Unicode Version
ပုံမှန်ရက်တွေအတိုင်း ရှောင်ကျန့် အလုပ်သို့ ရောက်သည်နှင့် လိုအပ်သည်များကို ပြင်ဆင်ပြီး အရောင်းကားထွက်နိုင်ဖို့ ပြင်ဆင်တယ်။ ထိုအချိန်တွင်....
"ရှောင်ကျန့်....ကျွန်တော့် ရုံးခန်းကို ခဏလာခဲ့ပါလား၊ ကျွန်တော်ပြောစရာရှိလို့"
ရုံးခန်းထဲမှ လှမ်းခေါ်လာသော လုဝေကော အသံကြောင့် သူ လုပ်လက်စများကို ထားခဲ့ပြီး လုဝေကော ရုံးခန်းထဲသို့ ဝင်သွားလိုက်တယ်။
"ထိုင်....ရှောင်ကျန့်"
"ဟုတ်ကဲ့"
"မနေ့က Meeting မှာ ကျွန်တော်ရာထူးတိုးတယ်"
"Congratulation ပါ လုဝေကော"
"ဟုတ်ကဲ့....၊ အခု ကျွန်တော်က Admin အပိုင်းမှာပဲ လုပ်ရတော့မယ်၊ ဒီတော့ ကျွန်တော့် မန်နေဂျာ နေရာကို ရှောင်ကျန့်ကပဲ ဆက်လုပ်ပေးပါ"
မထင်မှတ်ထားစွာ ကြားလိုက်ရသည့် သတင်းကောင်းကြောင့် သူ့မှာ ပျော်ရမည်ကိုပင် မေ့နေတော့၏။
"Meeting မှာ MD က ရှောင်ကျန့်ကို ကျွန်တော့်ရဲ့နေရာ ပေးလိုက်ပါတဲ့၊ ဒီတော့....ဒီနေ့ကစပြီး ရှောင်ကျန့်က Marketing မန်နေဂျာ ဖြစ်သွားပါပြီ၊ ကြိုးစားပါ ရှောင်ကျန့်၊ ကျွန်တော်လည်း လိုအပ်တာ ကူညီပါ့မယ်၊ ကဲ....Congratulation"
လုဝေကောက ပြောပြောဆိုဆိုနဲ့ သူ့ထံသို့ လက်ကမ်းပေးလာတယ်။ ထို့ကြောင့် သူလည်း ပြန်ပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ သူ ထိုသတင်းကို လီရှန်းအား သိပ်ကို ပြောပြချင်တယ်။ လီရှန်းသာ သိရင် အရမ်းပျော်ရွှင်သွားမှာ။
"ရှောင်ကျန့်ရဲ့ ပစ္စည်းတွေကို ဒီရုံးခန်းထဲကို ရွှေ့ခဲ့လိုက်တော့နော်၊ ဒီအခန်းက ရှောင်ကျန့်ရဲ့ ရုံးခန်းဖြစ်သွားပြီ၊ ကျွန်တော်ကတော့ ဟိုဘက်ခန်းပေါ့"
"ကျေးဇူးတင်လိုက်တာ လုဝေကောရယ်"
"မဟုတ်တာဗျာ၊ ဒီရာထူးက ရှောင်ကျန့်နဲ့ ထိုက်တန်ပါတယ်"
မမျှော်လင့်ဘဲ အရင်နဲ့များစွာ ကွာခြားလှသော ရာထူးနေရာသို့ ရရှိသွားခဲ့တာမို့ သူ တကယ်ပင် ပျော်ရွှင်နေခဲ့ပါတော့တယ်။
"ဟဲလို..."
ရုံးခန်း ပြောင်းရွှေ့ပြီးသည်နှင့် လီရှန်းထံသို့ သူ ဖုန်းဆက်လိုက်တယ်။
"ကျန့်လား"
"အင်း...."
"အခု ဘယ်မှာလဲ ကျန့်"
"ငါ့ ရုံးခန်းမှာလေ"
"Market မဆင်းရဘူးလား"
"ဟင့်အင်း....ငါ ဒီနေ့ရာထူးတိုးတယ် အကို"
"ဘယ်လို...."
