[Unicode]
ဒီနေ့ ထယ်ယောင်း ရော ကိုယ်ပါ အိမ်မှာရှိနေတဲ့နေ့ ။
Duty off ထားသလို ရုံးပိတ်ထားတော့ နှစ်ယောက်စလုံး
နားရက်ရနေကြသည် ။ ပုံမှန်ချိန်ပဲနိုးနေတဲ့ဂျောင်ဂု
သူ့ရုံးခန်းထဲကကုတင်မှာအိပ်ရာက အခန်းပြင်ထွက်လာတော့
အရှေ့ကလျှောက်လမ်းမှာ အိပ်ပျော်နေတဲ့ ထယ်ယောင်း
ကိုတွေ့သည် ။ အောက်ကအခင်းခင်းထားပေမယ့်
စောင်ကိုဆွဲတင်ထားတော့ အေးစိမ့်နေပုံ ။ ဖက်ထုပ်လုံးလို
မျက်နှာလေးက ရဲတွတ်ပြီးဒီအချိန် သူ့မျက်နှာလေးက
ကလေးငယ်တစ်ယောက်လို ချစ်ဖို့ကောင်းလွန်းတယ် ။
" ဘာလဲ နေ့တိုင်းသူဒီမှာအိပ်ခဲ့တာလား "
မွေ့ယာပေါ်မှာအိပ်ရတဲ့သူတောင် တစ်ခါတစ်လေ
ကိုယ်လက်ကိုက်ခဲချင်တာ သူကရော အိပ်ရတာ အဆင်ပြေပါ့မလား ။ ပထမဆုံးနေ့ ရေနဲ့ပတ်နှိုးမိခဲ့တာ
ခေါင်းထဲပြန်ပေါ်လာတော့ ချက်ချင်းခေါင်းခါကာ
အတွေးတွေပြန်ထုတ်ပစ်ရသည် ။
" ထယ်ယောင်း ကင်မ်ထယ်ယောင်း ထတော့ "
သူ့မျက်လုံးအစုံကို ချက်ချင်းမဖွင့်နိုင်သေး ။ ခပ်မှေးမှေး
ကြည့်ကာမှ ရှေ့ကသူ့ကိုနှိုးနေတဲ့ ဂျွန့် ကိုမြင်သည် ။
ထိုအချိန်ကျမှသာ ရုံးပိတ်ရက်ဖြစ်ပြီး အေးဆေးအိပ်မိတာ
နောက်ကျသွားမှန်းသိ၍ ကုန်းရုန်းထရသည် ။ သူ့ထက်
စောနိုးနေတဲ့ဂျွန်က ကိုယ့်ကိုအိပ်ပုတ်ကြီးတယ်ဆိုပြီး
ရွှေစိတ်တော်ကောက်နေပါဦးမယ်လေ ။
တစ်စုံတစ်ယောက်ရဲ့ အလှစစ်က အိပ်ယာနိုးကာစ
အချိန်မှာပေါ်တယ်ဆိုတဲ့ စကား ။ အိပ်ရေးဝနေတဲ့
မျက်ဝန်းတို့ရယ် ပါးမို့မို့ကနီရဲရဲ ။ မျက်နှာလေးက
ဖြူဖွေးပြီးကြည်လင်နေသလို ပါးစပ်လေးကအငြိမ်မနေ ။
စုပ်ဖွားဖွားဆံပင်တို့နဲ့အတူ ထယ်ယောင်း ရဲ့ပုံစံက
အိပ်ယာထကာစ ကြက်ပေါက်လေးတစ်ကောင်လို ။
ဂျောင်ဂု ရှေ့ကကောင်ငယ်လေးကို စိုက်ကြည့်ရင်း
ရယ်မောကာ အိမ်အောက်ထပ်ဆင်းသွားသည် ။ နောက်မှာ
ကျန်ရစ်နေခဲ့တဲ့ကောင်လေးကတော့ မျက်လုံးတို့ပြန်မှိတ်ကာ
ထိုင်လျက်အိပ်နေပုံရသည် ။ ဂျောင်ဂု သူ့ကိုကြည့်ပြီး
ရယ်သွားတာသာသိရင် ပျာယာတွေခတ်နေဦးမှာပါလေ ။
__________________________________
အိမ်အပေါ်ထပ်က ထယ်ယောင်း ကခုထိဆင်းမလာသေး ။
ထမင်းစား စားပွဲခုံဘေးကဖယ်ထွက်ကာ လှေကားဘက်ကို
ချောင်းကြည့်တော့ အရိပ်အယောက်တောင်မမြင်ရပါ ။
အိမ်အပြင်ဘက် ခြံဝန်းကျယ်ကျယ်ထဲထွက်ပြီး စိမ်းစိုစို
အပင်ငယ်တို့အား ရေလောင်းနေမိသည် ။ ထယ်ယောင်း
စိုက်ထားတဲ့ မက်မွန်ပင်လေးကလည်း ခုဆိုလူတစ်ရပ်နီးပါး ။
ကုမ္ပဏီအလုပ်ရယ် အိမ်အလုပ်ရယ်ကအစ ခြံဝန်းကိုပါ
စိမ်းစိုနေအောင် အရာရာနိုင်နင်းတဲ့ ထယ်ယောင်း ကို
သူပိုင်ဆိုင်ထားရသည် ။
ဒီနေ့မနက်မှ အချိန်တွေကုန်တာနှေးလွန်းနေသလိုပဲ ။
မနက်စာစားဖို့ရေရေရာရာ မရှိတဲ့အလုပ်တွေ ကောက်လုပ်
နေမိရင်း စောင့်နေပေမယ့် အမြဲမနက်စာပြင်ပေးတဲ့သူက
ခုချိန်ထိအောက်ရောက်မလာသေး ။ သူပြင်ပေးတဲ့
မနက်စာကိုမှစားချင်နေပြီး မျှော်လင့်နေတာ ဘာကြောင့်ရယ်
လဲတော့ ကိုယ်တိုင်လဲမသိပါ ။
" ဂျွန် မနက်စာစားရအောင် "
