[ Zawgyi ]
တီ...တီ...(ဖုန်းမြည်သံ)
'ဟယ်လို ကိုကို! ´
' နှောင်း ဘာဖြစ်လို့လဲ´
' ဟမ် အင်း´
တီ...(ဖုန်းချသံ)
'ဘာ!!´
'ဘယ်လို?´
'အင်း စမ်းကြည့်မလား ငါကူညီပေးမယ်လေ ပြီးတော့ အားလုံးကို ကင်မရာနဲ့မှတ်တမ်းတင်ထားရင် သူ့စိတ်ကို သေချာသိလောက်မှာပါ ဘယ်လိုလဲ နှောင်း´
~~~~~~
ကိုယ်ဘယ်လိုလုပ်ရမလဲ နှောင်း
ဒါဆို ဖြစ်နိုင်ခြေ တစ်ခုကတော့ အိမ်ပေါ်..
'ဟုတ်ကဲ့ မမ´
[ Unicode ]
နှောင်း နှိုးလာတော့ ကုတင်ဘေး၌ စာလေးသာတွေ့ရသည်။
' နှောင်း မနေ့က တောင်းပန်းပါတယ် ကိုယ်စိတ်လွတ်သွားတယ် ကိုယ်အရေးကြီးခရီးထွက်ရမှာ ၁ပတ်ကြာမယ်´ ဟူ၍သာ။
နှောင်းဝမ်းနည်းမိသည်။ဘာကြောင့်လဲဆိုတာ ရေရေရာရာမသိပေမဲ့လည်း..
' နှောင်း ကိုယ်မင်းကိုချစ်တယ်နှောင်း ဒါပေမဲ့ ခနတော့ ခွဲနေကြရအောင်´
ရောင်နီသည် ဂိုဏ်း၌ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ညီဆီမှ လက်လွဲယူခဲ့သည်။ သူများကိုချည်း အကူအညီတောင်းခိုင်းနေရတာ လူမဆန်သွားသလိုဖြစ်နေမလား?
ဂိုဏ်းထဲသို့ ခိုးဝင်သွားသူမှာ ဂိုဏ်း၏ အရေးကြီးအချက်အလက်တွေ အစုံပါသော Memory cardကို ခိုးယူခဲ့သည်။ ထိုအတွက် သူ၏ အသက်ကို နှူတ်ယူခဲ့သည်။
လေပြည်ဆိုသည် လူသားတိုင်းအတွက်အရေးကြီးသည် မည်သူမှ သတိမမူမိကြပေလည်းပေါ့။အဲ့လိုဘဲ ကိုယ့်ကို အမြဲတစေ ဂရုစိုက်တဲ့သူက ရုတ်တရက် ဂရုစိုက်ခြင်းတွေ ရပ်တန့်လိုက်ရင် ရင်ထဲမှာ လစ်ဟာသွားသလို နေရာလွတ်လေး တစ်နေရာရှိနေတတ်သည်။ထိုအရာက ဘာများပါလိမ့်?
ရောင်နီ၏ ဖုန်းကို နှောင်းအမြဲစောင့်နေမိသည်။
'ဘာလို့များ ဖုန်းမဆက်တာလဲ ကိုကို ဟင့် ကိုကို ပြောင်းလဲသွားတာလားးး ဟင့် ´
ဆိုဖာပေါ်တွင် ထိုင်ငိုနေသောနှောင်းသည်လည်း အလွန်သနားစရာကောင်းသည်။
တီ...တီ...(ဖုန်းမြည်သံ)
'ဟယ်လို ကိုကို! ´
' နှောင်း ဘာဖြစ်လို့လဲ´
'ဟင့်အင်း ဟင့် ဘားမှမဖြစ်ဘူး ကိုကိုဘယ်တော့ ပြန်လာမှာလဲ ´
' အင်း နည်းနည်းကြာဦးမယ် ဘာစားပြီးပြီလဲနှောင်း´
'အင်း ပြီးပြီ ကိုကိုရော´
' အင်း ပြီးပြီ ဒါဆို good nightနော် နှောင်း´
' ဟမ် အင်း´
တီ...(ဖုန်းချသံ)
ကိုကိုအဲ့လောက်ထိ ဖုန်းကိုမြန်မြန်ချလိမ့်မယ်လို့ မထင်ခဲ့ဘူး~~
