မီးငယ်က အဆိုးလေးနော်..... [GL...
By ro_ru_ki
4K 177 7
ဘဝမှာ ကိုယ်ချစ်တဲ့လူကို ဖွင့်ပြောလိုက်ပါ .... ဘဝမှာ ကိုယ်ချစ်တဲ့လူကို ဖွင့်ပြောလိုက်ပါ.... #ro_ru_ki More
မီးငယ်က အ‌ဆိုးလေးနော် (Unicode)
"မိုးပွင့်" မှသည် "မ" ဆီသို့//unicode//
"မိုးပွင့်" မှသည် "မ" ဆီသို့ //Zawgyi//
မီးငယ်ကအဆိုးလေးနော် (Zawgyi)
369 11 0
By ro_ru_ki
ဒီနေ့ဟာ လူတော်တော်များများ နားရက်လို့ သတ်မှတ်ထားတဲ့ တနင်္ဂနွေ နေ့လေးပေါ့
အလုပ်ပိတ် ကျောင်းတွေပိတ် ကြတဲ့ နေ့လေးတစ်ရက်
တချို့သော မိသားစုတွေရဲ့ အားလပ်ရက်အနေနဲ့ တစ်မိသားစုလုံး အနားယူကြတာလဲ ရှိကြသည်။
သတ်မှတ်ထားတဲ့ ရက်ဖြစ်တဲ့ အလျှောက်
နှင်းဧကရီ ဆိုတဲ့ မိန်းကလေးဟာလဲ လူသားထဲက လူသားတစ်ယောက်ဖြစ်လို့
သူ့ရဲ့ နားရက်ကိုလဲ တနင်္ဂနွေနေ့တွင်သာ သတ်မှတ်ထား‌ခဲ့သည်။
သူမဟာ နောက်နှစ်အစထဲမှာ အသက်သုံးဆယ်ပြည့်တော့မယ့် မိန်းမ တစ်ယောက်
အများပြောကြသလို ထိပ်စီး ပြောင်းတော့မဲ့ မိန်းမ
ကိုယ်ပိုင်စီးပွားရေးကို ပိုင်နိုင် ကျွမ်းကျင်စွာ လုပ်ကိုင်နေပြီး
အမေများရဲ့ ချွေးမအတော်ချင်ဆုံး
ထက်မြက်တဲ့ မိန်းမတစ်ယောက်ဆိုလဲ မမှားပေ။
ဒီနေ့ဟာ သူမနားရက်ဖြစ်တဲ့ အတွက် အလုပ်အားလုံးကို မျက်ကွယ်ပြုထားဖို့ ဆုံးဖြတ်ခဲ့သည်။
အချိန်အားဖြင့် မနက် ဆယ်နာရီခွဲ။
‌ဆောင်းနှင်းဝေနေတဲ့ ပြင်ဦးလွင်မြို့ရဲ့ မနက်ခင်းမြင်ကွင်းဟာ အသက်ဝင်လှတဲ့ ပန်းချီကား တစ်ချပ်အလား။
သူမရဲ့ နေ့တစ်နေ့ အစကို ကော်ဖီတစ်ခွက်နဲ့ စတင်ဖို့ ဆုံးဖြတ်လိုက်ကာ အိမ်ရှေ့ ရောင်စုံပန်းများ ပတ်လည်ကြားထဲ အနားယူရန် ပြုလုပ်ထားသော ထိုင်ခုံ သို့ သွားလိုက်သည်။
ကော်ဖီခွက်လေးကို ချကာ
သူမ၏ အိတ်ထဲ၌သာ တစ်ချိန်လုံး အနားယူနေရတဲ့ ဖုန်းလေးကို တစ်ဖန်ပြန်အသက်သွင်းပေးလိုက်သည်။
လူအများနဲ့ ချိတ်ဆက်ပေးသည်ဆိုသော
Facebook app ကို click တစ်ချက်နှိပ်ကာ
စိတါအပန်းဖြေရန် ဝင်လိုက်မိသည်။
ထိုစဉ် သူမရဲ့ Newsfeed ပေါ်တွင် suggested ဆိုပြီး
Tarot ‌page ရဲ့ post လေး တစ်ခုတတ်လာခဲ့သည်။
သူမရဲ့ ငါးနှစ်အတွင်း အလိုလို ရှိလာတဲ့ အကျင့်များထဲက တစ်ခုကြောင့်
သူမဟာ ထို post လေးကို ဆက်ဖတ်နေမိသည်။
ခေါင်းစဉ်လေးက
"‌ရာသီခွင်များနှင့် သူတို့၏လိုက်ဖက်သော ရာသီခွင်များ" တဲ့
သူမဟာ Zodiac sign Arises မှ စ၍ ဆက်ကြည့်နေရင်း
တစ်နေရာသို့ရောက်သွားတဲ့ အခါ ဖုန်း မျက်နှာပြင်ကို ပွတ်ဆွဲနေတဲ့ ညာဘက်လက်ဟာလဲ ရပ်တန့်သွားခဲ့တော့သည်။
ဖုန်းပေါ်က အကြောင်းအရာလေးကတော့
Capricorn - Capricorn တဲ့
ရုတ်ချည်းဆိုသလို သူမဟာ မေ့ထားတဲ့ အချိန်တွေကို ပြန်သတိရလာခဲ့သည်။
နားထဲတွင်လဲ ထိုအချိန်က မီးငယ်ပြောခဲ့သည့် စကားသံများ
"မ , သိလား Capricorn နဲ့ Capricorn ဟာ လိုက်ဖက်တဲ့ ရာသီခွင်တွေတဲ့"
(A/N- ထိုအကြောင်းအရာသည် မှီငြမ်းထားခြင်းဖြစ်ပါသည်)
