အပိုင်း ၄၃
Unicode
" သူက အစစ်ဆေးခံနေရသေးလို့ လောလောဆယ်တော့ လွတ်ဦးမှာ မဟုတ်ဘူးတဲ့လား။ "
လီရှီချင်း အေးစက်စွာ မေးလိုက်တယ်။
" ဆီးစစ်ပြီးတော့ ဆေးမသုံးထားဘူးဆိုတဲ့ အဖြေထွက်ပေမယ့် ရောင်းဝယ်မှုနဲ့ပတ်သက်ပြီး မသင်္ကာလို့ ထပ်စစ်ဆေးခံနေရတယ်။ "
ဂိုဏ်းအတွက်နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးလာတဲ့ အတွေ့အကြုံရင့်ရှေ့နေ ဝမ်ဝေစီက ပြောတယ်။
" တစ်ဦးချင်းစစ်ဆေးခံရတဲ့သူတွေကို နောက်ထပ်အကြောင်းကြားစာမရမချင်း လွှတ်ပေးလို့မရဘူး။ "
" သူနဲ့ခင်ဗျား မတွေ့ရသေးဘူးလား။ "
" ရှေ့နေ့ကျိုးက သူနဲ့ဒီမနက်တင် သွားတွေ့လာပါတယ်။ "
ဝမ်ဝေစီက မျက်မှန်ကိုပင့်တင်ရင်း
" ဒီအနီးအနားက မြို့တွေမှာ မူးယစ်ဆေးနဲ့ပတ်သတ်ပြီး တင်းကြပ်ထားတာ နှစ်နှစ်လောက်ရှိပြီဗျ။ ဆေးကို လက်ဝယ်တွေ့ရှိသူဆိုရင် ကျိန်းသေ အရေးယူခံရမှာပဲ။ အာဏာရှိသူတွေကလည်း မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားတဲ့သူတွေကို တစ်ခါတည်းနဲ့တင် အမြစ်ဖြတ်ချင်နေကြတာ။ အဲ့တော့ ရှောင်းလီအတွက် အခြေအနေမကောင်းနိုင်ဘူးထင်တယ်ဗျာ။ "
လီရှီချင်းက နှာခေါင်းရှုံ့ကာ
" သူက ဘာပြောသေးလဲ။ "
" သူက ဆေးကို လင်းယုံဆီက ရတာတဲ့။ အဲ့အချိန်တုန်းက သူ့လက်ထဲက ပစ္စည်းကို လက်စဖျောက်ဖို့အချိန်မရှိခဲ့လို့ပါတဲ့။ ဒါပေမယ့်လည်း ဒီလောက်ပြဿနာတက်သွားမယ်လို့မထင်ဘူးတဲ့ဗျ။ သူလည်း အဝေးပြေးလမ်းမှာ ကားမောင်းပြန်နေတုန်း လမ်းမှာ အစစ်ခံရမယ်လို့ ဘယ်ထင်ပါ့မလဲဗျာ။
ဒါပေမယ့် စစ်မေးခံရတုန်းကတော့ သူက ဆေးကို တခြားမြို့က မဟုတ်ပဲ အဲ့ဒီမြို့တွင်းကပဲဝယ်တာလို့ အတင်းငြင်းတယ်။ ပြီးတော့ ဘာတွေဆက်ဖြစ်လာနိုင်တယ်ဆိုတာလည်း သိပုံမရဘူး သူက။ အဲ့တော့သူလည်း အထဲမှာ ပြင်းပြင်းထန်ထန် စစ်ဆေးခံနေရတော့တာပဲ။ "
လီရှီချင်း ဘာမှပြန်မပြောသေးခင် အခန်းထောင့်နားမှာရပ်နေတဲ့ ယန်မင်ကို ဝမ်ဝေစီ အကြည့်တစ်ချက်ပေးလိုက်တယ်။
" ပုံမှန်းလုပ်ထုံးလုပ်နည်းအတိုင်းသွားမယ်ဆိုရင် အနည်းဆုံး ထောင်သုံးနှစ်လောက်ပဲကျအောင် ကျုပ် တရားရင်ဆိုင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆေးမှုကျတော့ ကျုပ်လည်း အာမ မခံနိုင်ဘူးဗျ။ "
သူကသာ စကားတွေဆက်ပြောနေပေမယ့် အခုထိ တိတ်ဆိတ်လို့နေတဲ့ လီရှီချင်းကြောင့် နည်းနည်းတော့ ကြောက်စိတ်ဝင်လာမိကာ
" ကျုပ်လုပ်နိုင်တာ အစွမ်းကုန်လုပ်ပေးမှာပါ။ ချင်းရယ်က ဒီနယ်မှာ ပါဝါအကြီးဆုံးပဲဟာ။ ပြီးတော့ ဘဝပေးကုသိုလ်ကလည်းကောင်းတဲ့သူဆိုတော့ ပုံမှန်လုပ်ထုံးလုပ်နည်းတွေအတိုင်း မလုပ်ရင်တောင် ပြဿနာသိပ်မရှိလောက်ပါဘူးဗျာ။ "
လီရှီချင်း ခေါင်းငြိမ့်ပြကာ
" ကျုပ်သိပြီ။ ဒီတစ်ခါတော့ ခင်ဗျားကိုပဲ အပူကပ်ရတော့မှာပဲဗျာ။ ကဲ... ယန်မင်၊ မစ္စတာဝမ်ကို လိုက်ပို့ပေးလိုက်ပါဦး။ "
ဝမ်ဝေစီကိုလိုက်ပို့ပြီးပြန်လာတော့ ပြတင်းပေါက်နားမှာ အပြင်ကိုငေးကာ မျက်မှောင်ကြုံ့ရင်း အတွေးနယ်ချဲ့လျက်ရှိတဲ့ လီရှီချင်းကို ယန်မင်တွေ့လိုက်ရတယ်။
" ဦးလေး။ လင်းကျီကအပြင်မှာ အခုထိ ဒူးထောက်နေတုန်းပဲ။ ကျွန်တော်ဘယ်လိုလုပ်လိုက်ရမလဲ။ "
" သူနဲ့ဘာမှ မဆိုင်ဘူး။ ဒါက ရှောင်းလီ အ,လို့ခံရတာပဲဟာ။ "
လီရှီချင်းက အေးစက်စက်ပြန်ပြောလိုက်တယ်။
ယန်မင်က မဲ့ပြုံးပြုံးကာ
" သြော်...ဦးလေးရယ်။ ဦးလေး သိပြီးသားပဲဟာကို။ "
ထို့နောက် အပြင်သို့ထွက်လာကာ လင်းကျီးကို ဒူးတက်ထောက်စရာမလိုပဲ အိမ်ပြန်လို့ရပြီဖြစ်ကြောင်းပြောလိုက်တယ်။ သို့ပေမယ့် အပြစ်မကင်းသလိုခံစားရတဲ့ လင်းကျီကတော့ တုပ်တုပ်တောင် မလှုပ်ရဲပဲ ဒူးဆက်ထောက်လို့နေတယ်။ ခေါင်းမာပြီး အကြောက်အလန့်မရှိတဲလင်းကျီရဲ့ပုံကို တွေ့တော့ ယန်မင်လည်း သူ့ကိုမောင်းထုတ်ဖို့ လှောင်ရယ်ကာ တစ်ချက်လောက်ဆောင့်ကန်ပြီးမှ အခန်းထဲ ပြန်ဝင်လာလိုက်တယ်။
အခန်းထဲပြန်ရောက်တော့ လီရှီချင်းက နဂိုအတိုင်းပဲရှိနေသေးတာကို တွေ့ရကာ သူကတော့ ဆိုဖာပေါ်မှာ နောက်ကျောကို အေးဆေးမှီရင်း သက်တောင့်သက်သာနဲ့
" ကျွန်တော် သူ့ကိုလျှော့တွက်မိတာပဲ။ ဒီကောင်က ဟန်ကျားကိုလည်း ရအောင်ပြန်ခေါ်လာပြီး သူ့ညီကိုလည်း အဝေးပို့လိုက်သေးတယ်။ အဲ့ဒါတွေလည်းပြီးရော သူ့မှာ ပူပန်စရာ ဘာမှမကျန်တော့ဘူး။ ဒီအထိ သူလျှောက်လာခဲ့တဲ့လမ်းကို စဖျက်ဖို့လုပ်နိုင်ပြီပေါ့။ မူးယစ်ဆေးရော လုဝူလက်အောက်က အဆောက်အအုံရော.... ကျစ်။ ဦးလေး... ကျွန်တော့်ကို ပြောစမ်းပါ။ သူဘယ်တည်းက ဒါတွေကို ကြံစည်နေလဲဆိုတာ။ "
