"Dear Kyauk Khal"(Complete)
By Aakhara1993
702K 61.9K 6.2K
၁၉၃၀ ခုနှစ်ကျော်ဝန်းကျင်အားပြန်လည်ပုံဖော်ထားသော အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်၏။ မှတ်ချက် =[Role Sensitive သမားတွေအန... More
(အမှာစာ)(ဖတ်ပေးကြပါရန်)
အပိုင်း(၁) "မောင်ကျောက်ခဲ"
အပိုင်း(၂)"ဗညားသိင်္ခ"
အပိုင်း(၃)"ဧည့်သည်သွားကြိုလေပြီ"
အပိုင်း(၄)"ရင်းနှီးလာကြခြင်း"
အပိုင်း(၅)"ချောကလိတ်"
အပိုင်း(၆)"ထမင်းလက်ဆုံစားခြင်း"
အပိုင်း(၇)"မာယာများခြင်းအနုပညာ"
အပိုင်း(၈)"မောင်ကျောက်ခဲလေး စကားထစ်သွားခြင်း"
အပိုင်း(၉)"မန်ကျည်းပင်ကြီးအောက်ဝယ်"
အပိုင်း(၁၀)"မောင်ကျောက်ခဲလေးစကားထစ်သွားခြင်း (၂)"
အပိုင်း(၁၁)"ဇီးကွက်ရဲ့ထူးဆန်းသောစကား"
အပိုင်း(၁၂)"အုတ်ခဲတိုက်၊ ဆီမီးတိုက်၊နတ်တိုက်"
အပိုင်း(၁၄)"ထန်းရည်ဆိုင်တွင်ဒိတ်ကြခြင်း"
အပိုင်း(၁၅)"ထန်းရည်သုံးခွက်သောက်ပြီးမှောက်သွားခြင်း"**
အပိုင်း(၁၆)"မျက်စိယားသွားတဲ့ ဇီးကွက်"
အပိုင်း(၁၇)"ဘိုလိုသီချင်းဆိုတတ်သောမိန်းကလေး"
အပိုင်း(၁၈)"အတင်းစေ့စပ်ခံရသောလူငယ်လေး"
အပိုင်း(၁၉)"အိမ်တိုင်ရာရောက်ခိုးနမ်းခြင်း"
အပိုင်း(၂၀)"ဇီးကွက်၏ဒေါသများပေါက်ကွဲထွက်လာခြင်း"
အပိုင်း(၂၁)"​ပြဿနာတက်လေပြီ"
အပိုင်း(၂၂)"တူဝရီးနှစ်ယောက်ပြဿနာတက်ကြခြင်း"
အပိုင်း(၂၃)"အက်ဆစ်လူသားအဖြစ်ပြောင်းလဲသွားသော 'သိင်္ခ'"
အပိုင်း(၂၄)" 'သိင်္ခ'နှာခေါင်းသွေးသျှံပြီ "
အပိုင်း(၂၅)"မြို့တက်ကြလေပြီ"
အပိုင်း(၂၆)"မပန်းထွေး"
အပိုင်း(၂၇)"ဖွင့်ဟဝန်ခံခြင်း"
အပိုင်း(၂၈)"အဝယ်တော်ထွက်လေပြီ"
အပိုင်း(၂၉)"ဖာလူဒါ ရိုးရာ"
အပိုင်း(၃၀)"အလှူဝင်ရက်-၁"
အပိုင်း(၃၁)"အလှူဝင်ရက် -၂"
အပိုင်း(၃၂)''အလှူဝင်ရက်-၃''
အပိုင်း(၃၃)"အလှူဝင်ရက်-၄"
အပိုင်း(၃၄)"ရန်ကုန်လိုက်ရန်ခွင့်ပြုပြီ"
အပိုင်း(၃၅)"စကားထာဝှက်ခြင်း"
အပိုင်း(၃၆)''ကိုရင်လေးအားသွားရောက်နှုတ်ဆက်ခြင်း''
အပိုင်း(၃၇)''ရွှေမြို့တော်သို့သွားရောက်ခြင်း''
အပိုင်း(၃၈)'မြွေမြွေချင်းခြေမြင်'
🗺️🚋Rangoon Arc🚋🗺
အပိုင်း(၃၉)"ရန်ကုန်မြို့သို့သွားရောက်ခြင်း"
အပိုင်း(၄၀)"အမာရွတ်လေးရဲ့ရာဇဝင်"
အပိုင်း(၄၁)"ခြောက်ခြောက်ခြားခြား"
အပိုင်း(၄၂)"ဒါလင်လို့ခေါ်ပါ"
အပိုင်း(၄၃)'ရန်ကုန်မြို့တခွင်လည်ပတ်ခြင်း'
အပိုင်း(၄၄)"ချစ်တီးထမင်းအတူတူစားခြင်း"
အပိုင်း(၄၅)"ဝီလီယမ်သောမက်စ်"
အပိုင်း(၄၆)"ဧည့်သည်တော်အားသွားကြိုခြင်း"
အပိုင်း(၄၇)"ပြန်လက်ခံရန်တောင်းဆိုခြင်း"
အပိုင်း(၄၈)"သံကြိုးစာရေးခြင်း"
အပိုင်း(၄၉)'အမာကြည်ရဲ့ရင်ခုန်သံတို့အစပြုရာ'
အပိုင်း(၅၀)'ရွှေရင်အေးဆိုင်ကရန်ပွဲ'
အပိုင်း(၅၁)'လက်ထပ်ခွင့်တောင်းလေပြီ'
အပိုင်း(၅၂)'အထင်လွဲခံနေရသောအမာကြည်'
အပိုင်(၅၃)'အိမ်ပြန်နောက်ကျတဲ့ သိင်္ခ'