"ဟုတ်တယ်....ငါ ဒီနေ့ Marketing မန်နေဂျာ ဖြစ်သွားပြီ၊ အကို့ကို ပျော်စေချင်လို့ ဖုန်းလှမ်းဆက်လိုက်တာ"
"ကိုယ် စိတ်ကျေနပ်အောင် ပြောတာတော့ မဟုတ်ပါဘူးနော် ကျန့်"
"အကိုကလည်း...ငါက အကို့ကို လိမ်ဖူးလို့လား"
"ကိုယ် ကျေနပ်လိုက်တာ ကျန့်ရယ်၊ ကိုယ်တကယ်ပျော်တယ် သိလား"
"အင်း....ငါသိတာပေါ့၊ အကို တကယ်ပျော်မယ်ဆိုတာ"
လီရှန်းက ပျော်သည်ဟုသာ ပြောသော်လည်း စကားသံများက လေးလံနေသလိုပင်။ သို့သော်လည်း သူ့ချစ်သူ လီရှန်းက ထိုကဲ့သို့ပင် အချိန်တိုင်း ပြောတတ်နေသည်ပဲမဟုတ်လား။
"ကဲ....ငါ ဖုန်းချလိုက်တော့မယ် အကို၊ ညနေကျမှ ဆုံမယ်နော်"
"အင်း ဟုတ်ပြီလေ"
လီရှန်းနဲ့ ဖုန်းပြောပြီး ချပြီးသွားတော့ ထိုစဥ် ဝမ်ရိပေါ်ကပါ သူ့အတွေးထဲရောက်လာခဲ့၏။ တကယ်ပင် မဆီမဆိုင် ဝမ်ရိပေါ်ကို သူသတိရမိခဲ့တယ်။ သူ ရာထူးတိုးသည့် အကြောင်းကို လီရှန်းပျော်သလို ဝမ်ရိပေါ်ရော ပျော်မလား၊ သို့၍ မဖြစ်နိုင်ပါဘူးလေ။ ဝမ်ရိပေါ်ကို သူအလုပ်အကြောင်း ပြောပြခဲ့တုန်းက ဝမ်ရိပေါ်က တုတ်တုတ်မျှမလုပ်ခဲ့ဘူးမလား။
ထိုအတွေးလေးတွေကြောင့် သူ သက်ပြင်းငွေ့ငွေ့ချရင်း ရာထူးတိုးခံရသောကြောင့် ဖြစ်ပေါ်နေသည့် သူ့ ပျော်ရွှင်မှုများပင် အနည်းငယ် မှေးမှိန်သွားတော့၏။
"ဘယ်လိုလဲ ကျန့်ကော၊ ခင်ဗျား ရုံးခန်းလေးက အဆင်ပြေရဲ့လား"
မထင်မှတ်ထားစွာ ကြားလိုက်ရသည့် အသံကြောင့် သူ ရုံးခန်းပေါက်ဝသို့ လှမ်းကြည့်လိုက်ရာ Coffee နှစ်ခွက်ကို ကိုင်ထားရင်း ရပ်နေသည့် ဝမ်ရိပေါ်ကို တွေ့လိုက်ရတယ်။ သူ ယောင်ယောင်ယမ်းယမ်းနှင့် မတ်တတ်ထရပ်လိုက်မိတယ်။
"မင်း....ဝမ်ရိပေါ်"
"အင်း....ဟုတ်ပါတယ်၊ မှတ်မိတယ်ပေါ့၊ ကဲပါ....ထိုင်ပါဦး၊ ပြီးရင် ကော်ဖီသောက်၊ ဒီမှာ ခင်ဗျားအတွက် Congratulation ကော်ဖီ"
ဝမ်ရိပေါ်က အခန်းထဲသို့ ဝင်လာပြီး ရှောင်ကျန့်ရဲ့ စားပွဲအရှေ့ရှိ ထိုင်ခုံလွတ်တွင် ဝင်ထိုင်ကာ အေးဆေးစွာပြောလာတယ်။
"ဘာအတွက် Congratulation ကော်ဖီလဲ ဝမ်ရိပေါ်"
"ကျွေးရမှာစိုးပြီး မသိချင်ယောင်မဆောင်ပါနဲ့ ကျန့်ကောရာ၊ အခုလည်း ကျွန်တော်က ကျန့်ကောကို ကော်ဖီလာတိုက်တာပါ၊ ခင်ဗျားဆီက ဘာမှမစားပါဘူး Marketing မန်နေဂျာ အသစ်စက်စက်လေးရဲ့"
သူ ရာထူးတိုးတာကို ဝမ်ရိပေါ်ကို လုံးဝမပြောပြခဲ့ရပါဘူး၊ ဝမ်ရိပေါ်က ဒါကို သိနေတာလား၊ သူ ဝမ်ရိပေါ်ကို ထူးဆန်းစွာ ငေးကြည့်လိုက်စဥ်....
"ကျန့်ကော....ခင်ဗျား မထိုင်တော့ဘူးလား"
ဟု ဝမ်ရိပေါ်က ပြောရင်း ထိုင်ရာမှထကာ သူ့ရဲ့လက်တစ်ဖက်ကို ဆွဲရင်း ထိုင်ခိုင်းတယ်။
"လက်ရဲဇက်ရဲ လုပ်တယ်လို့တော့ မထင်လိုက်ပါနဲ့နော်၊ ဒါပေမဲ့ ကျန့်ကောရဲ့ အံ့သြမှုကြောင့် အပြင်က ဝန်ထမ်းတွေ ကျန့်ကောကို ကြည့်နေကြလို့ ဒီလိုလုပ်လိုက်ရတာ"
ဝမ်ရိပေါ်စကားကြောင့် အပြင်ကိုလှမ်းကြည့်လိုက်မိတော့ အဟုတ်သား။ ဝန်ထမ်းတွေအားလုံးက သူ့ကိုကြောင်ကြည့်နေကြလေရဲ့။ ထို့ကြောင့် သူလည်း ထိုင်ခုံတွင် အမြန်ဝင်ထိုင်လိုက်ပြီး....
"ငါ ရာထူးတိုးသွားတာ မင်းဘယ်လိုလုပ်သိလဲ ဝမ်ရိပေါ်"
"သိတာပေါ့၊ ကျွန်တော်က ဝမ်ရိပေါ်ပဲလေ"
"ဘာ...."
