အပိုင်း-၃
စာမေးပွဲဖြေဆိုခြင်း-၂
ပြိုင်ပွဲစတင်၍ သုံးရက်အကြာ
နေမထိတောအုပ်ကြီးထဲတွင်...
"ရင်းဝူ ငါတို့ဒီတောအုပ်ကြီးထဲရောက်နေတာ သုံးရက်ရှိပြီး ဒါပေမဲ့ဒီမှာနေရင်းထိုင်ရင်းကို ဒီတောကြီးက အရမ်းထူးဆန်းလွန်းနေတယ်၊မင်းကြည့်လေ ငါ့တို့ဒီတောကြီးထဲ မရောက်ခင်က နေ့အချိန်လေကွာ၊ဒီတောကြီးကို ရောက်လာတာ မှောင်မည်းနေတာပဲ၊နေ့မှန်းမသိ ညမှန်းမသိ ကြည့်လိုက်တဲ့နေရာတိုင်းမည်းတူးနေတာပဲ...."
"နေမထိ တောအုပ်ပါဆို
ကျင်းဟူ နယ်စပ်ကဒီလောက်နာမည်ကြီးတဲ့တောအုပ်အကြောင်းမသိဘူးလား.... "
"မသိဘူး.."
ရင်းဝူမှာသက်ပြင်းချလျက်ရှင်းပြလာလေသည်။
စစချင်းတုန်းက နေမထိတောအုပ်မှာ အခြားတောအုပ်များနှင့် အတူတူပင်။ထိုအချိန်က ကျင်းဟူမြို့မှာ အဖြစ်အပျက်ဆိုးကြီးဖြစ်ခဲ့ပြီး ထောင်ပေါင်းများစွာ မိစ္ဆာများ ရုတ်တရက်ပေါ်ပေါက်လာခဲ့လေ၏။
ထိုနေ့၌ ကျင်းဟူမြို့တွင် ရေပေါ်မီးပုံးပွဲတော်ရှိသည့်အတွက် လူများစွာစည်းကားနေပြီး မိစ္ဆာတွေရုတ်တရက်လာတိုက်ခိုက်ကြသည့်အခါ ပြေးမလွတ်တော့ဘဲ လူပေါင်းထောင်နဲ့ချီသေဆုံးခဲ့ရသည့် ဖြစ်ရပ်ပင်။
ထိုမိစ္ဆာများထဲမှ အငြိုးကြီးနှစ်တစ်ထောင် မိစ္ဆာများပါလာကြသောအခါဂိုဏ်းငယ်တွေက မထိန်းထားနိုင်တော့ပဲ အထက်ပိုင်းကျင့်ကြံသူတွေကိုအကြောင်းကြားရလေ၏။ကျင်းဟူမြို့က တုန်နယ်မြေ(ကောင်းကင်ပြာဂိုဏ်းနယ်မြေ)ဖြစ်သောကြောင့်ကောင်းကင်ပြာဂိုဏ်းက လာရောက်ဖြေရှင်းပေးလေသည်။သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကောင်းကင်ပြာဂိုဏ်းက နောက်ကျသွားသည့်အတွက် မသေသင့်သည့်လူများစွာသေဆံုးခဲ့ရသည်။ထိုကိစ္စနဲ့ပတ်သက်၍ယခုအချိန်ထိ ကောင်းကင်ပြာဂိုဏ်းက အပြစ်တင်ခံနေရဆဲပင်။
မိစ္ဆာတွေ တော်တော်များများသေပြီး သက်တမ်းရင့်တဲ့မိစ္ဆာတွေက ထွက်ပြေး၊ကျင့်ကြံသူတွေကလည်း မိစ္ဆာတွေကို လိုက်ဖမ်းကြရာမှ ထိုမိစ္ဆာများမှာ ကျင်းဟူနယ်စပ်နားက တောမှာ လာရောက်ပုန်းခိုနေကြလေ၏၊ဒါကြောင့်ကျင့်ကြံသူတွေအကုန်လုံး စုပြီး အကာအကွယ်စည်း နဲ့ တောအုပ်အပြင်ဘက်ကို မိစ္ဆာတွေလုံး၀မထွက်နိုင်အောင် ချိတ်ပိတ်လိုက်ကြလေ၏။
ရင်းဝူသည် ခနသာ ရပ်တန့်လိုက်ပြီးနောက်-
"နောက်ပိုင်း ဘယ်လိုဖြစ်သွားလဲတော့မသိဘူး အရှင်ဖမ်းမိတဲ့မိစ္ဆာတွေကိုဒီတောအုပ်မှာပဲ လာဖမ်းထားကြတာပဲ၊မိစ္ဆာတွေ အများကြီး၊အများကြီး ရှိလာတော့ ဒီတောအုပ်မကောင်းဆိုးဝါးစွမ်းအင်တွေတစ်အားစုပုံပြီးနေရောင် လုံး၀မထိုးတော့ဘူး အဲ့ဒါကြောင့်မို့ နောက်ပိုင်းဒီတောအုပ်ကို 'နေမထိတောအုပ်' လို့ခေါ်ကြတော့တာပဲ၊ငါလည်း မထင်မိဘူးဒီနေရာက စာမေးပွဲ စစ်ဆေးမဲ့နယ်မြေလို့..."
ဖေးဟိုင်စကားပြန်ပြောတော့မည်အပြု နှစ်ယောက်လုံးရပ်တန့်သွားကြလေသည်။သူတို့၏ ဓားများကိုကိုင်လိုက်ကာ တိုက်ခိုက်မည့်ပုံစံ အသင့်ပြင်လိုက်လေသည်။ထို့နောက်ဖေးဟိုင် က တိုးညင်းစွာပြောလာလေသည်။
"တစ်ခုခု လာနေတယ်..!"
နှစ်ယောက်လုံး ဒီတောအုပ်ကြီး ထဲသို့ ရောက်လာတာ သုံးရက်ရှိခဲ့ပြီ၊ထို့ကြောင့်တစ်ဖြည်းဖြည်းနဲ့ ဒီတောအုပ်ကြီး အထာကိုသဘောပေါက်လာကြပြီလေ။နေရောင်ခြည်မရသော ကြောင့်ဒီနေရာတွင်အကြားအာရုံကိုသာအဓိကအသုံးပြုရလေသည်။မိစ္ဆာ ဆိုသည်မှာ အလွန့်ကို လှည့်ဖြားတတ်သော အရာမျိုး။ဒါကြောင့်တော်တော် လေးသတိထားရပေမည်။တစ်ခုခု လွဲချော်သွားမယ်ဆိုတာနဲ့ အသက်တောင်ဘယ်နားပျောက်သွားမှန်းသိလိုက်မှာမဟုတ်ဘူး။
ရုပ်လုံးမပေါ်သောအရာတစ်ခု မှာဖေးဟိုင်တို့ နားသို့တစ်ဖြည်းဖြည်းရွေ့လာလေသည်။ထိုအရာမှာနီးကပ်လာလေ၊နှစ်ယောက်သား သိလိုက်ရတာကအဲ့အရာက တစ်ကောင်ထဲမဟုတ်ပေ။အုပ်စုလိုက်ကြီးရွေ့လျား လာခြင်းပေ။
ဝုန်း!
ထိုအရာမှာ ဖေးဟိုင်အရှေ့သို့
ဖွားကနဲပေါ်လာပြီး ဖေးဟိုင်ကိုသဲသဲမဲမဲ ရိုက်ချလိုက်လေသည်။ဖေးဟိုင် သည်ထို ရိုက်ချက်ကြောင့် အနောက်သို့အနည်းငယ်လွှင့်ထွက်သွားလေသည်။
"အဟွတ်!...ဘာကောင်လဲ?"
သူအာရုံစိုက်ပြီးကြည့်သော်လည်း သူ့ကိုရိုက်လိုက်သော အကောင်မှာ ဘာကောင်မှန်းမသိသေး။ထိုအချိန် အမှောင်ထဲမှ ရင်းဝူ၏ အသံမှာထွက်ပေါ်လာလေ၏။
"ဖေးဟိုင်!!!!မြန်မြန်ရှောင် မင်းဆီကိုထပ်လာနေပြီ..."
ရင်းဝူအသံမှာ မဆုံးသေးပင် ဖေးဟိုင် ထက်အရိုက်ခံလိုက်ရပြန်သည်။
ဘာကောင်လဲဟ သူရွေ့လျားတဲ့ အသံကို လုံး၀မကြားရဘူး အမှောင်ကြောင့်မမြင်ရပါဘူးဆို
ဖေးဟိုင်စိတ်ထဲမှတွေးနေရင်းပင်ဘာမှန်းမသိသော အကောင်ထံမှထပ်ပြီးအဆော်ခံရပြန်လေသည်။ လေး၊ငါးချက်လောက်အရိုက်ခံရပြီးဖေးဟိုင် အထာနပ်သွားပြီလေ။ထိုအကောင် ရွေ့လျားတဲ့အသံကိုမကြားရပေမယ့် ၎င်းလှုပ်ရှားလိုက်တိုင်း လေတိုးသံ သဲ့သဲ့ကိုကြားနေရလေသည်။ ဖေးဟိုင်ရဲ့ မျက်နှာကြီးမှာပြုံးဖြီးလာ၏
"မင်းပြီးပြီဆိုတော့ ငါအလှည့်ပေါ့နော်....."
ထိုအရာမှာ ဖေးဟိုင်စကားကြောင့် နောက်တစ်ကြိမ်လှုပ်ရှားလာလေသည်၊ဖေးဟိုင်မှာ အာရုံစုထား၏။
လေတိုးသံကြားပြီးဒီတော့ငါမှန်းကြည့်မယ် မင်းဘယ် ကလာ လောက်မလဲ...
'ဝှစ်' ထိုအကောင်မှာဖေးဟိုင်ဆီသို့ အလွန်လျင်မြန်စွာရောက်လာလေသည်။ဒီတစ်ကြိမ်မှာတော့ဖေးဟိုင် အနောက်ဖက်ကပင်။ဖေးဟိုင်သည် ချက်ချင်းဆိုသလို ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ကာ အနောက်ဖက်က တိုက်ခိုက်မှုကို သူ့၏ဓားဖြင့် ဟန့်တားလိုက်လေသည်။ထို့နောက် ချက်ချင်းဆိုသလိုပဲ သူ့၏ ဓားဖြင့်ထိုအကောင် ကိုပိုင်းချ လိုက်လေသည်။
ထိုအကောင် မှာဒဏ်ရာ ရသွားသည့်သဖွယ် ညီးသံတစ်ချက်ထုတ်လွှတ်လိုက်လေသည်။ဒဏ်ရာ ရသွားသဖြင့်ထိုအရာမှာသိ သိသာသာကိုပင် လှုပ်ရှားမှုမှာ နှေးကွေးသွားလေသည်။
သည်အချိန်မှ သာပြန်မတိုက်ရင် ဘယ်အချိန်ပြန်တိုက်မှာတုန်း??
