ZAW
"ဘတ္ဟြၽန္း"
"ဟမ္!"
ဂ်ံဳအင္က ျပတင္းေပါက္ကိုမ်က္နွာမူလ်က္ ငိုင္ငိုင္ႀကီး ထိုင္ေနေသာ ဘတ္ဟြၽန္းကိုေခၚလိုက္ေလသည္။အၿမဲတမ္း အၿမဲတမ္း။ဒီလိုပဲလုပ္ေနေတာ့မွာလား။၂လ!! ၂လေလာက္ရိွၿပီ။ျပတင္းေပါက္ႀကီးကိုသာ မ်က္နွာႀကီးအပ္ထားရင္း ထမင္းလည္းမစား ေကာင္းေကာင္းလည္းမအိပ္နဲ႔။
အခုလည္း ေခၚတာကို အူေၾကာင္ေၾကာင္နဲ႔ ျပန္ၾကည့္လာျပန္သည္။
"မင္းဒီတိုင္းႀကီး ေနေနမွာလား ထမင္းလာစား မစားမင္းငတ္မွာ မင္းေရာ မင္းကေလးေရာ"
ဂ်ံဳအင္က ၾကက္သားတံုးကိုကိုက္ရင္း မပိမသေျပာေလသည္။
ဘတ္ဟြၽန္းက ဂ်ံဳအင့္ဘက္လွည့္လာၿပီး ၿပံဳးျပေနေလသည္။
ဘာလား။ေၾကာက္စရာေကာင္းေအာင္။
"ဂ်ံဳအင္"
"ဘာတုန္းကြာ အဲ့လိုႀကီးေတြမေခၚပါနဲ႔ ငါမေန႔က သရဲကားၾကည့္ထားတာ အေၾကာက္က မေျပေသးဘူးကြ အဲ့လိုေၾကာက္ခ်မ္းစရာေတြ "
ဂ်ံဳအင္က ပခံုးႀကီးကို အတင္းက်ံဳ႕လို ေျဖတယ္။
ဘတ္ဟြၽန္းကရယ္လာျခင္းလည္းမရွိ။ျပန္ေျဖလာျခင္းလည္းမရွိ။ဂ်ံဳအင့္ကို ဆက္ေခၚေလသည္။
"ဂ်ံဳအင္"
"ဘာလဲကြာ"
"သူတစ္ကယ္ေပ်ာ္ေနလား"
ဂ်ံဳအင္ မ်က္နွာခိုးမဲ့လိုက္တယ္။တစ္ေန႔တစ္ေန႔မၿပီးနိုင္ မစီးနိုင္နဲ႔ ဒီအေၾကာင္းေမးေနတာ။ထြက္လာခဲ့တာလည္းသူပဲ။သူပဲ မျပတ္နိုင္။ၾကားထဲကေန ဒုကၡခံေနရတာ ၂ေယာက္မရွိတဲ့ ဂ်ံဳအင္ပဲ။
"ေအးေအး ေပ်ာ္ေနတယ္ ေပ်ာ္ေနတယ္ ပါးစပ္ႀကီးကိုၿဖီးလို႔"
ဂ်ံဳအင္႐ြဲ႕ေျပာလိုက္တယ္။ဘတ္ဟြၽန္းကထိုစကားေၾကာင့္ၿပံဳးတယ္။ၿပံဳးရင္း မ်က္ရည္ေတြပါအစစ္ပါလာတယ္။ဒီတစ္ခါေတာ့ ဂ်ံဳအင္ ၾကက္သားကို ခဏခ်ၿပီး ဘတ္ဟြၽန္းကိုေျပာလိုက္ေတာ့တယ္။
"ဟင္းး လာခဲ့ ထမင္းစားမယ္ ငိုေနရင္ မင္းကေလးကစိတ္ဆိုးေနမယ္ေနာ္"
ထိုအခါမွ တစ္ေ႐ြ႕ေ႐ြ႕နွင့္ လမ္းေလ်ွာက္လာေလသည္။
ဂ်ံဳအင္က ၾကည့္ရင္းတစ္ကယ္ကို စိတ္မရွည္ျဖစ္ေနၿပီ။