အပိုင်း(၅၄)'ကျောကုန်းပေါ်ကခြစ်ရာတွေ'
အပိုင်း(၅၅)'အတို့အထောင်လုပ်တဲ့ငြိမ်းငြိမ်း'
အပိုင်း(၅၆)'ဒေါ်ရွှေဇင်ညိမ်းရဲ့ဒေါသ'
အပိုင်း(၅၇)'မောင်ကျောက်ခဲလေးရဲ့မျှော်လင့်ချက်'
အပိုင်း(၅၈)'ပွဲကြမ်းတဲ့သိင်္ခ'
အပိုင်း(၅၉)'ရူးသွားတဲ့သိင်္ခ'
အပိုင်း(၆၀)'မောင်ကျော်ဆွေလိုက်သွားခြင်း'
အပိုင်း(၆၁)'မောင်ကျောက်ခဲလေးသိသွားခြင်း'
အပိုင်း(၆၂)'ဦးရွှေမောင်ရဲ့အာဏာ'
အပိုင်း(၆၃)'ချွဲလွန်းသူကြီး'
အပိုင်း(၆၄)'ရွာပြန်လာကြခြင်း'
အပိုင်း(၆၅)'လယ်စောင့်တဲလေးတွင်အဆုံးသတ်သည်'
အချပ်ပို(၁)[ ပိတောက်လက်ဆောင်]
အချပ်ပို(၂)[ အိုးမဲသုတ်ခံလိုက်ရတဲ့ 'သိင်္ခ' ]
အချ​ပ်ပို(၃)[နှစ်သစ်ကူးည]
[Book Announcement ]
[Book Info]
[Question] [ဖတ်ဖြစ်အောင်ဖတ်ပေးကြပါရန်]
အချပ်ပို(၄) [ရွှေညာမြေမှဆွေမျိုးများ]
(ဖန်တီးမှုအသစ်- နတ်မင်း၏အစေခံ)
အပိုင်း(၁၃)"လက်ထပ်ရန်တိုက်တွန်းခြင်း"
10.6K 1.1K 63
By Aakhara1993
Unicode
~~~~~~~
"အစ်ကို့ ခြေထောက်သက်သာရဲ့လား။"
ကျုပ်အစ်ကို့ကိုမေးလိုက်တာဗျ။ 'ဇီးကွက်' က
အောင်တိုး တို့နဲ့ပါသွားတာမို့ ကျုပ်လဲသူ့ကိုလိုက်ပို့ပေးတာ။ လမ်းကိုဖြေးဖြေးလေးလျှောက်နေလို့ စိတ်ထဲထင်နေတာနဲ့ခြေ​ထောက်ကို လှမ်းကြည့်လိုက်
မိတော့ညိုနေတဲ့ ခြေသလုံးကိုတွေ့လိုက်ရတော့တာပဲ။ အစ်ကိုကအသားဖြူတော့ဒဏ်ရာကထင်းနေတာပေါ့ဗျာ။
"လာ...အစ်ကိုဒီနားမှာထိုင်လိုက်။"
ကျုပ်အစ်ကို့ကိုတွဲလိုက်ပြီး အရီးအေးတို့
ဝိုင်းနားက အပင်အောက်မှာခဏထိုင်ခိုင်း
လိုက်တယ်။ ပြီးတာနဲ့ ပုဆိုးခါးပုံစထဲထည့်လာတဲ့​ ဆေးပုလင်းလေးကို ထုတ်ပြီးလိမ်းပေးဖို့လုပ်လိုက်တယ်။
"အစ်ကိုကတော့လေ...ခြေထောက်နာနေတာကို
လိုက်လာရတယ်လို့။"
ကျုပ်လဲအစ်ကို့ကိုဆူသလိုပြောလိုက်ပြီး
ခြေသလုံးက ပုဆိုးစကိုလှန်တင်လိုက်ရတယ်။
အစ်ကိုကတစ်ခါတလေဆို ခေါင်းမာတဲ့ကလေးလေး
တစ်ယောက်လိုပဲဗျ။
"ကျောက်....ကျောက်ခဲလေး
ဒီလိုမလုပ်ပါနဲ့။"
သူ ပုဆိုးစကိုဆွဲလှန်လာတဲ့ ကောင်ငယ်လေးရဲ့
လက်ကို သူအလျင်အမြန်ပဲဆုပ်ကိုင်လိုက်ပြီး
တားဆီးလိုက်တယ်။ဒီကောင်လေးက
ဘာကြောင့်မို့ သူ့ခြေသလုံးကိုဆေးလိမ်းပေးရမှာလဲ။
ဒီကောင်လေးက သူ့ရင်ခွင်ထဲမှာနေပြီး
သူ့ရဲ့မေတ္တာတရားတွေကို ခံယူရမှာ။သူ့ရဲ့ခြေထောက် ကိုဆေးလိမ်းပေးဖို့မဟုတ်ဘူး။ဒီကောင်လေးကို
သူဘယ်လိုမျက်နှာနဲ့ အဲ့လိုလုပ်ခိုင်းရမှာလဲ။
"ရပါတယ်အစ်ကိုရာ...ကျုပ်ကိုအားမနာပါနဲ့
အစ်ကိုဆေးမလိမ်းရင် ဒဏ်ရာကပိုနာလာလိမ့်မယ်။"
အပြုံးလေးနဲ့ပြောလာတဲ့ကောင်လေးက
စကားနားထောင်မဲ့ပုံမရတာကြောင့်
'သိင်္ခ'လဲကောင်လေးရဲ့လက်ထဲက ဆေးပုလင်း
လေးကိုလှမ်းယူလိုက်တယ်။
"ကိုယ့်ဘာသာကိုယ်လိမ်းလိုက်ပါ့မယ်
ကျောက်ခဲလေးက ကိုယ့်ကိုမီးပြပေးလေနော်။"
"ဟုတ်ပါပြီဗျာ...အစ်ကိုက ကျုပ်ကိုအားနာနေတာပဲ။အားနာစရာမလိုပါဘူးဗျာ ကျုပ်တို့ကသူစိမ်းတွေမှမဟုတ်တာပဲ။"
