𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇ...

Από Tsubaki_Wang

80.5K 6.3K 792

ကိုယ့်လက်တစ်စုံနဲ့ ဖန်တီးခဲ့တဲ့ အနုပညာလေးဟာတစ်ပါးသူတွေရှေ့ ခမ်းခမ်းနားနား ဖြစ်နေဖို့သာလျှင်...။ Xiao Zhan x... Περισσότερα

အပိုင်း ၁
အပိုင်း ၂
အပိုင်း - ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း (၁၆) ⚠️
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း ၂၁ (ဇာတ်သိမ်း)
Surprise 🤍
Extra

အပိုင်း ၁၂

2.2K 258 33
Από Tsubaki_Wang

Unicode

      ရေပန်းခလုတ်ကို ပိတ်လိုက်တာကြောင့် သူ့မျက်နှာပေါ်ကျဆင်းနေတဲ့ ရေစက်တွေဟာ ရပ်တန့်သွားသည်။ ရေစိုနေသည့် ဆံပင်တွေကို လက်တွေဖြင့် လှန်တင်လိုက်ရင်း မျက်နှာကို တစ်ချက်ပွတ်လိုက်ကာ တန်းမှာ ချိတ်ထားသည့် Bathrobe ကို ရိပေါ် ယူဝတ်လိုက်၏။
သူနိုးလာကတည်းက ကိုကိုဟာ သူ့ဘေးမှာမရှိတော့ ...။ အကိုကျိုးချန်ကရှိနေပေးသော်လည်း သူ ဆက်မနေတော့ဘဲ ကွန်ဒိုဆီကိုသာ ပြန်လာခဲ့သည်။

"ဦး ရောက်နေတာလား"

"ရေချိုးနေတာလား ဝမ် "

"ဟုတ်တယ် ... ခဏနေလေ့ကျင့်ဖို့သွားတော့မလို့"

        သူ့အခန်းထဲကနေ ထွက်လာတာနဲ့ ဧည့်ခန်းမှာ ထိုင်နေတဲ့ သူဌေးလျိုနဲ့ တန်းတိုးသည်။ သူဌေးလျိုရောက်နေတာကို အကိုရိထန်ကလည်း ရိပေါ်ကို လာမပြော ...။
အကိုရိထန်ဖျော်ပေးထားသော စားပွဲပေါ်မှကော်ဖီကို လှမ်းယူရင်း သူဌေးလျိုအရှေ့မှာ သူဝင်ထိုင်လိုက်သည်။

"ကိစ္စရှိလို့လားဦး"

"မနေ့ကကိစ္စသိချင်လို့"

     သူဌေးလျိုပြောသည်မှာ ယွမ်ချီရင်နဲ့ ကိစ္စသာဖြစ်ပါလိမ့်မည်။ သူဌေးလျိုဟာ ကိုကို့လိုမဟုတ် ...။ ပြဿနာကို နူးနူးညံ့ညံ့ဖြေရှင်းတတ်ပုံ ...။

"ဝမ့်ကိုမနေ့ကရှာနေတာ ... ညဘက်လည်း ကွန်ဒိုပြန်မအိပ်ဘူးဆိုလို့ ရှောင်းကျန့်အိမ်လည်းရောက်ခဲ့သေးတယ် ... ရှောင်းကျန့်အိမ်မှာလည်း ဘယ်သူ့မှ မရှိတဲ့ ပုံပဲ ... "

"ကျွန်တော့်အကိုရဲ့ အရင်အိမ်မှာပြန်အိပ်တာ ဦး ... "

"ရှောင်းကျန့်ရောလား"

      အံ့ဩသည့်မျက်နှာဖြင့်မေးလာသော သူဌေးလျိုကြောင့် ရိပေါ်ပြုံးမိသည်။ လက်ကကိုင်ထားသည့် ခွက်ထဲမှ ကော်ဖီကို တစ်ငုံသောက်လိုက်ရင်း ကော်ဖီခွက်ကို အောက်ချထားလိုက်၏။ သောက်နေကျလက်ရာမဟုတ်၍ ကော်ဖီက သောက်လို့သိပ််မကောင်း ...။

"အကိုရှောင်းကျန့်ကတော့ မသိဘူးလေ"

"ကိုယ်က ချီရင့်ဆီမှာ ထင်လို့ စိတ်ပူလိုက်ရတာ ဝမ်ရယ် ..."

"ချီရင်နဲ့ ကျွန်တော်က ဦးထင်သလို မဟုတ်ပါဘူး"

"ဒါဆို သတင်းတွေက ဘယ်လိုဖြစ်လာတာလဲ ... ပြီးတော့ ဒီည ရှောင်းကျန့်မွေးနေ့ပွဲမှာ သတင်းထောက်တွေမေးလာရင်ရော ဝမ်ဘယ်လိုဖြေဖို့စဉ်းစားထားလဲ"

       သူ ဒီညပွဲကို မတက်ချင်တဲ့ အကြောင်းအရင်းထဲ ဒါလည်းပါသည်။ ဒါပေမယ့် သူရွေးချယ်ခဲ့တဲ့ လမ်းကြောင်းဟာ သတင်းထောက်တွေနဲ့မှ ရှောင်ကွင်းလို့ မရနိုင်ဘဲ ...။

"ကျွန်တော်တို့ မိတ်ဆွေတွေလို့ပဲ ဖြေမှာပါဦးရယ်"

"ဘာလို့ နှစ်ယောက်တည်း ထွက်သွားရတာလဲကွာ ... အန္တရာယ်များတယ်"

"ယွမ်ချီရင်ကြောင့် အကိုရှောင်းကျန့်နဲ့ ကျွန်တော် ပြဿနာတက်မှာ စိုးနေလို့လား"

      သူ့စကားကြားတော့ သူဌေးလျိုက ခေါင်းခါသည်။

"ဝမ့်ကို စိတ်မချလို့"

"ကျွန်တော်က ကလေးလားဦးရယ်"

"ကလေးမဟုတ်ပေမယ့် ဝမ့်ကို အထိခိုက်မခံနိုင်ဘူး ... ပြီးတော့ ဝမ်က ဒီအချိန်မှာ အများကြီး ဂရုစိုက်ရမယ် ... ကိုယ်ပြောတာ သဘောပေါက်ရဲ့လားဝမ် "

    သူဌေးလျိုရဲ့ နူးနူးညံ့ညံ့လေသံအဆုံး ရိပေါ်ခေါင်းငြိမ့်ပြလိုက်သည်။ တခြားသူတွေကို ဆန့်ကျင်နေရင်တောင်မှ သူ့ကိုဒီလမ်းရောက်အောင်ပို့ပေးခဲ့သည့် ကျေးဇူးရှင်ကိုတော့ ငြင်းလို့မဖြစ် ...။
ပြီးတော့ သူဌေးလျိုကို သူယုံကြည်သည်။ အေးချမ်းမှုအသွင်ကိုဆောင်ထားတဲ့ သူဌေးလျိုဟာ သူ့အတွက် မကောင်းတဲ့ လူတစ်ယောက်မဟုတ်မှန်း သူယုံကြည်ပါသည်။

"ဒါဆို အင်္ကျီသွားလဲလေ"

"ဦးလည်း ကုမ္ပဏီကိုသွားမှာလား"

"မဟုတ်ဘူး ဝမ့်ကို အဝတ်အစားလိုက်ဝယ်ပေးချင်တယ် ... ညနေအတွက်လေ"

"ကျွန်တော့်မှာရှိတာဝတ်လို့မရဘူးလား"

        သူအမေးကြောင့် သူဌေးလျိုဟာ ရယ်လျက် ခေါင်းခါသည်။ ပြန်တွေးကြည့်မိတော့ သူ့မှာ ရှိတဲ့အဝတ်အစားတွေက ရိုးရိုးတန်းတန်း အဝတ်တွေသာ  အခုလို ကုမ္ပဏီ ညစာစားပွဲမျိုးအတွက်တော့ ဝတ်စရာ မယ်မယ်ရရ မရှိ... ။

"ဒါဆိုကျွန်တော်အဝတ်လဲလိုက်မယ် ဦး "

"စောင့်နေမယ်"

     ရိပေါ် အခန်းထဲဝင်ကာ ပေါ့ပေါ့ပါးပါးဖြစ်မည့် ဝတ်စုံတစ်စုံကို လဲဝတ်ပြီး သူဌေးလျိုရဲ့ ခေါ်ရာကို လိုက်လာခဲ့သည် ။ သူဌေးလျိုခေါ်လာသည်က Suit တွေနဲ့ သတို့သားဝတ်စုံတွေပဲ ရောင်းသည့် ဆိုင်တစ်ခု ...။

"ကြိုက်တာရွေး ဝမ် ... ဒါ ကိုယ့်ဆိုင်ပဲ "

"ဒါလေး"

    ရိုးရိုးရှင်းရှင်းပဲ သဘောကျတတ်သည့် သူဟာ အညိုရောင် ဝတ်စုံလေးကိုသာ ရွေးမိသည်။ ကျန်တာတွေက သူလိုချင်သလို မဟုတ်၍ မျက်လုံးထဲမဝင် ...။

"ဒါကယူထားပြီးတဲ့ သူရှိပါတယ်"

"နှစ်စုံရှိတာလေ"

"နှစ်စုံစလုံးယူထားတာပါ"

"ဘယ်သူလဲ ... မရောင်းနဲ့တော့ "

"ရတယ်ဦး ... ကျွန်တော် နောက်ဟာပဲရွေးလိုက်မယ်"

     သူဌေးလျိုရဲ့ အသံကြောင့် ဝန်ထမ်းကောင်မလေးက ခေါင်းငြိမ့်သော်လည်း သူကပဲ တားလိုက်ရသည်။ သူများယူပြီးသားကိုတော့ သူအတင်းလုယူလို့မကောင်း ... ။

"ဝမ်လိုချင်တယ်ဆိုရင် ရရမှာပေါ့"

"သူများယူပြီးသားလေ ဦးရယ် "

"ဒါပေမယ့်ဝမ်လိုချင်တယ်မလား"

      သူဌေးလျိုဟာ တည်ငြိမ်သလောက်  သူ့ထက် တဇွတ်ထိုးဆန်နေသေး၏ ။ သူကတော့ အရင်ယူထားတဲ့ သူကိုအားနာ၍ တခြားဝတ်စုံကိုသာ ထပ်ရွေးဖို့ ဆုံးဖြတ်ထားသည်။

"အရင်ယူထားတဲ့သူက အခုဘယ်သွားလဲ "

"အနောက်ဘက်မှာ အောက်ခံဝတ်စုံရွေးနေပါတယ်"

"ဦး ... ရတယ် ... ကျွန်တော်မယူတော့ဘူး"

"ကိုယ်ဆွေးနွေးကြည့်ပေးမယ်"

       မရရအောင် ယူပေးမည့်ပုံရသည့် ဦးကြောင့် ရိပေါ်သက်ပြင်းချလိုက်သည်။

"ကျွန်တော်အားနာလို့ပါ ... မလိုလည်းမလိုချင်ပါဘူး ... ကျွန်တော်တခြားဟာရွေးလိုက်မယ်နော်"

"မလိုချင်တာသေချာလား"

"ဟုတ် ... "

"ရိပေါ် ... အာ ... ဝမ်လား"

          သူဌေးလျိုကို ဖြောင်းဖျနေတုန်း သူ့နောက်က ထွက်လာသည့် အသံကြောင့် သူ့ခန္ဓာကိုယ်ဟာ အေးစက်တောင့်တင်းသွားသည်။ ထိုအသံဟာ စုန့်ကျိရန်ရဲ့ အသံ ...။

"အသိတွေလား ဝမ် "

"မသိဘူး ဦး ... "

      ရိပေါ်ငြင်းဆန်ကာ မသိချင်ယောင်ဆောင်ပြီး အဝတ်တွေကို တစ်ထည်ချင်းဆီ ယူကြည့်နေလိုက်သည် ။ သူ အနောက်ကို မသိမသာ လှမ်းကြည့်မိတော့ ကျိရန်က သူရွေးခဲ့တဲ့ အင်္ကျီလေးကို ယူသွားဖို့ လုပ်နေလေ၏။

"ကျွန်တော် လိုချင်သွားပြီ ဦး "

"ဘာကိုလဲဝမ် "

"ခုနက အင်္ကျီ ... အဲ့ဝတ်စုံကလွဲရင် ကျွန်တော် ကြိုက်တာ မတွေ့ဘူး"

      သူ့စကားကို သူဌေးလျိုက နားလည်သလို ခေါင်းငြိမ့်ပြရင်း ကျိရန်ဆီကို လျှောက်သွား၏ ။

"ဒီဝတ်စုံ ကိုယ်တို့မရောင်းတော့ဘူး ... ညီလေးတခြားဝတ်စုံကို ရွေးလို့ရမလား"

"ဘာဖြစ်လို့လဲအကို ... ကျွန်တော်တို့က ကြိုက်လို့ ... မင်္ဂလာပွဲအတွက်ဆိုတော့ နှစ်စုံဆင်တူလည်းရှိလို့ ဒါလေးယူလိုက်တာ"

"ပိုက်ဆံပေးပြီးပြီလား ... ပေးပြီးပြီဆိုရင် ကျွန်တော်တို့ဆိုင်က နှစ်ဆပြန်အမ်းပေးပါ့မယ်"

"မရဘူးလေ ကျွန်တော်ယူထားပြီးသားကို"

       ကျိရန်ဘက်ကလည်း လက်လွှတ်ပေးမည့်ပုံမပေါ်တာကြောင့် သူကပဲ ထိုနေရာကိုသွားပြီး ကျိရန်ရှေ့တည့်တည့်ရပ်လိုက်သည်။ သူ့ကိုငေးကြည့်နေနသည့် ကျိရန်မျက်ဝန်းတွေဟာ အားနာရိပ်တွေ အပြည့်ဖြင့် ...။

"ကျွန်တော်လိုချင်လို့မရဘူးလား"

"ကျွန်တော်ယူထားပြီးသားပါ"

       သူတို့နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် မသိသည့် လူတွေလို ....။ သူ ကျိရန်ကို စိမ်းစိမ်းကားကား စိုက်ကြည့်ပစ်လိုက်ပြီး ကျိရန် လက်ထဲမှ အင်္ကျီကို ဆွဲယူပစ်လိုက်သည်။

"သူများယူထားပြီးသားလည်း ယူလို့ဖြစ်တယ်မလား သူများရည်းစားကို ဖြတ်ယူတာမှ မဟုတ်တာ "

"ဆင်တူနှစ်စုံရှိတာဒါပဲရှိတော့လို့ပါ မင်္ဂလာပွဲကလည်းရက်ကပ်နေလို့"

"ဒါဆိုလည်း ဘယ်တတ်နိုင်မလဲ ... "

        ရိပေါ်အင်္ကျီကို ပြန်ချိတ်သလိုဖြင့် ချိတ်ကသံဖြင့် ဖိဆွဲလိုက်တော့ အင်္ကျီဟာ လည်ပင်းဘက်မှာ ပြဲသွားခဲ့သည်။

"Sorryဗျာ ... ကျွန်တော်သတိမထားလိုက်မိတာ .. "

"ဝမ့်အစား ကိုယ်ပဲတောင်းပန်ပါတယ် ... တခြားအင်္ကျီရွေးပါလား ကိုယ်တို့ တစ်စုံစာပဲယူပါ့မယ်"

"ရိပေါ် !"

       ဦးစကားအဆုံး သူ ကျိရန်ကို ထပ်ပြောဖို့ လုပ်နေစဉ်မှာပဲ သူ့ကိုယ်လေးဟာ ရင်ခွင်တစ်ခုတီကျရောက်သွား၏။

"လွမ်းနေခဲ့တာ"

"လူမှားနေတယ်"

       သူဌေးလျိုလည်းရှိနေ၍ သူဟောက်ရွှမ်းကို တွန်းထုတ်မိသည်။ သူဌေးလျိုမရှိလည်း တွန်းထုတ်ပစ်မှာက အသေအချာ...။ သူ့ကိုထားခဲ့ပြီး တခြားသူနဲ့ မင်္ဂလာဆောင်တော့မည့် ကောင်ကို သူတစ်သက်မကျေနိုင်ပါ ... ။

"ငါရှင်းပြတာ နားထောင်ပါဦး "

"လူမှားနေတယ်လို့ပြောနေတယ်မလား"

"မမှားပါဘူး ငါသိတယ် "

"ငါ့လက်ကို လွှတ် "

      သူအော်လိုက်တာနဲ့ သူဌေးလျိုဟာ သူတို့ကြားထဲဝင်ရောက်လာကာ သူ့ပုခုံးကို ဆုပ်ကိုင်၍ အနောက်သို့ပို့သည်။

"ဝမ်က မင်းကို မသိဘူးလို့ပြောတယ်မလား ညီလေး"

"ဟောက်ရွှမ်း ပြန်ရအောင်ပါ ... "

       ဟောက်ရွမ်းက ဆွဲခေါ်နေသည့်ကျိရန်ရဲ့ လက်တွေကို ကြမ်းကြမ်းတမ်းတမ်းဖြုတ်ချပြီး သူ့ရှေ့ကို လာရပ်၏။

"ရိပေါ် ... မဟုတ်ဘူး ... ဝမ် ... ငါရှင်းပြတာခဏလေးနားထောင်ပေးပါ ... ခဏလေးပါပဲ ... ပြီးရင်မင်းရှေ့ထပ်ပေါ်မလာတော့ပါဘူး"

"ဟောက်ရွှမ်း ... ပြန်ရအောင် "

"မင်းလွှတ် ! မင်းကြောင့်ဖြစ်ရတာတွေ မင်းကြောင့်! "

      ဆိုင်ထဲမှာ ဝန်ထမ်းတွေလည်း ရှိနေကြ၍ ရိပေါ်ကပဲ အရင်ပြန်ဖို့ လုပ်ရသည်။ မဟုတ်ရင် ဟောက်ရွှမ်းက အလျော့ပေးမည်မဟုတ် ...။

"ပြန်ရအောင် ဦး"

"သူနဲ့ တကယ်မသိတာလားဝမ်"

      သူခေါင်းငြိမ့်ပြရင်းသာ အပြင်ထွက်ဖို့ အလုပ် ဟောက်ရွှမ်းက သူ့လက်ကို ဆွဲထား၏ ။

"ငါမသိခဲ့ဘူး ကျိရန်နဲ့ ဘယ်လိုဖြစ်သွားမှန်းမသိခဲ့ဘူး နိုးလာတော့မင်းမရှိတော့ဘူး အကိုရှောင်းကျန့်က မင်းကို ညကတည်းကပြန်ခေါ်သွားတယ်လို့ပြောတယ်"

"အကိုရှောင်းကျန့်?"

       ကိုကို့နာမည်ကို သံယောင်လိုက်ကာ သူ့ကို ကြည့်လာသည့် သူဌေးလျိုကို သူဆက်ငြင်းလို့ မရတော့ ...။ သူကိုယ်တိုင်ကလည်း ဟောက်ရွှမ်း ရှင်းပြတာကို နားထောင်ချင်လာသည်။ ဟောက်ရွှမ်းထက် ကျိရန် ရှင်းပြတာကို ပိုလိုလား၏။

"ကျွန်တော့်ကို ခဏလောက်အချိန်ပေးလို့ရမလားဦး "

"အင်း ... ရတယ်ဝမ် ... မကြာစေနဲ့ "

"ဟုတ်ကဲ့ "

      သူဌေးလျိုက ဘာမှထပ်မမေးဘဲ ယုံယုံကြည်ကြည် ခွင့်ပြုတာကြောင့် ကျိရန်ကို မျက်လုံးဖြင့်စကားပြောကာ ဟောက်ရွှမ်း ကားဆီလိုက်လာခဲ့သည်။

"ငါဆေးခပ်ခဲ့တာ ... ငါကိုယ်တိုင် ... "

"ဟင် "

      သူကပဲ စကားစလိုက်၍ ဟောက်ရွှမ်းဆီမှ အာမေဋိတ်သံထွက်လာသလို ကျိရန်ကလည်း သက်ပြင်းချသည်။ သေချာတာတစ်ခုက သူဆေးခပ်ထားတဲ့ ကိစ္စကို ကျိရန်ကသိနေခဲ့ပါသည်။

"ကျိရန် မင်းငါ့ကိုအမှန်အတိုင်းပြောပြပေးမလား ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ဟောက်ရွှမ်းနဲ့ဖြစ်ခဲ့တာ ငါဖြစ်ပြီး မင်းကဘာလို့ ဟောက်ရွမ်းဘေးမှာ ရှိနေခဲ့ရလဲဆိုတာ"

"ရိပေါ်နဲ့ဖြစ်ခဲ့တာလား .... ငါကမင်းနဲ့ ဖြစ်ခဲ့တာပေါ့ ... ဟုတ်လား ... ဒါဆိုကျိရန်ကဘာလို့လိမ်ရတာလဲ ...မင်း ဘာလို့လိမ်တာလဲ ကျိရန်!!"

      ဟောက်ရွှမ်းအသံဟာ ဒေါသတကြီး ... ။ ရိပေါ် မကျေနပ်ပေမယ့် မကြာခင်လက်ထပ်တော့မည့် လူနှစ်ယောက်ကိုတော့ သူ့ကြောင့် ပြဿနာ မဖြစ်စေချင်ပါ ... ။

"ရိပေါ်နဲ့ မင်း မဖြစ်သွားအောင် ငါ အကိုကျိုးချန်ကို ဖုန်းဆက်ခဲ့တာ ... လာခေါ်တော့ အကိုရှောင်းကျန့်လာခေါ်တယ် ...အဲ့တုန်းက မင်းတို့မူးပြီးမှောက်နေတုန်း... ပြီးတော့ ဟောက်ရွှမ်းက ငါ့ကို မင်းထင်ခဲ့တာ ..."