ဖေးဟိုင်သည် သူ၏၀ိညာဥ်စွမ်းအင်များကို ဓားထဲသို့စုစည်းလိုက်လေသည်။ဖေးဟိုင်၏ ဓားမှာ ဝိညာဉ်စွမ်းအင် များကြောင့် အလင်းရောင်များဖြာထွက်လာပြီး မူလအရွယ်ထက် ပို၍ပင်ရှည်ထွက်လာလေသည်။ဖေးဟိုင်မှာ အပေါ်သို့တစ်ချက်မျှခုန်တက်ကာ အားမာန်အပြည့်ဖြင့် သူ၏ဓားကိုခုတ်လွှဲလိုက်လေသည်။ ထိုအရာမှာ ဖေးဟိုင် ဓားချက်ကြောင့် အစိတ်စိတ်အမြွာအမြွာကွဲထွက်သွားလေသည်။ဖေးဟိုင် ခနမျှရပ်တန့်နေပြီးနောက် ကြောင်အသွားသည်။
"နေပါအုံး လာနောက်နေတာလား!!!!ဘာကောင်မှန်းတောင် မသိသေးဘူးလေ၊သေသွားပြီတဲ့လား...."
နေမထိတောအုပ်အပြင်ဘက်တွင် ညအချိန်ရောက်သွားသောကြောင့်တောအုပ်ကြီးထဲတွင်လမင်းကြီးထွက်ပေါ်လာလေ၏။တောအုပ်ကြီးကို နေအလင်းရောင်မထိုးပေမဲ့၊လအလင်းရောင်ကတော့ ဖြာကျနေလျက်ရှိသည်။လအလင်းရောင်အကူအညီဖြင့် ဖေးဟိုင်မှာ ပျောက်နေသောရင်းဝူ ကိုရှာရလေသည်။
သို့သော်ဖေးဟိုင် မြင်လိုက်ရသောအရာမှာ မိစ္ဆာတွေ အုံလိုက်ကြီးက သူ့ကိုပြူးပြူးကြီး ကြည့်နေခြင်းပင်။ဖေးဟိုင် သတ်လိုက်သော မိစ္ဆာမှာ လက်တွေခြေတွေပြတ် လျက် သူ့ခြေထောက်အောက်နားတွင်ရှိလေသည်။အနံ့အသက်က တော့တစ်ကယ်ကိုအော်ဂလီဆန်ဖွယ်ရာပင်။ဖေးဟိုင်မှာခနသာမျှကြောင်အ နေပြီးနောက်
"အားးးး!!!ရင်းဝူ မင်းဘယ်မှာလဲ သေပြီလား ငါ့ကိုပြန်ထူးပါအုံး...."
ရင်းဝူမှာ သစ်ပင်ခြေရင်းနားတွင် လဲကျနေ လေသည်။ဖေးဟိုင်မှာ ချက်ချင်းပင် ရင်းဝူကိုကုန်းပိုးကာ အသေပြေးလေတော့သည်။
"အဲ့ဒါကြောင့်မို့ အသံတွေကအများကြီး ကြားနေရပါတယ်ဆို အုပ်လိုက်ကြီး တဲ့လား!!!အားးးးငါ့ကိုတောင်ပြူးပြူး ကြီးကြည့်နေသေးတယ်...."
"ဟားဟား "
ဖေးဟိုင်၏အနောက်မှရယ်သံများရုတ်ချည်းထွက်ပေါ်လေသည်။ဖေးဟိုင် မှာ ဒေါသအနည်းငယ်စွက်သော လေသံဖြင့် မေးလာသည်။
"ရင်းဝူ၊မင်းရီနိုင်သေးတယ်ပေါ့၊ဟမ်!!မင်းကို ကုန်းပိုးလာတာကိုမှ အားမနာ...!"
သို့သော်လည်းရင်းဝူမှာ ဆက်ရယ်နေဆဲပင် ဖေးဟိုင်မှာ စိတ်ဆိုးပြီး အနောက်ကိုလှည့်ကြည့်လိုက်သောအခါ သူကုန်းပိုးလာသော အရာမှာ ရင်းဝူ မဟုတ်ပဲ မျက်လုံး၊နှာခေါင်း၊ပါးစပ်တို့မှ သွေးတွေစီးကျနေသောမိစ္ဆာမ တစ်ကောင်ပင်၊ထိုအရာ မှာ ဖေးဟိုင်အား ရယ်ပြလာလေသည်။
"အား!!!!!!"
ဖေးဟိုင်၏ အော်သံမှာတစ်
တောလုံးကိုလွှမ်းခြုံသွားလေသည်။
...
တုန်နယ်မြေ ကောင်းကင်ပြာဂိုဏ်း၏ ကျောက်စိမ်း စံအိမ်တော်တွင်။
ဆံပင်များဖြူစွက်နေသော အဘိုးကြီး နှင့် သက်လက်ပိုင်း အရွယ်လောက်ရှိလူကြီးတစ်ယောက်မှာ တစ်ခုခုကိုဆွေးနွေးနေဟန်ပေါ်နေလေ၏။
သတ်လက်ပိုင်း လူကြီးမှာ သူ၏၀တ်ရုံအစကိုလက်ဖြင့်သိမ်းကာ ရေနွေးထည့်ပေးနေလေသည်။သူ့၏အပြုအမူများမှာအလွန်ညင်သာလှပေ၏။
ထိုသူ မှာ ကောင်းကင်ပြာဂိုဏ်း၏ဂိုဏ်းချုပ် တုန်ဟောက်ချွမ်း ဖြစ်လေသည်၊ကောင်းကင်ပြာ ဂိုဏ်း၏နယ်မြေ'တုန်' ဆိုသော စကားလုံးကို အစနာမည်ယူထားခြင်းပေ။တုန်ဟောက်ချွမ်း၏ ဘေးတွင်ထိုင်နေသော သူမှာအရင်က ဂိုဏ်းချုပ်ဖြစ်ခဲ့သော တုန်ဟောက်ရွဲ့ ပင်ဖြစ်လေသည်။တုန်ဟောက်ရွဲ့ မှာ အသက်ကြီးပြီ ဖြစ်သော်လည်း သွက်သွက်လက်လက် ရှိနေဆဲပင်။
တုန်ဟောက်ရွဲ့ မှာ ရေနွေးခွက်ကို ကိုင်ကာ တစ်ငုံမျှသောက်ပြီးနောက် မေးလာ၏။
"ဒီတစ်ခေါက် စာမေးပွဲစစ်ဆေးတဲ့ နယ်မြေကို မင်းသတ်မှတ်ပေးတာ ဆို.... "
"ဟုတ်ပါတယ် အဖေ ကျွန်တော်သတ်မှတ်ပေးတာပါ....."
အနှစ်နှစ်ဆယ် တစ်ကြိမ်စာမေးပွဲ
မကျင်းပမီ ဂိုဏ်းလေး ဂိုဏ်း၏ ဂိုဏ်းချုပ်များက မဲနှိုက်လျက် မဲပေါက်သော သူမှာ စစ်ဆေးမဲ့စာမေးပွဲ ပုံစံ၊နယ်မြေများကို သတ်မှတ်ပေးလေ့ရှိသည်။
"မင်းက ဘယ်လိုကြောင့် နယ်မြေကို 'နေမထိတောအုပ်' လို့သတ်မှတ်လိုက်ရတာ လဲ၊အဲ့တောအုပ် မှာ တစ်ကယ်ကို ဆိုးရွားလွန်းတဲ့ မိစ္ဆာတွေ အများကြီး၊အသက်ရှင်နိုင်သူရောရှိပါ့မလား"
တုန်ဟောက်ချွမ်း သည်ပြုံးလျက်ဆိုလာလေ၏။
"အဲ့ဒါတော့ကျွန်တော်လည်းမခန့်မှန်းတတ်ဘူး၊တစ်ကယ်အရည်အချင်းရှိတဲ့သူတွေပဲ ထွက်လာနိုင်မှာပေါ့.... "
"ဒါနဲ့၊မင်း သူ့ကို ရှာတွေ့ပြီလား.."
မဆီမဆိုင် ထမေးလာသော တုန်ဟောက်ရွဲ့ ၏အမေးစကားကြောင့် တုန်ဟောက်ချွမ်း မျက်နှာပေါ်မှ အပြုံးများဟာ ချက်ချင်းဆိုသလိုပင် အေးခဲသွားလေသည်။ထို့နောက်ပုံမှန်လေသံ နှင့်ပင် ပြန်ဖြေပေးလာ၏။
"အခုချိန်ထိ အဲ့ကလေးကို ရှာမတွေ့သေးပါဘူး.."
တုန်ဟောက်ရွဲ့မှာ ဒေါသထွက်သွားပုံ ရသည် သောက်နေသောရေနွေးခွက်ကိုစိတ်ဆိုးစွာဖြင့် ခွဲလိုက်လေသည်။ရေနွေးများ မှာ ကြမ်းပြင်ပေါ်သို့ ဖိတ်စင်သွားလေသည်။
"လူတစ်ယောက်ကိုရှာခိုင်းနေတာ အခုချိန်ထိမတွေ့သေးဘူးလား!!! ဒါမှမဟုတ်မင်း ပြန်မခေါ်ချင်လို့လား...အဲ့ကလေးက မင်းရဲ့..."
တုန်ဟောက်ချွမ်း က ဘာမှပြန်မပြောလာပေ ကြမ်းပြင်ပေါ်ရှိ ကျကွဲသွားသော ရေနွေးခွက်ကိုသာစွဲစွဲမြဲမြဲစိုက်ကြည့်နေလေသည်။ထိုအကြည့်များတွင် အဓိပ္ပါယ်ဖော်ဆောင်လို့ မရသော နက်ရှိုင်းမှုများလည်းပါ၀င်နေပေသည်။
...
နေမထိတောအုပ်ထဲတွင် လူငယ်လေးတစ်ယောက်ရဲ့ မောဟိုက်နေသည့် အသံများထွက်နေသည်။
ဖေးဟိုင်မှာ သစ်ပင်တစ်ပင်ကို မှီလျက် အမောဆိုက်နေပေ၏။ပါးစပ်မှလည်းစကားများ တစ်တွတ်တွတ်ဆိုလေသည်။
ဌဒီအထိတော့ဟို မိစ္ဆာမ မလိုက်လာလောက်ပါဘူးနော်၊ငါကြားဖူးတာကတော့ မိစ္ဆာမ တွေကအလှအပကြိုက်တယ်ဆို၊ကြီးတော်ကြီးကို အလှအပကြိုက်တာလား၊ဟိုတစ်ယောက်ရုပ်ကိုမြင်ပြီး ငါ့နှလုံး...တွေအောင့်လာသလိုပဲ..."
ထိုအချိန်တွင် အခြားေနရာမှထွက်ေပါ်လာေသာ ခြေသံအား ကြားရပြန်လေသည်။ဖေးဟိုင် စိတ်ထဲမှ အော်ဟစ် နေပေ၏။
ဒီတစ်ခေါက်ရော ဘာကောင် လာပြန်ပြီလဲ!!
အသံကြားရာသို့လှည့်ကြည့်လိုက်ရာထိုသူမှာ ဒဏ်ရာအနည်းငယ်ရနေသော ရင်းဝူဖြစ်နေလေ၏။ဖေးဟိုင် ချက်ချင်းကုန်းရုန်းထကာ ရင်းဝူ ဆီသို့အပြေးလေးသွားလေ၏။ထို့နောက်ပထမဆုံးပြောလိုက်သောစကားမှာ-
"ရင်းဝူ၊ငါမိစ္ဆာအခြောက် ခံလိုက်ရတယ်...."