အတွေးလွန်နေတဲ့ လီရှီချင်းက ယန်မင်ကို လှည့်ကြည့်ကာ မျက်နှာသေဖြင့်
" သူ့ညီ နိုင်ငံခြားသွားတုန်းက သူဂိုဏ်းကနေ ထွက်ပြေးလွတ်မြောက်မယ့် အခွင့်အရေးရအောင် လုပ်မယ်လို့ ငါထင်ခဲ့တယ်။ "
" ဒါပေမယ့် သူမလုပ်ခဲ့ဘူးလေ။ "
ယန်မင် အခုမှ တစ်ခုခုကို သဘောပေါက်သွားသလို ရှိကာ အားရပါးရ ထရယ်တယ်။
" အဲ့တော့ ဦးလေးက ဦးလေးမှာ ကြိုးစားဖို့အခွင့်အရေး ရှိသေးတယ် ထင်ခဲ့တယ်ပေါ့။ ဦးလေး လက်အောက်က သူမလွတ်မြောက်နိုင်တော့ဘူးလို့ ထင်တယ်ပေါ့။ "
လီရှီချင်းက ယန်မင်ကို အေးစက်စွာ စိုက်ကြည့်လိုက်တာကြောင့် ယန်မင်လည်း ကြောက်လန့်ကာ ပါးစပ်ပိတ်သွားရတယ်။ အကြာကြီး တိတ်ဆိတ်နေပြီးမှ နေရခက်တဲ့လေထုကို ဖြိုခွဲဖို့ ယန်မင် တစ်ခုခုပြောဖို့ ကြိုးစားလိုက်တယ်။
" ဦးလေး၊ အခု ဦးလေးမှာ အခွင့်အရေး သုံးခုပဲရှိတယ်။ "
" ပြောစမ်းပါဦး။ "
" ပထမတစ်ခုက သူ့ကို သတ်ခွင့်ပေးပါ။ ဘေးနားဝန်းကျင်က လုဝူရဲ့ ပိုင်နက်ဖြစ်နေရင်တောင် ရှောင်းလီကို သတ်ဖို့ လူငှါးတာပဲဖြစ်ဖြစ် လူလွှတ်တာပဲဖြစ်ဖြစ် လွယ်လွယ်လေးပဲ။ ဒါက ဂိုဏ်းကိစ္စဆိုတော့ လုဝူလည်း ဂရုစိုက်မှာမဟုတ်ဘူး။ "
ထို့နာက် ယန်မင်ရဲ့ နှုတ်ခမ်းထောင့်က ပြန်ကွေးတက်သွားကာ
" ဒီကိစ္စကို ဂိုဏ်းထဲမှာ သိတဲ့သူနည်းလေ ကောင်းလေပဲ။ အဲ့တော့ ဦးလေး ကျွန်တော့်ကိုသာ လွှတ်လိုက်။ "
လီရှီချင်းရဲ့ မျက်လုံးက အေးစက်မှုတွေ ထုတ်လွှတ်လို့နေတယ်။ ကြည့်ရတာ ဒီအကြံအစည်ကို အတည်ပေါက် စဉ်းစားနေပုံပင်။
" ဒုတိယက သူ့ကိုလွှတ်ပေးလိုက်ပြီးအားလုံးသင်ပုန်းချေလိုက်တာပဲ။ "
ယန်မင်က ဆိုဖာပေါ်ပြန်မှီကာ
" ဦးလေးကလေ အသည်းကလည်း မာနိုင်တာမဟုတ်ပဲနဲ့။ သူ့ကို သတ်လည်းမသတ်ရက် ထိလည်းမထိရက်။ ဒီလောက်နှစ်တွေအကြာကြီး ရှောင်းလီလည်း ကျွန်တော်တို့ကို အများကြီးလုပ်ပေးခဲ့ပြီးပြီပဲ။ ကုသိုလ်လုပ်တယ်သဘောထားပြီး လွှတ်ပေးလိုက်ပေါ့။ "
လီရှီချင်း တစ်ချက်ကြည့်ကာ
" တတိယတစ်ခုကရော "
" တတိယတစ်ခုကတော့ ကျွန်တော် အကြိုက်ဆုံးပေါ့။ "
ယန်မင် သူ့မေးစေ့ကို ပွတ်လိုက်ကာ သတိမထားမိလောက်တဲ့ အပြုံးရေးရေးက မျက်နှာထက်ပေါ်လာတယ်။
" ကံကိုယုံပြီး လုဝူကိုသာသွားရှာလိုက်။ ဦးလေး သူ့ဆီသွားပြီး အကူအညီတောင်းဖူးတာ အခုက ပထမဆုံးလည်း မဟုတ်ဘူး။ သူ့ပိုင်နက်နယ်မြေကနေ ရှောင်းလီကို ထုတ်လာပေးဖို့အကူအညီတောင်း။ ပြီးရင် သူ့ခြေတွေ လက်တွေချိုးထားပြီး အခန်းထဲမှာ သော့ခတ်ထားလိုက်။ အဲ့ဒါဆို ဦးလေးလည်း သူနဲ့စိတ်ကြိုက် ကစားလို့ရပြီ။ ဒီထက်ပိုပြီး သာယာချင်သေးရင်တော့ ဦးလေးအစ်မသားက ဟောဒီမှာဗျာ ဦးလေးအတွက် ကူဖို့။ ဆေးလေးဘာလေးသုံး........ "
" မင်း ဘာပြောလိုက်တယ်။ "
လီရှီချင်းက စကားဖြတ်ပြောလိုက်တယ်။
" အာ... ဦးလေးကြိုက်သလောက် ကစားလို့ရတယ်ပြောတာပါ။ "
" လုဝူအကြောင်းကိုပြောတာ။ "
ယန်မင် ခဏလောက်စဉ်းစားလိုက်ပြီး
" ကံကိုယုံပြီး လုဝူကို သွားရှာလိုက်လို့ပြောတာ။ ဦးလေး သူ့ကို အရင်ကလည်း အကူအညီတောင်းဖူးတယ်လေ။ "
လီရှီချင်းက မျက်မှောင်ကြုံ့ကာ သူ့တစ်ကိုယ်တည်းတီးတိုးစကားတွေပြောလျက်နေရာက အပြင်က တပည့်တစ်ယောက်ကို အကျယ်ကြီးအော်ခေါ်လိုက်တယ်။ ထို့နောက် တစ်နေရာရာကိုသွားဖို့ ကားရယ် ငွေပမာဏအများကြီးရယ်ကိုပါ ပြင်ခိုင်းတယ်။
" ဦးလေး..... "
လီရှီချင်းက ယန်မင်ကိုတစ်ချက်ကြည့်ကာ
" ဝန်ကြီးချုပ်စွန်းနဲ့တွေ့ဖို့ ငါ့ကိုကူညီပေးဦး။ သူ့အဆက်အသွယ်နဲ့ လုဝူကို ကပ်ရမှာပဲ။ "
ဟိုးအရင် စွန်းကျဲယွီတစ်ယောက် ဒီအနီးနားက မြို့တစ်မြို့ရဲ့ ပြည်သူ့လုံခြုံရေးဌာနမှာတာဝန်ကျစဉ်တုန်းက လုဝူနဲ့အတူ လက်တွဲလို့အလုပ်တွေလုပ်ခဲ့ကြတယ်။ နောက်ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ်ရာထူးတိုးသွားတော့လည်း လုဝူက သူ့ရဲ့ မိတ်ဆွေဟောင်းလည်းဖြစ် ကျေးဇူးရှင်လည်းဖြစ်တဲ့ စွန်းကျဲယွီအိမ်ကို အဝင်အထွက်လုပ်လေ့ရှိကာ ကျေးဇူးတရားကိုလည်း ဖော်ပြရင်း အဆက်အသွယ်ကောင်းလေးလည်း ရအောင် အားထုတ်လေ့ရှိတယ်။
လီရှီချင်းက စွန်းကျဲယွီကိုတော့ အတော်လေး လေးစားတယ်။ အရင်က စွန်းကျဲယွီဟာ လုဝူတစ်ယောက်တည်းကိုသာ အကာအကွယ်ပေးနိုင်ပေမယ့် အခုဆိုရင် သူ့ကိုပါ ကြည့်ရှုစောင်မနိုင်စွမ်းရှိနေပြီဖြစ်တယ်။ လီရှီချင်း စိတ်တိုင်းကျအောင် ကူညီထောက်ပံ့ပေးနိုင်သူဖြစ်ကာ အတော်လည်း ပါးနပ်သူပင်ဖြစ်တယ်။ သို့သော် ဒီတစ်ခါ ယန်မင်က တွေ့ဆုံဖို့ဆက်သွယ်ရာမှာတော့ ရွှင်ရွှင်ပျပျမရှိ။