အိမ်ထဲကထွက်လာပြီးခေါ်တဲ့ကောင်လေးကိုမြင်မှ
ဖတ်လက်စ စာအုပ်ကိုချပြီး လိုက်လာခဲ့သည် ။ အညိုရောင်နုနု အကွက်လေးနဲ့ အင်္ကျီကိုဝတ်ထားတဲ့
သူကတစ်မျိုးတစ်ဖုံနူးညံ့သလို ။ အရောင်ရင့်ရင့်တို့ကိုသာ
ကြိုက်နှစ်သက်တဲ့ ကိုယ်နဲ့တော့ကွာပ ။ လွင့်မြောနေတဲ့
ပျော့ပျောင်းတဲ့ ဆံနွယ်တို့ကို သူ့လက်နဲ့ဆွဲဖွချင်မိသည် ။
တစ်ညတာအချိန်က ထယ်ယောင်း ရဲ့ဆံနွယ်တို့က
ရရှိခဲ့တဲ့ စတေယ်ဘယ်ရီနံ့ချိုအီအီကို မမေ့နိုင်သေးပါ ။
တကယ်တမ်းတော့ အဲ့ထယ်ယောင်းက ကလေးသာသာ ။
စားပွဲခုံပေါ်က မနက်စာဖွယ်ဖွယ်ရာရာ ။ နှစ်ယောက်သား
အလုပ်မအားတဲ့နေ့ဆိုရင်တောင် ထယ်ယောင်း က
ပေါင်မုန့်မီးကင်ရယ် ကော်ဖီတစ်ခွက်အမြဲဖျော်ပေးတာ
သူသတိထားမိပေမယ့် တစ်ခါမှမမြည်းစမ်းရသေးပါလေ ။
အရံဟင်းတွေများများချက်ထားပြီး နမ်ဂျွန်းဟျောင်း ကိုလည်းပေး အိမ်မှာလည်းလိုလေသေးမရှိ ။
ကိုယ့်ရှေ့က ကင်မ်ချီထမင်းကြော်က အငွေ့တလူလူ ။
အပေါ်ယံက အနှစ်မကျက်သေးတဲ့ ကြက်ဥကြော်တစ်လုံး ။
အနံ့နံ့တင်ဆွဲဆောင်နေပေမယ့် ရှေ့ကမျှော်လင့်ချက်နဲ့
ကြည့်နေတဲ့ သနားစဖွယ်ကောင်လေးကြောင့် ခပ်တည်တည်ပဲ
စားလိုက်မိသည် ။ ကောင်းတယ်ဟုလည်း ပြောမထွက်သလို
ရှေ့က ကောင်ငယ်လေးက သူကောင်းကောင်းစားတာနဲ့တင်
ပျော်နေပြီထင် ။
" ဂျွန် ကောင်းကောင်စားသားပဲ "
" ငါဗိုက်ဆာနေလို့ပါ "
_________________________________
ဆိုဖာရှည်ပေါ်မှာ ထိုင်ပြီးတီဗီကြည့်နေတဲ့ ထယ်ယောင်း ။
တစ်ဖတ်မှာလည်း လက်တန်းပေါ်ခေါင်းအုံးထားပေမယ့်
မျက်နှာရှုံ့မဲ့နေတဲ့ ဂျောင်ဂု ။ တခစ်ခစ်ရယ်မောနေတဲ့
ထယ်ယောင်း ကိုမျက်မှောင်ကြုတ်ကြည့်နေမိသည် ။
သူအဲ့ဇာတ်ကားကိုဘာလို့ကြည့်ပြီး အဲ့လောက်ရယ်နေရတာလဲ ။ တအားတွေ သဘောကျနေတာလား ။
" ထယ်ယောင်း တခြားလိုင်းပြောင်းလိုက် "
" ဟင် ဘာလို့လဲ ထယ် ကြည့်နေတာကို "
နှုတ်ခမ်းလေးချက်ချင်းထော်ပြီး သူလေးက ပြန်စိတ်ကောက်သွားပုံရသည် ။ လက်ထဲက ရီမုကို
ယူပြီး ပြောင်းစရာမရှိ ရုပ်သံလိုင်းတွေပြောင်းရာက
ဘောလုံးပွဲတစ်ပွဲပဲ ဖွင့်ထားလိုက်သည် ။
ထယ်ယောင်း ကိုပြန်ကြည့်မိတော့ ပြုံးစိစိ ။ အာ
အဲ့တစ်ယောက် သူဘာလို့ငါ့ကိုအမြဲပြုံးပြုံး ကြည့်နေတာလဲ ။
တစ်ဖတ်က ကောင်လေးတစ်ယောက်က သူ့ချစ်ရသူ
အလိုကျ စိတ်တိုင်းကျကိုပဲ စိတ်ဝင်စားတာမလို့ရယ်ပါ ။
ပြီးတော့ ဂျွန် စိတ်တိုနေရင် ပိုခန့်လို့တဲ့ ။
_________________________________
" ဟုတ်ကဲ့ လာခဲ့ပါ့မယ် စစ်စတာ "
ဖုန်းချရင်း ဖတ်လက်စစာအုပ်ကိုပြန်သိမ်းလိုက်သည် ။ ပါရဂူတန်းတက်မယ်လို့ရည်ရွယ်ထားတာမလို့ ပိုပြီး
စာလုပ်ရဦးမှာ ။ ဖုန်းဆက်လာတဲ့ စစ်စတာက ဆိုးလ်
မိဘမဲ့ဂေဟာက ။ ငယ်ငယ်က ကိုယ့်အတွက်အမေ
တစ်ယောက်လို ပြုစုပေးခဲ့တဲ့စစ်စတာက အခုကိုယ့်ကို
လွမ်းလို့ဖုန်းခေါ်ပါသတဲ့လေ ။ မရောက်တာလည်း
ကြာပြီဖြစ်တာမလို့ သွားဖို့ပြင်လိုက်သည် ။
လှေကားပေါ်တက်မယ်ပြင်တော့ ဆိုဖာပေါ်ထိုင်ရင်း