ကျုပ်အစ်ကို့ကို မီးပြရင်းပြောလိုက်တယ်ဗျ။
အစ်ကိုက ခင်ဖို့ကောင်းပြီး စိတ်ရင်းလဲ
ကောင်းတာမို့ ကျုပ်တော့သူစိမ်းလို့တောင်
မသတ်မှတ်တော့ပါဘူးဗျာ။ပြီးတော့ သူ့ရဲ့လက်ချောင်းလှလှတွေနဲ့ဆေးကိုလူးနေတာကလဲ
တစ်မျိုး ကြည့်လို့ကောင်းတယ်ဗျ။ဆုတောင်းတွေများကောင်းလိုက်​ကြတာ။
"ကျောက်ခဲလေးဆီက ဒီလိုစကားမျိုးကြားရတဲ့အတွက်ကိုယ်တကယ်ဝမ်းသာပါတယ်ကွယ်။
ကိုယ့်ကိုတွဲထူပါအုံးလား။"
အဲ့ဒီနောက် ကျုပ်ဆီလှမ်းလာတဲ့ အစ်ကို့ရဲ့လက်တစ်ဖက်ကိုယူပြီးပုခုံးပေါ်တင်လို့ အတူတူ
လမ်းပြန်လျှောက်လာလိုက်ကြတယ်။
"ကျောက်ခဲလေး..။ "
"ဗျာ..။"
"ညနေက ကိစ္စအတွက်ကိုယ်တောင်းပန်တယ်နော်။"
"အာ...ရ...ရပါတယ်ဗျာ
ယောကျာ်းလေးအချင်းချင်း
မတော်တဆဖြစ်တာပဲကို။"
ပါးစပ်ကသာ ပြောနေရတာ၊၊ ကျုပ်လဲ
ရင်တထိတ်ထိတ်ပါပဲဗျာ။အဲ့အကြောင်းပြန်တွေးတိုင်း ကျုပ်ရဲ့နှုတ်ခမ်းတွေပူလာပြီးရင်တွေလဲ
တုန်လာလို့ ကျုပ်မှာတတ်နိုင်သမျှ မေ့အောင်ကြိုးစားလိုက်ရတယ်။
"ကျောက်ခဲလေး.."
"ပြောလေ အစ်ကို။ "
"ကိုယ်နဲ့ရန်ကုန်ကို
လိုက်ခဲ့ဖို့အတည်စဉ်းစားပေးပါလား။"
သူ့ခမျာပြောသာပြောရတာ အရင်ကလို
ငြင်းလိုက်မှာစိုးလို့ ကောင်လေးရဲ့မျက်နှာကိုတောင်
မကြည့်ရဲဘူး မြင်နေရတဲ့ ငွေလမင်းဆီကိုပဲ
အကြည့်တွေလွှဲထားမိတယ်။
"အစ်ကိုရယ်....ရန်ကုန်လိုနေရာမှာ
စရိတ်စက,ကကြီးပါဘိနဲ့။ကျုပ်အစ်ကို
တို့ကိုဝန်မပိစေချင်ပါဘူးဗျာ။"
"ကိုယ်ကကြွားဝါတာတော့မဟုတ်ပေမဲ့
မင်းရန်ကုန်မှာတစ်သက်လုံးနေမယ်ဆိုရင်တောင်
မင်းတစ်ယောက်ကိုတော့လိုလေးသေးမရှိထားနိုင်တဲ့အထိတော့ ကိုယ်တတ်နိုင်ပါတယ် ကျောက်ခဲရယ်။
ဖြစ်နိုင်ရင် ကိုယ်မင်းကိုမငြင်းစေချင်ဘူး
မင်းအပေါ်ထားတဲ့ကိုယ့်စေတနာကိုတော့
မင်းနားလည်စွာနဲ့တုံ့ပြန်စေချင်တယ်။ "
အစ်ကိုက စိတ်မကောင်းဟန်နဲ့ပြောပြလာတာတော့ကျုပ်လဲသက်ပြင်းအသာချမိတယ်။
ဘယ်သူကတော့ရန်ကုန် မြို့ကြီးကိုမသွားချင်ဘဲရှိပါ့မလဲဗျာ...ဒါပေမဲ့ ကျုပ်မိသားစုကိုလဲစိတ်မချဘူးဗျ။ခင်မင်မှုကိုအကြောင်းပြုပြီး သူများဆီမှာ
အလကားမှီခိုတဲ့ အလုပ်ကိုလဲမလုပ်ချင်ဘူး၊၊
"ကျုပ်နားလည်ပါပြီ။အဘတို့အမတို့နဲ့
တိုင်ပင်ပါအုံးမယ်ဗျာ...ကျေနပ်ပြီလား။"
"ကျောက်ခဲလေးက...လိမ္မာလိုက်တာ။ "
ကျုပ်ဒီလိုပြောလိုက်မှပဲ အစ်ကိုက ကျုပ်ကို
သူ့ရဲ့အစွယ်လေးတွေပေါ်အောင်ပြုံးပြလာတာဗျ။
ဘာကြောင့်မှန်းမသိ ကျုပ်မှာတော့ သူပြုံးရယ်နေရင်ကိုပဲကျေနပ်နေရတာပါဗျာ။အဲ့ဒီနောက်မှာတော့ ကျုပ်တို့လဲဘာမှဆက်မပြောဖြစ်တော့ဘူး။
အစ်ကို့ကိုပဲအိမ်ထဲအထိရောက်အောင်လိုက်ပို့ပေးလိုက်တော့တယ်။
"အစ်ကိုဒဏ်ရာသက်သာတဲ့အထိ တစ်ရက်၊ နှစ်ရက်
လောက် နားလိုက်အုံး။အစ်ကိုသက်သာလာရင်
ကျုပ်အစ်ကို့ကို ရွာအနှံ့လိုက်ပြမယ်။ "
"တကယ်လား။"
"ကျောက်ခဲက ကတိမဖျက်တတ်ဘူး။"
"ကိုယ်ယုံပါတယ်ကွယ်..