" ကျင်းတင်းမှာ ၆နာရီခွဲ? အင်း...ရတယ်လေ။ "
စွန်းကျဲယွီက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောတယ်။
" နေ..နေ။ မလိုပါဘူး။ ကျုပ်ကားရှိပါတယ်။ "
ထို့နောက် စွန်းကျဲယွီ ဖုန်းချကာ ဘေးကိုပစ်ထားလိုက်တယ်။
ရှေ့ကလူကိုကြည့်ကာ ကော်ဖီခွက်ကိုကိုင်လို့ တစ်ငုံလောက်မော့သောက်ပြီးနောက် ခပ်အေးအေးပင်
" ရောင့်ရဲမှုမရှိတဲ့လူတစ်ယောက်က ဆင်ကိုမြိုဖို့ ကြိုးစားနေတဲ့ မြွေလိုပဲလို့ဆိုတယ်။ ဆရချီ... ငါ မင်းကို ဒီအကြောင်းရှင်းပြစရာ ဘာမှမလိုဘူးထင်တာပဲ။ "
မြို့ရဲ့ ဈေးအကြီးဆုံးကော်ဖီဆိုင်တွေထဲက တစ်ခုရဲ့အခန်းငယ်လေးကို ရှေးဆန်စွာ အဖိုးတန်ပစ္စည်းတို့ဖြင့်တန်ဆာဆင်ထားသော်ငြား အခန်းတွင်းရှိ လူနှစ်ယောက်ရဲ့စိတ်အခြေအနေက ထိုအရာကို ခံစားခွင့်မပေး။
သုန်မှုန်နေသော အမူအရာဖြင့် စွန်းကျဲယွီက စကားဆက်ပြောဖို့ ငြင်းဆန်နေကာ သူ့အရှေ့မှာထိုင်နေတဲ့ ချီရှို့ယွမ်တောင်မှ မျက်နှာပျက်စပြုလာတယ်။
" ဝန်ကြီးချုပ်စွန်း... ခင်ဗျားလည်း မကြာခင် အငြိမ်းစားယူတော့မှာ မဟုတ်လား။ "
ချီရှို့ယွမ်အသံထဲ သေစေနိုင်လောက်တဲ့ အေးစက်မှုတွေ ပျော်ဝင်နေကာ
" ခင်ဗျားရဲ့လက်ရှိရာထူးကို ထိန်းမထားနိုင်ဘူးဆိုရင် နောင် အိုမင်းလာတော့မှ လူတွေလက်ညှိုးထိုးလှောင်ပြောင်စရာ ဖြစ်မှာ မကြောက်ဘူးလားဗျ။ "
စွန်းကျဲယွီက သူ့ကိုကြည့်ကာ မချိပြုံးပြုံးရင်း
" ကောင်းပြီလေ။ မင်းက ဘာပဲဖြစ်ဖြစ် ငါ့ကိုအကြပ်ဖို့စဉ်းစားထားမှတော့......။ ပင်စင်ယူဖို့က နှစ်နှစ်လောက်ပဲ ကျန်တော့တာ။ ကဲ ဆိုပါဦး လာရင်းကိစ္စကို "
" အပျော်ရှာမလို့လေ။ "
ချီရှို့ယွမ် ခပ်ယဲ့ယဲ့ပြုံးကာ
" ဒီမြို့တစ်ဝိုက်က ဂိုဏ်းတွေထဲမှာ ရှောင်းလီဆိုတဲ့ နာမည်နဲ့လူကို ကြားဖူးလား။ "
စွန်းကျဲယွီက တွေးတွေးဆဆဖြင့်
" အရှေ့ဘက်ခြမ်းက ဂိုဏ်းခေါင်းဆောင်မဟုတ်လား။ ဒါပေါ့... ကြားဖူးတာပေါ့။ "
" အဲ့လူက အခုဒီနားက မြို့မှာ အဖမ်းခံထားရတယ်။ ခင်ဗျား သူ့ကို မထိမခိုက်နဲ့ အပြင်ရောက်အောင် ထုတ်ပေးနိုင်မယ်လို့ ကျုပ် ယုံတယ်။ "
" ဒီလောက်ကတော့ မခဲယဉ်းပါဘူး။ "
" သူက အပြင်ရောက်လာပြီးရင်လည်း ဒုစရိုက်လောကနဲ့ အဆက်သွယ်ဖြတ်ချင်နေတာ။ အဲ့ဒါ ခင်ဗျား လီရှီချင်းနဲ့ လူကိုယ်တိုင်သွားတွေ့ပြီး ပြောပေးဖို့လည်း မခဲယဉ်းဘူး မဟုတ်လား။ "
စွန်းကျဲယွီက မေးခွန်းထုတ်ချင်နေသော အကြည့်ဖြင့်ကြည့်ကာ လေသံကလည်း တစ်ဖန် အေးစက်လာပြန်တယ်။
" ဆရာချီ.... မင်းရဲ့ လောဘကလည်း အတောမသတ်နိုင်ပါလားကွ..ဟမ်။ ယုန်တစ်ကောင် ဒေါသထွက်ရင် လူကို ကိုက်ပဲကိုက်ချင်နေမယ်ထင်လား။ ငါဆိုတဲ့ စွန်းကျဲယွီကို မင်းက အမဲဖျက်လို့ရတဲ့ယုန်လေး အခွင့်ကောင်းယူလို့ရတဲ့ယုန်လေးလို့များ မင်းထင်နေလား။ "
စွန်းကျဲယွီ ခွက်ထဲက ကော်ဖီကို အကုန်မော့သောက်ကာ
" အန္တရာယ်ကင်းကင်းနဲ့ အပြင်ရောက်အောင် လုပ်ပေးရမလား ဒုစရိုက်လောက,ကနေ ထွက်လို့ရအောင် လုပ်ပေးရမလား ငါတစ်ခုပဲ လုပ်ပေးနိုင်မယ်။ မင်းကြိုက်ရာ ရွေးနိုင်တယ်။ "
ချီရှို့ယွမ်က ခေါင်းကို အသာမော့ကာ သူ့ရှေ့က လူဆီက ထုတ်လွှတ်နေတဲ့ အေးစက်မှုကို လျစ်လျူရှုကာ ရယ်မောရင်း
" ကျင်းတင်မှာ၆ နာရီခွဲ။ လီရှီချင်းက ခင်ဗျားနဲ့တွေ့ချင်နေတာ မဟုတ်လား။ "
စွန်းကျဲယွီ ခဏတော့ ကြောင်သွားတယ်။
" လီရှီချင်းကလည်း ရှောင်းလီကို ရအောင် ထုတ်ပေးချင်နေမှာပဲ။ ခင်ဗျားကို ငွေအထုပ်လိုက် လက်ဆောင်ပေးမယ်ဆိုတာလည်း မြေကြီးလက်ခတ်မလွဲပေါ့။
ဝန်ကြီးချုပ်စွန်း... ခင်ဗျားက အစိုးရထိပ်ပိုင်းခေါင်းဆောင်။ လီရှီချင်းပိုက်ဆံကိုယူပြီး သူခိုင်းတာလုပ်ပေးမယ်ဆိုတော့....လီရှီချင်းက လာဘ်ထိုးတဲ့သူပေါ့။
ရှောင်းလီ လွတ်လာမယ်ဆိုရင် ခင်ဗျား လီရှီချင်းကို သိက္ခာကျအောင် လုပ်သလိုဖြစ်မယ်။ လီရှီချင်းကို နာမည်ဖျက်ပြီး ရှောင်းလီကို သူ့လက်ထဲက ခေါ်ထုတ်ဖို့ အခွင့်အရေးရမယ်။ ခင်ဗျားက သူ့ကို မျက်နှာနာစရာမှ မရှိတာ။
ပြီးတော့ တစ်ဖက်မှာလည်း ခင်ဗျားရဲ့လျှို့ဝှက်ချက်ပြီး ဆက်ပြီးထိန်းထားနိုင်ဦးမယ်။ ကဲ ဘယ်လောက်ကောင်းလိုက်လဲ။ "
စွန်းကျဲယွီက သူ့ကိုတိတ်ဆိတ်စွာ စိုက်ကြည့်ရင်း လုပ်ပြုံးလေးပြုံးလျက်
" ဆရာချီ၊ မင်း ကျောင်းမှာတော့ စာကောင်းကောင်းမသင်ပဲ ဘာလို့ ဒီလို လူဆိုးလူမိုက်တွေနဲ့ ရောချင်နေရတာလဲ။ ငါတော့ နားကိုမလည်ဘူး။