"ဟောက်ရွှမ်းနဲ့ ငါနဲ့ကဘာမှ မဖြစ်ခဲ့ဘူးပေါ့"

"အင်း .... "

       ရိပေါ်ခေါင်းထဲ တွေးစရာတွေက များလာခဲ့သည်။ အဲ့ညက ဟောက်ရွှမ်းနဲ့ ဖြစ်ခဲ့လို့ မိုးလင်းတဲ့ အချိန်မှာ နာကျင်နေခဲ့တာပဲ မဟုတ်လား ...။
ပြီးတော့ ကိုကိုဟာ လည်း သူ့ကို ဟောက်ရွှမ်းအိမ်က ခေါ်လာတာတစ်ခုက လွဲရင် ဘာမှမပြောခဲ့ ...။
သူဟောက်ရွှမ်းနဲ့ မအိပ်ခဲ့တာကို သိတာတောင် သူ့ကို နည်းနည်းလေးမှ မရှင်းပြခဲ့ပါ။

"ရိပေါ် ... "

"ငါ ... ပြန်တော့မယ် ... ပြီးတော့ ငါ့ကိုဝမ်လို့ခေါ်ပေးပါ"

      သူကားပေါ်ကပြန်ဆင်းတော့ ဟောက်ရွှမ်းက ခပ်တွေတွေလေးငေးကြည့်နေခဲ့သည်။ ဟောက်ရွှမ်းအပေါ်နားလည်မှုရှိလာခဲ့ပေမယ့် သူ့စိတ်တွေက ပိုရှုပ်ထွေးလာ၏ ။

"ပြီးတော့ မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်"

       သူ ထိုတစ်ခွန်းတည်းသာပြောပြီး ဆိုင်ထဲပြန်ဝင်လာကာ သူဌေးလျိုကို ပြုံးပြမိသည်။ သူဌေးလျိုကလည်း သူ့ကို ပြန်ပြုံးပြလျက် ဝတ်စုံပြန်ရွေးဖို့ပြော၏ ။ သူခေါင်းတွေနောက်လာသဖြင့် ထပ်မရွေးတော့ဘဲ သူ့ရှေ့က ပန်းကပ်သေးသေးလေးပါသည့် အနက်ရောင်ဝတ်စုံလေးကိုသာ ယူဖို့ပြောလိုက်သည်။

"အဆင်ပြေရဲ့လား သူငယ်ချင်းတွေလား"

"ဟုတ် ... လိမ်မိလို့တောင်းပန်ပါတယ်"

"မလိုပါဘူး ဖြစ်တတ်ပါတယ် ... နောက်တော့ မဖြစ်စေနဲ့ပေါ့"

"ဟုတ်"

      သူ့ပုခုံးကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ပြောနေသည့် သူဌေးလျိုကို ထပ်ပြီး ပြုံးပြ၍ သက်ပြင်းတစ်ခုကို တိတ်တိတ်လေးခိုးချရသည် ။ သူဌေးလျိုကတော့ ကိုကို့အကြောင်းဘာမှမမေးခဲ့ ...။
မမေးတာလည်း ကောင်းပါသည်။ သူနဲ့ ကိုကို့အကြောင်း တစ်စုံတစ်ယောက် သိသွားမှာကို သူမလိုချင်ပါ။

"ခုနကအကိုဝမ်ယန်ရဲ့ သားမလား ဝမ် "

        သူဌေးလျိုဟာ ဆိုင်ထဲမှာ ဘာမှမမေးဘဲ ကားပေါ်ရောက်မှ မေးခွန်းထုတ်လာခဲ့သည်။

"ဟုတ်တယ် ဦး ... ဦးက သိနေခဲ့တာလား"

"အကိုဝမ်ယန်နဲ့ ဦးက အရမ်းခင်တဲ့ မိတ်ဆွေတွေလေ "

     ထိုကိစ္စကို အခုမှ သိလိုက်ရသော်လည်း သူ့အတွက်တော့ အံ့ဩစရာမဟုတ်ပါ ...။ ဦးလေးယန်နဲ့ သိလို့သာ ကိုကို့ကုမ္ပဏီမှာ အရေးပါသည့် လူတစ်ယောက်ဖြစ်နေတာပဲမလား။

"အကိုဝမ်ယန် ဆုံးသွားတုန်းက ရှောင်းကျန့်က တော်တော်ပင်ပန်းခဲ့တာ ... သူဒီအလုပ်တွေမလုပ်ချင်ဘူးလို့ အမြဲညည်းတယ် ... ဒါပေမယ့် သူမလုပ်လို့မရဘူးတဲ့ ... ပြီးတော့အကိုဝမ်ယန် က ကိုယ့်ကို သူသေသွားတဲ့အခါ ရှောင်းကျန့်ကို စောင့်ရှောက်ပေးဖို့မှာခဲ့တယ်"

"သူဌေးဝမ်ယန်က သူသေမှာ ကြိုသိနေခဲ့တာလား"

"ဦးနှောက်အကျိတ်ကြောင့်သူသေမှာကို မသေခင် လေးငါးလလောက် ကတည်းက ကြိုသိနေခဲ့တာ ... "

       ဦးလေးယန်ဟာ သေရမည့်သူမှန်း သူတို့နဲ့ မတွေ့ခင်ကတည်းက ကြိုသိနေရက်နဲ့ ကိုကို့ကို ဘာကြောင့် လက်ထပ်ခဲ့ရပါသလဲ ...။
ကိုကိုကရော ဦးလေးယန် သေမယ့်အကြောင်းသိနေခဲ့တာလား ...။
သူ့ဦးနှောက်ထဲ အတွေးတွေက ပိုများလာခဲ့သည်။
သေချာတာတစ်ခုကတော့ လူတွေထင်နေသလို ကိုကိုက ဦးလေးယန်ကို မသတ်ခဲ့ဘူး ဆိုတာပင် ...။

"ရှောင်းကျန့်နဲ့ ကိုယ့်ကိုတော့အထင်မလွဲစေချင်ဘူး"

"ကျွန်တော်အထင်မလွဲပါဘူး"

"ရိပေါ်လား"

"ဗျာ ... "

"နာမည်အရင်းက ရိပေါ်တဲ့လား "

       သူ ဆက်ပြီး မငြင်းနိုင်တော့၍ ခေါင်းလေးကို အသာ ငြိမ့်ပြလိုက်တော့ သူဌေးလျိူရဲ့လက်တွေဟာ သူ့ဆံပင်တွေဆီကျရောက်လာသည်။ သူလိမ်ခဲ့တာတွေရှိနေပေမယ့် သူဌေးလျိုက သူ့ကို စိတ်မဆိုးခဲ့ ...။

"ကိုယ်မှတ်ထားမယ်... ကိုယ်မသိတာတွေရှိဦးမှာ သေချာပေမယ့် မမေးတော့ပါဘူး ... ကိုယ်နဲ့ မတွေ့ခင်က ကိစ္စတွေပဲ ... ဒါပေမယ့် ဝမ် အောင်မြင်လာတဲ့အခါ တိုက်ခိုက်မယ့်သူတွေက ရှိလာဦးမှာ မိုလို့ သတိထားပါ"

"ကျွန်တော် သတိထားပါ့မယ် ... သတိပေးလို့လည်း ကျေးဇူးတင်ပါတယ်"

"ဒါဆို ညနေတွေ့မယ်"

"ဟုတ်ကဲ့"

      သူ ကားပေါ်က ဆင်းလိုက်ပြီးတာ နဲ့ သူဌေးလျိုကို ဦးညွတ်ကာ ကားလေးထွက်သွားသည်အထိ ထိုနေရာမှာပဲ ရပ်နေမိသည်။
ဟောက်ရွှမ်းပြောတဲ့ အကြောင်းအရာတွေ နဲ့ သူဌေးလျိုပြောတဲ့ အကြောင်းအရာတွေက သူ့အတွေးတွေထဲ ပြည့်နှက်နေလျက် ... ။
ကိုကို့ဆီမှာ သူ့ကိုဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေဟာ တစ်ခုမက ရှိမှာ အသေအချာ ... ။
သူ ပင့်သက်တစ်ချက်ကို အသာရှိုက်လိုက်ပြီး အခန်းရှိရာအထပ်ကိုသာ တက်လာလိုက်တော့၏ ။
သူ ကိုကို့ကို ထပ်ပြီး မပင်ပန်းစေချင်တော့ပါ .... ။

                   ___________________

      ရိပေါ် ရေထပ်ချိုးပြီးတာနဲ့ ကုတင်ပေါ်မှ ဘူးလေးနှစ်ဘူးကို တစ်လှည့်စီ ကြည့်နေလိုက်သည်။ ပွဲက သွားရတော့မှာကို အခုထိ ဘာဝတ်ရမှန်း မသိသေး ... ။
တစ်ခုက သူကောက်ရွေးလာသည့် ဝတ်စုံဖြစ်ပြီး တစ်ခုက ကိုကိုပို့ပေးလိုက်သည့် ရိုးရိုးရှင်းရှင်းဝတ်စုံလေးဖြစ်သည်။ ကိုကိုဟာ သူ့အကြိုက်ကိုဘယ်တော့မှ မမေ့ ... ။ ကိုကိုပို့ပေးသည့်ဟာလေးကို သဘောကျပေမယ့် ကိုကို့ကို အရွဲ့တိုက်ချင်စိတ်ကြောင့် မဝတ်ချင် ။

"ဝမ် ... "

"အကိုချီရင် ဘယ်လိုလုပ်"

       အတင့်ရဲလွန်းစွာ သူ့အခန်းထဲအထိ ဝင်လာသော ယွမ်ချီရင်ကြောင့် သူတံခါးမပိတ်ထားခဲ့သည်ကို နောင်တရသည်။ အကိုရိထန်က အပြင်မှာ ရှိနေသော်လည်း ယွမ်ချီရင်ကို တားလို့မရဟန် ...။

"မွေးနေ့ပွဲသွားဖို့ပြင်ဆင်နေတာလား"

"ဟုတ်ကဲ့ ... "

"ဝမ့်ရဲ့ Music Video အတွက် ကိုယ်တို့ တစ်မနက်လုံး စကားပြောနေကြတာ ... ရက်သတ်မှတ်ပြီးသွားပြီ"

       ပြောရင်း သူ့ခါးတွေကို ဖက်တွယ်လာသည့် လက်တွေအား သူမသိမသာဖယ်ချတော့ ယွမ်ချီရင်က ရယ်သည်။

"ဘာလဲ သူဌေးလျိုမဟုတ်လို့လား"

"မဟုတ်ပါဘူး ... ကျွန်တော်နဲ့ သူဌေးလျိုက ဘာမှမဟုတ်ပါဘူး အကိုချီရင် "

"ကိုယ်နဲ့ကရော "

        ယွမ်ချီရင်ဟာ သူ့ခါးကို ထပ်မဖတ်တော့သော်လည်း ပုခုံးပေါ် မေးတင်ထား၍ သူနေရခက်လွန်းသည်။ ကိုကို့ဆီက ဆွဲယူချင်စိတ်တစ်ခုတည်းနဲ့ ယွမ်ချီရင်ကို ကပ်ခဲ့သော်လည်း ယွမ်ချီရင်ရဲ့ အထိအတွေ့ကို မုန်းသည်။

"CEOရှောင်းကျန့်နဲ့ အရင်ကပတ်သက်မှုတွေများရှိခဲ့လား"

"မရှိပါဘူး"

"ကိုယ် ဝမ်နဲ့ စတွေ့တုန်းကလေ ... အဲ့တုန်းက ဝမ်က CEOရှောင်းရဲ့အိမ်မှာနေတာမလား"

"အိမ်တော်ထိန်းရဲ့ ညီမို့လို့ပါ"

      သူ့စကားအဆုံး ယွမ်ချီရင်က ရယ်လျက် သူ့ကုတင်ပေါ် ထိုင်ချသည်။

"CEO ရှောင်းကို ရွဲ့ချင်စိတ်နဲ့ ကိုယ့်ကိုလာကစားနေတာလား ဝမ်"

"မဟုတ်ဘူး"

"ဘာဖြစ်ဖြစ်ပါ ... ဘာဖြစ်ဖြစ်ပေါ့ ... ဒါတွေဟာ ပြီးတော့မှာပါ "

       ယွမ်ချီရင်ဟာ ပြောရင်းဖြင့် ဘူးထဲမှ အညိုရောင်ဝတ်စုံလေးကို ထုတ်ယူဖြန့်ကြည့်၏ ။ ပြီးတော့ နှုတ်ခမ်းကို တစ်ဖက်တည်း ကော့တတ်အောင်ပြုံးပြန်ပါသည် ။

"ဒါလေးသဘောကျတယ် ... ကိုယ့်ကိုပေးဝတ်မလား"

"အကိုချီရင်မှာ ဝတ်စရာအင်္ကျီမရှိလို့လား"

"ဘယ်လိုမေးလိုက်တာလဲ ဝမ်ရယ် ... "

       ကိုကိုပေးတဲ့ဟာဖြစ်၍ ယွမ်ချီရင့်ကို ပေးမဝတ်လိုက်ချင်သော်လည်း အပြင်မှာတော့ ယွမ်ချီရင်ကို ယူသွားခွင့်ပြုခဲ့ပြီးလေပြီ။

"တကယ်ပေးလိုက်တာလား"

"ဟုတ်တယ် ... ယူသွားပါ ... အကိုချီရင် ဝတ်ချင်တယ်ဆိုရင်ပေါ့"

"ဒါဆိုပွဲမှာ ဒါဝတ်ရမယ် ... ဝမ်က စိတ်ထားလေးလည်းကောင်းတာပဲ ... ညနေကိုယ်လာခေါ်ရမလား"

"ရပါတယ် ... ကျွန်တော့်ဘာသာလာပါမယ်"

           သူပြောတာနဲ့ ယွမ်ချီရင်ဟာ ဝတ်စုံကို ဘူးထဲပြန်ထည့်သိမ်း၍ သူ့နဖူးကို အသာနမ်းကာ အပြင်ထွက်သွားခဲ့သည်။ သူ့မှာလည်း ရွေးစရာဝတ်စုံမရှိတော့သဖြင့် သူဌေးလျိုဝယ်ပေးထားသည့် ဝတ်စုံကိုသာ ဝတ်ဖို့ ဖြစ်လာရ၏။

"သွားတော့မလား"

"ဟုတ် ... "

      သူဌေးလျိူကလည်း သူ့ကိုလာခေါ်ဖို့ ဖုန်းဆက်ပြောပေမယ့် သူတစ်ယောက်တည်းသာ သွားချင်သည်။ ကုမ္ပဏီက တခြားအနုပညာရှင်တွေလည်း လာမည့် ပွဲဖြစ်တာကြောင့် ဘယ်သူ့ကိုမှ အထင်မလွဲစေချင် ... ။

"ဝမ် ... မျက်နှာက ဘာမှမပြင်ခဲ့ဘူးလား"

"ဟုတ် "

"လာ ... "

       သူ Hotelကို ရောက်သည့်အချိန်က ပွဲစချိန်မဟုတ်သေးသဖြင့် သူဌေးလျိုက သူ့ကို ဆွဲကာ Hotel ခန်းတစ်ခုဆီ ခေါ်သွားခဲ့သည်။ ထိုအခန်းထဲတွင်တော့ ကိုကိုလည်း ရှိနေခဲ့၏ ။

"ဝမ့်ကိုနည်းနည်းပြင်ပေးပါဦး"

      သူဌေးလျိုရဲ့ စကားကြောင့် ဆံပင်ပြင်နေဟန်တူသည့်ကိုကိုက သူ့ကိုတစ်ချက်ကြည့်ပြီး မျက်မှောင်ကို မသိမသာတွန့်ချိုးသည်။ ကိုကိုဟာ သူရောက်လာတာကို အလိုမကျသလို ...။ တစ်မနက်လုံး ဘာမှမစားခဲ့သည့် သူကတော့ ဗိုက်ဆာနေတာကလွဲရင် ဘာမှမသိ ...။

"ဟယ်လို ... ကိုယ်လာခဲ့မယ်ချီရင် ... ဝမ် ... ခဏစောင့်နော် ... "

"ဟုတ်"

     မွေးနေ့ရှင်ထက် ရှုပ်ယှက်ခေတ်နေသည့် သူဌေးလျိုဟာ အခုလည်း ယွမ်ချီရင်ဆီ သွားတွေ့ရဦးမည့်ပုံပင် ... ။

"ဒီဘက်မှာ လာထိုင်ပါ "

"ဟုတ်ကဲ့ "

       မိတ်ကပ်ပြင်ပေးမည့်လူရဲ့ စကားကြောင့် သူကိုကို့ဘေးဝင်ထိုင်လိုက်တော့ ကိုကိုဟာ မှန်ထဲမှ သူ့ကို ထပ်ကြည့်ပြန်သည်။ ကိုကိုနဲ့ အကြည့်ချင်းဆုံမိရာမှ သူ့ပါးပေါ်ကျရောက်လာသော မိတ်ကပ်Padတစ်ခုကြောင့် သူ့မျက်လုံးအစုံကို မှိတ်ချလိုက်ရ၏။

"အဆင်ပြေပါပြီ CEO "

"ကျေးဇူးပဲ "

      မျက်လုံးတွေမှိတ်ထားပေမယ့် သူ့ဘေးနားက ကိုကို ထထွက်သွားတာကိုတော့ ခံစားမိပါသည်။ ကိုကိုထွက်သွားတာနဲ့ ကိုကို့ကို မိတ်ကပ်ပြင်ပေးနေသည့် ကောင်မလေးထံမှ သက်ပြင်းချသံတစ်ခုက ထွက်လာ၏။

"CEO က ချောတယ်နော်"

"ချောပေမယ့် Gayကြီးလေ ... ပြီးတော့ နင်မသိဘူးလား ... Barမှာလုပ်ရင်း ဒီကသူဌေးကို ယူလိုက်တာ ဒီဘဝရောက်လာတာပဲ ... သူ့နောက်ကြောင်းကတော့ Barမှာလုပ်တယ်ဆိုတာကလွဲရင် ဘာမှစုံစမ်းမရဘူးတဲ့"

      အခန်းထဲကလူတွေ အခုလိုပြောနေပုံအရ ကိုကိုဟာ အခန်းထဲက ထွက်သွားပုံပေါ်သည်။ လူတွေဟာလည်း သူများအကြောင်းဆို သိပ်ကို စိတ်ဝင်တစား ...။

"ငါလည်း သတင်းကြားတယ် ... ပြီးတော့ အနုပညာရှင်အသစ်လေးတွေနဲ့ သတင်းတွေကလည်း တအားထွက်တာ ... သူမထွက်တာ ချီရင်နဲ့ပဲရှိတယ် ... အာ ... တစ်ခါထွက်တုန်းက ချီရင့်ဘက်က ငြင်းလို့လေ"

"ချီရင်နဲ့တော့ထွက်လို့မရပါဘူး ... ငါ့ချီရင်လေးနဲ့ အဲ့လိုလူကို မပေးစားချင်ပါဘူး ... "

"အမယ်လေး ... ချီရင့်ကို ဥထားပြီး စားနေလားမှမသိတာ ... သူဌေးလျိုဆန်းဟွာနဲ့လည်း ဘာလိုလို ညာလိုလိုနော် "

"ဒီကသူဌေးယန်နဲ့ ယူတုန်းကလည်းလေ သူဌေးအမေက သဘောမတူဘဲ ကုမ္ပဏီအထိနေ့တိုင်းပါးလာရိုက်တာ ... ဒါတောင် ပေကပ်ပြီး ကုမ္ပဏီပါအရယူတာနော် မျက်နှာပြောင်တိုက်ချက် ... အရှက်လည်းမရှိဘူး"

       သူလက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး မျက်လုံးတွေကို ဖွင့်လိုက်ကာ ထထွက်ဖို့ပြင်လိုက်သည် ။ ထိုစကားတွေကို သူဆက်ပြီးမကြားချင်တော့ ... ။ ဒီလောက်တောင် ပြောခံနေရတာကို ကိုကို ဘယ်လိုသည်းခံပြီးနေခဲ့ပါသလဲ ...။

"မပြီးသေးဘူးလေ "

"မျက်နှာနှစ်ဖက်နဲ့ လူတွေကြား ဆက်မထိုင်ချင်တော့လို့"

      သူပြောပြီးတာနဲ့ အခန်းထဲက ထွက်လာလိုက်တော့ အခန်းရှေ့မှာ ရပ်နေသည့် ကိုကိုနဲ့ ဆုံသည် ။ ကိုကို့လက်ထဲမှာလည်း ကော်ဖီတွေနဲ့ မုန့်တစ်ချို့ကို ကိုင်ထား၏။

"ဝမ် ... သွားတော့မလို့လား ... မုန့်စားသွားဦးလေ"

"တော်ပြီ"

     မျက်ရည်တွေဝဲနေသည့် ကိုကိုဟာ သိပ်ကိုဟန်ဆောင်ကောင်းပါသည်။ ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိပေမယ့် အခန်းထဲက စကားတွေကိုတော့ ကိုကိုကြားသွားမှာ အသေအချာ ...။

"အထဲဝင် "

      နှုတ်ခမ်းလှုပ်ရုံသာပြောလာသည့် ကိုကို့ဟာ သူ့ကို အမိန့်ပေးနေသလို ...။ ပွဲကလည်းမစသေးသဖြင့် သူအထဲကို ပြန်ဝင်ဖို့ကလွဲပြီး ဘာမှမရှိ ...။

"အကုန်လုံးဗိုက်ဆာနေကြမယ်ထင်လို့ ကျွန်တော် Coffeeနဲ့ မုန့်တွေဝယ်လာတာ"

"ကျေးဇူးတင်ပါတယ် CEO ... ဒါကြောင့် CEO ရှောင်းကျန့်က သဘောကောင်းတယ်လို့ သတင်းမွှေးတာနေမှာ "

      ရွံစရာကောင်းတဲ့ မျက်နှာနှစ်ဖက်နဲ့ လူသားတွေ ...။ ကိုကိုမို့လို့ ထိုလူတွေကို ဘာမှမဖြစ်သလို ဆက်ဆံနိုင်သည်။

"ဒါကဝမ်တဲ့ ... ကျွန်တော့် ကုမ္ပဏီကပဲ မကြာခင် Solo Artist အဖြစ် ပွဲဦးထုတ်ပေးတော့မယ့်သူပေါ့ ... သူဌေးလျိုဆန်းဟွာ ရွေးထားတာလေ ... "

"Company ရဲ့ Official Account မှာ တင်ကတည်းက နာမည်ကြီးနေတဲ့ သူကို ကျွန်မတို့သိပါတယ် ... ဒါဆို ကျွန်မတို့ပြန်လိုက်ပါဦးမယ် "

