Candy love ( Completed )
By khantmemezaw
34.6K 2.1K 46
အချစ်ဆိုတာသကြားလုံးလေးလိုဘဲချိုမြိန်တယ်~ Candyလုံးလေးတွေထက်မင်းရဲ့နှုတ်ခမ်းကပိုချိုတယ် Bunny!! #Wang yibo အခ်... More
🍭CL -1🍭
🍭 CL_2 🍭
🍭 CL_3 🍭
🍭 CL _4 🍭
🍭 CL - 5 🍭
🍭 CL-6 🍭
🍭 CL-7 🍭
🍭 CL-8 🍭
🍭 CL-9 🍭
🍭 CL-10 🍭
🍭CL-11🍭
🍭 CL - 12 🍭
🍭 CL-13 🍭
🍭 CL-14 🍭
🍭CL-15🍭
🍭CL -17🍭
🍭CL -18🍭
🍭CL-19🍭
🍭 CL-20 🍭
🍭CL-20🍭 (Zawgyi code)
🍭CL -16🍭
1.2K 88 9
By khantmemezaw
မယုံနိုင်  သေးဘူး ရှောင်းကျန့်ဆိုတဲ့သူက ''Bunny´´ဆိုတာကို။ကိုယ်ချစ်တဲ့သူနဲ့ ငယ်ငယ်ကစွဲလမ်းခဲ့ရတဲ့သူ တစ်ယောက်တည်းဖြစ်နေတယ်ဆိုတော့ ရိပေါ်အပျော်ကြီးပျော်နေမိသည်။ မနေ့က ပန်းခြံကနေ အိမ်ကို ရှောင်းကျန့်ကပင် ပြန်လိုက်ပို့ပေးသွားသည်။
မနက်အစောကြီး ရေမိုးချိုးပြီး တက်ကြွနေတဲ့ရိပေါ်က အကျီဝတ်သည့်နေရာ၌ အချိန်အတော်ယူနေပုံပင်။ဝတ်လိုက် ချွတ်လိုက် အသစ်ဝတ်ကြည့်လိုက် မှန်ထဲ ပြန်ကြည့်လိုက်နဲ့ ကုတင်ပေါ်မှာလဲ အကျီတွေပွဆလန် ကျဲနေပြီ။အခုထိစိတ်တိုင်းကျ အကျီမတွေ့သေး။
ဒီနေ့ first date မလို့ အရင်ကထက်ပိုချောနေရမယ်။ဘာဝတ်ဝတ်ချောတာသိပေမဲ့ ပိုလိုက်တဲ့အကျီလေးဝတ်ရင်ပိုချောသွားမယ်မလား။နောက်ဆုံးတော့ ရိပေါ်စိတ်တိုင်းကျ အကျီဝတ်လို့ပြီးသွားတယ်။အောက်ခံတီရှပ်ဖြူလေးအရင်ဝတ်ပြီး အပေါ်ကနေ လိမ္မော်ရောင်အစင်းကျားလက်ရှည်ထပ်ဝတ်လိုက်သည်။
မှန်ထဲကိုသေချာကြည့်ကာ ဆံပင်ကိုရှေ့ကိုချပြီးအနည်းငယ်ခွဲတယ်။အကျီကော်လံကိုသေချာလုပ်ပြီး မှန်ထဲကရိပေါ်ကိုလက်မထောင်ပြကာ
"Prefect boy!"