ဒါမှမဟုတ် ဟန်ကျားကို တော်တော်ကြိုက်နေတာများလား။ ရှေ့ရက်တွေတုန်းက ဟန်ကျားကို လာကယ်ခိုင်းတယ်။ အခုကျ သူ့ရည်းစားကို လာကယ်ခိုင်းတယ်။ သူတို့က ခွဲထားလို့ရတာမဟုတ်ဘူး။ မင်း ကြားက ဝင်တိုးလို့လည်း ရမှာမဟုတ်ဘူး။ "
" အဲ့ဒါ ခင်ဗျားနဲ့မဆိုင်ပါဘူး။ ရှောင်းလီကိုလွှတ်ပေးဖို့ လီရှီချင်းဆီမှာ ပြောဖို့ မမေ့ရင် ရပြီ။ "
ချီရှို့ယွမ်ရဲ့အဖတ်မလုပ်သလိုပုံကို ကြည့်ကာ စွန်းကျဲယွီ နှာခေါင်းရှုံ့ရင်း
" ဒါဆို မင်းလည်း မင်းလက်ထဲကအရာတွေကို သေချာလေး စောင့်ကြည့်ထားနော်။ မင်း အိမ်ဘယ်မှာလဲ ငါသိတယ်ဆိုတာ မမေ့နဲ့။ "
ချီရှို့ယွမ် ဆက်မနေချင်တော့တာကြောင့် မတ်တပ်ရပ်ကာ
" လာနိုင်ရင် လာလိုက်စမ်းပါ။ "
သူမတ်တပ်ကောင်းကောင်းမရပ်ရသေးခင်မှာပဲ စွန်းကျဲယွီက သူ့ပုခုံးကို ဖိကိုင်ထားတယ်။
သူ့ဘဝအတွက် ကံအဆိုးဆုံးကာလတွေက စွန်းကျဲယွီ ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်ဖြစ်ခဲ့တုန်းက ဖြစ်တယ်။ သူ့ကိုအခုလိုမျိုးပဲ မတ်တပ်ထမရပ်နိုင်အောင် ပုခုံးပေါ်ကနေ ဖိအားပေးဆုပ်ကိုင်ထားခြင်းခံခဲ့ရတယ်။
စွန်းကျဲယွီ သွားကြားထဲက ထွက်လာတဲ့အံကြိတ်သံကို တစ်လုံးချင်းစီဖြတ်တောက်ကာဖြင့်
" မင်းက မင်းအဖေနဲ့ရော အမေနဲ့ပါ တစ်စက်မှ မတူပါလား။ ချီဖုန်းနဲ့အားသန်းမှာ ဘယ်လိုလုပ်မင်းလိုသားမျိုး ရှိနေတာပါလိမ့်။ "
ချီရှို့ယွမ် တစ်ကိုယ်လုံးတုန်ယင်လာတာကို သူ့ကိုယ်သူသတိထားမိတယ်။ သူ့ပုခုံးပေါ်က လက်ကိုဖယ်ချကာ မျက်နှာမှာ အပြုံးတစ်ပွင့်ကို အတင်းလုပ်ယူပြုံးလျက် တစ်ဖက်လူရဲ့လေသံအတိုင်း တစ်ထေရာတည်း တုပကာ သူ့ရှေ့က လူကို တန်ပြန်တိုက်ခိုက်လိုက်တယ်။
" သူတို့နှစ်ယောက်နာမည်ကို ခင်ဗျားပါးစပ်နဲ့ထုတ်ပြောဖို့ မတန်ဘူး။ "
သူ့အကြည့်က အခန်းထဲကလေထုကို ငြိမ်သက်သွားစေပြီး အေးစက်စွာရယ်လျက်
" လူသတ်သမား "
အစကတော့ အခန်းထဲကထွက်လာပြီးရင် တန်းပြန်မလို့ပေမယ့် မူးဝေနောက်ကျိလာမှုကို အံမတုနိုင်ရကာ သန့်စင်ခန်းအတွင်းသို့ဝင်ပြီး ဆေးကြောလိုက်ရတယ်။
စိတ်ပျက်စရာပဲ။ မင်း လူသတ်သမားနဲ့ စကားပြောခဲ့ရတာ။
စိတ်ပျက်စရာပဲ။ မင်းသူနဲ့ ဆက်သွယ်ခဲ့ရတာ။
စိတ်ပျက်စရာပဲ။ မင်းမိဘနာမည်ကို ထုတ်ပြောပြီး မင်းကိုသရော်တာကို နားထောင်လိုက်ရတာ။
ရွံစရာပဲ။ မင်းသူ့ကို အကြပ်ကိုင်လိုက်ရတာ။
ဟုတ်တယ်။ တကယ် စိတ်ပျက်စရာအကောင်းဆုံးက မင်းကိုယ်တိုင်ပဲ။
မိဘတွေရဲ့လျှို့ဝှက်ချက်ကိုသုံးပြီး ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် သေသွားတဲ့ မိဘတွေရဲ့နာမည်ကို ချနင်းလိုက်တာ မင်းမဟုတ်ဘူးလား။
ကိုယ့်ကောင်းကျိုးအတွက် ဒီလောက်နှစ်တွေ အကြာကြီး ရှောင်ပုန်းနေခဲ့တာရော မင်းမဟုတ်ဘူးလား။
မင်းကိုယ်တိုင်ကပဲ မင်းအပေါ် အထင်အမြင်သေးခွင့် နှိမ့်ချခွင့်ကို အဲ့လူဆီ ပေးလိုက်တာလေ။ မင်းမိဘတွေကို သိက္ခာချလိုက်တာ မင်းကိုယ်တိုင်ပဲလေ။ စိတ်ပျက်စရာကောင်.... ချီရှို့ယွမ်.... မင်းကတကယ် စိတ်ပျက်စရာပါလား။
ချီရှို့ယွမ် သူ့ရင်ထဲက လှိုက်တက်လာတဲ့နာကျင်မှုကြောင့် ဘေးကနံရံပေါ် အသာမှီလိုက်တယ်။
ရှောင်းလီ.... ရှောင်းလီရေ....
ဒီအမည်နာမကို တိုးတိုးတိတ်တိတ် ထပ်တလဲလဲ ရေရွတ်လိုက်တော့ နာကျင်မှုက အနည်းငယ် သက်သာသွားသယောင်။
ရှောင်းလီ၊ ကိုယ်က မင်းကို ကာကွယ်ပေးချင်မိရုံပါ။ ကိုယ်က အစွမ်းအစမဲ့ပြီး စိတ်ပျက်စရာကောင်းလွန်းတယ်။ မင်းရော... ဒီလိုအခြေအနေမျိုးတွေ ကျော်ဖြတ်ခဲ့ဖူးလား။ မင်းကိုယ်မင်း မုန်းရင်း ဒီလိုစိတ်ပျက်စရာ အလုပ်တွေလုပ်ခဲ့ဖူးလား။ ဒီလို စိတ်ဝေဒနာတွေနဲ့ နာကျင်ခဲ့ဖူးလား။ ဒါဆို... မင်း.... မင်း ကိုယ့်ကို မရွံမုန်းနေလောက်ပါဘူးနော်။
အတွေးတွေနဲ့နစ်မွန်းနေရာက ရေပိုက်ခေါင်းကိုဖွင့်ကာ ရေအေးတွေနဲ့မျက်နှာသစ်လိုက်ပြီးနောက် သူ့ရင်ထဲခံစားချက်တွေ ပေါက်ထွက်မလာခင် အတန်ငယ် ငြိမ်သက်လို့သွားတယ်။
တစ်ခါမှ ဒီလောက်ထိ ရှောင်းလီနဲ့ နီးစပ်တယ်လို့မခံစားခဲ့ဖူးသလို တစ်ချိန်တည်းမှာပဲ အရမ်း အလှမ်းဝေးနေသလိုလည်း ခံစားမိတယ်။
စိတ်အေးသွားပြီးနောက် ကိုယ့်ကိုကိုယ် သပ်သပ်ရပ်ရပ်ပြင်ဆင်ကာ အပြင်ထွက်လာခဲ့တယ်။ သတိမထားလိုက်မိပါပဲ စိတ်လွတ်နေသကဲ့သို့ အေးစက်တောင့်တင်းမှုက ချီရှို့ယွမ်ထံ လွှမ်းမိုးသွားတယ်။ ဒီလိုအမူအရာမျိုး ရှောင်းလီဆီမှာလည်း သူမြင်ဖူးတယ်။
တန်ဖိုးမဲ့သွားတဲ့ ယောက်ျားတစ်ယောက်၊ အရာအားလုံးနဲ့ လမ်းလွဲသွားတဲ့ ယောက်ျားတစ်ယောက်ရဲ့ အမူအရာမျိုးပေါ့။
******************
T/N
