နွေဉီးထွက်သွားပြီး မိုးပင်လယ်ရဲ့အခန်းထဲမှာ အေးစက်စက်နှင်းမုန်တိုင်းတစ်ခုအစပျိုးတော့မယောင်ဖြစ်ကျန်ခဲ့တယ်။ဖွင့်ထားတဲ့ Heaterရဲ့ အပူချိန်ကပျောက်ဆုံးနေပြီး အေးတိအေးစက်ကြီးခံစားနေရတယ်လို့ ဟိန်းထက်ထင်နေတယ်။
"မခေမီ မဲဘာန်းကိုဘယ်တုန်းကရောက်လဲခင်ဗျ"
ဟိန်းထက်ကရိုရိုသေသေမေးလိုက်ပေမယ့် ခေမီဆီက စိတ်မရှည်တဲ့ခေါ်သံတစ်ခုပဲထွက်လာတယ်။မျက်နှာက ရေခဲပြင်လို တင်းမာနေတဲ့ ခေမီ့ကို အဒ်ဒမ်ခုံပေါ်မှာလက်ပိုက် ခြေချိတ်ထိုင်ပြီး ခပ်တည်တည်ထိုင်ကြည့်နေလိုက်တယ်။ခေမီဇူးဇန် နဲ့သူနဲ့က ကမ္ဘာအဆက်ဆက်က မတည့်ခဲ့သလားလို့မှတ်ရလောက်တဲ့အထိ တစ်ယောက်နဲ့တစ်ယောက်မုန်းကြတာ။သူတို့မြို့ကို ခေမီ အလည်လာရင် ခေမီ သူနဲ့ ရန်မဖြစ်ဘဲပြန်သွားရတဲ့ အခေါက်ဆိုတာမရှိဘူး။
ခုလဲ ဒီအရှုပ်ထုပ်မကို ဘယ်သူကပင့်ခေါ်လိုက်ပြန်လဲမသိရဘူး...ဒင်းရောက်လာမှ သူ့အစ်ကိုလဲ ကိုမာဝင်ရုံတင်မကဘူး တစ်ခါထဲ သေသွားရင်ဒုက္ခ!
"ဟိန်းထက်!"
ခေါ်သံကိုကအထက်စီးက...အဒ်ဒမ် ထိုင်ကြည့်နေရင်းသူဝင်ပါရမဲ့အချိန်ကို စောင့်နေလိုက်တယ်။
"ဟုတ်ကဲ့ မခေမီ"
ဟိန်းထက်ကတော့ လက်ကိုယှက်ပြီးခေါင်းကိုငုံ့ထားတယ်...ဒီကောင်ကလဲ ဘာကိုကြောက်နေတာလဲ...ငါသာဆိုရင်တော့..
အဒ်ဒမ်တွေးရင်း အသဲယားလာတယ်။
"ဟိန်းထက် နင်က ကိုကို့ရဲ့ Personal Asနော်...ငါကသူ့ရဲ့ဇနီးလောင်း...ဒီလိုဖြစ်နေတာကို နင်ကငါ့ကိုဘာလို့မပြောတာလဲ...ငါကဘာလို့ သူများပြောမှသိရတာလဲ"
"• • •"
"ဟဲ့ ဘာလို့ပြန်မဖြေတာလဲ"
ခေမီ့အသံက ကျယ်လာတာမို့ သူနှာခေါင်းရှုံ့လိုက်တယ်။သူဝင်ပါမှရတော့မယ်။တတ်သည့်ပညာမနေသာဆိုသလိုပေါ့...
"ကျစ်!ဆူညံနေတာပဲ...အော်ချင်ရင် ကိုယ့်ဟာကို စဥ့်အိုးရှာပြီးခေါင်းစိုက်ပြီးအော်..ငါ့အစ်ကိုနားမှာ လာမအော်နဲ့ ပြီးတော့ကိုယ့်အသံလေးကိုယ်ထိန်းဉီး!နင့်ကိုဘယ်သူမှ ဆရာဝန်လို့တောင်ထင်မှာမဟုတ်ဘူး.."