သူမ၏ ပါးပြင်ပေါ် စိုစွတ်စွတ် ခံစားလာရတဲ့အခါ
သူမဟာ သတိပြန်ဝင်လာခဲ့သည်။
ထိုစဉ် သူမရဲ့ ဖုန်းဟာလဲ sleep timeကိုဘယ်ချိန် ကျော်သွား လဲဆိုတောင်မသိတဲ့အတွက်
Screen ဟာလဲ မှောင်အတိ ။
သူမရဲ့ စိတ်အခြေအနေဟာလဲ အမှောင် အတိ။
လွန်ခဲ့သောငါးနှစ်,,,,,
မနက်ခင်း ဝေလီဝေလင်း အချိန်တွင် ဧကရီတစ်ယောက်
အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။
တောင်ပတ်လမ်းဖြစ်သည့် အတွက် ဧကရီ ဆက်လက်၍ အိပ်လို့မရတော့ပေ။
သူနိုးလာပြီး မကြာခင်အချိန်တွင်
သူ့ဘေးခုံ‌တွင် ထိုင်သော ကလေးတစ်ယောက်လဲ နိုးလာခဲ့တော့သည်။
နိုးလာလာချင်းပဲ သူ့‌ရဲ့အရှေ့မှာ အဆင်သင့် ထားထားတဲ့
ကြွပ်ကြွပ်အိတ်အမည်း ကို ယူကာ
ထိုးအန်လေတော့သည် ။
ဧကရီသည်လည်း ဒီကောင်မလေးလို ခံစားဖူးတာကြောင့်
ဘေးနားကနေ ကူညီပေးနေလိုက်တော့သည်။
ကလေးမလေး အန် တာ သက်သာသွားတဲ့ချိန်
ရေဗူးကို ဖွင့်ပေးလိုက်ကာ သူ့ကိုပေးလိုက်တော့
သူမကို မျက်လုံးဝိုင်းလေးနဲ့ မော့ကြည့်လာသည်။
"ပလုတ်ကျင်းလိုက်ဦး ညီမလေး
ပါးစပ်တွေချဉ်နေမှာဆိုးလို့"
"ဟုတ်ကဲ့"
ကလေးမက တော်တော် ပင်ပန်းနေပုံရသည်။
သူမကို စကားပြန်ပြောတဲ့ အသံလေးဟာ တကယ့်ကို တိုးတိုးလေးဖြစ်သည်။
ခနကြာတော့ အေးသာယာ ကားကြီးကွင်းကို ရောက်လာခဲ့တော့သည်။
အကုန်လုံး ပါလာသော သူတို့၏အထုပ်များကို စစ်ကာ
အလျှိုလျှို ဆင်းကြကုန်းသည်။
ဧကရီကတော့ လူကုန်တော့မှ အေးအေးဆေးဆေး ဆင်းဖြစ်သည်။
သူမဟာ လူရှုပ်တာကို အလွန် မုန်းသည့်လူ‌တစ်ယောက်။
သူမကားအောက်ကို ရောက်သည်နှင့်တစ်ပြိုင်နက်
လူတစ်ယောက် ချက်ချင်းရောက်လာကာ
"ဒီက ညီမလေး တောင်ပေါ်တတ်မှာလား
အကိုတို့ ကားနဲ့လိုက်မလားဗျ "
"ရပြီ ရပြီ
ကျွန်မကို လာကြိုမဲ့ လူရှိပါတယ်"
"အော် ဟုတ်ကဲ့ဗျ"
ထိုအကိုလဲ ပြောပြီးပြီးချင်း အခြားလူတွေဘက်လှည့်ကာ
ဆက်ပြီး ခေါ်နေခဲ့သည်။
ဘေးလူတစ်ယောက် ဟာ ဧကရီ နဲ့ ထိုအကို တို့ စကားပြောတာကိုကြည့်လျှင်
ဧကရီ့ကို စကားပြောတာ ရင့်သည်ဟုထင်နေလိမ့်မည်။
ဒါဟာ တောင်ပေါ်သူ/တောင်ပေါ်သား တွေနဲ့ အောက်ပြည်သူ/အောက်ပြည်သား တွေရဲ့ ကွားခြားချက်လေးပေါ့
ဧကရီ ငယ်ငယ်က ဒီကို ခနခန ရောက်ဖူး၏ ။
သို့ပေမဲ့ သူတို့လို စကားပြောပုံလေးတွေကို ခနမျှသာ လိုက်ပြောနိုင်ခဲ့သည်။
ပဲခူးပြန်ရောက်တာနဲ့ သူမဟာ အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့လိုပင်ဖြစ်သည်။
"ဧကရီ ဧကရီမဟုတ်လား
အမလေး လှလာလိုက်တာ ကြည့်ပါဦး"
သူမနောက်မှ စကားသံကို ကြားတော့
ဧကရီဟာ သူမ၏ ကြီးကြီးဖြစ်သူမှန်း ရိပ်မိလိုက်ပါသည်။
"ဟာ ကြီးကြီး ကိုယ်တိုင်လာတာလား
ပင်ပန်းနေဦးမယ်
အခြားတစ်ယောက်လာခိုင်းလဲရတာပဲကို"
ကြီးကြီးကတော့ ခေါင်းကို အကြိမ်ကြိမ် ယမ်းကာ
"ငါ့တူမကြီး လာတာကို ကိုယ်တိုင်လာကြိုရမှာပေါ့
သူများကို လွှတ်လိုက်ဖို့ ကောင်းမလား"