ငိုက်နေပြန်တဲ့ ထယ်ယောင်း ကိုတွေ့သည် ။ ဒီနေ့လည်း
နောက်ကျမှထတာကို ဘာကြောင့်အခုလောက်အိပ်နေလဲ
သူလည်းမသိပါ ။ ထိုင်ရင်းနဲ့ပါမရရအောင် အိပ်တတ်တော့
သူရယ်ချင်မိသည် ။
" ထယ်ယောင်း ငါသွားစရာရှိတယ် လိုက်ခဲ့မလား "
" ဟင် သွား မှာ ... ဘယ် ကို လဲ "
___________________________
" ကလေးတွေဘက်သွားဦးမယ် ဂျွန် "
ထယ်ယောင်း ကိုခေါ်လာမိတာ မှားပြီထင် ။ ကလေးတွေနဲ့
ပေါင်းပြီးဆော့နေတာ ပြုံးရယ်လွန်းလို့သူ့ကိုကြည့်ရင်း
ကိုယ်ပါ ပါးညောင်းလာရတဲ့အထိ ။ ကလေးခေါင်းဆောင်
ဖြစ်နေတဲ့ သူကခုထိကလေးစိတ်မပျောက်သေးဘူးလား ။
တကယ်တည်း ဝတ်တာစားတာကအစ တစ်ခါတစ်လေ
စကားပြောရင်ရော အပြုအမူကပါ ကလေးလိုပဲ ။
လက်တစ်ဖတ်တစ်ချပ်စီက ကလေးတစ်ယောက်ဆီဆွဲရင်း
ပြေးလွှားနေတဲ့ ထယ်ယောင်း ။ အလှူငွေလည်းများ
အဆင်ပြေပြေရှိလှတဲ့ ဂေဟာမှာ စစ်စတာတို့ကလည်း
သေချာစောင့်ရှောက်နိုင်တော့ ကလေးဦးရေတို့ကလည်း
များသည် ။ အရင်ကဆိုဒီလောက်အဆင်မပြေခဲ့ပေမယ့်
ထိုကလေးငယ်တွေထဲကတစ်ဦးက ကိုယ်တိုင်ဖြစ်ခဲ့သည်ပဲလေ ။
" အာ ... သား ဟိုတစ်ခါကပါလာတဲ့ မိန်းကလေးရော "
မ ကိုဆိုလိုသည်ထင် ။ တစ်ခါပဲလိုက်လာဖူးပေမယ့်
အနေရကျပ်နေသည့်မက ဒီရောက်တဲ့အခါ အဆင်မပြေပုံပဲ
ပြနေလို့ စစ်စတာတို့မှတ်မိနေသည်ထင်သည် ။
" သူကလား ဒီအတိုင်းပါပဲဗျာ သားနဲ့အဆက်အသွယ်
မလုပ်ဖြစ်တာတောင်ကြာပြီ "
ထိုအခါ စစ်စတာက ခေါင်းတငြိမ့်ငြိမ့် ။
" ဒီတစ်ခါသားခေါ်လာတဲ့ ကောင်လေးက
အေးချမ်းလိုက်တာကွယ် ကလေးတွေလည်း
ပျော်နေကြရှာတာ "
မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ ထိုင်ချပြီး ဆော့ကစားနေတဲ့ဖ
ထယ်ယောင်း ကိုသူနဲ့စစ်စတာ ခပ်လှမ်းလှမ်းကရပ်ပြီး
ပြုံးကြည့်မိသည် ။ နေရောင်ခြည်အောက်က ထယ်ယောင်း
ရဲ့အသားတွေကဝင်းလက်ပြီး ပြုံးနေတာ ချစ်စရာကောင်းတယ် ။
" ကင်မ်ထယ်ယောင်း မင်းကိုမင်းကလေးထင်နေလား
လာခဲ့တော့ ကလေးတွေလဲနေပူနေပြီ တကယ်ဘာမှမသိဘူး "
ဟော အဲ့လိုပြောပြန်တော့လည်း နှုတ်ခမ်းကစူပုတ်ပုတ် ။
လှုပ်စိ"နဲ့တစ်လှမ်းချင်းလျှောက်လာတာ ဝက်ဝံပေါက်
လမ်းလျှောက်လာတဲ့ အတိုင်းပဲ ။
______________________________
ညနေ နေဝင်ရီတရောအချိန် ။ ကျောင်းနောက်ဘက်ကနေ
နည်နည်းထွက်သွားလိုက်ရင် တောင်စောင်းတစ်ခု
ရှိသလို ကားလမ်းကျဉ်းလေးတစ်ခု ။ ငယ်ငယ်ကတည်းက
ခိုးထွက်ခဲ့ကျနေရာလေးဆိုတော့ ဂျောင်ဂု ကောင်းကောင်း
မှတ်မိသည် ။
သူတို့နှစ်ယောက် လမ်းလျှောက်နေမိကြသည် ။
ဘေးကတစ်ယောကိုလှည့်ကြည့်ပြီး ဆွယ်တာပါးပါးတစ်ထည်
ဝတ်ထားတယ်ဆိုကာမှစိတ်အေးမိ၏ ။ အအေးဓာတ်လေး
ကျန်သေးတာမို့ မဟုတ်ရင်သူကဖျားနေဦးမယ် ။ အဲ့ကျရင်
တကယ်အလုပ်ရှုပ်တယ် ။
" ဂျွန့် ငယ်ငယ်က နေခဲ့တဲ့ဒီနေရာရောက်တော့
ထယ် အရမ်းပျော်တာပဲသိလား "
" အင်း အိမ်ပဲ သူငယ်ချင်းတွေအများကြီးနဲ့
မိဘမဲ့ဆိုတာကြောင့်စိတ်မကောင်းပေမယ့် ဘဝတူသူငယ်ချင်းတွေနဲ့ပျော်ပြီး စစ်စတာတို့က