ခြံထဲမှာအရှေ့လျှောက်လိုက်အနောက်လျှောက်လိုက်လုပ်နေ
သည့်ရိပေါ်က ရှောင်းကျန့်ကားကိုမြင်တော့ အိမ်ထဲတန်းပြေးဝင်သည်။
"ဟက် သြော် ဒီကလေး ပြာယာကိုခပ်နေတာဘဲ"
အိမ်ပေါ်ပြေးအတက် မီးဖိုခန်းထဲကထွက်လာတဲ့ဝမ်မားနဲ့တိုက်မိမလိုဖြစ်သည်။ဝမ်မားကို "ဟီး"ဆိုပြိိး သွားလေးစိကာရယ်ပြကာအပေါ်ပြေးတက်သွားသည်။ဒီကလေး ဘယ်လိုဖြစ်နေတာလဲ။
"ဝမ်မား နေကောင်းတယ်နော်"
"သားကျန့် ပါလား ကောင်းပါ့ရှင်...အလည်လာတာလား"
"ဟို..ကောင်လေးကို အပြင်သွားဖို့ လာခေါ်တာ"
ဂုတ်ပိုးလေးကိုပွတ်ရင်း ခပ်ပြုံးပြုံးဆိုသည့်ရှောင်းကျန့်ကို
ကြည့်ကာ ဝမ်မားကပြုံးသည်။
"သားညီ ခုလေးတင်အပေါ်ထပ်ကိုပြေးတက်သွားတာဘဲ"
အကွယ်ကနေ ချောင်းကြည့်နေသည့်ရိပေါ်က ဆံပင်ကိုတစ်ချက်သပ်ကာ ဆင်းလာသည်။ ရိပေါ်က လူကြီးပုံစံလေးဖမ်းထားပေမဲ့ ရှောင်းကျန့်မျက်လုံးထဲမှာ ဖျစ်ညှစ်ချင်စရာ ကလေးလေးပင်။
ရှောင်းကျန့်ကို ဝမ်မားကကြည့်ရင်း
"သားကျန့် အိမ်ပြန်မနောက်ကျကြနဲ့နော်"
"စိတ်ချပါ ဝမ်မား "
ငြိမ်ငြိမ်လေးရပ်နေတဲ့ရိပေါ်က ရှောင်းကျန့်ကိုခေါင်းအစခြေအဆုံးကြည့်နေသည်။ကြညိ့ကောင်းတာထက်ကိုပိုတယ်။လူငယ်ဆန်ဆန်ဝတ်လာတဲ့ သူနဲ့ လူကြီးဆန်ဆန်ပြောင်းဝတ်ထားတဲ့သူ ကိုက်တော့ကိုက်နေပြီ။
"ကောင်လေး သွားကြမယ်လေ"
ရှောင်းကျန့်ရဲ့ ခေါ်သံကြားမှ ဝမ်မားရဲ့ပါးပြင်ကိုနမ်းကာ
"သားသွားလိုက်အုန်းမယ် မား"
"အေးအေး ဂရုစိုက်သွားကြ"
ရှောင်းကျန့်လဲဝမ်မားကိုနှုတ်ဆက်ပြီး ထွက်လာခဲ့ကြသည်။
ကားပေါ်မှာလဲ တိတ်ဆိတ်နေသည့်အခြေနေကို ရှောင်းကျန့်ကပင် ဖြိုခွင်းရသည်။ကားမှန်ဘက်ကိုဘဲ သည်းကြီးမည်းကြီး
ကြည့်ပြီး လက်မရဲ့လက်သည်းခွံလေးကိုပွတ်နေတဲ့ သူ့ကလေးလေး ရှက်နေတာဆိုတာ အိမ်မှာကတည်းကရိပ်မိပြီးသား။စချင်စိတ်လေးကလဲပေါ်လာတာကြောင့်
"ကလေး ကိုယ့်ပေါ်လာထိုင်မလား"
ကလေး..။ ရှောင်းကျန့်ရဲ့ထူးဆန်းတဲ့အခေါ်ဝေါ်ကြောငိ့ ရိပေါ်မှာမျက်လုံးလေးအပြူးသားနဲ့ခေါင်းလေးစောင်းကာကြည့်လာသည်။ရှောင်းးကျန့်ကသဘောကျစွာရယ်လိုက်ပြီး
"ကိုယ့်ပေါ်လာထိုင်မလား"
ဘယ်လိုတောင်အရှက်မရှိတဲ့လူကြီးလဲ။ဒီနေ့မှ first dateကိုအဆင့်တွေကျော်ချင်နေတယ်။မရပါဘူး တစ်ဆင့်ချင်းဘဲသွားတာကောင်းတယ်။