ဘတ္ဟြၽန္းက ခုံမွာ ပံု႔ပံု႔ေလး၀င္ထိုင္ရင္း စိတ္မပါစြာ ဇြန္းကိုေကာက္ကိုင္တယ္။ငူငိုင္ငိုင္ႀကီးနွင့္ အသိစိတ္ေပ်ာက္ေနသူလို ပန္းကန္ထဲရွိ ထမင္းျဖဴေတြကိုသာ ပါးစပ္ထဲ ထိုးသြပ္ေနေတာ့တယ္...။
*ေဒါက္ ေဒါက္*
တံခါးေခါက္သံခပ္က်ယ္က်ယ္...။
ၾကက္သားတံုးကို ျပန္ကိုက္ေနတဲ့ ဂ်ံဳအင္က ေခါင္းေထာင္လာတယ္။ဘတ္ဟြၽန္းကေတာ့ တံခါးေခါက္သံလည္း ၾကားမည့္ပံုမေပၚ။အသိစိတ္လြတ္ေနတဲ့ပံုနဲ႔ ထမင္းေတြသာ ပါးစပ္ထဲ ၿပီးၿပီးေရာ ထည့္ေနေလသည္။
"ဘတ္ဟြၽန္း ဘတ္ဟြၽန္း!"
"ဟင္ အင္"
"တံခါးေလးသြားဖြင့္ေပးပါအုန္း"
ဂ်ံဳအင္က ၾကက္သားကိုင္ထားတဲ့လက္ကိုပါ ျပလိုက္တယ္။ထိုေတာ့မွ ဘတ္ဟြၽန္းသက္ျပင္းေလးအသာခ်လို႔ ထသြားတယ္။
ငါတံခါးပဲ သြားဖြင့္ခိုင္းတာပါေနာ္...။မင္းကို ေျခာက္ထဲခုန္ခ်ခိုင္းတာမဟုတ္ပါဘူး။
တစ္အိအိနွင့္ ေ႐ြ႕သြားေသာ ဘတ္ဟြၽန္းဟာ တံခါးကိုဖြင့္ဖြင့္ျခင္း နွဖူးတည့္တည့္ကို ခ်ိန္႐ြယ္ထားတဲ့ေသနတ္ႀကီးကို ျမင္ေနရတယ္။
"အားး"
"ဘာလို႔ အဲ့ေလာက္ ေအာ္ေနရတာလဲ ကိုယ့္ကေလးအေဖေလး "
ဒီအသံ!!မ်က္လံုးမိွတ္ထားရာမွ အနည္းငယ္ ပြင့္ဟၾကည့္လိုက္သည္။အတည္ကို သူ၏။ေ႐ွ႔တြင္ရပ္ေနေသာ ခ်န္းေယာလ္။
သူ၏ နွဖူးတည့္တည့္ျဖစ္ေနေသာ ေသနတ္ကိုတစ္လွည့္ တည္တင္းေနေသာ မ်က္နွာထားနွင့္တစ္လွည့္ ခ်န္းေယာလ္ကိုၾကည့္ကာ သူထိုေနရာမွာတင္ ေၾကာင္ေတာင္ေတာင္ႀကီး မတ္တပ္ရပ္ေနမိသည္။
ရုတ္တရပ္ ဒူးတစ္ဖက္ေထာက္ ထိုင္ခ်လိုက္ေသာ ခ်န္းေယာလ္။ေသနတ္ကို မတ္တပ္ႀကီးေမ့ေနေသးတဲ့ ဘတ္ဟြၽန္းလက္ထဲ ထည့္ေပးၿပီး ဒူးေထာက္ေနေသာ သူ႔နွဖူးတည့္တည့္သို႔ ခ်ိန္ေစသည္။
"ေမာင့္ကို သတ္လိုက္ေတာ့ေလ "
ထိုမွသာ ဘတ္ဟြၽန္းအသိ၀င္လာေတာ့သည္။သူ႔ေရွ႕တြင္ ဒူးေထာက္လ်က္ မ်က္စိမွိတ္ထားေသာ ခ်န္းေယာလ္။သူ၏ လက္ထဲတြင္ ကိုင္ထားေသာ ေသနတ္က ခ်န္းေယာလ္၏ နွဖူးတည့္တည့္တြင္ ေနရာယူေလသည္။