ကိုယ်အမြန်သက်သာအောင်ကြိုးစားပါ့မယ်။"
"ဒါဖြင့်...ကျုပ်ပြန်တော့မယ်။"
"အင်း...သတိထားသွားအုံး။"
ခြံထဲရောက်တော့ သူလဲ 'ကျောက်ခဲလေး'ရဲ့
ကျောပြင်လေးပျောက်သွားတဲ့အထိသေချာကြည့်နေပြီးတော့မှအိမ်အပေါ်ထပ်ကို ဖြေးဖြေးချင်းတက်လာခဲ့တော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အားလုံး....ကြားကြားသမျှ....အမျှ....အမျှ....အမျှ
ယူတော်မူကြပါကုန်လော့....သာဓု....သာဓု....သာဓု။"
"အားလုံး....ကြားကြားသမျှ....အမျှ....အမျှ....အမျှ
ယူတော်မူကြပါကုန်လော့....သာဓု....သာဓု....သာဓု။"
"အားလုံး....ကြားကြားသမျှ....အမျှ....အမျှ....အမျှ
ယူတော်မူကြပါကုန်လော့....သာဓု....သာဓု....သာဓု။"
'ဦးဘိုးစည်' တစ်ယောက် သုံးဆယ့်တစ်ဘုံသား
တွေကိုအမျှဝေပြီးနောက် မြတ်စွာဘုရားကို
ဦးချလိုက်တယ်။အဲ့ဒီနောက်ယောမာဖလာအညိုရောင်လေးကို လည်ပင်းမှာပတ်ပြီး ဘုရားခန်းထဲကနေထွက်လာခဲ့လိုက်တာပေါ့။
"ဘိုးစည် ....ဘယ်မှာအိပ်မှာလဲ။ "
ဘယ်အချိန်ကတည်းကစောင့်နေမှန်းမသိတဲ့
'ဦးရွှေမောင်' ကဘုရားခန်းထဲကထွက်လာတဲ့
'ဦးဘိုးစည်' ကို ခပ်တိုးတိုးလေးမေးလာတယ်။
ရွှေကိုင်းမျက်မှန်နဲ့ဖြူဝင်းနုပျိုနေတဲ့သူ့ရဲ့အသားရေက ရေနံဆီမီးရောအောက်မှာထင်းလင်းလို့နေတယ်။
"ကျုပ်အခုပဲ သွားတော့မလို့ပါ။"
"အတူသွားကြတာပေါ့။ "
နာရီပြန်ကိုးချက် တီးနေပြီဆိုတော့ တစ်အိမ်လုံးဟာ
မီးအမှောင်ချလို့အိပ်မောကျနေကြပြီ။
'ဦးရွှေမောင်' တစ်ယောက်လဲလက်ထဲက ရေနံဆီမီးအိမ်လေးကိုလက်လွှဲကိုင်လို့ ကျန်တစ်ဖက်ကနေ
'ဦးဘိုးစည်'ရဲ့ လက်လေးကိုအသာအုပ်ကိုင်လိုက်တယ်။
"ကိုရွှေ...။"
'ဦးဘိုးစည်'ထံကနေ သတိပေးသလို အသံတိုးတိုးလေးထွက်လာတာမို့ 'ဦးရွှေမောင်' ရဲ့နှုတ်ခမ်းလေးတွေ ကြည်နူးစွာနဲ့ကော့တက်သွားရတယ်။
"ဘယ်သူမှမရှိပါဘူးကွယ်။"
'ဦးရွှေမောင်'ကလဲ ချော့မော့သလိုနဲ့ 'ဦးဘိုးစည်'
ရဲ့လက်လေးကိုခပ်တင်းတင်းဆုပ်ကိုင်ကာ
ပြောလိုက်ပြီးနောက်စင်္ကြန်လမ်းရဲ့ထောင့်နားက အခန်းလေးထဲကိုဝင်သွားတော့တယ်။
'ဦးဘိုးစည်'က မာဖလာလေးကို အခန်းထဲမှာရှိတဲ့
သစ်သားတိုင်လေးမှာချိတ်လိုက်ပြီး
တစ်ချက်သန်းဝေလိုက်တယ်။
"အိပ်ချင်နေပလား။ "
"အင်း...။"
"လာဒီမှာလာထိုင်လိုက်အကြောတွေပျော့သွား
အောင်ကျုပ်နှိပ်ပေးမယ်။"
'ဦးရွှေမောင်'က သူ့ရဲ့ဘယ်ဘက်က
မှို့ခေါင်းအုန်းလေးကိုပုတ်ပြရင်း 'ဦးဘိုးစည်'
ကိုခေါ်လိုက်တယ်။'ဦးဘိုးစည်'ကလဲ နာခံစွာနဲ့ပဲတစ်ဖက်လူဆီလျှောက်သွားပြီး ထိုင်ချလိုက်
တော့ 'ဦးရွှေမောင်' ဟာပျော်ရွှင်စွာနဲ့ပဲ
သူ့ရဲ့လက်ဖြူဖြူတွေနဲ့ 'ဦးဘိုးစည်'