"ဟုတ်ကဲ့ "

      မိတ်ကပ်ပြင်တဲ့ လူတွေထွက်သွားတော့မှ ဟိုတယ်ခန်းထဲ ကိုကိုနဲ့ သူသာလျှင် ကျန်၏။ သူဘာမှမပြောခင်မှာပဲ ကိုကိုက အပြင်ထွက်ဖို့ ပြင်သည်။ သူနဲ့ တစ်ခန်းတည်းအတူရှိနေရမှာကို မလိုလားဟန် ...။

"ခဏ ... "

"ဟင် ... "

      သူ လက်ကိုဆွဲထားလိုက်သည့်အခါ ကိုကိုဟာ မျက်ခုံးပင့်လျက် သူ့အားကြည့်သည်။ ဆွဲသာ ဆွဲထားပေမယ့် သူဘာပြောရမှန်းမသိ ...။

"ကျွန်တော် ဗိုက်ဆာလို့"

"အင်း ... ဒါယူထားလိုက်နော် ... ဝမ် ဗိုက်ဆာနေမှန်းသိလို့ ပိုဝယ်လာတာ"

"ဝမ်လို့ခေါ်တာ မကြိုက်ဘူး ... ခင်ဗျားဆီက ဝမ်လို့မခေါ်မခံချင်ဘူး "

"မသိသလိုပဲ နေကြရအောင် ... ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ ဝမ်လည်း ကြားမှာပါ ... ကိုယ့်အရှုပ်တွေကြားထဲ ဝမ် ဝင်မလာနဲ့ "

       ကိုကိုက အဆုံးထိ သူ့ကို ဘာမှမပြောပြမည့်ပုံပေါ်သည်...။ ခုနကလို ကိုကိုအပြောခံနေရတာတွေဟာလည်း ကိုကို့အတွက် ရိုးနေသလို ...။ ဒီနေရာကိုလည်း ဘယ်တော့မှ မစွန့်လွှတ်တော့ဘူးထင်ပါသည်။

"သူဌေးလျိုလာမှအတူဆင်းလာခဲ့ ... အဆာပြေစားထားဦး"

"မစားဘူး"

       သူစိတ်တွေရှုပ်လာ၍ သူ့လက်ထဲကိုကိုထည့်ပေးထားသော ကော်ဖီခွက်နဲ့ ပေါင်မုန့်ကို လွတ်ပစ်မိသည်။ ကိုကို့ အင်္ကျီပေါ်စွန်းထင်သွားသည့် ကော်ဖီတွေအတွက်တော့ ကိုကိုဟာ ဘာမှမပြောခဲ့ ...။ သူတကယ်ပဲ စိတ်ညစ်ပါသည်။ ကိုကို့ဆီက တစ်ခုခု ရှင်းပြချက် တစ်ခုခုလောက်ကိုတော့ သူကြားရမှ ဖြစ်ပါလိမ့်မည်။

"ပူသွားလား"

"ခင်ဗျားဘာဖြစ်နေတာလဲ ... ဖယ် ... "

       သူ့ကို စိတ်ပူစွာ လှမ်းမေးလာသော ကိုကို့အားတွန်းဖယ်လျက်ပင် အခန်းပြင်ထွက်လာခဲ့လိုက်သည်။ ဘာကြောင့်မှန်းမသိဘဲ ကိုကို့ကို ဒေါသထွက်ရသည်။ ကိုကို့ဆီမှာ အများကြီး ပင်ပန်းစရာတွေရှိနေတာတောင် သူ့ကိုတစ်ခုမှ မပြောပြသည့်အပြင် အဝေးရောက်အောင်ပါ တွန်းထုတ်ခဲ့သေး၏ ။

"ဝမ် ... ပြင်ပြီးပြီလား ... ချီရင်နဲ့စကားနည်းနည်းပြောနေတာ ... ပွဲပြီးရင် ဒီ ဟိုတယ်မှာပဲ နားချင်တယ်ပြောနေလို့ အခန်းစီစဉ်ပေးနေရတာနဲ့ နောက်ကျသွားတယ်"

"ရပါတယ် ဦး ... "

"ဝမ်ရော ပွဲပြီးရင် ဒီမှာပဲနားချင်လား"

"မနားချင်ဘူးဦး ... ကွန်ဒိုပဲပြန်မှာ ..."

"ဒါဆို အောက်ဆင်းရအောင်"

      သူဌေးလျို၏ ဦးဆောင်မှုနောက် သူလိုက်လာရင်း အခန်းထဲမှာ ကျန်ခဲ့သည့် ကိုကိုအဆင်ပြေပါ့မလား စိုးရိမ်မိပါသည်။
အချိန်တွေနောက်မကျသေးခင် အရင်အိမ်ကလေးဆီ ကိုကို ပြန်ခဲ့နိုင်ဖို့ သူ မျှော်လင့်နေဆဲ ....။

               _____________________

      ရိပေါ်ထံ ဝတ်စုံတစ်စုံကို သူပို့ပေးလိုက်သော်လည်း ထိုဝတ်စုံဟာ ချီရင့် ကိုယ်ပေါ်မှာ ... ။ သူ့ပွဲမတိုင်ခင် ချီရင်နဲ့ ရိပေါ် တွေ့ဆုံခဲ့ပုံရသည်။
ဝတ်စုံတွေပါ လဲဝတ်သည့်အထိဖြစ်၍ ချီရင်နဲ့ ရိပေါ် ဆက်ဆံရေးက သာမန်မဟုတ်တော့မှန်း သူရိပ်မိပါသည်။

"ရှောင်းကျန့် သူက ကျန်းယွင်တဲ့ ... ကျန်းအုပ်စုကို လက်ရှိဦးစီးနေတဲ့သူပေါ့"

"ဟုတ်ကဲ့ "

      သူဌေးလျိုမိတ်ဆက်ပေးလာသော ကျန်းယွင် ဆိုသူကို လက်ဆွဲနှုတ်ဆက်ပြီးမှ ခေါင်းထဲဝင်လာသော အတွေးတချို့ကြောင့် သူတုန်လှုပ်မိ၏။ ကျန်းအုပ်စုဆိုတာ အကိုဝမ်ယန် သေတမ်းစာထဲက ရိပေါ်ကို လိုက်ရှာနေသည့် ရိပေါ်အမေဘက်မှ လူတွေဖြစ်သည်။

"CEO ရှောင်းကျန့်ကြောင့် ရှင်းအဖွဲ့အစည်းကြီးက ပိုပြီးအောင်မြင်လာတာ ... Entertainment ဘက်မှာတင်မဟုတ်ဘဲ တခြားဘက်တွေကိုပါ တစ်ယောက်တည်းဦးစီးနေနိုင်တာ အရမ်းတော်တယ်လို့ပြောရမယ်"

"သူဌေးလျိုရော အကိုယွီချန်ကပါကူညီနေလို့ပါ ... ကျွန်တော်တစ်ယောက်တည်းဆို အဲ့လောက်လုပ်နိုင်မှာမဟုတ်ပါဘူး"

"မကြာခင် ပွဲထုတ်ပေးမယ့် အသစ်လေးကလည်း တော်တော်အောင်မြင်နေတာ ... ပွဲသာထွက်ရင်တော့ ရှယ်ယာတွေကအများကြီးတက်လာမှာပဲ"

      ပြောရင်းနဲ့ ရိပေါ်အကြောင်းပါလာတော့ သူလက်ထဲက ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး ပွဲလယ်မှာ ချီရင်နဲ့ ရပ်ရင်း ဝိုင်သောက်နေသည့် ရိပေါ်ဆီ အကြည့်ပို့လိုက်သည်။ ရိပေါ်ဟာလည်း သူ့ကိုအလိုမကျစွာ ကြည့်နေရာမှ အကြည့်ချင်းဆုံတော့ မျက်နှာလွှဲသွား၏။

"ဝမ်ဆိုတဲ့ကောင်လေးနဲ့ ကျွန်တော့်ကို မိတ်မဆက်ပေးတော့ဘူးလား"

"တကယ်တော့ ကျန်းယွင်က ဝမ့်ကိုစောင့်နေတာ ... ဝမ်သာ အဆင်ပြေရင် သူက ရှင်းအုပ်စုမှာ ရှယ်ယာထည့်ဖို့လုပ်နေတာလေ"

    သူဌေးလျိုကပါဝင်ပြောလာ၍ သူမတတ်သာတော့ဘဲ ရိပေါ်နဲ့ မိတ်ဆက်ပေးဖို့ပြင်ရသည်။ ရိပေါ်ရှိရာနေရာကို ထပ်ပြီး ကြည့်မိပြန်တော့ ရိပေါ်ဟာ ထိုနေရာမှာမရှိတော့ .... ။ တစ်ယောက်တည်း ကျန်ခဲ့သည့် ချီရင်ကသာ သူ့ကို မျက်ခုံးပင့်ကာ နှုတ်ခမ်းရွဲ့ပြသည်။

"ဝမ်က သန့်စင်ခန်းသွားတယ်ထင်တယ် သူဌေးလျို ... ခုနကပဲ ဟိုမှာရပ်နေသေးတာ ..."

"ပြန်လာရင် မိတ်ဆက်ပေးရမှာပေါ့ ... ကျန်းယွင်ကိုလည်း ကိုယ့်လို ရင်းရင်းနှီးနှီးဆက်ဆံလို့ရတယ် ရှောင်းကျန့် "

"ဟုတ်ကဲ့ ... ကျွန်တော့်ကိုလည်း သူဌေးလျိုဆက်ဆံသလို မိတ်ဆွေတွေလို ဆက်ဆံလို့ရပါတယ် သူဌေးကျန်း "

         သူ့စကားအဆုံး လက်ထဲဝိုင်ခွက်ကို ရှေ့တိုးမြှောက်ခံ ထောက်ခံသည့် ကျန်းယွင်ကို သူပြုံးပြလိုက်သည်။
တခြားလုပ်ငန်းရှင်တွေပါ လိုက်နှုတ်ဆက်နေရင်း ရိပေါ်ကို သတိထားမိတော့ အခုထိပြန်မလာသေး ... ။ ချီရင်ကပါ ခန်းမထဲမရှိတော့တာကြောင့် သူစိတ်ပူလာရသည်။ လက်ထဲက ဝိုင်ခွက်ကို ဟိုတယ်က Waiterလေးအားလှမ်းပေးပြီး ရိပေါ်ကို ရှာဖို့ သန့်စင်ခန်းဘက်ထွက်လာခဲ့၏ ။
သို့သော် ရိပေါ်ဟာ သန့်စင်ခန်းမှာလည်းမရှိ ... ။ သူပိုပြီးလန့်လာကာ ချွေးတွေပါပြန်လာခဲ့သည်။

"ညီလေး .... အဆိုတော် ယွမ်ချီရင်ကိုတွေ့မိသေးလား"

"ဟင့်အင်း ... မတွေ့ဘူး အကို"

"ဘာဖြစ်နေလို့လဲ ရှောင်းကျန့်"

        ဟိုတယ်ဝန်ထမ်းတွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်မေးနေသည့် သူ့အနား သူဌေးလျိုက ရောက်လာခဲ့သည်။ ဆောက်တည်ရာမရ ဖြစ်နေသည့် သူ့ပုံစံကြောင့် သူဌေးလျိုရိပ်မိသွားမလားမသိပေမယ့် အခုချိန်သူ့ကို ကူညီနိုင်တာ သူဌေးလျိုတစ်ယောက်ပဲရှိ၏။

"ဝမ်ရော ချီရင်ရော ပျောက်နေတယ်"

"ဘယ်လို ... "

"ဝမ်နဲ့ချီရင်က ခုနကအတူတူသောက်နေကြပြီး အခုမရှိတော့ဘူး ... ဝမ်တစ်ခုခုဖြစ်မှာ စိုးတယ် သူဌေးလျို ..."

       သတင်းထောက်တွေပါ ဝင်ခွင့်ပြုထားတဲ့ ပွဲဖြစ်၍ တစ်ခုခုဆို ရိပေါ်အများကြီးနစ်နာသွားနိုင်သည်။ သတင်းထောက်တွေမရှိခဲ့ရင်တောင် ရိပေါ်ဟာ ချီရင်နဲ့တော့ မဖြစ်ပါ ....။

"စိတ်အေးအေးထား ရှောင်းကျန့် ... ချီရင်က သုံးလွှာမှာ အခန်းယူထားတယ် ... ကိုယ်တို့အဲ့ကိုအရင်သွားကြည့်ရအောင်"

"ကူညီပါဦး "

         ရိပေါ်အား အစိုးရိမ်လွန်နေသည့် သူ့ကို သူဌေးလျိုကတော့ သေချာပေါက်ရိပ်မိပါလိမ့်မည် ။ ဒါက အရေးမကြီး....။ သူ့ရဲ့ ရိပေါ်လေးကို ချီရင်ဘာမှမလုပ်ဖို့ကသာ အရေးကြီးပါသည်။

"အခန်းနံပါတ် ၃၀၇ ရဲ့ သော့ပေး"

"ဟုတ်ကဲ့ ... "

       ဝန်ထမ်းလေးဆီက သော့တောင်းပြီး အပေါ်တက်ဖို့လုပ်သည့် သူဌေးလျိုနောက်ကိုသာ သူလိုက်လာခဲ့သည်။ ဓာတ်လှေကားထဲရောက်တဲ့အထိ သူ့စိတ်တွေက တုန်လှုပ်ခြောက်ခြားနေဆဲပင်....။ သုံးလွှာကိုရောက်တာနဲ့ သူဌေးလျိုဟာ သူ့ရှေ့မှခပ်သွက်သွက်လျှောက်ရင်း အခန်းတံခါးကို သော့ဖွင့်၏။

"ကိုကို .... !!"

      တံခါးဖွင့်လိုက်တာနဲ့ သူ့အားပြေးဖက်သည့်ကလေးငယ်ကြောင့် သူ့ရင်ထဲ စူးခနဲ ...။

"မင်းဘာလုပ်တာလဲ ချီရင် !!"

"ဘာမှမလုပ်ရသေးပါဘူး နမ်းရုံလေးပဲရှိပါသေးတယ် ဟက် ... "

       သူဌေးလျိုဟာ ဒေါသတကြီး ချီရင့်ကို ဆွဲထိုးသည်။ သူကတော့ ကလေးငယ်ကို ရင်ခွင်ထဲ ထွေးဖက်ရင်း စိတ်တွေကို ထိန်းနေရ၏ ။ မဟုတ်ရင် ဒီဟိုတယ်ခန်းထဲမှာပဲ လူသတ်မှုတွေပါဖြစ်သွားနိုင်သည်။

"စိတ်ထိန်းပါသူဌေးလျို ... ကျွန်တော်တို့သွားကြရအောင်"

"မင်းကို သိပ်အားကျတာပဲ ဝမ် ... မင်းကိုချစ်ပေးမယ့်သူတွေအများကြီးပဲ"

      ချီရင်က လက်ခုပ်တီးပြီးပြောနေသော်လည်း ရိပေါ်ဟာ လှည့်မကြည့်ဘဲ သူ့ရင်ခွင်ထဲသာ ပိုတိုးဝင်သည်။ ဘယ်လောက်ပဲ ကြံ့ခိုင်ချင်ယောင်ဆောင်နေပါစေ ဆယ့်ကိုးနှစ်ပဲ ရှိသေးတဲ့ ကလေးက ချီရင်ရဲ့ အပြုအမူတွေကို ဘယ်လောက်ကြောက်နေရှာလိမ့်မလဲ ... ။
ကြယ်သီးတွေ ပြုတ်ထွက်နေသော ကလေးငယ်ရဲ့ အင်္ကျီကြောင့် ရင်ဘတ်ဖြူဖြူဖွေးဖွေးလေးတွေက ဟနေလျက် ...။ အနည်းငယ်ပေါက်နေသော နှုတ်ခမ်းသားလေးက ရှောင်းကျန့်သွေးတွေကို ပိုဆူစေသည်။

"တောက် !! "

"နောက်မှဆက်ပြောကြတာပေါ့ သူဌေးလျို ... အခုတော့ ဝမ်ကကြောက်နေလို့ပြန်ရအောင်"

      သူဌေးလျိုကိုပါ ဆွဲရင်း သူ့ကုတ်ကိုချွတ်ကာ ရိပေါ်ကိုယ်လေးကို ခြုံပေးလိုက်သည်။ ဒီတစ်ခါတော့ ကလေးငယ်ကို သူကိုယ်တိုင်ထွေးပွေ့ခွင့် ရခဲ့လေပြီ။

"အရမ်းချစ်နေတာလား ရှောင်းကျန့် ... ဒီကောင်လေးကိုမှ ခင်ဗျားက သိပ်ချစ်နေတာတဲ့လား"

"တော်တော့ ချီရင် ... ! အခုကိစ္စမနက်မှဆက်ပြောမယ်"

      အခန်းပြင်အထိလိုက်လာပြီး သူ့လက်တွေကို လှမ်းဆွဲသည့် ချီရင်ကြောင့် ရိပေါ်ကိုပါ လက်တစ်ဖက်နဲ့ထိန်းရင်း ချီရင့်လက်တွေကို ရုန်းဖယ်လိုက်သည်။
သူတို့ ထွက်သွားဖို့အလုပ် အကွေ့နေရာမှကြားလိုက်ရသည့် ဆူဆူညံညံအသံတွေကြောင့် သူ ရိပေါ်ကို ပိုပြီးတင်းကြပ်စွာဖက်ထားမိ၏။

"ကျွန်တော်သတင်းထောက်တွေခေါ်ထားတယ် ဟက် ... "

"မင်းယုတ်မာလွန်းတယ် ချီရင် ... "

      သူဌေးလျိုဆီမှ အံကြိတ်သံတစ်ခုက ထွက်လာသော်လည်း သူကတော့ ဘာမှပြောနိုင်စွမ်းမရှိ ... ။ ရှောင်ပြေးလို့ မလွတ်တော့သည့်ကိစ္စမှာ သူဘာမှလည်း ထပ်မတွေးနိုင်တော့ ... ။ သူ့ရင်ခွင်ထဲက ကလေးငယ်ကို သူဌေးလျိုလက်ထဲ ထည့်ပေးဖို့သာတတ်နိုင်ခဲ့သည်။

"ကျေးဇူးပြုပြီးအခန်းထဲဝင်နေပေးပါ သူဌေးလျို ... "

"ရှောင်းကျန့် "

"ကိုကို "

      သူဘာမှမပြောဘဲ ပြုံးကာ ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်တော့ သူဌေးလျိုဟာ သဘောပေါက်စွာ ရိပေါ်ကို ပွေ့ဖက်ပြီး အခန်းထဲခေါ်၍ တံခါးကို ပိတ်ပစ်၏။
ပိုပြီး နီးကပ်လာသည့် ဆူဆူညံညံ အသံတွေကြောင့် သူချီရင့်ကိုယ်ကို ဆွဲကပ်လျက် နှုတ်ခမ်းနှစ်စုံကို ထပ်တူကျစေလိုက်သည်။ ။
ဒီလမ်းကြမ်းတွေထက် သူတစ်ယောက်တည်းသာ လျှောက်ချင်ပါသည်။ ကလေးငယ်ရဲ့ ခြေဖဝါးတော်နုနုမှာတော့ သွေးခြေဥခွင့် မပြုနိုင်ပါလေ...။
             ________________________

       
       သူဝတ်လေ့ဝတ်ထမရှိသည့် Hoodie အပွကြီးကို ရှောင်းကျန့်ဝတ်လိုက်သည်။ သတင်းထောက်တွေရဲ့မေးခွန်းတွေကို သူရော ချီရင်ပါ မဖြေခဲ့ဘဲ အတင်းထိုးထွက်လာကာ မွေးနေ့ပွဲကို အကိုယွီချန်နဲ့ ချန်ခဲ့ရသည်။
သူဌေးလျိုနဲ့ရိပေါ်ကတော့ သတင်းထောက်တွေ ရှောင်းကျန့်နောက်လိုက်လာကတည်းက ဟိုတယ်မှ ထွက်သွားပြီဖြစ်ကြောင်း သူ့ထံကို သတင်းပို့ခဲ့၏။

"ဘယ်လိုတွေဖြစ်ကုန်တာလဲ ရှောင်းကျန့်ရာ ... မင်းသတင်းတွေချည်းပဲ "

"အဲ့လိုမှမလုပ်ရင် အဆင်မပြေတော့လို့လေ ... "

"အခုဘယ်လဲ "

"ရိပေါ်ဆီ"

       သူ Mask အမဲတစ်ခုကို တပ်လျက် နောက်ပေါက်မှထွက်ပြီး Taxiဖြင့်သာ ကလေးငယ်ရှိရာ ကွန်ဒိုဆီလာခဲ့သည် ။ ၁၂နာရီကျော်ပြီဖြစ်၍ Taxiကတော်တော်နဲ့မရ ...။
သူ့အားမကောင်းပြောနေကြသည့် ဒီအခြေအနေမှာ ကလေးငယ်ဆီ သွားရန်မသင့်သော်လည်း ညကကိစ္စကြောင့် သူ ရိပေါ်ဘေးရှိနေမှ ဖြစ်မည်။
ရိထန်ကို Message ကြိုပို့ထား၍ သူရောက်တာနဲ့ ရိထန်ဟာတံခါးဖွင့်ပေး၏။

"သူဌေးလျို ... "

"ရိပေါ်ကိုပြန်ပို့ပြီးကတည်းက မပြန်ဘဲ ဒီမှာအိပ်နေတာပဲ အကိုရှောင်းကျန့်"

       အခန်းထဲမှာမဟုတ်ဘဲ Sofaပေါ်ကွေးကွေးလေးလှဲနေသည့် သူဌေးလျိုကို သူပိုယုံကြည်လာတာကြောင့် သူနဲ့ ရိပေါ်အရင်က ကိစ္စတွေကို ပြောပြဖို့ တွေးမိပါသည်။

"သူဌေးလျို ... "

"ဟင် ... "

     သူအနည်းငယ် လှုပ်နှိုးလိုက်မှ နိုးလာသည့် သူဌေးလျိုဟာ သူ့ကိုမြင်တော့ ထူးဆန်းသလိုကြည့်နေပြီးမှ အသာ ပြုံးပြသည်။

"မင်းလာမယ်ဆိုတာ ကိုယ်သိပါတယ် ... "

" အင်း ... ကျွန်တော်ရောက်ပြီ ... ဝမ့်ကို စိတ်ချပါ ... အိမ်ပြန်လိုက်လေနော်"

"စကားပြောစရာရှိသေးတယ် ... ဝမ့်ဆီအရင်သွားတွေ့လိုက်ပါ ... ကိုယ်စောင့်နေမယ်"

    သူဌေးလျိုကို ခေါင်းငြိမ့်ပြပြီးတာနဲ့ ကလေးငယ်အခန်းဆီ ဝင်လာလိုက်တော့ ကုတင်ပေါ် တစ်စောင်းလေးလှဲနေတဲ့ကောင်လေးဟာ သူ့ကို လှမ်းကြည့်သည်။

"အဆင်ပြေရဲ့လားရိပေါ်"

"ပြေမယ်ထင်နေတာလား "

    သူ့ဘက်ကို လှည့်နေရာကနေ ဟိုဘက်လှည့်ကာ နောက်ကျောပေးသွားတာကြောင့် သူတံခါးကို အသာသော့ခက်ရင်း ကုတင်ပေါ်ဘေးတစ်စောင်းဝင်ထိုင်လိုက်၏။

"ကိုကိုအချိန်မှီလို့ပေါ့ ရိပေါ်လေးရယ် ... "

"ခင်ဗျားကဘာလို့လဲ ဘာလို့လဲလို့ ... ! အခုချီရင်နဲ့ခင်ဗျား သတင်းတွေထွက်ကုန်ပြီ သိရဲ့လား ... ခင်ဗျားကို ပြောနေကြတာတွေ ခင်ဗျားတွေ့လားလို့ !!!"