"ခ်န္း ခ်န္းေယာလ္"
အလိုတူ အေလ်ွာက္ မ်က္ရည္ေတြပါစီးက်လာခဲ့ေတာ့၏။
ဤ ေယာက်ာ္းဟာ သူ႔ဆီလိုက္လာခဲ့တယ္ဆိုတဲ့အသိ။
"ေမာင့္ကို ပစ္လိုက္ေတာ့ ေမာင္းအသင့္တင္ၿပီးသား လက္ညိဳးေလးတစ္ခ်က္ေကြးရံုပဲ "
ခ်န္းေယာလ္က အတိၿပီးျပတ္သားေသာ ေလသံျဖင့္ ဆိုလ်က္ ။ဘတ္ဟြၽန္းကေတာ့ ေသနတ္ႀကီးကိုင္လ်က္သာ ေၾကာင္ေနမိသည္။
"ေမာင္ မွားတယ္။"
" ေမာင္က မင္းကိုနာက်င္ေစခဲ့တယ္"
"ေမာင္က မင္းရဲ႕မ်က္ရည္ေတြ က်ဆင္းေစတဲ့ အဓိကတရားခံ"
"ၿပီးေတာ့ ေမာင္မင္းကို ပစ္ထားမိခဲ့တယ္"
ဘတ္ဟြၽန္းက ေျပာသည့္စကားေတြအား နားေထာင္ရင္း မ်က္ရည္က်ေနရံုသာ။ဒါ အိမ္မက္မဟုတ္ဘူးမလား။အိမ္မက္ဆိုရင္ေတာင္ ငါ့ကိုနိုးထေစဖို႔ မႀကိဳးစားနဲ႔။
"ခ်န္းေယာလ္ ~"
"သတ္လိုက္ မင္းက်န္ေနခဲ့တဲ့ လက္စားေခ်ရမယ့္ နံပါတ္၁၀ေျမာက္ျဖစ္တဲ့ ေမာင့္ကို မင္းလက္နဲ႔ ကိုယ္တိုင္သတ္လိုက္။ မင္းဖို႔ေပးထားတဲ့ ေသနတ္နဲ႔ ေမာင့္ကို သတ္ပစ္လိုက္စမ္းပါ အခ်စ္ "
ဘတ္ဟြၽန္းက ေသနတ္ကိုင္ထားတဲ့လက္ကို ေအာက္ကိုခ်လိုက္တယ္။ထိုေတာ့ ခ်န္းေယာလ္က မ်က္လံုးဖြင့္ၾကည့္လာတယ္။ခ်န္းေယာလ္ဆီမွာလည္း သူ႔နည္းတူမ်က္ရည္ေတြနဲ႔။
"မငိုနဲ႔ေလ ေမာင့္အခ်စ္ ကိုယ့္ကိုသတ္လိုက္ပါ ေမာင္မေသခင္ ေမ်ွာ္ၾကည့္ခ်င္တဲ့ မင္းမ်က္နွာမွာ မ်က္ရည္ေတြ မရွိေစခ်င္ဘူး"
ဘတ္ဟြၽန္း ေခါင္းကိုခါရင္း ေသနတ္ကိုပစ္ခ်လိုက္တယ္။ဒူးေထာက္ကာ သူ႔ကိုသတ္ဖို႔ခ်ည္းပဲ ေျပာေနတဲ့ ခ်န္းေယာလ္ကိုေအာ္လိုက္တယ္။
"မင္းကိုသတ္ၿပီး ငါက မုဆိုးဖိုအေနနဲ႔ ေနသြားရမွာလား ခ်န္းေယာလ္ ေမြးလာမယ့္ ငါ့ကေလးအတြက္ မင္းက အေဖမရွိတဲ့ ကေလးတစ္ေယာက္ျဖစ္ေစခ်င္ေနတာလား"
ခ်န္းေယာလ္က ထိုစကားေၾကာင့္ ေမာ့ၾကည့္လ်က္ ေခါင္းကိုခါကာ ျငင္းဆိုတယ္။ဒူးေထာက္ေနရာကေန ထလာလ်က္...