သေချာအုပ်ထိန်းပေးခဲ့လို့ "
" ဒါဆို ဂျွန့် မှာသူငယ်ချင်းတွေအများကြီးပေါ့ "
" မဟုတ်ပါဘူး ကြားထဲမှာမွေးစားခံလိုက်ရတဲ့သူတွေ
ပြန်လာရှာသွားတဲ့သူတွေနဲ့ သူ့အကြောင်းကိစ္စနဲ့
သူချည်းပဲ ကိုယ်ကတော့ဘာလို့မွေးစားမခံရမှန်းမသိဘူး "
" ဂျွန် ကဆိုးလို့နေမှာ "
အဆိုးလေးက သူ့ကိုဆိုးပါတယ်ပြောပြီး ပြေးထွက်သွားတယ် ။ သစ်ပင်ကပွင့်ဖတ်တွေကြွေကြနေတဲ့ လမ်းတစ်လျှောက်
သူပြေးသွားတဲ့ပုံကို လိုက်ကြည့်နေမိသည် ။ သူအခုတလော
ထယ်ယောင်းအပေါ် ဘယ်လိုဖြစ်နေမိတာလဲ ။ မကိုတောင်
သိပ်မတွေးဖြစ်ဘူးမလား ။
ခေါင်းခါ၍ အတွေးတို့ကိုရှင်းထုတ်ကာ ဘေးမှာလှည်းနဲ့
ငါးပေါင်မုန့်ရောင်းနေတဲ့ ဦးလေးကိုတွေ့သည် ။ အမြဲ
ကျောင်းကနေဂေဟာကို အသွားအပြန်လမ်း
ဆောင်းရာသီအချိန် ဦးလေးကြီးရဲ့ငါးပေါင်မုန့်ပူပူက
စားလို့ကောင်းခဲ့တာ ။ သူတို့စာမေးပွဲဖြေနေရတဲ့အချိန်
ရုတ်တရတ်ဆုံးပါးသွားတဲ့ ဦးလေးရဲ့သားဖြစ်သူက
လက်ဆင့်ကမ်းခံယူထားသည်ထင်ပါ့ ။
အညိုရောင်စက္ကူအိတ်ထဲက ငါးပေါင်မုန့်ကိုယူလာရင်း
လမ်းလျှောက်လာရာ ထိုင်ခုံတစ်ခုပေါ် ထိုင်စောင့်နေတဲ့
ထယ်ယောင်း ကိုတွေ့သည် ။
" ဂျွန် ထယ့် ဆီကိုမလိုက်လာတော့ဘူးထင်နေမှာ "
" အဲ့တာဆို မင်းလမ်းပျောက်နေမှာပေါ့ ... ရော့ !!! "
ထယ်ယောင်း ဂျွန် လှမ်းပေးတာလေးကြည့်တော့
သူ့အကြိုက် ငါးပေါင်မုန့် ။ လက်လှမ်းယူပြီး တစ်ကိုက်ကိုက်တော့ ကြွပ်ရွနေတဲ့ ဝေဖာသားအပြင်
ပဲနီလေးရဲ့အရသာက ပါးစပ်ထဲစိမ့်ဝင်လာသည် ။
ထို့ပြင် မျက်ရည်တို့က ဝဲတက်လာတော့ ဘေးကထိုင်နေတဲ့
ဂျွန် မမြင်အောင်တစ်ဖတ်ကို လှည့်လိုက်သည် ။
" ကောင်းတယ်မလား "
အရသာလည်းမပြောင်းတာကြောင့် ကောင်းမှာ သူအာမခံပါသည် ။ ဦးလေးကြီးလိုသဘောကောင်းတဲ့
သားဖြစ်သူက အပိုတောင်ထည့်ပေးလိုက်သေးတယ်လေ ။
ဒါပေမယ့် ပြန်မဖြေပဲ တစ်ဖတ်ကိုမျက်နှာလှည့်နေတဲ့ ကောင်လေးကြောင့် ရှေ့သွားရပ်လိုက်သည် ။ ထင်တဲ့အတိုင်း
တသိမ့်သိမ့် တုန်ရီနေပါသော ကိုယ်ငယ်လေး ။ မျက်ရည်လည်း လွယ်တတ်ပါရောလား ။
" ထယ်ယောင်း ငိုနေတာလား ဘာဖြစ်ရပြန်ပြီလဲ "
ထိုအခါမှ မျက်နှာမော့လာတဲ့ ကောင်လေးရဲ့ ပါးပြင်နဲ့
နှာခေါင်းလုံးလုံးတို့က နီရဲနေသည် ။ ပါးစပ်ထဲက
ဖောင်းကားပြီး ဝါးနေတာကို အရင်မျိုချ၏ ။
" ဟင့် ဂျွန် က ထယ့်ကိုပထမဆုံး ဝယ်ကျွေးတာလေးမလား "
သက်ပြင်းမောတစ်ချက်ချကာ တအီအီရှိုက်နေတဲ့
ကောင်လေးကို တစ်ရှုးကမ်းပေးလိုက်သည် ။ မင်း
ဒီလောက်ဖြစ်နေတာဆိုရင် ငါ့ကိုတကယ်ပဲချစ်နေသလား
ထယ်ယောင်း ။ ဒီကြားထဲ လုပ်ခဲ့မိတဲ့လုပ်ရက်တွေ
အတွက်လည်း တောင်းပန်ပါတယ် ။
တုန်ရီနေတဲ့ သူ့ခန္ဓာကိုယ်ငယ်ငယ်ကို မကြည့်ရက်နိုင် ။
ဒီရက်ပိုင်း သူပဲအသဲနုလာသေသလား ။ ထယ်ယောင်း
ရဲ့ခေါင်းလုံးလုံးကို ရင်ခွင်ထဲထည့်ပြီးတော့သာ
ပွတ်သပ်နေမိသည် ။
" ငါးပေါင်မုန့်ဝယ်ကျွေးတာကို ငိုရအောင် မင်းက
ကလေးလား ... အင်းလေ တကယ်လည်း ကလေးပဲကို "