"စတာပါ၊ ကျွန်တော် ကျန့်ကောကို အရင်ကတည်းက ပြောခဲ့တယ်လေ၊ ဒီ ကုမ္ပဏီက ကျွန်တော့် သူငယ်ချင်း ကုမ္ပဏီလို့"
"ဒါဆို ငါ ရာထူးတက်အောင် မင်းက ကူညီလိုက်တာလား"
"မဟုတ်ပါဘူး၊ ကျန့်ကောရဲ့ အရည်အချင်းတွေကို ကျန့်ကောတို့ MD သိအောင် ပြောပြလိုက်တာပါ၊ ဒါပါပဲ"
"ဟုတ်ရဲ့လား"
"ကျွန်တော်က မလိမ်တတ်ပါဘူးဗျာ"
အခက်အခဲကို ဖွင့်ပြောစဥ်က သတိပင် မထားသော ဝမ်ရိပေါ်က အခု သူ့အတွက် အားလုံးကို ပြောင်းပြန်ဖြစ်သွားအောင် ကူညီပေးလိုက်သည်တဲ့။ သူ မအံ့သြဘဲ နေမလား။
"အခွင့်အရေးယူတယ်လို့တော့ မထင်လိုက်ပါနဲ့နော်၊ ညနေကျရင် ကျွန်တော့်ကို ကော်ဖီတစ်ခွက်လောက် လိုက်တိုက်ပါလား၊ ကော်ဖီပါပဲ"
"ဟင်...."
ဝမ်ရိပေါ်က ပြံးရင်းပြောလာ၏။ သူ ငြင်းရန် မသင့်တော်တော့။ ဝမ်ရိပေါ်က သူ့ကို ကောင်းကောင်း ကူညီထားသည်ပဲ။ ထိုကူညီမှုကို သူမျက်ကွယ်မပြုသင့်ဘူးလေ။
"အင်းပါ....ညနေကျရင် မင်းကို ကော်ဖီလိုက်တိုက်ပါ့မယ်"
"အင်း....သုံးနာရီလောက်ပေါ့၊ ဟုတ်လား"
"ဟင့်အင်း....ရုံးဆင်းမှ"
"အင်း....ဒါဆိုလည်း ကျွန်တော် လာစောင့်နေမယ်လေ နော်"
"အိုကေ"
"အခုတော့ ကျွန်တော်တိုက်ထားတဲ့ ကော်ဖီကို သောက်လိုက်ဦး၊ အေးကုန်မယ်"
ဝမ်ရိပေါ် ပြောလိုက်မှ သူလည်း ကော်ဖီခွက်လေးကို ယူသောက်လိုက်တယ်။ သူ သောက်နေချိန်အတွင်း ဝမ်ရိပေါ်ကတော့ ကြည့်ပြီး ပြုံးနေလေရဲ့။ ခဏအကြာမှ...
"ကျွန်တော်လည်း အလုပ်ရှိသေးတယ်၊ ခွင့်ပြုဦးနော် ကျန့်ကော"
"အင်း"
ဝမ်ရိပေါ်က သူ့ကို လက်ပြရင်း အခန်းထဲမှ ထွက်သွားတော့တယ်။ သူ့ရင်ထဲ ငေးငေးလေးဖြစ်သွားရင်း ဝမ်ရိပေါ်ရဲ့ ကျောပြင်ကိုသာ အကြောင်းမဲ့ ငေးကြည့်နေမိခဲ့တယ်။
//////////
"ဘာကော်ဖီသောက်မလဲ ကျန့်ကော"
"ဘာကော်ဖီရယ်လို့တော့ သတ်သတ်မှတ်မှတ်မရှိပါဘူး၊ ကော်ဖီဆိုရင် ဖြစ်ပါတယ်"
ကော်ဖီဆိုင်တွင် ဝင်ထိုင်လိုက်ပြီးသည်နှင့် ရှောင်ကျန့်အတွက် ကော်ဖီကို ဝမ်ရိပေါ်ကိုယ်တိုင်ကပင် မှာပေး၏။
"နောက်တစ်ခါကျရင် ငါ့ကို ကော်ဖီသောက်ဖို့ မဖိတ်ခေါ်ပါနဲ့တော့လား ဝမ်ရိပေါ်"
"ကော်ဖီသောက်တာလေး တစ်ခုအတွက်နဲ့တော့ ခင်ဗျားကို မဖိတ်ပါဘူး ကျန့်ကောရ၊ ကျွန်တော်က ကျန့်ကောနဲ့ မျက်နှာချင်းဆိုင် ထိုင်နေချင်လို့ပါ၊ တကယ်တော့ ကျွန်တော်လည်း ကော်ဖီကြိုက်တဲ့လူ မဟုတ်ပါဘူး"
ရဲတင်းလှသည့် ဝမ်ရိပေါ်ရဲ့ စကားကြောင့် ရှောင်ကျန့် ခါးမတ်မတ်လေးဖြစ်သွားရ၏။
"မင်း ဘာကို ရည်ရွယ်ပြီး ပြောတာလဲ ဝမ်ရိပေါ်"
"တစ်ခြားလူတွေလိုမေးပါလား ကျန့်ကောရယ်၊ ဥပမာ မင်းငါ့ကို ဘာဖြစ်လို့ ကူညီတာလဲတို့၊ ဘာဖြစ်လို့ ကော်ဖီသောက်ဖိတ်တာလဲတို့၊ စသည်ဖြင့်ပေါ့"
ဝမ်ရိပေါ်ရဲ့ စကားကြောင့် ရှောင်ကျန့်ရဲ့ ရင်ခုန်သံများဟာ သိသာစွာ မြန်ဆန်လာခဲ့တယ်။ ဝမ်ရိပေါ်ကို သူဆက်မကြည့်ရဲတော့ဘဲ မျက်လွှာချလိုက်ရတယ်။
"ငါ မမေးချင်ဘူး"
"အင်း....ဒါဆိုလည်း မမေးပါနဲ့တော့၊ နောက်ပြီး ကျွန်တော်လည်း ကျန့်ကောကို ဒီလိုမျိုးပဲ တစ်ခုခု စားဖို့ သောက်ဖို့ ထပ်ဖိတ်ဦးမှာပါ"
ဝမ်ရိပေါ်ကို သူ ဘာမှပြန်မပြောမိတော့။ စားပွဲထိုးလေး လာချပေးသော ကော်ဖီကိုသာ အကြောင်းမဲ့စွာ ငေးကြည့်နေခဲ့မိတော့တယ်။
"ခင်ဗျား ကောင်လေးနဲ့ တွေ့ဖြစ်သေးလား ကျန့်ကော"
အရမ်းကို စပ်စုလွန်းသည့် ဝမ်ရိပေါ်ကို သူ အံ့သြစွာ ကြည့်လိုက်မိတယ်။
"အေး....ပြောရဦးမယ်၊ ကျွန်တော်က စပ်စုတတ်တယ်နော်"
"အင်း....ငါသိတယ်"
"ဒါဆို ကျွန်တော် မေးတာကို ဖြေပါဦး"
"ငါတို့ တွေ့ဖြစ်ပါတယ်"
"ကျန့်ကောနဲ့တွေ့ရင် ကျန့်ကောရဲ့ ကောင်လေးက ပျော်မှာပေါ့နော်"
"ဟင်...."