ထိုသို့ဖြင့်သာ နေ့ရက်တွေပြောင်းရွေ့သွားတယ် ပြက္ခတင်လေးတစ်ရွက်လည်း နောက်တစ်ရွက်သို့ကူးပြောင်းခြင်းခံလိုက်ရတယ်
ဟုတ်တယ် ကိုကိုလည်းပြန်မလာတာ ၁လကျော်ပြီ အကြောင်းပြချက်တော့ ပရောဂျက်အသစ်တစ်ခုကြောင့်တဲ့။
အဲ့တာကြောင့် နှောင်းလည်းအိမ်မှာနေရင်း အတွေးတွေလည်း အများကြီးဝင်နေမိတယ်။ ကိုကို့မှာ နောက်တယောက်များ...မဟုတ်လောက်ပါဘူး ကိုကိုက ငါ့ကိုသိပ်ချစ်တာကို ဟုတ်တယ် ငါအတွေးလွန်နေတာဘဲ။
အတွေးများကိုရုတ်သိမ်းရင်း အိမ်ပေါ်ပြန်တက်ရန် ခြေလှမ်းလိုက်တော့ ကားရပ်သံကိုကြားရသဖြင့် ကိုကိုများပြန်လာတာလားဟု အပြေးထွက်ကြည့်လိုက်သော်လည်း ဧည့်သည်မှာ မမျှော်လင့်ထားတဲ့သူ ဖြစ်နေလေသည်။
' ရောင်ခြည်! ဘယ်လိုလုပ်ရောက်လာတာလဲ´
'အင်း ငါခရီးသွားပြီးပြန်လာတာ နင့်အတွက် လမ်းမှာ နင်ကြိုက်တဲ့ ထိုးမုန့်ဝယ်လာပေးတာ´
'အော် အင်း နောက်ဆိုမလာနဲ့ ငါ့ဘာငါလည်းဝယ်စားနိုင်တယ်လေ´
'အင်း အိမ်ထဲကို မဖိတ်တော့ဘူးလား´
'ငါတကယ်တော့ အမှန်အတိုင်းပြောရရင် မဖိတ်ချင်ဘူး လူတွေအမြင်မှာလည်း မသင့်တော်ဘူးလေ´
'အဲ့ဒါ နင့်အတွေးလေ လူတွေအမြင်မှာတော့ ငါက ငါ့မရီးဆီလာတာလေ ဘာမှားနေလို့လဲ´
နှုတ်ကလည်း ပြောရင်း အိမ်ထဲဝင်သွားသူကြောင့် နှောင်း အောင့်အင်းကာ နေလိုက်တော့သည်။ ခနနေပြန်တော့မယ့်သူဘဲ...
'ဒါနဲ့ သူ့ကိုတကယ်ချစ်မိနေတာလား မဟုတ်ဘူး တကယ်ချစ်တာလား´
'အင်း မေတ္တာဆိုတာ ဆရာင်ပြန်ဟပ်တယ်တဲ့ သူလည်းငါ့ကို ချစ်ခဲ့သလို ငါလည်း သူ့ကို အစွမ်းကုန် ချစ်ပေးတော့ဖို့ စိတ်ဆုံးဖြတ်ထားပြီးသား အဲ့တော့ နင့်ကိုတွေ့နေရတာ ငါ့အတွက်အဆင်မပြေဘူး ´
'ဟက်..သေရောသေချာရဲ့လား သူနှောင်းကို ချစ်တယ်ဆိုတာ ငါတော့မထင်ဘူး ငါ့အမြင်မှာ သူနှောင်းကို အသုံးချနေတယ်လို့ဘဲမြင်မိတယ်´
'ဘာ!!´
'အင်း နှောင်းသူ့ကို စမ်းသပ်ဖူးလား သူနှောင်းကို အကြွင်းမဲ့ရော ယုံကြည်ရဲ့လားဆိုတာ´
'ဘယ်လို?´
'အင်း စမ်းကြည့်မလား ငါကူညီပေးမယ်လေ ပြီးတော့ အားလုံးကို ကင်မရာနဲ့မှတ်တမ်းတင်ထားရင် သူ့စိတ်ကို သေချာသိလောက်မှာပါ ဘယ်လိူလဲ နှောင်း´