ရဲ့ပုခုံးလေးတွေကိုစတင်နှိပ်နယ်ပေးလိုက်တော့တယ်။
"ညနေကမျှစ်တွေအများကြီးစားလိုက်တယ်မို့လား။
မျှစ်ကိုမစားပါနဲ့ဆိုတာကို ကျုပ်စကားဆိုဘယ်တော့မှ အသာတကြည်နားမထောင်ဘူး။အခုတော့ အကြောတက်ပြီးအိပ်ချင်နေပြီမလား။"
'ဦးရွှေမောင်' ကပြောစကားနားမထောင်တဲ့
'ဦးဘိုးစည်' ကိုခပ်ကြိတ်ကြိတ်လေးဆူလိုက်တယ်။
"ကျုပ်မေ့သွားလို့ပါ။ကျုပ်လဲ
ရွာပြန်ရောက်နေတာဆိုတော့
တောစာလေးဘာလေးပဲ ခံတွင်းတွေ့လို့ပါ
ကိုရွှေရယ်...ကျုပ်နောက်မစားတော့ပါဘူး။"
"အဲ့တာဆိုရင်လဲ ပြီးတာပဲ။"
"ကိုရွှေ.."
"ပြောလေ။"
သူ(ဦးဘိုးစည်) ခေါ်သာခေါ်လိုက်ပေမဲ့
စကားကိုဘယ်ကနေ ဘယ်လိုစပြောရမယ်မှန်းမသိဘူး။အဲ့ဒီစကားကိုသာပြောလိုက်ရင်
'ကိုရွှေ' ကျိန်းသေပေါက်စိတ်ဆိုးလိမ့်မယ်ဆိုတာ
သိပေမဲ့ မပြောပြန်ရင်လဲရင်ထဲမှာနေလို့ကောင်းမှာမဟုတ်ဘူး။သူ့ကြောင့်နဲ့ 'ကိုရွှေ' ရဲ့ဘဝကိုမခက်ခဲစေချင်တာအမှန်။
"ခေါ်ပြီးတော့ ဘာမှလဲမပြောပါလား
ဘာတွေကို တွေးနေပြန်တာတုံး'ဘိုးစည်' ။"
တစ်စုံတစ်ခုကိုအတွေးလွန်နေပုံရတဲ့ ဘိုးစည်ကို
သူနားနားကပ်ပြီးမေးလိုက်တယ်။
"ကိုရွှေ...တစ်သက်လုံးဒီလိုပဲနေသွားတော့မှာလား။"
"အင်း.."
စကားအသွားအလာက်ိုကြည့်လိုက်တာနဲ့
တစ်ဖက်လူကဘာကိုဆိုလိုတယ် ဆိုတာကို
'ဦး​ရွှေမောင်' တန်းသိလိုက်တာမို့ ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်တဲ့အဖြေကိုပဲပေးလိုက်တယ်။
"ကိုရွှေလက်ထပ်သင့်ပြီလို့ကျုပ်မြင်တယ်။"
'ဘိုးစည်' ကဒီလိုစကားမျိုးကိုတတိယအကြိမ်
ထပ်ပြောလာတာမို့ 'ဦး​ရွှေမောင်'
ရင်ထဲမှာအောင့်သက်သက်နဲ့ခံစားလိုက်ရတယ်။
ဒီလိုစကားမျိုးပြောလာတိုင်း
သူနဲ့ကိုယ်နဲ့ကြား ပြသနာတက်ရတာကို
သူမသိလေရော့သလား။ ဒီလူက သူမှမဟုတ်ရင်
မဖြစ်တာကို သူမမြင်လေရော့သလား။ ဒါမှမဟုတ်
တမင်တကာကိုပဲ အနိုင်ပိုင်းပြီးဆိုလေသလား။
'ဦးရွှေမောင်' မတွေးတတ်တော့တာအမှန်။
"ကျုပ်ဘဝမှာ လက်ထပ်ချင်တဲ့သူက
တစ်ယောက်တည်းပဲရှိတယ်။ သူနဲ့မှမဟုတ်ရင်
ဘယ်သူနဲ့မှကျုပ်လက်မထပ်ဘူး။"
'ဦးရွှေမောင်' လဲ စကားကိုအ​ပြတ်ပြောပြီးတာနဲ့
ကုတင်တစ်ဖက်ခြမ်းမှာသွားလှဲနေလိုက်ပြီးမျက်လုံးတွေကိုပဲအသာမှိတ်ထားလိုက်တော့တယ်။
'ဦးဘိုးစည်' ခမျာ သူ့ကိုလျစ်လျူရှု့သွားတဲ့
'ကိုရွှေ' ကိုကြည့်ပြီး သက်ပြင်းသာချရုံသာ
တတ်နိုင်တော့တယ်။ ​တစ်ဖက်လူကိုသူ့ကြောင့်နဲ့
မခက်ခဲစေချင်ဘူး၊ 'ကိုရွှေ' ရဲ့ညီမဖြစ်သူကပြောတယ်။သူ့အကိုဘယ်အချိန်ထိဒီလိုတစ်ယောက်တည်းပဲနေနေမှာလဲမသိဘူးတဲ့။သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ လုပ်ငန်း