"ဟုတ်တယ်လေ၊ ကျန့်ကောက ဒီလောက်ဘဝင်ခိုက်ဖို့ကောင်းတာ၊ ကျန့်ကောရဲ့ ကောင်လေးက တော်တော့ကို ကံကောင်းပါတယ်"
ရှောင်ကျန့်ရဲ့ ရင်ခုန်သံများ ပို,ပိုပြီး မြန်ဆန်လာပြန်တယ်။ ဝမ်ရိပေါ်က သူ့ကို ရင်ခုန်အောင် တအားပြုစားနိုင်လွန်းအားကြီးတယ်။ ရင်ခုန်လွန်း၍ ယောင်ရမ်းပြီး သူ့ရင်ဘတ်ကို သူ လက်လေးနဲ့ ပြန်ဖိလိုက်မိတယ်။
"ဘာဖြစ်လို့လဲ ကျန့်ကော"
"ငါ....ရင်တွေတုန်နေလို့"
"ကောဖီကြောင့်လား"
"ငါ ကော်ဖီမှ မသောက်ရသေးဘဲ"
ဝမ်ရိပေါ် ထိတ်ပြာသွားတယ်။
"ဆေးခန်းသွားမလား ကျန့်ကော"
"မသွားဘူး ဝမ်ရိပေါ်၊ ငါပြန်ချင်ပြီ"
သူ့ရဲ့ စကားကြောင့် ဝမ်ရိပေါ်ရဲ့ မျက်နှာ အနည်းငယ် ညိုးကျသွားတယ်။
"ကျွန်တော်က ကျန့်ကောနဲ့ စကားပြောချင်နေသေးတာ၊ ဒါပေမဲ့လည်း ရပါတယ်၊ ပြန်ပါ...ကျွန်တော်က လိုက်ပို့ပေးချင်ပေမယ့် ကျန့်ကောက ငြင်းမှာပဲမဟုတ်လား"
"ငါ့ကို ခွင့်ပြုပါဦး ဝမ်ရိပေါ်"
သိသိသာသာပင် ထပ်ခုန်လာသော သူ့ရဲ့ ရင်ခုန်သံတွေကြောင့် ဝမ်ရိပေါ်ရဲ့ အရှေ့မှာ သူမနေရဲတော့ဘဲ ကော်ဖီဆိုင်လေးမှ ထွက်ပြီး Taxi နဲ့သာ အိမ်ကို ပြန်ခဲ့လိုက်ပါတော့တယ်။
မုန်းလိုက်တာ....မုန်းလိုက်တာ။
အဲ့ဒီရင်ခုန်သံတွေကို သူ အသေမုန်းမိပါ၏။ ချစ်သူရှိရဲ့နဲ့ တစ်ခြားတစ်ယောက်ကို ရင်ခုန်တယ်လို့ တွေးမိတိုင်း နာကျင်လွန်းလို့ စိတ်ပျက်စွာပင် သူ မျက်လုံးမှိတ်ပစ်လိုက်ရ၏။
🌸🌿 🌸🌿 🌸🌿 🌸🌿
Zawgyi Version
ပုံမွန္ရက္ေတြအတိုင္း ေရွာင္က်န့္ အလုပ္သို႔ ေရာက္သည္ႏွင့္ လိုအပ္သည္မ်ားကို ျပင္ဆင္ၿပီး အေရာင္းကားထြက္နိုင္ဖို႔ ျပင္ဆင္တယ္။ ထိုအခ်ိန္တြင္....