အပြောကောင်းသော ရောင်ခြည်၏ အပြောတွင် နှောင်းသဘောတူလိုက်မိသည်။ သူကိူယ်တိုင်လည်း သိချင်သေးသည်။ ကိုကို ငါ့ကိုယုံမှာပါ ဟူသော စိတ်ကို လက်ကိုင်ထားရင်းပင် စမ်းသပ်ဖို့သဘောတူလိုက်မိသည်။
မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်တဲ့ ။ အကယ်၍ အဲ့အချစ်က တဖက်သတ်အချစ်ဆိုရင်ရော ဘယ်လိုများရောင်ပြန်ဟပ်မှာပါလိမ့်~~~
သေချာတာကတော့ ပြည့်ဝနေတယ့်အချစ်တော့မဟုတ်လောက်ဘူး
ကိုကို ဖုန်းဆက်လာခဲ့သည် ဒီညနေပြန်ရောက်မည်တဲ့ ။
ကို့ကို ဖုန်းခေါ်ဆိုအပြီးတွင် နှောင်းရောင်ခြည့်ကို ဖုန်းဆက်ပြီးအကြောင်းစုံးပြောလိုက်သည်။ မကြာပင် ရောင်ခြည်ရောက်လာပြီး လုပ်ရမယ့်အရာကိူ ပြောလာသည်။
'နှောင်း ကလက်ပြတ်အင်္ကျီကိုဝတ်ထားပြီး ကုတင်ပေါ်မှာ စောင်နဲ့ပတ်ပြီး လဲနေ ငါကတော့ ဘေးမှာ အရက်ထိုင်သောက်နေတဲ့ ပုံ ဘယ်လိုထင်လဲ´
'အင်း ငါယုံတယ် ကိုကိုငါ့ကို ယုံမယ်လို့´
'အင်း ငါလည်းအဲ့လို ဆုတောင်းပါတယ် နှောင်း´
~~~~~~
တဖက်မှ ရောင်နီ့ဆီကနေ ရန်လာစသော စာတွေလည်း အဆက်မပြတ်ဝင်နေဆဲဖြစ်သည်။စာတွေကတော့
နှောင်းကမင်းကို လိမ်နေတာ
နှောင်းကမင်းကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး
နှောင်းက ငါနဲ့ဆက်သွယ်နေတုန်း
နှောင်းက ငါ့ဆီပြန်လာမယ် ပြောသွားတယ်
နှောင်းက ငါနဲ့အတူနေချင်နေပြီတဲ့..
ရောင်နီ စိတ်ကိုအတက်နိုင်ဆုံးလျော့ထားသည်။ သူက နှောင်းရဲ့ သူငယ်ချင်း ငယ်ချစ်ဦး အရေးကြီးဆုံးက ကိုယ့်အဖေရဲ့ သားလေ...
ရောင်နီ သည်းမခံနိုင်တော့ပေ။ စိတ်ကိုလျော့ကာ နှောင်းကို အကြွင်းမဲ့ယုံသည်။ သို့သော် ကိုယ့်ကိုကိုယ်တော့ ယုံကြည်မှုမရှိ။
နှောင်းသာ ငါ့အကြောင်းအစုံသိခဲ့ရင်
နှောင်းသာ ရောင်ခြည်ပြောတဲ့အတိုင်းသာဆိုရင်
ကိုယ်ဘယ်လိူလုပ်ရမလဲ နှောင်း
ကိုယ် လက်လျော့ရမှာလား ဆုပ်ကိုင်ထားရမှာလား
ဝေခွဲမရသည့်အဆုံး ရောင်နီပြန်လာခဲ့တော့သည်။
အိမ်ထဲရောက်ရောက်ခြင်း မြင်လိုက်ရတာက အိမ်ရှေ့မှာ ရပ်ထားသော ကားတစ်စီး မဟုတ်မှ မဟုတ်မှ မဖြစ်နိုင်လောက်ပါဘူးနော်
ရောင်နီ ဧည့်ခန်းထဲ ကြည့်တော့ မည်သူမျှမရှိ မီးဖိုချောင်ခန်းထဲမှာလည်း ထိုနည်းတူစွာဘဲ။
ဒါဆိူ ဖြစ်နိုင်ခြေ တစ်ခုကတော့ အိမ်ပေါ်..