နှစ်ပိုင်းလောက်ပြီးရင်တော့ အဆင်ပြေသွားမှာပါ။ 😁😁
------------------------------------------
အပိုင္း ၄၃
Zawgyi
" သူက အစစ္ေဆးခံေနရေသးလို႔ ေလာေလာဆယ္ေတာ့ လြတ္ဦးမွာ မဟုတ္ဘူးတဲ့လား။ "
လီ႐ွီခ်င္း ေအးစက္စြာ ေမးလိုက္တယ္။
" ဆီးစစ္ၿပီးေတာ့ ေဆးမသုံးထားဘူးဆိုတဲ့ အေျဖထြက္ေပမယ့္ ေရာင္းဝယ္မႈနဲ႔ပတ္သက္ၿပီး မသကၤာလို႔ ထပ္စစ္ေဆးခံေနရတယ္။ "
ဂိုဏ္းအတြက္ႏွစ္ေပါင္းမ်ားစြာ အလုပ္လုပ္ေပးလာတဲ့ အေတြ႕အၾကဳံရင့္ေ႐ွ႕ေန ဝမ္ေဝစီက ေျပာတယ္။
" တစ္ဦးခ်င္းစစ္ေဆးခံရတဲ့သူေတြကို ေနာက္ထပ္အေၾကာင္းၾကားစာမရမခ်င္း လႊတ္ေပးလို႔မရဘူး။ "
" သူနဲ႔ခင္ဗ်ား မေတြ႕ရေသးဘူးလား။ "
" ေ႐ွ႕ေန႔က်ိဳးက သူနဲ႔ဒီမနက္တင္ သြားေတြ႕လာပါတယ္။ "
ဝမ္ေဝစီက မ်က္မွန္ကိုပင့္တင္ရင္း
" ဒီအနီးအနားက ၿမိဳ႕ေတြမွာ မူးယစ္ေဆးနဲ႔ပတ္သတ္ၿပီး တင္းၾကပ္ထားတာ ႏွစ္ႏွစ္ေလာက္႐ွိၿပီဗ်။ ေဆးကို လက္ဝယ္ေတြ႕႐ွိသူဆိုရင္ က်ိန္းေသ အေရးယူခံရမွာပဲ။ အာဏာ႐ွိသူေတြကလည္း မူးယစ္ေဆး ေရာင္းဝယ္ေဖာက္ကားတဲ့သူေတြကို တစ္ခါတည္းနဲ႔တင္ အျမစ္ျဖတ္ခ်င္ေနၾကတာ။ အဲ့ေတာ့ ေ႐ွာင္းလီအတြက္ အေျခအေနမေကာင္းႏိုင္ဘူးထင္တယ္ဗ်ာ။ "
လီ႐ွီခ်င္းက ႏွာေခါင္း႐ႈံ႕ကာ
" သူက ဘာေျပာေသးလဲ။ "
" သူက ေဆးကို လင္းယုံဆီက ရတာတဲ့။ အဲ့အခ်ိန္တုန္းက သူ႕လက္ထဲက ပစၥည္းကို လက္စေဖ်ာက္ဖို႔အခ်ိန္မ႐ွိခဲ့လို႔ပါတဲ့။ ဒါေပမယ့္လည္း ဒီေလာက္ျပႆနာတက္သြားမယ္လို႔မထင္ဘူးတဲ့ဗ်။ သူလည္း အေဝးေျပးလမ္းမွာ ကားေမာင္းျပန္ေနတုန္း လမ္းမွာ အစစ္ခံရမယ္လို႔ ဘယ္ထင္ပါ့မလဲဗ်ာ။
ဒါေပမယ့္ စစ္ေမးခံရတုန္းကေတာ့ သူက ေဆးကို တျခားၿမိဳ႕က မဟုတ္ပဲ အဲ့ဒီၿမိဳ႕တြင္းကပဲဝယ္တာလို႔ အတင္းျငင္းတယ္။ ၿပီးေတာ့ ဘာေတြဆက္ျဖစ္လာႏိုင္တယ္ဆိုတာလည္း သိပုံမရဘူး သူက။ အဲ့ေတာ့သူလည္း အထဲမွာ ျပင္းျပင္းထန္ထန္ စစ္ေဆးခံေနရေတာ့တာပဲ။ "
လီ႐ွီခ်င္း ဘာမွျပန္မေျပာေသးခင္ အခန္းေထာင့္နားမွာရပ္ေနတဲ့ ယန္မင္ကို ဝမ္ေဝစီ အၾကည့္တစ္ခ်က္ေပးလိုက္တယ္။
" ပုံမွန္းလုပ္ထုံးလုပ္နည္းအတိုင္းသြားမယ္ဆိုရင္ အနည္းဆုံး ေထာင္သုံးႏွစ္ေလာက္ပဲက်ေအာင္ က်ဳပ္ တရားရင္ဆိုင္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ေဆးမႈက်ေတာ့ က်ဳပ္လည္း အာမ မခံႏိုင္ဘူးဗ်။ "
သူကသာ စကားေတြဆက္ေျပာေနေပမယ့္ အခုထိ တိတ္ဆိတ္လို႔ေနတဲ့ လီ႐ွီခ်င္းေၾကာင့္ နည္းနည္းေတာ့ ေၾကာက္စိတ္ဝင္လာမိကာ
" က်ဳပ္လုပ္ႏိုင္တာ အစြမ္းကုန္လုပ္ေပးမွာပါ။ ခ်င္းရယ္က ဒီနယ္မွာ ပါဝါအႀကီးဆုံးပဲဟာ။ ၿပီးေတာ့ ဘဝေပးကုသိုလ္ကလည္းေကာင္းတဲ့သူဆိုေတာ့ ပုံမွန္လုပ္ထုံးလုပ္နည္းေတြအတိုင္း မလုပ္ရင္ေတာင္ ျပႆနာသိပ္မ႐ွိေလာက္ပါဘူးဗ်ာ။ "
လီ႐ွီခ်င္း ေခါင္းၿငိမ့္ျပကာ
" က်ဳပ္သိၿပီ။ ဒီတစ္ခါေတာ့ ခင္ဗ်ားကိုပဲ အပူကပ္ရေတာ့မွာပဲဗ်ာ။ ကဲ... ယန္မင္၊ မစၥတာဝမ္ကို လိုက္ပို႔ေပးလိုက္ပါဦး။ "
ဝမ္ေဝစီကိုလိုက္ပို႔ၿပီးျပန္လာေတာ့ ျပတင္းေပါက္နားမွာ အျပင္ကိုေငးကာ မ်က္ေမွာင္ၾကဳံ႕ရင္း အေတြးနယ္ခ်ဲ႕လ်က္႐ွိတဲ့ လီ႐ွီခ်င္းကို ယန္မင္ေတြ႕လိုက္ရတယ္။
" ဦးေလး။ လင္းက်ီကအျပင္မွာ အခုထိ ဒူးေထာက္ေနတုန္းပဲ။ ကြၽန္ေတာ္ဘယ္လိုလုပ္လိုက္ရမလဲ။ "
" သူနဲ႔ဘာမွ မဆိုင္ဘူး။ ဒါက ေ႐ွာင္းလီ အ,လို႔ခံရတာပဲဟာ။ "
လီ႐ွီခ်င္းက ေအးစက္စက္ျပန္ေျပာလိုက္တယ္။
ယန္မင္က မဲ့ျပဳံးျပဳံးကာ
" ေၾသာ္...ဦးေလးရယ္။ ဦးေလး သိၿပီးသားပဲဟာကို။ "
ထို႔ေနာက္ အျပင္သို႔ထြက္လာကာ လင္းက်ီးကို ဒူးတက္ေထာက္စရာမလိုပဲ အိမ္ျပန္လို႔ရၿပီျဖစ္ေၾကာင္းေျပာလိုက္တယ္။ သို႔ေပမယ့္ အျပစ္မကင္းသလိုခံစားရတဲ့ လင္းက်ီကေတာ့ တုပ္တုပ္ေတာင္ မလႈပ္ရဲပဲ ဒူးဆက္ေထာက္လို႔ေနတယ္။ ေခါင္းမာၿပီး အေၾကာက္အလန္႔မ႐ွိတဲလင္းက်ီရဲ႕ပုံကို ေတြ႕ေတာ့ ယန္မင္လည္း သူ႕ကိုေမာင္းထုတ္ဖို႔ ေလွာင္ရယ္ကာ တစ္ခ်က္ေလာက္ေဆာင့္ကန္ၿပီးမွ အခန္းထဲ ျပန္ဝင္လာလိုက္တယ္။
အခန္းထဲျပန္ေရာက္ေတာ့ လီ႐ွီခ်င္းက နဂိုအတိုင္းပဲ႐ွိေနေသးတာကို ေတြ႕ရကာ သူကေတာ့ ဆိုဖာေပၚမွာ ေနာက္ေက်ာကို ေအးေဆးမွီရင္း သက္ေတာင့္သက္သာနဲ႔
" ကြၽန္ေတာ္ သူ႕ကိုေလွ်ာ့တြက္မိတာပဲ။ ဒီေကာင္က ဟန္က်ားကိုလည္း ရေအာင္ျပန္ေခၚလာၿပီး သူ႕ညီကိုလည္း အေဝးပို႔လိုက္ေသးတယ္။ အဲ့ဒါေတြလည္းၿပီးေရာ သူ႕မွာ ပူပန္စရာ ဘာမွမက်န္ေတာ့ဘူး။ ဒီအထိ သူေလွ်ာက္လာခဲ့တဲ့လမ္းကို စဖ်က္ဖို႔လုပ္ႏိုင္ၿပီေပါ့။ မူးယစ္ေဆးေရာ လုဝူလက္ေအာက္က အေဆာက္အအုံေရာ.... က်စ္။ ဦးေလး... ကြၽန္ေတာ္႕ကို ေျပာစမ္းပါ။ သူဘယ္တည္းက ဒါေတြကို ၾကံစည္ေနလဲဆိုတာ။ "