သူမရယ်သာ ရယ်နေလိုက်တော့သည်။
ကြီးကြီးဟာ အသက် ငါးဆယ်လို့မထင်ရအောင်ကို ဖျက်လက်လွန်းလှသည်။
အလုပ်ဆိုလျှင်လဲ ကြီးကြီး ကိုယ်တိုင်ဝင်လုပ်မှသာ ကျေနပ်သူတစ်ဦး။
"ဦးငယ် ရေ အထုပ်တွေ လာဆွဲပေးပါဦး
ဒီမှာ ငါ့တူမကြီး ပင်ပန်းနေပြီ "
ဦးငယ် ဆိုသူက ဧကရီ့လက်ထဲမှ အထုပ်ကို လာယူပေးတော့
"ရပါတယ် ကျွန်မ ကိုယ်တိုင် ဆွဲလိုက်ပါ့မယ်
မိန်းကလေး အထုတ်ဖြစ်နေလို့ပါ"
"သမီး ပင်ပန်းမှာဆိုလို့ပါ
ဦးငယ်က ဘာမှမဖြစ်ဘူး ရတယ်"
"ဟုတ်ပါတယ် ဧကရီရဲ့
ဦးငယ်က အားနာရမဲ့ လူမဟုတ်ပါဘူး"
ဦးငယ် ဆိုသူက ပြောတာကို ကြီးကြီးကလဲ ဝင်ထောက်ခံတော့
"အားမနာပါဘူး ကြီးကြီးရဲ့
ကျွန်မက ကိုယ်တိုင်ပဲ လုပ်ချင်လို့ပါ"
ဧကရီပြောလိုက်တဲ့ချိန် မျက်နှာပျက်သွားကြပေမဲ့
သူမဟာ အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
ဘယ်နေရာမှာမဆို ဘယ်သူ့အကူအညီမှ မယူပဲ ကိုယ်တိုင်လုပ်မှ ကျေနပ်တာဟာ သူမရဲ့ ငယ်ငယ်ကတည်းက အကျင့်လေးတစ်ခုဖြစ်ခဲ့သည်။
အများအမြင်မှာ သူမဟာ မာနကြီးတယ် ထင်ကောင်း‌ထင်နေနိုင်လိမ့်မည်။
သို့ပေမဲ့ သူမဟာ လူတစ်ယောက်ကို ဂရုစိုက်နေဖို့ထိ အားနေတဲ့သူတစ်ယောက်မဟုတ်ပေ။
အေးသာယာ ကားကြီးကွင်းမှ တရွေ့ရွေ့မောင်းနှင်လာသော
Honda fit( 2012 )အဖြူရောင်လေးဟာ
တောင်ကြီးမြို့ရဲ့ အဝင်ကိုပင် ရောက်လာခဲ့ပြီ။
သူမလဲ ခရီးပန်းလာ၍ ကားနောက်ခန်း၌သာ မှေးပြီးလိုက်လာဖြစ်ခဲ့သည်။
~~~~~~~
ကြီးကြီး အိမ်သို့ရောက်တော့လဲ သူမသေချာစကားမပြောဖြစ်သေး။
ရောက်ရောက်ချင်း ကားပေါ်က ဆင်းပြီးတာနဲ့
သူမနေရန် ပေးထားသော အခန်းထဲသို့ ဝင်ကာ အထုတ်တွေ နေရာချရင်း အိပ်ပျော်သွားခဲ့သည်။
" ကြီးကြီးတင်ရေ ကြီးကြီးတင်
အိမ်မှာ ယာဂု လုပ်စားလို့
လာပို့တာ ရှင့်"
အိမ်ရှေ့မှ အသံစူးစူးကို ကြားလိုက်တော့ ဧကရီတစ်ယောက် အိပ်ရာမှ နိုးလာခဲ့သည်။
အချိန်ကို ကြည့်လိုက်တော့ ညနေ သုံးနာရီခွဲရှိပြီ။
သူမ တော်တော် အိပ်လိုက်တာပဲဟု တွေးကာ
အိမ်ရှေ့ကို ထွက်လာခဲ့လိုက်သည်။
"ကြီးကြီးတင် မရှိဘူးလား မသိဘူး
ဘာသံမှလဲ မကြားဘူး"
ထိုစဉ် အိမ်ပေါ်ထပ် လှေကားမှ တစ်လှမ်းချင်း ဆင်းလာတဲ့ ဖဝါးနုနုလေး
ကြီးကြီးတင် ခြေထောက်က အဲ့လောက်ဖွေးတာလားဟု
မိုးပွင့် တစ်ယောက်တွေးလိုက်ကာ မော့ကြည့်လိုက်ချိန်
"ကြီးကြီး မရှိဘူးထင် ညီမလေး
အမက ကြီးကြီးရဲ့ တူမပါ
ဘာပြောပေးရမလဲ"
မိုးပွင့် ကြောင်,အ နေမိသည်။
သူမရဲ့ ဘဝမှာ ဒီလောက် ကျက်သရေရှိပြီး လှပတဲ့
မိန်းက‌လေးမျိုး ကို အမေကလွဲပြီး မမြင်ဖူးသေးပေ။
အသားလေးက ဖြူနေတာလဲ မဟုတ် ညိုတာလဲမဟုတ်
ဝင်းဝါနေပြီး မျက်နှာမှာလဲ ဘာမှ လိမ်းခြယ်ထားခြင်းမရှိတောင် လှပနေတယ်တဲ့လား။
မျက်တောင်လေးဆိုတာကလဲ ကော့နေပြီး
မျက်စံကတော့ ထူးထူးခြားခြားကို အညိုရောင်လေးဖြစ်သည်။ မျက်ကပ်မှန် မပါပဲ သဘာဝအတိုင်းကို စွဲဆောင်မှုရှိတဲ့ မျက်ဝန်းလေးပေါ့။