"ေရွာင္က်န့္....ကြၽန္ေတာ့္ ႐ုံးခန္းကို ခဏလာခဲ့ပါလား၊ ကြၽန္ေတာ္ေျပာစရာရွိလို႔"
႐ုံးခန္းထဲမွ လွမ္းေခၚလာေသာ လုေဝေကာ အသံေၾကာင့္ သူ လုပ္လက္စမ်ားကို ထားခဲ့ၿပီး လုေဝေကာ ႐ုံးခန္းထဲသို႔ ဝင္သြားလိုက္တယ္။
"ထိုင္....ေရွာင္က်န့္"
"ဟုတ္ကဲ့"
"မေန႕က Meeting မွာ ကြၽန္ေတာ္ရာထူးတိုးတယ္"
"Congratulation ပါ လုေဝေကာ"
"ဟုတ္ကဲ့....၊ အခု ကြၽန္ေတာ္က Admin အပိုင္းမွာပဲ လုပ္ရေတာ့မယ္၊ ဒီေတာ့ ကြၽန္ေတာ့္ မန္ေနဂ်ာ ေနရာကို ေရွာင္က်န့္ကပဲ ဆက္လုပ္ေပးပါ"
မထင္မွတ္ထားစြာ ၾကားလိုက္ရသည့္ သတင္းေကာင္းေၾကာင့္ သူ႕မွာ ေပ်ာ္ရမည္ကိုပင္ ေမ့ေနေတာ့၏။
"Meeting မွာ MD က ေရွာင္က်န့္ကို ကြၽန္ေတာ့္ရဲ႕ေနရာ ေပးလိုက္ပါတဲ့၊ ဒီေတာ့....ဒီေန႕ကစၿပီး ေရွာင္က်န့္က Marketing မန္ေနဂ်ာ ျဖစ္သြားပါၿပီ၊ ႀကိဳးစားပါ ေရွာင္က်န့္၊ ကြၽန္ေတာ္လည္း လိုအပ္တာ ကူညီပါ့မယ္၊ ကဲ....Congratulation"
လုေဝေကာက ေျပာေျပာဆိုဆိုနဲ႕ သူ႕ထံသို႔ လက္ကမ္းေပးလာတယ္။ ထို႔ေၾကာင့္ သူလည္း ျပန္ၿပီး လက္ဆြဲႏႈတ္ဆက္လိုက္တယ္။ သူ ထိုသတင္းကို လီရွန္းအား သိပ္ကို ေျပာျပခ်င္တယ္။ လီရွန္းသာ သိရင္ အရမ္းေပ်ာ္႐ႊင္သြားမွာ။
"ေရွာင္က်န့္ရဲ႕ ပစၥည္းေတြကို ဒီ႐ုံးခန္းထဲကို ေ႐ႊ႕ခဲ့လိုက္ေတာ့ေနာ္၊ ဒီအခန္းက ေရွာင္က်န့္ရဲ႕ ႐ုံးခန္းျဖစ္သြားၿပီ၊ ကြၽန္ေတာ္ကေတာ့ ဟိုဘက္ခန္းေပါ့"
"ေက်းဇူးတင္လိုက္တာ လုေဝေကာရယ္"
"မဟုတ္တာဗ်ာ၊ ဒီရာထူးက ေရွာင္က်န့္နဲ႕ ထိုက္တန္ပါတယ္"
မေမွ်ာ္လင့္ဘဲ အရင္နဲ႕မ်ားစြာ ကြာျခားလွေသာ ရာထူးေနရာသို႔ ရရွိသြားခဲ့တာမို႔ သူ တကယ္ပင္ ေပ်ာ္႐ႊင္ေနခဲ့ပါေတာ့တယ္။
"ဟဲလို..."
႐ုံးခန္း ေျပာင္းေ႐ႊ႕ၿပီးသည္ႏွင့္ လီရွန္းထံသို႔ သူ ဖုန္းဆက္လိုက္တယ္။
"က်န့္လား"
"အင္း...."
"အခု ဘယ္မွာလဲ က်န့္"
"ငါ့ ႐ုံးခန္းမွာေလ"
"Market မဆင္းရဘူးလား"
"ဟင့္အင္း....ငါ ဒီေန႕ရာထူးတိုးတယ္ အကို"
"ဘယ္လို...."
"ဟုတ္တယ္....ငါ ဒီေန႕ Marketing မန္ေနဂ်ာ ျဖစ္သြားၿပီ၊ အကို႔ကို ေပ်ာ္ေစခ်င္လို႔ ဖုန္းလွမ္းဆက္လိုက္တာ"
"ကိုယ္ စိတ္ေက်နပ္ေအာင္ ေျပာတာေတာ့ မဟုတ္ပါဘူးေနာ္ က်န့္"
"အကိုကလည္း...ငါက အကို႔ကို လိမ္ဖူးလို႔လား"
"ကိုယ္ ေက်နပ္လိုက္တာ က်န့္ရယ္၊ ကိုယ္တကယ္ေပ်ာ္တယ္ သိလား"
"အင္း....ငါသိတာေပါ့၊ အကို တကယ္ေပ်ာ္မယ္ဆိုတာ"
လီရွန္းက ေပ်ာ္သည္ဟုသာ ေျပာေသာ္လည္း စကားသံမ်ားက ေလးလံေနသလိုပင္။ သို႔ေသာ္လည္း သူ႕ခ်စ္သူ လီရွန္းက ထိုကဲ့သို႔ပင္ အခ်ိန္တိုင္း ေျပာတတ္ေနသည္ပဲမဟုတ္လား။