"မ မထိုင်ပါဘူး.. "
ထစ်ပြန်ပြီ ဒီသောက်ပါးစပ်ကလဲ ပြောလိုက်ရမကောင်းရှိမယ်။
"အပြင်မှာဘာတွေရှိလို့လဲ "
"ဘာမှမရှိပါဘူး ဒီတိုင်း ကောင်းကင်ကြီးကပြာနေသလားလို့"
WTF!ကိုယ့်ကိုဘဲကျိန်ဆဲမိပါတယ်။ဘယ်လိုတောင်ဆီလျော်မှုမရှိတဲ့အဖြေကြီးလဲ။ကောင်းကင်ကနဂိုကတည်းက ပြာတာကို ပြာနေသလားလို့ဆိုတော့ ဝမ်ရိပေါ်ရေ အဲ့လိုသောက်ရှက်တွေမခွဲပါနဲ့လားဟ။
ရှောင်းကျန့်ကတော့ သူ့ကလေးလေးအဖြေကြောင့် သဘောကျစွာရယ်လို့ပင်မဆုံး။ဘယ်လိုဟာလေးလဲ ပေါက်ကရပြောတတ်တဲ့ကလေးလေး။
ရယ်နေတဲ့ရှောင်းကျန့်ကို ရိပေါ်ကမျက်စောင်းခဲလိုက်ကာ ပြားချပ်နေတဲ့ဗိုက်လေးဆီ ဆွဲလိမ်လိုက်တယ်။
"အ..ကလေး "
ဟန်ဆောင်မဟုတ်ဘဲ တကယ်ဆွဲဆိတ်တာကြောင့်ရှောင်းကျန့်မှာ ဆွဲလိမ်လိုက်တဲ့နေရာကိုပွတ်ကာလှည့်ကြည့်သည်။ကောင်းတယ် ပြောချင်အုန်းဆိုတဲ့ မျက်နှာပေးလေးနဲ့ပြန်ကြည့်နေတာကြောင့် ပြုံးမိပြန်တယ်။ဒီဟာလေးနဲ့ရူးတော့မယ်။
ရိပေါ်တစ်ယောက် ပိုလွတ်လပ်သလိုရှိလာပြီ။ရှက်အမ်းအမ်းဖြစ်နေရာကနေ စနောက်နေတဲ့Bunnyကြောငိ့ အဆင်ပြေလာသည်။ရှက်ရှက်နဲ့ လိမ်ဆွဲလိုက်တဲ့ဗိုက်လေးကိုလက်နဲ့အသာပြန်လှမ်းပွတ်ပေးလိုက်တယ်။ ပြီးမှ သူမဟုတ်သလို ဟိုငေးဒီငေးလိုက်လုပ်နေသည်။
ရှောင်းကျန့်မှာတော့ ကားမောင်းရင်းရေခဲတောင်ဖြစ်သွားသယောင်။ဗိုက်ကိုပြန်လာပွတ်ပေးတဲ့ ကလေးလေးကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတာအမှန်။အလိုလိုနေရင်းတောင် စိတ်ကထိန်းချုပ်ရခက်နေတာ အခုလိုskinship သာဆို...။
_________________________
စလိုက်ထုရိုက်ခံလိုက်နဲ့ ေနာက်ဆုံးတော့ ကားလေးက ဦးတည်ရာကိုရောက်ရှိလာခဲ့သည်။အခုရောက်နေတာ ကစားစရာတွေမျိုးစုံအောင်ရှိတဲ့ကစားကွင်း။ ကားရပ်လိုက်တာနဲ့ ကားပေါ်ကနေတန်းဆင်းပြီး ပါးစပ်လေးအဟောင်းသားနဲ့ လိုက်ကြည့်နေတဲ့ ကလေးလေးက တကယ့်ကလေးပေါက်စလေး။
"ကလေး မရောက်ဖူးဘူးလား"
"ရောက်ဖူးပါတယ်"
ပြုံးရယ်ပြီး အနားကနေလှစ်ခနဲပြေးသွားပြန်သည့် သူ့ကလေးနောက်ကို လိုက်ရပြန်သည်။ ချစ်သူရထားတာမဟုတ်ပါဘူး ကလေးတစ်ယောက်ကောက်ရလိုက်သလိုပါ။
