๐“๐ฐ๐จ ๐๐š๐ซ๐š๐ฅ๐ฅ๐ž๐ฅ ๐‹๐ข๏ฟฝ...

Von Thamudaya_Oleander

1.6K 164 7

๐‘ญ๐’†๐’Š ๐’€๐’–๐’๐’™๐’Š๐ŸŸโ˜ Start date <Aug 30.2021 to... Mehr

Ch-1 'U
Ch-2 'U
Ch-2 'Z
Ch-3' U
Ch-3 'Z
Ch-4 'U
Ch-4 'Z
Ch-5 'U+Z

Ch-1 'Z

180 14 0
Von Thamudaya_Oleander

ကျန်းနန်ပြည်နယ်တစ်ဝိုက်မှာ တိမ်ပြိုမိုးတွေအဆက်မပြတ်ရွာသွန်းနေတယ်။ အုတ်မိုးကျွတ်ပြားပေါ်တစ်ဖြန်းဖြန်းလာရိုက်ခတ်နေတဲ့ မိုးစက်မိုးပျောက်တွေမှာ မုန်းမာန်များစွာ ပါနေလေရော့သလား။ ကောင်းကင်ထက်က တိမ်ညို တိမ်မည်း အလိပ်လိပ်တွေကလဲ မြစ်တွေတောင်တွေ ကျော်ဖြတ်ပြီး ဘယ်လောက်ထိခရီးဆက်ဦးမသိ။

ကျစ်စန်းဘုံကျောင်းနှင့် မနီးမဝေးတစ်နေရာက ရှေးဟောင်းအိမ်ကြီးရဲ့ ဒုတိယထပ် ပြတင်းပေါက်တည့်တည့်မှာတော့ လူတစ်ယောက်မတ်တပ်ရပ်နေတယ်။ မိုးစက်မိုးပေါက်တွေကို ကြည့်နေတယ်ထင်ရပေမယ့် သူမြင်နေရတာက မပီဝိုးတစ်ဝါးနဲ့ သူမြတ်နိုးရသူရဲ့ပုံရိပ်လေးတစ်ခုကို ဖော်ဆောင်ကြည့်နေရုံသာ။

ဓားသွားပမာဖြောင့်တန်းပြီး ထူထဲတဲ့ မျက်ခုံလှလှလေးနဲ့မလိုက်ဖက်စွာ မျက်မှောင်ကျူံ့နေခဲ့လျက်။ ခဏအကြာသူ့နောက်မှလက်ထောက်ဖြစ်သူထံ နှင်းဆီရောင်နှုတ်ခမ်းပါးနှစ်လွှာကိုဖွင့်ဟပြီး တိုးတိုးသက်သာ မေးလိုက်လေတယ်။

"ဥက္ကဌချန်မရောက်သေးဘူးလား"

နာရီဝက်နီးပါးရပ်စောင့်ပြီးမှ သူဌေးဖြစ်သူဆီကအသံထွက်လာ၍ လက်ထောက်ကလဲ သိထားသမျှတင်ပြရတော့တယ်။

"ဥက္ကဌချန် ဒီမနက်ယန်ကျိုးကို ရောက်နေပါပြီ မနက်ဖြန် ဒီကိုအရောက်လာမှာပါ ရှေးဟောင်းပစ္စည်းလေလံပွဲက ညနေ(၆)နာရီမှစမှာမို့ အမှီရောက်မယ်လို့ပြောပါတယ် "

အေးတိအေးစက်စကားသံက ရှေ့ဘက်ဆီမှထွက်ကျလာပြန်သည်။

"သူရောက်ရင်ဒီမှာပဲတည်းမှာဆိုတော့ မင်းနေခဲ့လိုက် မနက်ဖြန်လေလံပွဲကို ငါအရင်သွားနှင့်လိုက်မယ် သေချာလုပ်ပါ ငါလဲဒီမှာနေတယ်ဆိုတာမသိစေနဲ့ ညကစပြီးHotelမှာပဲအိပ်လိုက်မယ် သူပြန်မှလာခေါ် "

" ကျွန်တော်သိသွားတော့ ယွင်ရှီးကောကောက ဘာတွေများထိခိုက်သွားမှာ မို့လို့လဲ "

အနောက်ဘက်ဆီက ခပ်ဩဩအသံထွက်လာ၍ နှစ်ယောက်လုံး ကြောင်အသွားကြသည်။ လော်ယွင်ရှီးက လက်ထောက်ဖြစ်သူထံ အနည်းငယ်စိတ်ပျက်နေသောဟန်ဖြင့်မျက်လုံးပြူးကြည့်လိုက်သည်။ လက်ထောက်ဖြစ်သူကလဲ ကျွန်တော်မသိဘူးဆိုသည့်ဟန်ဖြင့် မျက်လုံးချင်းစကားပြောနေသယောင်။

"ယွင်ရှီးကောကော ကျွန်တော်မိုးတွေရွဲလာတယ် ဒီတိုင်းပဲ မတ်တပ်ရပ်ခိုင်းထားတော့မို့လား ရက်စက်လိုက်တာ မလာခင်ပဲ ဘယ်သူကကျွန်တော့ကို ပေကျင်းကနေအတင်းခေါ်နေတာလဲနော် "

"မဟုတ်ဘူးဖေးယွီ မင်းဘယ်လိုလုပ်....."

