Flash back
"ကြင်ယာတော်ဗြောင်က ဘုန်းကံမြင့်တာမလို့
အောက်လမ်းနဲ့လုပ်ကြံလို့မရပါဘူး"
"အဲ့တာဆိုဘာနည်းလမ်းရှိမလဲ"
"အောက်လမ်းကဘုန်းကံမြင့်တဲ့လူကို မသက်ရောက်နိုင််တဲ့အတွက် အထူးဓားကိုစီရင်ရပါမယ် မယ်မယ် လုပ်ရတာမလွယ်ကူပါဘူး"
"ဘာဓားမလို့လဲ"
"ဝိညာဉ်ချုပ်ဓားပါ သေရုံအပြင်ကယ်မဲ့နည်း တစ်နည်းပဲရှိပါတယ်"
"သေတာပဲလိုချင်တာ မောင်မင်း"
နှုတ်ခမ်းပါးပါးကိုဖိကိုက်ပြောလာတဲ့ မိန်းမပျိုက
စိတ်ဓာတ်နဲ့မလိုက် ရုပ်ကလှလွန်းသည်။
"ဒီကမ္ဘာကနေ တခြားကမ္ဘာကို စစ်မှန်တဲ့ချစ်ခြင်းရဲ့
နှလုံးသွေးနဲ့ အသက်ဆက်ပြီးထွက်သွားနိုင်ပါတယ်
ဒါပေမဲ့ဝိညာဉ်ချုပ်ဓားဆိုတဲ့အတွက် ကျိနိစာပါတယ်။ ချုပ်ထားခံရတဲ့ဝိညာဉ်တွေဟာ အဲ့ဓားနဲ့တစ်ယောက်အသတ်ခံရပြီဆိုတာနဲ့ လွတ်မြောက်ပါတယ်။ ဝိညာဉ်လဲတဲ့သဘောပါ။ အသက်ရှင်ခဲ့မယ်ဆိုရင် ဒီဘဝကိုမေ့သွားမှာပါ။ကိုယ်ချစ်တဲ့သူတွေရောပေါ့။နှလုံးသွေးကိုဘယ်သူမှဖောက်မထုတ်ပေးနိုင်တဲ့အတွက် အသက်ဆက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးမယ်မယ်"
"ကောင်းပြီ ရွှေ၁ပိသာယူထား ပြီးရင်အကြောင်းကြားပါ အကုန်ပြီးရင်မောင်မင်းလိုချင်တာတောင်းဆိုလို့ရတယ်"
"တွေ့ကြသေးတာပေါ့ ဗြောင်ဘတ်ဟျွန်းရာ
မင်းကြီးအနားမှာကြာကြာမနေနိုင်စေရဘူး
လီယောလ်ကငါ့လူ"
______
"ဗြောင် ကိုယ်တော့်ရဲ့ကြင်ယာတော်အဖြစ်နေပေးပါ"
နန်းတော်အပြင်ဘက်ကတောင်ကုန်းလေးတစ်ခုပေါ်မှာလီယောလ်က ဘတ်ဟျွန်းလက်ကိုအသာဆုပ်ကိုင်ထားတယ်။ နွေဦးရာသီမလို့ ရာသီဥတုကလန်းလန်းဆန်းဆန်း.. ဝေ့ဝဲလာတဲ့လေပြည်ကြောင့် တောင်ကုန်းပေါ်မှာရှိတဲ့ ချယ်ရီပွင့်ဖတ်တွေက ဘတ်ဟျွန်းရဲ့ရှည်ရှည်အိအိ ဆံစတွေပေါ်လာကပ်တွယ်တယ်
"ကျွန်တော်တို့က မဖြစ်နိုင်ဘူးလေ ယောလ်ရဲ့ ဗြောင်ကသာမန် ကဗျာဆရာတစ်ယောက် မင်းကြီးနဲ့ချစ်မိနေခဲ့တာတောင်အပြစ်သင့်နေပြီ"
"ကိုယ်ရဲ့မယ်တော်က သိနေတယ်ဗြောင်လေးလက်မခံ ခံအောင်ကိုယ်တော်လုပ်ခဲ့ရတာ"
"အမတ်တွေကရော "
"သူတို့လောက်တော့ ခေါင်းထဲမထည့်ဘူး။ကိုယ့်အတွက်အရေးကြီးတာ ဗြောင်ကကိုယ့်အနားမှာထာဝရရှိဖို့"
"လက်ဆက်ပါ့မယ် ကျန်တာမလိုပါဘူးတစ်ဘဝလုံးအနားမှာရှိပေးပါ"
လီယောလ်က ဘတ်ဟျွန်းခါးလေးကိုဆွဲယူရင်း
နှုတ်ခမ်းထူထူတို့နဲ့ဖိကပ်နမ်းလာသည်။ နှုတ်ခမ်းပါးပါးတို့ကိုအတော်ကြာဖိကပ်နမ်းပြီးတဲ့နောက်
ဘတ်ဟျွန်းရဲ့ညှပ်ရိုးပေါ်ခေါင်းလေးမှီတင်လာပြီး
ဆံစရှည်ရှည်တို့ကိုဆွဲယူနမ်းရှိုက်ပြန်သည်။
"သက္ကရာဇ် ၁၂၃၈ ခုနှစ်မှာ ဗြောင်ဘတ်ဟျွန်းကို
လီယောလ်ရဲ့ကြင်ယာတော်အဖြစ် ဝမ်အွန်းဆိုတဲ့
ဘွဲ့နာမည်နဲ့တင်မြှောက်ခဲ့တယ်"