__________________________________TBC
[Zawgyi]
ဒီေန႔ ထယ္ေယာင္း ေရာ ကိုယ္ပါ အိမ္မွာ႐ွိေနတဲ့ေန႔ ။
Duty off ထားသလို ႐ုံးပိတ္ထားေတာ့ ႏွစ္ေယာက္စလုံး
နားရက္ရေနၾကသည္ ။ ပုံမွန္ခ်ိန္ပဲႏိုးေနတဲ့ေဂ်ာင္ဂု
သူ႕႐ုံးခန္းထဲကကုတင္မွာအိပ္ရာက အခန္းျပင္ထြက္လာေတာ့
အေ႐ွ႕ကေလွ်ာက္လမ္းမွာ အိပ္ေပ်ာ္ေနတဲ့ ထယ္ေယာင္း
ကိုေတြ႕သည္ ။ ေအာက္ကအခင္းခင္းထားေပမယ့္
ေစာင္ကိုဆြဲတင္ထားေတာ့ ေအးစိမ့္ေနပုံ ။ ဖက္ထုပ္လုံးလို
မ်က္ႏွာေလးက ရဲတြတ္ၿပီးဒီအခ်ိန္ သူ႕မ်က္ႏွာေလးက
ကေလးငယ္တစ္ေယာက္လို ခ်စ္ဖို႔ေကာင္းလြန္းတယ္ ။
" ဘာလဲ ေန႔တိုင္းသူဒီမွာအိပ္ခဲ့တာလား "
ေမြ႕ယာေပၚမွာအိပ္ရတဲ့သူေတာင္ တစ္ခါတစ္ေလ
ကိုယ္လက္ကိုက္ခဲခ်င္တာ သူကေရာ အိပ္ရတာ အဆင္ေျပပါ့မလား ။ ပထမဆုံးေန႔ ေရနဲ႔ပတ္ႏိႈးမိခဲ့တာ
ေခါင္းထဲျပန္ေပၚလာေတာ့ ခ်က္ခ်င္းေခါင္းခါကာ
အေတြးေတြျပန္ထုတ္ပစ္ရသည္ ။
" ထယ္ေယာင္း ကင္မ္ထယ္ေယာင္း ထေတာ့ "
သူ႕မ်က္လုံးအစုံကို ခ်က္ခ်င္းမဖြင့္ႏိုင္ေသး ။ ခပ္ေမွးေမွး
ၾကည့္ကာမွ ေ႐ွ႕ကသူ႕ကိုႏိႈးေနတဲ့ ဂြၽန္႔ ကိုျမင္သည္ ။
ထိုအခ်ိန္က်မွသာ ႐ုံးပိတ္ရက္ျဖစ္ၿပီး ေအးေဆးအိပ္မိတာ
ေနာက္က်သြားမွန္းသိ၍ ကုန္း႐ုန္းထရသည္ ။ သူ႕ထက္
ေစာႏိုးေနတဲ့ဂြၽန္က ကိုယ့္ကိုအိပ္ပုတ္ႀကီးတယ္ဆိုၿပီး
ေ႐ႊစိတ္ေတာ္ေကာက္ေနပါဦးမယ္ေလ ။
တစ္စုံတစ္ေယာက္ရဲ႕ အလွစစ္က အိပ္ယာႏိုးကာစ
အခ်ိန္မွာေပၚတယ္ဆိုတဲ့ စကား ။ အိပ္ေရးဝေနတဲ့
မ်က္ဝန္းတို႔ရယ္ ပါးမို႔မို႔ကနီရဲရဲ ။ မ်က္ႏွာေလးက
ျဖဴေဖြးၿပီးၾကည္လင္ေနသလို ပါးစပ္ေလးကအၿငိမ္မေန ။
စုပ္ဖြားဖြားဆံပင္တို႔နဲ႔အတူ ထယ္ေယာင္း ရဲ႕ပုံစံက
အိပ္ယာထကာစ ၾကက္ေပါက္ေလးတစ္ေကာင္လို ။
ေဂ်ာင္ဂု ေ႐ွ႕ကေကာင္ငယ္ေလးကို စိုက္ၾကည့္ရင္း
ရယ္ေမာကာ အိမ္ေအာက္ထပ္ဆင္းသြားသည္ ။ ေနာက္မွာ
က်န္ရစ္ေနခဲ့တဲ့ေကာင္ေလးကေတာ့ မ်က္လုံးတို႔ျပန္မွိတ္ကာ
ထိုင္လ်က္အိပ္ေနပုံရသည္ ။ ေဂ်ာင္ဂု သူ႕ကိုၾကည့္ၿပီး
ရယ္သြားတာသာသိရင္ ပ်ာယာေတြခတ္ေနဦးမွာပါေလ ။
__________________________________
အိမ္အေပၚထပ္က ထယ္ေယာင္း ကခုထိဆင္းမလာေသး ။
ထမင္းစား စားပြဲခုံေဘးကဖယ္ထြက္ကာ ေလွကားဘက္ကို
ေခ်ာင္းၾကည့္ေတာ့ အရိပ္အေယာက္ေတာင္မျမင္ရပါ ။
အိမ္အျပင္ဘက္ ျခံဝန္းက်ယ္က်ယ္ထဲထြက္ၿပီး စိမ္းစိုစို
အပင္ငယ္တို႔အား ေရေလာင္းေနမိသည္ ။ ထယ္ေယာင္း
စိုက္ထားတဲ့ မက္မြန္ပင္ေလးကလည္း ခုဆိုလူတစ္ရပ္နီးပါး ။
ကုမၸဏီအလုပ္ရယ္ အိမ္အလုပ္ရယ္ကအစ ျခံဝန္းကိုပါ
စိမ္းစိုေနေအာင္ အရာရာႏိုင္နင္းတဲ့ ထယ္ေယာင္း ကို
သူပိုင္ဆိုင္ထားရသည္ ။
ဒီေန႔မနက္မွ အခ်ိန္ေတြကုန္တာေႏွးလြန္းေနသလိုပဲ ။
မနက္စာစားဖို႔ေရေရရာရာ မ႐ွိတဲ့အလုပ္ေတြ ေကာက္လုပ္
ေနမိရင္း ေစာင့္ေနေပမယ့္ အၿမဲမနက္စာျပင္ေပးတဲ့သူက
ခုခ်ိန္ထိေအာက္ေရာက္မလာေသး ။ သူျပင္ေပးတဲ့
မနက္စာကိုမွစားခ်င္ေနၿပီး ေမွ်ာ္လင့္ေနတာ ဘာေၾကာင့္ရယ္
လဲေတာ့ ကိုယ္တိုင္လဲမသိပါ ။