"မ မဟုတ္ဘူး ေမာင္က..."
"ေတာ္ေတာ့ "
ခ်န္းေယာလ္က ပါးစပ္အတိပိတ္လိုက္တယ္။ဘတ္ဟြၽန္းက ၾကည့္ေနရင္းမွ ခ်န္းေယာလ္၏ ရင္ဘက္ကိုတစ္ဘုန္းဘုန္းရိုက္လာတယ္။
"မင္းကိုငါမုန္းခ်င္လိုက္တာ"
မ်က္ရည္ေတြအတန္တန္က်လ်က္။လက္ကလည္း အဆက္မျပတ္ ခ်န္းေယာလ္၏ ရင္ဘက္ကိုရိုက္တုန္း။
"ကိုယ္...မင္းကိုခ်စ္ေၾကာင္းေတြ မ၀င္ခံခဲ့ရဘူး အရင္ဘ၀ေရာ အခုဘ၀ေရာ ေမာင္က မခ်စ္တတ္ဘူး တစ္ခါတစ္ေလ မင္းကို ကိုယ့္အခ်စ္ေတြက နာက်င္ေစသြားတယ္။"
ဘတ္ဟြၽန္းက ေမာ့ၾကည့္လာတယ္။ခ်န္းေယာလ္က ဘတ္ဟြၽန္းမ်က္နွာႏုႏုေပၚက မ်က္ရည္ေတြကို သုတ္ေပးရင္း ထပ္မံဆိုေလတယ္။
"မင္းအေၾကာင္းေတြ ဂ်ံဳအင့္ဆီက သိရတယ္။ထမင္းမစားဘူးဆို အဲ့ေလာက္ဆိုးရလား။ ?"
"ေမာင့္ကို သိပ္မုန္းတယ္မလား "
"ေမာင္က မင္းအတြက္ လက္စားေခ်ေပးျပီးၿပီေနာ္"
"ဒီတစ္ေခါက္က ေမာင့္အလွည့္ေလ ဘာေၾကာင့္ငိုေနရတာလဲ ကိုယ့္သူငယ္ခ်င္းကို သတ္ခဲ့တုန္းကလို ၿပံဳးေနပါလား ေမာင့္ အခ်စ္ရဲ႕"
ဘတ္ဟြၽန္း ခ်န္းေယာလ္၏ စကားေတြနားေထာင္ၿပီးေနာက္မွာ သူ႔အတြက္ အေျဖေတြက မ်က္ရည္ေတြသာျဖစ္သြားတယ္။
ေမာင္တဲ့...ငါအၿမဲေခၚခ်င္မိခဲ့တဲ့ နာမ္စားေလး မင္းပါးစပ္ကေန ထြက္လာေတာ့ ဘာေၾကာင့္ ငါ၀မ္းမသာရတာလဲ ေမာင္..