ယုံတမ်းစကားအနေနဲ့ parallel universe, multi universe ဆိုပြီးရှိကြတယ်။ ကိုယ်နေတဲ့ကမ္ဘာအပြင်မမြင်ရတဲ့ကမ္ဘာမှာလဲ သက်ရှိသက်မဲ့တွေ ရှင်သန်တည်ရှိကြတယ်။ ကိုယ်နေတဲ့ကမ္ဘာဟာ ဘယ်ထဲမှာလို့တစ်ယောက်မှတိတိကျကျပြောနိုင်စွမ်းမရှိကြဘူး။တစ်ကမ္ဘာနဲ့တစ်ကမ္ဘာ အချိနိကာလခြင်းလဲမတူညီသလို ရှင်သန်နေပုံလဲမတူကြဘူး။
လီယောလ်အသက်ရှင်တည်ရှိတဲ့နေရာဟာ စာအုပ်လေးထဲမှာဖြစ်တယ်။ စာရေးသူတစ်ယောက်ရေးသားထားပေမဲ့ အသက်ကြီးမလာတဲ့နေရာတစ်ခု။ ၁၂၁၅ ကရှိခဲ့တဲ့စာအုပ်ဖြစ်ပြီး လီယောလ်ကအသက်ဆက်မကြီးလာတော့တာ မင်းကြီးဖြစ်ပြီးတဲ့အချိန်ထဲကပဲ။ လီယောလ်အသက်ကြီးမှုရပ်တန့်တဲ့အချိန်မှာ ကျန်ရှိတဲ့လူအားလုံးက အသက်ရပ်ကုန်ကြတယ်။
မှော်ပညာနဲ့တွဲလို့အထက်လမ်းပညာကျင့်စဉ်ကို
လီယောလ်ကအသက်၁၂နှစ်အရွယ်မှာကျင့်ခဲ့တယ်။
သူရှာဖွေတွေ့ရှိခဲ့တဲ့အသက်ရပ်နေတဲ့ အကြောင်းတရားက သူတို့ဟာလူတစ်ယောက်ဖန်တီးထားတဲ့ကမ္ဘာထဲမှာ အသက်ရှင်နေထိုင်ရတယ်ဆိုတာပါပဲ။ဖန်တီးထားတဲ့ကမ္ဘာကိုပြောင်းလဲခဲ့ရင် ဒဏ်သင့်တယ်ဆိုတာလဲ သူသိခဲ့ရတယ်။
အသက်၂၃နှစ်အရွယ်မှာ လီယောလ်က ဘတ်ဟျွန်းနဲ့ချစ်မိခဲ့တယ်။ ယောက်ျားလေးအချင်ချင်း ချစ်မိခဲ့တာဟာ စာရေးသူဖန်တီးခဲ့တဲ့ကံကြမ္မာကြောင့်ဖြစ်ခဲ့တယ်။ အနာဂတ်ကိုကြိုမမြင်နိုင်သေးတဲ့ လီယောလ်ဟာ ကြင်ယာတော်လေးတစ်ခုခုဖြစ်မှာ သတိရတိုင်းစိုးရိမ်နေခဲ့တယ်။
"ဘုရားကျောင်းသွားချင်လို့ ယောလ်"
"ကိုယ်တော်မအားဘူးဗြောင် တစ်ယောက်ထဲစိတ်မချဘူး"
"အဲ့တာဆိုညကျရင် လာမအိပ်နဲ့"
စိတ်ဆိုးပြီးတစ်ဖက်ကိုလှည့်သွားတဲ့ကြင်ယာတော်လေးက မသိမသာနှုတ်ခမ်းပိစိလေးချွန်ထွက်နေတာမလို့ လီယောလ်က အသံမထွက်အောင် အောက်နှုတ်ခမ်းကို ဖိကိုက်လို့ကြိတ်ရယ်တယ်
"ကိုယ်တော်လာမအိပ်ရရင် ဗြောင်ကိုဖမ်းခေါ်ပြီး
ကိုယ်တော်နဲ့လာအိပ်ခိုင်းမှာပေါ့"
"သွားချင်လို့ဟာကို ချန်းယောလ်ကမချစ်တော့ဘူးထင်တယ်"
နာမည်အရင်းတွေပါတပ်ခေါ်လာတာကြောင့်
မျက်ခုံးတွေပင့်သွားရသည်။ စိတ်ဆိုးရင်အနားအကပ်မခံတဲ့ ဗြောင်ကြောင့် ညစာမငတ်ဖို့အရေးသွားခွင့်ပြုလိုက်ရသည်
"စိတ်ချမယ်နော်ဗြောင်လေး ကိုယ်တော့်ကိုပေးနမ်းပါဦး"
နှုတ်ခမ်းထောင့်ကမှဲ့လေးနေရာကိုအသာဖိနမ်းရင်း
ချန်းယောလ်ကပြုံးလာသည်။ချန်းယောလ်ရဲ့ပါးချိုင့်လေးကိုလက်ညိုးလေးနဲ့ထိူးရင်း
"သွားပြီနော် ပါးချိုင့်လေးကကောင်းကောင်းနေခဲ့"
ထိုအနမ်းကနောင်နှစ်တစ်ရာအတွင်းမရနိုင်တော့တဲ့
နှုတ်ဆက်အနမ်းသာဖြစ်သည်။
___
Note : ဒါလေးကနောက်ကြောင်းပြန်တာပါ အရင်အပိုင်းတွေမှာ spoilသေးသေးလေးတွေပါပါတယ်။ ဒါကချန်းယောလ်ကဘတ်ဟျွန်းရဲ့အချစ်ကိုနှစ်ကြိမ်မြောက်
ရယူခြင်းပါ။ စာရေးတာရှုပ်သွားပြီးနားမလည်ရင်စာရေးသူညံ့ဖျင်းမှုပါ