လော်ယွင်ရှီးသူ့ရှေ့မှ မိုးထိုးနေသောအရပ်နှင့် အပြာဖျော့ဖျော့ဂျင်းဘောင်းဘီကို တီရှပ်အဖြူလေးဖြင့် ပေါ့ပေါ့ပါးပါး ဝတ်ထားတာတောင် ချောမောခန့်ညားမှု ပြည့်လျှံနေသောကောင်လေးကို မယုံနိုင်စွာစိုက်ကြည့်နေမိသည် ။ လွန်ခဲ့တဲ့(၃)ရက်ကပဲ ဒီကိုမလာလာအောင်မနည်းပြောယူတာတောင်မရခဲ့ပေ။ ညဏ်နီညဏ်နက်တွေထုတ်သုံးလိုက်မှသာ လာဖို့အင်တင်တင်နဲ့ လက်ခံခဲ့တာ။ သေချာပေါက်အလုပ်ကိစ္စလေးလဲ ကြားညှပ်အကြောင်းပြပေးလိုက်မှသာ။

ဒါတောင် အလုပ်ကိစ္စကို သိပ်ပြီးစိတ်မဝင်စားပါသလိုပင်။ သူ့ကိုပျော်ပွဲစားထွက်ဖို့ခေါ်နေတာလဲမဟုတ်ဘူး။ လွန်ခဲ့တဲ့(၃)ရက်မပြောနှင့်ဦး ဟိုးလွန်ခဲ့တဲ့ (၇)နှစ်ကဆို သူ့ကိုခါးခါးသီးသီးငြင်းဆန်ခဲ့တဲ့ကောင်လေး။ အနားမကပ်နဲ့ထွက်သွားဆိုတာကြီးပဲ အကြိမ်ကြိမ်အသားကျနေခဲ့တာ ။ ခုတော့ကမ္ဘာကြီးဇောက်ထိုးဖြစ်ကုန်၍လား "ချန်ဖေးယွီ"တို့ လေအလျင်လို သူ့ထံရောက်လို့လာတယ်။

"ယွင်ရှီးကောကော ဒီတိုင်းဆိုကျွန်တော်ဖျားတော့မှာနော် ခုတော့ကျွန်တော့ကိုမလိုချင်တော့ဘူးလား သေချင်သေပေ့စေဆိုပြီး ကြည့်နေတော့မှာလား"

ဒီကလေးဘာတွေ ဘာတွေပြောနေတာလဲ အရင်နှစ်ထောင်ပေါင်းများစွာကရော ခုရောလော်ယွင်ရှီးတန်ဖိုးအထားဆုံးက သူလေ။ သူကဘယ်လိုလုပ်သေစေချင်မှာလဲ။ ပြောရက်လိုက်လေခြင်း။ ဤစကားကိုချန်ဖေးယွီထံမှ စ၍နှောက်၍ ပြောသည်ကိုပင်သူမကြိုက်ပေ။

"မင်းဘာတွေပြောနေတာလဲ ငါကမင်းကိုဘယ်လိုလုပ်သေစေချင်မှာလဲ နောက်တစ်ခါဒီလိုထပ်မပြောနဲ့ လာရေအရင်ချိုးလိုက် ငါရေပူစပ်ပေးမယ် မြန်မြန်"

လောယွင်ရှီးခပ်လောလောနဲ့ ချန်ဖေးယွီကို လက်ဆွဲကာအခန်းထဲသို့ ရေချိုးရန်ဆွဲခေါ်သွားတော့တယ်။သူ့လက်ထောက်ကတော့ ငူငူကြီးရပ်ပြီးကျန်ခဲ့လေရဲ့။ စီစဉ်ထားတဲ့အတိုင်းဆို ဥက္ကဌချန်အခန်းက အောက်ထပ်မှာလေ။

ဒီဘိုးဘွားပိုင်အိမ်ကြီးမှာအခန်းပေါင်း12ခန်းတောင် ပါတာ ထားစရာအခန်းတွေပေါလွန်းလို့။ သူဌေးအခန်းနဲ့မျက်နှာချင်းဆိုင်မှာတင် အခန်းကျယ်ကြီးတစ်ခုရှိပါသေးတယ်။

တစ်ချိန်လုံးပြိုင်ဆိုင်လာတဲ့ စီးပွားပြိုင်ဘက်နှစ်ယောက်က projectလေးတစ်ခုပူပေါင်းဖို့ကြုံလာတာနဲ့ပဲ တစ်ခန်းထဲတောင်အတူဝင်သွားကြပြီ။ ဘုရားစူးprojectဆိုတာ ကျိုးဘုရင်ခေတ်က ကြွေပန်းအိုးတစ်လုံးကို လေလံဆွဲမှာ။ တန်ဖိုးကြီးပစ္စည်းတွေ အလုအယက်ဆွဲကြမယ့် စီးပွားရေးသမားတွေထဲ ဒီပြိုင်ဘက်နှစ်ယောက်ကတော့ ကြွေပန်းအိုးတစ်လုံးကို တူတူရအောင်လေလံဆွဲကြမယ်တဲ့။ ဘယ်သူရရ ဈေးထပ်ခေါ်မယ့်သူမရှိရင် ထိုပစ္စည်းကို သူတို့နှစ်ယောက်လုံးပိုင်တယ်။

လော်ယွင်ရှီးအခန်းထဲတွင်တော့ ချန်ဖေးယွီတစ်ယောက် အဝတ်ချွတ်ရင်း ခိုက်ခိုက်တုန်ဟန်လုပ်ပြလို့နေတယ်။ လော်ယွင်ရှီးက ရေပူရေအေးစပ်နေရင်း မျက်လုံးထောင့်နဲ့သူ့ကိုတချက်ကြည့်လိုက်တယ်။