"ကိုကိုကဘာမှမဖြစ်ပါဘူး ရိပေါ်လေးရယ် ... ကိုကို့ရဲ့ရိပေါ်လေး ဘာမှမဖြစ်တာနဲ့တင် အဆင်ပြေပါပြီ"

"လိမ်နေတာ ... ခင်ဗျားလိမ်နေတာ ... ကျွန်တော့်ကြောင့်လာတာမဟုတ်ဘဲ ယွမ်ချီရင်ကြောင့်လာတာမလား ... ပြီးတော့ ယွမ်ချီရင်နဲ့ သတင်းတွေထွက်ရတာကိုပဲ ခင်ဗျားက ကျေနပ်နေတာ ... ဦးက ယွမ်ချီရင်ကို ထိုးနေတာတောင် ခင်ဗျား လက်နဲ့တောင် မရွယ်ခဲ့ဘူး ... ဦးကိုတောင် ခင်ဗျားကတားသေးတယ်"

      ရိပေါ်ဟာ သူ့ကို အထင်လွဲမြဲ လွဲနေဆဲ ...။ မနက်အတွက် သူ့ရင်လေးနေရတာတွေကို ရိပေါ်မသိ၍ ဖြစ်ပါလိမ့်မည်။ သိအောင်လည်း သူမပြောပြချင်ပါ ...။

"ရိပေါ်လေးထင်ချင်သလိုထင်လို့ရတယ် ... ဒါပေမယ့်နောက်ဆို ကိုကို့ကို အရွဲ့တိုက်ဖို့မလုပ်ပါနဲ့  ... တောင်းဆိုတာပါကလေးရယ် ... ကိုကို့ကို နေ့တိုင်းနာကျင်အောင်လုပ်လို့ရတယ် ... မင်းကိုယ်မင်းတော့ မထိခိုက်ပါစေနဲ့ ကိုကို့ရဲ့ ရိပေါ်လေးရယ် ... နော်"

"ဒါဆိုပြန်လာလေ ... ကျွန်တော့်ဆီကို ပြန်လာလေ ... ကျွန်တော်တို့အိမ်ကို ပြန်လာလေ ... အဲ့ဒီ့ဝမ်ယန်ပိုင်တဲ့ ပစ္စည်းတွေနဲ့ ချီရင့်ကို မြူဆွယ်မနေဘဲ ကျွန်တော်တို့ဆီ ပြန်လာခဲ့လို့ ရှောင်းကျန့်ရဲ့ !"

"ရိပေါ်လေးထင်သလောက်မလွယ်ဘူး ... အရင်လိုပြန်ဖြစ်ဖို့ဆိုတာမလွယ်တော့ဘူး ကလေးရယ်"

"ကျွန်တော်တို့နှစ်ယောက် အိပ်ပြီးသွားလို့လား"

        တုန်ယင်နေသော နှုတ်ခမ်းပါးလေးဆီမှ ခပ်တိုးတိုး ထွက်လာတဲ့ စကားသံလေးကြောင့် မုန်တိုင်းတစ်ခုဟာ ရှောင်းကျန့်နှလုံးသားဆီ ဝင်ရောက်တိုက်ခတ်သွားသည်။
ကလေးငယ်ဟာ သူနဲ့ အိပ်ခဲ့တဲ့ ကိစ္စကို သိနေခဲ့ပါသည်တဲ့ ...။

"ဘာမှမဖြစ်ဘူး ... ကျွန်တော့်အမှားမို့လို့ဘာမှမဖြစ်ဘူး ... ပြီးတော့ ကိုကိုနဲ့ ဖြစ်ခဲ့တာမဟုတ်ဘူး ရှောင်းကျန့်နဲ့ ဖြစ်ခဲ့တာ ... ကိုကိုမဟုတ်တဲ့ CEOရှောင်းကျန့်နဲ့ဖြစ်ခဲ့တာလို့ !"

"ရိပေါ် တော်တော့ ... အဲ့ကိစ္စကိုမေ့ထားလိုက်"

"မေ့ထားပေးမယ် ... ကျွန်တော့်က်ိုကိုသာ ပြန်လာခဲ့ရင် ကျွန်တော်မေ့လိုက်မှာ ... ပြန်မလာဘူးဆိုရင် ကျွန်တော်က CEO ရှောင်းကျန့်နဲ့ အိပ်ခဲ့တယ်ဆိုတာ အကုန်လုံးကိုပြောပစ်မယ်"

"ရိပေါ်ရာ "

         သူ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းရှိုက်၍ ဆံပင်တွေထဲလက်ကို ထိုးဖွမိသည်။ သူ ရိပေါ်ကို ကာကွယ်ပေးခဲ့သမျှတွေဟာ သူနဲ့အိပ်လိုက်တာ တစ်ခုတည်းနဲ့ သဲထဲရေသွန်သလို မဖြစ်စေချင် ...။ ရိပေါ်ဟာ အဆုံးထိမြင့်တက်ရမည့်ကလေး ....။

"ကိုကို့ကိုအချိန်ပေး ... ပြန်လာမယ် ... တဇွတ်ထိုးမဆန်ရဘူးဆိုတာ ရိပေါ်လေးသိတယ်မလား ... အခုပေါ်ရောက်နေတဲ့နေရာက လွယ်လွယ်ရနိုင်တဲ့ နေရာမဟုတ်ဘူး သိရဲ့လား"

"မလိုချင်ဘူး ကိုကို့ကိုပဲပြန်လိုချင်တာ ... ဘာမှမလိုချင်ဘူး"

"ကိုကို့ကိုပြန်လုပ်ကျွေးချင်တယ်ဆို ... ဒီလောက်နဲ့မရဘူးလေ အများကြီးအောင်မြင်မှ ကိုကို့ကို ကောင်းကောင်းပြန်ထားနိုင်မှာပေါ့ ... ဒါကြောင့် ရိပေါ်လေး အမြင့်ဆုံးရောက်တဲ့နေ့ ကိုကိုပြန်လာမယ်"

        ရိပေါ်လေးကို သူ့ ရင်ခွင်ထဲထည့်ကာ ပြောတော့ ကလေးငယ်ဟာဘာမှပြန်မပြောဘဲ ငြိမ်နေခဲ့သည်။ အပြင်မှာ သူဌေးလျိုရှိနေသေးတာကို သတိရသွား၍ ရိပေါ်လက်ကလေးကို ဆုပ်ကိုင်ကာ သူဌေးလျိုဆီသွားဖို့ပြင်ရ၏။

"ကျွန်တော်အိပ်တော့မယ်"

"ခဏလေးပါ ... လာ"

"လိုက်လာခဲ့မယ်"

      ရိပေါ်က သူ့လက်တွေကို ရုန်းဖယ်ပြီး အနွေးထည်လေးကို ကောက်ဝတ်ကာ အနောက်ကလိုက်လာခဲ့သည်။ သူဌေးလျိုကတော့ ရိထန်နဲ့ စကားပြောရင်း မညည်းမညူစောင့်နေဆဲ ...။

"အဆင်ပြေသွားကြပြီလား"

"ဟုတ်ကဲ့ ... သူဌေးလျို ... ဝမ်က ကျွန်တော့်ညီလေးပါ ... "

"ညီလေး ... ?"

       သူဌေးလျိုက အံ့ဩတကြီးမေးလာတာကြောင့် ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်သည်။ ရိပေါ်ကတော့ တစ်စုံတစ်ရာမှ ဝင်မပြောခဲ့ ...။

"ငယ်ငယ်ကတည်းက ကျွန်တော်မွေးစားခဲ့တဲ့ ကလေးလေးပါ ... အကိုယန်နဲ့ လက်မထပ်ခင်အထိ အတူတူနေခဲ့ကြပေမယ့် လက်ထပ်ပြီးတော့ သူ့ကို ကျွန်တော့်သူငယ်ချင်းဝမ်ကျိုးချန်ဆီမှာထားခဲ့ပြီး ဝမ်မျိုးရိုးထဲဝင်စေခဲ့တာပါ ... အကိုယန့်အမေနဲ့အမကြောင့်ပေါ့"

"ကိုယ်နားလည်ပါတယ် ... မနက်ကတည်းက အကိုဝမ်ယန်ရဲ့သားနဲ့တွေ့တော့ ရှောင်းကျန့်နာမည်ကိုပြောပေမယ့် ကိုယ်က ဝမ်စိတ်ရှုပ်မှာ စိုးလို့မမေးတော့တာ ...."

"ဝမ်ဟောက်ရွှမ်းလား"

       သူဌေးလျိုက ခေါင်းငြိမ့်ပြသဖြင့် ဟိုညကကိစ္စအကြောင်း ရိပေါ်ဘာလို့သိနေလဲ မေးစရာမလိုတော့ ...။ သေချာပေါက် ဟောက်ရွှမ်းကြောင့်ပဲ ဖြစ်ပါလိမ့်မည်။

"ကျွန်တော်လိမ်ခဲ့လို့တောင်းပန်ပါတယ် ... ဝမ့်မှာ အပြစ်မရှိပါဘူး ... ကျွန်တော်လိမ်ခိုင်းလို့ပါ သူဌေးလျို ... "

"ရပါတယ် ... ကိုယ်နားလည်တယ် ... ညီအစ်ကိုတွေဆိုတော့ ပိုတောင်ကောင်းသေးတယ် ... အလုပ်ကိစ္စတွေမှာ ညှိယူလို့ရတာပေါ့ ... နောက်ဆို ကိုယ့်ရှေ့မှာ ဟန်ဆောင်စရာမလိုဘူးနော် ... ဝမ်ရော ..."

"ဟုတ်ကဲ့"

      ရိုကျိုးစွာပြောနေသော ရိပေါ်ရဲ့ ခေါင်းလေးကို ဖွပြီး သူဌေးလျိုဟာ ကျေနပ်စွာပြုံးသည်။ ရိပေါ်လေးအား အရမ်းကို သဘောကျနေပုံရသည့် သူဌေးလျိုဟာ ရိပေါ်ဘာလုပ်လုပ် အပြစ်မမြင်နိုင်တဲ့ ပုံ ...။

"ဝမ့်အပေါ်ထားတဲ့ ရှောင်းကျန့်ရဲ့မေတ္တာတွေကို ဒီနေ့ညကိစ္စမှာ ကိုယ်မြင်ခဲ့ရပြီးပြီ ... မနက်ဖြန်မနက်တော့ Music Video ရိုက်ကွင်းကို အမြန်စီစဉ်ပြီး ဝမ့်က်ို ကိုယ်ခေါ်ထုတ်ထားပေးမယ်"

"ဒီလောက်မြန်မြန်ကြီးလား ဦး"

"အင်း ... အမြန်လုပ်မှရမယ်... အခုတက်နေတဲ့ သတင်းတွေကို ဝမ်ရဲ့ ပွဲဦးထွက်တဲ့ သတင်းနဲ့ဖုံးမှ ရှောင်းကျန့်အတွက် အဆင်ပြေနိုင်မယ် ... အခုတောင် ရှယ်ယာတွေတဖြည်းဖြည်းကျနေတာ"

        သူဌေးလျိုရဲ့ စကားကြောင့် ရိပေါ်ဟာ သူ့ကို လှမ်းကြည့်၏ ။ သူဌေးလျိုပြောတာလည်းမှန်သည်။ အခုကိစ္စက အရင်လျို သတင်းမှားလို့မှ ဖြေရှင်းဖို့ မဖြစ်နိုင်ဘဲ ....။

"ကိုယ်ပြန်တော့မယ်"

"အိမ်မှာ အိပ်သွားပါ ဦး ... အကိုရှောင်းကျန့်နဲ့ အခန်းထဲမှာ အိပ်လိုက်ပါ ... ကျွန်တော်အပြင်ထွက်အိပ်ပေးပါ့မယ်"

"မဟုတ်တာ ... နားနားနေနေနေပါ ... ကိုယ်ပြန်လို့ရပါတယ် ... နှစ်နာရီပဲ ရှိပါသေးတယ်"

"ဒါဆိုလည်း ဂရုစိုက်ပြန်ပါ"

        သူဌေးလျိုအားနှုတ်ဆက်ပြီးတာနဲ့ အခန်းထဲပြန်ဝင်သွားသော ကလေးငယ်ဆီ သူမလိုက်ဖြစ်ဘဲ အပြင်ထွက်သွားသည့် သူဌေးလျိုနောက်သာ သူလိုက်ခဲ့လိုက်သည်။

"ပြောစရာရှိလို့လားရှောင်းကျန့် "

"ဟို ... ကျွန်တော်တို့ညီအစ်ကိုကိစ္စဖုံးထားပေးပါ ... ကျွန်တော့်ညီမှန်းသိရင် ... ဝမ့်အတွက် ..."

"ကိုယ်နားလည်တယ်ရှောင်းကျန့် ... စိတ်မပူနဲ့ ... မင်းလည်းနားလိုက်ဦး ပင်ပန်းနေပြီ"

"ဟုတ်ကဲ့ ကောင်းကောင်းပြန်ပါ"

      သူဌေးလျိုကပြုံးပြပြီး ဓာတ်လှေကားဆီထွက်သွားမှ သူလည်း ရိပေါ်ဆီပြန်ဝင်လာခဲ့သည်။ ရိပေါ်ကို အိပ်ပျော်အောင်သိပ်ပြီးတာနဲ့ သူလည်း အိမ်ပြန်ရမည်ဖြစ်၏။ မနက်အထိတော့ ဒီမှာနေလို့ အဆင်မပြေနိုင်....။

"အိပ်ပြီလား ရိပေါ်လေး"

      သူ့မေးခွန်းကို ဘယ်တော့မှ မဖြေတတ်တာ သိပေမယ့် ဝတ္တရားအရတော့ တံခါးခေါက်ကာ မေးရသေးသည်။ လော့ခ်မချထားတဲ့ တံခါးလေးဟာလည်း သူဝင်ဖို့အတွက် ဖွင့်ပေးထားပုံ ...။

"ဘာမှမတွေးနဲ့တော့နော် ကိုကို့ရဲ့ရိပေါ်လေး"

"လွှတ် ... "

   သူ ကုတင်ပေါ်တက်ကာ ခါတိုင်းလိုပဲ ရိပေါ်ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။ အစပိုင်းမှာ ရုန်းရင်း သူ့ကို ထုရိုက်နေသော်လည်း လက်မောင်းတွေကို အသာပုတ်ပေးလိုက်တော့ အိပ်ချင်သွား၍ ထင်သည်... အနည်းငယ်ငြိမ်ကျသွား၏။

"ဘာမှမတွေးနဲ့ ကိုကိုရှိတယ် ကိုကိုက ကာကွယ်ပေးမှာ "

"ယွမ်ချီရင် ကိုလား"

"ဘာမှမတွေးပါနဲ့ဆို ... အိပ်တော့ "

"ကျွန်တော် အောင်မြင်တဲ့နေ့မှ ခင်ဗျားပြန်မလာရင် ယွမ်ချီရင်ရော ခင်ဗျားကိုပါ သတ်မှာ "

        လူသတ်ဖို့အထိတွေးတတ်နေပြီဖြစ်သော ကလေးငယ်ကို ကြည့်ပြီး သူထိတ်လန့်လာရသည်။ အကိုယန့်အကြောင်း တွေးမိပြန်တော့ မျက်လုံးတွေကို စုံမှိတ်ချလျက် ရိပေါ်အား ပိုတိုးဖက်ထားမိတော့၏ ။
အဖေအရင်းကို သတ်ခဲ့သည့် သူမှန်း သိသွားသည့်အခါ ရိပေါ်ဟာ သူ့ကို ပိုပြီး သတ်ချင်လာနိုင်သည်။
ကလေးငယ်လက်နုနုသွေးစွန်းမှာကို မလိုလား၍ ရိပေါ်လေးသူ့ကို သတ်ချင်သည့်အချိန် သူ့လက်နဲ့ပင် လိုလိုလားလား သေပေးပါမည်...။
ဒီငှက်ငယ်ကလေး အတောင်စုံတဲ့အခါ အကိုယန်အတွက်အပြစ်ဒဏ်ခံပေးဖို့လည်း အရာရာအသင့်ဖြစ်နေခဲ့လေပြီ ။

                ____________________

ဆက်ရန် ။

     ဟီးဟီး ...။

Zawgyi

     ေရပန္းခလုတ္ကို ပိတ္လိုက္တာေၾကာင့္ သူ႔မ်က္ႏွာေပၚက်ဆင္းေနတဲ့ ေရစက္ေတြဟာ ရပ္တန္႔သြားသည္။ ေရစိုေနသည့္ ဆံပင္ေတြကို လက္ေတြျဖင့္ လွန္တင္လိုက္ရင္း မ်က္ႏွာကို တစ္ခ်က္ပြတ္လိုက္ကာ တန္းမွာ ခ်ိတ္ထားသည့္ Bathrobe ကို ရိေပၚ ယူဝတ္လိုက္၏။
သူနိုးလာကတည္းက ကိုကိုဟာ သူ႔ေဘးမွာမရွိေတာ့ ...။ အကိုက်ိဳးခ်န္ကရွိေနေပးေသာ္လည္း သူ ဆက္မေနေတာ့ဘဲ ကြန္ဒိုဆီကိုသာ ျပန္လာခဲ့သည္။

"ဦး ေရာက္ေနတာလား"

"ေရခ်ိဳးေနတာလား ဝမ္ "

"ဟုတ္တယ္ ... ခဏေနေလ့က်င့္ဖို႔သြားေတာ့မလို႔"

        သူ႔အခန္းထဲကေန ထြက္လာတာနဲ႔ ဧည့္ခန္းမွာ ထိုင္ေနတဲ့ သူေဌးလ်ိဳနဲ႔ တန္းတိုးသည္။ သူေဌးလ်ိဳေရာက္ေနတာကို အကိုရိထန္ကလည္း ရိေပၚကို လာမေျပာ ...။
အကိုရိထန္ေဖ်ာ္ေပးထားေသာ စားပြဲေပၚမွေကာ္ဖီကို လွမ္းယူရင္း သူေဌးလ်ိဳအေရွ႕မွာ သူဝင္ထိုင္လိုက္သည္။

"ကိစၥရွိလို႔လားဦး"

"မေန႔ကကိစၥသိခ်င္လို႔"

     သူေဌးလ်ိဳေျပာသည္မွာ ယြမ္ခ်ီရင္နဲ႔ ကိစၥသာျဖစ္ပါလိမ့္မည္။ သူေဌးလ်ိဳဟာ ကိုကို႔လိုမဟုတ္ ...။ ျပႆနာကို ႏူးႏူးညံ့ညံ့ေျဖရွင္းတတ္ပုံ ...။

"ဝမ့္ကိုမေန႔ကရွာေနတာ ... ညဘက္လည္း ကြန္ဒိုျပန္မအိပ္ဘူးဆိုလို႔ ေရွာင္းက်န္႔အိမ္လည္းေရာက္ခဲ့ေသးတယ္ ... ေရွာင္းက်န္႔အိမ္မွာလည္း ဘယ္သူ႔မွ မရွိတဲ့ ပုံပဲ ... "

"ကၽြန္ေတာ့္အကိုရဲ့ အရင္အိမ္မွာျပန္အိပ္တာ ဦး ... "

"ေရွာင္းက်န္႔ေရာလား"

      အံ့ဩသည့္မ်က္ႏွာျဖင့္ေမးလာေသာ သူေဌးလ်ိဳေၾကာင့္ ရိေပၚျပဳံးမိသည္။ လက္ကကိုင္ထားသည့္ ခြက္ထဲမွ ေကာ္ဖီကို တစ္ငုံေသာက္လိုက္ရင္း ေကာ္ဖီခြက္ကို ေအာက္ခ်ထားလိုက္၏။ ေသာက္ေနက်လက္ရာမဟုတ္၍ ေကာ္ဖီက ေသာက္လို႔သိပ္္မေကာင္း ...။

"အကိုေရွာင္းက်န္႔ကေတာ့ မသိဘူးေလ"

"ကိုယ္က ခ်ီရင့္ဆီမွာ ထင္လို႔ စိတ္ပူလိုက္ရတာ ဝမ္ရယ္ ..."