အမှန်ဆို 'မင်းဘယ်လိုဒဏ်ရာ ရလာတာလဲ' ဖြစ်ရမှာလေ၊တစ်ကယ်ကို သောက်တလွဲ ဖေးဟိုင် ပါပင်။ရင်းဝူမှာ သူ့ကို စိတ်ပျက်သလိုပင် ကြည့်လာလေသည်။ဖေးဟိုင် တစ်ယောက် သူဘယ်လို မိစ္ဆာ အခြောက်ခံရ ကြောင်းကို မရပ်မနားပြောနေလေသည်။နောက်တော့ မှ ရင်းဝူ ဒဏ်ရာ ရနေသော လက်မောင်းကို မြင်သွားလေသည်။
"မင်း....မင်းဖုတ်ကောင် အကိုက်ခံခဲ့ရတာလား! မင်း အဲ့ဒါဆေး မထည့်ပဲနေ၊နေတာလား...ခုန်ဆွ ခုန်ဆွဖုတ်ကောင် အဖြစ်ပြောင်းသွားမှာမကြောက်ဘူးလား!!!!"
ရင်းဝူမှာမူ ပုံမှန်အတိုင်းတည်ငြိမ်နေသည်။
"အကိုက်ခံ ခဲ့ရတာက တော့အမှန်ပဲ၊ဒါပေမဲ့ မင်းပြောသလို ဖုတ်ကောင် အကိုက်ခံရတာမဟုတ်ဘူး..."
ထိုသည်ကို ကြားသောအခါမှာ ဖေးဟိုင်မှာ စိတ်ချမ်းသာစွာ သက်ပြင်းချလိုက်လေ၏။
"ဪ ဖုတ်ကောင်မဟုတ်လို့တော်သေးတာပေါ့၊ဒါနဲ့ငါတို့အတိုက်ခံ ရတုန်းက မင်းဘယ်ရောက်သွားတာလဲ၊အစ အနတောင်ရှာမရအောင်ပျောက်သွားတာ..."
"ငါလည်းပျောက်ချင်လို့ပျောက်သွားတာမှမဟုတ်တာ...ဟိုအကောင်က ငါ့ကို ကိုက်ပြီးတော့ ဆွဲ လွှတ်ပစ်လိုက်တာ သစ်ပင်ပေါ်သွားချိတ်နေတာပဲ..."
နှစ်ယောက်သာခနသာမျှ ပြောစရာစကားပျောက်ဆုံးသွားလေသည်....။
ရင်းဝူကပင် ဆက်ပြောလာလေသည်။
"ဟိုအကောင်ကရော ဘယ်ရောက်သွားပြီလဲ..."
"ဪ....သားရဲမိစ္ဆာလား၊ငါသတ်လိုက်ပြီ..."
သားရဲမိစ္ဆာ ဆိုသည်မှာ အဆင့်
နိမ့်မိစ္ဆာ အမျိုးအစားထဲတွင်ပါ၀င်သော မိစ္ဆာ တစ်မျိုးပင်။ခေါင်းမှာ လူပုံသဏ္ဌာန်ဖြစ်ရှိပြီး ကျန်သောနေရာများမှာ သားရဲကဲ့သို့ခြေချောင်းများရှိလေသည်။သားရဲမျိုး စပ်သဖြင့်ထိုမိစ္ဆာ ၏အားသာချက်မှာ အလွန်လျင်မြန်ခြင်းပင်ဖြစ်သည်၊ည အမှောင်နှင့်ပေါင်းစပ်လိုက်သော အခါပို၍အားသာ သွားခြင်းပင်။
"ဒီည မင်းနားနေလိုက်တော့ ငါကင်းစောင့်လိုက်မယ်....."
ရင်းဝူ မှာငြင်းဆန်ခြင်းမပြုပေ။သစ်ပင်အောက်သို့ထိုင်ကာ ဖြေးညင်းစွာဖြင့်မျက်လုံးများကိုမှိတ်လိုက်လေတော့သည်။
ညဉ့်ဦးယံ မှာတစ်ဖြည်းဖြည်း နက်လာလေပြီ၊ကောင်းကင်ပေါ်တွင်ရှိသော လမင်းကြီးမှာလည်းမြင့်တက်လာလျက်။ပုရစ်သံ လေးတွေ ကြားရမယ်အစား ရံဖန်ရံခါမိစ္ဆာ များ၏ ငှက်ဆိုးထိုးသံ ကိုသာကြားနေရပေသည်။
ရင်းဝူ မှာသစ်ပင် ပင်စည်တွင်မှီလျက် အိပ်မောကျနေပုံရသည်။ဖေးဟိုင် ကမူ တုတ်တစ်ချောင်းကိုင်ကာ မြေပြင်ပေါ်တွင် ပုံဆွဲနေလေသည်။နှစ်ယောင်သား တစ်ယောက်တစ်လှည့်စီ ကင်းစောင့်လေ့ရှိကြသည်။ဒီတောကြီးထဲမှာ အဖော်မပါဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။မိစ္ဆာတွေရုတ်တရက် လာတိုက်မလားဆိုတာ ရင်တထိတ်ထိတ်နှင့်ပင်။
သူ့တို့ နှစ်ယောက်မှာ ရံဖန်ရံခါအနှစ်တစ်ရာလောက်သက်တမ်းရှိသော မိစ္ဆာများနှင့် တွေ့သော်အခါအမြဲရှောင်သွားလေ့ရှိသည်။ထိုမိစ္ဆာ များမှာဒုက္ခ အပေးဆုံးဖြစ်လေသည်။ထို့ကြောင့်ထိုမိစ္ဆာ များနှင့် ထိတ်တိုက်မတွေ့ပဲ ကွေ့ပတ်ကာရှောင်သွားလေ့ရှိသည်။နှစ်ယောက်လုံး မှာတောသား လေးများဖြစ်သည့်အတွက်တောတိုးရာတွင် ကျွမ်းလှပေသည်။နှစ်ယောက်သား လမ်းလျှောက်နေရင်းပင် ဖေးဟိုင်က အကြံပေးလာ၏။
"ရင်းဝူ ငါတို့ ဒီလိုမျိုးလျှောက်သွားနေမဲ့ အစား တစ်နေရာထဲမှာပဲ အတည်အကျနေသင့်တယ်လို့ ထင်တယ်..."
"မင်း ပြောတာလဲမှန်တာပဲ ငါတို့ အဆင်ပြေလောက်မဲ့ နေရာတွေ့ရင် အဲ့မှာပဲနေလိုက်တာပေါ့..."
သို့သော် ထိုသူတို့နှစ်ယောက်မှာကြိုးစားပြီး လျှောက်လာခဲ့သော်လည်း အဆင်ပြေမည့် နေရာမျိုးအခုချိန်ထိမတွေ့သေးပေ။ဖေးဟိုင် တို့နှစ်ယောက်သား သွားနေရင်းပင် ဆက်ခနဲ ရပ်တန့်လိုက်ကြလေသည်။နှစ်ယောက်သား မျက်နှာတွင်လည်း ကြောက်ရွံမှုများ အထင်းသား။
'ပြင်းလိုက်တဲ့ မိစ္ဆာအငွေ့အသက်'
နှစ်ယောက်သား ကြည့်လိုက်သော နေရာတွင် မိစ္ဆာတစ်ကောင်ရှိနေလေသည်။သူတို့ တစ်ချိန်လုံးသတိမထားမိခဲ့ပေ။
ထိုမိစ္ဆာက ဝံပုလွေတစ်ကောင်ဖြစ်ပြီးလူကဲ့သို့ပင် မက်တပ်ရပ်နေလေသည်။ဝံပုလွေဆိုသည်မှာ ခြေလေးချောင်းရှိသောသတ္တဝါဖြစ်လေသည်။သို့သော် ထိုဝံပုလွေက မက်တပ်ရပ်နေသည့်တိုင်ထို မိစ္ဆာ၏ထိပ်ဖက်၌ မျက်လုံး သုံးလုံးေတာင်ရှိလေသည်။ထိုမျက်လံုးများက သားရဲတစ်ကောင်တိုင်းပင် ဒေါင်လိုက်အနေအထားကျဉ်းမြောင်းနေကာ သူ့ရဲ့ပတ်၀န်းကျင်အားအကဲခတ်နေ၏။
ထို၀ံပုေလွ မိစ္ဆာ၏ အစွယ်များကငေါထွက်နေပြီးကြောက်မက်ဖွယ်ရာကောင်းသော အသွင်သဏ္ဌာန် အားပေးစွမ်းသည်။
မျက်လုံးများက တစ်ခုခုကို အလွန်အကြူးရှာဖွေနေသည့် သဖွယ် ဘေးဖက်သို့ ပြူးပြူးပြဲပြဲလိုက်ကြည့်နေလေသည်။
ဖေးဟိုင် မှာ ဒီတောထဲကို၀င်လာပြီးနောက် မိစ္ဆာ အများကြီး ကိုမြင်ဖူးခဲ့သော်လည်း ဒီလောက် အန္တာရယ်ကြီး လှသော မိစ္ဆာမျိုးကို မမြင်ဖူးခဲ့သည့် အတွက်ထိုနေရာ၌ပင် ကြက်သေသေ နေမိသည်။ထိုသို့ မလှုပ်မယှက် ဖြစ်နေသာ ဖေးဟိုင်ကို ရင်းဝူမှာ အောက်သို့ ဆွဲချကာ ခြုံနွှယ်အတွင်း၌ ပုန်းစေလိုက်သည်။
ဖေးဟိုင်မှာ ခနသာသတိလွတ်နေပြီး ရင်းဝူ သူ့ကိုဆွဲချလိုက်သောအခါမှသာ သတိပြန်၀င်လာလေသည်။ရင်းဝူမှာ တိုးတိုးတိတ်တိတ် အမူအရာတစ်ခု လုပ်ပြလာလေသည်။
"ဒီနေရာက မြန်မြန် ထွက်သွားရအောင်.."
ဖေးဟိုင်သည် လည်းခေါင်းညိမ့်ပြလာလေသည်။သူတို့ နှစ်ယောက်ဒီနေရာမှမြန်မြန် ထွက်သွားသင့်ပေသည်။ထိုမိစ္ဆာ မှာ အနှစ်တစ်ရာ သက်တမ်းထက်ပင် ကျော်နေပေလောက်သည်။အနှစ်တစ်ရာလောက် ရှိသောမိစ္ဆာများ တောင် သူတို့ နှစ်ယောက်မှာ ခက်ခက်ခဲခဲတိုက်နေပေရသည်။ထိုမိစ္ဆာ မှာ သူတို့ တိုက်ခိုက်နိုင်သော အဆင့်လုံး၀မဟုတ်ပေ။
သူတို့ နှစ်ယောက်ထွက်သွားမည် အပြု စောနတုန်းကပင် ငြိမ်နေသော မိစ္ဆာမှာ ရုတ်တရက်ကြီးပင် လှုပ်ရှားလာလေသည်။သူ့က မြေပြင်ပေါ်ကုန်းလိုက်ကာ ပြေးထွက်သွားပြီး
သူ့မနီးမဝေး၌ရှိနေသော တစ်စုံတစ်ခုကိုလှမ်း ဆွဲလိုက်လေသည်။ထို လှမ်းဆွဲလိုက်သောအရာမှာ လူသားတစ်ယောက်ပင်။သူတို့ နှစ်ယောက်ကဲ့သို့ ပင် စာမေးပွဲလာဖြေဆိုသော ကောင်လေးတစ်ယောက်ပင်။ထိုကောင်လေးမှာ ကြောက်လန့်နေပြီး အသေရုန်းကန်နေလေသည်။
"အား!!!ကျွန်တော့်ကိုလွှတ်ပေးပါ၊အကိုကြီး ကျွန်တော့်ကိုကယ်ပါအုံး...!!!!"