"မင်းဘယ်တုန်းကအဲ့လောက်နုသွားတာလဲ မိုးလေးခဏမိတာကို မိန်းမပျိုလေးတွေလို အထိမခံလုပ်ပြနေတယ်"

ချန်ဖေးယွီကနှုတ်ခမ်းလေးမသိမသာဆူရင်း တစ်ခွန်းမကျန်ပြန်ပြောတော့တယ်။

"ယွင်ရှီးကောကောက ဘာသိလို့လဲ တံခါးပိတ်ထားလို့ကျွန်တော်က ခြံပေါ်ကနေကျော်တက်လာရတာ တွယ်တက်ဖို့သစ်ပင်က လိုက်ရှာရသေးတယ် ဘယ်သူကကိုယ့်ကိုကြိုက်နေတဲ့သူအိမ်ကိုခိုးဝင်စရာလိုလို့လဲ အလိုက်တသိ တံခါးဖွင့်ထားပါတော့လား ခြံဝင်းကဒီလောက်ကျယ်နေတာ အနည်းဆုံးခြေလှမ်းကလဲ (၁၀၀)ပဲ ကားလဲအပြင်မှာရပ်ထားခဲ့တယ် ကျွန်တော့အဝတ်အိတ်လဲကားထဲမှာ ခုကျွန်တော်ဘာဝတ်ရမလဲ ယွင်ရှီးကောကော အဝတ်တွေအရင်ဝတ်ရမလား ....ကောရဲ့ကိုယ်သင်းနံ့လေးနဲ့ဆို ..တော်တော်...နွေးမယ်ထင်တယ်နော်"

နောက်ဆုံးစကားလုံးကို ချန်ဖေးယွီက လော်ယွင်ရှီးနားနားလေးကပ်ပြောလိုက်တော့ လော်ယွင်ရှီးကိုယ်ကဆတ်ခနဲတွန့်သွားတယ် ။လေပူတွေတစ်ဆင့်နှလုံးသားလေးပါယားယံလာသလို။ ရင်ခုန်တယ်ဆိုတာနဂိုကတည်းကသေချာနေပြီးသားမို့ ဟန်ကိုယ့်ဖို့လေးတော့နည်းနည်းလောက်လုပ်ရဦးမယ်။

"ဖေးယွီ မင်းစကားပြောဆင်ခြင်စမ်း အရင်နှစ်တွေကပဲ မင်းငါနဲ့အမြဲပြိုင်ဆိုင်နေတာ ငါ့ကိုအမြဲကြည့်မရတဲ့အပြင် မုန်းနေခဲ့သေးတယ်မလား ပြီးတော့ဘယ်သူကမင်းကိုကြိုက်နေလို့လဲ "

ချန်ဖေးယွီက အဝတ်တွေချွတ်ရင်း ရေချိုးကန်ထဲဆင်းကာ သူ့ဘက်လှည့်ပြောသည်။

"မစ္စတာလော်ယွင်ရှီး ကျွန်တော်ခင်များအိမ်ရောက်ခဲ့ပြီးပြီ"

" မင်း!!! "

လော်ယွင်ရှီး သူ့ကိုအလန့်တစ်ကြားပြူးကြည့်နေသည်။ ချန်ဖေးယွီလဲအကြည့်မလွဲပဲ ပြန်စိုက်ကြည့်သည်။ သူ့ရှေ့ကလူက ဘယ်လိုလူလေးပါလိမ့် ချန်ဖေးယွီအတွက် အမှန်တရားကို အကုန်လက်ခံနိုင်သွားတော့လဲ လော်ယွင်ရှီးပုံစံက ဘယ်လိုလေးပဲနေနေ သူ့မျက်လုံးထဲ ပသာဒရှိလို့နေပြန်ရော။ ပြောရမယ်ဆို သိပ်ချစ်စရာကောင်းလွန်းသည်ထက် အတိအကျပိုနေတာပင်။

"ဟုတ်တယ် ခင်များထင်နေတဲ့အတိုင်းပဲ ခင်များအခန်းထဲလဲကျွန်တော်ရောက်ခဲ့တယ် ဒိုင်ယာရီလဲတွေ့ခဲ့တယ် ခင်များကုတင်မှာ တစ်ညတောင်အိပ်ခဲ့သေးတယ်"

ချန်ဖေးယွီက သူ့ကို နှုတ်ခမ်းထောင့်လေးတွေကွေးကာ ဘာတတ်နိုင်သေးလဲဆိုတဲ့ပုံနဲ့ ပြုံးပြုံးလေးစိုက်ကြည့်လို့နေတယ်။ ထို့နောက် သဘောတကျဖြစ်သွားကာ ပုလဲလုံးလို သွားဖြူဖြူလေးပေါ်အောင် တစ်ဟားဟားရယ်တော့သည်။ ရေစက်တွေပါသူ့ကိုလာစင်၍ နောက်ဆုတ်ဖို့ လုပ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း ချန်ဖေးယွီက သူ့လက်ကိုဆတ်ခနဲဆွဲလိုက်ကာ ရေကန်ထဲဆွဲချခံလိုက်တော့သည်။