"အဒ်ဒမ်လင်းညို!နင့်အကြောင်းတစ်ကြောင်းတောင်ပါမနေဘူးနော်"
ခေမီကသူ့ကို အံကြိတ်သံနဲ့ပြောလာလို့ အဒ်ဒမ် ပုခုံးတွေတုန်တဲ့ထိရယ်လိုက်တယ်။တော်တော်ရယ်ရတဲ့ မိန်းမ!
"နင်ရူးနေလား!ငါ့အစ်ကိုအကြောင်းက ငါ့အကြောင်းမဟုတ်လို့ ငါ့ဆိုင်ကယ်အကြောင်းလား..ဉီးနှောက်ကတော့တကယ်ပုံမှန်မဟုတ်ဘူးထင်တယ်"
ခေမီဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတောင် တုန်လာတယ်။ဒီ ကပြားကောင်က ဘယ်တုန်းကဒီကိုရောက်နေတာလဲ!အဲ့ဒါတွေအကုန် ဟိန်းထက်ကြောင့်ပဲ...သူ့ကို ဘာမြှပန်မပြောလို့ သူဘာမှမသိရတာ။
ဟိန်းထပ်ကိုခေမီ စူးခနဲကြည့်ပြီး..
"ဟိန်းထက်!ကိုကို့ကို ဆေးရုံပြောင်းမယ်...နင်လိုအပ်တာတွေသွားလုပ်"
အဒ်ဒမ်လင်းညိုနဲ့ စကားပြိုင်ပြောရင် သူသွေးတက်ပြီး သေသွားနိုင်တာမို့ ဟိန်းထက်ကိုပဲညွှန်ကြားစရာရှိတာညွှန်ကြားတော့လဲ ဟိန်းထက်က အဒ်ဒမ်လင်းညိုကို အတည်ပြုသလိုလှမ်းကြည့်တာမို့ ခေမီဒေါသထွက်ပြီးအော်လိုက်တယ်။
"သွားလေ!ဘာလုပ်နေတာလဲ"
"ဟိန်းထက်...အပြင်ကိုခဏလေးထွက်ပေး"
"ဟုတ်ကဲ့!"
ဟိန်းထက်ထွက်သွားတော့ အဒ်ဒမ်လင်းညိုက ထိုင်ခုံပေါ်ဖြေးဖြေးသက်သာထိုင်ချလိုက်ပြီး ခေမီ့ကိုပါ မေးဆတ်ပြပြီးထိုင်ခိုင်းတယ်။သူ(မ)မထိုင်ဘဲ မတ်တပ်ဆက်ရပ်နေလိုက်တော့ ပုခုံးတွန့်ပြုံးပြီး...
"ငါ့အစ်ကိုကိစ္စတွေကို နင်ဘေးဖယ်နေလိုက် ခေမီ...ငါကြည့်လုပ်လိုက်မယ်"
"ငါကဘာအကြောင်းနဲ့ ဘေးဖယ်နေရမှာလဲ...ငါကသူ့ရဲ့..."