ထိုကောင်လေး၏ အဖော်ဖြစ်သူမှာလည်း ဓားကိုတုန်တုန်ရီရီကိုင်လျက် ခက်ခက်ခဲခဲပြောလာသည်။
"မပူနဲ့.. ငါမင်း...ကိုကယ်ပေးမယ်"
ထိုမိစ္ဆာမှာ ကောင်လေးအား ခြေထောက်မှ ဆွဲထားချင်ပင်။ထို့နောက် သူ့၏ လက်အရှည်ကြီးများ ဖြင့် ကောင်လေးအား သူ့၏ မျက်လုံးနားသို့ ကပ်လိုက်ကာ ပြူးကြည့်နေလေသည်။ထို့နောက် ထိုမိစ္ဆာ ၏ပါးစပ်များ မှာ ပွင့်လာပြီးဆိုးရွားလှသော အသံဆိုးကြီး ထွက်ပေါ်လာလေသည်။
"လူသားတစ်ယောက်...ဒီတောကြီး ထဲမှာ လူသားကဘယ်လိုဖြစ်လို့ရှိေနတာလဲ..."
ထိုအဖမ်းခံထားရသော ကောင်လေးမှာထို မိစ္ဆာ၏အသံကိုကြားလိုက်ရသော်လန့်ဖျတ် သွားပြီး ဆိုးဆိုးရွားရွား အော်ဟစ်လာလေသည်။ေဘးရှိ သူ့၏ အဖော်ဖြစ်သူမှာလည်း အရမ်းလန့်နေပုံရသည် ဓားကိုင်ထားသော လက်များမှာ တဆက်ဆက်တုန်နေလျက်။
"အား!!!!"
ခြုံထဲ၌ ပုန်းနေသော ဖေးဟိုင် နှင့် ရင်းဝူတို့ နှစ်ယောက်သား မှာတော်တော်လေး အံဩသွားကြလေသည်။
အသိစိတ်ရှိနေတဲ့ မိစ္ဆာ
များသော အားဖြင့် မိစ္ဆာများကအသိစိတ်မရှိပေ။သို့သော် မိစ္ဆာများထဲ မှအန္တရာယ်အရှိဆုံး အဆင့်အဖြစ်သတ်မှတ်ထားသာ မိစ္ဆာ အမျိုးအစားတစ်မျိုးရှိသည်။ထိုအရာမှာ အသိစိတ်ရှိနေသော မိစ္ဆာများပင်။ထိုမိစ္ဆာမှာ လူများအတိုင်းပင် စကားပြောနိုင်သလို၊လူများကဲ့သို့ပင် ပြုမူနိုင်လေသည်။
အလွန်ဆုံး လူသားများ၏တိုက်ကွက်များကိုပင် အတုခိုးနိုင်သည်။ထိုမိစ္ဆာများမှာလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပင် မျိုးတုန်းသွားခဲ့ပြီ ဟု ပြောခဲ့ကြလေသည်။တိုက်ဆိုင်စွာနှင့်ပင်ဖေးဟိုင်နှင့် ရင်းဝူတို့မှာ ထိုမိစ္ဆာနှင့် တည့်တည့်ကြီးကိုလာတွေ့ခြင်းပင်။သူ့တို့နှစ်ယောက်၏ကံဆိုးမှုကိုသာ အပြစ်တင်ရပေမည်။
ထိုဝံပုလွေ မိစ္ဆာက ဆိုလာ၏။
"ငါလူသား မစားရတာတောင်ဘယ်လောက်ကြာခဲ့ပြီလဲ..."
အဖမ်းခံထားရသော ကောင်လေး၏ အဖော်ဖြစ်သူမှာ ဓားကိုလွှတ်ချကာကြောက်လန့်တကြားနှင့် ထွက်ပြေးလေသည်။ဝံပုလွေမိစ္ဆာက စိတ်ဆိုးသွားပုံရ၏။သူက မြေပြင်ပေါ်သို့နောက်တစ်ကြိမ်ကုန်းလိုက်ကာ လှစ်ခနဲ ထွက်ပြေးသွားသော ကောင်လေးရဲ့ လည်မျိုကိုကိုက်ခဲလိုက်လေသည်။
ထိုဝံပုလွေမိစ္ဆာ၏ အလျင်က အင်မတန်ကြောက်မက်ဖွယ်ရာကောင်းလှသည်။လူတစ်ယောက်ကို အချိန်တိုအတွင်း ဖမ်းလိုက်ပုံက ကြက်သီးထစရာကောင်းလှ၏။
ထိုနောက်မိစ္ဆာ၏ ကြီးမားလှသော ပါးစပ်ကြီးများပွင့်လာပြီး အစွယ်ဖွေးဖွေးအားဖွင့်လှစ်လိုက်သည်။ထို ထွက်ပြေးဖို့ကြိုးစားနေသော တစ်ယောက်ကို ကိုက်စားပစ်လေသည်။သွေးများ မှာမိုးရွာလိုက်သလို ပင် ပန်းထွက်လာလေသည်။နောက်လက် တစ်ဖက်ဖြင့် အဖမ်းခံထားရသော ကောင်လေး မှာ အကြောက်လွန်သွားသည့် ပုံရသည် လှုပ်ပင် မလှုပ်လာတော့။မိစ္ဆာမှာ ပျော်မြူးနေလေသည်။
"လူသားမစားရတာ ကြာတော့ စားလို့ကောင်းလိုက်တာ..."
ဖေးဟိုင် နှင့် ရင်းဝူတို့မှာ ထိုမြင်ကွင်းကို ကြည့်လျက် သွေးပျက်နေလေသည်။အသိစိတ်ရှိတဲ့ မိစ္ဆာတွေက လူသားစားမှန်း မသိခဲ့ပေ။ဖေးဟိုင်မှာ အပြင်ဘက်၌ တည်ငြိမ်နေသော်လည်း အတွင်း၌ အလွန့်ကိုပင် တုန်လှုပ်နေမိသည်။
လာနောက်နေတာလား မိစ္ဆာတွေက လူသားမစားဘူးလေ...ဒီမိစ္ဆာက ဘာလား!! တစ်ကယ်ကြီးလူသားစားတာလား!!!'
ဘေး၌ ရှိသော ရင်းဝူမှာလည်း ဘာစကားမှ မပြောနိုင်တော့ပေ။ဖေးဟိုင် မှာ ရင်းဝူကို ထိလိုက်ပြီး ဆိုလာ၏။
"ဘယ်လိုလုပ်မလဲ ဟိုရှင်နေသေးတဲ့ ကောင်လေးကို ကယ်ရမှာလား မကယ်ရဘူးလား"
"ကယ်တာ ကတော့ဟုတ်ပါပြီဘယ်လိုကယ် မှာတုန်း၊မင်း
မမြင်လိုက်ဘူးလား အဲ့ကောင်က မြန်လွန်းတယ် ငါတို့ ဘာအစီအစဉ်မှ မရှိဘဲဒီအတိုင်း သွားကယ်ရင် ငါတို့ နှစ်ယောက်ပါ သေလိုက်မယ်.."
သူတို့ နှစ်ယောက် မှာ ကိုယ့်မျက်စိအရှေ့၌ လူသား တစ်ယောက်အသတ်ခံရတော့မည်ကို မြင်ရဲ့သားနှင့် ကျော်ထွက်သွားလောက်အောင် အကြင်နာတရားမကင်းမဲ့လှပေ။သို့ပေမဲ့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။နှစ်ယောက် မှာလည်း အရမ်းကျွမ်းကျင်လှသူများလည်း မဟုတ်။
"မပူနဲ့...ငါ့မှာ အစီအစဉ်ရှိတယ်..ငါတို့က တိုက်မှာမှမဟုတ်တာ..ကယ်မှာလေ.."
ဟုဆိုကာ ဖေးဟိုင်မှာ ရင်းဝူနားသို့ကပ်ကာတစ်စုံတစ်ခုကို တီးတိုးပြောလာလေသည်။ထို့နောက် ဖေးဟိုင်မှာ သူ့၏ ခါး၌ရှိသောဓားကိုစမ်းလိုက်ကာ ခြုံပုတ်ထဲမှ ဝုန်းကနဲ ထွက်လာလေသည်။
Chapter 3[ပြီး]
...
Zawgyi
အပိုင္း-၃
စာေမးပြဲေျဖဆိုျခင္း-၂
ၿပိဳင္ပြဲစတင္၍ သုံးရက္အၾကာ
ေနမထိေတာအုပ္ႀကီးထဲတြင္...
"ရင္းဝူ ငါတို႔ဒီေတာအုပ္ႀကီးထဲေရာက္ေနတာ သုံးရက္႐ွိၿပီး ဒါေပမဲ့ဒီမွာေနရင္းထိုင္ရင္းကို ဒီေတာႀကီးက အရမ္းထူးဆန္းလြန္းေနတယ္၊မင္းၾကည့္ေလ ငါ့တို႔ဒီေတာႀကီးထဲ မေရာက္ခင္က ေန႔အခ်ိန္ေလကြာ၊ဒီေတာႀကီးကို ေရာက္လာတာ ေမွာင္မည္းေနတာပဲ၊ေန႔မွန္းမသိ ညမွန္းမသိ ၾကည့္လိုက္တဲ့ေနရာတိုင္းမည္းတူးေနတာပဲ...."
"ေနမထိ ေတာအုပ္ပါဆို
က်င္းဟူ နယ္စပ္ကဒီေလာက္နာမည္ႀကီးတဲ့ေတာအုပ္အေၾကာင္းမသိဘူးလား.... "
"မသိဘူး.."