" ယွင်ရှီးကောကောက ပိန်သွားလိုက်တာ ပေါ့ပေါ့လေးပဲ ကျွန်တော့်ကိုလွမ်းနေလို့ထင်တယ် ခုကျွန်တော်ရောက်လာပြီလေ မပျော်ဘူးလား "

ချန်ဖေးယွီက သူ့နောက်ကနေအသာသိုင်းဖက်ထားရင်း လော်ယွင်ရှီးပုခုံးလေးပေါ် မှေးလေးတင်လိုက်ရင်း မေးလာသည်။ လော်ယွင်ရှီးက စိတ်တိုပုံဖမ်းကာ ခတ်ဆတ်ဆတ်ပြောလို့လာသည်။ ဘယ်လိုပဲဟန်လုပ်လုပ် အသံလေးကတော့ မဆိုသလောက်တိုးပြီး ဖျော့တော့လို့သွားတယ်။

"ငါလွန်ခဲ့တဲ့တစ်နာရီကမှ ရေချိုးထားတာ မင်းလုပ်တာအကုန်စိုသွားပြီ ဖယ်စမ်းပါ ငါမင်းအတွက်အဝတ်အိတ်တွေသွားယူပေးမယ် အေးဆေးချိုးနှင့် "

သူစိတ်မဆိုးမှန်းချန်ဖေးယွီကတော့ သေချာပေါက်သိတာပေါ့။ ဒီလူကသူ့ကိုလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက အသည်းနှင့်အောင်ချစ်လာခဲ့သူလေ။

ထိုသူ့ပါးစပ်ဖျားက မုန်းပါတယ်လို့ အကြိမ်ကြိမ်ဟစ်အော်နေရင်တောင် ထိုသူ့နှလုံးသားကတစ်ခုလုံးက ချန်ဖေးယွီတစ်ယောက်အတွက်ပဲ သစ္စာရှိရှိနေရာချန်သွားပေးမည့်သူ။

သူကပဲမသိခဲ့တာ။ သူတစ်ယောက်ပဲ အထင်တွေလွဲနေခဲ့တာ။ သူတစ်ယောက်ပဲ တစ်ဖက်သတ်ဒီလူကိုစော်ကားနေခဲ့မိတာ။

"ယွင်ရှီးကော ဒီတိုင်းလေးနေပေးပါ..."

ချန်ဖေးယွီက လက်တွေကိုအလျော့မပေးပဲ ခပ်တင်းတင်းထပ်ဖက်ကာ လော်ယွင်ရှီးမျက်နှာဘေးတိုက်လေးထိ ရှေးတိုးကြည့်ရင်း တိုးတိုးလေးဆိုလာသည်။

" ဒီတိုင်းလေးပဲခဏနေပေးပါ.... ယွင်ရှီးကော ကျွန်တော့်လက်ထဲက ထပ်ပြီးလွတ်ထွက်သွားမှာ ကျွန်တော်ကြောက်တယ်"

"အင်းပါ အကြာကြီးတော့မရဘူး အအေးပတ်လိမ့်မယ်နော် "

"အင်း မကြာစေရပါဘူး.... ယွင်ရှီးကောကျွန်တော့လက်ထဲမှာရှိနေတယ်လို့ ခံစားရတာ သေချာသွားတဲ့အထိလေးပဲ"

မိုးတွေကတော့ အဆက်မပြတ်ရွာသွန်းနေဆဲ ။ အခန်းတစ်ခုထဲမှာတော့ လူနှစ်ယောက်ကရေကန်ထဲ ငြိမ်သက်စွာထိုင်နေကြလျက်။ လော်ယွင်ရှီးက ချန်ဖေးယွီရဲ့ လက်သွယ်သွယ်လေးတွေကို နူးနူးညံ့ညံ့လေး ဆုတ်ကိုင်လို့လာတယ်။ ထို့နောက် သူက အနည်းငယ်နောက်လှည့်ကြည့်ကာ ချန်ဖေးယွီနှာခေါင်းလေးကို လက်ညိုးထိပ်လေးနဲ့ အသာတို့ထိလိုက်ပြန်သည်။

"လူဆိုးလေး မင်းကြောက်တာငါ့ကိုမှီပါ့မလား ငါကလေ ငါ့ရဲ့ခံစားချက်တွေကို မင်းဘယ်တော့မှနားမလည်မှာ ကြောက်နေခဲ့တာ ငါ့ကိုဘယ်တော့မှ ပြန်သတိမရတော့မှာကြောက်နေခဲ့တာ "

လော်ယွင်ရှီးကခဏရပ်ကာ ချန်ဖေးယွီမျက်လုံးလေးတွေကို စိုက်ကြည့်လျက် ဆက်ပြောပြန်သည်။ အသံကတော့အနည်းငယ်တိုးလျသွားပြီး နှာခေါင်းစူး၍ထင် ရှုံ့ပွပွလေး အသာအယာလှုပ်ခတ်နေတယ်။

"မင်းငါ့ကို အမြဲမေ့သွားပြီး ဘယ်တော့မှသတိမရတော့မှာကို အရမ်းကြောက်နေခဲ့တာ...."