နှုတ်ခမ်းကို ကြည့်မိလိုက်တော့ မထူမပါး ကကြီး ပုံ နှုတ်ခမ်းလေးနဲ့
ဆေးဆိုးထားခြင်း မရှိတဲ့ သဘာဝ ပန်းနုရောင်လေး
လှရက်လိုက်တာ
"ဟို ညီမလေး ကြီးကြီးမရှိဘူးနော်
ဘာပြောပေးရမလဲ"
မမ စကားပြောလာတော့မှ အသိပြန်ဝင်လာတဲ့ မိုးပွင့်ဟာ
မေ့မြောနေသည့် လူတစ်ယောက်က ချက်ချင်းပြန်သတိရလာသလိုမျိုးပင် ဖြစ်သည်။
"အာ ဟုတ် ဟုတ်ကဲ့
အိမ်မှာ ယာဂု လုပ်စားလို့ အဲ့တာလေး လာပို့တာပါ"
"ဟုတ်ကဲ့ ညီမလေး
အမ ပန်းကန်လဲပေးမယ်နော် ခနလောက်စောင့်ပေးမလား"
"ဟုတ်ကဲ့ မမ
ရပါတယ်"
မိုးပွင့်ကို ပြုံးပြပြီး ဝင်သွားတဲ့ မမဟာ
သိပ်လှတဲ့ နတ်မိမယ်လေး တစ်ပါးလိုပင်
မိုးပွင့်ရဲ့ ဘယ်ဘက်ရင်အုံမှာလဲ အမျိုးအမည် ဖော်လို့မရတဲ့ တုန်လှုပ်မှုလေးတစ်ခုနဲ့ပေါ့။
"ပန်းကန်ပါ ညီမလေး
ကျေးဇူးပါနော် ကောင်းကောင်းစားလိုက်ပါ့မယ်"
"ဟုတ်ကဲ့ရှင့် "
"လိုက်ပို့ရဦးမလား ညီမလေး"
"အာ ရတယ်ရှင့် ရတယ်"
"အာ့ဆို လိုက်မပို့တော့ဘူးနော် ညီမလေး"
ဧကရီ အိမ်ထဲ ပြန်ဝင်ရန်လှည့်မယ့်အပြုမှာ
"ဟို ဟိုလေ မမ"
ဧကရီဟာ သူမဘက်ကို ပြန်လှည့်လာခဲ့သည်။
"မမရဲ့ နာမည် ဘယ်လိုခေါ်လဲဟင်"
မိုးပွင့် မေးပြီးမှ နောင်တ ရချင်သလို ဖြစ်သွားသည်။
အခုမှ စတွေ့ဖူးတဲ့ လူကို အဲ့လိုသွားမေးတာ ‌ကြိုက်ပါ့မလား"
"နှင်းဧကရီ ပါ နှင်းဧကရီ "
မမဟာ သူမထင်ထားသလိုမဟုတ်ပဲ ပြုံး၍ အေးအေးလေး ပြန်ဖြေလာခဲ့သည်။
"သမီးက မိုးပွင့်ငယ် ပါ
ဟိုဘက်အိမ်မှာ နေတယ်ရှင့်"
"ဟုတ်ပါပြီ နာမည်လေးနဲ့ လူလေးနဲ့ လိုက်တယ်နော်
ချစ်စရာလေး
ဒါဆို အမ ဝင်တော့မယ်နော် "
"ဟုတ် မ "
မိုးပွင့် အိမ်ကိုရောက်သည်အထိ တွေး၍ မဆုံးနိုင်ပေ။
မမ က သူမကို ချစ်စရာလေး ဟု ပြောသွားသည်ကို
တွေး‌တွေးပြီး ကျေနပ်နေတော့သည်။
"မီး ရေ မီး "
(A/N - သမီးရေ လို့ခေါ်တာပါ)
"ဟုတ် ‌အမေ"
"အခန်းထဲက ထွက်လာပြီး
ဒီမှာ ယာဂု လာစား
ခုနကတည်းက ဝင်သွားတာ ပြန်ကိုထွက်မလာတော့ဘူး"
သူမ ချက်ချင်းကို ထသွားလိုက်သည်။
ဟိုဘက်အိမ်က မမ အကြောင်းကို မေးရမယ်ဟု ဆိုပြီး
အမြန်သာ ထွက်လာခဲ့လိုက်သည်။
"အမေ အမေ
ဟိုဘက်မှာ ဧည့်သည် ရောက်နေတာသိလား"
"‌သိတယ်လေ ဘာဖြစ်လို့လဲ"
"မြင်ဖူးလား"
"ငယ်ငယ် ကတော့ မြင်ဖူးတယ် ဧကရီ မဟုတ်လား
ဘာဖြစ်လို့လဲ"
"လှ လို့ပါ အရမ်းလှတယ်"
"ဟုတ်လား အမေလဲ သေချာမတွေ့ရသေးဘူး
မတင် ပြေတာပဲ သိသေးတာ ရောက်နေတယ်ဆိုလို့လေ"
"အလည်လာတာလား အမေ"
"အလုပ်ကိစ္စထင်တယ် အမေလဲ သေချာမသိပါဘူး"
"မိုးပွင့် ငါ့သမီး ဘယ်တုနက သူများအကြောင်းစပ်စုတတ်သွားတာလဲ"
သူမ အဖေက အရွှန်းထဖောက်တော့မှ မိသားစုစကားဝိုင်းဘက်သို့ ပြန်လှည့်လာခဲ့သည်။
"မဟုတ်ပါဘူး အဖေကလဲ"
"ဒီနေ့ ဖြေနိုင်တယ်မှတ်လား ပြန်လာကတည်းက အပြင်ကို မထွက်လာသေးဘူး"
"ဖြေနိုင်တာပေါ့ ဘယ်သူရှိရမလဲ အဖေ့ သမီးလေ"
"လပတ်တွေလဲ မပေါ့နဲ့နော် သမီး
သမီးက အခုဆယ်တန်း အတန်းမငယ်တော့ဘူး"