ၿပံဳးေနပါလားတဲ့။ မင္းရူးေနလားဆိုၿပီး ငါအခါခါရိုက္ရင္း ေမးလိုက္ခ်င္တယ္။ငါက ဘာေၾကာင့္မင္းကိုသတ္ရမွာလဲ။
မင္းကိုယ္တိုင္ပဲ ငါ့ကိုအရူးလိုျပဳစား။ခ်စ္တတ္သြားေအာင္ သင္ေပးၿပီးေတာ့ သတ္ပစ္လိုက္ပါတဲ့လား။
မင္းတစ္ကယ္ကို အတၱႀကီးလိုက္တာ ...။
ငါမင္းကို မုန္းခ်င္တယ္။ခြင့္မလႊတ္ခ်င္ဘူး။
ဒါေပမယ့္ အခုေတာ့ ငါ့ေရွ႕မွာ မ်က္ရည္ေတြက်ေနတဲ့သူ႔ကို
သာေပြ႕ဖက္ခ်င္သြားေတာ့တယ္
မင္းရဲ႕...စကားေတြၾကား။
ေနာက္ဆံုး ငါေ႐ြးခ်ယ္မိသြားခဲ့တာက.....
ဒန္႔ဒန္႔ဒန္႔☺️အက်င့္ယုတ္ၿပီ ပ်ိဳတို႔
UNI
"ဘတ်ဟျွန်း"
"ဟမ်!"
ဂျုံအင်က ပြတင်းပေါက်ကိုမျက်နှာမူလျက် ငိုင်ငိုင်ကြီး ထိုင်နေသော ဘတ်ဟျွန်းကိုခေါ်လိုက်လေသည်။အမြဲတမ်း အမြဲတမ်း။ဒီလိုပဲလုပ်နေတော့မှာလား။၂လ!! ၂လလောက်ရှိပြီ။ပြတင်းပေါက်ကြီးကိုသာ မျက်နှာကြီးအပ်ထားရင်း ထမင်းလည်းမစား ကောင်းကောင်းလည်းမအိပ်နဲ့။
အခုလည်း ခေါ်တာကို အူကြောင်ကြောင်နဲ့ ပြန်ကြည့်လာပြန်သည်။
"မင်းဒီတိုင်းကြီး နေနေမှာလား ထမင်းလာစား မစားမင်းငတ်မှာ မင်းရော မင်းကလေးရော"
ဂျုံအင်က ကြက်သားတုံးကိုကိုက်ရင်း မပိမသပြောလေသည်။
ဘတ်ဟျွန်းက ဂျုံအင့်ဘက်လှည့်လာပြီး ပြုံးပြနေလေသည်။
ဘာလား။ကြောက်စရာကောင်းအောင်။
"ဂျုံအင်"
"ဘာတုန်းကွာ အဲ့လိုကြီးတွေမခေါ်ပါနဲ့ ငါမနေ့က သရဲကားကြည့်ထားတာ အကြောက်က မပြေသေးဘူးကွ အဲ့လိုကြောက်ချမ်းစရာတွေ "
ဂျုံအင်က ပခုံးကြီးကို အတင်းကျုံ့လို ဖြေတယ်။
ဘတ်ဟျွန်းကရယ်လာခြင်းလည်းမရှိ။ပြန်ဖြေလာခြင်းလည်းမရှိ။ဂျုံအင့်ကို ဆက်ခေါ်လေသည်။
"ဂျုံအင်"
"ဘာလဲကွာ"
"သူတစ်ကယ်ပျော်နေလား"
ဂျုံအင် မျက်နှာခိုးမဲ့လိုက်တယ်။တစ်နေ့တစ်နေ့မပြီးနိုင် မစီးနိုင်နဲ့ ဒီအကြောင်းမေးနေတာ။ထွက်လာခဲ့တာလည်းသူပဲ။သူပဲ မပြတ်နိုင်။ကြားထဲကနေ ဒုက္ခခံနေရတာ ၂ယောက်မရှိတဲ့ ဂျုံအင်ပဲ။
"အေးအေး ပျော်နေတယ် ပျော်နေတယ် ပါးစပ်ကြီးကိုဖြီးလို့"