" ဂြၽန္ မနက္စာစားရေအာင္ "
အိမ္ထဲကထြက္လာၿပီးေခၚတဲ့ေကာင္ေလးကိုျမင္မွ
ဖတ္လက္စ စာအုပ္ကိုခ်ၿပီး လိုက္လာခဲ့သည္ ။ အညိဳေရာင္ႏုႏု အကြက္ေလးနဲ႔ အက်ႌကိုဝတ္ထားတဲ့
သူကတစ္မ်ိဳးတစ္ဖုံႏူးညံ့သလို ။ အေရာင္ရင့္ရင့္တို႔ကိုသာ
ႀကိဳက္ႏွစ္သက္တဲ့ ကိုယ္နဲ႔ေတာ့ကြာပ ။ လြင့္ေျမာေနတဲ့
ေပ်ာ့ေပ်ာင္းတဲ့ ဆံႏြယ္တို႔ကို သူ႕လက္နဲ႔ဆြဲဖြခ်င္မိသည္ ။
တစ္ညတာအခ်ိန္က ထယ္ေယာင္း ရဲ႕ဆံႏြယ္တို႔က
ရ႐ွိခဲ့တဲ့ စေတယ္ဘယ္ရီနံ႔ခ်ိဳအီအီကို မေမ့ႏိုင္ေသးပါ ။
တကယ္တမ္းေတာ့ အဲ့ထယ္ေယာင္းက ကေလးသာသာ ။
စားပြဲခုံေပၚက မနက္စာဖြယ္ဖြယ္ရာရာ ။ ႏွစ္ေယာက္သား
အလုပ္မအားတဲ့ေန႔ဆိုရင္ေတာင္ ထယ္ေယာင္း က
ေပါင္မုန္႔မီးကင္ရယ္ ေကာ္ဖီတစ္ခြက္အၿမဲေဖ်ာ္ေပးတာ
သူသတိထားမိေပမယ့္ တစ္ခါမွမျမည္းစမ္းရေသးပါေလ ။
အရံဟင္းေတြမ်ားမ်ားခ်က္ထားၿပီး နမ္ဂြၽန္းေဟ်ာင္း ကိုလည္းေပး အိမ္မွာလည္းလိုေလေသးမ႐ွိ ။
ကိုယ့္ေ႐ွ႕က ကင္မ္ခ်ီထမင္းေၾကာ္က အေငြ႕တလူလူ ။
အေပၚယံက အႏွစ္မက်က္ေသးတဲ့ ၾကက္ဥေၾကာ္တစ္လုံး ။
အနံ႔နံ႔တင္ဆြဲေဆာင္ေနေပမယ့္ ေ႐ွ႕ကေမွ်ာ္လင့္ခ်က္နဲ႔
ၾကည့္ေနတဲ့ သနားစဖြယ္ေကာင္ေလးေၾကာင့္ ခပ္တည္တည္ပဲ
စားလိုက္မိသည္ ။ ေကာင္းတယ္ဟုလည္း ေျပာမထြက္သလို
ေ႐ွ႕က ေကာင္ငယ္ေလးက သူေကာင္းေကာင္းစားတာနဲ႔တင္
ေပ်ာ္ေနၿပီထင္ ။
" ဂြၽန္ ေကာင္းေကာင္စားသားပဲ "
" ငါဗိုက္ဆာေနလို႔ပါ "
_________________________________
ဆိုဖာ႐ွည္ေပၚမွာ ထိုင္ၿပီးတီဗီၾကည့္ေနတဲ့ ထယ္ေယာင္း ။
တစ္ဖတ္မွာလည္း လက္တန္းေပၚေခါင္းအုံးထားေပမယ့္
မ်က္ႏွာ႐ႈံ႕မဲ့ေနတဲ့ ေဂ်ာင္ဂု ။ တခစ္ခစ္ရယ္ေမာေနတဲ့
ထယ္ေယာင္း ကိုမ်က္ေမွာင္ၾကဳတ္ၾကည့္ေနမိသည္ ။
သူအဲ့ဇာတ္ကားကိုဘာလို႔ၾကည့္ၿပီး အဲ့ေလာက္ရယ္ေနရတာလဲ ။ တအားေတြ သေဘာက်ေနတာလား ။
" ထယ္ေယာင္း တျခားလိုင္းေျပာင္းလိုက္ "
" ဟင္ ဘာလို႔လဲ ထယ္ ၾကည့္ေနတာကို "
ႏႈတ္ခမ္းေလးခ်က္ခ်င္းေထာ္ၿပီး သူေလးက ျပန္စိတ္ေကာက္သြားပုံရသည္ ။ လက္ထဲက ရီမုကို
ယူၿပီး ေျပာင္းစရာမ႐ွိ ႐ုပ္သံလိုင္းေတြေျပာင္းရာက
ေဘာလုံးပြဲတစ္ပြဲပဲ ဖြင့္ထားလိုက္သည္ ။
ထယ္ေယာင္း ကိုျပန္ၾကည့္မိေတာ့ ျပဳံးစိစိ ။ အာ
အဲ့တစ္ေယာက္ သူဘာလို႔ငါ့ကိုအၿမဲျပဳံးျပဳံး ၾကည့္ေနတာလဲ ။
တစ္ဖတ္က ေကာင္ေလးတစ္ေယာက္က သူ႕ခ်စ္ရသူ
အလိုက် စိတ္တိုင္းက်ကိုပဲ စိတ္ဝင္စားတာမလို႔ရယ္ပါ ။
ၿပီးေတာ့ ဂြၽန္ စိတ္တိုေနရင္ ပိုခန္႔လို႔တဲ့ ။
_________________________________
" ဟုတ္ကဲ့ လာခဲ့ပါ့မယ္ စစ္စတာ "
ဖုန္းခ်ရင္း ဖတ္လက္စစာအုပ္ကိုျပန္သိမ္းလိုက္သည္ ။ ပါရဂူတန္းတက္မယ္လို႔ရည္႐ြယ္ထားတာမလို႔ ပိုၿပီး
စာလုပ္ရဦးမွာ ။ ဖုန္းဆက္လာတဲ့ စစ္စတာက ဆိုးလ္
မိဘမဲ့ေဂဟာက ။ ငယ္ငယ္က ကိုယ့္အတြက္အေမ
တစ္ေယာက္လို ျပဳစုေပးခဲ့တဲ့စစ္စတာက အခုကိုယ့္ကို
လြမ္းလို႔ဖုန္းေခၚပါသတဲ့ေလ ။ မေရာက္တာလည္း
ၾကာၿပီျဖစ္တာမလို႔ သြားဖို႔ျပင္လိုက္သည္ ။
ေလွကားေပၚတက္မယ္ျပင္ေတာ့ ဆိုဖာေပၚထိုင္ရင္း