တွေကိုဆက်ခံဖို့ သားထောက်သမီးခံ နဲ့ ဆေးပေးမီးယူအိမ်သူတစ်ယောက်တော့လိုတယ်တဲ့လေ။ သူတွေးကြည့်တယ် အဲ့ဒီအရာတွေကို သူကဖြည့်ဆည်းနိုင်လောက်လားဆိုပြီးတော့....ဒါပေမဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းကလိုပါပဲသူက 'ကိုရွှေ'အတွက်ဘာမှလုပ်ပေးနိုင်တဲ့စွမ်းအားမရှိဘူး။
ဒီလိုလူ့အဖွဲ့အစည်းမှာ သူ့ရဲ့ပုံစံအမှန်ကိုသာချပြလိုက်ရင်နှစ်ယောက်လုံးအတွက်အန္တရာယ်ရှိနိုင်တယ်။သူက 'ကိုရွှေ'အနားမှာရှိပေးနိုင်တယ်ဆိုတာ
အချိန်အတိုင်းအတာတစ်ခုအထိပါပဲ။ အသက်တွေကြီးလာမှ ဒီကိစ္စတွေကိုသူမစဉ်းစားချင်တော့ပေမဲ့
'ကိုရွှေ' ရဲ့ဘဝကိုသူကအပိုင်ယူထားမိသလို
ခံစားနေရတယ်။
'ကိုရွှေ'က အခုအရွယ်လောက်ဆို မိသားစု
သားသမီး၊ မြေးမြစ်တွေနဲ့ ပျော်ရွှင်နေသင့်တာ။
သူ့အတွက်နဲ့ အဲ့ဒီအရာတွေကို
အဆုံးရှုံးခံလိုက်ရတာတော့
မတရားဘူးလို့ သူထင်မိတယ်။သူလဲ 'ကိုရွှေ' နဲ့
အရိုးမြေကျတဲ့အထိ အတူတူအိုမင်းပြီး
အဆုံးသတ်သွားချင်ပါတယ်။ ဒါပေမဲ့ သူတို့တွေဒီလိုပဲနေသွားရင်းနဲ့ကိုရွှေခက်ခဲနေမှာကို မလိုလားဘူး။
အဲ့ဒီအတွေးတွေကိုတော့ 'ဦးဘိုးစည်'လဲ
ထုတ်မပြောပစ်တော့ဘဲ တစ်ဖက်လူရဲ့
ဘေးမှာပဲဝင်လှဲလိုက်တော့တယ်။ဒီနေ့မှာတော့
သူတို့တွေဟာ အရင်လိုတစ်ယောက်မျက်နှာကို
တစ်ယောက်ကြည့်မနေခဲ့ကြပါဘူး။
အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလို 'ဦးဘိုးစည်' ရဲ့ခန္ဓာကိုယ်ဟာအနောက်ကနေသိမ်းဖက်ထားခံ
လိုက်ရပြီး တစ်ကိုယ်လုံးနွေးထွေးသွားရတယ်။
"ကိုရွှေ..။"
'ဦးရွှေမောင်'ဟာ တစ်ဖက်လူရဲ့​ခေါ်သံတိုးတိုးလေးကြောင့်မျက်လုံးတွေကိုမှိတ်ချလိုက်ပြီး 'ဦးဘိုးစည်'
ရဲ့ကိုယ်သင်းနံ့လေးကိုရင်ဘက်နဲ့အပြည့်ရှုသွင်းလို့စကားတစ်ခွန်းကိုထပ်​ပြောလိုက်တယ်။
" ကျုပ်လက်ထပ်ချင်တာ
မင်းတစ်ယောက်တည်းပါပဲဘိုးစည်။
'ဦးရွှေမောင်' ရဲ့စကားအဆုံးမှာတော့
နှစ်ယောက်လုံးရဲ့မျက်လုံးအိမ်ကနေ
မျက်ရည်စက်လေးတွေအပြေးအလွှား
ခုန်ဆင်းသွားရလေတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နာရီပြန် ကိုးချက်တီး = ၉နာရီခန့်။
အပ်ပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတာဝန်ပါ။
ဒီဇတ်လမ်းလေးကိုသဘောကျရင်
Mentလေးတွေပေးဖို့တောင်းဆိုပါရစေ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
'အောင်တိုး'တို့နဲ့ပါသွားတာမို့ ကျုပ်လည်း
လိုက်တယ်။ ပြီးတာနဲ့ ပုဆိုးခါးပုံစထဲထည့်လာတဲ့ ဆေးပုလင်းလေးကို ထုတ်လိုက်တယ်။
လိုက်လာရတယ်လို့။"
ကျုပ်လည်းပြောပြောဆိုဆိုနဲ့ အစ်ကို့ရဲ့