ဂျုံအင်ရွဲ့ပြောလိုက်တယ်။ဘတ်ဟျွန်းကထိုစကားကြောင့်ပြုံးတယ်။ပြုံးရင်း မျက်ရည်တွေပါအစစ်ပါလာတယ်။ဒီတစ်ခါတော့ ဂျုံအင် ကြက်သားကို ခဏချပြီး ဘတ်ဟျွန်းကိုပြောလိုက်တော့တယ်။
"ဟင်းး လာခဲ့ ထမင်းစားမယ် ငိုနေရင် မင်းကလေးကစိတ်ဆိုးနေမယ်နော်"
ထိုအခါမှ တစ်ရွေ့ရွေ့နှင့် လမ်းလျှောက်လာလေသည်။
ဂျုံအင်က ကြည့်ရင်းတစ်ကယ်ကို စိတ်မရှည်ဖြစ်နေပြီ။
ဘတ်ဟျွန်းက ခုံမှာ ပုံ့ပုံ့လေးဝင်ထိုင်ရင်း စိတ်မပါစွာ ဇွန်းကိုကောက်ကိုင်တယ်။ငူငိုင်ငိုင်ကြီးနှင့် အသိစိတ်ပျောက်နေသူလို ပန်းကန်ထဲရှိ ထမင်းဖြူတွေကိုသာ ပါးစပ်ထဲ ထိုးသွပ်နေတော့တယ်...။
*ဒေါက် ဒေါက်*
တံခါးခေါက်သံခပ်ကျယ်ကျယ်...။
ကြက်သားတုံးကို ပြန်ကိုက်နေတဲ့ ဂျုံအင်က ခေါင်းထောင်လာတယ်။ဘတ်ဟျွန်းကတော့ တံခါးခေါက်သံလည်း ကြားမည့်ပုံမပေါ်။အသိစိတ်လွတ်နေတဲ့ပုံနဲ့ ထမင်းတွေသာ ပါးစပ်ထဲ ပြီးပြီးရော ထည့်နေလေသည်။
"ဘတ်ဟျွန်း ဘတ်ဟျွန်း!"
"ဟင် အင်"
"တံခါးလေးသွားဖွင့်ပေးပါအုန်း"
ဂျုံအင်က ကြက်သားကိုင်ထားတဲ့လက်ကိုပါ ပြလိုက်တယ်။ထိုတော့မှ ဘတ်ဟျွန်းသက်ပြင်းလေးအသာချလို့ ထသွားတယ်။
ငါတံခါးပဲ သွားဖွင့်ခိုင်းတာပါနော်...။မင်းကို ခြောက်ထဲခုန်ချခိုင်းတာမဟုတ်ပါဘူး။
တစ်အိအိနှင့် ရွေ့သွားသော ဘတ်ဟျွန်းဟာ တံခါးကိုဖွင့်ဖွင့်ခြင်း နှဖူးတည့်တည့်ကို ချိန်ရွယ်ထားတဲ့သေနတ်ကြီးကို မြင်နေရတယ်။
"အားး"
"ဘာလို့ အဲ့လောက် အော်နေရတာလဲ ကိုယ့်ကလေးအဖေလေး "
ဒီအသံ!!မျက်လုံးမှိတ်ထားရာမှ အနည်းငယ် ပွင့်ဟကြည့်လိုက်သည်။အတည်ကို သူ၏။ရှေ့တွင်ရပ်နေသော ချန်းယောလ်။
သူ၏ နှဖူးတည့်တည့်ဖြစ်နေသော သေနတ်ကိုတစ်လှည့် တည်တင်းနေသော မျက်နှာထားနှင့်တစ်လှည့် ချန်းယောလ်ကိုကြည့်ကာ သူထိုနေရာမှာတင် ကြောင်တောင်တောင်ကြီး မတ်တပ်ရပ်နေမိသည်။
ရုတ်တရပ် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သော ချန်းယောလ်။သေနတ်ကို မတ်တပ်ကြီးမေ့နေသေးတဲ့ ဘတ်ဟျွန်းလက်ထဲ ထည့်ပေးပြီး ဒူးထောက်နေသော သူ့နှဖူးတည့်တည့်သို့ ချိန်စေသည်။