ငိုက္ေနျပန္တဲ့ ထယ္ေယာင္း ကိုေတြ႕သည္ ။ ဒီေန႔လည္း
ေနာက္က်မွထတာကို ဘာေၾကာင့္အခုေလာက္အိပ္ေနလဲ
သူလည္းမသိပါ ။ ထိုင္ရင္းနဲ႔ပါမရရေအာင္ အိပ္တတ္ေတာ့
သူရယ္ခ်င္မိသည္ ။
" ထယ္ေယာင္း ငါသြားစရာ႐ွိတယ္ လိုက္ခဲ့မလား "
" ဟင္ သြား မွာ ... ဘယ္ ကို လဲ "
___________________________
" ကေလးေတြဘက္သြားဦးမယ္ ဂြၽန္ "
ထယ္ေယာင္း ကိုေခၚလာမိတာ မွားၿပီထင္ ။ ကေလးေတြနဲ႔
ေပါင္းၿပီးေဆာ့ေနတာ ျပဳံးရယ္လြန္းလို႔သူ႕ကိုၾကည့္ရင္း
ကိုယ္ပါ ပါးေညာင္းလာရတဲ့အထိ ။ ကေလးေခါင္းေဆာင္
ျဖစ္ေနတဲ့ သူကခုထိကေလးစိတ္မေပ်ာက္ေသးဘူးလား ။
တကယ္တည္း ဝတ္တာစားတာကအစ တစ္ခါတစ္ေလ
စကားေျပာရင္ေရာ အျပဳအမူကပါ ကေလးလိုပဲ ။
လက္တစ္ဖတ္တစ္ခ်ပ္စီက ကေလးတစ္ေယာက္ဆီဆြဲရင္း
ေျပးလႊားေနတဲ့ ထယ္ေယာင္း ။ အလႉေငြလည္းမ်ား
အဆင္ေျပေျပ႐ွိလွတဲ့ ေဂဟာမွာ စစ္စတာတို႔ကလည္း
ေသခ်ာေစာင့္ေ႐ွာက္ႏိုင္ေတာ့ ကေလးဦးေရတို႔ကလည္း
မ်ားသည္ ။ အရင္ကဆိုဒီေလာက္အဆင္မေျပခဲ့ေပမယ့္
ထိုကေလးငယ္ေတြထဲကတစ္ဦးက ကိုယ္တိုင္ျဖစ္ခဲ့သည္ပဲေလ ။
" အာ ... သား ဟိုတစ္ခါကပါလာတဲ့ မိန္းကေလးေရာ "
မ ကိုဆိုလိုသည္ထင္ ။ တစ္ခါပဲလိုက္လာဖူးေပမယ့္
အေနရက်ပ္ေနသည့္မက ဒီေရာက္တဲ့အခါ အဆင္မေျပပုံပဲ
ျပေနလို႔ စစ္စတာတို႔မွတ္မိေနသည္ထင္သည္ ။
" သူကလား ဒီအတိုင္းပါပဲဗ်ာ သားနဲ႔အဆက္အသြယ္
မလုပ္ျဖစ္တာေတာင္ၾကာၿပီ "
ထိုအခါ စစ္စတာက ေခါင္းတၿငိမ့္ၿငိမ့္ ။
" ဒီတစ္ခါသားေခၚလာတဲ့ ေကာင္ေလးက
ေအးခ်မ္းလိုက္တာကြယ္ ကေလးေတြလည္း
ေပ်ာ္ေနၾက႐ွာတာ "
ျမက္ခင္းျပင္စိမ္းစိမ္းေပၚမွာ ထိုင္ခ်ၿပီး ေဆာ့ကစားေနတဲ့ဖ
ထယ္ေယာင္း ကိုသူနဲ႔စစ္စတာ ခပ္လွမ္းလွမ္းကရပ္ၿပီး
ျပဳံးၾကည့္မိသည္ ။ ေနေရာင္ျခည္ေအာက္က ထယ္ေယာင္း
ရဲ႕အသားေတြကဝင္းလက္ၿပီး ျပဳံးေနတာ ခ်စ္စရာေကာင္းတယ္ ။
" ကင္မ္ထယ္ေယာင္း မင္းကိုမင္းကေလးထင္ေနလား
လာခဲ့ေတာ့ ကေလးေတြလဲေနပူေနၿပီ တကယ္ဘာမွမသိဘူး "
ေဟာ အဲ့လိုေျပာျပန္ေတာ့လည္း ႏႈတ္ခမ္းကစူပုတ္ပုတ္ ။
လႈပ္စိ"နဲ႔တစ္လွမ္းခ်င္းေလွ်ာက္လာတာ ဝက္ဝံေပါက္
လမ္းေလွ်ာက္လာတဲ့ အတိုင္းပဲ ။
______________________________
ညေန ေနဝင္ရီတေရာအခ်ိန္ ။ ေက်ာင္းေနာက္ဘက္ကေန
နည္နည္းထြက္သြားလိုက္ရင္ ေတာင္ေစာင္းတစ္ခု
႐ွိသလို ကားလမ္းက်ဥ္းေလးတစ္ခု ။ ငယ္ငယ္ကတည္းက
ခိုးထြက္ခဲ့က်ေနရာေလးဆိုေတာ့ ေဂ်ာင္ဂု ေကာင္းေကာင္း
မွတ္မိသည္ ။
သူတို႔ႏွစ္ေယာက္ လမ္းေလွ်ာက္ေနမိၾကသည္ ။
ေဘးကတစ္ေယာကိုလွည့္ၾကည့္ၿပီး ဆြယ္တာပါးပါးတစ္ထည္
ဝတ္ထားတယ္ဆိုကာမွစိတ္ေအးမိ၏ ။ အေအးဓာတ္ေလး
က်န္ေသးတာမို႔ မဟုတ္ရင္သူကဖ်ားေနဦးမယ္ ။ အဲ့က်ရင္
တကယ္အလုပ္႐ႈပ္တယ္ ။
" ဂြၽန္႔ ငယ္ငယ္က ေနခဲ့တဲ့ဒီေနရာေရာက္ေတာ့
ထယ္ အရမ္းေပ်ာ္တာပဲသိလား "
" အင္း အိမ္ပဲ သူငယ္ခ်င္းေတြအမ်ားႀကီးနဲ႔
မိဘမဲ့ဆိုတာေၾကာင့္စိတ္မေကာင္းေပမယ့္ ဘဝတူသူငယ္ခ်င္းေတြနဲ႔ေပ်ာ္ၿပီး စစ္စတာတို႔က
ေသခ်ာအုပ္ထိန္းေပးခဲ့လို႔ "