ရင္းဝူမွာသက္ျပင္းခ်လ်က္႐ွင္းျပလာေလသည္။
စစခ်င္းတုန္းက ေနမထိေတာအုပ္မွာ အျခားေတာအုပ္မ်ားႏွင့္ အတူတူပင္။ထိုအခ်ိန္က က်င္းဟူၿမိဳ႕မွာ အျဖစ္အပ်က္ဆိုးႀကီးျဖစ္ခဲ့ၿပီး ေထာင္ေပါင္းမ်ားစြာ မိစၧာမ်ား ႐ုတ္တရက္ေပၚေပါက္လာခဲ့ေလ၏။
ထိုေန႔၌ က်င္းဟူၿမိဳ႕တြင္ ေရေပၚမီးပုံးပြဲေတာ္႐ွိသည့္အတြက္ လူမ်ားစြာစည္းကားေနၿပီး မိစၧာေတြ႐ုတ္တရက္လာတိုက္ခိုက္ၾကသည့္အခါ ေျပးမလြတ္ေတာ့ဘဲ လူေပါင္းေထာင္နဲ႔ခ်ီေသဆုံးခဲ့ရသည့္ ျဖစ္ရပ္ပင္။
ထိုမိစၧာမ်ားထဲမွ အၿငိဳးႀကီးႏွစ္တစ္ေထာင္ မိစၧာမ်ားပါလာၾကေသာအခါဂိုဏ္းငယ္ေတြက မထိန္းထားႏိုင္ေတာ့ပဲ အထက္ပိုင္းက်င့္ၾကံသူေတြကိုအေၾကာင္းၾကားရေလ၏။က်င္းဟူၿမိဳ႕က တုန္နယ္ေျမ(ေကာင္းကင္ျပာဂိုဏ္းနယ္ေျမ)ျဖစ္ေသာေၾကာင့္ေကာင္းကင္ျပာဂိုဏ္းက လာေရာက္ေျဖ႐ွင္းေပးေလသည္။သို႔ေသာ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေကာင္းကင္ျပာဂိုဏ္းက ေနာက္က်သြားသည့္အတြက္ မေသသင့္သည့္လူမ်ားစြာေသဆံဳးခဲ့ရသည္။ထိုကိစၥနဲ႔ပတ္သက္၍ယခုအခ်ိန္ထိ ေကာင္းကင္ျပာဂိုဏ္းက အျပစ္တင္ခံေနရဆဲပင္။
မိစၧာေတြ ေတာ္ေတာ္မ်ားမ်ားေသၿပီး သက္တမ္းရင့္တဲ့မိစၧာေတြက ထြက္ေျပး၊က်င့္ၾကံသူေတြကလည္း မိစၧာေတြကို လိုက္ဖမ္းၾကရာမွ ထိုမိစၧာမ်ားမွာ က်င္းဟူနယ္စပ္နားက ေတာမွာ လာေရာက္ပုန္းခိုေနၾကေလ၏၊ဒါေၾကာင့္က်င့္ၾကံသူေတြအကုန္လုံး စုၿပီး အကာအကြယ္စည္း နဲ႔ ေတာအုပ္အျပင္ဘက္ကို မိစၧာေတြလုံး၀မထြက္ႏိုင္ေအာင္ ခ်ိတ္ပိတ္လိုက္ၾကေလ၏။
ရင္းဝူသည္ ခနသာ ရပ္တန္႔လိုက္ၿပီးေနာက္-
"ေနာက္ပိုင္း ဘယ္လိုျဖစ္သြားလဲေတာ့မသိဘူး အ႐ွင္ဖမ္းမိတဲ့မိစၧာေတြကိုဒီေတာအုပ္မွာပဲ လာဖမ္းထားၾကတာပဲ၊မိစၧာေတြ အမ်ားႀကီး၊အမ်ားႀကီး ႐ွိလာေတာ့ ဒီေတာအုပ္မေကာင္းဆိုးဝါးစြမ္းအင္ေတြတစ္အားစုပုံၿပီးေနေရာင္ လုံး၀မထိုးေတာ့ဘူး အဲ့ဒါေၾကာင့္မို႔ ေနာက္ပိုင္းဒီေတာအုပ္ကို 'ေနမထိေတာအုပ္' လို႔ေခၚၾကေတာ့တာပဲ၊ငါလည္း မထင္မိဘူးဒီေနရာက စာေမးပြဲ စစ္ေဆးမဲ့နယ္ေျမလို႔..."
ေဖးဟိုင္စကားျပန္ေျပာေတာ့မည္အျပဳ ႏွစ္ေယာက္လုံးရပ္တန္႔သြားၾကေလသည္။သူတို႔၏ ဓားမ်ားကိုကိုင္လိုက္ကာ တိုက္ခိုက္မည့္ပုံစံ အသင့္ျပင္လိုက္ေလသည္။ထို႔ေနာက္ေဖးဟိုင္ က တိုးညင္းစြာေျပာလာေလသည္။
"တစ္ခုခု လာေနတယ္..!"
ႏွစ္ေယာက္လုံး ဒီေတာအုပ္ႀကီး ထဲသို႔ ေရာက္လာတာ သုံးရက္႐ွိခဲ့ၿပီ၊ထို႔ေၾကာင့္တစ္ျဖည္းျဖည္းနဲ႔ ဒီေတာအုပ္ႀကီး အထာကိုသေဘာေပါက္လာၾကၿပီေလ။ေနေရာင္ျခည္မရေသာ ေၾကာင့္ဒီေနရာတြင္အၾကားအာ႐ုံကိုသာအဓိကအသုံးျပဳရေလသည္။မိစၧာ ဆိုသည္မွာ အလြန္႔ကို လွည့္ျဖားတတ္ေသာ အရာမ်ိဳး။ဒါေၾကာင့္ေတာ္ေတာ္ ေလးသတိထားရေပမည္။တစ္ခုခု လြဲေခ်ာ္သြားမယ္ဆိုတာနဲ႔ အသက္ေတာင္ဘယ္နားေပ်ာက္သြားမွန္းသိလိုက္မွာမဟုတ္ဘူး။
႐ုပ္လုံးမေပၚေသာအရာတစ္ခု မွာေဖးဟိုင္တို႔ နားသို႔တစ္ျဖည္းျဖည္းေ႐ြ႕လာေလသည္။ထိုအရာမွာနီးကပ္လာေလ၊ႏွစ္ေယာက္သား သိလိုက္ရတာကအဲ့အရာက တစ္ေကာင္ထဲမဟုတ္ေပ။အုပ္စုလိုက္ႀကီးေ႐ြ႕လ်ား လာျခင္းေပ။
ဝုန္း!
ထိုအရာမွာ ေဖးဟိုင္အေ႐ွ႕သို႔
ဖြားကနဲေပၚလာၿပီး ေဖးဟိုင္ကိုသဲသဲမဲမဲ ႐ိုက္ခ်လိုက္ေလသည္။ေဖးဟိုင္ သည္ထို ႐ိုက္ခ်က္ေၾကာင့္ အေနာက္သို႔အနည္းငယ္လႊင့္ထြက္သြားေလသည္။
"အဟြတ္!...ဘာေကာင္လဲ?"
သူအာ႐ုံစိုက္ၿပီးၾကည့္ေသာ္လည္း သူ႕ကို႐ိုက္လိုက္ေသာ အေကာင္မွာ ဘာေကာင္မွန္းမသိေသး။ထိုအခ်ိန္ အေမွာင္ထဲမွ ရင္းဝူ၏ အသံမွာထြက္ေပၚလာေလ၏။
"ေဖးဟိုင္!!!!ျမန္ျမန္ေ႐ွာင္ မင္းဆီကိုထပ္လာေနၿပီ..."
ရင္းဝူအသံမွာ မဆုံးေသးပင္ ေဖးဟိုင္ ထက္အ႐ိုက္ခံလိုက္ရျပန္သည္။
ဘာေကာင္လဲဟ သူေ႐ြ႕လ်ားတဲ့ အသံကို လုံး၀မၾကားရဘူး အေမွာင္ေၾကာင့္မျမင္ရပါဘူးဆို
ေဖးဟိုင္စိတ္ထဲမွေတြးေနရင္းပင္ဘာမွန္းမသိေသာ အေကာင္ထံမွထပ္ၿပီးအေဆာ္ခံရျပန္ေလသည္။ ေလး၊ငါးခ်က္ေလာက္အ႐ိုက္ခံရၿပီးေဖးဟိုင္ အထာနပ္သြားၿပီေလ။ထိုအေကာင္ ေ႐ြ႕လ်ားတဲ့အသံကိုမၾကားရေပမယ့္ ၎လႈပ္႐ွားလိုက္တိုင္း ေလတိုးသံ သဲ့သဲ့ကိုၾကားေနရေလသည္။ ေဖးဟိုင္ရဲ႕ မ်က္ႏွာႀကီးမွာျပဳံးၿဖီးလာ၏
"မင္းၿပီးၿပီဆိုေတာ့ ငါအလွည့္ေပါ့ေနာ္....."
ထိုအရာမွာ ေဖးဟိုင္စကားေၾကာင့္ ေနာက္တစ္ႀကိမ္လႈပ္႐ွားလာေလသည္၊ေဖးဟိုင္မွာ အာ႐ုံစုထား၏။
ေလတိုးသံၾကားၿပီးဒီေတာ့ငါမွန္းၾကည့္မယ္ မင္းဘယ္ ကလာ ေလာက္မလဲ...
'ဝွစ္' ထိုအေကာင္မွာေဖးဟိုင္ဆီသို႔ အလြန္လ်င္ျမန္စြာေရာက္လာေလသည္။ဒီတစ္ႀကိမ္မွာေတာ့ေဖးဟိုင္ အေနာက္ဖက္ကပင္။ေဖးဟိုင္သည္ ခ်က္ခ်င္းဆိုသလို ကိုယ္ေနဟန္ထားကို ေျပာင္းလဲလိုက္ကာ အေနာက္ဖက္က တိုက္ခိုက္မႈကို သူ႕၏ဓားျဖင့္ ဟန္႔တားလိုက္ေလသည္။ထို႔ေနာက္ ခ်က္ခ်င္းဆိုသလိုပဲ သူ႕၏ ဓားျဖင့္ထိုအေကာင္ ကိုပိုင္းခ် လိုက္ေလသည္။
ထိုအေကာင္ မွာဒဏ္ရာ ရသြားသည့္သဖြယ္ ညီးသံတစ္ခ်က္ထုတ္လႊတ္လိုက္ေလသည္။ဒဏ္ရာ ရသြားသျဖင့္ထိုအရာမွာသိ သိသာသာကိုပင္ လႈပ္႐ွားမႈမွာ ေႏွးေကြးသြားေလသည္။
သည္အခ်ိန္မွ သာျပန္မတိုက္ရင္ ဘယ္အခ်ိန္ျပန္တိုက္မွာတုန္း??
ေဖးဟိုင္သည္ သူ၏၀ိညာဥ္စြမ္းအင္မ်ားကို ဓားထဲသို႔စုစည္းလိုက္ေလသည္။ေဖးဟိုင္၏ ဓားမွာ ဝိညာဥ္စြမ္းအင္ မ်ားေၾကာင့္ အလင္းေရာင္မ်ားျဖာထြက္လာၿပီး မူလအ႐ြယ္ထက္ ပို၍ပင္႐ွည္ထြက္လာေလသည္။ေဖးဟိုင္မွာ အေပၚသို႔တစ္ခ်က္မွ်ခုန္တက္ကာ အားမာန္အျပည့္ျဖင့္ သူ၏ဓားကိုခုတ္လႊဲလိုက္ေလသည္။ ထိုအရာမွာ ေဖးဟိုင္ ဓားခ်က္ေၾကာင့္ အစိတ္စိတ္အႁမြာအႁမြာကြဲထြက္သြားေလသည္။ေဖးဟိုင္ ခနမွ်ရပ္တန္႔ေနၿပီးေနာက္ ေၾကာင္အသြားသည္။
"ေနပါအုံး လာေနာက္ေနတာလား!!!!ဘာေကာင္မွန္းေတာင္ မသိေသးဘူးေလ၊ေသသြားၿပီတဲ့လား...."