"အမေကလဲ သမီး ဒီနေ့မှ စာမေးပွဲလေး ပြီးတာပါ
စိတ်မပူနဲ့ သမီးကိုယ်သမီး ယုံတယ်
ဂုဏ်ထူးပါစေရမယ် စိတ်ချ အခုတော့ ဒါလေး ကို
အပူအပင်မရှိ စားပါရစေ နော် "
ဦးအောင်နိုင် နဲ့ ဒေါ်မေကမ္ဘာ လဲ
သူတို့ သမီးလေးရဲ့ အပြောကို ကြည့်ပြီး
သဘောကျကာ ရယ်ပဲရယ်နေနိုင်တော့သည်။
ထိုနေ့ညက အိမ်နှစ်အိမ်က ကောင်မလေး နှစ်ယောက်ဟာ
တော်ရုံနဲ့ အိပ်မပျော်ခဲ့ကြပါဘူး။
~~~
သီတင်းကျွတ် ပိတ်ရက်လဲ တစ်ဝက်ကျိုးနေသလို
မိုးပွင့်နဲ့ ဧကရီလဲ တော်တော်လေး ခင်နေကြပြီ ဖြစ်သည်။
မိုးပွင့် ကျူရှင် ဆင်းတိုင်း ဧကရီ ဆီကို အရောက်လာလေ့ရှိသည်။
အရင်နေ့တွေကတော့ ဧကရီ ပျင်းနေမှာဆိုးလို့ဆိုပြီး
စကားလာပြောပေးသည်တဲ့။
မိုးပွင့်လာတဲ့နေ့တိုင်း သူမတကယါကို ပျော်ရွှင်ရပါသည်။
မိုးပွင့်နဲ့ သူမဟာ အကျင့်စရိုက်က အစ ကွာခြားသည်။
မိုးပွင့်ဟာ tarot အရမ်းဝါသနာပါသည်။
ဧကရီ ကတော့ လက်တွေ့ကိုပဲ ယုံသည်။
မိုးပွင့်ဟာ စကားလဲ အရမ်းများသည်။
ဧကရီကတော့ စကားပြောရသည်ကို အမုန်းဆုံး လူတစ်ယောက်။
မိုးပွင့်ဟာ ပွဲလမ်းသဘင် တွေ လူများတဲ့ နေရာတွေကို အရမ်းသဘောကျသလို သွားရတာလဲ ဝါသနာပါသည်။
ဧကရီငတော့ အဲ့လိုနေရာတွေကို ငယ်ငယ်ကတည်းက မသွားခဲ့ပေ။
အဲ့လိုသွားနေရမဲ့ အစား စာအုပ်တစ်အုပ် ကော်ဖီ တစ်ခွက်နဲ့
အခန်းထဲမှာ အေးအေူဆေးဆေးလေး နေရတာကိုပိုသဘောကျသည်။
သူတို့နှစ်ဦးဟာ မတူညီတာတွေ များရဲ့နှင့် ဘာလို့
တူတူနေလို့ရသွားခဲ့သလဲ။
"မ , မ လို့ "
နောက်တစ်ခု မိုးပွင့်ဟာ သူမကို 'မ' ဆိုပြီး တစ်လုံးထဲပဲ ခေါ်တတ်လာသည်။
"မ ဘာတွေ တွေးနေတာလဲ
မီးငယ် ခေါ်တာလဲ မကြားဘူး"
"မဟုတ်ပါဘူး မီးငယ် အကြောင်းတွေးနေတာ"
"တကယ်လား အာ့ဆိုပြော
မီးငယ်ရဲ့ ဘာအကြောင်းကိုတွေးနေတာလဲ"
တခါတလေ မီးငယ်ဟာ အခုလိုလဲ ရစ်တတ်ပါသေးသည်။
သူမကို မီးငယ် လို့ ခေါ်ပါဆိုပြီး ပြောလာတာလဲ
သူစိတ်ကောက်နေပါတယ်ဆိုတဲ့ချိန် သူကိုယ်တိုင် ခေါ်ခိုင်းတဲ့ နာမ်စားလေး ဖြသ်သည်။
"မီးငယ် စာမလုပ်ဖူးလားလို့ တွေးနေတာ"
" ဟာ 'မ' နော် အခုမှ ပြန်လာတာကို အတင်းနှင်ထုတ်နေတယ်"
ဧကရီ လဲ အကျင့်တွေ ပြောင်းလာခဲ့ပါသည်။
ဘယ် သူစိမ်းနဲ့ စကားအများကြီး မပြောခဲ့ပေမဲ့
မီးငယ်နဲ့တော့ စကားတွေ အများကြီး ပြောဖြစ်ခဲ့သည်။
အရင်းနှီးဆုံးသူစိမ်း ဆိုတာကို တွေးမိတိုင်း
ဧကရီ့ ရဲ့ ဘယ်ဘက်ရင်အုံဟာ အောင့်လာခဲ့သည်။
အဖြေကို စဉ်းစားလိုက်ရင် တစ်မျိုးတည်း ထွက်မှာ သိနေပေမဲ့
သူမ ဘယ်တော့မှ ဆက်စဉ်းစားမှာ မဟုတ်တော့ချေ။
"မီးငယ် ပြန်တော့မယ်
ဒီနေ့ အိမ်စာတွေ များလို့"
"စာကြိုးစား မီးငယ်
ဂုဏ်ထူးတွေအများကြီး ပါလာရင် မ ဆုချမယ်"
" 'မ' သာ ဆုချဖို့ပြင်လိုက်တော့ "
အပြင်ကို ပြေးထွက်သွားတဲ့ မီးငယ်ရဲ့ ကျောပြင်သေးသေးလေးကို ကြည့်ရင်း သူမရဲ့ ဘယ်ဘက်ရင်အုံက
ဒုတိယအကြိမ် အောင့်လာပြန်သည်။
သူမဟာ ကလေးငယ် အပေါ် မကောင်းတဲ့လူဖြစ်နေပြီလား?