"ဇနီးလောင်းလေ..စေ့စပ်ထားကြတာ...နင်ကစေ့စပ်မပေးရင် နင့်ဉီးလေးနဲ့ အန်တီ့အကြောင်းကိုကြီးကိုပြောလိုက်မယ်ဆိုလို့ စေ့စပ်ဖြစ်သွားတာလား...ပြောပြစမ်းပါ...ငါ့အစ်ကိုကအဲ့အကြောင်းတွေမသိလို့နင်နဲ့စေ့စပ်လိုက်ရတာ ခုလဲနိုးလာတာနဲ့ ငါကပြောပြမှာမို့ သေချာသိချင်လို့"
ခေမီ့မျက်လုံးတွေ နည်းနည်းဂဏာမငြိမ်ဖြစ်သွားပေမယ့် ပညာရှင်ဆန်ဆန်ပဲ အမြန်ဆုံးပြန်ပြင်ဆင်လိုက်နိုင်တယ်။အဒ်ဒမ်ဘယ်လောက်ထိသိထားလဲ ခေမီမသိပေမယ့် အဒ်ဒမ်ဆိုတဲ့ကောင်အကြောင်းတော့သိတယ်။သူ့အကျိုးအမြတ်အတွက်ပဲ ဂရုစိုက်တာ...ခုလဲသူ့ (မ)ကို အမှတ်မရှိလာထပ်ရှုပ်ရင် ပထမတစ်ကြိမ်ကလိုပဲ Hotelကိုမီးစလေးတို့ပေးလိုက်ရုံ..
"ဟုတ်တယ်...နင်သိထားတဲ့အတိုင်းပဲ ကိုကို ကခုပုံအတိုင်းဆို နိုးလာဉီးမှာမှမဟုတ်တာ...သူမနိုးလာမချင်းတော့ ငါကသူ့ဇနီးလောင်းပဲ"
အဒ်ဒမ် သိတော့ရော ဘာအရေးလဲ အဓိက က ကိုကို မသိဖို့ပဲ...အဒ်ဒမ်က ဘယ်လိုအမှန်ပဲပြောပြော ကိုကိုက အန်တီ့စကားကိုပဲယုံတာပဲလေ...အဲ့ထဲကပွဲကသိမ်းနေပြီ။
"နင်တော်တော်ရူးနေပြီပဲ ခေမီဇူးဇန်...ငါတော့နင့်ကိုတော်တော်သနားမိတာပဲ"
"နင့်ကိုနင်ပဲသနားပါ နင် ဒီအကြောင်းတွေကိုကို့ ကိုပြောတာကို အန်တီသိသွားရင်တော့ နင့်ဟိုတယ်အစားငါမျက်ခုံးလှုပ်တယ်...ဘယ်လိုလဲ ဆေးမှုနဲ့စစ်ဆေးခံရတာ"
"မဆိုးပါဘူး...ဆေးမှုနဲ့စစ်ဆေးခံရပြီးတော့ သတင်းထဲဟိုဟိုဒီဒီပါလာလိုက်တာ အဲ့နှစ်ကငါ့ဟိုတယ် ပရိုမိုးရှင်းတောင်မလိုလိုက်ဘူး...ငါကကျေးဇူးတောင်တင်နေတာ"
အဒ်ဒမ့်ရဲ့ခပ်အေးအေးပုံစံကြောင့်ခေမီ့ပုံစံကအလိုမကျစွာနဲ့မျက်နှာပျက်သွားတယ်။
"ထားပါ!ကိုကို့ကို ဒီဆေးရုံမှာ စက္ကန့်ဝက်လောက်တောင်မထားချင်တော့တာမို့ ငါ့မှာလုပ်စရာတွေများတယ်"
"နင့်ကိုဘေးဖယ်နေလိုက်လို့ငါပြောနေတယ်မလား...ငါ့အစ်ကိုကိုငါ စောင့်ရှောက်နိုင်တယ်...နင့်လက်ထဲ ငါ့အစ်ကိုကိုထည့်လိုက်ရအောင်ကလဲ ငါကစောက်ရူးပုံအဲ့လောက်ပေါက်နေလား"
"အဒ်ဒမ်လင်းညို!"
"နင်ထွက်သွားတော့...ငါ ကိုကြီးကိုရေပတ်တိုက်ပေးတော့မလို့..."
"ရေပတ်ကနင်တိုက်ပေးတာလား..နေ့တိုင်း"
"အင်း!တကယ်တော့ ကိုနွေဉီးကိုတိုက်စေချင်တာ...သူကငြင်းလို့!"