ချန်ဖေးယွီက လော်ယွင်ရှီးရဲ့နှဖူးလေးကို အသာအယာနမ်းရှိုက်ကာ ခပ်ဖြေးဖြေးလေးခွန်းတုံ့ပြန်မိသည်။

" အဲ့လိုမဖြစ်တော့ဘူးလေ.... ခုကိုယ်တို့တူတူရှိနေပြီမဟုတ်ဘူးလား ... "

လော်ယွင်ရှီးက နှုတ်ခမ်းထောင့်လေးတွေ ကော့တက်သွားအောင် အသာအယာပြုံးလျက် သူ့ကိုကြည့်လာကာ ပြန်ပြောသည်။

"အင်း ငါတို့နောက်ဆုံးတော့ အတူတူထပ်ရှိနိုင်ပြီ ...."

ကြွေပန်းအိုးဆိုတာလဲ အကြောင်းပြချက်သက်သက်။ ဒီလေလံကိုအောင်ဖို့က သူတို့အတွက်သေချာပြီးသား။ သူတို့အနေနဲ့အမှတ်တရလိုချင်မိယုံသာ။ ချန်ဖေးယွီက မလိုချင်ဘူးလို့ပြောနေရင်းတောင် မသိစိတ်မှာ ကျိုးဘုရင်ချန်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းက သူနဲ့တစ်နည်းနည်းဆက်နွယ်နေသည်လို့ ယူဆနေပြီးသား။

လော်ယွင်ရှီးရဲ့ ဒိုင်ယာရီမဖတ်ခင်ကတည်းက သူဒီလူကိုမုန်းနေတာမဟုတ်ဘူးဆိုတာ သူတစ်ယောက်သာသေချာသိတယ်။ မုန်းနေတဲ့အပြင် စီးပွားပြိုင်ဘက်ဖြစ်နေတဲ့သူကို ဘယ်သူကစေတနာဒလဟောနဲ့ Projectပေါင်းများစွာ လက်လွတ်ပေးခဲ့ပါ့မလဲ ။

ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရေးခြင်္သေဆိုပြီး နာမည်ကြီးပြီးစေ့စပ်သေချာတဲ့နေရာမှာ အကွက်စေ့လွန်းလှတဲ့ ဥက္ကဌချန်ဖေးယွီက လော်ယွင်ရှီးနဲ့ပြိုင်ဆိုင်ရတဲ့လုပ်ငန်းတိုင်း အရှုံးခံတယ်။ ရှေ့မှာတော့အလျော့မပေးဘူးလို့အော်ဟစ်နေတာပဲ။ ရလာဒ်ထွက်လာရင်အနိုင်ရသွားတဲ့သူက ချန်ဖေးယွီပြိုင်ဘက်ထဲမှာ လော်ယွင်ရှီးတစ်ယောက်သာချွင်းချက်။ သူများတွေလိုချင်ပါတယ်လို့ ဆယ်ဘဝဆုတောင်းတောင် မရနိုင်တဲ့ပြိုင်ဘက်မျိုး။

လော်မိသားစုက ရှောင်းမိသားစုနဲ့ ဖက်စပ်လုပ်ငန်းလုပ်တော့မယ်လို့ ကြားလိုက်တဲ့အချိန်မှာ သူ့ရဲ့ နှလုံးသားအောက်ခြေကလှိုင်းတွေဟာ ပြင်းပြင်းထန်ထန်ရိုတ်ခတ်လှုပ်ရှားလာခဲ့တာ။ နှလုံးသားကို မီးပူပေးထားတဲ့အပ်အစင်းပေါင်းများစွာနဲ့ အကြိမ်ကြိမ်ထိုးဆွနေတာထက် တစ်ဆစ်ဆစ်နာကျင်လာတယ်လို့ ခံစားလိုက်ရတယ်။ ရှောင်းမိသားစုရဲ့ သခင်မလေး ရှောင်းမေဟွားဆိုတာ ချန်ဖေးယွီနဲ့အလယ်တန်းတူတူတက်ခဲ့သူ။ လော်ယွင်ရှီးကို တဖက်သတ်ကြိုက်နေတယ်ဆိုလဲမမှားပေ။

သူတို့ပတ်ဝန်းကျင်နယ်ပယ်မှာ လော်ယွင်ရှီးဆိုတာ မိန်းခလေးရှင်တိုင်းလိုချင်တပ်မက်ကျတဲ့ သားသမက်ပုံစံအမှတ်ပြည့်ပင်။ စီးပွားရေးမှာတော်တယ် ထက်မြတ်တယ် ချောမောခန့်ညားပြီးမင်းသားလေးလို အရှိန်အဝါအပြည့်။

လူတိုင်းတော်ရုံမကပ်နိုင်ပေမယ့် ရှောင်းမေဟွားအပါအဝင်လို့မဆိုလိုဘူး။ ချန် လော် ရှောင်း မိသားစုက စီးပွားရေးသတ်သတ်စီဆိုပေမယ့် မိဘချင်းကဘိုးဘွားတွေလက်ထက်ကတည်းက အခင်မင်မပျက်ရှိနေခဲ့ကြတာ။ ပြီးတော့ရှောင်းမေဟွားက ခပ်ရဲရဲခပ်ထက်ထက်မိန်းခလေးမျိုး။ လိုချင်ရင်အကွက်ချယူတတ်တဲ့နေရာ နှစ်ယောက်မရှိသူ။

ရှောင်းမေဟွားက အထက်တန်းဝင်ခွင့်စာမေးပွဲပြီးကတည်းက နိုင်ငံခြားထွက်သွား၍ (၇)နှစ်ကြာမှ ပေကျင်းကို ပြန်ရောက်လာသည်။
ပြီးတော့ ကျန်းနန် လေလံပွဲကို အတွေ့ကြုံရရန်သွားမည်ဆိုသောသတင်းကြားကြားချင်း ချန်ဖေးယွီထိတ်လန့်ခဲ့ရသည်။ ရှောင်းမေဟွားခြေလှမ်းတွေ စပြီလားဟု သူ့ဘဝမှာပထမဆုံးအကြိမ် စိုးရိမ်ခြင်းတွေ လွမ်းမိုးသွားရသည်။

