"မောင့်ကိုမုန်းပစ်ချင်လိုက်တာ...

By sea-horse55

30.2K 1.3K 124

နောင်ဘဝသာ ရှိခဲ့ရင် မောင့်လိုလူမျိုးနဲ့ ကင်းလွှတ်ခွင့် ရချင်ပါရဲ့..!!!! More

Part-1(zawgyi)
Part-2💔(uni) -end
Part-2(zawgyi)
Hello!!

Part -1💔(uni)

12.1K 596 33
By sea-horse55

"ထွက်သွားတော့.....! "

"ဗျာ......."

"ငါ့ကောင်မလေးက မင်း‌ငါ့ဘေးနားမှာ ရှိနေတာကို မကြိုက်ဘူးတဲ့"

စီးကရက်ကိုလက်ကြားညှပ်ကာ အမှုမှတ်အမှတ်သလို ကောင်းစံပြောလိုက်သည်။

မောင်ရယ် ပြတ်သားလိုက်တာ.....ကောင်မလေးကမကြိုက်လို့ ထွက်သွားတော့တဲ့လား....? မောင်နဲ့ ငါ့ရဲ့ ၁၅နှစ်တာ သူငယ်ချင်းသံယောဇဉ်ကိုတောင် မထောက်တော့ဘူးလား....?
ငါပြောချင်လိုက်တာ ဒါ‌ ပေမယ့်လေ သစ္စာရှိတဲ့ ဒီပါးစပ်က တစ်လုံးမှထွက်မလာသလို နှလုံးသားကို ဦးနှောက်ကမလွန်ဆန်နိုင်ဘူးထင်ပါရဲ့......

မောင်ကတော့  လက်ကြားထဲမှာ စီးကရက်လေးညှပ်လို့ အေး‌အေးဆေးဆေးပြောလိုက်ပေမယ့် ငါ့ရဲ့ရင်ဘတ်ထဲ မီးတောက်နေပြီ.....။

"မောင်သေချာပြီလား...?"

ငါ အံကိုကြိတ်ကာ မရဲတရဲမေးမိတော့......

"ကျစ်.....ငါ့ကိုမင်းဘယ်ချိန်ထိမောင်လို့ ခေါ်နေအုံးမှာလဲ.? စိတ်ရှုပ်လိုက်တာ ၊ ငါကမင်းလို gayမဟုတ်ဘူးကွ နောက်တစ်ခါ မင်းပါးစပ်ကနေ အဲ့စကားထွက်မလာစေနဲ့ !! "

လက်ထဲက ဆေးလိပ်ကို မြေကြီးပေါ်ပစ်ချရင်း  လက်ညိုးငေါက်ငေါက်ထိုး  ပြောကာ ကျောခိုင်းလို့ ထွက်ခွာသွားတဲ့ မောင်ပါလေ......ငါက ဘာများတတ်နိုင်မှာပါတဲ့လဲ....?
မောင်မရှိတဲ့အရပ်ကိုသိပ်ကြောက်တဲ့ငါကလေ ခုမောင်မရှိတဲ့အရပ်မှာ နေရပါတော့မယ်လို့ ကံတရားကသတ်မှတ်ချက် ချလိုက်ပြီထင်ပါရဲ့.......!!!!

ငါ့ကမ္ဘာဟာ အဲ့အချိန်မှာ စတင်ပျက်စီးတာပဲ ။

ရုပ်ရှင်တွေထဲမှာ ဒီလိုချိန်မိုးရွာချရမည်မဟုတ်လား...?
ခုတော့ ရင်ထဲကပူသလို အပြင်မှာလည်း ပူကျစ်လို့ ရှေ့ကရေပြင်ကြည့်၍လည်း မအေးဆေးနိုင် ငါအမြန်ပဲ
အဲ့နေရာက ထွက်လာခဲ့လိုက်တယ် ....

အပြင်မှာ ဘာ‌တွေဖြစ်နေလဲငါမသိတော့ဘူး ၊ ဘယ်သူတွေက ငါ့ကိုကြည့်နေလဲ ငါဂရုမစိုက်တော့ဘူး ၊ ငါ့မျက်ရည်တွေ ငါလျစ်လျူရှုကာ ငါဆက်သွားမိနေမြဲ....။

ဘယ်ကိုဦးတည်သွားနေလဲလည်း ငါမသိသလို ....ငါဘယ်ရောက်နေလဲလည်းငါမသိဘူး .....၊ ငါသိတာက မောင်က သိပ်ရက်စက်လိုက်တာ.!!!!