အဟင်းးကိုယ်က Sugar daddy တော့မဟုတ်ဘူး မွေးစားဒယ်ဒီ။ကလေးကို မွေးပြီးစားမယ့် မွေးစားဒယ်ဒီ။
လူယုတ်မာပြုံးလေးနဲ့အကြံဆိုးကြီးတွေးနေတဲ့ရှောင်းကျန့်က
ရိပေါ်ရဲ့အသံစာစာလေးကြားမှ အနားကိုလျှောက်သွားသည်။
မျက်နှာဖုံးတွေ၊ဘီးကုတ် လေးတွေရောင်းနေတဲ့ ဆိုင်ရှေ့မှာ ဘီးကုတ် လေးတွေကိုင်ပြီး တပ် ကြည့်နေရင်း
"Bunny ဒါလေးဝယ်ကြမယ်နော် "
ကြောင်နားရွက်လိုဘီးကုတ်လေးကိုလဲ ရှောင်းကျန့်လက်ထဲကိုထည့်ပေးသည်။ရိ ပေါ်ကိုယ်တိုင်လဲ ကြောင်နားရွက်ဘီးကုတ်လေးကိုတပ်တယ်။
"အင်း ဝယ်ကြမယ် "
သူ့ကလေးလေး ပြုံးရယ်နေတာလေးမြင်ရတာနဲ့တင် အရာရာကိုလိုက်လျောပြီးသား။လက်ထဲထည့်ပေးတဲ့ဘီးကူတ်ကိုတပ်ရန်ပြင်တော့"Bunnyအဲ့တာမတပ်နဲ့ ဒါလေးတပ်"ဟုဆိုကာ ယုန်နားရွက်ဘီးကုတ်လေးကိုပြောင်းပေးသည်။သူ့အလိုကျဘီးကုတ်လေးကိုတပ်လိုက်တော့ သွားလေးတွေပေါ်တဲ့ထိ ရယ်ပြပြီလက်မလေးတထောင်ထောင်နဲ့။
"ဒါမှBunny စစ်စစ်ဖြစ်သွားတာ လိုက်တယ် "
ရှောင်းကျန့်ကတော့ သူ့ကလေးပြောသမျှကိုသဘောတွေခွေ့နေသည်။ပြောပါတယ် သူ့ကလေးက မွေးစားချင်စရာလေးပါဆို။
"Bunny ရိုလာကိုစတာ စီးမယ်"
"သဘောရှိ "
ရိပေါ်က ရှောင်းကျန့်လက်ကိုဆွဲကာ ရိုလာကိုစတာရှိရာသို့ပြေးသည်။ရိုလာကိုစတာမစီးခင်ကတည်းက သူ့ကလေးလေးကြောင့်ရှောင်းကျန့်က ရိုလာကိုစတာ စ,စီးနေပြီဖြစ်သည်။
ကလေးလက်လေးတွေကနူးနူးညံ့ညံ့လေးနဲ့ ထိရင်ကြွေမဲ့ ကြွေရုပ်လေးလိုဘဲ။
ရိုလာကိုစတာ ကိုရှေ့ဆုံးကနေစီးချင်ပါတယ်ဆိုတဲ့ ကလေးကြောင့် ရှေ့ဆုံးကနေရှောင်းကျန့်ကမိန့်မိန့်ကြီးနေရာယူရသည်။
ဘေးမှာကပ်ထိုင်တဲ့ သူ့ကလေးလက်လေးကိုဆုပ်ကိုင်ပြီး တစ်ဖက်ကလဲတန်းတွေကိုကျစ်နေအောင်ဆုပ်ကိုင်သည်။တစ်သက်နဲ့တစ်ကိုယ် အခုမှရိုလာကိုစတာ စ,စီးဖူးတာပင်။အကွေ့အကောက်တွေ၊နိမ့်ချည်မြင့်ချည်တွေ ၊ဇောက်ထိုးတွေမိုးမျှော်တွေ မြင်လိုက်တာနဲ့ မူးချင်လာတာကြောင့် ဒီတစ်ခုကို ဘယ်သောအခါမှမစီးပါ။
စထွက်ပြီဆိုတာနဲ့ မျက်လုံးကိုစုံမှိတ်ကာ ကလေးလက်လေးကို
ပိုကျစ်နေအောင်ဆုပ်ကိုင်လိုက် ရင်းမြန်မြန်အဆုံးသတ်ဖို့ကိုမျှော်လင့်ရတော့သည်။ ရိပေါ်ကတော့ တဝေးဝေး တဝါးဝါးအော်ကာ စီးသည်။
"Bunny!!!"