ခြေသလုံးက ပုဆိုးစကိုလှန်တင်လိုက်တယ်။
"ကျောက်....ကျောက်ခဲလေး
ဒီလိုမလုပ်ပါနဲ့။"
လက်ကိုသူအလျှင်အမြန်ဘဲဆုပ်ကိုင်လိုက်ပြီး
တားဆီးလိုက်တယ်။ဒီကောင်လေးက
"ရပါတယ်အစ်ကိုရယ်...ကျုပ်ကိုအားမနာပါနဲ့
ပြောစကားနားထောင်မဲ့ပုံမရတာမို့
'သိင်္ခ' ကောင်လေးရဲ့လက်ထဲက ဆေးပုလင်း
"ဟုတ်ပါပြီဗျာ...အစ်ကိုက ကျုပ်ကိုအားနာနေတာဘဲအားနာစရာမလိုပါဘူးဗျာဘကျုပ်တို့ကသူစိမ်းတွေမှမဟုတ်တာဘဲ။"
ကျုပ်လည်းအစ်ကို့ကို မီးပြရင်းပြောလိုက်တယ်ဗျ။
အစ်ကိုက ခင်ဖို့လည်းကောင်းပြီး စိတ်ရင်းလည်းကောင်းတာမို့ ကျုပ်တော့သူစိမ်းလို့တောင်မသတ်မှတ်တော့ပါဘူးဗျာ။ပြီးတော့ အစ်ကိုက
(A/N ကျောက်ခဲလေးပြောတဲ့ ဆုတောင်းကောင်းတယ် ဆိုတာက သိင်္ခ ကဘာလုပ်လုပ်တင့်တယ်နေ တာ မို့ ဆုတောင်းကောင်းတယ်လို့ပြောတာပါ)
ကိုယ့်ကိုတွဲထူပါဦးလား။"
ကျုပ်လည်းကျုပ်ဆီလှမ်းလာတဲ့
'ကိုသိင်္ခ' ရဲ့လက်တစ်ဖက်
ကိုယူပြီး ကျုပ်ပုခုံးပေါ်တင်လိုက်ပြီးနောက်
"ကျောက်ခဲလေး..။ "
"ဗျာ..။"
"ညနေက ကိစ္စအတွက်ကိုယ်တောင်းပန်တယ်နာ်။"
"အဟ...ရ...ရပါတယ်ဗျာ
မတော်တဆဖြစ်တာဘဲကို။"
ပါးစပ်ကသာ ပြောနေရတာ၊၊ ကျုပ်လည်းရင်တထိတ်ထိတ်ပါဘဲဗျာ။အဲ့အကြောင်းပြန်တွေးတိုင်း ကျုပ်ရဲ့နှုတ်ခမ်းတွေပူလာပြီး ရင်တွေလည်းတုန်လာလို့ ကျုပ်မှာတတ်နိုင်သမျှ မေ့အောင်ကြိုးစားနေရတာ။
"ကျောက်ခဲလေး..."
"ပြောလေ...အစ်ကို။ "
"ကိုယ်နဲ့ရန်ကုန်ကို
သူ့ခင်ဗျာပြောသာပြောရတာ အရင်ကလို
ငြင်းလိုက်မှာဆိုးလို့ကောင်လေးရဲ့မျက်နှာကိုတောင်သူမကြည့်ရဲဘူး မြင်နေရတဲ့ ငွေလမင်း ဆီကိုဘဲအကြည့်တွေလွှဲထားမိတယ်။
စရိတ်စက,ကကြီးပါဘိနဲ့။ကျုပ်အစ်ကို
"ကိုယ်ကြွားဝါတာတော့မဟုတ်ပေမဲ့
ဖြစ်နိုင်ရင် ကိုယ်မင်းကိုမငြင်းစေချင်ဘူးကွယ်
ကိုယ်မင်းအပေါ်ထားတဲ့
တုံ့ပြန်စေချင်တယ်။ "
'ကိုသျိင်ျခ'က စိတ်မကောင်းလေဟန် ပြောပြလာတာတော့ကျုပ်လည်းသက်ပြင်းအသာချမိတယ်။
ဘယ်သူကတော့ရန်ကုန် မြို့ကြီးကိုမသွားချင်ဘဲရှိပါ့မလဲဗျာ....သို့ပေမဲ့ကျုပ်က ကျုပ်မိသားစုကိုလည်းစိတ်မချဘူးဗျ။ခင်မင်မှုကိုအကြောင်းပြုပြီးသူများဆီကိုအလကားမှီခိုတဲ့ အလုပ်ကိုလည်းမလုပ်ချင်ဘူး၊၊
"ကျုပ်နားလည်ပါပြီ။အဘတို့အမတို့နဲ့
တိုင်ပင်ပါဦးမယ်ဗျာ....ကျေနပ်ပြီလား။"
ကျုပ်ဒီလိုပြောလိုက်မှဘဲ 'ကိုသိင်္ခ' က ကျုပ်ကို
ကျေနပ်နေရတာပါဗျာ။
အဲ့ဒီနောက်မှာတော့ ကျုပ်တို့လည်းဘာမှဆက်မပြောဖြစ်တော့ဘူး။'ကိုသိင်္ခ'ကိုအိမ်ထဲအထိရောက်အောင်သာလိုက်ပို့ပေးလိုက်တော့တယ်။
လောက် နားလိုက်ဦး။အစ်ကိုသက်သာလာရင်
"တကယ်လား။"
"ကိုယ်ယုံပါတယ်ကွယ်..