ဒီနေ့လဲ ထုံးစံအတိုင်း မီးငယ်ဟာ ကျွန်မဆီကို ရောက်လာပြန်သည်။
" 'မ' သိလား Capricorn နဲ့ Capricorn ဟာ လိုက်ဖက်တဲ့ ရာသီခွင်တွေတဲ့ "
"မီးငယ် စာသာကြိုးစားလုပ်ပါ"
" 'မ' ကလေ အမြဲ စာပဲ လုပ်ခိုင်းနေတယ်
မီးငယ် ကို အဲ့လောက်တောင်မတွေ့ချင်ဘူးလား
မီးငယ်က 'မ' အတွက် အရှုပ်ထုတ်လား"
"မဟုတ်ပါဘူးကွာ မ က ပိုတော်စေချင်လို့ပါ"
" တော်ပြီ မီးငယ်ပြန်မယ်
လပြည့် နေ့ ဆီမီး တစ်ထောင် ပူဇော်ပွဲကို သွားမယ်နော်
မလိုက်လို့မရဘူး "
မီးငယ်ဟာ သူမရဲ့ အဖြေကိုတောင်မစောင့်ပဲ
ထွက်သွားခဲ့ပြီ
ဒီကောင်မလေးဟာ တခါတလေ အဲ့လိုလဲ ဇွတ်တရွတ် လုပ်တတ်ပါသေး၏။
"ဧကရီ ကြီးကြီး နဲ့ စကားခနပြောရအောင်နော်"
ဘယ်ချိန်ထဲက ရောက်နေမှန်းမသိတဲ့ ကြီးကြီးဟာ
ဒီနေ့ ထူးဆန်းနေတယ်လို့ သူမ ခံစားမိနေသည်။
"ဟုတ် ကြီးကြီး ဘာပြောမလို့လဲ"
"ဘာမှတော့မဟုတ်ပါဘူး မိုးပွင့်နဲ့ အရမ်း ရင်းနှီးလား ဧကရီ"
"ဟုတ် ရင်းနှီးပါတယ် "
"သူ့အပေါ်ရော ဘယ်လိုသဘောထားသလဲ"
ကြီးကြီး မေးလိုက်တဲ့ မေးခွန်းဟာ သူမ ကိုယ် သူမတောင်
မမေးချင်ပဲ မေ့ထားခဲ့တဲ့ မေးခွန်းဖြစ်နေခဲ့သည်။
" ညီမလေးပေါ့ ကြီးကြီး ရဲ့"
"ကြီးကြီးကို အမှန်တိုင်းပြောပေး ဧကရီ
ကြီးကြီးလဲ ငယ်ရာကနေ ကြီးလာတာပါ"
"ကြီးကြီး ဘာကိုပြောချင်တာလဲ"
" ဧကရီ သမီးက လူကြီးဖြစ်နေပါပြီ
အသက် ၂၅တောင် ပြည့်တော့မှာပဲ
ဒါဟာ ဖြစ်သင့်လား မဖြစ်သင့်ဘူးလား ဆိုတာ
သမီး တွေးကြည့်ပါ
မနေ့က မေကမ္ဘာ လာပြောတယ်
သမီး အလုပ်ကိစ္စ အပြင်ထွက်တဲ့ချိန်"
"ဘာတွေ ပြောသွားလဲ ကြီးကြီး
ကျွန်မ ကို အကုန်ပြောပြလို့ရမလား"
သူမရဲ့ အေးစက်နေတဲ့ လက်တွေကို
ကြီးကြီးဟာ ဆုပ်ကိုင်လာခဲ့သည်။
" သူ့သမီးလေး ကို လမ်းမှားမရောက်အောင်လို့
ဧကရီ့ကို ပြောခိုင်းတာပါ"
သူမ အရာရာအားလုံး ဆုံးရှုံးသွားသလိုကို ခံစားလိုက်ရသည်။
မှန်ပါတယ် ၊ သူမကြောင့် မီးငယ် ဘဝတတ်လမ်းကို မပိတ်စေချင်ဘူး ။
"ကြီးကြီး လူတစ်ယောက်နဲ့ တစ်ယောက် ချစ်တာ အမှားကြီးဖြစ်သွားတာလား"
"တစ်ယောက်နဲ့ တစ်ယောက် ချစ်တာ မမှားပေမဲ့
တစ်ယောက်တည်းက ချစ်နေမယ်ဆိုရင်တော့ အခြား‌တစ်ယောက်အတွက် ဆူးခလုတ်လို ဖြစ်စေတာပေါ့"
ကြီးကြီး ပြောတာကို သူကောင်းကောင်း နားလည်လိုက်ပါသည်။
"လပြည့်ကျော် တစ်ရက်နေ့ ကျွန်မ ပြန်လိုက်ပါတော့မယ်
လပြည့်နေ့တော့ ကတိပေးထားတာလေးရှိလို့ "
"ကြီးကြီး က သမီး ကောင်းစေချင်လို့ပြောတာပါ
သမီးလို မိန်းကလေးမျိုးဆိုရင် လိုက်ဖက်တဲ့လူက အများကြီးရှိပါတယ်"
သူမ ဘာမှ ပြန်မပြောဖြစ်ခဲ့ပါ။
ကြီးကြီးပြောတာတွေ အကုန်လုံးက အမှန်တွေပဲလေ...
လပြည့်နေ့မနက်မှာ ဖုန်းသံကြောင့် သူမနိုးလာခဲ့သည်။
"Hello, "
" 'မ' မီးငယ်ပါ
ဖေဖေမရှိတုန်း ဖုန်းခိုးဆက်လိုက်တာ"
"မီးငယ် အဲ့လို လူကြီးမသိအောင် မလုပ်ရဘူးလေ
'မ' မကြိုက်ဘူး"
" 'မ' ရာ ခနလေး ဆက်တာတောင် ဆူဖို့ကြီးပဲ
ညကြရင် မမေ့နဲ့နော် မီးငယ် ရအောင်ထွက်ခဲ့မယ်
ပြီးတော့ မီးငယ် 'မ'ကို .."
" မီးငယ် အကြာကြီးပြောရင် အိမ်ကလူတွေ ဆူဦးမယ်
'မ' ထွက်ခဲ့မယ် ဒါပဲနော်"
သူမဘက်ကသာ အရင်ဆုံး ဖုန်းချ ခဲ့မိသည်။
မီးငယ် ဆက်ပြောလာမဲ့ စကားကို မကြားပါရစေနဲ့
မီးငယ်လဲ ဒီရက်ပိုင်း အိမ်ကို မလာဖြစ်ပေ။
သူမ ကြောင့်ဆိုတာ မလွဲဧကန်ပင် ဖြစ်မည်။
~ strawberries and cigarette always tease like you~
" ဟုတ် မေမေ "
"သမီး အခုချက်ချင်း ဆင်းလာမှရမယ်
သမီး‌ရဲ့ café မီးလောင်လို့"
"ရှင် ဘယ်လိုဖြစ်တာလဲ
ဘယ်ကနေ လောင်တာလဲ"
"သမီးအဲ့တာတွေ မမေးနေနဲ့ဦး အခုချက်ချင်း ပဲခူးကို
ဆင်းလာခဲ့ "
သူမဖုန်းချပြီးသည်နှင့် ချက်ချင်း အထုတ်ပြင်ရတော့သည်။
ဒီလို ဖြစ်တာလဲ သူမကြောင့်ပဲလား
ဘာလို့ သူမဆီမှာမှ ဒီလိုတွေ ကြုံလာရတာလဲ ??