အေတြးလြန္ေနတဲ့ လီ႐ွီခ်င္းက ယန္မင္ကို လွည့္ၾကည့္ကာ မ်က္ႏွာေသျဖင့္
" သူ႕ညီ ႏိုင္ငံျခားသြားတုန္းက သူဂိုဏ္းကေန ထြက္ေျပးလြတ္ေျမာက္မယ့္ အခြင့္အေရးရေအာင္ လုပ္မယ္လို႔ ငါထင္ခဲ့တယ္။ "
" ဒါေပမယ့္ သူမလုပ္ခဲ့ဘူးေလ။ "
ယန္မင္ အခုမွ တစ္ခုခုကို သေဘာေပါက္သြားသလို ႐ွိကာ အားရပါးရ ထရယ္တယ္။
" အဲ့ေတာ့ ဦးေလးက ဦးေလးမွာ ႀကိဳးစားဖို႔အခြင့္အေရး ႐ွိေသးတယ္ ထင္ခဲ့တယ္ေပါ့။ ဦးေလး လက္ေအာက္က သူမလြတ္ေျမာက္ႏိုင္ေတာ့ဘူးလို႔ ထင္တယ္ေပါ့။ "
လီ႐ွီခ်င္းက ယန္မင္ကို ေအးစက္စြာ စိုက္ၾကည့္လိုက္တာေၾကာင့္ ယန္မင္လည္း ေၾကာက္လန္႔ကာ ပါးစပ္ပိတ္သြားရတယ္။ အၾကာႀကီး တိတ္ဆိတ္ေနၿပီးမွ ေနရခက္တဲ့ေလထုကို ၿဖိဳခြဲဖို႔ ယန္မင္ တစ္ခုခုေျပာဖို႔ ႀကိဳးစားလိုက္တယ္။
" ဦးေလး၊ အခု ဦးေလးမွာ အခြင့္အေရး သုံးခုပဲ႐ွိတယ္။ "
" ေျပာစမ္းပါဦး။ "
" ပထမတစ္ခုက သူ႕ကို သတ္ခြင့္ေပးပါ။ ေဘးနားဝန္းက်င္က လုဝူရဲ႕ ပိုင္နက္ျဖစ္ေနရင္ေတာင္ ေ႐ွာင္းလီကို သတ္ဖို႔ လူငွါးတာပဲျဖစ္ျဖစ္ လူလႊတ္တာပဲျဖစ္ျဖစ္ လြယ္လြယ္ေလးပဲ။ ဒါက ဂိုဏ္းကိစၥဆိုေတာ့ လုဝူလည္း ဂ႐ုစိုက္မွာမဟုတ္ဘူး။ "
ထို႔နာက္ ယန္မင္ရဲ႕ ႏႈတ္ခမ္းေထာင့္က ျပန္ေကြးတက္သြားကာ
" ဒီကိစၥကို ဂိုဏ္းထဲမွာ သိတဲ့သူနည္းေလ ေကာင္းေလပဲ။ အဲ့ေတာ့ ဦးေလး ကြၽန္ေတာ္႕ကိုသာ လႊတ္လိုက္။ "
လီ႐ွီခ်င္းရဲ႕ မ်က္လုံးက ေအးစက္မႈေတြ ထုတ္လႊတ္လို႔ေနတယ္။ ၾကည့္ရတာ ဒီအၾကံအစည္ကို အတည္ေပါက္ စဥ္းစားေနပုံပင္။
" ဒုတိယက သူ႕ကိုလႊတ္ေပးလိုက္ၿပီးအားလုံးသင္ပုန္းေခ်လိုက္တာပဲ။ "
ယန္မင္က ဆိုဖာေပၚျပန္မွီကာ
" ဦးေလးကေလ အသည္းကလည္း မာႏိုင္တာမဟုတ္ပဲနဲ႔။ သူ႕ကို သတ္လည္းမသတ္ရက္ ထိလည္းမထိရက္။ ဒီေလာက္ႏွစ္ေတြအၾကာႀကီး ေ႐ွာင္းလီလည္း ကြၽန္ေတာ္တို႔ကို အမ်ားႀကီးလုပ္ေပးခဲ့ၿပီးၿပီပဲ။ ကုသိုလ္လုပ္တယ္သေဘာထားၿပီး လႊတ္ေပးလိုက္ေပါ့။ "
လီ႐ွီခ်င္း တစ္ခ်က္ၾကည့္ကာ
" တတိယတစ္ခုကေရာ "
" တတိယတစ္ခုကေတာ့ ကြၽန္ေတာ္ အႀကိဳက္ဆုံးေပါ့။ "
ယန္မင္ သူ႕ေမးေစ့ကို ပြတ္လိုက္ကာ သတိမထားမိေလာက္တဲ့ အျပဳံးေရးေရးက မ်က္ႏွာထက္ေပၚလာတယ္။
" ကံကိုယုံၿပီး လုဝူကိုသာသြား႐ွာလိုက္။ ဦးေလး သူ႕ဆီသြားၿပီး အကူအညီေတာင္းဖူးတာ အခုက ပထမဆုံးလည္း မဟုတ္ဘူး။ သူ႕ပိုင္နက္နယ္ေျမကေန ေ႐ွာင္းလီကို ထုတ္လာေပးဖို႔အကူအညီေတာင္း။ ၿပီးရင္ သူ႕ေျခေတြ လက္ေတြခ်ိဳးထားၿပီး အခန္းထဲမွာ ေသာ့ခတ္ထားလိုက္။ အဲ့ဒါဆို ဦးေလးလည္း သူနဲ႔စိတ္ႀကိဳက္ ကစားလို႔ရၿပီ။ ဒီထက္ပိုၿပီး သာယာခ်င္ေသးရင္ေတာ့ ဦးေလးအစ္မသားက ေဟာဒီမွာဗ်ာ ဦးေလးအတြက္ ကူဖို႔။ ေဆးေလးဘာေလးသုံး........ "
" မင္း ဘာေျပာလိုက္တယ္။ "
လီ႐ွီခ်င္းက စကားျဖတ္ေျပာလိုက္တယ္။
" အာ... ဦးေလးႀကိဳက္သေလာက္ ကစားလို႔ရတယ္ေျပာတာပါ။ "
" လုဝူအေၾကာင္းကိုေျပာတာ။ "
ယန္မင္ ခဏေလာက္စဥ္းစားလိုက္ၿပီး
" ကံကိုယုံၿပီး လုဝူကို သြား႐ွာလိုက္လို႔ေျပာတာ။ ဦးေလး သူ႕ကို အရင္ကလည္း အကူအညီေတာင္းဖူးတယ္ေလ။ "
လီ႐ွီခ်င္းက မ်က္ေမွာင္ၾကဳံ႕ကာ သူ႕တစ္ကိုယ္တည္းတီးတိုးစကားေတြေျပာလ်က္ေနရာက အျပင္က တပည့္တစ္ေယာက္ကို အက်ယ္ႀကီးေအာ္ေခၚလိုက္တယ္။ ထို႔ေနာက္ တစ္ေနရာရာကိုသြားဖို႔ ကားရယ္ ေငြပမာဏအမ်ားႀကီးရယ္ကိုပါ ျပင္ခိုင္းတယ္။
" ဦးေလး..... "
လီ႐ွီခ်င္းက ယန္မင္ကိုတစ္ခ်က္ၾကည့္ကာ
" ဝန္ႀကီးခ်ဳပ္စြန္းနဲ႔ေတြ႕ဖို႔ ငါ့ကိုကူညီေပးဦး။ သူ႕အဆက္အသြယ္နဲ႔ လုဝူကို ကပ္ရမွာပဲ။ "
ဟိုးအရင္ စြန္းက်ဲယြီတစ္ေယာက္ ဒီအနီးနားက ၿမိဳ႕တစ္ၿမိဳ႕ရဲ႕ ျပည္သူ႕လုံျခဳံေရးဌာနမွာတာဝန္က်စဥ္တုန္းက လုဝူနဲ႔အတူ လက္တြဲလို႔အလုပ္ေတြလုပ္ခဲ့ၾကတယ္။ ေနာက္ပိုင္း တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္အျဖစ္ရာထူးတိုးသြားေတာ့လည္း လုဝူက သူ႕ရဲ႕ မိတ္ေဆြေဟာင္းလည္းျဖစ္ ေက်းဇူး႐ွင္လည္းျဖစ္တဲ့ စြန္းက်ဲယြီအိမ္ကို အဝင္အထြက္လုပ္ေလ့႐ွိကာ ေက်းဇူးတရားကိုလည္း ေဖာ္ျပရင္း အဆက္အသြယ္ေကာင္းေလးလည္း ရေအာင္ အားထုတ္ေလ့႐ွိတယ္။
လီ႐ွီခ်င္းက စြန္းက်ဲယြီကိုေတာ့ အေတာ္ေလး ေလးစားတယ္။ အရင္က စြန္းက်ဲယြီဟာ လုဝူတစ္ေယာက္တည္းကိုသာ အကာအကြယ္ေပးႏိုင္ေပမယ့္ အခုဆိုရင္ သူ႕ကိုပါ ၾကည့္႐ႈေစာင္မႏိုင္စြမ္း႐ွိေနၿပီျဖစ္တယ္။ လီ႐ွီခ်င္း စိတ္တိုင္းက်ေအာင္ ကူညီေထာက္ပံ့ေပးႏိုင္သူျဖစ္ကာ အေတာ္လည္း ပါးနပ္သူပင္ျဖစ္တယ္။ သို႔ေသာ္ ဒီတစ္ခါ ယန္မင္က ေတြ႕ဆုံဖို႔ဆက္သြယ္ရာမွာေတာ့ ႐ႊင္႐ႊင္ပ်ပ်မ႐ွိ။