ေနမထိေတာအုပ္အျပင္ဘက္တြင္ ညအခ်ိန္ေရာက္သြားေသာေၾကာင့္ေတာအုပ္ႀကီးထဲတြင္လမင္းႀကီးထြက္ေပၚလာေလ၏။ေတာအုပ္ႀကီးကို ေနအလင္းေရာင္မထိုးေပမဲ့၊လအလင္းေရာင္ကေတာ့ ျဖာက်ေနလ်က္႐ွိသည္။လအလင္းေရာင္အကူအညီျဖင့္ ေဖးဟိုင္မွာ ေပ်ာက္ေနေသာရင္းဝူ ကို႐ွာရေလသည္။
သို႔ေသာ္ေဖးဟိုင္ ျမင္လိုက္ရေသာအရာမွာ မိစၧာေတြ အုံလိုက္ႀကီးက သူ႕ကိုျပဴးျပဴးႀကီး ၾကည့္ေနျခင္းပင္။ေဖးဟိုင္ သတ္လိုက္ေသာ မိစၧာမွာ လက္ေတြေျခေတြျပတ္ လ်က္ သူ႕ေျခေထာက္ေအာက္နားတြင္႐ွိေလသည္။အနံ႔အသက္က ေတာ့တစ္ကယ္ကိုေအာ္ဂလီဆန္ဖြယ္ရာပင္။ေဖးဟိုင္မွာခနသာမွ်ေၾကာင္အ ေနၿပီးေနာက္
"အားးးး!!!ရင္းဝူ မင္းဘယ္မွာလဲ ေသၿပီလား ငါ့ကိုျပန္ထူးပါအုံး...."
ရင္းဝူမွာ သစ္ပင္ေျခရင္းနားတြင္ လဲက်ေန ေလသည္။ေဖးဟိုင္မွာ ခ်က္ခ်င္းပင္ ရင္းဝူကိုကုန္းပိုးကာ အေသေျပးေလေတာ့သည္။
"အဲ့ဒါေၾကာင့္မို႔ အသံေတြကအမ်ားႀကီး ၾကားေနရပါတယ္ဆို အုပ္လိုက္ႀကီး တဲ့လား!!!အားးးးငါ့ကိုေတာင္ျပဴးျပဴး ႀကီးၾကည့္ေနေသးတယ္...."
"ဟားဟား "
ေဖးဟိုင္၏အေနာက္မွရယ္သံမ်ား႐ုတ္ခ်ည္းထြက္ေပၚေလသည္။ေဖးဟိုင္ မွာ ေဒါသအနည္းငယ္စြက္ေသာ ေလသံျဖင့္ ေမးလာသည္။
"ရင္းဝူ၊မင္းရီႏိုင္ေသးတယ္ေပါ့၊ဟမ္!!မင္းကို ကုန္းပိုးလာတာကိုမွ အားမနာ...!"
သို႔ေသာ္လည္းရင္းဝူမွာ ဆက္ရယ္ေနဆဲပင္ ေဖးဟိုင္မွာ စိတ္ဆိုးၿပီး အေနာက္ကိုလွည့္ၾကည့္လိုက္ေသာအခါ သူကုန္းပိုးလာေသာ အရာမွာ ရင္းဝူ မဟုတ္ပဲ မ်က္လုံး၊ႏွာေခါင္း၊ပါးစပ္တို႔မွ ေသြးေတြစီးက်ေနေသာမိစၧာမ တစ္ေကာင္ပင္၊ထိုအရာ မွာ ေဖးဟိုင္အား ရယ္ျပလာေလသည္။
"အား!!!!!!"
ေဖးဟိုင္၏ ေအာ္သံမွာတစ္
ေတာလုံးကိုလႊမ္းျခဳံသြားေလသည္။
...
တုန္နယ္ေျမ ေကာင္းကင္ျပာဂိုဏ္း၏ ေက်ာက္စိမ္း စံအိမ္ေတာ္တြင္။
ဆံပင္မ်ားျဖဴစြက္ေနေသာ အဘိုးႀကီး ႏွင့္ သက္လက္ပိုင္း အ႐ြယ္ေလာက္႐ွိလူႀကီးတစ္ေယာက္မွာ တစ္ခုခုကိုေဆြးေႏြးေနဟန္ေပၚေနေလ၏။
သတ္လက္ပိုင္း လူႀကီးမွာ သူ၏၀တ္႐ုံအစကိုလက္ျဖင့္သိမ္းကာ ေရေႏြးထည့္ေပးေနေလသည္။သူ႕၏အျပဳအမူမ်ားမွာအလြန္ညင္သာလွေပ၏။
ထိုသူ မွာ ေကာင္းကင္ျပာဂိုဏ္း၏ဂိုဏ္းခ်ဳပ္ တုန္ေဟာက္ခြၽမ္း ျဖစ္ေလသည္၊ေကာင္းကင္ျပာ ဂိုဏ္း၏နယ္ေျမ'တုန္' ဆိုေသာ စကားလုံးကို အစနာမည္ယူထားျခင္းေပ။တုန္ေဟာက္ခြၽမ္း၏ ေဘးတြင္ထိုင္ေနေသာ သူမွာအရင္က ဂိုဏ္းခ်ဳပ္ျဖစ္ခဲ့ေသာ တုန္ေဟာက္႐ြဲ႕ ပင္ျဖစ္ေလသည္။တုန္ေဟာက္႐ြဲ႕ မွာ အသက္ႀကီးၿပီ ျဖစ္ေသာ္လည္း သြက္သြက္လက္လက္ ႐ွိေနဆဲပင္။
တုန္ေဟာက္႐ြဲ႕ မွာ ေရေႏြးခြက္ကို ကိုင္ကာ တစ္ငုံမွ်ေသာက္ၿပီးေနာက္ ေမးလာ၏။
"ဒီတစ္ေခါက္ စာေမးပြဲစစ္ေဆးတဲ့ နယ္ေျမကို မင္းသတ္မွတ္ေပးတာ ဆို.... "
"ဟုတ္ပါတယ္ အေဖ ကြၽန္ေတာ္သတ္မွတ္ေပးတာပါ....."
အႏွစ္ႏွစ္ဆယ္ တစ္ႀကိမ္စာေမးပြဲ
မက်င္းပမီ ဂိုဏ္းေလး ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္မ်ားက မဲႏိႈက္လ်က္ မဲေပါက္ေသာ သူမွာ စစ္ေဆးမဲ့စာေမးပြဲ ပုံစံ၊နယ္ေျမမ်ားကို သတ္မွတ္ေပးေလ့႐ွိသည္။
"မင္းက ဘယ္လိုေၾကာင့္ နယ္ေျမကို 'ေနမထိေတာအုပ္' လို႔သတ္မွတ္လိုက္ရတာ လဲ၊အဲ့ေတာအုပ္ မွာ တစ္ကယ္ကို ဆိုး႐ြားလြန္းတဲ့ မိစၧာေတြ အမ်ားႀကီး၊အသက္႐ွင္ႏိုင္သူေရာ႐ွိပါ့မလား"
တုန္ေဟာက္ခြၽမ္း သည္ျပဳံးလ်က္ဆိုလာေလ၏။
"အဲ့ဒါေတာ့ကြၽန္ေတာ္လည္းမခန္႔မွန္းတတ္ဘူး၊တစ္ကယ္အရည္အခ်င္း႐ွိတဲ့သူေတြပဲ ထြက္လာႏိုင္မွာေပါ့.... "
"ဒါနဲ႔၊မင္း သူ႕ကို ႐ွာေတြ႕ၿပီလား.."
မဆီမဆိုင္ ထေမးလာေသာ တုန္ေဟာက္႐ြဲ႕ ၏အေမးစကားေၾကာင့္ တုန္ေဟာက္ခြၽမ္း မ်က္ႏွာေပၚမွ အျပဳံးမ်ားဟာ ခ်က္ခ်င္းဆိုသလိုပင္ ေအးခဲသြားေလသည္။ထို႔ေနာက္ပုံမွန္ေလသံ ႏွင့္ပင္ ျပန္ေျဖေပးလာ၏။
"အခုခ်ိန္ထိ အဲ့ကေလးကို ႐ွာမေတြ႕ေသးပါဘူး.."
တုန္ေဟာက္႐ြဲ႕မွာ ေဒါသထြက္သြားပုံ ရသည္ ေသာက္ေနေသာေရေႏြးခြက္ကိုစိတ္ဆိုးစြာျဖင့္ ခြဲလိုက္ေလသည္။ေရေႏြးမ်ား မွာ ၾကမ္းျပင္ေပၚသို႔ ဖိတ္စင္သြားေလသည္။
"လူတစ္ေယာက္ကို႐ွာခိုင္းေနတာ အခုခ်ိန္ထိမေတြ႕ေသးဘူးလား!!! ဒါမွမဟုတ္မင္း ျပန္မေခၚခ်င္လို႔လား...အဲ့ကေလးက မင္းရဲ႕..."
တုန္ေဟာက္ခြၽမ္း က ဘာမွျပန္မေျပာလာေပ ၾကမ္းျပင္ေပၚ႐ွိ က်ကြဲသြားေသာ ေရေႏြးခြက္ကိုသာစြဲစြဲၿမဲၿမဲစိုက္ၾကည့္ေနေလသည္။ထိုအၾကည့္မ်ားတြင္ အဓိပၸါယ္ေဖာ္ေဆာင္လို႔ မရေသာ နက္႐ိႈင္းမႈမ်ားလည္းပါ၀င္ေနေပသည္။
...
ေနမထိေတာအုပ္ထဲတြင္ လူငယ္ေလးတစ္ေယာက္ရဲ႕ ေမာဟိုက္ေနသည့္ အသံမ်ားထြက္ေနသည္။
ေဖးဟိုင္မွာ သစ္ပင္တစ္ပင္ကို မွီလ်က္ အေမာဆိုက္ေနေပ၏။ပါးစပ္မွလည္းစကားမ်ား တစ္တြတ္တြတ္ဆိုေလသည္။
ဌဒီအထိေတာ့ဟို မိစၧာမ မလိုက္လာေလာက္ပါဘူးေနာ္၊ငါၾကားဖူးတာကေတာ့ မိစၧာမ ေတြကအလွအပႀကိဳက္တယ္ဆို၊ႀကီးေတာ္ႀကီးကို အလွအပႀကိဳက္တာလား၊ဟိုတစ္ေယာက္႐ုပ္ကိုျမင္ၿပီး ငါ့ႏွလုံး...ေတြေအာင့္လာသလိုပဲ..."
ထိုအခ်ိန္တြင္ အျခားေနရာမွထြက္ေပၚလာေသာ ေျခသံအား ၾကားရျပန္ေလသည္။ေဖးဟိုင္ စိတ္ထဲမွ ေအာ္ဟစ္ ေနေပ၏။
ဒီတစ္ေခါက္ေရာ ဘာေကာင္ လာျပန္ၿပီလဲ!!