"ခ်ီရင္နဲ႔ ကၽြန္ေတာ္က ဦးထင္သလို မဟုတ္ပါဘူး"

"ဒါဆို သတင္းေတြက ဘယ္လိုျဖစ္လာတာလဲ ... ၿပီးေတာ့ ဒီည ေရွာင္းက်န္႔ေမြးေန႔ပြဲမွာ သတင္းေထာက္ေတြေမးလာရင္ေရာ ဝမ္ဘယ္လိုေျဖဖို႔စဥ္းစားထားလဲ"

       သူ ဒီညပြဲကို မတက္ခ်င္တဲ့ အေၾကာင္းအရင္းထဲ ဒါလည္းပါသည္။ ဒါေပမယ့္ သူေရြးခ်ယ္ခဲ့တဲ့ လမ္းေၾကာင္းဟာ သတင္းေထာက္ေတြနဲ႔မွ ေရွာင္ကြင္းလို႔ မရနိုင္ဘဲ ...။

"ကၽြန္ေတာ္တို႔ မိတ္ေဆြေတြလို႔ပဲ ေျဖမွာပါဦးရယ္"

"ဘာလို႔ ႏွစ္ေယာက္တည္း ထြက္သြားရတာလဲကြာ ... အႏၲရာယ္မ်ားတယ္"

"ယြမ္ခ်ီရင္ေၾကာင့္ အကိုေရွာင္းက်န္႔နဲ႔ ကၽြန္ေတာ္ ျပႆနာတက္မွာ စိုးေနလို႔လား"

      သူ႔စကားၾကားေတာ့ သူေဌးလ်ိဳက ေခါင္းခါသည္။

"ဝမ့္ကို စိတ္မခ်လို႔"

"ကၽြန္ေတာ္က ကေလးလားဦးရယ္"

"ကေလးမဟုတ္ေပမယ့္ ဝမ့္ကို အထိခိုက္မခံနိုင္ဘူး ... ၿပီးေတာ့ ဝမ္က ဒီအခ်ိန္မွာ အမ်ားႀကီး ဂ႐ုစိုက္ရမယ္ ... ကိုယ္ေျပာတာ သေဘာေပါက္ရဲ့လားဝမ္ "

    သူေဌးလ်ိဳရဲ့ ႏူးႏူးညံ့ညံ့ေလသံအဆုံး ရိေပၚေခါင္းၿငိမ့္ျပလိုက္သည္။ တျခားသူေတြကို ဆန္႔က်င္ေနရင္ေတာင္မွ သူ႔ကိုဒီလမ္းေရာက္ေအာင္ပို႔ေပးခဲ့သည့္ ေက်းဇူးရွင္ကိုေတာ့ ျငင္းလို႔မျဖစ္ ...။
ၿပီးေတာ့ သူေဌးလ်ိဳကို သူယုံၾကည္သည္။ ေအးခ်မ္းမႈအသြင္ကိုေဆာင္ထားတဲ့ သူေဌးလ်ိဳဟာ သူ႔အတြက္ မေကာင္းတဲ့ လူတစ္ေယာက္မဟုတ္မွန္း သူယုံၾကည္ပါသည္။

"ဒါဆို အကၤ်ီသြားလဲေလ"

"ဦးလည္း ကုမၸဏီကိုသြားမွာလား"

"မဟုတ္ဘူး ဝမ့္ကို အဝတ္အစားလိုက္ဝယ္ေပးခ်င္တယ္ ... ညေနအတြက္ေလ"

"ကၽြန္ေတာ့္မွာရွိတာဝတ္လို႔မရဘူးလား"

        သူအေမးေၾကာင့္ သူေဌးလ်ိဳဟာ ရယ္လ်က္ ေခါင္းခါသည္။ ျပန္ေတြးၾကည့္မိေတာ့ သူ႔မွာ ရွိတဲ့အဝတ္အစားေတြက ရိုးရိုးတန္းတန္း အဝတ္ေတြသာ  အခုလို ကုမၸဏီ ညစာစားပြဲမ်ိဳးအတြက္ေတာ့ ဝတ္စရာ မယ္မယ္ရရ မရွိ... ။

"ဒါဆိုကၽြန္ေတာ္အဝတ္လဲလိုက္မယ္ ဦး "

"ေစာင့္ေနမယ္"

     ရိေပၚ အခန္းထဲဝင္ကာ ေပါ့ေပါ့ပါးပါးျဖစ္မည့္ ဝတ္စုံတစ္စုံကို လဲဝတ္ၿပီး သူေဌးလ်ိဳရဲ့ ေခၚရာကို လိုက္လာခဲ့သည္ ။ သူေဌးလ်ိဳေခၚလာသည္က Suit ေတြနဲ႔ သတို႔သားဝတ္စုံေတြပဲ ေရာင္းသည့္ ဆိုင္တစ္ခု ...။

"ႀကိဳက္တာေရြး ဝမ္ ... ဒါ ကိုယ့္ဆိုင္ပဲ "

"ဒါေလး"

    ရိုးရိုးရွင္းရွင္းပဲ သေဘာက်တတ္သည့္ သူဟာ အညိဳေရာင္ ဝတ္စုံေလးကိုသာ ေရြးမိသည္။ က်န္တာေတြက သူလိုခ်င္သလို မဟုတ္၍ မ်က္လုံးထဲမဝင္ ...။

"ဒါကယူထားၿပီးတဲ့ သူရွိပါတယ္"

"ႏွစ္စုံရွိတာေလ"

"ႏွစ္စုံစလုံးယူထားတာပါ"

"ဘယ္သူလဲ ... မေရာင္းနဲ႔ေတာ့ "

"ရတယ္ဦး ... ကၽြန္ေတာ္ ေနာက္ဟာပဲေရြးလိုက္မယ္"

     သူေဌးလ်ိဳရဲ့ အသံေၾကာင့္ ဝန္ထမ္းေကာင္မေလးက ေခါင္းၿငိမ့္ေသာ္လည္း သူကပဲ တားလိုက္ရသည္။ သူမ်ားယူၿပီးသားကိုေတာ့ သူအတင္းလုယူလို႔မေကာင္း ... ။

"ဝမ္လိုခ်င္တယ္ဆိုရင္ ရရမွာေပါ့"

"သူမ်ားယူၿပီးသားေလ ဦးရယ္ "

"ဒါေပမယ့္ဝမ္လိုခ်င္တယ္မလား"

      သူေဌးလ်ိဳဟာ တည္ၿငိမ္သေလာက္  သူ႔ထက္ တဇြတ္ထိုးဆန္ေနေသး၏ ။ သူကေတာ့ အရင္ယူထားတဲ့ သူကိုအားနာ၍ တျခားဝတ္စုံကိုသာ ထပ္ေရြးဖို႔ ဆုံးျဖတ္ထားသည္။

"အရင္ယူထားတဲ့သူက အခုဘယ္သြားလဲ "

"အေနာက္ဘက္မွာ ေအာက္ခံဝတ္စုံေရြးေနပါတယ္"

"ဦး ... ရတယ္ ... ကၽြန္ေတာ္မယူေတာ့ဘူး"

"ကိုယ္ေဆြးေႏြးၾကည့္ေပးမယ္"

       မရရေအာင္ ယူေပးမည့္ပုံရသည့္ ဦးေၾကာင့္ ရိေပၚသက္ျပင္းခ်လိုက္သည္။

"ကၽြန္ေတာ္အားနာလို႔ပါ ... မလိုလည္းမလိုခ်င္ပါဘူး ... ကၽြန္ေတာ္တျခားဟာေရြးလိုက္မယ္ေနာ္"

"မလိုခ်င္တာေသခ်ာလား"

"ဟုတ္ ... "

"ရိေပၚ ... အာ ... ဝမ္လား"

          သူေဌးလ်ိဳကို ေျဖာင္းဖ်ေနတုန္း သူ႔ေနာက္က ထြက္လာသည့္ အသံေၾကာင့္ သူ႔ခႏၶာကိုယ္ဟာ ေအးစက္ေတာင့္တင္းသြားသည္။ ထိုအသံဟာ စုန္႔က်ိရန္ရဲ့ အသံ ...။

"အသိေတြလား ဝမ္ "

"မသိဘူး ဦး ... "

      ရိေပၚျငင္းဆန္ကာ မသိခ်င္ေယာင္ေဆာင္ၿပီး အဝတ္ေတြကို တစ္ထည္ခ်င္းဆီ ယူၾကည့္ေနလိုက္သည္ ။ သူ အေနာက္ကို မသိမသာ လွမ္းၾကည့္မိေတာ့ က်ိရန္က သူေရြးခဲ့တဲ့ အကၤ်ီေလးကို ယူသြားဖို႔ လုပ္ေနေလ၏။

"ကၽြန္ေတာ္ လိုခ်င္သြားၿပီ ဦး "

"ဘာကိုလဲဝမ္ "

"ခုနက အကၤ်ီ ... အဲ့ဝတ္စုံကလြဲရင္ ကၽြန္ေတာ္ ႀကိဳက္တာ မေတြ႕ဘူး"

      သူ႔စကားကို သူေဌးလ်ိဳက နားလည္သလို ေခါင္းၿငိမ့္ျပရင္း က်ိရန္ဆီကို ေလၽွာက္သြား၏ ။

"ဒီဝတ္စုံ ကိုယ္တို႔မေရာင္းေတာ့ဘူး ... ညီေလးတျခားဝတ္စုံကို ေရြးလို႔ရမလား"

"ဘာျဖစ္လို႔လဲအကို ... ကၽြန္ေတာ္တို႔က ႀကိဳက္လို႔ ... မဂၤလာပြဲအတြက္ဆိုေတာ့ ႏွစ္စုံဆင္တူလည္းရွိလို႔ ဒါေလးယူလိုက္တာ"

"ပိုက္ဆံေပးၿပီးၿပီလား ... ေပးၿပီးၿပီဆိုရင္ ကၽြန္ေတာ္တို႔ဆိုင္က ႏွစ္ဆျပန္အမ္းေပးပါ့မယ္"

"မရဘူးေလ ကၽြန္ေတာ္ယူထားၿပီးသားကို"

       က်ိရန္ဘက္ကလည္း လက္လႊတ္ေပးမည့္ပုံမေပၚတာေၾကာင့္ သူကပဲ ထိုေနရာကိုသြားၿပီး က်ိရန္ေရွ႕တည့္တည့္ရပ္လိုက္သည္။ သူ႔ကိုေငးၾကည့္ေနနသည့္ က်ိရန္မ်က္ဝန္းေတြဟာ အားနာရိပ္ေတြ အျပည့္ျဖင့္ ...။

"ကၽြန္ေတာ္လိုခ်င္လို႔မရဘူးလား"

"ကၽြန္ေတာ္ယူထားၿပီးသားပါ"

       သူတို႔ႏွစ္ေယာက္လုံး တစ္ေယာက္ကို တစ္ေယာက္ မသိသည့္ လူေတြလို ....။ သူ က်ိရန္ကို စိမ္းစိမ္းကားကား စိုက္ၾကည့္ပစ္လိုက္ၿပီး က်ိရန္ လက္ထဲမွ အကၤ်ီကို ဆြဲယူပစ္လိုက္သည္။

"သူမ်ားယူထားၿပီးသားလည္း ယူလို႔ျဖစ္တယ္မလား သူမ်ားရည္းစားကို ျဖတ္ယူတာမွ မဟုတ္တာ "

"ဆင္တူႏွစ္စုံရွိတာဒါပဲရွိေတာ့လို႔ပါ မဂၤလာပြဲကလည္းရက္ကပ္ေနလို႔"

"ဒါဆိုလည္း ဘယ္တတ္နိုင္မလဲ ... "

        ရိေပၚအကၤ်ီကို ျပန္ခ်ိတ္သလိုျဖင့္ ခ်ိတ္ကသံျဖင့္ ဖိဆြဲလိုက္ေတာ့ အကၤ်ီဟာ လည္ပင္းဘက္မွာ ျပဲသြားခဲ့သည္။

"Sorryဗ်ာ ... ကၽြန္ေတာ္သတိမထားလိုက္မိတာ .. "

"ဝမ့္အစား ကိုယ္ပဲေတာင္းပန္ပါတယ္ ... တျခားအကၤ်ီေရြးပါလား ကိုယ္တို႔ တစ္စုံစာပဲယူပါ့မယ္"

"ရိေပၚ !"

       ဦးစကားအဆုံး သူ က်ိရန္ကို ထပ္ေျပာဖို႔ လုပ္ေနစဥ္မွာပဲ သူ႔ကိုယ္ေလးဟာ ရင္ခြင္တစ္ခုတီက်ေရာက္သြား၏။

"လြမ္းေနခဲ့တာ"

"လူမွားေနတယ္"

       သူေဌးလ်ိဳလည္းရွိေန၍ သူေဟာက္ရႊမ္းကို တြန္းထုတ္မိသည္။ သူေဌးလ်ိဳမရွိလည္း တြန္းထုတ္ပစ္မွာက အေသအခ်ာ...။ သူ႔ကိုထားခဲ့ၿပီး တျခားသူနဲ႔ မဂၤလာေဆာင္ေတာ့မည့္ ေကာင္ကို သူတစ္သက္မေက်နိုင္ပါ ... ။

"ငါရွင္းျပတာ နားေထာင္ပါဦး "

"လူမွားေနတယ္လို႔ေျပာေနတယ္မလား"

"မမွားပါဘူး ငါသိတယ္ "

"ငါ့လက္ကို လႊတ္ "

      သူေအာ္လိုက္တာနဲ႔ သူေဌးလ်ိဳဟာ သူတို႔ၾကားထဲဝင္ေရာက္လာကာ သူ႔ပုခုံးကို ဆုပ္ကိုင္၍ အေနာက္သို႔ပို႔သည္။

"ဝမ္က မင္းကို မသိဘူးလို႔ေျပာတယ္မလား ညီေလး"

"ေဟာက္ရႊမ္း ျပန္ရေအာင္ပါ ... "

      ေဟာက္ရြမ္းက ဆြဲေခၚေနသည့္က်ိရန္ရဲ့ လက္ေတြကို ၾကမ္းၾကမ္းတမ္းတမ္းျဖဳတ္ခ်ၿပီး သူ႔ေရွ႕ကို လာရပ္၏။

"ရိေပၚ ... မဟုတ္ဘူး ... ဝမ္ ... ငါရွင္းျပတာခဏေလးနားေထာင္ေပးပါ ... ခဏေလးပါပဲ ... ၿပီးရင္မင္းေရွ႕ထပ္ေပၚမလာေတာ့ပါဘူး"

"ေဟာက္ရႊမ္း ... ျပန္ရေအာင္ "

"မင္းလႊတ္ ! မင္းေၾကာင့္ျဖစ္ရတာေတြ မင္းေၾကာင့္! "

      ဆိုင္ထဲမွာ ဝန္ထမ္းေတြလည္း ရွိေနၾက၍ ရိေပၚကပဲ အရင္ျပန္ဖို႔ လုပ္ရသည္။ မဟုတ္ရင္ ေဟာက္ရႊမ္းက အေလ်ာ့ေပးမည္မဟုတ္ ...။

"ျပန္ရေအာင္ ဦး"

"သူနဲ႔ တကယ္မသိတာလားဝမ္"

      သူေခါင္းၿငိမ့္ျပရင္းသာ အျပင္ထြက္ဖို႔ အလုပ္ ေဟာက္ရႊမ္းက သူ႔လက္ကို ဆြဲထား၏ ။

"ငါမသိခဲ့ဘူး က်ိရန္နဲ႔ ဘယ္လိုျဖစ္သြားမွန္းမသိခဲ့ဘူး နိုးလာေတာ့မင္းမရွိေတာ့ဘူး အကိုေရွာင္းက်န္႔က မင္းကို ညကတည္းကျပန္ေခၚသြားတယ္လို႔ေျပာတယ္"

"အကိုေရွာင္းက်န္႔?"

       ကိုကို႔နာမည္ကို သံေယာင္လိုက္ကာ သူ႔ကို ၾကည့္လာသည့္ သူေဌးလ်ိဳကို သူဆက္ျငင္းလို႔ မရေတာ့ ...။ သူကိုယ္တိုင္ကလည္း ေဟာက္ရႊမ္း ရွင္းျပတာကို နားေထာင္ခ်င္လာသည္။ ေဟာက္ရႊမ္းထက္ က်ိရန္ ရွင္းျပတာကို ပိုလိုလား၏။

"ကၽြန္ေတာ့္ကို ခဏေလာက္အခ်ိန္ေပးလို႔ရမလားဦး "

"အင္း ... ရတယ္ဝမ္ ... မၾကာေစနဲ႔ "

"ဟုတ္ကဲ့ "

      သူေဌးလ်ိဳက ဘာမွထပ္မေမးဘဲ ယုံယုံၾကည္ၾကည္ ခြင့္ျပဳတာေၾကာင့္ က်ိရန္ကို မ်က္လုံးျဖင့္စကားေျပာကာ ေဟာက္ရႊမ္း ကားဆီလိုက္လာခဲ့သည္။

"ငါေဆးခပ္ခဲ့တာ ... ငါကိုယ္တိုင္ ... "

"ဟင္ "

      သူကပဲ စကားစလိုက္၍ ေဟာက္ရႊမ္းဆီမွ အာေမဋိတ္သံထြက္လာသလို က်ိရန္ကလည္း သက္ျပင္းခ်သည္။ ေသခ်ာတာတစ္ခုက သူေဆးခပ္ထားတဲ့ ကိစၥကို က်ိရန္ကသိေနခဲ့ပါသည္။

"က်ိရန္ မင္းငါ့ကိုအမွန္အတိုင္းေျပာျပေပးမလား ဘယ္လိုျဖစ္ခဲ့လဲဆိုတာ ေဟာက္ရႊမ္းနဲ႔ျဖစ္ခဲ့တာ ငါျဖစ္ၿပီး မင္းကဘာလို႔ ေဟာက္ရြမ္းေဘးမွာ ရွိေနခဲ့ရလဲဆိုတာ"

"ရိေပၚနဲ႔ျဖစ္ခဲ့တာလား .... ငါကမင္းနဲ႔ ျဖစ္ခဲ့တာေပါ့ ... ဟုတ္လား ... ဒါဆိုက်ိရန္ကဘာလို႔လိမ္ရတာလဲ ...မင္း ဘာလို႔လိမ္တာလဲ က်ိရန္!!"

     ေဟာက္ရႊမ္းအသံဟာ ေဒါသတႀကီး ... ။ ရိေပၚ မေက်နပ္ေပမယ့္ မၾကာခင္လက္ထပ္ေတာ့မည့္ လူႏွစ္ေယာက္ကိုေတာ့ သူ႔ေၾကာင့္ ျပႆနာ မျဖစ္ေစခ်င္ပါ ... ။

"ရိေပၚနဲ႔ မင္း မျဖစ္သြားေအာင္ ငါ အကိုက်ိဳးခ်န္ကို ဖုန္းဆက္ခဲ့တာ ... လာေခၚေတာ့ အကိုေရွာင္းက်န္႔လာေခၚတယ္ ...အဲ့တုန္းက မင္းတို႔မူးၿပီးေမွာက္ေနတုန္း... ၿပီးေတာ့ ေဟာက္ရႊမ္းက ငါ့ကို မင္းထင္ခဲ့တာ ..."