အမြဲတမ်း အပြုံးချိုချိုတွေ စွန့်ကျဲပေးတတ်တဲ့မောင်က ၊ ငါ့အပေါ် နှစ်ယောက်မရှိအောင် နွေးထွေးမှုပေးတတ်တဲ့မောင်က ရက်စက်လိုက်တာ...!!

ကိုယ့်ကိုယ်ကိုသတိထားပြီး  ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ ကားဂိတ် ...အဝေးပြေးကားဂိတ် ! ငါအံ့ဩမိတယ် မောင်နှင်ထုတ်ခဲ့တဲ့ငါကလေ ခုကားဂိတ်ကိုရောက်နေပြီတဲ့...!ကံတရားက ငါ့ကိုသနားလို့  မောင့်ဘေးနားက ထွက်သွားနိုင်အောင်ကားဂိတ်ကိုပဲ ပို့ခဲ့လေသလား ..... ငါက‌လေ သိပ်တုံးတယ်၊ အ,တယ်

၁၅နှစ်လုံး မောင့်ဘေးမှာ လိုတမျိုးမလိုတမျိုး ဖြည့်ဆည်းခဲ့တဲ့ငါ့ကိုမှ မောင်က ထွက်သွားတဲ့ ..ဟက်.. အဲ့စကားကလည်း ခုအကြိမ်နဲ့ဆို နှစ်ဆယ့်သုံးကြိမ်မြောက်.....!!!

ငါphကိုထုတ်ပြီး  ကားလက်မှတ်ဖိုးရှင်းမယ်အလုပ် ...smsဝင်လာခဲ့တယ် nicknameလေးက
"မောင်❤️" တဲ့ ငါ့မျက်ရည်ပူတေ ပါးပြင်တစ်လျှောက်စိုစွတ်လာပြန်တယ် အရင်လို မောင်က

'sry ကွာ မင်းဘယ်မှာလဲ အိမ်ပြန်လာခဲ့' ဆိုပြီး
ပြောလေမလားပေါ့ .....

ငါထင်မြင်ချက်တွေက သိပ်ကိုမှားနေပြီ 

💌"ငါ ချူးနဲ့လက်ထပ်တော့မယ် မိုးနေ... ငါမင်းကိုဖုံးကွယ်ထားမိတာ မရည်ရွယ်ပါဘူး... အရင်လက စေ့စပ်ဖြစ်လိုက်တာ၊ ချူးကလည်း ခုလက်ထပ်မယ်ဆိုတော့ ငါတို့ နောက်လလောက်မဂ်လာဆောင်ဖြစ်မယ် ၊ စေ့စပ်ပွဲကလည်း ငါနေတာ မင်းအိမ်မှာဆိုတော့ အားနာလို့ ချူးတို့အိမ်မှာပဲ လုပ်ဖြစ်လိုက်တယ် sryကွာ......"💌

အော်....အားနာလို့တဲ့ ဟက် နောက်ဆုံးတော့ မောင့်ပါးစပ်က အဲ့စကားလေးတစ်ခွန်း‌တော့ထွက်လာသားပဲ

မိုးနေဖုန်းကိုပိတ်ကာ သက်ပြင်းအခါခါချပီး အိမ်ကိုပဲပြန်လှည့်ခဲ့လိုက်တယ် ..။

*********************************

‌ခြံတံခါးကိုအသာဖွင့်ပြီး  ငါရပ်ကြည့်မိတယ် ...အရင်က ငါတို့အတူတူနေခဲ့တဲ့ လုံးချင်းအိမ်ကလေး ။နှစ်ယောက်လုံးတစ်ကောင်ကြွက်ဖြစ်လို့ အတူတူခိုနားဖူးခဲ့တဲ့ ဒီအိမ်ကလေးက ခုတော့ မောင့်ရယ်သံတွေပျောက်ခဲ့သလို ငါအပြုံးတွေလည်းကွယ်ခဲ့ရပြီ......