အပေါ်ထောင်အတက်ကနေ အောက်ကို အရှိန်နဲ့ဆင်းချတိုင်း ရိပေါ်က ရှောင်းကျန့်ကို တ,ကာအော်သည်။ ရှောင်းကျန့်ကလဲ သူ့ကလေးကိုအားကျမခံ မျက်လုံးကြီးကိုဇွတ်အတင်းတွေမှိတ်ပြီး "ကလေး!!!"ဟုပြန်အော်ခေါ်ပါသည်။ကြောက်နေပေမဲ့ အဲ့လိုအော်ရတိုင်း ရှောင်းကျန့်မှာမှိုရသလိုအပြုံးကြီးနဲ့ပင်။
အဆုံးသတ်နေရာရောက်မှမျက်လုံးကိုဖွင့်ကာ သူမဟုတ်သလိုလှည့်ရယ်ပြသည်။ရိပေါ်မျက်နှာကပြုံးစိစိဖြစ်နေတာကြောင့် အိုးမလုံအုံထပွင့်တဲ့ ယုန်ကြီးက မျက်နှာကြီးရဲတက်လာသည်။သူ့ကလေးသူ့ကို အထင်သေးတာမခံချင်ပါ။
"Bunny ကြောက်ရင်ပြောရောပေါ့ ကျွန်တော်တို့တစ်ခြားဟာဆော့လဲရတာကို"
"မကြောက်ပါဘူး "
လှေကားအဆင်းကို ဒူးယိုင်ယိုင်လေးနဲ့ဆင်းကာဆိုသည်။အွန်းပေါ့လေ မကြောက်ဘူးဆိုမကြောက်ဘူးပေါ့ ။ မသိမသာလေးပင်ခိုး ရယ်လိုက်ပြီး Bunnyလက်လေးကိုဆုပ်ကိုင်လိုက်တယ်။ လက်ချောင်းတွေချင်းယှက်နွယ်ပြီး ကစားစရာမှန်သမျှအကုန်လိုက်ကစားသည်။ မကစားရသေးတာဆိုလို့ တစ်ခုဘဲ။
သရဲအိမ်...။
ရိပေါ်ကအမှောင်ကြောက်သည်။ ဒီလိုသရဲအိမ်က လူတွေဝင် လုပ်ထားတာမှန်ပေမဲ့ ကြောက်သည်။သရဲအိမ်နားကိုယောင်လို့တောင်ခြေဦးမလှည့်။
"ကလေး ကစားတာစုံသွားပြီ တစ်ခုဘဲကျန်တော့တယ်"
"စုံသွားပြီမလား မကျန်တော့ဘူးလေ"
ရိပေါ်အကြောက်အကန်ငြင်းရပြီ။ကလေးကိုကြည့်ရတာ သရဲအိမ်ထဲဝင်ချင်ပုံမရ။ ညစ်ချင်နဲ့စိတ်လေးကလဲဝင်လာတာ
ကြောင့် ဘာမှ ပြန်မပြောနေဘဲကလေးလက် ကိုဆွဲကာ သရဲအိမ်ဆီဦးတည်လိုက်တယ်။ သရဲအိမ်လဲ မြင်ရော တွန့်ဆုတ်တွန့်ဆုတ်လုပ်လာတာကြောင့် ပြုံးလိုက်ပြီး
"ကြောက်လို့လား ကလေး"
ရိုလာကိုစတာစီးတုန်းကတောင် သူကြောက်ပေမဲ့လိုက်စီးပေးတယ်။ သရဲအိမ်ကိုဝင်ဖြစ်အောင်ကို ဝင်ရမည်။ကြောက်လို့သူ့ကလေးကလာဖက်ရင်အို..ဘယ်ပြောကောင်းမလဲ ပါးအိအိလေးကိုနမ်းပြီး "မကြောက်နဲ့ကိုယ်ရှိတယ်ဆိုပြီး"သူရဲကောင်းကြီးလုပ်မှာ။
"မဟုတ်ပါဘူး လူတွေလုပ်ထားတာဘဲ မကြောက်ပါဘူး"
မကြောက်ဘူးသာပြောပေမဲ့ စိတ်ထဲမှာ ဒီနေရာကနေအမြန်ဆုံးလှည့်ပြေးချင်နေပြီ။ရိုလာကိုစတာတုန်းက အဖြစ်ပြန်တွေးမိတော့ ကြောက်ပေမဲ့လိုက်လျောချင်စိတ်ကပေါ်လာတယ်။
"ဒါဆိုဝင်ကြမလား ကလေးကြောက်ရင်မဝင်တော့ပါဘူး"
တမင်ကိုမျက်နှာငယ်ပုံစံလေးဖမ်းလိုက်တဲ့ ယုန်ကြီးကသိပ်သိပ်လည်။အကြောင်းမသိတဲ့ရိပေါ်လေးကတော့ သူ့ယုန်ကြီးကိုသနားကာ