အဒ်ဒမ့်စကားအဆုံးမှာတော့ခေမီဇူးဇန်က မျက်စောင်းကိုအားနဲ့မာန်နဲ့ထိုးပြီး ဆောင့်အောင့်ပြီးထွက်သွားတယ်။သူပျော်ရွှင်စွာရယ်မောလိုက်ပြီး ရေဇလုံထဲကို ရေနဲ့ရေနွေးနဲ့စပ်ပြီးထည့်လိုက်ကာ တဘတ်တစ်ခုကိုနှစ်ချလိုက်တယ်။ရေကိုစင်အောင်ညှစ်ပြီး သူ့အစ်ကိုရဲ့ မျက်နှာကို ဖွဖွလေး တိုက်ပြီးသန့်ရှင်းပေးလိုက်ရင်း ပါးစပ်ကလဲတတွတ်တွတ်ပြောနေမိတယ်။
"သတိရလာတော့ ကိုကြီး!ငါ ဒီအခြေအနေကိုအကြာကြီးထိန်းမထားနိုင်ဘူး...မင်းကြားမကြားတော့ငါမသိဘူး ခေမီဇူးဇန်ကတော့ သူ့အကြောင်းတွေမင်းမသိသေးဘူးလို့ထင်အောင်ငါပြောလိုက်တော့ တကယ်ယုံသွားပုံပဲ...
ဒါပေမယ့် သူပြန်ပြောတာကြီးက အသဲယားစရာကြီးကွာ...မင်းမနိုးမချင်း သူကမင်းဇနီးလောင်းတဲ့...ငါလိ့ သူကမင်းသတိပြန်မရအောင်တောင်လုပ်တော့မယ့်ပုံကြီးနဲ့...ငါကြောက်တောင်ကြောက်တယ်။
ပြီးတော့ ခုနကကိုနွေဉီး ကတော့တကယ်အံ့သြစရာပဲ...ခေမီဇူးဇန်ကိုပြန်ပြောသွားတာ မျက်နှာတစ်ချက်မပျက်ဘူး မင်းကတော့တကယ့်ဖိုက်တာကိုရထားတာပဲ...ကိုကြီး!ဟင်!"
အဒ်ဒမ်ပြောနေရင်းတန်းလန်းကြီးရပ်သွားရတယ်။မိုးပင်လယ် မျက်တောင်လေးတွေလှုပ်လာတာကို သူမြင်လိုက်တယ်။သူမျက်လုံးမှားတယ်ထင်လို့ ရေပတ်ဝတ်နဲ့ထပ်ထိလိုက်တော့လဲ မျက်ခွံလေးတကယ်လှုပ်လာတာကိုသူမြင်လိုက်ရတယ်။အဒ်ဒမ်ဝမ်းသာလွန်းအားကြီးလို့ ထတောင်အော်မိတော့မလို့ပဲ...