"မောင့်ကို သတ်လိုက်တော့လေ "
ထိုမှသာ ဘတ်ဟျွန်းအသိဝင်လာတော့သည်။သူ့ရှေ့တွင် ဒူးထောက်လျက် မျက်စိမှိတ်ထားသော ချန်းယောလ်။သူ၏ လက်ထဲတွင် ကိုင်ထားသော သေနတ်က ချန်းယောလ်၏ နှဖူးတည့်တည့်တွင် နေရာယူလေသည်။
"ချန်း ချန်းယောလ်"
အလိုတူ အလျှောက် မျက်ရည်တွေပါစီးကျလာခဲ့တော့၏။
ဤ ယောကျာ်းဟာ သူ့ဆီလိုက်လာခဲ့တယ်ဆိုတဲ့အသိ။
"မောင့်ကို ပစ်လိုက်တော့ မောင်းအသင့်တင်ပြီးသား လက်ညိုးလေးတစ်ချက်ကွေးရုံပဲ "
ချန်းယောလ်က အတိပြီးပြတ်သားသော လေသံဖြင့် ဆိုလျက် ။ဘတ်ဟျွန်းကတော့ သေနတ်ကြီးကိုင်လျက်သာ ကြောင်နေမိသည်။
"မောင် မှားတယ်။"
" မောင်က မင်းကိုနာကျင်စေခဲ့တယ်"
"မောင်က မင်းရဲ့မျက်ရည်တွေ ကျဆင်းစေတဲ့ အဓိကတရားခံ"
"ပြီးတော့ မောင်မင်းကို ပစ်ထားမိခဲ့တယ်"
ဘတ်ဟျွန်းက ပြောသည့်စကားတွေအား နားထောင်ရင်း မျက်ရည်ကျနေရုံသာ။ဒါ အိမ်မက်မဟုတ်ဘူးမလား။အိမ်မက်ဆိုရင်တောင် ငါ့ကိုနိုးထစေဖို့ မကြိုးစားနဲ့။
"ချန်းယောလ် ~"
"သတ်လိုက် မင်းကျန်နေခဲ့တဲ့ လက်စားချေရမယ့် နံပါတ်၁၀မြောက်ဖြစ်တဲ့ မောင့်ကို မင်းလက်နဲ့ ကိုယ်တိုင်သတ်လိုက်။ မင်းဖို့ပေးထားတဲ့ သေနတ်နဲ့ မောင့်ကို သတ်ပစ်လိုက်စမ်းပါ အချစ် "
ဘတ်ဟျွန်းက သေနတ်ကိုင်ထားတဲ့လက်ကို အောက်ကိုချလိုက်တယ်။ထိုတော့ ချန်းယောလ်က မျက်လုံးဖွင့်ကြည့်လာတယ်။ချန်းယောလ်ဆီမှာလည်း သူ့နည်းတူမျက်ရည်တွေနဲ့။
"မငိုနဲ့လေ မောင့်အချစ် ကိုယ့်ကိုသတ်လိုက်ပါ မောင်မသေခင် မျှော်ကြည့်ချင်တဲ့ မင်းမျက်နှာမှာ မျက်ရည်တွေ မရှိစေချင်ဘူး"
ဘတ်ဟျွန်း ခေါင်းကိုခါရင်း သေနတ်ကိုပစ်ချလိုက်တယ်။ဒူးထောက်ကာ သူ့ကိုသတ်ဖို့ချည်းပဲ ပြောနေတဲ့ ချန်းယောလ်ကိုအော်လိုက်တယ်။
"မင်းကိုသတ်ပြီး ငါက မုဆိုးဖိုအနေနဲ့ နေသွားရမှာလား ချန်းယောလ် မွေးလာမယ့် ငါ့ကလေးအတွက် မင်းက အဖေမရှိတဲ့ ကလေးတစ်ယောက်ဖြစ်စေချင်နေတာလား"
ချန်းယောလ်က ထိုစကားကြောင့် မော့ကြည့်လျက် ခေါင်းကိုခါကာ ငြင်းဆိုတယ်။ဒူးထောက်နေရာကနေ ထလာလျက်...
