးရင်းဆရာတော်ဘုရားရှေ့ကို လျှောက်လာလိုက်တယ်။
'မပန်းထွေး'က ဆရာတော်ဘုရားကို
ရိုကျိုးစွာဖြင့်ထိခြင်းငါးပါးနှင့်အညီ ဂါရဝပြုလိုက်တယ်။
"ဒကာမလေး ဘယ်တုန်းကပြန်ရောက်တာတုန်းကွဲ့။"
ပြန်ရောက်တာပါ။"
"စပါးရောင်းတာရော အဆင်ပြေခဲ့ရဲ့လားကွဲ့။"
"ပြေခဲ့ပါတယ် ဘုရား
"တင်ပါ့ဘုရား။"
ထို့နောက် သူတို့သုံးယောက် ဆရာတော်ကို
"အော် အင်း။"
လည်ပါဦးလား အစ်ကို၊ ကိုရွှေမောင်ရောပဲ။"
'ကိုရွှေ'သွားရအောင်လေ။"
'ဦးရွှေမောင်'ကတော့နေခဲ့လို့လည်းမရတာမို့မှုန်ကုပ်ကုပ်နဲ့ပဲ လိုက်ပါသွားရတော့တယ်။
အိမ်ပေါ်ကိုရောက်တော့ ကျွန်းသစ်များကိုသာအသုံးပြုထားပြီးရေနံချေးဝနေအောင်သုတ်ထားသော ဧည့်ခန်းထဲမှာ'ဦးဘိုးစည်'တို့နှစ်ယောက်နေရာချထားပေးခြင်းခံလိုက်ရတယ်။
"အစ်ကိုတို့ ခဏထိုင်ကြဦးနော်
'ပန်းထွေး'လက်ဖက်လေးသုပ်လိုက်ဦးမယ်။"
'ဦးဘိုးစည်'မျက်လုံးလေးတစ်ချက်ဝေ့ကြည့်မိတယ်အခုချိန်ထိ တစ်ယောက်ထဲရှိနေဆဲလား။
အရသာခံသောက်ရင်း 'ဦးဘိုးစည်'ကိုမေးလိုက်တယ်။
ကျေနပ်ပုံမရ။
သဘောလား။"
ကျုပ်မှာ ခင်ဗျားနဲ့ပတ်သတ်တဲ့အမှတ်တရတွေကို
'ဦးရွှေမောင်'က ကျေနပ်သလိုပြုံးလိုက်ကာ
ရေနွေးတစ်ခွက်ကိုငှဲ့လို့'ဦးဘိုးစည်'ရှေ့ချပေးရင်းဆိုလေတယ်။
တောင်မသိတော့ပါဘူး။"
'ဦးဘိုးစည်'ဟာ ထိုရေနွေးခွက်လေးကို
တစ်ချက်မှုတ်သောက်ကာ ပြန်လည်ငြင်းဆိုလိုက်တယ်။
'ဦးရွှေမောင်' ရဲ့ တစ်ဖက်လူ၏နှာခေါင်းချွန်ချွန်ထိပ်ကိုချဉ်းကပ်လို့နေတဲ့ ဖြူသွယ်သောလက်ချောင်းတို့ဟာဧည့်ခန်းထဲကို တောင်ဝှေးတစ်ချောင်းထောက်ရင်းဖြေးညှင်းစွာလှမ်းဝင်လို့လာတဲ့အဖွားအိုတစ်ယောက်ကြောင့် ရပ်တန့်လို့သွားရတော့တယ်။
'ထိဖို့နည်းနည်းလေးဘဲ လိုတော့တာကို
အဖွားအိုကြီးကတော့ တကယ်ပါပဲ'ဟူ၍သာ
သူမကျေမချမ်းရေရွတ်မိတော့တယ်။ ရှားပါးလှတဲ့
အခွင့်အရေးကို သူလက်လွှတ် လိုက်ရပြီမဟုတ်လား။
(AK/နှာခေါင်းထိပ်လေးကိုညှစ်ပြီး
မိမိမှာroချင်ပါသော်လည်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'သိင်္ခ'တစ်ယောက် သီချင်းလေးတညည်းညည်းဖြင့်နွားလည်းမောင်းလို့နေတဲ့ကောင်ငယ်လေးကိုကြည့်နေရင်းနဲ့မှ အတွေးတစ်ခုဝင်လာတာမို့ သူ့ရဲ့မျက်လုံးလေးတွေလင်းလက်လို့သွားရတယ်။
"ကျောက်ခဲလေး။"
"ဗျာ။"
"လမ်းမှာတစ်ရက်မနားပဲ မြို့ကိုတန်းမောင်းရင်
သေချာတွက်ချက်ရင်းပြောလိုက်လေတယ်။
လမ်းမှာမနားနဲ့တော့။"
ဘယ်မှာညအိပ်မှာလဲ။"
ဈေးကြီးတယ် အစ်ကိုရ။
သြော်..ဟုတ်သားပဲ အဟဲ အစ်ကိုက သူဌေးလေး
ဆိုတာကို ကျုပ်ကမေ့နေတာ ဒါဆိုလည်း
ပြောလာတော့ သူကလည်း ကောင်ငယ်လေး
ကိုပြန်ပြောလိုက်တယ်။
ပို့ဆောင်ပေးပါ့မယ်။"
ထို့နောက် လှည်းလမ်းကလေးဟာ သူတို့နှစ်ယောက်ရဲ့ရယ်သံလွင်လွင်တို့နဲ့ ပြည့်နှက်သွားတော့တယ်။
.
.
.
.
.
.
.