သူနောက်ထပ် လည်ပင်း..လက်ချောင်းလေးတွေကိုလိုက်သုတ်လိုက်တော့လည်း နည်းနည်းလေးလှုပ်လာတာကိုတွေ့လိုက်ရတယ်။သူ့အစ်ကိုပြန်သတိရလာတော့မှာလား...Coma ဆိုတာမျိုးကအာရုံခံစားမှုရှိတာမျိုးမှမဟုတ်တာ။မဟုတ်မှ သူ့အစ်ကိုသတိပြန်ရလာခါနီးပြီလားမသိဘူး။အဒ်ဒမ် စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်နေပေမယ့်တော်တော်လေး ကြာတဲ့အထိထပ်ပြီးထူးခြားလာတာမျိုးမရှိတော့တာမို့ စိတ်ပျက်သွားရတယ်။
ဘာပဲဖြစ်ဖြစ် သူဆရာဝန်ကိုတော့သွားခေါ်ရမှာမို့ ထိုင်နေရာကနေလေးလေးဖင့်ဖင့်ထလိုက်တော့ မသဲမကွဲညည်းညူသံကိုကြားလိုက်ရတယ်။သူတအားစိတ်လှုပ်ရှားသွားပြီး နောက်ကိုပြန်လှည့်လိုက်တော့ သူ့အစ်ကိုက သူ့ကို လှမ်းကြည့်နေပြီး...ပါးစပ်ကလဲ တစ်ခုခုကိုရေရွတ်နေတယ်။
မိုးပင်လယ် ဘာပြောချင်လဲ ဘာလိုချင်လဲ သူစိတ်မဝင်စားဘူး...သူအခုချိန်မှာ ပျော်လွန်းလို့ သေတော့မှာ။အားဖျော့နေတဲ့ မျက်လုံးတွေနဲ့ မိုးပင်လယ်ကို သူအားရဝမ်းသာနဲ့ငုံ့ကြည့်ပြီး...
"ကိုကြီး ဘာတွေပြောနေတာလဲ?အာ..ဘာပဲဖြစ်ဖြစ်စိတ်မဝင်စားဘူး နေဉီးကျွန်တော် ကိုနွေဉီးကိုသွားခေါ်လိုက်ဉီးမယ်"
မိုးပင်လယ် ရှိသမျှအားအကုန် ထုတ်သုံးပြီး ခေါင်းခါပြလိုက်ရတယ်။သူ့ညီက တကယ်အရူးပဲ...သူချက်ချင်းကြီး နွေဉီးကို ရင်ဆိုင်နိုင်မယ်ထင်နေတာလား?
"ကိုနွေဉီးကိုမခေါ်ရဘူးလား...အိုခေအိုခေ ကျွန်တော်သဘောပေါက်ပြီ..."
ပြောပြီးပြီးချင်း အဒ်ဒမ်ကစိတ်လှုပ်ရှားစွာနဲ့ ပြေးထွက်သွားတယ်။မိုးပင်လယ် မျက်ခွံကိုပင်ပန်းကြီးစွာဖွင့်လိုက်ရင်း ပြင်ပအရောင်နဲ့မျက်လုံးကိုနေသားကျအောင်လုပ်ယူလိုက်တယ်။ဒီလိုမျက်နှာကျက်ဖြူဖြူကိုပြန်မြင်လာရတာသူကံကောင်းတာပဲ...သူ သတိမေ့နေတာ ဘယ်နှစ်ရက်ရှိနေပြီလဲမသိဘူး...သူ့ခန္ဓာကိုယ်မှာ ကြိုးတွေရှုပ်ယှက်ခတ်နေပြီး လည်ချောင်းထဲမှာလဲခြောက်သွေ့နေတာမို့ နေရတာတကယ်ကိုမကောင်းဘူး။တံတွေးမျိုချလိုက်ရင်တောင် အရမ်းနာကျင်နေရတယ်။
သိပ်မကြာတဲ့အချိန်မှာပဲ အဒ်ဒမ်နဲ့ ကိုထက်သူ့နားကိုပြန်ရောက်လာတယ်။ကိုထက်ကတော့ အားရဝမ်းသာဖြစ်နေတာကိုဖုံးဖိလို့မရတဲ့ မျက်နှာထား နဲ့သူ့ကိုပြုံးပြလာတယ်။ဓာတ်မီးအသေးလေးနဲ့ သူ့မျက်လုံးတွေကိုထိုးပြီးစစ်ဆေးရင်း..