" က်င္းတင္းမွာ ၆နာရီခြဲ? အင္း...ရတယ္ေလ။ "
စြန္းက်ဲယြီက ေပါ့ေပါ့ပါးပါးပင္ ျပန္ေျပာတယ္။
" ေန..ေန။ မလိုပါဘူး။ က်ဳပ္ကား႐ွိပါတယ္။ "
ထို႔ေနာက္ စြန္းက်ဲယြီ ဖုန္းခ်ကာ ေဘးကိုပစ္ထားလိုက္တယ္။
ေ႐ွ႕ကလူကိုၾကည့္ကာ ေကာ္ဖီခြက္ကိုကိုင္လို႔ တစ္ငုံေလာက္ေမာ့ေသာက္ၿပီးေနာက္ ခပ္ေအးေအးပင္
" ေရာင့္ရဲမႈမ႐ွိတဲ့လူတစ္ေယာက္က ဆင္ကိုၿမိဳဖို႔ ႀကိဳးစားေနတဲ့ ေႁမြလိုပဲလို႔ဆိုတယ္။ ဆရခ်ီ... ငါ မင္းကို ဒီအေၾကာင္း႐ွင္းျပစရာ ဘာမွမလိုဘူးထင္တာပဲ။ "
ၿမိဳ႕ရဲ႕ ေဈးအႀကီးဆုံးေကာ္ဖီဆိုင္ေတြထဲက တစ္ခုရဲ႕အခန္းငယ္ေလးကို ေ႐ွးဆန္စြာ အဖိုးတန္ပစၥည္းတို႔ျဖင့္တန္ဆာဆင္ထားေသာ္ျငား အခန္းတြင္း႐ွိ လူႏွစ္ေယာက္ရဲ႕စိတ္အေျခအေနက ထိုအရာကို ခံစားခြင့္မေပး။
သုန္မႈန္ေနေသာ အမူအရာျဖင့္ စြန္းက်ဲယြီက စကားဆက္ေျပာဖို႔ ျငင္းဆန္ေနကာ သူ႕အေ႐ွ႕မွာထိုင္ေနတဲ့ ခ်ီ႐ိႈ႕ယြမ္ေတာင္မွ မ်က္ႏွာပ်က္စျပဳလာတယ္။
" ဝန္ႀကီးခ်ဳပ္စြန္း... ခင္ဗ်ားလည္း မၾကာခင္ အၿငိမ္းစားယူေတာ့မွာ မဟုတ္လား။ "
ခ်ီ႐ိႈ႕ယြမ္အသံထဲ ေသေစႏိုင္ေလာက္တဲ့ ေအးစက္မႈေတြ ေပ်ာ္ဝင္ေနကာ
" ခင္ဗ်ားရဲ႕လက္႐ွိရာထူးကို ထိန္းမထားႏိုင္ဘူးဆိုရင္ ေနာင္ အိုမင္းလာေတာ့မွ လူေတြလက္ညိႇဳးထိုးေလွာင္ေျပာင္စရာ ျဖစ္မွာ မေၾကာက္ဘူးလားဗ်။ "
စြန္းက်ဲယြီက သူ႕ကိုၾကည့္ကာ မခ်ိျပဳံးျပဳံးရင္း
" ေကာင္းၿပီေလ။ မင္းက ဘာပဲျဖစ္ျဖစ္ ငါ့ကိုအၾကပ္ဖို႔စဥ္းစားထားမွေတာ့......။ ပင္စင္ယူဖို႔က ႏွစ္ႏွစ္ေလာက္ပဲ က်န္ေတာ့တာ။ ကဲ ဆိုပါဦး လာရင္းကိစၥကို "
" အေပ်ာ္႐ွာမလို႔ေလ။ "
ခ်ီ႐ိႈ႕ယြမ္ ခပ္ယဲ့ယဲ့ျပဳံးကာ
" ဒီၿမိဳ႕တစ္ဝိုက္က ဂိုဏ္းေတြထဲမွာ ေ႐ွာင္းလီဆိုတဲ့ နာမည္နဲ႔လူကို ၾကားဖူးလား။ "
စြန္းက်ဲယြီက ေတြးေတြးဆဆျဖင့္
" အေ႐ွ႕ဘက္ျခမ္းက ဂိုဏ္းေခါင္းေဆာင္မဟုတ္လား။ ဒါေပါ့... ၾကားဖူးတာေပါ့။ "
" အဲ့လူက အခုဒီနားက ၿမိဳ႕မွာ အဖမ္းခံထားရတယ္။ ခင္ဗ်ား သူ႕ကို မထိမခိုက္နဲ႔ အျပင္ေရာက္ေအာင္ ထုတ္ေပးႏိုင္မယ္လို႔ က်ဳပ္ ယုံတယ္။ "
" ဒီေလာက္ကေတာ့ မခဲယဥ္းပါဘူး။ "
" သူက အျပင္ေရာက္လာၿပီးရင္လည္း ဒုစ႐ိုက္ေလာကနဲ႔ အဆက္သြယ္ျဖတ္ခ်င္ေနတာ။ အဲ့ဒါ ခင္ဗ်ား လီ႐ွီခ်င္းနဲ႔ လူကိုယ္တိုင္သြားေတြ႕ၿပီး ေျပာေပးဖို႔လည္း မခဲယဥ္းဘူး မဟုတ္လား။ "
စြန္းက်ဲယြီက ေမးခြန္းထုတ္ခ်င္ေနေသာ အၾကည့္ျဖင့္ၾကည့္ကာ ေလသံကလည္း တစ္ဖန္ ေအးစက္လာျပန္တယ္။
" ဆရာခ်ီ.... မင္းရဲ႕ ေလာဘကလည္း အေတာမသတ္ႏိုင္ပါလားကြ..ဟမ္။ ယုန္တစ္ေကာင္ ေဒါသထြက္ရင္ လူကို ကိုက္ပဲကိုက္ခ်င္ေနမယ္ထင္လား။ ငါဆိုတဲ့ စြန္းက်ဲယြီကို မင္းက အမဲဖ်က္လို႔ရတဲ့ယုန္ေလး အခြင့္ေကာင္းယူလို႔ရတဲ့ယုန္ေလးလို႔မ်ား မင္းထင္ေနလား။ "
စြန္းက်ဲယြီ ခြက္ထဲက ေကာ္ဖီကို အကုန္ေမာ့ေသာက္ကာ
" အႏၲရာယ္ကင္းကင္းနဲ႔ အျပင္ေရာက္ေအာင္ လုပ္ေပးရမလား ဒုစ႐ိုက္ေလာက,ကေန ထြက္လို႔ရေအာင္ လုပ္ေပးရမလား ငါတစ္ခုပဲ လုပ္ေပးႏိုင္မယ္။ မင္းႀကိဳက္ရာ ေ႐ြးႏိုင္တယ္။ "
ခ်ီ႐ိႈ႕ယြမ္က ေခါင္းကို အသာေမာ့ကာ သူ႕ေ႐ွ႕က လူဆီက ထုတ္လႊတ္ေနတဲ့ ေအးစက္မႈကို လ်စ္လ်ဴ႐ႈကာ ရယ္ေမာရင္း
" က်င္းတင္မွာ၆ နာရီခြဲ။ လီ႐ွီခ်င္းက ခင္ဗ်ားနဲ႔ေတြ႕ခ်င္ေနတာ မဟုတ္လား။ "
စြန္းက်ဲယြီ ခဏေတာ့ ေၾကာင္သြားတယ္။
" လီ႐ွီခ်င္းကလည္း ေ႐ွာင္းလီကို ရေအာင္ ထုတ္ေပးခ်င္ေနမွာပဲ။ ခင္ဗ်ားကို ေငြအထုပ္လိုက္ လက္ေဆာင္ေပးမယ္ဆိုတာလည္း ေျမႀကီးလက္ခတ္မလြဲေပါ့။
ဝန္ႀကီးခ်ဳပ္စြန္း... ခင္ဗ်ားက အစိုးရထိပ္ပိုင္းေခါင္းေဆာင္။ လီ႐ွီခ်င္းပိုက္ဆံကိုယူၿပီး သူခိုင္းတာလုပ္ေပးမယ္ဆိုေတာ့....လီ႐ွီခ်င္းက လာဘ္ထိုးတဲ့သူေပါ့။
ေ႐ွာင္းလီ လြတ္လာမယ္ဆိုရင္ ခင္ဗ်ား လီ႐ွီခ်င္းကို သိကၡာက်ေအာင္ လုပ္သလိုျဖစ္မယ္။ လီ႐ွီခ်င္းကို နာမည္ဖ်က္ၿပီး ေ႐ွာင္းလီကို သူ႕လက္ထဲက ေခၚထုတ္ဖို႔ အခြင့္အေရးရမယ္။ ခင္ဗ်ားက သူ႕ကို မ်က္ႏွာနာစရာမွ မ႐ွိတာ။
ၿပီးေတာ့ တစ္ဖက္မွာလည္း ခင္ဗ်ားရဲ႕လွ်ိဳ႕ဝွက္ခ်က္ၿပီး ဆက္ၿပီးထိန္းထားႏိုင္ဦးမယ္။ ကဲ ဘယ္ေလာက္ေကာင္းလိုက္လဲ။ "
စြန္းက်ဲယြီက သူ႕ကိုတိတ္ဆိတ္စြာ စိုက္ၾကည့္ရင္း လုပ္ျပဳံးေလးျပဳံးလ်က္
" ဆရာခ်ီ၊ မင္း ေက်ာင္းမွာေတာ့ စာေကာင္းေကာင္းမသင္ပဲ ဘာလို႔ ဒီလို လူဆိုးလူမိုက္ေတြနဲ႔ ေရာခ်င္ေနရတာလဲ။ ငါေတာ့ နားကိုမလည္ဘူး။