လော်ယွင်ရှီးဆိုသူက သူ၁၄နှစ်ကတည်းက စီးပွားရေးတွေ့ဆုံပွဲတစ်ခုမှာ သူ့အဖေနှင့်လိုက်သွားရာမှ စတွေ့ခဲ့ဖူးသူ။ သူ့အဖေထံမှချီးကျူးစကား ခဏခဏကြားနေခဲ့ပြီးသားမို့ မတွေ့ဆုံခင်ကပင် အထင်ကြီးလေးစားနေမိသောသူဆိုလဲ မမှားပေ။ တွေ့တွေ့ချင်းမိတ်ဆက်ကြရင်း အတော်ချောမောသူဟု ယောကျာ်းချင်းပင်ငေးခဲ့ရဖူးသည်။ လော်ယွင်ရှီးကတော့ထိုသို့မဟုတ် သူ့ကိုတွေ့သည့်နေ့မှစ၍ အမျိုးမျိုးနှောက်ယှက်တော့သည်။

ဒါကလဲ ထူးဆန်းစွာပင် ချန်ဖေးယွီအတွက် အထင်ကြီးလေးစားထားသော စိတ်ကလေး အနည်းငယ်လောက်သာ ခဏတာမျှမှေးမှိန်ယုံတင်ပါ။ တစ်ဖက်မှာစိတ်ရှုပ်စရာ မုန်းစရာကောင်းလိုက်တာဟူ၍ ခုခံတွေးတောရင်း တစ်ခြားတစ်ဖက်မှာတော့ လာနှောက်ယှက်ဖို့လိုလားနေခဲ့ပြန်သည်။

တစ်ရက်တစ်ရက် ပြသနာမဖြစ် စကားမများရလျင်ပင် သူတို့နှစ်ယောက်အတွက် ဘဝကငြီးငွေ့စရာကောင်းလွန်းနေသယောင်။ ထိုမှစ၍ ပြိုင်ဆိုင်လာခဲ့ကြရာ စီးပွားရေး လူမှုရေး သုံးစွဲသည့်ပစ္စည်း အကုန်အကုန်ပါပဲ။ မသိလျှင် တချို့ပစ္စည်းများမှာ Coupleဝယ်သုံးနေကြပါသလို။

ပွဲတိုင်းတွေ့ကြသည် နှုတ်ဆက်တိုင်းစကားနာထိုးကြပြန်သည်။ မတည့်ခဏခဏကြုံလွန်းတဲ့ စီးပွားပြိုင်ဘက်တွေဖြစ်လာရခြင်းပင်။ မိသားစုချင်းရင်းနှီးနေပေမယ့် ဆက်ခံသူ သားနှစ်ယောက်ကတော့ ထိန်းလို့မနိုင် သိမ်းလို့မရ အမြဲရန်စောင်နေကြလျက်။

စီးပွားရေးလောကတွင်တော့ လော်နှင့်ချန် မျိုးဆက်သစ်နှစ်ယောက်ဟာ အမြဲပြိုင်ပြေးနေသောမျဉ်းနှစ်ကြောင်းပမာ။ သူ့ထက်ငါအသာ နေရာလုနေကြသည်ပေါ့။ ဘယ်သောခါမှ အတူဆုံတွေ့စရာ မရှိတော့ပါသလိုပင်။

အကျိုးတူပူးပေါင်းမှု ဖြစ်မြောက်ဖို့ဆိုသည်ကား ယန်ဇီမြစ်ထဲ အပ်ပျောက်ရှာရသလိုပင် ဖြစ်နေချေဦးမည်။ ပြောစရာဆိုလို့ ချန်ဖေးယွီကစီးပွားရေးတွင် ခဏခဏ အရှုံးရလာဒ်ပိုင်ဆိုင်သူဖြစ်ပြီး လော်ယွင်ရှီးကတော့ ချန်ဖေးယွီရဲ့ ကျီးကန်းနှုတ်သီးနှင့် သာလိကာပါးစပ်ဖျားမှာ ခဏခဏလဲပြိုနေခဲ့သူ။

နောက်ဆုံးရလာဒ်ကတော့ ယန်ကျိုးရောက်ရောက်ချင်း ရှောင်းမေးဟွာ မရောက်ခင် အူယားဖားယားဖြင့် လော်ယွင်ရှီးဆီ အပြေးထွက်လာခဲ့ခြင်းပင်။ သူ့ပြိုင်ဘက်ကိုသူများလုယူမခံနိုင်ပါ။ သူပဲပြိုင်မည်။ သူပဲပိုင်ဆိုင်ရမည်။

နောက်ဆုံးတော့ ချန်ဖေးယွီတို့ ခြံတံခါးကိုခုန်ကျော်ကာ ခွေးချောင်းချောင်းရင်း ခိုးဝင်ရတော့သည်။ အချက်အလက်မှန်သမျှ ဦးလေးလော်ကိုသာပိုင်လျှင် ချန်ဖေးယွီတို့ကအေးဆေး။ တစ်သက်လုံး လော်ယွင်ရှီးလုပ်သမျှ တစ်ခုမကျန်သိနေခြင်းက အိမ်တွင်းSPYတစ်ယောက်လုံး ရှိနေမှတော့ အစစအရာရာပြေလည်နေတာ အထူးဆန်းဟုတ်မနေခဲ့ဘူး။