"ကိုမိုးပင်လယ် ..အစ်ကိုပြန်နိုးလာနိုင်ပြီ ကျွန်တော်ဝမ်းသာလိုက်တာ...အဒ်ဒမ် ရေလေးနည်းနည်းလောက် ပိုက်လေးပါတပ်ပေး"
အဒ်ဒမ်က ပျာပျာသလဲနဲ့ လုပ်ပေးလိုက်ပြီး ကိုထက်က မိုးပင်လယ်ကို မထစေသေးပဲ ပါးစပ်နားမှာပိုက်ကိုတေ့ပေးတယ်။
"အစ်ကို ရေလေးသောက်လိုက်ဉီး...အများကြီးလဲမသောက်လိုက်နဲ့ဉီး"
မိုးပင်လယ် ခပ်ဖွဖွပြုံးရင်း ရေနည်းနည်းစုပ်ယူလိုက်တယ်။သူဒီလိုမျိုး လူနာတစ်ယောက်လိုမျိုးလဲလျောင်းပြီး ဆရာဝန်ရဲ့ညွှန်ကြားမှုကို နာခံနေရတဲ့ အချိန်ရောက်လာတာ တကယ်အံ့သြစရာပဲ။သူ့ဘဝကြီးကတော့ရုပ်ရှင်ရိုက်ရလောက်တဲ့အထိ ဒရမ်မာဆန်ဆန်တွေနဲ့ ပြည့်နေတယ်လို့သူထင်တယ်။
ရေအေးအေးလေးကသူ့ရဲ့ ကန္တာရလို လည်ချောင်းကိုဖြတ်ပြီးသွားတော့မှ သူလဲနည်းနည်း အားပြည့်လာသလိုခံစားလာရတယ်။
"ချက်ချင်းတော့ မထိုင်သေးနဲ့ဉီးအစ်ကို...ခဏနေမှ ထိုင်...ကျွန်တော် ကိုထွဋ်ကိုတော့ လှမ်းပြောထားတယ် ကိုနွေဉီးကိုတော့ ကျွန်တော်မပြောလိုက်ဘူး"
ကိုထက်ကို မိုးပင်လယ် ကျေးဇူးတင်သလို လှမ်းပြုံးပြလိုက်တယ်။ကိုထက်က အလိုက်သိသလောက် ကိုထွဋ်ကပြောလိုက်ရင်တော့သွားပြီ။မျက်လုံးဖွင့်ဖွင့်ချင်းသူ အမြင်ချင်ဆုံးလူက နွေဉီးတစ်ယောက်ကလွဲပြီး မရှိပေမယ့်လို့သူ့စိတ်ကိုအတော်အသင့်ပြင်ဆင်ပြီးခါမှ နွေဉီးနဲ့သူမျက်နှာချင်းဆိုင်နိုင်မှာ။ခုချိန်မှာဆိုလဲ နွေဉီးကို သူအားရပါးရတောင်းပန်နိုင်မှာမဟုတ်ဘူး။သူ သူ့အဖေဆီကိုအကြောင်းစုံလှမ်းမေးပြီး သူ့အမှားအတွက်တောင်းပန်ဖို့လဲလုပ်ရမယ်။
"ငါ မေ့နေတာဘယ်နှစ်ရက်လဲ"
"၆ရက်နီးပါးရှိနေပြီ"
အဒ်ဒမ်က ခုထက်ထိစိတ်လှုပ်ရှားလို့မပြီးသေးတဲ့ အသံနဲ့ဝင်ပြောတယ်။အဒ်ဒမ့်ရဲ့ ဇီးရွက်လောက်သေးနေတဲ့မျက်နှာကိုကြည့်ပြီး မိုးပင်လယ် သဘောတကျပြုံးလိုက်မိတယ်။သူပြုံးနေတာမြင်တော့ အဒ်ဒမ်က ငိုမဲ့မဲ့နဲ့ဘေးကိုလာပြီးဖွဲ့ဖွဲ့နွဲ့နွဲ့တွေပြောတော့တာပဲ။
"ကိုကြီး မင်းကိုငါ ပြန်နိုးမလာတော့ဘူးထင်နေတာ"
"ငါကဘာလို့ပြန်နိုးမလာရမှာလဲ...ဒီလောက်အသက်ငယ်ငယ်လေးရှိသေးတာ"
သူပြောခါမှအဒ်ဒမ့် မျက်ရည်တွေကတာကျိုးသလို စီးကျလာပြီး အော်ငိုတော့မလိုပဲ..