"ဝင်ကြမယ် "
ရှောင်းကျန့် ငါးခူပြုံးကြီးပြုံးလိုက်ပြီး ပိုက်ဆံသွင်းကာ သရဲအိမ်ထဲ စဝင်လာခဲ့သည်။အစကထဲကဇောချွေးပြန်ချင်ချင်ဖြစ်နေပြီဖြစ်တဲ့ရိပေါ်က တောင်ကြည့်မြောက်ကြည့်နဲ့ မျက်လုံးကစားနေသည်။ ရှောင်းကျန့်ကတော့ သူ့အတွေးနဲ့သူ ရှေ့ကိုသာလျှောက်သည်။
"အားးးး"
အပေါ်ကနေကျလာကာ ဖက်ခနဲ နဖူးကိုလာရိုက်တဲ့လက်
ကြောင့် ရိပေါ်ကငယ်သံပါအောင်ထအော်ပါတော့သည်။
"အရုပ်ပါကလေးရဲ့ အရုပ်အရုပိခေါင်းငုံ့လိုက်နော်ကိုယ်ရှိတယ်"
ကိုယ်ရှိတယ်လို့ပြောပြီး ရိပေါ်ကိုယ်လေးကိုရင်ခွင်ထဲထည့်လိုက်ကာဆက်လျှောက်တယ်။ ထောင့်ချိုးအကွေ့မှာထထွက်လာတဲ့ ဆံပင်ဖားလျားနဲ့သရဲမကြောင့် ရိပေါ်က ရှောင်းကျန့်ရင်ခွင်ထဲမှရုန်းကာ သရဲမကို တဖက်ဖက်နဲ့ထရိုက်သည်။
"အားးးလူတွေမလား ကြောက်တယ်များထင်နေလားးအားးး"
ငယ်သံပါအောင်အော်ရင်း တဖက်ဖက်နဲ့လိုက်ရိုက်တာ သရဲမ မှာပြေးပေါက်တောင်မှားတယ်။သရဲမကိုလိုက်ရိုက်နေတဲ့သူ့ကလေးလေးကို လိုက်ဆွဲရင်း နမ်းဖို့မပြောနဲ့ ဖက်တောင်မဖက်လိုက်ရဘဲ လက်ကိုကိုင်ပြီးအပြင်ကိုအမြန်ဆုံးရောက်အောင်ပြေးလာရတယ်။
မဟုတ်ရင် အထဲကသရဲတွေ အီစိမ့်ကုန်နိုင်သည်။သူ့ကလေးလက်စကိုသိနေပြီ။ အပြင်ရောက်ခံနီး အောက်ကနေခြေ
ထောက်ကိူလှမ်းဆွဲခံလိုက်ရသေးတာကြောင့် အခုတအိအိနဲ့ ငိုနေပြီ။ပါးစပ်လေကလဲ ပွစိပွစိနဲ့အထဲကသရဲတွေကိုမေတ္တာပို့နေသေးသည်။ကျောလေးကိုပွတ်ပေးပြီး
"ကလေးလေး ရေခဲမုန့်စားကြမလား"
မျက်ရညိလေးတွေကိုသုတ်ရင်း ခေါင်းညိမ့်ပြလာ ြေကောင့် အနားရေခဲမုန့်ဆိုင်က နေ ရေခဲမုန့်ဝယ်လိုက်တယ်။
"Bunny မုန့်ခံခွက်နဲ့ဟာ"
နှာခေါင်းလေးတရှုံရှုံနဲ့ စားချင်တာကိုလှမ်းပြောနေသေးသည့် ကလေးလေးက ဆွဲမွချင်စရာ။မုန့်ခံခွက်နဲ့ ရေခဲမုန့်နှစ်ခုသာပြောင်းမှာလိုက်တယ်။ရေခဲမုန့်တွေကိုင်လို့ အနား၌ပြန်ထိုင်လိုက်တယ်။
"ရပြီကလေးလေး"
ရေခဲမုန့်ကိုယူကာ စားနေတဲ့ကလေးလေးက စောနကငိုနေတဲ့သူမဟုတ်တော့သလိုပင်။ ရေခဲမုန့်ကိုကိုင်ရင်း ကလေးကိုဘဲငေးကြည့်နေမိသည်။
"Bunnyမစားဘူးလား မစားရင် ကျွန်တော်စားလိုက်မယ် "
လက်ထဲကရေခဲမုန့်ကူန်သွားတာနဲ့ သူ့လက်ထဲကဟာကိုပါလာပြီးမျက် စောင်းထိုးတဲ့ဒီကလေးလေးက တကယ်ဘဲသူ့ချစ်သူလေးပါ။လက်ထဲကရေခဲမုန့်ကိုပေးကာ
"အင်း ကိုယ့်ကလေးလေးစား"
"ဟီး အရမ်းကောင်းတယ်"
ရယ်ပြလာတဲ့ ကလေးလေးရဲ့နှုတ်ခမ်းလေးမှာ ပေနေတဲ့