အသံၾကားရာသို႔လွည့္ၾကည့္လိုက္ရာထိုသူမွာ ဒဏ္ရာအနည္းငယ္ရေနေသာ ရင္းဝူျဖစ္ေနေလ၏။ေဖးဟိုင္ ခ်က္ခ်င္းကုန္း႐ုန္းထကာ ရင္းဝူ ဆီသို႔အေျပးေလးသြားေလ၏။ထို႔ေနာက္ပထမဆုံးေျပာလိုက္ေသာစကားမွာ-
"ရင္းဝူ၊ငါမိစၧာအေျခာက္ ခံလိုက္ရတယ္...."
အမွန္ဆို 'မင္းဘယ္လိုဒဏ္ရာ ရလာတာလဲ' ျဖစ္ရမွာေလ၊တစ္ကယ္ကို ေသာက္တလြဲ ေဖးဟိုင္ ပါပင္။ရင္းဝူမွာ သူ႕ကို စိတ္ပ်က္သလိုပင္ ၾကည့္လာေလသည္။ေဖးဟိုင္ တစ္ေယာက္ သူဘယ္လို မိစၧာ အေျခာက္ခံရ ေၾကာင္းကို မရပ္မနားေျပာေနေလသည္။ေနာက္ေတာ့ မွ ရင္းဝူ ဒဏ္ရာ ရေနေသာ လက္ေမာင္းကို ျမင္သြားေလသည္။
"မင္း....မင္းဖုတ္ေကာင္ အကိုက္ခံခဲ့ရတာလား! မင္း အဲ့ဒါေဆး မထည့္ပဲေန၊ေနတာလား...ခုန္ဆြ ခုန္ဆြဖုတ္ေကာင္ အျဖစ္ေျပာင္းသြားမွာမေၾကာက္ဘူးလား!!!!"
ရင္းဝူမွာမူ ပုံမွန္အတိုင္းတည္ၿငိမ္ေနသည္။
"အကိုက္ခံ ခဲ့ရတာက ေတာ့အမွန္ပဲ၊ဒါေပမဲ့ မင္းေျပာသလို ဖုတ္ေကာင္ အကိုက္ခံရတာမဟုတ္ဘူး..."
ထိုသည္ကို ၾကားေသာအခါမွာ ေဖးဟိုင္မွာ စိတ္ခ်မ္းသာစြာ သက္ျပင္းခ်လိုက္ေလ၏။
"ဪ ဖုတ္ေကာင္မဟုတ္လို႔ေတာ္ေသးတာေပါ့၊ဒါနဲ႔ငါတို႔အတိုက္ခံ ရတုန္းက မင္းဘယ္ေရာက္သြားတာလဲ၊အစ အနေတာင္႐ွာမရေအာင္ေပ်ာက္သြားတာ..."
"ငါလည္းေပ်ာက္ခ်င္လို႔ေပ်ာက္သြားတာမွမဟုတ္တာ...ဟိုအေကာင္က ငါ့ကို ကိုက္ၿပီးေတာ့ ဆြဲ လႊတ္ပစ္လိုက္တာ သစ္ပင္ေပၚသြားခ်ိတ္ေနတာပဲ..."
ႏွစ္ေယာက္သာခနသာမွ် ေျပာစရာစကားေပ်ာက္ဆုံးသြားေလသည္....။
ရင္းဝူကပင္ ဆက္ေျပာလာေလသည္။
"ဟိုအေကာင္ကေရာ ဘယ္ေရာက္သြားၿပီလဲ..."
"ဪ....သားရဲမိစၧာလား၊ငါသတ္လိုက္ၿပီ..."
သားရဲမိစၧာ ဆိုသည္မွာ အဆင့္
နိမ့္မိစၧာ အမ်ိဳးအစားထဲတြင္ပါ၀င္ေသာ မိစၧာ တစ္မ်ိဳးပင္။ေခါင္းမွာ လူပုံသဏၭာန္ျဖစ္႐ွိၿပီး က်န္ေသာေနရာမ်ားမွာ သားရဲကဲ့သို႔ေျခေခ်ာင္းမ်ား႐ွိေလသည္။သားရဲမ်ိဳး စပ္သျဖင့္ထိုမိစၧာ ၏အားသာခ်က္မွာ အလြန္လ်င္ျမန္ျခင္းပင္ျဖစ္သည္၊ည အေမွာင္ႏွင့္ေပါင္းစပ္လိုက္ေသာ အခါပို၍အားသာ သြားျခင္းပင္။
"ဒီည မင္းနားေနလိုက္ေတာ့ ငါကင္းေစာင့္လိုက္မယ္....."
ရင္းဝူ မွာျငင္းဆန္ျခင္းမျပဳေပ။သစ္ပင္ေအာက္သို႔ထိုင္ကာ ေျဖးညင္းစြာျဖင့္မ်က္လုံးမ်ားကိုမွိတ္လိုက္ေလေတာ့သည္။
ညဥ့္ဦးယံ မွာတစ္ျဖည္းျဖည္း နက္လာေလၿပီ၊ေကာင္းကင္ေပၚတြင္႐ွိေသာ လမင္းႀကီးမွာလည္းျမင့္တက္လာလ်က္။ပုရစ္သံ ေလးေတြ ၾကားရမယ္အစား ရံဖန္ရံခါမိစၧာ မ်ား၏ ငွက္ဆိုးထိုးသံ ကိုသာၾကားေနရေပသည္။
ရင္းဝူ မွာသစ္ပင္ ပင္စည္တြင္မွီလ်က္ အိပ္ေမာက်ေနပုံရသည္။ေဖးဟိုင္ ကမူ တုတ္တစ္ေခ်ာင္းကိုင္ကာ ေျမျပင္ေပၚတြင္ ပုံဆြဲေနေလသည္။ႏွစ္ေယာင္သား တစ္ေယာက္တစ္လွည့္စီ ကင္းေစာင့္ေလ့႐ွိၾကသည္။ဒီေတာႀကီးထဲမွာ အေဖာ္မပါဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ေပ။မိစၧာေတြ႐ုတ္တရက္ လာတိုက္မလားဆိုတာ ရင္တထိတ္ထိတ္ႏွင့္ပင္။
သူ႕တို႔ ႏွစ္ေယာက္မွာ ရံဖန္ရံခါအႏွစ္တစ္ရာေလာက္သက္တမ္း႐ွိေသာ မိစၧာမ်ားႏွင့္ ေတြ႕ေသာ္အခါအၿမဲေ႐ွာင္သြားေလ့႐ွိသည္။ထိုမိစၧာ မ်ားမွာဒုကၡ အေပးဆုံးျဖစ္ေလသည္။ထို႔ေၾကာင့္ထိုမိစၧာ မ်ားႏွင့္ ထိတ္တိုက္မေတြ႕ပဲ ေကြ႕ပတ္ကာေ႐ွာင္သြားေလ့႐ွိသည္။ႏွစ္ေယာက္လုံး မွာေတာသား ေလးမ်ားျဖစ္သည့္အတြက္ေတာတိုးရာတြင္ ကြၽမ္းလွေပသည္။ႏွစ္ေယာက္သား လမ္းေလွ်ာက္ေနရင္းပင္ ေဖးဟိုင္က အၾကံေပးလာ၏။
"ရင္းဝူ ငါတို႔ ဒီလိုမ်ိဳးေလွ်ာက္သြားေနမဲ့ အစား တစ္ေနရာထဲမွာပဲ အတည္အက်ေနသင့္တယ္လို႔ ထင္တယ္..."
"မင္း ေျပာတာလဲမွန္တာပဲ ငါတို႔ အဆင္ေျပေလာက္မဲ့ ေနရာေတြ႕ရင္ အဲ့မွာပဲေနလိုက္တာေပါ့..."
သို႔ေသာ္ ထိုသူတို႔ႏွစ္ေယာက္မွာႀကိဳးစားၿပီး ေလွ်ာက္လာခဲ့ေသာ္လည္း အဆင္ေျပမည့္ ေနရာမ်ိဳးအခုခ်ိန္ထိမေတြ႕ေသးေပ။ေဖးဟိုင္ တို႔ႏွစ္ေယာက္သား သြားေနရင္းပင္ ဆက္ခနဲ ရပ္တန္႔လိုက္ၾကေလသည္။ႏွစ္ေယာက္သား မ်က္ႏွာတြင္လည္း ေၾကာက္႐ြံမႈမ်ား အထင္းသား။
'ျပင္းလိုက္တဲ့ မိစၧာအေငြ႕အသက္'
ႏွစ္ေယာက္သား ၾကည့္လိုက္ေသာ ေနရာတြင္ မိစၧာတစ္ေကာင္႐ွိေနေလသည္။သူတို႔ တစ္ခ်ိန္လုံးသတိမထားမိခဲ့ေပ။
ထိုမိစၧာက ဝံပုေလြတစ္ေကာင္ျဖစ္ၿပီးလူကဲ့သို႔ပင္ မက္တပ္ရပ္ေနေလသည္။ဝံပုေလြဆိုသည္မွာ ေျခေလးေခ်ာင္း႐ွိေသာသတၱဝါျဖစ္ေလသည္။သို႔ေသာ္ ထိုဝံပုေလြက မက္တပ္ရပ္ေနသည့္တိုင္ထို မိစၧာ၏ထိပ္ဖက္၌ မ်က္လုံး သုံးလုံးေတာင္႐ွိေလသည္။ထိုမ်က္လံဳးမ်ားက သားရဲတစ္ေကာင္တိုင္းပင္ ေဒါင္လိုက္အေနအထားက်ဥ္းေျမာင္းေနကာ သူ႕ရဲ႕ပတ္၀န္းက်င္အားအကဲခတ္ေန၏။
ထို၀ံပုေလြ မိစၧာ၏ အစြယ္မ်ားကေငါထြက္ေနၿပီးေၾကာက္မက္ဖြယ္ရာေကာင္းေသာ အသြင္သဏၭာန္ အားေပးစြမ္းသည္။
မ်က္လုံးမ်ားက တစ္ခုခုကို အလြန္အၾကဴး႐ွာေဖြေနသည့္ သဖြယ္ ေဘးဖက္သို႔ ျပဴးျပဴးၿပဲၿပဲလိုက္ၾကည့္ေနေလသည္။
ေဖးဟိုင္ မွာ ဒီေတာထဲကို၀င္လာၿပီးေနာက္ မိစၧာ အမ်ားႀကီး ကိုျမင္ဖူးခဲ့ေသာ္လည္း ဒီေလာက္ အႏၲာရယ္ႀကီး လွေသာ မိစၧာမ်ိဳးကို မျမင္ဖူးခဲ့သည့္ အတြက္ထိုေနရာ၌ပင္ ၾကက္ေသေသ ေနမိသည္။ထိုသို႔ မလႈပ္မယွက္ ျဖစ္ေနသာ ေဖးဟိုင္ကို ရင္းဝူမွာ ေအာက္သို႔ ဆြဲခ်ကာ ျခဳံႏႊယ္အတြင္း၌ ပုန္းေစလိုက္သည္။
ေဖးဟိုင္မွာ ခနသာသတိလြတ္ေနၿပီး ရင္းဝူ သူ႕ကိုဆြဲခ်လိုက္ေသာအခါမွသာ သတိျပန္၀င္လာေလသည္။ရင္းဝူမွာ တိုးတိုးတိတ္တိတ္ အမူအရာတစ္ခု လုပ္ျပလာေလသည္။
"ဒီေနရာက ျမန္ျမန္ ထြက္သြားရေအာင္.."