ဒါမွမဟုတ္ ဟန္က်ားကို ေတာ္ေတာ္ႀကိဳက္ေနတာမ်ားလား။ ေ႐ွ႕ရက္ေတြတုန္းက ဟန္က်ားကို လာကယ္ခိုင္းတယ္။ အခုက် သူ႕ရည္းစားကို လာကယ္ခိုင္းတယ္။ သူတို႔က ခြဲထားလို႔ရတာမဟုတ္ဘူး။ မင္း ၾကားက ဝင္တိုးလို႔လည္း ရမွာမဟုတ္ဘူး။ "
" အဲ့ဒါ ခင္ဗ်ားနဲ႔မဆိုင္ပါဘူး။ ေ႐ွာင္းလီကိုလႊတ္ေပးဖို႔ လီ႐ွီခ်င္းဆီမွာ ေျပာဖို႔ မေမ့ရင္ ရၿပီ။ "
ခ်ီ႐ိႈ႕ယြမ္ရဲ႕အဖတ္မလုပ္သလိုပုံကို ၾကည့္ကာ စြန္းက်ဲယြီ ႏွာေခါင္း႐ႈံ႕ရင္း
" ဒါဆို မင္းလည္း မင္းလက္ထဲကအရာေတြကို ေသခ်ာေလး ေစာင့္ၾကည့္ထားေနာ္။ မင္း အိမ္ဘယ္မွာလဲ ငါသိတယ္ဆိုတာ မေမ့နဲ႔။ "
ခ်ီ႐ိႈ႕ယြမ္ ဆက္မေနခ်င္ေတာ့တာေၾကာင့္ မတ္တပ္ရပ္ကာ
" လာႏိုင္ရင္ လာလိုက္စမ္းပါ။ "
သူမတ္တပ္ေကာင္းေကာင္းမရပ္ရေသးခင္မွာပဲ စြန္းက်ဲယြီက သူ႕ပုခုံးကို ဖိကိုင္ထားတယ္။
သူ႕ဘဝအတြက္ ကံအဆိုးဆုံးကာလေတြက စြန္းက်ဲယြီ ရာဇဝတ္မႈႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ျဖစ္ခဲ့တုန္းက ျဖစ္တယ္။ သူ႕ကိုအခုလိုမ်ိဳးပဲ မတ္တပ္ထမရပ္ႏိုင္ေအာင္ ပုခုံးေပၚကေန ဖိအားေပးဆုပ္ကိုင္ထားျခင္းခံခဲ့ရတယ္။
စြန္းက်ဲယြီ သြားၾကားထဲက ထြက္လာတဲ့အံႀကိတ္သံကို တစ္လုံးခ်င္းစီျဖတ္ေတာက္ကာျဖင့္
" မင္းက မင္းအေဖနဲ႔ေရာ အေမနဲ႔ပါ တစ္စက္မွ မတူပါလား။ ခ်ီဖုန္းနဲ႔အားသန္းမွာ ဘယ္လိုလုပ္မင္းလိုသားမ်ိဳး ႐ွိေနတာပါလိမ့္။ "
ခ်ီ႐ိႈ႕ယြမ္ တစ္ကိုယ္လုံးတုန္ယင္လာတာကို သူ႕ကိုယ္သူသတိထားမိတယ္။ သူ႕ပုခုံးေပၚက လက္ကိုဖယ္ခ်ကာ မ်က္ႏွာမွာ အျပဳံးတစ္ပြင့္ကို အတင္းလုပ္ယူျပဳံးလ်က္ တစ္ဖက္လူရဲ႕ေလသံအတိုင္း တစ္ေထရာတည္း တုပကာ သူ႕ေ႐ွ႕က လူကို တန္ျပန္တိုက္ခိုက္လိုက္တယ္။
" သူတို႔ႏွစ္ေယာက္နာမည္ကို ခင္ဗ်ားပါးစပ္နဲ႔ထုတ္ေျပာဖို႔ မတန္ဘူး။ "
သူ႕အၾကည့္က အခန္းထဲကေလထုကို ၿငိမ္သက္သြားေစၿပီး ေအးစက္စြာရယ္လ်က္
" လူသတ္သမား "
အစကေတာ့ အခန္းထဲကထြက္လာၿပီးရင္ တန္းျပန္မလို႔ေပမယ့္ မူးေဝေနာက္က်ိလာမႈကို အံမတုႏိုင္ရကာ သန္႔စင္ခန္းအတြင္းသို႔ဝင္ၿပီး ေဆးေၾကာလိုက္ရတယ္။
စိတ္ပ်က္စရာပဲ။ မင္း လူသတ္သမားနဲ႔ စကားေျပာခဲ့ရတာ။
စိတ္ပ်က္စရာပဲ။ မင္းသူနဲ႔ ဆက္သြယ္ခဲ့ရတာ။
စိတ္ပ်က္စရာပဲ။ မင္းမိဘနာမည္ကို ထုတ္ေျပာၿပီး မင္းကိုသေရာ္တာကို နားေထာင္လိုက္ရတာ။
႐ြံစရာပဲ။ မင္းသူ႕ကို အၾကပ္ကိုင္လိုက္ရတာ။
ဟုတ္တယ္။ တကယ္ စိတ္ပ်က္စရာအေကာင္းဆုံးက မင္းကိုယ္တိုင္ပဲ။
မိဘေတြရဲ႕လွ်ိဳ႕ဝွက္ခ်က္ကိုသုံးၿပီး ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈအတြက္ ေသသြားတဲ့ မိဘေတြရဲ႕နာမည္ကို ခ်နင္းလိုက္တာ မင္းမဟုတ္ဘူးလား။
ကိုယ့္ေကာင္းက်ိဳးအတြက္ ဒီေလာက္ႏွစ္ေတြ အၾကာႀကီး ေ႐ွာင္ပုန္းေနခဲ့တာေရာ မင္းမဟုတ္ဘူးလား။
မင္းကိုယ္တိုင္ကပဲ မင္းအေပၚ အထင္အျမင္ေသးခြင့္ ႏွိမ့္ခ်ခြင့္ကို အဲ့လူဆီ ေပးလိုက္တာေလ။ မင္းမိဘေတြကို သိကၡာခ်လိုက္တာ မင္းကိုယ္တိုင္ပဲေလ။ စိတ္ပ်က္စရာေကာင္.... ခ်ီ႐ိႈ႕ယြမ္.... မင္းကတကယ္ စိတ္ပ်က္စရာပါလား။
ခ်ီ႐ိႈ႕ယြမ္ သူ႕ရင္ထဲက လိႈက္တက္လာတဲ့နာက်င္မႈေၾကာင့္ ေဘးကနံရံေပၚ အသာမွီလိုက္တယ္။
ေ႐ွာင္းလီ.... ေ႐ွာင္းလီေရ....
ဒီအမည္နာမကို တိုးတိုးတိတ္တိတ္ ထပ္တလဲလဲ ေရ႐ြတ္လိုက္ေတာ့ နာက်င္မႈက အနည္းငယ္ သက္သာသြားသေယာင္။
ေ႐ွာင္းလီ၊ ကိုယ္က မင္းကို ကာကြယ္ေပးခ်င္မိ႐ုံပါ။ ကိုယ္က အစြမ္းအစမဲ့ၿပီး စိတ္ပ်က္စရာေကာင္းလြန္းတယ္။ မင္းေရာ... ဒီလိုအေျခအေနမ်ိဳးေတြ ေက်ာ္ျဖတ္ခဲ့ဖူးလား။ မင္းကိုယ္မင္း မုန္းရင္း ဒီလိုစိတ္ပ်က္စရာ အလုပ္ေတြလုပ္ခဲ့ဖူးလား။ ဒီလို စိတ္ေဝဒနာေတြနဲ႔ နာက်င္ခဲ့ဖူးလား။ ဒါဆို... မင္း.... မင္း ကိုယ့္ကို မ႐ြံမုန္းေနေလာက္ပါဘူးေနာ္။
အေတြးေတြနဲ႔နစ္မြန္းေနရာက ေရပိုက္ေခါင္းကိုဖြင့္ကာ ေရေအးေတြနဲ႔မ်က္ႏွာသစ္လိုက္ၿပီးေနာက္ သူ႕ရင္ထဲခံစားခ်က္ေတြ ေပါက္ထြက္မလာခင္ အတန္ငယ္ ၿငိမ္သက္လို႔သြားတယ္။
တစ္ခါမွ ဒီေလာက္ထိ ေ႐ွာင္းလီနဲ႔ နီးစပ္တယ္လို႔မခံစားခဲ့ဖူးသလို တစ္ခ်ိန္တည္းမွာပဲ အရမ္း အလွမ္းေဝးေနသလိုလည္း ခံစားမိတယ္။
စိတ္ေအးသြားၿပီးေနာက္ ကိုယ့္ကိုကိုယ္ သပ္သပ္ရပ္ရပ္ျပင္ဆင္ကာ အျပင္ထြက္လာခဲ့တယ္။ သတိမထားလိုက္မိပါပဲ စိတ္လြတ္ေနသကဲ့သို႔ ေအးစက္ေတာင့္တင္းမႈက ခ်ီ႐ိႈ႕ယြမ္ထံ လႊမ္းမိုးသြားတယ္။ ဒီလိုအမူအရာမ်ိဳး ေ႐ွာင္းလီဆီမွာလည္း သူျမင္ဖူးတယ္။
တန္ဖိုးမဲ့သြားတဲ့ ေယာက်္ားတစ္ေယာက္၊ အရာအားလုံးနဲ႔ လမ္းလြဲသြားတဲ့ ေယာက်္ားတစ္ေယာက္ရဲ႕ အမူအရာမ်ိဳးေပါ့။
******************
T/N
ႏွစ္ပိုင္းေလာက္ၿပီးရင္ေတာ့ အဆင္ေျပသြားမွာပါ။ 😁😁