ကျုပ်လည်း ကျွဲဖြူရွာအစပ်နားမှာရှိတဲ့ စိန်ပန်းပင်ကြီးအောက်မှာလှည်းခဏဖြုတ်လိုက်ပြီး အစ်ကိုနဲ့နေ့လယ်စာအတူစားလိုက်တယ်။
ကျွဲဖြူ ရွာအစပ်မှာ ကျုပ်တစ်ခါမှ ခရီးမနားဖူးဘူးဗျ ၊ အစ်ကိုနဲ့ကျမှပဲ ကျုပ်လဲအတွေ့အကြုံ အသစ်ရတော့တယ်။ ကျုပ်တို့ရဲ့လှည်းပေါ်ကို အနီရောင်စိန်ပန်းတွေက တဖြုတ်ဖြုတ်ကြွေကျလို့နေတာမို့ အစ်ကိုကျုပ်ကိုနည်းနည်းကြာကြာနေဖို့ပြောတယ်။
ကျုပ်လည်းအစ်ကို့ဘေးမှာဝင်ထိုင်လိုက်ရင်း
နည်းနည်းစိတ်မကောင်းဖြစ်ခဲ့ဖူးတာကလွဲလို့
အလှဆုံးပန်းအဖြစ် ရှိနေဆဲပါပဲ။
ကိုတောင် ကိုယ်ကြားနေသလိုပဲ။"
ကိုယ်ရင်ဘက်တစ်ခုလုံးအေးချမ်းသွားလိုက်တာ။"
စိန်ပန်းနီနီတွေကို စိုက်ကြည့်ကာတွေးမ်ိတယ်။
'ကျောက်ခဲရယ် ....မင်းမပါပဲကိုယ်ရန်ကုန်ကို
တဖြုတ်ဖြု တ်ကြွေကျလျက်ရှိတဲ့စိန်ပန်းနီနီ
သူကိုယ်တိုင်တောင်သတိမထားဘဲ ရင်တွင်းဖြစ်
စကားတို့အားဆိုလေတယ်။ အလိုအလျောက်
ဆုပ်ကိုင်မိလျက်သား လက်တစ်ဖက်ရဲ့ပိုင်ရှင်ကတော့နားရွက်တွေမီးထောက်မတတ်နီရဲနေခဲ့လေရဲ့။
ကျုပ်ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ အစ်ကို့ရဲ့ပန်းဆီရောင်လက်ချောင်းလေးတွေကိုကြည့်ပြီး မဆီမဆိုင်တွေးမိပါရဲ့။'စိန်ပန်းနီနီတွေလိုပဲ အစ်ကိုဟာအကြွေလွယ်တဲ့ပန်းလှလှတစ်ပွင့်ဖြစ်နေလေမလာ'လို့လေ။
အမြန်နှင်လာရတာပေါ့။
ငွေအိတ်ကပါလာတာမို့လား ကျုပ်လည်း
ပုလေးတွေစိုက်ထားတာမို့ ဆီးကင်းနံ့လေးကလည်းတသင်းသင်းနဲ့ဗျ။ ညနေပိုင်းလည်းဖြစ် အပင်ရိပ်ကလည်းရှိတာမို့ ပုံမှန်ထက်ပိုမှောင်ပြီး အလင်းရောင်ကကျုပ်တို့နှစ်ယောက်နားလေးမှာဘဲ ခပ်မှိန်မှိန်လေးရှိနေတယ်။အအေးဓာတ်ကလည်းပိုတာမို့ အစ်ကိုကကျောချမ်းနေပုံပဲ ကျုပ်အင်္ကျီစလေးကိုလှမ်းကိုင်ထားလေရဲ့။
"အစ်ကို အေးလို့လား။"
ကျုပ်လည်းအစ်ကိုအကြောက်ပြေအောင်အာရုံ
"ရတယ် မလျှောက်ဘူး။"
ထိုအကြံပြုချက်ကိုတော့ 'သိင်္ခ'က ချက်ခြင်းပဲ
"အစ်ကို စိတ်မသန့်ရင်ကျုပ်လက်ကိုကိုင်ထားမလားယ"
"တ....တကယ်လားဟင်။"
'သိင်္ခ'ကမထင်မှတ်ထားပဲ လိုတာထက်ပိုပြီး
အောင်မြင်သွားတဲ့သူ့အစီအစဉ်ကြောင့် စကားတွေတောင်ထစ်သွားခဲ့ပေမဲ့ 'ကျောက်ခဲ'ကလည်း
"တကယ်ပေါ့ အစ်ကိုရာ။"
ပြောလိုက်ပါတယ်။ 'မိုးအေး'လိုကလေးဆိုရင်လည်းကောင်းသား တစ်ခါတည်းကောက်ချီပြီးခေါ်သွားပေးလိုက်လို့ရတယ်။အခုကျ အစ်ကိုက ကလေးလည်းမဟုတ်တော့ ချီခေါ်လို့လည်းမရတာမို့ လက်လေးကိုပဲသေချာဆုပ်ကိုင်ပေးထားလိုက်တယ်။
ဒီလိုနဲ့နာရီဝက်ကျော်ကျော်လောက်လမ်းလျှောက်လာခဲ့ကျတဲ့အခါမှာတော့ ကျုပ်တို့လည်းမြို့ပေါ်ကိုရောက်လာခဲ့ကြတယ်။မြို့ပေါ်ရပ်ကွက်တွေကတော့စည်တာမို့ မိုးချုပ်လည်းလူကမပြတ်သေးဘူးပေါ့ဗျာ။ဒါကြောင့် ကျုပ်နဲ့အစ်ကိုလည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