"ေဟာက္ရႊမ္းနဲ႔ ငါနဲ႔ကဘာမွ မျဖစ္ခဲ့ဘူးေပါ့"

"အင္း .... "

       ရိေပၚေခါင္းထဲ ေတြးစရာေတြက မ်ားလာခဲ့သည္။ အဲ့ညက ေဟာက္ရႊမ္းနဲ႔ ျဖစ္ခဲ့လို႔ မိုးလင္းတဲ့ အခ်ိန္မွာ နာက်င္ေနခဲ့တာပဲ မဟုတ္လား ...။
ၿပီးေတာ့ ကိုကိုဟာ လည္း သူ႔ကို ေဟာက္ရႊမ္းအိမ္က ေခၚလာတာတစ္ခုက လြဲရင္ ဘာမွမေျပာခဲ့ ...။
သူေဟာက္ရႊမ္းနဲ႔ မအိပ္ခဲ့တာကို သိတာေတာင္ သူ႔ကို နည္းနည္းေလးမွ မရွင္းျပခဲ့ပါ။

"ရိေပၚ ... "

"ငါ ... ျပန္ေတာ့မယ္ ... ၿပီးေတာ့ ငါ့ကိုဝမ္လို႔ေခၚေပးပါ"

      သူကားေပၚကျပန္ဆင္းေတာ့ ေဟာက္ရႊမ္းက ခပ္ေတြေတြေလးေငးၾကည့္ေနခဲ့သည္။ ေဟာက္ရႊမ္းအေပၚနားလည္မႈရွိလာခဲ့ေပမယ့္ သူ႔စိတ္ေတြက ပိုရႈပ္ေထြးလာ၏ ။

"ၿပီးေတာ့ မဂၤလာပြဲကို ဂုဏ္ျပဳပါတယ္"

       သူ ထိုတစ္ခြန္းတည္းသာေျပာၿပီး ဆိုင္ထဲျပန္ဝင္လာကာ သူေဌးလ်ိဳကို ျပဳံးျပမိသည္။ သူေဌးလ်ိဳကလည္း သူ႔ကို ျပန္ျပဳံးျပလ်က္ ဝတ္စုံျပန္ေရြးဖို႔ေျပာ၏ ။ သူေခါင္းေတြေနာက္လာသျဖင့္ ထပ္မေရြးေတာ့ဘဲ သူ႔ေရွ႕က ပန္းကပ္ေသးေသးေလးပါသည့္ အနက္ေရာင္ဝတ္စုံေလးကိုသာ ယူဖို႔ေျပာလိုက္သည္။

"အဆင္ေျပရဲ့လား သူငယ္ခ်င္းေတြလား"

"ဟုတ္ ... လိမ္မိလို႔ေတာင္းပန္ပါတယ္"

"မလိုပါဘူး ျဖစ္တတ္ပါတယ္ ... ေနာက္ေတာ့ မျဖစ္ေစနဲ႔ေပါ့"

"ဟုတ္"

      သူ႔ပုခုံးကို ခပ္ဖြဖြဆုပ္ကိုင္ရင္း ေျပာေနသည့္ သူေဌးလ်ိဳကို ထပ္ၿပီး ျပဳံးျပ၍ သက္ျပင္းတစ္ခုကို တိတ္တိတ္ေလးခိုးခ်ရသည္ ။ သူေဌးလ်ိဳကေတာ့ ကိုကို႔အေၾကာင္းဘာမွမေမးခဲ့ ...။
မေမးတာလည္း ေကာင္းပါသည္။ သူနဲ႔ ကိုကို႔အေၾကာင္း တစ္စုံတစ္ေယာက္ သိသြားမွာကို သူမလိုခ်င္ပါ။

"ခုနကအကိုဝမ္ယန္ရဲ့ သားမလား ဝမ္ "

        သူေဌးလ်ိဳဟာ ဆိုင္ထဲမွာ ဘာမွမေမးဘဲ ကားေပၚေရာက္မွ ေမးခြန္းထုတ္လာခဲ့သည္။

"ဟုတ္တယ္ ဦး ... ဦးက သိေနခဲ့တာလား"

"အကိုဝမ္ယန္နဲ႔ ဦးက အရမ္းခင္တဲ့ မိတ္ေဆြေတြေလ "

     ထိုကိစၥကို အခုမွ သိလိုက္ရေသာ္လည္း သူ႔အတြက္ေတာ့ အံ့ဩစရာမဟုတ္ပါ ...။ ဦးေလးယန္နဲ႔ သိလို႔သာ ကိုကို႔ကုမၸဏီမွာ အေရးပါသည့္ လူတစ္ေယာက္ျဖစ္ေနတာပဲမလား။

"အကိုဝမ္ယန္ ဆုံးသြားတုန္းက ေရွာင္းက်န္႔က ေတာ္ေတာ္ပင္ပန္းခဲ့တာ ... သူဒီအလုပ္ေတြမလုပ္ခ်င္ဘူးလို႔ အျမဲညည္းတယ္ ... ဒါေပမယ့္ သူမလုပ္လို႔မရဘူးတဲ့ ... ၿပီးေတာ့အကိုဝမ္ယန္ က ကိုယ့္ကို သူေသသြားတဲ့အခါ ေရွာင္းက်န္႔ကို ေစာင့္ေရွာက္ေပးဖို႔မွာခဲ့တယ္"

"သူေဌးဝမ္ယန္က သူေသမွာ ႀကိဳသိေနခဲ့တာလား"

"ဦးေႏွာက္အက်ိတ္ေၾကာင့္သူေသမွာကို မေသခင္ ေလးငါးလေလာက္ ကတည္းက ႀကိဳသိေနခဲ့တာ ... "

       ဦးေလးယန္ဟာ ေသရမည့္သူမွန္း သူတို႔နဲ႔ မေတြ႕ခင္ကတည္းက ႀကိဳသိေနရက္နဲ႔ ကိုကို႔ကို ဘာေၾကာင့္ လက္ထပ္ခဲ့ရပါသလဲ ...။
ကိုကိုကေရာ ဦးေလးယန္ ေသမယ့္အေၾကာင္းသိေနခဲ့တာလား ...။
သူ႔ဦးေႏွာက္ထဲ အေတြးေတြက ပိုမ်ားလာခဲ့သည္။
ေသခ်ာတာတစ္ခုကေတာ့ လူေတြထင္ေနသလို ကိုကိုက ဦးေလးယန္ကို မသတ္ခဲ့ဘူး ဆိုတာပင္ ...။

"ေရွာင္းက်န္႔နဲ႔ ကိုယ့္ကိုေတာ့အထင္မလြဲေစခ်င္ဘူး"

"ကၽြန္ေတာ္အထင္မလြဲပါဘူး"

"ရိေပၚလား"

"ဗ်ာ ... "

"နာမည္အရင္းက ရိေပၚတဲ့လား "

       သူ ဆက္ၿပီး မျငင္းနိုင္ေတာ့၍ ေခါင္းေလးကို အသာ ၿငိမ့္ျပလိုက္ေတာ့ သူေဌးလ်ိဴရဲ့လက္ေတြဟာ သူ႔ဆံပင္ေတြဆီက်ေရာက္လာသည္။ သူလိမ္ခဲ့တာေတြရွိေနေပမယ့္ သူေဌးလ်ိဳက သူ႔ကို စိတ္မဆိုးခဲ့ ...။

"ကိုယ္မွတ္ထားမယ္... ကိုယ္မသိတာေတြရွိဦးမွာ ေသခ်ာေပမယ့္ မေမးေတာ့ပါဘူး ... ကိုယ္နဲ႔ မေတြ႕ခင္က ကိစၥေတြပဲ ... ဒါေပမယ့္ ဝမ္ ေအာင္ျမင္လာတဲ့အခါ တိုက္ခိုက္မယ့္သူေတြက ရွိလာဦးမွာ မိုလို႔ သတိထားပါ"

"ကၽြန္ေတာ္ သတိထားပါ့မယ္ ... သတိေပးလို႔လည္း ေက်းဇူးတင္ပါတယ္"

"ဒါဆို ညေနေတြ႕မယ္"

"ဟုတ္ကဲ့"

      သူ ကားေပၚက ဆင္းလိုက္ၿပီးတာ နဲ႔ သူေဌးလ်ိဳကို ဦးညြတ္ကာ ကားေလးထြက္သြားသည္အထိ ထိုေနရာမွာပဲ ရပ္ေနမိသည္။
ေဟာက္ရႊမ္းေျပာတဲ့ အေၾကာင္းအရာေတြ နဲ႔ သူေဌးလ်ိဳေျပာတဲ့ အေၾကာင္းအရာေတြက သူ႔အေတြးေတြထဲ ျပည့္ႏွက္ေနလ်က္ ... ။
ကိုကို႔ဆီမွာ သူ႔ကိုဖုံးကြယ္ထားတဲ့ အေၾကာင္းအရာေတြဟာ တစ္ခုမက ရွိမွာ အေသအခ်ာ ... ။
သူ ပင့္သက္တစ္ခ်က္ကို အသာရွိုက္လိုက္ၿပီး အခန္းရွိရာအထပ္ကိုသာ တက္လာလိုက္ေတာ့၏ ။
သူ ကိုကို႔ကို ထပ္ၿပီး မပင္ပန္းေစခ်င္ေတာ့ပါ .... ။

                   ___________________

      ရိေပၚ ေရထပ္ခ်ိဳးၿပီးတာနဲ႔ ကုတင္ေပၚမွ ဘူးေလးႏွစ္ဘူးကို တစ္လွည့္စီ ၾကည့္ေနလိုက္သည္။ ပြဲက သြားရေတာ့မွာကို အခုထိ ဘာဝတ္ရမွန္း မသိေသး ... ။
တစ္ခုက သူေကာက္ေရြးလာသည့္ ဝတ္စုံျဖစ္ၿပီး တစ္ခုက ကိုကိုပို႔ေပးလိုက္သည့္ ရိုးရိုးရွင္းရွင္းဝတ္စုံေလးျဖစ္သည္။ ကိုကိုဟာ သူ႔အႀကိဳက္ကိုဘယ္ေတာ့မွ မေမ့ ... ။ ကိုကိုပို႔ေပးသည့္ဟာေလးကို သေဘာက်ေပမယ့္ ကိုကို႔ကို အရြဲ႕တိုက္ခ်င္စိတ္ေၾကာင့္ မဝတ္ခ်င္ ။

"ဝမ္ ... "

"အကိုခ်ီရင္ ဘယ္လိုလုပ္"

       အတင့္ရဲလြန္းစြာ သူ႔အခန္းထဲအထိ ဝင္လာေသာ ယြမ္ခ်ီရင္ေၾကာင့္ သူတံခါးမပိတ္ထားခဲ့သည္ကို ေနာင္တရသည္။ အကိုရိထန္က အျပင္မွာ ရွိေနေသာ္လည္း ယြမ္ခ်ီရင္ကို တားလို႔မရဟန္ ...။

"ေမြးေန႔ပြဲသြားဖို႔ျပင္ဆင္ေနတာလား"

"ဟုတ္ကဲ့ ... "

"ဝမ့္ရဲ့ Music Video အတြက္ ကိုယ္တို႔ တစ္မနက္လုံး စကားေျပာေနၾကတာ ... ရက္သတ္မွတ္ၿပီးသြားၿပီ"

      ေျပာရင္း သူ႔ခါးေတြကို ဖက္တြယ္လာသည့္ လက္ေတြအား သူမသိမသာဖယ္ခ်ေတာ့ ယြမ္ခ်ီရင္က ရယ္သည္။

"ဘာလဲ သူေဌးလ်ိဳမဟုတ္လို႔လား"

"မဟုတ္ပါဘူး ... ကၽြန္ေတာ္နဲ႔ သူေဌးလ်ိဳက ဘာမွမဟုတ္ပါဘူး အကိုခ်ီရင္ "

"ကိုယ္နဲ႔ကေရာ "

        ယြမ္ခ်ီရင္ဟာ သူ႔ခါးကို ထပ္မဖတ္ေတာ့ေသာ္လည္း ပုခုံးေပၚ ေမးတင္ထား၍ သူေနရခက္လြန္းသည္။ ကိုကို႔ဆီက ဆြဲယူခ်င္စိတ္တစ္ခုတည္းနဲ႔ ယြမ္ခ်ီရင္ကို ကပ္ခဲ့ေသာ္လည္း ယြမ္ခ်ီရင္ရဲ့ အထိအေတြ႕ကို မုန္းသည္။

"CEOေရွာင္းက်န္႔နဲ႔ အရင္ကပတ္သက္မႈေတြမ်ားရွိခဲ့လား"

"မရွိပါဘူး"

"ကိုယ္ ဝမ္နဲ႔ စေတြ႕တုန္းကေလ ... အဲ့တုန္းက ဝမ္က CEOေရွာင္းရဲ့အိမ္မွာေနတာမလား"

"အိမ္ေတာ္ထိန္းရဲ့ ညီမို႔လို႔ပါ"

      သူ႔စကားအဆုံး ယြမ္ခ်ီရင္က ရယ္လ်က္ သူ႔ကုတင္ေပၚ ထိုင္ခ်သည္။

"CEO ေရွာင္းကို ရြဲ႕ခ်င္စိတ္နဲ႔ ကိုယ့္ကိုလာကစားေနတာလား ဝမ္"

"မဟုတ္ဘူး"

"ဘာျဖစ္ျဖစ္ပါ ... ဘာျဖစ္ျဖစ္ေပါ့ ... ဒါေတြဟာ ၿပီးေတာ့မွာပါ "

       ယြမ္ခ်ီရင္ဟာ ေျပာရင္းျဖင့္ ဘူးထဲမွ အညိဳေရာင္ဝတ္စုံေလးကို ထုတ္ယူျဖန္႔ၾကည့္၏ ။ ၿပီးေတာ့ ႏႈတ္ခမ္းကို တစ္ဖက္တည္း ေကာ့တတ္ေအာင္ျပဳံးျပန္ပါသည္ ။

"ဒါေလးသေဘာက်တယ္ ... ကိုယ့္ကိုေပးဝတ္မလား"

"အကိုခ်ီရင္မွာ ဝတ္စရာအကၤ်ီမရွိလို႔လား"

"ဘယ္လိုေမးလိုက္တာလဲ ဝမ္ရယ္ ... "

       ကိုကိုေပးတဲ့ဟာျဖစ္၍ ယြမ္ခ်ီရင့္ကို ေပးမဝတ္လိုက္ခ်င္ေသာ္လည္း အျပင္မွာေတာ့ ယြမ္ခ်ီရင္ကို ယူသြားခြင့္ျပဳခဲ့ၿပီးေလၿပီ။

"တကယ္ေပးလိုက္တာလား"

"ဟုတ္တယ္ ... ယူသြားပါ ... အကိုခ်ီရင္ ဝတ္ခ်င္တယ္ဆိုရင္ေပါ့"

"ဒါဆိုပြဲမွာ ဒါဝတ္ရမယ္ ... ဝမ္က စိတ္ထားေလးလည္းေကာင္းတာပဲ ... ညေနကိုယ္လာေခၚရမလား"

"ရပါတယ္ ... ကၽြန္ေတာ့္ဘာသာလာပါမယ္"

           သူေျပာတာနဲ႔ ယြမ္ခ်ီရင္ဟာ ဝတ္စုံကို ဘူးထဲျပန္ထည့္သိမ္း၍ သူ႔နဖူးကို အသာနမ္းကာ အျပင္ထြက္သြားခဲ့သည္။ သူ႔မွာလည္း ေရြးစရာဝတ္စုံမရွိေတာ့သျဖင့္ သူေဌးလ်ိဳဝယ္ေပးထားသည့္ ဝတ္စုံကိုသာ ဝတ္ဖို႔ ျဖစ္လာရ၏။

"သြားေတာ့မလား"

"ဟုတ္ ... "

      သူေဌးလ်ိဴကလည္း သူ႔ကိုလာေခၚဖို႔ ဖုန္းဆက္ေျပာေပမယ့္ သူတစ္ေယာက္တည္းသာ သြားခ်င္သည္။ ကုမၸဏီက တျခားအႏုပညာရွင္ေတြလည္း လာမည့္ ပြဲျဖစ္တာေၾကာင့္ ဘယ္သူ႔ကိုမွ အထင္မလြဲေစခ်င္ ... ။

"ဝမ္ ... မ်က္ႏွာက ဘာမွမျပင္ခဲ့ဘူးလား"

"ဟုတ္ "

"လာ ... "

       သူ Hotelကို ေရာက္သည့္အခ်ိန္က ပြဲစခ်ိန္မဟုတ္ေသးသျဖင့္ သူေဌးလ်ိဳက သူ႔ကို ဆြဲကာ Hotel ခန္းတစ္ခုဆီ ေခၚသြားခဲ့သည္။ ထိုအခန္းထဲတြင္ေတာ့ ကိုကိုလည္း ရွိေနခဲ့၏ ။

"ဝမ့္ကိုနည္းနည္းျပင္ေပးပါဦး"

      သူေဌးလ်ိဳရဲ့ စကားေၾကာင့္ ဆံပင္ျပင္ေနဟန္တူသည့္ကိုကိုက သူ႔ကိုတစ္ခ်က္ၾကည့္ၿပီး မ်က္ေမွာင္ကို မသိမသာတြန္႔ခ်ိဳးသည္။ ကိုကိုဟာ သူေရာက္လာတာကို အလိုမက်သလို ...။ တစ္မနက္လုံး ဘာမွမစားခဲ့သည့္ သူကေတာ့ ဗိုက္ဆာေနတာကလြဲရင္ ဘာမွမသိ ...။

"ဟယ္လို ... ကိုယ္လာခဲ့မယ္ခ်ီရင္ ... ဝမ္ ... ခဏေစာင့္ေနာ္ ... "

"ဟုတ္"

    ေမြးေန႔ရွင္ထက္ ရႈပ္ယွက္ေခတ္ေနသည့္ သူေဌးလ်ိဳဟာ အခုလည္း ယြမ္ခ်ီရင္ဆီ သြားေတြ႕ရဦးမည့္ပုံပင္ ... ။

"ဒီဘက္မွာ လာထိုင္ပါ "

"ဟုတ္ကဲ့ "

       မိတ္ကပ္ျပင္ေပးမည့္လူရဲ့ စကားေၾကာင့္ သူကိုကို႔ေဘးဝင္ထိုင္လိုက္ေတာ့ ကိုကိုဟာ မွန္ထဲမွ သူ႔ကို ထပ္ၾကည့္ျပန္သည္။ ကိုကိုနဲ႔ အၾကည့္ခ်င္းဆုံမိရာမွ သူ႔ပါးေပၚက်ေရာက္လာေသာ မိတ္ကပ္Padတစ္ခုေၾကာင့္ သူ႔မ်က္လုံးအစုံကို မွိတ္ခ်လိုက္ရ၏။

"အဆင္ေျပပါၿပီ CEO "

"ေက်းဇူးပဲ "

      မ်က္လုံးေတြမွိတ္ထားေပမယ့္ သူ႔ေဘးနားက ကိုကို ထထြက္သြားတာကိုေတာ့ ခံစားမိပါသည္။ ကိုကိုထြက္သြားတာနဲ႔ ကိုကို႔ကို မိတ္ကပ္ျပင္ေပးေနသည့္ ေကာင္မေလးထံမွ သက္ျပင္းခ်သံတစ္ခုက ထြက္လာ၏။

"CEO က ေခ်ာတယ္ေနာ္"

"ေခ်ာေပမယ့္ Gayႀကီးေလ ... ၿပီးေတာ့ နင္မသိဘူးလား ... Barမွာလုပ္ရင္း ဒီကသူေဌးကို ယူလိုက္တာ ဒီဘဝေရာက္လာတာပဲ ... သူ႔ေနာက္ေၾကာင္းကေတာ့ Barမွာလုပ္တယ္ဆိုတာကလြဲရင္ ဘာမွစုံစမ္းမရဘူးတဲ့"

      အခန္းထဲကလူေတြ အခုလိုေျပာေနပုံအရ ကိုကိုဟာ အခန္းထဲက ထြက္သြားပုံေပၚသည္။ လူေတြဟာလည္း သူမ်ားအေၾကာင္းဆို သိပ္ကို စိတ္ဝင္တစား ...။

"ငါလည္း သတင္းၾကားတယ္ ... ၿပီးေတာ့ အႏုပညာရွင္အသစ္ေလးေတြနဲ႔ သတင္းေတြကလည္း တအားထြက္တာ ... သူမထြက္တာ ခ်ီရင္နဲ႔ပဲရွိတယ္ ... အာ ... တစ္ခါထြက္တုန္းက ခ်ီရင့္ဘက္က ျငင္းလို႔ေလ"

"ခ်ီရင္နဲ႔ေတာ့ထြက္လို႔မရပါဘူး ... ငါ့ခ်ီရင္ေလးနဲ႔ အဲ့လိုလူကို မေပးစားခ်င္ပါဘူး ... "

"အမယ္ေလး ... ခ်ီရင့္ကို ဥထားၿပီး စားေနလားမွမသိတာ ... သူေဌးလ်ိဳဆန္းဟြာနဲ႔လည္း ဘာလိုလို ညာလိုလိုေနာ္ "

"ဒီကသူေဌးယန္နဲ႔ ယူတုန္းကလည္းေလ သူေဌးအေမက သေဘာမတူဘဲ ကုမၸဏီအထိေန႔တိုင္းပါးလာရိုက္တာ ... ဒါေတာင္ ေပကပ္ၿပီး ကုမၸဏီပါအရယူတာေနာ္ မ်က္ႏွာေျပာင္တိုက္ခ်က္ ... အရွက္လည္းမရွိဘူး"

       သူလက္သီးကို တင္းတင္းၾကပ္ၾကပ္ဆုပ္လိုက္ၿပီး မ်က္လုံးေတြကို ဖြင့္လိုက္ကာ ထထြက္ဖို႔ျပင္လိုက္သည္ ။ ထိုစကားေတြကို သူဆက္ၿပီးမၾကားခ်င္ေတာ့ ... ။ ဒီေလာက္ေတာင္ ေျပာခံေနရတာကို ကိုကို ဘယ္လိုသည္းခံၿပီးေနခဲ့ပါသလဲ ...။

"မၿပီးေသးဘူးေလ "

"မ်က္ႏွာႏွစ္ဖက္နဲ႔ လူေတြၾကား ဆက္မထိုင္ခ်င္ေတာ့လို႔"

      သူေျပာၿပီးတာနဲ႔ အခန္းထဲက ထြက္လာလိုက္ေတာ့ အခန္းေရွ႕မွာ ရပ္ေနသည့္ ကိုကိုနဲ႔ ဆုံသည္ ။ ကိုကို႔လက္ထဲမွာလည္း ေကာ္ဖီေတြနဲ႔ မုန္႔တစ္ခ်ိဳ႕ကို ကိုင္ထား၏။

"ဝမ္ ... သြားေတာ့မလို႔လား ... မုန္႔စားသြားဦးေလ"

"ေတာ္ၿပီ"

     မ်က္ရည္ေတြဝဲေနသည့္ ကိုကိုဟာ သိပ္ကိုဟန္ေဆာင္ေကာင္းပါသည္။ ဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိေပမယ့္ အခန္းထဲက စကားေတြကိုေတာ့ ကိုကိုၾကားသြားမွာ အေသအခ်ာ ...။

"အထဲဝင္ "

     ႏႈတ္ခမ္းလႈပ္႐ုံသာေျပာလာသည့္ ကိုကို႔ဟာ သူ႔ကို အမိန္႔ေပးေနသလို ...။ ပြဲကလည္းမစေသးသျဖင့္ သူအထဲကို ျပန္ဝင္ဖို႔ကလြဲၿပီး ဘာမွမရွိ ...။

"အကုန္လုံးဗိုက္ဆာေနၾကမယ္ထင္လို႔ ကၽြန္ေတာ္ Coffeeနဲ႔ မုန္႔ေတြဝယ္လာတာ"

"ေက်းဇူးတင္ပါတယ္ CEO ... ဒါေၾကာင့္ CEO ေရွာင္းက်န္႔က သေဘာေကာင္းတယ္လို႔ သတင္းေမႊးတာေနမွာ "

      ရြံစရာေကာင္းတဲ့ မ်က္ႏွာႏွစ္ဖက္နဲ႔ လူသားေတြ ...။ ကိုကိုမို႔လို႔ ထိုလူေတြကို ဘာမွမျဖစ္သလို ဆက္ဆံနိုင္သည္။

"ဒါကဝမ္တဲ့ ... ကၽြန္ေတာ့္ ကုမၸဏီကပဲ မၾကာခင္ Solo Artist အျဖစ္ ပြဲဦးထုတ္ေပးေတာ့မယ့္သူေပါ့ ... သူေဌးလ်ိဳဆန္းဟြာ ေရြးထားတာေလ ... "

"Company ရဲ့ Official Account မွာ တင္ကတည္းက နာမည္ႀကီးေနတဲ့ သူကို ကၽြန္မတို႔သိပါတယ္ ... ဒါဆို ကၽြန္မတို႔ျပန္လိုက္ပါဦးမယ္ "

"ဟုတ္ကဲ့ "

      မိတ္ကပ္ျပင္တဲ့ လူေတြထြက္သြားေတာ့မွ ဟိုတယ္ခန္းထဲ ကိုကိုနဲ႔ သူသာလၽွင္ က်န္၏။ သူဘာမွမေျပာခင္မွာပဲ ကိုကိုက အျပင္ထြက္ဖို႔ ျပင္သည္။ သူနဲ႔ တစ္ခန္းတည္းအတူရွိေနရမွာကို မလိုလားဟန္ ...။