လုပ်စရာဆို၍တစ်ခုသာကျန်ရှိတော့သည်။ မနက်ဖြန်ရှေးဟောင်းပစ္စည်းလေလံပွဲတွင် လော်ယွင်ရှီးလက်ကိုချိတ်ပြီး စီးပွားရေးသမားတွေအလယ် သူ့လူဖြစ်ကြောင်းနံပါတ်တပ်ပေးယုံပင်။

လောကကြီးမှာ ကိုယ်ပိုင်ဆိုင်ချင်တဲ့သူတစ်ယောက်ကို အပိုင်ရလိုက်တာလောက် ပျော်ရွှင်စရာကောင်းတာမရှိလောက်တော့ဘူး။

အမြဲပြိုင်ဆိုင်ချင်ခဲ့တဲ့ သူရဲ့ဒီပြိုင်ဘက်လေးကို ချစ်ခြင်းမေတ္တာတွေပါ သူကပိုသာအောင် ပြိုင်ဆိုင်ပြီးချစ်ပေးဦးမှာလေ။

" မစ္စတာလော်ယွင်ရှီး ခင်များကဘယ်ဘဝရောက်ရောက် ကျွန်တော်တစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်သင့်တာ"

ချန်ဖေးယွီက လော်ယွင်ရှီးရဲ့နားရွက်ဖျားလေးကို ဖွဖွလေးကိုက်ရင်း ပြောလိုက်သည်။

" မဟုတ်ဘူး... မင်းကသာ ငါတစ်ယောက်တည်းရဲ့အပိုင်ဖြစ်သင့်တာ "

လော်ယွင်ရှီးက ချန်ဖေးယွီနဖူးလေးကို အသာအယာတောက်လိုက်ရင်း ပြန်ခံပြောတယ်။

"ရေမြန်မြန်ချိုးတော့ အအေးပတ်တော့မယ် ခဏနေညနေစာစားရအောင် မင်းအရမ်းကြိုက်တဲ့ငါးခေါင်းဟင်းရည် ချက်ပေးမယ်လေ"

"ကျွန်တော့်ကိုခွံ့ကျွေးမှာလား ကျွန်တော့လက်တွေအေးနေတာ ကျွန်တော့်ဘာသာမစားနိုင်လောက်ဘူး"

ချန်ဖေးယွီက ခပ်ချွဲချွဲအသံလေးနဲ့ အထွန့်တက်လိုက်တယ်။ လော်ယွင်ရှီးကမနိုင်ဘူးဆိုတဲ့ဟန်နဲ့ အလျော့မပေးပဲပြန်ပြောသည်။

"ငါကချက်ပေးရမှာလေ ကျေးဇူးတင်တဲ့အနေနဲ့ မင်းပဲခွံ့ကျွေးရမှာမဟုတ်ဘူးလား မကျွေးချင်ရင်မစားနဲ့"

လော်ယွင်ရှီးက ပြောရင်းရေကန်ထဲက ထထွက်သွားတယ်။ ချန်ဖေးယွီလဲအတူထလိုက်ရင်း လက်လှမ်းဆွဲကာ အော်တော့တယ်။

" ခွံ့ကျွေးမယ် ခွံ့ကျွေးမယ် ကိုယ်ပဲခွံ့ကျွေးမယ် ကိုယ့်ရဲ့ရှီးရှီးလေး ဖြစ်စေချင်တဲ့အတိုင်းအကုန်လုပ်ပေးမယ် ဟုတ်ပြီလား "

ခုမှ ချန်ဖေးယွီကအပိုးကျိုးတဲ့ချစ်စရာ ခွေးပေါက်စလေးလိုပဲ လော်ယွင်ရှီးကိုသိုင်းဖက်ရင်း ပုခုံးနဲ့လည်ပင်းကြားနေရာလပ်မကျန် လုကာ ပွတ်သီးပွတ်သက်လုပ်နေတော့တယ်။ ရေချိုးဖို့ကိုမနည်းပြောလိုက်ရပြီး လော်ယွင်ရှီးက ဟင်းချက်ရဦးမယ်ဟု အတင်းပြောခါမှ မလွတ်ချင်လွတ်ချင် လွတ်ပေးတော့တယ် ။ ဒါတောင်ရေချိုးခန်းကနေ အိပ်ခန်းထဲဝင်သွားတာကို လိုက်ချောင်းကြည့်နေသေး။ လော်ယွင်ရှီးလဲ ကျေနပ်စွာ ခပ်ဟဟရယ်လိုက်ရင်း ခေါင်းရမ်းမိတော့တယ်။ ဒီကလေး တကယ်မလွယ်ဘူး။

"ငါဘယ်မှထွက်မပြေးဘူး အမြန်ချိုးပြီးထွက်ခဲ့ ရော့ Bathrobe ယူသွား"

ချန်ဖေးယွီက လိမ္မာတဲ့အကောင်ပေါက်လေးလို လက်ကလေးတို့ထိကာ လှမ်းယူရင်းပြန်ဝင်သွားပြီး တစ်ချက်လှမ်းအော်လိုက်သေးတယ်။