"အင်း...သတိထားသွားဦး။"
ထို့နောက်တွင်တော့ သူလည်း 'ကျောက်ခဲလေး' ရဲ့ကျောပြင်လေးပျောက်သွားတဲ့အထိသေချာကြည့်နေပြီးတော့မှအိမ်အပေါ်ထပ်ကို ဖြေးဖြေးချင်းတက်လာခဲ့တော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တို့အားအမျှဝေပြီးနောက် မြတ်စွာဘုရားကို
ဦးချလိုက်တယ်။ ထို့နောက် ယောမာဖလာ အညိုရောင်လေးကို လည်ပင်းမှာပတ်ပြီး ဘုရားခန်းထဲကနေထွက်လာခဲ့လိုက်တယ်။
ဘယ်အချိန်ထဲကစောင့်နေမှန်းမသိတဲ့
ရေနံဆီမီးအိမ် အောက်မှာရွှေကိုင်းမျက်မှန်နဲ့
ဖြူဝင်းပြီး နုပျိုတဲ့အသားရေက ထင်းလင်းလို့နေတယ်။
"ကျုပ်အခုဘဲ သွားတော့မလို့ပါ။"
"အတူသွားကြတာပေါ့။ "
'ဦးရွှေမောင်'တစ်ယောက်လည်း
လက်လွှဲကိုင်လိုက်ငါကျန်တစ်ဖက်ကနေ
"ကိုရွှေ...။"
'ဦးရွှေမောင်'ကလည်း ချော့မော့သလိုနှင့်'ဦးဘိုးစည်'
ပြောလိုက်ပြီး၊ စင်္ကြန်လမ်းရဲ့ထောင့်နားက အခန်းလေးထဲကိုဝင်သွားတော့တယ်။
"အိပ်ချင်နေပလား။ "
"အင်း...။"
ကိုပြောလိုက်တယ်။
'ဦးဘိုးစည်'ကလည်း နာခံစွာနဲ့ဘဲ'ဦးရွှေမောင်'ဆီလျှောက်သွားလိုက်ပြီး ထိုင်ချလိုက်တယ်။
'ဦးရွှေမောင်'ကတော့ ပျော်ရွှင်စွာနဲ့ဘဲ
ရဲ့ပုခုံးလေးတွေကိုနှိပ်နယ်ပေးလိုက်တယ်။
နားမထောင်ဘူး။အခုတော့ အကြောတက်ပြီး
အိမ်ချင်နေပြီမလား။"
"ကျုပ်မေ့သွားလို့ပါ ။ကျုပ်လည်း
တောစာလေးဘာလေးဘဲ ခံတွင်းတွေ့လို့ပါကိုရွှေရယ်.....ကျုပ်နောက်မစားတော့ပါဘူး။"
"အဲ့တာဆိုရင်လည်း ပြီးတာဘဲ။"
"ကိုရွှေ.."
"ပြောလေ။"
ထိုစကားကိုဘယ်ကနေ
"ခေါ်ပြီးတော့ ဘာမှလည်းမပြောပါလား
သူနားနားကပ်ပြီးခေါ်လိုက်တယ်။
"ကိုရွှေ...တစ်သက်လုံးဒီလိုဘဲနေသွားတော့မှာလား။"
"အင်း.."
စကားအသှားအလာကျိုကွညျ့လိုကျတာနဲ့
မဟုတ်တဲ့အဖြေကိုဘဲပေးလိုက်တယ်။
သူမသိလေရော့သလား။ ဒီလူက သူမှမဟုတ်ရင်
တမင်တကာကိုဘဲ အနိုင်ပိုင်းပြီးဆိုလေသလား။
တစ်ယောက်တည်းဘဲရှိခဲ့တယ်။ သူနဲ့မှမဟုတ်ရင်
'ဦးရွှေမောင်'လည်းထိုသို့သာပြောကာ ကုတင်တစ်ဖက်ခြမ်းမှာသွားလှဲနေလိုက်ပြီးမျက်လုံးတွေကိုအသာမှိတ်ထားလိုက်တော့တယ်။
'ဦးဘိုးစည်'လည်း သူ့ကိုလျစ်လျူရှု့သွားတဲ့
အချိန်အတိုင်းအတာတစ်ခုအထိပါဘဲ။ အသက်တွေကြီးလာမှ ဒီကိစ္စတွေကိုသူမစဉ်းစားချင်တော့ပေမဲ့'ကိုရွှေ' ရဲ့ဘဝကိုသူကအပိုင်ယူထားမိသလို့ ခံစားနေရတယ်။
ထို့နောက်တွင်တော့ 'ဦဘိုးစည်'လည်း
ဘာမှဆက်မပြောတော့။ တစ်ဖက်လူရဲ့
"ကိုရွှေ..။"
'ဦးရွှေမောင်'က တစ်ဖက်လူရဲ့ကိုယ်သင်းနံ့လေးကို
ရင်ဘက်နဲ့အပြည့်ရှုသွင်းပြီးပြောလိုက်တယ်။
" ကျုပ်လက်ထပ်ချင်တာ
မင်းတစ်ယောက်ထဲပါပဲဘိုးစည်။"
ထိုစကားလေးရဲ့အဆုံးမှာတော့
ခုန်ဆင်းသွားတော့တယ်။
~~~~~~~~~~~~~~~~~~~~~
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Continue Reading
You'll Also Like
356K 28.9K 59
The safest place in the world is in your arms. ငယ်စဉ်ကတည်းက ညီလေးတစ်ယောက်လိုချင်ခဲ့တဲ့ တည်မြဲစေ အိမ်နားကို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် အိမ်ပြောင်...
583K 64.8K 72
A straight guy being bent by a gay he met on online game. #This Story is my own creation...
702K 61.9K 75
၁၉၃၀ ခုနှစ်ကျော်ဝန်းကျင်အားပြန်လည်ပုံဖော်ထားသော အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်၏။ မှတ်ချက် =[Role Sensitive သမားတွေအနေနဲ့အစပိုင်းမှာ role မကွဲနိုင်တာကြောင့်...
1.1M 189K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...