"မ မဟုတ်ဘူး မောင်က..."
"တော်တော့ "
ချန်းယောလ်က ပါးစပ်အတိပိတ်လိုက်တယ်။ဘတ်ဟျွန်းက ကြည့်နေရင်းမှ ချန်းယောလ်၏ ရင်ဘက်ကိုတစ်ဘုန်းဘုန်းရိုက်လာတယ်။
"မင်းကိုငါမုန်းချင်လိုက်တာ"
မျက်ရည်တွေအတန်တန်ကျလျက်။လက်ကလည်း အဆက်မပြတ် ချန်းယောလ်၏ ရင်ဘက်ကိုရိုက်တုန်း။
"ကိုယ်...မင်းကိုချစ်ကြောင်းတွေ မ၀င်ခံခဲ့ရဘူး အရင်ဘ၀ရော အခုဘ၀ရော မောင်က မချစ်တတ်ဘူး တစ်ခါတစ်လေ မင်းကို ကိုယ့်အချစ်တွေက နာကျင်စေသွားတယ်။"
ဘတ်ဟျွန်းက မော့ကြည့်လာတယ်။ချန်းယောလ်က ဘတ်ဟျွန်းမျက်နှာနုနုပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း ထပ်မံဆိုလေတယ်။
"မင်းအကြောင်းတွေ ဂျုံအင့်ဆီက သိရတယ်။ထမင်းမစားဘူးဆို အဲ့လောက်ဆိုးရလား။ ?"
"မောင့်ကို သိပ်မုန်းတယ်မလား "
"မောင်က မင်းအတွက် လက်စားချေပေးပြီးပြီနော်"
"ဒီတစ်ခေါက်က မောင့်အလှည့်လေ ဘာကြောင့်ငိုနေရတာလဲ ကိုယ့်သူငယ်ချင်းကို သတ်ခဲ့တုန်းကလို ပြုံးနေပါလား မောင့် အချစ်ရဲ့"
ဘတ်ဟျွန်း ချန်းယောလ်၏ စကားတွေနားထောင်ပြီးနောက်မှာ သူ့အတွက် အဖြေတွေက မျက်ရည်တွေသာဖြစ်သွားတယ်။
မောင်တဲ့...ငါအမြဲခေါ်ချင်မိခဲ့တဲ့ နာမ်စားလေး မင်းပါးစပ်ကနေ ထွက်လာတော့ ဘာကြောင့် ငါဝမ်းမသာရတာလဲ မောင်..
ပြုံးနေပါလားတဲ့။ မင်းရူးနေလားဆိုပြီး ငါအခါခါရိုက်ရင်း မေးလိုက်ချင်တယ်။ငါက ဘာကြောင့်မင်းကိုသတ်ရမှာလဲ။
မင်းကိုယ်တိုင်ပဲ ငါ့ကိုအရူးလိုပြုစား။ချစ်တတ်သွားအောင် သင်ပေးပြီးတော့ သတ်ပစ်လိုက်ပါတဲ့လား။
မင်းတစ်ကယ်ကို အတ္တကြီးလိုက်တာ ...။
ငါမင်းကို မုန်းချင်တယ်။ခွင့်မလွှတ်ချင်ဘူး။
ဒါပေမယ့် အခုတော့ ငါ့ရှေ့မှာ မျက်ရည်တွေကျနေတဲ့သူ့ကို
သာပွေ့ဖက်ချင်သွားတော့တယ်
မင်းရဲ့...စကားတွေကြား။
နောက်ဆုံး ငါရွေးချယ်မိသွားခဲ့တာက.....
ဒန့်ဒန့်ဒန့်☺️အကျင့်ယုတ်ပြီ ပျိုတို့