" ဒါဆို ဂြၽန္႔ မွာသူငယ္ခ်င္းေတြအမ်ားႀကီးေပါ့ "
" မဟုတ္ပါဘူး ၾကားထဲမွာေမြးစားခံလိုက္ရတဲ့သူေတြ
ျပန္လာ႐ွာသြားတဲ့သူေတြနဲ႔ သူ႕အေၾကာင္းကိစၥနဲ႔
သူခ်ည္းပဲ ကိုယ္ကေတာ့ဘာလို႔ေမြးစားမခံရမွန္းမသိဘူး "
" ဂြၽန္ ကဆိုးလို႔ေနမွာ "
အဆိုးေလးက သူ႕ကိုဆိုးပါတယ္ေျပာၿပီး ေျပးထြက္သြားတယ္ ။ သစ္ပင္ကပြင့္ဖတ္ေတြေႂကြၾကေနတဲ့ လမ္းတစ္ေလွ်ာက္
သူေျပးသြားတဲ့ပုံကို လိုက္ၾကည့္ေနမိသည္ ။ သူအခုတေလာ
ထယ္ေယာင္းအေပၚ ဘယ္လိုျဖစ္ေနမိတာလဲ ။ မကိုေတာင္
သိပ္မေတြးျဖစ္ဘူးမလား ။
ေခါင္းခါ၍ အေတြးတို႔ကို႐ွင္းထုတ္ကာ ေဘးမွာလွည္းနဲ႔
ငါးေပါင္မုန္႔ေရာင္းေနတဲ့ ဦးေလးကိုေတြ႕သည္ ။ အၿမဲ
ေက်ာင္းကေနေဂဟာကို အသြားအျပန္လမ္း
ေဆာင္းရာသီအခ်ိန္ ဦးေလးႀကီးရဲ႕ငါးေပါင္မုန္႔ပူပူက
စားလို႔ေကာင္းခဲ့တာ ။ သူတို႔စာေမးပြဲေျဖေနရတဲ့အခ်ိန္
႐ုတ္တရတ္ဆုံးပါးသြားတဲ့ ဦးေလးရဲ႕သားျဖစ္သူက
လက္ဆင့္ကမ္းခံယူထားသည္ထင္ပါ့ ။
အညိဳေရာင္စကၠဴအိတ္ထဲက ငါးေပါင္မုန္႔ကိုယူလာရင္း
လမ္းေလွ်ာက္လာရာ ထိုင္ခုံတစ္ခုေပၚ ထိုင္ေစာင့္ေနတဲ့
ထယ္ေယာင္း ကိုေတြ႕သည္ ။
" ဂြၽန္ ထယ့္ ဆီကိုမလိုက္လာေတာ့ဘူးထင္ေနမွာ "
" အဲ့တာဆို မင္းလမ္းေပ်ာက္ေနမွာေပါ့ ... ေရာ့ !!! "
ထယ္ေယာင္း ဂြၽန္ လွမ္းေပးတာေလးၾကည့္ေတာ့
သူ႕အႀကိဳက္ ငါးေပါင္မုန္႔ ။ လက္လွမ္းယူၿပီး တစ္ကိုက္ကိုက္ေတာ့ ႂကြပ္႐ြေနတဲ့ ေဝဖာသားအျပင္
ပဲနီေလးရဲ႕အရသာက ပါးစပ္ထဲစိမ့္ဝင္လာသည္ ။
ထို႔ျပင္ မ်က္ရည္တို႔က ဝဲတက္လာေတာ့ ေဘးကထိုင္ေနတဲ့
ဂြၽန္ မျမင္ေအာင္တစ္ဖတ္ကို လွည့္လိုက္သည္ ။
" ေကာင္းတယ္မလား "
အရသာလည္းမေျပာင္းတာေၾကာင့္ ေကာင္းမွာ သူအာမခံပါသည္ ။ ဦးေလးႀကီးလိုသေဘာေကာင္းတဲ့
သားျဖစ္သူက အပိုေတာင္ထည့္ေပးလိုက္ေသးတယ္ေလ ။
ဒါေပမယ့္ ျပန္မေျဖပဲ တစ္ဖတ္ကိုမ်က္ႏွာလွည့္ေနတဲ့ ေကာင္ေလးေၾကာင့္ ေ႐ွ႕သြားရပ္လိုက္သည္ ။ ထင္တဲ့အတိုင္း
တသိမ့္သိမ့္ တုန္ရီေနပါေသာ ကိုယ္ငယ္ေလး ။ မ်က္ရည္လည္း လြယ္တတ္ပါေရာလား ။
" ထယ္ေယာင္း ငိုေနတာလား ဘာျဖစ္ရျပန္ၿပီလဲ "
ထိုအခါမွ မ်က္ႏွာေမာ့လာတဲ့ ေကာင္ေလးရဲ႕ ပါးျပင္နဲ႔
ႏွာေခါင္းလုံးလုံးတို႔က နီရဲေနသည္ ။ ပါးစပ္ထဲက
ေဖာင္းကားၿပီး ဝါးေနတာကို အရင္မ်ိဳခ်၏ ။
" ဟင့္ ဂြၽန္ က ထယ့္ကိုပထမဆုံး ဝယ္ေကြၽးတာေလးမလား "
သက္ျပင္းေမာတစ္ခ်က္ခ်ကာ တအီအီ႐ိႈက္ေနတဲ့
ေကာင္ေလးကို တစ္႐ႈးကမ္းေပးလိုက္သည္ ။ မင္း
ဒီေလာက္ျဖစ္ေနတာဆိုရင္ ငါ့ကိုတကယ္ပဲခ်စ္ေနသလား
ထယ္ေယာင္း ။ ဒီၾကားထဲ လုပ္ခဲ့မိတဲ့လုပ္ရက္ေတြ
အတြက္လည္း ေတာင္းပန္ပါတယ္ ။
တုန္ရီေနတဲ့ သူ႕ခႏၶာကိုယ္ငယ္ငယ္ကို မၾကည့္ရက္ႏိုင္ ။
ဒီရက္ပိုင္း သူပဲအသဲႏုလာေသသလား ။ ထယ္ေယာင္း
ရဲ႕ေခါင္းလုံးလုံးကို ရင္ခြင္ထဲထည့္ၿပီးေတာ့သာ
ပြတ္သပ္ေနမိသည္ ။
" ငါးေပါင္မုန္႔ဝယ္ေကြၽးတာကို ငိုရေအာင္ မင္းက
ကေလးလား ... အင္းေလ တကယ္လည္း ကေလးပဲကို "
__________________________________TBC