"ကဲ....ငါ ဖုန္းခ်လိဳက္ေတာ့မယ္ အကို၊ ညေနက်မွ ဆုံမယ္ေနာ္"
"အင္း ဟုတ္ၿပီေလ"
လီရွန္းနဲ႕ ဖုန္းေျပာၿပီး ခ်ၿပီးသြားေတာ့ ထိုစဥ္ ဝမ္ရိေပၚကပါ သူ႕အေတြးထဲေရာက္လာခဲ့၏။ တကယ္ပင္ မဆီမဆိုင္ ဝမ္ရိေပၚကို သူသတိရမိခဲ့တယ္။ သူ ရာထူးတိုးသည့္ အေၾကာင္းကို လီရွန္းေပ်ာ္သလို ဝမ္ရိေပၚေရာ ေပ်ာ္မလား၊ သို႔၍ မျဖစ္နိုင္ပါဘူးေလ။ ဝမ္ရိေပၚကို သူအလုပ္အေၾကာင္း ေျပာျပခဲ့တုန္းက ဝမ္ရိေပၚက တုတ္တုတ္မွ်မလုပ္ခဲ့ဘူးမလား။
ထိုအေတြးေလးေတြေၾကာင့္ သူ သက္ျပင္းေငြ႕ေငြ႕ခ်ရင္း ရာထူးတိုးခံရေသာေၾကာင့္ ျဖစ္ေပၚေနသည့္ သူ႕ ေပ်ာ္႐ႊင္မႈမ်ားပင္ အနည္းငယ္ ေမွးမွိန္သြားေတာ့၏။
"ဘယ္လိုလဲ က်န့္ေကာ၊ ခင္ဗ်ား ႐ုံးခန္းေလးက အဆင္ေျပရဲ႕လား"
မထင္မွတ္ထားစြာ ၾကားလိုက္ရသည့္ အသံေၾကာင့္ သူ ႐ုံးခန္းေပါက္ဝသို႔ လွမ္းၾကည့္လိုက္ရာ Coffee ႏွစ္ခြက္ကို ကိုင္ထားရင္း ရပ္ေနသည့္ ဝမ္ရိေပၚကို ေတြ႕လိုက္ရတယ္။ သူ ေယာင္ေယာင္ယမ္းယမ္းႏွင့္ မတ္တတ္ထရပ္လိုက္မိတယ္။
"မင္း....ဝမ္ရိေပၚ"
"အင္း....ဟုတ္ပါတယ္၊ မွတ္မိတယ္ေပါ့၊ ကဲပါ....ထိုင္ပါဦး၊ ၿပီးရင္ ေကာ္ဖီေသာက္၊ ဒီမွာ ခင္ဗ်ားအတြက္ Congratulation ေကာ္ဖီ"
ဝမ္ရိေပၚက အခန္းထဲသို႔ ဝင္လာၿပီး ေရွာင္က်န့္ရဲ႕ စားပြဲအေရွ႕ရွိ ထိုင္ခုံလြတ္တြင္ ဝင္ထိုင္ကာ ေအးေဆးစြာေျပာလာတယ္။
"ဘာအတြက္ Congratulation ေကာ္ဖီလဲ ဝမ္ရိေပၚ"
"ေကြၽးရမွာစိုးၿပီး မသိခ်င္ေယာင္မေဆာင္ပါနဲ႕ က်န့္ေကာရာ၊ အခုလည္း ကြၽန္ေတာ္က က်န့္ေကာကို ေကာ္ဖီလာတိုက္တာပါ၊ ခင္ဗ်ားဆီက ဘာမွမစားပါဘူး Marketing မန္ေနဂ်ာ အသစ္စက္စက္ေလးရဲ႕"
သူ ရာထူးတိုးတာကို ဝမ္ရိေပၚကို လုံးဝမေျပာျပခဲ့ရပါဘူး၊ ဝမ္ရိေပၚက ဒါကို သိေနတာလား၊ သူ ဝမ္ရိေပၚကို ထူးဆန္းစြာ ေငးၾကည့္လိုက္စဥ္....
"က်န့္ေကာ....ခင္ဗ်ား မထိုင္ေတာ့ဘူးလား"
ဟု ဝမ္ရိေပၚက ေျပာရင္း ထိုင္ရာမွထကာ သူ႕ရဲ႕လက္တစ္ဖက္ကို ဆြဲရင္း ထိုင္ခိုင္းတယ္။
"လက္ရဲဇက္ရဲ လုပ္တယ္လို႔ေတာ့ မထင္လိုက္ပါနဲ႕ေနာ္၊ ဒါေပမဲ့ က်န့္ေကာရဲ႕ အံ့ၾသမႈေၾကာင့္ အျပင္က ဝန္ထမ္းေတြ က်န့္ေကာကို ၾကည့္ေနၾကလို႔ ဒီလိုလုပ္လိုက္ရတာ"
ဝမ္ရိေပၚစကားေၾကာင့္ အျပင္ကိုလွမ္းၾကည့္လိုက္မိေတာ့ အဟုတ္သား။ ဝန္ထမ္းေတြအားလုံးက သူ႕ကိုေၾကာင္ၾကည့္ေနၾကေလရဲ႕။ ထို႔ေၾကာင့္ သူလည္း ထိုင္ခုံတြင္ အျမန္ဝင္ထိုင္လိုက္ၿပီး....
"ငါ ရာထူးတိုးသြားတာ မင္းဘယ္လိုလုပ္သိလဲ ဝမ္ရိေပၚ"
"သိတာေပါ့၊ ကြၽန္ေတာ္က ဝမ္ရိေပၚပဲေလ"
"ဘာ...."