ေဖးဟိုင္သည္ လည္းေခါင္းညိမ့္ျပလာေလသည္။သူတို႔ ႏွစ္ေယာက္ဒီေနရာမွျမန္ျမန္ ထြက္သြားသင့္ေပသည္။ထိုမိစၧာ မွာ အႏွစ္တစ္ရာ သက္တမ္းထက္ပင္ ေက်ာ္ေနေပေလာက္သည္။အႏွစ္တစ္ရာေလာက္ ႐ွိေသာမိစၧာမ်ား ေတာင္ သူတို႔ ႏွစ္ေယာက္မွာ ခက္ခက္ခဲခဲတိုက္ေနေပရသည္။ထိုမိစၧာ မွာ သူတို႔ တိုက္ခိုက္ႏိုင္ေသာ အဆင့္လုံး၀မဟုတ္ေပ။
သူတို႔ ႏွစ္ေယာက္ထြက္သြားမည္ အျပဳ ေစာနတုန္းကပင္ ၿငိမ္ေနေသာ မိစၧာမွာ ႐ုတ္တရက္ႀကီးပင္ လႈပ္႐ွားလာေလသည္။သူ႕က ေျမျပင္ေပၚကုန္းလိုက္ကာ ေျပးထြက္သြားၿပီး
သူ႕မနီးမေဝး၌႐ွိေနေသာ တစ္စုံတစ္ခုကိုလွမ္း ဆြဲလိုက္ေလသည္။ထို လွမ္းဆြဲလိုက္ေသာအရာမွာ လူသားတစ္ေယာက္ပင္။သူတို႔ ႏွစ္ေယာက္ကဲ့သို႔ ပင္ စာေမးပြဲလာေျဖဆိုေသာ ေကာင္ေလးတစ္ေယာက္ပင္။ထိုေကာင္ေလးမွာ ေၾကာက္လန္႔ေနၿပီး အေသ႐ုန္းကန္ေနေလသည္။
"အား!!!ကြၽန္ေတာ့္ကိုလႊတ္ေပးပါ၊အကိုႀကီး ကြၽန္ေတာ့္ကိုကယ္ပါအုံး...!!!!"
ထိုေကာင္ေလး၏ အေဖာ္ျဖစ္သူမွာလည္း ဓားကိုတုန္တုန္ရီရီကိုင္လ်က္ ခက္ခက္ခဲခဲေျပာလာသည္။
"မပူနဲ႔.. ငါမင္း...ကိုကယ္ေပးမယ္"
ထိုမိစၧာမွာ ေကာင္ေလးအား ေျခေထာက္မွ ဆြဲထားခ်င္ပင္။ထို႔ေနာက္ သူ႕၏ လက္အ႐ွည္ႀကီးမ်ား ျဖင့္ ေကာင္ေလးအား သူ႕၏ မ်က္လုံးနားသို႔ ကပ္လိုက္ကာ ျပဴးၾကည့္ေနေလသည္။ထို႔ေနာက္ ထိုမိစၧာ ၏ပါးစပ္မ်ား မွာ ပြင့္လာၿပီးဆိုး႐ြားလွေသာ အသံဆိုးႀကီး ထြက္ေပၚလာေလသည္။
"လူသားတစ္ေယာက္...ဒီေတာႀကီး ထဲမွာ လူသားကဘယ္လိုျဖစ္လို႔႐ွိေနတာလဲ..."
ထိုအဖမ္းခံထားရေသာ ေကာင္ေလးမွာထို မိစၧာ၏အသံကိုၾကားလိုက္ရေသာ္လန္႔ဖ်တ္ သြားၿပီး ဆိုးဆိုး႐ြား႐ြား ေအာ္ဟစ္လာေလသည္။ေဘး႐ွိ သူ႕၏ အေဖာ္ျဖစ္သူမွာလည္း အရမ္းလန္႔ေနပုံရသည္ ဓားကိုင္ထားေသာ လက္မ်ားမွာ တဆက္ဆက္တုန္ေနလ်က္။
"အား!!!!"
ျခဳံထဲ၌ ပုန္းေနေသာ ေဖးဟိုင္ ႏွင့္ ရင္းဝူတို႔ ႏွစ္ေယာက္သား မွာေတာ္ေတာ္ေလး အံဩသြားၾကေလသည္။
အသိစိတ္႐ွိေနတဲ့ မိစၧာ
မ်ားေသာ အားျဖင့္ မိစၧာမ်ားကအသိစိတ္မ႐ွိေပ။သို႔ေသာ္ မိစၧာမ်ားထဲ မွအႏၲရာယ္အ႐ွိဆုံး အဆင့္အျဖစ္သတ္မွတ္ထားသာ မိစၧာ အမ်ိဳးအစားတစ္မ်ိဳး႐ွိသည္။ထိုအရာမွာ အသိစိတ္႐ွိေနေသာ မိစၧာမ်ားပင္။ထိုမိစၧာမွာ လူမ်ားအတိုင္းပင္ စကားေျပာႏိုင္သလို၊လူမ်ားကဲ့သို႔ပင္ ျပဳမူႏိုင္ေလသည္။
အလြန္ဆုံး လူသားမ်ား၏တိုက္ကြက္မ်ားကိုပင္ အတုခိုးႏိုင္သည္။ထိုမိစၧာမ်ားမွာလြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကပင္ မ်ိဳးတုန္းသြားခဲ့ၿပီ ဟု ေျပာခဲ့ၾကေလသည္။တိုက္ဆိုင္စြာႏွင့္ပင္ေဖးဟိုင္ႏွင့္ ရင္းဝူတို႔မွာ ထိုမိစၧာႏွင့္ တည့္တည့္ႀကီးကိုလာေတြ႕ျခင္းပင္။သူ႕တို႔ႏွစ္ေယာက္၏ကံဆိုးမႈကိုသာ အျပစ္တင္ရေပမည္။
ထိုဝံပုေလြ မိစၧာက ဆိုလာ၏။
"ငါလူသား မစားရတာေတာင္ဘယ္ေလာက္ၾကာခဲ့ၿပီလဲ..."
အဖမ္းခံထားရေသာ ေကာင္ေလး၏ အေဖာ္ျဖစ္သူမွာ ဓားကိုလႊတ္ခ်ကာေၾကာက္လန္႔တၾကားႏွင့္ ထြက္ေျပးေလသည္။ဝံပုေလြမိစၧာက စိတ္ဆိုးသြားပုံရ၏။သူက ေျမျပင္ေပၚသို႔ေနာက္တစ္ႀကိမ္ကုန္းလိုက္ကာ လွစ္ခနဲ ထြက္ေျပးသြားေသာ ေကာင္ေလးရဲ႕ လည္မ်ိဳကိုကိုက္ခဲလိုက္ေလသည္။
ထိုဝံပုေလြမိစၧာ၏ အလ်င္က အင္မတန္ေၾကာက္မက္ဖြယ္ရာေကာင္းလွသည္။လူတစ္ေယာက္ကို အခ်ိန္တိုအတြင္း ဖမ္းလိုက္ပုံက ၾကက္သီးထစရာေကာင္းလွ၏။
ထိုေနာက္မိစၧာ၏ ႀကီးမားလွေသာ ပါးစပ္ႀကီးမ်ားပြင့္လာၿပီး အစြယ္ေဖြးေဖြးအားဖြင့္လွစ္လိုက္သည္။ထို ထြက္ေျပးဖို႔ႀကိဳးစားေနေသာ တစ္ေယာက္ကို ကိုက္စားပစ္ေလသည္။ေသြးမ်ား မွာမိုး႐ြာလိုက္သလို ပင္ ပန္းထြက္လာေလသည္။ေနာက္လက္ တစ္ဖက္ျဖင့္ အဖမ္းခံထားရေသာ ေကာင္ေလး မွာ အေၾကာက္လြန္သြားသည့္ ပုံရသည္ လႈပ္ပင္ မလႈပ္လာေတာ့။မိစၧာမွာ ေပ်ာ္ျမဴးေနေလသည္။
"လူသားမစားရတာ ၾကာေတာ့ စားလို႔ေကာင္းလိုက္တာ..."
ေဖးဟိုင္ ႏွင့္ ရင္းဝူတို႔မွာ ထိုျမင္ကြင္းကို ၾကည့္လ်က္ ေသြးပ်က္ေနေလသည္။အသိစိတ္႐ွိတဲ့ မိစၧာေတြက လူသားစားမွန္း မသိခဲ့ေပ။ေဖးဟိုင္မွာ အျပင္ဘက္၌ တည္ၿငိမ္ေနေသာ္လည္း အတြင္း၌ အလြန္႔ကိုပင္ တုန္လႈပ္ေနမိသည္။
လာေနာက္ေနတာလား မိစၧာေတြက လူသားမစားဘူးေလ...ဒီမိစၧာက ဘာလား!! တစ္ကယ္ႀကီးလူသားစားတာလား!!!'
ေဘး၌ ႐ွိေသာ ရင္းဝူမွာလည္း ဘာစကားမွ မေျပာႏိုင္ေတာ့ေပ။ေဖးဟိုင္ မွာ ရင္းဝူကို ထိလိုက္ၿပီး ဆိုလာ၏။
"ဘယ္လိုလုပ္မလဲ ဟို႐ွင္ေနေသးတဲ့ ေကာင္ေလးကို ကယ္ရမွာလား မကယ္ရဘူးလား"
"ကယ္တာ ကေတာ့ဟုတ္ပါၿပီဘယ္လိုကယ္ မွာတုန္း၊မင္း
မျမင္လိုက္ဘူးလား အဲ့ေကာင္က ျမန္လြန္းတယ္ ငါတို႔ ဘာအစီအစဥ္မွ မ႐ွိဘဲဒီအတိုင္း သြားကယ္ရင္ ငါတို႔ ႏွစ္ေယာက္ပါ ေသလိုက္မယ္.."
သူတို႔ ႏွစ္ေယာက္ မွာ ကိုယ့္မ်က္စိအေ႐ွ႕၌ လူသား တစ္ေယာက္အသတ္ခံရေတာ့မည္ကို ျမင္ရဲ႕သားႏွင့္ ေက်ာ္ထြက္သြားေလာက္ေအာင္ အၾကင္နာတရားမကင္းမဲ့လွေပ။သို႔ေပမဲ့လည္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ။ႏွစ္ေယာက္ မွာလည္း အရမ္းကြၽမ္းက်င္လွသူမ်ားလည္း မဟုတ္။
"မပူနဲ႔...ငါ့မွာ အစီအစဥ္႐ွိတယ္..ငါတို႔က တိုက္မွာမွမဟုတ္တာ..ကယ္မွာေလ.."
ဟုဆိုကာ ေဖးဟိုင္မွာ ရင္းဝူနားသို႔ကပ္ကာတစ္စုံတစ္ခုကို တီးတိုးေျပာလာေလသည္။ထို႔ေနာက္ ေဖးဟိုင္မွာ သူ႕၏ ခါး၌႐ွိေသာဓားကိုစမ္းလိုက္ကာ ျခဳံပုတ္ထဲမွ ဝုန္းကနဲ ထြက္လာေလသည္။
Chapter 3[ၿပီး]