မောင်က အဝတ်တွေဘာတစ်ခုမှ မယူသွားခဲ့ဘူးလား..? ငါ့ခေါင်းထဲ မောင့်အကြောင်းတွေပဲ ထပ်တဝဲဝဲ ဝဲလည်နေခဲ့တယ် အမြင်အာရုံတွေထဲမှာတောင် မောင်ကပဲအပြည့်နေရာယူထားခဲ့တယ်

'မောင်ရာ ငါဘယ်လိုနားလည်ရမလဲ ဒီအခြေနေကို ငါဘယ်လိုလက်ခံရမလဲ '

မိုးနေအိမ်တံခါးကိုဖွင့်ကာ အိမ်ထဲသို့ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ပုံရိပ်တွေကပြေးလွှားနေခဲ့သည်။

"ဝါး.....မွှေးလိုက်တာ မိုးနေ မင်းဘာဟင်းချက်ထားတာလဲ.....? ငါမိန်းမမရရင် မင်းကိုပဲ ယူမှာနော်.... စားလို့ကောင်းလိုက်တာကွာ ကိုယ့်အချစ်ကလေး..."

"မိုးနေ ငါ့အဝတ်တွေ မင်းလျော်ထားတာလား ကျေးဇူးပါကွာ...မင်းကလေ အကောင်းဆုံးသိလား "

"ဟျောင့် ...မင်းငါ့ကိုဘာပြောတယ် ...ချစ်တယ်ဟုတ်လား..? အာ့ဆို မင်းကgayလား...?"

"ငါ့ကိုမောင်လို့ ‌မခေါ် နဲ့လို့ပြောတယ်နော် .....မိုးနေ....!"

"မင်း စောက်ပါးစပ်ကိုပိတ်ထားစမ်း "

"ဘာလဲ ငါက မင်းအိမ်ပေါ်တက်နေတယ်ဆိုပြီး အထင်သေးတာလား ၊ဒီမှာ မိုးနေ မင်းမြဲမြဲမှတ်ထား ငါက မင်းလိုgayတွေကို ရွံလွန်းလို့ ဒါမယ့် မင်းမို့လို့သည်းခံနေတာ အဟုတ်မှတ်မနေနဲ့ "

"Hello! မိုးနေ ငါပြောတာလွန်သွားတယ်ကွာ ..Sry နော် ငါခု အဲ့စော်နဲ့လည်းပြတ်သွားပါပြီ မင်းအိမ်ပြန်လာနော်....."

ငါ့နားထဲ‌မောင့် အသံတွေကြည့်ပဲကြားနေရတယ် ...ကြည့်ရတာ ငါနားတွေ မကောင်းတော့ဘူး ထင်တယ် ....မျက်လုံးထဲမှာလည်း မောင့် ပုံရိပ်တွေကြည့်ပဲ

မောင်.... ငါ့မှာမာနမရှိဘူးပဲပြောပြော ငါ‌မောင်မရှိပဲ တကယ် မနေနိုင်တာပါကွာ ၊ ဒဏ်ရာပေးလိုက်ဆေးပေးလိုက်နဲ့ မောင်က သိပ်တော်တာပဲ....

ငါ‌မောင့်ကိုချစ်မိတာ ဆူးတွေဝါးစားရသလိုပဲ နာကျဉ်ပြီးရင်း နာကျဉ်လိုက်တာ ...ဒါ‌ပေမယ့် ငါဆက်ပြီးဝါးနေဆဲပဲ

ဘာလို့ဆို ချစ်လို့လေ ငါမောင့်ကို ချစ်လွန်းလို့
ရူးမတတ်ကိုမြတ်နိုးလွန်းလို့...!!

မောင်ရှိနေရင်လည်း ငါနာကျဉ်ရတယ် မောင်မရှိတော့လည်း ငါက နာကျဉ်ရတယ် ....ငါ့နှလုံးသွေးတွေ အပြင်ပေါက်ထွက်မတက်ငါ နာကျဉ်နေရတယ် .....