မီးငယ် ကိုတောင် နှုတ်ဆက်ချိန် မရပဲ
ချက်ချင်း ဟဲဟိုးကို ဆင်းရတော့သည်။
လေယာဉ်လက်မှတ်တောင် ချက်ချင်း ဖြတ်လိုက်ရသည်။
~~~~
Now
ဧကရီ ရဲ့ ပျံလွင့် နေတဲ့ စိတ်အစုံဟာ သူမရဲ့ ဖုန်းသံကြောင့် ပြန်လည် စုစည်းလိုက်နိုင်ခဲ့သည်။
" Hello"
"ကိုယ် အာကာ ပါ ဧကရီ
ဒီနေ့ တွေ့ဖို့ အဆင်ပြေမလားမသိဘူး
ဧကရီ့ ရဲ့ နားရက်ဆိုတော့ ခွင့်တောင်းကြည့်တာပါ"
အစကတော့ သူမငြင်းဖို့ စိတ်ကူးရှိပေမဲ့
သူမရဲ့ စိတ်အခြေအနေလဲ မကောင်းတာမို့ လက်ခံဖို့ ဆုံးဖြတ်လိုက်တော့သည်။
"ဟုတ်ကဲ့ ကိုအာကာ
ကျွန်မ လာခဲ့ပါ့မယ် "
"ဧကရီ တကယ်ပြောတာပေါ့
ဝမ်းသာလိုက်တာ ဒါဆိုရင် (xxx) မှာ တွေ့မယ်နော်
ဧကရီ အဆင်ပြေတဲ့ချိန်လေး လာလို့ရပါတယ်
ကိုယ် က ရောက်နေပြီးသားမို့လို့ပါ"
တစ်ဖက်မှ အသံကို နားထောင်ရုံနဲ့ ပျော်နေမှန်း ဧကရီ ခံစားမိပါသည်။
ဧကရီ အခုလို လုပ်တာဟာ မှားမှန်း သိပေမဲ့ ပြန်မပြင်မိတော့ပေ။
~~~
သူမဆိုင်ကိုရောက်လာတော့
ဆိုင် အပြင်အဆင်က မှန်တွေနဲ့သာ ပြုလုပ်ထား၍ အတွင်းမှ အပြင့်သို့ ဖောင်ထွင်းမြင်နိုင်၍ကိုကာအာ က သူမကို ထွက်ကြိုခဲ့သည်။
" ဧကရီ လာ ဒီမှာထိုင်
ဒီနေရာလေးက view အရမ်းကောင်းတယ်
ကိုယ်ဆို အမြဲ ဒီကို လာထိာင်ဖြစ်တယ်"
"ဟုတ်ကဲ့"
"ဘာသောက်မလဲ ဧကရီ"
"Latte ပဲသောက်တော့မယ် ကိုအာကာ"
ကိုအာကာ လဲ မှာစရာရှိတာ မှာပြီး သူမဘက်ကို ပြန်လှည့်လာခဲ့သည်။
"ဧကရီ ကိုယ် ဧကရီ့ အပေါ်ဘယ်လိုသဘောထားလဲဆိုတာ
သိမှာပါ"
"ကိုအာကာ ပြောချင်တာက.."
သူမ ကိုအာကာကို စကားစဖော်ပေးလိုက်တော့..
"ကိုယ်တို့လဲ မငယ်တော့ဘူးလေ
နှစ်ယောက်အတူတူ ဘဝကို ဖြတ်သန်းခွင့်ပြုပေးမလား ဧကရီ"
"တောင်းပန်ပါတယ် ကိုအာကာ ကျွန်မ တစ်ယောက်ထဲ နေချင်သေးလို့ပါ"
ကိုအာကာရဲ့ မျက်လုံးထဲမှာ အမျိုအမည်မဖော်နိုင်သော
အရိပ်မျိုးစုံ ဖြတ်ပြေးလျက်...
"ဘာလို့လဲ ဧကရီ ကိုယ့်က ဘယ်နေရာမှာ ဧကရီနဲ့ မလိုက်ဖက်နေလို့လဲ
အမှန်အတိုင်းပြောရရင် ကိုယ်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါ "
ကိုအာကာ ပြောနေသည့် ပုံဟာ တကယ့်ကို ကလေးတစ်ယောက်လိုပင်
သူမ သူနဲ့ တွေ့ဖို့ လက်ခံတာဟာ သူ့အချစ်ကိုလက်ခံသလိုများဖြစ်သွားလေသလား...
"ဟုတ်ပါတယ် ကိုအာကာက ပျိုတိုင်ကြိုက်တဲ့နှင်းဆီခိုင်ပေါ့
ဒါပေမဲ့ အဲ့ဒီ့ နှင်းဆီခိာင်ကို ကြိာက်တဲ့ ပျိုတွေ ထဲမှာ ကျွန်မ မပါခဲ့ရုံလေးပါ
ခွင့်ပြုပါဦး ကိုအာကာ "
ကိုအာကာရဲ့ ပြန်ဆိုလာမည့်စကားသံကိုတောင်မစောင့် ဆိုင်အပြင်သို့ထွက်လာခဲ့မိသည်။
သူ့ရဲ့ မာနကို ထိခိုက်သွားမယ်ဆိုတာ ဧကရီ တပ်အပ်သိလိုက်ပါသည်။
သို့ပေမဲ့ သူမ ဘယ်သူ့ကိုမှ ထပ်လဲမချစ်နိုင်တော့သလို လှည့်လဲမစားချင်တော့ပါ။
" 'မ' "
ဧကရီရဲ့ ရှေ့သို လှမ်းနေတဲ့ခြေလှမ်းတွေဟာ မည်သူ့အကူအညီမှမပါပဲ ရပ်တန့်သွားခဲ့သည်။
သူမနားကြားမမှားပါ။
သူမရဲ့ ငါးနှစ်တာကာလ လုံး လွမ်းနေခဲ့ရသည့် မီးငယ်..