"ငယ်ငယ်လေး ရှိသေးရင်လဲ ဘာလို့အကြာကြီး အိပ်နေသေးလဲ မကောင်းတဲ့အစ်ကိုရဲ့...မင်းပြန်နိုးမလာမှာကိုငါဘယ်လောက်ထိကြောက်နေလဲမင်းသိလား...ဒီကြားထဲမှာ ဟိုမိန်းမကဒီနေ့မနက်ရောက်ချလာပြီး ငါ့ကိုလဲဟိုတယ်နဲ့ချိန်းခြောက်ပြီး ကိုနွေဉီးကိုလဲ ပြောဆိုလုပ်သွားသေးတယ်"
ခေမီဆိုတဲ့အသံကြားတာနဲ့ မိုးပင်လယ်ရင်ထဲမှာ ခါးသက်သက်အရသာတွေနဲ့ပြည့်သွားပြီး စိတ်ထဲမှာပါနေလို့ထိုင်လို့မကောင်းတော့ဘူး။
"ခေမီရောက်နေတာလား..."
"အင်း ဒီနေ့မနက်မှ ငါရော ဟိန်းထက်ရော သူ့ကိုအကြောင်းမကြားဘူး ဘယ်သူအာချောင်လိုက်လဲမသိဘူး"
"ဆေးရုံအုပ်ကြီးနေမယ်" ကိုထက်က ဝင်ပြောတယ်။
မိုးပင်လယ်ခေါင်းညိတ်လိုက်ပြီး
"ကိုထက်...အလုပ်တွေရှိရင်သွားနော်...ကျွန်တော်နေရတာအဆင်ပြေပါတယ်"
"ဟုတ်ကဲ့...အဲ့ဒါဆို ကျွန်တော်သွားလိုက်ဉီးမယ်အစ်ကို ညနေစောင်းလောက်မှ ကျွန်တော်ထပ်လာခဲ့မယ်"
ကိုထက် ကနှုတ်ဆက်ပြီး ထွက်သွားသွားခြင်း အဒ်ဒမ်က သူ့နားကိုပြန်ရောက်လာပြီး...
"ကိုကြီး!ငါမနက်က ခေမီဇူးဇန်ကိုနည်းနည်းတီးခေါက်ကြည့်လိုက်သေးတယ်...မင်းသိလဲဘာမှမဖြစ်ဘူးဆိုတဲ့စတိုင်နဲ့...အန်တီ့ကိုပဲသူအပူပြေးကပ်ဉီးမယ်ထင်တယ်"
သူ့အမေအကြောင်းပါလာတော့ သူ့ရင်ထဲမှာ တင်းခနဲဖြစ်သွားပြီး အမုန်းတရားတွေ ပြန်အသက်ဝင်လာတယ်။သူ့အဖြစ်ကြီးကလဲ အဖေကိုမုန်းလိုက် အမေကိုမုန်းလိုက်နဲ့ သံသရာလည်နေတော့မလားမသိဘူး။သူ့အဖေတုန်းကတော့ ဖောက်ပြန်သွားတယ်ဆိုပြီးသာ မုန်းခဲ့ရတာ...သူ့အမေကကျ သူ့အဖေမလုပ်ခဲ့တဲ့အလုပ်ကိုသူ့ကိုလိမ်ညာခဲ့တဲ့အပြင် သားဖြစ်တဲ့သူ့အသက်အထိပါအနှမြောမရှိအတ္တကြီးလွန်းလို့ မုန်းတာအပြင်ကြောက်စိတ်ပါတိုးလာတယ်။
အဒ်ဒမ်က သူ့ကိုနိုးလာလာချင်းအသေသတ်ဖို့များတွေးထားလားတောင်မသိဘူး။ပြောလိုက်သမျှဟာ တစ်ခုမှ စိတ်ပျော်ရွှင်စ ရာရှိမနေဘူး...