"ခဏ ... "

"ဟင္ ... "

      သူ လက္ကိုဆြဲထားလိုက္သည့္အခါ ကိုကိုဟာ မ်က္ခုံးပင့္လ်က္ သူ႔အားၾကည့္သည္။ ဆြဲသာ ဆြဲထားေပမယ့္ သူဘာေျပာရမွန္းမသိ ...။

"ကၽြန္ေတာ္ ဗိုက္ဆာလို႔"

"အင္း ... ဒါယူထားလိုက္ေနာ္ ... ဝမ္ ဗိုက္ဆာေနမွန္းသိလို႔ ပိုဝယ္လာတာ"

"ဝမ္လို႔ေခၚတာ မႀကိဳက္ဘူး ... ခင္ဗ်ားဆီက ဝမ္လို႔မေခၚမခံခ်င္ဘူး "

"မသိသလိုပဲ ေနၾကရေအာင္ ... ကိုယ္ကဘယ္လိုလူမ်ိဳးလဲဆိုတာ ဝမ္လည္း ၾကားမွာပါ ... ကိုယ့္အရႈပ္ေတြၾကားထဲ ဝမ္ ဝင္မလာနဲ႔ "

       ကိုကိုက အဆုံးထိ သူ႔ကို ဘာမွမေျပာျပမည့္ပုံေပၚသည္...။ ခုနကလို ကိုကိုအေျပာခံေနရတာေတြဟာလည္း ကိုကို႔အတြက္ ရိုးေနသလို ...။ ဒီေနရာကိုလည္း ဘယ္ေတာ့မွ မစြန္႔လႊတ္ေတာ့ဘူးထင္ပါသည္။

"သူေဌးလ်ိဳလာမွအတူဆင္းလာခဲ့ ... အဆာေျပစားထားဦး"

"မစားဘူး"

       သူစိတ္ေတြရႈပ္လာ၍ သူ႔လက္ထဲကိုကိုထည့္ေပးထားေသာ ေကာ္ဖီခြက္နဲ႔ ေပါင္မုန္႔ကို လြတ္ပစ္မိသည္။ ကိုကို႔ အကၤ်ီေပၚစြန္းထင္သြားသည့္ ေကာ္ဖီေတြအတြက္ေတာ့ ကိုကိုဟာ ဘာမွမေျပာခဲ့ ...။ သူတကယ္ပဲ စိတ္ညစ္ပါသည္။ ကိုကို႔ဆီက တစ္ခုခု ရွင္းျပခ်က္ တစ္ခုခုေလာက္ကိုေတာ့ သူၾကားရမွ ျဖစ္ပါလိမ့္မည္။

"ပူသြားလား"

"ခင္ဗ်ားဘာျဖစ္ေနတာလဲ ... ဖယ္ ... "

       သူ႔ကို စိတ္ပူစြာ လွမ္းေမးလာေသာ ကိုကို႔အားတြန္းဖယ္လ်က္ပင္ အခန္းျပင္ထြက္လာခဲ့လိုက္သည္။ ဘာေၾကာင့္မွန္းမသိဘဲ ကိုကို႔ကို ေဒါသထြက္ရသည္။ ကိုကို႔ဆီမွာ အမ်ားႀကီး ပင္ပန္းစရာေတြရွိေနတာေတာင္ သူ႔ကိုတစ္ခုမွ မေျပာျပသည့္အျပင္ အေဝးေရာက္ေအာင္ပါ တြန္းထုတ္ခဲ့ေသး၏ ။

"ဝမ္ ... ျပင္ၿပီးၿပီလား ... ခ်ီရင္နဲ႔စကားနည္းနည္းေျပာေနတာ ... ပြဲၿပီးရင္ ဒီ ဟိုတယ္မွာပဲ နားခ်င္တယ္ေျပာေနလို႔ အခန္းစီစဥ္ေပးေနရတာနဲ႔ ေနာက္က်သြားတယ္"

"ရပါတယ္ ဦး ... "

"ဝမ္ေရာ ပြဲၿပီးရင္ ဒီမွာပဲနားခ်င္လား"

"မနားခ်င္ဘူးဦး ... ကြန္ဒိုပဲျပန္မွာ ..."

"ဒါဆို ေအာက္ဆင္းရေအာင္"

      သူေဌးလ်ိဳ၏ ဦးေဆာင္မႈေနာက္ သူလိုက္လာရင္း အခန္းထဲမွာ က်န္ခဲ့သည့္ ကိုကိုအဆင္ေျပပါ့မလား စိုးရိမ္မိပါသည္။
အခ်ိန္ေတြေနာက္မက်ေသးခင္ အရင္အိမ္ကေလးဆီ ကိုကို ျပန္ခဲ့နိုင္ဖို႔ သူ ေမၽွာ္လင့္ေနဆဲ ....။

               _____________________

      ရိေပၚထံ ဝတ္စုံတစ္စုံကို သူပို႔ေပးလိုက္ေသာ္လည္း ထိုဝတ္စုံဟာ ခ်ီရင့္ ကိုယ္ေပၚမွာ ... ။ သူ႔ပြဲမတိုင္ခင္ ခ်ီရင္နဲ႔ ရိေပၚ ေတြ႕ဆုံခဲ့ပုံရသည္။
ဝတ္စုံေတြပါ လဲဝတ္သည့္အထိျဖစ္၍ ခ်ီရင္နဲ႔ ရိေပၚ ဆက္ဆံေရးက သာမန္မဟုတ္ေတာ့မွန္း သူရိပ္မိပါသည္။

"ေရွာင္းက်န္႔ သူက က်န္းယြင္တဲ့ ... က်န္းအုပ္စုကို လက္ရွိဦးစီးေနတဲ့သူေပါ့"

"ဟုတ္ကဲ့ "

      သူေဌးလ်ိဳမိတ္ဆက္ေပးလာေသာ က်န္းယြင္ ဆိုသူကို လက္ဆြဲႏႈတ္ဆက္ၿပီးမွ ေခါင္းထဲဝင္လာေသာ အေတြးတခ်ိဳ႕ေၾကာင့္ သူတုန္လႈပ္မိ၏။ က်န္းအုပ္စုဆိုတာ အကိုဝမ္ယန္ ေသတမ္းစာထဲက ရိေပၚကို လိုက္ရွာေနသည့္ ရိေပၚအေမဘက္မွ လူေတြျဖစ္သည္။

"CEO ေရွာင္းက်န္႔ေၾကာင့္ ရွင္းအဖြဲ႕အစည္းႀကီးက ပိုၿပီးေအာင္ျမင္လာတာ ... Entertainment ဘက္မွာတင္မဟုတ္ဘဲ တျခားဘက္ေတြကိုပါ တစ္ေယာက္တည္းဦးစီးေနနိုင္တာ အရမ္းေတာ္တယ္လို႔ေျပာရမယ္"

"သူေဌးလ်ိဳေရာ အကိုယြီခ်န္ကပါကူညီေနလို႔ပါ ... ကၽြန္ေတာ္တစ္ေယာက္တည္းဆို အဲ့ေလာက္လုပ္နိုင္မွာမဟုတ္ပါဘူး"

"မၾကာခင္ ပြဲထုတ္ေပးမယ့္ အသစ္ေလးကလည္း ေတာ္ေတာ္ေအာင္ျမင္ေနတာ ... ပြဲသာထြက္ရင္ေတာ့ ရွယ္ယာေတြကအမ်ားႀကီးတက္လာမွာပဲ"

     ေျပာရင္းနဲ႔ ရိေပၚအေၾကာင္းပါလာေတာ့ သူလက္ထဲက ဝိုင္ကို တစ္ငုံေသာက္လိုက္ၿပီး ပြဲလယ္မွာ ခ်ီရင္နဲ႔ ရပ္ရင္း ဝိုင္ေသာက္ေနသည့္ ရိေပၚဆီ အၾကည့္ပို႔လိုက္သည္။ ရိေပၚဟာလည္း သူ႔ကိုအလိုမက်စြာ ၾကည့္ေနရာမွ အၾကည့္ခ်င္းဆုံေတာ့ မ်က္ႏွာလႊဲသြား၏။

"ဝမ္ဆိုတဲ့ေကာင္ေလးနဲ႔ ကၽြန္ေတာ့္ကို မိတ္မဆက္ေပးေတာ့ဘူးလား"

"တကယ္ေတာ့ က်န္းယြင္က ဝမ့္ကိုေစာင့္ေနတာ ... ဝမ္သာ အဆင္ေျပရင္ သူက ရွင္းအုပ္စုမွာ ရွယ္ယာထည့္ဖို႔လုပ္ေနတာေလ"

    သူေဌးလ်ိဳကပါဝင္ေျပာလာ၍ သူမတတ္သာေတာ့ဘဲ ရိေပၚနဲ႔ မိတ္ဆက္ေပးဖို႔ျပင္ရသည္။ ရိေပၚရွိရာေနရာကို ထပ္ၿပီး ၾကည့္မိျပန္ေတာ့ ရိေပၚဟာ ထိုေနရာမွာမရွိေတာ့ .... ။ တစ္ေယာက္တည္း က်န္ခဲ့သည့္ ခ်ီရင္ကသာ သူ႔ကို မ်က္ခုံးပင့္ကာ ႏႈတ္ခမ္းရြဲ႕ျပသည္။

"ဝမ္က သန္႔စင္ခန္းသြားတယ္ထင္တယ္ သူေဌးလ်ိဳ ... ခုနကပဲ ဟိုမွာရပ္ေနေသးတာ ..."

"ျပန္လာရင္ မိတ္ဆက္ေပးရမွာေပါ့ ... က်န္းယြင္ကိုလည္း ကိုယ့္လို ရင္းရင္းႏွီးႏွီးဆက္ဆံလို႔ရတယ္ ေရွာင္းက်န္႔ "

"ဟုတ္ကဲ့ ... ကၽြန္ေတာ့္ကိုလည္း သူေဌးလ်ိဳဆက္ဆံသလို မိတ္ေဆြေတြလို ဆက္ဆံလို႔ရပါတယ္ သူေဌးက်န္း "

         သူ႔စကားအဆုံး လက္ထဲဝိုင္ခြက္ကို ေရွ႕တိုးေျမႇာက္ခံ ေထာက္ခံသည့္ က်န္းယြင္ကို သူျပဳံးျပလိုက္သည္။
တျခားလုပ္ငန္းရွင္ေတြပါ လိုက္ႏႈတ္ဆက္ေနရင္း ရိေပၚကို သတိထားမိေတာ့ အခုထိျပန္မလာေသး ... ။ ခ်ီရင္ကပါ ခန္းမထဲမရွိေတာ့တာေၾကာင့္ သူစိတ္ပူလာရသည္။ လက္ထဲက ဝိုင္ခြက္ကို ဟိုတယ္က Waiterေလးအားလွမ္းေပးၿပီး ရိေပၚကို ရွာဖို႔ သန္႔စင္ခန္းဘက္ထြက္လာခဲ့၏ ။
သို႔ေသာ္ ရိေပၚဟာ သန္႔စင္ခန္းမွာလည္းမရွိ ... ။ သူပိုၿပီးလန္႔လာကာ ေခၽြးေတြပါျပန္လာခဲ့သည္။

"ညီေလး .... အဆိုေတာ္ ယြမ္ခ်ီရင္ကိုေတြ႕မိေသးလား"

"ဟင့္အင္း ... မေတြ႕ဘူး အကို"

"ဘာျဖစ္ေနလို႔လဲ ေရွာင္းက်န္႔"

        ဟိုတယ္ဝန္ထမ္းေတြကို တစ္ေယာက္ၿပီးတစ္ေယာက္လိုက္ေမးေနသည့္ သူ႔အနား သူေဌးလ်ိဳက ေရာက္လာခဲ့သည္။ ေဆာက္တည္ရာမရ ျဖစ္ေနသည့္ သူ႔ပုံစံေၾကာင့္ သူေဌးလ်ိဳရိပ္မိသြားမလားမသိေပမယ့္ အခုခ်ိန္သူ႔ကို ကူညီနိုင္တာ သူေဌးလ်ိဳတစ္ေယာက္ပဲရွိ၏။

"ဝမ္ေရာ ခ်ီရင္ေရာ ေပ်ာက္ေနတယ္"

"ဘယ္လို ... "

"ဝမ္နဲ႔ခ်ီရင္က ခုနကအတူတူေသာက္ေနၾကၿပီး အခုမရွိေတာ့ဘူး ... ဝမ္တစ္ခုခုျဖစ္မွာ စိုးတယ္ သူေဌးလ်ိဳ ..."

       သတင္းေထာက္ေတြပါ ဝင္ခြင့္ျပဳထားတဲ့ ပြဲျဖစ္၍ တစ္ခုခုဆို ရိေပၚအမ်ားႀကီးနစ္နာသြားနိုင္သည္။ သတင္းေထာက္ေတြမရွိခဲ့ရင္ေတာင္ ရိေပၚဟာ ခ်ီရင္နဲ႔ေတာ့ မျဖစ္ပါ ....။

"စိတ္ေအးေအးထား ေရွာင္းက်န္႔ ... ခ်ီရင္က သုံးလႊာမွာ အခန္းယူထားတယ္ ... ကိုယ္တို႔အဲ့ကိုအရင္သြားၾကည့္ရေအာင္"

"ကူညီပါဦး "

         ရိေပၚအား အစိုးရိမ္လြန္ေနသည့္ သူ႔ကို သူေဌးလ်ိဳကေတာ့ ေသခ်ာေပါက္ရိပ္မိပါလိမ့္မည္ ။ ဒါက အေရးမႀကီး....။ သူ႔ရဲ့ ရိေပၚေလးကို ခ်ီရင္ဘာမွမလုပ္ဖို႔ကသာ အေရးႀကီးပါသည္။

"အခန္းနံပါတ္ ၃၀၇ ရဲ့ ေသာ့ေပး"

"ဟုတ္ကဲ့ ... "

       ဝန္ထမ္းေလးဆီက ေသာ့ေတာင္းၿပီး အေပၚတက္ဖို႔လုပ္သည့္ သူေဌးလ်ိဳေနာက္ကိုသာ သူလိုက္လာခဲ့သည္။ ဓာတ္ေလွကားထဲေရာက္တဲ့အထိ သူ႔စိတ္ေတြက တုန္လႈပ္ေျခာက္ျခားေနဆဲပင္....။ သုံးလႊာကိုေရာက္တာနဲ႔ သူေဌးလ်ိဳဟာ သူ႔ေရွ႕မွခပ္သြက္သြက္ေလၽွာက္ရင္း အခန္းတံခါးကို ေသာ့ဖြင့္၏။

"ကိုကို .... !!"

      တံခါးဖြင့္လိုက္တာနဲ႔ သူ႔အားေျပးဖက္သည့္ကေလးငယ္ေၾကာင့္ သူ႔ရင္ထဲ စူးခနဲ ...။

"မင္းဘာလုပ္တာလဲ ခ်ီရင္ !!"

"ဘာမွမလုပ္ရေသးပါဘူး နမ္း႐ုံေလးပဲရွိပါေသးတယ္ ဟက္ ... "

       သူေဌးလ်ိဳဟာ ေဒါသတႀကီး ခ်ီရင့္ကို ဆြဲထိုးသည္။ သူကေတာ့ ကေလးငယ္ကို ရင္ခြင္ထဲ ေထြးဖက္ရင္း စိတ္ေတြကို ထိန္းေနရ၏ ။ မဟုတ္ရင္ ဒီဟိုတယ္ခန္းထဲမွာပဲ လူသတ္မႈေတြပါျဖစ္သြားနိုင္သည္။

"စိတ္ထိန္းပါသူေဌးလ်ိဳ ... ကၽြန္ေတာ္တို႔သြားၾကရေအာင္"

"မင္းကို သိပ္အားက်တာပဲ ဝမ္ ... မင္းကိုခ်စ္ေပးမယ့္သူေတြအမ်ားႀကီးပဲ"

      ခ်ီရင္က လက္ခုပ္တီးၿပီးေျပာေနေသာ္လည္း ရိေပၚဟာ လွည့္မၾကည့္ဘဲ သူ႔ရင္ခြင္ထဲသာ ပိုတိုးဝင္သည္။ ဘယ္ေလာက္ပဲ ႀကံ့ခိုင္ခ်င္ေယာင္ေဆာင္ေနပါေစ ဆယ့္ကိုးႏွစ္ပဲ ရွိေသးတဲ့ ကေလးက ခ်ီရင္ရဲ့ အျပဳအမူေတြကို ဘယ္ေလာက္ေၾကာက္ေနရွာလိမ့္မလဲ ... ။
ၾကယ္သီးေတြ ျပဳတ္ထြက္ေနေသာ ကေလးငယ္ရဲ့ အကၤ်ီေၾကာင့္ ရင္ဘတ္ျဖဴျဖဴေဖြးေဖြးေလးေတြက ဟေနလ်က္ ...။ အနည္းငယ္ေပါက္ေနေသာ ႏႈတ္ခမ္းသားေလးက ေရွာင္းက်န္႔ေသြးေတြကို ပိုဆူေစသည္။

"ေတာက္ !! "

"ေနာက္မွဆက္ေျပာၾကတာေပါ့ သူေဌးလ်ိဳ ... အခုေတာ့ ဝမ္ကေၾကာက္ေနလို႔ျပန္ရေအာင္"

      သူေဌးလ်ိဳကိုပါ ဆြဲရင္း သူ႔ကုတ္ကိုခၽြတ္ကာ ရိေပၚကိုယ္ေလးကို ျခဳံေပးလိုက္သည္။ ဒီတစ္ခါေတာ့ ကေလးငယ္ကို သူကိုယ္တိုင္ေထြးေပြ႕ခြင့္ ရခဲ့ေလၿပီ။

"အရမ္းခ်စ္ေနတာလား ေရွာင္းက်န္႔ ... ဒီေကာင္ေလးကိုမွ ခင္ဗ်ားက သိပ္ခ်စ္ေနတာတဲ့လား"

"ေတာ္ေတာ့ ခ်ီရင္ ... ! အခုကိစၥမနက္မွဆက္ေျပာမယ္"

      အခန္းျပင္အထိလိုက္လာၿပီး သူ႔လက္ေတြကို လွမ္းဆြဲသည့္ ခ်ီရင္ေၾကာင့္ ရိေပၚကိုပါ လက္တစ္ဖက္နဲ႔ထိန္းရင္း ခ်ီရင့္လက္ေတြကို ႐ုန္းဖယ္လိုက္သည္။
သူတို႔ ထြက္သြားဖို႔အလုပ္ အေကြ႕ေနရာမွၾကားလိုက္ရသည့္ ဆူဆူညံညံအသံေတြေၾကာင့္ သူ ရိေပၚကို ပိုၿပီးတင္းၾကပ္စြာဖက္ထားမိ၏။

"ကၽြန္ေတာ္သတင္းေထာက္ေတြေခၚထားတယ္ ဟက္ ... "

"မင္းယုတ္မာလြန္းတယ္ ခ်ီရင္ ... "

      သူေဌးလ်ိဳဆီမွ အံႀကိတ္သံတစ္ခုက ထြက္လာေသာ္လည္း သူကေတာ့ ဘာမွေျပာနိုင္စြမ္းမရွိ ... ။ ေရွာင္ေျပးလို႔ မလြတ္ေတာ့သည့္ကိစၥမွာ သူဘာမွလည္း ထပ္မေတြးနိုင္ေတာ့ ... ။ သူ႔ရင္ခြင္ထဲက ကေလးငယ္ကို သူေဌးလ်ိဳလက္ထဲ ထည့္ေပးဖို႔သာတတ္နိုင္ခဲ့သည္။

"ေက်းဇူးျပဳၿပီးအခန္းထဲဝင္ေနေပးပါ သူေဌးလ်ိဳ ... "

"ေရွာင္းက်န္႔ "

"ကိုကို "

      သူဘာမွမေျပာဘဲ ျပဳံးကာ ေခါင္းတစ္ခ်က္သာ ၿငိမ့္ျပလိုက္ေတာ့ သူေဌးလ်ိဳဟာ သေဘာေပါက္စြာ ရိေပၚကို ေပြ႕ဖက္ၿပီး အခန္းထဲေခၚ၍ တံခါးကို ပိတ္ပစ္၏။
ပိုၿပီး နီးကပ္လာသည့္ ဆူဆူညံညံ အသံေတြေၾကာင့္ သူခ်ီရင့္ကိုယ္ကို ဆြဲကပ္လ်က္ ႏႈတ္ခမ္းႏွစ္စုံကို ထပ္တူက်ေစလိုက္သည္။ ။
ဒီလမ္းၾကမ္းေတြထက္ သူတစ္ေယာက္တည္းသာ ေလၽွာက္ခ်င္ပါသည္။ ကေလးငယ္ရဲ့ ေျခဖဝါးေတာ္ႏုႏုမွာေတာ့ ေသြးေျခဥခြင့္ မျပဳနိုင္ပါေလ...။
             ________________________

       
       သူဝတ္ေလ့ဝတ္ထမရွိသည့္ Hoodie အပြႀကီးကို ေရွာင္းက်န္႔ဝတ္လိုက္သည္။ သတင္းေထာက္ေတြရဲ့ေမးခြန္းေတြကို သူေရာ ခ်ီရင္ပါ မေျဖခဲ့ဘဲ အတင္းထိုးထြက္လာကာ ေမြးေန႔ပြဲကို အကိုယြီခ်န္နဲ႔ ခ်န္ခဲ့ရသည္။
သူေဌးလ်ိဳနဲ႔ရိေပၚကေတာ့ သတင္းေထာက္ေတြ ေရွာင္းက်န္႔ေနာက္လိုက္လာကတည္းက ဟိုတယ္မွ ထြက္သြားၿပီျဖစ္ေၾကာင္း သူ႔ထံကို သတင္းပို႔ခဲ့၏။

"ဘယ္လိုေတြျဖစ္ကုန္တာလဲ ေရွာင္းက်န္႔ရာ ... မင္းသတင္းေတြခ်ည္းပဲ "

"အဲ့လိုမွမလုပ္ရင္ အဆင္မေျပေတာ့လို႔ေလ ... "