" 'မ' "
နောက်တစ်ကြိမ် ထပ်ခေါ်နေသည်ကို ကြားနေရသည်တောင် ဧကရီ မယုံချင်သေးပါ။
" 'မ' က မီးငယ်ကိုမေ့သွားပြီလား"
ဧကရီ နားကြားမှားတာမဟုတ်မှန်း အတပ်သိလိုက်ပါပြီ။
သူမ လှည့်ချက်လိုက်တဲ့ချိန်
မီးငယ်မှ မီးငယ်အစစ်
သူမအရမ်းကို လွမ်းနေခဲ့ရတဲ့ မီးငယ်ပေါ့
သိပ်ကိုဆိုးတဲ့မီးငယ်
စာတော်ရဲ့သားနဲ့ ထိုနှစ်က ဆယ်တန်းကို ကျအောင်ဖြေခဲ့တဲ့ မီးငယ်
ဧကရီ အရမ်းကို သဘောကျခဲ့ရတဲ့ ဆံပင်ကောက်ကောက်လေးတွေတော့ မရှိတော့ဘူး
သူမကို မုန်းလို့ ဖြောင့်လိုက်ပြီထင်သည်။
" 'မ'
ပြန်တွေ့ပြီနော်"
"အင်း မိုးပွင့်
ပြင်ဦးလွင်ကို လာလည်တာလား"
"မိုးပွင့်တဲ့လား"
မီးငယ်ရဲ့ ခနဲ့တဲ့တဲ့ အပြုံးကို သူမ မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။
"ဟုတ်တယ် မီးငယ် ချစ် သူ နဲ့လေ
လာလည်တာ "
ချစ်သူ ဆိုတဲ့နေရာကို တမင် ဆွဲပြောလိုက်လေသလား မီးငယ်ရယ်
" ဟုတ်လား congratulations နော် မိုးပွင့်
အမ လဲ အလုပ်လေးရှိသေးလို့ သွားလိုက်ဦးမယ်"
ဧကရီ မီးငယ်ကိုကျောခိုင်းပြီး လှည့်အထွက်
"အဲ့နေ့ညက မီးငယ် 'မ' ကိုစောင့်နေခဲ့တာ
မီးငယ်မှာပြောစရာတွေ အများကြီးရှိနေခဲ့တာ"
"မီးငယ်အကြောင်းတွေကြားပါတယ်
ဘာလို့ ဆယ်တန်းကို နှသ်ချင်းပေါက် အောင် မဖြေခဲ့တာလဲ"
" 'မ' အမြင်မှာ မီးငယ်က ကလေးလိုကလွဲပြီး မမြင်ခဲ့ဘူးလား"
" အမသွားတော့မယ် အလုပ်တွေရှိနေသေးလို့"
မီးငယ်ရဲ့ စကားတွေကို နားမထောင်ချင်တော့ပါ
ဒီနေရာမှာ ဆက်နေလျှင် ခံစားချက်တွေ ထိန်းနိုင်မည်မဟုတ်ပါ။
မီးငယ် မသိခဲ့တာတစ်ခုက
အချစ်တစ်ခုမှာ နှစ်ဦးနှစ်ဖက်ချစ်နေပြီး မပေါင်းဖက်ခဲ့ရတာတွေလဲ ရှိနေတာပဲလေ
'မ' ရဲ့အချစ်ကို ခံယူချက်ကတော့
မီးငယ်ပျော်ရွှင်နေရဖို့ ပါပဲ
မီးငယ်ပျော်ရွှင်နေရင် 'မ' လဲပျော်ပါတယ်
'မ' ရဲ့ အချစ်က ပေးဆပ်နေဖို့ပါပဲ
မီးငယ်ရဲ့ ဘဝတတ်လမ်းကို 'မ' က ပျော်ရွှင်စွာ လက်ခုပ်တီးပေးဖို့ပါပဲ ...
" 'မ' ကိုမီးငယ် ချစ်ခဲ့တယ် ဆိုတာရော သိရဲ့လား"
မီးငယ်ရဲ့ အော်ပြောနေတဲ့ စကားသံကို
မကြားချင်ယောင်သာဆောင်ခဲ့သည်။
'မ' ကိုဆက်ချစ်နေတာထပ် 'မ' ကို မုန်းလိုက်ပါ မီးငယ်
ဒါ အကောင်းဆုံးပါပဲ ....
အချသ်တသ်ခုမှာ ပေးဆပ်ခြင်းနဲ့ ချစ်ရတာကိုပဲ ပိုပြီး သဘောကျနေတာ အပြစ်လား မီးငယ်.......
#ro_ru_ki
Continue Reading
You'll Also Like
1.2M 47.4K 54
" US OLYMPIC SWIMMER CHARLIE GRAY FORFEITS" " WHAT HAPPENED TO OLYMPIC SWIMMER CHARLIE GRAY?" Charlie Gray stopped swimming . Though the reason was...
291K 13.4K 19
COE : Rewrite the stars This love is worth , no matter what to give up . The story explained ! [Only read this when you are 19 or above ]
2.7M 7.4K 14
)05/25/20 edit- bro read at your own risk and feel free to clown me) This consists of lesbian one shot things. I honestly had fun writing these. Ther...
13.1M 528K 57
"Have you tried turning it off and back on again?" •• Christian Ivonov, CEO of Ivonov enterprises, had always been the best at fucking things up. Whe...