"အိုကေ ကိုယ့်ရဲ့ရှီးရှီးလေးခဏစောင့် ထမင်းခွံ့ကျွေးဖို့အမြန်ထွက်လာမယ်"

ဒုတိယထပ်ရဲ့ခန်းမကျယ်ကြီးမှာတော့ လက်ထောက်လန်အန်းတစ်ယောက် ငူငူကြီးရပ်နေရမှာ အမြန်အောက်ဆင်းကာခြံတံခါးဖွင့်ပြီး သူ့သူဌေးရဲ့စီးပွားပြိုင်ဘက်ကြီးပါလာတဲ့ ပစ္စည်းတွေကို ခြံထဲသွင်းရတော့တယ်။ သူတစ်ချိန်လုံးရပ်နေရတာ ခြေထောက်တွေပင်အတော်နာနေပြီလေ။ ဒီအချိန်မှာ သူကလူပိုတစ်ယောက်ထပ် ဘာများဖြစ်နိုင်ဦးမှာလဲ။

ဘယ်သူက ငါရှိနေတာမသိစေနဲ့လို့ပြောတာလဲ။ ဘယ်သူက လေလံပွဲကိုတောင် ပြိုင်ဘက်ကြီးမရောက်ခင်ကြိုသွားနှင့်မယ်ပြောထားတာလဲ။ ခုတော့တစ်ခန်းထဲတောင်မျှသုံးကြတော့မယ်။

လော်မိသားစုကဒီလောက်ချမ်းသာတာ တည်းဖို့နေရာကောင်းတွေအများကြီး။ ချန်မိသားစုကရော ကိုယ်ပိုင်ဇိမ်ခံHotelမှာမတည်းပဲ ဒီအိမ်ဟောင်းအိမ်အိုးကြီးဆီကို မှအတင်းလာတည်းချင်ပါတယ်ဆိုတော့။

သူမတွေးတတ်တော့ဘူး။ သူ့ဦးနှောက်ပဲ မမှန်တော့တာလား။ မဟုတ်ဘူး သူတို့တွေဦးနှောက်ကသာ မမှန်ကြတော့တာ။ တစ်ခုခုအစားထိုးသွားကြပြီ ။

Weiterlesen

Das wird dir gefallen

10.6K 1.9K 20
เถขเท“เท€เท’เถญเทš เถดเทŠโ€เถปเทšเถธเถฑเท“เถบ เถดเถปเท’เถ เทŠเถกเทšเถฏ เถฝเท’เถบเท€เท”เถฑเทšเถธ เถ†เถฏเถปเถฑเท“เถบ เท„เถธเท”เท€เท“เถธเทŠ เถ‘เถšเทŠเถš.... ......โค๏ธ
3K 149 7
On the run in the year 1987, Bumblebee the Autobot seeks refuge in a junkyard in a small California beach town. Charlie and Y/N, on the brink of turn...
236K 23K 70
แžŠแŸ„แž™แžŸแžถแžšแžแŸ‚แž‚แžปแŸ†แž“แŸ†แž”แžถแž“แž’แŸ’แžœแžพแžขแŸ„แž™แž€แŸ’แž˜แŸแž„แž”แŸ’แžšแžปแžŸแžŠแŸ‚แž›แž˜แžถแž“แž”แŸแŸ‡แžŠแžผแž„แž”แžšแžทแžŸแžปแž‘แŸ’แž’แžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž”แŸ’แžšแŸ‚แž€แŸ’แž›แžถแž™แž‡แžถแž€แŸ’แž˜แŸแž„แž–แžนแžŸแž–แžปแž›แž–แŸ„แž–แŸแž‰แžŠแŸ„แž™แž›แŸ’แž”แžทแž…แž€แž›แŸ‹ แž‚แŸแž แŸŠแžถแž“แž’แŸ’แžœแžพแž‚แŸ’แžšแž”แŸ‹แž™แŸ‰แžถแž„แžŸแžผแž˜แŸ’แž”แžธแžแŸ‚แž“แžถแž˜แž‡แžถแž”แŸ’แžšแž–แž“แŸ’แž’แž…แžปแž„แž”แžปแžšแžŸแž…...
664K 44.4K 67
แ€กแ€žแ€€แ€บแ€แ€…แ€บแ€แ€ซแ€›แ€พแ€ฐแ€แ€ญแ€ฏแ€„แ€บแ€ธ แ€›แ€พแ€„แ€บแ€€แ€ปแ€ฝแ€”แ€บแ€™แ€€แ€ญแ€ฏ แ€žแ€แ€ญแ€›แ€”แ€ฑแ€•แ€ซแ€…แ€ฑแ€†แ€ญแ€ฏแ€แ€ฒแ€ท แ€†แ€ฏแ€แ€ฑแ€ฌแ€„แ€บแ€ธแ€™แ€ปแ€ญแ€ฏแ€ธแ€€แ€ญแ€ฏ แ€แ€€แ€ญแ€ฏแ€šแ€บแ€€แ€ฑแ€ฌแ€„แ€บแ€ธแ€†แ€”แ€บแ€…แ€ฝแ€ฌแ€”แ€ฒแ€ท แ€†แ€ฏแ€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€šแ€บแ‹ - Lalisa Manoban - แ€”แ€ฌแ€€แ€ปแ€„แ€บแ€›แ€™แ€šแ€บแ€™แ€พแ€”แ€บแ€ธแ€žแ€ญแ€œแ€ปแ€€แ€บแ€”แ€ฒแ€ท แ€แ€ญแ€ฏ...