"စတာပါ၊ ကြၽန္ေတာ္ က်န့္ေကာကို အရင္ကတည္းက ေျပာခဲ့တယ္ေလ၊ ဒီ ကုမၸဏီက ကြၽန္ေတာ့္ သူငယ္ခ်င္း ကုမၸဏီလို႔"
"ဒါဆို ငါ ရာထူးတက္ေအာင္ မင္းက ကူညီလိုက္တာလား"
"မဟုတ္ပါဘူး၊ က်န့္ေကာရဲ႕ အရည္အခ်င္းေတြကို က်န့္ေကာတို႔ MD သိေအာင္ ေျပာျပလိုက္တာပါ၊ ဒါပါပဲ"
"ဟုတ္ရဲ႕လား"
"ကြၽန္ေတာ္က မလိမ္တတ္ပါဘူးဗ်ာ"
အခက္အခဲကို ဖြင့္ေျပာစဥ္က သတိပင္ မထားေသာ ဝမ္ရိေပၚက အခု သူ႕အတြက္ အားလုံးကို ေျပာင္းျပန္ျဖစ္သြားေအာင္ ကူညီေပးလိုက္သည္တဲ့။ သူ မအံ့ၾသဘဲ ေနမလား။
"အခြင့္အေရးယူတယ္လို႔ေတာ့ မထင္လိုက္ပါနဲ႕ေနာ္၊ ညေနက်ရင္ ကြၽန္ေတာ့္ကို ေကာ္ဖီတစ္ခြက္ေလာက္ လိုက္တိုက္ပါလား၊ ေကာ္ဖီပါပဲ"
"ဟင္...."
ဝမ္ရိေပၚက ၿပံးရင္းေျပာလာ၏။ သူ ျငင္းရန္ မသင့္ေတာ္ေတာ့။ ဝမ္ရိေပၚက သူ႕ကို ေကာင္းေကာင္း ကူညီထားသည္ပဲ။ ထိုကူညီမႈကို သူမ်က္ကြယ္မျပဳသင့္ဘူးေလ။
"အင္းပါ....ညေနက်ရင္ မင္းကို ေကာ္ဖီလိုက္တိုက္ပါ့မယ္"
"အင္း....သုံးနာရီေလာက္ေပါ့၊ ဟုတ္လား"
"ဟင့္အင္း....႐ုံးဆင္းမွ"
"အင္း....ဒါဆိုလည္း ကြၽန္ေတာ္ လာေစာင့္ေနမယ္ေလ ေနာ္"
"အိုေက"
"အခုေတာ့ ကြၽန္ေတာ္တိုက္ထားတဲ့ ေကာ္ဖီကို ေသာက္လိုက္ဦး၊ ေအးကုန္မယ္"
ဝမ္ရိေပၚ ေျပာလိုက္မွ သူလည္း ေကာ္ဖီခြက္ေလးကို ယူေသာက္လိုက္တယ္။ သူ ေသာက္ေနခ်ိန္အတြင္း ဝမ္ရိေပၚကေတာ့ ၾကည့္ၿပီး ၿပဳံးေနေလရဲ႕။ ခဏအၾကာမွ...
"ကြၽန္ေတာ္လည္း အလုပ္ရွိေသးတယ္၊ ခြင့္ျပဳဦးေနာ္ က်န့္ေကာ"
"အင္း"
ဝမ္ရိေပၚက သူ႕ကို လက္ျပရင္း အခန္းထဲမွ ထြက္သြားေတာ့တယ္။ သူ႕ရင္ထဲ ေငးေငးေလးျဖစ္သြားရင္း ဝမ္ရိေပၚရဲ႕ ေက်ာျပင္ကိုသာ အေၾကာင္းမဲ့ ေငးၾကည့္ေနမိခဲ့တယ္။
//////////
"ဘာေကာ္ဖီေသာက္မလဲ က်န့္ေကာ"
"ဘာေကာ္ဖီရယ္လို႔ေတာ့ သတ္သတ္မွတ္မွတ္မရွိပါဘူး၊ ေကာ္ဖီဆိုရင္ ျဖစ္ပါတယ္"
ေကာ္ဖီဆိုင္တြင္ ဝင္ထိုင္လိုက္ၿပီးသည္ႏွင့္ ေရွာင္က်န့္အတြက္ ေကာ္ဖီကို ဝမ္ရိေပၚကိုယ္တိုင္ကပင္ မွာေပး၏။
"ေနာက္တစ္ခါက်ရင္ ငါ့ကို ေကာ္ဖီေသာက္ဖို႔ မဖိတ္ေခၚပါနဲ႕ေတာ့လား ဝမ္ရိေပၚ"
"ေကာ္ဖီေသာက္တာေလး တစ္ခုအတြက္နဲ႕ေတာ့ ခင္ဗ်ားကို မဖိတ္ပါဘူး က်န့္ေကာရ၊ ကြၽန္ေတာ္က က်န့္ေကာနဲ႕ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနခ်င္လို႔ပါ၊ တကယ္ေတာ့ ကြၽန္ေတာ္လည္း ေကာ္ဖီႀကိဳက္တဲ့လူ မဟုတ္ပါဘူး"
ရဲတင္းလွသည့္ ဝမ္ရိေပၚရဲ႕ စကားေၾကာင့္ ေရွာင္က်န့္ ခါးမတ္မတ္ေလးျဖစ္သြားရ၏။
"မင္း ဘာကို ရည္႐ြယ္ၿပီး ေျပာတာလဲ ဝမ္ရိေပၚ"