နာကျဉ်မှုတွေထဲမှာမှ မောင်မရှိတော့တဲ့ နာကျဉ်မှုက အဆိုးဆုံးပဲဆိုတာ မောင်သိလား မောင်မရှိတဲ့ အရပ်ဆို ငါ့အသိဉာဏ် ၊ ငါ့မျက်လုံး ၊ ငါ့နားတွေ အကုန်ကွယ်ရတယ် မောင်မရှိတော့ဘူးဆိုတဲ့ အသိနဲ့ ငါ့ရဲ့ဘဝက အသူရာချောက်နက်လိုပဲ ဘာမှမမြင်ရပဲ မှောက်မဲနေခဲ့တယ်

ရှင်လည်းရသေရလည်းရဆိုတဲ့ စကားဟာ မောင်ငါ့အနားက ထွက်သွားတဲ့အခါ ဖြစ်ပေါ်လာခဲ့တယ် !!

ငါ့အတွက်ကတော့
ကမ္ဘာကြီးအမှောင်ဖုံးတယ်ဆိုတာ

မောင်နဲ့ မတွေ့ရတော့ခြင်း
မောင်ငါ့အနားက ထွက်ခွာခြင်း
အင်း...မောင်ငါ့ကိုမချစ်တော့ခြင်း...။

တချို့တွေကပြောတယ် သေသွားရင် ဘာမှမခံစားရတော့ဘူးတဲ့ ဟုတ်သလား...?
ငါနာကျဉ်ရမှာ ကြောက်နေပြီမောင် ...!နောက်ဆုံးအနေနဲ့ ငါနှုတ်ဆက်တယ် .....မောင်မကြိုက်တဲ့ မောင်ဆိုတဲ့နာမ်စားကိုတော့ နောက်ဆုံးအနေနဲ့ ခေါ်ခဲ့ပါရစေ.....

မိုးနေ စားပွဲပေါ်က အိပ်ဆေးဘူးလေးနဲ့ စာရွက်တစ်ရွက် ဘောပင်တစ်ချောင်းကို ယူကာ အိပ်ခန်းထဲသို့ ဦးတည်လျက်...! သေချာပေါက် မျက်ရည်စတွေနဲ့ပေါ့.....

မကြာပါဘူး ....ငါ့မျက်လုံးတွေစင်းလာပီ
အသက်ရှူလို့မဝ‌ တော့သလို ငါ့နှလုံးခုန်သံကလည်းနှေးလာပြီ

ဒါလူ‌တွေပြောတဲ့ သေဆုံးခြင်းရဲ့အစထင်ပါရဲ့ ...! အဲ့သေဆုံးခြင်းက မောင်ပေးတဲ့ဒဏ်ရာလောက်လည်း မနာပါလား.....!!

ငါအိပ်တော့မယ်မောင်...မနိုးသော အိပ်စက်ခြင်းနဲ့ ။

မောင်ငါ့ကို တွေ့ရင် ငိုလေမလား အတ္တကြီးစွာနှုတ်ကထွက်ဆိုရမယ်ဆို မောင့်နှုတ်ဖျားက ချစ်တယ်ဆိုတဲ့စကားတစ်ခွန်း ငါကြားချင်မိသေးတယ်

ဒါပေမယ့်....ဒါပေမယ့် မောင်ကမှငါ့ကိုမချစ်တာ !!

.
.
.
.
.
.
.
.

မိုးနေနောက်ဆုံး ရေးသားထားခဲ့သော စာရွက်‌ပေါ်တွင်တော့

                 

                     "ငါမောင့်ကို မုန်းပစ်ချင်လိုက်တာ"တဲ့



By Nyathwaychey

Continue Reading

You'll Also Like

91.2K 1.3K 47
stray kids x reader scenarios, imagines and reactions that hopefully won't make you absolutely cringe and die, lower caps intended - this book contai...
Ice Cold By m

General Fiction

2.8M 99.9K 55
COMPLETED [boyxboy] Wren Ridley is always two steps ahead of everyone, or so he thinks. His life seems out of his control when he starts having feeli...
47.3K 2.9K 61
This a story of how Taraji and Fantasia fell in love on the set of The Color Purple. They have trials and tribulations and dealings with people who d...
162K 5.9K 42
Salvatore Smith meets a woman with whom he shared few nights after loosing his wife. It was 12 years ago, she was way younger than him, from a diffe...