"အခုဘယ္လဲ "

"ရိေပၚဆီ"

       သူ Mask အမဲတစ္ခုကို တပ္လ်က္ ေနာက္ေပါက္မွထြက္ၿပီး Taxiျဖင့္သာ ကေလးငယ္ရွိရာ ကြန္ဒိုဆီလာခဲ့သည္ ။ ၁၂နာရီေက်ာ္ၿပီျဖစ္၍ Taxiကေတာ္ေတာ္နဲ႔မရ ...။
သူ႔အားမေကာင္းေျပာေနၾကသည့္ ဒီအေျခအေနမွာ ကေလးငယ္ဆီ သြားရန္မသင့္ေသာ္လည္း ညကကိစၥေၾကာင့္ သူ ရိေပၚေဘးရွိေနမွ ျဖစ္မည္။
ရိထန္ကို Message ႀကိဳပို႔ထား၍ သူေရာက္တာနဲ႔ ရိထန္ဟာတံခါးဖြင့္ေပး၏။

"သူေဌးလ်ိဳ ... "

"ရိေပၚကိုျပန္ပို႔ၿပီးကတည္းက မျပန္ဘဲ ဒီမွာအိပ္ေနတာပဲ အကိုေရွာင္းက်န္႔"

       အခန္းထဲမွာမဟုတ္ဘဲ Sofaေပၚေကြးေကြးေလးလွဲေနသည့္ သူေဌးလ်ိဳကို သူပိုယုံၾကည္လာတာေၾကာင့္ သူနဲ႔ ရိေပၚအရင္က ကိစၥေတြကို ေျပာျပဖို႔ ေတြးမိပါသည္။

"သူေဌးလ်ိဳ ... "

"ဟင္ ... "

     သူအနည္းငယ္ လႈပ္ႏွိုးလိုက္မွ နိုးလာသည့္ သူေဌးလ်ိဳဟာ သူ႔ကိုျမင္ေတာ့ ထူးဆန္းသလိုၾကည့္ေနၿပီးမွ အသာ ျပဳံးျပသည္။

"မင္းလာမယ္ဆိုတာ ကိုယ္သိပါတယ္ ... "

" အင္း ... ကၽြန္ေတာ္ေရာက္ၿပီ ... ဝမ့္ကို စိတ္ခ်ပါ ... အိမ္ျပန္လိုက္ေလေနာ္"

"စကားေျပာစရာရွိေသးတယ္ ... ဝမ့္ဆီအရင္သြားေတြ႕လိုက္ပါ ... ကိုယ္ေစာင့္ေနမယ္"

    သူေဌးလ်ိဳကို ေခါင္းၿငိမ့္ျပၿပီးတာနဲ႔ ကေလးငယ္အခန္းဆီ ဝင္လာလိုက္ေတာ့ ကုတင္ေပၚ တစ္ေစာင္းေလးလွဲေနတဲ့ေကာင္ေလးဟာ သူ႔ကို လွမ္းၾကည့္သည္။

"အဆင္ေျပရဲ့လားရိေပၚ"

"ေျပမယ္ထင္ေနတာလား "

    သူ႔ဘက္ကို လွည့္ေနရာကေန ဟိုဘက္လွည့္ကာ ေနာက္ေက်ာေပးသြားတာေၾကာင့္ သူတံခါးကို အသာေသာ့ခက္ရင္း ကုတင္ေပၚေဘးတစ္ေစာင္းဝင္ထိုင္လိုက္၏။

"ကိုကိုအခ်ိန္မွီလို႔ေပါ့ ရိေပၚေလးရယ္ ... "

"ခင္ဗ်ားကဘာလို႔လဲ ဘာလို႔လဲလို႔ ... ! အခုခ်ီရင္နဲ႔ခင္ဗ်ား သတင္းေတြထြက္ကုန္ၿပီ သိရဲ့လား ... ခင္ဗ်ားကို ေျပာေနၾကတာေတြ ခင္ဗ်ားေတြ႕လားလို႔ !!!"

"ကိုကိုကဘာမွမျဖစ္ပါဘူး ရိေပၚေလးရယ္ ... ကိုကို႔ရဲ့ရိေပၚေလး ဘာမွမျဖစ္တာနဲ႔တင္ အဆင္ေျပပါၿပီ"

"လိမ္ေနတာ ... ခင္ဗ်ားလိမ္ေနတာ ... ကၽြန္ေတာ့္ေၾကာင့္လာတာမဟုတ္ဘဲ ယြမ္ခ်ီရင္ေၾကာင့္လာတာမလား ... ၿပီးေတာ့ ယြမ္ခ်ီရင္နဲ႔ သတင္းေတြထြက္ရတာကိုပဲ ခင္ဗ်ားက ေက်နပ္ေနတာ ... ဦးက ယြမ္ခ်ီရင္ကို ထိုးေနတာေတာင္ ခင္ဗ်ား လက္နဲ႔ေတာင္ မရြယ္ခဲ့ဘူး ... ဦးကိုေတာင္ ခင္ဗ်ားကတားေသးတယ္"

      ရိေပၚဟာ သူ႔ကို အထင္လြဲျမဲ လြဲေနဆဲ ...။ မနက္အတြက္ သူ႔ရင္ေလးေနရတာေတြကို ရိေပၚမသိ၍ ျဖစ္ပါလိမ့္မည္။ သိေအာင္လည္း သူမေျပာျပခ်င္ပါ ...။

"ရိေပၚေလးထင္ခ်င္သလိုထင္လို႔ရတယ္ ... ဒါေပမယ့္ေနာက္ဆို ကိုကို႔ကို အရြဲ႕တိုက္ဖို႔မလုပ္ပါနဲ႔  ... ေတာင္းဆိုတာပါကေလးရယ္ ... ကိုကို႔ကို ေန႔တိုင္းနာက်င္ေအာင္လုပ္လို႔ရတယ္ ... မင္းကိုယ္မင္းေတာ့ မထိခိုက္ပါေစနဲ႔ ကိုကို႔ရဲ့ ရိေပၚေလးရယ္ ... ေနာ္"

"ဒါဆိုျပန္လာေလ ... ကၽြန္ေတာ့္ဆီကို ျပန္လာေလ ... ကၽြန္ေတာ္တို႔အိမ္ကို ျပန္လာေလ ... အဲ့ဒီ့ဝမ္ယန္ပိုင္တဲ့ ပစၥည္းေတြနဲ႔ ခ်ီရင့္ကို ျမဴဆြယ္မေနဘဲ ကၽြန္ေတာ္တို႔ဆီ ျပန္လာခဲ့လို႔ ေရွာင္းက်န္႔ရဲ့ !"

"ရိေပၚေလးထင္သေလာက္မလြယ္ဘူး ... အရင္လိုျပန္ျဖစ္ဖို႔ဆိုတာမလြယ္ေတာ့ဘူး ကေလးရယ္"

"ကၽြန္ေတာ္တို႔ႏွစ္ေယာက္ အိပ္ၿပီးသြားလို႔လား"

        တုန္ယင္ေနေသာ ႏႈတ္ခမ္းပါးေလးဆီမွ ခပ္တိုးတိုး ထြက္လာတဲ့ စကားသံေလးေၾကာင့္ မုန္တိုင္းတစ္ခုဟာ ေရွာင္းက်န္႔ႏွလုံးသားဆီ ဝင္ေရာက္တိုက္ခတ္သြားသည္။
ကေလးငယ္ဟာ သူနဲ႔ အိပ္ခဲ့တဲ့ ကိစၥကို သိေနခဲ့ပါသည္တဲ့ ...။

"ဘာမွမျဖစ္ဘူး ... ကၽြန္ေတာ့္အမွားမို႔လို႔ဘာမွမျဖစ္ဘူး ... ၿပီးေတာ့ ကိုကိုနဲ႔ ျဖစ္ခဲ့တာမဟုတ္ဘူး ေရွာင္းက်န္႔နဲ႔ ျဖစ္ခဲ့တာ ... ကိုကိုမဟုတ္တဲ့ CEOေရွာင္းက်န္႔နဲ႔ျဖစ္ခဲ့တာလို႔ !"

"ရိေပၚ ေတာ္ေတာ့ ... အဲ့ကိစၥကိုေမ့ထားလိုက္"

"ေမ့ထားေပးမယ္ ... ကၽြန္ေတာ့္က္ိုကိုသာ ျပန္လာခဲ့ရင္ ကၽြန္ေတာ္ေမ့လိုက္မွာ ... ျပန္မလာဘူးဆိုရင္ ကၽြန္ေတာ္က CEO ေရွာင္းက်န္႔နဲ႔ အိပ္ခဲ့တယ္ဆိုတာ အကုန္လုံးကိုေျပာပစ္မယ္"

"ရိေပၚရာ "

         သူ သက္ျပင္းတစ္ခ်က္ကို ခပ္ျပင္းျပင္းရွိုက္၍ ဆံပင္ေတြထဲလက္ကို ထိုးဖြမိသည္။ သူ ရိေပၚကို ကာကြယ္ေပးခဲ့သမၽွေတြဟာ သူနဲ႔အိပ္လိုက္တာ တစ္ခုတည္းနဲ႔ သဲထဲေရသြန္သလို မျဖစ္ေစခ်င္ ...။ ရိေပၚဟာ အဆုံးထိျမင့္တက္ရမည့္ကေလး ....။

"ကိုကို႔ကိုအခ်ိန္ေပး ... ျပန္လာမယ္ ... တဇြတ္ထိုးမဆန္ရဘူးဆိုတာ ရိေပၚေလးသိတယ္မလား ... အခုေပၚေရာက္ေနတဲ့ေနရာက လြယ္လြယ္ရနိုင္တဲ့ ေနရာမဟုတ္ဘူး သိရဲ့လား"

"မလိုခ်င္ဘူး ကိုကို႔ကိုပဲျပန္လိုခ်င္တာ ... ဘာမွမလိုခ်င္ဘူး"

"ကိုကို႔ကိုျပန္လုပ္ေကၽြးခ်င္တယ္ဆို ... ဒီေလာက္နဲ႔မရဘူးေလ အမ်ားႀကီးေအာင္ျမင္မွ ကိုကို႔ကို ေကာင္းေကာင္းျပန္ထားနိုင္မွာေပါ့ ... ဒါေၾကာင့္ ရိေပၚေလး အျမင့္ဆုံးေရာက္တဲ့ေန႔ ကိုကိုျပန္လာမယ္"

        ရိေပၚေလးကို သူ႔ ရင္ခြင္ထဲထည့္ကာ ေျပာေတာ့ ကေလးငယ္ဟာဘာမွျပန္မေျပာဘဲ ၿငိမ္ေနခဲ့သည္။ အျပင္မွာ သူေဌးလ်ိဳရွိေနေသးတာကို သတိရသြား၍ ရိေပၚလက္ကေလးကို ဆုပ္ကိုင္ကာ သူေဌးလ်ိဳဆီသြားဖို႔ျပင္ရ၏။

"ကၽြန္ေတာ္အိပ္ေတာ့မယ္"

"ခဏေလးပါ ... လာ"

"လိုက္လာခဲ့မယ္"

      ရိေပၚက သူ႔လက္ေတြကို ႐ုန္းဖယ္ၿပီး အေႏြးထည္ေလးကို ေကာက္ဝတ္ကာ အေနာက္ကလိုက္လာခဲ့သည္။ သူေဌးလ်ိဳကေတာ့ ရိထန္နဲ႔ စကားေျပာရင္း မညည္းမညဴေစာင့္ေနဆဲ ...။

"အဆင္ေျပသြားၾကၿပီလား"

"ဟုတ္ကဲ့ ... သူေဌးလ်ိဳ ... ဝမ္က ကၽြန္ေတာ့္ညီေလးပါ ... "

"ညီေလး ... ?"

       သူေဌးလ်ိဳက အံ့ဩတႀကီးေမးလာတာေၾကာင့္ ေရွာင္းက်န္႔ေခါင္းၿငိမ့္ျပလိုက္သည္။ ရိေပၚကေတာ့ တစ္စုံတစ္ရာမွ ဝင္မေျပာခဲ့ ...။

"ငယ္ငယ္ကတည္းက ကၽြန္ေတာ္ေမြးစားခဲ့တဲ့ ကေလးေလးပါ ... အကိုယန္နဲ႔ လက္မထပ္ခင္အထိ အတူတူေနခဲ့ၾကေပမယ့္ လက္ထပ္ၿပီးေတာ့ သူ႔ကို ကၽြန္ေတာ့္သူငယ္ခ်င္းဝမ္က်ိဳးခ်န္ဆီမွာထားခဲ့ၿပီး ဝမ္မ်ိဳးရိုးထဲဝင္ေစခဲ့တာပါ ... အကိုယန္႔အေမနဲ႔အမေၾကာင့္ေပါ့"

"ကိုယ္နားလည္ပါတယ္ ... မနက္ကတည္းက အကိုဝမ္ယန္ရဲ့သားနဲ႔ေတြ႕ေတာ့ ေရွာင္းက်န္႔နာမည္ကိုေျပာေပမယ့္ ကိုယ္က ဝမ္စိတ္ရႈပ္မွာ စိုးလို႔မေမးေတာ့တာ ...."

"ဝမ္ေဟာက္ရႊမ္းလား"

       သူေဌးလ်ိဳက ေခါင္းၿငိမ့္ျပသျဖင့္ ဟိုညကကိစၥအေၾကာင္း ရိေပၚဘာလို႔သိေနလဲ ေမးစရာမလိုေတာ့ ...။ ေသခ်ာေပါက္ ေဟာက္ရႊမ္းေၾကာင့္ပဲ ျဖစ္ပါလိမ့္မည္။

"ကၽြန္ေတာ္လိမ္ခဲ့လို႔ေတာင္းပန္ပါတယ္ ... ဝမ့္မွာ အျပစ္မရွိပါဘူး ... ကၽြန္ေတာ္လိမ္ခိုင္းလို႔ပါ သူေဌးလ်ိဳ ... "

"ရပါတယ္ ... ကိုယ္နားလည္တယ္ ... ညီအစ္ကိုေတြဆိုေတာ့ ပိုေတာင္ေကာင္းေသးတယ္ ... အလုပ္ကိစၥေတြမွာ ညႇိယူလို႔ရတာေပါ့ ... ေနာက္ဆို ကိုယ့္ေရွ႕မွာ ဟန္ေဆာင္စရာမလိုဘူးေနာ္ ... ဝမ္ေရာ ..."

"ဟုတ္ကဲ့"

      ရိုက်ိဳးစြာေျပာေနေသာ ရိေပၚရဲ့ ေခါင္းေလးကို ဖြၿပီး သူေဌးလ်ိဳဟာ ေက်နပ္စြာျပဳံးသည္။ ရိေပၚေလးအား အရမ္းကို သေဘာက်ေနပုံရသည့္ သူေဌးလ်ိဳဟာ ရိေပၚဘာလုပ္လုပ္ အျပစ္မျမင္နိုင္တဲ့ ပုံ ...။

"ဝမ့္အေပၚထားတဲ့ ေရွာင္းက်န္႔ရဲ့ေမတၱာေတြကို ဒီေန႔ညကိစၥမွာ ကိုယ္ျမင္ခဲ့ရၿပီးၿပီ ... မနက္ျဖန္မနက္ေတာ့ Music Video ရိုက္ကြင္းကို အျမန္စီစဥ္ၿပီး ဝမ့္က္ို ကိုယ္ေခၚထုတ္ထားေပးမယ္"

"ဒီေလာက္ျမန္ျမန္ႀကီးလား ဦး"

"အင္း ... အျမန္လုပ္မွရမယ္... အခုတက္ေနတဲ့ သတင္းေတြကို ဝမ္ရဲ့ ပြဲဦးထြက္တဲ့ သတင္းနဲ႔ဖုံးမွ ေရွာင္းက်န္႔အတြက္ အဆင္ေျပနိုင္မယ္ ... အခုေတာင္ ရွယ္ယာေတြတျဖည္းျဖည္းက်ေနတာ"

        သူေဌးလ်ိဳရဲ့ စကားေၾကာင့္ ရိေပၚဟာ သူ႔ကို လွမ္းၾကည့္၏ ။ သူေဌးလ်ိဳေျပာတာလည္းမွန္သည္။ အခုကိစၥက အရင္လ်ိဳ သတင္းမွားလို႔မွ ေျဖရွင္းဖို႔ မျဖစ္နိုင္ဘဲ ....။

"ကိုယ္ျပန္ေတာ့မယ္"

"အိမ္မွာ အိပ္သြားပါ ဦး ... အကိုေရွာင္းက်န္႔နဲ႔ အခန္းထဲမွာ အိပ္လိုက္ပါ ... ကၽြန္ေတာ္အျပင္ထြက္အိပ္ေပးပါ့မယ္"

"မဟုတ္တာ ... နားနားေနေနေနပါ ... ကိုယ္ျပန္လို႔ရပါတယ္ ... ႏွစ္နာရီပဲ ရွိပါေသးတယ္"

"ဒါဆိုလည္း ဂ႐ုစိုက္ျပန္ပါ"

        သူေဌးလ်ိဳအားႏႈတ္ဆက္ၿပီးတာနဲ႔ အခန္းထဲျပန္ဝင္သြားေသာ ကေလးငယ္ဆီ သူမလိုက္ျဖစ္ဘဲ အျပင္ထြက္သြားသည့္ သူေဌးလ်ိဳေနာက္သာ သူလိုက္ခဲ့လိုက္သည္။

"ေျပာစရာရွိလို႔လားေရွာင္းက်န္႔ "

"ဟို ... ကၽြန္ေတာ္တို႔ညီအစ္ကိုကိစၥဖုံးထားေပးပါ ... ကၽြန္ေတာ့္ညီမွန္းသိရင္ ... ဝမ့္အတြက္ ..."

"ကိုယ္နားလည္တယ္ေရွာင္းက်န္႔ ... စိတ္မပူနဲ႔ ... မင္းလည္းနားလိုက္ဦး ပင္ပန္းေနၿပီ"

"ဟုတ္ကဲ့ ေကာင္းေကာင္းျပန္ပါ"

      သူေဌးလ်ိဳကျပဳံးျပၿပီး ဓာတ္ေလွကားဆီထြက္သြားမွ သူလည္း ရိေပၚဆီျပန္ဝင္လာခဲ့သည္။ ရိေပၚကို အိပ္ေပ်ာ္ေအာင္သိပ္ၿပီးတာနဲ႔ သူလည္း အိမ္ျပန္ရမည္ျဖစ္၏။ မနက္အထိေတာ့ ဒီမွာေနလို႔ အဆင္မေျပနိုင္....။

"အိပ္ၿပီလား ရိေပၚေလး"

      သူ႔ေမးခြန္းကို ဘယ္ေတာ့မွ မေျဖတတ္တာ သိေပမယ့္ ဝတၱရားအရေတာ့ တံခါးေခါက္ကာ ေမးရေသးသည္။ ေလာ့ခ္မခ်ထားတဲ့ တံခါးေလးဟာလည္း သူဝင္ဖို႔အတြက္ ဖြင့္ေပးထားပုံ ...။

"ဘာမွမေတြးနဲ႔ေတာ့ေနာ္ ကိုကို႔ရဲ့ရိေပၚေလး"

"လႊတ္ ... "

   သူ ကုတင္ေပၚတက္ကာ ခါတိုင္းလိုပဲ ရိေပၚကိုယ္ေလးကို ရင္ခြင္ထဲ ဆြဲထည့္လိုက္သည္။ အစပိုင္းမွာ ႐ုန္းရင္း သူ႔ကို ထုရိုက္ေနေသာ္လည္း လက္ေမာင္းေတြကို အသာပုတ္ေပးလိုက္ေတာ့ အိပ္ခ်င္သြား၍ ထင္သည္... အနည္းငယ္ၿငိမ္က်သြား၏။

"ဘာမွမေတြးနဲ႔ ကိုကိုရွိတယ္ ကိုကိုက ကာကြယ္ေပးမွာ "

"ယြမ္ခ်ီရင္ ကိုလား"

"ဘာမွမေတြးပါနဲ႔ဆို ... အိပ္ေတာ့ "

"ကၽြန္ေတာ္ ေအာင္ျမင္တဲ့ေန႔မွ ခင္ဗ်ားျပန္မလာရင္ ယြမ္ခ်ီရင္ေရာ ခင္ဗ်ားကိုပါ သတ္မွာ "

        လူသတ္ဖို႔အထိေတြးတတ္ေနၿပီျဖစ္ေသာ ကေလးငယ္ကို ၾကည့္ၿပီး သူထိတ္လန္႔လာရသည္။ အကိုယန္႔အေၾကာင္း ေတြးမိျပန္ေတာ့ မ်က္လုံးေတြကို စုံမွိတ္ခ်လ်က္ ရိေပၚအား ပိုတိုးဖက္ထားမိေတာ့၏ ။
အေဖအရင္းကို သတ္ခဲ့သည့္ သူမွန္း သိသြားသည့္အခါ ရိေပၚဟာ သူ႔ကို ပိုၿပီး သတ္ခ်င္လာနိုင္သည္။
ကေလးငယ္လက္ႏုႏုေသြးစြန္းမွာကို မလိုလား၍ ရိေပၚေလးသူ႔ကို သတ္ခ်င္သည့္အခ်ိန္ သူ႔လက္နဲ႔ပင္ လိုလိုလားလား ေသေပးပါမည္...။
ဒီငွက္ငယ္ကေလး အေတာင္စုံတဲ့အခါ အကိုယန္အတြက္အျပစ္ဒဏ္ခံေပးဖို႔လည္း အရာရာအသင့္ျဖစ္ေနခဲ့ေလၿပီ ။

                ____________________

ဆက္ရန္ ။

     ဟီးဟီး ...။

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

287K 22.5K 38
|| Zaw & Uni ll Accident တခုမွစတင္ခဲ့သည့္... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)
52K 13.9K 50
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
43.5K 2.9K 20
ကျိန်စာမိနေတဲ့ ကောင်လေးရဲ့ ဘဝဇာတ်လမ်းလေးတစ်ပုဒ်ပေါ့
4.1K 235 2
ငါမလွမ်းအားဘူးမောင်။ ဘာလို့လဲဆို ငါ့မှာမင်းကို မမေ့ဖူးလို့။