"တစ္ျခားလူေတြလိုေမးပါလား က်န့္ေကာရယ္၊ ဥပမာ မင္းငါ့ကို ဘာျဖစ္လို႔ ကူညီတာလဲတို႔၊ ဘာျဖစ္လို႔ ေကာ္ဖီေသာက္ဖိတ္တာလဲတို႔၊ စသည္ျဖင့္ေပါ့"
ဝမ္ရိေပၚရဲ႕ စကားေၾကာင့္ ေရွာင္က်န့္ရဲ႕ ရင္ခုန္သံမ်ားဟာ သိသာစြာ ျမန္ဆန္လာခဲ့တယ္။ ဝမ္ရိေပၚကို သူဆက္မၾကည့္ရဲေတာ့ဘဲ မ်က္လႊာခ်လိဳက္ရတယ္။
"ငါ မေမးခ်င္ဘူး"
"အင္း....ဒါဆိုလည္း မေမးပါနဲ႕ေတာ့၊ ေနာက္ၿပီး ကြၽန္ေတာ္လည္း က်န့္ေကာကို ဒီလိုမ်ိဳးပဲ တစ္ခုခု စားဖို႔ ေသာက္ဖို႔ ထပ္ဖိတ္ဦးမွာပါ"
ဝမ္ရိေပၚကို သူ ဘာမွျပန္မေျပာမိေတာ့။ စားပြဲထိုးေလး လာခ်ေပးေသာ ေကာ္ဖီကိုသာ အေၾကာင္းမဲ့စြာ ေငးၾကည့္ေနခဲ့မိေတာ့တယ္။
"ခင္ဗ်ား ေကာင္ေလးနဲ႕ ေတြ႕ျဖစ္ေသးလား က်န့္ေကာ"
အရမ္းကို စပ္စုလြန္းသည့္ ဝမ္ရိေပၚကို သူ အံ့ၾသစြာ ၾကည့္လိုက္မိတယ္။
"ေအး....ေျပာရဦးမယ္၊ ကြၽန္ေတာ္က စပ္စုတတ္တယ္ေနာ္"
"အင္း....ငါသိတယ္"
"ဒါဆို ကြၽန္ေတာ္ ေမးတာကို ေျဖပါဦး"
"ငါတို႔ ေတြ႕ျဖစ္ပါတယ္"
"က်န့္ေကာနဲ႕ေတြ႕ရင္ က်န့္ေကာရဲ႕ ေကာင္ေလးက ေပ်ာ္မွာေပါ့ေနာ္"
"ဟင္...."
"ဟုတ္တယ္ေလ၊ က်န့္ေကာက ဒီေလာက္ဘဝင္ခိုက္ဖို႔ေကာင္းတာ၊ က်န့္ေကာရဲ႕ ေကာင္ေလးက ေတာ္ေတာ့ကို ကံေကာင္းပါတယ္"
ေရွာင္က်န့္ရဲ႕ ရင္ခုန္သံမ်ား ပို,ပိုၿပီး ျမန္ဆန္လာျပန္တယ္။ ဝမ္ရိေပၚက သူ႕ကို ရင္ခုန္ေအာင္ တအားျပဳစားနိုင္လြန္းအားႀကီးတယ္။ ရင္ခုန္လြန္း၍ ေယာင္ရမ္းၿပီး သူ႕ရင္ဘတ္ကို သူ လက္ေလးနဲ႕ ျပန္ဖိလိုက္မိတယ္။
"ဘာျဖစ္လို႔လဲ က်န့္ေကာ"
"ငါ....ရင္ေတြတုန္ေနလို႔"
"ေကာဖီေၾကာင့္လား"
"ငါ ေကာ္ဖီမွ မေသာက္ရေသးဘဲ"
ဝမ္ရိေပၚ ထိတ္ျပာသြားတယ္။
"ေဆးခန္းသြားမလား က်န့္ေကာ"
"မသြားဘူး ဝမ္ရိေပၚ၊ ငါျပန္ခ်င္ၿပီ"
သူ႕ရဲ႕ စကားေၾကာင့္ ဝမ္ရိေပၚရဲ႕ မ်က္ႏွာ အနည္းငယ္ ညိုးက်သြားတယ္။
"ကြၽန္ေတာ္က က်န့္ေကာနဲ႕ စကားေျပာခ်င္ေနေသးတာ၊ ဒါေပမဲ့လည္း ရပါတယ္၊ ျပန္ပါ...ကြၽန္ေတာ္က လိုက္ပို႔ေပးခ်င္ေပမယ့္ က်န့္ေကာက ျငင္းမွာပဲမဟုတ္လား"
"ငါ့ကို ခြင့္ျပဳပါဦး ဝမ္ရိေပၚ"
သိသိသာသာပင္ ထပ္ခုန္လာေသာ သူ႕ရဲ႕ ရင္ခုန္သံေတြေၾကာင့္ ဝမ္ရိေပၚရဲ႕ အေရွ႕မွာ သူမေနရဲေတာ့ဘဲ ေကာ္ဖီဆိုင္ေလးမွ ထြက္ၿပီး Taxi နဲ႕သာ အိမ္ကို ျပန္ခဲ့လိုက္ပါေတာ့တယ္။
မုန္းလိုက္တာ....မုန္းလိုက္တာ။
အဲ့ဒီရင္ခုန္သံေတြကို သူ အေသမုန္းမိပါ၏။ ခ်စ္သူရွိရဲ႕နဲ႕ တစ္ျခားတစ္ေယာက္ကို ရင္ခုန္တယ္လို႔ ေတြးမိတိုင္း နာက်င္လြန္းလို႔ စိတ္ပ်က္စြာပင္ သူ မ်က္လုံးမွိတ္ပစ္လိုက္ရ၏။