ရေခဲမုန့်ကို သုတ်ပေးဖို့လက်လှမ်းတုန်း လျှာဖြင့်သပ်သွားသည်။ကိုယ့်အဖြစ်ကိုယ်သဘောကျစွာရယ်လိုက်ပြီးလက်ကိုပြန်ရုတ်လိုက်ရတယ်။
နားလည်သလိုလိုရှိသွားတဲ့ရိပေါ်က လက်ထဲက ရေခဲမုန့်ကို နှုတ်ခမ်းမှာပေကျံအောင်တမင်လုပ်စားလိုက်သည်။ လက်ကိုကြည့်ပြီး ပွတ်နေတဲ့ရှောင်းကျန့် ရဲ့ပခုံးကိုပုတ်ကာခေါ်တယ်။
လှည့်ကြည့်လာတာနဲ့ သူ့နှုတ်ခမ်းကိုလက်ညှိုးထိုးပြတယ်။
ပေပွနေတဲ့နှုတ်ခမ်းလေးတစ်ဝိုက်ကို ရှောင်းကျန့်က အတန်ကြာတဲ့အထိငေးပြီး ပြုံးတယ်။ လက်မနဲ့သပ်ပေးဖို့လက်လှမ်းရင်း ရယ်ပြလာတဲ့ ကလေးကြောင့် စိတ်အလိုတိုင်း နှုတ်ခမ်းလေးကို နမ်းကာ စုပ်လိုက်မိသည်။
"အွင့် "
ရုတ်တရပ်နှုတ်ခမ်းကို နမ်းပြီး ဆွဲစုပ်ခံရတာကြောင့် ကြောင်အသွားမိသည် ။တွန်းဖယ်ဖို့တော့ အင်အားမရှိပါ။ကိုယ်တိုင်ကိုက Bunny နှုတ်ခမ်းလေးနဲ့ထိတွေ့ချင်နေတာပင်။ပြန်ခွာဖို့လုပ်တဲ့ Bunny ရဲ့ လည်တိုင်ကို သိုင်းဖက်လိုက်ပြီး နှုတ်ခမ်းကိုအလိုက်သင့်ဖွဟပေးတယ်။ လက်ထဲကရေခဲမုန့်လေးက မြေပေါ်သို့ကြွေခရလေသည်။
အချစ်ဆိုတာသကြားလုံးလေးလိုဘဲချိုမြိန်တယ်~
Candy လုံးလေးတွေထက် မင်းရဲ့နှုတ်ခမ်းကပိုချိုတယ် Bunny ! ။
________________________________
2726 words ~
Update ကြာသွားတဲ့အတွက်တောင်းပန်ပါတယ် အဂျစ်တို့။🌷
Thank for reading❣
TBC Cl17🍭
#Zawgyi
"Prefect boy!"
"စိတ်ချပါ ဝမ်မား "
"ကောင်လေး သွားကြမယ်လေ"
"မ မထိုင်ပါဘူး.. "
"အ..ကလေး "
_________________________
"ကလေး မရောက်ဖူးဘူးလား"
"ရောက်ဖူးပါတယ်"
"အင်း ဝယ်ကြမယ် "
"သဘောရှိ "
"Bunny!!!"
"မကြောက်ပါဘူး "
သရဲအိမ်...။
"ကြောက်လို့လား ကလေး"
"ဝင်ကြမယ် "
"အားးးး"
မျက်ရညိလေးတွေကိုသုတ်ရင်း ခေါင်းညိမ့်ပြလာ ကြောင့် အနားရေခဲမုန့်ဆိုင်က နေ ရေခဲမုန့်ဝယ်လိုက်တယ်။
"ရပြီကလေးလေး"
"ဟီး အရမ်းကောင်းတယ်"
"အွင့် "
________________________________
2726 words ~
Thank for reading❣
TBC Cl17🍭
Continue Reading
You'll Also Like
223K 21.2K 16
သေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမလား?? (သေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမ...
139K 8.5K 38
ပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ
222K 12.8K 25
💜💜💜