အိမ်ပေါ်အပြေးသွားတက်ကြည့်ရင်း နှောင်းရဲ့ အခန်းကို တံခါးမခေါက်ဘဲ ဖွင့်ဝင်လိူက်လေတော့ အိပ်ယာပေါ်မှာ အပူအပင်မရှိသလို စောင်ကိုပတ်ကာ အိပ်နေသော နှောင်း။ဘေးက လူမှာလည်း ကုတင်ဘေးမှာ ထိုင်ကာ ဆေးလိပ်သောက်နေလေသည်။
ရောင်နီ ဒေါသထွက်မိသွားသည်။
'ငါ-ိုးမသား ခွပ် ခွပ် အောက်တန်းစား ကြာကူလီ မင်းကို ငါဒီနေ့ သတ်မယ်´
ဘေးမှာ ချထားတဲ့ အရက်ပုလင်းနဲ့ ခေါင်းကို ရိုက်ခွဲလိုက်လေတော့ သွေးတွေ စီးကျလာလေတော့သည်။
နှောင်းကတော့ မနှိုးလာသေး။
ဒါ တစ်ခုခု လွဲမှားနေပြီ။
လွန်ခဲ့သော ၁နာရီတွင် ရောင်ခြည်သည် နှောင်းအားလိမ္မော်ရည်သောက်ရအောင်ဆိုပြီး ၀ယ်လာသော ဖျော်ရည်ကို ပေးသည်။နှောင်းမသိလိုက်တာက ထိုထဲ၌ အိပ်ဆေးပမာဏအနဲငယ်များသည်ကိုပင်။
ဒါသည် ရောင်ခြည့်၏ ယုတ်မာမှုဖြစ်သည်။
ရောင်ခြည်သည်လည်း အောက်ကနေ ရောင်နီထိုးသမျှကို ကြိတ်မှိတ်ခံလိုက်တော့သည်။
ဘာလို့ဆို ရောင်နီ နဲ့ နှောင်းတို့၏ ကြိုးကို အစိတ်စိတ်အမွာမွာ ဖြတ်စီးခဲ့ပြီလေ။ယုံကြည်မှုမရှိကြသော ချစ်ခြင်းတစ်ခုမှာလည်း ဘယ်လိုပင်တည်ဆောက်တည်ဆောက် အခြေမမြဲနိုင်။
ကြာလာတော့ ရောင်ခြည်သည် သတိမေ့လျော့စွားခဲ့သည်။ နှုတ်ခမ်းမှာလည်း သွေးတွေ ကျလာသလို ခေါင်း၌ စီးကျနေသော သွေးတို့မှာလည်းအဆက်မပြတ်။ မျက်နှာတစ်ခုလုံးကို ရစရာမရှိအောင် နီရဲ ညိုပုပ်အောင် ထိုးခဲ့သော်လည်း
ရောင်နီ့၌ ပူလောင်ခြင်းသာ ရှိလေသည်။
ထို့နောက် ရတီ့ကို အိမ်လာခဲ့ တခွန်းသာ ပြောပြီး ကားဖြင့် အဝေးသို့ ထွက်သွားခဲ့သည်။
ရတီ့မှာလည်း ရောင်နီ၏ စကားတစ်ခွန်းကြောင့် ပင် အိမ်ကို အမြန်လိုက်သွားလေတော့ ကုတင်ထက်မှ နှိုးနေကာ အောက်၌ သွေးတွေထဲမီာ လဲကျနေသူကို စိုက်ကြည့်နေသည်။
ကိုကို အထင်လွဲသွားပြီ
'နှောင်း ဘယ်လိုဖြစ်တာလဲ´
ရတီ ကုတင်အောက်ရှိ လူကိုကြည့်ရင်းကြောင်နေသော သူကို မေးလိုက်သည်။ ထိုမှသာ သတိဝင်ကာ စောင်ပုံမှ ရုန်းထွက်လာပြီး
'ကိုကို ရော ဟင့် ကိုကို ရော ဟင် မမ ဟင့် အီး´
ရုတ်တရက်ထငိုလာသောနှောင်းကို အကျိုးအကြောင်းမေးချင်သော်လည်း လူနာမှာ သွေးထွက်လွန်နေပြီမို့ အရေးင်္ကြးသည်လေ။
'နှောင်း ဆေးရုံကားခေါ်လိုက် မြန်မြန်´
'ဟုတ်ကဲ့ မမ´
နှောင်းလည်း တုန်လှုပ်ခြောက်ခြားစွာပင် ဆေးရုံကားပေါ်ကို တင်သွားသော ရောင်ခြည်နှင့် ရတီကို ကြည့်ကာ အိမ်ရှေ့ဝ၌ ဒူးထောက်ကာ ရှိုက်နေမိတော့သည်။
' မဟုတ်ဘူး ကို ကို ဟင့် ကိုကို ထင်သလို မဟုတ်ဘူး အီးးဟီးးး´
တွေးထားသလို တစ်ခုမှ မဟုတ်ဘဲ ဆိုးရွားစွာသော အဖြေတွေသာ ရလာခဲ့သည်မို့ နှောင်း ပိုရင်နာမိသည်။
သူငယ်ချင်းဆီမှ သစ္စာဖောက်ခံလိုက်သည်။ ချစ်ရသူ ဆီမှ မယုံကြည်မှုတွေပါ ရခဲ့သောနှောင်းသည် ပိုရင်နာရသည်။
ထိုနည်းတူ ရောင်နီလည်းနာကျင်သည်။ဆေးရုံရောက်နေသူကတော့ အပြစ်မရှိစွာဖြင့် အိပ်စက်နေလျက်။
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ မည်သူမှ သက်သာသည်မရှိခဲ့ကြပေ။