အိပ်ယာထဲမှာလှဲနေရင်း ပထမဆုံးစဉ်းစားမိတဲ့အချက်က သူနဲ့ခေမီ့ရဲ့ စေ့စပ်ထားတာကိုဖျက်ပစ်ဖို့ပဲ...ဒီလိုလုပ်လိုက်တာကသူ့ရဲ့သဘောထားကို ခေမီသဘောပေါက်သွားမဲ့အပြင် သူ့အမေကိုလဲအလွယ်ကူဆုံးရန်စနိုင်မယ့် နည်းလမ်းဖြစ်တယ်။
"ဟိန်းထက်ဘယ်သွားလဲ အဒ်ဒမ်...ဘာကိစ္စပဲရှိနေနေငါ့ဆီကိုခုချက်ချင်းလာခိုင်းလိုက်"
ခဏကြာတော့ဟိန်းထက်တစ်ယောက်အပြေးတစ်ပိုင်းနဲ့ရောက်လာတယ်။သတိရနေပြီဖြစ်တဲ့သူ့ကိုမြင်တော့တော်တော်လေးပျော်သွားပုံပဲ...ဖုန်းကိုဘောင်းဘီအိတ်ထဲအတင်းထိုးထည့်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့
"အစ်ကိုနိုးလာပြီ!ကျွန်တော် အလုပ်ကိစ္စလေးအရေးကြီးနေလို့ နည်းနည်းသွားရှင်းနေတာ"
မိုးပင်လယ် ပြုံးပြီး ခေါင်းညိတ်ပြကာ..
"ငါသိပါတယ်ကွာ...ဟိန်းထက်!မင်းသိသမျှသတင်းထောက်တွေအကုန်လုံးကို ငါနဲ့ခေမီရဲ့စေ့စပ်ပွဲပျက်သွားပြီဆိုတဲ့သတင်းပေးလိုက်!ကိုယ်ရေးကိုယ်တာပြဿနာကြောင့် ခေမီ့ဘက်ကဖျက်လိုက်တာလို့ပြော...အခြားဘာမေးခွန်းမှမဖြေနဲ့..ခုချက်ချင်းလုပ်လိုက်"
"ဟုတ်ကဲ့ဘော့စ်!ပြန်နိုးလာတာကို ဂုဏ်ယူပါတယ်"
"အေး ကျေးဇူးပါကွာ"
မိုးပင်လယ်စိတ်လှုပ်ရှားပြီးရင်ခုန်နေတယ်။ဒီသတင်းသာ တက်သွားရင် သူ့အမေနဲ့ခေမီဘယ်လိုနေမလဲသူတအားသိချင်တယ်။နောက်ကျောကနေဓားနဲ့အထိုးခံရတဲ့ခံစားချက်ကို နည်းနည်းလေးတော့ ပေးခံစားကြည့်ရမှာပေါ့...နောက်ဆုံးတော့ သူ့အမေနဲ့ ပြဿနာဖြစ်ဖို့လုံလုံလောက်လောက် သတ္တိရှိနေပြီဖြစ်ပြီးသူအဆင်သင့်လဲဖြစ်နေပြီ။
အစကမသိလို့ လှည့်ပတ်ချတာခံနေရလဲ ခုချိန်မှာတော့ နွေဉီးအတွက် သူ့အတွက် ပြီးတော့ သူတို့နှစ်ယောက်လုံးအတွက် သူသတ္တိရှိမှရတော့မယ်။
____________
A/N
သြော်..သတ္တိကရှိလာလို့တော်သေးတယ်လို့မတွေးရဘူးနော် 😆😆